ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၆၀

မည်သူမဆို မိမိတို့၏ စစ်မှန်သော သွင်ပြင်ကို ကိုယ်စားပြုဖို့ မိမိတို့၏ ကိုယ်ပိုင် စကားများနှင့် လုပ်ရပ်များကို အသုံးပြုနိုင်၏။ ဟုတ်ပေ၏၊ ဤစစ်မှန်သော သွင်ပြင်သည် ၎င်းတို့၏ သဘာဝဖြစ်သည်။ သင်သည် ဝေ့လည်ကြောင်ပတ် နည်းလမ်းဖြင့် စကားပြောသူ ဖြစ်ပါက၊ သင်သည် ကွေ့ကောက်သော သဘာဝ ရှိ၏။ သင်၏သဘာဝသည် ကောက်ကျစ်စဉ်းလဲပါက၊ သင်သည် လှည့်ဖြားတတ်သော နည်းလမ်းဖြင့် ပြုမူပြီး အခြားသူများအနေဖြင့် သင်၏ လှည့်ဖြားမှုကို ခံရဖို့ အလွန်လွယ်ကူစေသည်။ သင်၏ သဘာဝသည် အလွန်ယုတ်မာပါက၊ သင်၏စကားများသည် နားထောင်ကောင်းလိမ့်မည် ဖြစ်သော်လည်း၊ သင့်အပြုအမူများသည် သင်၏ ယုတ်မာသော လှည့်ကွက်များကို မဖုံးကွယ်နိုင်ပေ။ သင်၏သဘာဝသည် ပျင်းရိပါက၊ သင် ပြောသမျှအားလုံးသည် သင်၏ ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းနှင့် ပျင်းရိမှုအတွက် တာဝန်ယူမှုကို ခေါင်းရှောင်ရန် ဖြစ်သည်။ ပြီးလျှင် သင်၏ လုပ်ရပ်များသည် နှေးကွေးကာ ဝတ်ကျေတမ်းကျေ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားကို ဖုံးကွယ်ရာတွင် အတော်အတန် ကျွမ်းကျင်လိမ့်မည်။ သင်၏သဘာဝသည် စာနာတတ်ပါက၊ သင်ပြောသော စကားသည် အကျိုးသင့် အကြောင်းသင့် ရှိလိမ့်မည်ဖြစ်ပြီး၊ သင်၏ လုပ်ဆောင်ချက်များသည်လည်း သမ္မာတရားနှင့် ကောင်းစွာ ကိုက်ညီလိမ့်မည်။ သင်၏သဘာဝသည် သစ္စာရှိပါက၊ သင်၏စကားများသည် ဧကန်မုချ ရိုးသားစစ်မှန်ပြီး သင် လုပ်ဆောင်ပုံသည် သင်၏ သခင်ကို မသက်မသာ ဖြစ်စေနိုင်မည့် မည်သည့်အရာမဆိုနှင့် ကင်းရှင်းလျက် အခြေခိုင်ပေသည်။ သင်၏သဘာဝသည် ရာဂစိတ်ပြင်းထန်ပါက သို့မဟုတ် ငွေကို တပ်မက်ခြင်းရှိပါက၊ သင်၏စိတ်နှလုံးသည် ဤအရာများဖြင့် မကြာခဏ ပြည့်နှက်နေလိမ့်မည်ဖြစ်ကာ၊ သင်သည် လူတို့ ပေါ့ပေါ့တန်တန် မေ့ပျောက်မည် မဟုတ်သကဲ့သို့ လူတို့ကို စက်ဆုပ်စေမည့် အကျင့်ပျက်သော လုပ်ဆောင်ချက်များကို အမှတ်တမဲ့ ကျူးလွန်မိလိမ့်မည်။ ငါပြောခဲ့သည့်အတိုင်းပင်၊ သင်သည် သစ္စာဖောက်တတ်သော သဘာဝရှိပါက၊ ထိုသဘာဝမှ သင့်ကိုယ်သင် မလွတ်မြောက်စေနိုင်ပေ။ သင်သည် အခြားသူများအပေါ် မမှားမကျူးလွန်ဖူးပါက၊ သင်၌ သစ္စာဖောက်တတ်သော သဘာဝ မရှိဟူ၍ ကံကို မကိုးစားနှင့်။ သင်ဤသို့တွေးထင်ပါက၊ သင်သည် အကယ်ပင် ရွံစရာကောင်း ပေသည်။ ငါပြောသည့် အကြိမ်တိုင်း၊ ငါ၏စကားများ အားလုံးသည် လူတစ်ဦး သို့မဟုတ် လူတစ်မျိုးကိုသာ မရည်ရွယ်ဘဲ လူအားလုံးကို ရည်ရွယ်ပေသည်။ ကိစ္စတစ်ခု၌ ငါ့ကို သင် သစ္စာမဖောက်ခြင်းကြောင့်သာ အခြားကိစ္စတွင် ငါ့ကို သင် သစ္စာမဖောက်နိုင်ဟု သက်သေမပြပေ။ သမ္မာတရားကို ရှာဖွေရာတွင်၊ လူအချို့သည် ၎င်းတို့၏ အိမ်ထောင်ရေးထဲက ဆုတ်ဆိုင်းမှုများအတောအတွင်းတွင် ၎င်းတို့၏ ယုံကြည်မှုစိတ်ချမှု ပျောက်ဆုံးကြသည်။ လူအချို့သည် မိသားစု ပြိုကွဲသည့် အတောအတွင်းတွင် ငါ့ကို သစ္စာရှိဖို့ ၎င်းတို့၏ တာဝန်ကို စွန့်လွှတ်ကြသည်။ လူအချို့သည် တဒင်္ဂ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုကို ရှာရန် ငါ့ကို စွန့်ပစ်ကြသည်။ လူအချို့မှာ အလင်းတွင် အသက်ရှင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၌ မွေ့လျော်ခြင်းကို ရရှိသည်ထက် မှောင်မိုက်သော လျှိုထဲ ကျဆင်းလိုကြသည်။ လူအချို့သည် မိမိတို့၏ ကြွယ်ဝချမ်းသာမှုကို မက်မောခြင်းအတွက် မိတ်ဆွေများ၏ အကြံပြုချက်ကို လျစ်လျူရှုကြပြီး၊ ယခုပင်လျှင် ၎င်းတို့၏ အမှားများကို ဝန်မခံနိုင်ကြသကဲ့သို့ ၎င်းတို့၏ လမ်းကြောင်းကို မပြောင်းလဲနိုင်ကြပေ။ လူအချို့သည် ငါ၏ကွယ်ကာမှုကို ရရှိရန်အလို့ငှာ ငါ့နာမအောက်တွင် ခဏတစ်ဖြုတ် အသက်ရှင်ကြစဉ်တွင်၊ အခြားသူတို့မှာ အသက်ကို ဖက်တွယ်ပြီး သေခြင်းကို ကြောက်ရွံ့ကြသောကြောင့် မတတ်သာ၍ ငါ့ထံ အနည်းငယ်မျှသာ ဆက်ကပ် အပ်နှံကြလေသည်။ ဤအရာများနှင့် အခြားသော အကျင့်ပျက်သည့်အပြင် သိက္ခာမဲ့သော လုပ်ရပ်များသည် လူတို့ ၎င်းတို့ စိတ်နှလုံး အတွင်းနက်ရှိုင်းသော နေရာထဲတွင် အချိန်ကြာမြင့်စွာကတည်းက ငါ့ကို သစ္စာဖောက်ကြပြီးဖြစ်သည့် အပြုအမူများ ဖြစ်သည် မဟုတ်လော။ ဟုတ်ပေ၏၊ လူတို့သည် ငါ့ကို သစ္စာဖောက်ဖို့ ကြိုတင်မစီစဉ်ကြသည်ကို ငါ သိ၏။ ၎င်းတို့၏ သစ္စာဖောက်ခြင်းသည် ၎င်းတို့၏ သဘာဝဗီဇ၏ သဘာဝအလျောက် ဖော်ပြချက်ဖြစ်သည်။ မည်သူမျှ ငါ့ကို သစ္စာမဖောက်လိုကြသကဲ့သို့၊ ငါ့ကို သစ္စာဖောက်ဖို့ တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့သောကြောင့် မည်သူမျှ မပျော်ရွှင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ၎င်းတို့သည် ကြောက်ရွံ့မှုဖြင့် တုန်လှုပ်နေကြသည် မဟုတ်လော။ ထို့ကြောင့် ဤသစ္စာဖောက်မှုများကို မည်သို့ အဖတ်ဆယ်ကြမည်ဆိုသည်နှင့် လက်ရှိအခြေအနေကို မည်သို့ ပြောင်းလဲမည်ဆိုသည်ကို သင်တို့ တွေးနေကြသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၆၀၉

အချိန်ကြာမြင့်စွာ၊ ဘုရားသခင်၌ယုံကြည်သည့် လူများအားလုံးသည် လှပသည့် ခရီးဆုံးပန်းတိုင်တစ်ခုအတွက် လေးနက်စွာ မျှော်လင့်နေခဲ့ကြပြီး၊ ဘုရားသခင်၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၀၃

ရှေ့ဆက်သွားသည့်ခရီး၌ ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်း ပြောဆိုခြင်းသည် သင်စကားပြောသောအခါ၌ ကျင့်သုံးသည့် မူဖြစ်လိမ့်မည်။ သင်တို့ စုဝေးသောအခါ၌...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၀၇

ဘုရားသခင်ရှေ့မှောက်တွင် မိမိ၏စိတ်နှလုံးကို ငြိမ်သက်စေခြင်းသည် အရေးကြီးဆုံးသော ကိစ္စများထဲမှတစ်ခုဖြစ်ကြောင်း အတွေ့အကြုံမှ သိမြင်နိုင်သည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၉

ဘုရားသခင်၏ အသိအမှတ်ပြုခြင်းမခံရသော ထိုလူများ ဘုရားသခင်၏ စိတ်နှလုံးထဲတွင် သူတို့၏ယုံကြည်ချက် မည်သည့်အခါမျှ အသိအမှတ်ပြုမခံရသော လူတစ်ချို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။