ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၂၅

အချို့သောသူများသည် တရားစီရင်မှုကို မဆိုထားနှင့် သမ္မာတရား၌ပင် ဝမ်းမမြောက်ကြပေ။ ထို့အစား သူတို့သည် အာဏာနှင့် ဥစ္စာဓနတွင် ဝမ်းမြောက်ကြသည်။ ထိုသို့သောသူများကို အာဏာရှာသူများဟု ခေါ်သည်။ သူတို့သည် ကမ္ဘာပေါ်၌ အရှိန်အဝါရှိသော ဂိုဏ်းဂဏများနှင့် ကျမ်းစာကျောင်းများမှလာသော သင်းအုပ်များနှင့် ဆရာများကိုသာ အထူးသီးသန့် ရှာဖွေကြသည်။ သမ္မာတရားလမ်းကို လက်ခံပြီးဖြစ်သော်ငြားလည်း သူတို့သည် အယုံအကြည်ကင်းမဲ့နေဆဲဖြစ်ပြီး သူတို့ကိုယ်သူတို့ အပြည့်အဝ ပေးအပ်မြှုပ်နှံနိုင်ခြင်း မရှိကြသေးပေ။ ဘုရားသခင်အတွက် စွန့်လွှတ်အနစ်နာခံခြင်းအကြောင်း ပြောသော်လည်း သူတို့မျက်လုံးများသည် ကြီးကျယ်သော သင်းအုပ်များနှင့် ဆရာများအပေါ်တွင်သာ အာရုံစိုက်ပြီး ခရစ်တော်ကို ဘေးသို့ဖယ်ထားကြသည်။ သူတို့၏နှလုံးသားများသည် ကျော်ကြားမှု၊ ကြွယ်ဝမှုနှင့် ဂုဏ်အသရေတို့ဖြင့်သာ ပြည့်နေသည်။ ထိုကဲ့သို့ နုံချာလွန်းသူတစ်ယောက်သည် လူမြောက်မြားစွာကို သိမ်းပိုက်နိုင်စွမ်းရှိကြောင်းနှင့် လုံးဝမထူးခြားသောသူတစ်ဦးသည် လူများကို စုံလင်စေနိုင်ကြောင်းကို သူတို့လုံးဝမယုံကြည်ကြပေ။ ဖုန်မှုန့်နှင့် နွားချေးပုံများထဲ၌ရှိသော ဤအညတရလူများသည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံထားရသောသူများ ဖြစ်သည်ကို သူတို့လုံးဝမယုံကြည်ကြပေ။ အကယ်၍ ထိုသို့သောသူများသည် ဘုရားသခင်၏ကယ်တင်ခြင်းကို ခံရမည့်သူများဖြစ်လျှင် ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်ဖြစ်ကာ လူတိုင်းခေါင်းပြုတ်မတတ် ရယ်မောကြလိမ့်မည်ဟု သူတို့ယုံကြည်ကြသည်။ အကယ်၍ ဘုရားသခင်သည် ထိုသို့သော အညတရလူများကို စုံလင်အောင်ပြုရန် ရွေးချယ်ခဲ့သည်ဆိုပါက ကြီးမြတ်သောသူများသည် ဘုရားကိုယ်တိုင်ပင် ဖြစ်လာလိမ့်မည်ဟု သူတို့ယုံကြည်ကြသည်။ သူတို့၏ ထင်မြင်ယူဆချက်များသည် မယုံကြည်မှုနှင့် စွန်းထင်းနေသည်။ အကယ်စင်စစ် သူတို့သည် မယုံကြည်ဖို့နေနေသာသာ ရယ်စရာကောင်းသော သားရဲတိရစ္ဆာန်များဖြစ်သည်။ အကြောင်းမှာ သူတို့သည် ရာထူးနေရာ၊ ဂုဏ်နှင့် အာဏာတို့ကိုသာ တန်ဖိုးထားကြပြီး၊ သူတို့အထင်ကြီးသည့်အရာမှာ လူအုပ်ကြီးများနှင့် ဂိုဏ်းဂဏကြီးများသာ ဖြစ်သောကြောင့်ဖြစ်သည်။ သူတို့သည် ခရစ်တော်၏ ဦးဆောင်ခြင်းခံရသောသူများကို အလေးထားမှုမရှိကြ။ သူတို့သည် ခရစ်တော်ကို ကျောခိုင်းထားသော သစ္စာဖောက်များ၊ သမ္မာတရားနှင့် အသက်ကို ကျောခိုင်းထားသော သစ္စာဖောက်များသာ ဖြစ်ကြသည်။

သင်လေးစားအားကျသည့်အရာမှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ သိုးထိန်းယောင်ဆောင်သော ထင်ရှားသည့် ထိုသူတို့သာ ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို ချစ်ခင်ခြင်းမရှိဘဲ၊ ဆိုးညစ်သော ကမ္ဘာကြီးနှင့်ပတ်သက်နေကြသည့် လျှပ်ပေါ်လော်လည်သူများကိုသာ ချစ်သည်။ ခေါင်းချရန် နေရာမရှိသော ခရစ်တော်၏ ဝေဒနာကို သင်သည် လှောင်ရယ်သည်။ လှူဖွယ်ပစ္စည်းများကို သိမ်းဆည်းကာ သောက်စားပျော်ပါးနေသော အလောင်းကောင်များကိုမူ သင်သည် လေးစားအားကျနေ၏။ သင်သည် ခရစ်တော်နှင့်အတူတကွ ဒုက္ခခံစားလိုစိတ်မရှိဘဲ ဇာတိကပတိ၊ ကျမ်းဟောင်းတရားများနှင့် ထိန်းချုပ်မှုတို့ကိုသာ သင့်အားပေးသော အဆင်အခြင်မဲ့သည့် အန္တိခရစ်များ၏ ရင်ခွင်ထဲသို့ ဝမ်းပန်းတသာ ခြေစုံပစ်ဝင်သွားသည်။ ယခုအချိန်အထိတိုင်အောင် သင့်နှလုံးသားသည် သူတို့ထံ၊ သူတို့၏ဂုဏ်သတင်းထံ၊ သူတို့၏ အဆင့်အတန်းထံ၊ သူတို့၏ အရှိန်အဝါထံ လှည့်ထားဆဲဖြစ်သည်။ သို့တိုင်အောင် သင်သည် ခရစ်တော်၏အမှုကို လက်ခံရန် ခက်ခဲသည့်သဘောထား၊ လက်မခံလိုသည့်သဘောထားကို ဆက်လက်စွဲကိုင်ထားဆဲဖြစ်သည်။ ဤအကြောင်းကြောင့် ခရစ်တော်ကို အသိအမှတ်ပြုသော ယုံကြည်ခြင်း သင်၌မရှိဟု ငါပြောခြင်းဖြစ်သည်။ သင့်အနေဖြင့် ခရစ်တော်နောက်သို့ ယနေ့ထက်ထိ လိုက်လာသည့်အကြောင်းမှာ သင်၌ အခြားရွေးစရာ မရှိခဲ့သောကြောင့်သာဖြစ်သည်။ မြင့်မြတ်သော ပုံရိပ်တသီတတန်းသည် သင့်နှလုံးသားထဲတွင် အစဉ်အမြဲ အခိုင်အမာရှိနေသည်။ သူတို့၏စကားလုံးနှင့် လုပ်ရပ်တိုင်းကိုသာမက သူတို့၏ လွှမ်းမိုးမှုရှိသော စကားလုံးများနှင့် လက်ရာများကို သင်မမေ့နိုင်ပေ။ သင်တို့၏နှလုံးသားထဲတွင် သူတို့သည် အစဉ်အမြဲ အကြီးမြတ်ဆုံး ဖြစ်နေသည်၊ ထာဝရသူရဲကောင်းများ ဖြစ်နေကြသည်။ သို့ရာတွင် ယနေ့ကာလ၏ ခရစ်တော်အတွက်မူ ထိုသို့မဟုတ်ပေ။ သင်၏နှလုံးသားထဲတွင် သူသည် အစဉ်မထင်မရှားဖြစ်နေပြီး ရိုသေလေးစားခံထိုက်ခြင်းမရှိသူ အစဉ်ဖြစ်နေသည်။ အကြောင်းမှာ သူသည် အလွန်သာမန်ဖြစ်နေပြီး၊ မြင့်မြတ်ရန်မဆိုထားနှင့် လွှမ်းမိုးမှုလည်း အလွန်နည်းသောကြောင့် ဖြစ်သည်။

မည်သို့ပင်ဆိုစေ သမ္မာတရားကို တန်ဖိုးမထားသူများအားလုံးသည် မယုံကြည်သူများနှင့် သမ္မာတရားကို သစ္စာဖောက်သူများ ဖြစ်ကြသည်ဟု ငါပြော၏။ ထိုသို့သောသူများသည် ခရစ်တော်၏ သဘောကျမှုကို မည်သည့်အခါမျှ ရမည်မဟုတ်ပေ။ သင့်ထဲတွင် မယုံကြည်မှု မည်မျှရှိပြီး ခရစ်တော်ကို သစ္စာဖောက်မှု မည်မျှရှိသည်ကို သင်ယခု ဖော်ထုတ်သိရှိခဲ့ပြီးပြီလော။ သင့်ကို ငါအလေးအနက် တိုက်တွန်းမည်- သင်သည် သမ္မာတရားလမ်းကို ရွေးချယ်ခဲ့သဖြင့် သင်သည် စိတ်နှလုံးအကြွင်းမဲ့ ပေးအပ်မြှုပ်နှံသင့်သည်၊ စိတ်နှစ်ခွဖြစ်ခြင်း၊ သို့မဟုတ် စိတ်မပါ့တပါဖြစ်ခြင်း မရှိနှင့်။ ဘုရားသခင်သည် လောကကြီးနှင့် မသက်ဆိုင်သကဲ့သို့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နှင့်လည်း သက်ဆိုင်ခြင်းမရှိဘဲ၊ သူ့ကို အမှန်တကယ် ယုံကြည်သောသူအားလုံး၊ သူ့ကို ကိုးကွယ်သူအားလုံး၊ မိမိကိုယ်ကို သူ့အပေါ်ဆည်းကပ်ပြီး သစ္စာရှိသောသူများအားလုံးနှင့်သာ သက်ဆိုင်ကြောင်းကို သင်နားလည်သင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၁၀

ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို တင်ဆောင်ထားမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၀၂

အသက်ကို ရှာသောအခါ၌ အလျင်လို၍ မရပါ။ အသက်တာကြီးထွားမှုသည် တစ်ရက်၊ နှစ်ရက်နှင့် မဖြစ်ပါ။ ဘုရားသခင်၏ အလုပ်သည် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသည်၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၉၉

ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ စကားလုံးများသည် သန့်ရှင်းသော ဝိညာဉ်တော်လုပ်သော အလုပ်၏ ရှုထောင့်များဖြစ်ပြီး ဤခေတ်ကာလအတောအတွင်း လူသားတို့အား...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၂၀

ဘုရားသခင်က ဤလူစုများအထဲ၌ မည်သည့်အမှုကို ပြီးမြောက်အောင် ဆောင်ရွက်လိမ့်မည် ဟူသည့်အကြောင်းကို သင်တို့ တွေ့မြင်ခဲ့ပြီးပြီလော။ ဘုရားသခင်က...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။