ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၄၅

စာတန်၏ စုံစမ်းသွေးဆောင်ခြင်း (လက်ရွေးစင် ကျမ်းပိုဒ်များ)

ရှင်မဿဲ ၄:၅-၇ ထိုအခါ မာရ်နတ်သည် ယေရှုကို သန့်ရှင်းသောမြို့တော်သို့ ဆောင်သွား၍ ဗိမာန်တော်၏ အထွတ်၌ တင်ထားပြီးလျှင်၊ ကျမ်းစာလာသည်ကား၊ ကောင်းကင်တမန်တို့အား သင့်အဘို့မှာထားတော်မူသည်ဖြစ်၍၊ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှါ သူတို့သည်သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည် ဟုလာ၏။ ထို့ကြောင့် ဘုရားသခင်၏ သားတော်မှန်လျှင် ကိုယ်ကိုအောက်သို့ ချလိုက်တော်မူပါဟု လျှောက်လေ၏။ ယေရှုကလည်း သင်၏ ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစာလာပြန် သည်ဟု မိန့်တော်မူ၏။

ဤနေရာတွင် စာတန်ပြောဆိုခဲ့သည့် စကားများကို ပထမဦးစွာ ကြည့်ကြစို့။ “ဘုရားသခင်၏သားတော်မှန်လျှင်၊ ကိုယ်ကိုအောက်သို့ ချလိုက်တော်မူပါ၊” ဟု စာတန်က ပြောခဲ့ပြီးနောက် “ကောင်းကင်တမန်တို့အား သင့်အဘို့မှာ ထားတော်မူသည် ဖြစ်၍၊ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှါ သူတို့သည် သင့်ကို လက်နှင့် မစချီပင့်ကြလိမ့်မည်” ဟူ၍ သမ္မာကျမ်းစာထဲမှ ကိုးကားခဲ့သည်။ စာတန်၏ စကားလုံးများကို ကြားသည့်အခါ သင်မည်သို့ ခံစားရသနည်း။ ၎င်းတို့သည် ကလေးကလားနိုင်လွန်းသည် မဟုတ်လော။ ယင်းတို့သည် ကလေးကလား နိုင်သည်၊ ရယ်ဖွယ်ရာကောင်းပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်။ ငါ အဘယ်ကြောင့် ဤအရာကို ပြောသနည်း။ စာတန်သည် မကြာခဏ မိုက်မဲသော အရာများကို လုပ်ဆောင်ပြီး၊ ၎င်းကိုယ်၎င်း အလွန်တော်သည်ဟု ယုံသည်။ ၎င်းသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သော အစီအစဉ်ကို ဖျက်ဆီးခြင်းတည်းဟူသော ၎င်း၏ ရည်ရွယ်ချက်ကို ရရှိဖို့ ကြိုးပမ်းရာတွင် ဘုရားသခင်ကို တိုက်ခိုက်ရန်နှင့် သွေးဆောင်ဖြားယောင်းရန် ထိုနှုတ်ကပတ်တော်များကို ဘုရားသခင်အား ပံ့ပိုးရာမှ ဘုရားသခင်အား ဆန့်ကျင်ဖို့ ကြိုးစားရင်း- ဘုရားသခင် ပြောဆိုသည့် တကယ့် နှုတ်ကပတ်တော်များပင်ဖြစ်သည့် ကျမ်းစာကို မကြာခဏ ကိုးကား၏။ စာတန်ပြောသည့် ဤစကားများထဲတွင် တစ်ခုခုကို သင်မြင်နိုင်ပါသလော။ (ဆိုးယုတ်သည့် ရည်ရွယ်ချက်များကို စာတန် သိုထားပါသည်။) စာတန် ပြုလုပ်သမျှအားလုံးတွင်၊ ၎င်းသည် လူသားမျိုးနွယ်ကို သွေးဆောင်ရန် အစဉ်အမြဲ ကြိုးစားလေပြီ။ စာတန်သည် တည့်တည့်မပြောသော်လည်း၊ ဝေ့ဝိုက်သော နည်းလမ်းဖြင့် စုံစမ်းသွေးဆောင်ခြင်း၊ လှည့်ဖြားမှုနှင့် ဖြားယောင်းမှုတို့ကို အသုံးပြုနေပေသည်။ စာတန်က ဘုရားသခင်သည်လည်း မသိနားမလည်ကာ၊ မိုက်မဲပြီး၊ လူက မလုပ်နိုင်သည့်အတိုင်း အမှုအရာများ၏ စစ်မှန်သော သွင်ပြင်ကို ဘုရားသခင်ကလည်း ရှင်းလင်းစွာ မခွဲခြားနိုင်ဟု ယုံကြည်လျက်၊ ၎င်း၏ စုံစမ်းသွေးဆောင်ခြင်းနှင့်သက်ဆိုင်၍ ဘုရားသခင်ကို သာမန် လူသားတစ်ယောက်ဖြစ်သည့်အလား ချဉ်းကပ်လေသည်။ ဘုရားသခင်နှင့် လူသားတို့နှစ်ဦးလုံးသည် အလားတူစွာ ၎င်း၏ အနှစ်သာရ၊ ၎င်း၏ လှည့်ဖြားမှုနှင့် အန္တရာယ်ပေးနိုင်သော ရည်ရွယ်ချက်တို့ကို မရိပ်မိနိုင်ဟု စာတန်က တွေးထင်သည်။ ဤသည်မှာ စာတန်၏ မိုက်မဲမှု ဖြစ်သည် မဟုတ်လော။ ထို့အပြင်၊ စာတန်သည် သမ္မာကျမ်းစာမှ ဗြောင်ကျကျ ကိုးကားသည်။ ထိုသို့လုပ်ခြင်းက အများ ယုံကြည်မှုကို ရရှိစေပြီး၊ သင်သည် ၎င်း၏ စကားများထဲတွင် အမှားအယွင်းတစ်ခုတစ်လေ ဖော်ထုတ် နိုင်မည်မဟုတ် သို့မဟုတ် အရူးလုပ်ခံရခြင်းကို ရှောင်လွှဲနိုင်မည် မဟုတ်ဟု ၎င်းကထင်သည်။ ဤသည်မှာ စာတန်၏ ရယ်ဖွယ်ရာကောင်းပြီး ကလေးကလားဆန်ခြင်း မဟုတ်လော။ ဤသည်မှာ လူတို့က ဧဝံဂေလိတရားကို ဖြန့်ဝေပြီး ဘုရားသခင်ကို သက်သေခံသည့်အခါကဲ့သို့ပင် ဖြစ်သည်- မယုံကြည်သူများက စာတန် ပြောခဲ့သည့်အရာနှင့် အလားတူသော အရာတစ်စုံတစ်ခုကို တစ်ခါတစ်ရံ ပြောကြလိမ့်မည်မဟုတ်လော။ လူတို့က အလားတူသောအရာ တစ်စုံတစ်ခုပြောသည်ကို သင်တို့ ကြားဖူး ကြသလော။ ထိုသို့သော အရာများကို ကြားသောအခါ သင်တို့ မည်သို့ခံစားရသနည်း။ စက်ဆုပ်ရွံရှာသလော။ (ရွံရှာပါသည်။) သင်တို့စက်ဆုပ်ရွံရှာသည့်အခါ မနှစ်သက်ခြင်းနှင့် မုန်းတီးခြင်း ကိုလည်း ခံစားရသလော။ ဤခံစားချက်များကို သင်တို့ ရှိသည့်အခါ သင်တို့သည် စာတန်နှင့် လူသားထဲတွင် စာတန် လုပ်ဆောင်သော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဆိုးယုတ်သည်ကို သတိပြုမိနိုင်သလော။ သင်တို့၏ စိတ်နှလုံးများ ထဲတွင်၊ သင်တို့သည် ဤနားလည်ခြင်း ရှိဖူးသလော- “စာတန် စကားပြောသည့်အခါ၊ ၎င်းသည် တိုက်ခိုက်မှုနှင့် စုံစမ်းသွေးဆောင်မှုအဖြစ် ပြောလေသည်- စာတန်၏ စကားများသည် အဓိပ္ပာယ်မဲ့သည်၊ ရယ်ဖွယ်ရာကောင်းသည်၊ ကလေးကလားဆန်ပြီး စက်ဆုပ် ရွံရှာဖွယ်ကောင်းလေသည်။ သို့ရာတွင် ဘုရားသခင်သည် ထိုသို့သောနည်းဖြင့် ဘယ်သောအခါမျှ မပြောဆို၊ မလုပ်ဆောင်သကဲ့သို့ ဧကန်အမှန် ထိုသို့ လုံးဝ မလုပ်ဆောင်ဖူးပေ။” ဟုတ်ပေသည်၊ ဤအခြေအနေတွင် လူတို့သည် ထိုအရာကို ယဲ့ယဲ့မျှသာ ခံစားနိုင်ပြီး ဘုရားသခင်၏ သန့်ရှင်းခြင်းကို သဘောမပေါက်နိုင်မြဲရှိလေသည်။ ထိုသို့ ဖြစ်သည်မဟုတ်လော။ သင်တို့၏ ယခု ဝိညာဉ်အသက်တာဖြင့်၊ သင်တို့သည်- “ဘုရားသခင် ပြောသမျှတိုင်းသည် သမ္မာတရား ဖြစ်၏၊ ကျွန်ုပ်တို့အတွက် အကျိုးရှိပြီး ကျွန်ုပ်တို့ လက်ခံရမည်” ဟု ခံစားရုံမျှ ခံစားရသည်။ သင်သည် ဤအရာကို လက်ခံ နိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပြီး ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ဟု ခြွင်းချက်မရှိ သင်ပြောသည်၊ သို့ရာတွင် သမ္မာတရားကိုယ်၌က သန့်ရှင်းပြီး ဘုရားသခင် သန့်ရှင်းသည်ကို သင်မသိပေ။

သို့ဆိုလျှင်၊ စာတန်၏ဤစကားများကို ယေရှု၏ တုံ့ပြန်ချက်မှာ အဘယ်နည်း။ “ယေရှုကလည်း သင်၏ ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်း မပြုရဟု ကျမ်းစာလာပြန်သည်ဟု မိန့်တော်မူ၏။” ယေရှု ပြောသော ဤစကားများတွင် သမ္မာတရား ရှိသလော။ (ရှိပါသည်။) ၎င်းတို့တွင် သမ္မာတရား ရှိသည်။ အပေါ်ယံတွင်၊ ဤစကားများသည် လူတို့အတွက် လိုက်နာရမည့် ပညတ်ချက်တစ်ခု၊ ရိုးရှင်းသော စကားစု တစ်ခု ဖြစ်စေကာမူ လူသားနှင့် စာတန် နှစ်ဦးလုံးက ဤစကားများကို မကြာခဏ ပြစ်မှားစော်ကားကြပြီး ဖြစ်သည်။ သို့ဖြစ်ရာ သခင်ယေရှုက စာတန်ကို၊ “သင်၏ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်း မပြုရ၊” ဟု ဆိုခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ယင်းမှာ စာတန် မကြာခဏ လုပ်သောအရာဖြစ်ပြီး ၎င်းသည် ထိုသို့လုပ်ရန် အလုံးစုံ ကြိုးပမ်း အားထုတ်သည်။ စာတန်သည် မျက်နှာပြောင်တိုက်၍ အရှက်မရှိ ထိုသို့ လုပ်သည်ဟုပင် ပြောနိုင်သည်။ ဘုရားသခင်ကို မကြောက်ရွံ့ရန်နှင့် ၎င်း၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမရှိဖို့မှာ စာတန်၏ အခြေခံ သဘောသဘာဝဖြစ်သည်။ စာတန်သည် ဘုရားသခင်၏ နံဘေးတွင်ရပ်တည်ပြီး သူ့ကို မြင်တွေ့နိုင်သည့်အချိန်တွင်ပင် စာတန်သည် ဘုရားသခင်ကို သွေးဆောင်ဖြားယောင်းခြင်း မပြုဘဲမနေနိုင်ခဲ့ပေ။ ထို့ကြောင့် သခင်ယေရှုက စာတန်ကို၊ “သင်၏ဘုရားသခင် ထာဝရ ဘုရားကို သင်သည် အစုံအစမ်းမပြုရ။” ဟု ဆိုခဲ့သည်။ ဤအရာများသည် ဘုရားသခင်က စာတန်ကို မကြာခဏ ပြောပြီးဖြစ်သည့် စကားများ ဖြစ်သည်။ ထို့ကြောင့်၊ မျက်မှောက်ခေတ်တွင် ဤစကားစုကို သုံးစွဲရန် သင့်တော်ပါသလော။ (သင့်တော်ပါသည်၊ ကျွန်ုပ်တို့ သည်လည်း ဘုရားသခင်ကို မကြာခဏ သွေးဆောင် ဖြားယောင်းသည့်အတွက် ဖြစ်သည်။) အဘယ်ကြောင့် လူတို့သည် ဘုရားသခင်ကို မကြာခဏ စုံစမ်းသွေးဆောင် ပါသနည်း။ ယင်းမှာ လူတို့သည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားနှင့် ပြည့်နေကြသောကြောင့် ဖြစ်သလော။ (ဟုတ်ပါသည်။) ထို့ကြောင့် အထက်က စာတန်၏ စကားများသည် လူတို့ မကြာခဏ ပြောသည့်အရာ တစ်ခုလော။ ပြီးလျှင် မည်သည့် အခြေအနေများတွင် ဤစကားများကို လူတို့ ပြောကြသနည်း။ လူတို့သည် ဤသို့သော အရာများကို မည်သည့်အချိန် မည်သည့် နေရာတွင်မဆို ပြောဆိုနေကြပြီး ဖြစ်သည်ဟု ဆိုနိုင်သည်။ လူတို့၏ စိတ်သဘောထားသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ကွဲပြားခြားနားမှုမရှိသည်ကို ဤအရာက သက်သေပြသည်။ သခင်ယေရှုသည် သမ္မာတရားကို ကိုယ်စားပြုသော နှုတ်ကပတ်တော်များ၊ လူတို့လိုအပ်သည့် နှုတ်ကပတ်တော်များ ဖြစ်သည့် ရိုးရှင်းသော နှုတ်ကပတ်တော်အနည်းငယ်ကို ပြောသည်။ သို့ရာတွင် ဤအခြေအနေ၌ သခင်ယေရှုသည် စာတန်နှင့် ငြင်းခုန်ဖို့ ထိုသို့သောနည်းလမ်းဖြင့် ပြောဆိုခဲ့ခြင်းလော။ စာတန်ကို သူပြောခဲ့သည့် အထဲတွင် ထိပ်တိုက် ရင်ဆိုင် ဖြေရှင်းသောအရာ တစ်စုံတစ်ရာ ပါဝင်သလော။ (မပါဝင်ပါ။) စာတန်၏ ဖြားယောင်းသွေးဆောင်မှုကို သူ၏စိတ်နှလုံးတွင် သခင်ယေရှုက မည်သို့ ခံစားခဲ့သနည်း။ သူသည် စက်ဆုပ်ခြင်းနှင့် အော့နှလုံးနာခြင်းတို့ကို ခံစားခဲ့ရသလော။ (ခံစားခဲ့ရပါသည်။) သခင်ယေရှုသည် အော့နှလုံးနာမှုနှင့် စက်ဆုပ်ရွံမုန်းမှုကို ခံစားခဲ့ရပါသည်၊ သို့သော် သူသည် စာတန်နှင့် မငြင်းခုန်ခဲ့သကဲ့သို့၊ ကြီးကျယ်သော အခြေခံသဘောတရားများ တစ်ခုတစ်လေကို ပို၍ပင် သူမပြောဆိုခဲ့ချေ။ အဘယ်ကြောင့်နည်း။ (အဘယ်ကြောင့်ဆိုသော် စာတန်သည် အစဉ်အမြဲ ဤကဲ့သို့ဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းသည် မည်သည့်အခါမျှ မပြောင်းလဲနိုင်ပါ။) စာတန်သည် ကျိုးကြောင်းဆင်ခြင်၍ မရနိုင်ဟု ငါတို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဘုရားသခင်သည် သမ္မာတရား ဖြစ်သည်ဟု စာတန်က အသိအမှတ်ပြုနိုင်သလော။ ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ဟု စာတန်သည် မည်သည့်အခါတွင်မျှ အသိအမှတ်ပြုမည် မဟုတ်သကဲ့သို့ ဘုရားသခင်သည် သမ္မာတရား ဖြစ်သည်ဟု မည်သည့်အခါမျှ ဝန်ခံမည် မဟုတ်ပေ။ ဤသည်မှာ ၎င်း၏ သဘာဝဖြစ်သည်။ စာတန်၏ သဘာဝတွင် စက်ဆုပ်ဖွယ်သော နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခု ရှိသေး၏။ ထိုအရာမှာ အဘယ်နည်း။ သခင်ယေရှုကို ဖြားယောင်းသွေးဆောင်ရန် ၎င်း၏ ကြိုးပမ်းမှုများတွင်၊ ၎င်းက မအောင်မြင်လျှင်ပင်၊ မည်သို့ပင်ဖြစ်စေ ၎င်းသည် ထိုသို့ လုပ်ဆောင်ဖို့ ကြိုးစားဦးမည်ဟု စာတန်က တွေးခဲ့သည်။ ၎င်းသည် အပြစ်ဒဏ်ပေးခံရမည်ဖြစ်သော်လည်းဘဲ၊ မည်သို့ပင်ဖြစ်စေ ကြိုးစားဖို့ ရွေးချယ်ခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် မည်သည့်အကျိုးကျေးဇူးမျှ မရရှိသည့်တိုင် အဆုံးတိုင်သို့ တိုင်အောင် ၎င်း၏ အားထုတ်မှုများနှင့် ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်ခြင်းတွင် မရမကဆက်လုပ်လျက် မည်သို့ပင်ဖြစ်စေ ၎င်းက လုပ်ဆောင်မည်ဖြစ်သည်။ ဤသည်မှာ မည်သည့် သဘာဝမျိုးဖြစ်သနည်း။ ဆိုးယုတ်သည် မဟုတ်လော။ ဘုရားသခင်အကြောင်း ထုတ်ဖော်ပြောဆိုသောအခါ လူတစ်ဦးသည် ဒေါသထွက်ပြီး ဒေါသူပုန်ထပါက၊ သူသည် ဘုရားသခင်ကို မြင်ဖူးပြီလော။ ဘုရားသခင် အဘယ်သူဖြစ်သည်ကို ၎င်းက သိပါသလော။ ဘုရားသခင် မည်သူမည်ဝါဖြစ်သည်ကို သူမသိပေ၊ ဘုရားသခင်ကို မယုံကြည်သကဲ့သို့၊ ဘုရားသခင်သည် သူ့ကို စကားပြောဆိုဖူးခြင်း မရှိပေ။ ဘုရားသခင်က သူ့ကို မည်သည့်အခါမျှ မနှောင့်ယှက်ဖူးချေ၊ ထို့ကြောင့် သူသည် အဘယ်ကြောင့် ဒေါသဖြစ်ရမည်နည်း။ ဤလူသည် ဆိုးယုတ်သည်ဟု ကျွန်ုပ်တို့ ဆိုနိုင်သလော။ လောကီ ရေပန်းစားမှုများ၊ အစားအသောက်နှင့် ကာမဂုဏ်လိုက်စားခြင်း၊ ကျော်ကြားသောသူများနောက်လိုက်ခြင်း- ဤအရာများထဲမှ မည်သည့်အရာကမျှ ထိုသို့သောလူတစ်ယောက်ကို အနှောင့်အယှက် မပေးပေ။ သို့သော် “ဘုရားသခင်” သို့မဟုတ် “ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရား” ဆိုသည့် စကား တစ်ခွန်းကို ပြောဆိုသည်နှင့် သူသည် ဒေါသူပုန်ထ လေတော့သည်။ ဤသည်မှာ ဆိုးယုတ်သော သဘာဝတစ်ခု ရှိခြင်း ဖြစ်သည်မဟုတ်လော။ ဤသည်မှာ လူသား၏ ဆိုးယုတ်သည့် သဘာဝဖြစ်သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။ ကိုင်း၊ မိမိအတွက် ပြောဆိုသည့်အခါ၊ သမ္မာတရားကို ပြောဆိုသောအခါ သို့မဟုတ် လူသားမျိုးနွယ် နှင့်ဆိုင်သော ဘုရားသခင်၏ စမ်းသပ်ခြင်းများ သို့မဟုတ် လူသားကို တရားစီရင်ခြင်း နှင့်ဆိုင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောဆိုသောအခါ၊ သင်တို့သည် မနှစ်သက်မှုခံစားရ၏။ အော့နှလုံးနာမှုကို ခံစားရပြီး ထိုသို့သောအရာများကို သင်တို့ မကြားချင်ကြသည့် အချိန်များ ရှိသည် မဟုတ်လော။ သင်၏ စိတ်နှလုံးက၊ “ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ဟု လူအားလုံးက ပြောကြသည် မဟုတ်လော။ ဤစကား အချို့တို့သည် သမ္မာတရားမဟုတ်ပါ၊ ၎င်းတို့သည် လူသားအပေါ် ဆုံးမခြင်းနှင့်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ ဖြစ်သည်မှာ သိသာ ထင်ရှားသည်။” ဟု စဉ်းစားကောင်း စဉ်းစားနိုင်သည်။ အချို့သော လူတို့က ၎င်းတို့၏ စိတ်နှလုံးထဲတွင် အားကောင်းသော မနှစ်သက်မှုတစ်ခုကို ခံစားရနိုင်ပြီး၊ “ဤအရာကို နေ့စဉ် ပြောဆိုသည်- သူ၏ စမ်းသပ်မှု၊ သူ၏ တရားစီရင်ခြင်း၊ မည်သည့်အချိန်တွင် အဆုံးသတ် မည်နည်း။ ကောင်းမွန်သော ခရီးပန်းတိုင်ကို မည်သည့် အချိန်တွင် ငါတို့ ရရှိမည်နည်း” ဟု တွေးကြသည်။ မလျော်ကန်သော ဤဒေါသသည် အဘယ်နေရာမှ လာသည်ကို မသိရပေ။ ဤသည်မှာ မည်သည့် သဘာဝ ဖြစ်သနည်း။ (ဆိုးယုတ်သည့် သဘာဝဖြစ်ပါသည်။) စာတန်၏ ဆိုးယုတ်သည့် သဘာဝက ယင်းကို ညွှန်ကြားပေးပြီး လမ်းပြသည်။ ဘုရားသခင်၏ ရှုထောင့်မှ၊ စာတန်၏ ဆိုးယုတ်သည့် သဘာဝ၊ ပြီးလျှင် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်စပ်လျဉ်း၍ ဘုရားသခင်သည် လူများနှင့် မည်သည့်အခါမျှ မငြင်းခုန် သို့မဟုတ် အာဃာတမထားသကဲ့သို့၊ လူများက မိုက်မဲစွာ ပြုမူသည့်အခါ သူသည် မည်သည့်အခါမျှ ရေးကြီးခွင်ကျယ် လုပ်လေ့မရှိပေ။ လူသားနှင့်ပတ်သက်၍ အမှုအရာများ ပေါ်တွင် ဘုရားသခင်သည် အလားတူ အမြင်မျိုးများ ကိုင်စွဲထားသည်ကို သင် မည်သည့်အခါတွင်မျှ တွေ့ရ လိမ့်မည်မဟုတ်သည့်အပြင် ကိစ္စရပ်များကို ကိုင်တွယ်ရန် လူသားမျိုးနွယ်၏ ရှုထောင့်အမြင်များ၊ အသိပညာ၊ သိပ္ပံပညာ၊ အတွေးအခေါ် သို့မဟုတ် စိတ်ကူးများကို သူအသုံးပြုသည်ကို တွေ့ရလိမ့်မည်မဟုတ်။ ယင်းထက် ဘုရားသခင် လုပ်ဆောင်သမျှတိုင်းနှင့် သူထုတ်ဖော် ပြသမျှတိုင်းသည် သမ္မာတရားနှင့် ဆက်စပ် နေသည်။ ဆိုလိုသည်မှာ၊ သူပြောခဲ့သော နှုတ်ကပတ်တော်တိုင်းနှင့် သူလုပ်ဆောင်ခဲ့သော လုပ်ဆောင်ချက်တိုင်းသည် သမ္မာတရားနှင့် စပ်ဆိုင်သည်။ ဤသမ္မာတရားသည် အခြေအမြစ်မရှိသော စိတ်ကူးအချို့၏ ရလဒ်မဟုတ်ပေ။ ဤသမ္မာတရားနှင့် ဤနှုတ်ကပတ်တော်များကို ဘုရားသခင်က သူ၏ အနှစ်သာရနှင့် သူ၏ အသက်တို့ကို အကြောင်းပြု၍ ဖော်ပြထားခြင်းဖြစ်သည်။ ဤနှုတ်ကပတ်တော်များနှင့် ဘုရားသခင် လုပ်ဆောင်ခဲ့သမျှ အရာခပ်သိမ်း၏ အနှစ်သာရသည် သမ္မာတရား ဖြစ်သောကြောင့်၊ ဘုရားသခင်၏ အနှစ်သာရသည် သန့်ရှင်းသည်ဟု ငါတို့ပြောနိုင်သည်။ တစ်နည်းအားဖြင့် ဆိုသော်၊ ဘုရားသခင် ပြောဆို၊ လုပ်ဆောင်သမျှ အရာခပ်သိမ်းတို့သည် လူတို့ထံ အသက်ပါခြင်းနှင့် အလင်းကို ယူဆောင်လာပေးသည်၊ လူတို့ကို အပြုသဘောဆောင်သော အရာများနှင့် ထိုအပြုသဘောဆောင်သော အရာများ၏ စစ်မှန်မှုကို မြင်ခွင့်ပေးပြီး ၎င်းတို့အနေဖြင့် မှန်ကန်သော လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့အလို့ငှာ လူသားမျိုးနွယ်အတွက် လမ်းညွှန်ပေးသည်။ ဤအရာအားလုံးကို ဘုရားသခင်၏ အနှစ်သာရနှင့် သူ၏ သန့်ရှင်းခြင်းနှင့်ဆိုင်သော အနှစ်သာရတို့က သတ်မှတ် ထားခြင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၃၂

နောက်ဆုံးသော ကာလ၌ ဘုရားသခင်သည် အဓိကအားဖြင့် သူ၏ နှုတ်ကပတ်တော်များကို ပြောရန် ရောက်လာခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူ၏ စကားများကို ဝိညာဉ်တော်၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၂၃

ဘုရားသခင်အပေါ် လူတို့ ယုံကြည်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း လူအများစုမှာ “ဘုရားသခင်” ဟူသည့် စကားလုံးကို လုံးဝနားလည်ခြင်း မရှိပါ။ ၄င်းတို့သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၅၆

အနန္တတန်ခိုးရှင် စစ်မှန်သော ဘုရားသခင်၊ နန်းတက် ရှင်ဘုရင်သည် တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့အား မျက်နှာမူလျက်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၆၀

ယောဘသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို နောက်တဖန် ခံစားရပြီး စာတန်၏ စွပ်စွဲခြင်းကို ဘယ်သောအခါမျှ နောက်ထပ် ခံရခြင်း မရှိတော့ ယေဟောဝါဘုရား၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။