ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၇၁

ငါ၏အမြင်တွင် လူသားသည် အရာအားလုံး၏ အုပ်စိုးသူဖြစ်သည်။ ငါသည် သူ့ကို တောင်များပေါ်၌ရှိသော မြက်ခင်း၊ သစ်တောများအကြား၌ရှိသော တိရစ္ဆာန်များနှင့် ရေထဲ၌ရှိသော ငါးများဖြစ်ကြသည့် ကမ္ဘာမြေကြီးပေါ်မှ အရာအားလုံးကို စီမံခန့်ခွဲခွင့်ပြုရင်း သေးငယ်သောသြဇာအာဏာကို ပေးခဲ့သည်မဟုတ်ပေ။ သို့ရာတွင် ဤအတွက်ကြောင့် ပျော်ရွှင်ရမည့်အစား လူသားသည် စိုးရိမ်ပူပန်မှု၏ ဝိုင်းရံဖိစီးခြင်းကို ခံရသည်။ သူ၏အသက်တာတစ်ခုလုံးသည် မချိတင်ကဲဝေဒနာခံရသည့်အသက်တာနှင့် ဟိုဟိုသည်သည်အလုပ်ရှုပ်သော အသက်တာဖြစ်ပြီး ဘာမျှမရှိခြင်းအပေါ် အပျော်ဆင့်ကာ သူ၏အသက်တာတစ်ခုလုံး၌ အသစ်သောတီထွင်မှုများနှင့် ဖန်ဆင်းခြင်းများမရှိချေ။ ဤအနှစ်မပါသောအသက်တာမှ မည်သူမျှ မိမိတို့ကိုယ်ကိုယ် မိမိ မလွတ်မြောက်စေနိုင်၊ အဓိပ္ပာယ်ရှိသော အသက်တာကို မည်သူမျှ ရှာဖွေတွေ့ရှိခဲ့ဖူးခြင်းမရှိ၊ ထို့အပြင် မည်သူမျှ စစ်မှန်သောအသက်တာကို တွေ့ကြုံခဲ့ဖူးခြင်းမရှိပေ။ ယနေ့ လူအားလုံးတို့သည် ငါ၏တောက်ပသောအလင်းအောက်တွင် အသက်ရှင်ကြသော်လည်း ကောင်းကင်ဘုံရှိ အသက်တာအကြောင်းကို သူတို့သည် ဘာမျှမသိကြချေ။ အကယ်၍ ငါသည် လူသားအပေါ် ကရုဏာစိတ်မရှိပါက၊ လူသားမျိုးနွယ်ကို မကယ်တင်ပါက၊ လူအားလုံးသည် အချည်းနှီးလာကြလျက် သူတို့၏ ကမ္ဘာပေါ်ရှိ အသက်တာများသည် အဓိပ္ပာယ်မရှိဘဲဖြစ်ကာ သူတို့သည် ဂုဏ်ယူစရာဘာမျှမရှိဘဲ အချည်းနှီး ထွက်ခွာသွားကြမည်ဖြစ်၏။ ဘာသာတရားတိုင်း၊ လူမှုအသိုက်အဝန်းတိုင်း၊ တိုင်းနိုင်ငံတိုင်းနှင့် ဂိုဏ်းဂဏတိုင်း၏ လူအားလုံးတို့သည် ကမ္ဘာမြေကြီး၏ ဘာမျှမရှိခြင်းကို သိကြပြီး သူတို့အားလုံးသည် ငါ့ကိုရှာကြလျက် ငါ၏ပြန်လာခြင်းကို စောင့်စားကြသည်။ သို့ရာတွင် ငါရောက်လာသောအခါ မည်သူသည် ငါ့ကိုသိခြင်းငှာ တတ်စွမ်းနိုင်သနည်း။ ငါသည် အရာအားလုံးကိုပြုလုပ်ခဲ့ပြီး လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ကာ ယနေ့၌ ငါသည် လူသားအကြားသို့ ဆင်းသက်ခဲ့ပြီ။ သို့သော်လည်း လူသားသည် ငါ့ကို တုံ့ပြန်ထိုးနှက်တိုက်ခိုက်ပြီး ငါ့အပေါ် လက်စားချေ၏။ လူသားအပေါ် ငါပြုသောအမှုသည် သူ့အတွက် အဘယ်အကျိုးမျှ မရှိသလော။ လူသားကို ကျေနပ်ခြင်းအား ငါသည် အမှန်ပင် မတတ်စွမ်းနိုင်သလော။ လူသားသည် ငါ့ကို အဘယ်ကြောင့် ငြင်းပယ်သနည်း။ လူသားသည် ငါ့အပေါ် အဘယ်ကြောင့် အလွန်စိမ်းကား၍ ဂရုမစိုက်သနည်း။ ကမ္ဘာမြေကြီးသည် အဘယ်ကြောင့် “အလောင်းကောင်များ” နှင့် ဖုံးလွှမ်းနေသနည်း။ ဤသည်မှာ အကယ်ပင် ငါ လူသားအတွက် ပြုလုပ်ခဲ့သည့် လောက၏အခြေအနေလော။ ငါသည် လူသားအား နှိုင်းယှဉ်၍မရသော ကြွယ်ဝချမ်းသာမှုများ ပေးခဲ့သော်လည်း သူသည် ငါ့အား ဘာမျှမရှိသော လက်နှစ်ဘက်ပြန်ပေးသည်မှာ အဘယ်ကြောင့်နည်း။ လူသားသည် အဘယ်ကြောင့် ငါ့အား စစ်မှန်စွာ မချစ်သနည်း။ သူသည် အဘယ်ကြောင့် မည်သည့်အခါမျှ ငါ့ရှေ့မှောက် မလာသနည်း။ ငါ၏နှုတ်ကပတ်တော်များသည် အကယ်ပင် အချည်းနှီးအတွက် ဖြစ်ခဲ့သလော။ ငါ၏နှုတ်ကပတ်တော်တို့သည် ရေမှအပူကဲ့သို့ ပျောက်ကွယ်သွားခဲ့ပြီလော။ လူသားသည် ငါနှင့်ပူးပေါင်းဆောင်ရွက်ရန် အဘယ်ကြောင့် လိုလိုလားလားမရှိသနည်း။ ငါ၏နေ့ရက်ရောက်လာခြင်းသည် လူသား၏သေဆုံးချိန် အမှန်တကယ်ပင် ဖြစ်သလော။ ငါ၏နိုင်ငံတော် တည်ထောင်သည့်အချိန်တွင် ငါသည် လူသားအား အမှန်တကယ် ဖျက်ဆီးနိုင်မည်လော။ ငါ၏စီမံခန့်ခွဲမှုအစီအစဉ် ကာလတစ်ရပ်လုံးတွင် ငါ၏ရည်ရွယ်ချက်များကို မည်သူမျှ နားလည်ခဲ့ခြင်းမရှိသည်မှာ အဘယ်ကြောင့်နည်း။ ငါ့နှုတ်မှ မိန့်မြွက်ချက်များကို ချစ်မြတ်နိုးမည့်အစား လူသားသည် ၎င်းတို့ကို အဘယ်ကြောင့် စက်ဆုပ်ရွံရှာ၍ ငြင်းပယ်သနည်း။ ငါသည် မည်သူ့ကိုမျှ ပြစ်တင်ရှုတ်ချခြင်းမရှိဘဲ လူတို့အားလုံးကို ငြိမ်သက်စေရန်နှင့် မိမိကိုယ်ကိုယ် ပြန်လည်စဉ်းစားစေခြင်းကိုသာ ပြုလုပ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၅)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၃၁

ယနေ့၏မိန့်မြွက်ချက်များ အားလုံးမှာ အနာဂတ်အခြေအနေများကို ပရောဖက်ပြုခြင်းဖြစ်ပြီး၊ ၎င်းတို့မှာ ဘုရားသခင်အနေဖြင့် သူ့အမှု၏ နောက်တစ်ဆင့်အတွက်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၉၈

ယခုအချိန်တွင် သူတို့၏ ပုန်ကန်သော စိတ်သဘောထားအားလုံးကို ဖွင့်ချရန် နှင့် သူတို့၏ အကျည်းတန်မှုကို ဖော်ထုတ်ရန် တရုတ်ပြည်၌ရှိသော ဤလူတို့အပေါ်မှ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၆၆

“ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။ ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၇၆

သင်တို့သည် စကားဖြင့်သာသစ္စာရှိကြ၏။ သင်တို့၏အသိသည် ပညာဉာဏ်၊ အယူအဆ တို့နှင့်သာဆိုင်၏။ သင်တို့၏အလုပ်များမှာ ကောင်းကင်မှကောင်းချီးမင်္ဂလာများ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။