၈၈၅ လူသားကို ကယ်တင်ရန် သူ၏အမှုနောက်ကွယ်က ဘုရား၏ လေးနက်သည့် ရည်ရွယ်ချက်များ
နောက်ဆုံးသောကာလ ၏ အမှုတော်အဆင့်တွင်
ဘုရား၏ ချစ်ခြင်း၊ တရားစီရင်ခြင်းနှင့်
ပြစ်တင်ဆုံးမခြင်းကို လူတို့ မြင်ခဲ့
သူ့ ရည်ရွက်ချက်ကိုသိရန်
လူအပေါ် သူအပ်နှင်းသော သမ္မာတရားကို သိရန်
လူသားကို ဘုရားကူညီ၊ ဖြည့်စွမ်း၊
ဉာဏ်အလင်းပေးကာ သူလမ်းပြပေးတော်မူ၏
၁
ဘုရား အမြဲ ဆုံးမပဲ့ပြင်၊ ရိုက်နှက်ခြင်းမပြုသလို၊
စိတ်ရှည်၊ သည်းခံခြင်းလည်း သူ အမြဲမပြ၊
ထိုအစား ဝိညာဉ်ရင့်ကျက်မှုများ၊ အရည်အချင်းများနဲ့အညီ
လူတစ်ဦးစီကို သူ့အဆင့်နှင့်သူ
နည်းလမ်းအမျိုးမျိုးဖြင့် ဘုရား ထောက်ပံ့။
လူမမြင်နိုင်သည့် ကြီးမားသော အဖိုးအခနှင့်
လူ့အတွက် အမှုအရာများ သူပြု
ဘုရား၏ အချစ် တကယ်ရှိသည်၊
ဘုရား၏ ကျေးဇူးတော်မှတစ်ဆင့်၊
ဘေးဒုက္ခ တစ်ခုပြီးတစ်ခု လူသား အကြိမ်ကြိမ် ရှောင်ကွင်း။
ဤအရာအားလုံးမှတစ်ဆင့်၊
လူ၏ အားနည်းချက်ကို ဘုရားသခင် သည်းခံ။
လူ၏ ဖောက်ပြန်ပျက်စီးခြင်းကို နားလည်ဖို့
သူ တရားစီရင်၊ ဆုံးမ
လူ့အနှစ်သာရ စာတန်ဆန်ကြောင်း
သူတို့ နားလည်လာကြလိမ့်မည်။
ဘုရား၏စောင့်ရှောက်မှုနှင့် သူ၏လမ်းပြမှုသည်
လူသားတို့ လိုအပ်သည့်အရာ၊
သူတို့ လျှောက်သင့်သည့်လမ်း၊
ဘဝ၏ တန်ဖိုးနှင့် အဓိပ္ပာယ်အပြင်
မည်သို့ လျှောက်ရမည်ကို သိအောင်
လူသားတို့ အား သမ္မာတရား၏ အနှစ်သာရကို ညွှန်ပြ။
၂
ဘုရား အမှုပြုနည်းများမှာ
မိမိကို မည်သူ လမ်းပြ၊ ပံ့ပိုးသည်
လူသားမျိုးနွယ် ဘယ်ကလာသည်၊
သူတို့ကို မည်သူဆက်လက်အသက်ရှင်စေသည်၊
ဖန်ဆင်းရှင် မည်သူဖြစ်ပြီး
မည်သူအား ကိုးကွယ်ရမည်ကို လူသား နားလည်နိုင်ရန်
လူ့စိတ်နှလုံး နိုးထစေဖို့ မပြတ်ကြိုးပမ်းမှုပင်။
ထိုသို့ဖြင့် မည်သည့်လမ်း လျှောက်ကာ
ဘုရားထံ မည်သို့ လာရမည်ကို လူသား သိမည်။
ဘုရား စိတ်နှလုံး၌ ရှိသောအရာကို သိနိုင်အောင်၊
လူသားမျိုးနွယ်ကို ကယ်တင်ရန်
ဘုရား ဆောင်ရွက်သော အမှုနောက်ကွယ်မှ
ဂရုစိုက်မှုနှင့် အကြံအစည်ကို နားလည်နိုင်အောင်
လူ့စိတ်နှလုံး ပြန်လည်ရှင်သန်စေဖို့ ဖြစ်သည်။
၃
လူ၏စိတ်နှလုံးသားသည် နိုးထသည့်အခါ လူဟာ
အကျင့်ပျက်စိတ်သဘောထားဖြင့်
အသက်မရှင်လိုတော့ဘဲ
ဘုရားသခင်အား ကျေနပ်စေရန် သမ္မာတရားကို ရှာဖွေသည်။
ထိုအခါ သူတို့ စာတန်ထံမှ ရုန်းထွက်ပြီး
အန္တရာယ်ပေးခံရမည် မဟုတ်တော့။
အရာရာထိန်းချုပ်မှု စာတန်လက်လွှတ်ဆုံးရှုံးကာ
လူဟာ လှည့်ဖြားခြင်း မခံရတော့ပေ
ထိုအစား ဘုရားစိတ်နှလုံးအား ကျေနပ်စေရန်
လူသည် ဘုရား၏အမှုနှင့် သူ့စကားတော်၌ ပူးပေါင်း၍
ဘုရားကို ကြောက်ရွံ့ခြင်း၊
မကောင်းမှုကို ရှောင်ကြဉ်ခြင်း ရှိလိမ့်မည်။
ဒါ့ကြောင့် သူ့အမှုတော်ကို ဘုရား စတင်ခဲ့တာ။
ဒါ့ကြောင့် သူ့အမှုတော်ကို ဘုရား စတင်ခဲ့။
“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်