ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” | ကောက်နုတ်ချက် ၁၉၈

ဘုရားသခင်ကိုယ်တော်တိုင်၏ ကိုယ်ပိုင်လက္ခဏာနှင့် ဂုဏ်ဒြပ်

ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးတော်မူ၍ အရာခပ်သိမ်းကို စီမံအုပ်ချုပ်တော်မူသောသူ ဖြစ်၏။ သူသည် ရှိသမျှအားလုံးကို ဖန်ဆင်းခဲ့၏။ ရှိသမျှအားလုံးကို စီမံအုပ်ချုပ်၍ ရှိသမျှအားလုံးကို အုပ်စိုးကာ ရှိသမျှအားလုံးကို ထောက်ပံ့ပေး၏။ ဤသည်မှာ ဘုရားသခင်၏ဂုဏ်ဒြပ်ဖြစ်၍ ဘုရားသခင်၏ ပင်ကိုယ်လက္ခဏာဖြစ်၏။ အရာခပ်သိမ်းနှင့် ရှိသမျှအရာအားလုံးအတွက် ဘုရားသခင်၏ပင်ကိုယ်လက္ခဏာမှာ ဖန်ဆင်းရှင်နှင့် အရာခပ်သိမ်းကို အုပ်ချုပ်သူ ဖြစ်၏။ ဤသည်မှာ ဘုရားသခင်ပိုင်ဆိုင်သော ကိုယ်ပိုင်လက္ခဏာဖြစ်၍ သူသည် အရာခပ်သိမ်းတို့အကြားတွင် အတုမရှိဖြစ်၏။ လူသားမျိုးနွယ်အကြားဖြစ်စေ၊ ဝိညာဉ်လောကတွင်ဖြစ်စေ၊ ဘုရားသခင်၏ မည်သည့်ဖန်ဆင်းခံသတ္တဝါမျှ ဘုရားသခင်၏ ပင်ကိုယ်လက္ခဏာနှင့် ဂုဏ်ဒြပ်ကို အတုအယောင်ပြုလုပ်ရန် သို့မဟုတ် အစားထိုးရန် မည်သည့်နည်းလမ်း သို့မဟုတ် မည်သည့်အကြောင်းပြချက်မျှ အသုံးမပြုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းတို့အကြားတွင် ဤပင်ကိုယ်လက္ခဏာ၊ တန်ခိုး၊ သြဇာအာဏာနှင့် အရာခပ်သိမ်းအပေါ် အုပ်ချုပ်နိုင်စွမ်းကို ပိုင်ဆိုင်သောသူ တစ်ဦးတည်းဖြစ်သော ငါတို့၏ အတုမရှိသော ဘုရားသခင်ကိုယ်တော်တိုင်သာ ရှိ၍ဖြစ်သည်။ သူသည်အရာခပ်သိမ်းအကြားတွင် နေထိုင်ရွေ့လျားသွားလာသည်။ သူသည် အရာခပ်သိမ်း၏အထက် အမြင့်ဆုံးသောနေရာသို့ တက်ကြွနိုင်၏။ သူသည် လူသားတစ်ဦးဖြစ်လာခြင်း၊ အသွေးအသား ခန္ဓာဖြစ်သောသူတို့အကြား တစ်ဦးဖြစ်လာခြင်း၊ လူတို့နှင့် မျက်နှာချင်းဆိုင်လာ၍ ၎င်းတို့နှင့်အတူ ကောင်းခြင်းဆိုးခြင်းများကို မျှဝေခံစားခြင်းဖြင့် သူ့ကိုယ်သူ နှိမ့်ချနိုင်၏။ တစ်ချိန်တည်းတွင် သူသည် ရှိသမျှအရာခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်၍ ရှိသမျှအရာခပ်သိမ်း၏ ကံကြမ္မာနှင့် ရွေ့လျားရာကို ဆုံးဖြတ်၏။ ထို့အပြင် သူသည် လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာနှင့် လူသားမျိုးနွယ်၏ ဦးတည်ချက်ကို လမ်းပြ၏။ ဤကဲ့သို့သောဘုရားသခင်သည် သက်ရှိသတ္တဝါအားလုံး၏ ဝတ်ပြုကိုးကွယ်ခြင်း၊ နာခံခြင်းနှင့် သိခြင်းတို့ ခံရသင့်သည်။ ထို့ကြောင့် သင်သည် လူသားမျိုးနွယ်၏ မည်သည့်အုပ်စု၊ မည်သည့်အမျိုးအစားတို့နှင့်သက်ဆိုင်သည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဘုရားသခင်နောက်လိုက်ခြင်း၊ ဘုရားသခင်အား ရိုသေလေးမြတ်ခြင်း၊ ဘုရားသခင်၏ အုပ်ချုပ်မှုကို လက်ခံခြင်းနှင့် သင်၏ကံကြမ္မာအတွက် ဘုရားသခင်၏ အစီအမံများကို လက်ခံခြင်းသည်သာ မည်သူမဆို၊ မည်သည့်သက်ရှိသတ္တဝါအတွက်မဆို တစ်ခုတည်းသော ရွေးချယ်စရာဖြစ်ကာ လိုအပ်သော ရွေးချယ်စရာဖြစ်၏။ ဘုရားသခင်၏ အတုမရှိမှုတွင် သူ၏သြဇာအာဏာ၊ သူ၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏အနှစ်သာရနှင့် အရာခပ်သိမ်းအတွက် သူထောက်ပံ့ပေးသည့် နည်းလမ်းများ အားလုံးသည် အတုမရှိကြောင်းကို လူတို့တွေ့ကြ၏။ သူ၏အတုမရှိမှုသည် ဘုရားသခင်ကိုယ်တော်တိုင်၏ စစ်မှန်သောပင်ကိုယ်လက္ခဏာကို ဆုံးဖြတ်၍ သူ၏ဂုဏ်ဒြပ်ကို ဆုံးဖြတ်၏။ ထို့ကြောင့် သတ္တဝါတို့အားလုံးအကြားတွင် ဝိညာဉ်လောက သို့မဟုတ် လူသားမျိုးနွယ်အကြား ရှိသော မည်သည့် သက်ရှိသတ္တဝါမဆို ဘုရားသခင်နေရာတွင် အစားဝင်ရောက်လိုပါက ဘုရားသခင်ကို တုပ ရန် ကြိုးစားသကဲ့သို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ဤသည်မှာ အမှန်တရားပင်ဖြစ်၏။ ဘုရားသခင်ကိုယ်တော်တိုင်၏ ကိုယ်ပိုင်လက္ခဏာ၊ တန်ခိုးနှင့် ဂုဏ်ဒြပ်ကိုပိုင်ဆိုင်သည့် ဤကဲ့သို့သော ဖန်ဆင်းရှင်နှင့် အုပ်စိုးသူတစ်ဦးအပေါ် လူသား၏သတ်မှတ်ချက်များကား အဘယ်နည်း။ ဤသည်မှာ လူတိုင်းအတွက် ရှင်းလင်းသင့်ပြီး ၎င်းတို့ မှတ်မိသင့်ကြပြီး၊ ၎င်းသည် ဘုရားသခင်ရော လူသားအတွက်ပါ လွန်စွာ အရေးကြီး၏။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်နေရာ

အရာခပ်သိမ်းအား ဘုရားပိုင်တယ် အရာခပ်သိမ်းအား ခန့်ခွဲသောဘုရား အားရာအားလုံးအား သူပေး ဘုရားရဲ့နေရာနှင့် သဘာဝ အရာခပ်သိမ်းတို့ရဲ့အရှင် အရာအားလုံးဖန်ဆင်းရှင် အရာခပ်သိမ်းတို့၌ ပင်ကိုလက္ခဏာ တစ်မူထူးခြား လူသားနဲ့ ဝိညာဉ်တွေ ဖန်ဆင်းခြင်းခံသတ္တဝါ ဘယ်အကြောင်းကြောင့်ဖြစ်စေ ဘုရားနေရာ မဝင်ရောက်နိုင်ရာ အာဏာတန်ခိုးခပ်သိမ်း ပိုင်သူ အရာအားလုံး အုပ်စိုးသူ သူဟာ ဒို့အားလုံးရဲ့ တစ်ပါးတည်းသောဘုရားဖြစ်သည် ဘုရားဖန်ဆင်းခြင်းထဲ၌ အသက်ရှင် သွားလာနိုင်သည် အရာအားလုံးထက် သူ မြင့်မားစွာ ဝဲပျံနိုင်သည် သူ နှိမ့်ချလျှက် ကိုယ်တိုင်လူ့ဇာတိ ခံယူပြီး ပူဆွေး ဝမ်းနည်းမှု ပျော်ရွှင်ခြင်းတွေ မျှရင်း တစ်ချိန်တည်းစီမံအုပ်ချုပ်မှု ကံကြမ္မာခပ်သိမ်းတွေရဲ့အတွက် ဦးတည်ချက်တို့သတ်မှတ် လူ့ကံကြမ္မာလမ်းမှန်ပြရင်း အသက်ရှိလူတိုင်း သိကျွမ်းသင့်သော ဘုရားသခင်ဖြစ်သည် လူသားမျိုးနွယ်စုတိုင်း ဘုရားကို ယုံကြည်ကိုးစား နောက်တော်လိုက်၍ ဘုရားအုပ်စိုးခံစေပါ သူ့ အုပ်စိုးခြင်းအားလက်ခံ ကံကြမ္မာအား စီမံပေး လူသားအားလုံးနဲ့ အသက်ရှိသူတိုင်းအတွက် တစ်ခုတည်းသော ရွေးမည့်အရာ သင် ရွေးရမည့်အရာ ဖြစ်သည်

တစ်ချိန်တည်းစီမံအုပ်ချုပ်မှု ကံကြမ္မာခပ်သိမ်းတွေရဲ့အတွက် ဦးတည်ချက်တို့သတ်မှတ် လူ့ကံကြမ္မာလမ်းမှန်ပြရင်း အသက်ရှိလူတိုင်း သိကျွမ်းသင့်သော ဘုရားသခင်ဖြစ်သည် လူသားမျိုးနွယ်စုတိုင်း ဘုရားကို ယုံကြည်ကိုးစား နောက်တော်လိုက်၍ ဘုရားအုပ်စိုးခံစေပါ သူ့ အုပ်စိုးခြင်းအားလက်ခံ ကံကြမ္မာအား စီမံပေး လူသားအားလုံးနဲ့ အသက်ရှိသူတိုင်းအတွက် တစ်ခုတည်းသော ရွေးမည့်အရာ သင် ရွေးရမည့်အရာ ဖြစ်သည်

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” | ကောက်နုတ်ချက် ၁၂၂

လူသားဘဝတစ်ခုထဲက ဆုံမှတ်ခြောက်ခု လူတစ်ဦး၏ ဘဝလမ်းကြောင်းတွင် လူတိုင်းသည် အရေးကြီးသည့် ဆုံမှတ်များသို့ ရောက်ကြသည်။ ဤအရာများသည် ဘဝတွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)” | ကောက်နုတ်ချက် ၁၇၅

ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား အကြီးမားဆုံးသော ကွာခြားမှုကို ယခု သင်တို့ သတိပြုမိလာကြပြီလော။ နောက်ဆုံးတွင်၊ အရာခပ်သိမ်း၏ သခင်မှာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” | ကောက်နုတ်ချက် ၁၂၈

ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံသူတို့သာ စစ်မှန်သည့် လွတ်လပ်ခြင်းကို ရရှိနိုင်သည် လူတို့က ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)” | ကောက်နုတ်ချက် ၁၈၅

လူတို့၏ နှလုံးသားထဲတွင် ဘုရားသခင်အပေါ် မည်မျှနားလည်သနည်းဆိုသည်က သူတို့နှလုံးသားထဲတွင် ဘုရားသခင်က နေရာမည်မျှယူထားသနည်းဆိုသည်ကို သတ်မှတ်သည်။...