ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- သမ္မာကျမ်းစာနှင့် ပတ်သက်သည့် နက်နဲမှုများ | ကောက်နုတ်ချက် ၂၇၁

သမ္မာကျမ်းစာထဲရှိသည့် အရာတိုင်းသည် ဘုရားသခင် ကိုယ်တိုင် ပြောခဲ့သည့် စကားလုံးများကို မှတ်တမ်းတင်ထားခြင်း မဟုတ်ပါ။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ ယခင်အမှု အဆင့်နှစ်ဆင့်အကြောင်းကို ရေးမှတ်ထားခြင်းသာဖြစ်ပြီး၊ ၎င်းတို့အနက် တစ်ပိုင်းမှာ ပရောဖက်များ၏ အနာဂတ္တိ ဟောကြားချက်များကို ရေးထားသည့် မှတ်တမ်းဖြစ်ပြီး၊ နောက်တစ်ပိုင်းမှာ ခေတ်အဆက်ဆက်၌ ဘုရားသခင် အသုံးပြုခဲ့သည့် လူများက အတွေ့အကြုံများနှင့် အသိပညာတို့ကို ရေးထားခြင်းဖြစ်သည်။ လူ၏ အတွေ့အကြုံများသည် လူ၏ အယူအဆများ၊ အသိပညာများနှင့် စွန်းထင်းနေကြပါသည်၊ ယင်းကို ရှောင်ရှား၍ မရနိုင်ပါ။ သမ္မာကျမ်းစာ၏ ကျမ်းအများအပြားသည် လူ၏ ခံယူချက်များ၊ ပုဂ္ဂိလ်စွဲ သို့မဟုတ် အယူစွဲဖြင့် ဘက်လိုက်ပြီး ရှုမြင်သည့် လူ၏သဘောများ၊ လူ၏ အဓိပ္ပာယ်မရှိသည့် သဘောပေါက်နားလည်မှုများ ဖြစ်ကြသည်။ မှန်ပါသည်၊ စကားလုံးအများစုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှု၏ ရလဒ်ဖြစ်ပြီး ၎င်းတို့သည် မှန်ကန်သည့် သိနားလည်မှုများ ဖြစ်ကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရား၏ လုံးဝတိကျသော ထုတ်ဖော်ပြခြင်းများဖြစ်သည်ဟု ပြော၍ မရနိုင်သေးပါ။ အချို့သော အရာများနှင့်ပတ်သက်လျှင် ၎င်းတို့၏ အမြင်များသည် ကိုယ်ပိုင် အတွေ့အကြုံမှ လာသောအသိ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုသာ ဖြစ်သည်။ ပရောဖက်များ၏ အနာဂတ္တိဟောကြားချက်များသည် ဘုရားသခင် ကိုယ်တိုင် ညွှန်ကြားပေးခဲ့သော အရာများ ဖြစ်သည်။ ဟေရှာယ၊ ဒံယေလ၊ ဧဇရ၊ ယေရမိနှင့် ယေဇကျေလတို့၏ ပရောဖက်ပြုချက်များသည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက် ညွှန်ကြားချက်မှလာပေသည်၊ ဤလူတို့သည် မြင်သောသူများ ဖြစ်ခဲ့ကြပြီး၊ ပရောဖက်ပြုသည့် ဝိညာဉ်ကို ရရှိထားကြကာ သူတို့အားလုံးသည် ဓမ္မဟောင်းကျမ်း၏ ပရောဖက်များ ဖြစ်သည်။ ပညတ်တော်ခေတ် အတွင်း၌ ယေဟောဝါ၏ နှိုးဆော်မှုကို ရရှိခဲ့ကြသော ဤသူတို့သည် ယေဟောဝါက တိုက်ရိုက် ညွှန်ကြားသည့် ပရောဖက်ပြုချက် အများအပြားကို ဟောခဲ့ကြသည်။ ယေဟောဝါက သူတို့အထဲတွင် အဘယ်ကြောင့် အလုပ် လုပ်ခဲ့ပါသနည်း။ အဘယ်ကြောင့်နည်းဟုဆိုလျှင် အစ္စရေးလူမျိုးများသည် ဘုရားသခင် ရွေးချယ်သည့် လူများ ဖြစ်ခဲ့ကြသောကြောင့် ဖြစ်သည်။ ပရောဖက်များ၏ အလုပ်သည် ထိုသူတို့အကြား၌ လုပ်ဆောင်ရန်ဖြစ်ပြီး ၎င်းတို့သည် ထိုသို့သော ဗျာဒိတ်များကို လက်ခံနိုင်သည့် အရည်အချင်းများ ရှိခဲ့ကြသောကြောင့် ဖြစ်သည်။ အမှန်တွင် သူတို့ကိုယ်တိုင်ကိုက သူတို့အားဖော်ပြခဲ့သည့် ဘုရားသခင်၏ ဗျာဒိတ်များကို နားမလည်ခဲ့ကြပါ။ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့၏ နှုတ်မှတဆင့် ထိုဗျာဒိတ်များကို ပြောကြားခဲ့သည်မှာ အနာဂတ်တွင် ထိုဗျာဒိတ်များကို လူတို့ နားလည်နိုင်စေရန်၊ ထိုအရာများသည် အမှန်တကယ်ပင် ဘုရား ဝိညာဉ်တော်၏ အလုပ်ဖြစ်ကြောင်းကို မြင်နိုင်စေရန်၊ ထိုအရာများသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဖြစ်ကြောင်း၊ လူထံမှလာသော အရာများမဟုတ်ကြောင်းကို မြင်နိုင်စေရန်၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့်ဆိုင်သော အတည်ပြုချက်ကို ၎င်းတို့အားပေးရန် ဖြစ်သည်။ ကျေးဇူးတော်ခေတ် အတွင်း၌မူ၊ ယေရှု ကိုယ်တိုင် သူတို့ကိုယ်စား ဤအမှုအားလုံးကို လုပ်ပေးခဲ့သောကြောင့် လူတို့သည် အနာဂတ်ဟောကြားချက်များကို မဟောကြတော့ပေ။ သို့ဖြစ်လျှင် ယေရှုသည် ပရောဖက်တစ်ဦး ဖြစ်ခဲ့ပါသလော။ ယေရှုသည် ပရောဖက်တစ်ဦး ဖြစ်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော်သူသည် တမန်တော်များ၏ အလုပ်ကိုပါ လုပ်ဆောင်နိုင်ခဲ့သူဖြစ်သည်။ ယေရှုသည် အနာဂတ်ကို ဟောကြားခြင်းနှင့် တရားဟောခြင်း နှစ်မျိုးစလုံးကို လုပ်နိုင်ခဲ့ပြီး တိုင်းပြည်အနှံ့တွင် လူများကို သွန်သင်ပေးနိုင်ခဲ့သည်။ သို့သော် ယေရှု လုပ်ဆောင်ခဲ့သည့် အမှုနှင့် ယေရှု ကိုယ်စားပြုခဲ့သည့် ပင်ကိုယ်လက္ခဏာမှာ မတူခဲ့ပေ။ သူသည် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ကယ်တင်ရန်၊ လူကို အပြစ်မှ ကယ်တင်ရန် လာခဲ့သည်၊ သူသည် ပရောဖက် တစ်ဦး ဖြစ်ခဲ့သကဲ့သို့ တမန်တော် တစ်ဦးလည်း ဖြစ်သည်၊ ထို့ထက်ပိုသည်မှာ သူသည် ခရစ်တော် ဖြစ်ပေသည်။ ပရောဖက် တစ်ဦးသည် အနာဂတ်ကို ဟောကြားနိုင်သော်လည်း၊ ထိုသို့သော ပရောဖက်ကို ခရစ်တော်ဟု ဆို၍မရပေ။ ထိုစဉ်အချိန်က ယေရှုသည် ပရောဖက်ပြုချက် အများအပြား ပြောဆိုခဲ့သောကြောင့် ယေရှုကို ပရောဖက်တစ်ဦးဟု ခေါ်နိုင်သော်လည်း သူသည် ပရောဖက်တစ်ဦး ဖြစ်သောကြောင့် ခရစ်တော် မဟုတ်ဟု ပြော၍ မရပါ။ အကြောင်းမှာ သူသည် ဘုရားသခင် ကိုယ်တိုင်ကို ကိုယ်စားပြုကာ အမှု၏ အဆင့် တစ်ဆင့်ကို ထမ်းဆောင်ခဲ့ပြီး ယေရှု၏ ကိုယ်ပိုင်လက္ခဏာသည် ဟေရှာယနှင့် တခြားစီ ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် ရွေးနုတ်ကယ်တင်သည့်အမှုကို ပြည့်စုံစေရန် လောကသို့ လာခဲ့ခြင်း ဖြစ်သည်။ သူသည် လူသား၏ အသက်အတွက်လည်း ထောက်ပံ့ပေးခဲ့ပြီး ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့ထံသို့ တိုက်ရိုက်လာခဲ့သည်။ သူလုပ်ဆောင်ခဲ့သည့် အမှု၌ ဘုရားသခင်၏ဝိညာဉ်တော်ထံမှ လှုံ့ဆော်ချက်များ သို့မဟုတ် ယေဟောဝါထံမှ လမ်းညွှန်ချက်များ မရှိခဲ့ပါ။ ယင်းအစား၊ ဝိညာဉ်တော်က တိုက်ရိုက် အလုပ်လုပ်ခဲ့ခြင်း ဖြစ်သည်— ယင်းက ယေရှုသည် ပရောဖက် တစ်ဦး မဟုတ်ကြောင်းကို သက်သေပြရန် လုံလောက်ပေသည်။ သူလုပ်ဆောင်ခဲ့သည့် အမှုသည် ရွေးနုတ်ကယ်တင်သည့် အမှုဖြစ်သည်။ ယင်းနောက် ဒုတိယအလုပ်မှာ ပရောဖက်ပြုချက် ပြောဆိုခြင်းဖြစ်သည်။ သူသည် ပရောဖက် တစ်ဦး၊ တမန်တော်တစ်ဦး ဖြစ်၏၊ သို့သော် ယင်းထက် သူသည် ရွေးနုတ်ကယ်တင်သောသူ ဖြစ်သည်။ အနာဂတ်ကို ဟောကြားပေးခဲ့သူများသည် ပရောဖက်ပြုချက်ကိုသာ ပြောဆိုနိုင်ခဲ့ကြပြီး တခြား အလုပ်များကို လုပ်ဆောင်ရာ၌ ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားပြုနိုင်စွမ်း မရှိခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ယခင်က မည်သည့်ကမျှ မလုပ်ကိုင်ခဲ့ဘူးသည့် အလုပ် အများအပြားကို ယေရှု လုပ်ဆောင်ခဲ့ပြီး လူသားမျိုးနွယ်အား ရွေးနုတ်ကယ်တင်သည့် အလုပ်ကိုလည်း လုပ်ခဲ့သောကြောင့်၊ သူသည် ဟေရှာယကဲ့သို့သောသူများနှင့် မတူခဲ့ပါ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၇၉

ဘုရားသခင်ကို သိခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သူ၏ ဝမ်းမြောက်ခြင်း၊ ဒေါသ၊ ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၃၁

ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ လာပြီး သေခြင်းကို တည်ငြိမ်စွာ ရင်ဆိုင်လော့ လူတစ်ယောက် မွေးဖွားသည့် အခိုက်အတန့်တွင် အထီးကျန်သည့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၆၀၀

မူလက လူသားမျိုးနွယ်အလယ်တွင် မိသားစုများမရှိခဲ့ပေ။ ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦး- ခြားနားသော လူသားနှစ်မျိုးသာ- တည်ရှိခဲ့သည်။ မိသားစုများကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၁၉

လူသားသည် ဘုရားသခင်၏အမှုကို တွေ့ကြုံသည်၊ မိမိကိုယ်ကိုယ် သိရှိလာသည်၊ သူ၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားကို သန့်စင်စေပြီး၊ အသက်တာ၌...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။