၁၀၁၀ လူအားလုံး၏ အဆုံးသတ်များအတွက် ဘုရား၏စီမံပေးမှုများကျူး
၁
ဒုစရိုက်မျိုးစုံ ပြုသူများကို တရားစီရင်ခြင်းကာလအတွင်း
နတ်ဆိုးများနဲ့ ပြည့်သော အရပ်သို့ ဘုရားသခင် ပို့ဆောင်မယ်
ဒီဝိညာဉ်နတ်ဆိုးများ
ထိုသူတို့၏ခန္ဓာကို စိတ်ကြိုက် ဖျက်ဆီးကြမယ်
အလောင်းကောင်လို အပုပ်နံ့ထွက်စေမယ်
သူတို့နဲ့ ထိုက်တန်တဲ့ ဆုလာဘ်ပဲ
ဘုရားဟာ ယုံကြည်သူအယောင်ဆောင်များ၊
တမန်တော်များနှင့် အမှုတော်ဆောင် အတုအယောင်များရဲ့
အပြစ်တွေအားလုံး ရေးမှတ်
ညစ်ညူးသော ဝိညာဉ်များဖြင့် သူတို့ကို ညစ်ညမ်းစေမယ်
သူတို့အတွက် တဖန်မွေးဖွားခြင်း၊ အလင်း မရှိ
သူ့အား အစေခံခဲ့လည်း
အဆုံးထိ သစ္စာမစောင့်သိနိုင်သူ
သူတော်ကောင်းအယောင်ဆောင်များ
ဆိုးယုတ်သူများထဲ ဘုရားထည့်တွက်မယ်
ဆိုးယုတ်သူတို့နဲ့အတူ ပေါင်းစည်းသွားကြမယ်
ယုတ်မာသူအဖွဲ့သားဖြစ်လာမယ်
အဆုံးတွင် ဘုရားသခင် သူတို့ကို ပျက်သုဉ်းစေမယ်
ခရစ်တော်အား သစ္စာမဲ့သူများ၊
အားထုတ်ကြိုးပမ်းမှု မရှိသူများ
သူတို့အား ဂရုပြုခြင်းမရှိဘဲ
သူတို့အားလုံး ဘုရား ပစ်ပယ်မယ်
ခေတ်အပြောင်းအလဲဖြစ်ချိန်
သူတို့ ပျက်စီးခြင်းနဲ့ အဆုံးသတ်မယ်
ဘုရားနိုင်ငံတော်ထဲ သူတို့ ဝင်ဖို့မဆိုထားနဲ့၊
မြေကြီးပေါ် အသက်ရှင်ကြတော့မယ် မဟုတ်
ဝတ်ကျေတမ်းကျေ ဘုရားနဲ့ ဆက်ဆံရန် တွန်းအားပေးခြင်းခံရသူကို
ဘုရားလူကို အစေခံသူအဖြစ် ထည့်တွက်
တချို့သာ အသက်ရှင်လျက် အခြားသူများမှာ
အစေခံခြင်း အားနည်းသူများနဲ့ အတူ ပျက်စီးမယ်
၂
နောက်ဆုံးမှာ ဘုရားသခင်က
သူနဲ့စိတ်ချင်းတူသူ သူ့ရဲ့ လူများ၊
သားများနဲ့ ခန့်အပ်ထားသော ယဇ်ပုရောဟိတ်များကို
သူ့နိုင်ငံတော်ထဲသို့ ခေါ်ဆောင်မယ်
ဒါတွေဟာ ဘုရားအမှုတော်ရဲ့ အသီးအပွင့်တွေပဲ
ဒီအမျိုးအစားတစ်ခုခုထဲ အကျုံးမဝင်သူများ
မယုံကြည်သူတွေကြားမှာ တွေ့ရလိမ့်မယ်
ထိုသူတို့ကံကြမ္မာ ဘယ်လိုဖြစ်မလဲ တွေးကြည့်
ပြောသင့်တာ အကုန် ဘုရားပြောခဲ့ပြီ
သင်တို့ ဘယ်လမ်းရွေးမလဲ ဆုံးဖြတ်ပါ
အမီမလိုက်နိုင်သူတို့ကို
ဘုရားအမှု ဘယ်တော့မှ မစောင့်ဘူးဆိုတာ သိပါ
ပြောသင့်တာ အကုန် ဘုရားပြောခဲ့ပြီ
သင်တို့ ဘယ်လမ်းရွေးမလဲ ဆုံးဖြတ်ပါ
သူ့ဖြောင့်မတ်သောစိတ်သဘောထား
ဘယ်လူကိုမှ ကရုဏာ မပြ
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်