ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည် (အပိုင်း သုံး)
ဧဝံဂေလိဖြန့်ဝေရမည့် လူတစ်ဦး၏တာဝန်အား ထမ်းဆောင်ခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို ယနေ့ ငါတို့ မိတ်သဟာယပြုနေကြသည်။ ဤအရာမှ သင်တို့ တစ်စုံတစ်ရာ ရရှိပြီးပြီလော။ (ရရှိပြီးပါပြီ။) ယခင်က ဧဝံဂေလိဖြန့်ဝေခြင်းနှင့် ဆိုင်သည့် သမ္မာတရားအပေါ် ငါတို့၏ မိတ်သဟာယပြုချက်က ရူပါရုံကို ဗဟိုပြုခဲ့ကြသည်။ ဆိုလိုသည်မှာ ရူပါရုံနှင့် ဆက်စပ်သည့် သမ္မာတရားအပေါ် ငါတို့ အတိအကျ မိတ်သဟာယပြုခဲ့ပြီး ယနေ့ ငါတို့ ဆွေးနွေးနေသကဲ့သို့ အသေးစိတ်ကျသော ကိစ္စရပ်များစွာကို မဆွေးနွေးခဲ့ကြပေ။ အဘယ့်ကြောင့်ဆိုသော် လူအများစုသည် ရူပါရုံနှင့်ဆိုင်သည့် သမ္မာတရား၏ ယေဘုယျအနှစ်ချုပ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာကို သိကြသော်လည်း အသေးစိတ်ကျသော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများနှင့် တိကျသော ကိစ္စရပ်များအတွက် စည်းမျဉ်းများကို ရှင်းလင်းနိုင်မည် မဟုတ်သဖြင့် ယနေ့တွင် ငါတို့၏ မိတ်သဟာယပြုချက်ထဲ၌ ဤတိကျသော ကိစ္စရပ်များကို ငါဖော်ပြမည်။ အချို့ကိစ္စများနှင့် လူတို့၏ အမူအကျင့် သို့မဟုတ် လူတစ်ဦးက ဤအခြေအနေများကို ကြုံတွေ့ရသောအခါ ပြုလုပ်ရမည့် မှန်ကန်သောအရာများနှင့် မှားယွင်းသောအရာများ၊ လူတို့ ကိုင်စွဲထားသော ရှုထောင့်များနှင့် ဤတာဝန်၊ ဤဝတ္တရားကို ၎င်းတို့ မည်သို့ ဖြည့်ဆည်းသင့်သည် ဟူသည့်အပေါ် မိတ်သဟာယပြုချက်မှ တစ်ဆင့်လည်းကောင်း၊ ဤအကြောင်းအရာများ အားလုံးအပေါ် မိတ်သဟာယပြုချက်မှ တစ်ဆင့်လည်းကောင်း ဧဝံဂေလိ ဖြန့်ဝေခြင်းနှင့်ဆိုင်သော သမ္မာတရားသည် ပို၍ခိုင်လုံလာပြီး လက်တွေ့ဘဝထဲ၌ အကောင်အထည်ဖော်ရန် ပို၍လွယ်ကူလာကြောင်း သင်တို့ တွေ့ရှိရသလော။ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို နားထောင်ပြီးနောက် သင်တို့၏ စိတ်နှလုံးများသည် များစွာ ပို၍ကြည်လင်ရှင်းလင်းလာမည်ဟု ငါယုံကြည်၏။ ဧဝံဂေလိဖြန့်ဝေခြင်း လုပ်ငန်းစဉ်၌ တိကျသော ပြဿနာအချို့ကို ကြုံတွေ့ရသောအခါ သင်တို့သည် ဤနှုတ်ကပတ်တော်များမှ အကျိုးရရှိပေမည်။ အဘယ့်ကြောင့်ဆိုသော် ယင်းတို့သည် လက်တွေ့ကျပြီး သမ္မာတရားစည်းမျဉ်းများကို ခြုံငုံမိသောကြောင့် ဖြစ်သည်။ ယင်းတို့သည် အနှစ်သာရမဲ့သော စကားလုံးများ မဟုတ်ပေ။ သင်တို့သည် နေ့စဉ်အသက်တာ၌ ဧဝံဂေလိဖြန့်ဝေခြင်းနှင့် သက်ဆိုင်သည့် ထိုသို့သော ကိစ္စရပ်များကို ကြုံတွေ့ရပြီး မှားယွင်းသော အခြေအနေအချို့တွင် အသက်ရှင်ရသောအခါ၊ သို့မဟုတ် ဧဝံဂေလိဖြန့်ဝေခြင်းဖြစ်သော သင်၏အလုပ်၌ ပြဿနာအချို့ကို ကြုံတွေ့ရသောအခါ သင်တို့ရင်ဆိုင်ရသော ပြဿနာများကို ဖြေရှင်းရန်အတွက် ဤသမ္မာတရားများကို သင်တို့ အသုံးပြုနိုင်သလော။ ထိုသို့သော ပြဿနာများကို ဖြေရှင်းနိုင်ပါက ယနေ့နှုတ်ကပတ်တော်များကို အချည်းနှီး ပြောဆိုခြင်း မဟုတ်တော့ပေ။ ထိုသို့သော ပြဿနာများကို မဖြေရှင်းနိုင်သေးပါက၊ သို့မဟုတ် အမှုအရာများကို ကိုယ်ပိုင်နည်းလမ်းဖြင့် လုပ်ဆောင်ပါက၊ သင့်ကိုယ်ပိုင် ဆုံးဖြတ်ချက်များကို ချမှတ်ပြီး ယင်းတို့အတိုင်း လိုက်နာဆောင်ရွက်ပါက၊ သင်လုပ်ချင်သမျှကို လုပ်ဆောင်ပါက၊ ထို့ပြင် သင်၏ တာဝန်များနှင့် ဝတ္တရားများကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ တစ်ဇွတ်ထိုးနှင့် မဆင်မခြင် ကျင့်ကြံပြုမူပါက ဤနှုတ်ကပတ်တော်များသည် သင်တို့အတွက် အနှစ်သာရမဲ့သော စကားသာဖြစ်ပြီး မည်သည့်အရာအတွက်မျှ အသုံးမကျချေ။ ယင်းတို့က မည်သည့်အရာအတွက်မျှ အသုံးမကျရခြင်းမှာ သမ္မာတရားသည် သင့်ကို မကူညီနိုင်၍မဟုတ်၊ သမ္မာတရားသည် သင့်အတွက် အကျိုးကျေးဇူး မရှိ၍မဟုတ်ဘဲ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးခြင်း လုံးဝမရှိသည့်အပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှု မရှိသောကြောင့် ဖြစ်သည်။ သင်သည် ဧဝံဂေလိဖြန့်ဝေခြင်းတာဝန်ကို ဝါသနာတစ်ခုအဖြစ် သို့မဟုတ် အချိန်ကုန်လွန်စေသော နည်းလမ်းတစ်ခုအဖြစ်သာ ရှုမြင်သည်။ အကယ်၍ သင်တို့သည် ဧဝံဂေလိဖြန့်ဝေခြင်း တာဝန်ကို ဤရှုထောင့်အမြင်ဖြင့် ကိုင်တွယ်ဖြေရှင်းပါက မည်သည့်အရာ ဖြစ်ပျက်မည်နည်း။ သင်၏တာဝန်ကို ပြည့်ပြည့်ဝဝထမ်းဆောင်နိုင်မည်လော။ (မထမ်းဆောင်နိုင်ပါ။) အကယ်၍ သင်၏တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ ပြောဆိုချက်က အနည်းငယ် အလှမ်းဝေးပုံပေါက်လျှင် ဤအရာကို သင်တို့အား ငါမေးမည်။ ဧဝံဂေလိဖြန့်ဝေခြင်းတာဝန်ကို ဤရှုထောင့်အမြင်ဖြင့် ကိုင်တွယ်ဖြေရှင်းပါက ဘုရားသခင်၏ ရည်ရွယ်ချက်ကို ကျေနပ်စေနိုင်မည်လော။ (မကျေနပ်စေနိုင်ပါ။) ဤအရာကို သင်တို့အားလုံး၏ စိတ်နှလုံးထဲတွင် ရှင်းလင်းနေသင့်သည်။ သင်သည် ဤတာဝန်ကို ဤရှုထောင့်အမြင်မျိုးနှင့် ဤသဘောထားမျိုးဖြင့် ကိုင်တွယ်ဖြေရှင်းပါက သင်၏စိတ်နှလုံးသည် မငြိမ်မသက် ဖြစ်လိမ့်မည်။ သင်၏သဘောထားသည် ဘုရားသခင် နှစ်သက်မည့်ပုံစံအတိုင်း မဟုတ်ဟု သင်ထင်လိမ့်မည်။ သင်သည် ဤပုံစံအတိုင်း ပြုမူဆောင်ရွက်လျှင်၊ လူအချို့ကို သိမ်းသွင်းရရှိပြီး ယင်းက သင့်အနေဖြင့် အပြင်ပန်းတွင် ကောင်းမှုများ လုပ်ဆောင်နေပုံ ပေါက်လျှင်ပင် သင်၏တာဝန် ထမ်းဆောင်ခြင်းအတွက် သင်၏ ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုများက သမ္မာတရား စည်းမျဉ်းများနှင့် ဆန့်ကျင်နေပေသည်။ သင်သည် ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက် ဧဝံဂေလိဖြန့်ဝေပြီး ဘုရားသခင်နှင့် အပေးအယူများ ပြုလုပ်သော ထိုဘာသာရေးပုဂ္ဂိုလ်များကဲ့သို့ပင် ဖြစ်သည်။ ထိုကဲ့သို့သော ရည်ရွယ်ချက်နှင့် စေ့ဆော်မှုများ၏ အရင်းအမြစ်သည် မှားယွင်း၏။ လူတို့သည် ၎င်းတို့၏ တာဝန်များအား မည်သို့ထမ်းဆောင်သည်ကို သုံးသပ်ဆင်ခြင်လျက် ဘုရားသခင်သည် လူတို့၏ ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုများကို အကဲဖြတ်သည်။ ဘုရားသခင်သည် လူတို့အနေဖြင့် ၎င်းတို့၏တာဝန်များကို ကိုင်တွယ်ဖြေရှင်းသည့် သဘောထားများနှင့် ပုံသေအတွေးအခေါ်များကို စောင့်ကြည့်လေ့လာသည်။ ဤအရာအပေါ် အခြေခံ၍ ဘုရားသခင်သည် လူတို့အနေဖြင့် အပြစ်တရားမှ ရုန်းထွက်နိုင်ဖို့အလို့ငှာ ၎င်းတို့အား ဖောက်ပြန်ပျက်စီးခြင်းမှ သန့်စင်ရန်နှင့် ကယ်တင်ရန် အမှုပြုခြင်းဖြစ်သည်။ ထို့ကြောင့် ဧဝံဂေလိကို မည်သို့ဖြန့်ဝေသည်ဖြစ်စေ သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံသင့်သည်။ သင်သည် မည်သည့်လူစားမျိုးဖြစ်စေ၊ သင်၌ မည်သည့်အစွမ်းအစ ရှိပါစေ၊ သင်သည် မည်သည့်တာဝန်မျိုးကို ထမ်းဆောင်ခဲ့ပြီးဖြစ်စေ၊ ထို့အပြင် ဧဝံဂေလိဖြန့်ဝေသောသူများဟူသည့် လူတန်းစား၌ မပါဝင်မီ သင်၏တာဝန်က မည်သည့်တာဝန်ဖြစ်ခဲ့ပါစေ သင်သည် ဧဝံဂေလိဖြန့်ဝေခြင်းနှင့်ဆိုင်သည့် ဤသမ္မာတရားစည်းမျဉ်းများကို လိုက်နာသင့်သည်၊ ဧဝံဂေလိဖြန့်ဝေခြင်းကို သင်၏တာဝန်နှင့် ဝတ္တရားအဖြစ် ရှုမြင်သင့်ပြီး ယင်းကို သင်၏တာဝန်အဖြစ် ခံယူသင့်လေသည်။
လက်တွေ့ကျသောအလုပ်ကို မလုပ်ဆောင်နိုင်သည့် သို့မဟုတ် လက်တွေ့ကျသော ပြဿနာများကို မဖြေရှင်းနိုင်သည့် အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လူစားထိုးခြင်းနှင့် ဧဝံဂေလိအဖွဲ့ဝင်အဖြစ် ဧဝံဂေလိဖြန့်ဝေရန် တာဝန်ပေးခြင်းကို ခံရသည်။ ၎င်းတို့သည် ၎င်းတို့တွေ့သောသူတိုင်းကို “ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ ကျွန်ုပ် မစွမ်းဆောင်နိုင်ခဲ့သဖြင့် ဧဝံဂေလိ ဖြန့်ဝေရန်အတွက် ဧဝံဂေလိအဖွဲ့သို့ စေလွှတ်ခံရခြင်း ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်ကို အခိုက်အတန့် မာကျောအောင် လုပ်ပေးရန်၊ ကျွန်ုပ်ကို သမ္မာတရားဖြင့် ပြင်ဆင်စေရန်နှင့် လေ့ကျင့်ပေးရန် ဧဝံဂေလိဖြန့်ဝေစေခြင်း ဖြစ်နိုင်သည်။ ယင်းက ကျွန်ုပ်သည် ဧဝံဂေလိဖြန့်ဝေခြင်းထဲ၌ ထိုမျှအားထုတ်ကြိုးပမ်းမှု များစွာ စိုက်ထုတ်စရာမလိုဟု ဆိုလိုသည်။ ကျွန်ုပ် မည်သည့်အရာကို ပြုလုပ်သည်ဖြစ်စေ အဆင်ပြေသည်။ တကယ်တော့ ကျွန်ုပ်သည် ခေါင်းဆောင်လုပ်ဖို့ အလားအလာရှိသူဖြစ်သည်။ ကျွန်ုပ်သည် ဝိညာဉ်ရင့်ကျက်မှု၌ ကြီးထွားရင့်ကျက်သည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်လုပ်ခိုင်းသင့်သည်။ ကျွန်ုပ်၌ ထိုမျှ အစွမ်းအစကောင်း ရှိသည်ဖြစ်၍ ခေါင်းဆောင်တစ်ဦး မဖြစ်ခဲ့လျှင် ပါရမီကို ဖြုန်းတီးရာကျမည်။ ယခုတွင် အသင်းတော်၌ ခေါင်းဆောင်များနှင့် အမှုဆောင်များ ရှားပါးပြတ်လပ်မှုရှိသည်” ဟု ပြောကောင်းပြောမည်။ ၎င်းတို့၏ စကားလုံးများက ဘုရားသခင်၏အိမ်တော်သည် ခေါင်းဆောင်များအဖြစ် ၎င်းတို့မရှိလျှင်မဖြစ်ဟု သွယ်ဝိုက်ညွှန်းဆိုခြင်း ဖြစ်သည်။ ၎င်းတို့ကို လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အလမ်းပေးရန်၊ ၎င်းတို့ကို သမ္မာတရားဖြင့် ပြင်ဆင်ရန်နှင့် ၎င်းတို့အား ပျိုးထောင်ပေးခြင်းနှင့် လေ့ကျင့်ပေးခြင်းတို့တွင် ပါဝင်သည့် ကွင်းဆင်းလုပ်ကိုင်ရသော အလုပ်အချို့ကို လုပ်ဆောင်စေရန်အတွက်သာ ၎င်းတို့ကို ဧဝံဂေလိဖြန့်ဝေခိုင်းခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဧဝံဂေလိဖြန့်ဝေရမည့် ၎င်းတို့၏တာဝန်ကို ယာယီဖြစ်သော အရာတစ်ခုအဖြစ် ရှုမြင်ကြသည်။ ၎င်းတို့သည် ယင်းကို ၎င်းတို့၏ ကိုယ်ရေးအကျဉ်းအား အပိုထပ်ဖြည့်ရန်၊ ပျော်ရရန်နှင့် အတွေ့အကြုံနှင့် ဗဟုသုတနယ်ပယ် ဖြန့်ကျက်ရန်အတွက်သာ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဧဝံဂေလိဖြန့်ဝေရာ၌ ရလဒ်များရရှိပါက၊ သမ္မာတရားကို နားလည်ပြီး အလုပ်တချို့ကို လုပ်ဆောင်နိုင်ပါက ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် အစေခံရန် ရာထူးတိုးမြှင့်ခံရမည်ဟု ထင်မှတ်ကြသည်။ ၎င်းတို့သည် ဧဝံဂေလိဖြန့်ဝေရမည့် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းအတွက် ဤပုံသေအတွေးအခေါ်ကို ခံယူထားပါက စစ်မှန်သော နောင်တတရားကို ရရှိနိုင်မည်လော။ ၎င်းတို့သည် မိမိတို့အပေါ်မိမိ ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် မိမိတို့ကိုယ်ကို သိနားလည်လာခြင်း မရှိကြသေးပေ။ ၎င်းတို့၌ ကိုယ့်ကိုယ်ကိုယ် သိမြင်နားလည်ခြင်း မရှိကြပေ။ ဤလူတို့သည် ဒုက္ခရောက်နေသလော။ ၎င်းတို့သည် ဧဝံဂေလိဖြန့်ဝေခြင်းကို မှန်မှန်ကန်ကန် သဘောမပေါက်ကြချေ။ မိမိတို့ကိုယ်ကို အထင်ကြီးလွန်းကြသည်။ မိမိတို့ကိုယ်ကို အမှန်တကယ် သိနားလည်ခြင်း လုံးဝမရှိပေ။ ၎င်းတို့သည် အမှန်တကယ် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို လုံးလုံးလျားလျား သတိမပြုမိကြပေ။ အမှန်တွင် ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများ မဟုတ်သည့်အပြင် သဘောပေါက်နားလည်နိုင်စွမ်း တစ်စုံတစ်ရာ လုံးလုံးလျားလျား ကင်းမဲ့သောကြောင့် ဤအရာ ဖြစ်ပျက်ရခြင်းဖြစ်သည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ရှင်းလင်းစွာ ပြောဆိုနိုင်သည်၊ အရေးကိစ္စများအား ကိုင်တွယ်ဖြေရှင်းရခြင်းကို နှစ်သက်ကြသည်၊ ပြီးလျှင် ၎င်းတို့တွင် အစွမ်းအစအချို့ ရှိပုံရသော်လည်း ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံသောအခါ ၎င်းတို့၏ အကျင့်စရိုက်နှင့် အစွမ်းအစက သတ်မှတ်ချက်နှင့်မပြည့်မီခြင်း ဖြစ်သည်။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်လာဖို့အတွက် စံနှုန်းနှင့် စံချိန်စံညွှန်းကို မပြည့်မီသောကြောင့် ဖယ်ရှားရှင်းလင်းခံရခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို တစ်မူထူးခြားသူ မဟုတ်ကြောင်း သိမြင်ကြရမည့်အစား အရှက်မရှိ ကြွားဝါပြီး မိမိတို့ကိုယ်ကို ဂုဏ်ဆာနေကြသည်။ လူအချို့က ယင်းကို မည်သည့်အခါမျှ ပြောမည် မဟုတ်သော်လည်း သူတို့၏ တစ်ကိုယ်ရေ ထင်မြင်ယူဆချက်တွင် အခြားမည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်သောသူတို့သာလျှင် ဧဝံဂေလိဖြန့်ဝေရန် တာဝန်ပေးခံရသည်ဟု ယုံကြည်ထားကြသည်။ သူတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ အိမ်တော်ထဲရှိ တာဝန်များအားလုံးကို အဆင့်မြင့်၊ အလယ်အလတ်နှင့် အဆင့်နိမ့်အဖြစ် ခွဲခြားထားကြသည်။ ၎င်းတို့သည် ဧဝံဂေလိဖြန့်ဝေခြင်းတာဝန်ကို ဘုရားသခင်၏ အိမ်တော်ထဲရှိ တာဝန်များအားလုံးအနက် အနိမ့်ဆုံးအဖြစ် သဘောထားကြသည်။ အမှားပြုလုပ်သူ သို့မဟုတ် မိမိတို့၏တာဝန်ကို ပြည့်ပြည့်ဝဝ မထမ်းဆောင်ကြသူ မည်သူမဆို ဧဝံဂေလိဖြန့်ဝေရန် စေလွှတ်ခြင်းခံရသည်ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဤလူတို့က ဤတာဝန်ကို နားလည်ကြသည့်ပုံ ဖြစ်သည်။ ဤနားလည်မှုနှင့် ဧဝံဂေလိဖြန့်ဝေခြင်းကို မိမိ၏အသက်တာထဲတွင် ဖြည့်ဆည်းရမည့် မိမိ၏တာဝန်နှင့် ဝတ္တရားအဖြစ် ခံယူခြင်းတို့ကြားတွင် ကွဲပြားမှုတစ်ခုခု ရှိသလော။ အကယ်၍ လူတစ်ဦးက ယင်းကို ဤအတိုင်းနားလည်ပါက သူ၏တာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်မည်လော။ (မလုပ်ဆောင်နိုင်ပါ။) သူသည် မည်သည့်နေရာ၌ မှားယွင်းသွားသနည်း။ သူသည် သူ၏ အသက်တာထဲ၌ သူဖြည့်ဆည်းသင့်သည့် လူတစ်ဦး၏ အကြီးမားဆုံးသော တာဝန်နှင့် ဝတ္တရားဖြစ်သည့် ဧဝံဂေလိဖြန့်ဝေခြင်းအလုပ်ကို အနိမ့်ကျဆုံးသော အလုပ်အဖြစ် သဘောထား၍ဖြစ်သည်။ သူသည် ယင်းကို သူကိုယ်တိုင်၏ တာဝန်နှင့် ဝတ္တရားအဖြစ် မယူဆသည့်အပြင် ယင်းကို တာဝန်တစ်ခုအဖြစ် နားမလည်ပေ။ ဘုရားသခင်၏ အိမ်တော်သည် လူတစ်ဦး၏ တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ခြင်းဟူသည့် မရှိမဖြစ် လိုအပ်ချက်နှင့် ဧဝံဂေလိဖြန့်ဝေခြင်းမှာ ဤတာဝန်များထဲမှ တစ်ခုဖြစ်ကြောင်း မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ သူက ဤသည်မှာ အကြောင်းရင်းဖြစ်မှန်း မသိမှတ်ပေ။ ၎င်း၏ စိတ်နှလုံးထဲ၌ အဆင့်အသီးသီးရှိ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဘုရားသခင်၏ အိမ်တော်၌ တာဝန်ရှိသောသူတို့ကို ထိပ်တန်း၌ ရှိသည်ဟု ယုံကြည်ထားသည်။ ၎င်းတို့၌ အကြွင်းမဲ့ အခွင့်အာဏာရှိပြီး နောက်ဆုံးတွင် ကြီးမားသောဆုလာဘ်များကို ရရှိကာ ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းခံရမည်။ ၎င်းတို့အောက်ရှိ နောက်လိုက်များ၊ အထူးသဖြင့် အသင်းတော်ပြင်ပရှိ လူတို့နှင့် အမြဲတမ်း အပြန်အလှန် ဆက်သွယ်ရသည့် ဧဝံဂေလိဖြန့်ဝေသူများမှာ အောက်ခြေစစ်သည်များသာ ဖြစ်ကြသည်။ လုပ်ငန်းအားလုံးအနက် ၎င်းတို့၏အလုပ်မှာ အခက်ခဲဆုံးနှင့် အပင်ပန်းဆုံး ဖြစ်နိုင်သည်။ အဆုံးတွင် ဤလူတို့သည် စုံလင်အောင်ပြုခြင်းခံရမည် မခံရမည်ကို အသေအချာ မပြောနိုင်ပေ။ ၎င်းတို့အနေဖြင့် ဧဝံဂေလိဖြန့်ဝေခြင်းတာဝန်ကို ဤပုံစံအတိုင်း ထင်မြင်ယူဆသည်မှာ ၎င်းတို့၏အမှား ဟုတ်သလော။ ဧဝံဂေလိဖြန့်ဝေခြင်းဟူသည့် ဤမြင့်မြတ်သော တာဝန်နှင့် ဝတ္တရားကို အနိမ့်ကျဆုံးသော ငြီးငွေ့ဖွယ်အလုပ်အဖြစ် သဘောထားပြီး ယင်းကို အဆင့်အတန်းနှင့် အတန်းစားဟူသည့် ရာထူးအဆင့်ဆင့်တို့အနက် အနိမ့်ဆုံးအဆင့်၌ ထားရှိသောသူတို့ ရှိသလော။ ၎င်းတို့က ဤတာဝန်ကို အထင်သေးကြပြီး ယင်းအား ထမ်းဆောင်သော သူတို့ကိုလည်း အထင်သေးကြသည်။ သို့ဆိုလျှင် ဤတာဝန်ကို လုပ်ဆောင်သောအခါ ၎င်းတို့သည် မည်သည့်ရှုထောင့် ပါရှိသနည်း။ (၎င်းတို့သည် ယင်းကို ယာယီအဖြစ် ရှုမြင်ကြပါသည်။) အခြားနောက်ထပ်ကော။ ၎င်းတို့သည် လူတစ်ဦးကို သိမ်းသွင်းရရှိသောအခါ ထိုအရာနှင့်ပတ်သက်၍ များစွာ မစဉ်းစားကြသည့်အပြင် မည်သူ့ကိုမျှ သိမ်းသွင်းရရှိနိုင်ခြင်း မရှိသောအခါ၌လည်း ဂရုမစိုက်ကြပေ။ ၎င်းတို့သည် ဧဝံဂေလိဖြန့်ဝေခြင်းကို သူတို့ကိုယ်ပိုင်အလုပ်၏ ကဏ္ဍတစ်ခုအဖြစ် သဘောမထားကြသည့်အပြင် ဤတာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် အစွမ်းကုန်အားထုတ်ကြိုးပမ်းမှု မပြုကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဧဝံဂေလိဖြန့်ဝေခြင်းတာဝန်ကို အထင်သေးကြသဖြင့် ဧဝံဂေလိဖြန့်ဝေရာ၌ ၎င်းတို့၏ လုပ်ငန်းရလဒ်မှာ မည်သည့်အရာဖြစ်မည်နည်း။ ၎င်းတို့သည် ဧဝံဂေလိဖြန့်ဝေခြင်းဖြစ်သည့် မိမိတို့၏တာဝန်ကို ဖြည့်ဆည်းရန်အလို့ငှာ သမ္မာတရား၏ သွင်ပြင်လက္ခဏာ အားလုံးဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်နိုင်သလော။ လူတို့ကို ပို၍ သိမ်းသွင်းရရှိရန်အလို့ငှာ ဧဝံဂေလိဖြန့်ဝေသောအခါ ၎င်းတို့တွေ့ရသည့် ပြဿနာအမျိုးမျိုးကို ဖြေရှင်းနိုင်ရန်အတွက် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ကောက်နုတ်ချက်များနှင့် ကျမ်းပိုဒ်များကို အလွတ်ကျက်မှတ်ပြီးလျှင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အမျိုးမျိုးနှင့် မိမိတို့ကိုယ်ကို အကျွမ်းတဝင် ဖြစ်အောင် လုပ်ကြသလော။ (မလုပ်ကြပါ။) ဧဝံဂေလိဖြန့်ဝေရာတွင် လိုရာဆွဲတွေးသော သဘောပေါက်နားလည်ခြင်းရှိပြီး အယူအဆများစွာ စွဲကိုင်ထားသော လူတို့က ၎င်းတို့ကို ခက်ခဲသော မေးခွန်းများ မေးမြန်းပါက ထိုသူတို့အား မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။ (၎င်းတို့သည် ထိုသူတို့ကို လက်လျှော့ကြမည်ဖြစ်သည်။) ဤသည်မှာ သဘောထားတစ်မျိုး ဖြစ်သည်။ ၎င်းတို့က “ကျွန်ုပ်သည် ဧဝံဂေလိဖြန့်ဝေရာ၌ ဝိညာဉ်ရေးရာ သိနားလည်မှု ဘာမျှမရှိသည့် ထိုမျှအဓိပ္ပာယ်မဲ့သော လူတစ်ဦးနှင့် အဘယ့်ကြောင့် တွေ့ဆုံခဲ့ရသနည်း။ ကံဆိုးလိုက်လေခြင်း” ဟု ဆိုလျက် ဘုရားသခင်ကို ညည်းညူမည်လော။ ၎င်းတို့သည် ဧဝံဂေလိလက်ခံရန် အလားအလာရှိသူများအတွက် မေတ္တာမရှိသည့်အပြင် ဤလူစားမျိုးကို ဘုရားသခင် မကယ်တင်မည့်အရေးကို မျှော်လင့်ကြ၏။ ၎င်းတို့သည် ဤအကြောင်းအရာနှင့် ပတ်သက်၍ ဘုရားသခင်၏ ရည်ရွယ်ချက်များ အနည်းငယ်မျှ ထည့်တွက်စဉ်းစားဖို့ မဆိုထားဘိ၊ ဘုရားသခင်ထံ ဆုမတောင်းကြသည့်အပြင် ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်း မရှာဖွေကြပေ။ ၎င်းတို့သည် ဧဝံဂေလိလက်ခံရန် အလားအလာရှိသူများကို ဇာတိပကတိ၏ နှစ်သက်မှုများအတိုင်း မည်ကဲ့သို့ ဆက်ဆံရမည်ကို ရွေးချယ်ပြီးလျှင် ပြဿနာမြောက်မြားစွာနှင့် လေးနက်သော အယူအဆများရှိသည့် လူတို့ကို ကြုံတွေ့ရသောအခါ ထိုသူတို့ကို လက်လျှော့ကြသည်။ ၎င်းတို့သည် အယူအဆအနည်းငယ်ရှိသော သို့မဟုတ် လုံးဝမရှိသော လူတို့ကိုသာ ဧဝံဂေလိဖြန့်ဝေရန် ရွေးချယ်ကြပြီး မည်သည့်အဖိုးအခမျှ မပေးလိုကြပေ။ ၎င်းတို့၏ ဝင့်ဝါမှု သို့မဟုတ် ဂုဏ်သိက္ခာကို၊ သို့မဟုတ် ၎င်းတို့၏ ကျော်ဇောမှု သို့မဟုတ် အဆင့်အတန်းကို တစ်စုံတစ်ခုက ထိခိုက်သည့်အခါတိုင်း၊ ဇာတိပကတိ၏ နှစ်သက်မှုများကို တစ်စုံတစ်ခုက ဆန့်ကျင်သည့်အခါတိုင်း သို့မဟုတ် ဇာတိပကတိ၏ ပျော်မွေ့ဖွယ်ရာများနှင့် ဆန့်ကျင်သည့်အခါတိုင်း မည်သည့်အရာကို လုပ်ဆောင်ရန် ၎င်းတို့ ရွေးချယ်ကြသနည်း။ လက်လျှော့ရန်၊ ထွက်ပြေးရန် ရွေးချယ်ကြပြီး၊ ဤတာဝန်ကို မဖြည့်ဆည်းဘဲ ငြင်းဆန်ရန် ရွေးချယ်ကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် အတွင်းကျိတ် စိတ်နှလုံးထဲ၌ ဘုရားသခင်ကို “အယူအဆများစွာ ရှိသည့် ထိုမျှ အဓိပ္ပာယ်မရှိသော လူကို ကျွန်ုပ် အဘယ့်ကြောင့် တွေ့ဆုံခဲ့ရသနည်း။ ကျွန်ုပ်အား ဤအရာကို အဘယ့်ကြောင့် ခံစားကြုံတွေ့စေသနည်း။ ကျွန်ုပ်သည် မျက်နှာပျက်သွားရပြီ၊ အားထုတ်ကြိုးပမ်းမှုကို အလဟဿဖြစ်စေပြီးလျှင် မည်သူ့ကိုမျှ သိမ်းသွင်းရရှိနိုင်ခြင်း မရှိတော့ပြီ” ဟု ညည်းညူကြသည်။ ၎င်းတို့၏စိတ်နှလုံးသည် ဘုရားသခင်အား တိတ်တခိုး မကျေချမ်းမှုနှင့် ပြည့်နှက်နေသည်။ ထို့ကြောင့် ၎င်းတို့သည် ဧဝံဂေလိဖြန့်ဝေရမည့် တာဝန်ကို လက်မခံလိုကြသည့်အပြင် ဧဝံဂေလိဖြန့်ဝေခြင်းဟူသည့် ဝတ္တရားကို ဖြည့်ဆည်းရန် အလိုမရှိကြပေ။ ဧဝံဂေလိဖြန့်ဝေခြင်း တာဝန်အပေါ် ၎င်းတို့၏ သဘောထားများက ဤကဲ့သို့ဖြစ်နေပါက ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခံရဖို့ မဝေးတော့ချေ။
ဧဝံဂေလိဖြန့်ဝေခြင်းဖြစ်စဉ်တွင် ဧဝံဂေလိဖြန့်ဝေသောသူ များစွာတို့သည် ၎င်းတို့၏အလုပ်ကို ဝတ်ကျေတမ်းကျေနှင့် အရေးမစိုက်သော သဘောထားဖြင့် ဆက်ဆံပြုမူကြသည်။ ၎င်းတို့သည် မည်သည့်အခါမျှ မပြောင်းလဲပေ။ ယင်းကို ဂရုတစိုက် အာရုံစိုက်မှုရှိသော၊ ဆင်ခြင်မြော်တွေးမှုရှိသော သဘောထားဖြင့်လည်းကောင်း၊ ဘုရားသခင်ကို ကြောက်စိတ်ဖြင့်လည်းကောင်း မည်သည့်အခါမျှ ဆက်ဆံပြုမူခြင်း မရှိပေ။ ထိုအစား ၎င်းတို့က “မည်သို့ပင်ဆိုစေ ကျွန်ုပ်၌ ယခုလက်ရှိတွင် မည်သည့်အလုပ်ကိုမျှ တာဝန်ယူလက်ခံထားခြင်းမရှိသဖြင့် မည်သည့်အရာကိုမဆို ကျွန်ုပ် ပြုလုပ်နိုင်သည်။ ဧဝံဂေလိအဖွဲ့က ပျော်စရာကောင်းမည့်ပုံ ပေါက်သောကြောင့် ကျွန်ုပ် ပါဝင်လိုက်မည်” ဟု စဉ်းစားကြသည်။ ထို့နောက် ၎င်းတို့သည် လိုက်ပါသွားပြီး ဧဝံဂေလိဖြန့်ဝေကြသည်။ အမှန်မှာမူ ၎င်းတို့သည် ဤဖြစ်စဉ်အတွက် အလွန်နည်းပါးသည့် ဖြည့်ဆည်းမှုကို ပြုလုပ်ကြသည်။ ၎င်းတို့သည် အချိန်အနည်းငယ်ယူပြီးလျှင် ခဏတစ်ဖြုတ် ခရီးထွက်ကြကာ၊ အဘယ်အဖိုးအခမျှ တကယ်မပေးကြပေ။ ၎င်းတို့၏ ဇာတိပကတိ နှစ်သက်မှုများ၊ ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအတိုင်း ဧဝံဂေလိကို အမြဲ ဟောပြောကြသည်။ သမ္မာတရား စည်းမျဉ်းများကို နည်းနည်းလေးမျှ လုံးဝ မလိုက်လျှောက်ကြပေ။ ချမ်းသာကြွယ်ဝသူများနှင့် ငွေရှိသောလူတို့ကို ဟောပြောလိုပြီး ဆင်းရဲသားများကို မဟောပြောလိုသော လူများစွာရှိသည်။ ၎င်းတို့သည် ချောမောလှပသော လူတို့ကို ဟောပြောလိုပြီး သာမန်ရုပ်ရည်ရှိသော လူတို့ကို မဟောပြောလိုကြပေ။ ၎င်းတို့နှင့် အဆင်ပြေသော လူတို့ကို ဟောပြောလိုပြီး ၎င်းတို့နှင့် မဆင်မပြေသော လူတို့ကို မဟောပြောလိုကြပေ။ အယူအဆ အနည်းငယ်ရှိသော လူတို့ကို ဟောပြောလိုပြီး အယူအဆ မြောက်မြားစွာရှိသောသူတို့ကို မဟောပြောလိုကြပေ။ ဧဝံဂေလိဆောင်ကြဉ်းရန် လွယ်ကူသောလူများ၊ စကားများစွာ နားထောင်စရာမလိုဘဲ ဧဝံဂေလိတရားကို လက်ခံမည့်လူများကို ဟောပြောလိုကြသည်။ ပင်ပန်းနွမ်းနယ်လောက်အောင် စကားများစွာ ပြောစရာ လိုအပ်ပါက လူတို့ကို မဟောပြောလိုကြပေ။ ဥပမာဆိုရလျှင် အမျိုးသမီးတစ်ဦးသည် ဧဝံဂေလိဖြန့်ဝေနေပြီး ချမ်းသာသောမိသားစုမှဖြစ်ကာ အိမ်နှင့်ကား ပိုင်ဆိုင်သည့်၊ မိဘများက အလုပ်အကိုင်ကောင်းများ ရှိသည့်၊ တစ်ဦးတည်းသောသား ဖြစ်ကာ ရုပ်ရည်ချောမောသည့် အမျိုးသားတစ်ဦးကို တွေ့ဆုံသည်ဆိုပါစို့။ သူသည် ထိုသူ့ကို လက်ထပ်နိုင်လျှင် ချမ်းသာကြွယ်ဝသော ဘဝတစ်ခုကို နေထိုင်နိုင်လိမ့်မည်ဟု စဉ်းစားသောကြောင့် ထိုသူက လက်ခံလျှင် အလွန်ကောင်းမည်ဟု တွေးလျက် သူ့ကို ဧဝံဂေလိ ဟောကြားလိုသည်။ အခြားသောလူအချို့က ဤသူသည် သမ္မာတရားကို ရှာဖွေသူမဟုတ်၊ ဟောပြော၍ရမည့် သူတစ်ဦးမဟုတ်ဟု ဆိုလျက် သူ့ကိုဟန့်တားရန် ကြိုးစားလေသည်။ သို့သော် သူက “ကျွန်ုပ်တို့သည် သမ္မာတရားကို ပို၍မိတ်သဟာယပြုလျှင် သူသည် လက်ခံလာနိုင်ဖွယ်ရှိသည်။ ထိုသို့သော လူကောင်းတစ်ဦးကို ဧဝံဂေလိမဆောင်ကြဉ်းဘဲ သူ့ကို မကယ်တင်ပါက ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဆန့်ကျင်မည် မဟုတ်လော” ဟု ဆို၏။ အမှန်တွင် သူ၌ ကိုယ်ပိုင်ရည်ရွယ်ချက် ရှိလေသည်။ သူသည် ထိုသူအား ဘုရားသခင်၏ ရှေ့မှောက်သို့ ခေါ်ဆောင်လာဖို့အလို့ငှာ သိမ်းသွင်းရရှိဖို့ ကြိုးစားနေခြင်း မဟုတ်ဘဲ မိမိကိုယ်ကို ကြော်ငြာပြီး အစွံထုတ်လိုခြင်း ဖြစ်သည်။ များစွာ ဈေးကွက်တင်ပြီး နောက်ဆုံးတွင် သူလိုက်နေသည့်အရာကို ရသွားပြီး သူ၏ပန်းတိုင်အတွက် ထိုသူနှင့် ချစ်သံယောဇဉ်တစ်ခုကို ပုံဖော်နိုင်ခဲ့သည်။ ဤတွင် ပြဿနာမှာ အဘယ်နည်း။ သူပြုလုပ်သမျှတွင် ကိုယ်ပိုင်အကြောင်းရင်းများ ရှိကာ ယင်းက သမ္မာတရားစည်းမျဉ်းကို ချိုးဖောက်လေသည်။ အဆုံးတွင် သူသည် ထိုသူ့ထံ ဧဝံဂေလိတရား “ဆောင်ကြဉ်း” ဖို့အတွက် နည်းလမ်းအမျိုးမျိုးကို အသုံးပြုပြီး “ကျွန်ုပ်၏ ဧဝံဂေလိဖြန့်ဝေခြင်းအလုပ်၌ အကြီးမားဆုံး အောင်မြင်မှုမှာ ထိုမျှတူညီသော စိတ်ဓာတ်တစ်ခုကို တွေ့ရှိခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ထံမှ ကျွန်ုပ်လက်ခံရမည့် အရာတစ်ခုဖြစ်သည်။ လက်ထပ်ထိမ်းမြားခြင်းကို ဘုရားသခင် စီမံသည်။ ဤလူကို ကျွန်ုပ်တွေ့ဆုံပြီး လက်ထပ်ခဲ့သည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု လုံးလုံးဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ မျက်နှာသာပေးခြင်းနှင့် ကောင်းချီးမင်္ဂလာ ဖြစ်သည်” ဟု ဆိုလျက် ထိုသူ့ကို လက်ထပ်လိုက်တော့သည်။ သူသည် ဆက်လက်၍ မိသားစုလေးတစ်ခုကို တည်ဆောက်ပြီး ပျော်ရွှင်စရာ ဘဝတစ်ခုဖြင့် နေထိုင်သွားတော့သည်။ သူသည် ဧဝံဂေလိ ဖြန့်ဝေနိုင်သေးသလော။ (မဖြန့်ဝေနိုင်တော့ပါ။) တစ်နှစ်နှစ်နှစ်ကြာပြီးနောက် သူသည် စိတ်ကြည်သောအခါ ရံဖန်ရံခါ သွား၍ ဧဝံဂေလိဖြန့်ဝေသော်လည်း မိသားစုဘဝ၌သာ အများဆုံးအချိန်ကုန်ပြီး သူ၏စိတ်နှလုံးမှာ တဖြည်းဖြည်းနှင့် ဗလာဖြစ်သွားသည်။ နောက်ဆုံးတွင် မိသားစုဘဝဟူသည် အိုးခွက်ပန်းကန်၊ စားသောက်ခြင်း၊ ဆော့ကစားခြင်းနှင့် ဆူညံပွက်ခြင်းသာလျှင် ဖြစ်ကြောင်း သူသဘောပေါက်လေသည်။ ယင်းတို့အားလုံးမှာ အဓိပ္ပာယ်ကင်းမဲ့သည်ဟု ခံစားရတော့သည်။ ပြန်လည်စဉ်းစားရင်း သူ့ကိုယ်သူ တွေးဆပြီး ဆင်ခြင်စဉ်းစားမိသည်မှာ “ဘုရားသခင်၌ ယုံကြည်ခြင်းမှာ အဓိပ္ပာယ်ရှိနေဆဲ ဖြစ်သည်။ နောက်ကြောင်းပြန်ပြီး ယုံကြည်ခြင်းကို ပြန်ဖော်ကာ ဧဝံဂေလိကို ဆက်၍ဖြန့်ဝေပါရစေ” ဟူ၍ဖြစ်သည်။ အဆုံးတွင် သူသည် သူ၏အတွေ့အကြုံများကို ဟိတ်ကြီးဟန်ကြီး ပုံစံဖြင့် ပြောပြကာ “လူကို ဘုရားသခင်က ဖန်ဆင်းခဲ့သောကြောင့် သူသည် ဘုရားသခင်ကို စွန့်ခွာ၍ မဖြစ်ပေ။ လူသည် ဘုရားသခင်မပါဘဲ အသက်မရှင်နိုင်ပေ။ ငါးတစ်ကောင်သည် ရေမပါလျှင် သေရမည်ဖြစ်သကဲ့သို့ လူက ဘုရားကို စွန့်ခွာပါက ထိုသူသည် အသက်တာထဲ၌ ရှေ့ဆက်ရမည့်လမ်း မရှိတော့မည်မှာ ဧကန်မုချဖြစ်၏။ ဤအတွက်ကြောင့် ကျွန်ုပ်ပြန်လှည့်လာရခြင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်က ကျွန်ုပ်ကို ခေါ်ဆောင်သောကြောင့် ဖြစ်၏” ဟု ဆိုလေသည်။ လုံးလုံး အရှက်ကင်းမဲ့ခြင်းပါတကား။ ပြန်လှည့်လာပြီးနောက် သူသည် သူ့တာဝန်ကို ထမ်းဆောင်မည်ဟု တောင်းဆိုလျက် “ကျွန်ုပ်သည် မိမိ၏တာဝန်ကို မလုပ်ဆောင်ပါက အလွန် အနှစ်သာရကင်းမဲ့၏။ လူတိုင်းက မိမိ၏တာဝန်ကို လုပ်ဆောင်ရမည်” ဟု ဆိုလေသည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သည့်အပြင် သမ္မာတရားအား ချစ်မြတ်နိုးခြင်းမရှိသော လူတို့၏ စကားများက ယင်းတို့ကိုကြားရသော သူတို့ကို စက်ဆုပ်ရွံရှာစေသည်။ သင်သည် ဘုရားသခင်ကို မစွန့်ခွာနိုင်ဟု ဆိုသည်၊ သို့ဆိုလျှင် ဘုရားက သင့်အား အလိုရှိမရှိဟူသည်ကို သူ့အား အဘယ့်ကြောင့် မမေးသနည်း။ သင်သည် တာဝန်ကိုထမ်းဆောင်ခြင်း ဖြစ်စဉ်၌ လက်တွဲဖော်ရှာတွေ့ခဲ့ပြီးနောက် သင့်တာဝန်ကို ချထားပြီး ထွက်ပြေးသွားခဲ့သည်။ ဘုရားသခင်က ဤအရာကို လိုက်လျောခြင်း ရှိမရှိကိုလည်းကောင်း၊ သူ၏ သဘောထားကို သိရှိရရန်အတွက်လည်းကောင်း သူ့ကို အဘယ့်ကြောင့် မမေးခဲ့သနည်း။ သင်သည် သင်၏တာဝန်များကို ဖြည့်ဆည်းခဲ့သလော။ သင့်အား ဘုရားသခင်ပေးအပ်ခဲ့သော တာဝန်ပေးစေခိုင်းချက်ကို သင် ဖြည့်ဆည်းခဲ့သလော။ သင်သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောထားခဲ့သလော။ သင်သည် သင့်တာဝန်ကို သင့်တာဝန်အဖြစ် ရှုမြင်ခဲ့သလော။ ဤမေးခွန်းများ အားလုံးအတွက် အဖြေမှာ ထိုသို့မပြုခဲ့ဟူသည်ပင်။ ဘုရားသခင်သည် သင့်အတွက် မည်သည့်အရာဖြစ်သနည်း။ သူသည် လမ်းဘေးက သင်တွေ့ဆုံခဲ့သော သူငယ်ချင်းတစ်ဦးပင်။ သူ့ကို သင်ကြိုဆိုနှုတ်ဆက်ပြီးနောက် ချက်ချင်းပင် သူငယ်ချင်း ဖြစ်ကြပြီဟု သင်ထင်သည်။ သင့်အကျိုးစီးပွားအတွက် အသုံးတည့်ပါက သူနှင့်အတူ ဆက်တွဲသွားသော်လည်း သင့်အကျိုးကျေးဇူးအတွက် မဟုတ်ပါက သင်လမ်းခွဲသည်။ သို့သော် သူ့ကို သင်အလိုရှိသောအခါ သူ့ကို သတိရပြန်သည်။ ဤသည်မှာ သင်ထားရှိသည့် ဆက်ဆံရေးမျိုးပင် ဖြစ်၏။ သင်သည် ဘုရားသခင်ကို တစ်ချိန်က သိကျွမ်းခဲ့သည့် သူငယ်ချင်းတစ်ဦးအဖြစ် မှတ်ယူပါက ဘုရားသခင်က သင့်ကို မည်သို့ထင်မည်နည်း။ သင့်ကို ဘုရားသခင် မည်သို့ ဆက်ဆံမည်နည်း။ သင်သည် ဝမ်းနည်းနေပြီး သင်၏နေ့ရက်များက အနှစ်မဲ့နေသောကြောင့် ဘုရားသခင်ကို သင်အလိုရှိသည်။ သင်သည် ပြန်လှည့်လာပြီး သင့်တာဝန်ကို ထမ်းဆောင်လိုသည်။ ဘုရားသခင်က သင့်အား တာဝန်တစ်ခုကို ထိုသို့ သာမန်ကာလျှံကာ ပေးမည်လော။ (ပေးမည်မဟုတ်ပါ။) အဘယ့်ကြောင့် မပေးမည်နည်း။ သင်သည် မထိုက်တန်ပါချေ။ ဤကဲ့သို့သော လူတို့သည် ဘုရားသခင်၌ ယုံကြည်လာပြီးပြီးချင်း ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နိုင်သော်လည်း တာဝန်များကို မပြီးမြောက်မီ မည်သည့်သတိပေးချက်မျှမရှိဘဲ ဘုရားသခင်ကို စွန့်ပစ်မည်ဖြစ်ကာ မိမိတို့၏ ရာထူးနေရာများကို ချန်ရစ်ထားပြီး မိမိတို့၏အလုပ်ကို စွန့်ခွာသွားမည်ဖြစ်သည်။ ဤအရာကို ဘုရားသခင်က မည်သို့ရှုမြင်သနည်း။ ဤအပြုအမူ၏ သဘာဝမှာ အဘယ်နည်း။ (သစ္စာဖောက်ဖျက်ခြင်း ဖြစ်သည်။) သစ္စာဖောက်ဖျက်ခြင်းမှာ သေးငယ်သောကိစ္စ မဟုတ်ချေ။ ထိုသို့သောလူတို့သည် ထွက်ပြေးသူများပင်။ ထွက်ပြေးသူများက မိမိတို့၏တာဝန်ကို မည်သို့ထမ်းဆောင်သနည်း။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ခြင်းဟူသည့် ခေါင်းစဉ်အောက်တွင် ၎င်းတို့၏ ကိုယ်ကျိုးကိုသာ ရှာဖွေကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ဖို့ဟူသည့် မူလရည်မှန်းချက်ကို ချိုးဖောက်ရင်း မိမိတို့၏ကိုယ်ပိုင် အနာဂတ်နှင့် အသက်မွေးမှုကို ကာကွယ်ရန်အတွက် အစီအစဉ်များ ရေးဆွဲကြသည်။ နောက်ဆုံးတွင် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေစဉ်အတွင်း ထွက်ပြေးသွားကြကာ မိမိတို့ကိုယ်ကို ထွက်ပြေးသူများ ဖြစ်စေကြသည်။ ထိုသို့သောလူတစ်ဦးသည် ဘုရားသခင်အဖို့ ရိုးသားမှန်ကန်သော စိတ်နှလုံးဖြင့် မိမိကိုယ်ကို အသုံးမခံကြပေ။ ထိုအစား ၎င်းတို့၌ ၎င်းတို့၏တစ်ကိုယ်ရေ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များရှိပြီး ဘုရားသခင်ကို လှည့်စားရန် ကြိုးစားကာ၊ နောက်ဆုံးတွင် မိမိတို့၏ ဇာတိရုပ်အမှန်ကို ထုတ်ဖော်ကြသည်။ ဤလူတို့သည် ဘုရားသခင်ကို သစ္စာဖောက်သောသူများ မဟုတ်သလော။ လူအချို့က “ဘုရားသခင်၏အိမ်တော်၌ ဝင်ထွက်သွားလာဖို့ရန် လွတ်လပ်မှုမရှိသလော” ဟု ဆိုကြသည်။ ဝင်ထွက်သွားလာဖို့ရန် လွတ်လပ်မှုရှိသည်မှာ မှန်သော်လည်း လူတစ်ဦးသည် ဘုရားသခင်၏အိမ်တော်သို့ ဝင်ရောက်သောအခါ စစ်ဆေးခြင်းခံရမည်။ သင်သည် ဘုရားသခင်၏ အိမ်တော်ကို လွတ်လပ်စွာ စွန့်ခွာနိုင်ပြီး သင့်ကို မည်သူမျှ မတားဆီးပေ။ သို့ရာတွင် ဘုရားသခင်၏အိမ်တော်သို့ ပြန်လှည့်လာလိုပါက သိပ်မလွယ်ကူချေ။ သင်၏နောင်တရခြင်းသည် စစ်မှန်ကြောင်း သက်သေပြရန် အဆင့်အားလုံးရှိ အသင်းတော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ စစ်ကြောခြင်းနှင့် စစ်ဆေးခြင်းကို ခံရမည်။ ထိုမှသာ သင့်ကို လက်ခံမည်ဖြစ်သည်။ ထို့အတွက်ကြောင့် ထွက်သွားရန် လွယ်ကူသော်လည်း ပြန်ဝင်ရန် ခက်ခဲလေသည်။ လူအချို့သည် ဧဝံဂေလိဖြန့်ဝေရသည်ကို အလွန်ခက်ခဲသည်ကို သိရှိရပြီး လွန်စွာ ဒုက္ခခံစားကြရသဖြင့် ၎င်းတို့၏ ဝန်ထုပ်များကို ပစ်ချကာ ထွက်ပြေးသွားကြသည်ဟု ငါကြားသိခဲ့ရသည်။ ဤတွင် ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့က ထွက်ပြေးသူများ ဖြစ်ကြခြင်းပင်။ ဧဝံဂေလိဖြန့်ဝေခြင်း၌ လုပ်ဆောင်သောအခါ အရေးကြီးဆုံးမှာ အဘယ်နည်း။ ဧဝံဂေလိဖြန့်ဝေသူတိုင်း၊ အထူးသဖြင့် အရေးကြီးသော ရာထူးနေရာအတွက် တာဝန်ရှိသောလူများသည် ဘုရားသခင်၏အမြင်၌ အရေးကြီးသော အခန်းကဏ္ဍရှိသည်။ သင်သည် ဧဝံဂေလိဖြန့်ဝေရာတွင် အရေးကြီးသောအပိုင်း၌ ပါဝင်နေပြီး ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ သင်၏နေရာကို ပစ်ထားပါက ပို၍ကြီးမားသော ပြစ်မှားခြင်းမရှိတော့ပေ။ ယင်းသည် ဘုရားသခင်ကို သစ္စာဖောက်ဖျက်သည့် လုပ်ရပ်တစ်ခုအဖြစ် ယူဆရမည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင်တို့၏အမြင်တွင် ဘုရားသခင်သည် ထွက်ပြေးသူများကို မည်ကဲ့သို့ သဘောထားသင့်သနည်း။ (၎င်းတို့ကို ဘေးဖယ်ထားသင့်သည်။) ဘေးဖယ်ခံရခြင်းသည် လျစ်လျူရှုခံရခြင်းကို ဆိုလိုကာ သင်၏စိတ်ကြိုက်ပြုလုပ်ရန် ချန်ရစ်ထားခြင်းဖြစ်သည်။ အကယ်၍ ဘေးဖယ်ထားခြင်း ခံရသောသူတို့သည် နောင်တရပါက ၎င်းတို့၏ သဘောထားသည် အလုံအလောက် နောင်တရကြောင်း ဘုရားသခင်က တွေ့မြင်ပြီး ၎င်းတို့ကို ပြန်လာစေချင်ဦးမည်မှာ ဖြစ်နိုင်သည်။ သို့သော် မိမိတို့၏တာဝန်ကို ပစ်ထားသောသူတို့၊ ဤသို့သောသူတို့ အပေါ်၌သာလျှင် ဘုရားသခင်သည် ဤသဘောထား မရှိပေ။ ဘုရားသခင်သည် ထိုသို့သောလူတို့ကို မည်သို့ ပြုမူဆက်ဆံသနည်း။ (ဘုရားသခင်သည် ၎င်းတို့ကို မကယ်တင်ပေ။ ၎င်းတို့ကို စက်ဆုပ်ရွံရှာပြီး ပစ်ပစ်ခါခါငြင်းသည်။) ယင်းမှာ လုံးဝ မှန်ကန်ပေသည်။ ပို၍အတိအကျဆိုရလျှင် အရေးကြီးသော တာဝန်တစ်ခုကို ထမ်းဆောင်ရသော သူတို့ကို ဘုရားသခင်မှ တာဝန်ပေးစေခိုင်းထားခြင်းဖြစ်ပြီး ၎င်းတို့သည် မိမိတို့၏ရာထူးနေရာကို ပစ်ထားပါက ၎င်းတို့ ယခင် သို့မဟုတ် နောက်ပိုင်း၌ အဘယ်မျှ ကောင်းစွာ လုပ်ဆောင်ခဲ့ပါစေ၊ ဘုရားသခင်အတွက်မှာမူ ၎င်းတို့သည် သူ့ကို သစ္စာဖောက်သွားခဲ့သော လူတို့ဖြစ်ကြပြီး ၎င်းတို့ကို တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေး မည်သည့်အခါမျှ နောက်ထပ် ပေးတော့မည်မဟုတ်ပေ။ နောက်ထပ်အခွင့်အရေး မပေးတော့ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်က “ကျွန်ုပ်သည် အလွန်ပင် နောင်တရသည်။ ဘုရားသခင်ကို ကျွန်ုပ် အကြွေးတင်သွားပြီဖြစ်သည်။ ကျွန်ုပ်သည် အစကနဦးတွင် ထိုကဲ့သို့သော ရွေးချယ်မှုကို မပြုလုပ်ခဲ့သင့်ပေ။ ထိုအချိန်တုန်းက ကျွန်ုပ်သည် ညှို့ယူဆွဲဆောင်ခံခဲ့ရပြီး လမ်းလွဲခဲ့ကာ ယခုတွင် ယင်းကို နောင်တရသည်။ ကျွန်ုပ်ပြုမိခဲ့သော အရာအတွက် နောင်တရဖို့ အခွင့်အရေးရရန်အလို့ငှာ ကျွန်ုပ်၏တာဝန်ကို အောင်မြင်သော လုပ်ဆောင်ချက်များဖြင့် ထမ်းဆောင်ပြီး ကျွန်ုပ်၏အမှားများကို ပြန်၍ထေမိစေဖို့ နောက်ထပ် အခွင့်အရေးပေးရန် ဘုရားသခင်ကို ကျွန်ုပ် အသနားခံ တောင်းပန်ပါသည်” ဟု ဆိုလျှင် ဘုရားသခင်သည် ဤကိစ္စကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။ သင်၌ အခွင့်အရေးမရှိဟု ဘုရားသခင်ဆိုသည့်အတိုင်း သူသည် သင့်ကို နောက်ထပ် မည်သည့်အခါမျှ ဂရုပြုမည်မဟုတ်ပေ။ ဤသည်မှာ ထွက်ပြေးသူများအပေါ် ဘုရားသခင်၏ သဘောထားဖြစ်၏။ သာမန်ပြစ်မှားခြင်းများကို ကျူးလွန်သော လူတို့ကို ကိုင်တွယ်ဖြေရှင်းသည့်အခါ ဘုရားသခင်က ယင်းသည် တဒင်္ဂ ပြစ်မှားခြင်းဖြစ်သည်၊ သို့မဟုတ် ယင်းသည် ဖီလာဆန့်ကျင်သော ပတ်ဝန်းကျင်၊ သေးငယ်သော ဝိညာဉ်ရင့်ကျက်မှု၊ သမ္မာတရားအား သိနားလည်ခြင်းကင်းမဲ့မှု၊ သို့မဟုတ် ထိုသို့သော အခြားအကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်သည်ဟု ဆိုကောင်းဆိုမည်။ ဤသို့ဖြစ်လျှင် ဘုရားသခင်သည် ၎င်းတို့ကို နောင်တရရန် အခွင့်အရေး ပေးကောင်းပေးမည်။ သို့ရာတွင် ထွက်ပြေးသူများအတွက်မူကား ဘုရားသခင်သည် ဒုတိယအခွင့်အရေး မပေးပါချေ။ လူတချို့က “ဘုရားသခင်သည် ဒုတိယအခွင့်အရေး မပေးဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ထိုသူတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်လိုလျှင် ဘုရားသခင်က ဤအရာကို ခွင့်မပြုဘဲ နေရမည်လော” ဟု ဆိုကြသည်။ သင်သည် သင့်တာဝန်ကို ဖြည့်ဆည်းနိုင်သည်၊ ဧဝံဂေလိဖြန့်ဝေနိုင်သည်၊ တရားဒေသနာများကို နားထောင်ပြီး အသင်းတော်၌လည်း ပါဝင်နိုင်သည်။ အသင်းတော်က သင့်နာမည်ကို အသင်းသားစာရင်းထဲမှ ဖယ်ရှားမည် မဟုတ်သော်လည်း ဘုရားသခင်အနေဖြင့် သင်သည် သင်၏တာဝန်ကို မည်သို့ထမ်းဆောင်ပြီး မည်သို့နောင်တရသည်ဖြစ်စေ သူ့အတွက် သင် အလုပ်လုပ်ပေးနေလင့်ကစား ဘုရားသခင် သင့်ကို အလိုမရှိသကဲ့သို့ သဘောကျမည်လည်း မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ သဘောထားဖြစ်၏။ လူအချို့က ဤကိစ္စရပ်ကို နားမလည်နိုင်ဘဲ “ဘုရားသခင်သည် ဤကဲ့သို့သော လူစားမျိုးကို ကိုင်တွယ်ဖြေရှင်းရာတွင် အဘယ့်ကြောင့် လွန်စွာ အကြင်နာကင်းမဲ့ပြီး ပြတ်သားရသနည်း” ဟု ဆိုကြရန် ဖြစ်နိုင်ချေရှိသည်။ လူသည် ဤကိစ္စကို နားလည်စရာ မလိုအပ်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သဘောထားဖြစ်သည်။ သင်သည် ကြိုက်သလို ထင်နိုင်သည်။ ဘုရားသခင်၌ ဆုံးဖြတ်ရန် အခွင့်အာဏာရှိ၏။ သူသည် ဤပုံစံအတိုင်း ပြုမူလုပ်ဆောင်ရန်နှင့် ဤကိစ္စကို ဤကဲ့သို့ ကိုင်တွယ်ဖြေရှင်းရန် အခွင့်အာဏာရှိ၏။ လူတစ်ဦးတလေသည် မည်သည့်အရာကို လုပ်ဆောင်နိုင်မည်နည်း။ လူတို့က ကန့်ကွက်နိုင်သလော။ အစကတည်းက မှန်သောလမ်းကြောင်းကို မလိုက်လျှောက်ဖို့၊ ဘုရားသခင်ကို သစ္စာဖောက်ပြီး ထွက်ပြေးသူတစ်ဦး ဖြစ်လာဖို့ သင့်ကို မည်သူပြောခဲ့သနည်း။ ဧဝံဂေလိဖြန့်ဝေခြင်းအလုပ်ကို လူတစ်ဦးတည်းဖြင့် မပြီးမြောက်နိုင်၊ လူများစွာ လိုအပ်သည်။ သင်သည် သင့်တာဝန်ကို မထမ်းဆောင်နိုင်လျှင် ဘုရားသခင်က ထမ်းဆောင်နိုင်သော အခြားလူကို ရွေးချယ်လိမ့်မည်။ အကယ်၍ သင်သည် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသည့်အပြင် သင့်တာဝန်ကို မထမ်းဆောင်ပါက ယင်းက သင်သည် မျက်စိကန်းနေကြောင်း သက်သေပြသည်။ ယင်းက သင်သည် နားဝေတိမ်တောင် ဖြစ်နေပြီး မိုက်မဲနေကြောင်း သက်သေပြသည်။ ဤသည်မှာ ကောင်းချီးမင်္ဂလာဖြစ်သည်ကို သင်မသိသောကြောင့် သင်သည် ဤကောင်းချီးကို ရရှိမည်မဟုတ်ပေ။ သင် သွားသာသွားသင့်ပြီ။ သင်သည် ထွက်သွားသော်လည်း ခဏကြာပြီးနောက် ပြန်လာပါက သင့်ကို ဘုရားသခင် အလိုရှိနေသေးမည်လော။ ရှိမည် မဟုတ်တော့ပေ၊ ဘုရားသခင်က ဂရုမစိုက်တော့ချေ။ ဤသည်မှာ ထွက်ပြေးသူများအပေါ်၌သာလျှင် ဘုရားသခင် ထားရှိသော သဘောထားဖြစ်သည်။ လူအချို့က “ကျွန်ုပ်သည် ပြန်လာပြီး မိမိ၏တာဝန်ကို ထမ်းဆောင်ပြီးနောက် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို ခံရသည်” ဟု ပြောကြသည်။ သင်သည် ပထမဆုံးအကြိမ် တာဝန်ထမ်းဆောင်နေခဲ့သည့် အချိန်က ခွင့်မရှိဘဲ ထွက်ပြေးသွားခဲ့သည့်အပြင် သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို မတားဆီးခဲ့ပေ။ ယခုတွင်မူ သင်သည် ပြန်ရောက်နေသည်ဖြစ်၍ သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို ဉာဏ်အလင်း ပေးနိုင်သေးသလော။ သင်၏ စိတ်ကူးယဉ်ခံစားချက်များမှနေ၍ ရေးကြီးခွင်ကျယ် လုပ်မနေနှင့်။ ဘုရားသခင်သည် သူ၏ဆန္ဒနှင့် ဆန့်ကျင်၍ မည်သည့်အရာကိုမျှ ပြုလုပ်မည် မဟုတ်ဘဲ၊ သူ၌ အယောက်စီတိုင်းကို ကိုင်တွယ်ဖြေရှင်းရာ၌ စည်းမျဉ်းများရှိသည်။ ဤတွင် လူတို့အတွက် သတိပေးချက်မှာ အဘယ်နည်း။ သင်သည် သင့်တာဝန်၌ မဆုတ်မနစ်ကြိုးစားရမည်၊ သင်၏ရပ်တည်ချက်ကို ထိန်းသိမ်းထားပြီးလျှင် သင်၏တာဝန်များကို ဖြည့်ဆည်းရမည်။ ထိုသို့ ထွက်ပြေးသူများအပေါ် ဘုရားသခင်၏ သဘောထားက ပြင်းထန်လွန်းသလော။ (မပြင်းထန်လွန်းပါ။) အဘယ်ကြောင့် မပြင်းထန်လွန်းဟု ပြောသနည်း။ ဤအရာက မပြင်းထန်လွန်းဟု သင်တို့ မည်သို့နားလည်သနည်း။ လူတစ်ဦးသည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ လက်ရှိကာလတွင် လူတစ်ဦးစီလုပ်ဆောင်သည့် တာဝန်တစ်ခုစီ၌ ဘုရားသခင် စီမံထားသည့်အရာနှင့် ဆက်စပ်မှုရှိသလော။ ယင်းတို့မှာ နီးကပ်စွာ ဆက်စပ်နေသည်။ ယင်းကို ဤပုံစံအတိုင်းကြည့်ပါက သင်သည် သင့်တာဝန်ကို ထမ်းဆောင်နိုင်လျှင် ယင်းသည် ဘုရားသခင်က အလုပ်များစွာကို လုပ်ဆောင်ပြီးပြီဟု ဆိုလိုသလော။ ဘုရားသခင်သည် သင့်အား ကမ္ဘာကြီးကို ဖန်ဆင်းခဲ့ကတည်းက ကြိုတင်ပြဋ္ဌာန်းထားပြီဖြစ်သည်။ သူသည် သင်မွေးဖွားမည့် ခေတ်နှင့် ကာလ၊ သင်မွေးဖွားလာမည့် မိသားစုမျိုး၊ သင့်မိသားစုက သင့်အပေါ်ထားရှိသည့် လွှမ်းမိုးမှု၊ ဘုရားသခင်က သင်ထမ်းဆောင်ရန် သတ်မှတ်သည့်တာဝန်နှင့် သင့်အနေဖြင့် လေ့လာရန် ကြိုတင်၍ ခွင့်ပြုထားသည့်အရာများကို ကြိုတင်ပြဋ္ဌာန်းထားပြီဖြစ်သည်။ သာဓကအားဖြင့် သင်သည် နိုင်ငံခြားဘာသာစကားတစ်ခုကို လေ့လာပြီး ဤအစွမ်းအစ၊ ဤပါရမီကို ပိုင်ဆိုင်ပါက ယခု သင်သည် သင့်တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်ရန် အခွင့်ရှိသည်။ ဘုရားသခင်သည် ပြင်ဆင်မှုတွင် အလုပ်များစွာကို ပြုလုပ်ထားပြီး ဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော ပြင်ဆင်မှုများကို မည်သည့်ရည်ရွယ်ချက်ဖြင့် ပြုလုပ်သနည်း။ ယင်းမှာ သင်သည် လူပုံအလယ်တွင် ထင်ပေါ်နိုင်ရန်အတွက် ဖြစ်သလော။ ယင်းမှာ သင်သည် လောကီကို လိုက်စားပြီး စာတန်ကို အစေခံနိုင်ရန်အတွက် ဖြစ်သလော။ လုံးဝမဟုတ်ချေ။ ဘုရားသခင်သည် သင့်အားပေးထားသည့် အရာများကို သူ၏အိမ်တော်ထဲတွင်၊ ဘုရားသခင်၏ ဧဝံဂေလိတရား ဖြန့်ဝေခြင်းတွင်၊ ထို့အပြင် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ထဲတွင် ဆက်ကပ်စေချင်သည်။ သို့ရာတွင် သင်သည် ဘုရားသခင် သင့်အားပေးထားသည့် အရာကို မဆက်ကပ်နိုင်ဘဲ၊ ထိုအစား စာတန်ကို အစေခံပါက ဘုရားသခင် မည်သို့ခံစားရမည်နည်း။ ဤအရာကို ဘုရားသခင် မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။ ဤအရာကို သူ၏ စိတ်သဘောထားနှင့်အညီ မည်သို့ကိုင်တွယ်သင့်သနည်း။ ဘုရားသခင်သည် သင့်ကို တစ်ချက်တည်းဖြင့် သူ့ထံမှ ကန်ထုတ်ပစ်လိမ့်မည်။ သင့်ကို သူအလိုမရှိပေ။ သင်သည် သူ၏ သနားကြင်နာမှုကို မေ့လျော့ပြီး သူ၏စိတ်ချယုံကြည်မှုကို သစ္စာဖောက်သည်။ သင်သည် သင်၏ဖန်ဆင်းရှင်ကို အသိအမှတ်မပြုချေ၊ သို့မဟုတ် လှည့်ပြန်၍လည်း မလာချေ။ သင်သည် ဘုရားသခင် သင့်အား ပေးထားသည့်အရာကို သူ့အတွက် မဆက်ကပ်ဘဲ ထိုအစား စာတန်အတွက် ဆက်ကပ်လေသည်။ ဤသည်မှာ ပြင်းထန်သော သစ္စာဖောက်မှုဖြစ်ပြီး ဘုရားသခင်သည် ထိုသို့သော သစ္စာဖောက်တစ်ဦးကို အလိုမရှိပေ။
လူသားမျိုးနွယ်အား ကယ်တင်ခြင်းနှင့် ပတ်သက်သော ဘုရားသခင်၏အလုပ်တွင် လူတစ်ဦးစီက ပိုင်ဆိုင်သည့် အစွမ်းအစများသည် သူထမ်းဆောင်သင့်သည့် တာဝန်အား ထမ်းဆောင်ခြင်းဟူသည့် အလုပ်တာဝန်အတွက် သူ့ကို ဖြည့်ဆည်းပံ့ပိုးပေးသည်။ ထို့ပြင် ဘုရားသခင်ကို ယုံကြည်လာပြီးနောက် သူရရှိသည့် အတွေ့အကြုံနှင့် အသိပညာသာမက သူနားလည်သည့် သမ္မာတရားများ အားလုံးကို သူ၏တာဝန်အား ထမ်းဆောင်ဖို့အတွက် အသုံးပြုရမည်။ ဤနည်းအားဖြင့်သာ လူတို့သည် နိုင်ငံတော်၏ ဧဝံဂေလိတရားအား ဖြန့်ဝေခြင်းအလုပ်အဖို့ ၎င်းတို့၏ အညတရ အားထုတ်ကြိုးပမ်းမှုဖြင့် ဖြည့်ဆည်းပံ့ပိုးနိုင်သည်။ ဤအညတရ အားထုတ်ကြိုးပမ်းမှုမှာ အဘယ်နည်း။ ယင်းမှာ လူတစ်ဦး ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်၏။ သင့်အနေဖြင့် တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ရန်အလို့ငှာ ဘုရားသခင်သည် သင့်အား သမ္မာတရားကို နားလည်ရန်၊ ဉာဏ်ရည်နှင့် ဉာဏ်ပညာကို ပိုင်ဆိုင်ရန် အခွင့်ပေးသည်။ ဤသည်မှာ သင့်အသက်တာ၏ တန်ဖိုးနှင့် အဓိပ္ပာယ်ပင် ဖြစ်သည်။ ဤတန်ဖိုးနှင့် အဓိပ္ပာယ်အတိုင်း သင် အသက်ရှင်နေထိုင်ခြင်း မရှိလျှင် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းမှ မည်သည့်အရာမျှ သင်မရရှိသေးကြောင်း ယင်းက သက်သေပြသည်။ သင်သည် ဘုရားသခင်၏အိမ်တော်၌ အသုံးမဝင်သော ဗြုတ်စဗျင်းတောင်း ဖြစ်လာပေပြီ။ အကယ်၍ သင် အသက်ရှင်နေထိုင်သည့် အရာမှာ စာတန်နှင့် ဇာတိပကတိဖြစ်ပါက ဘုရားသခင် သင့်ကို အလိုရှိနိုင်ဦးမည်လော။ သင့်အသက်တာ၏ တန်ဖိုးနှင့် အဓိပ္ပာယ်မှာ သွားလေပြီ။ ဘုရားသခင်၏ အမြင်တွင် သင်သည် သူ၏အိမ်တော်မှ ပျောက်ကွယ်သွားပြီး ထာဝစဉ်သာ ပျောက်ကွယ်သွားသင့်ပေသည်။ သင့်ကို သူ နောက်ထပ် အလိုမရှိတော့ပေ။ ထိုမျှမက ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ် တိုးချဲ့ခြင်းကာလတွင် ဘုရားသခင်နောက် လိုက်သောသူတိုင်းက မိမိတို့၏တာဝန်ကို ထမ်းဆောင်နေကြပြီး ၎င်းတို့အားလုံးသည် အဆင်းနီသော နဂါးကြီး၏ နှိမ်နင်းခြင်းနှင့် ရက်စက်သော နှိပ်စက်ညှဉ်းပန်းခြင်းကို အကြိမ်ကြိမ် တွေ့ကြုံခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်၏ နောက်လိုက်ခြင်း လမ်းကြောင်းသည် ကြမ်းတမ်းပြီး မချောမွေ့သည့်အပြင် အလွန်အမင်း ခက်ခဲသည်။ နှစ်နှစ်သုံးနှစ်မက ဘုရားသခင်နောက် လိုက်ခဲ့ပြီးသူ မည်သူမဆိုသည် ဤအရာကို မိမိတို့ကိုယ်တိုင် တွေ့ကြုံခဲ့ပြီးဖြစ်လိမ့်မည်။ လူတစ်ဦးစီတိုင်း ထမ်းဆောင်သည့် တာဝန်သည် သတ်မှတ်ထားသော တာဝန်ဖြစ်စေ သို့မဟုတ် ယာယီစီစဉ်မှုဖြစ်စေ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုများမှ လာခြင်းဖြစ်သည်။ လူတို့သည် မကြာခဏ အဖမ်းခံရကောင်း ခံရနိုင်ပြီး အသင်းတော်၏ အလုပ်သည် နှောင့်ယှက်ခြင်းနှင့် ဖျက်ဆီးခြင်းကို ခံကောင်း ခံရနိုင်သည်။ ပြီးလျှင် တာဝန်များကို ထမ်းဆောင်ရမည့် လူတို့၊ အထူးသဖြင့် လူနည်းစုထဲတွင်ရှိသည့် အစွမ်းအစကောင်းများနှင့် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတို့ရှိသော လူများ သိသိသာသာ ပြတ်လပ်မှု ရှိကောင်းရှိမည်။ သို့သော် ဘုရားသခင်၏ ဦးဆောင်မှုကြောင့်၊ သူ၏ ဘုန်းတန်ခိုးနှင့် ဩဇာအာဏာကြောင့် ဘုရားသခင်၏အိမ်တော်သည် အခက်ခဲဆုံး ကာလများထဲမှ ဖြတ်ကျော်လာပြီးဖြစ်ကာ ယင်း၏အလုပ်အားလုံးမှာ လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။ လူ့အနေဖြင့် ဤအရာသည် မဖြစ်နိုင်သည့်ပုံပေါက်သော်လည်း ဘုရားသခင်အနေဖြင့် မည်သည့်အရာမျှ ဖြစ်မြောက်အောင်မြင်ရန် မခက်ခဲပေ။ ဘုရားသခင်ပေါ်ထွန်းလာပြီး စတင်အမှုပြုခဲ့ကတည်းက လက်ရှိအချိန်တိုင်အောင် နှစ်ပေါင်းသုံးဆယ်ကာလကို မုန်တိုင်းများနှင့် အတိဒုက္ခမျိုးစုံအားဖြင့် အမှတ်သညာပြုထားသည်။ ဘုရားသခင်၏ ဦးဆောင်မှုနှင့် လူတို့အား ယုံကြည်ခြင်းနှင့် ခွန်အားဖြင့် ပြည့်ဝစေသည့် သူ၏ နှုတ်ကပတ်တော်များကြောင့်သာ မဟုတ်ခဲ့လျှင် ယခုအတိုင်းအတာထိ မည်သူမျှ ကျော်လွှားနိုင်ခဲ့မည် မဟုတ်ချေ။ ဘုရားသခင်ရွေးကောက်ထားသော လူတို့အားလုံးသည် ဤအရာကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ပြီးဖြစ်သည်။ ဘုရားအိမ်တော်၏ မည်သည့်အလုပ်ကမျှ ချောမွေ့စွာ ဖြစ်မြောက်ခြင်းမရှိ၊ ယင်းတို့အားလုံးသည် သုညမှ အစပြုခဲ့ပြီး ကြီးမားသော အခက်အခဲဖြင့် လုပ်ဆောင်ခဲ့ရကာ ဒုက္ခများဖြင့် ပတ်ချာဝိုင်းခဲ့သည်။ ဤသည်မှာ အဘယ့်ကြောင့်နည်း။ ယင်းမှာ ငါတို့သည် အဆင်းနီသော နဂါးကြီး အစိုးရ၏ သွေးရူးသွေးတန်း နှိမ်နင်းခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းကိုသာမက ဘာသာရေး အသိုင်းအဝိုင်း တစ်ခုလုံးနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ခွဲခြားဆက်ဆံခြင်း၊ အသရေဖျက်မှုနှင့် ပြစ်တင်ရှုတ်ချခြင်းကိုလည်း ရင်ဆိုင်ရကာ ခေတ်ကာလတစ်ခုလုံးကပင် ငါတို့ကို ပစ်ပယ်ပြီး ဟန့်တားလေသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်အားလုံးသည် စာတန်၏ ဆိုးယုတ်သော ရေစီးကြောင်းများဖြင့် ပြည့်နှက်နေသော ပတ်ဝန်းကျင်နှင့် အခြေအနေများအောက်တွင် အစပျိုးပြီး လည်ပတ်နေကာ ယင်းမှာ စာတန်၏ လောင်းရိပ်အောက် ရောက်နေသည်။ ဤအရာသည် လုံးဝ မလွယ်ကူပါချေ။ ယင်းသည် သာမန်ထက် လွန်ကဲစွာ ခက်ခဲလှပေ၏။ ထို့ကြောင့် တာဝန်ထမ်းဆောင်နိုင်သော လူတိုင်းသည် ဘုရားသခင်အတွက် နှစ်သိမ့်စရာဖြစ်ပြီး ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းသည် ရှားပါးပြီး အဖိုးထိုက်သောအရာ ဖြစ်လေသည်။ လူတစ်ဦးစီက ပေးနိုင်သော အလေးအနက်ထားမှု၊ သစ္စာစောင့်သိမှုနှင့် အသုံးခံမှုသာမက မိမိ၏ တာဝန်အပေါ်ထားသော မိမိ၏ ရိုးသားစစ်မှန်ပြီး တာဝန်သိစိတ်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား ကျိုးနွံနာခံမှုနှင့် ဘုရားသခင်အား ကြောက်ရွံ့ခြင်းတို့နှင့်ယှဉ်သော ၎င်း၏ သဘောထားကို သူက မြတ်နိုးသည့်အပြင် ဤအရာများကို အလွန်အရေးကြီးသည်ဟု သူက ယူမှတ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် မိမိတို့တာဝန်များကို စွန့်ပစ်သည့်၊ သို့မဟုတ် ယင်းတို့ကို ပျော်စေပျက်စေ သဘောထားသည့် လူများကိုလည်းကောင်း၊ ဘုရားသခင်ကို သစ္စာဖောက်သည့် အမျိုးမျိုးသော အပြုအမူများ၊ လုပ်ရပ်များနှင့် သရုပ်သကန်များကိုလည်းကောင်း ဘုရားသခင်သည် အဆုံးစွန် ရွံရှာလေသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် စီစဉ်သည့် အမျိုးမျိုးသော ဆက်စပ်အကြောင်းအရာများ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကြားတွင် ဤလူများသည် ဘုရားအမှုတော်၏ တိုးတက်မှုကို ကြန့်ကြာစေသည့်၊ ထိခိုက်နစ်နာစေသည့်၊ နှောင့်နှေးစေသည့်၊ နှောင့်ယှက်သည့်၊ သို့မဟုတ် ထိခိုက်သည့် အခန်းကဏ္ဍကို ပါဝင်လုပ်ဆောင်ကြသောကြောင့် ဖြစ်သည်။ ပြီးလျှင် ဤအကြောင်းကြောင့် စွန့်ခွာထွက်ပြေးသူများနှင့် ဘုရားသခင်ကို သစ္စာဖောက်သော လူတို့အပေါ် ဘုရားသခင်က မည်သို့ ခံစားပြီး တုံ့ပြန်သနည်း။ မည်သည့်သဘောထား ဘုရားသခင်၌ ရှိသနည်း။ (သူသည် ၎င်းတို့ကို မုန်းတီး၏။) ရွံရှာခြင်းနှင့် မုန်းတီးမှုသာ ရှိသည်။ သူသည် သနားခြင်း ခံစားရသလော။ မခံစားရပေ။ မည်သည့်အခါတွင်မျှ သူသနားနိုင်မည် မဟုတ်ပါ။ လူအချို့က “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်သည်မဟုတ်လား” ဟု ဆိုကြသည်။ ထိုသို့သော လူတို့ကို ဘုရားသခင် အဘယ့်ကြောင့် မချစ်သနည်း။ ဤလူများသည် ချစ်ခြင်းမေတ္တာနှင့် မထိုက်တန်ပေ။ ၎င်းတို့ကို သင် ချစ်ပါက သင်၏ မေတ္တာသည် မိုက်မဲပြီး ၎င်းတို့ကို သင်ချစ်သည့်အတွက်ကြောင့် ဘုရားသခင်ကလည်း ချစ်သည်ဟု မဆိုလိုပေ။ ၎င်းတို့ကို သင် ချစ်ခင်မြတ်နိုးနိုင်သော်လည်း ဘုရားသခင်က မချစ်မြတ်နိုးပေ။ အကြောင်းမှာ ထိုသို့သော လူတို့တွင် ချစ်ခင်မြတ်နိုးထိုက်သည့် အရာတစ်ခုမျှ မရှိပေ။ ထို့ကြောင့် ထိုသို့သော လူတို့ကို ဘုရားသခင်က ပြတ်ပြတ်သားသား စွန့်ပစ်ပြီး မည်သည့် ဒုတိယအခွင့်အရေးမျှ မပေးပေ။ ဤသည်မှာ ကျိုးကြောင်းသင့်သည် မဟုတ်လော။ ဤအရာသည် ကျိုးကြောင်းသင့်ရုံသာမက အရေးအကြီးဆုံးအနေဖြင့် ဘုရားသခင်၏ စိတ်သဘောထား သွင်ပြင်တစ်ခု ဖြစ်ပြီး၊ သမ္မာတရားလည်း ဖြစ်ပေသည်။ ဧဝံဂေလိဖြန့်ဝေသည့် လုပ်ငန်းစဉ်၌ လူအချို့သည် သမ္မာတရား၏ မည်သည့်အပိုင်းကိုမျှ လက်မခံကြပေ။ ၎င်းတို့သည် ကိုယ်ပိုင်စိတ်သဘောအတိုင်း အမြဲတမ်း စိတ်ကူးပေါက်ရာနှင့် မဆင်မခြင် ပြုမူလုပ်ဆောင်ကြသည်။ ၎င်းတို့သည် ဧဝံဂေလိ ဖြန့်ဝေခြင်းအလုပ်အတွက် ခလုတ်တံသင်းများနှင့် အတားအဆီးများ ဖြစ်ကြသည်။ ၎င်းတို့သည် ဧဝံဂေလိအလုပ်အား နှောင့်ယှက်ခြင်း၊ အလျဉ်ပြတ်စေခြင်းနှင့် ပျက်စီးစေခြင်းဖြင့် အပျက်သဘော ဆောင်သော အခန်းကဏ္ဍကို လုပ်ဆောင်ပြီး ဧဝံဂေလိ တိုးချဲ့ခြင်းကို ဟန့်တားကြသည်။ ထို့ကြောင့် ဤလူတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ စက်ဆုပ်ရွံရှာခြင်းနှင့် မုန်းတီးခြင်းမျိုး ဖြစ်သည်။ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထား ထုတ်ဖော်သည့်ပုံ ဖြစ်သည်။ လူအချို့က “ထိုကဲ့သို့သော လူတို့ကို ဤနည်းအားဖြင့် ကိုင်တွယ်ခြင်းသည် အနည်းငယ် မလွန်ကဲသလော” ဟု ဆိုကြသည်။ ထိုအရာနှင့်ပတ်သက်၍ မည်သည့်အရာမျှ မလွန်ကဲပေ။ ထိုသို့သော မကောင်းဆိုးဝါးများကို ရင်ဆိုင်ရလျှင် ဘုရားသခင်သည် စက်ဆုပ်ရွံရှာခြင်းနှင့် မုန်းတီးခြင်းကိုသာ ခံစားရနိုင်သည်။ ဘုရားသခင်သည် မိမိကိုယ်ကို မဖုံးကွယ်ပေ။ ဘုရားသခင်၏ စိတ်သဘောထားမှာ ဖြောင့်မတ်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားရှိ အရေးအကြီးဆုံးသော လက္ခဏာသွင်ပြင်နှစ်ရပ်မှာ အဘယ်နည်း။ (ကြွယ်ဝသော သနားကရုဏာနှင့် နက်နဲသော အမျက်ဒေါသ ဖြစ်ပါသည်။) ဤတွင် ဤအရာ၏ အရေးပါမှုမှာ အဘယ်နည်း။ ဘုရားသခင်၏ နက်နဲသော အမျက်ဒေါသကို မည်သူခံစားရသနည်း။ ယင်းသည် ဘုရားသခင်ကို ခုခံသည့်သူများ၊ သမ္မာတရားကို ငြင်းပယ်သည့်သူများနှင့် စာတန်နောက်ကို လိုက်သည့်သူများအပေါ် ကျရောက်ပေသည်။ ဘုရားသခင်က စာတန်နောက်ကို လိုက်ဖို့ ဆုံးဖြတ်ထားသူများကို မလိုချင်သကဲ့သို့ သစ္စာဖောက်များနှင့် စွန့်ခွာပြေးသူများကိုလည်း မလိုချင်ပေ။ “အားနည်းသည့် အခိုက်အတန့်တွင် ကျွန်ုပ်၏တာဝန်ကို မဆောင်ရွက်ဖို့ ကျွန်ုပ်ရွေးချယ်မိသော်လည်း ကျွန်ုပ်သည် ဘုရားသခင်ကို အမှန်တကယ် မစွန့်ခွာလိုခဲ့ပါ၊ သို့မဟုတ် လောကီနှင့် စာတန်၏ အုပ်စုသို့ ပြန်မသွားလိုပါ” ဟု လူအချို့က ပြောကြသည်။ သင်သည် အားနည်းသည်ဖြစ်စေ၊ လောကီသို့ ပြန်သွားလိုခဲ့သည်ဖြစ်စေ ဘုရားသခင်က သင်၏ အားနည်းချက်ကို ကိုင်တွယ်ဖြေရှင်းသည့်အခါတွင် အခြေအနေပေါ် မူတည်ကာ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ပြကောင်းပြနိုင်သည်။ ဘုရားသခင်သည် အလျှံပယ် သနားကရုဏာ ပြည့်ဝ၏။ လူများသည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအလယ်၌ နေထိုင်ပြီး အချို့အခြေအနေများတွင် ၎င်းတို့သည် အားနည်းကာ အပျက်သဘောဆောင်သကဲ့သို့ ပျင်းရိကြမည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။ ဘုရားသခင်သည် အားလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ၎င်းတို့ကို အခြေအနေအရ ကိုင်တွယ်ဖြေရှင်းမည် ဖြစ်သည်။ သင်သည် စွန့်ခွာပြေးသူ မဟုတ်ပါက သူက သင့်ကို ထိုကဲ့သို့ဆက်ဆံမည် မဟုတ်ချေ။ သင်အားနည်းလျှင် သူက သင်၏ အားနည်းချက်အတိုင်း သင့်ကို ဧကန်မုချ ကိုင်တွယ်လိမ့်မည်။ သင်သည် ဖောက်ပြန်ပျက်စီးခြင်းကို တဒင်္ဂတမျှ ထုတ်ဖော်မိပါက၊ သင်သည် တဒင်္ဂတမျှ အားနည်းပါက၊ သို့မဟုတ် သင်သည် ခဏတာမျှ လမ်းပျောက်ပါက ဘုရားသခင်သည် သင့်ကို ဉာဏ်ပွင့်လင်းစေလိမ့်မည်၊ လမ်းပြလိမ့်မည်ဖြစ်ပြီး သင့်ကို ထောက်ပံ့လိမ့်မည်။ သင့်အား သမ္မာတရားကို နားမလည်သော ဝိညာဉ်ရင့်ကျက်မှု သေးနုပ်သူတစ်ဦးအဖြစ် သူသဘောထားလိမ့်မည်၊ အဘယ့်ကြောင့်ဆိုသော် ဤပြဿနာသည် သင်၏သဘာဝ အနှစ်သာရတစ်ခု မဟုတ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အဘယ့်ကြောင့် ထိုသို့သော လူများကို စွန့်ပစ်ခြင်းအားဖြင့် ကိုင်တွယ်ဖြေရှင်းခြင်း မပြုသနည်း။ ယင်းမှာ ၎င်းတို့က သူ့ကိုဖြစ်စေ၊ သမ္မာတရားကိုဖြစ်စေ မငြင်းပယ်လိုသောကြောင့်ဖြစ်ပြီး ၎င်းတို့သည် စာတန်နောက်သို့ မလိုက်လိုသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အားနည်းချက်ကို ခဏမျှသာ ပြသည့်အပြင် ပေါ်လာသည့်အရေးကို မဖြေရှင်းနိုင်သောကြောင့် ဘုရားသခင်က ၎င်းတို့ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးခြင်းဖြစ်သည်။ သို့ဆိုလျှင် ခဏတာ အားနည်းချက်ကို တွေ့ကြုံပြီး မိမိတို့၏တာဝန်များကို မထမ်းဆောင်နိုင်သော်လည်း နောက်ပိုင်းတွင် ယင်းတို့ကို လုပ်ဆောင်ဖို့ ပြန်လာသည့် ဤလူများကို မည်သို့ ကိုင်တွယ်သင့်သနည်း။ ၎င်းတို့ကို လက်ခံသင့်သည်။ ဤအခြေအနေသည် သဘာဝအားဖြင့် စွန့်ခွာပြေးသူများ၏ အခြေအနေနှင့် ကွဲပြားခြားနားသောကြောင့် သင်သည် ထိုသူများကို ကိုင်တွယ်ဖြေရှင်းဖို့ တူညီသော စည်းမျဉ်းကို အသုံးပြု၍ မရသကဲ့သို့ တူညီသော ကိုင်တွယ်ဖြေရှင်းနည်းကို အသုံးပြု၍မရပေ။ လူအချို့သည် အားနည်းချက်ကို မခံစားနေရပေ။ ၎င်းတို့သည် အမှန်တကယ် စွန့်ခွာပြေးသူများ ဖြစ်ကြ၏။ သင်သည် ၎င်းတို့ကို ပြန်လက်ခံပါက ၎င်းတို့သည် အလားတူ အခြေအနေတစ်ခုကို ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် တစ်ဖန် စွန့်ခွာပြေးလိမ့်မည်။ ထိုကဲ့သို့ လူတစ်ဦးသည် ခဏတာ စွန့်ခွာပြေးသူ မဟုတ်ပေ။ ထိုသို့သော လူတစ်ဦးသည် အစဉ် စွန့်ခွာပြေးသူတစ်ဦး ဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်က ထိုသို့သော လူများကို ကန်ထုတ်ပြီး မည်သည့်အခါမျှ ပြန်မခေါ်သည့်အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ နည်းနည်းလေးမျှ မလွန်ကဲချေ။ ၎င်းတို့ကို မည်သည့်အခါမျှ ပြန်မခေါ်သည်ဖြစ်၍ ဤသည်မှာ ဘုရားသခင်သည် အခြားမည်သူကိုမဆို ကယ်တင်ကောင်း ကယ်တင်နိုင်သော်လည်း ထိုသူတို့ကို မကယ်တင်ဟု ဆိုလိုခြင်းဖြစ်သည်။ ကယ်တင်ခြင်းရရှိဖို့ အလားအလာရှိသော အဖွဲ့သည် လူတစ်ဦးလိုနေကြောင်း ဘုရားသခင်တွေ့ရှိသောအခါ အခြားလူတစ်ဦးဦးကို သူထပ်ဖြည့်နိုင်သည်။ သို့သော် ဤသို့သောလူစားမျိုးကို အလိုမရှိပေ။ ထိုသူကို ထာဝရအဆက်ဖြတ်ပြီး အလိုမရှိတော့ပေ။
ဧဝံဂေလိဖြန့်ဝေစဉ် ဧဝံဂေလိလုပ်ငန်းကို မကြာခဏ နှောင့်ယှက်ဖျက်ဆီးသည့် အခြားလူအမျိုးအစားရှိသည်။ သို့သော် ၎င်းတို့သည် အလုပ်အချို့ကိုလည်း လုပ်ဆောင်ထားပြီး လူအချို့ကို သိမ်းသွင်းရရှိထားလေသည်။ ဤအရာများကို ၎င်းတို့၏ လုပ်ရပ်များထဲမှ ကောင်းမှုများဟု ယူဆနိုင်သလော။ လောလောဆယ်တွင် ၎င်းတို့သည် ကောင်းမှုများ ပြုလုပ်ခဲ့သည်၊ မပြုလုပ်ခဲ့သည်ဟူသော မေးခွန်းကို ဘေးဖယ်ထားကြစို့။ ထိုသို့သော လူတို့သည် ဧဝံဂေလိ ဖြန့်ဝေစဉ် ဧဝံဂေလိအလုပ်ကို မကြာခဏ နှောင့်ယှက်ဖျက်ဆီးသည်ကို ဦးစွာ ပြောကြပါစို့။ ဥပမာ၊ လူတစ်ဦးသည် ဧဝံဂေလိအလုပ်၌ ကြီးကြပ်နေပြီး အဆင့်အတန်းနှင့် အာဏာအတွက် အခြားသူများနှင့် အမြဲတမ်း ပြိုင်ဆိုင်ပါက သို့မဟုတ် အခြားသူများနှင့် မကြာခဏ အငြင်းပွားရင်း ဧဝံဂေလိအလုပ်ကို နှောင့်ယှက်ဖျက်ဆီးနေပါက ဤကိစ္စကို ဘုရားသခင် မည်သို့ရှုမြင်မည်နည်း။ ဘုရားသခင်သည် ထိုကဲ့သို့သော လူ၏ အောင်မြင်မှုများနှင့် အပြစ်အနာအဆာများကို ချိန်ထိုးကြည့်မည်လော သို့မဟုတ် ယင်းတို့ကို အခြားပုံစံ တစ်မျိုးမျိုးဖြင့် ကိုင်တွယ်ဖြေရှင်းမည်လော။ (ဘုရားသခင်သည် ယင်းတို့ကို မကောင်းမှုအဖြစ် သတ်မှတ်ပေးမည်။) ဘုရားသခင်သည် ယင်းတို့ကို မကောင်းမှုအဖြစ် အဘယ့်ကြောင့် သတ်မှတ်ပေးမည်နည်း။ ၎င်းတို့သည် လူအချို့ကို ဟောပြောခြင်း၊ အလုပ်အချို့ကို လုပ်ဆောင်ခြင်းနှင့် ရလဒ်အချို့ကို ရရှိခဲ့ပြီး ဖြစ်သော်လည်း ဒုစရိုက်အမှုများကို ဆက်လက်၍ လုပ်ဆောင်ခဲ့ကြသည်။ ၎င်းတို့သည် အမှားကြီးကြီးမားမား မကျူးလွန်သော်လည်း အမှားအသေးအဖွဲများ မကြာခဏ ပြုလုပ်တတ်သည်။ အမှားအသေးအဖွဲများ မကြာခဏ ပြုလုပ်သည် ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်း၊ ကျော်စောမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက် ရုန်းကန်လှုပ်ရှားခြင်း၊ ဘုရားတရားကိုင်းရှိုင်းမှု စိုးစဉ်းမျှမရှိဘဲ စကားပြောဆိုခြင်း၊ သမ္မာတရားစည်းမျဉ်းများကို မည်သည့်အခါမျှ မရှာဖွေခြင်း၊ မကြာခဏပင် စိတ်ကူးပေါက်ရာ အထိန်းအချုပ်မဲ့ ပြုမူလုပ်ဆောင်ခြင်း၊ မည်သည့်ပြောင်းလဲမှုမျှ လုံးဝ မပြုလုပ်ခြင်းနှင့် ဘာသာတရားမရှိသူများကဲ့သို့ ဖြစ်ခြင်းတို့ကို ဆိုလိုကာ၊ ထိုအရာ၌ အသင်းတော်အသက်တာနှင့် ဘုရားသခင် ရွေးကောက်ထားသော လူတို့အပေါ် ထိခိုက်နစ်နာစေသော သက်ရောက်မှုရှိပြီး အချို့သော ယုံကြည်သူလူသစ်များကို မှောက်မှားစေသည်။ ဤအရာများမှာ ဆိုးယုတ်သော လုပ်ရပ်များ မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ လူတို့သည် ထိုကဲ့သို့ ဒုစရိုက်မှုများကို ပြုလုပ်ခဲ့ပြီးဖြစ်ပါက၊ ၎င်းတို့သည် ၎င်းတို့၏တာဝန်များကို ကြိုးစား၍ လုပ်ဆောင်ခဲ့ပါစေ ၎င်းတို့၏ တာဝန်ဝတ္တရားများကို အမှန်တကယ် ဖြည့်ဆည်းခဲ့ပြီးပြီလော။ ၎င်းတို့၏တာဝန်များကို ပြည့်ပြည့်ဝဝ အမှန်ပင် ထမ်းဆောင်ခဲ့ပြီးပြီလော။ ဤလူတို့ကို ဘုရားသခင် မည်သို့ရှုမြင်သနည်း။ ၎င်းတို့သည် အလုပ်အချို့ကို လုပ်ဆောင်ခဲ့ပြီး ဖြစ်သော်လည်း မကောင်းမှုကို မဆင်မခြင် ပြုလုပ်နိုင်ကြဆဲ ဖြစ်သဖြင့် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်နေကြခြင်း ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့သည် ထိုသို့သော မဆင်မခြင်ပြုခြင်းဖြင့် မကောင်းမှုကို ပြုလုပ်နိုင်သည်မှာ အဘယ်ကြောင့်နည်း။ တစ်နည်းအားဖြင့် ယင်းသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် ဖြစ်သည်။ နောက်တစ်နည်းအားဖြင့် ဤလူတို့သည် ဖြစ်နိုင်စရာအကြောင်းကို ယုံကြည်သည့် စိတ်ဓာတ်မျိုးကို ခံယူထားကြသည်။ ၎င်းတို့က “ကျွန်ုပ်သည် ဧဝံဂေလိဖြန့်ဝေရာ၌ ကောင်းသောအရာ များစွာ ပြုလုပ်ခဲ့ပြီ။ ဤအသင်းတော် သို့မဟုတ် ထိုအသင်းတော်၌ လူရာချီ၍ ရှိသည်မှာ ထိုသူတို့အား ကျွန်ုပ် ဧဝံဂေလိတရား ဆောင်ကြဉ်းခဲ့သောကြောင့် ဖြစ်သည်။ အကယ်၍ ဤလူတို့ ကယ်တင်ခြင်းရရှိနိုင်လျှင် ယင်းသည် ကျွန်ုပ်အတွက် ကောင်းမှု အမြောက်အမြားဖြစ်သည်ဟု အဓိပ္ပာယ်သက်ရောက်မည်ပင်။ သို့ဆိုလျှင် ဘုရားသခင်က ကျွန်ုပ်ကို အဘယ်သို့ သတိမရဘဲ နေနိုင်ရမည်နည်း။ ဘုရားသခင်က ဤလူတို့ကို ထည့်တွက်လျှင် ကျွန်ုပ်ကို သူ ပြစ်တင်ရှုတ်ချ၍ မရပါ” ဟု စဉ်းစားကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဈေးတင်လွန်းနေကြသည် မဟုတ်လော။ ၎င်းတို့၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသလော။ ၎င်းတို့သည် ရိုးသားမှန်ကန်သော စိတ်နှလုံးဖြင့် ဘုရားသခင်အဖို့ မိမိတို့ကိုယ်ကို အသုံးခံသောလူများ ဟုတ်သလော။ ၎င်းတို့သည် ရှင်ပေါလုကဲ့သို့ ဆုလာဘ်များနှင့် သရဖူများရရှိရန် ရှာဖွေကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်အတွက် နေရာမရှိပေ။ ဘုရားသခင်၏ စိတ်နေသဘောထားကို နားမလည်ကြသည့်အပြင် ဘုရားသခင်နှင့် အပေးအယူလုပ်ရဲကြသည်။ ဤအရာက ၎င်းတို့သည် သမ္မာတရားစစ်မှန်မှု ဘာမျှမပိုင်ဆိုင်ကြောင်း သက်သေပြသည်။ နှစ်အနည်းငယ် ဧဝံဂေလိဖြန့်ဝေနေခဲ့ပြီး ယင်းနှင့်ပတ်သက်၍ အတွေ့အကြုံအချို့ရှိသည့် လူတစ်ဦးရှိခဲ့သည်။ သူသည် ဧဝံဂေလိဖြန့်ဝေစဉ်တွင် ဆင်းရဲဒုက္ခများစွာ ခံစားခဲ့ရပြီး ထောင်ပင်ကျကာ ထောင်ထဲတွင် နှစ်များစွာ ပြစ်ဒဏ်ကျခံခဲ့ရသည်။ ထောင်မှထွက်လာပြီးနောက်တွင် သူသည် ဧဝံဂေလိဆက်လက်ဖြန့်ဝေပြီး လူရာနှင့်ချီပြီး သိမ်းသွင်းရရှိခဲ့သည်။ ၎င်းတို့ထဲမှ အချို့မှာ အရေးပါသော ပါရမီရှိသူများ ဖြစ်လာကြသည်။ အချို့မှာ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်များအဖြစ်ပင် ရွေးချယ်ခံရသည်။ ရလဒ်အနေဖြင့် ဤလူသည် သူ့ကိုယ်သူ အလွန်ပင် ချီးကျူးဂုဏ်ပြုထိုက်သည်ဟု ယုံကြည်ပြီး သူ့ကိုယ်သူ ကြွားလုံးထုတ်ကာ သက်သေခံလျက် ဤအရာကို သူသွားသည့်နေရာတိုင်းတွင် ကြွားဝါပြောဆိုဖို့ အရည်အသွေးကောင်းအဖြစ် အသုံးပြုခဲ့သည်။ “ကျွန်ုပ်သည် ထောင်ရှစ်နှစ်ကျခဲ့သည်။ ကျွန်ုပ်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ခဲ့သည်။ ဧဝံဂေလိဖြန့်ဝေနေစဉ် လူများစွာကို ကျွန်ုပ် သိမ်းသွင်းရရှိခဲ့သည်။ အချို့မှာ ယခုအခါတွင် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်များဖြစ်ကြသည်။ ဘုရားသခင်၏ အိမ်တော်တွင် ကျွန်ုပ်သည် ဂုဏ်ပြုခံရထိုက်သည်။ ပံ့ပိုးမှုတစ်ခုကို ကျွန်ုပ်ပြုလုပ်ခဲ့ပြီးဖြစ်သည်” ဟူ၍။ မည်သည့်နေရာ၌ ဧဝံဂေလိ ဖြန့်ဝေသည်ဖြစ်စေ သူသည် နယ်ခံခေါင်းဆောင်များ၊ သို့မဟုတ် အမှုဆောင်များကို သေချာပေါက် ကြွားဝါပြောဆိုသည်။ သူက၊ “ကျွန်ုပ်ပြောသည့်အရာကို သင်တို့ နားထောင်ရမည်။ သင်တို့၏ အကြီးတန်းခေါင်းဆောင်များပင် ကျွန်ုပ်ကို စကားပြောသည့်အခါ ယဉ်ကျေးကြရမည်။ ယဉ်ကျေးစွာမဆက်ဆံသည့် မည်သူကိုမဆို ကျွန်ုပ် သင်ခန်းစာပေးမည်” ဟူ၍လည်း ပြောဆိုသည်။ ဤသူသည် အနိုင်ကျင့်သူတစ်ယောက် ဖြစ်သည်မဟုတ်လော။ ဤကဲ့သို့သောသူသည် ဧဝံဂေလိဖြန့်ဝေပြီး ထိုလူများကို သိမ်းသွင်းရရှိခဲ့ခြင်း မရှိလျှင် သူသည် အလွန် ကြီးကျယ်ဝံ့မည်လော။ အမှန်ပင် ဤသို့ဖြစ်လိမ့်မည်။ ၎င်းတို့က အလွန်ကြီးကျယ်နိုင်ခြင်းသည် ဤအရာက ၎င်းတို့၏ သဘာဝတွင် ရှိနေသည်ကို သက်သေပြသည်။ ယင်းမှာ ၎င်းတို့၏ သဘာဝအနှစ်သာရ ဖြစ်သည်။ ၎င်းတို့သည် အလွန် မာနထောင်လွှားလာသဖြင့် အသိစိတ်အားလုံး ကင်းမဲ့ကြတော့သည်။ ဧဝံဂေလိဖြန့်ဝေပြီး လူအချို့ကို သိမ်းသွင်းရရှိပြီးနောက်တွင် ၎င်းတို့၏ မာနထောင်လွှားသော သဘာဝမှာ ကြီးမားလာပြီး ပို၍ပင် ကြီးကျယ်လာသည်။ ဤကဲ့သို့သော သူတို့သည် ၎င်းတို့သွားသည့်နေရာတိုင်းတွင် ၎င်းတို့၏ အရည်အသွေးကောင်းကို ကြွားဝါပြောဆိုကြသည်။ ၎င်းတို့သွားသည့်နေရာတိုင်းတွင် ဂုဏ်ပြုခံထိုက်ကြောင်း အခိုင်အမာဆိုရန် ကြိုးစားကြသည်။ ပြီးလျှင် အမျိုးမျိုးသော အဆင့်များတွင်ရှိသော ခေါင်းဆောင်များနှင့် တန်းတူညီမျှဖြစ်ရန် ကြိုးစားလျက်၊ ၎င်းတို့ကိုယ်တိုင် အကြီးတန်းခေါင်းဆောင်များ ဖြစ်ကိုဖြစ်သင့်သည်ဟု ထင်မြင်လျက် ထိုခေါင်းဆောင်များကိုပင် ဖိအားပေးသည်။ ဤကဲ့သို့သောသူမျိုး၏ အပြုအမူအားဖြင့် ထင်ရှားသည့်အရာကို အခြေခံပြီး ၎င်းတို့တွင် မည်သည့်သဘာဝမျိုးရှိသည်၊ ၎င်းတို့၏အဆုံးသတ်သည် မည်သို့ဖြစ်နိုင်ခြေ ရှိသည်နှင့်ပတ်သက်ပြီး ကျွန်ုပ်တို့အားလုံး ရှင်းလင်းစွာသိသင့်သည်။ မကောင်းဆိုးဝါးတစ်ကောင်သည် ဘုရားသခင်၏ အိမ်တော်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသောအခါ မိမိ၏ သရုပ်မှန်ကို မပြသမီတွင် အနည်းငယ် အလုပ်လုပ်ပေးသည်။ ၎င်းသည် မည်သူက ၎င်းကို ပြုပြင်သည်ဖြစ်စေ နားမထောင်ပေ။ ၎င်းသည် ဘုရားသခင်၏ အိမ်တော်ကို ဆန့်ကျင်တိုက်ခိုက်ရာတွင် မလျှော့တမ်း ပြုလုပ်သည်။ ၎င်းလုပ်ရပ်များ၏ သဘာဝမှာ အဘယ်နည်း။ ဘုရားသခင်၏ အမြင်တွင်၊ ၎င်းသည် သေခြင်းတရားကို ဖိတ်ခေါ်နေပြီး၊ မိမိတို့ကိုယ်ကို မသတ်မိမချင်း အဆုံးသတ်မည်မဟုတ်ပေ။ ဤသည်မှာ ရှင်းလင်းပြရန် သင့်လျော်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ “သေခြင်းတရားကို ဖိတ်ခေါ်ခြင်း” ဟူသည့် ဝေါဟာရတွင် လက်တွေ့ကျသော အဓိပ္ပာယ်ရှိသည်။ ဤလက်တွေ့ကျသော အဓိပ္ပာယ်မှာ အဘယ်နည်း။ လူတို့သည် သူတို့၏ တာဝန်များကို ထမ်းဆောင်နိုင်သောအခါ ကောင်းသောအရာ ဖြစ်၏။ လူအချို့သည် ထိုထိုသော ဆုကျေးဇူးများနှင့် မွေးဖွားလာကြသည်။ ယင်းသည် ကောင်းချီးမင်္ဂလာဖြစ်သော်လည်း ၎င်းတို့သည် မှန်ကန်သော လမ်းကြောင်းကို မလိုက်လျှောက်လျှင် ဒုက္ခရောက်မည်ဖြစ်သည်။ သာဓကအားဖြင့် လူအချို့သည် အာဝဇ္ဇန်းရွှင်ရွှင်ဖြင့် စကားပြောနိုင်သည်။ ၎င်းတို့သည် လူအမျိုးမျိုးအား မည်သို့ စကားပြောရမည်ကို သိပြီး မည်သူနှင့်မဆို အလွယ်တကူ စကားစမြည်ပြောနိုင်သည်။ ဤအရာကိုလည်း မွေးရာပါ အရည်အချင်းတစ်မျိုးအဖြစ် သဘောထားနိုင်သည်။ ယင်းမှာ ကောင်းသောအရာ ဖြစ်သည် သို့မဟုတ် ဆိုးသောအရာ ဖြစ်သည်ကို ဦးစွာပြောခြင်းထက် အဓိကကျသောအရာမှာ ထိုသူ၏ သဘာဝနှင့် သူသည် မှန်ကန်သော လမ်းကြောင်းကို လျှောက်သလော၊ ဆိုးယုတ်သော လမ်းကြောင်းကို လျှောက်သလောဆိုသည်ကို ကြည့်ရန်ဖြစ်သည်။ ဧဝံဂေလိဖြန့်ဝေခြင်းဟူသည့် ဘုရားသခင်၏ အမှုတော်ကာလအတွင်း သင်သည် သင်၏ ပါရမီများကို ဆက်ကပ်ခဲ့ပြီ ဖြစ်သည်၊ အကြံအစည်မြောက်မြားစွာ အသုံးခံခဲ့ပြီ ဖြစ်သည်၊ ထို့ပြင် လူများစွာကို သိမ်းသွင်းရရှိခဲ့ပြီ ဖြစ်သည်။ ဤကိုယ်၌က မဆိုးပေ။ သင်သည် ဧဝံဂေလိလုပ်ငန်းအတွက် အားထုတ်ကြိုးပမ်းခဲ့ပြီ ဖြစ်ကာ ယင်းက ဘုရားသခင်၏ အောက်မေ့သတိရခြင်းကို ခံရဖို့ ထိုက်တန်သည်။ အကယ်၍ ခမ်းကြီးနားကြီး မဟုတ်သည့်တိုင် သင်သည် ဤတာဝန်ကို ကောင်းစွာ လုပ်ဆောင်သည်၊ ညီအစ်ကိုမောင်နှမများက သင့်အလုပ်ကို တွေ့မြင်သောအခါ သင့်အား လေးစားကြမည်၊ ပြီးလျှင် တစ်စုံတစ်ခုကို နားမလည်သောသူတို့က သင့်ထံမှ ရှာဖွေပြီး ယင်းနှင့် ပတ်သက်၍ သင့်အကြံဉာဏ်ကို တောင်းခံကြမည်။ သင်၌ လူ့သဘာဝ ရှိပြီး သမ္မာတရားကို လိုက်စားလျှင် လူတို့က သင့်ကို နှစ်သက်ကြမည် ဖြစ်ပြီး ဘုရားသခင် သင့်ကို ကောင်းချီးပေးမည် ဖြစ်သည်။ သို့ရာတွင် သင့်အနေဖြင့် မှန်ကန်သောလမ်းကြောင်းအား မလျှောက်သည်မှာ ဖြစ်ပျက်နိုင်သည်။ ဘုရားသခင်ထံမှ ဤသေးငယ်သော ဆုကျေးဇူးကို အရည်အသွေးကောင်းအဖြစ် စဉ်းစားကောင်း စဉ်းစားမည်ဖြစ်ပြီး ထောင်ကျခဲ့ဖူးသည့် အကြောင်းကို နေရာတိုင်းတွင် ကြွားဝါသည်အထိ ဖြစ်နိုင်သည်။ အမှန်တွင် ထောင်ချခံရခြင်းမှာ ကြီးမားသောအရာ မဟုတ်ပေ။ အဆင်းနီသော နဂါးကြီး၏ တိုင်းပြည်တွင် လူအမြောက်အမြားသည် ဧဝံဂေလိဖြန့်ဝေခြင်း သို့မဟုတ် အသင်းတော်အလုပ် ဆောင်ရွက်ခြင်းကြောင့် ဖမ်းဆီးခြင်းနှင့် ထောင်ချခြင်းကို ခံကြရပြီးဖြစ်သည်။ ဤအရာကို အရည်အသွေးကောင်းဟု မယူဆသင့်ဘဲ လူတို့ခံစားဖို့ သင့်တော်သည့် ဆင်းရဲဒုက္ခတစ်မျိုးဟု ယူဆသင့်သည်။ အကယ်၍ လူတို့တွင် ဆင်းရဲဒုက္ခခံစားပြီးနောက် သက်သေခံချက်ပေးရန် ရှိပါက ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံနိုင်သည်၊ ၎င်းတို့ နှိပ်စက်ညှဉ်းပန်းမှု ခံရစဉ်ကာလအတွင်း စာတန်ကို အောင်မြင်ရန် ဘုရားသခင်ကို မည်သို့ကိုးစားခဲ့ကြောင်း၊ မည်သည့်ဆင်းရဲဒုက္ခမျိုးကို ခံစားခဲ့ကြောင်းနှင့် ထိုအရာမှ မည်သည့်အရာကို ရရှိခဲ့ကြောင်းကို သက်သေခံနိုင်သည်။ ဤသည်မှာ မှန်ကန်သောနည်းလမ်း ဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် ဤမှန်ကန်သောလမ်းကြောင်းကို တမင်ရည်ရွယ်၍ကို မလျှောက်ဘဲ နေကြသော်လည်း နေရာတိုင်းတွင် မိမိတို့ကိုယ်ကို လျှောက်၍ကြွားဝါကြသည်။ “ကျွန်ုပ်သည် နှစ်ပေါင်းများစွာ ထောင်ချခံခဲ့ရပြီး များစွာ ဒုက္ခခံခဲ့ရသည်။ ထို့ကြောင့် ဤသည်မှာ သင်တို့ ကျွန်ုပ်အား ဆက်ဆံသင့်သည့်ပုံစံ ဖြစ်သည်။ အကယ်၍ သင်တို့သည် ကျွန်ုပ်အား ထိုသို့မဆက်ဆံပါက သင်တို့သည် မျက်ကန်းနေသည်၊ ပညာမဲ့သည်၊ ပြီးလျှင် သနားကြင်နာမှု ကင်းမဲ့နေကြပေသည်” ဟူ၍ဖြစ်သည်။ ၎င်းတို့သည် မှန်ကန်သောလမ်းကြောင်းကို လျှောက်ရန် ပျက်ကွက်နေကြသည် မဟုတ်လော။ နဂိုမူလက ၎င်းတို့ ထောင်ချခံရခြင်း၊ ပြစ်ဒဏ်ချခံရပြီးနောက် သစ္စာဖောက်ခြင်းမရှိဘဲ ဒုက္ခခံရခြင်းနှင့် မိမိတို့ သက်သေခံရာ၌ အခိုင်အမာ ရပ်တည်ခြင်းတို့က ကောင်းသောအရာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အောက်မေ့ခြင်း ခံရရန် ထိုက်တန်သည်။ သို့ရာတွင် ၎င်းတို့သည် တမင်ရည်ရွယ်၍ကို မိမိတို့ လုပ်ဆောင်ခဲ့သင့်သည့်အတိုင်း မလုပ်ဆောင်ဘဲ နေခဲ့ကြ၏။ ၎င်းတို့သွားသည့် နေရာတိုင်းတွင် လူတို့၏ လေးစားမှုနှင့် သနားကရုဏာကို ရယူဖို့အတွက် မိမိတို့၏ အောင်မြင်မှုများအကြောင်းကို ကြွားဝါခဲ့ကြသည်။ ၎င်းတို့သည် ရုပ်ဝတ္ထုပစ္စည်းတချို့ကို တောင်းခံသည်အထိပင် ဖြစ်ခဲ့ကြသည်။ ဤသည်မှာ ၎င်းတို့၏ အောင်မြင်မှုများအတွက် ဆုလာဘ်ကို ရှာဖွေခြင်းဖြစ်သည်။ လူတို့ထံမှ ဆုလာဘ်များကို ဤကဲ့သို့ ရှာဖွေခြင်း၏ သွယ်ဝိုက်အဓိပ္ပာယ်မှာ အဘယ်နည်း။ ၎င်းတို့သည် လူတို့ထံမှ ဆုလာဘ်များကို တောင်းခံနိုင်သောကြောင့် ဘုရားသခင်ထံမှ ဆုလာဘ်များကို တောင်းခံနိုင်သလော။ ၎င်းတို့သည် လူတို့ထံသွား၍ ဆုလာဘ်များ အလုံအလောက် တောင်းခံကြသည်။ ၎င်းတို့သည် အဆင့်အတန်းအတွက်၊ ကျော်စောမှုနှင့် အကျိုးအမြတ်အတွက်၊ ဂုဏ်ဒြပ်သာမက ဇာတိပကတိ၏ ပျော်မွေ့ဖွယ်ရာများကို တောင်းခံကြပြီးနောက် ဘုရားသခင်ထံမှ ဆုလာဘ်များကို သွား၍တောင်းခံကြသည်။ ဤသည်မှာ ပေါလုကဲ့သို့ ဖြစ်သည်မဟုတ်လော။ ထို့ထက်ပိုသည်မှာ ၎င်းတို့သည် ဤတာဝန်ကို ထမ်းဆောင်ခြင်းဖြင့် လူများစွာကို သိမ်းသွင်းရရှိခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်၏အမြင်မှ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို သမ္မာတရား နားလည်ခြင်းဟူသည့် အခြေခံအုတ်မြစ်ပေါ် အခြေခံ၍ ဆက်လက် လုပ်ဆောင်နိုင်ပြီး ဤတာဝန်ကို ဆက်လက်၍ ကောင်းစွာ ထမ်းဆောင်နိုင်ပါက ဘုရားသခင်သည် ၎င်းတို့ကို ဧဝံဂေလိဖြန့်ဝေခြင်းကို ဆက်လက်၍ ပေးအပ်မည်ဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် ဤအရာကိုမလုပ်ဖို့ ရွေးချယ်သော်လည်း ၎င်းတို့တွင် လူတိုင်းအား ကြေညာနိုင်သည့် လုံလောက်သော ချီးကျူးဂုဏ်ပြုမှုနှင့် အရည်အချင်းများရှိသည်ဟု တွေးထင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် လုံးဝ အလုပ်မလုပ်တော့ဘဲ ဆုလာဘ်ပေးရန် စတင်တောင်းဆိုကြသည်။ ၎င်းတို့သွားသည့် နေရာတိုင်းတွင် ကြွားဝါကြသည်၊ ၎င်းတို့၏ အရည်အသွေးကောင်းကို ကြွားလုံးထုတ်ကြသည်၊ ကောင်းမှုများကို နှိုင်းယှဉ်ပြီးလျှင် ၎င်းတို့က လူ ဘယ်နှရာ၊ ဘယ်နှထောင်ကို ဧဝံဂေလိ ဆောင်ကြဉ်းခဲ့ပြီးကြောင်း ကြွားလုံးထုတ်ကြသည်။ ဤအရာ၌ ၎င်းတို့သည် ဘုရားသခင်အား ဂုဏ်အသရေ မပေးသည့်အပြင် ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို မည်သည့်အခါမျှ သက်သေမခံပေ။ ဤသည်မှာ သေခြင်းတရားကို ဖိတ်ခေါ်ခြင်း မဟုတ်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း မှန်ကန်သော လမ်းကြောင်းကို မလျှောက်ကြပေ။ သို့ဆိုလျှင် တရားဒေသနာများနှင့် မိတ်သဟာယပြုချက်တို့ကို နားထောင်ခြင်းအပေါ် ၎င်းတို့၏ သဘောထားက အဘယ်နည်း။ ၎င်းတို့က “ကျွန်ုပ် နားထောင်စရာ မလို၊ ကျွန်ုပ်သည် ထောင်ချခံရဖူးသည်။ ကျွန်ုပ်သည် ယုဒတစ်ဦး ဖြစ်မလာခဲ့ပေ။ ကျွန်ုပ်၌ သက်သေခံစရာ ရှိသည်။ ထို့အပြင် ကျွန်ုပ်သည် အခြားလူတကာထက် လူတို့ကို ပို၍ သိမ်းသွင်းရရှိခဲ့ပြီ။ အများဆုံးသော အဖိုးအခကို ကျွန်ုပ် ပေးခဲ့ပြီးပြီ။ အခက်အခဲဟူသမျှကို ကျွန်ုပ် ခံစားခဲ့ပြီးပြီ။ ခြုံပုတ်များကြား၌ တိုးဝှေ့သွားခဲ့ပြီး ဂူများထဲ၌ အိပ်စက်ခဲ့ပြီးပြီ။ ကျွန်ုပ်မခံစားနိုင်သော ဒုက္ခမရှိသည့်အပြင် ကျွန်ုပ်မရောက်ခဲ့ဖူးသော နေရာမရှိပေ။ သင်တို့ထဲမှ မည်သူသည် ကျွန်ုပ်အား ယှဉ်ပြိုင်တုပနိုင်သလော။ ထို့ကြောင့် ကျွန်ုပ်နားထောင်သည့် ဒေသနာများကို လုံးစေ့ပတ်စေ့ နားလည်ရန် မလိုပေ။ တရားဒေသနာများ နားထောင်ခြင်းသည် လက်တွေ့လုပ်ဆောင်မှုအတွက်သာ မဟုတ်လော။ ယင်းတို့အားလုံးကို ကျွန်ုပ် လုပ်ဆောင်ခဲ့ပြီးပြီ။ ယင်းကို ကျွန်ုပ် အသက်ရှင်နေထိုင်ခဲ့ပြီးပြီ။ စိတ်လှုပ်ရှားစရာ ဘာမျှမရှိတော့၊ ဘုရားသခင်၏ လူဇာတိခံယူခြင်း အကြောင်းပင် အထင်ကြီးလောက်စရာ မရှိတော့ပေ။” ထိုသို့အလားတူ စကားများကို ပြောသည်မှာ မည်သည့်လူစားမျိုးနည်း။ (ရှင်ပေါလုဖြစ်ပါသည်။) ဤသည်မှာ အသက်ပြန်ဝင်လာသည့် ပေါလုပင် ဖြစ်သည်။ ၎င်းတို့က “သင်တို့သည် ကျွန်ုပ်ကဲ့သို့ မကျွမ်းကျင်ပေ။ သင်တို့ ကျွမ်းကျင်ခဲ့လျှင် တရားဒေသနာ မြောက်မြားစွာ နားထောင်စရာ လိုမည်မဟုတ်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ်နေ့တိုင်း စိတ်အာရုံစိုက်လျက် ရေးစရာ၊ ပြန်ကူးစရာနှင့် အလွတ်ကျက်မှတ်စရာ လိုမည်မဟုတ်ပေ။ ကျွန်ုပ်အား ကြည့်ပါ။ ဧဝံဂေလိတရားကို ဟောပြောခြင်းဖြင့် လူမြောက်မြားစွာကို သိမ်းသွင်းရရှိခဲ့ပြီးပြီ။ သင်တို့ကဲ့သို့ ကျွန်ုပ် မည်သည့်အချိန်က လေ့လာခဲ့ဖူးသနည်း။ လေ့လာဖို့မလို၊ သန့်ရှင်းသော ဝိညာဉ်တော်က သူ၏အမှုပြုလျှင်ပြုချင်း ကျွန်ုပ်အားလုံးကို ရရှိပြီဖြစ်သည်” ဟူ၍လည်း ပြောကြသည်။ ဤသည်မှာ ကြီးစွာသော မိုက်မဲခြင်းမဟုတ်လော။ ၎င်းတို့၏ မာနထောင်လွှားမှုမှာ အတိုင်းအဆမရှိပေ။ ဘုရားသခင်၏ အမှုနှင့် ကယ်တင်ခြင်းအား လိုက်စားမှုကို လက်ခံခြင်းအား မည်သည့်အရာဟု ၎င်းတို့ ထင်သနည်း။ ယင်းကို ကလေးကစားနည်းဟု ၎င်းတို့ထင်ပေသည်။ ၎င်းတို့သည် ကောင်းသောအမူအကျင့် အနည်းငယ်ကို ပြသပြီး အလုပ်အနည်းငယ်ကို ပြီးစီးခဲ့ပြီဖြစ်သဖြင့် မိမိတို့၏ ဆောင်ရွက်ချက်ကို ပြီးမြောက်ပြီး မိမိတို့၏ တိုက်လှန်မှုကို တိုက်ခဲ့ပြီးဖြစ်သောကြောင့် လုပ်ရန်ကျန်ရှိသည့်အရာ တစ်ခုတည်းမှာ ၎င်းတို့၏ သရဖူကိုရယူဖို့ဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့အတွက် သရဖူများ မပေးသည့် ဘုရားသည် လုံးဝ ဘုရားမဟုတ်ပေ။ ဤအရာ၌ ၎င်းတို့သည် ဘာသာရေးသမားများနှင့် တူညီသောအမြင် ရှိကြသည်။ ၎င်းတို့က “ယခုတွင် ဒုက္ခခံစရာရှိသမျှကို ကျွန်ုပ်ခံခဲ့ပြီး အဖိုးအခအားလုံးကို ပေးခဲ့ပြီးပြီ။ ကျွန်ုပ်သည် ဘုရားသခင်ခံစားခဲ့သလောက်နီးပါး ခံစားခဲ့ပြီးပြီ။ ဘုရားသခင်၏ ဆုလာဘ်ကို ရရှိနိုင်သင့်ပေပြီ” ဟုလည်း ဆိုကြသည်။ ဤလူတို့သည် ပေါလုကဲ့သို့ပင် မဟုတ်လော။ ၎င်းတို့သည် လူတို့ကို အရည်အချင်းများနှင့် ဝါရင့်ခြင်းနုခြင်းအားဖြင့် အမြဲတမ်း အဆင့်အတန်း သတ်မှတ်သည်။ ၎င်းတို့အားလုံးက မိမိတို့အသက်ရှင်သည်မှာ ခရစ်တော်ဖြစ်သည်ဟု ပြောမိလုနီးနီးဖြစ်ခဲ့ကြသည်။ အကယ်၍ ၎င်းတို့သည် အမှန်တကယ် ခရစ်တော်ဖြစ်လိုပါက ဒုက္ခရောက်ကြမည်ဖြစ်သည်။ ဤသည်မှာ ဒုတိယပေါလု ဖြစ်၏။ ဤလမ်းကြောင်းကို လျှောက်သောသူတစ်ဦး၌ မိမိကိုယ်ကို ပြန်လှည့်လာနိုင်ခြေရှိသေးသလော။ လုံးဝမရှိပေ။ ဤလမ်းကြောင်းမှာ အန္တိခရစ်များ၏ တစ်ဖက်ပိတ်လမ်းမြောင်ပင် ဖြစ်၏။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။