ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၄၆

အလုပ်များစွာနှင့် စကားပေါင်းများစွာသည် သင့်အပေါ်သို့ မသက်ရောက်လျှင် ဘုရားသခင်၏ အလုပ်ကို ဖြန့်ဝေရန် အချိန်ကျသောအခါ သင့်တာဝန်ကို သင်ကျေနိုင်မည်မဟုတ်ဘဲ သင်အရှက်ရပြီး အရှက်တကွဲ အကျိုးနည်း ဖြစ်ပေလိမ့်မည်။ ထိုအချိန်တွင် ဘုရားသခင်အကြောင်း သင်သိသမျှသည် အပေါ်ယံမျှသာဖြစ်ပြီး ဘုရားသခင်ထံ အကြွေးများစွာ တင်နေပြီဖြစ်ကြောင်း သင်ခံစားရလိမ့်မည်။ ဘုရားသခင် အလုပ်လုပ်နေစဉ် ယနေ့ ဘုရားသခင်အကြောင်း သင်မရှာမှီးလျှင် နောက်ပိုင်းတွင် အလွန်နောက်ကျသွားပေလိမ့်မည်။ အဆုံးတွင် သင်၌ပြောစရာ ဘာမျှမရှိ- သင့်တွင် ဘာမျှမရှိ၊ ဗလာနတ္ထိသာ ကျန်ပေလိမ့်မည်။ သို့ဆိုလျှင် ဘုရားသခင် အကြောင်းပြောပြရန် သင်ဘာကိုအသုံးပြုမည်နည်း။ ဘုရားသခင်ကို ကြည့်ရှုရန် သင့်ထံတွင် နာကြည်းမှု ရှိနေပါသလား။ ယခုပင်လျှင် သင်ရှာမှီးရန် အပြင်းအထန် ကြိုးစားသင့်သည်။ သို့ဖြင့် အဆုံးတွင် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် လူတို့အတွက် မည်မျှလောက် အကျိုးကျေးဇူးရှိသည်ကို ပေတရုကဲ့သို့ သင်သိလာလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမပါဘဲ လူသည် ကယ်တင်ခြင်းကို မရနိုင်ဘဲ ဆိုးညစ်သောမြေထဲ၊ နွံထဲသို့ နစ်သည်ထက်သာ နစ်နိုင်ပေသည်။ လူတို့အား စာတန်က ဖျက်ဆီးခဲ့ပြီး အချင်းချင်းဆန့်ကျင်ကြံစည်လျက်၊ အချင်းချင်းအပေါ် ဗိုလ်ကျခြယ်လှယ်ကာ၊ ဘုရားသခင် အား မကြောက်ရွံ့တော့ဘဲ သူတို့၏ မနာခံမှုသည် ပိုမိုကြီးထွားလာသည်။ သူတို့၏ စိတ်ကူးအကြံများမှာ အလွန်များပြားပြီး အားလုံးမှာ စာတန်နှင့် သက်ဆိုင်လေသည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရား စီရင်ခြင်း မရှိပါက လူ၏ ပျက်စီးနေသော စိတ်သဘောထားကို သန့်စင်နိုင်ခြင်း မရှိဘဲ သူသည် ကယ်တင်ခြင်းကို ရနိုင်မည်မဟုတ်။ လူ့ဇာတိအဖြစ်ကို ခံယူထားသော ဘုရားသခင်၏ လူ့ဇာတိအလုပ်အားဖြင့် ဖော်ပြသည်မှာ အတိအကျဆိုရလျှင် ဝိညာဉ်တော်က ဖော်ပြသည့်အရာ ဖြစ်ပြီး ဘုရားသခင် လုပ်သည့်အလုပ်မှာ ဝိညာဉ်တော် အားဖြင့် လုပ်သောအလုပ်အတိုင်းသာ ဖြစ်လေသည်။ ယနေ့တွင်၊ ဤအလုပ်အကြောင်း သင်ဘာမျှ မသိပါက သင်သည် အလွန်မိုက်မဲလှပြီး ဆုံးရှုံးမှုများလှသည်။ အကယ်၍ သင်သည် ဘုရားသခင်ထံမှ ကယ်တင်ခြင်းကို မရသေးပါက သင့်ယုံကြည်မှုသည် ဘာသာရေး ယုံကြည်မှုဖြစ်ပြီး သင်သည် ဘာသာရေး ခရစ်ယာန်တစ်ဦး ဖြစ်ပေသည်။ အကြောင်းမှာ သင်သည် မသုံးတော့သော အယူဝါဒကို စွဲကိုင်ထားပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်ကို သင်ဆုံးရှုံးခဲ့သည်။ ဘုရားသခင်၏ မေတ္တာနောက်သို့ လိုက်သော အခြားသူများ သည် သမ္မာတရားနှင့် အသက်ကို ရနိုင်ပြီး စင်စစ်အားဖြင့် သင်၏ ယုံကြည်ခြင်းသည် ဘုရားသခင်၏ အတည်ပြုမှုကို ရရန် မစွမ်းသာပေ။ ယင်းအစား၊ သင်သည် ဖျက်ဆီးတတ်ပြီး မုန်းစရာကောင်းသော အပြုအမူများကို လုပ်သည့် ယုတ်မာသူတစ်ဦး ဖြစ်လာပြီး သင်သည် စာတန် လှောင်ပြောင်စရာတစ်ဦး၊ စာတန်၏ အကျဉ်းသားတစ်ဦး ဖြစ်လာခဲ့သည်။ ဘုရားသခင်သည် လူ၏ ယုံကြည်ခြင်းကို ခံရဖို့မဟုတ်၊ လူ၏ ချစ်ခြင်းကို ခံရန်၊ လူ၏ နောက်သို့လိုက်ခြင်းနှင့် ဆည်းကပ်ကိုးကွယ်ခြင်းတို့ကို ခံရန်ဖြစ်လေသည်။ သင် ယနေ့ မရှာမှီးပါက “ဘုရားသခင်နောက်သို့ ကျွန်ုပ် ကောင်းစွာလိုက်ခဲ့လျှင်၊ ဘုရားသခင် ကျေနပ်အောင် ကောင်းစွာ ပြုခဲ့လျှင်၊ ကျွန်ုပ်၏ အသက်စိတ်သဘောထားထဲရှိ ပြောင်းလဲမှုများနောက်သို့ ကျွန်ုပ်လိုက်လျှောက်ခဲ့လျှင် ကောင်းခဲ့ပေမည်။ ထိုအချိန်မှာ ဘုရားသခင်ထံ မဆက်ကပ်နိုင်ခဲ့ခြင်းနှင့် ဘုရားသခင်၏ စကားအဓိပ္ပါယ်ကို မရှာမှီးခဲ့ခြင်းတို့ကို ကျွန်ုပ် နောင်တရမိ လေတော့သည်။ ထိုစဉ်က ဘုရားသခင်သည် များစွာ ပြောခဲ့သည်။ ကျွန်ုပ်ဘယ်လိုများ မရှာမှီးခဲ့မိပါလိမ့်။ ကျွန်ုပ်သည် အလွန်မိုက်မဲလှပေစွ” ဟု သင်ပြောမည့် နေ့ရက်သည် ရောက်လာလိမ့်မည်။ သင်သည် သင့်ကိုယ်သင် အတိုင်းအတာတစ်ခုအထိ မုန်းတီးမိလိမ့်မည်။ ယနေ့တွင် သင်သည် ငါပြောသော စကားများကို သင်မယုံကြည်၊ ငါ့စကားများကို သင်ဂရုမပြု၊ ဤအလုပ်ကို ဖြန့်ဝေရန် နေ့ရက်သို့ရောက်သောအခါ သင်သည် အလုံးစုံမြင်ရမည်။ သင်နောင်တရမည်ဖြစ်ပြီး ထိုအချိန်တွင် သင်သည် အံ့အားသင့်လျက် ကြက်သေသေနေပေလိမ့်မည်။ ကောင်းချီးမင်္ဂလာများ ရှိ၏၊ သို့သော် ယင်းတို့၌ ပျော်မွေ့ရ ကောင်းမှန်း သင်မသိ။ သမ္မာတရားရှိ၏၊ သို့သော် သင်မရှာမှီး။ သင့်ကိုယ်သင် အထင်သေးခြင်း မဖြစ်သလော။ ယနေ့တွင်၊ ဘုရားသခင်၏ အလုပ် နောက်တစ်ဆင့် မစတင်သေးသော်လည်း သင့်အား တောင်းဆိုသော အရာများနှင့် အသက်ရှင်နေထိုင်ရန် သင့်အား တောင်းဆိုသောအရာများနှင့် ပတ်သက်ပြီး ထူးထူးခြားခြား မရှိပါ။ အလုပ်များစွာရှိ၏၊ အမှန်တရား များစွာရှိ၏။ ယင်းတို့သည် သင်၏သိခြင်းကို ခံရရန် မထိုက်တန်သလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ဝိညာဉ်ကို လှုပ်နှိုးနိုင်စွမ်း မရှိသလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ကိုယ်သင် မုန်းတီးရန် မစွမ်းဆောင်နိုင် သလော။ သင်သည် စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် ငြိမ်းချမ်းစွာ၊ ဝမ်းမြောက်စွာ၊ လောကီရေးရာ အနည်းငယ် သက်တောင့်သက်သာရှိစွာ နေထိုင်ရန် တင်းတိမ်ရောင့်ရဲနေပါသလော။ သင်သည် လူအားလုံးတွင် အနိမ့်ဆုံး ဖြစ်မနေပေဘူးလား။ ကယ်တင်ခြင်းကို မြင်ပြီးသော်လည်း ကယ်တင်ခြင်းရရန် မလိုက်လျှောက် သူထက် ပို၍ ရူးမိုက်သောသူမရှိ၊ သူတို့သည် မိမိကိုယ်ကို ဇာတိပကတိ၌ အလွန်ပျော်ပါးပြီး စာတန်နှင့် ပျော်မွေ့နေသူများဖြစ်သည်။ သင်၏ ဘုရားသခင်ကို ယုံကြည်မှုသည် မည်သည့် စိန်ခေါ်မှုများ သို့မဟုတ် ကြီးစွာ ဘေးဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ စိုးစဥ်းကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ တန်ဖိုးမရှိသော အရာများနောက်သို့ သင်အမြဲလိုက်ပြီး၊ ဘဝကို တန်ဖိုးရှိအောင် သင်မလုပ်။ အဲ့ဒီအစား သင့်အတွေးမြောက်မြားစွာကို သမ္မာတရားရှေ့မှောက်၌ ချထားသည်။ သင်သည် အလွန်တန်ဖိုးမဲ့လေသည်။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ ရှင်သန်နေသည်- သင်သည် ဝက်များ ခွေးများနှင့် ဘာများကွာခြားသနည်း။ သမ္မာတရားနောက်သို့ မလိုက်ဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ မဟုတ်လော။ ဤအသေကောင်များသည် ဝိညာဉ်မရှိဘဲ လမ်းလျှောက်နေသည့် အလောင်းကောင်များအားလုံး မဟုတ်ပေလော။ သင်တို့အထဲတွင် စကားပေါင်း မည်မျှ ပြောပြီးပြီနည်း။ သင်တို့ကြားတွင် အလုပ်အနည်းငယ်လောက်သာ ပြီးမြောက်ထားခြင်း ရှိသလော။ သင်တို့ကြား ငါမည်မျှလောက် ထောက်ပံ့ပေးခဲ့ပြီနည်း။ သို့တိုင် သင်ဘာကြောင့် မရသေးပါသနည်း။ သင်ဘာစောဒက တက်မည်နည်း။ သင်သည် ဇာတိပကတိ၌ အလွန်အမင်း ပျော်မွေ့နေသောကြောင့်သာ သင်ဘာမျှမရခြင်း မဟုတ်လော။ သင်၏ အတွေးများမှာ အလွန်ပင် တရားလွန်နေသောကြောင့် မဟုတ်သလော။ သင် အလွန်မိုက်မဲသောကြောင့် မဟုတ်လော။ ဤကောင်းချီးမင်္ဂလာများကို ရယူရန် သင်မစွမ်းဆောင်နိုင်ပါက သင့်ကို ဘုရားသခင် မကယ်တင်ခြင်းကို သင်အပြစ်တင်နိုင်မည်လော။ သင်ရှာမှီးသည်မှာ ဘုရားသခင်ကို သင်ယုံကြည်ပြီးနောက် ငြိမ်းချမ်းခြင်း ရနိုင်ရန်ဖြစ်သည်- သင့်သားသမီးများ နေထိုင်မကောင်း မဖြစ်စေရန်၊ သင့်ခင်ပွန်း အလုပ်ကောင်းကောင်း ရရန်၊ သင့်သား ဇနီးကောင်းတစ်ဦးကိုရရန်၊ သင့်သမီး ရည်မွန်သော ခင်ပွန်းတစ်ဦးကိုရရန်၊ သင့်မြင်းများ၊ နွားများ မြေကိုကောင်းစွာထွန်ယက်ရန်၊ သင့်ကောက်ပဲသီးနှံများအတွက် တစ်နှစ်ပတ်လုံး ရာသီဥတုကောင်းမွန်ရန်၊ သင်ရှာဖွေသည်မှာ ယင်းတို့ဖြစ်သည်။ သင်လိုက်လျှောက်သည်မှာ သက်တောင့်သက်သာ နေထိုင်ရန်သာ ဖြစ်သည်။ သင့်မိသားစုထံသို့ မတော်တဆမှုများ မကျရောက်ရန်၊ သင့်အနား လေပြေဖြတ်သွားရန်၊ သင့်မျက်နှာကို မြေမှုန်မထိစေရန်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေမနစ်မြုပ်စေရန်၊ မည်သည့် သဘာဝဘေးအန္တရာယ်မှ သင့်အပေါ်သို့ မကျရောက်စေရန်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် နေထိုင်ရန်၊ ဇိမ်ရှိသောအသိုက်အမြုံထဲတွင် နေထိုင်ရန်တို့အတွက်သာ သင်ရှာမှီးနေသည်။ ဇာတိပကတိနောက်သို့ အမြဲလိုက်နေသည့် သင်ကဲ့သို့သော သတ္တိကြောင်သူတစ်ဦး- သင့်မှာ စိတ်နှလုံးရှိ ပါသလော၊ သင့်မှာ ဝိညာဉ်ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အတုံ့အပြန် ဘာကိုမျှ မတောင်းဆိုဘဲ စစ်မှန်သောလမ်းကို သင်အား ပေးခဲ့သော်လည်း သင်သည် မလိုက်လျှောက်။ သင်သည် ဘုရားသခင်အား ယုံကြည်သော ထိုသူတွေထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ်သို့ စစ်မှန်သော လူ့အသက်ကို အပ်နှင်းသော်လည်း သင်သည် မလိုက်လျှောက်။ သင်သည် ဝက်များ ခွေးများနှင့် ဘာမျှမထူးဘူး မဟုတ်လော။ ဝက်များသည် လူ့အသက်ကို မလိုက်လျှောက်၊ သန့်ရှင်းခြင်းသို့ရောက်ရန် မလိုက်လျှောက်၊ အသက်ဆိုသည်ကို သူတို့နားမလည်။ နေ့စဉ် ဝသည်ထိစားပြီး အိပ်ရုံသာ ပြုကြသည်။ ငါသည် သင့်အား လမ်းမှန်ကို ပေးပြီးဖြစ်သော်လည်း သင်၌ဤလမ်းမှန်မရှိသေး၊ သင့်တွင် ဗလာနတ္တိပင်ဖြစ်ပေသည်။ ဝက်တစ်ကောင်၏ဘဝ၊ ဤဘဝတွင် ဆက်လက်နေထိုင်ရန် သင်လိုလားပါသလော။ ထိုသို့သောသူများ၏ အသက်ရှင်မှုတွင် မည်သည့် ထူးခြားမှု ရှိပါသနည်း။ သင့်ဘဝသည် အထင်သေးဖွယ်၊ ရှက်ဖွယ်ဖြစ်ပြီး သင်သည် ညစ်ညမ်းပြီး သိက္ခာကင်းမဲ့စွာ အသက်ရှင်နေသည်။ သင်သည် မည်သည့် ရည်မှန်းချက်နောက်သို့မှ မလိုက်ဘဲ သင့်ဘဝသည် အားလုံးထဲတွင် ရှက်စရာအကောင်းဆုံး ဖြစ်နေသည် မဟုတ်လော။ ဘုရားသခင်ကို ကြည့်ရှုရန် သင့်ထံတွင် နာကြည်းမှု ရှိနေပါသလော။ ဤနည်းအတိုင်း သင်ဆက်တွေ့ကြုံနေပါက သင်ဘာရမည်နည်း။ မှန်ကန်သောလမ်းကို သင့်အား ပေးပြီးသော်လည်း နောက်ဆုံးတွင် သင်ရ၊ မရ ဆိုသည်မှာ သင်၏ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားအားထုတ်မှုပေါ် မူတည်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၀၉

ဘုရားသခင်ကို ယုံကြည်ဖို့၊ သင်သည် အနည်းဆုံးအနေဖြင့် ဘုရားသခင်နှင့် မှန်ကန်သော ဆက်ဆံရေးရှိခြင်းနှင့် သက်ဆိုင်သည့် ကိစ္စကို ဖြေရှင်းရမည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၅၂

ယောဘအား စာတန်ထံသို့ ဘုရားသခင် စွန့်ပစ်ခြင်းနှင့် ဘုရားသခင်အမှု၏ ရည်မှန်းချက်များအကြားရှိ ဆက်နွှယ်မှု ယခုအခါ လူအများစုသည် ယောဘ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၂၄

သင်တို့အားလုံးအနေဖြင့် ယခုအခါတွင် ဘုရားသခင်ကို ယုံကြည်ခြင်းအရာ၏ အဓိပ္ပာယ်အစစ်အမှန်ကို သဘောပေါက်သင့်ပေပြီ။ ယခင်က ငါပြောခဲ့သည့် ဘုရားသခင်ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၁၃

သင်သည် ဘုရားသခင်၌ ယုံကြည်သူတစ်ဦးနှင့်ဆိုင်သည့် လမ်းကြောင်း၏ အလွန်သေးငယ်သည့် အစိတ်အပိုင်း တစ်ခုကိုသာ လျှောက်လှမ်းပြီးဖြစ်ကာ လမ်းမှန်ပေါ်သို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။