၈၅၇ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏သနားခြင်း ကရုဏာ မည်သည့်အခါမျှ ရပ်တန့်ခဲ့ခြင်း မရှိပေ

“ယေဟောဝါကလည်း၊ သင်သည် အားထုတ်ကြိုးပမ်းခြင်းလည်းမပြု၊ ကြီးထွားစေ ရန်လည်း မလုပ်ခဲ့ဘဲ၊ တစ်ညချင်းတွင် ဖြစ်ပေါ်ပြီး တစ်ညချင်းတွင် သေသော ကြက်ဆူပင်ကို သနားခြင်း ရှိပေ၏။ ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊ မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ တသိန်းနှစ်သောင်းထက်မက ရှိသည့် နိနေဝေမြို့ကြီးကို ငါချမ်းသာပေးသင့်သည် မဟုတ်လောဟု မိန့်တော်မူ၏။”

၁ “ဖန်ဆင်းရှင်၏ သနားကရုဏာ” သည် အနှစ်သာရမဲ့သော စကားရပ်တစ်ခု မဟုတ်သကဲ့သို့ ပေါ့တန်သော ကတိတစ်ခုလည်းမဟုတ်ပေ၊ ယင်းတွင် ခိုင်လုံသော အခြေခံမူများ၊ နည်းလမ်းများနှင့် ရည်မှန်းချက်များ ပါရှိသည်။ ဘုရားသခင်သည် မှန်ကန်၍ စစ်မှန်ပြီး မုသားများနှင့် အယောင်ဆောင်မှုများကို မသုံးပေ၊ ထို့ပြင် ဤနည်းအတိုင်းပင် သူ၏ သနားကရုဏာကို အချိန်တိုင်း၊ ခေတ်ကာလတိုင်းရှိ လူသားမျိုးနွယ်အပေါ် အဆုံးမရှိ ပေးအပ်ထားသည်။ သို့သော်ငြားလည်း ယနေ့ထိတိုင်အောင် ယောနနှင့် ဖန်ဆင်းရှင်၏ အပြန်အလှန်စကားပြောခြင်းသည် လူသားမျိုးနွယ်ကို သူအဘယ်ကြောင့်သနားကရုဏာပြပုံ၊ လူသားမျိုးနွယ်ကို သူမည်သို့ကရုဏာပြပုံ၊ လူသားမျိုးနွယ်အပေါ် သူမည်မျှသည်းခံပုံတို့အပြင် လူ့လောကအတွက် သူ၏စစ်မှန်သော ခံစားချက်များနှင့်ဆိုင်သည့် ဘုရားသခင်၏ တစ်ခုတည်းသော သီးသန့်နှုတ်ထွက်ထုတ်ပြန်ချက်ပင် ဖြစ်သည်။

၂ ဤအပြန်အလှန်စကားပြောစဉ်တွင် ယေဟောဝါဘုရားသခင်၏ လိုရင်းတိုရှင်းကျသော နှုတ်ကပတ်တော်များက လူသားမျိုးနွယ်အတွက် သူ၏အတွေးများကို တစ်လုံးတစ်ဝတည်းအဖြစ် ဖော်ပြသည်၊ ဤသည်မှာ လူသားမျိုးနွယ်အပေါ် သူ့နှလုံးသားသဘောထား၏ စစ်မှန်သော ဖော်ပြချက်ပင် ဖြစ်သည်၊ ထို့ပြင် ဤသည်မှာ လူ့လောကအပေါ် သူ၏ကြွယ်ဝသော သနားကရုဏာပေးအပ်ခြင်း၏ ခိုင်လုံသော သက်သေလည်း ဖြစ်လေသည်။ သူ၏သနားကရုဏာကို လူသားမျိုးနွယ်၏ ရှေးမျိုးဆက်များအပေါ်ကိုသာ နှင်းအပ်ပေးထားခြင်း မဟုတ်ပေ၊ မျိုးဆက်တစ်ဆက်မှ နောက်မျိုးဆက်သို့ ပြုနေကျအတိုင်းပင် ငယ်ရွယ်သော လူသားမျိုးနွယ်ဝင်တို့ကိုလည်း ပေးသနားထားသည်။ ဘုရားသခင်၏ အမျက်ဒေါသသည် လူသားမျိုးနွယ်၏ အချို့နေရာများနှင့် အချို့ခေတ်ကာလတို့တွင် မကြာခဏကျရောက်တတ်သော်လည်း၊ ဘုရားသခင်၏ သနားကရုဏာမှာမူ ဘယ်သောအခါမျှ ရပ်စဲမသွားဖူးပေ။ သူသည် သူ့ဖန်ဆင်းရာဖြစ်သည့် မျိုးဆက်တစ်ခုပြီးနောက်တစ်ခုကို သူ၏သနားကရုဏာနှင့်အတူ လမ်းညွှန်ပြီးဦးဆောင်သည်၊ ဖန်ဆင်းရာမျိုးဆက်တစ်ခုပြီး နောက်တစ်ခုကို ထောက်ပံ့ပြီး အာဟာရဖြစ်စေသည်၊ အဘယ်ကြောင့်ဆိုသော် လူ့လောကအပေါ် သူ၏စစ်မှန်သော စိတ်ခံစားမှုများမှာ ဘယ်သောအခါမျှ ပြောင်းလဲမည် မဟုတ်သောကြောင့်ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၈၅၆ လူသားမျိုးနွယ်အပေါ် ဘုရား၏သနားခြင်း

နောက်တစ်ခုသို့- ၈၅၈ လူသားမျိုးနွယ်အပေါ် ဖန်ဆင်းရှင်၏ ရိုးသားစစ်မှန်သော စိတ်ခံစားမှုများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇၀၂ စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်

၁သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နှင့်ရှိနေခြင်းကသင် ရိုးသားစွာရှာ မရှာ ဆုံး ဖြတ်တာအခြားသူများကို စီရင်ခြင်းမဟုတ်...သူတို့ အမြင်တွေ လည်း...

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

၆၀၉ ဘုရားရဲ့ ရင်းနှီးသူသာ သူ့ကိုဆက်ကပ်ဖို့ ထိုက်တန်

၁ဘုရားကိုဆက်ကပ် တဲ့သူဟာ သူ့ရဲ့ရင်းနှီးသူဖြစ်ရမယ်ဘုရားကချစ်တဲ့သူ၊ ဘုရားကိုသစ္စာရှိတဲ့သူ။လူအရှေ့ မှာဖြစ်ဖြစ် နောက်ကွယ်မှာဖြစ်ဖြစ် ဆက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

ရှာဖွေလိုသည့် အဓိက စကားလုံးများကို ရေးသွင်းပါ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
မာတိကာ
ဆက်တင်
စာအုပ်များ
ရှာဖွေမည်
ဗီဒီယိုများ