လူနှင့် ဘုရားသခင်ကြားက ဆက်ဆံရေးကို ပြုပြင်ဖို့ အရေးကြီး၏ (အပိုင်း နှစ်)

သာမန်လူတို့သည် လူမှုအဖွဲ့အစည်းတွင် နိမ့်ကျပြီး အခြားသူများ၏ အထင်အမြင်သေးခြင်းခံရကာ အလွန် မြင့်မားသည့် ဘုရားသခင်သည် အလွန်မထူးခြားသည့် တစ်စုံတစ်ဦးအဖြစ် မိမိကိုယ်ကို လူ့ဇာတိမခံယူသင့်သောကြောင့်၊ လူသားမျိုးနွယ်အားလုံး၏ အတွေးများနှင့် အယူအဆများအတွင်းတွင်၊ လူ့ဇာတိခံယူခြင်းမှတစ်ဆင့် ဘုရားသခင်၏ သာမန်လူတစ်ဦးဖြစ်လာခြင်းသည် ဘုရားသခင်အတွက် ဆောင်ယူရန် မသင့်တော်ဆုံးသော ပုံသဏ္ဌာန် ဖြစ်လေသည်။ ဤသည်မှာ လူတို့၏ အယူအဆများနှင့် မကိုက်ညီသည့် အရာတစ်ခု ဖြစ်၏။ ဘုရားသခင်သည် ယနေ့ လူ့ဇာတိခံယူပြီး ထိုကဲ့သို့ သာမညောင်ည လူသားတစ်ဦးအဖြစ် ကူးပြောင်းလာသည့်အခိုက် ထိုဘုရားသခင်သည် သင်၏ ဘုရားဖြစ်ကြောင်း သင်တို့လက်ခံနိုင်ပြီး အသိအမှတ်ပြုနိုင်သည့် အချက်ကပင်လျှင် သက်သေခံခြင်း ဖြစ်လေသည်။ ထိုသို့ဖြစ်၍ ဘုရားသခင်နှင့် သင်၏ ပုံမှန်ဆက်ဆံရေးကို မည်သည့်အရာက လွှမ်းမိုးခြင်းသို့မဟုတ် ဒုက္ခပေးခြင်း ရှိကောင်းရှိနိုင်မည်နည်း။ ဘာမျှမရှိချေ။ ဤအရာကို မှတ်ထားလျက် ခရစ်တော်ကို သင်၏ဘုရားသခင်အဖြစ် အသိအမှတ်ပြုနိုင်ခြင်းသည် သင်နှင့် ဘုရားကြားက ဆက်ဆံရေးကို တိုင်းတာခြင်းအတွက် အရေးကြီးဆုံးသော စံသတ်မှတ်ချက်တစ်ခု ဖြစ်သည်။ လူများစွာက ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်း အသိအမှတ်မပြုကြသကဲ့သို့၊ ဘုရားသခင်ကို သမ္မာတရားအဖြစ် အသိအမှတ်မပြုသောသူတို့သည် ဘုရားသခင်က သူတို့၏ဘုရားဖြစ်ကြောင်း အသိအမှတ်ပြုနိုင်သလော။ ဘုရားသခင်ကို သမ္မာတရားဖြစ်သည်ဟု အသိအမှတ်မပြုသော သူတို့သည် ဘုရားသခင်နှင့် အဘယ်ဆက်ဆံရေးမျိုး ရှိသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်ကြသလော။ ဘုရားသခင်ကို ၎င်းတို့ အာခံနိုင်စွမ်း ရှိကြသည် မဟုတ်လော။ ဤအရာများကို သင် ရှင်းရှင်းလင်းလင်း မြင်ရမည်။ သင်နှင့် လူ့ဇာတိခံ ဘုရားသခင် နှစ်ဦးလုံး၌ လူ့ပုံသဏ္ဌာန်၊ လူ့အသွင်၊ လူ့အကြိုက်များ၊ လူ့ဘာသာစကားတို့ ရှိကြပြီး သင်တို့နှစ်ဦးလုံး လူ့လောကထဲတွင် အသက်ရှင်နေထိုင်ကြသည်။ သို့သော် သင်သည် သင်၏အနေအထားကို ပြုပြင်နိုင်သည်၊ သင့်အဆင့်အတန်းနှင့် ဘုရားသခင်၏ အဆင့်အတန်းကြားက ခြားနားချက်ကို ပြောနိုင်ပြီး ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကို ပြုပြင်နိုင်လေသည်။ သင်သည် ဤဆက်ဆံရေးကို မည့်သည့်အခါမျှ ကျော်လွန်လိမ့်မည် မဟုတ်သကဲ့သို့ ထိုအရာကို ဘောင်မကျော်ပေ။ အကယ်၍ သင်သည် ဤဝိညာဉ်ရင့်ကျက်မှု ရရှိနိုင်ပါက ဘုရားသခင်အတွက် သင်သည် ပြည့်မီခြင်းရှိပြီး မည်သည့်စွမ်းအားကမျှ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကို မဖျက်ဆီးနိုင်ပေ။ ဤသည်မှာ အခိုင်ခံ့ဆုံးသော ဆက်ဆံရေး ဖြစ်သင့်ပြီး၊ စံနှုန်းသည် ပြည့်မီပြီး ဖြစ်လိမ့်မည်။ အကယ်၍ ဤသွေးသားခန္ဓာနှင့် သင်၏ဆက်စပ်မှုက လူနှင့် ဘုရားကြားက ဆက်ဆံရေးအဆင့်ထိ မဖြစ်ပေါ်လျှင်၊ အကယ်၍ သင်သည် ထိုသို့သော ဆက်ဆံရေးကို မပိုင်ဆိုင်လျှင် သင်က “ကျွန်ုပ်သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပြီး ယင်းက အလွန်ပုံမှန်ကျသော ဆက်ဆံရေးဖြစ်သည်” ဟု ဆိုသည့်အခါ ဤသည်မှာ မှန်ကန်သလော။ မမှန်ကန်ပေ။ သင်သည် ဘုရားသခင်နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုရှိသည်ဟု သင် ဆိုသော်လည်း ထိုအရာကို အဘယ်သူ မြင်ဖူးသနည်း။ ယင်းသည် မည်သည့်နေရာတွင် ပေါ်လွင်သနည်း။ ယင်း၌ အမှန်ဖြစ်သော အခြေခံအကြောင်းရင်း မရှိပေ။ လူတို့သည် မိမိတို့ ဇာတိပကတိဖြင့် အသက်ရှင်ကြပြီး ဝိညာဉ်ရေးရာနယ်ပယ်ကို ထိုးထွင်းမသိနိုင် သို့မဟုတ် ဘုရားသခင်ထံ မရောက်နိုင်သောကြောင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် အဘယ်သို့ ဆက်ဆံထိတွေ့နိုင်မည်နည်း။ လတ်တလောတွင် သင်တို့၏ လူ့ဇာတိခံဘုရားနှင့် ရှိသည့်ဆက်ဆံ​ရေးသည် လူနှင့် ဘုရားကြားရှိ ဆက်ဆံရေးတစ်ခုကဲ့သို့ ရယူနိုင်စွမ်းရှိကြသလော။ (မရှိကြပါ။) အခက်အခဲက မည်သည့်နေရာတွင် ရှိနေသနည်း။ လူသား နားမလည်သည့် သမ္မာတရားများစွာ ရှိ၏။ လူသား နားမလည်ဟုဆိုရာတွင် မည်သည့်အရာကို ဆိုလိုသနည်း။ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် ကဏ္ဍများစွာတွင် လူ့ဇာတိခံ ဘုရားသခင်၏ အမြင်များ၊ အယူအဆများနှင့် မကိုက်ညီသည့် အမြင်များနှင့် အယူအဆများ ရှိသည်၊ အမှုအရာများကို လူသား ကိုင်တွယ်သည့် အခြေခံသဘောတရားများသည် လူ့ဇာတိခံ ဘုရားသခင်၏ အခြေခံသဘောတရားများနှင့် မကိုက်ညီသကဲ့သို့ လူသည် ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများစွာပင် ရှိကြသည်ဟု ဆိုလိုပေသည်။ ဤပြဿနာများသည် မပြေလည်သေးပေ။ ဤပြဿနာများ၏ အရင်းအမြစ်သည် မည်သည့်နေရာက လာသနည်း။ ဘုရားသခင်နှင့် လူသားမျိုးနွယ်ကြား ဆက်ဆံရေးကို မည်သည့်အချက်က ထိခိုက်နေသနည်း။ ယင်းမှာ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ ဆိုလိုသည်မှာ လူသားမျိုးနွယ်သည် စာတန်၏ အဆိပ်အတောက်ကို မှီခိုလျက် အသက်ရှင်ရင်း စာတန်ဘက်တွင် ရပ်တည်ဆဲဖြစ်ပြီး လူတို့ အသက်ရှင်နေထိုင်သည့်အရာမှာ စာတန်၏ စိတ်သဘောထားနှင့် အနှစ်သာရဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရသည် သမ္မာတရားဖြစ်၏၊ သူ၏ အနှစ်သာရသည် မပြောင်းလဲနိုင်ပေ။ ထို့ကြောင့်၊ ဘုရားသခင်နှင့် သဟဇာတဖြစ်ဖို့ရန် ပြောင်းလဲရမည့်သူမှာ အဘယ်သူနည်း။ လူသားမျိုးနွယ်ဖြစ်သည်မှာ ဟုတ်ပေ၏။ ယင်းမှာ ခိုင်မာပေသည်။ သို့ဆိုလျှင် လူသားမျိုးနွယ်သည် မည်သို့ ပြောင်းလဲသင့်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို ကျိုးနွံနာခံရမည်၊ သမ္မာတရားကို လက်ခံရမည်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရမည်ဖြစ်ပြီး ပြုပြင်ခြင်းကို လက်ခံရမည်။ ဤသည်မှာ ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းသို့ ရောက်ရှိရန် လူ၏ တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သည်။ ဤလမ်းကြောင်းပေါ် သင် ခြေချသည့်အချိန်တွင်သာ သမ္မာတရားကို သင် တဖြည်းဖြည်း နားလည်လာနိုင်သည်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်ပယ်နိုင်ပြီး လူများနှင့် အမှုအရာများနှစ်ခုလုံးအား ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအတိုင်း ရှုမြင်နိုင်ပေသည်။ ဤသို့ဖြင့် သင် ပြုမူသည့် စည်းမျဉ်းများ၊ အမှုအရာများကို သင် ရှုမြင်သည့် ရှုထောင့်အမြင်၊ ဘဝအပေါ် သင်၏ အမြင်နှင့် သင်၏ စံများသည် ဘုရားသခင်နှင့် အားလုံး ကိုက်ညီလိမ့်မည်။ သင်နှင့် ဘုရားသခင်ကြားရှိ အတားအဆီးများသည် ယခင်ကထက် နည်းပါးလာလိမ့်မည်။ နောက်ထပ် ဆန့်ကျင်ကွဲလွဲခြင်းများ ရှိတော့မည် မဟုတ်။ ဘုရားသခင်ကို သင် လေ့လာသည်မှာ လျော့သည်ထက် လျော့နည်းသွားလိမ့်မည်။ သင်၏ ကျိုးနွံနာခံမှုသည် အလိုအလျောက် ကြီးထွားသည်ထက် ကြီးထွားလိမ့်မည်ဖြစ်ပြီး သင်သည် ဘုရားသခင်နှင့် အပြည့်အဝ သဟဇာတဖြစ်မှုကို တဖြည်းဖြည်း ရရှိလိမ့်မည်။

သင်တို့သည် ငါနှင့် ဆက်ဆံရမည်ကို စိုးရွံ့ကြသလော။ (မစိုးရွံ့ပါ။) သင်တို့ စိုးရွံ့ကောင်း စိုးရွံ့မည်မဟုတ်သော်လည်း ငါ စိုးရွံ့၏။ မည်သည့်အရာကို ငါ စိုးရွံ့သနည်း။ သင်တို့သည် ဝိညာဉ်ရင့်ကျက်မှု အလွန် နည်းပါးကြပြီး သင်တို့ နားမလည်သည့် သမ္မာတရားများစွာ ရှိကာ ငါ လုပ်ဆောင်ကာ ပြောဆိုသည့် အချို့သော အရာများနှင့် ပတ်သက်၍ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုက အမီလိုက်နိုင်ခြင်း ရှိမရှိဆိုသည်ကို ငါ စဉ်းစားရမည်။ ယင်းတို့ကို ငါတိုက်ရိုက် မပြောနိုင် သို့မဟုတ် မလုပ်ဆောင်နိုင်သော်လည်း ထိုသမ္မာတရားကို ဖြတ်သန်းပြီး တွေ့ကြုံခံစားရန် လုံလောက်သည့် နေရာအပြင် လုံလောက်သည့်အချိန်ကိုလည်း သင်တို့ကို ပေးရမည်။ ထို့နောက်တွင် ငါသည် စောင့်ဆိုင်း၏။ ထိုသမ္မာတရားများကို သင်တို့ နားလည်ရန်၊ တဖြည်းဖြည်း လက်ခံရန်၊ ဝိညာဉ်ရင့်ကျက်မှုတွင် ကြီးထွားရန် သင်တို့ကို ငါ စောင့်ဆိုင်း၏။ ထိုအဆင့်တွင် သင်တို့ထံ ချဉ်းကပ်ရန် နည်းနည်းချင်း ငါ တစ်ဖန် ကြိုးစားသည်။ ထို့နောက် သင်တို့ကို ငါ စောင့်ကြည့်ပြီး ဝိညာဉ်ရင့်ကျက်မှု၌ ကြီးထွားပြီးခြင်း ရှိမရှိဆိုသည်ကို ငါ ကြည့်သည်။ ကြီးထွားပြီးဖြစ်ပါက သင်တို့ထံ နောက်ထပ် အနည်းငယ် ငါ ပြောဆိုသည်။ သင်သည် ဝိညာဉ်ရင့်ကျက်မှု နည်းပါးဆဲဖြစ်ပါက ငါသည် အနည်းငယ်သာ၍ ခပ်ခွာခွာနေသည်။ ငါသည် သင်တို့နှင့် အဘယ်ကြောင့် အနည်းငယ် ခပ်ခွာခွာ နေရမည်နည်း။ ငါသည် သင်တို့နှင့် အလွန်နီးကပ်ပြီး သင့်အပေါ် များစွာ တောင်းဆိုလွန်းပါက မြန်ဆန်လွန်းစွာ၊ အလောတကြီးဖြစ်ခြင်းသည် အလွယ်တကူ အချည်းနှီးဖြစ်သွားပေမည်။ အလောတကြီးဖြစ်ခြင်းက အချည်းနှီးဖြစ်ပါက အကျိုးဆက်များသည် မည်သည့်အရာများ ဖြစ်မည်နည်း။ သင်တို့ ခံနိုင်သည်ထက် သာ၍ အန္တရာယ်များကောင်း များပေမည်။ ယခုတွင် အမှုအရာများ ဤသို့ဖြစ်သည်နှင့်အမျှ ငါတို့သည် ငါတို့၏ ဆက်ဆံမှုတွင် သဘောညီညွတ်မှုနှင့် ကိုက်ညီမှု မရရှိနိုင်သည်သာမက စစ်မှန်သည့် အပေါက်အလမ်းတည့်ခြင်းကိုပင် ငါတို့ မရနိုင်ပေ။ သင်တို့၏ တာဝန်တွင်ပါဝင်သည့် ကိစ္စရပ်များ၏ သွင်ပြင်လက္ခဏာတိုင်းတွင် သင်တို့ကို လမ်းညွှန်ပေးရင်း ငါသည် သင်တို့နှင့် မရမက မကြာခဏ ထိတွေ့ဆက်ဆံပါက သို့မဟုတ် သင်တို့နှင့်အတူ အသက်ရှင်ပါက သင်တို့အတွက် ဗျာများစရာ ဖြစ်မည်။ သင်တို့သည် ထိုသို့သော ကိစ္စတွင် ဆင်းရဲဒုက္ခခံစားရသည်ဟု ခံစားမိပေမည်။ ထိုအရာသည် ငါ သည်းညည်းခံရမည့် တစ်စုံတစ်ရာ ဖြစ်မည်မဟုတ်လော။ ထိုအရာကို သည်းညည်းခံရာတွင် ဆင်းရဲဒုက္ခ ငါ ခံစားရမည်လော။ ငါသည်လည်း ဆင်းရဲဒုက္ခခံစားရပေမည်။ ထိုဆင်းရဲဒုက္ခခံစားခြင်းသည် သင်တို့၏ အကျိုးကျေးဇူးအတွက် ဖြစ်မည်ဆိုပါက၊ သင်တို့၏ တိုးတက်မှုကို ပိုမိုမြန်ဆန်စေနိုင်ပါက အနည်းငယ် ဆင်းရဲဒုက္ခခံစားရသည်ဖြစ်စေ ငါ ဂရုစိုက်မည် မဟုတ်။ ငါသည် တကယ်ကို ပို၍ သည်းခံမည်၊ အနည်းငယ် စကားလျှော့ပြောမည်၊ သည်းခံစိတ် အနည်းငယ်ဖြင့် သင်တို့ကို ပို၍ ညှာတာကာ အနည်းငယ် ပို၍ စောင့်ဆိုင်းမည်ဖြစ်သည်။ ဤသည်မှာ အပန်းကြီးမည် မဟုတ်။ အချိန်မတိုင်မီ အချို့သောအရာများကို သင်တို့ ဆင်းရဲဒုက္ခခံစားရပါက ထိုအရာသည် အတိုင်းအတာတစ်ခုထိ ရလဒ်များ ဖြစ်ထွန်းနိုင်မည်လော။ သမ္မာတရားကို သဘောပေါက်နားလည်နိုင်ပြီး အသိစိတ်နှင့် ဆင်ခြင်တုံတရားနှစ်ခုလုံး ပိုင်ဆိုင်သောသူ၊ မျှတပြီး ယုတ္တိတန်သောသူနှင့် ထို့အပြင် သမ္မာတရားကို အထူးသဖြင့် ချစ်သူ၊ သမ္မာတရားကို မရမနေ လိုက်စားနိုင်သူ၊ ပြီးလျှင် မိမိတို့၏ စိတ်နှလုံးအတွင်းထဲတွင် အလင်းနှင့် အပြုသဘောဆောင်သော အရာများအပေါ် ၎င်းတို့၏ ချစ်ခြင်းနှင့် လိုက်စားခြင်း၌ အလျှော့မပေးသောသူဖြစ်သည့် ထူးခြားသောသူအနည်းငယ်အတွက်သာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သမ္မာတရားကို လိုက်စားရာတွင် တက်ကြွပြီး အပြုသဘောဆောင်သော ပေတရုကဲ့သို့သောလူများ၊ ထိုသို့သော လူ့သဘာဝ၊ ထိုသို့သော လိုက်စားမှုနှင့် ထိုသို့သော သဘောပေါက်နားလည်ခြင်းတို့ ရှိသည့် လူများသာ ထိုသို့သော ဆင်းရဲဒုက္ခကို မျှော်မှန်းချိန်ထက်စော၍ ကြုံတွေ့ခံစားနိုင်ပေသည်။ သင်တို့ထဲတွင် ဤစံသတ်မှတ်ချက်များကို ပြည့်မီသူ တစ်ဦးတလေ ရှိသလော။ (မရှိပါ။) ကောင်းပြီ၊ သို့ဆိုလျှင် အချိန်မတန်သေးဘဲ ထိုသို့သော ဆင်းရဲဒုက္ခကို သင်တို့ မကြုံရရန်အလို့ငှာ ငါတို့သည် ခပ်ခွာခွာနေရလိမ့်မည်ဟု ပြောရသည်မှာ ငါ စိတ်မကောင်းပေ။ ထို့ကြောင့် မည်သည့်အချိန်တွင် ထိုအရာကို သင်တို့ ကြုံရလိမ့်မည်နည်း။ သင်တို့သည် ဝိညာဉ်ရင့်ကျက်မှုတစ်ခုခုထိ ကြီးထွားပြီးသည့်အခါ ဘုရားသခင်သည် သင်တို့အတွက် ပတ်ဝန်းကျင်များ၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို အလိုအလျောက် စီစဉ်ပေးလိမ့်မည်။ ယင်းမှာ ယောဘနှင့်ကဲ့သို့ပင် ဖြစ်၏။ “သူသည် ဝိညာဉ်ရင့်ကျက်မှု တစ်ခုခုထိ ကြီးထွားခဲ့ချိန်တွင် စာတန်သည် သူ့အပေါ် စွပ်စွဲချက်တစ်ခုဖြင့် ဘုရားသခင် ရှေ့မှောက်သို့ ရောက်လာပြီး ယောဘကို စုံစမ်းရန်၊ စုံစမ်းနှောင့်ယှက်မှုကို ယောဘ ခံစေရန် စာတန်ကို ဘုရားသခင်က အခွင့်ပေးခဲ့ကာ အကျိုးဆက်အနေဖြင့် ယောဘသည် သူ၏ ပိုင်ဆိုင်မှုတစ်ခုလုံးကို လက်လွှတ်ဆုံးရှုံးလိုက်ရသည်။” ဤသည်မှာ သင်တို့နှင့် အလှမ်းဝေးသလော။ မည်မျှဝေးသနည်း။ ဤအရာ၏ တစ်ဖက်သည် သင်တို့၏ လိုက်စားမှုအပေါ် မူတည်၏။ အခြားတစ်ဖက်မှာ ဘုရားအမှုတော်၏ တောင်းဆိုချက်များအပေါ်တွင်လည်းကောင်း၊ သူ၏ အစီအစဉ်တွင် သူ သတ်မှတ်ပြီးဖြစ်သည့် အချိန်ကိုက်မှုအပေါ်တွင်လည်းကောင်း မူတည်ပေသည်။ ယင်းမှာ မည်သည့် အချိန်ကိုက်မှု ဖြစ်သနည်း။ ယင်းမှာ အချိန်ကျလာသည့်အခါ လူတို့သည် သမ္မာတရားအားလုံးနှင့် အခြေခံအားဖြင့် ပြင်ဆင်ခြင်းခံရကာ နားလည်ကြသည်ဟူ၍ ဖြစ်သည်။ သို့တိုင် လူအချို့သည် ဝိညာဉ်ရင့်ကျက်မှုအရ ထိုနေရာသို့ မရောက်သေးပါက မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ သင့်တော်သည့် အချိန်ရောက်သောအခါတွင် ဘုရားသခင် ဆောင်ရွက်လိမ့်မည်။ သင် ပုန်းကွယ်နိုင်သည်ဟု ထင်သလော။ ဤအဆင့်ကို ခိုးကြောင်ခိုးဝှက် ဖြတ်ကျော်နိုင်သူ မည်သူမျှ မရှိပေ။ ဤအရာကို လူ၏အလုပ်အပေါ် စစ်ဆေးခြင်းဟု ခေါ်ပြီး လူတိုင်း ဖြတ်သန်းရမည်။ မည်သူမျှ စောစီးစွာ မဖြတ်နိုင်သကဲ့သို့ မည်သူမျှလည်း နောက်ကျမကျန်ရစ်နိုင်။ “မည်သူမျှ စောစီးစွာ မဖြတ်နိုင်” ဆိုသည်မှာ လူတစ်ဦး၏ ဝိညာဉ်ရင့်ကျက်မှု မရှိသကဲ့သို့ သမ္မာတရား များစွာကို ၎င်းတို့ မကြားခဲ့ပါက ဘုရားသခင်အား မိမိကို စမ်းသပ်ရန် ထိုလူတောင်းဆိုသည့်အခါ သူ စမ်းသပ်လိမ့်မည် မဟုတ်။ ဤအရာမှ အဘယ်သူမျှ ကင်းလွတ်ခွင့်ရလိမ့်မည် မဟုတ်။ အကြောင်းမှာ ဘုရားသခင်သည် လူတိုင်းကို တန်းတူရည်တူကဲ့သို့ မြင်ပြီး လူတိုင်းကို တန်းတူ အခွင့်အရေးများ ပေးကာ အားလုံးကို အတူတူ သူ ထောက်ပံ့ကာ အမှုပြုသောကြောင့် ဖြစ်လေသည်။ ထို့ကြောင့် ယခုတွင် သင် ပိုင်ဆိုင်သည့် သင်၏ အခြေအနေနှင့် ဝိညာဉ်ရင့်ကျက်မှုအရ ငါ ထိုသို့သော သဘောထားကို ထားရှိခြင်းသည် သင်တို့အဖို့ အကျိုးမပြုသလော။ (ပြုပါသည်။) ယင်းမှာ သင်တို့အတွက် သင့်တော်သည်၊ ယခု သင်တို့ လိုအပ်သည့်အရာသာ ဖြစ်သည်။ သင်တို့သည် နယ်ပယ်အသီးသီးတွင် သင်တို့၏ တာဝန်များကို ပုံမှန် ထမ်းဆောင်နေစဉ်တွင် သင်တို့သည် ထောက်ပံ့မှုနှင့် အကူအညီကို အချိန်မီနှင့် အတိုင်းအတာဖြင့် ရရှိနိုင်ရန်အလို့ငှာ သင်တို့ ပိုင်ဆိုင်ပြီး နားလည်ရန် လိုအပ်သည့် သမ္မာတရားများဖြင့်လည်း အနည်းငယ်မျှ နှောင့်နှေးခြင်းမရှိဘဲ ထောက်ပံ့ခြင်းခံရလေသည်။ ထို့နောက်တွင် သင်တို့၏တာဝန်ကို သင်တို့ ထမ်းဆောင်သည်နှင့်အမျှ ဤသမ္မာတရားများကို သင်တို့ တဖြည်းဖြည်း အစာခြေကာ စုပ်ယူပြီး တွေ့ကြုံလိမ့်မည်ဖြစ်ကာ သမ္မာတရား၏ စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ရှာတွေ့ကြလိမ့်မည်။ သင်သည် ဘုရားသခင်၏ အလိုတော်ကို နည်းနည်းချင်း သဘောပေါက်လိမ့်မည်ဖြစ်ကာ ထိုသို့ဖြင့် လူနှင့် ဘုရားသခင်၏ ဆက်ဆံရေးသည် ပြုပြင်ခံရလိမ့်မည်ဖြစ်ပြီး သင်၏ ကဏ္ဍကို လက်ခံကာ သင်၏ တာဝန်တွင် တည်ကြည်ခိုင်မာရန်ဖြစ်သည့် ဖန်ဆင်းခံတစ်ဦး၏ အဆင့်အတန်းကို သင် ယူလိမ့်မည် ဖြစ်သည်။ ဤအရာနောက်တွင် ၎င်းတို့ မသိလိုက်ဘဲနှင့် စမ်းသပ်မှုများနှင့် စစ်ဆေးမှုကို ကြုံရသည့် လူအချို့ ရှိကောင်းရှိနိုင်သည်။ ယင်းသည် မည်သည့်အချိန်တွင် ဖြစ်ပျက်လိမ့်မည်နည်း။ သက်ဆိုင်သည့် စာကြောင်းတစ်ကြောင်းဖြင့် သင်တို့ကို ငါ ပြောမည်။ စမ်းသပ်မှုများသည် စီစဉ်ထားသည့်အတိုင်း ရောက်လာလိမ့်မည်။ ဤသည်မှာ အနည်းငယ် စိတ်ကူးသက်သက် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဘုရားသခင်အဖို့ ယင်းသည် တကယ်ကို အခြေအနေ၏ အရှိအတိုင်းဖြစ်သည်။ ဘုရားသခင်အနေဖြင့် ဆောင်ရွက်ရန် အချိန်ကျလာသည့်အခါ သင်သည် သင် အစွမ်းရှိသမျှ ကြိုးစားသော်လည်း ပုန်းကွယ်နိုင်လိမ့်မည်မဟုတ်။ ယခုတွင် မည်သည့်အရာကို ငါ လုပ်လိမ့်မည်နည်း။ ငါ၏ ကဏ္ဍကို ငါ ထိန်းသိမ်းမည်၊ ငါ၏ အဆင့်အတန်းကို နေရာယူပြီး ငါ၏ အလုပ်ကို လုပ်ဆောင်ကာ ချုပ်တည်းခြင်း မရှိသကဲ့သို့ တစ်ဟုန်ထိုးရှေ့တက်ခြင်းမရှိသော်လည်း ငါ၏ အမှုကို ပြဋ္ဌာန်းထားသည့် အစီအစဉ်အတိုင်း လုပ်ဆောင်လျက် ငါ၏ အမှုကို ငါ လုပ်ဆောင်မည်ဖြစ်သည်။ သင်တို့၏ ကယ်တင်ခြင်း လမ်းကြောင်းအားလုံး ပွင့်နေသည်။ ငါသည် သင်တို့ကို နှောင့်နှေးစေဖို့မပြောနှင့်၊ ထိုလမ်းကြောင်းတို့ကို ပိတ်မည်မဟုတ်။

တစ်ဦးတလေက စိုးရိမ်မှုဖြင့် “ကိုယ်တော်နောက်သို့ လိုက်လျှောက်ခြင်းအားဖြင့်၊ ကျွန်ုပ်တို့ ကယ်တင်ခံရနိုင်သလော”ဟု မေးသလော။ လူအချို့သည် ဤမေးခွန်းကို စဉ်းစားကောင်း စဉ်းစားဖူးမည် မဟုတ်သော်လည်း ယင်းသည် သံသယရှိခဲ့ခြင်းနှင့် မတူသကဲ့သို့ ဤသံသယသည် တည်ရှိကောင်း တည်ရှိနိုင်သေးသည်။ ထို့ကြောင့် မှန်ကန်သည့် တစ်စုံတစ်ရာကို သင့်အား ငါ ပြောပြမည်။ သင်သည် စိုးရိမ်ရန် မလိုပေ။ သင် မစိုးရိမ်မီ ငါ စိုးရိမ်သင့်၏။ အစိုးရိမ်သင့်ဆုံးသောသူမှာ ငါ ဖြစ်သော်လည်း ငါသည် မည်သည့်အခါတွင်မျှ မစိုးရိမ်ပေ။ ထို့ကြောင့် သင်သည် မည်သည့်အရာနှင့် ပတ်သက်၍ စိုးရိမ်ပူပန်သနည်း။ သင်သည် များစွာ စိုးရိမ်လွန်းနေသည် မဟုတ်လော။ သင် များစွာ စိုးရိမ်လွန်းပြီး ထိုသို့ စိုးရိမ်ရန် မလိုအပ်ပေ။ ငါ တာဝန်ယူရမည့် အရာတစ်ခု မဟုတ်သောကြောင့် ဤကိစ္စနှင့် ပတ်သက်၍ မည်သည့်အခါတွင်မျှ ငါ မစိုးရိမ်ပေ။ ယင်းမှာ ကောင်းသည့်အရာ မဟုတ်လော။ သို့ဆိုလျှင် မည်သူသည် ထိုအရာအတွက် တာဝန်ယူသနည်း။ အချို့က “ကိုယ်တော် ထိုသို့ပြောသည်မှာ အလွန် တာဝန်မဲ့ရာကျသည်။ ကိုယ်တော် တာဝန်မရှိပါက အဘယ်သူ တာဝန်ရှိပါသနည်း”ဟု ဆိုကြသည်။ ငါသည် ထိုသို့သော စိုးရိမ်ပူပန်မှုများ လုံးဝ မရှိသောကြောင့် ငါ တာဝန်ယူရန် မလိုအပ်ပေ။ ငါသည် စိုးရိမ်ကြောင့်ကြမှု မလိုအပ်၊ ဤကိစ္စကို လေ့လာရန် မလိုအပ်ပေ။ “အိုး။ သင်တို့၏ အဆုံးသတ်များနှင့် ခရီးပန်းတိုင်တို့၏ ဝန်ထုပ်ကို ငါ မခံနိုင်ပေ။ ငါ လှမ်းသည့် ခြေလှမ်းတိုင်းနှင့် ငါ ပြောသည့် စကားတိုင်းကို လေ့လာကာ ဆန်းစစ်ရန် ငါ ဂရုစိုက်ရမည်ဖြစ်ပြီး ယင်းတို့၏ ရလဒ်များကို ငါ တွေ့မြင်ပြီးနောက်တွင် ပြုမူဆောင်ရွက်ရမည်”ဟု ဆိုလျက် စိုးရိမ်မည်ဆိုပါက ယင်းသည် ငါ၏ တာဝန်ပျက်ကွက်မှု ဖြစ်ပေမည်။ သို့တိုင် ငါသည် အမှန်ကို လုံးဝ မစိုးရိမ်။ အမှုအရာတစ်ခုသည် မည်သည့်အရာ ဖြစ်လာနိုင်သည်ကို ငါ လုံးဝ မလေ့လာပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အချို့က “ကိုယ်တော်သည် ဤကိစ္စရပ်ကို ရိပ်စားမိပြီးဖြစ်သည်”ဟု ဆိုကြသည်။ မဟုတ်ပေ။ ယေဘုယျအားဖြင့် တစ်စုံတစ်ရာကို သုတေသနပြုပြီး စိစစ်ခြင်းကို ခံစေပြီးနောက်တွင်သာ ထိုအရာကို ရိပ်စားမိပြီးဖြစ်သည်ဟု ပြော၍ရနိုင်ပေသည်။ သို့သော် ငါသည် ပင်ကိုအားဖြင့် ထိုသို့သောအရာများကို မည်သည့်အခါမျှ မစူးစမ်းပေ။ ထိုအရာများသည် ငါ၏ အတွေး၌ မတည်ရှိပေ။ အမှုအရာများကို မလေ့လာခြင်းက အလွန်ကောင်းမွန်သည့် ရလဒ်တစ်ခုဖြစ်ပေမည်။ ထို့ကြောင့် ဤအရာကို မည်သို့လုပ်ဆောင်ရမည်ကို သင်တို့ သင်ယူသင့်သည် မဟုတ်လော။ အချို့က “ကိုယ်တော်သည် အမှုအရာများကို ပင်ကိုအားဖြင့် မလေ့လာပါ။ ယင်းကို လုပ်ဆောင်ရန် ကျွန်ုပ်တို့သည် အဘယ်သို့ သင်ယူရမည်နည်း။ ယင်းသည် ကျွန်ုပ်တို့ သင်ယူနိုင်သည့် အရာတစ်ခု မဟုတ်ပါ”ဟု ဆိုကောင်းဆိုနိုင်သည်။ ဤအရာတွင် မိတ်သဟာယ အနည်းငယ်ပြုရန် လိုအပ်သည့် အရာတစ်ခု ရှိသည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၊ လူ့ဇာတိဖြင့် သူ၏ ဖြစ်ထွန်းမှု၊ သူ၏ လူဖြစ်လာခြင်းတို့ဖြစ်သည်။ ဤလူမည်သို့ဖြစ်တည်လာသည် ဟူသည်မှာ လေ့လာရန် မလိုအပ်သည့်ဖြစ်စဉ်တစ်ခု အတိအကျဖြစ်လေသည်။ ရိုးရှင်းစွာ ပြောရလျှင် ဘုရားသခင်သည် လူသားတစ်ဦး ဖြစ်လာပေပြီ။ ဤလူသားခန္ဓာကိုယ်၌ ဘုရားသခင် လုပ်ဆောင်သည့်အရာနှင့် သူ ထင်ရှားပုံတို့တွင် နက်နဲမှုတစ်ခု ရှိသလော။ (ရှိပါသည်။) ဤကိစ္စရပ်က သုတေသနပြုရန် လိုအပ်သလော။ သုတေသနပြုရန် မလိုအပ်သော်လည်း ယင်း၏ သမ္မာတရားကို သင်တို့ ရှာဖွေရမည်။ ယင်း၏ သမ္မာတရားမှာ အဘယ်နည်း။ ထိုအရာကို သင်တို့ ရိပ်စားနိုင်သလော။ လူတစ်ဦး၏ အနှစ်သာရ၊ အဆင့်အတန်းနှင့် ၎င်းတို့၏ အထူးတာဝန်များသည် တစ်ခုတည်းဖြစ်သွား၏။ ၎င်းတို့၏ အထူးတာဝန်သည် ၎င်းတို့၏ အနှစ်သာရ၊ ၎င်းတို့၏ ပင်ကိုစရိုက်၊ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာ၊ ၎င်းတို့ ထုတ်ဖော်သည့်အရာ၊ ၎င်းတို့ လုပ်ဆောင်ရန် လိုလားနေသည့်အရာနှင့် ၎င်းတို့ကို ပြည့်စေသည့်အရာဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ အနှစ်သာရအပြင် ၎င်းတို့၏ ပင်ကိုစရိုက်နှင့် တာဝန်လည်း ဖြစ်သည်။ ထိုအရာအားလုံးသည် စုစည်းမှုတစ်ခုကို ဖြစ်စေနိုင်သည်။ ဤအရာက သင့်ကို မည်သည့်အရာ ပြောပြသနည်း။ သင်တို့ မြင်နိုင်သင့်သည့် အချက်တစ်ချက် ဤနေရာတွင် ရှိ၏။ ယင်းမှာ ဘုရားသခင်၏ လူ့ဇာတိခံခြင်းနှင့်ဆိုင်သည့် ကိစ္စရပ်သည် မငြင်းနိုင်သည့်အရာ ဖြစ်သည်ဟူ၍ ဖြစ်၏။ ဘုရားသခင်သည် အလွန်များသည့် သမ္မာတရားများကို ဖော်ပြပြီး ထိုသမ္မာတရားကို လူက ဖတ်လေ၊ နားလည်လေ ဖြစ်သည်။ ထိုသမ္မာတရားများ ၎င်းတို့ ဖတ်လေ၊ ယင်းတို့ကို သမ္မာတရားအဖြစ် ၎င်းတို့ ခံစားရလေ ဖြစ်သည်။ ပြီးလျှင် ထိုသမ္မာတရားများကို ၎င်းတို့ တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်လေ၊ ၎င်းတို့၏ စိတ်နှလုံးများက တိုး၍ တောက်ပလေဖြစ်ပြီး ဤအရာဖြစ်ပျက်သည်နှင့်အမျှ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည်လည်း တိုး၍ ပုံမှန်ဖြစ်လေ ဖြစ်သည်။ ဤအရာကို သုတေသနပြုရန် အမှန်တကယ် လိုအပ်သလော။ သင်ကြိုက်သည့်အတိုင်းသာ သုတေသနပြုလော့။ သုတေသနပြုခြင်းမှတစ်ဆင့် သမ္မာတရားက မည်သည့်အရာအကြောင်းဖြစ်သည်ကို သင် နားလည်လိမ့်မည် မဟုတ်။ သမ္မာတရားကို သိနားလည်ခြင်းသည် အတွေ့အကြုံအပေါ်တွင် တည်မှီ၏။ အကြင်သူသည် အတွေ့အကြုံ သာ၍ ရရှိသည်နှင့်အမျှ သမ္မာတရားက မည်သည့်အရာအကြောင်းဖြစ်သည်ကို အလိုအလျောက် နားလည်ပြီး သမ္မာတရားကို နားလည်ပြီးနောက်တွင် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာကို ၎င်းတို့ အလိုအလျောက် ရှိလာကြသည်။ ဤသည်မှာ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အသိပညာကို ရရှိခြင်းသည် သမ္မာတရား သိနားလည်မှုအပေါ် တည်မှီသည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ အဓိပ္ပာယ်မဲ့သည့် လူအချို့သည် သမ္မာတရားကို မချစ်ကြသကဲ့သို့ လုံးဝ လက်တွေ့မလုပ်ဆောင်ကြချေ။ ပြီးလျှင် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်လာသည့်အချိန်မှစ၍ ၎င်းတို့သည် သူ့ကို လေ့လာနေခဲ့ကြပြီး ဖြစ်သည်။ ၎င်းတို့ တတ်နိုင်သမျှ လေ့လာသည့်တိုင် ဤနည်းဖြင့် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာကို ၎င်းတို့ ရရှိနိုင်သလော။ မဖြစ်နိုင်သည့်အရာ တစ်ခု ဖြစ်သည်။ ဘာသာရေးလောကသည် ဘုရားသခင်ကို ထောင်စုနှစ်ချီ လေ့လာနေခဲ့ပြီး လူတစ်ဦးမျှပင် သူ့ကို အမှန်တကယ် မသိကြလေပြီ။ ၎င်းတို့သည် သူ့ကို နှစ်ချီ ယုံကြည်ပြီး အဆုံးတွင် ၎င်းတို့ ပြောနိုင်သမျှမှာ “ဘုရားသခင်၏ တည်ရှိခြင်းကို ကျွန်ုပ် နက်နက်နဲနဲ ယုံကြည်သည်” ဟူ၍သာ ဖြစ်သည်။ ထိုစကားများသည် ဘုရားသခင်ကို သိသောသူတစ်ဦး၏ စကားများဖြစ်သလော။ သင်သည် ယခုတွင် ဘုရားသခင်ကို လေ့လာနေဆဲ ဖြစ်သလော။ သူ့ကို နှစ်ပေါင်းမည်မျှ သင် လေ့လာနေပြီး ဖြစ်သနည်း။ သင်၏ လေ့လာမှုသည် ရလဒ်များတစ်ခုတလေ ဖြစ်ထွန်းပြီလော။ သင့်ကို ငါ ပြော၏။ လူ့ဇာတိခံ ဘုရားသခင်သည် သူ အဘယ်သူဖြစ်သည်ကို မည်သည့်အခါတွင်မျှ သုတေသန မပြုသကဲ့သို့ သူ့အထဲတွင် အခြားသော အသံမရှိဘဲ တစ်ခုတည်းသာ ရှိ၏။ ထိုအရာကို လူက မြင်သည်နှင့်အမျှ သူ တွေးသမျှ၊ အသက်ရှင်နေထိုင်ပြီး လုပ်ဆောင်သမျှသည် ပုဂ္ဂိုလ်တစ်ဦးတည်း၏ အတွေးနှင့် လုပ်ဆောင်ချက်ဖြစ်ပြီး သူသည်လည်း ပြုမူဆောင်ရွက်ပြီး စဉ်းစားသည့် လူတစ်ဦးအဖြစ် မိမိကိုယ်ကို ခံစား၏။ ဤနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ သူ့အထဲတွင် အသက်တစ်ခုတည်းသာရှိပြီး အခြားအသက်မရှိပေ။ ထို့ကြောင့် ဤအသက်၏ အနှစ်သာရမှာ အဘယ်နည်း။ သာမန်လူတစ်ဦး၏ အသက်သာဖြစ်ဖို့ တွေးထင်လျက် အကြင်သူသည် ထိုအရာကို အပြင်ပန်းမှ ရိပ်စားမိနိုင်မည် မဟုတ်သော်လည်း သူ၏ အထူးတာဝန်နှင့် သူ လုပ်ဆောင်သည့် အမှု၏ အနှစ်သာရအရ ကြည့်သည့်အခါ သူ့အပေါ်တွင် ဘုရားသခင်၏ အရိပ်ရှိသည်မှာ အဘယ်သို့ ဖြစ်ရသနည်း။ ဤသည်မှာ နားလည်ထိုက်ပေသည်။ ဘုရားသခင်၏ အရိပ်နှင့် ဘုရားအနှစ်သာရ၏ ထုတ်ဖော်ခြင်းများရှိသည့် ဤဇာတိခန္ဓာသည် မည်သူအတိအကျဖြစ်သည်ဆိုသည်မှာ ရှာဖွေထိုက်ပြီး နက်နဲသည့် စုံစမ်းစစ်ဆေးမှု ပြုထိုက်ပေသည်။ သို့ဆိုလျှင် ဤဇာတိခန္ဓာက သူသည် အဘယ်ကြောင့် ထိုသို့သော လူတစ်ဦးဖြစ်သည်၊ သို့မဟုတ် အနှစ်သာရအားဖြင့် သူ မည်သူဖြစ်သည်ဆိုသည်ကို မသိသည်မှာ ပုံမှန်ဖြစ်သလော။ ပုံမှန် ဖြစ်လွန်းခြင်းသာ ဖြစ်၏။ သဘာဝလွန် မဟုတ်ပေ။ အချို့က “သဘာဝလွန် မဟုတ်ပါသလား။ ယင်းမှာ ဘုရားသခင်နှင့် မတူပါ။ ဘုရားသခင်သည် သဘာဝလွန် ဖြစ်သင့်ပါသည်”ဟု ဆိုလိမ့်မည်။ ဤ“ဖြစ်သင့်သည်” ဆိုသည်မှာ မည်သည့်နေရာမှ လာသနည်း။ လူတို့၏ အယူအဆများနှင့် စိတ်ကူးများမှ လာ၏။ အမှန်တွင် လူတို့သိသည့်၊ လူတို့ စွဲမှတ်ချက်တစ်ခုရှိသည့် ဘုရားသခင်၏ ပထမဦးဆုံး လုပ်ဆောင်ချက်၊ ပထမဦးဆုံး အပြုအမူမှာ မည်သည့်အရာ ဖြစ်သနည်း။ အစအဦးတွင် ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး ခြောက်ရက်မြောက်နေ့တွင် သူသည် ရွှံ့စေးအချို့ကို ယူကာ ထိုအရာမှ လူတစ်ဦးကို ဖန်ဆင်းကာ အာဒံဟု သူ အမည်ပေးခဲ့သည်။ ထို့နောက်တွင် သူသည် အာဒံကို အိပ်မောကျစေကာ အာဒံ၏ခန္ဓာကိုယ်မှ နံရိုးတစ်ချောင်း ယူခဲ့သည်၊ ယင်းကို နောက်ထပ်လူတစ်ဦးဖြစ်သည့် ဧဝအဖြစ် သူ ဖန်ဆင်းခဲ့သည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ အပြုအမူများနှင့်ဆိုင်သည့် ဤအစီအစဉ်တစ်ခုလုံးကို ကြည့်သည့်အခါ အထူးသဖြင့် ပုံရိပ်အစုံ ဖြစ်သည် မဟုတ်လော။ လုပ်ဆောင်ချက်တစ်ခုစီတိုင်းသည် အလွန် စစ်မှန်၏၊ ယင်းသည် လူတို့၏ စိတ်ကူးများနှင့် အယူအဆများ၏ ဘုရားသခင်နှင့် မတူညီပေ။ သဘာဝလွန်နှင့်ဆိုင်သည့် လူ၏ စိတ်ကူးများကို ကျော်လွန်သည်။ ထို့ကြောင့် ယခုတွင် လူတို့သည် လူ့ဇာတိခံ ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံလာကြပြီး သူ ပြောဆိုသည့် စကားများကို ကြားကာ သူ လုပ်ဆောင်သမျှကို မြင်ပြီးနောက် ထိုအရာများကို အစအဦး၌ လူကို ဖန်ဆင်းခဲ့ချိန် ဘုရားသခင်၏ တကယ့် လုပ်ဆောင်ချက်များ၊ အပြုအမူများနှင့် ယှဉ်ကြည့်လိုက်သည့်အခါ ခြားနားချက်များ ရှိသလော။ ကွာဟချက်တစ်ခု ရှိသလော။ ရှိကောင်းရှိနိုင်သည်၊ အဘယ့်ကြောင့်ဆိုသော် သင်သည် ထိုလုပ်ဆောင်ချက်များကို လုံးဝ မမြင်ဖူးသောကြောင့် ဖြစ်သည်။ သို့ရာတွင် ထိုအရာကို လက်တွေ့ကျကျ ကြည့်လျှင် အစအဦး၌ ဘုရား မိန့်မြွက်ချက်များ၏ နည်းဟန်နှင့် အရင်းအမြစ်တို့ကို ယခု သူ စကားပြောခြင်း၏ နည်းဟန်နှင့် အရင်းအမြစ်တို့နှင့် နှိုင်းယှဉ်သည့်အခါ အခြေခံကျသော ကွာဟချက်မရှိပေ။ “အခြေခံကျသော”ဟု အဘယ်ကြောင့် ငါ ပြောသနည်း။ “အခြေခံကျသော” ဟူသည့် စကားလုံးတွင် ယင်း၏ အဓိပ္ပာယ်ရှိ၏။ ဤနေရာတွင် “အခြေခံကျသော” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူ၏ စိတ်နှလုံးတွင် ဘုရားသခင် လုပ်ဆောင်သည်ဟု လူကတွေးထင်သည့် စစ်မှန်သော အရာများနှင့် သူ ပြောဆိုသည်ဟု လူကတွေးထင်သည့် နည်းဟန်အတွက် သဘာဝလွန် အရိပ်လက္ခဏာနှင့်ဆိုင်သည့် တစ်စုံတစ်ရာ ရှိနေသေးပြီး ယခု လူက မြင်ကာ ကြားရသည့် ဘုရားစကား၏ ဟန်ပန်၊ နည်းစနစ်နှင့် လေသံတို့မှာမူ အတော် လက်တွေ့ကျသည်၊ သဘာဝလွန် အရိပ်လက္ခဏာတစ်ခု မရှိသကဲ့သို့ လူ၏ စိတ်ကူးများအတွက် နေရာမရှိဘဲ ဖမ်းဆုပ်ကာ တွေ့မြင်၍ရနိုင်သည်ဟု ဆိုလိုပေသည်။ ဤအရာနှစ်ခုကြားတွင် ကွာခြားမှုတစ်ခုရှိပြီး ထိုကွာခြားမှုသည် သင်တို့၏ ရှုထောင့်အမြင်မှ နောက်ဆုံးတွင် အခြေခံအားဖြင့် တစ်ထေရာတည်း ဖြစ်သည်။ ယင်းမှာ ထို “အခြေခံကျသော” ဟူသည့်အရာ လာသည့်နေရာ ဖြစ်သည်။

ယနေ့ သင်တို့အား ဤအမှန်ကန်ဆုံး၊ စိတ်ရင်းအတိုင်း အဖြစ်ဆုံးသော စကားများကို မိတ်သဟာယပြုပေးရန် လိုအပ်သလော။ (လိုအပ်ပါသည်။) ထိုသို့သော အရာများကို အဘယ်ကြောင့် ပြောဆိုသနည်း။ လူများစွာက လူ့ဇာတိခံ ဘုရားသခင်၏ ဤကိစ္စရပ်များသည် အတော် နက်နဲသော၊ နားမလည်နိုင်သောအရာအဖြစ် စဉ်ဆက်မပြတ် ခံစားကြပြီးဖြစ်ကာ ယင်းတို့ကို လေ့လာရန် အမြဲ ဆန္ဒရှိကြသည်။ ဤအရာများကို လေ့လာခြင်းသည် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို ဝင်ရောက်နှောင့်ယှက်၏။ ဘုရားသခင်ကို သင် အမြဲ လေ့လာနေပါက သမ္မာတရားထဲသို့ ဝင်ရောက်နိုင်သေးသလော။ သင်သည် သူ့ကို အမြဲ လေ့လာနေပါက သူ၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် သဘောထားလိမ့်မည် မဟုတ်သကဲ့သို့ သူနှင့် သင်၏ ဆက်ဆံရေးသည် လွဲချော်နေကာ စံသွေပြီး မူမှန်လိမ့်မည် မဟုတ်။ သို့ဆိုလျှင် သင်၏ ဆက်ဆံရေးကို တိုး၍ ပုံမှန်ဖြစ်စေရန် သင် မည်သို့ ပြုလုပ်နိုင်သနည်း။ သူ၏ ဤဇာတိခန္ဓာအပါအဝင် သူ လုပ်ဆောင်သမျှကို ပုံမှန်အဖြစ် သဘောထားခြင်းနှင့် သင်၏ စိတ်နှလုံးတွင် သူ့ကို လက်ခံရန် နည်းနည်းချင်း ကြိုးစားခြင်းအားဖြင့် ဖြစ်သည်။ သူ၏ စကား‌ပြောသည့် နည်းဟန်နှင့် လေသံအပြင် သူ၏ ပုံပန်းအသွင်အပြင်ပင်၊ သူ၏ပုံစံဟူသည့် သွင်ပြင်လက္ခဏာတိုင်းတွင် သူ့ကို လက်ခံလော့။ ဤအရာကို သင် လက်ခံရမည်။ သင် လက်မခံဘဲ ဤအရာ လေ့လာပြီး ထိုအရာကို လေ့လာလျက် သူ့ကို အမြဲ လေ့လာပါက အဆုံးတွင် ယင်း၏ အဆိုးဆုံးသောအရာကို ရရှိကာ ဆုံးရှုံးမှု ခံစားသည့်သူမှာ သင် ဖြစ်လိမ့်မည်။ ဘုရားသခင် ယူဆောင်လာသည့် ဤအမှန်တရားသည် ပြောင်းလဲလိမ့်မည် မဟုတ်။ ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးပြီးဖြစ်ကာ ထိုခေတ်နှင့် သက်ဆိုင်သမျှကို သူ လွှမ်းမိုးပြီး ဦးဆောင်လိမ့်မည်။ ဤအမှန်တရားသည် ပြောင်းလဲလိမ့်မည် မဟုတ်။ ထို့ကြောင့် ဤကိစ္စရပ်တွင် လူတစ်ဦးသည် မည်သည့် ရွေးချယ်မှုကို ပြုလုပ်သင့်သနည်း။ သူ့ကို လေ့လာရန်မဟုတ်ဘဲ သူ့ကို လက်ခံကာ သိကျွမ်းရန်နှင့် ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို မရပ်မနား ပြုပြင်ကာ မိမိတို့ကိုယ်ကို “ငါသည် အဖန်ဆင်းခံတစ်ဦးဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထဲမှ ဖြစ်သည်။ ဘုရားသခင်သည် အပေါ်ယံအားဖြင့် သာမန်လူတစ်ဦး ဖြစ်သော်လည်း သူ၏ အတွင်းရှိ အနှစ်သာရသည် ဘုရားသခင်နှင့် သက်ဆိုင်သည်။ သူ ဘုရားသခင် ဖြစ်သည်ဆိုသည့်အချက်မှာ ငြင်းမရနိုင်ပါ။ အပြင်ပန်းအားဖြင့် သူ လုပ်ဆောင်သည့်အရာတိုင်း၊ သူပြောသမျှအရာတိုင်းနှင့် ပြုမူဆောင်ရွက်ပုံတိုင်းသည် ငါ့လေ့လာမှု၏ ပိုင်နက်တွင် မရှိပါ။ ဤသည်မှာ ငါ ရှိသင့်သည့် ဆင်ခြင်တုံတရားဖြစ်ပြီး ငါ ယူသင့်သည့် နေရာ ဖြစ်သည်”ဟု တစ်ချိန်လုံး မိမိကိုယ်ကို သတိပေးရန် ဖြစ်သည်။ ဤအရာများနှင့် ပတ်သက်၍ သင်တို့သည် သိနားလည်မှုနှင့် ရှင်းလင်းမှု ရှိကောင်းရှိနိုင်ပြီး ငါသည် သင်တို့အား ပေးသိမည်မဟုတ်သည့် တစ်စုံတစ်ရာကို ဖုံးကွယ်နေခဲ့သည့်အလား ထိုအရာများနှင့်ပတ်သက်၍ သင်တို့ အမြဲ ဇဝေဇဝါဖြစ်ခြင်း မရှိနိုင်ရန်အလို့ငှာ ယနေ့တွင် ငါသည် ငါ၏အကြောင်း အနည်းငယ် သင်တို့ကို ပြောပြီးဖြစ်သည်။ အမှန်တွင် သင်တို့ကို မပြောပြနိုင်သည့် လျှို့ဝှက်ချက်များ ငါ့မှာ မရှိ။ ဤသည်မှာ ငါ တွေးသည့်အရာဖြစ်ပြီး လုပ်ဆောင်သည့်ပုံစံ ဖြစ်သည်။ ထိုအရာတွင် စိတ်ကူးသက်သက်ဖြစ်သည့်အရာ တစ်ခုမျှမရှိသကဲ့သို့ နက်နဲသည့်အရာ တစ်ခုမျှမရှိပေ။ သင်တို့မြင်သည့် ငါနှင့်သက်ဆိုင်သည့်အရာမှာ ထိုသို့ဖြစ်ပြီး မျက်ကွယ်၌ရှိပြီး သင်တို့ မမြင်နိုင်သည့် ငါနှင့်သက်ဆိုင်သော အရာမှာလည်း ထိုသို့ဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ဖြစ်သည့်ပုံဖြစ်သည်။ သို့တိုင် သင်တို့ နားလည်ရမည့် အရာတစ်ခု ရှိသည်။ သင့်ရှေ့တွင် မည်သည့် အမှန်တရားများနှင့် အပြင်ပန်း ဖြစ်ရပ်များကို သင် မြင်သည်ဖြစ်စေ သမ္မာတရားကို သင် နားမလည်ပါက ထိုဖြစ်ရပ်များကို သမ္မာတရားနှင့် အမှန်တရားအဖြစ် သင် သဘောထားမိလိမ့်မည်ဖြစ်ပြီး သမ္မာတရားကို သင် အမှန်နားလည်ပါက ထိုဖြစ်ရပ်များနှင့် အပြင်ပန်းအရာများမှတစ်ဆင့် အနှစ်သာရနှင့် သမ္မာတရားကို သင် သိရှိလာလိမ့်မည်ဖြစ်သောကြောင့် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် တိုး၍ ပုံမှန်ဖြစ်လိမ့်မည်။ သင့်အတွက်မူ ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရတို့သည် မည်သည့်အခါတွင်မျှ ပြောင်းလဲလိမ့်မည် မဟုတ်။ သူသည် ဖန်ဆင်းရှင်၊ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိသည့်သူ ဖြစ်သည်။ ဤသည်မှာ ပုံသေဖြစ်၏။ သင်သည် အဖန်ဆင်းခံတစ်ဦးဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိ သွင်ပြင်ကို သင်အမြဲ လေ့လာပါက သင် ဒုက္ခရောက်ပေပြီ။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ရှိတော့မည်မဟုတ်၊ ဆိုလိုသည်မှာ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းရှင်နှင့် သင်၏ ဆက်နွှယ်မှုသည် ရှိတော့မည် မဟုတ်ပေ။ ဤအရာ၏ အကျိုးဆက်များနှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြရှင်းလင်းရန် မလိုအပ်ပေ။ ယင်းတို့သည် အလွန်ပင် ဆိုးရွားလေ၏။ မည်သည့်အရာမဆိုသည် အကျိုးဆက်တစ်ခုအဖြစ် ဖြစ်လာနိုင်သည်။ မည်သည့်အရာမဆို ဖြစ်ပျက်နိုင်သည်။ ဤဆက်ဆံရေးမရှိဘဲ ငါတို့ကြားတွင် ပြောလောက်စရာ ဆက်ဆံပြောဆိုခြင်း မရှိပေ။ ထိုသို့ပြောသည်မှာ ရှင်းလင်းသလော။ ငါတို့အနေဖြင့် ငါတို့၏ ရင်းနှီးသည့် ဆက်ဆံရေးများကို ထိန်းသိမ်းရမည်ဆိုပါက၊ ငါတို့၏ ဆက်နွှယ်မှုကို ထိန်းသိမ်းရမည်ဆိုပါက လူ၏ ပင်ကိုလက္ခဏာသည် မည်သည့်အရာ ဖြစ်သင့်သနည်း။ (ဖန်ဆင်းခံတစ်ဦး၏ ပင်ကိုလက္ခဏာ ဖြစ်သင့်ပါသည်။) ထာဝစဉ် ဖန်ဆင်းခံတစ်ဦး၏ ပင်ကိုလက္ခဏာ ဖြစ်သင့်၏။ ယင်းမှာ ငါတို့ ပေါင်းဖော်နိုင်သည့် တစ်ခုတည်းသော နည်းလမ်း၊ စစ်မှန်သည့် ဆက်ဆံရေး တည်ရှိနိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်ကြောင်း ဝန်မခံပါက ငါတို့သည် လုံးဝ ဆက်နွှယ်မှု မရှိကြပေ။ ငါသည် သင်နှင့် ထိတွေ့ဆက်ဆံမည်မဟုတ်သကဲ့သို့ သင် မည်သူဖြစ်သည်ကို သိရှိရန် ဆန္ဒရှိလိမ့်မည် မဟုတ်။ ငါတို့တွင် ပတ်သက်စရာ အကြောင်းမရှိ။ ငါသည် သင့်ကို ဝင်စွက်ဖက်မည် မဟုတ်။ သင် အလိုရှိသည့်အတိုင်း အသက်ရှင်လော့။ ငါနှင့် မည်သို့မျှ မသက်ဆိုင်။ သင်သည် ငါ့ကို လေ့လာရန် သို့မဟုတ် ရှုတ်ချရန် မလိုပေ။ ငါ၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် ငါ လုပ်ဆောင်သမျှတို့သည် သာမန်လူတစ်ဦးဖြစ်သည့် သင် ရှုတ်ချ၍ရသည့်၊ သို့မဟုတ် ကောက်ချက်ဆွဲ၍ရသည့် အရာများ မဟုတ်ပေ။ ဤအရာအားလုံးကို တရားစီရင်သောသူမှာ လူမဟုတ်ဘဲ ဘုရားသခင် ဖြစ်၏။ ထိုသို့ပြောသည်မှာ ရှင်းလင်းသလော။ ယင်းသည် သမ္မာတရား မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ဤနေရာတွင် လူတို့ သိနားလည်သင့်သည့် သမ္မာတရားမှာ အဘယ်နည်း။ မည်သည့် အခြေခံအကြောင်းရင်းအပေါ်၊ မည်သည့် အခြေခံအုတ်မြစ်အပေါ်တွင် လူတစ်ဦးသည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု ရှိနိုင်သနည်း။ ၎င်းသည် ဖန်ဆင်းခံတစ်ဦးဖြစ်သည်ဆိုသည်ကို သိရှိရမည်။ သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်သည်ဟု သင် အသိအမှတ်ပြုပြီး ထိုအခြေခံအုတ်မြစ် ရှိပါက သင် ရှေ့ဆက်တိုးတက်သည်နှင့်အမျှ သင် လမ်းမလွဲသည့် ကိစ္စရပ်များစွာ ရှိလိမ့်မည်။ သို့ရာတွင် သင်သည် သူ့ကို အမြဲ လေ့လာရန် ဆန္ဒရှိပြီး ဆက်နွှယ်မှုကို ဖန်ဆင်းခံတစ်ဦး၏ ရှုထောင့်အမြင်မှ မချဉ်းကပ်ပါက အကျိုးဆက်များက ဒုက္ခပေးလိမ့်မည်၊ ချင့်ချိန်စဉ်းစားရန် အလွန်ဆိုးရွားလိမ့်မည်။ ဤအရာကို သင် နားလည်သည်၊ ဟုတ်သလော။

အချို့က၊ “ကျွန်ုပ် ဖန်ဆင်းခံတစ်ဦးဖြစ်သည်ကို ကျွန်ုပ် အသိအမှတ်မပြုပါက ကျွန်ုပ်တို့သည် အချင်းချင်း ပတ်သက်မှု မရှိသလော။ ကျွန်ုပ်တို့ အချင်းချင်း မသိကြသလော။ ထိုအဆင့်ရှိသည့် ဆက်ဆံရေးတစ်ခု မရှိဘဲနှင့် ကျွန်ုပ်တို့သည် အပေါင်းအသင်းများ၊ မိတ်ဆွေများ၊ ဆွေမျိုးများ ဖြစ်နိုင်သည်၊ ဟုတ်ပါသလော”ဟု ဆိုကြသည်။ မဟုတ်ပေ။ ငါသည် “အပေါင်းအသင်းများ”မရှိ၊ မိတ်ဆွေများ မရှိသကဲ့သို့ ဧကန်မုချ ထိုသို့သော ဆွေမျိုးများ မရှိပေ။ တစ်စုံတစ်ဦးက “သို့ဆိုလျှင် ကိုယ်တော်၏ စစ်မှန်သည့် ဆွေမျိုးများ မည်သူများဖြစ်သနည်း။ သူတို့သည် ကိုယ်တော်၏ မိသားစုဖြစ်ကြသလော”ဟု မေးသည်။ မဟုတ်ပေ။ ငါသည် ဆွေမျိုးများ မရှိသကဲ့သို့ သေဖော်သေဖက် ရောင်းရင်းများလည်း မရှိပေ။ ငါသည် လက်အောက်ငယ်သားများ မရှိသကဲ့သို့ အခြွေအရံများ မရှိ။ ဖန်ဆင်းရှင်အတွက် သူနှင့် ဆက်နွှယ်မှုရှိသည့် တစ်ခုတည်းသောအရာမှာ ဖန်ဆင်းခံများသာ ဖြစ်သည်။ ဖန်ဆင်းခံထားသည့် လူသားမျိုးနွယ်အားလုံးအတွက်၊ ဖန်ဆင်းခံများအားလုံးအတွက်၊ ဘုရားသခင်သည် ပင်ကိုလက္ခဏာတစ်ခုသာရှိသည်။ ဖန်ဆင်းခြင်း သခင်တည်းဟူသော ပင်ကိုလက္ခဏာ ဖြစ်၏။ ယင်းမှာ တစ်ခုတည်းသော ဆက်နွှယ်မှု ဖြစ်သည်။ တစ်စုံတစ်ဦးက “ကျွန်ုပ်တို့သည် အတော်ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုရှိသည်။ ကျွန်ုပ်တို့သည် မိတ်ဆွေများ မဖြစ်နိုင်သလော။ ကျွန်ုပ်တို့သည် ဘော်ဒါများ ဖြစ်မလာနိုင်သလော”ဟု မေးမည်ဆိုပါက မဖြစ်နိုင်ပေ။ ငါသည် သင့်ကို မသိ။ သင် အဘယ်သူ ဖြစ်သည်ကို ငါ မသိ။ အဘယ်ကြောင့် ငါသည် သင်နှင့် မိတ်ဆွေများ ဖြစ်ရမည်နည်း။ ငါတို့အတွက် ထိုသို့သော ဆက်ဆံရေး မရှိပေ။ ၎င်းတို့က “ဤနေရာတွင် ကိုယ်တော်သည် အလွန် ခိုင်မာစွာ စကားပြောနေသည် မဟုတ်ပါလား။ ကိုယ်တော်သည် စာနာစိတ်ကင်းမဲ့လွန်းသည် မဟုတ်ပါလား”ဟု ပြောကြသည်။ ထိုအရာမှာ ဤမျှလောက် ခိုင်မာပေသည်။ ငါသည် ထိုသို့သော ဆက်ဆံရေးများကို မလိုအပ်ပေ။ ငါ ပြောဆို၊ လုပ်ဆောင်သမျှကို ထောက်ပံ့ခြင်းနှင့်ဆိုင်သည့် အလားအလာရှိသော ရည်ရွယ်ထားသူများအတွက် ထောက်ပံ့ပေးရန် ပေးထားခြင်း ဖြစ်သည်။ ထိုရည်ရွယ်ထားသူများမှာ အဘယ်သူများ ဖြစ်သနည်း။ ၎င်းတို့သည် ဖန်ဆင်းခံ လူသားမျိုးနွယ်၊ သမ္မာတရားကို ချစ်သည့် လူသားမျိုးနွယ်နှင့် ဘုရားသခင် ကယ်တင်မည့် သူများနှင့်ဖြစ်ပြီး ဤဆက်နွှယ်မှုသာ ရှိ၏။ ဤဆက်နွှယ်မှုမှလွဲ၍ ငါ အသိအမှတ်ပြုသည့် ဆက်နွှယ်မှုမျိုး တစ်ခုမျှမရှိပေ။ သင်တို့ နားလည်သလော။ (နားလည်ပါသည်။) အချို့က “ကိုယ်တော်သည် ပေါင်းဖော်ရန် ခက်ခဲသော လူတစ်ဦး ဖြစ်သည်”ဟု ဆိုကောင်းဆိုနိုင်သည်။ ငါသည် ပေါင်းဖော်ရန် ခက်ခဲခြင်း မဟုတ်ဘဲ ထိုသို့သော ဆက်ဆံရေးတစ်ခု တည်ရှိရန် မဖြစ်နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် မည်သူကမျှ “ကျွန်ုပ်သည် ကိုယ်တော်နှင့် နှစ်ချီကြာ ထိတွေ့ဆက်ဆံပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် မိတ်ဆွေများ မဟုတ်ပါသလား”ဟု မပြောစေနှင့်။ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်သည်ဟု အသိအမှတ်ပြုပါက ငါတို့သည် အရင်းနှီးဆုံးသော ဆက်ဆံရေး၊ အကောင်းဆုံး ဆက်ဆံရေး၊ တရားဝင် အဖြစ်ဆုံးနှင့် အဖြူစင်ဆုံး ဆက်ဆံရေးရှိပေသည်။ အချို့က “ကျွန်ုပ်သည် ကိုယ်တော်ကို နှစ်များစွာကြာ အစေခံပြီး ဖြစ်သည်။ ကျွန်ုပ်တို့သည် အချင်းချင်း အတော်အတန် ကောင်းစွာ သိကျွမ်းကြသည် မဟုတ်လား။ ကျွန်ုပ်သည် ကိုယ်တော်၏ လူယုံ၊ ကိုယ်တော်၏ ရင်းနှီးသော မိတ်ဆွေ မဟုတ်ပါသလား”ဟု ပြောကြသည်။ မဟုတ်ပေ။ ငါသည် ရင်းနှီးသော မိတ်ဆွေများ မရှိပေ။ အချို့က “ကိုယ်တော် ဝတ်ဆင်လိုသည့်အရာနှင့် ကိုယ်တော် မည်သည့်လူတို့ကို နှစ်သက်သည်ကို ကျွန်ုပ်ကို အမြဲ ပြောပြပြီး ကျွန်ုပ်လည်း ကိုယ်တော့်ကို ထပ်တူ ပြောပြသည်။ ကျွန်ုပ်တို့ မဆွေးနွေးသည့်အရာ မည်သည့်အရာမျှ မရှိသောကြောင့် ကျွန်ုပ်တို့သည် မိတ်ဆွေများ မဟုတ်ပါလား”ဟု ပြောကြသည်။ မဟုတ်ပါ။ ငါသည် လူတို့နှင့် မိတ်ဆွေမဖွဲ့ပေ။ ငါ့ထံတွင် မိတ်ဆွေများ မရှိ။ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ပါက ငါတို့တွင် ဆွေးနွေးရမည့်အရာ တစ်ခုရှိသည်။ ငါတို့ ဆက်ဆံနိုင်ပြီး ဆက်ဆံရေးတစ်ခု ထူထောင်နိုင်ကာ တစ်ဦးနှင့်တစ်ဦး ခင်မင်ယုံကြည်မှုကို တည်ဆောက်နိုင်သည်။ သို့ရာတွင် ငါတို့ကြားတွင် တစ်ဦးနှင့်တစ်ဦး ခင်မင်ယုံကြည်မှုကို တည်ဆောက်ပြီးသည်နှင့် ငါတို့ မိတ်ဆွေများ ဖြစ်သွားသလော။ မဖြစ်ပေ။ ဖန်ဆင်းခံများနှင့် ဖန်ဆင်းရှင်ကြား ဆက်နွယ်မှုသည် မည်သည့်အခါတွင်မျှ မပြောင်းလဲပေ။ လူအချို့သည် ငါ့ကို နေစရာပေးပြီး ကွယ်ကာပေးခဲ့ကာ ထိုအတွက် ၎င်းတို့သည် ကောင်းမှုကုသိုလ်ရှိကြောင်း၊ ငါ့ကို ကယ်မသူများဖြစ်ကြောင်း တွေးထင်ကြသည်။ ယင်းမှာ တွေးရမည့်ပုံစံ မဟုတ်ပေ။ အရာရာကို ဘုရားသခင်က စီစဉ်ညွှန်ကြားထားခြင်း ဖြစ်သည်။ ၎င်းတို့က “ကိုယ်တော်သည် ကျေးဇူးကန်းခြင်း မဟုတ်ပါသလား” ဟု မေးလာလျှင် ထိုပြောဆိုချက်ကို မည်သို့ ရှင်းပြရမည်နည်း။ တစ်စုံတစ်ဦးသည် တစ်စုံတစ်ရာကို ရှင်းလင်းစွာ မမြင်နိုင်ပါက ထိုအရာအတွက် ထင်ရာမြင်ရာ စည်းမျဉ်းစည်းကမ်းများ ကျင့်သုံး၍ မရပေ။ ထိုသို့လုပ်ဆောင်ခြင်းက ဝေဖန်သုံးသပ်ခြင်းသို့ အလွယ်တကူ ဆိုက်ရောက်စေသည်။ သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်ကြောင်း သိပါက ဤကိစ္စရပ်ကို မည်သို့ သဘောထားသင့်သနည်း။ ငါ့ကို အကျပ်ကိုင်ရန် သို့မဟုတ် ငါနှင့် ရင်းနှီးရန် သို့မဟုတ် ငါ့အပေါ် ကပ်ပါးရပ်ပါး လုပ်ရန် ဤဆက်ဆံရေးကို သင် အသုံးချပါက သင် မှားသွားပြီဟု ငါ ပြော၏။ ဤအရာကို လုပ်ဆောင်ရန် မကြိုးစားနှင့်၊ ပြီးလျှင် ငါ့ကို ကပ်ပါးရပ်ပါး လုပ်ရန် သင် ကြိုးစားပါက သင့်ကို ငါ ရွံရှာသွားလိမ့်မည်။ လူအချို့က “ကိုယ်တော်သည် ထိုအရာကို သည်းညည်းခံမည် မဟုတ်ပါလား”ဟု မေးသည်။ သည်းညည်းမခံပေ။ လူတို့အနေဖြင့် ငါ့ကို ကပ်ပါးရပ်ပါးလုပ်ခြင်းသည် မှားပေသည်။ ထိုအရာသည် ပုံမှန် ဆက်ဆံရေးကို မဖြစ်စေပေ။ အနည်းငယ်သော သူတို့က “ကျွန်ုပ်သည် ငယ်ရွယ်သည်၊ ကြည့်ကောင်းပြီး စကားပြောတတ်ဆိုတတ်ရှိသည်။ ဘုရားသခင် ကျွန်ုပ်ကဲ့သို့သော လူများကို နှစ်သက်သည် မဟုတ်ပါလား”ဟု မေးကောင်းမေးနိုင်သည်။ သင်သည် ဤသို့ မပြောသင့်ပေ။ ထိုသို့သော အတွေးများရှိပါက ဘုရားနှုတ်ကပတ်တော်များ၌ အဖြေများကို သင် ရှာဖွေနိုင်သည်။ ထိုသို့ ငါ့ကို တစ်ကြိမ်တစ်ခါမျှ မစက်ဆုပ်စေနှင့်။ ယင်းမှာ ရှင်းလင်းစွာ ပြောထားသည် မဟုတ်လော။ ထို့ထက်သာ၍ ရှင်းလင်းအောင် လုပ်မရနိုင်တော့ချေ။ ထို့ကြောင့် ဤအရာကို သင်တို့ မည်သို့ နားလည်သင့်သနည်း။ (လူနှင့် ဘုရားသခင်ကြားရှိ တစ်ခုတည်းသော ဆက်ဆံရေးမှာ ဖန်ဆင်းခံတစ်ဦးနှင့် ဖန်ဆင်းရှင်တို့၏ ဆက်ဆံရေး ဖြစ်သည်။) မှန်ပေ၏။ လူတို့သည် မိမိတို့၏ နေရာကို ပြုပြင်ရမည်။ မည်သည့်အချိန်တွင်မဆို သင်၏ အရည်အချင်းများကို ကြွားလုံး မထုတ်နှင့် သို့မဟုတ် ဝါရင့်မှုကို အားမကိုးနှင့်၊ သို့မဟုတ် ဉာဏ်မများနှင့်၊ ပြီးလျှင် သင်၏ ပင်ကိုလက္ခဏာ သို့မဟုတ် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို ပြောင်းလဲရန် ကြိုးပမ်းရာတွင်လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ် တစ်ခုမျှ အသုံးမပြုနှင့်။ မည်သည့် အခြေအနေများအောက်တွင်မဆို အသုံးပြုရန် မကြိုးစားနှင့်။ ယင်းမှာ ကိုယ့်ဒုက္ခကိုယ်ရှာနေခြင်းသာ ဖြစ်သည်။ ထိုသို့သော အဓိပ္ပာယ်မဲ့ ရုန်းကန်မှုတွင် ပါဝင်ပတ်သက်ခြင်း မရှိနှင့်။ ယင်းမှာ အချည်းနှီးဖြစ်၏။ အဘယ်ကြောင့် လူတို့သည် ၎င်းတို့၏ နည်းလမ်းဟောင်းများထဲသို့ အမြဲ ပြန်ရောက်ကြသနည်း။ ယနေ့ ဆွေးနွေးမှု ပြီးသည့်နောက်တွင် သင်တို့ အများစုသည် ဤအမှားကို ထပ်လုပ်မည် မဟုတ်ပေ။ ဟုတ်သလော။ (ထပ်ဖြစ်မည် မဟုတ်ပါ။) ယင်းက ငါ့ကို စိုးရိမ်ပူပန်မှုများစွာ လျော့သွားစေသည်။ ဤအရာများကို ငါ အစွဲအလမ်း မထားလိုပေ။ ယင်းတို့က ငါ့ကို စိတ်ဆင်းရဲစေသည်။ ဆင်ခြင်တုံတရားရှိသည့် လူတစ်ဦးအတွက်၊ ဤအရာများသည် နားလည်ရန် လွယ်ကူ၏။ အလွန်များသည့် ဘုရားနှုတ်ကပတ်တော်များက ဤအရာများကို ဖော်ပြပြီး အမှန်တကယ် သဘောပေါက်နားလည်နိုင်စွမ်း ရှိသူတို့သည် ယင်းတို့ကို နားလည်ရခက်သည်ဟု မြင်မည် မဟုတ်။ ဘုရားသခင်နောက် နှစ်ပေါင်းများစွာ လိုက်ပြီး သမ္မာတရားအချို့ သိနားလည်သူတို့အတွက် ဤအရာများကို သိနားလည်ခြင်းသည် ပြဿနာတစ်ခု ဖြစ်လိမ့်မည် မဟုတ်။ အကြောင်းမူကား လူတို့သည် ဘုရားသခင်ထံမှ အကျိုးများစွာ ရရှိပြီးဖြစ်ကာ သူ၏ အမှုတော်ကို လုံးဝ သိကြသောကြောင့် ဖြစ်ပေသည်။

၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။