၂၁၇ ကျွန်ုပ် အလွန်နောင်တရမိသည်
၁ ဇိအုန်ထံ ဘုရားသခင် ပြန်သွားမည်ကို ကျွန်ုပ်ကြားကာ မည်သို့ခံစားရမည်ကို မသိပေ။ ဘုရားသခင်ကို ကျွန်ုပ် နှစ်များစွာ ယုံကြည်ခဲ့သော်လည်း ကျွန်ုပ်၏ တာဝန်ကို ကောင်းမွန်စွာ ကျွန်ုပ် မလုပ်ဆောင်ခဲ့၊ ကျွန်ုပ် စိတ်နှလုံးထဲတွင် နက်ရှိုင်းသော နောင်တကို ခံစားရသည်။ ဘုရားသခင်၏ မြောက်များစွာသော ချစ်ခြင်းမေတ္တာကို ကျွန်ုပ် ခံစားခဲ့သည်၊ သို့သော် မည်သည့်အခါကမျ တစ်စုံတစ်ရာ ပြန်မပေးခဲ့ပါ။ လက်တွေ့လုပ်ဆောင်ရန် အခွင့်အရေးများစွာ ဘုရားသခင် ကျွန်ုပ်ကို ပေးခဲ့၏၊ သို့သော် ယင်းတို့အားလုံးကို ပေါ့ပေါ့ဆဆ ပုံစံဖြင့် ချဉ်းကပ်ခဲ့သည်၊ ယင်းအစား အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အခွင့်အလမ်းတို့ကို ကျွန်ုပ် တစ်စိုက်မတ်မတ် ရှာဖွေခဲ့ပြီး ကျွန်ုပ်၏ အနာဂတ် ကံကြမ္မာအတွက် အစီအစဉ်များ လုပ်ခဲ့သည်။ အလွန်အကျွံ ဆန္ဒများဖြင့် ပြည့်နှက်ကာ၊ ကျွန်ုပ်သည် အမှန်တကယ် အရှက်ကင်းမဲ့ပြီး၊ အချိန်ကောင်းများစွာ ကျွန်ုပ် ဖြုန်းတီးမိခဲ့သည်။ ယခု ကျွန်ုပ်တို့ကို ဘုရားသခင် စွန့်ခွာတော့မည်၊ ကျွန်ုပ် အလွန်နောင်တရမိပါသည်။
၂ ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာ ကျွန်ုပ် ဖတ်ပြီးသော်လည်း၊ အယူဝါဒကို နားလည်ခြင်းတစ်ခုဖြင့်သာ ကျွန်ုပ် ကိုယ့်ဘာသာ ရောင့်ရဲမိလေပြီ။ ကျွန်ုပ်၏ လုပ်ရပ်များအပေါ် သုံးသပ်ဆင်ခြင်ရင်း၊ သမ္မာတရား၏ စစ်မှန်မှု လုံးဝ ကျွန်ုပ် မပိုင်ဆိုသည်ကို တွေ့ရပေ။ ကျွန်ုပ်၏ ကိုယ်ပိုင် သဘာဝနှင့်အနှစ်သာရတို့ကိုကြည့်ရင်း၊ သမ္မာတရားကို ကျွန်ုပ် မချစ်မှန်း မြင်ရပေ။ ပြီးဆုံးခဲ့သည့်အရာကို ကျွန်ုပ် တစ်ချိန်ချိန် မည်သို့ ပြန်လည်ရယူနိုင်မည်နည်း။ ဘုရားသခင် ကျွန်ုပ်ကို စွန့်ပစ်ပြီးဖြစ်မည်ကို ကျွန်ုပ် စိုးရိမ်ကြောက်ရွံ့မိသည်။ ကျွန်ုပ် အလွန်နောင်တရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ရှုသည့်အခါ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျွန်ုပ် အဘယ့်ကြောင့် လက်မခံခဲ့သနည်း။ ကျွန်ုပ်၏ နောင်တ အလွန်အရောက်နောက်ကျသည် မကျသည်ကို ကျွန်ုပ် မသိပါ၊ ကျွန်ုပ် အလွန် နောင်ရမိပါသည်။ ဘုရားသခင်က ကျွန်ုပ်ကို နောက်ထပ် အခွင့်အရေး ပေး၊ မပေး ကျွန်ုပ် မသိပါ၊ ကျွန်ုပ် အလွန်နောင်တရမိပါသည်။