၅၉၄ မိမိတာဝန်ကို ဆောင်ရွက်ရန် ပျက်ကွက်သောသူကို ဘုရားပစ်ပယ်လိမ့်မည်ကျူး
၁ ငါသည် လူ့လောက၏ အတက်အကျတို့ကို တွေ့ကြုံရင်း၊ တောတောင် အပိုင်းအခြားများနှင့် မြစ်ချိုင့်ဝှမ်းများကို ဖြတ်ကျော်ပြီး ဖြစ်သည်။ ၎င်းတို့အလယ် ငါသည် သွားလာပြီးဖြစ်ကာ၊ ၎င်းတို့အလယ် နှစ်ပေါင်းများစွာ ငါ အသက်ရှင်ပြီးဖြစ်သည်၊ သို့သော် လူသားမျိုးနွယ်၏ စိတ်သဘောထားသည် အနည်းငယ် ပြောင်းလဲပြီး ဖြစ်ပုံရလေသည်။ ပြီးလျှင် ယင်းမှာ လူတို့၏ သဘာဝဟောင်းသည် ၎င်းတို့အထဲတွင် အမြစ်တွယ်ကာ အညှောက်ပေါက် ပြီးသည့်အလား ဖြစ်၏။ ၎င်းတို့သည် ထိုသဘာဝဟောင်းကို လုံးဝ မပြောင်းလဲနိုင်ကြချေ။ ၎င်းတို့သည် ယင်း၏ မူလအခြေခံ အုတ်မြစ်အပေါ်တွင် ယင်းကို အတော်အတန် တိုးတက်စေရုံမျှ တိုးတက်စေကြလေသည်။ လူတို့ဆိုသည့်အတိုင်း၊ အနှစ်သာရသည် မပြောင်းလဲသေးဘဲ၊ ပုံသဏ္ဌာန်က များစွာ ပြောင်းလဲပြီးဖြစ်သည်။ လူအားလုံးသည် အခက်အခဲမှ လှည့်ဖြားလွတ်မြောက်ကာ ငါ၏ အသိအမှတ်ပြုခြင်း ရရှိနိုင်ကြဖို့အလို့ငှာ ငါ့ကို လှည့်စားရန်ကြိုးစားနေကြပုံရလေသည်။
၂ လူသားအားလုံးသည် မိမိတို့ကိုယ်ကိုယ် မချစ်သကဲ့သို့ မိမိတို့ကိုယ်ကိုယ် လုံးဝ ချစ်ခင်မြတ်နိုးခြင်း မရှိသည့် အသုံးမကျသော အကောင်ယုတ်များ ဖြစ်သည်နှင့်အမျှ၊ ၎င်းတို့သည် နောက်တစ်ဖန် သနားကရုဏာပြဖို့နှင့် ချစ်ဖို့ပင် ငါ့ကို အဘယ်ကြောင့် လိုအပ်မည်နည်း။ ခြွင်းချက်မရှိ လူသားများသည် မိမိတို့ကိုယ်ကိုယ် မသိကြသကဲ့သို့၊ ၎င်းတို့ မည်မျှ အဖိုးတန်သည်ကိုပင် မသိကြချေ။ ၎င်းတို့သည် ချိန်တွယ်ခံရဖို့ မိမိတို့ကိုယ်ကိုယ် ချိန်ခွင်ပေါ် တင်သင့်ကြသည်။ ဤအရာက ငါ၏လူများဖြစ်သည့် အသင်တို့ကို သရုပ်ဖော်သည် မဟုတ်လော။ သင်တို့ထဲမှ မည်သူသည် ငါ့ရှေ့မှောက်၌ သန္နိဋ္ဌာန်များချပြီး၊ နောက်ပိုင်းတွင် ယင်းတို့ကို မစွန့်ပစ်လေပြီနည်း။ အဘယ်သူသည် အမှုအရာများအပေါ် မကြာခဏ စိတ်ပိုင်းဖြတ်ခြင်းအစား၊ ငါ့ရှေ့မှောက်တွင် ရေရှည် သန္နိဋ္ဌာန်များ ချမှတ်ဖူးသနည်း။ လူသားများသည် သက်သောင့်သက်သာ ရှိနေချိန်များတွင် ငါ့ရှေ့မှောက်၌ သန္နိဋ္ဌာန်များ အမြဲချမှတ်ပြီးနောက်၊ ဒုက္ခရောက်ချိန်များတွင် ယင်းတို့အားလုံးကို အရေးမပါဟု သဘောထားလိုက်ကြသည်။ ထို့နောက် နောက်ပိုင်းတွင် ၎င်းတို့သည် ၎င်းတို့၏ သန္နိဋ္ဌာန်ကို ပြန်ကောက်ယူကာ ငါ့ရှေ့မှောက်တွင် ထားကြ၏။
၃ လူသားမျိုးနွယ်က အမှိုက်ပုံမှ ကောက်ယူလေပြီးဖြစ်သည့် ဤဗြုတ်စဗျင်းတောင်းကို သာမန်ကာလျှံကာ လက်ခံမည့်အထိပင် ငါသည် အလွန်မလေးစားဖွယ် ဖြစ်ပါသလော။ လူသားအနည်းငယ်က ၎င်းတို့၏ သန္နိဋ္ဌာန်များကို မြဲမြံစွာ စွဲကိုင်ကြ၏၊ အနည်းငယ်က ဖြူစင်ကြကာ အနည်းငယ်သည် ငါ့ကို ယဇ်ပူဇော်ရာတွင် ၎င်းတို့အဖို့ တန်ဖိုးအရှိဆုံးသောအရာများကို ပူဇော်ကြ၏။ သင်တို့အားလုံးသည် တူညီကြသည် မဟုတ်လော။ နိုင်ငံတော်ရှိ ငါ၏ လူများထဲမှ အဖွဲ့ဝင်များအနေဖြင့် သင်တို့သည် သင်တို့၏တာဝန်များကို မထိန်းသိမ်းနိုင်ကြပါက၊ သင်တို့သည် ငါ၏ စက်ဆုပ်ရွံရှာခြင်းနှင့် ငြင်းပယ်ခြင်းကို ခံကြရလိမ့်မည်။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၄)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်