စစ်မှန်စွာ ကျိုးနွံနာခံခြင်းဖြင့်သာလျှင် စစ်မှန်သော ယုံကြည်မှု ရှိနိုင်သည် (အပိုင်း တစ်)

ဘုရားသခင်၌ ယုံကြည်ခြင်းဆိုသည်မှာ အဘယ်နည်း။ ဤသည်မှာ လက်တွေ့အကျဆုံးသော မေးခွန်းဖြစ်သည့်အပြင် ယုံကြည်သူတစ်ဦး နားလည်ရမည့် အခြေခံအကျဆုံး သမ္မာတရား ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် ခံယူချက်တစ်မျိုး ဖြစ်သလော သို့မဟုတ် လူတစ်ဦး၏ ဘဝတွင် ဦးတည်ချက်နှင့် ရည်မှန်းချက်တစ်ခု ဖြစ်သလော။ သင်၏ စိတ်နှလုံးတွင် ယုံကြည်ခြင်း၏ အဆုံးစွန် ရည်ရွယ်ချက်မှာ အဘယ်နည်း။ အဘယ်ကြောင့် သင်သည် ဘုရားသခင်၌ ယုံကြည်ခြင်း ရှိလိုသနည်း။ ဆိုလိုသည်မှာ သင်၏ ယုံကြည်မှုသည် အဘယ်နည်း။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း၏ အခြေခံနှင့် အုတ်မြစ်သည် အဘယ်နည်း။ သင်၏ အရင်းခံအကြောင်းမှာ အဘယ်နည်း။ တစ်နည်းအားဖြင့် ဘုရားသခင်ကို ယုံကြည်ရာတွင် မည်သည့် ရည်ရွယ်ချက်နှင့် အကြောင်းပြချက် သင်၌ ရှိသနည်း။ ထိုအရာသည် နောက်ဆုံးတွင် အဘယ်အတွက်ဖြစ်သနည်း။ ဤသည်တို့မှာ လက်တွေ့အကျဆုံးသော မေးခွန်းများ ဖြစ်သည်။ လူတို့အနေဖြင့် ကောင်းချီးများ ရရှိခြင်းနှင့်ဆိုင်သည့် ရည်ရွယ်ချက်အတွက် ဘုရားသခင်ကို ယုံကြည်ကာ လက်ခံကြသည်ဟု သင်ဆိုနိုင်သည်။ လူတို့သည် မိမိတို့၏ မျှော်လင့်ချက်များ ပုံအားထားရသည့်၊ အတွေးနှင့် စိတ်ဝိညာဉ်နယ်ပယ်တွင် တောင့်တကာ လိုက်စားသည့် တစ်စုံတစ်ရာကို ရရှိရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်ကြ၏။ ဤသည်မှာ ဘုရားသခင်၌ လူအားလုံး၏ ယုံကြည်ခြင်းနောက်ကွယ်ရှိ မူလရည်ရွယ်ချက် ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်ကို လူတို့ ယုံကြည်လာသည့်နောက် ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရား၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်ရှိ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအားလုံးနှင့် ထိတွေ့လာသည့်နောက်တွင် ယုံကြည်ခြင်းအပေါ် ၎င်းတို့၏ အမြင်များ မရည်ရွယ်ဘဲ ပြောင်းလဲသွားပြီး သမ္မာတရားကို ၎င်းတို့ နားလည်မှုအချို့ ရရှိကြသည်။ ထိုအချိန်မှသာ ဘုရားသခင်၌ ယုံကြည်ခြင်းက ၎င်းတို့အား သမ္မာတရားကို ရရှိခွင့်ပေးကြောင်း၊ ယုံကြည်ခြင်းဆိုသည်မှာ အရေးအပါဆုံးသောအရာ ဖြစ်ကြောင်း၊ ယုံကြည်ခြင်းက လူတို့အား ကဏ္ဍများစွာတွင် ဧကန်အမှန် ပြောင်းလဲနိုင်ပြီး နောက်ဆုံးတွင် လူသား ဖောက်ပြန်ပျက်စီးခြင်း ပြဿနာကို ဖြေရှင်းပေးနိုင်ကြောင်း ၎င်းတို့ သဘောပေါက်ကြသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းရှိရန် အောက်ပါ မေးခွန်းများကို ဦးစွာ သင် နားလည်သဘောပေါက်ရမည်။ လူတို့သည် အဘယ်ကြောင့် ဘုရားသခင်ကို ယုံကြည်ကြသနည်း။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်ကို ယုံကြည်ရန် အရင်းခံအကြောင်းမှာ အဘယ်နည်း။ ဘုရားသခင်ကို ယုံကြည်ရာတွင် ကနဦး လိုအင်ဆန္ဒနှင့် ရည်မှန်းချက်မှာ အဘယ်နည်း။ ဤမေးခွန်းများကို သင် မည်မျှ တွေးတောစဉ်းစားပြီးပြီနည်း။ မှန်ကန်သည့် အဖြေများ ရှိပါသလော။ (ပထမဦးစွာ ကောင်းချီးများရရှိလိုသည့် ဆန္ဒဖြင့် ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်ခဲ့ပါသည်။ ဘုရားနှုတ်ကပတ်တော်များမှ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအချို့ကို တွေ့ကြုံရချိန်တွင် ကောင်းချီးများကိုသာ ကျွန်ုပ် လိုက်စားခဲ့ကြောင်း၊ ကျွန်ုပ်တွင် အသိတရား သို့မဟုတ် အသိစိတ် အမှန်တကယ် မရှိခဲ့သကဲ့သို့ အလွန် တစ်ကိုယ်ကောင်းဆန်ခဲ့ကြောင်းတို့ကို ကျွန်ုပ် မြင်ခဲ့သည်။ ကျွန်ုပ်သည် စာတန်၏ အကြီးအကျယ် ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည်ကို ကျွန်ုပ် ခံစားခဲ့ရသောကြောင့် အသိတရားနှင့် အသိစိတ်ရှိသူတစ်ဦး၊ ဖန်ဆင်းခံတစ်ဦး၏ သင့်တင့်လျောက်ပတ်သော နေရာကို ရယူကာ ဘုရားနောက်လိုက်နိုင်မည့် တစ်စုံတစ်ဦး ဖြစ်ရန် တောင့်တခဲ့သည်။ လက်ရှိတွင် အသိပညာ ဤမျှလေးသာ ကျွန်ုပ် ပိုင်ဆိုင်ပါသည်။) လူတို့က ဘုရားသခင်ကို စတင်ယုံကြည်သည့်အခါ ကျေးဇူးတော်ကို အမြဲ ရရှိလိုကြသည်၊ ကောင်းချီးများနှင့် အကျိုးအမြတ်များ အမြဲ ရရှိလိုကြသည်၊ စိတ်ဝိညာဉ် သို့မဟုတ်ဇာတိပကတိ၏ အမျိုးမျိုးသော လိုချင်စိတ်များနှင့် လိုအင်ဆန္ဒများကို အမြဲ ဖြည့်ဆည်းလိုကြသည်။ ထိုသို့သော အရာများကို ၎င်းတို့ လိုက်စားခဲ့ကြသည့် ၎င်းတို့၏ ယုံကြည်ခြင်း အစကတည်းက များစွာ ၎င်းတို့ ဆင်းရဲဒုက္ခခံရပြီးဖြစ်ကာ ယခုတွင် ယုံကြည်ခြင်း၏ အဓိပ္ပာယ်မှာ ဤအရာများအား ကျော်လွန်သည်ကို ၎င်းတို့ နားလည်ကြသည်။ ယုံကြည်ခြင်း၏ အဓိပ္ပာယ်မှာ အလွန် နက်နဲပြီး အလွန်လက်တွေ့ကျကာ ၎င်းတို့ ရရှိသည့် အကျိုးအမြတ်များမှာ စကားလုံးအနည်းငယ်ဖြင့် ပေါင်းရုံးသုံးသပ်ရန် အလွန်များလွန်း၏။ ဘုရားသခင်၌ လူတစ်ဦး၏ ယုံကြည်ခြင်းတွင် ထိုသူသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာများနှင့် အပြစ်တို့ကို ဦးစွာ ဖြေရှင်းရမည်ဖြစ်သည့်အပြင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် သိကျွမ်းခြင်းကို ရရှိရမည်။ ဤနည်းဖြင့်သာ အကြင်သူသည် ဘုရားသခင်ထံ လုံးဝ လှည့်ရန်အလို့ငှာ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အမှန်တကယ် ဖယ်ရှားပြီး စာတန်၏ စွမ်းအားမှ လွတ်မြောက်နိုင်ပေသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဘုရားသခင်နောက်လိုက်ခြင်းတို့၏ ရည်ရွယ်ချက်မှာ ဘုရားသခင်ထံမှ သမ္မာတရားနှင့် အသက်ရရှိရန်၊ နောက်ဆုံးတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံကာ ကိုးကွယ်နိုင်သည့် လူတစ်ဦး ဖြစ်လာရန်ဖြစ်သည်။ ဤသည်မှာ ယုံကြည်ခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ ယုံကြည်ခြင်းအပေါ် လူတို့၏ သိနားလည်မှုကို ကြည့်သည့်အခါ ၎င်းတို့၏ ယုံကြည်ခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ အမြင်များ၊ ရည်ရွယ်ချက်များနှင့် အရင်းခံအကြောင်းများသည် ကြီးမားသည့် ပြောင်းလဲမှုတစ်ခု ကြုံရပြီးဖြစ်သည်ကို တွေ့မြင်နိုင်သည်။ ဤပြောင်းလဲခြင်းကို မည်သည့်အရာက ဖြစ်စေခဲ့သနည်း။ (ထိုအရာမှာ ဘုရားသခင်၏ သမ္မာတရား ဖော်ပြချက်နှင့် လူတို့အပေါ် သူ လုပ်ဆောင်ပြီးဖြစ်သည့် အမှုအားလုံး၏ ရလဒ်ဖြစ်သည်။) ယင်းမှာ မှန်ကန်ပေသည်။ ဤအပြောင်းအလဲသည် အချိန်ကုန်လွန်ရုံမျှ ကုန်လွန်ခြင်း၏ ရလဒ်မဟုတ်သကဲ့သို့ တစ်ဦးတစ်ယောက်ကမျှ သင့်အပေါ် ချမှတ်ခြင်း မဟုတ်သည့်အပြင် သင့်စိတ်နှလုံး၏ ကောင်းမြတ်ခြင်းက သင့်ကို ပိုကောင်းမွန်သည့်၊ ပိုလူသားဆန်သည့် လူတစ်ဦးအဖြစ်သို့ ပြောင်းလဲစေရန် ကောင်းကင်ဘုံအား တို့ထိခဲ့ခြင်းဖြစ်ရန် မဆိုထားနှင့်၊ ဘာသာရေး သွန်သင်မှု တစ်ခုတလေ၏ လွှမ်းမိုးမှု သို့မဟုတ် ကူးစက်ခြင်း ရလဒ်လည်း မဟုတ်ပေ။ ဤအရာအားလုံးမှာ လူသား အယူအဆများနှင့် စိတ်ကူးများ ဖြစ်သည်။ အမှန်တွင် ရရှိခဲ့သည့် လက်တွေ့အကျဆုံးသော အကျိုးအမြတ်မှာ ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြခြင်းခံရလျက်၊ ဘုရားနှုတ်ကပတ်တော်များ၏ ရေလောင်းခြင်းနှင့် ထိန်းကျောင်းခြင်းတို့ ခံရလျက် လူတို့က သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သိနားလည်လာခြင်း၊ လူတို့ကြား မှောင်မိုက်မှုနှင့် ဆိုးယုတ်မှုတို့ကို ရှင်းလင်းစွာ မြင်နိုင်ပြီး ၎င်းတို့၏ စိတ်ကူးများနှင့် အမြင်များ ကြီးမားစွာ ပြောင်းလဲခြင်း ဖြစ်သည်။ ဤပြောင်းလဲမှုများကို မည်သည့်အရာက ဖြစ်စေခဲ့သနည်း။ ယင်းတို့မှာ ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်များကို ဖြည်းဖြည်းချင်းနှင့် တစ်စချင်း တွေ့ကြုံခြင်း၏ ရလဒ်ဖြစ်သည်။ သို့ဆိုလျှင် ဤအပြောင်းအလဲများတွင် မည်သည့်အရာများ ပါဝင်သနည်း။ ယုံကြည်ခြင်းနှင့်ဆိုင်သည့် အကြီးမားဆုံးသော ကိစ္စရပ်ဖြစ်သည့်၊ ကယ်တင်ခြင်းနှင့်ဆိုင်သည့် ကိစ္စရပ် ပါဝင်၏။ ဤသည်မှာ လူ၏ ယုံကြည်ခြင်း၏ အဆုံးစွန် အဓိပ္ပာယ်ဖြစ်သည်။ အမှန်တွင် လူတို့သည် ယုံကြည်ခြင်းအပေါ် များစွာ မတောင်းဆိုကြပေ။ ၎င်းတို့၏ ရည်မှန်းချက်မှာ ကျေးဇူးတော် ရရှိရန်နှင့် ငြိမ်သက်ခြင်း ရှာဖွေရန်သာ ဖြစ်သည်။ ထို့နောက်တွင် ဤအရာက လူဆိုးများထက် လူကောင်းများ ဖြစ်လိုသည့် လိုအင်ဆန္ဒတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် ကောင်းမွန်သည့် ခရီးပန်းတိုင်တစ်ခုကို ရရှိရန်သာ ၎င်းတို့ အလိုရှိကြလေသည်။ သို့ရာတွင် ဤတွင် အကြီးမားဆုံး မေးခွန်းရှိ၏။ ဘုရားသခင်သည် သူ၏ တရားစီရင်ခြင်းနှင့် သန့်စင်စေခြင်းအပြင် သူ၏ လူကိုကယ်တင်ခြင်း အမှုတော်တွင် မည်သည့်အကျိုးကို အမှန်တကယ် စွမ်းဆောင်ရရှိလိုသနည်း။ ဤသည်မှာ လူတို့ သိနားလည်သင့်သည့်အရာ ဖြစ်သည်။ လူကို ကယ်တင်ရန်ဖြစ်သော ဘုရားသခင်၏ အမှုတော်တွင် ဤကယ်တင်ခြင်းကို ပြီးမြောက်ရန် မည်သည့်အရာကို သူ အသုံးပြုသနည်း။ သူသည် ၎င်းတို့အား အပြစ်နှင့် စာတန်၏ စွမ်းအားမှ လွတ်မြောက်စေလျက် သမ္မာတရားနှင့် သူ၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သိနားလည်မှု၊ ထို့နောက် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများ၊ စစ်ဆေးခြင်းများနှင့်ဆိုင်သည့် ၎င်းတို့၏ အတွေ့အကြုံကို အသုံးပြုသည်။ အားလုံး အနှစ်ချုပ်လိုက်သည့်အခါတွင် လူတို့ ယုံကြည်ခြင်း၏ အဆုံးစွန် အဓိပ္ပာယ်မှာ အဘယ်နည်း။ ရိုးရှင်းစွာ ပြောရလျှင် ကယ်တင်ခံရရန်အလို့ငှာဖြစ်သည်။ ပြီးလျှင် ကယ်တင်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ငါသည် သင်တို့အားလုံးအား ထိုအရာကို အချိန်ယူစဉ်းစားပြီး ကယ်တင်ခံရရန်ဆိုသည်မှာ မည်သည့်အရာကို အမှန်တကယ် ဆိုလိုကြောင်း ငါ့ကိုပြောစေလိုသည်။ (ထိုအရာမှာ စာတန်၏ အမှောင် စွမ်းအားမှ ကျွန်ုပ်တို့ ရုန်းထွက်လွတ်မြောက်နိုင်ကြောင်း၊ ဘုရားသခင်ထံ လုံးဝ လှည့်နိုင်ပြီး နောက်ဆုံးတွင် ရှင်သန်နိုင်ကြောင်းကို ဆိုလိုပါသည်။) (စာတန်၏ အာဏာအောက်တွင် အသက်ရှင်ကြသည့် လူများသည် သေခြင်းနှင့်ထိုက်တန်သော်လည်း ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းအားဖြင့် ကယ်တင်ခံရသည့်လူများမှာ သေဆုံးလိမ့်မည် မဟုတ်ပါ။) ဤအရာကို သင်တို့အားလုံး သိနားလည်ပြီး အယူဝါဒအဆင့်ထိ ရှင်းပြနိုင်သော်လည်း ကယ်တင်ခံရခြင်းသည် မည်သည့်အရာ အမှန်တကယ် ဖြစ်သည်ကို သင်တို့ တကယ်ကို မသိကြပေ။ ကယ်တင်ခံရခြင်းဟူသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်း ဖြစ်သလော။ ကယ်တင်ခံရခြင်းဟူသည်မှာ မလိမ်ညာခြင်း၊ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းနှင့် ဘုရားသခင်ကို ပုန်ကန်ခြင်းကို ရပ်တန့်ခြင်းအား ဆိုလိုသလော။ လူများသည် ကယ်တင်ခြင်းခံရပြီးသည့်နောက်တွင် မည်သည့်အရာနှင့် တူကြသနည်း။ ရိုးရှင်းသည့် ဝေါဟာရအနေဖြင့် ကယ်တင်ခံရခြင်းဟူသည်မှာ သင် ဆက်လက် အသက်ရှင်နိုင်လိမ့်မည် ဖြစ်ကြောင်း၊ အသက်ရှင်ခြင်းသို့ ပြန်လည်ပို့ဆောင်ခြင်းခံရပြီးဖြစ်ကြောင်း ဆိုလိုပေသည်။ သင်သည် တစ်ချိန်က အပြစ်တွင် အသက်ရှင်နေခဲ့ပြီး သေခြင်းကို ဦးတည်နေခဲ့သည်။ ဘုရားသခင် မြင်သည့်အတိုင်းဆိုလျှင် သင်သည် သေလူတစ်ဦး ဖြစ်ခဲ့သည်။ ဤအရာကို ပြောရခြင်း၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ လူတို့သည် ကယ်တင်ခြင်းမခံရမီ မည်သူ၏အာဏာအောက်တွင် ရှိကြသနည်း။ (စာတန်၏ အာဏာအောက်တွင် ရှိကြသည်။) ပြီးလျှင် လူတို့သည် စာတန်၏ အာဏာအောက်တွင် အသက်ရှင်ရန်အတွက် မည်သည့်အရာအပေါ် အမှီပြုကြသနည်း။ သူတို့သည် အသက်ရှင်ရန်အတွက် သူတို့၏ စာတန်ဆန်သော သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် အမှီပြုကြသည်။ သို့ဆိုလျှင် သူတို့၏ ဖြစ်ခြင်းတစ်ခုလုံးဖြစ်သည့် သူတို့၏ ဇာတိပကတိ၊ သူတို့၏ စိတ်ဝိညာဉ်နှင့် သူတို့၏ အတွေးစိတ်ကူးကဲ့သို့သော သူတို့၏ အခြားကဏ္ဍများအားလုံးများသည် အရှင်လော၊ သို့မဟုတ် အသေလော။ ဘုရားသခင်၏ ရှုထောင့်တွင် ၎င်းတို့မှာ အသေဖြစ်ကြသည်။ ၎င်းတို့သည် လမ်းလျှောက်နေသော အလောင်းကောင်များဖြစ်ကြသည်။ အပေါ်ယံတွင် သင်သည် အသက်ရှူနေပုံနှင့် စဉ်းစားနေပုံရသော်လည်း သင် အဆက်မပြတ် တွေးနေသောအရာတိုင်းမှာ မကောင်းမှုအကြောင်းပင် ဖြစ်၏၊ ဘုရားသခင်ကို အာခံသောအရာများနှင့် ဘုရားသခင်ကို ပုန်ကန်သောအရာများဖြစ်ကာ သင်၏အတွေးများအားလုံးသည် ဘုရားသခင် စက်ဆုပ်သော၊ မုန်းတီးပြီးရှုတ်ချသော အရာများအကြောင်း ဖြစ်၏။ ဘုရားသခင်၏အမြင်တွင် ဤအရာအားလုံးသည် ဇာတိပကတိနှင့်မသက်ဆိုင်သည်သာမက စာတန်နှင့် နတ်ဆိုးများနှင့်လည်း လုံးလုံးလျားလျား သက်ဆိုင်၏။ ထို့ကြောင့် ဘုရားသခင်၏ အမြင်တွင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လူသားပင် ဟုတ်သလော။ မဟုတ်ပါ၊ သားရဲတိရစ္ဆာန်များ၊ နတ်ဆိုးများနှင့် စာတန်များဖြစ်သည်။ ၎င်းတို့သည် သက်ရှိ စာတန်များဖြစ်သည်။ လူအားလုံးသည် စာတန်၏ သဘာဝနှင့် ၎င်း၏ စိတ်သဘောထားဖြင့် အသက်ရှင်ကြပြီး ဘုရားသခင် မြင်သည့်အတိုင်းဆိုလျှင် ၎င်းတို့သည် အသက်ရှင်ပြီး လူသား ဇာတိပကတိ ဝတ်ဆင်ထားသည့်စာတန်များ၊ လူသား အရေခွံဖြင့် နတ်ဆိုးများ ဖြစ်ကြသည်။ ဘုရားသခင်သည် ထိုသို့သော လူများကို လမ်းလျှောက်နေသည့် အလောင်းကောင်များ၊ လူသေများအဖြစ် သရုပ်ဖော်သည်။ ဘုရားသခင်သည် ယခုတွင် ကယ်တင်ခြင်းအမှုကို ပြုနေသည်၊ ဆိုလိုသည်မှာ သူသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ၎င်း၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရအားဖြင့် အသက်ရှင်သည့် လမ်းလျှောက်နေသော အလောင်းကောင်များ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရဖြစ်သည့် လူသေများကို ယူကာ အသက်ရှင်သော လူများအဖြစ်သို့ ပြောင်းလဲစေလိမ့်မည်ဟု ဆိုလိုသည်။ ယင်းမှာ ကယ်တင်ခံရခြင်း၏ အဓိပ္ပာယ်ဖြစ်၏။ အကြင်သူသည် ကယ်တင်ခံရရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်သည်။ ကယ်တင်ခြင်းခံရရန်ဟူသည်မှာ အဘယ်နည်း။ အကြင်သူသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိသည့်အခါ အသက်ရှင်ခြင်းသို့ ရောက်လာသည့် လူသေ ဖြစ်သည်။ တစ်ချိန်က ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်ခဲ့ကြကာ သေဆုံးရန် သတ်မှတ်ခြင်းခံခဲ့ရသော်လည်း ယခုတွင် ဘုရားသခင်နှင့် သက်ဆိုင်သည့် လူများအဖြစ် အသက်ရှင်လာကြပြီဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပါက သူ့ကို သိရှိနိုင်ပြီး ဘုရားသခင်ကို ယုံကြည်ကာ ဘုရားနောက်သို့လိုက်ကြသည့်အခါ ကိုးကွယ်ခြင်းဖြင့် သူ့ကို ဦးညွှတ်နိုင်ကြလျှင်၊ မိမိတို့ စိတ်နှလုံးများတွင် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် ပုန်ကန်ခြင်းတို့ နောက်ထပ်မရှိသကဲ့သို့ သူ့ကို အတိုက်အခံလုပ်ခြင်း၊ သို့မဟုတ် တိုက်ခိုက်ခြင်း မရှိတော့ဘဲ အမှန်တကယ် ကျိုးနွံနာခံနိုင်လျှင် ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် စစ်မှန်သော အသက်ရှင်သည့်လူများ ဖြစ်သည်။ ဘုရားသခင်ကို စကားဖြင့် အသိအမှတ်ပြုရုံမျှ ပြုသောသူသည် အသက်ရှင်သော လူတစ်ဦး ဟုတ်ပါသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့် လူစားမျိုးသည် အသက်ရှင်သော လူတစ်ဦး ဖြစ်သနည်း။ အသက်ရှင်သော လူတို့၏ လက်တွေ့အရှိတရားများမှာ အဘယ်နည်း။ အသက်ရှင်သော လူများသည် မည်သည့်အရာကို ပိုင်ဆိုင်ရမည်နည်း။ သင်တို့၏ အယူအဆများကို ငါ့ကို ပြောလော့။ (သမ္မာတရားကို လက်ခံသောလူတို့သည် အသက်ရှင်သော လူများဖြစ်သည်။ လူတို့၏ အတွေးအခေါ်ဆိုင်ရာ အမြင်များ၊ အမှုအရာများနှင့် စပ်လျဉ်းသော အမြင်များသည် ပြောင်းလဲပြီး ဘုရားနှုတ်ကပတ်တော်များနှင့် ကိုက်ညီသည့်အခါ သူတို့သည် အသက်ရှင်သော လူများဖြစ်ကြပါသည်။) (အသက်ရှင်သော လူများမှာ သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်သောသူများ ဖြစ်ပါသည်။) (ယောဘကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သော လူတစ်ဦးသည် အသက်ရှင်သော လူတစ်ဦး ဖြစ်သည်။) (ဘုရားသခင်ကို သိသောလူများ၊ ဘုရားနှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နိုင်ပြီး သမ္မာတရား စစ်မှန်မှုကို အသက်ရှင်နေထိုင်နိုင်သော လူများဖြစ်သည်။ ထိုသူများသည် အသက်ရှင်သောလူများဖြစ်သည်။) သင်တို့အားလုံးက သရုပ်သကန်တစ်မျိုးကို ပြောဆိုကြလေပြီ။ တစ်စုံတစ်ဦးအနေဖြင့် နောက်ဆုံးတွင် ကယ်တင်ခံရပြီး အသက်ရှင်သော လူတစ်ဦးဖြစ်လာရန်အတွက် ၎င်းသည် အနည်းဆုံးအနေဖြင့် ဘုရားနှုတ်ကပတ်တော်များကို အလေးဂရုပြုနိုင်ရမည်ဖြစ်ပြီး အသိတရားနှင့် အသိစိတ်ရှိသည့် စကားများကို ပြောနိုင်ရမည်ဖြစ်ကာ ၎င်းအနေဖြင့် စဉ်းစားဉာဏ်ရှိပြီး မြော်မြင်တတ်ရမည်၊ သမ္မာတရားကို နားလည်နိုင်ကာ လက်တွေ့လုပ်ဆောင်နိုင်ရမည်၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ကာ ကိုးကွယ်နိုင်ရမည်ဖြစ်သည်။ ယင်းမှာ စစ်မှန်သည့် အသက်ရှင်သော လူတစ်ဦးဖြစ်သည့်အရာ ဖြစ်သည်။ အသက်ရှင်သော လူများသည် မည်သည့်အရာကို မကြာခဏ စဉ်းစား လုပ်ဆောင်ကြသနည်း။ ပုံမှန်လူများ လုပ်ဆောင်သင့်သည့်အရာ အနည်းငယ်ကို ၎င်းတို့ လုပ်ဆောင်နိုင်ကြသည်။ အဓိကအားဖြင့် ၎င်းတို့သည် မိမိတို့တာဝန်များကို ကောင်းစွာ ထမ်းဆောင်ကြပြီး ၎င်းတို့ စဉ်းစားပြီး ထုတ်ဖော်သည့်အရာတွင်၊ ပုံမှန်အရ ၎င်းတို့ ပြောဆိုကာ လုပ်ဆောင်သည့်အရာတွင် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ကြသည်။ ယင်းမှာ ၎င်းတို့ မကြာခဏ စဉ်းစားပြီး လုပ်ဆောင်သည့်အရာ၏ သဘာဝ ဖြစ်သည်။ အနည်းငယ် သာ၍ တိကျစွာပြောဆိုရလျှင် ၎င်းတို့ ပြောဆိုလုပ်ဆောင်သည့်အရာအများစုသည် သမ္မာတရားနှင့် အနည်းဆုံးအနေဖြင့် ကိုက်ညီသည်။ ဘုရားသခင်၏ ရှုတ်ချခြင်း၊ သို့မဟုတ် ပစ်ပစ်ခါခါငြင်းခြင်းကို မခံရဘဲ သူ၏ လက်ခံခြင်းနှင့် အသိအမှတ်ပြုခြင်း ခံရသည်။ ဤသည်မှာ အသက်ရှင်သော လူများ လုပ်ဆောင်သည့်အရာဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ဘုရားသခင်ကို သင်၏ နှုတ်ဖြင့် အသိအမှတ်ပြုကာ သင်၏ စိတ်နှလုံးတွင် ယုံကြည်ရုံမျှယုံကြည်ပါက ဘုရားသခင်၏ အသိအမှတ်ပြုခြင်းနှင့် ကယ်တင်ခြင်းကို သင် ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) အဘယ်ကြောင့် သင် မရရှိနိုင်သနည်း။ လူအချို့က “ဘုရားသခင် တစ်ပါးရှိသည်ကို ကျွန်ုပ် ယုံကြည်ပါသည်”၊ “အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျွန်ုပ် ယုံကြည်ပါသည်”၊ “ကျွန်ုပ်နှင့် ပတ်သက်သည့် အရာရာတိုင်းသည် ဘုရားသခင်၏ လက်ထဲတွင်ရှိကြောင်း၊ ကျွန်ုပ်ဘဝ၏ ကဏ္ဍအများစုအတွက်ဘုရားသခင်၏ ဦးဆောင်လမ်းပြခြင်းကို ကျွန်ုပ် ခံရပြီးဖြစ်ကြောင်းနှင့် ဘုရားသခင်သည် ထိုနည်းတူ ကျွန်ုပ်၏ အနာဂတ်လမ်းကြောင်းပေါ် ကျွန်ုပ်ကို ဦးဆောင်လမ်းပြနိုင်ကြောင်းတို့ကို ကျွန်ုပ် ယုံကြည်ပါသည်” ဆိုသည်နှင့် “ဘုရားသခင်က ကျွန်ုပ်၏ ကံကြမ္မာကို ပြောင်းလဲနိုင်ကြောင်း ကျွန်ုပ် ယုံကြည်ပါသည်”ဟု ပြောကြသည်။ ထိုသို့သော “ယုံကြည်ခြင်း” ရှိခြင်းသည် ၎င်းတို့ ကယ်တင်ခံရသည်ဟု ဆိုလိုသလော။ (မဆိုလိုပါ။) သို့ဆိုလျှင် မည်သည့် ယုံကြည်ခြင်းမျိုးက လူတို့ အမှန်တကယ် ကယ်တင်ခံရသည်ဟု ဆိုလိုသနည်း။ (သူတို့အား ယောဘကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ခွင့်ပေးသည့် ယုံကြည်ခြင်းမျိုးဖြစ်ပါသည်။) လူတို့သည် ထိုသို့သော စစ်မှန်သည့် ယုံကြည်ခြင်းကို မည်သို့ ပိုင်ဆိုင်လာနိုင်သနည်း။ နှုတ်ဖြင့် အသိအမှတ်ပြုခြင်းနှင့် ၎င်းတို့၏ စိတ်နှလုံးများတွင် ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။ ဤကဲ့သို့သော ယုံကြည်မှုမျိုးသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် စိတ်နှလုံးတစ်ခု ဖြစ်စေနိုင်သလော။ ဤကဲ့သို့ ယုံကြည်ခြင်းသည် လူများအနေဖြင့် ဘုရားအပေါ် သိကျွမ်းခြင်း ရှိသည်ဟု ဆိုလိုသလော။ ထိုအရာက လူတို့အား ဘုရားသခင်ကို ကျိုးနွံနာခံခြင်း စွမ်းဆောင်ရရှိခွင့်ပေးနိုင်သလော။ ထိုအရာက ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိနိုင်သလော။ ဤတွင် အခြားမည်သည့်အရာ ရှိနေသေးသနည်း။ ဤမေးခွန်းများကို တွေးဆကာ သိနားလည်ရမည် ဖြစ်သည်။

ယုံကြည်လက်ခံမှု၊ ခံယူချက်နှင့် စစ်မှန်သော ယုံကြည်ခြင်းတို့ကြားတွင် ကွာခြားမှုတစ်ခုတလေ ရှိသလော။ (ရှိပါသည်။) ကွာခြားမှုများ မုချရှိပြီး တိကျသည့် ကွာခြားမှုများက မည်သည့်အရာဖြစ်သည်ကို သင် သဘောပေါက်ရမည်။ ဤအရာများကို သင် မခွဲခြားနိုင်ပါက သင့်ထံတွင် မရေရာသည့် ယုံကြည်မှု သို့မဟုတ် ခံယူချက်သာရှိချိန်တွင် ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်ခြင်းရှိသည်ဟု သင် ခံစားကောင်းခံစားမိနိုင်သည်။ မရေရာသည့် ခံယူချက်သည် ဘုရားသခင်၌ သင်၏ စစ်မှန်သော ယုံကြည်ခြင်းအတွက် အဘယ်သို့ အစားထိုးပေးနိုင်မည်နည်း။ အမှန်တွင် စစ်မှန်သည့် ကိုးစားမှုရှိခြင်းအစား သင်၏ ကိုယ်ပိုင် ခံယူချက်များနှင့် ယုံကြည်လက်ခံမှုများကို သူ့နေရာတွင်သူ သင် ထားရှိသင့်သည်။ သင်၏ ဘုရားသခင်၌ ယုံကြည်ခြင်းသည် ယုံကြည်လက်ခံမှုတစ်ခု၊ သို့မဟုတ် ခံယူချက်တစ်ခုထက် ဘာမျှမပိုပါက သင်သည် မည်သည့်အခါတွင်မျှ ဘုရားသခင်ရှေ့မှောက်သို့ မလာနိုင်သကဲ့သို့ သင်၏ ယုံကြည်ခြင်းကဲ့သို့သော ယုံကြည်ခြင်းမျိုးကို ဘုရားသခင်က လက်မခံပေ။ ယုံကြည်လက်ခံမှု၊ ခံယူချက်နှင့် စစ်မှန်သည့် ယုံကြည်ခြင်းတို့ကြား ခြားနားချက်များမှာ အဘယ်နည်း။ ယုံကြည်လက်ခံမှုနှင့် ခံယူချက်တို့ကို ရှင်းရှင်းလင်းလင်း ရှင်းပြရန် မလွယ်ပေ၊ ထို့ကြောင့် စစ်မှန်သည့် ယုံကြည်ခြင်းအကြောင်းကို ဦးစွာပထမ ပြောဆိုကြစို့။ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းဟူသည်မှာ အဘယ်နည်း။ (အဖြစ်အပျက်အားလုံးနှင့် အရာခပ်သိမ်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင်ရှိသည်ဟု ယုံကြည်ခြင်းဖြစ်သည်။) ဤသည်မှာ စစ်မှန်သော ယုံကြည်ခြင်းလော၊ သို့မဟုတ် ယုံကြည်လက်ခံမှုတစ်ခုလော။ (ယုံကြည်လက်ခံမှုတစ်ခု ဖြစ်ပါသည်။) (စစ်မှန်သော ယုံကြည်ခြင်းကို ဘုရားသခင်ကို သိသည့်အသိနှင့်ဆိုင်သော အခြေခံအုတ်မြစ်တစ်ခုပေါ်တွင် ထူထောင်ထားခြင်းဖြစ်သည်။ လူတို့က ဘုရားသခင်ကို သိရှိသည့်အခါတွင်သာ စစ်မှန်သော ယုံကြည်ခြင်း ပိုင်ဆိုင်နိုင်ကြသည်။) ဤသိနားလည်မှုသည် မဖြစ်စလောက်သာ မှန်ကန်သည်။ လူတို့သည် စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ပိုင်ဆိုင်လာနိုင်သနည်း။ စစ်မှန်သော ယုံကြည်ခြင်း၏ သရုပ်သကန်များမှာ အဘယ်နည်း။ လူတို့တွင် စစ်မှန်သော ယုံကြည်ခြင်းရှိပါက ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့ အထင်လွဲပြီး မကျေမနပ် ဖြစ်ကြလိမ့်မည်လော။ ဘုရားသခင်ကို ဆန့်ကျင်မှုတစ်ခုတလေ ပြုကြလိမ့်မည်လော။ (ပြုကြမည်မဟုတ်ပါ။) လူတို့တွင် စစ်မှန်သည့် ယုံကြည်ခြင်းရှိပါက ဘုရားသခင်ကို ပုန်ကန်ကြလိမ့်မည်လော။ လူတို့သည် မိမိတို့ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအရ ကောင်းသောအရာ လုပ်ဆောင်ကာ လူကောင်းများဖြစ်ရန် ကြိုးစားကြချိန်တွင် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ကြသလော။ (မကျေနပ်စေနိုင်ကြပါ။) ယုံကြည်မှု၊ ခံယူချက်နှင့် စစ်မှန်သော ယုံကြည်ခြင်းတို့နှင့်ဆိုင်သည့် ဤအယူအဆသုံးခုကို ဘေးဖယ်ထားရင်း ကိစ္စရပ်တစ်ခုကို ဦးစွာပထမ မိတ်သဟာယပြုကြစို့။ ပေတရုသည် ကယ်တင်ခြင်းခံရကာ စုံလင်အောင်ပြုခြင်းမခံရမီတွင် မည်သည့်အရာကို လူသိထင်ရှား လုပ်ဆောင်ခဲ့သနည်း။ (သခင်ဘုရားကို သုံးကြိမ် ငြင်းပယ်ခဲ့ပါသည်။) သခင်ဘုရားကို သုံးကြိမ်မငြင်းပယ်မီ အခြားမည်သည့်အရာကို ပေတရု လုပ်ဆောင်ခဲ့သနည်း။ သခင်ယေရှုက သူ ကားစင်တင်သတ်ခံရမည် ဖြစ်ကြောင်း ပြောသည့်အခါ ပေတရုက မည်သည့်အရာ ပြောခဲ့သနည်း။ (“သခင်၊ ကိုယ်တော်၌ ဤသို့မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌ မရောက်ရာ” (ရှင်မဿဲခရစ်ဝင် ၁၆:၂၂)) ပေတရုအား ဤအရာကို ပြောဆိုစေခဲ့သည်မှာ စစ်မှန်သော ယုံကြည်ခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့်အရာဖြစ်သနည်း။ လူ၏ စေတနာများဖြစ်ပြီး ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ခြင်းတစ်ခု ဖြစ်ခဲ့သည်။ ဤစေတနာမျိုးကို ပေတရုက မည်သည့်အရာတွင် ရရှိခဲ့သနည်း။ (လူသား အလိုဆန္ဒမှ ရရှိပါသည်။) သူသည် ထိုသို့သော လူသားအလိုဆန္ဒကို အဘယ်ကြောင့် လက်သင့်ခံခဲ့သနည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သူ နားမလည်ခဲ့ပေ။ သခင်ယေရှု၏ အမှုတော်က မည်သည့်အရာ ဖြစ်သည်ကို သူ နားမလည်ခဲ့သကဲ့သို့ သခင်ယေရှုအပေါ် စစ်မှန်သည့် သိနားလည်မှု မရှိခဲ့ပေ။ သူသည် သခင့်ကို လေးစားကြည်ညိုမှုကြောင့်မျှဖြင့် သူ့နောက်လိုက်ခဲ့ခြင်း ဖြစ်သည်။ သူသည် သခင့်ကို သူ၏ စိတ်နှလုံးတွင် ကိုးကွယ်ခဲ့သောကြောင့် သခင့်ကို ချစ်ခင်ကာ ကာကွယ်ပေးချင်ခဲ့သည်။ သူက “ဤအရာသည် ကိုယ်တော့်အပေါ် မည်သည့်အခါတွင်မျှ မကျရောက်ရပါ။ ထိုဝေဒနာကို ကိုယ်တော် ခံစား၍မဖြစ်ပါ။ ဆင်းရဲဒုက္ခကို လိုအပ်လျှင် ကျွန်ုပ် ဆင်းရဲဒုက္ခခံမည်။ ကိုယ်တော်၏ နေရာတွင် ကျွန်ုပ် ဆင်းရဲဒုက္ခခံပါမည်”ဟု တွေးခဲ့သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သူ မသိခဲ့သကဲ့သို့ သူသည် လူသားအလိုဆန္ဒမှလာသည့် စေတနာနှင့်ဆိုင်သောအရာ တစ်စုံတစ်ခုရှိခဲ့ပြီး အမှုအရာကို မဖြစ်အောင် တားဆီးချင်ခဲ့သည်။ ထို့ကြောင့် သူ့အား မည်သည့်အရာက ဤသို့ ပြုမူဆောင်ရွက်စေခဲ့သနည်း။ တစ်နည်းအားဖြင့် တစ်ဇောက်ကန်းလုပ်ခြင်း၊ လူသားအလိုဆန္ဒနှင့် နားလည်ရန် ပျက်ကွက်ခြင်းကြောင့် ဖြစ်သည်။ နောက်တစ်နည်းအားဖြင့် ဘုရားသခင်၏ အမှုတော်ကို သူ နားမလည်ခဲ့ခြင်းကြောင့် ဖြစ်ပေသည်။ သူသည် စစ်မှန်သည့် ယုံကြည်ကိုးစားမှုဖြင့် ဤအရာကို လုပ်ဆောင်ခဲ့သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သူသည် အဘယ်ကြောင့် ထိုသို့သော စေတနာများ ရှိလာခဲ့သနည်း။ ထိုသို့သော စေတနာများသည် သမ္မာတရားနှင့် ကိုက်ညီပါသလော။ ကောင်းသော လုပ်ဆောင်ချက်များ ပါဝင်သလော။ သူသည် ကောင်းမွန်စွာ လုပ်ဆောင်ရန် ကြိုးစားပြီး စေတနာများနှင့် စစ်မှန်ရိုးသားမှုဖြင့် ပြုမူဆောင်ရွက်ခဲ့သော်လည်း သူ၏ လုပ်ရပ်များ၏ သဘာဝမှာ အဘယ်နည်း။ ထိုအရာများသည် စစ်မှန်သော ယုံကြည်ခြင်းကြောင့် ဖြစ်ပေါ်သည့် အပြုအမူများနှင့် လုပ်ရပ်များ ဖြစ်သလော။ (မဟုတ်ပါ။) ယခုတွင် ရှင်းပေသည်၊ အဖြေမှာ လုံးဝ မဟုတ်ပေ။ ထို့ကြောင့် ဤသည်မှာ ယုံကြည်မှုတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) ယုံကြည်မှုက မည်သည့်အရာဖြစ်သည်ကို ပြောဆိုရန် ဤအရာကို အသုံးပြုကြစို့။ ယုံကြည်မှုသည် လူသား အယူအဆများ၊ စိတ်ကူးများနှင့် အနီးကပ်ဆုံး ကိုက်ညီသော ကောင်းမွန်သည့် တောင့်တမှုနှင့် ကောင်းမွန်သည့် လိုအင်ဆန္ဒတစ်မျိုး ဖြစ်သည်။ ထိုအရာမှာ လူသားမျိုးနွယ်က ကောင်းမွန်၊ မှန်ကန်ပြီး အပြုသဘောဆောင်သည့် အရာအဖြစ် ယေဘုယျအားဖြင့် ယူဆကြသည့် တစ်စုံတစ်ရာ ဖြစ်သည်။ လူသား အယူအဆများ၊ ခံယူချက်များနှင့် လုံးဝ ကိုက်ညီသည့် အတွေးကောင်းတစ်မျိုး၊ စိတ်ကူးကောင်းတစ်မျိုး၊ အလေ့အကျင့်ကောင်းနှင့် ကောင်းမွန်သည့် စိတ်လှုံ့ဆော်မှုတစ်မျိုး ဖြစ်သည်။ ထိုအရာမှာ လူသားများ တောင့်တသည့်အရာဖြစ်သည်။ ဤသည်မှာ ယုံကြည်လက်ခံမှု ဖြစ်၏။ ယုံကြည်လက်ခံမှုသည် စစ်မှန်သော ယုံကြည်ခြင်း မဟုတ်။ လူသား အလိုဆန္ဒမှ လုံးဝ လာပြီး ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများနှင့် မကိုက်ညီသောကြောင့်၊ ယုံကြည်လက်ခံမှုသည် စစ်မှန်သည့် ယုံကြည်ကိုးစားခြင်း မဟုတ်ပေ။ ပေတရုသည် ဧကန်အမှန် လူကောင်းတစ်ဦးဖြစ်ခဲ့သည်။ သူသည် ကောင်းမွန်သည့် လူ့သဘာဝတစ်ခု ပိုင်ဆိုင်ခဲ့ပြီး ရိုးရှင်းသည်၊ ရိုးသားသည်၊ သူ၏ လိုက်စားမှုတွင် စိတ်ပြင်းပြပြီး စိတ်အားထက်သန်ခဲ့သည်။ သူ၏ စိတ်နှလုံးတွင် သူသည် သခင်ယေရှု၏ ပင်ကိုလက္ခဏာကို သံသယများ မထားရှိခဲ့ပေ။ ထို့ကြောင့် သူသည် စိတ်ရင်းအမှန်ဖြင့် ဤစကားများကို မြွက်ဆိုနိုင်ခဲ့သည်။ “သခင်၊ ကိုယ်တော်၌ ဤသို့မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌ မရောက်ရာ” ဟူ၍ ဖြစ်သည်။ ထိုသို့သော အရာတစ်ခုကို သူ ပြောဆိုနိုင်ခဲ့ခြင်းက သူ၏ လူ့သဘာဝနှင့် တည်ကြည်မှုကို ပြသပေသည်။ ဤသည်မှာ လိုအင်ဆန္ဒတစ်မျိုး၊ စေတနာတစ်မျိုးဖြစ်ပြီး ယုံကြည်လက်ခံမှုတစ်မျိုးမှ ဖြစ်ပေါ်သည့် အပြုအမူ၊ အလေ့အကျင့်နှင့် ပြသမှုတစ်မျိုး ဖြစ်သော်လည်း ပေတရုတွင် ကြင်နာတတ်သော လူ့သဘာဝတစ်ခုရှိသည်ကို ငါတို့ မြင်နိုင်သည်။ သူသည် အပြုသဘောဆောင်ပြီး မှန်ကန်သည့် ယုံကြည်မှုများ ကိုင်စွဲခဲ့သော်လည်း ကံအကြောင်းမလှစွာပင် ဝိညာဉ်ရင့်ကျက်မှု သေးငယ်လွန်းသောကြောင့်၊ ဘုရားသခင်အကြောင်း သိရှိသည်မှာ အလွန်နည်းပါးခဲ့သောကြောင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို မသိခဲ့သောကြောင့်၊ ဘုရားသခင်က လုပ်ဆောင်ရန် ရည်ရွယ်ခဲ့သည့် အမှုကို မသိခဲ့သကဲ့သို့ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားမလည်ခဲ့သောကြောင့် လူသား အလိုဆန္ဒပေါ် လုံးဝ အခြေခံသည့် မိုက်မဲသော အရာတစ်ခုကို သူ လုပ်ဆောင်ခဲ့ပြီး ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ခဲ့သည်။ ထိုအရာမှာ ယုံကြည်လက်ခံမှုက ဖြစ်စေခဲ့သည့် လူသား လုပ်ရပ်တစ်ခုဖြစ်ပြီး သိသိသာသာပင် စစ်မှန်သည့် ယုံကြည်ခြင်း မဟုတ်ခဲ့ပေ။ တစ်စုံတစ်ဦးသည် ကောင်းမွန်သည့် အပြုအမူများကို ဖြစ်ပေါ်စေပြီး ၎င်းတို့အား စေတနာအချို့ရှိစေသည့် ထိုသို့သော ယုံကြည်လက်ခံမှုများကို ကိုင်စွဲပါက ၎င်းတို့ လုပ်ဆောင်သည့်အရာများကို ဘုရားသခင် သတိရအောက်မေ့လိမ့်မည်လော။ ဤအရာများကို ဘုရားသခင် မအောက်မေ့သောကြောင့် ထိုအရာများကို အချည်းနှီး လုပ်ဆောင်ထားခြင်း ဖြစ်ပေသည်။ ထိုအစား ဘုရားသခင်က “အချင်းရန်သူ၊ ငါ့နောက်သို့ဆုတ်လော့” (ရှင်မဿဲခရစ်ဝင် ၁၆:၂၃) ဟူ၍ ပြောဆိုခဲ့သည်။ ဤအရာကို အချိန်ယူ တွေးဆလော့။ လူတို့က အလွန်စာနာခြင်းမရှိဟု မြင်သည့် စကားများကို သခင်ယေရှုက အဘယ်ကြောင့် ပြောဆိုခဲ့သနည်း။ ပေတရု၏ ကောင်းမွန်သောရည်ရွယ်ချက်များကို မြင်သည့်အခါ သခင်ယေရှုက အဘယ်ကြောင့် နားလည်မှု မပြခဲ့သနည်း။ ဤကိစ္စရပ်အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ပေတရု၏ ဤကောင်းမွန်သောရည်ရွယ်ချက်ကို ဘုရားသခင်က အသိအမှတ်ပြုခဲ့သလော။ (အသိအမှတ်မပြုခဲ့ပါ။) ဘုရားသခင်သည် ပေတရု၏ စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခဲ့ပြီး သူ့ထံတွင် မကောင်းသည့် ရည်ရွယ်ချက်များ မရှိသည်ကို မြင်ခဲ့သောကြောင့်၊ ဤကိစ္စရပ်၏ အနှစ်သာရကို ဘုရားသခင် ဖော်ထုတ်ရန် မလိုအပ်ခဲ့ပေ။ ယင်းမှာ အဆင်ပြေပါသလော။ (အဆင်မပြေပါ။) အဘယ်ကြောင့်နည်း။ လူတို့၏ ကောင်းမွန်သော ရည်ရွယ်ချက်များ၊ လူတို့၏ ယုံကြည်ံမှုများနှင့် လူတို့က ကောင်းမွန်သည်ဟု တွေးထင်သော်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီသည့်အရာများကို ဘုရားသခင်က အဘယ်သို့ ထင်မြင်သနည်း။ ထိုသို့သောအရာများသည် စာတန်ထံမှလာပြီး ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းတစ်ခုဖြစ်သည်ဟု ဘုရားသခင်က ပြော၏။ ဤသည်မှာ ဘုရားသခင် ယုံကြည်သည့်အရာ ဖြစ်သည်။ ထိုသို့သော အတွေးသည် လူသား တွေးခေါ်ပုံနှင့် ဆန့်ကျင်သလော။ (ဆန့်ကျင်ပါသည်။) လူ၏ ချစ်ခင်တွယ်တာမှုကြောင့် ပြုမူဆောင်ရွက်သည့်အခါ သာမန်လူတစ်ဦးသည် ပေတရုကို တုံ့ပြန်သည့်အနေဖြင့် မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးတွင် “ပေတရု၏ ရည်ရွယ်ချက်များက ကောင်းမွန်ပြီး ကိုယ်တော့်ကို သူ ကာကွယ်ပေးချင်သည်။ ပေတရုကို ဤပုံစံဖြင့် ဆက်ဆံခြင်းသည် မငဲ့ကွက်ရာကျသည်”ဟု တွေးလျက် ပေတရုအား သိက္ခာဆယ်ခွင့်ပေးကြမည်ဖြစ်ပြီး လူးသာလွန့်သာ အခြေအနေ ပေးကြလိမ့်မည်ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏ လုပ်ရပ်များက လူသားအယူအဆများနှင့် မကိုက်ညီပေ။ ဘုရားသခင် ပြောဆိုခဲ့သည့် စကားများ၏ သဘာဝမှာ အဘယ်နည်း။ တစ်နည်းအားဖြင့် ထိုစကားများသည် ဖော်ထုတ်ခြင်းတစ်ခုဖြစ်သည်၊ နောက်တစ်နည်းအားဖြင့် ထိုစကားများသည် ရှုတ်ချခြင်းတစ်ခုဖြစ်ပြီး တတိယအနေဖြင့် တရားစီရင်ခြင်းတစ်ခု ဖြစ်သည်။ ဤစကားများကို ကြားရသည့်အခါ ပေတရုက မည်သို့ခံစားခဲ့ရသနည်း။ သူသည် ပြစ်တင်ဆုံးမခြင်းခံခဲ့ရပြီး ဓါးတစ်စင်းက သူ၏ နှလုံးကို ထိုးမွှေသည့်အလား ဖြစ်ခဲ့သည်။ သူသည် အလွန် ယူကျုံးမရဖြစ်ပြီး “အို ဘုရားသခင်၊ ကိုယ်တော်ကို ကျွန်ုပ် စိတ်ရင်းအမှန်ဖြင့် ချစ်ပါသည်။ ကိုယ်တော်ကို ကျွန်ုပ် အလွန်ယုံကြည်သည်၊ အလွန် ချစ်ခင်ပြီး အလွန် ကာကွယ်ပေးချင်ပါသည်။ သို့သော် အဘယ်ကြောင့် ကိုယ်တော်က ကျွန်ုပ်ကို ဤသို့ဆက်ဆံပါသနည်း။ ကျွန်ုပ် စာတန်ဖြစ်သည်ဟု ကိုယ်တော် ပြောပြီး နောက်သို့ဆုတ်ရန် အမိန့်ပေးသည်။ ကျွန်ုပ် စာတန်ဖြစ်ပါသလော။ ကျွန်ုပ်သည် ကိုယ်တော့်နောက်သို့ စိတ်ရင်းအမှန်ဖြင့် လိုက်သည့် လူတစ်ဦး မဟုတ်ပါလော။ ဤသို့ဆိုလျှင် ကိုယ်တော်သည် ကျွန်ုပ်ကို အဘယ်ကြောင့် စာတန်အဖြစ် မြင်နိုင်ပါသနည်း။ ထို့အပြင် ကိုယ်တော်သည် ကျွန်ုပ်ကို ကိုယ်တော့်နောက်သို့ဆုတ်ရန် ပြောလျက် အလွန် မငဲ့ကွက်ခဲ့ပါ။ ထိုအရာမှာ အလွန် နာကျင်ရသည်၊ အလွန် စိတ်ဆင်းရဲရပါသည်”ဟု မိမိဘာသာ တွေးလျက် နားမလည်ခဲ့ပေ။ ဘုရားသခင်က ထိုသို့သော အရာများကို ဤသို့ ကိုင်တွယ်ကာ သဘောထားခြင်းမှ၊ လူသား ယုံကြည်ံမှုအပေါ် ဘုရားသခင်၏ သဘောထားကို သင်တို့ မြင်နိုင်ကြသလော။ (ရှုတ်ချခြင်း၊ တရားစီရင်ခြင်း၊ ဖော်ထုတ်ခြင်းဖြစ်သည်။) မှန်ပေ၏။ ဘုရားသခင်သည် ထိုသို့သောအရာများကို မနှစ်သက်ရုံမက ရွံမုန်းပြီး အဆိုးရွားဆုံးအနေဖြင့် ထိုသို့သောအရာများကို ရှုတ်ချသည်။ ဘုရားသခင် ထုတ်ဖော်ပြပြီးသည့် ဤအရာများမှ ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့ မြင်ကြပြီလော။ (ဘုရားသခင်၏ စိတ်သဘောထားက ဖြောင့်မတ်ပါသည်။) ဤသည်မှာ မုချ ထိုသို့ဖြစ်ပေသည်။ အခြား မည်သည့်အရာ ရှိသေးသနည်း။ ဘုရားသခင်အတွက် စိတ်ရှည်ခြင်း၊ သနားကရုဏာ၊ သည်းခံခြင်းနှင့် မေတ္တာကျေးဇူးတော်တို့သည် လူတို့အဖို့ အလွန် အကျိုးပြုသော်လည်း၊ ထိုအရာများသည် လက်ခံရန် လွယ်ကူသည်ဟု လူတို့မြင်သည့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၏ အစိတ်အပိုင်းများ ဖြစ်သော်လည်း၊ ပြီးလျှင် ထိုအရာများသည် လူတို့အပေါ် ဘုရားသခင် အမြဲ ထုတ်ဖော်ပြပြီး ပေးသနားသည့် အရာများဖြစ်သော်လည်း လူတို့က ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားကာ သူ၏ စည်းမျဉ်းများကို ချိုးဖောက်မိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ဘုရားသခင်က မည်သို့ ကိုင်တွယ်ဖြေရှင်းလိမ့်မည်နည်း။ ဘုရားသခင်က ၎င်းတို့ကို ရှုတ်ချပေသည်။ ဘုရားသခင်က “လူတို့သည် ဤအရာကို ကောင်းသောရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ခဲ့ပြီး ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်များ မရှိသောကြောင့် ဤတစ်ကြိမ်တွင် သူတို့ကို ငါ ချမ်းသာပေးလိုက်မည်”ဟု ဆိုလျက် လူတို့ထံ မပြတ်သားသော စကားများ မပြောပေ။ လူသားများနှင့် မတူသည်မှာ ဘုရားသခင်သည် မည်သည့်အလယ်အလတ်လမ်းကိုမျှ ခွင့်မပြုသကဲ့သို့လူသား၏စိတ်တွင်လည်း မသန့်စင်မှုများကို ခွင့်မပြုပေ။ တစ်သည် တစ်ဖြစ်သည်။ နှစ်သည် နှစ်ဖြစ်သည်။ အမှန်က အမှန်ဖြစ်ပြီး အမှားက အမှားဖြစ်သည်။ ဘုရားသခင်အတွက်မူ မပြတ်သားခြင်းများ မရှိချေ။ သခင်ယေရှုကို ပေတရု ပြောဆိုခဲ့သည့်အရာဖြစ်သည့် “သခင်၊ ကိုယ်တော်၌ ဤသို့မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌ မရောက်ရာ”ဟူသည်ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းအားဖြင့် ယုံကြည်မှုက မည်သည့်အရာဖြစ်သည်ကို လူတို့ မြင်နိုင်သည်။ ယုံကြည်မှုများကို စွဲကိုင်သည့်လူများက ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်သလော။ ယုံကြည်ံမှုများက စစ်မှန်သည့် ယုံကြည်ခြင်းကို ဖြစ်စေနိုင်သလော။ ယင်းတို့သည် ဘုရားသခင်၌ လူတို့၏ စစ်မှန်သည့် ယုံကြည်ခြင်းကို အစားထိုးနိုင်သလော။ (အစားမထိုးနိုင်ပါ။) အစားမထိုးနိုင်ပေ။ ယင်းမှာ လုံးဝ မှန်ပေသည်။

အဆုံးတွင် ယုံကြည်လက်ခံမှုများသည် မည်သည့်အရာများ ဖြစ်သနည်း။ ယင်းတို့သည် စိတ်ကူးနှင့် အယူအဆတစ်မျိုး၊ ကောင်းမွန်သည့် လိုအင်ဆန္ဒများ၊ ကောင်းမွန်သည့် ရည်မှန်းချက်များနှင့် လူတို့ ထူထောင်သည့် အဆင့်မြင့် စံများ ဖြစ်သည်။ ဤအရာများကို ထူထောင်သည့်နောက်တွင် လူတို့သည် လူသား ရည်ရွယ်ချက်ကောင်းများ၊ လူသား အားထုတ်မှု၊ လူသား၏ ဆင်းရဲဒုက္ခခံလိုစိတ် သို့မဟုတ် ပိုများသည့် လူသား၏ ကောင်းမှုများအပေါ် အမှီပြုခြင်းအားဖြင့် ယင်းတို့ကို လိုက်စားကာ ရရှိလျက် ဤဦးတည်ချက်ဖြင့် တက်သုတ်နှင်ကြလေသည်။ ဤနေရာတွင် မည်သည့်အရာ ချို့တဲ့နေသနည်း။ ယုံကြည်လက်ခံမှုကို ကိုင်စွဲသောလူတို့သည် အဘယ်ကြောင့် ဘုရားသခင်ကို စိတ်ကျေနပ်အောင် မလုပ်နိုင်ကြသနည်း။ (၎င်းတို့၏ ယုံကြည်လက်ခံမှုများအပေါ် အခြေခံ၍ လူတို့သည် ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ကာ အဖျက်အမှောင့် လုပ်ကြပါသည်။) ဤသည်မှာ သိသာထင်ရှားသည့် သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ထို့အပြင် လူတို့က မိမိတို့၏ ယုံကြည်လက်ခံမှုများပေါ် အခြေခံ၍ အမှုအရာများ လုပ်ဆောင်သည့်အခါ ၎င်းတို့ လုပ်ဆောင်သည့်အရာတွင် သမ္မာတရား တစ်ခုတလေ ရှိသလော။ (မရှိပါ။) ပေတရု လုပ်ဆောင်ခဲ့သည့်အရာကို စိတ်ဖြာလေ့လာဆွေးနွေးကြစို့။ ပေတရုက “သခင်၊ ကိုယ်တော်၌ ဤသို့မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌ မရောက်ရာ”ဟု ပြောခဲ့သည်။ ဤစကားများတွင် သမ္မာတရား ရှိသလော။ (မရှိပါ။) “ဤအမှုသည် ကိုယ်တော်၌ မရောက်ရာ”ဆိုခြင်းအားဖြင့် မည်သည့်အရာကို သူ ဆိုလိုသနည်း။ ဤအမှုသည် ဘုရားသခင်၌ အဘယ်ကြောင့် ရောက်၍မရသနည်း။ ဤအရာအားလုံးက ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် မရှိခြင်းကြောင့် ဖြစ်နိုင်မည်လော။ ဘုရားသခင်သည် ဤအရာအားလုံးတွင် ဆုံးဖြတ်ပိုင်ခွင့် မရှိသလော။ ဘုရားသခင်က ယင်းကို ဖြစ်ခွင့်ပေးပါက ဖြစ်လိမ့်မည်ဖြစ်သည်။ ဘုရားသခင်က ဖြစ်ခွင့်မပေးပါက ထိုအရာကို ရှောင်ရှားရမည် မဟုတ်လော။ ပေတရု၏ စကားများဖြစ်သည့် “ဤအမှုသည် ကိုယ်တော်၌ မရောက်ရာ”ဟူသည်က ဤအရာအားလုံးကို ပြောင်းလဲနိုင်မည်လော။ ဤကိစ္စရပ်တစ်ခုလုံး၏ ဖြစ်ပွားမှု၊ တိုးတက်မှုနှင့် ရလဒ်တို့ကို မည်သူက ဆုံးဖြတ်သနည်း။ (ဘုရားသခင်က ဆုံးဖြတ်ပါသည်။) သို့ဆိုလျှင် ပေတရု ပြောဆိုခဲ့သည့် ဤစကားများက အဘယ်အရာ ဖြစ်သနည်း။ ယင်းတို့သည် မိုက်မဲသော စကားများ၊ မသိနားမလည်သော စကားများ၊ စာတန်၏ ကိုယ်စား ပြောဆိုထားသည့် စကားများဖြစ်သည်။ ဤသည်မှာ လူသား ယုံကြည်လက်ခံမှုများက ဖြစ်စေသည့် အကျိုးဆက်ဖြစ်သည်။ ဤသည်မှာ ဆိုးရွားသည့် ပြဿနာတစ်ခုလော။ (ဆိုးရွားပါသည်။) အဘယ်မျှ ဆိုးရွားပါသနည်း။ (ထိုအရာသည် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် စာတန်၏ ထွက်ပေါက်အဖြစ် ပြုမူဆောင်ရွက်ခြင်း ဖြစ်သည်။) မှန်၏။ ထိုအရာမှာ စာတန်၏ ထွက်ပေါက်အဖြစ် ပြုမူဆောင်ရွက်ခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ စာတန်၏ ကိုယ်စားလှယ်အဖြစ် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် ဘုရားသခင်၏ အမှုကို ဖြိုဖျက်ခြင်းဖြစ်သည်။ ထိုကိစ္စတွင် သခင်ယေရှုက ပေတရုပြောခဲ့သည့်အတိုင်း လုပ်ဆောင်ခဲ့ပါက လူသားမျိုးနွယ်ကို ကယ်တင်ခြင်းတည်းဟူသော သူ၏ အမှုတော် ပျက်စီးသွားမည် မဟုတ်လော။ ပေတရုက ပြောဆိုခဲ့သည့် ဤစကားများ၏ သဘာဝမှာ အဘယ်နည်း။ (ယင်းတို့က ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ပါသည်။) ဤအရာကြောင့် ဘုရားသခင်သည် “အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့”ဟူသည့် ဤဒေါသထွက်သော စကားများကို မညှာမတာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဤစကားများသည် ပြစ်တင်ရှုတ်ချခြင်းအပြင် တရားစီရင်ခြင်းလည်း ဖြစ်ပေသည်။ ယင်းတို့တွင် ဘုရားသခင်၏ စိတ်သဘောထား တည်ပေသည်။ လူတို့သည် ထိုသို့သော ယုံကြည်လက်ခံမှုများ၊ ရည်ရွယ်ချက်ကောင်းများ၊ လူသား လိုအင်ဆန္ဒများ၊ နှစ်သက်ဖွယ်ကောင်းသော လူသား ဆန္ဒများနှင့် လူသားများက အပြုသဘောဆောင်ကာ မှန်ကန်ပြီး ကောင်းမွန်သည်ဟု စွဲကိုင်ကြသည့် ထိုအရာများအားလုံးနှင့် ရောနှောထားသည့် ယုံကြည်လက်ခံမှုများကို စွဲကိုင်သည့်အခါ ဘုရားသခင်က ဤအရာကို အသိအမှတ်ပြုသလော။ (အသိအမှတ်မပြုပါ။) လူတို့က ဤအရာများအားလုံးကို ကောင်းမွန်သည့် အရာများအဖြစ် ဖြစ်ကြသည်၊ ထို့ကြောင့် ဘုရားသခင်က သူ၏ အသိအမှတ်ပြုခြင်းကို အဘယ်ကြောင့် မပေးသနည်း။ တစ်နည်းအားဖြင့် လူတို့တွင် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာ မရှိကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ ယေဘုယျဖြစ်သော အကြောင်းတရား ဖြစ်သည်။ ထို့အပြင် လက်တွေ့ကျသည့် ရှုထောင့်အမြင်မှ ကြည့်လျှင် လူတို့သည် ဘုရားသခင် ပြောဆိုသည့် စကားများနှင့် သူ ဆောင်ရွက်သည့် လုပ်ဆောင်ချက်များကို အမှန်တကယ် ကျိုးနွံနာခံခြင်း မရှိကြသကဲ့သို့ ဤအရာများကို ၎င်းတို့ အမှန်တကယ် သဘောပေါက်နားလည်ခြင်း မရှိကြချေ။ လူသား တွေးခေါ်မှုအရ ၎င်းတို့က ဘုရားသခင်အား အမြဲဆိုသလို ဤအရာမလုပ်ရန်၊ ထိုအရာမလုပ်ရန် ဆန္ဒရှိကြသည်။ ၎င်းတို့က “ဘုရားသခင်အနေဖြင့် ဤသို့ ပြုမူဆောင်ရွက်ခြင်းသည် တကယ် မကောင်းပါ။ ဤသို့ ပြုမူဆောင်ရွက်ခြင်းသည် ငါတို့ မျှော်လင့်ကြမည့်အရာ မဟုတ်၊ လူတို့အတွက် သိပ်ထောက်ထားသောအရာ မဟုတ်ပါ”ဟု အမြဲ တွေးကြသည်။ ထိုသို့သောအရာများကို လူတို့ ကြုံရသည့်အခါ အယူအဆများ မကြာခဏ ဖြစ်ပေါ်ကြသည်၊ လူဖန်တီးသည့် စိတ်ကူးများနှင့် ပြည့်ကြပြီး အမှုအရာများကို လုပ်ဆောင်သည့် လူသားနည်းလမ်းမျိုးစုံကို အားကိုးအားထားပြုကြသည်။ ဤတွင် ကျိုးနွံနာခံမှုမရှိ၊ ဘုရားသခင်နှင့်ဆိုင်သော စစ်မှန်သည့် အသိပညာမရှိ၊ စစ်မှန်သည့် ကြောက်ရွံ့ခြင်းမရှိ၊ ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ခြင်းနှင့် ဖြိုဖျက်ခြင်းတစ်ခုသာ ရှိသည်။ ထိုအရာသည် စစ်မှန်သော ယုံကြည်ခြင်းနှင့်ဆိုင်သည့် အရိပ်လက္ခဏာ တစ်ခုမျှ မရှိပေ။ ထို့ကြောင့် ပေတရုသည် ထိုစကားများကို ပြောဆိုပြီးသည့်နောက်တွင် တရားစီရင်ခံခဲ့ရခြင်း ဖြစ်သည်။ တရားစီရင်ခြင်းကို ရရှိပြီးသည့်နောက်တွင် တစ်ခုတလေကို သူ ရရှိခဲ့သလော။ (သူသည် မိမိအကြောင်းနှင့် ဘုရားသခင်၏ စိတ်သဘောထားအကြောင်းကို အနည်းငယ် ပို၍ နားလည်နိုင်ခဲ့သည်။) ထိုသို့သော တရားစီရင်ခြင်းသည် ကောင်းသောအရာတစ်ခုလော၊ သို့မဟုတ် ဆိုးသော အရာတစ်ခုလော။ အနည်းဆုံးအနေဖြင့် ထိုအရာမှာ သူ့အား “သခင်၊ ကျွန်ုပ်သည် စာတန်ဖြစ်ပါသလော။ ကျွန်ုပ် ကိုယ်တော့်ကို အမှန်တကယ် ယုံကြည်ပါသည်။ ကျွန်ုပ်သည် ကိုယ်တော့်ကို ချစ်သောသူတစ်ဦးဖြစ်သည်၊ ကိုယ်တော်၏ သစ္စာရှိသော နောက်လိုက်တစ်ဦးဖြစ်သည်။ အဘယ်သို့ စာတန်ဖြစ်နိုင်ရသနည်း”ဟု ရပ်တန့်ကာ စဉ်းစားစေခဲ့သည့် သူ့ကို မှင်တက်မိသွားစေခဲ့သောအရာတစ်ခု ဖြစ်သည်။ ထိုအရာကို တစ်ဖန် သေချာတွေးဆသည့်အခါ သူက “သခင်ယေရှုက ငါ့ကို ထိုမျှ ရှင်းလင်းပြီး ရိုးရှင်းသည့် စကားများဖြင့် ပြစ်တင်မောင်းမဲခဲ့သည်။ သူ့နောက်သို့ဆုတ်ရန် ငါ့ကို ပြောခဲ့ပြီး စာတန်ကဲ့သို့ ပြစ်တင်မောင်းမဲခဲ့သည်။ ဤသည်မှာ ငါသည် ဤကိစ္စရပ်တွင် စာတန်၏ကိုယ်စား ပြုမူဆောင်ရွက်ခဲ့သည်ဟု ဆိုလိုသည်။ မည်သည့်လူစားမျိုးသည် စာတန်၏ကိုယ်စား ပြုမူဆောင်ရွက်နိုင်သနည်း။ ဘုရားသခင်နှင့် သဟဇာတမဖြစ်သည့် လူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် အချိန်မရွေး၊ နေရာမရွေး၊ ဘုရားသခင်၏ ရန်သူဖြစ်လာလျက် ဘုရားသခင်ကို အတိုက်အခံလုပ်ကာ သစ္စာဖောက်နိုင်သည်၊ ဘုရားသခင်၏ အမှုတော်ကို ဖြိုဖျက်နိုင်ပြီး ဘုရားသခင်၏ အမှုတော်ကို အဖျက်အမှောင့်လုပ်ကာ ဖျက်ဆီးပစ်နိုင်သည်။ ဤသည်မှာ အလွန်ဆိုးရွားသည်။ ထိုကိစ္စတွင် ငါ ဘုရားသခင်နောက် အမြန်ဆုတ်ကာ နှုတ်ပိတ်နေလိုက်မည်”ဟု စဉ်းစားမိခဲ့သည်။ ဤအရာက ပေတရုသည် တဖြည်းဖြည်း အသိစိတ်ဝင်လာခဲ့ကြောင်း၊ သိနားလည်မှု ရရှိခဲ့ကာ ပြဿနာ၏ ဆိုးရွားမှုကို သဘောပေါက်ခဲ့ကြောင်း ပြသသည် မဟုတ်လော။ လူသည် အမြဲလူဖြစ်ကာ ဘုရားသခင်သည် အမြဲ ဘုရားသခင်ဖြစ်ပြီး လူနှင့် ဘုရားသခင်ကြားတွင် ကွာဟချက်တစ်ခုရှိသည်ကို သူ သဘောပေါက်ခဲ့သည်။ လူသည် ရည်ရွယ်ချက်ကောင်းများအရ ပြုမူဆောင်ရွက်သည့်အခါ ဤအရာကို အနှောင့်အယှက်နှင့် အဖျက်အမှောင့်လုပ်ခြင်းတစ်ခုအဖြစ် ဘုရားသခင်က မြင်သည်။ ဤသို့ တဖြည်းဖြည်း ရှေ့ဆက်လုပ်ဆောင်ခြင်းအားဖြင့် လူ့အပေါ် ဘုရားသခင်၏ တရားစီရင်ခြင်းသည် ကောင်းသော အရာတစ်ခု ဖြစ်သွားသလော။ (ဖြစ်သွားပါသည်။) သို့ဆိုလျှင် လူတစ်ဦးအတွက် မိုက်မဲမှုအနည်းငယ် ထုတ်ဖော်ပြရန်မှာ မကောင်းသည့်အရာတစ်ခု ဖြစ်သလော။ ဤကဲ့သို့ ကြည့်သည့်အခါ မကောင်းသည့် အရာတစ်ခု မဟုတ်ဘဲ ကောင်းသည့်အရာတစ်ခု ဖြစ်သည်။ ထိုအရာသည် ဖြစ်ချင်တော့ ကောင်းသည့်အရာတစ်ခု ဖြစ်သွားသည်ဟု အဘယ်ကြောင့် ငါတို့ ဆိုရသနည်း။ (ထိုအရာမှ လူတို့ အကျိုးရှိကြပါသည်။) မှန်၏၊ လူတို့သည် အကျိုးကျေးဇူးအချို့ကို ရရှိကြသည်။ ဤအကျိုးကျေးဇူးများသည် မည်သို့ဖြစ်လာသနည်း။ သင်သည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရပြီး ထိုအရာကို သင် ကျိုးနွံနာခံသည့်အခါ သင့်ကိုယ်သင် ဆန်းစစ်ပြီး ဘုရားသခင်ထံမှ လာသည့် အရာရာတိုင်း၊ ဘုရားသခင်၏ ဖော်ပြချက်များ၊ ဘုရားသခင်၏ ထုတ်ဖော်ချက်များအားလုံးနှင့် သင့်အပေါ် ဘုရားသခင် တောင်းဆိုသည့်အရာတိုင်းကို သင် လက်ခံပြီး ထိုအရာက သင်၏ စစ်မှန်မှု ဖြစ်လာကာ သင်၏ အသက်ဖြစ်လာသည့်အခါ သိပင်မသိလိုက်ဘဲနှင့် သင်၏ ဖောက်ပြန်ပျက်စီးခြင်းက သန့်စင်သွားလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် တရားစီရင်ခံရခြင်းသည် မကောင်းသည့်အရာတစ်ခုလော၊ သို့မဟုတ် ကောင်းသည့်အရာတစ်ခုလော။ (ကောင်းသည့်အရာတစ်ခုဖြစ်ပါသည်။) တရားစီရင်ခြင်းကို ရရှိရန် သင်တို့ လိုလားနေသလော။ (ကျွန်ုပ်တို့ လိုလားနေပါသည်။) သို့ဆိုလျှင် သင်တို့သည် နေ့စဉ် တရားစီရင်ခံရပါက အဆင်ပြေမည်လော။ ဤအရာက သင့်အား စားခွင့်၊ အိပ်ခွင့်၊ ပုံမှန်အတိုင်း အနားယူခွင့် ပေးမည်မဟုတ်။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ဘုရားသခင်က သင့်အား နောက်ဆုတ်ရန် ပြောမည်။ သူ အချိန်ရှိပါက သင့်ကို တရားစီရင်မည်။ ယင်းမှာ အဆင်ပြေမည်လော။ ဤအရာကို သင် ခံနိုင်မည်လော။ လူတို့သည် ဤအရာကို ခံနိုင်မည်မဟုတ်သကဲ့သို့ ထိုသို့သော အရာတစ်ခုကို ဘုရားသခင်က လုပ်ဆောင်မည်မဟုတ်။ သင် အလျင်အမြန် ကြီးထွားတိုးတက်ပြီး ရင့်ကျက်သည်ကို ဘုရားသခင်က အလေးအနက် လိုလားသည်။ ထို့ကြောင့် ဘုရားသခင်၏ တရားစီရင်ခြင်းတွင် အဆင့်များစွာ ရှိ၏။ တစ်ခါတစ်ရံ သူသည် ဒေါသထွက်ကောင်း ထွက်လာနိုင်ပြီး ထို့နောက်တွင် သင့်ကို နှစ်သိမ့်မှုအချို့ ပေးကောင်းပေးနိုင်သည်။ တစ်ခါတစ်ရံ သူသည် သင့်ကို ရိုက်နှက်ကောင်း ရိုက်နှက်နိုင်ပြီး ထို့နောက်တွင် သနားကရုဏာ ထားကောင်းထားနိုင်သည်။ ဘုရားသခင်သည် မကြာခဏ ဒေါသထွက်လာတတ်သော်လည်း သူ၏ ဒေါသကြားတွင် လူတို့ကို အသက်ရှူချိန်ပေးသည့် ကြားကာလများ ရှိ၏။ ဘုရားသခင်က လူတို့ကို ဤသို့ တိုက်ရိုက် တရားစီရင်ကာ ပြစ်တင်ရှုတ်ချသည့်အခါတွင်သာ အသက်တာတွင် ၎င်းတို့၏ ကြီးထွားတိုးတက်မှုကို အကူအညီ ပေးလိမ့်မည်ဖြစ်သည်။ သမ္မာတရားကို ရရှိရန် ဆင်းရဲဒုက္ခအနည်းငယ် ခံထိုက်ပေသည်။

ယုံကြည်လက်ခံမှုများကိုသာ စွဲကိုင်ကြသည့်လူများသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် ဆောင်ရွက်နိုင်ခြင်းမှ အလှမ်းဝေးကြပြီး ယုံကြည်လက်ခံမှုများသည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းအတွက် လုံလောက်သော အစားထိုးစရာတစ်ခုဖြစ်ခြင်းမှ အလှမ်းဝေးပေသည်။ ၎င်းတို့သည် ယုံကြည်လက်ခံမှုတစ်ခုပေါ် အခြေခံ၍ ဘုရားသခင်၌ ယုံကြည်ခြင်းရှိပါက လူတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံပြီး ဘုရားကိုကြောက်ရွံ့သော စိတ်နှလုံး ပိုင်ဆိုင်ရန် မဆိုထားနှင့်၊ ဘုရားသခင်ရှေ့မှောက်သို့ မည်သည့်အခါတွင်မျှ အမှန်တကယ် မလာနိုင်ကြပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ လူတို့၏ ယုံကြည်လက်ခံမှုများသည် သမ္မာတရားနှင့် မည်သည့်ပတ်သက်မှုမျှ မရှိသကဲ့သို့ ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီခြင်းမှ အလှမ်းဝေးပေသည်။ လူတို့တွင် ယုံကြည်လက်ခံမှုများရှိသည့်အခါ ဤအရာက သမ္မာတရားကို ၎င်းတို့ နားလည်သည်ဟု မဆိုလိုပေ။ ယုံကြည်လက်ခံမှုပေါ်အခြေခံသည့် ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်အတူ၊ လူတို့သည် ဘုရားသခင်၏ အမှုတော်ကို မည်သည့်အခါတွင်မျှ နားလည်ကြလိမ့်မည် မဟုတ်သကဲ့သို့ ထိုအမှုတော်ကို နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်ရုံသာ တတ်နိုင်ပေသည်။ ယုံကြည်လက်ခံမှုကို အခြေခံသည့် ယုံကြည်ခြင်းသည် လူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံရန် မဆိုထားနှင့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားလိမ့်မည်ဟု မဆိုလိုပေ။ သို့ဆိုလျှင် ပေတရုကို နောက်ထပ် မည်သည့်အရာ ဖြစ်ပျက်ခဲ့ပါသနည်း။ သခင်ယေရှု ကားစင်တင်သတ်ခြင်းမခံရမီတွင် သူသည် ပေတရုထံ “ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်ကြက်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်” (ရှင်မဿဲခရစ်ဝင် ၂၆:၃၄) ဟု ဆိုခဲ့သည်။ ပေတရုက တုံ့ပြန်သည့်အနေဖြင့် မည်သည့်အရာကို ပြောခဲ့သနည်း။ (“ကိုယ်တော်နှင့်တကွသေရသော်လည်း အကျွန်ုပ်သည်ကိုယ်တော်ကို မငြင်းမပယ်ပါ။” (ရှင်မဿဲခရစ်ဝင် ၂၆:၃၅)) ဟူ၍ ဖြစ်သည်။ ဤအရာက ပေတရုကို စိတ်ပျက်စေခဲ့ပြီး သခင်ပြောခဲ့သည့်အတိုင်း သူ လုပ်ဆောင်မည် မဟုတ်ဟု ငြင်းခဲ့သော်လည်း အဆုံးတွင် သခင်ယေရှု၏ စကားများကို အဖြစ်မှန်များက သက်သေထူခဲ့သည်။ ထိုအချိန်က ပေတရု၏ ယုံကြည်ကိုးစားခြင်းသည် သင်တို့ထက် သာ၍ ကြီးမားခဲ့သလော၊ နည်းပါးခဲ့သလော။ (သာ၍ကြီးမားခဲ့ပါသည်၊ သူသည် သခင့်ကို ကာကွယ်ရန်အလို့ငှာ ယဇ်ပရောဟိတ်မင်း အစေခံ၏ နားရွက်ကို ဖြတ်ခဲ့ပါသည်။) ယင်းမှာ တစ်ဇောက်ကန်းဖြစ်ခြင်းကြောင့် ဖြစ်သည်။ သခင်ယေရှုနှင့်ဆိုင်သည့် သူ၏ အသိနှင့် သခင်ယေရှု၏ ပင်ကိုလက္ခဏာကို အသိအမှတ်ပြုခြင်းတို့သည် သခင်ယေရှု၌ ပေတရု၏ ယုံကြည်ခြင်း အတိုင်းအတာကို ကိုယ်စားပြုပေသည်။ ဤအရာက သူ့အား “ငါ့ သခင်ကို ထိသောသူမည်သူမဆို ငါ အသက်စွန့်ကာ တိုက်ခိုက်မည်”ဟု ဆိုလျက် သခင်ယေရှုအတွက် အသည်းအသန် တိုက်ခိုက်စေခဲ့သည်။ သူ၏ ယုံကြည်ခြင်းသည် ဤအဆင့်ထိ ရောက်ရှိခဲ့ပြီးဖြစ်သော်လည်း ဘုရားသခင် အလိုရှိသည်မှာ လူ၏ တစ်ဇောက်ကန်းဖြစ်ခြင်းလော။ ဧကန်မုချ မဟုတ်ပေ။ ပေတရု၏ ယုံကြည်ခြင်းသည် သခင့်အတွက် သူ အသက်စွန့်မည့်အဆင့်ထိ ရောက်ရှိခဲ့သော်လည်း ထို့နောက်တွင် ပေတရုသည် အဘယ်ကြောင့် သခင့်ကို သုံးကြိမ် ငြင်းပယ်ခဲ့သေးသနည်း။ ယင်းမှာ သခင်ယေရှု၏ ပရောဖက်ပြုချက်အားဖြင့် ဤအရာကို သူလုပ်ဆောင်ဖို့ ကံစီမံထားခဲ့သောကြောင့် ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် အကြောင်းရင်းမှာ အဘယ်နည်း။ အဘယ်ကြောင့် သူသည် အလွန် သူရဲဘောကြောင်ခဲ့သနည်း။ သူသည် သခင်ယေရှုအတွက် အခြားသူများကို တိုက်ခိုက်ရင်း မိမိအသက်ကို စွန့်စားနိုင်ကာ တစ်စုံတစ်ဦး၏ နားရွက်ကို ဖြတ်ပစ်နိုင်ခဲ့သည်။ သခင်ယေရှုအတွက် သူ၏ ချစ်ခြင်းမေတ္တာကြောင့် သူသည် စိတ်ရင်းအမှန်ဖြင့် ဤစကားများကို ပြောဆိုကာ ထိုအတိုင်း ပြုမူဆောင်ရွက်နိုင်ခဲ့သည်၊ ယင်းက သူ၏ ထူးခြားသော စစ်မှန်ရိုးသားမှုကို ပြသခဲ့ပေသည်။ ထို့ကြောင့် အချိန်ကျလာသည့်အခါ သခင့်ကို သူ အဘယ်ကြောင့် အသိအမှတ် မပြုဝံ့ခဲ့သနည်း။ (အဘယ်ကြောင့်ဆိုသော် အကျိုးဆက်များကို သူ သိခဲ့သောကြောင့်ဖြစ်ပါသည်။ ထိုအချိန်က သူ့ကို ရောမစစ်သားများက မိသွားခဲ့လျှင် သူ အသေသတ်ခြင်း ခံခဲ့ရမည်ဖြစ်သည်။ အမိခံရမည်ကို သူ ကြောက်ခဲ့ပြီး ထို့အတူ သေခြင်းကိုလည်း ကြောက်ရွံ့ခဲ့သည်။) အဓိကအကြောင်းရင်းမှာ သူ၏ အသက်ကို ကယ်ဆယ်လိုသော သူ၏ လိုအင်ဆန္ဒဖြစ်သည်။ ပေတရုက ယုံကြည်လက်ခံမှုများ စွဲကိုင်ခဲ့သည်မှာ မှန်သော်လည်း စစ်မှန်သော ယုံကြည်ခြင်း၏ အရိပ်လက္ခဏာများ သူ့ထံတွင် ရှိခဲ့သလော။ ထိုအချိန်က သခင်ယေရှုက ခရစ်တော်၊ အသက်ရှင်သော ဘုရားသခင်၏ သားတော်နှင့် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ကြောင်းကို ပေတရု သဘောပေါက်နှင့်ခဲ့ပြီးသား ဖြစ်သည်။ သူ့ထံတွင် ထိုသို့သော စစ်မှန်သည့် ယုံကြည်ခြင်း ရှိခဲ့သည်။ သို့ဆိုလျှင် သူသည် အဘယ်ကြောင့် အလွန် သူရဲဘောကြောင်ရသေးသနည်း။ (သူ ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့ခဲ့သောကြောင့် ဖြစ်ပါသည်။) သူသည် သူ၏ အသက်ကို မြတ်နိုးတန်ဖိုးထားကာ သေခြင်း၊ ဆင်းရဲဒုက္ခခံစားခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ညှဉ်းဆဲမှုကို ကြောက်ရွံ့ခဲ့သည်။ အကြောင်းရင်းက မည်သည့်အရာ ဖြစ်ခဲ့သည်ဖြစ်စေ အဆုံးတွင် သူသည် သခင့်ကို သုံးကြိမ် ငြင်းပယ်ခဲ့ဆဲဖြစ်သည်။ ထိုအရာမှာ သခင်ယေရှုက “ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်ကြက်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်”ဟု ဆိုခဲ့သည့်အတိုင်းပင် ဖြစ်သည်။ ပေတရု၌ ဤစကားများ ဧကန်အမှန် ပြီးပြည့်စုံခဲ့သည်။ အဘယ်ကြောင့် သခင်ယေရှုသည် ထိုသို့သော အရာများကို ပြောဆိုနိုင်ခဲ့ပြီး ပေတရုနှင့်ပတ်သက်၍ ထိုသို့သော ကောက်ချက်များချနိုင်ခဲ့သနည်း။ (ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးများ အတွင်းကျကျကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။) ပေတရု၏ စိတ်နှလုံးတွင် ဘုရားသခင်က မည်သည့်အရာကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခဲ့သနည်း။ (ပေတရု၏ ဝိညာဉ်ရင့်ကျက်မှုနှင့် ဘုရားသခင်၌ သူ၏ ယုံကြည်ခြင်း ဖြစ်သည်။) သခင်ယေရှုက ပေတရု၏ ဝိညာဉ်ရင့်ကျက်မှုနှင့် သူ၏ ယုံကြည်ကိုးစားခြင်း အတိုင်းအတာကို မြင်ခဲ့သည်။ ထိုသို့သော သေးငယ်သည့် ဝိညာဉ်ရင့်ကျက်မှုနှင့်အတူ သခင့်ကို သူ သုံးကြိမ်ငြင်းခဲ့သည်မှာ ထိုမျှ အံ့အားသင့်ဖွယ် ဖြစ်သလော။ သူ၏ ဝိညာဉ်ရင့်ကျက်မှုကြောင့် အခြေအနေကို ထောက်သော် သူ လုပ်ဆောင်ခဲ့သည့်အတိုင်း သူ ပြုမူခဲ့မည်မှာ ရှောင်လွှဲမရနိုင်ပေ။ သူသည် ထိုအချိန်က ထိုမျှနည်းပါးသည့် ယုံကြည်ကိုးစားမှုသာ အဘယ်ကြောင့် ရှိခဲ့ပါသနည်း။ (ထိုအချိန်တွင် ပေတရုသည် သခင်ယေရှုနောက် သုံးနှစ်ခန့် လိုက်ခဲ့ပြီးဖြစ်သောကြောင့် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခဲ့သည်မှာ အလွန်နည်းပါးခဲ့သည်။) သခင်ယေရှုနောက် သုံးနှစ်လိုက်ပြီးသည့်နောက်တွင်ပင် သူ၏ ယုံကြည်ကိုးစားမှုက အလွန်နည်းပါးခဲ့သည်။ ယင်းမှာ ထိုအချိန်က သူ၏ ဝိညာဉ်ရင့်ကျက်မှုဖြစ်ခဲ့သည်။ သူ၏ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားတိုးတက်ခြင်းကို အတွေ့အကြုံ ဆက်လက်နက်သည်ထက် နက်လာခြင်းမှတစ်ဆင့် စွမ်းဆောင်ရရှိခဲ့ခြင်း ဖြစ်သည်။

စစ်မှန်သည့် ယုံကြည်ကိုးစားမှုမရှိဘဲ ဘုရားသခင်နောက် လိုက်ခြင်းသည် အဆင်ပြေသလော။ လူတို့အတွက် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်း ရှိရန်မှာ မည်သည့်အရာကို အမှန်တကယ် ဆိုလိုသနည်း။ ဤအရာကို ဖြစ်နိုင်သမျှ အရိုးရှင်းဆုံး ဝေါဟာရဖြင့် ပြောရမည်ဆိုပါက ထိုအရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်အားလုံးကို သင်၏ ယုံကြည်ကိုးစားမှု အတိုင်းအတာနှင့် သင် အမှန်တကယ် ယုံကြည်နိုင်သည့် အတိုင်းအတာ ဖြစ်သည်။ ဂဃနဏဆိုရလျှင် သင်၏ စိတ်နှလုံးတွင် ဘုရားသခင် ပြောဆိုသည့် စကားများ၏ ပြီးပြည့်စုံခြင်းနှင့် ပြီးပြည့်စုံခြင်း နည်းလမ်း၊ ဘုရားသခင် စီမံထားသည့် အရာများ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များ၊ လူတို့၏ အနာဂတ် ခရီးပန်းတိုင်များကို ဘုရားသခင် စီစဉ်ပုံနှင့် အခြားထိုသို့သော အရာများအားလုံးကို သင် ယုံကြည်ပြီး အသိအမှတ်ပြုနိုင်သည့် အတိုင်းအတာအပြင် ဤအရာများ၌ စစ်မှန်သည့် ယုံကြည်ကိုးစားမှု သင်ရှိသည့် အတိုင်းအတာ ဖြစ်သည်။ ထိုအချိန်တွင် ပေတရုသည် သခင်ယေရှု၏ အမည်နာမကိုပင် အသိအမှတ်မပြုဝံ့ခဲ့၊ သို့မဟုတ် သခင်ယေရှုနှင့် သူ၏ ဆက်နွှယ်မှုကို အသိအမှတ်မပြုဝံ့ခဲ့ပေ။ သူ့ထံတွင် ယုံကြည်ကိုးစားမှု အနည်းငယ်သာ ရှိခဲ့ပြီး ဤနည်းပါးသည့် ယုံကြည်ကိုးစားမှုက သူ၏ အမှန်တကယ်ဖြစ်သော ဝိညာဉ်ရင့်ကျက်မှုကို ညွှန်ပြခဲ့သည်။ သူ၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုမှာ အဘယ်နည်း။ (သူသည် သခင်ယေရှုကို ခရစ်တော်အဖြစ်သာ အသိအမှတ်ပြုခဲ့သော်လည်း ဘုရားသခင်ကို သိရှိခြင်း နည်းပါးခဲ့သည်။) သူ့ထံတွင် ထိုမျှသေးငယ်သည့် ဝိညာဉ်ရင့်ကျက်မှုရှိခဲ့ပြီး ဤအရာထက် ကျော်လွန်၍ မလုပ်ဆောင်နိုင်ခဲ့ပေ။ ထို့ကြောင့် သင်တို့အနေဖြင့် လတ်တလောတွင် ဘုရားသခင်၌ ယုံကြည်ခြင်း မည်သည့်အတိုင်းအတာထိ ရှိသနည်း။ သင်၏ ယုံကြည်ခြင်းသည် ပေတရု၏ ယုံကြည်ခြင်းထက် သာ၍ အားကောင်းသလော။ သာ၍ အားနည်းသလော။ အတူတူပင် ဖြစ်သလော။ (ခရစ်တော်ကို အသိအမှတ်ပြုခြင်းအရ အတူတူပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် ပေတရုထက် သမ္မာတရားကို အနည်းငယ် သာ၍ သိနားလည်ကြသော်လည်း ဤသမ္မာတရားများစွာထဲသို့ မဝင်ရောက်ရသေးပါ။) ဘုရားသခင်၌ လူတို့၏ ယုံကြည်ခြင်းက သူသည် ဘုရားသခင်ဖြစ်ကြောင်း အသိအမှတ်ပြုခြင်း၊ ဘုရားသခင်သည် အရာရာကို စီစဉ်ညွှန်ကြားကာ စီစဉ်နိုင်ကြောင်းနှင့် သူသည် အရာခပ်သိမ်းအပေါ်၊ သင်၏ ကံကြမ္မာအပေါ်နှင့် သင်၏ ဘဝအပေါ် အချုပ်အခြာအာဏာ ရှိကြောင်း အသိအမှတ်ပြုခြင်းမျှတွင် ရပ်တန့်သွားလျှင်၊ ဤအရာကိုသာ သင် အသိအမှတ်ပြုသော်လည်း ယုံကြည်ခြင်း အရိပ်လက္ခဏာ အနည်းငယ်မျှသာ ရှိကာ ကျိုးနွံနာခံမှု အရိပ်လက္ခဏာမှာ ပို၍နည်းပါးပြီး မရှိသလောက်ပင်ဖြစ်သည့်အပြင် ဘုရားသခင်ကို စောင့်ဆိုင်းခြင်းနှင့် ရှာဖွေခြင်း အရိပ်လက္ခဏာ တစ်ခုမျှ မရှိပါက ဤသည်မှာ မည်သည့် ယုံကြည်ခြင်းမျိုး ဖြစ်သနည်း။ ဘုရားသခင်ကို သင် ယုံကြည်ကြောင်း၊ ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိပြီး အရာရာကို စီစဉ်ညွှန်ကြားကြောင်း၊ လူတို့၏ အသက်တာများကို ဘုရားသခင်က ၎င်းတို့ထံ ပေးထားခြင်းဖြစ်ကြောင်းနှင့် သင့်ကို ဘုရားသခင် စေခိုင်းသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကာ ဘုရားသခင်အတွက် သင်၏ အသက်ကိုပင် စွန့်မည်ဖြစ်ကြောင်း သင် အမြဲ ပြောဆိုသည်။ သို့ရာတွင် ထို့နောက်၌ လူတို့က “ယင်းမှာ သင်၏ ဘုရားသခင် ဖြစ်သလော”ဟု မေးကြသည့် ပေတရု တွေ့ကြုံခဲ့သကဲ့သို့သော အခြေအနေတစ်ခုကို သင် ကြုံရသည်။ သင်က “အနီးအနားတွင် မယုံကြည်သူများ ရှိကြသည်။ သူ့ကို ငါ အသိအမှတ်ပြုလိုက်လျှင် ငါ အဖမ်းခံရမည်မဟုတ်လော။ အရေးကြီးသည့် အချိန်များတွင် ဉာဏ်ပညာကို ငါတို့ အသုံးပြုနိုင်ပြီး သူ့ကို အသိအမှတ်ပြုခြင်းမှ ရှောင်ကြဉ်နိုင်သည်ဟု ဘုရားသခင် ပြောပြီးလေပြီ။ ထို့ကြောင့် ငါ ဉာဏ်ပညာကို အသုံးပြုမည်ဖြစ်ပြီး ဘုရားသခင်က ငါ့ကို ဗွေယူမည် မဟုတ်ပါ”ဟု တွေးလျက် ထိုကိစ္စကို အချိန်ယူ တွေးဆလိမ့်မည်။ သင်၏ အသက်ကို သင် တန်ဖိုးထားပြီး သူရဲဘောကြောင်လျှင် သင်သည် ဘုရားသခင်ကို အသိအမှတ်ပြုဝံ့မည်မဟုတ်သကဲ့သို့ ဘုရားသခင်ကို ငြင်းပင်ငြင်းပယ်နိုင်သည်။ ထိုသို့သော အချိန်တစ်ခုတွင် ဘုရားသခင်က အရာခပ်သိမ်းပေါ် အချုပ်အခြာအာဏာရှိသည်ဟု သင် ယုံကြည်သည့် ယုံကြည်ကိုးစားမှုမှာ အဘယ်မှာရှိသနည်း။ (မရှိပါ။) သာမန် အချိန်များအတွင်းတွင် သင်၌ ရှိခဲ့သည်ဟု သင် တွေးထင်ခဲ့သည့် ယုံကြည်ကိုးစားမှုမှာ စစ်မှန်သလော၊ သို့မဟုတ် အတုအယောင်ဖြစ်သလော။ (အတုအယောင်ဖြစ်ပါသည်။) အထူးသဖြင့် သင်၏ အယူအဆများ သို့မဟုတ် အကြိုက်များကို ချိုးဖောက်ပြီး ထိုကိစ္စတွင် ဘုရားသခင် ရည်ရွယ်ချက်က အပြည့်အဝ ထုတ်ဖော်ခြင်းမရှိသည့် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ထိုကိစ္စရပ်တွင် ကျိုးနွံနာခံရန် ဘုရားသခင် သင့်ကို တောင်းဆိုပေသည်။ သင့်အနေဖြင့် သင်ခန်းစာတစ်ခု သင်ယူနိုင်ရန်အလို့ငှာ ဤပတ်ဝန်းကျင်ကို သူ စီစဉ်ထားခြင်း ဖြစ်သည်။ သို့ဆိုလျှင် သင်မည်သည့်အရာကို လုပ်သနည်း။ ဥပမာအားဖြင့် သင်သည် အထူးသဖြင့် အားကောင်းသည့် ယုံကြည်ခြင်းရှိပြီး အထူးသဖြင့် ဘုရားတရားကိုင်းရှိုင်းကာ ရိုးသားစစ်မှန်သော်လည်း ဘုရားသခင်က သင့်အား ဘာသာတရားမရှိသူတစ်ဦးဖြစ်သည့်အလား ဆက်ဆံလျက် သင်၏ အယူအဆများနှင့် မကိုက်ညီသည့် ပတ်ဝန်းကျင်တစ်ခု စီစဉ်ပေးသည်ဆိုပါစို့။ မတရားခံရသည်ဟု ခံစားရလျက် သင်၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်သွားလိမ့်မည်ဖြစ်ကာ သင်၏ စိတ်နှလုံးတွင် “အို ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ် ယုံကြည်ပါသည်၊ ကိုယ်တော့်အတွက် ကျွန်ုပ် အသက်ရှင်ပါသည်၊ သို့တိုင် ကျွန်ုပ်ကို ဘာသာတရားမရှိသူများအလယ်တွင် ထားရှိကာ ညစ်ညူးသည့် ဝိညာဉ်များဖြင့် ကျွန်ုပ်ကို ရောနှောစေလျက် ကျွန်ုပ်အတွက် ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ခုကို ကိုယ်တော် စီစဉ်ပေးခဲ့သည်။ ဤအရာဖြင့် ကျွန်ုပ် ညစ်ညမ်းလာမည် မဟုတ်ပါလော။ ကျွန်ုပ်သည် သန်ရှင်းသော လူတစ်ဦး၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် လူတစ်ဦးအဖြစ် သီးခြားသတ်မှတ်ခြင်း ခံရပါသည်။ ကိုယ်တော်သည် ဤအရာကို မစီစဉ်ခဲ့သင့်ပါ။ ကိုယ်တော့်ကို ကျွန်ုပ် မည်မျှ လွမ်းဆွတ်သတိရသည်ကို၊ ကိုယ်တော့်ကို ကျွန်ုပ် မည်မျှချစ်သည်ကို ကိုယ်တော် သိပါသလော။ ကိုယ်တော်နှင့် ကျွန်ုပ် မခွဲခွာနိုင်ပါ။ ကိုယ်တော် ကျွန်ုပ်ကို ဤကဲ့သို့ ဆက်ဆံ၍မရပါ၊ ကျွန်ုပ်အတွက် မမျှတပါ”ဟု ဆိုလျက် ဘုရားသခင်ကို မကျေမနပ်ပြောလိမ့်မည်။ ဤသို့ဆိုလျှင် အဘယ်နည်း။ သင်၏ အယူအဆများနှင့် မကိုက်ညီသည့် အရာများကို သင် ကြုံရသည့်အခါ သင်၏ ကျိုးနွံနာခံခြင်းက အဘယ်မှာနည်း။ (မရှိပါ။) ကျိုးနွံနာခံခြင်းကို မည်သည့်အရာနှင့် သင် အစားထိုးသနည်း။ (မကျေမနပ်ပြောခြင်းများ၊ အထင်လွဲခြင်းများ၊ အတိုက်အခံလုပ်ခြင်းများနှင့် အစားထိုးပါသည်။) ဤသည်မှာ စစ်မှန်သည့် ယုံကြည်ကိုးစားမှုလော။ စစ်မှန်သည့် ယုံကြည်ခြင်းက မည်သည့်အရာ ပိုင်ဆိုင်သင့်သနည်း။ ထိုယုံကြည်ခြင်းက သူ့ကိုယ်သူ မည်သို့ ပြသသနည်း။ (ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းဖြစ်သည်။) အဖြစ်အပျက်တစ်ခုတည်းက တစ်စုံတစ်ဦးတွင် စစ်မှန်သည့် ယုံကြည်ကိုးစားမှု ရှိမရှိဆိုသည်ကို ထုတ်ဖော်၏။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။