ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက် (အပိုင်း တစ်)

လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၌ ဘုံပြဿနာတစ်ခု၊ လူတိုင်း၏ လူ့သဘာဝတွင် တည်ရှိသည့် ဘုံပြဿနာတစ်ခု၊ အပြင်းထန်ဆုံးသော ပြဿနာတစ်ခု ရှိ၏။ ဤဘုံပြဿနာသည် ၎င်းတို့ လူ့သဘာဝ၏ အားအနည်းဆုံး၊ အဆိုးရွားဆုံးသော အစိတ်အပိုင်း ဖြစ်ပြီး ၎င်းတို့၏ သဘာဝ အနှစ်သာရတွင် ရှာဖွေတွေ့ရှိရန် သို့မဟုတ် ပြောင်းလဲရန် အခက်ခဲဆုံးသော အရာ ဖြစ်သည်။ ဤပြဿနာမှာ မည်သည့်အရာ ဖြစ်သနည်း။ ယင်းမှာ လူသားများသည် ထူးခြားသော၊ မဟာလူသား၊ ပြီးပြည့်စုံသော လူများ အမြဲ ဖြစ်လိုကြခြင်း ဖြစ်သည်။ လူတို့ကိုယ်တိုင်သည် ဖန်ဆင်းခံများ ဖြစ်၏။ ဖန်ဆင်းခံများသည် အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းအား စွမ်းဆောင်ရရှိနိုင်သလော။ စုံလင်ခြင်းနှင့် အပြစ်အနာအဆာကင်းခြင်းကို ၎င်းတို့ ရရှိနိုင်ပါသလော။ အရာရာတိုင်းတွင် ကျွမ်းကျင်မှုကို ရရှိနိုင်သလော၊ အရာရာတိုင်းကို နားလည်လာနိုင်ပြီး အရာရာတိုင်းကို ထိုးဖောက်သိမြင်နိုင်ပြီး အရာရာကို စွမ်းဆောင်နိုင်သလော။ မစွမ်းဆောင်နိုင်ကြပေ။ သို့သော် လူသားများထဲတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သေစေနိုင်လောက်သော အားနည်းချက်တစ်ခု ရှိ၏။ ကျွမ်းကျင်မှု သို့မဟုတ် အတတ်ပညာတစ်ခု သူတို့ သင်ယူသည်နှင့်တစ်ပြိုင်နက် သူတို့ တတ်စွမ်းနိုင်ကြသည်၊ သူတို့က အဆင့်အတန်းနှင့် တန်ဖိုးရှိသူများ ဖြစ်ကြပြီး ကျွမ်းကျင်အတတ်ပညာရှင်များ ဖြစ်ကြသည်ဟု လူတို့က ခံစားကြရသည်။ ၎င်းတို့သည် မည်သို့ပင် ထူးခြားမှုမရှိသည်ဖြစ်စေ ၎င်းတို့အားလုံးသည် နာမည်ကြီးသော၊ သို့မဟုတ် ထူးခြားသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပြရုပ်တင်လိုကြသည်။ အသေးစား နာမည်ကြီးသူတစ်ယောက်ယောက်အဖြစ် ပြောင်းလဲလိုကြသည်။ ပြီးလျှင် ချို့ယွင်းချက်တစ်ခုမှမရှိဘဲ ၎င်းတို့က စုံလင်ပြီး အပြစ်အနာအဆာကင်းသည်ဟု လူတို့ကို ထင်စေလိုကြသည်။ သူတစ်ပါးတို့၏အမြင်တွင် ၎င်းတို့သည် ကျော်ကြားလာကာ အာဏာကြီးသည့် သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်လိုပြီး စွမ်းအားကြီးလိုကြသည်။ မလုပ်နိုင်သည့်အရာမရှိဘဲ မည်သည့်အရာကိုမဆို စွမ်းဆောင်နိုင်လိုကြသည်။ ၎င်းတို့သည် အခြားလူတို့၏ အကူအညီကို ရှာဖွေလျှင် ၎င်းတို့သည် မစွမ်းဆောင်နိုင်၊ အားနည်းသည်၊ နိမ့်ကျသည် ဆိုသည့်ပုံပေါ်မည်၊ လူတို့သည် ၎င်းတို့အား အထင်သေးကြမည်ဟု ခံစားကြရသည်။ ဤအကြောင်းကြောင့် ၎င်းတို့သည် အစဉ်သဖြင့် လှည့်ဖြား၍ ဟန်ပြလိုကြသည်။ လူအချို့ကို တစ်စုံတစ်ခု လုပ်ခိုင်းသည့်အခါ မည်သို့လုပ်ဆောင်ရသည်ကို ၎င်းတို့ အမှန်တကယ် မသိသော်ငြားလည်း သိသည်ဟု ပြောကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ထိုအကြောင်းကို တိတ်တဆိတ် ရှာဖွေကြပြီး မည်သို့လုပ်ဆောင်ရမည်ကို သင်ယူဖို့ ကြိုးစားကြသော်လည်း နှစ်ရက်သုံးရက် လေ့လာပြီးသည့်နောက် မည်သို့လုပ်ရမည်ကို ၎င်းတို့နားမလည်ကြသေး။ ၎င်းတို့ အခြေအနေမည်သို့ရှိသည်ကို အမေးခံရသည့်အခါ ၎င်းတို့က “မကြာမီ ပြီးမည်၊ မကြာမီပြီးမည်” ဟု ပြောကြသည်။ သို့ရာတွင် ၎င်းတို့၏စိတ်နှလုံးထဲ၌ “စောလွန်းသေးတယ်၊ မရသေးဘူး။ ငါ ဘာမျှ မသိ။ ငါ ဘာလုပ်ရမည်ကိုလည်း မသိ။ လျှို့ဝှက်ချက်ကို ငါ ပြောလိုက်၍ မဖြစ်၊ ဆက်၍ ဟန်ဆောင်ရမည်၊ ငါ၏ အားနည်းချက်များနှင့် မသိနားမလည်မှုများကို လူတို့အား မြင်ခွင့်ပေး၍ မဖြစ်။ ငါ့ကို အထင်သေးခွင့်ပြု၍ မဖြစ်” ဟု ၎င်းတို့ တွေးနေကြသည်။ ဤသည်မှာ အဘယ်ပြဿနာနည်း။ ဤသည်မှာ မည်သို့ပင်ဖြစ်စေ သိက္ခာဆည်ရန် ကြိုးစားသည့် အသက်ရှင်နေစဉ်ဖြစ်သော ငရဲဖြစ်သည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးနည်း။ ဤသို့သောသူများ၏ မာနထောင်လွှားမှုသည် အကန့်အသတ်မရှိပေ။ ၎င်းတို့သည် ဆင်ခြင်တုံတရားအားလုံး ပျောက်ဆုံးပေပြီ။ ၎င်းတို့သည် လူတိုင်းကဲ့သို့ မဖြစ်လိုပေ။ သာမန်၊ ပုံမှန်လူများ မဖြစ်လိုကြဘဲ မဟာလူသားများ၊ ထူးခြားသော ပုဂ္ဂိုလ်များ၊ သို့မဟုတ် အစွမ်းထက်သူများ ဖြစ်လိုကြသည်။ ဤသည်မှာ အလွန်ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်သည်။ အားနည်းချက်များ၊ ချို့ယွင်းချက်များ၊ မသိနားမလည်မှု၊ မိုက်မဲမှုနှင့် ပုံမှန်လူ့သဘာဝအတွင်းမှ သိနားလည်မှု ကင်းမဲ့ခြင်းနှင့် စပ်လျဉ်း၍ ယင်းတို့အားလုံးကို သူတို့ ဖုံးကွယ်ပြီး အခြားသူများကို မြင်ခွင့်မပေးဘဲ မိမိတို့ကိုယ်ကို ဆက်လက် အယောင်ဆောင်ကြလေသည်။ မည်သည့်အရာမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်သည့်တိုင် မိမိတို့ စိတ်နှလုံးတွင် နားလည်ကြသည်ဟု အခိုင်အမာဆိုကြသေးသည့် သူအချို့ရှိ၏။ သင်သည် ထိုအရာကို ရှင်းပြရန် ၎င်းတို့အား စေခိုင်းသည့်အခါ ၎င်းတို့ မရှင်းပြနိုင်ကြချေ။ အခြားတစ်စုံတစ်ဦးက ရှင်းပြပြီးသည့်နောက်တွင် အလားတူသောအရာကို ၎င်းတို့ ပြောတော့မည့်ဆဲဆဲ ဖြစ်သော်လည်း အချိန်မီ မဖွင့်ဟနိုင်ခဲ့ဟု အခိုင်အမာ ဆိုကြလေသည်။ မိမိတို့ကိုယ်ကို ဟန်ဆောင်ရန် ၎င်းတို့ တတ်နိုင်သမျှလုပ်ဆောင်ပြီး အကောင်းမြင်ခံရရန် ကြိုးစားကြသည်။ သင်တို့ အဘယ်သို့ သဘောရကြသနည်း၊ ထိုသို့သော လူတို့သည် အမြဲ စိတ်ကူးယဉ်တတ်ကြသည် မဟုတ်လော။ သူတို့ အိပ်မက်မက်နေကြခြင်း မဟုတ်လော။ သူတို့သည် မိမိကိုယ်ကို အဘယ်သူများ ဖြစ်ကြသည်ကို မသိကြသလို ပုံမှန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်ရမည်ကိုလည်း မသိကြ။ လက်တွေ့ကျသည့် လူသားများကဲ့သို့ တစ်ကြိမ်မျှ သူတို့ လုံးဝ မပြုမူဖူးကြ။ သင်၏နေ့ရက်များကို စိတ်ကူးယဉ်ခြင်းဖြင့် အချိန်ဖြုန်းကာ အိုးနင်းခွက်နင်းဖြင့် ပြီးသွားလျက်၊ မည်သည့်အရာကိုမျှ အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေစိတ်ထားဖြင့် မလုပ်ဆောင်ဘဲ မိမိ၏ ကိုယ်ပိုင်စိတ်ကူးများဖြင့် အစဉ်သဖြင့် အသက်ရှင်နေထိုင်လျှင် ဤသည်မှာ ပြဿနာဖြစ်လေသည်။ အသက်တာတွင် သင် ရွေးချယ်သည့် လမ်းကြောင်းသည် မမှန်ကန်ပေ။ ဤအရာကို သင်ပြုလုပ်လျှင် ဘုရားသခင်ကို သင် မည်သို့ယုံကြည်ပါစေ သမ္မာတရားကို သင် နားလည်လိမ့်မည် မဟုတ်သလို သမ္မာတရားကို ရရှိနိုင်လိမ့်မည် မဟုတ်။ သင့်ကို ရိုးသားစွာပြောရလျှင် သင်သည် သမ္မာတရားကို မရရှိနိုင်၊ အဘယ်ကြောင့်ဆိုသော်၊ သင် အစပြုသောနေရာသည် မှားယွင်းသောကြောင့် ဖြစ်သည်။ သင့်အနေဖြင့် မည်သို့လက်တွေ့ကျကျ ကျင့်ကြံရမည်ကိုလည်းကောင်း၊ တစ်လှမ်းချင်း မည်သို့ဖြေးဖြေးမှန်မှန် လျှောက်လှမ်းရမည်ကိုလည်းကောင်း သင်ယူရမည်။ သင်လမ်းလျှောက်နိုင်လျှင် လျှောက်လော့။ မည်သို့ ပြေးရမည်ကို သင်ယူဖို့ မကြိုးစားနှင့်။ တစ်ကြိမ်တွင် ခြေတစ်လှမ်းချင်း သင်လျှောက်နိုင်လျှင် တစ်ကြိမ်တွင် ခြေနှစ်လှမ်းလှမ်းဖို့ မကြိုးစားနှင့်။ သင်သည် အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေစိတ်ထားဖြင့် ကျင့်ကြံပြုမူရမည်။ မဟာလူသား၊ ကြီးမြတ်သူ သို့မဟုတ် မြင့်မြတ်သူဖြစ်ဖို့ရန် မကြိုးစားနှင့်။ မိမိတို့၏ စာတန်ဆန်သော စိတ်သဘောထားဖြင့် စိုးမိုးခြယ်လှယ်ခြင်းခံရသည့် လူသားများသည် ၎င်းတို့စိတ်ထဲတွင် အချို့သော ရည်မှန်းချက်နှင့် လိုအင်ဆန္ဒကို သိုထားကြ၏၊ ယင်းသည် ၎င်းတို့၏ စိတ်နှလုံးများအတွင်း၌ ကွယ်ဝှက်နေသည်။ ၎င်းတို့သည် အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေစိတ်ထားဖြင့် အသက်မရှင်လိုကြပေ။ ထိုအစား အမြဲ လေထဲသို့ ပြေးထွက်သွားချင်ကြသည်၊ မိုးတိမ်များနှင့် မြူနှင်းကြားတွင် အသက်ရှင်နေထိုင်လိုကြသည်။ ၎င်းတို့သည် အိပ်မက်မက်နေကြခြင်း မဟုတ်လော။ လူတို့သည် လေထုအလယ်တွင် အသက်ရှင်ကြသလော။ ယင်းမှာ စာတန်၏ ပိုင်နက်ဖြစ်သည်၊ လူတို့အတွက် အသက်ရှင်နေထိုင်ရန် နေရာမဟုတ်ပေ။ ဘုရားသခင်သည် လူကို မြေမှုန့်မှ ဖန်ဆင်းခဲ့၏။ ၎င်းတို့ကို မြေပေါ်တွင် အသက်ရှင်စေသည်၊ ပုံမှန်အတိုင်း စည်းမျဉ်းများဖြင့် အသက်ရှင်စေသည်၊ မည်သို့ ပြုမူရမည်ဆိုသည့် အများလက်ခံထားသော အသိပညာကို သင်ယူစေသည်၊ မည်သို့ ဆောင်ရွက်ရမည်၊ မည်သို့ အသက်ရှင်ရမည်ဆိုသည်နှင့် သူ့အား မည်သို့ ကိုးကွယ်ရမည်ဆိုသည်တို့ကို သင်ယူစေသည်။ ဘုရားသခင်သည် လူတို့အား အတောင်ပံများ မပေးခဲ့သကဲ့သို့ ၎င်းတို့ကို လေထဲတွင် အသက်ရှင်ခွင့်မပေးပေ။ လေထဲတွင် ခြေဦးတည့်ရာ သွားလာသူတို့မှာ စာတန်နှင့် ဆိုးယုတ်သောဝိညာဉ်မျိုးစုံဖြစ်၏၊ လူများ မဟုတ်ပေ။ လူတို့သည် မဟာလူသားများ ဖြစ်လာရန်၊ အခြားတစ်စုံတစ်ရာအဖြစ်သို့ ပြောင်းလဲရန် အမြဲ လိုလားလျက် ဤရည်မှန်းချက် အမြဲ ရှိပါက ၎င်းတို့ ဒုက္ခရှာနေကြခြင်း ဖြစ်၏။ လုံးဝ အစွဲအလမ်း ရှိလာရန်မှာ အလွန်လွယ်၏။ ပထမဆုံးအနေဖြင့် သင်၏ ဤအတွေးနှင့် စိတ်ကူးသည် မှားယွင်း၏။ ယင်းသည် စာတန်ထံမှလာသည်၊ စစ်မှန်မှုကို လုံးဝ ကျော်လွန်သည်၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် လုံးဝ မကိုက်ညီသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို လုံးဝ ကျော်လွန်လေသည်။ သို့ဆိုလျှင် ဤအတွေးသည် မည်သည့်အရာ ဖြစ်သနည်း။ အမြဲ လောကီနှင့်မတူခြင်း၊ ပေါ်လွင်ထင်ရှားလိုခြင်း၊ ပြိုင်ဘက်ကင်းလိုခြင်း၊ မနှိုင်းသာအောင် အလွန်ပင် စင်းလုံးချောဖြစ်လိုခြင်း၊ မိမိ၏ တကယ့်သီးသန့်ပုံစံကို ပြလိုခြင်း၊ ကျော်ကြားကာ ကြီးမြတ်လာလိုခြင်း၊ လူတို့၏ စိတ်နှလုံးများရှိ ကိုးကွယ်ခံရသောသူ ဖြစ်လိုခြင်း ဖြစ်သည်။ ဤသည်တို့မှာ အကြင်သူ လိုက်စားသင့်သည့် ရည်မှန်းချက်ပန်းတိုင်များလော။ လုံးဝ မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များအားလုံးထဲတွင် မဟာလူသားတစ်ဦး၊ အာဏာကြီးသူတစ်ဦး၊ ကျော်ကြားထင်ရှားသူတစ်ဦး သို့မဟုတ် ကြီးမြတ်သောလူတစ်ဦး ဖြစ်လာခြင်းကို လိုက်စားရန် လူတို့အား ပြောသည့်အရာတစ်ခုမျှ မရှိပေ။ လူတို့စိတ်ကူးသည့် ဤအရာတစ်ခုမျှ မစစ်မှန်၊ ထိုအရာများထဲမှ တစ်ခုမျှ တည်ရှိခြင်းမရှိပေ။ ဤအရာများကို လိုက်စားခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးခြင်း ဖြစ်သည်။ ယင်းတို့ကို သင် သာ၍လိုက်စားလေ၊ မြန်မြန် သေလေဖြစ်သည်။ ဤသည်မှာ ပျက်စီးခြင်းသို့သွားသည့် လမ်းဖြစ်သည်။

ဘုရားသခင်သည် အလွန်များသည့် နှုတ်ကပတ်တော်များကို ပြောဆိုပြီးဖြစ်သည့်အတွက် သူ၏ မည်သည့် သတ်မှတ်ချက်များသည် လူတို့၏ အပြုအမူများအတွက် ဖြစ်သည်ကို သင်တို့ သိကြသလော။ (သူသည် ၎င်းတို့ကို တာဝန်သိစွာ ပြုမူနေထိုင်စေချင်ပါသည်။) (သူသည် ၎င်းတို့ကို အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေစိတ်ထားဖြင့် ဇွဲလုံ့လနှင့် အာရုံစိုက်ခံရအောင် လုပ်ဆောင်ခြင်းမရှိဘဲ ပြုမူနေထိုင်ကာ ဆောင်ရွက်စေချင်ပါသည်။) ဤစကားအနည်းငယ်သည် ရိုးရှင်းသော်လည်း လူအများစုက မစွမ်းဆောင်နိုင်ကြချေ။ ရိုးသားသောလူတို့သာ တတ်စွမ်းနိုင်သည်။ အမှန်တွင် ထိုအရာကို သင် မည်သို့ ဖော်ပြသည်ဖြစ်စေ အချုပ်အားဖြင့် ဆိုရလျှင် ဘုရားသခင်သည် လူတို့အား ရိုးသားရန် တောင်းဆို၏။ ရိုးသားသူတို့သာ တာဝန်သိစွာ ပြုမူနေထိုင်နိုင်ကြသည်၊ ၎င်းတို့ ပြုမူဆောင်ရွက်သည့်အခါတွင် အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေစိတ်ထားဖြင့် လုပ်ဆောင်နိုင်ကြသည်၊ အာရုံစိုက်မခံရအောင် လုပ်ဆောင်နိုင်ကြပြီး ဇွဲကောင်းကောင်း လုပ်ဆောင်နိုင်ကြသည်။ ထို့ကြောင့် ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းသည် မှန်ကန်ပြီး ဘုရားသခင်က ရိုးသားသောလူတို့ကို နှစ်သက်၏။ လှည့်ဖြားတတ်သော လူတို့ကို ဘုရားသခင် ရွံရှာစက်ဆုပ်၏။ တာဝန်သိစွာ မပြုမူသောသူများ၊ ၎င်းတို့ ပြုမူသည့်အခါတွင် အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေစိတ်ထား မထားရှိသူများသည် လှည့်ဖြားတတ်ကြသည်။ ဤသို့ ပြောသည့်အခါ သင်တို့ နားလည်ကြသလော။ သို့ဆိုလျှင် တစ်ဖန် ငါ့ကို ပြောလော့၊ ၎င်းတို့အား ရိုးသားသောလူများဖြစ်ရန် တောင်းဆိုခြင်းအပြင် လူတို့အပေါ် မည်သည့် အခြားသောသတ်မှတ်ချက်များ ဘုရားသခင် ထားရှိပါသနည်း။ (၎င်းတို့သည် မိမိတို့ကိုယ်ကို နှိမ့်ချရန် လိုအပ်ပါသည်။) သင်တို့က “နှိမ့်ချသည်”ဟု ဆိုသော်လည်း လူတို့ကို ဖော်ပြဖို့ ဤစကားကို သုံးရန် ကျိုးကြောင်းသင့်ပါသလော။ (ကျိုးကြောင်းမသင့်ပါ။) အဘယ်ကြောင့် ကျိုးကြောင်းမသင့်ပါသနည်း။ စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် မူလက အဆင့်အတန်း မရှိခဲ့ကြချေ။ ၎င်းတို့သည် မူလက ပိုးကောင်များထက် နိမ့်ကျကြသောကြောင့် ၎င်းတို့ နောက်ထပ်မည်မျှ နှိမ့်ချနိုင်မည်နည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို နောက်ထပ် နိမ့်ကျစေပါက၊ မည်သည့်အရာ ဖြစ်လာကြမည်နည်း။ နတ်ဆိုးများ သို့မဟုတ် လူ့တိရစ္ဆာန်များ ဖြစ်လာကြမည် မဟုတ်လော။ လူသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းခံရကာ ဘုရားသခင် ဖန်ဆင်းထားသူအားလုံးတွင် လူသားဗီဇများ ရှိကြသည်။ လူအားလုံးသည် ၎င်းတို့ ပိုင်ဆိုင်သင့်သည့်အရာများကို စွမ်းဆောင်ရရှိနိုင်ကြ၏၊ ယင်းမှာ ၎င်းတို့၏ ပုံမှန် အပြုအမူများနှင့် ထုတ်ဖော်ခြင်းများ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။ ဦးစွာပထမ လူတို့ ပိုင်ဆိုင်သည့် စိတ်ခံစားချက်အချို့ဖြစ်သော ပျော်ရွှင်ခြင်း၊ ဒေါသ၊ ပူဆွေးမှုနှင့် ဝမ်းမြောက်ခြင်းတို့အကြောင်း ပြောကြစို့။ တစ်စုံတစ်ဦးသည် ပူဆွေးသည့်အခါတွင်ဖြစ်စေ၊ ဝမ်းနည်းသည့်အခါတွင်ဖြစ်စေ ဖြစ်နေကျ အဖြစ်ဆုံးသော သရုပ်သကန်မှာ ငိုကြွေးခြင်း ဖြစ်သည်။ ယင်းမှာ ပုံမှန် လူ့သဘာဝ၏ သဘာဝ ထုတ်ဖော်ခြင်းတစ်ခု ဖြစ်သည်။ သင်သည် ပူဆွေးသည့်အခါ သို့မဟုတ် စိတ်ဆင်းရဲသည့်အခါ ငိုကြွေးနိုင်သည်၊ သင်၏ မျက်ရည်များကို ကျခွင့်ပေးနိုင်သည်။ ဟန်မဆောင်နှင့်။ လူအချို့က “ကျွန်ုပ် မငိုပါ။ ကျွန်ုပ်သည် စိတ်ဓာတ်ကြံ့ခိုင်သော လူတစ်ဦးဖြစ်ပြီး ယောက်ျားများသည် အလွယ်တကူ မျက်ရည်မကျကြ”ဟု ဆိုကြသည်။ အခြားသူများက “ကျွန်ုပ်သည် အမျိုးသမီးဖြစ်သော်လည်း စိတ်ခိုင်မာသည်။ ယောက်ျားသားတစ်ဦးကဲ့သို့ ကျွန်ုပ် စိတ်ဓာတ်ကြံ့ခိုင်ရမည်။ ကျွန်ုပ်သည် အမျိုးသမီးလူစွမ်းကောင်းတစ်ဦး ဖြစ်ရမည်၊ ပျော့ညံ့သော အမျိုးသမီး မဖြစ်ရ”ဟု ဆိုကြသည်။ ဤစဉ်းစားပုံမျိုးသည် မှန်ကန်သလော။ ဤသည်မှာ မည်သည့် လူ့သဘာဝမျိုး ဖြစ်သနည်း။ ဤသည်မှာ ဟန်ဆောင်ခြင်း ဖြစ်၏။ မစစ်မှန်ပေ။ ဟန်ဆောင်သောအရာသည် ပုံမှန်လူ့သဘာဝ၏ ထုတ်ဖော်ခြင်းတစ်ခု မဟုတ်။ ထိုအစား ပုံမှန်လူ့သဘာဝကို လုံးဝ မလိမ့်တစ်ပတ်လုပ်လျက် အခြားသူများကို ပြသည့် အတုအယောင် သွင်ပြင်တစ်ခု ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ဝမ်းနည်းကြေကွဲစရာ သို့မဟုတ် သောကရောက်စရာတစ်ခုခု ရှိသည့်အခါ၊ ၎င်းတို့ သက်ပြင်းချသည့်အခါ၊ သို့မဟုတ် ၎င်းတို့၏ မျက်နှာထားသည် အတော် လေးနက်သည့်အခါ၊ သို့မဟုတ် ၎င်းတို့ အစာမစားချင်သည့်အခါ ဤအရာအားလုံးသည် မည်သူမျှ မဖုံးဖိနိုင်သည့် ပုံမှန် လူ့သဘာဝ၏ ထုတ်ဖော်ခြင်းများဖြစ်သည်။ တစ်စုံတစ်ဦးသည် ကောင်းမွန်သည့် တစ်စုံတစ်ရာကို ကြုံသည့်အခါ ၎င်းတို့ ပြုံးကြသည်။ ယင်းမှာလည်း ပုံမှန် ထုတ်ဖော်ခြင်းတစ်ခုဖြစ်သည်။ မိမိတို့ ကျေနပ်အားရသည့်အခါ ထုတ်မရယ်ဝံ့သော လူအချို့ ရှိသည်။ ၎င်းတို့သည် လူတို့၏ ကျီစယ်ခြင်းများကို အမြဲ ကြောက်ရွံ့လျက် မိမိတို့၏ အပြုံးများကို ကွယ်ဝှက်ရန် မိမိတို့နှုတ်များကို အမြဲ ဖုံးကြသည်။ ယင်းမှာ ပုံမှန်ဖြစ်သလော။ (ပုံမှန် မဟုတ်ပါ။) ဤသည်မှာလည်း ဟန်ဆောင်ခြင်း ဖြစ်သည်။ အမျိုးသမီးများသည် လူများစွာရှေ့ လူပုံအလယ်တွင် ရယ်မော၍မရသကဲ့သို့ အထူးသဖြင့် မိမိတို့၏ သွားများကို ပြ၍မရ၊ မဟုတ်လျှင် လူတို့သည် ၎င်းတို့ကို အထင်သေးကြလိမ့်မည်၊ သို့မဟုတ် မထီမဲ့မြင်ပြုလိမ့်မည် ဖြစ်သောကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို ချုပ်တည်းရမည်ဖြစ်ပြီး ပေါ့ပျက်ပျက်လုပ်၍မရဟု တွေးထင်ကြသည်။ ဤသည်မှာ တရုတ်ရိုးရာယဉ်ကျေးမှု ပညာရေး၏ ရလဒ်ဖြစ်သည်။ လူတစ်ဦးတွင် မိမိ၏ ပျော်ရွှင်မှု၊ ဒေါသ၊ ပူဆွေးမှုနှင့် ဝမ်းမြောက်ခြင်းတို့က မူမမှန်ရာတွင် ၎င်းတို့ ပုံမှန် လူ့သဘာဝ၏ သရုပ်သကန်များ သို့မဟုတ် လိုအပ်ချက်များကို အခြားသူများက မမြင်နိုင်ကြချေ။ ဤလူစားမျိုးသည် ပုံမှန် ဖြစ်သလော။ (ပုံမှန် မဟုတ်ကြပါ။) ၎င်းတို့၏ အတွေးများတွင် ၎င်းတို့ကို စိုးမိုးခြယ်လှယ်သည့် တစ်စုံတစ်ရာ မရှိသလော။ လူတို့သည် စာတန်၏ အလွန် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီး ဖြစ်သည်။ ယင်းမှာ ထိုသို့သာ ဖြစ်သည်။ ၎င်းတို့သည် လူများထက် မကောင်းဆိုးဝါးများနှင့် ပိုတူကြသည်။ ဤသည်မှာ နတ်ဆိုးဆန်သော သဘာဝ စိုးမိုးခြယ်လှယ်ခြင်းခံရသူများ၏ သွင်ပြင် ဖြစ်သည်။ ၎င်းတို့သည် အလွန့်အလွန် အယောင်ဆောင်ဖြစ်ကြပြီး အလွန် ဟန်ဆောင်လွန်းကြသည်။ နှစ်အတော်ကြာ ဘုရားသခင်ကို ယုံကြည်ပြီးသောလူတို့သည် လုံးဝ မပြောင်းလဲကြသည်မှာ အဘယ်ကြောင့်နည်း။ တစ်ချက်မှာ လူတို့သည် ပုံမှန်လူတစ်ဦးဖြစ်ခြင်း၏ လမ်းကြောင်း၊ စည်းမျဉ်းများ၊ ဦးတည်ချက်နှင့် ရည်မှန်းချက်တို့အပေါ် မှန်ကန်သည့် အသိ သို့မဟုတ် ရှင်းလင်းသည့် အမြင် မရှိကြသကဲ့သို့ သမ္မာတရားလိုက်စားခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းသည့် အမြင်မရှိကြချေ။ နောက်တစ်ချက်မှာ ဤလူစားမျိုးသည် မသိနားမလည်ဖြစ်၏။ ၎င်းတို့အနေဖြင့် အသက် လေးဆယ်၊ သို့မဟုတ် ငါးဆယ် အသက်ရှင်လျှင်ပင် ရိုးသားသော လူတစ်ဦး မည်သို့ဖြစ်ရမည်ဆိုသည်နှင့် ပတ်သက်၍ သို့မဟုတ် ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်ရန်အလို့ငှာ မည်သည့် သတ်မှတ်ချက်များ ၎င်းတို့ ပြည့်မီရမည်ဆိုသည်နှင့် ပတ်သက်၍ မည်သည့်အရာမျှ မသိကြချေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ရိုးရာယဉ်ကျေးမှုသည် လူတို့၏ စိတ်နှလုံးများတွင် အလွန်နက်ရှိုင်းစွာ အမြစ်တွယ်ပြီးဖြစ်ကာ ၎င်းတို့သည် မိမိတို့ စိတ်ကူးခဲ့သည့် သန့်ရှင်းသော၊ ကြီးမြတ်သောလူများဖြစ်သည်ဟု အမြဲ ဟန်ဆောင်ချင်ကြလေသည်။ ယင်းက ၎င်းတို့အား အမြင်စောင်းသည့်၊ အဓိပ္ပာယ်မရှိသကဲ့သို့ ထူးဆန်းသည့် နည်းလမ်းများဖြင့် အမှုအရာများကို နားလည်စေသည်။ သင်တို့ထဲတွင် ထိုသို့သော လူများ ရှိသလော။ လူအချို့သည် အခြားသူများထံ မိမိတို့၏ စိတ်နှလုံးများကို မည်သည့်အခါတွင်မျှ မဖွင့်ဟသကဲ့သို့ ၎င်းတို့၏ အတွင်းကျကျ အတွေးများအကြောင်း မည်သို့ ပြောဆိုရမည်ဆိုသည်ကို မသိကြချေ။ ၎င်းတို့သည် မိမိတို့၌ မည်သည့်အခက်အခဲများမျှ မရှိသည့်အလား၊ ၎င်းတို့သည် မည်သည့်အခါတွင်မျှ အပျက်သဘောမဆောင်၊ သို့မဟုတ် အားမနည်းဖူးသည့်အလား၊ အသက်ဝင်ရောက်မှုနှင့် ပတ်သက်၍ မည်သည့် အခက်အခဲမျှ မရှိခဲ့ဖူးသည့်အလား ထင်ရသည်။ ၎င်းတို့သည် မည်သည့်အရာမျှ ရှာဖွေရန်ဖြစ်စေ၊ အခြားသူများနှင့် မိတ်သဟာယပြုရန်ဖြစ်စေ မလိုအပ်သကဲ့သို့ အခြားတစ်ဦးတလေ၏ မိတ်သဟာယ၊ ထောက်ပံ့မှု၊ အကူအညီ သို့မဟုတ် သွန်သင်လမ်းပြခြင်း မလိုအပ်ကြချေ။ ၎င်းတို့အနေဖြင့် မိမိတို့ဘာသာ အရာရာကို နားလည်ပြီး မည်သည့်အရာကိုမဆို ဖြေရှင်းနိုင်သည့်အလား ထင်ရသည်။ ယခင်က ၎င်းတို့ အပျက်သဘောဆောင်ဖူးခြင်း ရှိမရှိဆိုသည်ကို တစ်စုံတစ်ဦးက ၎င်းတို့အား မေးမြန်းသည့်အခါ ၎င်းတို့က “ကျွန်ုပ်သည် ရံဖန်ရံခါ အပျက်သဘောဆောင်သော်လည်း ဘုရားသခင်ထံ ကျွန်ုပ် ဆုသာတောင်းလိုက်သည်၊ ကျွန်ုပ်၏ သန္နိဋ္ဌာန်ချပြီး ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီးနောက် အဆင်ပြေသွားသည်”ဟု ဆိုကြသည်။ ဤသည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ အပြင်ပန်းတွင် ထိုသို့သော လူများစွာရှိသည်ဟု မထင်ရသော်လည်း အမှန်တွင် ဤအခြေအနေများ ပိုင်ဆိုင်သည့် လူများစွာရှိသည်။ ဤနေ့ထိ ဤသို့သော လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်ခြင်းသည် မည်သည့်အရာဆိုလိုသည်ကို မသိချေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် သူ့ကို အသိအမှတ်ပြုပြီး လူကောင်းတစ်ဦး ဖြစ်ကာ ဗုဒ္ဓဘာသာဝင်များက လူသား၏ လိုအင်ဆန္ဒများနှင့် စိတ်ပြင်းပြမှုများမှ လွတ်ကင်းခြင်း သို့မဟုတ် စိတ်နှလုံး ဖြူစင်ခြင်းနှင့် လိုအင်ဆန္ဒအနည်းငယ်သာရှိခြင်းတို့အကြောင်း ပြောသကဲ့သို့ပင် တစ်နေ့တွင် “မသေမျိုးဖြစ်လာပြီး လမ်းကြောင်းကို ရရှိ” လိမ့်မည်ဖြစ်ကာ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်လိမ့်မည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ၎င်းတို့သည် ဤဦးတည်ချက်တွင် ဝီရိယရှိရှိ အလုပ်လုပ်ကာ အားထုတ်ကြိုးပမ်းကြသော်လည်း ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်သလော။ ယခုတွင်ပင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ မသိကြသကဲ့သို့ မည်သည့်အရာကို လိုက်စားသင့်သည် သို့မဟုတ် မည်သည့်လူစားမျိုး ၎င်းတို့ ဖြစ်သင့်သည်ဆိုသည်တို့ကို မသိကြချေ။ သမ္မာတရားနှင့် ပတ်သက်၍ ဒေသနာမည်မျှကို ၎င်းတို့ နားထောင်ပါစေ ၎င်းတို့လိုက်စားသည့် ရည်မှန်းချက်ပန်းတိုင်မှာ မပြောင်းလဲသကဲ့သို့ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် ၎င်းတို့၏ ရှုထောင့်အမြင် မပြောင်းလဲပေ။ ဤသည်မှာ အတော်လေး ဒုက္ခပေးလေသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မည်သည့်အရာဆိုလိုသည်ကိုပင် သင် နားမလည်ပါက သင်၏ ဘုရားသခင် အဘယ်သူဖြစ်သည်ကို သင် သိနိုင်သလော။ ဘုရားသခင်ကို ယုံကြည်ရန်မှာ မည်သည့်အရာဆိုလိုသည်ကိုပင် သင် နားမလည်ပါက သမ္မာတရားကို သင် လိုက်စားနိုင်သလော။ ဘုရားသခင်ကို ယုံကြည်ခြင်း ရူပါရုံနှင့်ဆိုင်သည့် အသိပညာ လုံးဝမရှိသောလူတစ်ဦးသည် သမ္မာတရားကို ချစ်နိုင်သလော။ ဘုရားသခင်ကို ယုံကြည်ခြင်း ရူပါရုံအား နားမလည်သောသူတို့သည် သမ္မာတရားကို မရရှိနိုင်သောသူများ ဖြစ်သည်။ ဤလူစားမျိုးကို ၎င်းတို့အနေဖြင့် သမ္မာတရားအား ချစ်ခြင်း ရှိမရှိဆိုသည်ကို မေးရန်မှာ အချည်းနှီးဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်စေ၊ သမ္မာတရားလိုက်စားခြင်းဖြစ်စေ မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ နားမလည်ကြချေ။ ဤအရာများကို ၎င်းတို့ နားမလည်ကြချေ။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို သုံးနှစ် သို့မဟုတ် ငါးနှစ် ယုံကြည်သည်ဖြစ်စေ၊ ဆယ်နှစ် သို့မဟုတ် ရှစ်နှစ် ယုံကြည်သည်ဖြစ်စေ ၎င်းတို့ထဲမှ မည်သူမျှ သမ္မာတရားကို နားမလည်ကြချေ။ ၎င်းတို့ သိသမျှမှာ ဘုရားသခင်ကို ယုံကြည်ခြင်းသည် လူကောင်းတစ်ဦး ဖြစ်ရန်၊ ကောင်းသောအရာများ လုပ်ဆောင်ရန်၊ ကြင်နာပြီး ညှာတာစိတ်ရှိရန်ဖြစ်ပြီး ယင်းမှာ အသက်ရှင်ရန် ဂုဏ်သရေရှိသော နည်းလမ်းဖြစ်သည်ဟု တွေးထင်ကြသည်။ ဤရှုထောင့်အမြင်သည် အလွန် အပေါ်ယံဆန်ပြီး ခေတ်နောက်ကျသည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း သမ္မာတရားနှင့် သဟဇာတမဖြစ်သကဲ့သို့ လုံးဝ မဆက်နွှယ်ပေ။ ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးသော်လည်း ဘုရားသခင်ကို ယုံကြည်မှု ကိစ္စရပ်အား ဘာသာတရားမရှိသူများ၊ ဗုဒ္ဓဘာသာဝင်များနှင့် တာအိုဘာသာဝင်များ၏ ရှုထောင့်အမြင်များ၊ အတွေးများနှင့် နည်းလမ်းများဖြင့် သဘောထားပြုမူသည့်သူ၊ ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းပေါ် လျှောက်ရန် ရိုးရာ အယူအဆများနှင့် စိတ်ကူးများအပေါ် မှီခိုသောသူ၊ မိမိတို့၏ သိနားလည်မှုက ဖြူစင်သည်ဟု တလွဲယုံကြည်သည့်သူ၊ ဤသို့ ဘုရားသခင်ကို ယုံကြည်ခြင်းသည် သမ္မာတရားကို လိုက်စားရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု တွေးထင်သည့် တစ်စုံတစ်ဦးဖြစ်သည့်သူသည် မိမိကိုယ်ကို လိမ်ညာနေခြင်း မဟုတ်လော။

တရုတ်လူမျိုးများသည် တာအိုဝါဒနှင့် ဗုဒ္ဓဘာသာ ရိုးရာယဉ်ကျေးမှု နောက်ခံရှိကြသည်။ ဤကြီးမြတ်သည့် ရိုးရာ လူမှုရေးနောက်ခံအောက်တွင် တရုတ်လူမျိုးများအတွက် မိမိတို့၏ အတွေးများကို ဤအရာများမှ လွတ်ကင်းရန် အလွန်ခက်ခဲ၏။ ထို့ကြောင့် တရုတ်လူမျိုးများသည် ဘုရားသခင်ကို ယုံကြည်မှု ဖော်ပြသည့်အခါ ၎င်းတို့ ပထမဦးဆုံး တွေးသည့်အရာမှာ သက်သတ်လွတ်သမားဖြစ်ခြင်းနှင့် ဗုဒ္ဓထံ ဆုတောင်းခြင်း၊ မသတ်ဖြတ်ခြင်း၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် ကောင်းမှုကုသိုလ်လုပ်ခြင်း၊ အခြားသူများကို ကူညီခြင်း၊ အခြားသူများကို မတိုက်ခိုက်ခြင်း သို့မဟုတ် မအော်ဟစ်ခြင်း၊ လူ့အသက်မသတ်ခြင်း သို့မဟုတ် မီးရှို့မှုကို မကျူးလွန်ခြင်း၊ လူကောင်းတစ်ဦး ဖြစ်ခြင်း စသည်တို့နှင့်ဆိုင်သော ဗုဒ္ဓဘာသာနှင့် တာအိုဘာသာ ရှုထောင့်အမြင်များ ဖြစ်သည်။ သို့ဆိုလျှင် လူတစ်ဦးအတွက် ဤအရာများကို ဖယ်ရှားပြီး ဘုရားသခင်ကို ယုံကြည်ခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်ရန် အချိန်မည်မျှကြာသနည်း။ ဤမမှန်ကန်သည့် အတွေးများနှင့် အယူအဆများကို အပြည့်အဝ ပြောင်းလဲရန်အလို့ငှာ၊ ယင်းတို့ကို လုံးဝ ဖယ်ရှားရှင်းလင်းရန်အလို့ငှာ လူတစ်ဦးသည် မည်သည့် သမ္မာတရား သိနားလည်မှုအား လိုက်စားရန် လိုအပ်သနည်း။ ဘုရားသခင်၏ သတ်မှတ်ချက်များကို အမှန်တကယ် သိနားလည်မှုနှင့် သမ္မာတရား၏ စည်းမျဉ်းများအတိုင်း ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့်သာ လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်မှုလမ်းကြောင်းမှန်အပေါ် ခြေလှမ်းနိုင်ပေသည်။ ထို့နောက်တွင်မှသာ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုဘဝ တရားဝင် အစပြုပေသည်။ တစ်စုံတစ်ဦးသည် မိမိတို့ စိတ်နှလုံးတွင် ရှေးခေတ် အယူသီးခြင်းများ၊ သို့မဟုတ် ရိုးရာ ဘာသာတရား၏ အယူအဆများ၊ စိတ်ကူးများနှင့် စည်းမျဉ်းစည်းကမ်းများ ရှိနေဆဲဖြစ်ပါက မိမိတို့ စိတ်နှလုံးများတွင် ထိန်းသိမ်းထားသည့် ဤအရာများသည် ဘုရားသခင် အစက်ဆုပ်ဆုံးနှင့် အမုန်းဆုံးသော တကယ့်အရာများ ဖြစ်သည်။ ၎င်းတို့အနေဖြင့် သမ္မာတရားကို ရှာဖွေရမည်၊ ဤအရာများကို ပိုင်းခြားသိမြင်ရမည်ဖြစ်ပြီး ထို့နောက်တွင် လုံးဝ စွန့်လွှတ်ရမည်ဖြစ်သည်။ ထိုသို့သော လူများသာ သမ္မာတရားကို ချစ်သည်၊ ၎င်းတို့သာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိနိုင်သည်။ ဤသည်မှာ သေချာ၏။ သင်သည် ဘုရားသခင်ကို သင်၏ ယုံကြည်မှုအား သူ၏ နှုတ်ကပတ်တော် သမ္မာတရားအပေါ် အခြေမခံပါက သူ၏ ကောင်းကြီးများကို မည်သည့်အခါတွင်မျှ ရရှိနိုင်လိမ့်မည် မဟုတ်။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းမှန်ပေါ် ခြေလှမ်းလှမ်းပြီးသည်နှင့်၊ ထိုအဆင့်ကို ၎င်းတို့ ဖြတ်ကျော်ပြီးသည်နှင့် မိမိတို့၏ အတွင်းစိတ် အခြေအနေတွင် အပြောင်းအလဲတစ်ခု ရှိလေသည်။ ပထမဆုံး ၎င်းတို့၏ အတွေးများနှင့် ရှုထောင့်အမြင်များက မရေမရာမဖြစ်ဘဲ လက်တွေ့ကျလေသည်။ ၎င်းတို့၏ အခြေအနေ၊ အတွေးများနှင့် စိတ်ကူးများသည် အနှစ်မဲ့ခြင်းမရှိဘဲ သမ္မာတရားနှင့် အညီ ဖြစ်၏။ ယင်းတို့သည် ဘုရားနှုတ်ကပတ်တော်များနှင့် လုံးဝ ကိုက်ညီသည်။ ၎င်းတို့ လိုက်စားသည့် ရည်မှန်းချက်နှင့် ဦးတည်ချက်သည် အယူဝါဒဆိုင်ရာ မဟုတ်သကဲ့သို့ လက်လှမ်းမမီနိုင် သို့မဟုတ် မမြင်နိုင်သောအရာ မဟုတ်။ ထိုအစား အပြုသဘောဆောင်သည့်၊ ဘုရားသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အရာတစ်ခုဖြစ်ပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရလေသည်။ ၎င်းတို့၏ အခြေအနေတစ်ခုလုံး၊ အတွေးများနှင့် ၎င်းတို့၏ စိတ်ကူးများအားလုံး လက်တွေ့ကျကာ စစ်မှန်လေသည်။ ယခုတွင် သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သင်၏ အတွေးများသည် အဘယ်မှာရှိသနည်း။ ယင်းတို့သည် တိကျမှန်ကန်သည့် ဦးတည်ချက်တစ်ခုမျှမရှိဘဲ လေထဲတွင် လွင့်မျောနေဆဲဖြစ်လျှင်၊ လက်တွေ့အရှိတရားနှင့် မကိုက်ညီသည့် အတွေးများစွာနှင့် လူသား အတွေးအခေါ်များ၊ အယူအဆများနှင့် စိတ်ကူးမျိုးစုံတို့ဖြင့် အနှစ်မဲ့၊ အယူဝါဒဆိုင်ရာ အတွေးများစွာ ရှိနေဆဲဖြစ်လျှင် သင်သည် စိတ်ကူးလေထုတွင် အသက်ရှင်နေဆဲဖြစ်ပြီး သင်သည် မြေပေါ်သို့ ဆင်းမလာသေးပေ။ ဤသည်မှာ အလွန်အန္တရာယ်များပေသည်။ အဘယ်ကြောင့်ဆိုသော် သင် တွေးသည့်အရာ၊ သင် လုပ်သည့်အရာနှင့် သင်၏ စိတ်နှလုံးတွင် သင် လိုက်စားသည့် ရည်မှန်းချက်များသည် ဘုရားသခင်ကို ယုံကြည်မှု သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် မည်သို့မျှ မပတ်သက်သောကြောင့် ဖြစ်သည်။ ယင်းတို့သည် အနည်းငယ်မျှပင် မပတ်သက်ပေ။ ထို့ကြောင့် မည်သည့်အရာအရ သင် ပြုမူသနည်း။ သင်သည် လူသား၏ အကျဉ်းချုပ် အတွေ့အကြုံများ၊ လူသား၏ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များအပြင် လူမှုအဖွဲ့အစည်း၊ သင်၏ မိသားစုနှင့် အခြေအနေမျိုးစုံတို့မှ သင်ယူသည့် အရာများနှင့် သင် စိတ်ကူးကာ သင်၏ ခေါင်းထဲတွင် ပေါင်းရုံးသည့်အရာများအရ ပြုမူပေသည်။ ဥပမာအနေဖြင့် သင့်ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ သင် လုပ်သင့်သည်ဟု တွေးထင်သည့်ပုံစံအတိုင်း ပြုမူကြပြီး ထိုသို့ လုပ်ဆောင်ရန်မှာ သမ္မာတရားနှင့် အညီဖြစ်ကြောင်းနှင့် မှန်ကန်ပြီး အပြုသဘောဆောင်သည်ဟု သင်တွေးထင်သည့်အရာသည် သမ္မာတရား ဖြစ်သည်ဟု သင် တွေးထင်သည်။ တစ်နေ့တွင် သင်သည် ရှေ့မတိုးသာအောင်ဖြစ်သည့်အခါ၊ သို့မဟုတ် ပြုပြင်ခြင်း ခံရသည့်အခါ သင်၏ လုပ်ရပ်များ၊ အတွေးများနှင့် စိတ်ကူးများသည် အခြေခံအားဖြင့် သမ္မာတရား စည်းမျဉ်းများနှင့် သဟဇာတမဖြစ်သည့် လူသား စိတ်ကူးများနှင့် အယူအဆများသာဖြစ်သည်ကို သင် သဘောပေါက်လိမ့်မည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းပေါ် တရားဝင် မဝင်ရောက်မီတွင် ၎င်းတို့ လုပ်ဆောင်သည့် အရာများစွာသည် သမ္မာတရား စည်းမျဉ်းများနှင့် မပတ်သက်ချေ။ ယင်းတို့သည် လူတို့၏ စိတ်များနှင့် စိတ်ကူးများ သို့မဟုတ် ၎င်းတို့၏ နှစ်သက်မှုများ၊ စိတ်ထက်သန်မှုနှင့် စိတ်စွမ်းအား သို့မဟုတ် ၎င်းတို့၏ ကောင်းမွန်သော ဆန္ဒများနှင့် မျှော်လင့်ချက်များ သို့မဟုတ် ၎င်းတို့၏ လိုအင်ဆန္ဒများမှပင် လာပေသည်။ ဤအရာအားလုံးသည် လူတို့လုပ်ရပ်များ၏ စမှတ်နှင့် အရင်းအမြစ် ဖြစ်ကြ၏။

ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းမှန်ပေါ် ဝင်ရောက်ရန်အလို့ငှာ မည်သည့် အခြေအနေများကို လူတစ်ဦး ပိုင်ဆိုင်ရမည်ဆိုသည်မှာမူ စံနှုန်းတစ်ခုရှိ၏။ ယင်းမှာ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံနေစဉ် ပုံမှန် အခြေအနေတစ်ခု ပိုင်ဆိုင်ရမည်ဖြစ်သည်။ လူအချို့သည် ဤအခြေအနေတွင် အသက်ရှင်ပြီးသားဖြစ်ကြစဉ်တွင် အခြားသူများသည် ထိုအထဲသို့ မဝင်ရောက်ကြသေး၊ သို့မဟုတ် ရံဖန်ရံခါ ရှိသော်လည်း အချိန်တစ်ခုကြာပြီးနောက်တွင် မိမိတို့၏ အခြေအနေဟောင်းဆီသို့ ပြန်သွားကြသည်။ ဤအခြေအနေသည် မည်သည့်အရာဖြစ်သနည်း။ ယင်းမှာ တစ်စုံတစ်ဦးသည် မိမိတို့၏ စိတ်ထက်သန်မှု၊ နှစ်သက်မှုများ၊ အယူအဆများနှင့် စိတ်ကူးများကို မှီခိုလျက် အချိန်ကာလတစ်ခုကို ဖြတ်သန်းပြီးနောက် ဤသို့ ယုံကြည်ခြင်းသည် လက်မခံနိုင်ဖွယ်ဖြစ်ကြောင်း၊ သမ္မာတရားကို ၎င်းတို့ မရရှိနိုင်ကြောင်းနှင့် ဤသို့ ယုံကြည်ခြင်းသည် အနှစ်မဲ့ကာ လက်တွေ့မကျကြောင်း ရုတ်တရက် သဘောပေါက်သည့်အချိန်တွင် ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဖန်ဆင်းခံများ အမြဲ ဖြစ်ခဲ့ကြောင်း၊ စစ်မှန်သည့် ဖန်ဆင်းခံများ ဖြစ်ကာ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို မိမိတို့၏ စိတ်နှလုံးအကြွင်းမဲ့၊ ကိုယ်စွမ်းရှိသမျှဖြင့် စစ်မှန်စွာ လုပ်ဆောင်သင့်ကြောင်း သဘောပေါက်ကြလေသည်။ ထို့နောက်တွင် ၎င်းတို့သည် အမှုအရာများကို အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေစိတ်ထားဖြင့် စတင်လုပ်ဆောင်ပြီး မိမိတို့၏ တာဝန်ကို သစ္စာစောင့်သိမှုအလုံးစုံဖြင့် လုပ်ဆောင်ကြလေသည်။ အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည်နှင့်အမျှ သမ္မာတရားနှင့်အညီ မည်သို့ ပြုမူဆောင်ရွက်ရမည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့ အထမြောက်အောင် ဆောင်ရွက်ရမည်ဆိုသည်နှင့် ဘုရားသခင်၏ လက်ခံခြင်းကို မည်သို့ ခံရမည်ဆိုသည်တို့ကို စတင်တွေးဆကာ ရှာဖွေကြလေသည်။ ၎င်းတို့သည် မိမိတို့၏ အယူအဆများ၊ စိတ်ကူးများ သို့မဟုတ် နှစ်သက်မှုများကို အခြေခံ၍ မပြုမူကြချေ။ ဤအချိန်တွင်သာ လူတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်နှင့် သူ၏ ချစ်ခြင်းမေတ္တာကို တုံ့ပြန်ရန် လိုအင်ဆန္ဒတစ်ခု ရှိကြလေသည်။ ဤအချိန်တွင် ၎င်းတို့သည် သမ္မာတရားကို စတင်ရှာဖွေကြသည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေကာ သူ၏ သတ်မှတ်ချက်များကို စတင် ဖြည့်ဆည်းကြလေသည်။ သင်သည် ဤလိုအင်ဆန္ဒရှိသည့်အခါ၊ သင်၏ စိတ်နှလုံးတွင် ပုံမှန်အခြေအနေရှိသည့်အခါ တစ်နည်းအားဖြင့် သင်သည် သင်၏ မှန်ကန်သည့်နေရာတွင် ရပ်တည်နေခြင်းနှင့် စစ်မှန်သော ဖန်ဆင်းခံတစ်ဦးအဖြစ် နေခြင်း ဖြစ်သည်။ အဓိကအရာတစ်ခုဖြစ်သည့် နောက်တစ်နည်းအားဖြင့် ဘုရားသခင်သည် သင်၏ သခင်နှင့် သင်၏ ဘုရားဖြစ်သည်ဟု သင် အမှန်တကယ် လှိုက်လှိုက်လှဲလှဲ လက်ခံပြီးဖြစ်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးကို လက်ခံပြီးဖြစ်သကဲ့သို့ ယင်းတို့သည် သမ္မာတရားဖြစ်ကြောင်း တွေ့မြင်ပြီး ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံနိုင်သကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို သင့်အသက် လက်တွေ့ကျမှုဖြစ်လာစေပေသည်။ ယင်းက သင့်အား သမ္မာတရားနှင့် အသက်ကို ရရှိခွင့်ပေး၏။ သင်သည် ဤစိတ်စွမ်းအားနှင့် လိုအင်ဆန္ဒတို့အပြင် ဤလိုအပ်ချက်မျိုးရှိသည့်အခါ၊ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်နှင့် သင့်အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များကို သင်လက်ခံသည့်အခါ၊ ဘုရားသခင်ကို ကျိုးနွံနာခံဖို့နှင့် သူ့ကို စိတ်ကျေနပ်အောင်လုပ်ဖို့ ဆန္ဒရှိသောအခါ သင်၏ အသက်တာအခြေအနေသည် စတင် ပြောင်းလဲသွားလိမ့်မည်။ ဤအခြေအနေမှစတင်၍ သင်သည် ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနေလိမ့်မည်။

အကျဉ်းရုံး ပြောရမည်ဆိုလျှင် ငါ ယခုတင် မိတ်သဟာယပြုပြီးသည့် ဤစကားများသည် အတော်လေး ရိုးရှင်း၏။ ယင်းမှာ လူတစ်ဦးက သူသည် ဖန်ဆင်းခံတစ်ဦးဖြစ်သည်ကို စတင် သတိပြုမိလာသည့်အခါ ထိုသူသည် ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့အလို့ငှာ စစ်မှန်သော ဖန်ဆင်းခံတစ်ဦး ဖြစ်လာဖို့ မျှော်လင့်ချက်များ ရှိလာမည်။ တစ်ချိန်တည်းမှာပင် ထိုသို့သော လူများသည် ဘုရားသခင်ကို မိမိတို့၏သခင်နှင့် ဘုရားအဖြစ်လည်း လက်ခံလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များအားလုံးအပြင် သူ၏ အချုပ်အခြာအာဏာကိုပါ ကျိုးနွံနာခံဖို့ လိုအင်ဆန္ဒရှိပေမည်။ ထို့ကြောင့် ၎င်းတို့သည် လက်လွတ်စပယ် ပြုမူခြင်းကို ရပ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ လိုအင်ဆန္ဒများကို ရှာဖွေကာ ၎င်းတို့လုပ်ဆောင်သမျှ အရာအားလုံး၌ သမ္မာတရားစည်းမျဉ်းများကို ရှာဖွေလိမ့်မည်။ ၎င်းတို့သည် ၎င်းတို့လုပ်လိုသည့် အရာတိုင်းကို လုပ်တော့မည်မဟုတ်၊ သို့မဟုတ် ၎င်းတို့၏အစီအစဉ်များအတိုင်း အမှုအရာများကို လုပ်တော့မည် မဟုတ်ပေ။ ပြုမူဆောင်ရွက်ရန် ၎င်းတို့၏ သီးခြားအကြံဉာဏ်များအပေါ် မှီခိုမည့်အစား ၎င်းတို့သည် ၎င်းတို့၏အတွေးများတွင် ဘုရားသခင်ကို အစဉ်အမြဲ စတင်ထားရှိလာလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ပုဂ္ဂလဓိဋ္ဌာန်ကျသည့် ဆန္ဒသည် ရှုထောင့်အားလုံး၌ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့၊ ၎င်းတို့၏ ကျင့်ကြံပြုမူမှုများ၌ သမ္မာတရားနှင့်ကိုက်ညီဖို့နှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းဖို့ ဖြစ်လိမ့်မည်။ ထိုသို့သော အခြေအနေတွင်ရှိသော လူများသည် သမ္မာတရားကို ရှာဖွေဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နှင့် သမ္မာတရား လက်တွေ့ကျမှုသို့ ဝင်ရောက်ဖို့ သင်ယူခြင်းကို စတင်ပြီးဖြစ်သည်မှာ ဧကန် ဖြစ်ပေသည်။ သင်သည် ထိုသို့သော အခြေအနေတွင် ရှိနေပြီး ထိုသို့သော အလိုဆန္ဒရှိပါက သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များအား မည်သို့ရှာဖွေရမည်ကို အလွန်တရာမှပင် အလိုအလျောက် စတင်သင်ယူလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏နာမတော်ကို ဂုဏ်သရေမညှိုးစေဖို့ မည်သို့လုပ်ရမည်၊ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် မည်သို့ဂုဏ်ပြုရမည်၊ ဘုရားသခင်ကို မည်သို့ကြောက်ရွံ့ရမည်နှင့် ဘုရားသခင်ကို မည်သို့ စိတ်ကျေနပ်စေရမည်တို့ကို စတင်ရှာဖွေလိမ့်မည်။ သင်၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို ဖြည့်ဆည်းမည့်အစား၊ သို့မဟုတ် အခြားတစ်စုံတစ်ဦးကို စိတ်ကျေနပ်အောင် လုပ်မည့်အစား ဘုရားသခင်ကို စိတ်ကျေနပ်အောင်လုပ်ရန် သင် ကြိုးစား၏။ တစ်စုံတစ်ဦးသည် ဤအခြေအနေထဲသို့ ဝင်ရောက်သည့်အခါ ၎င်းသည် ဘုရားသခင်၏ မျက်မှောက်တော်၌ အသက်ရှင်နေပြီး ၎င်း၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ညွှန်ကြားခြင်းကို မခံရတော့ပေ။ သင်သည် ဤအခြေအနေထဲသို့ ဝင်ရောက်သည့်အခါ သင်၏ ခံစားချက်အရဖြစ်သော စိတ်ဆန္ဒများဖြင့် သင် စဉ်းစားသည့် အရာများသည် အပြုသဘောဆောင်ကြလေသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ရံဖန်ရံခါ သင် ထုတ်ဖော်ပြလျှင်ပင် ထိုအရာကို သင် သတိပြုမိလိမ့်မည်ဖြစ်ပြီး မိမိကိုယ်ကို သုံးသပ်ဆင်ခြင်နိုင်လိမ့်မည်ဖြစ်ကာ ထိုအရာကို ဖြေရှင်းရန် သမ္မာတရားအား ရှာဖွေနိုင်လိမ့်မည်။ ထိုသို့ဖြင့် သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိနေဆဲ ဖြစ်သော်လည်း သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သင်၏ အရာရာကို ညွှန်ကြားနိုင်တော့မည်မဟုတ်၊ သင့်ကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။ ဤအချိန်တွင် ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားသည် သင့်အတွင်းတွင် အချုပ်အခြာအာဏာ ယူနေသည် မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်အတွင်း၌ သင် အသက်ရှင်နေသည် မဟုတ်လော။ သင်တို့အားလုံးသည် သမ္မာတရားအား သင်တို့၏ စိတ်နှလုံးများတွင် ဩဇာအာဏာ ကျင့်သုံးခွင့်ပေးနိုင်ကြသလော။ ဤသည်မှာ သမ္မာတရားကို လိုက်စားရန် သင်သည် အလိုဆန္ဒရှိမရှိဆိုသည့်အပေါ် မူတည်၏။ တစ်စုံတစ်ဦးသည် သမ္မာတရားများစွာကို ရှင်းလင်းစွာ သိနားလည်ပါက သမ္မာတရားသည် ၎င်းတို့ စိတ်နှလုံးတွင် အလိုအလျောက် ဩဇာအာဏာကို ကျင့်သုံးလိမ့်မည်။ ၎င်းတို့သည် သမ္မာတရားများစွာကို သိနားလည်ခြင်းမရှိပါက၊ သို့မဟုတ် အလွန်များသော စာတန်၏ အဆိပ်များရှိကြပါက ၎င်းတို့သည် မိမိတို့စိတ်နှလုံးတွင် သမ္မာတရားအား ဩဇာအာဏာ မကျင့်သုံးစေနိုင်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေကြသည့် လူများစွာရှိသော်လည်း ၎င်းတို့အပေါ် အမှုအရာများ ကျရောက်သည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလိုလို ကြွားဝါမိကြ၏၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားမိကြ၏၊ ချုပ်တည်းမှု သို့မဟုတ် ထိန်းချုပ်မှု မရှိကြသကဲ့သို့ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား ဆန္ဒရှိသည့်အတိုင်း ထုတ်ဖော်ခွင့် ပေးမိကြလေသည်။ ဤသည်မှာ မည်သည့် အခြေအနေဖြစ်သနည်း။ ဤသည်မှာ လူတစ်ဦးက အလွန်နည်းပါးသည့် သမ္မာတရားကို နားလည်သည့်အချိန်၊ ၎င်း၏ ဝိညာဉ်ရင့်ကျက်မှု အလွန်နည်းပါးပြီး ဇာတိပကတိ သို့မဟုတ် စာတန်၏ စွမ်းအားကို အောင်မြင်ကျော်လွှားနိုင်ခြင်း မရှိသည့် အချိန် ဖြစ်သည်။ ဤလူစားမျိုးအတွက် မိမိတို့၏ စိတ်နှလုံးတွင် သမ္မာတရားအား ဩဇာအာဏာ ကျင့်သုံးခွင့်ပေးရန်မှာ အလွန်ခက်ခဲ၏။ ထို့ကြောင့် သမ္မာတရားကို လိုက်စားခြင်းသည် ရိုးရှင်းသော အရာမဟုတ်သကဲ့သို့ အတွေ့အကြုံ နှစ်အနည်းငယ်မျှပင် မရှိဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြဿနာကို ဖြေရှင်းရန်မှာ အလွန် ခက်ခဲပေသည်။ ဥပမာအားဖြင့် လူအချို့သည် အလွန် လှည့်ဖြားတတ်၏။ ၎င်းတို့သည် မိမိတို့၏ အတွင်းကျကျ အတွေးများကို မည်သည့်အခါတွင်မျှ ထုတ်မပြောကြသကဲ့သို့ စစ်မှန်သည့် စကားတစ်ခွန်းမျှပင် မပြောနိုင်ကြချေ။ မည်သည့်အရာကို ၎င်းတို့ ဆွေးနွေးကြသည်ဖြစ်စေ၊ စကားလုံးမည်မျှ ၎င်းတို့ ပြောသည်ဖြစ်စေ ရှင်းလင်းစွာ မပြောကြ၊ အမြဲ ကိုယ့်စကားနှင့်ကိုယ် လုံးလည်ချာလည်လိုက်နေကြပြီး မိမိတို့ကိုယ်ကို ထိန်းချုပ်ခြင်း မရှိကြချေ။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောများရှေ့၊ မိမိတို့၏ စက်ဆုပ်စရာ၊ ဆိုးယုတ်သော သဘာဝ အနှစ်သာရရှေ့တွင် လူတို့သည် အလွန် အရေးမပါ၊ အားနည်း၊ အစွမ်းမဲ့ပြီး လုံးဝ အကူအညီမဲ့သကဲ့သို့ မိမိတို့ကိုယ်ကို ထုတ်ဖော်ပြကြ၏။ ထို့ကြောင့် ၎င်းတို့သည် မကြာခဏ အပြစ်ပြုမိကြသည်၊ အမှားများ လုပ်မိကြပြီး အပျက်သဘောဆောင်ကြသည်။ ဤတွင် အဘယ်အရာ ဖြစ်နေသနည်း။ (သူတို့သည် ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းမှန်ပေါ် မလျှောက်လှမ်းကြသေးပါ။) ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းမှန်ပေါ် မလျှောက်လှမ်းကြသေးပေ။ ယင်းက မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုနေသနည်း။ (သူတို့သည် အဖန်ဆင်းခံများ ဖြစ်ကြောင်း နားမလည်ကြသေးသကဲ့သို့ ဘုရားသခင်ကို ကျိုးနွံနာခံရန် သို့မဟုတ် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် လိုလားနေခြင်း မရှိကြပါ။) ဤသည်မှာ သမ္မာတရားကို မလိုက်စားခြင်းက ယူဆောင်လာသည့် အကျိုးဆက်တစ်ခု ဖြစ်သည်။ သင်တို့သည် ဤအခြေအနေတွင် ရှိကြသောကြောင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ သင်တို့ စတင်မဝင်ရောက်ကြသေးဟု ဆိုနိုင်ကြသလော။ (ဆိုနိုင်ပါသည်။) သမ္မာတရား လက်တွေ့ကျမှုထဲသို့ မဝင်ရောက်ကြသေးသည့် လူတစ်ဦးသည် သမ္မာတရားကို ရရှိပြီးဖြစ်သကဲ့သို့ ယူဆ၍ရသလော။ (မရပါ။) သမ္မာတရား မရရှိသေးသည့် လူတစ်ဦးသည် မိမိတို့ စိတ်နှလုံးတွင် သမ္မာတရား ရှိသလော။ (မရှိပါ။) သမ္မာတရား မရှိဘဲနှင့် လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် အခြေခံ၍ ပြုမူကြသည် မဟုတ်လော။ ထို့ကြောင့် လူတစ်ဦးသည် မိမိ၏ တာဝန်ကို လုပ်ဆောင်သည်နှင့်အမျှ အပြုသဘောဆောင်သောအရာအချို့ကို လုပ်ဆောင်ရန်အလို့ငှာ မည်သည့်အရာကို ပိုင်ဆိုင်ရမည်နည်း။ ထိုသူသည် သမ္မာတရားကို နားလည်ရမည် မဟုတ်လော။ လူတစ်ဦးသည် မိမိ၏တာဝန်ကို လုပ်ဆောင်သည်နှင့်အမျှ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရမည့်အစား မိမိ၏ကိုယ်ပိုင် အလိုဆန္ဒအရ မည်သို့ ပြုမူရန်ကိုသာ သိရှိပါက ဤသည်မှာ မည်သည့် သဘောသဘာဝမျိုးဖြစ်သနည်း။ အလုပ်လုပ်ပေးခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်က သူ့အား အလုပ်လုပ်ပေးရန် ဘာသာတရားမရှိသူတစ်ဦးကို ငှားရမ်းသည်နှင့် တူညီသည်။ သင်သည် သမ္မာတရားကို မလိုက်စားပါက၊ သို့မဟုတ် သမ္မာတရား လက်တွေ့ကျမှုထဲသို့ မဝင်ရောက်ပါက သင် အလုပ်လုပ်ပေးနေခြင်း ဖြစ်သည်။ သူ ကယ်တင်လိုသည့် လူများက ကယ်တင်ခြင်းရရှိရန် သူ၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ သူ့အား အလုပ်လုပ်ပေးရုံမျှပေးနေသည်ကို ဘုရားသခင်က မြင်လိုသည်ဟု သင်တို့ထင်သလော။ (မမြင်လိုပါ။) အဘယ်ကြောင့် မမြင်လိုသနည်း။ (ဘုရားသခင်သည် လူကို ရရှိနိုင်ရန်အလို့ငှာ ဖန်ဆင်းခဲ့ပါသည်။) ယင်းမှာ မှန်ပေ၏။ ဘုရားသခင်သည် မိမိကိုယ်ကို ထင်ရှားစေရန် လူကို ဖန်ဆင်းခဲ့ခြင်းဖြစ်သကဲ့သို့ ၎င်းတို့ကို ရရှိရန် ဖန်ဆင်းခဲ့သည်မှာ သာ၍ပင် ဖြစ်လေသည်။ လူတို့သည် သူ့အား အလုပ်လုပ်ပေးရုံမျှပေးသည့်အခါ ဘုရားသခင်သည် အဘယ်ကြောင့် စိတ်ကျေနပ်ခြင်း မရှိသနည်း။ (အဘယ်ကြောင့်ဆိုသော် လူတို့၏ လုပ်ရပ်များသည် ဘုရားသခင် အလိုရှိသည့်အရာ မဟုတ်သောကြောင့် ဖြစ်သည်။) သို့ဆိုလျှင် မည်သည့်အရာကို ဘုရားသခင် အလိုရှိသနည်း။ (လူတို့၏ စစ်မှန်ရိုးသားမှုကို ဘုရားသခင် အလိုရှိပါသည်။) ဘုရားသခင်ကို အလုပ်လုပ်ပေးခြင်းကိုယ်၌က စစ်မှန်ရိုးသားမှု မဟုတ်သလော။ သင် အလုပ်လုပ်ပေးခြင်းက စစ်မှန်ကာ ရိုးသားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သမ္မာတရားကို သင် မလိုက်စားပါက သင်၏ တစ်ဘဝလုံး အလုပ်လုပ်ပေးလျှင်ပင် သမ္မာတရားကို သင် ရရှိလိမ့်မည် မဟုတ်။ သမ္မာတရားကို သင် မရရှိပါက ယင်းမှာ သင်သည် ဘုရားသခင်ကို မရရှိသကဲ့သို့ ဘုရားသခင်က သင့်ကို မရရှိသည့် သဘောဖြစ်သည်။ ထို့ကြောင့် သင်၏ အလုပ်လုပ်ပေးခြင်းသည် တန်ဖိုးဖြစ်စေ၊ အဓိပ္ပာယ်ဖြစ်စေ မရှိပေ။ သင်သည် နှစ်ပေါင်းမည်မျှ အလုပ်လုပ်ပေးသည်ဖြစ်စေ၊ သမ္မာတရားကို မလိုက်စားပါက ဘုရားသခင်သည် သင့်ကို ရရှိလိမ့်မည် မဟုတ်။ ယင်းမှာ သင်သည် ဘုရားသခင်ကို အတိုက်အခံ လုပ်နေဆဲဖြစ်သည်ဟု ဆိုလိုပေသည်။ မည်သူက ဤအရာကို ဖြစ်စေသနည်း။ ယင်းကို လူတို့ကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်ရန် မကြိုးစားခြင်းအားဖြင့်လည်းကောင်း၊ လူတို့ကိုယ်တိုင်က သမ္မာတရားကို မလိုက်စားခြင်းအားဖြင့်လည်းကောင်း ဖြစ်စေပေသည်။ ယင်းတစ်ခုတည်းက ဖြစ်ကြောင်းရင်းမြစ်ဖြစ်သည်။ အမှုအရာများ၏ လက်တွေ့ကျသည့် ဘက်မှကြည့်လျှင် ဘုရားသခင်က လူတစ်ဦးကို မရရှိခြင်းအား မည်သို့ ရှင်းပြ၍ရနိုင်သနည်း။ ယင်းမှာ ၎င်းတို့သည် မိမိတို့တာဝန်ကို လုပ်ဆောင်သည်နှင့်အမျှ မိမိတို့ကိုယ်ပိုင် ကြံရွယ်ချက်များ အမြဲထားရှိကာ မိမိတို့ စိတ်နှလုံးကို ဘုရားသခင်ထံ မပူဇော်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံသို့ မလှည့်သကဲ့သို့ ၎င်းတို့၏ စိတ်နှလုံးသည် သူ့အတွက်လည်း မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းအားဖြင့် သူ့ကို စိတ်ကျေနပ်စေရန် ကြိုးစားဖို့ မဆိုထားနှင့်၊ ၎င်းတို့သည် သူ၏ ရည်ရွယ်ချက်များအတွက် အလေးထားခြင်းကို မပြပေ။ အရိုးရှင်းဆုံးသော ရှင်းပြချက်မှာ ဤလူသည် ဘုရားသခင်အပေါ် ရိုးသားစစ်မှန်ခြင်းမရှိသောကြောင့် ၎င်းတို့အတွက် မျှော်လင့်ချက် လုံးဝ မရှိခြင်း ဖြစ်ပေသည်။ ဘုရားသခင်သည် လူတို့က မိမိအား ရိုးသားစစ်မှန်စွာ ယုံကြည်ခြင်း ရှိမရှိဆိုသည်ကို ကြည့်ရန် ၎င်းတို့ကို စိစစ်၏။ သူသည် ၎င်းတို့၏ ရိုးသားစစ်မှန်မှုကို အလိုရှိ၏။ ရိုးသားစစ်မှန်ရန်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (ဘုရားသခင်ဘက်သို့ လှည့်သည့် စိတ်နှလုံး၊ ဘုရားသခင်ကို ကျိုးနွံနာခံသည့် စိတ်နှလုံး ရှိရန် ဖြစ်ပါသည်။) မှန်ပေ၏။ လူတစ်ဦးသည် ဘုရားသခင်ထံသို့ လှည့်သည့်၊ ဘုရားသခင်ကို ကျိုးနွံနာခံသည့် စိတ်နှလုံးမရှိပါက ၎င်းကို လူကောင်းတစ်ဦးဟု ခေါ်ဆို၍ရနိုင်သလော။ ထိုသို့သော လူတစ်ဦးကို ဘုရားသခင် နှစ်သက်နိုင်သလော။ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်း မဖြစ်သည့် လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ သင်တို့သည် ဘုရားသခင်ကို ကျိုးနွံနာခံသည့် စိတ်နှလုံးများ ရှိကြသလော။ အရာခပ်သိမ်းတွင် ဘုရားသခင်ဘက်မှ သင်တို့ ရပ်တည်နိုင်ကြသလော။ သင်တို့၏ စိတ်နှလုံးများသည် ဘုရားသခင်ဘက်သို့ လှည့်ကြသလော။ သင်တို့သည် လုံးဝ စစ်မှန်ရိုးသားမှုမရှိကြဟုဆိုရန်မှာ သင်တို့အဖို့ မတရားရာရောက်မည်ဖြစ်သော်လည်း စာတန်ကို သင်တို့ အမှန်တကယ် မုန်းတီးကြသည်၊ စာတန်ကို သင်တို့ ပုန်ကန်ပြီး ဘုရားသခင်ထံသို့ လုံးဝ လှည့်နိုင်ကြသည်ဟု ဆိုရန်မှာလည်း မှန်ကန်မည် မဟုတ်ပေ။ ဤသည်မှာ သင်တို့အနေဖြင့် ဘုရားသခင်ထံ ကျိုးနွံနာခံမှုရှိသည့် စိတ်နှလုံးတစ်ခု ပိုင်ဆိုင်ရန်၊ သမ္မာတရားကို လိုက်စားပြီး သမ္မာတရားကို သာ၍ သိနားလည်မှု ရရှိရန် လိုအပ်သည်။ ဘုရားသခင်သည် လူတို့အား မည်သည့် စိတ်နှလုံးမျိုး ရှိစေလိုသနည်း။ ပထမဆုံးအနေဖြင့် ဤစိတ်နှလုံးသည် ရိုးသားရမည်ဖြစ်ပြီး ၎င်းတို့သည် အသိတရားရှိရှိနှင့် လက်တွေ့ကျသော စိတ်နေသဘောထားဖြင့် မိမိတို့ တာဝန်ကို တာဝန်သိစွာ လုပ်ဆောင်နိုင်ရမည်၊ “ကြီးမြတ်သည့် ရည်မှန်းချက်များ” သို့မဟုတ် “မြင့်မားသည့် ပန်းတိုင်များ”ဟု ခေါ်သည့်အရာများ မရှိတော့ဘဲ အသင်းတော်၏ အလုပ်ကို ထိန်းသိမ်းနိုင်ရမည်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နောက်လိုက်ကာ ကိုးကွယ်သည်နှင့်အမျှ ခြေလှမ်းတိုင်းက ခြေရာများချန်ခဲ့၏၊ ၎င်းတို့သည် အဖန်ဆင်းခံများအဖြစ် ပြုမူနေထိုင်ကြ၏။ ၎င်းတို့သည် အထူးတန်ခိုးစွမ်းအား ရှိသည့်သူတစ်ဦး ဖြစ်ရန် မဆိုထားနှင့်၊ ထူးခြားသော သို့မဟုတ် ကြီးမြတ်သောလူများ ဖြစ်လာရန် လိုက်မစားကြတော့သကဲ့သို့ အခြားဂြိုလ်များပေါ်ရှိ မည်သည့်ဖန်ဆင်းခံကိုမဆို မကိုးကွယ်ကြချေ။ ထို့အပြင် ဤစိတ်နှလုံးသည် သမ္မာတရားကို ချစ်ရမည်။ သမ္မာတရားကို ချစ်ခြင်းဟူသည်မှာ အဓိကအားဖြင့် မည်သည့်အရာကို ဆိုလိုပါသနည်း။ ယင်းမှာ အပြုသဘောဆောင်သော အရာများကို ချစ်ခြင်း၊ တရားမျှတမှု အသိစိတ်ရှိခြင်း၊ ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ မိမိကိုယ်ကို အသုံးခံနိုင်ခြင်း၊ သူ့ကို အမှန်တကယ် ချစ်ခြင်း၊ ကျိုးနွံနာခံခြင်းနှင့် သူ့ကို သက်သေခံခြင်းဟု ဆိုလိုပေသည်။ သင်သည် သမ္မာတရားကို သိနားလည်ပြီးသည့်နောက်တွင်သာ ဤအရာများကို ပြီးမြောက်နိုင်သည်မှာ အမှန်ဖြစ်၏။ ဤစိတ်နှလုံးမျိုးရှိသည့် တစ်စုံတစ်ဦးသည် ပုံမှန်လူ့သဘာဝ ရှိသည့် လူတစ်ဦး ဖြစ်သည်။ ပုံမှန်လူ့သဘာဝရှိသည့် လူတစ်ဦးသည် အနည်းဆုံးအနေဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်ရမည်။ လူတစ်ဦးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်ခြင်း ရှိမရှိဆိုသည်ကို သင် မည်သို့ ပိုင်းခြားသိမြင်နိုင်သနည်း။ ၎င်း၏ စကားနှင့် လုပ်ရပ်များသည် အခြေခံအားဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့၏ စံနှုန်းများနှင့် အညီဖြစ်ပါက လူသား ရှုထောင့်အမြင်မှ ၎င်းသည် လူကောင်းဖြစ်ပြီး လက်ခံနိုင်ဖွယ် စံနှုန်းနှင့် လျော်ညီအောင်နေနိုင်သည့် လူတစ်ဦး ဖြစ်ပေသည်။ ၎င်းသည် သမ္မာတရားကို နားလည်နိုင်ကာ သမ္မာတရား စည်းမျဉ်းများအတိုင်းလည်း ပြုမူနိုင်ပါက ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနေခြင်း ဖြစ်သည်။ ယင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား စံနှုန်းထက် သာ၍ မြင့်မားပေသည်။ လူအချို့က “လူကို ဘုရားသခင်က ဖန်ဆင်းထားခြင်း ဖြစ်သည်။ ကျွန်ုပ်တို့အား ဇီဝအသက်ကို ပေးခဲ့ပြီး ကျွန်ုပ်တို့ကို ထောက်ပံ့၊ အာဟာရဖြစ်စေပြီး၊ အရွယ်ရောက်သူများအဖြစ် ကြီးထွားစေသည်မှာ ဘုရားသခင် ဖြစ်ပါသည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသည့် လူများသည် မိမိတို့အတွက်ဖြစ်စေ၊ စာတန်အတွက်ဖြစ်စေ အသက်ရှင်၍မရကြပါ။ ၎င်းတို့သည် ဘုရားသခင်အတွက် အသက်ရှင်သင့်ပြီး မိမိတို့တာဝန်ကို ကောင်းမွန်စွာဖြည့်ဆည်းသင့်ကြသည်”ဟု ဆိုကြသည်။ ဤသည်မှာ မှန်သော်လည်း ယင်းမှာ ကျယ်ပြန့်သည့် ပုံစံဘောင်တစ်ခု၊ အကြမ်းဖျင်း ပုံကြမ်းတစ်ခုသာ ဖြစ်သည်။ လက်တွေ့အရှိတရားတွင် ဘုရားသခင်အတွက် မည်သို့ အသက်ရှင်ရမည်ဆိုသည်နှင့်ဆိုင်သော အသေးစိတ်အချက်များအတွက်မူ ယင်းတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ပါဝင်ပေသည်။ ထို့ကြောင့် အကြင်သူသည် ဘုရားသခင်အတွက် မည်သို့ အသက်ရှင်သနည်း။ (အဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့် တာဝန်ကို ကောင်းစွာ လုပ်ဆောင်ရန် ဖြစ်ပါသည်။) မှန်၏။ ယခုတွင် သင်တို့ လုပ်ဆောင်သမျှသည် လူ၏ တာဝန်ကို ထမ်းဆောင်ရန် ဖြစ်သော်လည်း လက်တွေ့အရှိတရားတွင် မည်သူ့အတွက် သင်တို့ လုပ်ဆောင်နေခြင်း ဖြစ်သနည်း။ (ဘုရားသခင်အတွက် ဖြစ်ပါသည်။) ဘုရားသခင်အတွက် ဖြစ်သည်။ သူနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။ သင်တို့ကို ဘုရားသခင် ပေးထားသည့် တာဝန်ပေးစေခိုင်းချက်မှာ သင်တို့၏ တာဝန်ဖြစ်သည်။ ထိုအရာကို သူက စီမံထားသည်၊ ကြိုတင်သတ်မှတ်ကာ အုပ်စိုးထားပေသည်။ သို့မဟုတ် တစ်နည်းအားဖြင့်ဆိုသော် သင့်ထံ ဤအလုပ်တာဝန်ကို ပေးထားပြီး သင့်ကို ထိုအလုပ်တာဝန်အား ပြီးစီးအောင် လုပ်ဆောင်စေချင်သူမှာ ဘုရားသခင်ဖြစ်သည်။ ထို့ကြောင့် ထိုအလုပ်တာဝန်ကို ပြီးစီးပြီး ကောင်းမွန်စွာ လုပ်ဆောင်ရန် သင်သည် အဘယ်သို့ သင်၏ အသိစိတ်ကို မှီခိုနိုင်သနည်း။ (ကျွန်ုပ်တို့၏ အားထုတ်မှုအားလုံးကို အသုံးပြုရပါမည်။) သင်သည် သင်၏ အားထုတ်မှုအားလုံးကို အသုံးပြုရမည်၊ ယင်းမှာ သင်၏ အသိစိတ်ကို မှီခိုခြင်း သရုပ်သကန်တစ်ခု ဖြစ်သည်။ ထို့အပြင် သင်၏ စိတ်နှလုံးတစ်ခုလုံးကို သုံးပြီး သင်၏ တာဝန်များကို ဖြည့်ဆည်းရမည်။ ထိုအရာနှင့် ပတ်သက်၍ ဝတ်ကျေတမ်းကျေ မဖြစ်နှင့်။ ငါတို့အပေါ်တွင် ဘုရားသခင်သည် သူ၏ မျှော်လင့်ချက်များနှင့် အပင်ပန်းခံသော အားထုတ်မှု အဖိုးအခ ရှိ၏။ ဤဝတ္တရားကို ငါတို့ ဖြည့်ဆည်းသင့်ပြီး ဤတာဝန်ကို လုပ်ဆောင်သင့်သည်ဟု ဘုရားသခင် ကြိုတင်သတ်မှတ်ထားပြီးဖြစ်ကြောင်းကို မြင်လျက်ဖြင့် သူ့ကို ငါတို့ တာဝန်မပျက်ကွက်သင့်၊ စိတ်ပျက်အောင် မလုပ်သင့် သို့မဟုတ် သူ့ကို ဝမ်းနည်းအောင် မလုပ်သင့်ပေ။ ငါတို့၏ တာဝန်ကို ကောင်းစွာ ငါတို့ လုပ်ဆောင်ကာ ဘုရားသခင်ကို ပကတိပြည့်စုံကောင်းမွန်သော စိတ်ကျေနပ်ဖွယ် အဖြေတစ်ခု ပေးသင့်သည်။ ငါတို့ မလုပ်နိုင်သည့်အရာအတွက် ဘုရားသခင်အပေါ် ငါတို့ မှီခိုကြသည်၊ ငါတို့၏ အလုပ်အကိုင်များအကြောင်း သာ၍ ငါတို့ သင်ယူကြပြီး သမ္မာတရား စည်းမျဉ်းများကို သာ၍ ရှာဖွေကြသည်။ ဘုရားသခင်သည် ငါတို့ကို အသက်ပေးသောကြောင့် ငါတို့သည် မိမိတို့၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်သင့်၏။ ငါတို့ အသက်ရှင်သည့် နေ့ရက်တစ်ရက်စီအတွက် ထိုနေ့ရက်၏ တာဝန်ကို ငါတို့ လုပ်ဆောင်သင့်သည်။ ဘုရားသခင် ငါတို့ကို အပ်နှံထားသည့်အရာအား ငါတို့၏ အဓိက တာဝန်အဖြစ် ထားသင့်သည်၊ ထိုတာဝန်ကို ကောင်းစွာ ပြီးမြောက်ရန်အလို့ငှာ ငါတို့၏ တာဝန်ကို လုပ်ဆောင်ခြင်းအား ငါတို့ ဘဝတွင် ဦးစားပေးရမည့်အရာ အဖြစ် ထားသင့်သည်။ စုံလင်ခြင်းကို ငါတို့ မလိုက်စားကြသော်လည်း ဘုရားသခင်ကို စိတ်ကျေနပ်အောင် လုပ်ရန်အလို့ငှာ၊ စာတန်ကို အရှက်ရစေပြီး နောင်တများ မရှိရန်အလို့ငှာ သမ္မာတရားအတွက် ငါတို့ အားထုတ်နိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများအပေါ် အခြေခံ၍ ပြုမူဆောင်ရွက်နိုင်ကြသည်။ ဤသည်မှာ မိမိတို့တာဝန်အပေါ် ဘုရားသခင်၌ ယုံကြည်သူများ ထားရှိသင့်သည့် သဘောထား ဖြစ်သည်။ သင်သည် အနှစ်လေးဆယ်၊ သို့မဟုတ် ငါးဆယ် သို့မဟုတ် ခုနစ်ဆယ်၊ ရှစ်ဆယ်ပင် အသက်ရှင်ပြီးသည့်အခါ၊ ငယ်ရွယ်ပြီး မသိနားမလည်ချိန်တွင် သင် လုပ်ဆောင်ခဲ့သည့်အရာကို ပြန်ကြည့်သည့်အခါ ထိုအချိန်က သင်သည် အလွန်အသက်မကြီးသေးသော်လည်း သင်၏ စိတ်နှလုံး အကြွင်းမဲ့နှင့် အစွမ်းသတ္တိရှိသမျှဖြင့် အရာရာကို လုပ်ဆောင်ခဲ့ကြောင်း မြင်ရလိမ့်မည်။ သင်၏ အသိစိတ်ကို အခြေခံ၍ သင် အမြဲ ပြုမူခဲ့သည်၊ သင်သည် ဘုရားသခင်အပေါ် တာဝန်မပျက်ကွက်ခဲ့ပေ၊ သူ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ သို့မဟုတ် ဝမ်းနည်းအောင် မလုပ်ခဲ့သကဲ့သို့ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်၏ စိစစ်မှုနှင့် စစ်ဆေးခြင်းကို သင် လက်ခံခဲ့သည်။ ဤအရာအားလုံး ပြီးမြောက်ပြီး သင်၏ ပြီးမြောက်အောင်မြင်သော စာမေးပွဲကို ဘုရားသခင်အား သင် ပေးသည့်အခါ ဘုရားသခင်က “သင်သည် အလုပ်ကောင်းကောင်း မလုပ်သကဲ့သို့ သင်၏ ရလဒ်များသည် သာမန်ဖြစ်သော်လည်း မည်သို့ပင်ဖြစ်စေ သင်၏ အစွမ်းသတ္တိရှိသမျှကို အသုံးပြုခဲ့ပြီး သင်၏ တာဝန်ကို သင် လျစ်လျူမရှုခဲ့ပေ”ဟု ဆိုလိမ့်မည်။ ဤသည်မှာ သင်၏ အသိစိတ်အပေါ် အခြေခံ၍ ပြုမူဆောင်ရွက်ခြင်း မဟုတ်လော။ သို့ဆိုလျှင် လူတို့သည် မိမိတို့၏ အသိစိတ် စံနှုန်းအား လုံးဝ ချိုးဖောက်ပြီး မိမိတို့၏ ပုံမှန် လူ့သဘာဝအား ဆုံးရှုံးသွားသည့်အဆင့်ထိပင် ဖောက်ပြန်ပျက်စီးခြင်းကို မကြာခဏ ထုတ်ဖော်ပြသည့်အခါ၊ မိမိတို့ တစ်ကိုယ်ရေ ရွေးချယ်မှုများ၊ စိတ်ဆန္ဒများနှင့် နှစ်သက်မှုများရှိသည့်အခါမည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး မိမိကိုယ်ကို ပုန်ကန်ရမည်။ ထိုအရာများအား သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို ဘောင်ခတ်ခွင့် သို့မဟုတ် ထိန်းချုပ်ခွင့်ပေး၍ မရပေ။ သင်၏ အသိစိတ်သည် သင်၏ လုပ်ရပ်များ၊ သင်၏ ဘဝနေထိုင်မှုနှင့် သင်၏ အသက်တာကို ညွှန်ကြားနိုင်သည့်အခါ ဇာတိပကတိ၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို အောင်မြင်ရန် သင့်အတွက် လွယ်ကူလိမ့်မည်ဖြစ်ပြီး သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို သင် ရရှိနိုင်လိမ့်မည်။ ဤသည်မှာ သင် ရှိသင့်သည့် အနိမ့်ဆုံးအရာ ဖြစ်သည်။ မည်သည့် လူသားစိတ်နှလုံးမျိုးကို ဘုရားသခင် အလိုရှိသည်ဆိုသည်ကိုမူ သွင်ပြင်လက္ခဏာမည်မျှကို ယခုတင် ငါ ပြောဆိုပြီးဖြစ်သနည်း။ (သွင်ပြင်လက္ခဏာ သုံးခုဖြစ်ပါသည်။ ရိုးသားသော စိတ်နှလုံး၊ သမ္မာတရားကို ချစ်သော စိတ်နှလုံးနှင့် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိခြင်းတို့ ဖြစ်ပါသည်။) ရိုးသားသော စိတ်နှလုံးနှင့် သမ္မာတရားကို ချစ်သော စိတ်နှလုံးအတွင်းတွင် နောက်ထပ် အသေးစိတ်အချက် အချို့ရှိ၏။ သင်တို့သည် ဤအရာအပေါ် နောက်ပိုင်းတွင် တွေးဆပြီး အကျဉ်းချုပ်သင့်သည်။ အနည်းဆုံးအနေဖြင့် လူတစ်ဦး ပိုင်ဆိုင်သင့်သည့်အရာမှာ ပုံမှန်လူ့သဘာဝဖြင့် လူတစ်ဦး ရှိသင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရား ဖြစ်သည်။ လူတစ်ဦးသည် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမရှိပါက ၎င်းသည် မိမိ၏ ပုံမှန် လူ့သဘာဝကို ဆုံးရှုံးသွားသည်၊ မည်သည့်အရာကိုမျှ ကောင်းစွာ မလုပ်ဆောင်နိုင်သကဲ့သို့ မည်သည့်အရာမျှ ဖြစ်မြောက်အောင်မြင်ခြင်း မရှိသည့်အပြင် အဆုံးတွင် လုံးဝ ကျရှုံးလိမ့်မည်။ သို့ရာတွင် ၎င်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားသာ ရှိပါက မိမိ၏ အသိစိတ်အပေါ် အခြေခံ၍ အသက်ရှင်ပြီး ဆိုးယုတ်သည့်အရာ တစ်ခုမျှ မလုပ်ဆောင်ပါက ဤသည်မှာ ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းမှန်ပေါ် ဝင်ရောက်ခြင်းနှင့် ညီမျှသလော။ ၎င်းသည် မိမိ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတစ်ခုတည်းအပေါ် အခြေခံ၍ အသက်ရှင်ခြင်းအားဖြင့် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်သလော။ လုံးဝ မရရှိနိုင်ပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။