ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၈၉

သမိုင်းသည် အမြဲတမ်း ရှေ့သို့ရွေ့လျားနေပြီး၊ ဘုရားသခင်၏ အလုပ်ကလည်း အမြဲတမ်း ရှေ့သို့ရွေ့လျားနေပါသည်။ သူ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်သည် အဆုံးသတ်သို့ ရောက်ရန်အတွက်၊ ယင်းကို ရှေ့သို့ဦးတည်သည့် လမ်းကြောင်းဖြင့် ဆက်လက်ဆောင်ရွက်ရမည်။ နေ့ရက်တိုင်း သူသည် အလုပ်သစ်ကို လုပ်ဆောင်ရမည်၊ နှစ်တိုင်း သူသည် အလုပ်သစ်ကို လုပ်ဆောင်ရမည်။ သူသည် လမ်းသစ်များကိုဖွင့်ပြီး၊ ခေတ်သစ်များကို အစပျိုးရမည်၊ ပိုမိုကြီးမြတ်သည့် အလုပ်သစ်ကို စတင်ရမည်၊ ယင်းတို့နှင့်အတူ အမည်အသစ်များနှင့် အလုပ်သစ်ကို ယူဆောင်လာရမည်။ နည်းလမ်း ဟောင်းများနှင့် စည်းမျဉ်းစည်းကမ်းဟောင်းများကို မဖက်တွယ်ထားဘဲ၊ တိုတောင်းသောကာလ တစ်ခုမှ တစ်ခုဆီသို့၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် အလုပ်သစ်ကို လုပ်ဆောင်သည်။ သူ၏အလုပ်သည် ဘယ်သောအခါမှ ရပ်တန့်မှုမရှိဘဲ၊ တိုတောင်းသော ကာလတစ်ခုစီကို လာရောက်ဖြတ်ကျော်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ပြောင်းလဲခြင်း မရှိဟု သင်ပြောလျှင်၊ ယေရှုက ဗိမာန်တော်တွင်း မဝင်ရောက်သော်လည်း ယေဟောဝါက ယဇ်ပရောဟိတ်များကို ဗိမာန်တော်အတွင်း သူ့အား အဘယ်ကြောင့် အစေခံစေသနည်း— သို့သော်လည်း၊ ယေရှုရောက်လာခဲ့သည့်အခါ၊ သူသည် ယဇ်ပရောဟိတ် အကြီးအကဲ ဖြစ်ကြောင်း၊ ပြီးတော့ သူသည် ဒါဝိဒ်၏ အိမ်တော်ကဖြစ်ပြီး ယဇ်ပရောဟိတ် အကြီးအကဲနှင့် ကြီးမြတ်သည့် ဘုရင်ဖြစ်ကြောင်း လူများက ပြောဆိုခဲ့ကြသည်။ ပြီးလျှင် သူသည် အဘယ်ကြောင့် ယဇ်ပူဇော်မှုများ မပြုလုပ်သနည်း။ ဗိမာန်တော်ကို ဝင်ရောက်ခြင်း သို့မဟုတ် ဗိမာန်တော်ကို မဝင်ရောက်ခြင်း— ဤအရာ အားလုံးသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်များ မဟုတ်သလော။ လူတွေးထင်သကဲ့သို့ ယေရှုက တစ်ဖန်ပြန်လာပြီး၊ နောက်ဆုံးသော ကာလတွင် ယေရှုဟုပင် အခေါ်ခံရဆဲဖြစ်ပြီး၊ ဖြူသော မိုးတိမ်ကိုစီးပြီး ကြွလာကာ၊ လူများအကြားတွင် ယေရှု၏ ပုံရိပ်အားဖြင့် ဆင်းသက်ကြွလာမည် ဆိုပါက— သူ၏အလုပ်ကို တစ်ကျော့ပြန်ခြင်းပင် မဟုတ်သလော။ သန့်ရှင်းသော ဝိညာဉ်တော်က အဟောင်းကို တွယ်ဖက်ဖို့ ဖြစ်နိုင်သလော။ လူ၏ယုံကြည်မှုများ အားလုံးက စိတ်ကူးစိတ်သန်းများဖြစ်ပြီး၊ လူသား၏ နားလည်သဘောပေါက်မှု အားလုံးကလည်း သူတို့၏ မူရင်းစာနှင့် တိကျစွာတူညီသော အဓိပ္ပာယ်ကို နားလည်ခြင်း ဖြစ်သည်။ သူ၏ စိတ်ကူးအရလည်း ဖြစ်သည်။ ယင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အခြေခံသဘော တရားများနှင့် ကိုက်ညီမှုမရှိ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်း လိုက်လျောညီထွေမှု မရှိပေ။ ဘုရားသခင်သည် ထိုနည်းလမ်းအတိုင်း လုပ်ဆောင်မည်မဟုတ်ချေ။ ဘုရားသခင်သည် မမိုက်မဲ မထုံအပေ၊ ထို့အတူ သူ၏အလုပ်သည်လည်း သင်တွေးထင်သကဲ့သို့ မရိုးစင်းလှပေ။ လူတွေးထင်၍ လုပ်ဆောင်သည့် အရာခပ်သိမ်းကို အခြေခံလျှင် ယေရှုသည် ဖြူသော မိုးတိမ်ကို စီးလျက် သင်တို့အလယ်သို့ ဆင်းသက်လာပေ မည်။ သင်တို့သည် မိုးတိမ်ကိုစီးလျက်နေသော သူ့ကိုမြင်တွေ့ရလိမ့်မည်၊ သင်တို့ကို သူသည် ယေရှုဖြစ်ကြောင်း ပြောပေမည်။ သင်တို့သည် သူ၏လက်များမှ သံမှိုအမှတ်အသားများကိုလည်း မြင်ရပြီး၊ သူက ယေရှု ဖြစ်ကြောင်းကို သိရပေမည်။ ထို့နောက် သူကသင်တို့ကို နောက်ထပ် ကယ်တင်ရပြီး၊ သင်တို့၏ ကြီးမြတ်သည့် ဘုရားသခင် ဖြစ်ရပေမည်။ သူသည် သင်တို့ကို ကယ်တင်ရပြီး၊ သင်တို့ကို အမည်အသစ်ပေးကာ၊ သင်တို့တစ်ဦးစီကို ကျောက်ဖြူလက်ဖွဲ့ တစ်ခုစီပေးပြီးနောက်၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ရန်အခွင့်ရပြီး ပရဒိသုဘုံက သင့်ကိုလက်ခံရပေမည်။ ဤယုံကြည်မှုများသည် လူသား၏ စိတ်ကူးစိတ်သန်းများပင် မဟုတ်သလော။ ဘုရားသခင်သည် လူသား၏ စိတ်ကူးစိတ်သန်းများအတိုင်း လုပ်ဆောင်သလော၊ သို့မဟုတ် လူသား၏ စိတ်ကူးစိတ်သန်းများကို ဆန့်ကျင်လျက် လုပ်ဆောင်သလော။ လူသား၏ စိတ်ကူးစိတ်သန်းများ အားလုံးသည် စာတန်ထံမှ ဆင်းသက်လာခြင်း မဟုတ်သလော။ လူသားအားလုံးသည် စာတန်၏ ဖျက်ဆီးမှုကို မခံခဲ့ရသလော။ ဘုရားသခင်သည် သူ့အလုပ်ကို လူသား၏ စိတ်ကူးစိတ်သန်းများအတိုင်း လုပ်ဆောင်ပါက၊ သူသည် စာတန်ဖြစ်လာလိမ့်မည် မဟုတ်လော။ သူ၏ ဖန်ဆင်းခံများနှင့် အမျိုးအစားအတူတူ ဖြစ်လာ လိမ့်မည် မဟုတ်လော။ သူ၏ဖန်ဆင်းခံများက ယခုတွင် စာတန်၏ ဖျက်စီးခြင်းကို ခံခဲ့ရပြီး၊ လူသားသည် စာတန်၏ ပြယုဂ်ဖြစ်လာခဲ့သောကြောင့် ဘုရားသခင်က စာတန်၏ အမှုအရာများအတိုင်း လုပ်ဆောင်သည် ဆိုပါက၊ သူသည် စာတန်နှင့် တစ်ဖွဲ့တည်း ဖြစ်လိမ့်မည် မဟုတ်လော။ လူက ဘုရားသခင်၏ အလုပ်ကို အဘယ်သို့လျှင် နားလည်သဘောပေါက် နိုင်မည်နည်း။ ထို့ကြောင့်၊ ဘုရားသခင်သည် လူ၏စိတ်ကူး စိတ်သန်းများအတိုင်း ဘယ်တော့မျှ မလုပ်ကိုင်ပါ၊ သင်စိတ်ကူးသည့် နည်းလမ်းများအတိုင်း ဘယ်တော့မှ မလုပ်ပါ။ ဘုရားသခင် ကိုယ်တော်တိုင်က သူသည် မိုးတိမ်စီးပြီး ရောက်လာမည်ဟု ပြောကြောင်း ပြောသည့် သူများရှိသည်။ ဘုရားသခင်က သူ့ကိုယ်သူပြောကြောင်း မှန်ကန်ပါသည်၊ သို့သော်လည်း ဘုရားသခင်၏ လျှို့ဝှက်ဆန်းကြယ်မှုကို ဘယ်လူသားကမှ နားမလည်နိုင်သည်ကို သင်မသိသလော။ ဘယ်လူသားကမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မရှင်းပြနိုင်ကြောင်း သင်မသိသလော။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးမှုနှင့် အလင်းပေးမှုကို သင်ရရှိကြောင်း သံသယစိုးစဥ်းမျှမရှိဘဲ ကျိန်းသေသလော။ ထိုကဲ့သို့သော တိုက်ရိုက်ပုံစံကို ပြခြင်းက သန့်ရှင်းသောဝိညာဉ်တော် မဟုတ်ကြောင်း သေချာသလော။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို ညွှန်ကြားခဲ့ခြင်းလော၊ သို့မဟုတ် သင်၏ကိုယ်ပိုင် စိတ်ကူးစိတ်သန်းကပင် သင့်ကို ထိုကဲ့သို့ တွေးတောစေခြင်းလော။ “ဒါကို ဘုရားသခင် ကိုယ်တော်တိုင်က ပြောခဲ့တာ” ဟုသင်ပြောသည်။ သို့ရာတွင် ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိုင်းထွာရန်အတွက် ငါတို့၏ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းများနှင့် အတွေးအခေါ်များကို အသုံးပြု၍မရပါ။ ဟေရှာယက ပြောခဲ့သည့် စကားများနှင့် ပတ်သက်ပြီး၊ သူ၏စကားများကို အကြွင်းမဲ့ သေချာမှုနှင့် သင်ရှင်းပြနိုင်သလော။ သူ၏စကားများကို သင် ရှင်းပြဝံ့သလော။ ဟေရှာယ၏ စကားများကို သင့်အနေဖြင့် မရှင်းပြဝံ့လျှင်၊ ယေရှု၏ နှုတ်ကပတ်တော် များကို အဘယ်ကြောင့် သင်ရှင်းပြဝံ့သနည်း။ မည်သူသည် သာ၍ ချီးမြှောက်ခြင်း ခံရသနည်း၊ ယေရှုလော သို့မဟုတ် ဟေရှာယလော။ အဖြေမှာ ယေရှုဖြစ်သည့်အတွက် အဘယ်ကြောင့် ယေရှုမှ ပြောခဲ့သည့် နှုတ်ကပတ်တော်များကို သင်သည် ရှင်းပြရသနည်း။ ဘုရားသခင်က သူ၏အလုပ်များကို သင့်အားကြိုတင်၍ ပြောမည်လော။ ဖန်ဆင်းခံ သတ္တဝါ တစ်ခုမျှ မသိနိုင်ပါ၊ ကောင်းကင်မှ တမန်တော်များပင် မသိနိုင်၊ လူသား၏ သားတော်လည်းမသိ၊ ဤသို့လျှင် သင်သည် အဘယ်သို့ သိနိုင်မည်နည်း။ လူသားသည် ချို့တဲ့လွန်းလှသည်။ ယခုသင့်အတွက် အရေးကြီးသည်မှာ အလုပ်အဆင့် သုံးဆင့်ကို သိရန်ဖြစ်သည်။ ယေဟောဝါ၏ အလုပ်မှစ၍ ယေရှု၏အလုပ်တိုင်အောင်၊ ထို့ပြင် ယေရှု၏အလုပ်မှစ၍ ယခုလက်ရှိအဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံးကို အလျဉ်မပြတ် အကျုံးဝင်စေသည်၊ ထို့ပြင် ယင်းတို့အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်မှုပင်ဖြစ်သည်။ ကမ္ဘာကြီးကို စတင်ဖန်ဆင်းကတည်းက၊ ဘုရားသခင်သည် လူသားတို့ကို စီမံခန့်ခွဲလျက် ရှိနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူလည်း ဖြစ်သည့်အပြင်၊ သူသည် ခေတ်တစ်ခုကို အစပြုသူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူလည်း ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများမှ အလုပ်အဆင့်သုံးဆင့်သည် ဝိညာဉ်တော်တစ်ပါးတည်း၏ အလုပ်ဖြစ်သည်မှာ သိသာထင်ရှားလှသည်။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူအပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရန် ရပ်တည်သူများပင်ဖြစ်သည်။ ပထမအဆင့်မှ ယနေ့တိုင် လုပ်ကိုင်သည့် အလုပ်များအားလုံးသည် တစ်ပါးတည်းသော ဘုရားသခင်၏အလုပ်၊ တစ်ပါးတည်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်ကြောင်း နားလည်ရန် ယခုတွင် သင်၌ တာဝန်ရှိသည်။ ဤအရာနှင့် ပတ်သက်၍ သံသယ မရှိနိုင်ပါ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၆၈

ခေတ်ကာလများ တစ်လျှောက်တွင်၊ လူများစွာတို့သည် ဤလောကကြီးမှ စိတ်ပျက်အားလျော့မှုနှင့် ဝန်လေး တွန့်ဆုတ်မှုနှင့် ထွက်ခွာသွားခဲ့ကြပြီး၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၇၀

ပျောက်ဆုံးသွားသောသိုး ပုံဥပမာ ရှင်မဿဲ ၁၈:၁၂-၁၄ အဘယ်သို့ထင်ကြသနည်း။ သိုးတရာရှိသောသူ၌ သိုးတကောင်သည် လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၆၆

မျက်မှောက်ခေတ်တွင် လူအများစုက မိမိကိုယ်ကိုယ်မိမိအပေါ် အလွန်ပင် အပေါ်ယံဆန်သော သိနားလည်ခြင်း ရှိကြသည်။ ၎င်းတို့သည် မိမိတို့သဘာဝ၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၇

အမှု၏အဆင့်သုံးဆင့်သည် ဘုရားသခင်၏ အမှုတစ်ရပ်လုံး၏ မှတ်တမ်းတစ်ခုဖြစ်၏။ ၎င်းတို့သည် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ကယ်တင်ခြင်း မှတ်တမ်းဖြစ်၍...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။