ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၆၃

ဟေရှာယ၊ ယေဇကျေလ၊ မောရှေ၊ ဒါဝိဒ်၊ အာဗြဟံနှင့် ဒံယေလတို့သည် ရွေးချယ်ခံထားရသည့် ဣသရေလလူမျိုးများထဲမှ ခေါင်းဆောင်များ သို့မဟုတ် ပရောဖက်များဖြစ်ခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်ဟူ၍ အဘယ်ကြောင့် အခေါ် မခံခဲ့ကြရသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့ကို အဘယ်ကြောင့် သက်သေမခံခဲ့သနည်း။ ယေရှုက သူ၏အမှုကို စတင်ပြီး သူ၏ နှုတ်ကပတ်တော်များကို စတင်ပြောဆိုသည်နှင့် တစ်ပြိုင်နက် သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှုကို အဘယ်ကြောင့် သက်သေခံခဲ့သနည်း။ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် အခြားသူများကို အဘယ်ကြောင့် သက်သေ မခံခဲ့သနည်း။ ဇာတိပကတိနှင့် သက်ဆိုင်သည့် လူများဖြစ်ကြသော ၎င်းတို့သည် “သခင်” ဟု အခေါ်ခံခဲ့ကြရသည်။ ထိုသူတို့ မည်သို့ အခေါ်ခဲ့ကြရသည် ဖြစ်စေ၊ ၎င်းတို့၏ အလုပ်သည် ၎င်းတို့၏ ဖြစ်တည်မှုနှင့် ၎င်းတို့၏ အနှစ်သာရကို ကိုယ်စားပြုပြီး၊ ၎င်းတို့၏ ဖြစ်တည်မှုနှင့် ၎င်းတို့၏ အနှစ်သာရသည် ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာကို ကိုယ်စားပြုကြလေသည်။ ၎င်းတို့၏ အနှစ်သာရသည် ၎င်းတို့၏ အမည်နာမများနှင့် ဆက်နွှယ်မှုမရှိပေ။ ယင်းကို ၎င်းတို့ ဖော်ပြသည့်အရာနှင့် ၎င်းတို့ အသက်ရှင် နေထိုင်သည့်အရာက ကိုယ်စားပြုပေသည်။ ဓမ္မဟောင်းကျမ်းတွင်၊ သခင်ဟု အခေါ်ခံရခြင်းတွင် ထူးခြားသည့်အရာ မည်သည့်အရာမျှ မရှိသကဲ့သို့၊ လူတစ်ဦးသည် မည်သည့်နည်းဖြင့်မဆို အခေါ်ခံရကောင်း ခံရမည် ဖြစ်သော်လည်း၊ ၎င်း၏ အနှစ်သာရနှင့် ပင်ကိုလက္ခဏာသည် ပြောင်းလဲ၍မရနိုင်ပေ။ ခရစ်တော် အတုအယောင်များ၊ ပရောဖက် အတုအယောင်များနှင့် လှည့်ဖြားသူများအကြားတွင် “ဘုရားသခင်” ဟု အခေါ်ခံရသူများလည်း ရှိသည် မဟုတ်လော။ ၎င်းတို့သည် အဘယ်ကြောင့် ဘုရားသခင် မဟုတ်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်၏ အမှုကို လုပ်ဆောင်နိုင်စွမ်း မရှိသောကြောင့်ဖြစ်သည်။ အရင်းအမြစ်၌ ၎င်းတို့သည် လူတို့ကို လှည့်စားသူများ၊ လူသားများဖြစ်ကြပြီး၊ ဘုရားသခင်မဟုတ်ပေ၊ ထို့ကြောင့် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ မရှိကြချေ။ မျိုးနွယ်စု ၁၂ စု ထဲတွင် ဒါဝိဒ်သည်လည်း သခင်ဟု အခေါ်ခံခဲ့ရသည် မဟုတ်လော။ ယေရှုသည်လည်း သခင်ဟု အခေါ်ခံခဲ့ရသည်- ယေရှုတစ်ဦးတည်းသာ လူ့ဇာတိခံ ဘုရားသခင်ဟု အဘယ်ကြောင့် အခေါ်ခံခဲ့ရသနည်း။ ယေရမိကိုလည်း လူသားဟု သိခဲ့ကြသည် မဟုတ်လော။ ပြီးလျှင် ယေရှုကို လူသားဟု သိကြသည် မဟုတ်လော။ ယေရှုသည် အဘယ်ကြောင့် ဘုရားသခင်ကိုယ်စား ကားစင်တင်ခံခဲ့ရသနည်း။ ယင်းမှာ ၎င်း၏ အနှစ်သာရသည် ကွဲပြားသောကြောင့် ဖြစ်သည်မဟုတ်လော။ ယင်းမှာ သူလုပ်ဆောင်ခဲ့သည့် အမှုသည် ကွဲပြားသောကြောင့် ဖြစ်သည်မဟုတ်လော။ အမည်နာမသည် အရေးပါသလော။ ယေရှုသည်လည်း လူသားဟုလည်း အခေါ်ခံခဲ့ရသော်လည်း၊ သူသည် ဘုရားသခင်၏ ပထမဦးဆုံး လူ့ဇာတိခံယူခြင်း ဖြစ်ခဲ့သည်၊ သူသည် တန်ခိုးအာဏာကို လက်ခံရန်နှင့် ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်အောင်ဆောင်ရွက်ရန် ကြွလာခဲ့ပြီးဖြစ်သည်။ ဤအရာက ယေရှု၏ ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရသည် လူသားဟု အခေါ်ခံခဲ့ရသော အခြားသူများနှင့် ကွဲပြားခြားနားသည်ကို သက်သေပြပေသည်။ ယနေ့တွင် သင်တို့ထဲမှ မည်သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် လူများပြောသော စကားများအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဟု ပြောဝံ့သနည်း။ မည်သူမဆိုသည် ထိုသို့သောအရာများကို ပြောဝံ့သလော။ သင်သည် ထိုသို့သောအရာများကို ပြောဆိုပါက၊ ဧဇရအနာဂတ္တိကျမ်းသည် အဘယ်ကြောင့် ပယ်ဖျက်ခံခဲ့ရသနည်း၊ ပြီးလျှင် ရှေးသန့်ရှင်းသူများနှင့် ပရောဖက်များ၏ ကျမ်းများကိုလည်း အလားတူ အဘယ်ကြောင့် ပြုခဲ့သနည်း။ ၎င်းတို့အားလုံး သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဆိုပါက၊ သင်တို့သည် အဘယ်ကြောင့် ထိုသို့ပြောင်းလဲလွယ်သေ ရွေးချယ်မှုများကို လုပ်ဝံ့ကြသနည်း။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရွေးချယ်ရန် အရည်အချင်းပြည့်မီသလော။ ဣသရေလမှ အဖြစ်အပျက် အများအပြားသည်လည်း ပယ်ဖျက်ခြင်း ခံခဲ့ရသည်။ ပြီးလျှင် သင့်အနေဖြင့် အတိတ်က ဤရေးသားချက်များအားလုံး သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဟု ယုံကြည်ပါက၊ ကျမ်းများထဲမှ အချို့သည် အဘယ်ကြောင့် ပယ်ဖျက်ခံခဲ့ရပါသနည်း။ ယင်းတို့အားလုံး သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာပါက၊ ယင်းတို့အားလုံးကို ထားရှိသင့်ပြီး၊ အသင်းတော်များရှိ ညီအစ်ကို မောင်နှမများထံသို့ ဖတ်ရှုရန် ပေးပို့သင့်ပေသည်။ ယင်းတို့ကို လူ့သဘောဖြင့် ရွေးချယ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း မပြုသင့်ပေ။ ထိုသို့လုပ်ခြင်းသည် မှားယွင်း၏။ ပေါလုနှင့် ယောဟန်တို့၏ အတွေ့အကြုံများသည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အမြင်များနှင့် ရောထွေးသည်ဟု ပြောဆိုခြင်းသည် ၎င်းတို့၏ အတွေ့အကြုံများနှင့် အသိပညာသည် စာတန်ထံမှ လာသည်ဟု ဆိုလိုခြင်း မဟုတ်သော်လည်း၊ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အတွေ့အကြုံများနှင့် ထိုးထွင်းသိမြင်မှုများမှ လာသည့်အရာများ ရှိခဲ့ကြခြင်းသာ ဖြစ်သည်။ ၎င်းတို့၏အသိပညာသည် ထိုအချိန်က ၎င်းတို့၏ တကယ့်အတွေ့အကြုံများ၏ နောက်ခံအကြောင်းအရာ နှင့်အညီ ဖြစ်ပြီး၊ ယင်းတို့အားလုံး သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဟု မည်သူက ယုံကြည်စိတ်ချစွာ ပြောနိုင်မည်နည်း။ ခရစ်ဝင်ကျမ်းလေးကျမ်းလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာပါက၊ မဿဲ၊ မာကု၊ လုကာနှင့် ယောဟန်တို့သည် ယေရှု၏အမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာကွဲပြား၍ အဘယ်ကြောင့် အသီးသီး ပြောဆိုခဲ့ကြသနည်း။ ဤအရာကို သင်တို့ မယုံကြည်ပါက၊ ပေတရုက သခင်ကို သုံးကြိမ်ငြင်းဆိုခဲ့ပုံနှင့်ပတ်သက်သည့် ကျမ်းစာထဲက ဖြစ်စဉ်များကို ကြည့်လော့- ယင်းတို့ အားလုံး ကွဲပြားခြားနားနေပြီး ၎င်းတို့အသီးသီးသည် မိမိတို့၏ ကိုယ်ပိုင်ထူးခြားသော လက္ခဏာရပ်များ ရှိကြသည်။ မသိနားမလည်သောသူများစွာက၊ “လူ့ဇာတိခံ ဘုရားသခင်သည်လည်း လူသားတစ်ဦး ဖြစ်သည်။ သို့ဆိုလျှင် သူပြောဆိုသော စကားများသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လုံးဝ လာနိုင်ပါသလော။ ပေါလုနှင့် ယောဟန်တို့၏ စကားများသည် လူ့အလိုဆန္ဒဖြင့် ရောနှောခဲ့ပါက၊ ကိုယ်တော်ပြောဆိုသော စကားများသည် လူ့အလိုဆန္ဒဖြင့် အကယ်ပင် ရောနှောမနေပါသလော။” ဟု မေးကြသည်။ ထိုသို့သော အရာများကို ပြောဆိုသောလူများသည် မျက်ကန်း၍ မသိမိုက်မဲ ကြလေတကား။ ခရစ်ဝင်ကျမ်းလေးကျမ်းကို သေချာစွာ ဖတ်လော့။ ယေရှု လုပ်ဆောင်ခဲ့သောအရာများနှင့် သူ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ ၎င်းတို့မှတ်တမ်းတင်ခဲ့သည့် အရာကို ဖတ်လော့။ ဖြစ်စဉ်အသီးသီးသည် အကယ်ပင် အတော်အတန်ကွဲပြားသကဲ့သို့၊ အသီးသီး၌ မိမိကိုယ်ပိုင် ရှုထောင့် ရှိလေသည်။ ဤကျမ်းများ၏ စာရေးသူများက ရေးသားခဲ့သည့် အရာ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဆိုပါက၊ အားလုံးသည် တူညီပြီး တစ်သမတ်တည်း ဖြစ်သင့်ပေသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ကွာဟချက်များ ရှိရသနည်း။ ဤအရာကို မမြင်နိုင်ရန်မှာ၊ လူသားသည် အလွန့်အလွန် မိုက်မဲသည် မဟုတ်လော။ ဘုရားသခင်ကို သက်သေခံရန် သင် စေခိုင်းခြင်း ခံရပါက၊ မည်သည့် သက်သေခံချက်မျိုးကို သင်ပေးနိုင်သနည်း။ ဘုရားသခင်ကို ထိုသို့သိရှိခြင်းနည်းလမ်းသည် သူ့ကို သက်သေခံနိုင်သလော။ အခြားသူများက သင့်ကို၊ “ယောဟန်နှင့် လုကာတို့၏ မှတ်တမ်းများသည် လူ့အလိုဆန္ဒများ ရောနှောနေခဲ့ပါက၊ သင်တို့၏ ဘုရားသခင်ပြောဆိုခဲ့သော နှုတ်ကပတ်တော်များသည် လူ့အလိုဆန္ဒနှင့် ရောနှောနေသည် မဟုတ်လော။” ဟု မေးပါက၊ ရှင်းလင်းသောအဖြေကို သင်ပေးနိုင်မည်လော။ လုကာနှင့် မဿဲတို့သည် ယေရှု၏နှုတ်ကပတ်တော်များကို ကြားခဲ့ကာ ယေရှု၏ အမှုကို မြင်ပြီးနောက်တွင်၊ ၎င်းတို့သည် ယေရှုလုပ်ဆောင်ခဲ့သော အမှုနှင့် သက်ဆိုင်သည့် အချက်အလက် အချို့ကို အသေးစိတ် ပြန်လည်ပြောပြသောပုံစံဖြင့် မိမိတို့၏ ကိုယ်ပိုင်အသိပညာကို ပြောပြခဲ့ကြသည်။ ၎င်းတို့၏ အသိပညာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အပြည့်အဝ ထုတ်ဖော်ပြခံရခြင်း ဖြစ်သည်ဟု သင်ပြောနိုင်သလော။ သမ္မာကျမ်းစာ ပြင်ပတွင်၊ ၎င်းတို့ထက် သာ၍ မြင့်မားသည့် အသိပညာတစ်ခုရှိသည့် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များစွာ ရှိခဲ့ကြပေသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့၏စကားများကို နောက်မျိုးဆက်များက လက်မခံခဲ့ကြသနည်း။ ၎င်းတို့သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်း ခံခဲ့ကြရသည် မဟုတ်လော။ ယနေ့၏အမှုတွင် ငါသည် ယေရှု၏အမှု၏ အခြေခံအုတ်မြစ်ပေါ်တွင် အခြေခံ၍ ငါ၏ ကိုယ်ပိုင် ထိုးထွင်းသိမြင်မှုများကို ပြောဆိုနေခြင်းမဟုတ်သကဲ့သို့၊ ယေရှု၏ အမှု၏ နောက်ခံအကြောင်းအရာနှင့်ယှဉ်၍ ငါ၏ကိုယ်ပိုင် အသိပညာကို ပြောနေခြင်းလည်း မဟုတ်သည်ကို သိလော့။ ထိုအချိန်က ယေရှုသည် မည်သည့်အမှုကို လုပ်ဆောင်ခဲ့သနည်း။ ထို့အပြင် ယနေ့ ငါသည် မည်သည့်အမှုကို လုပ်ဆောင်နေသနည်း။ ငါ လုပ်ဆောင်ကာ ပြောဆိုသည့်အရာသည် အစဉ်အလာ မရှိပေ။ ယနေ့ ငါလျှောက်သောလမ်းသည် ယခင်က လုံးဝ မနင်းလျှောက်ဖူးပေ၊ အတိတ်က ခေတ်များနှင့်သက်ဆိုင်သည့် လူများနှင့် မျိုးဆက်များက မည်သည့်အခါတွင်မျှ မလျှောက်ဖူးကြပေ။ ယနေ့တွင်၊ ယင်းကို စတင်ဆောင်ရွက်ပြီဖြစ်ကာ ဤသည်မှာ ဝိညာဉ်တော်၏ အမှု မဟုတ်သလော။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဖြစ်ခဲ့သော်ငြားလည်း၊ အတိတ်က ခေါင်းဆောင်များအားလုံးသည် ၎င်းတို့၏ အလုပ်ကို အခြားသူများ၏ အခြေခံအုတ်မြစ်ပေါ်တွင် ဆောင်ရွက်ခဲ့ကြသည်။ သို့သော်၊ ဘုရားသခင်ကိုယ်တိုင်၏အမှုသည် ကွဲပြားခြားနား၏။ ယေရှု၏ အမှုအဆင့်သည်လည်း အလားတူ ဖြစ်ခဲ့ပေသည်- သူသည် လမ်းခရီးသစ်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။ သူကြွလာခဲ့ချိန်တွင်၊ သူသည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဟောပြောခဲ့ပြီး လူသားသည် နောင်တရပြီး ဝန်ချရမည်ဟု ပြောဆိုခဲ့သည်။ ယေရှုသည် သူ၏အမှုကို ပြည့်စုံစေခဲ့သည့်နောက်တွင်၊ ပေတရု၊ ပေါလုနှင့် အခြားသူများသည် ယေရှု၏အမှုကို စတင်၍ ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။ ယေရှုသည် လက်ဝါးကပ်တိုင်တွင် သံမှိုနှင့်ရိုက်ခံခဲ့ရပြီး၊ ကောင်းကင်သို့ တက်ကြွသွားခဲ့သည့်နောက်တွင်၊ ၎င်းတို့သည် ကားတိုင်၏ လမ်းခရီးကို ဖြန့်ဝေဖို့ ဝိညာဉ်တော်၏ စေလွှတ်ခြင်း ခံခဲ့ရသည်။ ပေါလု၏ စကားများသည် ချီးမြှောက်ခြင်း ခံခဲ့ရသော်လည်း၊ ယင်းတို့သည်လည်း သည်းခံခြင်း၊ ချစ်ခြင်းမေတ္တာ၊ ဒုက္ခခံစားခြင်း၊ ဦးခေါင်းအုပ်ခြင်း၊ ဗတ္တိဇံခံယူခြင်း၊ သို့မဟုတ် လိုက်လျှောက်ရမည့် အခြားအယူဝါဒများကဲ့သို့သော ယေရှု ပြောဆိုပြီးခဲ့သည့် အရာအားဖြင့် ချထားခဲ့သော အခြေခံအုတ်မြစ် အပေါ်တွင် အခြေခံထားခဲ့ပေသည်။ ဤအရာအားလုံးကို ယေရှု၏ နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ပေါ်တွင် ပြောဆို ထားခဲ့ပေသည်။ ၎င်းတို့သည် ဘုရားသခင် အသုံးပြုခဲ့သော လူများသာ ဖြစ်ခဲ့ကြသည့်အတွက်၊ အသစ်သော လမ်းခရီးကို ဖွင့်လှစ်နိုင်စွမ်း မရှိခဲ့ကြချေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၇

လူတို့၏ အဆုံးသတ်ရလဒ်များကို ဘုရားသခင်ဆုံးဖြတ်ရာတွင် အသုံးပြုသည့် စံနှုန်းနှင့်ပတ်သက်၍ ထင်မြင်ချက်များစွာရှိသည် လူအယောက်တိုင်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၇၁

နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုသည် အလွန်ကြီးမားလှသော ယုံကြည်စိတ်ချမှု၊ ယောဘ၏ ယုံကြည်စိတ်ချမှုထက်ပင် သာ၍ကြီးမားသော ယုံကြည်စိတ်ချမှု...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၈၂

လူတို့သည် ကောင်းစွာပြုမူနိုင်ကြသော်လည်း ယင်းမှာ ၎င်းတို့၌ သမ္မာတရား ရှိသည်ဟု ကျိန်းသေပေါက် ဆိုလိုခြင်း မဟုတ်ပေ။ စိတ်အားသန်မှုရှိခြင်းသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂၈

လူသားနှင့်ပြုလုပ်သည့် ပဋိညာဉ်၏ သင်္ကေတအနေနှင့် ဘုရားသခင်သည် သက်တံကို ပြုလုပ်သည် (လက်ရွေးစင် ကျမ်းပိုဒ်များ) ကမ္ဘာဦး ၉:၁၁-၁၃ သင်တို့နှင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။