ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းပုံနှင့်ပတ်သက်သည့် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၅၈)
စိတ်သဘောထား အပြောင်းအလဲများအကြောင်း သင်တို့ ဘာသိသနည်း။ စိတ်သဘောထား အပြောင်းအလဲများနှင့် အပြုအမူအပြောင်းအလဲများသည် အနှစ်သာရအားဖြင့် ကွဲပြားပြီး လက်တွေ့လုပ်ဆောင်မှု အပြောင်းအလဲများနှင့်လည်း ကွဲပြားသည်၊ ၎င်းတို့အားလုံးသည် အနှစ်သာရအားဖြင့် ကွဲပြားကြသည်။ လူအများစုသည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်း၌ အပြုအမူအပေါ် အထူးအသားပေးကြသည်၊ ယင်း၏ရလဒ်ကြောင့် ၎င်းတို့၏ အပြုအမူ၌ အချို့သော အပြောင်းအလဲများ ဖြစ်ပေါ်လေသည်။ ဘုရားသခင်ကို ၎င်းတို့ စတင် ယုံကြည်ပြီးသည့်နောက်၊ ၎င်းတို့သည် ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်း မရှိတော့သကဲ့သို့ ဆုံးရှုံးမှုတစ်ခု ခံစားရချိန်တွင် သည်းခံမှုကျင့်သုံးဖို့ ပိုနှစ်သက်လျက် အခြားသူများနှင့် မဖက်ပြိုင်တော့ချေ။ အပြုအမူဆိုင်ရာ ပြောင်းလဲမှုအချို့ကို ၎င်းတို့ ကြုံရသည်။ လူအချို့က ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည်နှင့်တစ်ပြိုင်နက် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရွတ်ခြင်းအားဖြင့် သမ္မာတရားကို နားလည်သည်ဟု ခံစားကြရသည်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို တွေ့ကြုံပြီးဖြစ်ကာ ၎င်းတို့ကို အထူးသဖြင့် စိတ်အားထက်သန်စေလျက် မိမိတို့စိတ်နှလုံးတွင် စစ်မှန်သော မွေ့လျော်မှုရှိကြသည်။ ၎င်းတို့မစွန့်လွှတ်နိုင်သော၊ သို့မဟုတ် ဒုက္ခဆင်းရဲမခံနိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိပေ။ သို့သော် ရှစ်နှစ်၊ ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်၊ သို့မဟုတ် အနှစ်သုံးဆယ်ပင် ယုံကြည်ပြီးသည့်နောက်တွင် ၎င်းတို့၏ အသက်စိတ်သဘောထားများ၌ အပြောင်းအလဲ မရှိခဲ့သောကြောင့် ၎င်းတို့သည် ဒုံရင်းအခြေအနေ ပြန်ဆိုက်ရောက်ခြင်းဖြင့် အဆုံးသတ်ကြသည်။ ၎င်းတို့၏ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့ တိုး၍ သိသာလာသည်။ ၎င်းတို့သည် အာဏာနှင့် အကျိုးအမြတ်အတွက် စတင် ပြိုင်ဆိုင်လာကြသည်၊ ၎င်းတို့သည် အသင်းတော်၏ငွေကို တပ်မက်ကြသည်၊ ၎င်းတို့သည် ဘုရားအိမ်တော်ကို အခွင့်အရေးယူသူများကို မနာလိုဖြစ်ကြသည်။ ဘုရားအိမ်တော်အတွင်းရှိ ကပ်ပါးကောင်များနှင့် အဖျက်ကောင်များဖြစ်လာကြပြီး၊ အချို့မှာ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များအဖြစ်ပင် ထုတ်ဖော်ခံရကာ ဖယ်ရှားရှင်းလင်းခြင်းခံရလေသည်။ ပြီးလျှင် ဤအချက်အလက်များသည် မည်သည့်အရာကို သက်သေပြသနည်း။ အပြုအမူဆိုင်ရာ အပြောင်းအလဲများမျှသည် ရေရှည်မတည်တံ့ပေ။ အကယ်၍ လူတို့၏ အသက်စိတ်သဘောထားများ၌ ပြောင်းလဲခြင်း မရှိပါက၊ ၎င်းတို့၏ စရိုက်မှန်များကို အနှေးနှင့်အမြန် ပြသလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အပြုအမူ ပြောင်းလဲမှုများ၏ အရင်းအမြစ်မှာ စိတ်အားထက်သန်မှု ဖြစ်ပြီး ထိုအချိန်က သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတစ်ခုခုနှင့် ပူးတွဲထားသောကြောင့် ၎င်းတို့အတွက် အချိန်ခဏတာ စိတ်အားထက်သန်လာရန်၊ သို့မဟုတ် စေတနာကောင်း ထားရှိရန်မှာ အလွန့်အလွန် လွယ်ကူသည်။ “ကောင်းမှုတစ်ခုလုပ်ရန် လွယ်သည်၊ ခက်ခဲသည်မှာ ကောင်းမှုများကို ရာသက်ပန်ပြုရန်ပင် ဖြစ်သည်” ဟု ဘာသာတရားမရှိသူများ ပြောသကဲ့သို့ပင် ဖြစ်သည်။ လူတို့သည် အဘယ်ကြောင့် ၎င်းတို့၏ ဘဝတစ်ခုလုံးတစ်လျှောက် ကောင်းမှုများကို ပြုနိုင်စွမ်းမရှိကြသနည်း။ အကြောင်းမှာ လူများသည် သဘာဝအားဖြင့် ကောက်ကျစ်ကြသည်၊ တစ်ကိုယ်ကောင်းဆန်ပြီး ဖောက်ပြန်ပျက်စီးကြသည်။ အကြင်မည်သူ၏အပြုအမူကို ၎င်း၏သဘာဝက စီမံညွှန်ကြားပေသည်။ အကြင်သူ၏သဘာဝမှာ မည်သည့်အရာဖြစ်ပါစေ ထိုလူ ထုတ်ဖော်ပြသည့် အပြုအမူလည်း ထိုနည်းအတိုင်းပင်ဖြစ်ပြီး သဘာဝအလျောက် ထုတ်ဖော်သောအရာသည်သာ လူတစ်ဦး၏ သဘာဝကို ကိုယ်စားပြုသည်။ အတုအယောင်ဖြစ်သော အရာများမှာ ကြာရှည်မတည်နိုင်ပေ။ ဘုရားသခင်သည် လူသားကို ကယ်တင်ရန် အမှုပြုသောအခါ လူသားကို ကောင်းသောအပြုအမူဖြင့် ဆင်မြန်းရန် မဟုတ်ပေ။ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်မှာ လူတို့၏စိတ်သဘောထားများကို အသွင်ပြောင်းလဲရန်၊ ၎င်းတို့ကို အသစ်သောလူအဖြစ် တစ်ဖန်ပြန်မွေးဖွားစေရန် ဖြစ်သည်။ ထို့ကြောင့် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းများအားလုံးက လူသားအနေဖြင့် ဘုရားသခင်အပေါ် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ကို စွမ်းဆောင်ရရှိနိုင်ဖို့အလို့ငှာနှင့်၊ သူ့ကို ပုံမှန် ကိုးကွယ်လာကြဖို့အလို့ငှာ သူ၏စိတ်သဘောထားကို ပြောင်းလဲရန် အသုံးတော်ခံဖို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ဖြစ်သည်။ ကောင်းမွန်စွာ ပြုမူခြင်းသည် ခရစ်တော်နှင့် သဟဇာတဖြစ်ခြင်းနှင့် တူညီဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ပင် မတူညီပေ။ အပြုအမူ အပြောင်းအလဲများသည် အယူဝါဒအပေါ် အခြေခံပြီး စိတ်အားထက်သန်မှုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်၊ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြခြင်းအပေါ် အခြေတည်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်အကြောင်း စစ်မှန်သောအသိ၊ သို့မဟုတ် သမ္မာတရားကို အခြေခံထားခြင်း မဟုတ်ပေ။ လူတို့လုပ်သော အရာအချို့တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းတို့ကို ခံရသည့် အချိန်များရှိသော်လည်း ဤသည်မှာ ၎င်းတို့ ဘဝ၏ ထုတ်ဖော်ချက်တစ်ခု မဟုတ်ပေ။ သမ္မာတရား စစ်မှန်မှုများထဲသို့ ၎င်းတို့ မဝင်ရောက်ရသေးသကဲ့သို့ ၎င်းတို့၏ အသက်စိတ်သဘောထား လုံးဝ မပြောင်းလဲသေးပေ။ လူတစ်ဦး၏ အပြုအမူ မည်မျှ ကောင်းသည်ဖြစ်စေ၊ ဘုရားကို ၎င်းတို့ကျိုးနွံနာခံသည်၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည်ကို သက်သေမပြပေ။ အပြုအမူဆိုင်ရာ အပြောင်းအလဲများက အသက်စိတ်သဘောထားထဲမှ အပြောင်းအလဲများကို ကိုယ်စားမပြုသကဲ့သို့ ဘဝ၏ ထုတ်ဖော်ချက်များအဖြစ် မှတ်ယူ၍မရပေ။ ထို့ကြောင့် လူအချို့ သူတို့စိတ်အားထက်သန်နေသော ကာလများအတွင်း အသင်းတော်အတွက် တစ်စုံတစ်ခု လုပ်နိုင်ကြောင်းနှင့် အချို့သော အရာများကိုပင် စွန့်လွှတ်နိုင်ကြောင်းကို သင်တို့ မြင်သောအခါ သူတို့ကို ချီးမမွမ်းနှင့်၊ သို့မဟုတ် မမြှောက်ပင့်နှင့်။ သူတို့သည် သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်သောလူများ သို့မဟုတ် ဘုရားသခင်ကို ချစ်သောလူများဖြစ်ကြသည်ဟု မပြောနှင့်။ ထိုသို့ပြောခြင်းသည် မှားယွင်းသည်၊ ဆုံးဖြတ်ချက်လွဲမှားစေပြီး သူတို့အတွက် ထိခိုက်နစ်နာစေသည်။ သို့သော် သူတို့၏ စိတ်အားထက်သန်မှုကိုလည်း မလျော့ပါးစေနှင့်၊ သမ္မာတရားနှင့် အသက်လိုက်စားခြင်း လမ်းကြောင်းတို့ဆီသို့ သူတို့ကို လမ်းပြရုံသာပြလော့။ မကြာခဏ စိတ်အားထက်သန်သူများတွင် များသောအားဖြင့် တိုးတက်လိုသည့်စိတ်ဆန္ဒနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုတို့ ရှိကြသည်။ သူတို့အများစုသည် သမ္မာတရားကို တောင့်တကြပြီး ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်း၍ ရွေးချယ်ထားကြသူများဖြစ်ကြသည်။ အဓိကအားဖြင့် ဘုရားသခင်အတွက် စိတ်လိုလက်ရ အသုံးတော်ခံလိုသည့် အားမာန်တက်ကြွသော စိတ်နှလုံးတစ်ခုရှိသူများသည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်သူများဖြစ်ကြသည်။ ဘုရားသခင်အတွက် အသုံးခံရာတွင် မစစ်မှန်သူများနှင့် သူတို့၏တာဝန်ကို လုပ်ဖို့ စိတ်မပါသူများသည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်သူများ မဟုတ်ကြပေ။ မိမိတို့၏ ယုံကြည်မှုတွင် ဟက်ဟက်ပက်ပက် မရှိဘဲ အလွယ်တကူ အပျက်သဘောဆောင်တတ်သူများသည် ခိုင်မာစွာ မရပ်တည်နိုင်ကြပေ။ အခက်အခဲအနည်းငယ်ကို ကြုံတွေ့ရသောအခါ သူတို့ နောက်ဆုတ်ကြသည်၊ ဖိနှိပ်မှုနှင့် အတိဒုက္ခတို့ကို ကြုံရသောအခါ သူတို့သည် ထွက်ပြေးပြီး သူတို့၏ယုံကြည်ချက်ကို စွန့်လွှတ်လိုက်ကြသည်။ ယုံကြည်မှုနှင့် စိတ်အားထက်သန်မှု ကြီးစွာရှိသောသူတို့သည်သာ အချိန်ကြာမြင့်စွာ မဆုတ်မနစ် လုံ့လထုတ်နိုင်သည်၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်သည်၊ ပြီးလျှင် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ်သို့ တဖြည်းဖြည်း ဝင်ရောက်လာနိုင်သည်။ သို့သော် ယုံကြည်ချက်နည်းပြီး စိတ်အားထက်သန်မှု ကင်းမဲ့သောသူတို့သည် အဆုံးအထိ ဘုရားသခင်နောက်သို့ လိုက်ဖို့ ခဲယဉ်းကြောင်း တွေ့ရသည်။
လူတစ်ဦးသည် အပြုအမူကောင်းများစွာ ရှိပါက သမ္မာတရား စစ်မှန်မှုများ ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် စည်းမျဉ်းများအတိုင်း ဆောင်ရွက်ခြင်းအားဖြင့်သာ သမ္မာတရား စစ်မှန်မှုကို သင် ပိုင်ဆိုင်နိုင်သည်။ ဘုရားကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်းအားဖြင့်သာ သမ္မာတရား စစ်မှန်မှုများကို သင် ပိုင်ဆိုင်နိုင်သည်။ လူအချို့သည် စိတ်ထက်သန်မှုရှိသည်၊ အယူဝါဒကို ပြောဆိုနိုင်သည်၊ စည်းမျဉ်းစည်းကမ်းများကို လိုက်လျှောက်နိုင်ပြီး ကောင်းမှုများစွာ လုပ်ဆောင်နိုင်သော်လည်း ၎င်းတို့အကြောင်း ပြော၍ရနိုင်သမျှမှာ လူ့သဘာဝ အနည်းငယ် ပိုင်ဆိုင်သည်ဟူ၍ ဖြစ်သည်။ အယူဝါဒပြောဆိုနိုင်ပြီး စည်းမျဉ်းစည်းကမ်းများကို အစဉ်လိုက်နာသူများသည် သမ္မာတရားကို သေချာပေါက် လက်တွေ့မလုပ်ဆောင်နိုင်ချေ။ ၎င်းတို့ပြောသည့်အရာသည် မှန်ကန်ပြီး၊ ပြဿနာများ ကင်းရှင်းပုံရသော်လည်း၊ သမ္မာတရား၏ အနှစ်သာရနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် မည်သည့်အရာမျှ ပြောစရာ မရှိကြချေ။ ထို့ကြောင့် တစ်စုံတစ်ဦးက အယူဝါဒကို မည်မျှပြောဆိုနိုင်သည်ဖြစ်စေ၊ သမ္မာတရားကို ၎င်းတို့နားလည်သည်ဟု မဆိုလိုသကဲ့သို့၊ အယူဝါဒမည်မျှ နားလည်သည်ဖြစ်စေ၊ မည်သည့်ပြဿနာကိုမျှ ၎င်းတို့ မဖြေရှင်းနိုင်ပေ။ ဘာသာရေး အယူအဆသမားအားလုံးက ကျမ်းစာကို ရှင်းပြနိုင်သော်လည်း၊ အဆုံးတွင်၊ ဘုရားသခင် ဖော်ပြသည့် သမ္မာတရား အလုံးစုံကို ၎င်းတို့ လက်မခံသောကြောင့် အားလုံးကျရှုံးကြသည်။ မိမိတို့၏ စိတ်သဘောထားများ၌ ပြောင်းလဲခြင်းကို တွေ့ကြုံပြီးသော လူများမှာ ကွဲပြားသည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်ကြပြီး ၎င်းတို့သည် ကိစ္စအားလုံးကို သိမြင်တတ်ကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်နှင့် ဘုရားသခင် ကျေနပ်စေရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်တို့ကို သိကြပြီး ၎င်းတို့ ထုတ်ဖော်ပြသော ဖောက်ပြန်ပျက်စီးခြင်း သဘာဝကို နားလည်ကြသည်။ ၎င်းတို့၏ အတွေးအခေါ်များနှင့် အယူအဆများ ထုတ်ဖော်ခြင်း ခံရသောအခါ ၎င်းတို့သည် သိမြင်နိုင်ပြီး လူ့ဇာတိကို ပုန်ကန်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ စိတ်သဘောထား အပြောင်းအလဲတစ်ခု ပေါ်လွင်ထင်ရှားသည့်ပုံပင် ဖြစ်သည်။ စိတ်သဘောထား၌ အပြောင်းအလဲတစ်ခုကို ကြုံရပြီးဖြစ်သည့် လူများနှင့်ပတ်သက်သည့် အဓိကသရုပ်သကန်မှာ ၎င်းတို့သည် သမ္မာတရားကို ရှင်းရှင်းလင်းလင်း နားလည်လာကြပြီး အမှုအရာများကို လုပ်ဆောင်သည့်အခါ ၎င်းတို့သည် သမ္မာတရားကို အတော်အတန် တိကျမှန်ကန်မှုဖြင့် လက်တွေ့လုပ်ဆောင်ကြပြီး ဖောက်ပြန်ပျက်စီးခြင်းကို မကြာခဏ ထုတ်ဖော်မပြကြချေ။ ယေဘုယျအားဖြင့် မိမိတို့၏စိတ်သဘောထားများ ပြောင်းလဲပြီးသော သူများသည် အထူးသဖြင့် ယုတ္တိတန်ပြီး ထိုးထွင်းသိမြင်တတ်သည်ဟု ထင်ရကာ သမ္မာတရားကို ၎င်းတို့ သိနားလည်ခြင်းကြောင့် မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူခြင်း သို့မဟုတ် မာနထောင်လွှားခြင်းတို့ကို များစွာ ထုတ်ဖော်မပြကြချေ။ ၎င်းတို့သည် ၎င်းတို့အထဲတွင် ထုတ်ဖော်ထားသော ဖောက်ပြန်ပျက်စီးမှုများစွာကို ရိပ်မိကာ သိမြင်နိုင်ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် မာနထောင်လွှားလာခြင်း မဖြစ်ပေါ်စေကြပေ။ မည်သည့်နေရာကို ၎င်းတို့ ယူသင့်ပြီး ကျိုးကြောင်းဆီလျော်သည့် မည်သည့်အရာများကို ၎င်းတို့ လုပ်ဆောင်သင့်ကြောင်း၊ မည်ကဲ့သို့ တာဝန်သိတတ်ရမည် ဖြစ်ကြောင်း၊ မည်သည့် အရာကို ပြောရမည်နှင့် မပြောရမည်ဖြစ်ကြောင်းကိုသာမက မည်သူ့ကို မည်သည့် အရာကို ပြောရပြီး မည်သည့်အရာကို လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ ၎င်းတို့၌ ချင့်ချိန်တတ်သော နားလည်သဘောပေါက်မှု ရှိနိုင်ကြသည်။ ထို့ကြောင့် မိမိတို့စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် အတော်အတန် ယုတ္တိတန်ကြပြီး ထိုသို့သောလူများသာ လူသားပုံသဏ္ဌာန်ကို အမှန်တကယ် အသက်ရှင်နေထိုင်ကြသည်။ သမ္မာတရားကို ၎င်းတို့ နားလည်ကြသောကြောင့် အမှုအရာများကို သမ္မာတရားနှင့်အညီ ပြောဆိုကာ မြင်နိုင်ကြသည်။ ပြီးလျှင် ၎င်းတို့ လုပ်သမျှအရာအားလုံးတွင် ၎င်းတို့သည် ကိုယ်ကျင့်တရားကောင်းကြသည်။ ၎င်းတို့သည် အခြားသူများ၊ ဖြစ်ရပ်များ၊ အမှုအရာများ၏ လွှမ်းမိုးမှုကို ခံရခြင်း မရှိကြပေ၊ ၎င်းတို့အားလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင် အမြင်ရှုထောင့်များ ရှိကြပြီး သမ္မာတရားစည်းမျဉ်းများကို ထိန်းသိမ်းနိုင်ကြသည်။ ၎င်းတို့၏ စိတ်သဘောထားများမှာ အတော်အတန် တည်ငြိမ်ကြသည်၊ ၎င်းတို့သည် အခုတစ်မျိုး တော်ကြာတစ်မျိုး မလုပ်ကြဘဲ ၎င်းတို့၏ အခြေအနေများက မည်သည့်အရာ ဖြစ်ပါစေ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ ဘုရားသခင်၏ စိတ်ကျေနပ်ခြင်းအဖို့ မည်ကဲ့သို့ ပြုမူရမည်ကို သိနားလည်ကြသည်။ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးသော သူများသည် အခြားသူများက ၎င်းတို့အပေါ် အကောင်းမြင်စေရန် အပြင်ပန်းတွင် မည်သည့်အရာ လုပ်ဆောင်ဖို့ကို အာရုံမပြုပေ၊ ၎င်းတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် မည်သည့်အရာ လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ အတွင်း ရှင်းလင်းမှု ရရှိကြပြီးဖြစ်သည်။ ထို့ကြောင့် အပြင်ပန်းတွင် ၎င်းတို့သည် အလွန် စိတ်အားထက်သန်ပုံ မရနိုင်သော်လည်း သို့မဟုတ် အလွန်အရေးကြီးသော အရာတစ်ခုတလေကို လုပ်ဆောင်ပြီးပုံ မရနိုင်သော်လည်း ၎င်းတို့ လုပ်သောအရာမှန်သမျှမှာ အဓိပ္ပာယ်ရှိသည်၊ တန်ဖိုးရှိပြီး လက်တွေ့ဆန်သောရလဒ်များ ဖြစ်ထွန်းလေသည်။ စိတ်သဘောထား ပြောင်းလဲပြီးသောသူများ၌ သမ္မာတရား စစ်မှန်မှု အမြောက်အမြား ရှိသည်မှာ သေချာပြီး အမှုအရာများအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်များနှင့် ၎င်းတို့၏ လုပ်ရပ်များ၏ စည်းမျဉ်းများဖြင့် ဤအရာကို အတည်ပြုနိုင်ပါသည်။ သမ္မာတရားကို မရရှိသေးသူများသည် အသက်စိတ်သဘောထားတွင် မည်သည့် ပြောင်းလဲမှုမျှ လုံးဝ မရရှိကြသေးပေ။ စိတ်သဘောထားရှိ ပြောင်းလဲမှုကို မည်သို့ အတိအကျ စွမ်းဆောင်ရရှိသနည်း။ လူသားများသည် စာတန်၏ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည်၊ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို ခုခံကြပြီး၊ ဘုရားကို ခုခံသည့် သဘာဝရှိကြသည်။ ဘုရားကိုခုခံတတ်သည့် သဘာဝရှိပြီး ဘုရားကို ခုခံနိုင်ကြသူတို့အား ဘုရားကို ကျိုးနွံနာခံပြီး ကြောက်ရွံ့နိုင်ကြသူများအဖြစ်သို့ ပြောင်းလဲခြင်းအားဖြင့် လူတို့ကို ဘုရားသခင် ကယ်တင်သည်။ ဤသည်မှာ မိမိ၏ စိတ်သဘောထား ပြောင်းလဲပြီးသူတစ်ဦးဖြစ်ခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ လူတစ်ဦးသည် မည်မျှ ဖောက်ပြန်ပျက်စီးပါစေ၊ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား မည်မျှရှိသည်ဖြစ်စေ သမ္မာတရားကို လက်ခံနိုင်သရွေ့ ဘုရား၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံနိုင်ပြီး စမ်းသပ်မှုများနှင့် စစ်ဆေးမှုအမျိုးမျိုး လက်ခံနိုင်သရွေ့ ဘုရားသခင်အပေါ် စစ်မှန်သည့် သိနားလည်မှုရှိလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် မိမိတို့ကိုယ်ပိုင် သဘာဝ အနှစ်သာရကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိကြသည့်အခါ မိမိတို့ကိုယ်တိုင်နှင့် စာတန်ကို မုန်းနိုင်ကြလိမ့်မည်၊ ပြီးလျှင် စာတန်ကို ပုန်ကန်ပြီး ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံရန် လိုလားနေကြလိမ့်မည်။ လူတစ်ဦးသည် ဤစိတ်ပိုင်းဖြတ်မှုရှိသည်နှင့် သမ္မာတရားကို လိုက်စားနိုင်သည်။ လူတို့သည် ဘုရားအပေါ် စစ်မှန်သည့် အသိရှိကြပါက ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထား သန့်စင်ခံရပြီး ဘုရားနှုတ်ကပတ်တော်များက ၎င်းတို့အတွင်းတွင် အမြစ်တွယ်ကာ ၎င်းတို့၏ အသက်နှင့် ၎င်းတို့တည်ရှိခြင်း အခြေခံဖြစ်လာပြီးဖြစ်ပါက ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်ပြီး လုံးဝ ပြောင်းလဲကာ လူသစ်များဖြစ်လာပြီးဖြစ်ပါက ဤအရာကို ၎င်းတို့ အသက်စိတ်သဘောထားထဲက ပြောင်းလဲမှုအဖြစ် ယူဆပေသည်။ စိတ်သဘောထားထဲက ပြောင်းလဲမှုတစ်ခုသည် ရင့်ကျက်ပြီး အတွေ့အကြုံရှိသော လူသားသဘာဝရှိခြင်းဟု မဆိုလိုသကဲ့သို့ လူတို့၏ အပြင်ဘက် စိတ်သဘောထားများက ယခင်ထက် ပိုမိုအောက်ကျို့တတ်သည်ဟု မဆိုလိုပေ။ ၎င်းတို့သည် မာနထောင်လွှား ခဲ့ဖူးကြသော်လည်း ယခုအခါ အကျိုးသင့်အကြောင်းသင့် ဆက်ဆံပြောဆိုနိုင်သည် သို့မဟုတ် ၎င်းတို့သည် မည်သူ့ကိုမျှ နားထောင်ခဲ့ခြင်း မရှိသော်လည်း ယခုအခါ အခြားသူများကို အနည်းငယ် နားထောင်နိုင်သည်ဟု မဆိုလိုပေ၊ ဤအပြင်ပန်း အပြောင်းအလဲများကို စိတ်သဘောထား အပြောင်းအလဲများဟု မဆိုနိုင်ပေ။ စိတ်သဘောထားထဲမှ အသွင်ပြောင်းလဲမှုများတွင် ထိုသို့သော သရုပ်သကန်များ ပါဝင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း အရေးအပါဆုံးသော ပါဝင်သည့်အရာမှာ အတွင်းကျကျ ၎င်းတို့၏အသက်တာ ပြောင်းလဲပြီးခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားက ၎င်းတို့ထဲတွင် အမြစ်တွယ်ပြီးဖြစ်ကာ၊ ၎င်းတို့အတွင်းတွင် အုပ်စိုးပြီး ၎င်းတို့အသက် ဖြစ်လာပြီးဖြစ်သောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များလည်း ပြောင်းလဲပြီး ဖြစ်သည်။ လောကထဲနှင့် လူသားမျိုးနွယ်နှင့်ပတ်သက်၍ မည်သည့်အရာဖြစ်နေသည်၊ လူသားမျိုးနွယ်ကို စာတန် ဖောက်ပြန်ပျက်စီးစေပုံ၊ ဘုရားသခင်ကို အဆင်းနီသော နဂါးကြီးက ခုခံပုံနှင့် အဆင်းနီသော နဂါးကြီး၏ အနှစ်သာရကို ၎င်းတို့ ရှင်းရှင်းလင်းလင်း ရိပ်စားမိနိုင်သည်။ ၎င်းတို့ စိတ်နှလုံးတွင် အဆင်းနီသော နဂါးကြီးနှင့် စာတန်ကို မုန်းတီးနိုင်ပြီး ဘုရားဘက်သို့ လုံးဝ လှည့်ကာ ဘုရားနောက် လိုက်နိုင်ကြသည်။ ဤသည်မှာ ၎င်းတို့၏ အသက်စိတ်သဘောထား ပြောင်းလဲပြီးဖြစ်ကာ ဘုရား၏ ရယူခြင်းခံရပြီးဖြစ်သည်ဆိုသည့် သဘောဖြစ်သည်။ အသက်စိတ်သဘောထားထဲက ပြောင်းလဲမှုများသည် အခြေခံကျသော ပြောင်းလဲမှုများဖြစ်သော်လည်း အပြုအမူရှိ အပြောင်းအလဲများမှာ အပေါ်ယံ ဖြစ်သည်။ အသက်စိတ်သဘောထားထဲတွင် ပြောင်းလဲမှုများ စွမ်းဆောင်ရရှိပြီးသည့်သူတို့သာ သမ္မာတရားကို ရရှိပြီးသူများဖြစ်ပြီး ၎င်းတို့သည်သာ ဘုရားသခင်၏ ရယူခြင်းခံရပြီး ဖြစ်လေသည်။
ဖောက်ပြန်ပျက်စီးသော လူသားအားလုံး ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှာ မိမိတို့အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်အတွက် အမှုအရာများကို စွန့်လွှတ်ပြီး မိမိတို့ကိုယ်ကို အသုံးခံကြသည့်အခါ ယင်းသည် ကောင်းချီးခံစားရရန်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိသောအခါ ယင်းသည် ဆုချီးမြှင့်ခြင်းခံရရန်ဖြစ်သည်။ အနှစ်ချုပ်လျှင် အားလုံးက ကောင်းချီးရဖို့၊ ဆုချီးမြှင့်ခြင်းခံရဖို့၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရဖို့ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် အလုပ်လုပ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ၎င်းတို့က ကောင်းချီးရရန် တာဝန်ထမ်းဆောင်ကြသည်။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက် လူတို့သည် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ များစွာသော ဒုက္ခကို ကြံ့ကြံ့ခံနိုင်ခြင်း ဖြစ်သည်။ လူသား၏ ဆိုးယုတ်သော သဘာဝနှင့်ပတ်သက်ပြီး ပိုကောင်းသော အထောက်အထားမရှိပေ။ စိတ်သဘောထားများ ပြောင်းလဲပြီးသည့် လူများသည် ကွဲပြားကြသည်၊ ၎င်းတို့က သမ္မာတရားအားဖြင့် အသက်ရှင်သန်ခြင်းမှ အဓိပ္ပာယ်ရှိလာကြောင်း၊ လူသားဖြစ်ခြင်း၏ အခြေခံမှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်း ဖြစ်ကြောင်း၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံခြင်းသည် လုံးဝ သဘာဝကျပြီး တရားမျှတသည့် တာဝန်ဝတ္တရားတစ်ခု ဖြစ်ကြောင်း၊ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ဖြည့်ဆည်းသည့်လူများသာလျှင် လူသားဟု အခေါ်ခံထိုက်ကြောင်း၊ ပြီးလျှင် ၎င်းတို့က ဘုရားသခင်ကို မချစ်နိုင်သကဲ့သို့ သူ့ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်နိုင်ခြင်း မရှိလျှင် ၎င်းတို့သည် လူသားဟု အခေါ်မခံထိုက်ကြောင်း ခံစားကြရသည်။ ၎င်းတို့က မိမိအတွက် အသက်ရှင်သန်ခြင်းသည် အနှစ်သာရမဲ့ပြီး အဓိပ္ပာယ် မရှိဟုလည်းကောင်း၊ လူတို့က ဘုရားကျေနပ်စေရန်၊ ၎င်းတို့ တာဝန်များကို ကောင်းစွာထမ်းဆောင်ရန်နှင့် အဓိပ္ပာယ်ရှိသော အသက်တာများတွင် နေရန် ရှင်သန်သင့်သည်ဟုလည်းကောင်း ခံစားရပေသည်။ ဤသို့ဖြင့် သေဆုံးရမည့်အချိန်၌ပင် ရောင့်ရဲတင်းတိမ်ကာ နောင်တ စိုးစဉ်းမျှ မရဘဲ ကျေနပ်ပြီး ၎င်းတို့ အချည်းနှီး အသက်ရှင်ခဲ့ခြင်း မဟုတ်ကြောင်း ခံစားကြရလိမ့်မည်။ ကွဲပြားသည့် ဤအခြေအနေနှစ်ခုကို နှိုင်းယှဉ်ရာတွင် ဒုတိယလူသည် စိတ်သဘောထား ပုံသဏ္ဌာန် ပြောင်းလဲသွားပြီးသည့်သူများထဲမှ တစ်ဦးဖြစ်သည်ကို မြင်နိုင်သည်။ လူတစ်ဦး၏ အသက် စိတ်သဘောထားက ပြောင်းလဲသွားလျှင် အသက်တာအပေါ် သူ၏အမြင်သည်လည်း ဧကန်ပြောင်းလဲသွားသည်။ ကွဲပြားသည့် တန်ဖိုးများ ယခုရှိသွားသဖြင့် သူသည် နောက်တစ်ဖန် မည်သည့်အခါမျှ မိမိကိုယ်တိုင်အတွက် အသက်ရှင်တော့မည် မဟုတ်သည့်အပြင် ကောင်းချီးမင်္ဂလာများ ရရှိရန်ဟူသည့် ရည်ရွယ်ချက်အတွက်နှင့် ဘုရားသခင်ကို နောက်တစ်ဖန် မည်သည့်အခါမျှ ယုံကြည်တော့မည် မဟုတ်ပေ။ “ဘုရားသခင်ကို သိကျွမ်းခြင်းက အကျိုးရှိသည်။ ဘုရားသခင်ကို သိကျွမ်းပြီးသည့်နောက် ငါသေသွားလျှင် ယင်းမှာ ကောင်းမည်ဖြစ်သည်။ ဘုရားသခင်ကို ငါသိကျွမ်းနိုင်ပြီး ဘုရားသခင်ကို နာခံနိုင်လျှင် ငါသည် အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်နိုင်လိမ့်မည်၊ ထိုသို့ဆိုလျှင် ငါသည် အချည်းနှီး အသက်ရှင်ခဲ့ခြင်း ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့ နောင်တတစ်စုံတစ်ရာနှင့် သေဆုံးရမည်လည်း မဟုတ်။ ငါ၌ ညည်းညူစရာများ လုံးဝရှိလိမ့်မည်မဟုတ်” ဟု သူပြောနိုင်လိမ့်မည်။ ဤလူ၏ အသက်တာအပေါ် အမြင်သည် ပြောင်းလဲပြီးဖြစ်သည်။ ထို့ကြောင့် လူတစ်ဦး၏ အသက်စိတ်သဘောထား၌ အပြောင်းအလဲတစ်ရပ်အတွက် အဓိကအကြောင်းရင်းမှာ လူတစ်ဦးသည် သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်ကာ သမ္မာတရားကို ရရှိပြီးဖြစ်၍ ဘုရားသခင်အား သိကျွမ်းမှုရှိခြင်း ဖြစ်၏။ ထို့အတွက်ကြောင့် လူတစ်ဦး၏ ဘဝအပေါ် အမြင်သည် ပြောင်းလဲသွားပြီး ထိုသူ၏ စံတန်ဖိုးများသည်လည်း ယခင်နှင့် ကွာခြားသွား၏။ ပုံသဏ္ဌာန်ပြောင်းလဲမှုသည် လူတစ်ဦး၏ စိတ်နှလုံးနှင့် အသက်တာမှ စတင်၏။ ယင်းသည် အပြင်ပန်း ပြောင်းလဲမှုသက်သက် ဧကန်မုချမဟုတ်။ အချို့သော ယုံကြည်သူအသစ်များသည် ဘုရားသခင်ကို စတင်၍ ယုံကြည်လာသည့်နောက် လောကီကမ္ဘာကို ချန်ထားခဲ့ကြသည်။ နောက်ပိုင်းတွင် ဘာသာတရားမရှိသူများနှင့် ကြုံကြိုက်သောအခါ ဤယုံကြည်သူများတွင် ပြောစရာ အနည်းငယ်သာရှိပြီး ဘာသာတရားမရှိသူ ဆွေမျိုးများနှင့် မိတ်ဆွေများကို ဆက်သွယ်ခဲ၏။ မယုံကြည်သူများက “ဤလူ ပြောင်းလဲသွားပြီ” ဟုပြောကြ၏။ ထို့နောက် ဘာသာတရားမရှိသူများက “ငါ့အသက်စိတ်သဘောထားက ပုံသဏ္ဌာန်ပြောင်းလဲသွားလေပြီ၊ ငါပြောင်းလဲသွားပြီဟု ဤဘာသာတရားမရှိသူများက ပြောကြ၏” ဟု တွေးတတ်ကြသည်။ အမှန်အားဖြင့် ထိုသို့သောသူ၏ စိတ်သဘောထားသည် ပြောင်းလဲသွားခဲ့ပြီလော။ မပြောင်းလဲသေးပေ။ သူပေါ်လွင်ထင်ရှားပြသည့်အရာတို့မှာ အပြင်ပန်း အပြောင်းအလဲများမျှသာ ဖြစ်၏။ သူ့အသက်တာတွင် မည်သည့်အပြောင်းအလဲစစ်စစ်မျှ မရှိဘဲ သူ၏ ဆိုးယုတ်သော သဘာဝသည် သူ၏ စိတ်နှလုံးအတွင်း၌ လုံးဝမထိမခိုက် အမြစ်တွယ်နေဆဲ ရှိ၏။ တစ်ခါတစ်ရံတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကြောင့် လူတို့သည် စိတ်အားထက်သန်မှု၏ ဖမ်းစားထားခြင်းကို ခံကြရ၏၊ အပြင်ပန်းအပြောင်းအလဲအချို့ ပေါ်ပေါက်ကောင်း ပေါ်ပေါက်နိုင်ပြီး သူတို့သည် ကောင်းမှုအနည်းငယ်ကို လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သည်။ သို့သော် ဤသည်မှာ စိတ်သဘောထား ပုံသဏ္ဌာန်ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိခြင်းနှင့် မတူပေ။ သင်သည် သမ္မာတရားကို မပိုင်ဆိုင်ဘဲ အမှုအရာများအပေါ် သင်၏အမြင်သည် ဘာသာတရားမရှိသူများ၏ အမြင်နှင့်ပင် မကွာခြားတော့သည့် အတိုင်းအတာအထိ မပြောင်းလဲပါက၊ ဘဝအပေါ်ထားသည့် သင်၏ အမြင်များနှင့် စံနှုန်းများသည်လည်း ပြောင်းလဲခြင်း မရှိပါက၊ ထို့ပြင် ယုတ်စွအဆုံး သင်ပိုင်ဆိုင်သင့်သော အရာဖြစ်သည့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး သင်၌ မရှိပါက သင်သည် စိတ်သဘောထား ပြောင်းလဲမှုကို စွမ်းဆောင်ရရှိမည့်အဖြစ်မှ ဝေးလွန်းလှ၏။ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရန် အဓိကအကျဆုံးအရာမှာ ဘုရားသခင်ကို နားလည်ဖို့ လိုက်စားရမည်ဖြစ်ပြီး သူ့ကို အစစ်အမှန် နားလည်မှုတစ်ခုရှိရမည်။ ပေတရုကို ဥပမာအဖြစ် ကြည့်လော့။ စာတန်ထံသို့ သူ့ကို လက်လွှဲပေးဖို့ ဘုရားသခင်က အလိုရှိခဲ့သောအချိန်တွင် “ကိုယ်တော်က ကျွန်ုပ်ကို စာတန်ထံ ပေးလိုက်လျှင်ပင် ကိုယ်တော်က ဘုရားသခင်ဖြစ်နေဆဲပါ။ ကိုယ်တော်သည် အနန္တတန်ခိုးရှင် ဖြစ်ပါသည်။ ပြီးလျှင် အရာခပ်သိမ်းသည် ကိုယ်တော့်လက်ထဲတွင် ရှိပါသည်။ ကိုယ်တော် လုပ်သည့်အရာများအတွက် ကိုယ်တော့်ကို ကျွန်ုပ် မချီးမွမ်းဘဲ မည်သို့များ နေနိုင်မည်နည်း။ သို့ရာတွင် ကျွန်ုပ် မသေမီ ကိုယ်တော့်ကို သိခွင့်ရနိုင်ခဲ့လျှင် ယင်းမှာ ပို၍ မကောင်းပေသလော” ဟု သူက ပြောခဲ့သည်။ လူများ၏ အသက်တာတွင် ဘုရားသခင်ကို သိခြင်းသည် အရေးအကြီးဆုံး ဖြစ်သည်ဟု သူခံစားခဲ့ရသည်။ ဘုရားသခင်ကို သိပြီးနောက်တွင် မည်သို့သော သေခြင်းမျိုးမဆိုသည် ကိစ္စမရှိပေ၊ ထို့ပြင် ယင်းကို ဘုရားသခင် ကိုင်တွယ်ခဲ့သည့် မည်သည့်နည်းမဆိုသည် ကောင်းမွန်ပေသည်။ ဘုရားသခင်ကို သိခြင်းသည် အရေးအပါဆုံးအရာ ဖြစ်သည်ဟု သူခံစားခဲ့ရသည်။ အကယ်၍ သူသည် သမ္မာတရားကို မရခဲ့လျှင် သူမည်သည့်အခါမျှ ကျေနပ်နိုင်မည် မဟုတ်သော်လည်း ဘုရားသခင်ထံ စောဒကတက်မည်လည်း မဟုတ်ပေ။ သမ္မာတရားကို သူမလိုက်စားခဲ့မိသည့်အချက်ကိုသာ သူမုန်းတီးနေလိမ့်မည်။ ပေတရု၏ စိတ်ဓာတ်ကိုထောက်ဆလျှင် ဘုရားသခင်ကို သိရန် သူ၏အလွန်စိတ်ထက်သန်သော လိုက်စားခြင်းက သူ၏အသက်တာအမြင်နှင့် စံနှုန်းများသည် ပြောင်းလဲသွားပြီဖြစ်ကြောင်း ပြသည်။ ဘုရားသခင်ကို သိဖို့ သူ၏ နက်ရှိုင်းသောအာသီသက ဘုရားသခင်ကို သူအမှန်တကယ် သိခဲ့ကြောင်းကို သက်သေပြသည်။ ထို့ကြောင့် ဤစကားမှနေ၍ လူတစ်ဦးသည် သူ၏စိတ်သဘောထား ပြောင်းလဲသွားပြီဆိုသည်ကို မြင်နိုင်သည်။ သူသည် စိတ်သဘောထား ပြောင်းလဲသွားသော လူတစ်ယောက်ဖြစ်သည်။ သူ့အတွေ့အကြုံ၏ အဆုံးသတ်တွင် သူသည် ဘုရားသခင်ကို အသိဆုံးသော လူတစ်ဦးဖြစ်သည်၊ သူသည် ဘုရားသခင်ကို အမှန်တကယ် ချစ်သောလူတစ်ဦးဖြစ်သည်ဟု ဘုရားသခင်က ပြောခဲ့သည်။ သမ္မာတရား မရှိဘဲ လူတစ်ဦး၏ အသက်စိတ်သဘောထားသည် မည်သည့်အခါမျှ အမှန်တကယ် မပြောင်းလဲနိုင်ပေ။ အကယ်၍ သင်တို့သည် သမ္မာတရားကို အမှန်တကယ် လိုက်စားနိုင်ပြီး သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်မှသာ သင့်အသက်စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုကို သင်ရရှိနိုင်မည်ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။