၄၅၁ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသည် သာမှန်ဖြစ်ပြီး လက်တွေ့ကျ၏
၁ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်အားလုံးမှာ သာမန်သာဖြစ်ပြီး လက်တွေ့ကျသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ဖတ်ပြီး ဆုတောင်းသည့်အခါ၊ အတွင်း၌ သင်သည် တောက်ပပြီး ခိုင်မာမှုရှိသည်၊ ပြင်ပကမ္ဘာက သင့်ကိုမနှောင့်ယှက်နိုင်ပေ၊ အတွင်း၌ သင်သည် ဘုရားသခင်ကိုချစ်ရန် လိုလိုလားလား ရှိသည်၊ အပြုသဘောဆောင်သော အရာများဆောင်ရွက်ရန် လိုလိုလားလားရှိပြီး၊ ဆိုးယုတ်သည့်ကမ္ဘာကို သင်စက်ဆုပ်သည်၊ ဤသည်ကား ဘုရားသခင်အတွင်း အသက်ရှင်ခြင်းဖြစ်သည်။ ယင်းသည် လူအများပြောဆိုသကဲ့သို့ အလွန် မွေ့လျော်နေခြင်း မဟုတ်၊ ထိုသို့သော အပြောမျိုးမှာ လက်တွေ့မကျပေ။ ယနေ့ ခပ်သိမ်းသောအရာတိုင်းသည် လက်တွေ့ကျခြင်းမှ အစပြုသင့်သည်။
၂ ဘုရားသခင်ပြုသော ခပ်သိမ်းသော အရာတိုင်းသည် လက်တွေ့ကျပြီး၊ သင်၏အတွေ့အကြုံထဲတွင် ဘုရားသခင်ကို အမှန်တကယ်သိရန် အထူးဂရုပြုပြီး၊ ဘုရားသခင် အမှုတော်၏ ခြေရာများနှင့် လူအများအား သန့်ရှင်းသောဝိညာဉ်တော် ထိတွေ့သည့်နည်းလမ်းနှင့် အလင်းပေးသည့် နည်းလမ်းတို့ကို ရှာဖွေခြင်းကို အထူးဂရုပြုရမည်။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို စားသောက်ပြီး၊ ဆုတောင်းပြီး၊ ပိုမိုလက်တွေ့ကျသည့်နည်းလမ်းဖြင့် ပူးပေါင်းဆောင်ရွက်ပါက၊ အတိတ်က ကောင်းမွန်ခဲ့သည့်အရာကို လက်ခံပြီး၊ ပေတရုကဲ့သို့မကောင်းသည်များကိုပယ်ပါက၊ နားများဖြင့် နားထောင်ပြီး မျက်လုံးများဖြင့် လေ့လာပြီး၊ မကြာခဏ ဆုတောင်းပြီး သင်၏စိတ်နှလုံးထဲတွင် တွေးဆပြီး၊ ဘုရားသခင်၏ အမှုတော်နှင့် တတ်နိုင်သလောက် ပူးပေါင်းဆောင်ရွက်ပါက၊ ဘုရားသခင်သည် သင့်ကို အမှန်တကယ် လမ်းပြလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့ကျခြင်းကို မည်သို့သိမည်နည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။