ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၀၂

သိမ်းပိုက်ခြင်းအလုပ်မှ ရရှိရန်ရလဒ်မှာ အဓိကအားဖြင့် လူ့ဇာတိ၏ပုန်ကန်ခြင်းကို ရပ်တန့်စေရန်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်အား အသစ်သောနားလည်ခြင်းကို လူ့စိတ်မှ ရရှိရန်၊ သူ၏နှလုံးသားမှ ဘုရားသခင်ကို အပြည့်အဝနာခံရန်နှင့် ၎င်းမှ ဘုရားသခင်အတွက် အသက်ရှင်ရန် ဆုံးဖြတ်ရေး ဖြစ်သည်။ လူသား၏ပင်ကိုစရိုက်၊ သို့မဟုတ် ဇာတိပြောင်းလဲပုံက သူသိမ်းပိုက်ခြင်းခံခဲ့ပြီးမပြီးကို အဆုံးအဖြတ်မပေးပေ။ စင်စစ်အားဖြင့် လူသား၏စဉ်းစားပုံ၊ လူသား၏အသိတရားနှင့် အသိစိတ်တို့ပြောင်းလဲသောအခါ၊ တစ်နည်းအားဖြင့်ဆိုသော် သင်၏စိတ်ပိုင်းဆိုင်ရာ သဘောထားတစ်ခုလုံး ပြောင်းလဲသည့်အခါ သင်သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်း ခံရပြီးဖြစ်သည်။ သင်သည် နာခံရန် စိတ်ပိုင်းဖြတ်ထားပြီး အသစ်သောစိတ်နေစိတ်ထားကို မွေးပြီးသည့်အခါ၊ သင်၏ကိုယ်ပိုင်အယူအဆများနှင့် ရည်ရွယ်ချက်တို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အလုပ်သို့ သင်ယူဆောင်မလာတော့သည့်အခါနှင့် သင်၏ဦးနှောက်က သာမန်အတိုင်း စဉ်းစားနိုင်သည့်အခါ၊ တစ်နည်းအားဖြင့် ဘုရားသခင်အတွက် စိတ်နှလုံးအကြွင်းမဲ့ အားထုတ်ကြိုးပမ်းနိုင်သည့် အခါ၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် အပြည့်အဝ သိမ်းပိုက်ခံရပြီးသည့် ပုဂ္ဂိုလ်မျိုး ဖြစ်သည်။ ဘာသာရေးနယ်ပယ်တွင် များစွာသောလူတို့သည် သူတို့၏ဘဝတစ်လျှောက်လုံး ဆင်းရဲဒုက္ခကို မဖြစ်စလောက် ခံစားရ သည်မဟုတ်ဘဲ၊ မိမိတို့၏ခန္ဓာကိုယ်ကို ချိုးနှိမ်၍ သို့မဟုတ် မိမိတို့၏ကားတိုင်ကို ထမ်း၍ နောက်ဆုံးထွက်သက်အထိ ဆင်းရဲဒုက္ခကိုပင် အောင့်ခံသူများ ဖြစ်သည်။ အချို့သောသူများသည် သူတို့၏သေခြင်းမနက်တွင် အစာရှောင်ကြသေးသည်။ သူတို့၏ ဘဝတစ်လျှောက်လုံး ကောင်းသောအစာ၊ ကောင်းသောအဝတ်အစားကို ငြင်းပယ်ပြီး ဆင်းရဲဒုက္ခကိုသာ ဖိခံကြသည်။ ထိုသူတို့သည် ၎င်းတို့၏ကိုယ်ကို ချိုးနှိမ်နိုင်၍ မိမိတို့၏ဇာတိကို စွန့်လွှတ်နိုင်ကြသည်။ ဆင်းရဲဒုက္ခကို သည်းခံနိုင်သည့် ထိုသူတို့၏စိတ်သည် ချီးကျူးဖွယ်ကောင်းသည်။ သို့သော်လည်း၊ ၎င်းတို့၏အတွေး၊ အယူအဆများ၊ စိတ်နေသဘောထားနှင့် ဇာတိဟောင်းတို့ တစ်ခုမျှ လုံး၀ ကိုင်တွယ်ခြင်း မခံရသေးပေ။ ၎င်းတို့ကို၎င်းတို့ မှန်ကန်စွာ နားမလည်ကြပေ။ ထိုသူတို့သည် ဘုရားသခင်ကို စိတ်ကူးသက်သက်၊ မရေရာသောဘုရားသခင်အဖြစ် စိတ်ကူးပုံဖော်ကြသည်။ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခကိုခံစားရန် ၎င်းတို့၏ဆုံးဖြတ်ချက်သည် ၎င်းတို့၏စိတ်အားထက်သန်မှုနှင့် ၎င်းတို့၏အကောင်းမြင်တတ်သောသဘာဝများမှ လာသည်။ ထိုသူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို နားမလည်ကြပေ၊ သူ၏အလိုတော်ကိုလည်း မသိကြပေ။ ထိုသူတို့သည် ဘုရားသခင်အတွက် ဆင်ကန်းတောတိုးအလုပ်လုပ်ပြီး ဆင်ကန်းတောတိုးဆင်းရဲဒုက္ခကို ခံစားကြသည်။ ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သောအမှုက ဘုရားသခင်၏အလိုတော်ကို အမှန်တကယ် ပြည့်စုံစေရန်အတွက် သေချာမှုရှိစေနည်းကို သိမြင်ရေးကို တန်ဖိုးမထားဘဲ အနည်းငယ်မျှသာဂရုစိုက် သည်။ ဘုရားသခင်အား နားလည်ခြင်း ရရှိရန် သိနိုင်သည့်နည်းကို သာ၍မသိကြပေ။ ထိုသူတို့အစေခံသည့် ဘုရားသခင်သည် သူ၏မူလပုံသဏ္ဌာန်မဟုတ်ဘဲ ထိုသူတို့ကိုယ်တိုင် ဖန်တီးထားသည့်ဘုရားသခင်၊ ကြားဖူးသည့်ဘုရားသခင်၊ စာပေများတွင် တွေ့ရသည့် ဒဏ္ဍာရီလာ ဘုရားသခင် ဖြစ်သည်။ ထို့နောက်၊ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခကိုခံရန်နှင့် ဘုရားသခင် လုပ်ချင်သည့် အလုပ်ကို လုပ်ရန် ထိုသူတို့သည် ၎င်းတို့၏ ရှင်းလင်းသောစိတ်ကူးများနှင့် ဘုရား၌မွေ့လျော်သော ၎င်းတို့၏နှလုံးသားများကို အသုံးပြုကြသည်။ လက်တွေ့အားဖြင့် ဘုရားသခင်၏အလိုတော်ကို အမှန်တကယ် ပြည့်စုံစေသည့်နည်းဖြင့် အစေခံသူ မရှိလောက်အောင် ထိုသူတို့၏ အစေခံခြင်းသည် တိကျမှု မရှိပေ။ ထိုသူတို့တွင် ဘုရားသခင်အတွက် ဆင်းရဲဒုက္ခကို ခံစားလိုသည့်ဆန္ဒ မည်မျှပင် ရှိပါစေ အစေခံခြင်းအပေါ် ထိုသူတို့၏မူလရှုထောင့်နှင့် ဘုရားသခင်အပေါ် ထိုသူတို့၏စိတ်ထင်မြင်ချက်သည် ပြောင်းလဲခြင်း မရှိပေ။ ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် စစ်ဆေးခြင်း၊ သူ၏စုံလင်စေခြင်းကို မခံရကြသေးသည့်အပြင် ၎င်းတို့ကို သမ္မာတရားဖြင့် မည်သူမျှ မဦးဆောင်ခဲ့ဖူးသောကြောင့် ဖြစ်သည်။ ထိုသူတို့သည် ကယ်တင်ရှင်ယေရှုကို ယုံကြည်ကြသော်လည်း ကယ်တင်ရှင်ကို တွေ့ဖူးသောသူ တစ်ယောက်မျှ မရှိပေ။ ဒဏ္ဍာရီပုံပြင်နှင့် တစ်ဆင့်စကားဖြင့်သာ သူ့ကို သိကြသည်။ ထို့ကြောင့် သူတို့၏ အစေခံခြင်းသည် မျက်စိမှိတ်ပြီး ကြုံရာအစေခံခြင်းနှင့်အတူတူပင် ဖြစ်ပြီး မိမိ၏ဖခင်ကို အစေခံသည့် မျက်ကန်းတစ်ယောက်နှင့် မခြားပေ။ ဤကဲ့သို့အစေခံခြင်းဖြင့် နောက်ဆုံးတွင် မည်သည့်အရာကို ပြီးမြောက်နိုင်သနည်း။ ထို့အပြင် ၎င်းကို မည်သူက ထောက်ခံမည်နည်း။ အစမှအဆုံးတိုင်အောင် ထိုသူတို့၏အစေခံခြင်းသည် မည်သည့်အခါမျှ လုံးဝမပြောင်းလဲပေ။ ထိုသူတို့သည် လူသားပြုလုပ်သည့်သင်ခန်းစာများကိုသာ လက်ခံရရှိကြပြီး ၎င်းတို့၏အစေခံခြင်းကို ၎င်းတို့၏သဘာဝဖြစ်မှုအပေါ်နှင့် ၎င်းတို့ကိုယ်တိုင်နှစ်သက်သည့်အရာများအပေါ်သာ အခြေခံကြသည်။ ဤသည်က မည်သည့်ဆုလာဘ်ကို ရရှိနိုင်သနည်း။ ယေရှုကို တွေ့မြင်ခဲ့သူ ပေတရုပင် ဘုရားသခင်၏အလိုတော်ကို ပြည့်စုံစေသည့်နည်းဖြင့် အစေခံသည့်နည်းကို မသိခဲ့ပေ။ အဆုံး၌ ၎င်းအသက်ကြီးသည့်အခါမှ နားလည်လာခဲ့သည်။ ဤအရာက ကိုင်တွယ် ခြင်း သို့မဟုတ် ပြုပြင်ခြင်းကို မခံစားဖူးဘဲ ဦးဆောင်လမ်းပြမည့်သူမရှိသော ဤမျက်ကန်းများအကြောင်းကို မည်သို့ ပြောနေသနည်း။ ယနေ့ သင်တို့ကြားမှအစေခံခြင်းများစွာတို့သည် ဤမျက်ကန်းများ၏အစေခံခြင်းနှင့် အတူတူပင် မဟုတ်လော။ တရားစီရင်ခြင်းကို မရရှိသေးသောသူများ၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ် ခြင်းကို မရရှိသေးသောသူများနှင့် မပြောင်းလဲသေးသောသူများသည် သိမ်းပိုက်ခြင်းကို ပြည့်ဝစွာ မခံရသောသူများ မဟုတ်ပါလော။ ထိုသူတို့သည် မည်သည့်အသုံးဝင်သနည်း။ သင်၏စဉ်းစားခြင်း၊ ဘဝကိုနားလည်ခြင်းနှင့် ဘုရားသခင်ကို နားလည်ခြင်းသည် အသစ်သောပြောင်းလဲခြင်းကိုလည်း မပြ၊ စစ်မှန်သော အကျိုးအမြတ် အနည်းငယ်ပင် မရှိပါက သင်၏အစေခံခြင်းတွင် မှတ်သားလောက်သော မည်သည့်အောင်မြင်မှုကိုမျှ ရရှိမည် မဟုတ်ပေ။ ဘုရားသခင်၏အမှုတော်အပေါ် ရူပါရုံနှင့် အသစ်သောနားလည်ခြင်းမရှိဘဲ သင်သည် သိမ်းပိုက်ခြင်းခံရသည့်ပုဂ္ဂိုလ် မဖြစ်နိုင်ပေ။ သင်၏ ဘုရားသခင်၏ နောက်တော်သို့ လိုက်လျှောက်ခြင်း နည်းသည် ဆင်းရဲဒုက္ခကိုခံစားပြီး အစာရှောင်ကြသောသူများကဲ့သို့ ဖြစ်လိမ့်မည်၊ တန်ဖိုးအနည်းငယ်မျှသာ ရှိလိမ့်မည်။ သူတို့၏အစေခံခြင်းအမှုသည် အချည်းနှီးဖြစ်သည်ဟု ငါပြောရခြင်းအကြောင်းအရင်းမှာ သူတို့လုပ်ဆောင်သည့်အရာတွင် သက်သေခံချက် အနည်းငယ်သာရှိသောကြောင့် ဖြစ်သည်။ ထိုသူတို့သည် သူတို့၏ဘဝတစ်လျှောက်လုံး ဆင်းရဲဒုက္ခကို ခံစားကြသည်၊ ထောင်ထဲတွင် အချိန်ကုန်လွန်ကြသည်၊ အချိန်တိုင်း သည်းခံကြကာ ချစ်ခြင်းနှင့် ကရုဏာကို အဓိကထားပြီး ၎င်းတို့၏ကားတိုင်ကို ၎င်းတို့ ထမ်းကြသည်။ ထိုသူတို့သည် လောက၏ ကဲ့ရဲ့ခြင်း၊ ငြင်းပယ်ခြင်းတို့ကို ခံကြပြီး ခက်ခဲမှုမှန်သမျှကို ကြုံခဲ့ကြသည်။ ထိုသူတို့သည် အဆုံးတိုင် နာခံကြသော်လည်း သိမ်းပိုက်ခြင်းကို မခံကြသေးဘဲ သိမ်းပိုက်ခြင်းခံသည့် သက်သေခံချက် ကို မပေးနိုင်ကြပေ။ ထိုသူတို့ခံစားခဲ့သည့်အရာသည် သေးငယ်သောအတိုင်းအတာ မဟုတ်ပေ၊ သို့သော် ထိုသူတို့အထဲတွင်မူ ဘုရားသခင်ကို လုံးဝ မသိကြပေ။ ၎င်းတို့၏ အတွေးဟောင်း၊ အယူအဆဟောင်းများ၊ ဘာသာရေးအလေ့အကျင့်များ၊ လူသားကြံဆသည့်နားလည်ခြင်းများနှင့် လူ့အကြံများသည် ကိုင်တွယ်ခြင်း ခံခဲ့ပြီး ဖြစ်သည်။ ထိုသူတို့တွင် အသစ်သော နားလည်ခြင်း လုံး၀ မရှိပေ။ ဘုရားသခင်အပေါ် ထိုသူတို့၏ နားလည်ခြင်းသည် စိုးစဉ်းမျှ မမှန်ကန်ပေ၊ မတိကျပေ။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို အလွဲနားလည်ခဲ့ကြသည်။ ဤသည် မှာ ဘုရားသခင်ကို အစေခံရန် ဖြစ်နိုင်သလော။ အတိတ်တွင် သင်သည် ဘုရားသခင်ကို မည်သို့ပင်နားလည်ခဲ့သည်ဖြစ်စေ ထိုနားလည်ခြင်းကို ယနေ့ သင်ထိန်းထားပြီး၊ ဘုရားသခင် မည်သည့်အရာ လုပ်ပါစေ သင်၏ဘုရားသခင်အားနားလည်ခြင်းကို သင်၏အယူအဆများနှင့် အကြံများအပေါ် ဆက်လက်အခြေခံသည်ဆိုပါစို့။ ဆိုလိုသည်မှာ၊ ဘုရားသခင်အား စစ်မှန်၍ အသစ်သော နားလည်ခြင်း သင့်တွင် မရှိ၊ ဘုရားသခင်၏ စစ်မှန်သောပုံသဏ္ဌာန်နှင့် စစ်မှန်သော စိတ်နေသဘောထားကို သင် သိရန်ပျက်ကွက်သည် ဟုဆိုပါစို့။ သင်၏ ဘုရားသခင်ကို နားလည်ခြင်းသည် ကံကျွေးချစနစ်၊ အယူသည်းသော အတွေးတို့၏ လမ်းပြမှုအောက် ရှိသေး၍ လူ့စိတ်ကူး စိတ်သန်းနှင့် အယူအဆတို့မှ ပေါက်ဖွားလာသည်ဆိုပါစို့။ ဤအရာသာ မှန်ပါလျှင် သင်သည် သိမ်းပိုက်ခြင်းကို မခံရသေးပေ။ ဤနှုတ်ကပတ်တော်များ အားလုံးကို သင့်ထံ ငါပြောရခြင်း၏ ရည်ရွယ်ချက်မှာ သင်နားလည်ခွင့် ရရန်ဖြစ်ပြီး စစ်မှန်၍အသစ်သော နားလည်ခြင်းသို့ လမ်းပြသွားရေး အတွက် ထိုအသိဉာဏ်ကို အသုံးပြုရန် ဖြစ်သည်။ ထို့ပြင်၊ သင်စွဲကိုင်သည့် အယူအဆဟောင်းများ နှင့် အသိဉာဏ်ဟောင်းတို့ကို စွန့်ပယ်ပြီး အသစ်သော နားလည်ခြင်း ရရှိရန်ကိုလည်း ရည်ရွယ်သည်။ ငါ၏နှုတ်ကပတ်တော်များကို အမှန် တကယ် သင်စားသောက်ပါက သင်၏နားလည်ခြင်းသည် အတော် ပြောင်းလဲသွားမည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်စားသောက်ပြီး နာခံခြင်း နှလုံးသားကို သင်ထိန်းသိမ်းသရွေ့ သင်၏ရှုထောင့်လည်း ပြောင်းလဲ သွားမည် ဖြစ်သည်။ အထပ်ထပ် ဆုံးမပဲ့ပြင်ခြင်းကို သင်ခံနိုင်သရွေ့ သင်၏စိတ်ဓာတ်ဟောင်းသည်လည်း တဖြည်းဖြည်း ပြောင်းလဲ သွားမည် ဖြစ်သည်။ သင်၏ စိတ်ဓာတ်ဟောင်းကို စိတ်ဓာတ်အသစ်နှင့် လုံးလုံးလျားလျား အစားထိုးသရွေ့ သင်၏ အလေ့အကျင့်သည်လည်း လိုက်၍ပြောင်းလဲမည် ဖြစ်သည်။ ဤနည်းဖြင့်၊ သင်၏အစေခံခြင်းသည် ပစ်မှတ်ကို တိုး၍ ထိလာပြီး ဘုရားသခင်၏အလိုတော်ကို တိုး၍ ပြည့်စုံစေနိုင်မည်။ သင်၏ဘဝ၊ လူ့ဘဝနှင့် ပတ်သက်သည့် သင်၏အသိပညာ၊ ဘုရားသခင် အကြောင်းနှင့် ပတ်သက်၍ သင်၏အယူအဆများတို့ကို သင်ပြောင်းလဲ နိုင်ပါက သင်၏သဘာဝဖြစ်ခြင်းသည် တဖြည်းဖြည်း ပျောက်ကွယ် သွားမည် ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို လူသားခံရပြီးနောက် ရလဒ် ဖြစ်သည်၊ ဤသည်မှာ လူသားတွင် တွေ့နိုင်မည့် အပြောင်းအလဲဖြစ်သည်။ အကယ်၍ ဘုရားသခင်၌ ယုံကြည်ခြင်းတွင် သင်သိသမျှသည် မိမိကိုယ်မိမိ ချိုးနှိမ်ခြင်း၊ သည်းခံခြင်းနှင့် ဆင်းရဲဒုက္ခကို ခံခြင်းတို့သာ ဖြစ်ပြီး၊ မည်သူ့အတွက် ထိုသို့လုပ်နေသည်ကို မဆိုနှင့် သင်လုပ်နေသည့်အရာ မှန်ခြင်း၊ မှားခြင်းကို သင်မရှင်းသေးပါက ဤကဲ့သို့သော အလေ့အကျင့်က ပြောင်းလဲခြင်းကို မည်သို့ ဖြစ်စေနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၃)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၉၉

မောရှေက ကျောက်တုံးကို ရိုက်ခဲ့သည့်အခါ ယေဟောဝါပေးသနားသောရေ ပန်းထွက်လာခဲ့ခြင်းသည် သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ဒါဝိဒ်သည် နှလုံးသားထဲ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၈၉

ဖန်ဆင်းရှင်သည် သက်ရှိသတ္တဝါအားလုံးကို စီစဉ်ညွှန်ကြားရန် ရည်ရွယ်၏။ သူလုပ်သည့်အရာတစ်ခုကိုမျှ သင်စွန့်ပစ်ခြင်း သို့မဟုတ် မနာခံခြင်း မပြုရ။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၈၅

တတိယနေ့တွင် ဘုရားဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် မြေကြီးနှင့် ပင်လယ်တို့ကို ပေါ်ပေါက်စေခဲ့ပြီး ဘုရားသခင်၏ သြဇာအာဏာသည် ကမ္ဘာကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၇၄

ခပ်သိမ်းသော အရာတို့၏ ဦးသျှောင် ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်သည် တန်ခိုးအာဏာကို သူ၏ပလ္လင်ထက်မှ စွဲကိုင်လျက် နေသည်။ သူသည် စကြဝဠာ နှင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။