ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၄၈

ယောဘသည် စာတန်ကို အနိုင်ယူကာ ဘုရားသခင်၏ အမြင်တွင် စစ်မှန်သော လူသားတစ်ဦး ဖြစ်လာသည်

ယောဘသည် သူ၏ စမ်းသပ်မှုများကို ခံရစဉ် သူ၏ ဥစ္စာပစ္စည်းနှင့် သားသမီး အားလုံး သိမ်းယူခြင်းကို ခံခဲ့ရသော်လည်း ရလဒ်အနေဖြင့် သူသည် လဲကျခဲ့ခြင်း သို့မဟုတ် ဘုရားသခင်ကို ပြစ်မှားသည့်အရာ တစ်စုံတစ်ခုကိုမျှ မဆိုခဲ့ပေ။ သူသည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို အောင်မြင်ခဲ့ပြီး သူ၏ ရုပ်ဝတ္ထု ပစ္စည်းများနှင့် သားသမီးများကို အောင်မြင်ခဲ့သည့်အပြင် သူ၏လောကပိုင်ဆိုင်မှု အားလုံး ဆုံးရှုံးသည့် စမ်းသပ်မှုကို အောင်မြင်ခဲ့သည်၊ တစ်နည်းအားဖြင့်ဆိုသော် သူသည် သူ့ထံမှ ဘုရားသခင်၏ ရုပ်သိမ်းခြင်းကို နာခံခဲ့နိုင်ပြီး ယင်းအဖြစ်ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပြီး ချီးမွမ်းနိုင်ခဲ့သည်။ ယင်းမှာ စာတန်၏ ပထမအကြိမ် စုံစမ်းနှောင့်ယှက်မှုကာလအတွင်း ယောဘ၏ပြုမူပုံဖြစ်ခဲ့ပြီး ယင်းမှာ ဘုရားသခင်၏ ပထမအကြိမ် စမ်းသပ်မှုကာလအတွင်း ယောဘ၏ သက်သေခံချက်လည်း ဖြစ်ခဲ့သည်။ ဒုတိယအကြိမ် စမ်းသပ်မှု၌ စာတန်သည် ၎င်း၏လက်ကိုဆန့်၍ ယောဘကို နှိပ်စက်ခဲ့သည်၊ ယောဘသည် သူယခင်က ခံစားခဲ့ရသည်ထက် ပို၍ နာကျင်မှုကို ခံစားခဲ့ရသော်လည်း သူ၏သက်သေခံချက်သည် လူတို့ကို အံ့အားသင့်စေခဲ့သည်။ သူသည် သူ၏ခံနိုင်ရည်၊ ခံယူချက်နှင့် ဘုရားသခင်ကို နာခံမှုတို့ကို သာမက ဘုရားသခင်ကို သူ၏ ကြောက်ရွံ့ခြင်းတို့ကို အသုံးပြုကာ စာတန်အား နောက်ထပ်တစ်ကြိမ် အနိုင်ယူခဲ့ပြီး သူ၏ ပြုမူပုံနှင့် သက်သေခံချက်သည် ဘုရားသခင်၏ ထောက်ခံခြင်းနှင့် မျက်နှာသာပေးခြင်းကို နောက်တစ်ကြိမ် ခံခဲ့ရသည်။ ဤစုံစမ်းနှောင့်ယှက်မှု ကာလအတွင်း ယောဘသည် သူ၏လက်တွေ့ပြုမူပုံကို အသုံးပြု၍ ခန္ဓာကိုယ် နာကျင်မှုသည် ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းနှင့် နာခံခြင်းတို့ကို မပြောင်းလဲစေနိုင်ကြောင်း သို့မဟုတ် ဘုရားသခင်အပေါ် သူ၏ ဆက်ကပ်မှုနှင့် ဘုရားသခင်အား ကြောက်ရွံ့မှုကို မနှုတ်ယူနိုင်ကြောင်း၊ သေခြင်းကို သူရင်ဆိုင်ခဲ့ရခြင်းကြောင့် သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို စွန့်လွှတ်မည် သို့မဟုတ် ဘုရားသခင်အား စွန့်ပစ်မည် မဟုတ်ကြောင်း စာတန်အား ကြေငြာခဲ့သည်။ ယောဘ၏ စိတ်ပိုင်းဖြတ်ချက်သည် စာတန်အား သူရဲဘောကြောင် ဖြစ်စေခဲ့သည်၊ သူ၏ယုံကြည်ခြင်းသည် စာတန်အား အသည်းငယ်စေပြီး တုန်လှုပ်စေခဲ့သည်၊ စာတန်နှင့် သူ၏ရှင်ခြင်းနှင့် သေခြင်းတိုက်ပွဲ၏ တွန်းအားသည် စာတန်ထဲတွင် နက်နဲသော မုန်းတီးမှုနှင့် မကျေမချမ်းမှုကို ပေါက်ဖွားစေခဲ့သည်၊ သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကြောင့် စာတန်သည် သူ့အား ဆက်၍ မည်သို့မျှ မပြုနိုင်ခဲ့တော့သဖြင့် စာတန်သည် ယောဘအပေါ် ၎င်း၏ တိုက်ခိုက်မှုများကို စွန့်ပစ်ကာ ယေဟောဝါဘုရားသခင်ရှေ့တွင် သူ့အား စွပ်စွဲချက်များကိုလည်း စွန့်လွှတ်ခဲ့လေသည်။ ယောဘသည် လောကကြီးကို အောင်မြင်ခဲ့ကြောင်း၊ ဇာတိပကတိကို အောင်မြင်ခဲ့ကြောင်း၊ စာတန်ကို အောင်မြင်ခဲ့ကြောင်းနှင့် သေခြင်းကို အောင်မြင်ခဲ့ကြောင်းကို ဤအရာက ဆိုလိုခဲ့ခြင်း ဖြစ်သည်၊ သူသည် ဘုရားသခင် ပိုင်ဆိုင်သော လူသားတစ်ဦး အကြွင်းမဲ့နှင့် လုံးလုံးလျားလျား ဖြစ်ခဲ့သည်။ ဤစမ်းသပ်မှုနှစ်ခု ကာလအတွင်း ယောဘသည် သူ၏ သက်သေခံချက်အပေါ် မြဲမြံစွာ ရပ်တည်ခဲ့ပြီး သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို အမှန်တကယ် အသက်ရှင်ပြခဲ့သည်၊ ထို့အပြင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းနှင့်ဆိုင်သော သူ၏ အသက်ရှင်မှု နိယာမများ၏ အတိုင်းအတာကို ချဲ့ထွင်ခဲ့သည်။ ဤစမ်းသပ်မှုနှစ်ခုကို ခံရပြီးနောက်တွင် ယောဘထဲ၌ ပို၍ကြွယ်ဝသော အတွေ့အကြုံတစ်ခု မွေးဖွားလာခဲ့ပြီး ဤအတွေ့အကြုံသည် သူ့ကို ပို၍ ရင့်ကျက်ပြီး ဝါရင့်စေခဲ့သည်၊ သူ့ကို ပို၍ သန်စွမ်းစေခဲ့ပြီး သာ၍ ခံယူချက် ကြီးမားစေခဲ့ပြီး သူစွဲမြဲစွာ ဆုပ်ကိုင်ခဲ့သော တည်ကြည်မှု၏ မှန်ကန်ခြင်းနှင့် အဖိုးထိုက်တန်ခြင်းအပေါ် သူ့အား ပို၍ ယုံကြည်မှု ရှိစေခဲ့သည်။ ယောဘအပေါ် ယေဟောဝါဘုရားသခင်၏ စမ်းသပ်မှုများသည် သူ့အား လူသားအပေါ် ဘုရားသခင်၏ စိုးရိမ်မှုအကြောင်း နက်နဲသော နားလည်ခြင်းနှင့် အသိကို ပေးခဲ့ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၏ အဖိုးထိုက်ခြင်းကို သတိပြုမိစေရန် အခွင့်ပေးခဲ့ပြီး ထိုမှ ဘုရားသခင်အပေါ် အရေးထားခြင်းနှင့် ချစ်ခြင်းတို့ကို ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းထဲသို့ ဖြည့်ပေးခဲ့သည်။ ယေဟောဝါဘုရားသခင်၏ စမ်းသပ်မှုများသည် ယောဘအား သူ့ထံမှ ကင်းကွာစေခဲ့သည် သာမက သူ၏ စိတ်နှလုံးကို ဘုရားသခင် အနီးသို့ ဆောင်ယူခဲ့သည်။ ယောဘသည်းခံခဲ့သော ဇာတိပကတိ နာကျင်မှုသည် အထွတ်အထိပ်သို့ ရောက်ခဲ့သည့်အခါ ယေဟောဝါဘုရားသခင်ထံမှ သူခံစားခဲ့ရသော စိုးရိမ်ပူပန်မှုသည် သူ့အား ရွေးချယ်စရာ မပေးခဲ့ဘဲ သူ၏ မွေးဖွာရာနေ့ရက်ကိုသာ ကျိန်ဆဲစေခဲ့သည်။ ယင်းကဲ့သို့ ပြုမူပုံမှာ ယခင်ကတည်းက ကြံစည်ထားခဲ့ခြင်း မဟုတ်ဘဲ သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အား အရေးထားခြင်းနှင့် ချစ်ခြင်း၏ သဘာဝအလျောက် ထုတ်ဖော်ခြင်း တစ်ခုပင် ဖြစ်သည်။ ၎င်းသည် ဘုရားသခင်ကို ချစ်ခြင်းနှင့် အလေးထားခြင်းမှ လာသည့် သဘာဝအလျောက် ဖော်ထုတ်ခြင်းတစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သူသည် သူ့ကိုယ်သူ စက်ဆုပ်ရွံ့ရှာခဲ့ပြီး ဘုရားသခင်အား နှိပ်စက်ညှဉ်းပန်းရန် ဆန္ဒမရှိသည့်အပြင် ခံရပ်နိုင်ခြင်းလည်း မရှိသောကြောင့် သူ၏ အရေးထားခြင်းနှင့် ချစ်ခြင်းသည် ကိုယ်ကျိုးမငဲ့သည့် အဆင့်အထိ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ဤအချိန်တွင် ယောဘသည် ဘုရားသခင်အပေါ်၌ အချိန်ကြာမြင့်စွာ တည်ရှိခဲ့သော ကြည်ညိုခြင်းနှင့် တမ်းတခြင်းတို့ကို သာမက ဘုရားသခင်အား ဆက်ကပ်ခြင်းကို အရေးထားပြီး မြတ်နိုးသည့် အဆင့်အထိ တိုးမြှင့်ခဲ့သည်။ ဤအချိန်တွင် သူသည် ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်းနှင့် နာခံခြင်းတို့ကို သာမက ဘုရားသခင်အား ကြောက်ရွံ့ခြင်းကိုလည်း အရေးထားပြီး မြတ်နိုးသည့် အဆင့်အထိ တိုးမြှင့်ခဲ့သည်။ ဘုရားသခင်ကို ထိခိုက်နစ်နာစေမည့်အရာ တစ်စုံတစ်ခုကိုမျှပြုရန် သူ့ကိုယ်သူ အခွင့်ပေးခဲ့ခြင်း၊ ဘုရားသခင်ကို နာကျင်စေမည့် ပြုမူပုံ တစ်စုံတစ်ခုကိုမျှ သူ့ကိုယ်သူ ခွင့်ပြုခဲ့ခြင်းနှင့် သူ၏ ကိုယ်ပိုင် အကြောင်းရင်းများကြောင့် ဘုရားသခင်အပေါ် ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း သို့မဟုတ် မပျော်ရွှင်ခြင်းပင်လျှင် ယူဆောင်လာခြင်းကို သူ့ကိုယ်သူ အခွင့်ပေးခဲ့ခြင်း မရှိပေ။ ဘုရားသခင်၏ အမြင်တွင် ယောဘသည် ယခင်က ယောဘပင် ဖြစ်နေဆဲ ဖြစ်ခဲ့သော်လည်း ဘုရားသခင်အပေါ် ယောဘ၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းသည် ဘုရားသခင်အား အကြွင်းမဲ့ ကျေနပ်အားရမှုနှင့် သာယာကြည်နူးမှုကို ဆောင်ယူလာခဲ့ပြီး ဖြစ်သည်။ ဤအချိန်တွင် ဘုရားသခင်သည် ယောဘအား ရစေရန် မျှော်လင့်ထားခဲ့သော စုံလင်ခြင်းကို သူရရှိခဲ့ပြီး သူသည် ဘုရားသခင်၏ အမြင်တွင် “စုံလင်ဖြောင့်မတ်သည်” ဟုခေါ်ဝေါ်ခြင်းကို အမှန်တကယ် ခံထိုက်သောသူ တစ်စုံတစ်ဦး ဖြစ်လာခဲ့သည်။ သူ၏ ဖြောင့်မတ်သော လုပ်ဆောင်ချက်များသည် စာတန်အား အောင်မြင်စေရန်နှင့် ဘုရားသခင်အား သူ၏သက်သေခံချက်၌ ခိုင်ခံ့စွာ ရပ်တည်စေရန် အခွင့်ပေးခဲ့သည်။ ထိုအတွက်ကြောင့် သူ၏ဖြောင့်မတ်သော လုပ်ဆောင်ချက်များသည် သူ့အား အမှန်တကယ် စုံလင်စေပြီး သူ၏ ဘဝတန်ဖိုးကို မြှင့်တက်စေသည့်အပြင် ဖြစ်ဖူးသမျှထက် ကျော်လွန်စေပြီး စာတန်၏ တိုက်ခိုက်ခြင်းနှင့် စုံစမ်းနှောင့်ယှက်ခြင်းကို ဆက်၍ မခံရတော့သည့် ပထမဦးဆုံး လူပုဂ္ဂိုလ်တစ်ဦး ဖြစ်စေသည်။ ယောဘသည် ဖြောင့်မတ်ခဲ့ခြင်းကြောင့် စာတန်၏ စွပ်စွဲခြင်းနှင့် စုံစမ်းနှောင့်ယှက်ခြင်းကို ခံခဲ့ရသည်၊ ယောဘသည် ဖြောင့်မတ်ခဲ့ခြင်းကြောင့် စာတန်လက်သို့ အပ်နှံခြင်းကို ခံခဲ့ရပြီး ယောဘသည် ဖြောင့်မတ်ခဲ့ခြင်းကြောင့် သူသည် စာတန်ကို အောင်မြင်ပြီး ရှုံးနိမ့်စေခဲ့သည့်အပြင် သူ၏ သက်သေခံချက်၌ ခိုင်မြဲစွာ ရပ်တည်ခဲ့သည်။ ဤအချိန်မှစ၍ ယောဘသည် စာတန်လက်ထဲသို့ အပ်နှံခြင်းကို မည်သည့်အခါမျှ ထပ်မံ၍ မခံရမည့် ပထမဦးဆုံး လူသားတစ်ဦး ဖြစ်လာခဲ့သည်၊ သူသည် ဘုရားသခင်၏ ပလ္လင်ရှေ့တွင် အမှန်တကယ် လာရောက်ခဲ့ပြီး စာတန်၏ စောင့်ကြည့်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း မပါဘဲ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအောက်၊ အလင်းထဲ၌ အသက်ရှင်ခဲ့ရသည်...သူသည် ဘုရားသခင်၏ အမြင်၌ စစ်မှန်သော လူသားတစ်ဦး ဖြစ်လာခဲ့ပြီး သူသည် လွတ်မြောက်ခြင်းကို ရရှိခဲ့လေသည်...

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၉၅

ငါသည် လူသားအကြား များစွာသောအမှုကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကာ၊ ဤကာလအတွင်း ငါထုတ်ဖော်ခဲ့သော နှုတ်ကပတ်တော်တို့သည် အမြောက်အမြားဖြစ်၏။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၈၄

ဘုရားသခင်၏ အမှုသည် ဆက်လက် တိုးတက်လျက်ရှိရာ ယင်းအမှု၏ ရည်ရွယ်ချက်မှာ မပြောင်းလဲဘဲ တည်ရှိနေသော်လည်း အမှုများကို ဆောင်ရွက်သည့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- သမ္မာကျမ်းစာနှင့် ပတ်သက်သည့် နက်နဲမှုများ | ကောက်နုတ်ချက် ၂၇၇

ထိုအချိန်က ယေရှု၏မိန့်မြွက်ချက်များနှင့် အမှုသည် အယူဝါဒကို စွဲကိုင်မထားခဲ့သကဲ့သို့၊ သူသည် သူ၏အမှုကို ဓမ္မဟောင်းကျမ်း၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၀၄

ဘုရားသခင် စကားပြောသောအခါ၌ ဘုရားသခင်၏ စကားများကို စားသုံးရန်အတွက် သင်သည် ချက်ချင်း လက်ခံသင့်သည်။ မည်မျှပင် နားလည်သည်ဖြစ်စေ၊ သင့်အတွက်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။