၁၂၅ ဘုရားသခင်သည် အပြည့်အဝ ဘုန်းတော်ထင်ရှားပြီ

၁ ယေရှုသည် ကမ္ဘာမြေပေါ်တွင် သုံးဆယ်သုံးနှစ်ခွဲကြာ ရှိခဲ့သည်၊ သူသည် ကားစင်တင်ခံရခြင်း အမှုကိုပြုရန် ကြွလာခဲ့ပြီး၊ ကားစင်တင်ခံရခြင်းမှတဆင့် ဘုရားသခင်သည် သူ၏ ဘုန်းအသရေ တစ်စိတ်တစ်ပိုင်းကို ရရှိခဲ့သည်။ ဘုရားသခင် လူ့ဇာတိခံသောအခါတွင်၊ သူသည် နှိမ့်ချပြီး ကွယ်ဝှက်နေနိုင်ခဲ့ကာ ကြီးမားသော ဆင်းရဲဒုက္ခကို သည်းခံနိုင်ခဲ့သည်။ သူသည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ခဲ့သော်လည်း၊ အရှက်ရမှုတိုင်းနှင့် ပုတ်ခတ်ဝေဖန်မှုတိုင်းကို ကြံ့ကြံ့ခံခဲ့ရဆဲဖြစ်ပြီး၊ ရွေးနုတ်ခြင်းအမှုကို ပြည့်စုံစေရန်အလို့ငှာ လက်ဝါးကားတိုင်တွင် သံမှိုနှက်ခံရခြင်းဖြင့် ပြင်းစွာသော နာကျင်မှုကို သူ သည်းခံခဲ့သည်။ အမှု၏ ဤအဆင့်ရှိ အဆုံးသတ်သွားသောအခါ၊ ဘုရားသခင်သည် ကြီးစွားသော ဘုန်းအသရေကို ရရှိခဲ့ပြီးဖြစ်သည်ကို လူတို့က မြင်ခဲ့ကြသော်လည်း၊ ဤသည်မှာ သူ၏ ဘုန်းအသရေအလုံးစုံ မဟုတ်ခဲ့ပေ။ ယင်းသည် ယေရှုထံမှ သူရရှိခဲ့သော သူ၏ ဘုန်းအသရေ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သည်။ ယေရှုသည် ဆင်းရဲဒုက္ခတိုင်းကို သည်းခံနိုင်ခဲ့သော်လည်း၊ နှိမ့်ချကာ ကွယ်ဝှက်နိုင်ခဲ့သော်လည်း၊ ဘုရားသခင်အတွက် ကားစင်တင် ခံနိုင်ခဲ့သော်လည်း၊ ဘုရားသခင်သည် သူ၏ ဘုန်းအသရေ အစိတ်အပိုင်း တစ်ခုကိုသာ ရရှိခဲ့ပြီး၊ သူ၏ ဘုန်းအသရေကို ဣသရေလတွင် ရရှိခဲ့သည်။ ဘုရားသခင်သည် ဘုန်းအသရေ၏ အခြား အစိတ်အပိုင်းတစ်ခု ရှိနေဆဲဖြစ်သည်- လက်တွေ့ကျကျ အမှုပြုရန်နှင့် လူတစ်စုကို စုံလင်စေရန် ကမ္ဘာမြေသို့ ကြွလာခြင်း ဖြစ်သည်။

၂ လူများသည် ဘုရားသခင်၏ စုံလင်စေခြင်းခံရပြီး သူ၏ ရှေ့မှောက်တွင် စွန့်လွှတ်အပ်နှံနိုင်ကြကာ၊ ဘုရားသခင်ကို လုံးဝ နာခံနိုင်ပြီး၊ ၎င်းတို့၏ မျှော်လင့်ချက်များနှင့် ကံကြမ္မာကို ဘုရားသခင်လက်ထဲသို့ ချန်ထားနိုင် သည့်နေ့ရက် ရောက်သောအခါတွင်၊ ဘုရားသခင်၏ ဘုန်းအသရေ ဒုတိယပိုင်းကို လုံးဝ ရရှိပြီးဖြစ်လိမ့်မည်။ ယင်းမှာ လက်တွေ့ကျသော ဘုရားသခင်၏ အမှု လုံးဝ ပြီးစီးပြီးချိန်တွင်၊ တရုတ်ပြည်မကြီးရှိ သူ၏အမှုသည် အဆုံးသတ်သို့ ရောက်လာလိမ့်မည်ဟု ဆိုရပေမည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ ခွဲခန့်မှတ်သားခံထားရပြီး၊ ရွေးချယ်ခံထားရသူများသည် စုံလင်စေခြင်းခံရပြီးချိန်တွင်၊ ဘုရားသခင် ဘုန်းထင်ရှားလိမ့်မည် ဖြစ်သည်။ ဘုရားသခင်က သူသည် သူ၏ ဘုန်းအသရေ ဒုတိယပိုင်းကို အရှေ့အရပ်သို့ ဆောင်ကြဉ်းပြီး ဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း၊ ဤအရာကို ပကတိမျက်စိဖြင့် မမြင်နိုင်ပေ။ ဘုရားသခင်သည် သူ၏ အမှုကို အရှေ့ရပ်သို့ ဆောင်ကြဉ်းပြီးဖြစ်သည်- သူသည် အရှေ့အရပ်သို့ ကြွလာနှင့်ပြီးဖြစ်ကာ ဤသည်မှာ ဘုရားသခင်၏ ဘုန်းအသရေ ဖြစ်သည်။ ယနေ့တွင်၊ သူ၏ အမှုသည် ပြီးစီးခြင်း မရှိသေးသော်လည်း၊ ဘုရားသခင်သည် အမှုပြုရန် ဆုံးဖြတ်ပြီးဖြစ်သောကြောင့် ယင်းသည် ဧကန်မုချ ပြီးမြောက်ရပေမည်။ ဘုရားသခင်သည် ဤအမှုကို တရုတ်ပြည်တွင် ပြီးမြောက်ရန် ဆုံးဖြတ်ပြီးဖြစ်ကာ၊ သင်တို့ကို စုံလင်စေရန် စိတ်ဆုံးဖြတ်ပြီးဖြစ်သည်။ ထို့ကြောင့်၊ သူသည် သင်တို့ကို လွတ်လမ်း မပေးပေ- သူသည် သင်တို့၏ နှလုံးသားများကို သိမ်းပိုက်နှင့်ပြီးဖြစ်ကာ၊ သင်ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ သင်ဆက်သွားရမည် ဖြစ်ပြီး၊ ဘုရားသခင်၏ ရယူခြင်းကို သင်တို့ခံရသည့်အခါတွင်၊ ဘုရားသခင် ဘုန်းထင်ရှားပေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ” နှင့်ပတ်သက်၍ အကျဉ်းချုပ်ဆွေးနွေးချက်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၁၂၄ အဆင်းနီသော နဂါးကြီးတိုင်းပြည်ရှိ ဘုရားအမှု၏ အဓိပ္ပာယ်ကျူး

နောက်တစ်ခုသို့- ၁၂၆ နောက်ဆုံးသောကာလ၏ ခရစ်တော်သည် ဘုရားစီမံခန့်ခွဲမှုအစီအစဉ်၏ နက်နဲမှုကို ဖွင့်ပြသည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

၁၄ ဘုရားသခင်သည် အရှေ့ရပ်၌ဘုန်းတော်နဲ့ ထင်ရှား

၁ စကြဝဠာတစ်ခုလုံး ၌ ဘုရားသခင် အမူတော် ဆောင်ရွက်နေ အရှေ့ဘက်က မိုးခြိမ်းသံများ မရပ် ဂိုဏ်းအယူဝါဒ အသင်းခွဲအားလုံး တုန်လှုပ်စေသူတို့အားလုံးကို...

၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

၁ယောဘဟာ သူလက်ထဲပိုင်သမျှသူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲသူ လိုက်နာရမယ့်...

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။