အူလှိုက်သည်းလှိုက် တွယ်တာခြင်း တေးသီချင်း
၁
လူ့ဇာတိခံယူသောတစ်ဆူတည်းသောဘုရားရှိ၏။
သူပြောလေသမျှ၊ လုပ်လေသမျှသည်အမှန်တရား။
သူ၏ဖြောင့်မတ်ခြင်း၊ သူ၏ဉာဏ်ပညာအားကျွန်ုပ်အမှန်တကယ်ချစ်မိသည်။
သူ့အားတွေ့ရန်၊ သူ့အားပိုင်ဆိုင်ရန်မှာ ကောင်းချီးစစ်စစ်ဖြစ်၏။
လူ့ဇာတိခံယူသောတစ်ဆူတည်းသောဘုရားရှိ၏။
သူပြောလေသမျှ၊ လုပ်လေသမျှသည်အမှန်တရား။
သူ၏ဖြောင့်မတ်ခြင်း၊ သူ၏ဉာဏ်ပညာအားကျွန်ုပ်အမှန်တကယ်ချစ်မိသည်။
သူ့အားတွေ့ရန်၊ သူ့အားပိုင်ဆိုင်ရန်မှာ ကောင်းချီးစစ်စစ်ဖြစ်၏။
သူ့နှလုံးနှင့်သူ့အချစ်ကကျွန်ုပ်ကို လွှမ်းမိုးခဲ့သည်။
ယခုသူ့နောက်သို့လိုက်ပြီအခြားမရှာတော့ပါ။
သူ့ကိုချစ်ခြင်းအားဖြင့်ဆင်းရဲဒုက္ခကိုတောင့်ခံနိုင်၍သာယာမှုကိုခံစားရပြီ။
သူ့ကိုအဆုံးရှုံးမခံနိုင်တော့ပြီကျွန်ုပ်ချစ်သူ။
၂
ကျွန်ုပ်နှလုံးသားကို ယခုသူသာပိုင်ပြီး ကျေနပ်တင်းတိမ်မှုရပြီ။
ရှိရှိသမျှပေးရန်သူ့အတွက်အသက်ရှင်ရန်ကျွန်ုပ်ဘ၀ပါ။
သူ့အားချစ်နေနိုင်ခြင်း အမှုတော်ဆောင်နိုင်ခြင်းသည် ဂုဏ်အသရေအခွင့်ထူးပါ။
ကျွန်ုပ်၏နှလုံးသားသည်ဘယ်အရာမျှမတမ်းတတော့ပါကျွန်ုပ်ကျေနပ်ပြီ။
သူ့အတွေးအတိုင်းကျွန်ုပ်တွေးပြီ၊ သူ၏ပူပင်စရာများအားကျွန်ုပ်ပူပင်ပြီ၊ သူ၏အလိုတော်ကိုထောက်ထားပြီ။
သူ၏ပျော်ရွှင်မှု၊ သူ၏ကျေနပ်မှုသည်သာ ကျွန်ုပ်၏တစ်ခုတည်းသောဆန္ဒ။
သူ၏အိမ်တော်၌ကျွန်ုပ်သည်အစေခံဖြစ်မည်တာ၀န်ကျေပွန်စွာထမ်းဆောင်မည်။
ဤချီးကျူး၍ဂုဏ်ပြုခြင်းအားဖြင့်သူ့အားစောင့်လျှက်အပြုံး ဖြင့်ဆီးကြိုမည်။
သူ့နှလုံးသားနှင့်သူ့အချစ်ကကျွန်ုပ်အားသိမ်းပိုက်ခဲ့ပြီ။
သူ့နောက်သို့လိုက်ပြီ၊ ရှာစရာအခြားမရှိတော့ပြီ။
သူ့ကိုချစ်ခြင်းအားဖြင့်ဆင်းရဲဒုက္ခကိုခံစားရသော်လည်းချိုမြိန်မှုကိုခံစားရပြီ။
သူ့အားရရှိမည်၊ သူ့အတွက်သာအသက်ရှင်မည် ထာ၀ရချစ်ပါမည်။