၄၅၀ ဘုရားကို ယုံကြည်ခြင်း၏ မှန်သောလမ်းပေါ်သို့ သင်ဝင်ရောက်ပြီးပြီလောကျူး

၁ လူအများသည် ဘုရားသခင်အား ယုံကြည်ကြသည်၊ သို့သော် ဘုရားသခင်အလိုရှိသည်မှာ အဘယ်အရာဖြစ်သည် သို့မဟုတ် စာတန်အလိုရှိသည်မှာ အဘယ်အရာဖြစ်သည် ကိုလည်း မသိကြပေ။ သူတို့သည် ရူးမိုက်စွာ၊ ယောင်ချာချာနှင့် ယုံကြည်ကြပြီး ရေလိုက်ငါးလိုက်ဖြင့်သာ လိုက်လျှောက်ကြသဖြင့် ပုံမှန်ခရစ်ယာန်အသက်တာကို မည်သည့်အခါမျှ ရရှိခဲ့ခြင်းမရှိပေ။ ထို့ထက်ပို၍ သူတို့သည် ဘုရားသခင်နှင့် ပုံမှန်ဖြစ်သောဆက်ဆံရေး မဆိုထားနှင့်၊ ပုံမှန်ဖြစ်သောပုဂ္ဂိုလ်ရေး ဆက်ဆံရေးများလည်း မည်သည့်အခါမျှ မရှိခဲ့ကြပေ။ ဤအရာမှနေ၍ လူသား၏ အခက်အခဲများ၊ အားနည်းချက်များနှင့် ဘုရားသခင်၏ အလိုတော်ကို ကဖျက်ယဖျက်လုပ်နိုင်သည့် အခြားသောအရာများမှာ များပြားကြောင်း တွေ့ရှိနိုင်သည်။ လူသားတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရောက်ရှိနေခြင်း မရှိသေးသကဲ့သို့ လူ့ဘ၀၏ စစ်မှန်သော အတွေ့အကြုံအတွင်း ၀င်ရောက်ပြီးခြင်း မရှိသေးကြောင်း ဤအခြင်းအရာက အလုံအလောက် သက်သေပြနေသည်။

၂ ဘုရားသခင်ကို ယုံကြည်ခြင်း၌ လမ်းကြောင်းမှန်ပေါ် ရောက်ရှိခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း။ လမ်းကြောင်းမှန်ပေါ် ရောက်ရှိခြင်း ဆိုသည်မှာ ဘုရားသခင်၏ ရှေ့တော်မှောက်တွင် မိမိ၏ နှလုံးသားအား အချိန်တိုင်းတွင် ငြိမ်သက်စေနိုင်ခြင်းနှင့် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံပြောဆိုနိုင်ခြင်း၊ လူသားတို့၌ ကင်းမဲ့လျက်ရှိနေသောအရာကို တဖြည်းဖြည်း သိလာပြီး ဘုရားသခင်အပေါ် သာ၍နက်နဲစွာ သိနားလည်လာမှုအား တဖြည်းဖြည်းရရှိခြင်းကို ဆိုလိုသည်။ ဤအရာမှတစ်ဆင့် သင်၏ဝိညာဉ်သည် နေ့စဉ်တိုင်းတွင် အသစ်သော ထိုးထွင်းသိမြင်ခြင်းနှင့် အသစ်သော ဉာဏ်အလင်းပွင့်ခြင်းတို့ကို ရရှိသည်၊ သင်၏ တောင့်တခြင်းသည် ကြီးထွားလာ၏၊ သင်သည် သမ္မာတရားအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းပြီး၊ နေ့ရက်တိုင်းတွင် အသစ်သောအလင်းနှင့် အသစ်သောနားလည်ခြင်းတို့ ရှိလာမည် ဖြစ်သည်။ ဤလမ်းကြောင်းမှတစ်ဆင့် သင်သည် စာတန်၏ လွှမ်းမိုးခြင်းကို တဖြည်းဖြည်းချိုးဖျက်ပြီး သင်၏အသက်တာ၌ ပိုမိုကြီးထွားလာမည် ဖြစ်သည်။ ထိုကဲ့သို့သောသူများသည် လမ်းကြောင်းမှန်ပေါ်တွင် ၀င်ရောက်ပြီးဖြစ်သည်။

၃ သင်သည် လမ်းကြောင်းမှန်ပေါ်တွင် ရောက်ရှိပြီလော။ မည်သည့် ကိစ္စရပ်များတွင် သင်သည် စာတန်မာရ်နတ်၏ ချုပ်နှောင်မှုများနှင့် စာတန်မာရ်နတ်၏ စွမ်းအားမှ လွတ်မြောက်ခဲ့ပြီးဖြစ်သနည်း။ သင်သည် လမ်းကြောင်းအမှန်ပေါ်တွင် ရောက်ရှိရန် လိုအပ်နေသေးလျှင် စာတန်နှင့်သင်၏ ဆက်နွှယ်မှုသည် မဖြတ်တောက်ရသေးပေ။ ဤသည်မှာ မှန်ကန်ပါက၊ ဘုရားသခင်ကို ချစ်ရန် သင်၏ ကြိုးစားခြင်းသည် သင့်အား စစ်မှန်သော၊ မြဲမြံ၍ သန့်ရှင်းသော ချစ်ခြင်းမေတ္တာတစ်ခုသို့ ဦးဆောင်လမ်းပြမည်လော။ ဘုရားသခင်အား သင်၏ချစ်ခြင်းသည် မဆုတ်မနစ်၊ နှလုံးသားဖြင့် အူလှိုက်သည်းလှိုက် ခံစားသောချစ်ခြင်းဟု သင်ပြောသော်လည်း စာတန်မာရ်နတ်၏ ချုပ်နှောင်ခြင်းမှ သင်လွတ်မြောက်ခြင်း မရှိသေးပေ။ သင်သည် ဘုရားသခင်အား လှည့်စားနေခြင်း မဟုတ်လော။ ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းသည် မသန့်ရှင်းခြင်း ကင်းသည့် အခြေအနေတစ်ရပ်ကို သင်ရရှိလိုပြီး၊ ဘုရားသခင်၏ ရယူခြင်းကို အပြည့်အဝခံရလိုကာ နိုင်ငံတော်၏ လူများထဲတွင် ထည့်တွက်ခံရလိုပါက သင့်ကိုယ်သင် ဘုရားသခင်ကို ယုံကြည်မှု၌ လမ်းကြောင်းမှန်ပေါ် ရောက်ရှိရန် အရင်ဆုံး လုပ်ဆောင်ရမည် ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်သူများသည် မည်သည့်ရှုထောင့်အား ဆုပ်ကိုင်ထားသင့်သနည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၄၄၉ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့်ဆိုင်သော သရုပ်သကန်

နောက်တစ်ခုသို့- ၄၅၁ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသည် သာမှန်ဖြစ်ပြီး လက်တွေ့ကျ၏

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၈၆ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

၂၀၆ ဘုရားသခင်၌သာ အသက်လမ်းရှိ

၁ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူးလူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူးအသက်မှာ ဘုရားဆီကသာ လာသည်မို့ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

၁၈၃ လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

၁ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ကမ္ဘာပေါ်သို့ကြွလာပြီ နှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော်...

၅၀၁ ဇာတိပကတိအား စွန့်လွှတ်ခြင်း

၁ဆင်းရဲဒုက္ခရင်ဆိုင်ဖို့ လိုအပ်တဲ့ အခြေအနေတစ်ခု ဖြစ်လာ ရင်ထိုအချိန် ဘုရား၏အလိုတော်ကို သိရှိ နားလည်ပါကိုယ့်ကိုယ်ကို ကျေနပ်မနေပါနဲ့၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။