၁၂၆ နောက်ဆုံးသောကာလ၏ ခရစ်တော်သည် ဘုရားစီမံခန့်ခွဲမှုအစီအဉ်၏ နက်နဲမှုကို ထုတ်ဖော်သည်ကျူး
၁ နောက်ဆုံးသောကာလ အတွင်းတွင် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ထဲက အမှုအားလုံးကို သင်တို့ထံ ထုတ်ဖော်ပြသလေသည်။ ဤသည်မှာ နက်နဲမှုကို ဖော်ထုတ်ပြသခြင်း ဖြစ်သည်။ ဤနက်နဲမှုမျိုးသည် မည်သည့် လူကမျှ ထုတ်ဖော်မပြနိုင်သည့် အရာတစ်ခု ဖြစ်သည်။ လူသားသည် သမ္မာကျမ်းစာနှင့်ဆိုင်သည့် မည်မျှ ကြီးမားသော သိနားလည်မှုရှိပါစေ၊ လူသားသည် သမ္မာကျမ်းစာ၏ အနှစ်သာရကို နားမလည်သည့်အတွက် ယင်းသည် စကားလုံးများထက် ဘာမျှမပိုပေ။ သမ္မာကျမ်းစာကို ဖတ်ရှုရာတွင်၊ လူသည် သမ္မာတရား အချို့ကို နားလည်ကောင်း နားလည်နိုင်သည်၊ စကားလုံးအချို့ကို ရှင်းပြကောင်း ရှင်းပြနိုင်သည် သို့မဟုတ် ကျော်ကြားသော ကျမ်းပိုဒ်အချို့နှင့် အခန်းကြီးအချို့ကို ကောင်းကောင်း လေ့လာဆန်းစစ်နိုင်သည်၊ သို့သော်လည်း လူအားလုံး မြင်သည်မှာ အသက်မရှိသော စကားလုံးများသာ ဖြစ်ပြီး ယေဟောဝါနှင့် ယေရှုတို့ အမှု၏ မြင်ကွင်းများ မဟုတ်သည့်အတွက် ထိုစကားလုံးများတွင် ပါဝင်သော အဓိပ္ပာယ်ကိုမူ သူသည် မည်သည့်အခါမျှ ထုတ်ယူနိုင်မည် မဟုတ်သကဲ့သို့၊ လူသားသည် ဤအမှု၏ နက်နဲမှုကို ဖြေရှင်းခြင်းငှာ နည်းလမ်းမရှိပေ။
၂ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲမှုသည် အကြီးမားဆုံး နက်နဲမှု ဖြစ်သည်၊ လူသားအဖို့ အနက်နဲဆုံး ကွယ်ဝှက်ထားပြီး လုံးလုံးလျားလျား နားမလည်နိုင်သည့်အရာ ဖြစ်သည်။ ဘုရားသခင်က လူသားကို ကိုယ်တိုင် ရှင်းပြပြီး ထုတ်ဖော်မပြပါက၊ မည်သူမျှ ဘုရားသခင်၏ အလိုကို သဘောမပေါက်နိုင်ပေ။ သို့မဟုတ်ပါက၊ ဤအရာတို့သည် အလုံပိတ်ထားသော နက်နဲရာများအဖြစ် အစဉ်အမြဲ ကျန်ရှိလျက်၊ လူသားအဖို့ အစဉ်အမြဲ ပဟေဠိ ဖြစ်ကျန်လိမ့်မည် ဖြစ်သည်။ ဘာသာရေးလောကထဲ လူတို့သည် အကြောင်းမဟုတ်ပေ။ ယနေ့ သင်တို့ကို ပြောပြထားပြီး မဟုတ်ပါက၊ ယင်းကို သင်တို့လည်း သဘောပေါက်ပြီးဖြစ်မည် မဟုတ်။ ဤအနှစ်ခြောက်ထောင် အမှုသည် ပရောဖက်များ၏ ပရောဖက်ပြုချက် အားလုံးထက် သာ၍ နက်နဲသည်။ ဤနက်နဲမှုကို နောက်ဆုံးသောခတ်တွင်သာ ဖွင့်ဟထားပြီး ယခင်က လုံးဝ ထုတ်ဖော်မပြဖူးသည့်အတွက်၊ ယင်းသည် ဖန်ဆင်းခြင်းမှသည် လက်ရှိအထိ အကြီးမားဆုံးသော နက်နဲမှု ဖြစ်ပြီး။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်