ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၇၇

လူသားမျိုးနွယ် နေထိုင်သည့် ပတ်ဝန်းကျင်နှင့် ထိုပတ်ဝန်းကျင်အတွက် ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာ၊ ပြီးလျှင် သူ ပြုလုပ်ခဲ့သည့် ပြင်ဆင်မှုများအကြောင်း ဆွေးနွေး ပြောဆိုခြင်းဖြင့် ငါတို့ စခဲ့ကြသည်။ သူ စီစဉ်ခဲ့သည့် အရာ၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်ပြင်ဆင်ခဲ့သော ဖန်ဆင်းခြင်း အရာများကြား ဆက်နွှယ်မှုများနှင့် လူသားမျိုးနွယ်ကို ထိခိုက်နစ်နာစေခြင်းမှ သူ၏ ဖန်ဆင်းခြင်းအရာများကို တားဆီးဖို့ ဤဆက်နွှယ်မှုများအား ဘုရားသခင် စီစဉ်ပုံတို့ကို ငါတို့ ဆွေးနွေး ခဲ့ကြသည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ၎င်းတို့၏ အမြင့်မားဆုံး အသုံးဝင်မှုဖြင့် အသုံးတော်ခံခွင့်ပေးရင်း၊ သူ၏ ဖန်ဆင်းခြင်းအတွင်းရှိ မတူညီသော အရာများစွာက လူသားမျိုးနွယ်၏ ပတ်ဝန်ကျင်အပေါ် ရှိကောင်းရှိခဲ့နိုင်သည့် ထိခိုက်နစ်နာစေမှုကိုလည်း လျော့ပါးစေခဲ့ပြီး၊ လူသားမျိုးနွယ်ထံ အကျိုးရှိစေသည့် သဘာဝအင်အားစုများနှင့်အတူ အကျိုးရှိသော ပတ်ဝန်းကျင်တစ်ရပ်ကို ဆောင်ကြဉ်းပေးခဲ့သည်၊ ထိုသို့ဖြင့် လူသားမျိုးနွယ်အား ထိုသို့သော ပတ်ဝန်းကျင်တစ်ရပ်ကို ကျင့်သားရနိုင်စေကာ ဘဝနှင့် မျိုးပွားခြင်း သံသရာကို မှန်မှန် ဆက်လက်ဖြစ်စေလေသည်။ ထို့နောက်၊ လူ့ခန္ဓာကိုယ်က လိုအပ်သည့် အစားအစာ၊ လူသားမျိုးနွယ်၏ နေ့စဉ်အစားအသောက်အကြောင်း ငါတို့ ဆွေးနွေးပြောဆိုခဲ့ကြသည်။ ဤသည်မှာလည်း လူသားမျိုးနွယ် ရှင်သန်ရေးအတွက် လိုအပ်သည့် အခြေအနေတစ်ရပ်ဖြစ်သည်။ ဆိုလိုသည်မှာ၊ လူ့ခန္ဓာကိုယ်သည် အသက်ရှူခြင်းတစ်ခုတည်းဖြင့်၊ အာဟာရအတွက် နေရောင်မျှဖြင့်၊ သို့မဟုတ် လေဖြင့်၊ သို့တည်းမဟုတ် သင့်တော်သည့် အပူချိန်များဖြင့်သာ မရှင်သန်နိုင်ပေ။ လူသားများသည် ၎င်းတို့၏ဝမ်းများကို ဖြည့်ရန်လည်း လိုအပ်ပြီး၊ ဘုရားသခင်သည် မည်သည့်အရာကိုမျှ လျစ်လျူရှုမသွားဘဲ ၎င်းတို့ ထိုသို့လုပ်ဆောင်နိုင်ရန် လူသားမျိုးနွယ်၏ အစာ အရင်းအမြစ်များ ဖြစ်သည့် အမှုအရာများ၏ အရင်းအမြစ်များကို လူသားမျိုးနွယ် အတွက် ပြင်ဆင်ပေးခဲ့သည်။ သင်တို့သည် အင်မတန် ကြွယ်ဝကာ ပေါများသည့် ခြံထွက်ပစ္စည်းဖြစ်သည့် လူသားမျိုးနွယ်၏ အစားအသောက်အရင်းအမြစ်များကို မြင်တွေ့ပြီးသောအခါ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် သူ၏ ဖန်ဆင်းခြင်း အရာခပ်သိမ်းတို့အတွက် ထောက်ပံ့မှုအရင်းအမြစ်ဖြစ်သည်ဟု သင်ဆိုနိုင်သလော။ အကယ်၍ ဖန်ဆင်းခြင်း အချိန်ကာလ အတောအတွင်းတွင် ဘုရားသခင်သည် သစ်ပင်များနှင့် မြက်များ သို့မဟုတ် အခြားသောသက်ရှိများ တချို့တလေကိုသာ ဖန်ဆင်းခဲ့ပါက၊ ပြီးလျှင် ဤသက်ရှိသတ္တဝါအမျိုးမျိုးနှင့် အပင်များသည် နွားများနှင့် သိုးများစားရန်အတွက်၊ သို့မဟုတ် မြင်းကျားများ၊ သမင်များနှင့် အခြားတိရစ္ဆာန် အမျိုးမျိုးအတွက်၊ ဥပမာအနေဖြင့် ခြင်္သေ့များက မြင်းကျားများနှင့် သမင်များကဲ့သို့သော အရာများကို စားဖို့ဖြစ်ပြီး၊ ကျားများက သိုးများနှင့် ဝက်များကို စားဖို့ဖြစ်သော်လည်း လူသားတို့စားရန် သင့်တော်သည့်အရာ တစ်ခုမျှပင် မရှိပါက ယင်းသည် အလုပ်ဖြစ်ခဲ့လိမ့်မည်လော။ အလုပ်ဖြစ်ခဲ့မည် မဟုတ်ပေ။ လူသားမျိုးနွယ်အနေဖြင့် အချိန်ကြာမြင့်စွာ ရှင်သန်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ လူတို့သည် သစ်ရွက်များကိုသာစားလျှင် မည်သို့ဖြစ်မည်နည်း။ အလုပ် ဖြစ်ခဲ့လိမ့်မည်လော။ လူတို့သည် သိုးများအတွက် ရည်ရွယ်ထားသော မြက်ကို စားနိုင်မည်လော။ ၎င်းတို့အနေဖြင့် အနည်းငယ်မျှသာ စမ်းကြည့်ပါက၊ ထိခိုက်ကောင်းထိခိုက်မည်မဟုတ်သော်လည်း၊ ထိုသို့သော အရာများကို အချိန်ကြာမြင့်စွာ စားပါက ၎င်းတို့၏ အစာအိမ်များသည် ယင်းကို ခံနိုင်မည်မဟုတ်သကဲ့သို့၊ လူတို့သည် ကြာကြာ အသက်ရှင်ခဲ့ကြလိမ့်မည် မဟုတ်ပေ။ တိရစ္ဆာန်များ စားနိုင်သော်လည်း လူသားများအဖို့ အဆိပ်ရှိသည့် အရာများပင် ရှိလေသည်- တိရစ္ဆာန်များက ထိုအရာများကို အကျိုးဆက်မရှိဘဲ စားကြ၏၊ သို့သော် လူသားများအတွက်မူ ထိုသို့ မဟုတ်ပေ။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့၏၊ ထို့ကြောင့် လူ့ကိုယ်ခန္ဓာ၏ အခြေခံသဘောတရားများ၊ တည်ဆောက်ပုံနှင့် လူသားများ လိုအပ်သည့်အရာတို့ကို ဘုရားသခင် အသိဆုံးဖြစ်၏။ ဘုရားသခင်သည် ခန္ဓာကိုယ်၏ ပေါင်းစပ်ဖွဲ့စည်းမှု နှင့် ပါရှိသည့်အရာ၊ ယင်း၏ လိုအပ်ချက်များနှင့် လူ့ခန္ဓာကိုယ်၏ ကိုယ်တွင်းအင်္ဂါများ လည်ပတ်ခြင်းနှင့် အမျိုးမျိုးသော ဒြပ်ပစ္စည်းများကို မည်သို့ စုပ်ယူကာ ဖယ်ရှားပြီး စွန့်ထုတ်သည်ကို လုံးဝ ရှင်းလင်းပြတ်သားမှုဖြင့် သိလေသည်။ လူသားများက မသိကြ။ တစ်ခါတစ်ရံတွင် ၎င်းတို့ အမြော်အမြင်မရှိဘဲ စားကြသည်၊ သို့မဟုတ် မဆင်မခြင် မိမိတို့ဘာသာ ချက်ပြုတ်စားသောက်ကြသည်၊ ထိုသို့လုပ်ဆောင်ခြင်း လွန်ကဲလွန်းခြင်းက မညီမျှမှု ဖြစ်စေ၏။ သင်သည် သင့်အတွက် ဘုရားသခင်ပြင်ဆင်ပေးထားသည့် အရာများကို ပုံမှန်နည်းလမ်းဖြင့် စားသောက်ကာ မွေ့လျော်ပါက ကျန်းမာရေး ပြဿနာများ ရှိလိမ့်မည်မဟုတ်ပေ။ တစ်ခါတစ်ရံ သင်သည် စိတ်ဆိုးမာန်ဆိုးဖြစ်ကာ သွေးတန့်မှုကို တွေ့ကြုံ ခံစားရလျှင်ပင်၊ ဤအရာက ပြဿနာ လုံးဝမဖြစ်ပေါ်စေပေ။ သင့်အနေဖြင့် အချို့သော အပင်အမျိုးအစားကို စားရန်သာလိုပြီး သွေးတန့်နေခြင်း ပျောက်သွားလိမ့်မည်။ ဘုရားသခင်သည် ဤအရာအားလုံးအတွက် ပြင်ဆင်ထားပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏အမြင်တွင်၊ လူသားမျိုးနွယ်သည် အခြားသက်ရှိ အရာများထက် များစွာမြင့်မားပေသည်။ ဘုရားသခင်သည် အပင်အမျိုးအစားအသီးသီးအတွက် ပတ်ဝန်းကျင်တစ်ရပ်ကို ပြင်ဆင်ပေးခဲ့ပြီး၊ တိရစ္ဆာန်အမျိုးအစား အသီးသီးအတွက် အစားအစာနှင့် ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ပေးခဲ့သော်လည်း၊ လူသားမျိုးနွယ်သည် ၎င်းတို့ ပတ်ဝန်းကျင်၏ တင်းကျပ်ဆုံး လိုအပ်ချက်များရှိပြီး ထိုလိုအပ်ချက်များကို နည်းနည်းလေးမျှ လျစ်လျူရှု၍မရနိုင်ပေ။ လျစ်လျူရှုမိခဲ့ပါက၊ လူသားမျိုးနွယ်သည် ပုံမှန်နည်းလမ်းဖြင့် ကြီးထွားတိုးတက်ခြင်း၊ အသက်ရှင်ခြင်းနှင့် မျိုးပွားခြင်းတို့ကို ဆက်လက်လုပ်နိုင်ခဲ့မည် မဟုတ်ပေ။ ဤအရာကို သူ၏ စိတ်နှလုံးထဲတွင် အသိဆုံးသောသူမှာ ဘုရားသခင် ဖြစ်၏။ ဤအရာကို ဘုရားသခင် လုပ်ဆောင်ခဲ့ချိန်တွင်၊ သူသည် အခြားမည်သည့်အရာမဆိုထက် ထိုအရာအပေါ် သာ၍ အလေးထားခဲ့၏။ သင့်ဘဝတွင် သင်မြင်နိုင်ပြီး မွေ့လျော်နိုင်သည့် သာမညောင်ည အရာတစ်ချို့ သို့မဟုတ် မွေးကတည်းက သင်၌ရှိခဲ့ပြီးဖြစ်သည့် သင်မြင်ကာ မွေ့လျော်သော အရာတစ်ခု၏ အရေးပါမှုကို သင့်အနေဖြင့် သတိပြုမိနိုင်ခြင်း ရှိကောင်း ရှိလိမ့်မည်မဟုတ်သော်လည်း၊ ဘုရားသခင်သည် သင့်အတွက် အချိန်ကြာမြင့်စွာက သို့မဟုတ် တိတ်တဆိတ်ဖြင့် ပြင်ဆင်မှုများ ပြုလုပ်ထားနှင့်ပြီးဖြစ်သည်။ တတ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာအထိ၊ ဘုရားသခင်သည် လူသားမျိုးနွယ်အဖို့ မသင့်လျော်သကဲ့သို့ လူ့ကိုယ်ခန္ဓာကို အန္တရာယ်ဖြစ်စေကောင်း ဖြစ်စေနိုင်မည့် အပျက်သဘောဆောင်သော အရာအားလုံးကို ဖယ်ရှား၍ လျော့ပါးစေပြီးဖြစ်၏။ ဤအရာက မည်သည့်အရာကို ပြသနည်း။ ယင်းက ယခုအချိန်ကာလ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ချိန်က ၎င်းတို့အပေါ် ဘုရားသခင် ထားရှိခဲ့သည့် သဘောထားကို ပြပါသလော။ ထိုသဘောထားမှာ အဘယ်နည်း။ ဘုရားသခင်၏သဘောထားမှာ ဂရုတစိုက်ရှိပြီး လေးနက်၏၊ ပြီးလျှင် ထိုသဘောထားသည် မည်သည့်ရန်သူ အင်အားစုများမဆို၊ ပြင်ပ အရာများ သို့မဟုတ် သူနှင့်သက်ဆိုင်ခြင်း မရှိသော အခြေအနေများ၏ မည်သည့်နှောင့်ယှက်မှုကိုမျှ သည်းမခံခဲ့ပေ။ ဤတွင် ယခုအချိန်ကာလ လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်းနှင့် စီမံခန့်ခွဲခြင်းထဲက ဘုရားသခင်၏သဘောထားကို မြင်နိုင်ပေသည်။ ပြီးလျှင် ဘုရားသခင်၏သဘောထားမှာ အဘယ်နည်း။ လူသားမျိုးနွယ် မွေ့လျော်သည့် ရှင်သန်မှုနှင့် ဘဝအတွက် ပတ်ဝန်းကျင်မှတစ်ဆင့်အပြင်၊ ၎င်းတို့၏နေ့စဉ် အစားအသောက်နှင့် နေ့စဉ် လိုအပ်ချက်များတွင် လူကို ဘုရားသခင်သည် ဖန်ဆင်းခဲ့သည့် အချိန်ကတည်းက လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တာဝန်ယူသော သဘောထား အပြင်၊ ယခုအချိန်ကာလ လူသားမျိုးနွယ်ကို ကယ်တင်ရန် သူ၏ စိတ်ပိုင်းဖြတ်မှုကို ငါတို့တွေ့နိုင်၏။ ဤအရာများတွင် ဘုရားသခင်၏ စစ်မှန်မှုကို မြင်နိုင်သလော။ သူ၏ အံ့သြဖွယ်ရာဖြစ်ခြင်းကို မြင်နိုင်သလော။ သူ၏ မတွေးတတ်အောင် နက်နဲမှုကို မြင်နိုင်သလော။ သူ၏ အနန္တတန်ခိုးကို မြင်နိုင်သလော။ ဘုရားသခင်သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ထောက်ပံ့ရန်အပြင် သူ၏ ဖန်ဆင်းခြင်း အရာခပ်သိမ်းကို ထောက်ပံ့ခြင်းအဖို့ သူ၏အမြော်အမြင်ရှိပြီး တန်ခိုးကြီးမားသော နည်းလမ်းများကို အသုံးပြုလေသည်။ ယခု သင်တို့ကို အလွန်များစွာ ငါ ပြောပြီးဖြစ်သည်၊ ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏ဟု သင်တို့ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ယင်းမှာ သေချာပေါက် ထိုသို့ဖြစ်၏။ သင်တို့၌ သံသယတစ်ခုတစ်လေ ရှိသလော။ (မရှိပါ။) ဘုရားသခင်သည် အရာခပ်သိမ်းကို တည်ရှိကာ အသက်ရှင်စေနိုင်ပြီး၊ မျိုးပွားကာ ဆက်လက်ရှင်သန်စေနိုင်သည့် ထောက်ပံ့မှု၏ အရင်းအမြစ်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင်မှတစ်ပါး အရင်းအမြစ် မရှိသောကြောင့်၊ ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်သည်ကိုပြရန် အရာခပ်သိမ်းအတွက် ဘုရားသခင်၏ ထောက်ပံ့မှုသည် လုံလောက်ပေသည်။ လူတို့၏ အခြေခံအကျဆုံး ပတ်ဝန်းကျင်ဆိုင်ရာ လိုအပ်ချက်များဖြစ်စေ၊ ၎င်းတို့၏ နေ့စဉ်ဘဝလိုအပ်ချက်များဖြစ်စေ၊ သို့မဟုတ် လူတို့၏ဝိညာဉ်များကို သူထောက်ပံ့ပေးသည့် သမ္မာတရား လိုအပ်မှုဖြစ်စေ ဘုရားသခင်သည် အရာခပ်သိမ်း၏ လိုအပ်ချက် အားလုံးနှင့် လူသားမျိုးနွယ်၏ လိုအပ်ချက်အားလုံးကို ထောက်ပံ့ ပေး၏။ နည်းလမ်းအားလုံးဖြင့်၊ လူသားရှုထောင့်မှ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် သူ၏ အဆင့်အတန်းကို ကြည့်သည်တွင်၊ ဘုရားသခင်ကိုယ်တိုင်သာလျှင် အရာခပ်သိမ်းအတွက် အသက် အရင်းအမြစ်ဖြစ်၏။ ဤသည်မှာ မှန်သလော။ (မှန်ပါသည်။) ဆိုလိုသည်မှာ ဘုရားသခင်သည် လူတို့အနေနှင့် မြင်နိုင်ကာ ခံစားနိုင်သော ဤရုပ်ဝတ္ထုလောက၏ အုပ်စိုးသူ၊ အရှင်သခင်နှင့် ထောက်ပံ့သူဖြစ်၏။ လူသားမျိုးနွယ် အတွက် ဤသည်မှာ ဘုရားသခင်၏ ပင်ကိုလက္ခဏာ မဟုတ်လော။ ဤတွင် အခြားအရာ တစ်ခုမျှမရှိပေ။ ထို့ကြောင့် ကောင်းကင်၌ ငှက်များပျံသန်းနေသည်ကို သင်တွေ့သည့်အခါ၊ ဘုရားသခင်သည် ပျံသန်းနိုင်သော အရာများအားလုံး ဖန်ဆင်းခဲ့သည်ကို သင်သိသင့်သည်။ ရေထဲ၌ ကူးခပ်ကြသော သက်ရှိသတ္တဝါများရှိပြီး ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ရှင်သန်မှု နည်းလမ်းများ ရှိကြ၏။ မြေကြီးထဲတွင် အသက်ရှင်ကြသည့် သစ်ပင်များနှင့် အပင်များသည် နွေဦးရာသီတွင် အဖူးထွက်ပြီး ပေါက်ကာ၊ ဆောင်းဦးရာသီတွင် အသီးသီးပြီး ရွက်ဟောင်းခြွေသည်၊ ပြီးလျှင် ဆောင်းရာသီ အရောက်တွင် ထိုအပင်များသည် ဆောင်းရာသီကို ကျော်လွှား လွန်မြောက်ဖို့ ပြင်ဆင်ကြသည်နှင့်အမျှ အရွက်အားလုံး ကြွေကျကုန်လေသည်။ ယင်းမှာ ၎င်းတို့၏ ကိုယ်ပိုင် ရှင်သန်မှု နည်းလမ်းဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အသီးသီးသည် ကွဲပြားသော ပုံစံများနှင့် ကွဲပြားသော နည်းလမ်းများဖြင့် အသက်ရှင်ကြကာ ၎င်း၏အသက်ခွန်အားနှင့် ၎င်းရှင်သန်သည့် ပုံသဏ္ဌာန်ကို ပြသရန် ကွဲပြားသည့် နည်းလမ်းများကို အသုံးပြုကြ၏။ အသက်ရှင်ခြင်းနှင့်ပတ်သက်၍ သတ္တဝါများ မည်သို့လုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ရှိကြ၏။ ကွဲပြားသော ဇီဝပုံစံများနှင့် သက်ရှိအရာအားလုံးအပေါ် ဘုရားသခင် အုပ်စိုးခြင်း ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းသည် လူသားမျိုးနွယ်၏ ရှင်သန်မှုအတွက်လော။ (ဟုတ်ပါသည်။) သူသည် လူသားမျိုးနွယ် ရှင်သန်ရေးအတွက် ဘဝနိယာမအားလုံးကို ထိန်းချုပ်၏။ ဤအရာက လူသားမျိုးနွယ်၏ ရှင်သန်မှုသည် ဘုရားသခင်အတွက် မည်မျှ အရေးကြီးသည်ကိုသာ ပြလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၃၉

မိမိ၏ အသက်တာစိတ်သဘောထား၌ ပြောင်းလဲခြင်းကို လိုက်စားရှာဖွေရာတွင်၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းသည် ရိုးရှင်း၏။ သင်၏ လက်တွေ့ကျသည့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- သမ္မာကျမ်းစာနှင့် ပတ်သက်သည့် နက်နဲမှုများ | ကောက်နုတ်ချက် ၂၇၅

သမ္မာကျမ်းစာသည် ဣသရေလ၌ ဘုရားသခင် ပြုသည့် အမှု၏ သမိုင်းမှတ်တမ်းဖြစ်ပြီး ရှေးခေတ် ပရောဖက်များ၏ အနာဂတ္တိဟောကြားချက် များစွာအပြင် ထိုအချိန်က...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၆၂

စာတန်၏ဆိုးယုတ်မှုအကြောင်း ယခုပင် ငါတို့ ပြောဆိုဆွေးနွေးခြင်းက၊ လူသည် အလွန်စိတ်မချမ်းမြေ့မှုအလယ်တွင် ရှင်သန်ပြီး လူ၏အသက်တာသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၉၅

အရာခပ်သိမ်း၏ အဆုံးသတ် ချဉ်းကပ်လာမှုသည် ဘုရားသခင့် အမှု ပြီးပြည့်စုံခြင်းအပြင်၊ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှု အဆုံးတစ်ခုကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။