သမ္မာတရားနှင့် ဘုရားသခင်အား မည်သို့ ချဉ်းကပ်ရမည်ဆိုသည်နှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၄)

သမ္မာတရားကို လိုက်စားခြင်း၏ အရေးအကြီးဆုံးသော အပိုင်းမှာ ဘုရားနှုတ်ကပတ်တော်များအား ဖတ်ရှုခြင်းကို အာရုံစိုက်ရန်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှ လူတစ်ဦး ရရှိနိုင်သည့် ပမာဏသည် ထိုသူ၏ သဘောပေါက်နားလည်နိုင်စွမ်းပေါ်တွင် မူတည်သည်။ လူတိုင်း ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသော်ငြားလည်း အချို့က စစ်မှန်သော အဓိပ္ပာယ်ကို သဘောပေါက်နိုင်ပြီး ယင်းတို့ထဲတွင် အလင်းကို ရှာတွေ့နိုင်ကာ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုသရွေ့ တစ်စုံတစ်ခုကို ရရှိလိမ့်မည် ဖြစ်သည်။ သို့ရာတွင် အခြားလူများမှာမူ ထိုသို့ မဟုတ်ကြချေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါတွင် အယူဝါဒများကို နားလည်ခြင်းကိုသာ အာရုံစိုက်ကြသည်။ ဤအရာ၏ ရလဒ်မှာ ဘုရားနှုတ်ကပတ်တော်များကို နှစ်အနည်းငယ်ကြာ ဖတ်ရှုပြီးသည့်နောက်တွင် ၎င်းတို့သည် အယူဝါဒများစွာကို နားလည်သည့်တိုင် ပြဿနာများကို ၎င်းတို့ တွေ့ကြုံရသည့်အခါတိုင်း မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့ သိရှိခဲ့သည့်အရာတစ်ခုမျှ အသုံးမတည့်ပေ။ ဤနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ လူများအားလုံးသည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုနေလင့်ကစား ရလဒ်များက ကွဲပြားခြားနားသည်။ သမ္မာတရားကို ချစ်သည့်သူများသည် ယင်းကို လက်ခံနိုင်သော်လည်း သမ္မာတရားကို မချစ်သည့်သူများကမူ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုလျှင်ပင် ယင်းကို လက်ခံရန် လိုလားခြင်း မရှိကြပေ။ ၎င်းတို့သည် မည်သည့်ပြဿနာများကို ကြုံတွေ့ရပါစေ ဘုရားနှုတ်ကပတ်တော်များ၌ သမ္မာတရားကို ရှာဖွေကြလိမ့်မည် မဟုတ်ချေ။ အတွေ့အကြုံအနည်းငယ် ရှိသူတို့သည် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုသည့်အခါတွင် လက်တွေ့ကျသော အမှုကိစ္စအချို့ကို ဆွေးနွေးနိုင်ပြီး သမ္မာတရားနှင့်ပတ်သက်သော ၎င်းတို့၏ လက်တွေ့ကျသော အသိပညာအကြောင်း ပြောနိုင်ကြသည်။ ဤသည်မှာ သမ္မာတရားကို နားလည်ခြင်း ဖြစ်သည်။ အတွေ့အကြုံ မရှိသည့်သူများကမူ ဘုရားနှုတ်ကပတ်တော်၏ တိုက်ရိုက်အဓိပ္ပာယ်ကိုသာ နားလည်သဘောပေါက်ကြပြီး အသိပညာနှင့် အတွေ့အကြုံ စိုးစဉ်းမျှ မရှိကြပေ။ ဤအရာကို သမ္မာတရားကို နားလည်ခြင်းဟု မှတ်ယူ၍မရပေ။ ခေါင်းဆောင်အချို့က ၎င်းတို့သည် အထူးသဖြင့် သမ္မာတရားဖြင့် ထောက်ပံ့ပေးရန် အသင်းတော်ကို သွားခြင်းဖြစ်သည်ဟု အခြားသူများကို ၎င်းတို့က မကြာခဏ ပြောကြသည်။ ဤစကားက မှန်ကန်သလော။ “သမ္မာတရားဖြင့် ထောက်ပံ့ပေးရန်” ဟူသည့် စကားများကို ပေါ့တန်စွာ မပြောဆိုသင့်ပေ။ မည်သူက သမ္မာတရားကို ပိုင်ဆိုင်သနည်း။ မိမိသည် သမ္မာတရာ ပံ့ပိုးပေးပါသည်ဟု မည်သူက အခိုင်အမာဆိုဝံ့သနည်း။ ဤအခိုင်အမာပြောဆိုချက်သည် အလွန် ဟိတ်ဟန်များသည် မဟုတ်လော။ ဘုရားသခင်ကို သင်ယုံကြည်ပြီး သူ့နောက်လိုက်သည့်အခါတွင် သင်သည် သမ္မာတရားကို လက်ခံပြီး လိုက်စားသည့်သူတစ်ဦးမျှသာ ဖြစ်ချေ၏။ ဤအရာကို သင်လုပ်ဆောင်နိုင်လျှင် ယင်းမှာ အတော်အတန် ကောင်းမွန်ပြီးသားဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မျှ သမ္မာတရားကို မပိုင်ဆိုင်သောကြောင့် လူတစ်ဦးသည် သမ္မာတရားအချို့ကို နားလည်နိုင်ပြီး သမ္မာတရားနှင့်ပတ်သက်သော အချို့သော အတွေ့အကြုံနှင့် အသိပညာအကြောင်းကို ပြောဆိုနိုင်လျှင်ပင် ထိုသူသည် သမ္မာတရားကို ပံ့ပိုးပေးသည်ဟု ပြော၍မရနိုင်ပေ။ အချို့သော အတွေ့အကြုံနှင့် အသိပညာတို့အကြောင်း ပြောဆိုခြင်းကို သမ္မာတရားဖြင့် ပံ့ပိုးပေးခြင်းဟု အဘယ်သို့များ ခေါ်ဝေါ်နိုင်သနည်း။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရေလောင်းခြင်းအလုပ်ကို ထမ်းဆောင်ခြင်းနှင့် အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်ခြင်းအတွက် အထူးတလည် တာဝန်ရှိခြင်း အဖြစ်သာ သရုပ်ဖော်ပြနိုင်လေသည်။ ၎င်းတို့သည် သမ္မာတရားကို ပံ့ပိုးပေးနေသည်ဟု ပြောဆို၍မရနိုင်ပေ။ လူတစ်ဦးသည် ဝိညာဉ်ရင့်ကျက်မှုအချို့ ရှိလျှင်ပင် ထိုသူသည် အခြားသူများကို သမ္မာတရားဖြင့် ပံ့ပိုးပေးနေသည်ဟု ပြော၍မရနိုင်သေးပေ။ ဤအရာကို လုံးဝ ပြော၍မရနိုင်ပေ။ လူအယောက်မည်မျှသည် သမ္မာတရားကို နားလည်ကြသနည်း။ လူတစ်ဦး၏ ဝိညာဉ်ရင့်ကျက်မှုသည် သူက သမ္မာတရားဖြင့် ပံ့ပိုးပေးရန် အရည်အချင်းပြည့်ဝစေသလော။ တစ်စုံတစ်ဦးသည် သမ္မာတရားနှင့်ပတ်သက်သော အတွေ့အကြုံနှင့် အသိပညာရှိလျှင်ပင် ထိုသူသည် သမ္မာတရားဖြင့် ပံ့ပိုးပေးနိုင်သည်ဟု ဆို၍မရနိုင်ပေ။ ယင်းကို လုံးဝ ဆို၍မရနိုင်ပေ။ ယင်းမှာ အလွန်ပင် ကျိုးကြောင်းဆီလျော်မှု မရှိချေ။ အချို့သောလူများသည် ၎င်းတို့က သမ္မာတရားကို များစွာ နားလည်လေသည့်အလား အသင်းတော်ကို ရေလောင်းရာတွင်လည်းကောင်း၊ သမ္မာတရားဖြင့် ပံ့ပိုးပေးရာတွင်လည်းကောင်း ဂုဏ်ယူကြသည်။ သို့ရာတွင် ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်စွမ်း မရှိကြပေ။ ဤသည်မှာ ဆန့်ကျင်ကွဲလွဲနေသည် မဟုတ်လော။ တစ်စုံတစ်ဦးက သမ္မာတရားသည် မည်သည့်အရာ ဖြစ်ကြောင်း သင့်ကို မေးမြန်းပြီး သင်က “ဘုရားနှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်။ သမ္မာတရားသည် ဘုရားနှုတ်ကပတ်တော် ဖြစ်သည်” ဟု ဖြေလျှင် သင်သည် သမ္မာတရားကို နားလည်သလော။ သင်သည် စကားများနှင့် အယူဝါဒများကိုသာ ပြောဆိုနိုင်ခြင်း ဖြစ်ပြီး သမ္မာတရားဟူသည်မှာ မည်သည့်အရာဖြစ်ကြောင်းနှင့် ပတ်သက်သည့် အတွေ့အကြုံနှင့် အသိပညာ ကင်းမဲ့သောကြောင့် သင်သည် အခြားသူများအား သမ္မာတရားဖြင့် ပံ့ပိုးပေးရန် အရည်အချင်း မပြည့်မီပေ။ ယခုအချိန်တွင် ခေါင်းဆောင်များအဖြစ် အစေခံသည့်သူများအားလုံးသည် အတွေ့အကြုံ ကင်းမဲ့လေသည်။ ၎င်းတို့သည် အစွမ်းအစအနည်းငယ်နှင့် သမ္မာတရားကို လိုက်စားရန် လိုလားမှုတို့သာ ရှိ၏။ ၎င်းတို့သည် ပြုစုပျိုးထောင်ပေးရန်နှင့် လေ့ကျင့်ပေးရန် သင့်တော်သလို တာဝန်များ ထမ်းဆောင်ရာတွင် ဦးဆောင်နိုင်ကြသည်။ ၎င်းတို့က အသိပညာအချို့အကြောင်း မိတ်သဟာယပြုပေးနိုင်လျှင်ပင် ယင်းမှာ ၎င်းတို့က သမ္မာတရားဖြင့် ပံ့ပိုးပေးသည်ဟု မည်သို့များ ဆိုနိုင်သနည်း။ ခေါင်းဆောင်နှင့် အမှုဆောင်အများစုတို့သည် အသိပညာအချို့အကြောင်း ပြောဆိုနိုင်ကြသော်လည်း ယင်းမှာ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှု ရှိသည်ဟု မဆိုလိုပေ။ အမှန်မှာမူ ၎င်းတို့သည် တရားဒေသနာများကို နှစ်ပေါင်းများစွာ နားထောင်ခဲ့ကြပြီး အပေါ်ယံ အသိပညာအနည်းငယ် ရှိကြသည်။ ၎င်းတို့သည် သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုပေးရန် လိုလားနေကြပြီး အခြားသူများအတွက် အတော်အတန် အထောက်အကူ ပြုနိုင်သော်လည်း ၎င်းတို့သည် သမ္မာတရားကို ပံ့ပိုးပေးနေသည်ဟု မဆိုနိုင်ပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သမ္မာတရားဖြင့် ပံ့ပိုးပေးနိုင်စွမ်း ရှိကြသလော။ လုံးဝ မရှိကြပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တရားဟောပြီး အသင်းတော်ကို ရေလောင်းပေးကြသည်။ အရေးအကြီးဆုံးမှာ ၎င်းတို့သည် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းနိုင်စွမ်းရှိရမည်ဖြစ်ကာ ယင်းသည်သာ အသင်းတော်ကို ၎င်းတို့ အမှန်တကယ် ရေလောင်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ယခုအချိန်တွင် ခေါင်းဆောင်နှင့် အမှုဆောင်အများစုသည် လက်တွေ့ကျသော ပြဿနာများစွာကို ဖြေရှင်းနိုင်စွမ်း မရှိကြသေးပေ။ ၎င်းတို့သည် သမ္မာတရားနှင့်သက်ဆိုင်သော အသိပညာအချို့အပေါ် မိတ်သဟာယပြုပေးနိုင်လျှင်ပင် ၎င်းတို့ပြောသည့် အရာအများစုသည် စကားများနှင့် အယူဝါဒများသာ ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုနှင့်ပတ်သက်၍ ရှင်းလင်းစွာ မိတ်သဟာယမပြုပေးနိုင်သောကြောင့် ပြဿနာများကို အမှန်တကယ် ဖြေရှင်းနိုင်သလော။ ခေါင်းဆောင်နှင့် အမှုဆောင်အများစုသည် သဘောပေါက်နားလည်နိုင်စွမ်း အနည်းငယ်သာ ရှိပြီး လက်တွေ့ကျသော အတွေ့အကြုံများစွာ မရှိသေးပေ။ ယင်းမှာ ၎င်းတို့သည် အခြားသူများထက် သမ္မာတရားကို ပိုနားလည်ပြီး သမ္မာတရား စစ်မှန်မှု ပို၍ရှိသည်ဟု ဆိုနိုင်သလော။ ဤသည်ကို မဆိုနိုင်ပေ။ ၎င်းတို့သည် ဤသို့ဆိုရန် စံမမီကြပေ။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပျိုးထောင်ပေးရန် ရည်ရွယ်ချက်သက်သက်ဖြင့် ရာထူးတိုးမြှင့်ခံရခြင်း ဖြစ်သည်။ ၎င်းတို့သည် အစွမ်းအစ အနည်းငယ်ရှိကာ သဘောပေါက်နားလည်နိုင်စွမ်း အနည်းငယ် ပိုင်ဆိုင်သကဲ့သို့ ၎င်းတို့၏ မိသားစု ပတ်ဝန်းကျင်က သင့်တော်သောကြောင့် ၎င်းတို့သည် လက်တွေ့လုပ်ဆောင်ခွင့်ရှိသည်။ ယင်းမှာ တစ်စုံတစ်ဦးကို ရာထူးတိုးပေးခြင်းသည် ၎င်းအနေဖြင့် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်ပြီး သမ္မာတရားဖြင့် ပံ့ပိုးပေးနိုင်သည့်အလား ဆိုလိုခြင်း မဟုတ်ချေ။ သမ္မာတရားကို လိုက်စားသည့်သူများသည် အခြားသူများရှေ့တွင် ဉာဏ်အလင်းပွင့်ခြင်းနှင့် အလင်းတို့ ရရှိသော်လည်း ထိုအလင်းငယ်လေးသည် သမ္မာတရား၏ စံကို မမီပေ၊ ယင်းသည် သမ္မာတရား၏ တစ်စိတ်တစ်ပိုင်း မဟုတ်ဘဲ သမ္မာတရားနှင့် ကိုက်ညီမှု ရှိခြင်းသာ ဖြစ်၏။ ဘုရားသခင် တိုက်ရိုက်ဖော်ပြသည့်အရာသာလျှင် သမ္မာတရားဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူများကို ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုနှင့်အညီ ဉာဏ်အလင်းပေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းသည်သာလျှင် သမ္မာတရားနှင့် ကိုက်ညီသည်။ သူသည် လူများအား သမ္မာတရားကို တိုက်ရိုက်မပြောပေ။ ထိုအစား သူသည် ၎င်းတို့ ရရှိနိုင်သည့် အလင်းကို ပေးသည်။ ဤအရာကို သင်နားလည်ရမည်။ လူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များအပေါ် ထိုးထွင်းအမြင်အချို့ ရှိပြီး အတွေ့အကြုံမှ အသိပညာအချို့ ရရှိလျှင် ဤအရာကို သမ္မာတရားအဖြစ် မှတ်ယူ၍ ရသလော။ မရပေ။ အများဆုံးအနေဖြင့် သူသည် သမ္မာတရားနှင့်ပတ်သက်သော နားလည်မှုအချို့ရှိ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့်ဆိုင်သော စကားများသည် ဘုရားနှုတ်ကပတ်တော်များကို ကိုယ်စားမပြု၊ သမ္မာတရားကို ကိုယ်စားမပြုသကဲ့သို့ သမ္မာတရားလည်း မဟုတ်ချေ။ အများဆုံးအနေဖြင့် လူတစ်ဦးသည် သမ္မာတရားနှင့်ဆိုင်သော နားလည်မှုအချို့ရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အနည်းငယ် ဉာဏ်အလင်းပေးခြင်း ခံရသည်။ လူတစ်ဦးသည် သမ္မာတရားနှင့်ပတ်သက်သော နားလည်မှုအချို့ရှိပြီး ထို့နောက်တွင် အခြားသူများကို ပံ့ပိုးပေးလျှင် သူလုပ်ဆောင်သမျှသည် သူ၏ နားလည်မှုနှင့် အတွေ့အကြုံတို့ဖြင့် အခြားသူများကို ပံ့ပိုးပေးနေခြင်းသာ ဖြစ်သည်။ သူသည် အခြားသူများကို သမ္မာတရားဖြင့် ပံ့ပိုးပေးနေသည်ဟု သင်ဆို၍ မရနိုင်ပေ။ သူသည် သမ္မာတရားအပေါ် မိတ်သဟာယပြုပေးနေသည်ဟု သင်ဆိုလျှင် အဆင်ပြေသည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်သော သရုပ်ဖော်ချက် ဖြစ်သည်။ ငါ အဘယ်ကြောင့် ဤအရာကို ပြောသနည်း။ အကြောင်းမှာ သင်မိတ်သဟာယပြုနေသည့် အရာသည် သမ္မာတရားနှင့်ပတ်သက်သည့် သင်၏ နားလည်မှု ဖြစ်သောကြောင့်တည်း။ ယင်းက သမ္မာတရားကိုယ်၌နှင့် မညီမျှပေ။ ထို့ကြောင့် သင်သည် နားလည်မှုနှင့် အတွေ့အကြုံအချို့ကို မိတ်သဟာယပြုပေးနေခြင်း ဖြစ်သည်ဟုသာ ဆိုနိုင်သည်။ သင်သည် သမ္မာတရားကို ပံ့ပိုးပေးနေသည်ဟု မည်သို့များ ပြောနိုင်သနည်း။ သမ္မာတရားကို ပံ့ပိုးပေးခြင်းသည် ရိုးရှင်းသော ကိစ္စတစ်ရပ် မဟုတ်ချေ။ မည်သူက ဤစာကြောင်းကို ပြောဆိုရန် ထိုက်တန်သနည်း။ ဘုရားသခင်သည်သာလျှင် လူများအား သမ္မာတရားကို ပံ့ပိုးပေးနိုင်စွမ်း ရှိ၏။ လူများသည် ပံ့ပိုးပေးနိုင်စွမ်း ရှိသလော။ သို့ဖြစ်၍ ဤကိစ္စကို သင်သည် ရှင်းလင်းစွာ မြင်ရမည်။ ဤသည်မှာ မှားယွင်းသော စကားများကို အသုံးပြုသည့် ပြဿနာတစ်ရပ်သာ မဟုတ်ဘဲ အဓိကအချက်မှာ သင်သည် အမှန်တရားကို ချိုးဖောက်ခြင်းနှင့် လိုရာဆွဲပြောခြင်းသာ ဖြစ်သည်။ သင်အခိုင်အမာဆိုသည့်အရာမှာ ပုံကြီးချဲ့နေခြင်း ဖြစ်သည်။ လူများသည် ဘုရားနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ နားလည်မှုအချို့နှင့် အတွေ့အကြုံ ရှိကောင်း ရှိနိုင်သော်လည်း ၎င်းတို့သည် သမ္မာတရားရှိသည်၊ သို့မဟုတ် ၎င်းတို့သည် သမ္မာတရားနှင့်သက်ဆိုင်သည်ဟု သင်ဆို၍မရနိုင်ပေ။ ဤအရာကို သင်လုံးဝ ဆို၍မရနိုင်ပေ။ လူများသည် သမ္မာတရားမှ မည်မျှနားလည်ခြင်း ရရှိပါစေ ၎င်းတို့သည် သမ္မာတရားနှင့်သက်ဆိုင်သည်ဟု မဆိုထားနှင့် သမ္မာတရား၏ အသက်ကို ပိုင်ဆိုင်သည်ဟုပင် သင်မဆိုနိုင်ပေ။ ဤအရာကို သင်လုံးဝ မဆိုနိုင်ပေ။ လူတို့သည် သမ္မာတရား အနည်းငယ်သာ နားလည်ပြီး အလင်းအနည်းငယ်ရှိကြကာ လက်တွေ့လုပ်ဆောင်မှု နည်းလမ်းအချို့သာ ရှိကြသည်။ ၎င်းတို့သည် ကျိုးနွံနာခံမှု၏ လက်တွေ့အရှိတရား အချို့နှင့် စစ်မှန်သော ပြောင်းလဲမှုအချို့သာ ရှိလေသည်။ သို့ရာတွင် ၎င်းတို့သည် သမ္မာတရား ရရှိပြီးဖြစ်သည်ဟု သင်မဆိုနိုင်ပေ။ ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြခြင်းအားဖြင့် လူတို့အား အသက်ကို ထောက်ပံ့ပေးသည်။ ဘုရားသခင်သည် သူ့ကို အစေခံဖို့နှင့် စိတ်ကျေနပ်စေဖို့အလို့ငှာ လူတို့အား သမ္မာတရားကို နားလည်ပြီး သမ္မာတရားကို ရရှိဖို့ တောင်းဆိုသည်။ လူတို့သည် သမ္မာတရားကို အမှန်တကယ် ရရှိပြီးဖြစ်သည်အထိ ဘုရားအမှုတော်ကို တွေ့ကြုံခံစားသည့် နေ့ရက်အချိန် ရောက်လာလျှင်ပင် လူများသည် သမ္မာတရားကို ပိုင်ဆိုင်သည်ဟု ပြောဖို့ မဆိုထားနှင့် လူများသည် သမ္မာတရားနှင့်သက်ဆိုင်သည်ဟုပင် သင်ပြော၍မရသေးပေ။ အကြောင်းမှာ လူတို့သည် အတွေ့အကြုံ နှစ်ပေါင်းများစွာ ထပ်မံရရှိလျှင်ပင် ၎င်းတို့ ရရှိမည့် သမ္မာတရား ပမာဏသည် အကန့်အသတ်ရှိနေပြီး ယင်းမှာ အလွန် ပေါ့တန်သော ပမာဏသာ ဖြစ်သောကြောင့်တည်း။ သမ္မာတရားသည် အနက်ရှိုင်းဆုံးနှင့် အနက်နဲဆုံးသော အရာဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း ဖြစ်သည်။ လူတို့သည် သမ္မာတရားကို တစ်သက်လုံး တွေ့ကြုံရလျှင်ပင် ထိုသမ္မာတရားထံမှ ၎င်းတို့ရရှိသည့်အရာသည် အလွန်နည်းပါးလိမ့်မည်။ လူတို့သည် သမ္မာတရားကို မည်သည့်အခါမျှ လုံးလုံးလျားလျား ရရှိနိုင်မည် မဟုတ်ချေ၊ လုံးလုံးလျားလျား နားလည်နိုင်မည် မဟုတ်ချေ၊ သို့မဟုတ် လုံးလုံးလျားလျား အသက်ရှင်နေထိုင်နိုင်မည် မဟုတ်ချေ။ ဤသည်မှာ လူများသည် ဘုရားသခင်၏ မျက်မှောက်တော်တွင် အစဉ်သဖြင့် ကလေးငယ်များသာ ဖြစ်နေမည်ဟု ဘုရားသခင် ပြောသည့်အချိန်က သူဆိုလိုသည့်အရာ ဖြစ်သည်။

လူအချို့သည် ဘုရားသခင် ဖော်ပြခဲ့သော သမ္မာတရားများနှင့်သက်ဆိုင်သည့် အတွေ့အကြုံနှင့် အသိပညာကိုလည်းကောင်း၊ သမ္မာတရား၏ ရှုထောင့်တိုင်းအပေါ် စေ့စေ့စပ်စပ် နားလည်မှုကိုလည်းကောင်း ပိုင်ဆိုင်ကာ သမ္မာတရားအတိုင်း ပြုမူဆောင်ရွက်နိုင်သည်နှင့် ၎င်းတို့သည် သမ္မာတရားကို ဖော်ပြနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။ ထိုသို့ယုံကြည်ခြင်းအားဖြင့် “အသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏” (ဖိလိပ္ပိ သြဝါဒစာ ၁:၂၁) ဟု ပေါလုပြောခဲ့သကဲ့သို့ပင် ခရစ်တော်အဖြစ် အသက်ရှင်ခြင်း ဖြစ်လိမ့်မည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ ထိုအမြင်ရှုထောင့်သည် မှန်ကန်သလော။ ယင်းသည် “လူဘုရားများ” ဟူသည့် ငြင်းခုံချက်ကို နောက်ထပ် ထောက်ခံအားပေးခြင်းဖြစ်သည် မဟုတ်လော။ ဤသည်မှာ လုံးဝ မှားယွင်း၏။ လူများသည် အမှုအရာတစ်ခုကို နားလည်ရမည်။ သင်သည် သမ္မာတရားနှင့်ဆိုင်သော အတွေ့အကြုံနှင့် အသိပညာ မည်မျှ များပြားပါစေ၊ သို့မဟုတ် သင်သည် သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ပြီးဖြစ်ကာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်လျှင်ပင်၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်အတွက် သက်သေခံနိုင်လျှင်ပင်၊ သင်၏ အသက်ဝင်ရောက်မှုသည် မည်မျှ မြင့်မားလာပါစေ၊ သို့မဟုတ် နက်နဲလာပါစေ သင်၏ အသက်သည် လူ့အသက်ဖြစ်နေဆဲဖြစ်ကာ လူသားတစ်ဦးသည် မည်သည့်အခါမျှ ဘုရားသခင် ဖြစ်မလာနိုင်ပေ။ ဤသည်မှာ လူတို့နားလည်ရမည့် အကြွင်းမဲ့အမှန်တရားဖြစ်သည်။ အဆုံးတွင် သင်သည် သမ္မာတရား၏ ရှုထောင့်တိုင်းနှင့် ပတ်သက်၍ အတွေ့အကြုံနှင့် နားလည်မှုကို ရကာ ဘုရားသခင်အား သင့်ကို စီစဉ်ညွှန်ကြားခွင့်ပေးပြီး စုံလင်စေခြင်းခံရသော လူတစ်ဦး ဖြစ်လာလျှင်ပင် သင်သည် သမ္မာတရားနှင့် သက်ဆိုင်သည်ဟု မဆိုနိုင်သေးပေ။ စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို သင်ပြောနိုင်သည်ဆိုလျှင်ပင် သင်သည် သမ္မာတရားကို ဖော်ပြနိုင်သည်ဟု မဆိုလိုပေ။ ယခင်က အကြင်သူတစ်ဦးသည် “အတွင်း၌ ခရစ်တော်၏ အသက်” ရှိကြောင်း ဘာသာရေးအုပ်စုများအတွင်းတွင် ပြောလေ့ရှိခဲ့ကြသည်။ ဤသည်မှာ မှားယွင်းပြီး မရေရာသော စကားတစ်ခုဖြစ်သည်။ လူများသည် ဤအရာကို မပြောတော့သော်လည်း ဤကိစ္စနှင့်ပတ်သက်သည့် ၎င်းတို့၏ နားလည်မှုသည် မရှင်းလင်းပေ။ လူအချို့က “ကျွန်ုပ်တို့သည် သမ္မာတရားကို ရရှိပြီးဖြစ်ကာ ကျွန်ုပ်တို့အတွင်း၌ သမ္မာတရား ရှိသည့်အတွက် ကျွန်ုပ်တို့သည် သမ္မာတရားကို ပိုင်ဆိုင်ပြီး ကျွန်ုပ်တို့၏ စိတ်နှလုံးများတွင် သမ္မာတရားရှိကာ သမ္မာတရားကို ကျွန်ုပ်တို့ ဖော်ပြ၍လည်း ရနိုင်သည်” ဟု တွေးထင်ကြသည်။ ဤသည်မှာလည်း မှားယွင်းသည် မဟုတ်လော။ လူများသည် ၎င်းတို့၌ သမ္မာတရား ရှိမရှိနှင့်ပတ်သက်၍ မကြာခဏ ပြောကြသည်။ ယင်းသည် ၎င်းတို့၌ သမ္မာတရားနှင့်သက်ဆိုင်သော အတွေ့အကြုံနှင့် အသိပညာ ရှိမရှိနှင့် ၎င်းတို့သည် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိတို့ကိုသာ အဓိကအားဖြင့် ရည်ညွှန်းလေသည်။ လူတိုင်းသည် သမ္မာတရားကို တွေ့ကြုံခံစားကြသော်လည်း လူတစ်ဦးချင်းစီ တွေ့ကြုံခံစားရသည့် အခြေအနေသည် ကွဲပြားခြားနားသည်။ သမ္မာတရားမှ လူတစ်ဦးချင်း ရရှိသည့်အရာသည်လည်း မတူကွဲပြားသည်။ သင်သည် လူတိုင်း၏ အတွေ့အကြုံနှင့် နားလည်မှုတို့ကို စုပေါင်းလိုက်လျှင်ပင် ယင်းက သမ္မာတရား၏ အနှစ်သာရကို လုံးလုံးလျားလျား ထင်ဟပ်ဦးမည် မဟုတ်ချေ။ ယင်းမှာ သမ္မာတရား မည်မျှ နက်ရှိုင်းပြီး နက်နဲပုံဖြစ်၏။ သင်ရရှိပြီးသမျှအရာအားလုံးနှင့် သင်၏နားလည်မှုအားလုံးတို့သည် သမ္မာတရားကို အစားထိုး၍ မရနိုင်ဟု ငါအဘယ်ကြောင့် ပြောသနည်း။ လူများက သင်၏ အတွေ့အကြုံနှင့် နားလည်မှုအချို့တို့ကို သင်မိတ်သဟာယပြုပေးသည်ကို ကြားပြီးသည့်နောက်တွင် ယင်းကို ၎င်းတို့ နားလည်လိမ့်မည်။ ပြီးလျှင် ၎င်းတို့သည် လုံးလုံးလျားလျား နားလည်ပြီး ရရှိဖို့အတွက် အချိန်အတော်ကြာအောင် တွေ့ကြုံခံစားဖို့ လိုအပ်မည် မဟုတ်ချေ။ အနည်းငယ်ပို၍ နက်ရှိုင်းသည့် အရာတစ်ခုဖြစ်လျှင်ပင် ၎င်းတို့သည် နှစ်အနည်းငယ်ကြာ အတွေ့အကြုံကို လိုအပ်မည် မဟုတ်ပေ။ သို့ရာတွင် သမ္မာတရား အတွက်မှာမူ လူများသည် ၎င်းတို့၏ သက်တမ်းတစ်ခုလုံးတွင် အားလုံးကို တွေ့ကြုံခံစားမည် မဟုတ်ချေ။ လူတိုင်းကို သင် စုရုံးလိုက်လျှင်ပင် ၎င်းတို့သည် သမ္မာတရားအားလုံးကို တွေ့ကြုံပြီးဖြစ်မည် မဟုတ်ချေ။ သင်တွေ့မြင်ရသည့်အတိုင်းပင် သမ္မာတရားသည် အလွန် နက်ရှိုင်းပြီး နက်နဲလေသည်။ စကားလုံးများသည် သမ္မာတရားကို နှံ့စပ်စွာ ရှင်းပြနိုင်စွမ်း မရှိကြပေ။ လူ့စကားဖြင့်ပြောဆိုရလျှင် သမ္မာတရားသည် လူ့အနှစ်သာရအတွက် စစ်မှန်၏။ လူသားတို့သည် ယင်းတို့အားလုံးကို မည်သည့်အခါမျှ တွေ့ကြုံနိုင်မည် မဟုတ်သကဲ့သို့ သမ္မာတရားကို မည်သည့်အခါမျှ လုံးလုံးလျားလျား အသက်ရှင်နေထိုင်နိုင်မည် မဟုတ်ပေ။ အကြောင်းမှာ လူတို့သည် နှစ်ထောင်ပေါင်းများစွာ အချိန်ကုန်လျှင်ပင် ၎င်းတို့သည် သမ္မာတရား၏ အချက်တစ်ခုကိုပင် လုံးလုံးလျားလျား တွေ့ကြုံပြီးဖြစ်မည် မဟုတ်သောကြောင့် ဖြစ်သည်။ လူတို့သည် နှစ်ပေါင်းမည်မျှ တွေ့ကြုံပါစေ ၎င်းတို့ နားလည်ပြီး ရရှိသော သမ္မာတရားသည် နည်းနေဦးမည်ဖြစ်သည်။ သမ္မာတရားသည် လူသားမျိုးနွယ်၏ ထာဝရအသက်စမ်းရေ ဖြစ်သည်ဟု ဆိုနိုင်သည်။ ဘုရားသခင်သည် သမ္မာတရား၏ အရင်းအမြစ်ဖြစ်ပြီး သမ္မာတရား စစ်မှန်မှုများထဲသို့ ဝင်ရောက်ခြင်းသည် အဆုံးမရှိသည့် လုပ်ငန်းဆောင်တာတစ်ခု ဖြစ်လေသည်။

သမ္မာတရားသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အသက် ဖြစ်၏။ ယင်းသည် သူ၏စိတ်သဘောထား၊ သူ၏ အနှစ်သာရနှင့် ပြီးလျှင် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကို ကိုယ်စားပြုသည်။ သင်၌ အချို့သော အတွေ့အကြုံနှင့် အသိပညာ ရှိခြင်းအားဖြင့်၊ ဤနည်းဖြင့် သင်၌ သမ္မာတရားရှိသည်ဟု ပြောလျှင်၊ သင်သည် သန့်ရှင်းခြင်းကို စွမ်းဆောင်ရရှိပြီးဖြစ်သလော။ သင်သည် ဖောက်ပြန်ပျက်စီးခြင်းကို အဘယ်ကြောင့် ထုတ်ဖော်နေသေးသနည်း။ သင်သည် အဘယ်ကြောင့် မတူညီသောလူအမျိုးအစားများကြားတွင် ခွဲခြားသိမြင်နိုင်ခြင်း မရှိရသနည်း။ သင်သည် အဘယ်ကြောင့် ဘုရားသခင်ကို သက်သေမခံနိုင်ရသနည်း။ သင်သည် သမ္မာတရားအချို့ကို နားလည်လျှင်ပင်၊ ဘုရားသခင်ကို သင် ကိုယ်စားပြုနိုင်သလော။ ဘုရားသခင်၏ စိတ်သဘောထားအားဖြင့် သင်အသက်ရှင်နေထိုင်နိုင်သလော။ သမ္မာတရားတစ်ခု၏ သွင်ပြင်လက္ခဏာ အချို့နှင့်စပ်လျဉ်း၍ သင်၌ အတွေ့အကြုံနှင့် အသိပညာအချို့ ရှိကောင်းရှိနိုင်သည်၊ ပြီးလျှင် သင်၏စကား၌ ပို၍နားလည်အောင် ရှင်းပြနိုင်စွမ်းပင် ရှိနိုင်သည်။ သို့သော် လူများကို သင်ထောက်ပံ့ပေးနိုင်သည့်အရာသည် အလွန်အမင်းနည်းပါးပြီး အချိန်ကြာမြင့်စွာ မတည်တံ့နိုင်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်၏နားလည်မှုနှင့် သင်ရရှိပြီးဖြစ်သည့် အလင်းတို့က သမ္မာတရား၏ အနှစ်သာရကို ကိုယ်စားမပြုသောကြောင့်ဖြစ်သည်၊ ပြီးလျှင် ယင်းက သမ္မာတရား တစ်ခုလုံးကို ကိုယ်စားမပြုပေ။ ယင်းက သမ္မာတရား၏ ဘက်တစ်ဖက်၊ သို့မဟုတ် သေးငယ်သော သွင်ပြင်လက္ခဏာကိုသာ ကိုယ်စားပြုသည်။ ယင်းက လူသားများသာ စွမ်းဆောင်ရရှိနိုင်သည့် အဆင့်ဖြစ်သည်။ ပြီးလျှင် ယင်းသည် သမ္မာတရား၏ အနှစ်သာရမှ ဝေးကွာနေဆဲဖြစ်သည်။ ဤအလင်းအနည်းငယ်၊ ဉာဏ်အလင်းပေးခြင်း၊ အတွေ့အကြုံနှင့် အသိပညာအနည်းငယ်သည် သမ္မာတရား၏ နေရာကို မည်သည့်အခါမျှ မယူနိုင်ပေ။ လူများအားလုံးက သမ္မာတရားတစ်ခုကို တွေ့ကြုံရာမှတစ်ဆင့် ရလဒ်အချို့ကို စွမ်းဆောင်ရရှိပြီးဖြစ်ကာ ၎င်းတို့၏ အတွေ့အကြုံများနှင့် သိမြင်မှုများ အားလုံးပေါင်းလိုက်လျှင်ပင် ဤသမ္မာတရား၏ စာကြောင်းတစ်ကြောင်းတည်း၏ အလုံးစုံနှင့် အနှစ်သာရကိုပင် လက်လှမ်းမီမည် မဟုတ်ချေ။ အတိတ်တွင် ပြောခဲ့ပြီးဖြစ်သည်၊ “ငါသည် လူ့လောကအတွက် ဤအရာကို ဆိုရိုးတစ်ခုနှင့် အကျဉ်းချုပ်မည်။ လူသားတို့အကြားတွင် ငါ့ကို ချစ်သောသူ တစ်ယောက်မျှမရှိပေ။” ဤစာကြောင်းသည် သမ္မာတရားဖြစ်သည်၊ အသက်၏ စစ်မှန်သော အနှစ်သာရဖြစ်သည်၊ အနက်နဲဆုံးသော အရာဖြစ်ပြီး ဘုရားသခင် ကိုယ်တော်တိုင်၏ ဖော်ပြခြင်း ဖြစ်သည်။ အတွေ့အကြုံ သုံးနှစ်ပြီးသည့်နောက်တွင် သင်၌ အပေါ်ယံ နားလည်မှုလေးတစ်ခု ရှိကောင်းရှိနိုင်ပြီး၊ ခုနစ်နှစ်၊ သို့မဟုတ် ရှစ်နှစ်ပြီးနောက်တွင်၊ သင်သည် အနည်းငယ် ပို၍များသော နားလည်မှု ရှိကောင်းရှိနိုင်သည်။ သို့သော် ဤနားလည်မှုသည် သမ္မာတရား၏ ဤစာကြောင်းအတွက် မည်သည့်အခါမျှ အစားထိုး၍ရမည် မဟုတ်ချေ။ နှစ်နှစ်ကြာပြီးနောက် အခြားလူတစ်ဦး၌ နားလည်မှုအနည်းငယ် ရှိနိုင်သည်၊ သို့မဟုတ် ဆယ်နှစ်ကြာပြီးသည့်နောက် ပို၍များသော နားလည်မှုအချို့ ရှိနိုင်သည်။ သို့မဟုတ် တစ်သက်တာပြီးနောက်တွင် အတော်အတန် မြင့်မားသော နားလည်မှု ရှိနိုင်သည်။ သို့သော် သင်တို့နှစ်ဦးလုံး၏ နားလည်မှုကို စုပေါင်းထားခြင်းက သမ္မာတရား၏ ဤစာကြောင်းကို အစားထိုး၍မရနိုင်ပေ။ သင်တို့နှစ်ဦး စုပေါင်း၍ ထိုးထွင်းအမြင်၊ အလင်း၊ အတွေ့အကြုံ၊ သို့မဟုတ် အသိပညာ မည်မျှ ရှိနိုင်ပါစေ ဤသမ္မာတရား၏ စာကြောင်းကို မည်သည့်အခါမျှ အစားထိုး၍မရနိုင်ပေ။ ဆိုလိုသည်မှာ လူ့အသက်သည် အစဉ်သဖြင့် လူ့အသက်ဖြစ်ပြီး သင်၏အသိပညာသည် သမ္မာတရား၊ ဘုရားသခင်၏ရည်ရွယ်ချက်များ၊ သို့မဟုတ် ဘုရားသခင်၏ သတ်မှတ်ချက်တို့နှင့် မည်မျှကိုက်ညီပါစေ၊ ယင်းက သမ္မာတရားအတွက် မည်သည့်အခါမျှ အစားထိုး၍မရနိုင်ပေ။ လူများ၌ သမ္မာတရား ရှိသည်ဟု ပြောခြင်းက လူများသည် သမ္မာတရားကို အမှန်တကယ် နားလည်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရား အချို့ကို အသက်ရှင်နေထိုင်ကြောင်း၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် စစ်မှန်သော သိမြင်ခြင်းအချို့ရှိကြောင်းနှင့် ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံနိုင်ကြောင်းကို ဆိုလိုခြင်းဖြစ်သည်။ သို့ရာတွင် လူများသည် သမ္မာတရားကို ပိုင်ဆိုင်ပြီးသားဖြစ်သည်ဟု မဆိုနိုင်ပေ။ အကြောင်းမှာ သမ္မာတရားသည် အလွန်နက်နဲသောကြောင့်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်၏ စာကြောင်းတစ်ကြောင်းတည်းကို တွေ့ကြုံဖို့ကိုပင် လူများ၏တစ်သက်တာ အချိန်ကြာမြင့်နိုင်သည်။ ပြီးလျှင် အသက်တာအချို့၊ သို့မဟုတ် နှစ်ထောင်ပေါင်းများစွာ တွေ့ကြုံပြီးသည့်နောက်တွင်ပင်၊ ဘုရားနှုတ်ကပတ်တော်၏ စာကြောင်းတစ်ကြောင်းကို အပြည့်အဝ မတွေ့ကြုံနိုင်ပေ။ သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်ကို သိကျွမ်းခြင်း ဖြစ်စဉ်သည် အမှန်တကယ်ပင် အဆုံးမရှိကြောင်းနှင့်၊ တစ်သက်တာ တွေ့ကြုံမှုတွင် လူများသည် သမ္မာတရားမည်မျှကို နားလည်နိုင်သည် ဆိုသည့်အပေါ်တွင် အကန့်အသတ်ရှိကြောင်းတို့မှာ သိသာထင်ရှားပေသည်။ လူအချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်၏ စာအရ အဓိပ္ပာယ်ကို နားလည်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၌ သမ္မာတရား ရှိသည်ဟု ပြောကြသည်။ ဤအရာမှာ အဓိပ္ပာယ်မမဲ့သလော။ အလင်းနှင့် အသိပညာတို့နှင့်ပတ်သက်လျှင် နက်ရှိုင်းသည့် အကြောင်းအရာတစ်ခု ရှိသည်။ ယုံကြည်မှု တစ်သက်တာ၌ လူတစ်ယောက် ဝင်ရောက်နိုင်သည့် သမ္မာတရား စစ်မှန်မှုများသည် နည်းပါးလေသည်။ ထို့ကြောင့် သင်သည် အသိပညာနှင့် အလင်းအချို့ ပိုင်ဆိုင်ရုံမျှဖြင့် သင်သည် သမ္မာတရား စစ်မှန်မှုများ ပိုင်ဆိုင်သည်ဟု အဓိပ္ပာယ်မရပေ။ ဤအလင်းနှင့် အသိပညာတို့၌ သမ္မာတရား၏ အနှစ်သာရ ပါဝင်ပတ်သက်ခြင်း ရှိမရှိကို သင် အဓိက ကြည့်ရမည်။ ဤသည်မှာ အရေးအကြီးဆုံး အရာဖြစ်သည်။ လူအချို့က အနည်းငယ် ရှင်းပြနိုင်သည့်အခါ၊ သို့မဟုတ် အပေါ်ယံ နားလည်မှုအချို့ပေးနိုင်သည့်အခါ သမ္မာတရားကို ပိုင်ဆိုင်သည်ဟု ခံစားကြရသည်။ ဤအရာက ၎င်းတို့ကို ပျော်ရွှင်စေသဖြင့် ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီဟု ဘဝင်ခိုက်ကာ၊ စိတ်ကြီးဝင်လာကြသည်။ အမှန်မှာမူ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ခြင်းမှ ဝေးကွာနေဆဲဖြစ်သည်။ လူများသည် မည်သည့် သမ္မာတရားကို ပိုင်ဆိုင်သနည်း။ သမ္မာတရား ပိုင်ဆိုင်သည့်လူများသည် အချိန်မရွေး၊ နေရာမရွေး လဲပြိုကျနိုင်သလော။ လူများ၌ သမ္မာတရား ပိုင်ဆိုင်သည့်အခါတွင် ၎င်းတို့သည် ဘုရားသခင်ကို အဘယ်သို့လျှင် အာခံပြီး သစ္စာဖောက်နိုင်သေးသနည်း။ သင်၌ သမ္မာတရားပိုင်ဆိုင်ကြောင်း သင် အခိုင်အမာပြောဆိုကာ၊ ယင်းက သင့်အတွင်းတွင် ခရစ်တော်၏ အသက်ရှိကြောင်းကို သက်သေပြလျှင် ယင်းမှာ လက်ခံနိုင်ဖွယ် မရှိပေ။ သင်သည် သခင်ဖြစ်လာပြီလော၊ သင်သည် ခရစ်တော် ဖြစ်လာပြီလော။ ဤသည်မှာ အဓိပ္ပာယ်မဲ့သော ပြောဆိုချက်ဖြစ်ပြီး လူများက ကောက်ချက်ချသည့်အရာ လုံးလုံးဖြစ်ပေသည်။ ယင်း၌ လူ့အယူအဆများနှင့် စိတ်ကူးများ ပါဝင်သည်။ ပြီးလျှင် ဘုရားသခင်အတွက် ယုတ္တိတန်သော ရပ်တည်ချက် မဟုတ်ချေ။

လူတို့ သမ္မာတရားကို နားလည်ကြောင်းနှင့် ယင်းကို ၎င်းတို့၏ အသက်ကဲ့သို့ အသက်ရှင်ကြကြောင်း ပြောသည့်အခါ၊ ဤ “အသက်”က မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ ၎င်းတို့ စိတ်နှလုံးထဲတွင် သမ္မာတရားက အဆုံးစွန် အုပ်စိုးသည့်သဘော ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ၎င်းတို့ အသက်ရှင်နိုင်သည့် သဘော ဖြစ်ပြီး ယင်းမှာ ၎င်းတို့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ စစ်မှန်သောအသိပညာနှင့် သမ္မာတရားနှင့်ပတ်သက်၍ စစ်မှန်သော သိနားလည်မှုတစ်ခု ရှိကြသည်ကို ဆိုလိုပေသည်။ လူတို့သည် ဤအသစ်သောအသက်ကို ၎င်းတို့အတွင်းတွင် ပိုင်ဆိုင်ကြသည့်အခါ ယင်းကို ဘုရားနှုတ်ကပတ်တော်များအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းမှ လုံးလုံးလျားလျား ရရှိပေသည်။ ယင်းကို ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရား အခြေခံအုတ်မြစ်အပေါ်တွင် တည်ဆောက်ထားပြီး သမ္မာတရားနယ်ပယ်အတွင်း ၎င်းတို့ အသက်ရှင်ခြင်းအားဖြင့် ရယူရပေသည်။ လူတို့ အသက်တွင် ပါရှိသမျှမှာ ၎င်းတို့၏ အသိပညာနှင့် သမ္မာတရားအပေါ် အတွေ့အကြုံ ဖြစ်သည်။ ယင်းမှာ ထိုအသက်၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ထိုနယ်ပယ်ကို မကျော်လွန်ချေ။ ဤသည်မှာ သမ္မာတရားနှင့် အသက်ကို ရရှိခြင်းအကြောင်း ပြောဆိုနေချိန်တွင် ရည်ညွှန်းနေသည့် အသက် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သမ္မာတရားအားဖြင့် အသက်ရှင်နိုင်ခြင်းသည် သမ္မာတရား၏ အသက်က လူများ၏အတွင်း၌ ရှိခြင်း မဟုတ်သကဲ့သို့ သမ္မာတရားကို ၎င်းတို့၏ အသက်အဖြစ် ၎င်းတို့ ပိုင်ဆိုင်ပါက ၎င်းတို့သည် သမ္မာတရား ဖြစ်လာပြီး ၎င်းတို့၏ အတွင်း အသက်က သမ္မာတရား၏အသက် ဖြစ်လာခြင်း မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားနှင့် အသက်ဖြစ်သည်ဟု ပို၍ပင် ပြော၍မရနိုင်ပေ။ နောက်ဆုံးတွင် ၎င်းတို့၏ အသက်သည် လူသား၏ အသက်ဖြစ်နေဆဲဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များဖြင့် သင်အသက်ရှင်နိုင်ပြီး သမ္မာတရား၏ အသိပညာ ပိုင်ဆိုင်ပါက၊ ပြီးလျှင် ဤအသိပညာက သင့်အတွင်းတွင် အမြစ်တွယ်လာပြီး သင်၏ အသက်ဖြစ်လာကာ အတွေ့အကြုံမှတစ်ဆင့် သင်ရရှိပြီးဖြစ်သည့် သမ္မာတရားက သင့်တည်ရှိခြင်း၏ အခြေခံဖြစ်လာပါက၊ ဤဘုရားနှုတ်ကပတ်တော်များအားဖြင့် သင် အသက်ရှင်ပါက၊ မည်သူမျှ ယင်းကို မပြောင်းလဲနိုင်သကဲ့သို့ စာတန်က သင့်ကို အထင်အမြင်မမှားစေနိုင်၊ မဖောက်ပြန်မပျက်စီးစေနိုင်ပါက၊ သင်သည် သမ္မာတရားနှင့် အသက်ကို ပိုင်ဆိုင်ပြီးဖြစ်လိမ့်မည်။ ယင်းမှာ၊ သင်၏ အသက်တာသည် သမ္မာတရား ပါရှိရုံမျှသာ ရှိပေသည်၊ ဆိုလိုသည်မှာ သမ္မာတရားအပေါ် သင်၏ သိနားလည်မှု၊ အတွေ့အကြုံနှင့် ထိုးထွင်းသိမြင်ခြင်းနှင့် မည်သည့်အရာကို သင် လုပ်ဆောင်သည်ဖြစ်စေ၊ ဤအရာများဖြင့် သင် အသက်ရှင်လိမ့်မည်ဖြစ်ပြီး ယင်းတို့၏ နယ်ပယ်ကို ကျော်လွန်၍ သင် သွားလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်ပြီး ထိုသို့သောလူများမှာ ဘုရားသခင်က သူ၏ အမှုတော်ဖြင့် နောက်ဆုံးတွင် ရရှိချင်သည့် အရာ ဖြစ်သည်။ သို့သော် သမ္မာတရားကို လူတို့ မည်မျှကောင်းစွာ နားလည်သည်ဖြစ်စေ၊ ၎င်းတို့၏ အနှစ်သာရသည် လူသားမျိုးနွယ်၏ အနှစ်သာရတစ်ခု ဖြစ်နေဆဲဖြစ်ပြီး ဘုရားသခင်၏ အနှစ်သာရနှင့် လုံးဝ နှိုင်းယှဉ်မရနိုင်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သမ္မာတရားအားလုံးကို ၎င်းတို့ လုံးဝမတွေ့ကြုံနိုင်သကဲ့သို့ ၎င်းတို့အတွက် သမ္မာတရားကို လုံးလုံးလျားလျား အသက်ရှင်နေထိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်သောကြောင့် ဖြစ်ပေသည်။ ၎င်းတို့သည် လူသားတို့ ကြိုးပမ်းရရှိနိုင်သည့် အလွန်အမင်း နည်းပါးသော သမ္မာတရားအနည်းငယ်ကိုသာ အသက်ရှင်နေထိုင်နိုင်ကြသည်။ သို့ပါက ၎င်းတို့သည် ဘုရားအဖြစ်သို့ မည်သို့ ပြောင်းလဲနိုင်မည်နည်း။ ဘုရားသခင်သည် လူတစ်စုကို ပို၍ကြီးမြတ်သော ဘုရားများနှင့် ပို၍ နိမ့်ကျသော ဘုရားများအဖြစ် ကိုယ်တော်တိုင် စုံလင်စေခဲ့လျှင် ယင်းမှာ ပရမ်းပတာ ဖြစ်ကုန်မည် မဟုတ်လော။ ထို့အပြင် ထိုသို့သောအရာသည် မဖြစ်နိုင်သလို အဓိပ္ပာယ်မဲ့လေသည်။ ယင်းမှာ လူသား၏ ရယ်ဖွယ်ကောင်းသော စိတ်ကူးဖြစ်သည်။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို ဖန်ဆင်းခဲ့ပြီးနောက်တွင် လူသားကို ဖန်ဆင်းခဲ့သည်။ ဤသို့အားဖြင့် လူသားသည် သူ့ကို ကျိုးနွံနာခံပြီး ကိုးကွယ်မည် ဖြစ်သည်။ လူသားကို ဘုရားသခင်၏ ဖန်ဆင်းခြင်းသည် အဓိပ္ပာယ်အရှိဆုံး လုပ်ဆောင်ချက်ဖြစ်သည်။ ဘုရားသခင်သည် လူကိုသာ ဖန်ဆင်းခဲ့သည်။ သူသည် ဘုရားများကို မဖန်ဆင်းခဲ့ပေ။ ဘုရားသခင်သည် လူ့ဇာတိခံယူခြင်း ပုံသဏ္ဌာန်ဖြင့် အလုပ်လုပ်သော်လည်း ယင်းမှာ သူက ဘုရားတစ်ပါးကို ဖန်ဆင်းခြင်းနှင့် မတူညီပေ။ ဘုရားသခင်သည် သူ့ကိုယ်သူ ဖန်ဆင်းခဲ့ခြင်း မဟုတ်ပေ။ သူသည် သူ၏ကိုယ်ပိုင် အနှစ်သာရရှိပြီး ယင်းမှာ ပြောင်းလဲ၍ မရနိုင်ပေ။ လူတို့သည် ဘုရားသခင်ကို မသိကြသောကြောင့် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ပို၍ ဖတ်ရှုသင့်သည်။ လူများသည် သမ္မာတရားကို မကြာခဏ ရှာဖွေမှသာလျှင် သမ္မာတရားကို နားလည်နိုင်သည်။ လူတို့သည် မိမိတို့၏ စိတ်ကူးများကို အခြေခံ၍ အဓိပ္ပာယ်မဲ့သောအရာများကို မပြောသင့်ပေ။ ဘုရားနှုတ်ကပတ်တော်များနှင့် ပတ်သက်၍ အတွေ့အကြုံ အနည်းငယ်မျှ သင်ရှိပြီး၊ သမ္မာတရားအပေါ် စစ်မှန်သည့် အတွေ့အကြုံနှင့် အသိပညာဖြင့် အသက်ရှင်နေပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် တဖြည်းဖြည်း သင်၏ အသက်ဖြစ်လာလိမ့်မည်။ သို့သော်၊ သမ္မာတရားသည် သင်၏ အသက်ဖြစ်သည် သို့မဟုတ် သင် ဖော်ပြနေသည့်အရာသည် သမ္မာတရားဖြစ်သည်ဟု သင် ပြောဆို၍ မရနိုင်သေးပေ။ ယင်းမှာ သင်၏ ထင်မြင်ချက်ဖြစ်ပါက၊ သင်သည် မှားယွင်းပေသည်။ သင်သည် သမ္မာတရား၏ သီးခြားရှုထောင့်တစ်ခုနှင့်ပတ်သက်၍သာ အတွေ့အကြုံ အချို့ရှိပါက ဤအရာကိုယ်၌က သင် သမ္မာတရား ပိုင်ဆိုင်ခြင်းကို ကိုယ်စားပြုနိုင်သလော။ ဤအရာကို သမ္မာတရားကို ရရှိခြင်းအဖြစ် မှတ်ယူနိုင်သလော။ သင်သည် သမ္မာတရားကို အကုန်အစင် ရှင်းပြနိုင်သလော။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာခပ်သိမ်းနှင့် ဖြစ်ခြင်းတို့ကို သမ္မာတရားမှ သင် ရှာဖွေတွေ့ရှိနိုင်သလော။ ဤအကျိုးတရားများကို စွမ်းဆောင်မရရှိပါက၊ ဤအရာက သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခုခုကို တွေ့ကြုံခြင်းမျှကို သမ္မာတရားအား ရရှိခြင်းအဖြစ် ပြော၍ရဖို့မဆိုထားနှင့်၊ သမ္မာတရားကို အမှန်တကယ် သိနားလည်ခြင်း၊ သို့မဟုတ် ဘုရားကို သိကျွမ်းခြင်းအဖြစ် ယူဆ၍မရနိုင်ကြောင်း သက်သေပြပေသည်။ အယောက်တိုင်းသည် သမ္မာတရား၏ ရှုထောင့်တစ်ခုနှင့် နယ်ပယ်တစ်ခုနှင့်သာ ပတ်သက်သည့် အတွေ့အကြုံ ရှိသည်။ ၎င်းတို့၏ အကန့်အသတ်ရှိသော နယ်ပယ်အတွင်းတွင် ထိုအရာကို ၎င်းတို့ တွေ့ကြုံကြပြီး သမ္မာတရား၏ မရေမတွက်နိုင်သော ရှုထောင့်များကို ထည့်သွင်း မစဉ်းစားနိုင်ပေ။ လူတို့သည် သမ္မာတရား၏ မူရင်းအဓိပ္ပာယ်ကို အသက်ရှင် နေထိုင်နိုင်ကြသလော။ သင်၏ အတွေ့အကြုံ အနည်းငယ်သည် မည်မျှနှင့် ညီမျှသနည်း။ ကမ်းခြေတစ်ခုက သဲတစ်ပွင့်သာဖြစ်၏၊ သမုဒ္ဒရာထဲက ရေတစ်စက်တည်း ဖြစ်၏။ ထို့ကြောင့် သင်၏ အတွေ့အကြုံမှ ရရှိပြီးဖြစ်သည့် ထိုအသိပညာနှင့် ထိုခံစားချက်များက မည်မျှအဖိုးတန်နိုင်ပါစေ၊ ယင်းတို့ကို သမ္မာတရားအဖြစ် ယူမှတ်၍ မရနိုင်သေးပေ။ ယင်းတို့ကို သမ္မာတရားနှင့် ကိုက်ညီသည်ဟုသာ ပြော၍ရနိုင်သည်။ သမ္မာတရားသည် ဘုရားသခင်ထံမှလာပြီး၊ သမ္မာတရား၏ အတွင်းကျကျ အဓိပ္ပာယ်နှင့် စစ်မှန်မှုများသည် အလွန်ကျယ်ပြန့်သည့် အပိုင်းအခြားကို ခြုံငုံပြီး မည်သူမျှ နားမလည်နိုင်၊ သို့မဟုတ် မချေပနိုင်ပေ။ သင်သည် သမ္မာတရားနှင့် ဘုရားသခင်အပေါ် စစ်မှန်သည့် သိနားလည်မှု ရှိပါက၊ သမ္မာတရားအချို့ကို သင် သိနားလည်လိမ့်မည်၊ ဤစစ်မှန်သည့် သိနားလည်မှုများကို မည်သူကမျှ ချေပနိုင်လိမ့်မည်မဟုတ်သကဲ့သို့၊ သမ္မာတရား စစ်မှန်မှုများပါရှိသည့် သက်သေခံချက်များသည် အစဉ်အမြဲ ယုတ္တိတန်သည်။ ဘုရားသခင်သည် သမ္မာတရား စစ်မှန်မှုများ ပိုင်ဆိုင်သူများကို အသိအမှတ်ပြုသည်။ သမ္မာတရားကို သင် လိုက်စားပြီး၊ ဘုရားနှုတ်ကပတ်တော်များကို တွေ့ကြုံရန် ဘုရားသခင်အပေါ် မှီခိုနိုင်ပြီး၊ မည်သည့် ပတ်ဝန်းကျင်တွင်ရှိပါစေ သမ္မာတရားကို သင်၏ အသက်အဖြစ် သင် လက်ခံနိုင်ပါက၊ သင်သည် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်ဖြစ်သည်၊ ရှင်ကျန်နိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ လက်ခံမှုကို ရရှိလိမ့်မည်။ လူတို့ ရရှိသည့် အနည်းငယ်မျှသည် သမ္မာတရားနှင့် ကိုက်ညီသော်လည်း၊ သမ္မာတရားကို ၎င်းတို့ ရရှိပြီးဖြစ်သည်ဟု ဆိုနိုင်ဖို့မဆိုထားနှင့် ဤသည်မှာ သမ္မာတရားဖြစ်သည်ဟု ဆို၍မရနိုင်ပေ။ လူတို့ ရရှိပြီးဖြစ်သည့် အလင်းအနည်းငယ်မျှသည် မိမိတို့ကိုယ်တိုင်၊ သို့မဟုတ် နယ်ပယ်တစ်ခုခုအတွင်းရှိ အချို့သောအခြားသူတို့အတွက်သာ သင့်လျော်ပေသည်။ သို့သော်လည်း မတူညီသော အတိုင်းအတာတစ်ခုအတွင်း သင့်လျော်မည်မဟုတ်ပေ။ လူတစ်ဦး၏အတွေ့အကြုံသည် မည်မျှ နက်နဲသည်ဖြစ်စေ၊ ယင်းသည် အလွန် နည်းပါးဆဲဖြစ်၏၊ ထို့ပြင် ၎င်းတို့၏ အတွေ့အကြုံသည် သမ္မာတရား၏ နက်ရှိုင်းမှုသို့ မည်သည့်အခါမျှ ရောက်လိမ့်မည်မဟုတ်ပေ။ လူတစ်ဦး၏အလင်းနှင့် လူတစ်ဦး၏နားလည်မှုကို သမ္မာတရားနှင့် မည်သည့်အခါမျှ နှိုင်းယှဉ်၍ရနိုင်မည်မဟုတ်ပေ။

လူများသည် ဘုရားနှုတ်ကပတ်တော်နှင့်ပတ်သက်၍ အတွေ့အကြုံအချို့ရှိကာ သမ္မာတရားအချို့နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်အနည်းငယ်ကို နားလည်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်သော အသိပညာအချို့ ရှိပြီး ၎င်းတို့၏ စိတ်သဘောထားသည် အနည်းငယ်သော ပြောင်းလဲမှုကို ကြုံတွေ့ရပြီးဖြစ်ကာ သန့်စင်ခြင်း ခံရပြီးဖြစ်သည့်အခါ ၎င်းတို့သည် လူပုဂ္ဂိုလ်ဖြစ်သည်၊ ဖန်ဆင်းခံ လူသားတစ်ဦးဖြစ်သည်ဟုသာ ဆိုနိုင်ဆဲဖြစ်သော်လည်း ဤသည်မှာ ဘုရားသခင် ရရှိရန် ဆန္ဒရှိသည့် သာမန်လူမျိုး အတိအကျပင် ဖြစ်လေသည်။ ဤသို့ဆိုလျှင် သင်သည် မည်သို့သော လူစားမျိုးဖြစ်သနည်း။ လူအချို့က “ကျွန်ုပ်သည် သမ္မာတရားကို ပိုင်ဆိုင်သည့် လူတစ်ယောက်ဖြစ်သည်” ဟု ပြောကြသည်။ ထိုအရာကို ပြောခြင်းမှာ သင့်တော်မည် မဟုတ်ပေ။ သင်က “ကျွန်ုပ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံထားရကာ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံပြီးသော လူတစ်ယောက်ဖြစ်သည်။ ကျွန်ုပ်သည် နောက်ဆုံးတွင် သမ္မာတရားကို နားလည်ပြီး မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်ပြီးဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံထားရသော လူတစ်ဦးမျှသာ ဖြစ်သည်” ဟုသာ ပြောနိုင်သည်။ သင်က “ကျွန်ုပ်သည် သမ္မာတရားကို ပိုင်ဆိုင်သော လူတစ်ဦးဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များအားလုံးကို ကျွန်ုပ် တွေ့ကြုံပြီး နားလည်ပြီးသား ဖြစ်သည်။ ဘုရားသခင် ပြောသည့်အရာမှန်သမျှ၏ အဓိပ္ပာယ်ကိုလည်းကောင်း၊ ထိုနှုတ်ကပတ်တော်များကို ပြောခဲ့သည့် ဆက်စပ်အကြောင်းအရာနှင့် အခြေအနေများကိုလည်းကောင်း ကျွန်ုပ် သိသည်။ ကျွန်ုပ် အားလုံးကို သိသည်။ ဤသည်မှာ ကျွန်ုပ်သည် သမ္မာတရားကို ပိုင်ဆိုင်သည်ဟု မဆိုလိုသလော” ဟု ပြောခဲ့လျှင် သင်သည် တစ်ဖန်မှားယွင်းမည် ဖြစ်ပေသည်။ ဘုရားနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အတွေ့အကြုံအချို့ရှိခြင်းနှင့် ထိုနှုတ်ကပတ်တော်များမှ အလင်းအချို့ ရရှိခြင်းသည် သင့်အား သမ္မာတရားကို ပိုင်ဆိုင်သည့်သူတစ်ဦး မဖြစ်စေပေ။ အယူအဆအချို့ကို နားလည်ပြီး ဆွေးနွေးနိုင်ရုံသာ ရှိသည့်သူများသည် ထိုသို့အခိုင်အမာဆိုရန် သာ၍ပင် အရည်အချင်းမပြည့်မီပေ။ လူများသည် ဘုရားသခင်၏ ရှေ့မှောက်တွင်လည်းကောင်း၊ သမ္မာတရား၏ ရှေ့မှောက်တွင်လည်းကောင်း မည်သည့်နေရာကို ယူသင့်ကြောင်း၊ လူများသည် မည်သည့်အရာများဖြစ်ကြောင်း၊ လူ၏ အတွင်းရှိ အသက်သည် မည်သည့်အရာဖြစ်ကြောင်းနှင့် ဘုရားသခင်၏ အသက်သည် မည်သည့်အရာဖြစ်ကြောင်းတို့ကို ရှင်းရှင်းလင်းလင်း နားလည်ရမည်။ လူ၏ အနှစ်သာရသည် မည်သည့်အရာဖြစ်သည်ကို လူများ နားလည်ရမည်။ လူအချို့သည် ဘုရား၏အမှုကို ရက်အနည်းငယ် တွေ့ကြုံကာ စကားနှင့် အယူဝါဒအချို့ကို နားလည်ပြီးသည့်နောက်တွင် သမ္မာတရားကို ပိုင်ဆိုင်သည်ဟု ၎င်းတို့က ခံစားကြရသည်။ ဤသည်တို့မှာ မာနအထောင်လွှားဆုံးလူများဖြစ်ပြီး ၎င်းတို့သည် အသိစိတ် ကင်းမဲ့ကြသည်။ လူများသည် မိမိတို့ကိုယ်ကို အမှန်တကယ် နားလည်ပြီး လူသားမျိုးနွယ်ကို သိလာစေရန်အတွက်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ လူများသည် အဆုံး၌ စုံလင်စေခြင်း ခံရပြီးနောက်တွင် မည်သည့်အဆင့်ကို ၎င်းတို့ရရှိနိုင်သည်ကိုလည်းကောင်း၊ ယင်းတို့ကို ကိုင်တွယ်ပြီး အမည်တပ်ရန် မည်သည့်နည်းလမ်းက သင့်တော်သော နည်းလမ်း ဖြစ်သည်ကိုလည်းကောင်း နားလည်နိုင်ရန်အတွက် ဤကိစ္စကို စိတ်ဖြာလေ့လာဆွေးနွေးရန် လိုအပ်သည်။ လူတို့သည် ဤအရာများကို သိသင့်ပြီးစိတ်ကူးယဉ်ခြင်းများ၌ မမွေ့လျော်သင့်ပေ။ လူများအနေဖြင့် ကျင့်ကြံပြုမူပုံတွင် ပို၍ လက်တွေ့ကျသည်မှာ ပို၍ ကောင်းသည်။ ထိုနည်းအားဖြင့် ၎င်းတို့သည် အနည်းငယ် ပို၍ လက်တွေ့ကျလိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သည့် လူအချို့သည် မိမိတို့၏ အိပ်မက်များကို အစဉ်သဖြင့် လိုက်စားပြီး ဘုရား၏ အသက်နှင့် ပုံသဏ္ဌာန်တော်တို့အတိုင်း အစဉ်သဖြင့် အသက်ရှင်နေထိုင်လိုသည်။ ဤသည်မှာ လက်တွေ့ကျသလော။ လူများသည် ဘုရားသခင်၏ အသက်ကို အစဉ်သဖြင့် ပိုင်ဆိုင်လိုကြသည်။ ဤသည်မှာ အန္တရာယ်ရှိသောအရာ ဖြစ်သည်မဟုတ်လော။ ယင်းမှာ လူသားတို့၏ မာနထောင်လွှားသော ရည်မှန်းချက်ဖြစ်ပြီး စာတန်၏ မာနထောင်လွှားသော ရည်မှန်းချက်ကဲ့သို့ပင် ဖြစ်လေသည်။ လူအချို့သည် အသင်းတော်တွင် အချိန်ကာလတစ်ခုကြာ အလုပ်လုပ်ပြီးသည့်နောက်တွင် “အဆင်းနီသောနဂါးကြီး အာဏာမရှိတော့လျှင် ကျွန်ုပ်တို့သည် ဘုရင်များဖြစ်လာပြီး အာဏာကိုင်စွဲသင့်သလော။ ကျွန်ုပ်တို့ တစ်ယောက်ချင်းစီတိုင်းသည် မြို့မည်မျှကို ထိန်းချုပ်သင့်သနည်း” ဟု စတင်တွေးတောကြသည်။ လူတစ်ဦးသည် ထိုသို့သော အရာများကို ထုတ်ဖော်ပြနိုင်လျှင် ယင်းမှာ ဆိုးရွားပေသည်။ အတွေ့အကြုံမရှိသော လူများသည် အယူအဆများအကြောင်း ပြောပြီး စိတ်ကူးယဉ်မှုများကို မွေ့လျော်လိုကြသည်။ ၎င်းတို့သည် ထိုသို့လုပ်ဆောင်သည့်အခါတွင် ထက်မြက်သည်ဟုပင် ခံစားကြရသည်မှာ ၎င်းတို့သည် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင် အောင်မြင်မှု ရရှိပြီးဖြစ်သည့်အလား၊ ၎င်းတို့သည် ခရစ်တော်နှင့် ဘုရားသခင်ကဲ့သို့ အသက်ရှင်သန်နေသည့်အလားပင် ဖြစ်သည်။ ၎င်းတို့အားလုံးသည် ပေါလု၏ တပည့်တော်များဖြစ်ပြီး ပေါလု၏ လမ်းကြောင်းကို လျှောက်နေကြသည်။ ၎င်းတို့သည် စွဲမြဲစွာ နောင်တမရပါက ဤလူများအားလုံးသည် အန္တိခရစ်များဖြစ်လာကြမည် ဖြစ်ပြီး ပြင်းထန်သော အပြစ်ဒဏ်ကို ခံစားကြရမည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။