၁။ လူ့ဇာတိခံယူခြင်းဆိုသည်မှာ အဘယ်နည်း။ လူ့ဇာတိခံယူခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

“လူ့ဇာတိခံယူခြင်း” သည် ဘုရားသခင် လူ့ဇာတိတွင် ပေါ်ထွန်းခြင်း ဖြစ်သည်၊ သူ၏ ဖန်ဆင်းခံ လူသားမျိုးနွယ်အကြားတွင် လူ့ဇာတိပုံသဏ္ဌာန်ဖြင့် အလုပ်လုပ်၏။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် ဇာတိပကတိ ဖြစ်လာရမည်၊ သာမန်လူ့သဘာဝနှင့် ဇာတိပကတိ ဖြစ်လာရမည်၊ ဤအရာမှာ အခြေခံအကျဆုံးသော မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ အမှန်တွင် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ သွယ်ဝိုက်သော အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်း၊ ဘုရားသခင်သည် သူ၏ အနှစ်သာရ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။ သူ၏ လူ့ဇာတိခံအသက်တာနှင့် အလုပ်ကို အဆင့်နှစ်ဆင့် ခွဲခြား၍ရသည်။ ပထမအဆင့်မှာ သူ၏ အမှုတော်ကို မထမ်းဆောင်ခင် နေထိုင်ရှင်သန်ခဲ့သော အသက်တာဖြစ်သည်။ သူသည် သာမန်လူသားမိသားစု၊ လုံး၀ သာမန်လူ့သဘာဝဖြင့် လူ့ဘဝ၏ သာမန်ကိုယ်ကျင့်တရားများ၊ ပညတ်တရားများကို လိုက်နာရင်း၊ (အစားအစာ၊ အဝတ်အထည်၊ နေထိုင်စရာ၊ အိပ်ခြင်းစသည့်) သာမန်လူသား လိုအပ်ချက်များ၊ သာမန် လူ့အားနည်းချက်များနှင့် သာမန် လူ့ခံစားမှုများနှင့် နေထိုင်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင်၊ ဤပထမအဆင့် အတောအတွင်း သူသည် ဘုရား၏သဘောသဘာဝ မဟုတ်၊ လုံး၀ သာမန် လူ့သဘာဝ၌ သာမန်လူသား၏ လုပ်ဆောင်မှုများ အားလုံးတွင် ပါဝင်လုပ်ဆောင်ရင်း အသက်ရှင် နေထိုင်သည်။ ဒုတိယအဆင့်မှာ သူ၏ အမှုတော် စတင်ထမ်းဆောင်ပြီးနောက် အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ သူသည် သဘာဝလွန်ဖြစ်သည့် အပြင်ပန်းလက္ခဏာ ဘာမျှမပြဘဲ သာမန်လူ့ကိုယ်ထည်ဖြင့် သာမန် လူ့သဘာဝထဲတွင် ကျိန်းဝပ်နေသေးသည်။ သို့သော်လည်း သူသည် သူ၏အမှုတော်အတွက်သက်သက်သာ အသက်ရှင်ပြီး၊ ဤအချိန်အတောအတွင်း သူ၏သာမန်လူ့သဘာဝမှာ သူ၏ ဘုရားသဘောသဘာဝ၏ သာမန်အလုပ် ဆက်လက်တည်ရှိနိုင်ရန်အတွက် လုံးဝ တည်ရှိသည်၊ အဘယ်ကြောင့်ဆိုသော် ထိုအချိန်သို့ရောက်သောအခါ သူ၏ သာမန်လူ့သဘာဝသည် အမှုတော်ဆောင်နိုင်စွမ်းရှိသည့် အနေအထားအထိ ရင့်ကျက်လာပြီ ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သာမန်လူ့သဘာဝနှင့် အကြွင်းမဲ့ဘုရားသဘောသဘာဝ နှစ်မျိုးစလုံး၏ အသက်တာလည်းဖြစ်သော သူ့အသက်တာ၏ ဒုတိယအဆင့်သည် သူ၏အမှုတော်ကို သူ၏သာမန်လူ့သဘာဝနှင့် ထမ်းဆောင်ရန် ဖြစ်သည်။ သူ့အသက်တာ၏ ပထမအဆင့် အတောအတွင်းတွင် သူသည် လုံး၀ သာမန်လူ့သဘာဝထဲ နေရခြင်း၏ အကြောင်းရင်းမှာ သူ၏လူ့သဘာဝသည် ဘုရားသဘောသဘာဝ အလုပ်၏ အလုံးစုံကို ထိန်းသိမ်းနိုင်ခြင်း မရှိသေး၊ မရင့်ကျက်သေး၍ ဖြစ်သည်၊ သူ၏လူ့သဘာဝ ရင့်ကျက်လာပြီး သူ၏အမှုတော်အား ထမ်းဆောင်နိုင်စွမ်း ရှိလာသည့် နောက်ပိုင်းတွင်မှ သူထမ်းဆောင်သင့်သည့် သူ၏အမှုတော်ကို စတင်ထမ်းဆောင်နိုင်ခြင်း ဖြစ်သည်။ ဇာတိပကတိအနေနှင့် သူသည် ကြီးထွား ရင့်ကျက်ရန် လိုအပ်သည့်အတွက် သူ့အသက်တာ၏ ပထမအဆင့်သည် သာမန်လူ့သဘာဝ အသက်တာပင်ဖြစ်ပြီး၊ ဒုတိယအဆင့်၌မူ သူ၏လူ့သဘာဝသည် သူ၏အလုပ်နှင့် အမှုတော်ကို ထမ်းဆောင်နိုင်စွမ်း ရှိသည့်အတွက် သူ၏အမှုတော်လုပ်ငန်းများ လုပ်နေသည့်အတောအတွင်း အသက်ရှင်သည့် လူ့ဇာတိခံဘုရားသခင်၏အသက်တာသည် လူ့သဘာဝနှင့် ဘုရား၏သဘောသဘာဝ လုံးလုံးလျားလျား နှစ်မျိုးလုံး ပင်ဖြစ်သည်။ အကယ်၍ လူ့ဇာတိခံ ဘုရားသခင်သည် သူမွေးဖွားသည့် အချိန်မှစ၍ သဘာဝလွန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုပြပြီး သူ၏အမှုတော်ကို လေးနက်စွာ စတင်ခဲ့မည်ဆိုပါက၊ သူ့တွင် ခန္ဓာဆိုင်ရာ အနှစ်သာရရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူ၏လူ့သဘာဝသည် သူ၏ခန္ဓာဆိုင်ရာ အနှစ်သာရအတွက် တည်ရှိခြင်းဖြစ်သည်၊ လူ့သဘာဝ မရှိဘဲနှင့် လူ့ဇာတိ မရှိနိုင်၊ လူ့သဘာဝမရှိသော ပုဂ္ဂိုလ်တစ်ယောက်သည်လည်း လူသားတစ်ဦး မဟုတ်ပေ။ ဤနည်းအားဖြင့် ဘုရားသခင်၏ ဇာတိပကတိ၏ လူ့သဘာဝသည် ဘုရားသခင် ခံယူထားသော ဇာတိပကတိ၏ ပင်ကိုဂုဏ်ဒြပ်ဖြစ်သည်။ “ဘုရားသခင်သည် လူ့ဇာတိခံယူသောအခါ သူသည် အကြွင်းမဲ့ ဘုရား၏သဘောသဘာဝ ဖြစ်ပြီး၊ လူသားလုံးဝမဟုတ်” ဟု ဆိုခြင်းသည် ဘုရားသခင်ကို စော်ကားခြင်းပင်ဖြစ်သည်၊ အကြောင်းမှာ ဤထွက်ဆိုချက်မျိုး လုံး၀မရှိဘဲ၊ လူ့ဇာတိခံယူခြင်း၏ အခြေခံသဘောတရားကို ချိုးဖောက်သောကြောင့် ဖြစ်သည်။ သူ၏အမှုတော်ကို စတင်ထမ်းဆောင်သည့် နောက်ပိုင်းတွင်ပင်လျှင်၊ သူ၏အလုပ်ကို ဆောင်ရွက်ချိန်၌ သူသည် သူ၏ ဘုရားသဘောသဘာဝထဲ၌ လူသားအပြင်ပန်းကိုယ်ထည်နှင့်အတူ နေထိုင်ဆဲပင်ဖြစ်သည်၊ ထိုအချိန်၌ပင် သူ၏လူ့သဘာဝသည် သူ၏ဘုရားသဘောသဘာဝကို သာမန်ဇာတိပကတိ၌ အလုပ်လုပ်စေသည့် ရည်ရွယ်ချက် တစ်ခုတည်းအတွက်သာ ဆောင်ရွက်ပေးသည်။ ထို့ကြောင့် အလုပ်ကို ဆောင်ရွက်သူမှာ သူ၏လူ့သဘာဝထဲတွင် ကိန်းဝပ်နေသည့် ဘုရား၏သဘောသဘာဝ ဖြစ်သည်။ လုပ်ဆောင်နေသည်မှာ သူ၏ဘုရားသဘောသဘာဝဖြစ်ပြီး သူ၏လူ့သဘာဝ မဟုတ်သော်ငြားလည်း ယင်းဘုရား၏သဘောသဘာဝကို သူ၏လူ့သဘာဝထဲ သိုဝှက်ထားသည်၊ အနှစ်သာရအားဖြင့် သူ၏အလုပ်ကို သူ၏ ဘုရား၏သဘောသဘာဝ လုံးလုံးလျားလျားက လုပ်ဆောင်ခြင်းဖြစ်ပြီး သူ၏လူ့သဘာဝက လုပ်ဆောင်ခြင်း မဟုတ်ပေ။ သို့သော်လည်း အလုပ်ကို ထမ်းရွက်သည်မှာကား သူ၏ဇာတိပကတိ ဖြစ်သည်။ သူသည် လူသားတစ်ဦးဖြစ်ပြီး ဘုရားသခင်လည်းဖြစ်သည်ဟု ပြောနိုင်သည်၊ အကြောင်းမှာ ဘုရားသခင်သည် လူ့ကိုယ်ထည်နှင့်၊ လူသားအနှစ်သာရသာမက ဘုရားသခင်၏ အနှစ်သာရပါ ရှိသည့် ဇာတိပကတိထဲတွင် နေထိုင်သည့် ဘုရားသခင် ဖြစ်လာသောကြောင့် ဖြစ်သည်။ သူသည် ဘုရားသခင်၏ အနှစ်သာရနှင့် လူသားတစ်ယောက် ဖြစ်သည့်အတွက် ဖန်ဆင်းခံ မည်သည့်လူသားမဆို၏ အထက်၌ရှိပြီး၊ ဘုရားသခင်၏အလုပ်ကို ဆောင်ရွက်နိုင်သည့် မည်သည့်လူသားမဆို၏ အထက်၌လည်း ရှိသည်။ ထို့ကြောင့် သူကဲ့သို့ပင် လူ့ခန္ဓာအပြင်ပန်းကိုယ်ထည် ရှိကြသည့်သူများထဲတွင်၊ လူ့သဘာဝကို ပိုင်ဆိုင်ကြသည့်သူများထဲတွင်၊ သူတစ်ပါးတည်းသာလျှင် လူ့ဇာတိခံယူသည့် ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး အခြားသူအားလုံးမှာမူ ဖန်ဆင်းခံလူသားများသာ ဖြစ်သည်။ ထိုသူအားလုံးတို့တွင် လူ့သဘာဝရှိကြသော်လည်း ဖန်ဆင်းခံလူသားများ၌ လူ့သဘာဝမှလွဲ၍ ဘာမျှမရှိကြပေ၊ လူ့ဇာတိခံယူသော ဘုရားသခင်ကမူ ကွဲပြားခြားနားသည်၊ သူ၏ဇာတိပကတိ၌ သူသည် လူ့သဘာဝရှိရုံသာမက ပိုအရေးကြီးသည်မှာ ဘုရား၏သဘောသဘာဝ ရှိနေခြင်းဖြစ်သည်။ သူ၏လူ့သဘာဝကို သူ့ဇာတိပကတိ၏ အပြင်ပန်းသဏ္ဌာန်နှင့် သူ၏နေ့စဉ်အသက်တာတွင် မြင်နိုင်သော်ငြားလည်း သူ၏ဘုရားသဘောသဘာဝကိုမူ သိမြင်ရန် ခက်ခဲသည်။ သူ၏ ဘုရားသဘောသဘာဝသည် သူ၌ လူ့သဘာဝရှိမှသာ ဖော်ပြခြင်း ဖြစ်သည့်အတွက်နှင့် လူများစိတ်ကူးထားသမျှ သဘာဝလွန် မဟုတ်သည့်အတွက်၊ ၎င်းကိုမြင်နိုင်ရန်မှာ လူတို့အဖို့ အလွန်တရာပင် ခက်ခဲလှသည်။ ယနေ့ကာလတွင်ပင် လူ့ဇာတိခံယူသော ဘုရားသခင်၏ စစ်မှန်သော အနှစ်သာရကို နားလည်နိုင်ရန်မှာ လူတို့အတွက် အခက်ခဲဆုံး ဖြစ်သည်။ ထိုအကြောင်းအရာကို ဤမျှရှည်လျားစွာ ငါပြောပြီးသော နောက်ပိုင်းတွင်ပင်၊ သင်တို့အများစုအတွက် ထိုအရာမှာ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုပင် ဖြစ်နေပေဦးမည်ဟု ငါမျှော်လင့်သည်။ အမှန်တွင်၊ ဤအရေးကိစ္စမှာ အလွန်ပင်ရိုးရှင်း၏၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်လာသည့်အတွက်၊ သူ၏ အနှစ်သာရသည် ဘုရား၏သဘောသဘာဝနှင့် လူ့သဘာဝတို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ဤပေါင်းစပ်ခြင်းကို ဘုရားသခင်ကိုယ်တော်တိုင်ဟု၊ ကမ္ဘာပေါ်၌ရှိသော ဘုရားသခင် ကိုယ်တော်တိုင်ဟု ခေါ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ

ယေရှု ကမ္ဘာပေါ်တွင် နေထိုင်သွားခဲ့သော အသက်တာမှာ ဇာတိပကတိ၏ သာမန်အသက်တာ ဖြစ်သည်။ သူသည် သူ့ဇာတိပကတိ၏ သာမန် လူ့သဘာဝထဲတွင် နေထိုင်ခဲ့သည်။ သူ၏အလုပ်ကို ဆောင်ရွက်ခြင်းနှင့် သူ၏နှုတ်ကပတ်တော်ကို ပြောဆိုခြင်းအတွက်၊ သို့မဟုတ် နာမကျန်းသောသူများကို ကျန်းမာစေပြီး နတ်ဆိုးများကို နှင်ထုတ်ခြင်းအတွက်၊ ထိုကဲ့သို့ ထူးကဲလှသောအရာများကို ပြုလုပ်ခြင်းအတွက် သူ၏သြဇာအာဏာသည် များသောအားဖြင့် သူ၏အမှုတော်ကို စတင်ခြင်း မပြုမီအချိန်အထိ မိမိကိုယ်ကိုယ် ပြသခဲ့ခြင်း မရှိပေ။ သူ၏အမှုတော်ကို မထမ်းဆောင်ခင်၊ သူ၏အသက် နှစ်ဆယ့်ကိုးနှစ် မတိုင်ခင်က သူ၏အသက်တာက သူသည် သာမန်ဇာတိပကတိပင် ဖြစ်ခဲ့ကြောင်း လုံလောက်သော သက်သေဖြစ်သည်။ ယင်းကြောင့်နှင့် သူ၏အမှုတော်ကို စတင်မထမ်းဆောင်ရသေးသည့် အတွက်တို့ကြောင့် လူများသည် သူ့အထဲတွင် ဘုရား၏ သဘောသဘာဝရှိသော အရာတစ်ခုမျှ မမြင်ခဲ့ကြ၊ သာမန်လူတစ်ယောက်ထက်ပို၍ ဘာတစ်ခုမျှ မမြင်ခဲ့ကြ၊ ၎င်းအချိန်တုန်းက လူအချို့တို့သည် သူ့ကို ယောသပ်၏သားဟု ယုံကြည်ခဲ့ကြသကဲ့သို့ သာမန် လူသားတစ်ယောက်ဟုသာ မြင်ခဲ့ကြသည်။ လူများက သူသည် သာမန်လူတစ်ယောက်၏သားဟု တွေးထင်ခဲ့ကြပြီး၊ သူသည် ဘုရားသခင်ခံယူထားသော လူ့ဇာတိပကတိ ဖြစ်သည်ဆိုခြင်းကို လုံးဝ မသိခဲ့ကြပေ၊ သူ၏အမှုတော်ကို ထမ်းဆောင်နေချိန် အတွင်းမှာပင်လျှင်၊ သူသည် အံဩဖွယ်ရာများစွာ ပြုလုပ်ခဲ့သော်ငြားလည်း၊ သူသည် သာမန်လူ့သဘာဝ အပြင်ပန်းကိုယ်ထည်နှင့် ခရစ်တော် ဖြစ်နေခဲ့သည့်အတွက်၊ လူအများစုသည် သူ့ကို ယောသပ်၏သားဖြစ်သည်ဟုသာ ပြောဆိုခဲ့ကြတုန်းဖြစ်၏။ သူ၏ သာမန်လူ့သဘာဝနှင့် သူ၏အလုပ်နှစ်ခုစလုံးသည် ပထမ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ဖြည့်စွမ်းရန်၊ ဘုရားသခင်သည် ဇာတိပကတိထဲသို့ အလုံးစုံ ၀င်ရောက်လာခဲ့ကြောင်း၊ သာမန်လူသားတစ်ယောက် လုံးလုံးလျားလျား ဖြစ်လာကြောင်းကို သက်သေပြရန်၊ တည်ရှိခဲ့ခြင်း ဖြစ်သည်။ သူ၏အလုပ်ကို မစတင်ခင်က သူ၏သာမန်လူ့သဘာဝသည် သူသည် သာမန်ဇာတိပကတိ ဖြစ်ကြောင်း သက်သေပင်ဖြစ်ပြီး၊ နောက်ပိုင်း သူအလုပ်လုပ်လုပ်ခဲ့ခြင်းမှာလည်း သူသည် သာမန် ဇာတိပကတိသာ ဖြစ်ခဲ့ကြောင်း သက်သေပြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဇာတိပကတိ၌ သာမန် လူ့သဘာဝနှင့်ပင် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုများကို ဆောင်ရွက်ခဲ့ပြီး၊ နာမကျန်းသောသူတို့ကို ကျန်းမာစေကာ နတ်ဆိုးများကို နှင်ထုတ်ခဲ့သောကြောင့် ဖြစ်သည်။ နိမိတ်လက္ခဏာများ သူပြုနိုင်ခဲ့ခြင်း၏ အကြောင်းရင်းမှာ သူ၏ဇာတိပကတိသည် ဘုရားသခင်၏ သြဇာအာဏာရှိပြီး၊ ဘုရားသခင်၏ဝိညာဉ်တော် ၀တ်ဆင်ထားသည့် ဇာတိပကတိ ဖြစ်သောကြောင့် ဖြစ်သည်။ ဤသြဇာအာဏာကို သူပိုင်ဆိုင်ထားခြင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော်ကြောင့်ဖြစ်ပြီး၊ ထိုသို့ပိုင်ဆိုင်ခြင်းကြောင့် သူသည် ဇာတိပကတိ မဟုတ်ကြောင်းကို ဆိုလိုခြင်း မဟုတ်ပေ။ နာမကျန်းသောသူတို့ကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်းသည် သူ၏အမှုတော်တွင် ထမ်းဆောင်ရန်လိုအပ်သည့် အလုပ်ပင်ဖြစ်သည်၊ ၎င်းမှာ သူ၏လူ့သဘာဝထဲတွင် သိုဝှက်ထားသော ဘုရားသဘောသဘာဝ၏ ဖော်ပြချက်တစ်ရပ် ဖြစ်ပြီး၊ မည်သည့် နိမိတ်လက္ခဏာများကို သူပြသည်ဖြစ်စေ၊ သူ၏သြဇာအာဏာကို မည်ကဲ့သို့ပင်ပြသည်ဖြစ်စေ၊ သူသည် သာမန်လူ့သဘာဝထဲတွင် အသက်ရှင်ဆဲဖြစ်ပြီး၊ သာမန် ဇာတိပကတိ ဖြစ်နေဆဲဖြစ်သည်။ ကားတိုင်ပေါ်တွင် အသေခံပြီးနောက် ရှင်ပြန်ထမြောက်ခဲ့သည့် အချိန်အထိ၊ သူသည် သာမန် ဇာတိပကတိ၌ ကိန်းဝပ်ခဲ့သည်။ ကျေးဇူးတော်ကို အပ်နှင်းပေးခြင်း၊ နာမကျန်းသောသူကို ကျန်းမာစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်း အားလုံးတို့သည် သူ့အမှုတော်၏ အစိတ်အပိုင်းဖြစ်ပြီး၊ သူ၏သာမန် ဇာတိပကတိ၌ ဆောင်ရွက်ခဲ့သည့် အလုပ်အားလုံးပင်ဖြစ်သည်။ သူသည် ကားတိုင်သို့ မသွားခင်တွင် သူမည်သည့်အရာကို လုပ်နေခဲ့သည် ဖြစ်ပါစေ၊ သူ၏သာမန် လူ့ဇာတိပကတိနှင့် ဘယ်သောအခါမျှ မခွဲခွာခဲ့ပေ။ သူသည် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ပြီး၊ ဘုရားသခင်ကိုယ်တိုင်၏ အလုပ်ကို ဆောင်ရွက်နေခဲ့သော်ငြားလည်း၊ သူသည် ဘုရားသခင်ခံယူထားသော လူ့ဇာတိဖြစ်သည့်အတွက်၊ သူသည် အစာစားပြီး အဝတ် ဝတ်ဆင်ခဲ့သည်၊ သာမန်လူသား၏ လိုအပ်ချက်များ ရှိခဲ့ပြီး၊ သာမန်လူသား၏ အသိဉာဏ်နှင့် သာမန်လူသား၏စိတ်တို့ ရှိခဲ့သည်။ ဤအရာအားလုံးမှာ သူသည် သာမန် လူသားတစ်ယောက် ဖြစ်ကြောင်း သက်သေဖြစ်ပြီး၊ ဘုရားသခင် ခံယူထားသည့် လူ့ဇာတိသည် သာမန်လူ့သဘာဝ ရှိသည့် ဇာတိပကတိ ဖြစ်ကြောင်းနှင့် သဘာဝလွန် မဟုတ်ကြောင်းကို သက်သေပြ၏။ သူ၏လုပ်ငန်းတာဝန်မှာ ဘုရားသခင်၏ ပထမလူ့ဇာတိခံယူခြင်း အလုပ်ကို ပြီးပြည့်စုံစေရန်၊ ပထမလူ့ဇာတိခံယူခြင်းက ပြုလုပ်ရမည့် အမှုတော် ဖြည့်စွမ်းရန်ပင် ဖြစ်သည်။ လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်မှာ ရိုးရိုးပုံမှန်လူသား တစ်ယောက်သည် ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို ထမ်းဆောင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ၏ဘုရားသဘောသဘာဝ အလုပ်ကို လူ့သဘာဝနှင့် ထမ်းဆောင်ပြီး၊ ဤနည်းဖြင့် စာတန်ကို နှိမ်နှင်းခဲ့ခြင်းဖြစ်သည်။ လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာ တစ်ခု ဖြစ်လာခြင်းကို ဆိုလိုသည်၊ ယင်းသည် ဘုရားသခင်သည် ဇာတိပကတိ ဖြစ်လာခြင်း ဖြစ်သည်၊ ဇာတိပကတိပြုသော အလုပ်မှာ ဇာတိပကတိ၌ ပြည့်မြောက်သော၊ ဇာတိပကတိအားဖြင့် ဖော်ပြသော ဝိညာဉ်တော်၏ အလုပ်ပင်ဖြစ်သည်။ ဘုရားသခင်၏ ဇာတိပကတိမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုတော်ကို ဖြည့်စွမ်းနိုင်ခြင်း မရှိပေ၊ ဆိုလိုသည်မှာ အခြားမည်သူတစ်ဦးမျှ မဟုတ်ဘဲ၊ ဘုရားသခင် ခံယူထားသော လူ့ဇာတိတစ်ခုတည်းသာ၊ ဤသာမန် လူ့သဘာဝ တစ်ခုတည်းသာ ဘုရားသဘောသဘာဝ၏ အလုပ်ကို ဖော်ပြနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ

လူ့ဇာတိခံယူသော ဘုရားသခင်၏ လူ့သဘာဝသည် ဇာတိပကတိ၌ သာမန် ဘုရားသဘောသဘာဝ၏ အလုပ်ကို ထိန်းသိမ်းရန် တည်ရှိသည်။ သူ၏ သာမန် လူသားအတွေးအခေါ်သည် သူ၏သာမန် လူ့သဘာဝနှင့် သူ၏ ခန္ဓာဆိုင်ရာ လုပ်ဆောင်မှုအားလုံးကို ထောက်မသည်။ သူ၏ သာမန် လူသားအတွေးအခေါ်သည် ဇာတိပကတိ၌ ဘုရားသခင်၏ အလုပ်အားလုံးကို ထောက်မရန် တည်ရှိသည်ဟု ပြော၍ရသည်။ အကယ်၍ ထိုဇာတိခန္ဓာသည် သာမန် လူသားစိတ်ကို မပိုင်ဆိုင်ပါက၊ ဘုရားသခင် ထိုဇာတိပကတိတွင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ၊ ထို့အပြင် ဇာတိပကတိ၌ သူလုပ်ဆောင်ရန် လိုအပ်သည့် အရာကိုလည်း ဘယ်သောအခါမျှ ပြီးမြောက်အောင် လုပ်နိုင်မည် မဟုတ်ပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန်လူသား စိတ်ကို ပိုင်ဆိုင်သော်ငြားလည်း၊ သူ၏အလုပ်သည် လူသားအတွေးအခေါ်နှင့် ရောနှောနေခြင်း မရှိပေ၊ စိတ်ရှိသော လူ့သဘာဝကို ပိုင်ဆိုင်ဖို့ လိုအပ်ချက်ဖြင့်၊ သူသည် လူ့သဘာဝထဲမှ အလုပ်ကို သာမန်လူသား အတွေးအခေါ်ကို အသုံးချခြင်းဖြင့် မဟုတ်ဘဲ သာမန်စိတ်နှင့် လုပ်ဆောင်သည်။ သူ့ဇာတိပကတိ၏ အတွေးအခေါ်များ မည်မျှပင် မြင့်မားနေပါစေ၊ သူ၏အလုပ်၌ ဆင်ခြင်တွေးခေါ်မှု သို့မဟုတ် အတွေးအခေါ်ဖြင့် စွန်းထင်းခြင်း မရှိပေ။ တစ်နည်းဆိုရလျှင်၊ သူ၏အလုပ်သည် သူ့ဇာတိပကတိ၏ စိတ်အားဖြင့် အကြံရလာခြင်း မဟုတ်ဘဲ၊ သူ၏ လူ့သဘာဝထဲရှိ ဘုရားသဘောသဘာဝ အလုပ်၏ တိုက်ရိုက် ဖော်ပြချက်ပင် ဖြစ်သည်။ သူ၏ အလုပ်အားလုံးသည် သူကျေပွန်အောင် ဆောင်ရွက်ရန် လိုအပ်သည့် အမှုတော်ပင်ဖြစ်ပြီး၊ ထိုအရာတစ်ခုကမျှ သူ၏ဦးနှောက်အားဖြင့် အကြံရလာခြင်း မဟုတ်ပေ။ ဥပမာအားဖြင့် နာမကျန်းသူကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်းနှင့် ကားတိုင်တွင် အသေခံခြင်းတို့မှာ သူ၏ လူ့စိတ်မှ ထုတ်လုပ်သည့်အရာများ မဟုတ်ပေ၊ ၎င်းအရာများကို လူသားစိတ်ရှိသည့် မည်သည့် လူသားမျှ ဖြစ်မြောက်အောင်မြင်အောင် လုပ်နိုင်မည် မဟုတ်ပေ။ ထိုနည်းတူစွာပင်၊ ယနေ့ကာလ၏ သိမ်းပိုက်ခြင်း အလုပ်သည် လူ့ဇာတိခံယူသော ဘုရားသခင်က ထမ်းဆောင်ရမည့် အမှုတော်ဖြစ်ပြီး၊ ၎င်းမှာ လူသားဆန္ဒမှဖြစ်လာသော အလုပ် မဟုတ်ပေ၊ ၎င်းသည် သူ၏ဘုရားသဘောသဘာဝက လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်ပြီး၊ မည်သည့် ဇာတိပကတိ ဆန်သော လူသားကမျှ မစွမ်းဆောင်နိုင်သည့် အလုပ်ဖြစ်သည်။ ထို့ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန် လူသားစိတ်ကို ပိုင်ဆိုင်ရမည်၊ သာမန် လူ့သဘာဝကို ပိုင်ဆိုင်ရမည်၊ အဘယ်ကြောင့်ဆိုသော် သူ၏အလုပ်ကို သူသည် လူ့သဘာဝ၌ သာမန်စိတ်နှင့် ထမ်းဆောင်ရမည် ဖြစ်သောကြောင့်ဖြစ်သည်။ ဤအရာသည် လူ့ဇာတိခံယူသော ဘုရားသခင်အလုပ်၏ အနှစ်သာရဖြစ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ အနှစ်သာရ စင်စစ်လည်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ

ယေရှုသည် အလုပ်ကို မဆောင်ရွက်မီ သူသည် သူ၏သာမန်လူ့သဘာဝတွင်သာ နေထိုင်ခဲ့သည်။ သူသည် ဘုရားသခင်ဖြစ်ကြောင်းကို မည်သူမျှမပြောနိုင်ခဲ့၊ သူသည် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်ကြောင်းကို မည်သူမျှမသိခဲ့ကြပေ၊ လူတို့က သူ့ကို လုံးလုံးလျားလျား သာမန်လူသားတစ်ယောက်အဖြစ်သာ သိရှိခဲ့ကြသည်။ သူ၏ လုံး၀ ရိုးရိုးသာမန်လူ့သဘာဝမှာ ဘုရားသခင်သည် ဇာတိပကတိထဲသို့ လူ့ဇာတိခံယူခဲ့ပြီးဖြစ်ကြောင်းနှင့် ကျေးဇူးတော်ခေတ်ဆိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏ အလုပ်၏ခေတ် ဖြစ်ကြောင်း၊ ဝိညာဉ်တော်အလုပ်၏ ခေတ်မဟုတ်ကြောင်း သက်သေပင်ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိထဲတွင် လုံးလုံး အကောင်အထည်ဖော်ခဲ့ကြောင်းနှင့် ဘုရားသခင်၏ လူ့ဇာတိခံယူသည့်ခေတ်တွင် သူ၏ဇာတိပကတိသည် ဝိညာဉ်တော်၏အလုပ်အားလုံးကို ဆောင်ရွက်မည်ဖြစ်ကြောင်းတို့၏ သက်သေပင်ဖြစ်သည်။ သာမန် လူ့သဘာဝရှိသော ခရစ်တော်သည် ဝိညာဉ်တော်ကို အကောင်အထည်ဖော်သော ဇာတိပကတိဖြစ်ပြီး၊ သာမန် လူ့သဘာဝ၊ သာမန် အသိစိတ်နှင့် လူသားအတွေးအခေါ်တို့ ပိုင်ဆိုင်ထားသည်။ “အကောင်အထည်ဖော်ခံရခြင်း” ဆိုသည်မှာ ဘုရားသခင် လူသားဖြစ်လာခြင်း၊ ဝိညာဉ်တော် လူ့ဇာတိ ခံယူခြင်းကို ဆိုလိုသည်၊ ရှင်းရှင်းပြောရလျှင် ၎င်းမှာ ဘုရားသခင်ကိုယ်တိုင်က ဇာတိပကတိထဲတွင် သာမန် လူ့သဘာဝနှင့် ကိန်းဝပ်ပြီး၊ ၎င်းမှတစ်ဆင့် သူ၏ ဘုရားသဘောသဘာဝ အလုပ်ကို ဖော်ပြခြင်း ဖြစ်သည်၊ အကောင်အထည်ဖော်ခံရခြင်း သို့မဟုတ် လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဤအရာပင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ

သခင်ယေရှုအမှုပြုနေခဲ့သော အချိန်ကာလတွင် ဘုရားသခင်၌ လူသားထုတ်ဖော်ပြမှုများစွာ ရှိခဲ့သည်ကို လူတို့က မြင်နိုင်ခဲ့သည်။ ဥပမာအားဖြင့် သူသည် ကနိုင်သည်၊ မင်္ဂလာဆောင်များကို တက်ရောက်နိုင်သည်၊ လူတို့နှင့် ဆက်ဆံနိုင်သည်၊ ၎င်းတို့နှင့် စကားပြောနိုင်ပြီး၊ ၎င်းတို့နှင့် အမှုအရာများကို ဆွေးနွေးနိုင်ပေသည်။ ထို့အပြင် သခင်ယေရှုသည် သူ၏ဘုရားသဘောသဘာဝကို ကိုယ်စားပြုသော အမှုများစွာကို ပြီးစီးခဲ့ပြီး ဤအမှုအားလုံးသည် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် ဖော်ပြချက်နှင့် ထုတ်ဖော်ခြင်းတို့ အမှန်ဖြစ်ပေသည်။ ဤအချိန်ကာလအတောအတွင်းတွင်၊ ဘုရားသခင်၏ ဘုရား သဘောသဘာဝသည် လူတို့မြင်နိုင်ပြီး တို့ထိနိုင်သော နည်းလမ်းတစ်ခုဖြင့် သာမန်ဇာတိခန္ဓာထဲ၌ အမှန်တကယ် ဖြစ်ပေါ်လာသောအခါတွင်၊ ဘုရားသခင်သည် သိမြင်နားလည်ခြင်းမှ ပေါ်လိုက်ပျောက်လိုက်ဖြစ်သည် သို့မဟုတ် သူ့ထံ နီးကပ်၍မရနိုင်ဟု လူတို့ မခံစားရတော့ပေ။ ဆန့်ကျင်ဘက်အနေနှင့် ၎င်းတို့သည် ဘုရားသခင်၏ အလိုကို သဘောပေါက်ဖို့ သို့မဟုတ် လူသား၏ လှုပ်ရှားမှုတိုင်းမှတစ်ဆင့်၊ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ ပြီးလျှင် အမှုမှတစ်ဆင့် သူ၏ ဘုရားသဘာဝကို နားလည်ရန် ကြိုးစားနိုင်ခဲ့ကြသည်။ လူ့ဇာတိခံ လူသားသည် သူ၏ လူ့သဘာဝမှတစ်ဆင့် ဘုရားသခင်၏ ဘုရားသဘာဝကို ဖော်ပြပြီး လူသားမျိုးနွယ်ထံ ဘုရားသခင်၏ အလိုကို အသိပေးခဲ့သည်။ ပြီးလျှင် ဘုရားသခင်၏ အလိုနှင့် စိတ်သဘောထားတို့နှင့် သက်ဆိုင်သော သူ၏ ဖော်ပြချက်မှတစ်ဆင့် ဝိညာဉ်လောက၌ ကျိန်းဝပ်သည့် မြင်၍မရသော သို့မဟုတ် ထိတွေ့၍မရသော ဘုရားသခင်ကိုလည်း လူတို့ထံ ထုတ်ဖော်ပြခဲ့သည်။ လူတို့ မြင်ခဲ့သောအရာမှာ အသွေးအသားနှင့် ဖန်တီးထားသည့်၊ လက်ဆုပ်လက်ကိုင် ပြနိုင်သော ပုံသဏ္ဌာန်ဖြင့်ရှိသည့် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်။ ထို့ကြောင့် လူ့ဇာတိခံ လူသားသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ပင်ကိုလက္ခဏာ၊ ဘုရားသခင်၏ အဆင့်အတန်း၊ ပုံသဏ္ဌာန်၊ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကဲ့သို့သော အရာများကို ခိုင်မာစေပြီး လူသားဆန်စေခဲ့သည်။ လူသား၏ အပြင်ပန်း အသွင်အပြင်သည် ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့် စပ်လျဉ်း၍ အကန့်အသတ် အချို့ရှိခဲ့သော်လည်း၊ သူ၏အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့ကို လုံးဝ ကိုယ်စားပြုနိုင်ခဲ့သည်- ဖော်ပြခြင်းပုံစံတွင် ကွာခြားချက် အချို့သာ ရှိလေသည်။ လူသားသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းတို့ကို သူ၏ လူ့သဘာဝနှင့် သူ၏ ဘုရားသဘောသဘာဝ ပုံစံနှစ်ခုလုံးဖြင့် ကိုယ်စားပြုခဲ့သည်ဆိုသည်ကို ငါတို့ မငြင်းနိုင်ပေ။ သို့သော် ဤအချိန်ကာလအတွင်းတွင် ဘုရားသခင်သည် လူ့ဇာတိ မှတစ်ဆင့် အမှုပြုခဲ့သည်၊ လူ့ဇာတိ၏ ရှုထောင့်မှ စကားပြောဆိုခဲ့ပြီး လူသား၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့ဖြင့် လူသားမျိုးနွယ်ရှေ့တွင် ရပ်ခဲ့ပြီး၊ ဤအရာက လူသားမျိုးနွယ်အလယ်တွင် ဘုရားသခင်၏ စစ်မှန်သော နှုတ်ကပတ်တော်များနှင့်အမှုကို လူတို့အား ကြုံကာ ခံစားရန် အခွင့်အလမ်းကို ပေးခဲ့သည်။ ယင်းက နှိမ့်ချခြင်း အလယ်တွင် သူ၏ ဘုရားသဘောသဘာဝနှင့် သူ၏ ကြီးမြတ်ခြင်းတို့ကို လူတို့အား ထိုးထွင်းသိမြင်ခွင့်လည်း ပေးခဲ့‌သည့်အပြင်၊ ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် လက်တွေ့အရှိတရားနှင့်သက်ဆိုင်သည့် ပဏာမ သိနားလည်ခြင်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်ရပ်ကို ရရှိခွင့်ပေးခဲ့သည်။ သခင်ယေရှုပြီးစီးခဲ့သော အမှု၊ သူ၏အမှုပြုသော နည်းလမ်း၊ သူစကားပြောသော ရှုထောင့်တို့သည် ဝိညာဉ်လောကထဲရှိ ဘုရားသခင်၏ စစ်မှန်သော ဇာတိအဖြစ်တော်မှ ကွာခြားသော်လည်း၊ သူနှင့်ပတ်သက်သည့် အရာရာတိုင်းသည် လူသားမျိုးနွယ်က ယခင်က လုံးဝ မမြင်ဖူးသော ဘုရားသခင်ကိုယ်တော်တိုင်ကို အမှန်တကယ် ကိုယ်စားပြုခဲ့သည်- ဤအရာကို ငြင်း၍မရပေ။ ဆိုလိုသည်မှာ ဘုရားသခင်က မည်သို့သောပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းသည်ဖြစ်စေ၊ မည်သည့်ရှုထောင့်မှ သူစကားပြောသည် ဖြစ်စေ၊ သို့မဟုတ် လူသားမျိုးနွယ်ကို မည်သည့်ပုံသဏ္ဌာန်ဖြင့် သူရင်ဆိုင်သည်ဖြစ်စေ ဘုရားသခင်သည် မိမိကိုယ်ကိုယ်မှလွဲ၍ မည့်သည့်အရာကိုမျှ ကိုယ်စားမပြုပေ။ သူသည် မည်သည့်လူသားကိုမျှ ကိုယ်စားမပြုနိုင်သကဲ့သို့၊ ဖောက်ပြန်ပျက်စီးသော မည်သည့်လူသားမျိုးနွယ်ကိုမျှလည်း ကိုယ်စားမပြုနိုင်ပေ။ ဘုရားသခင်သည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပြီး၊ ဤအရာကို ငြင်း၍မရနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

လူ့ဇာတိခံ ဘုရားသခင်၏ အပြင်ပန်း အသွင်အပြင်သည် လူသားတစ်ယောက်နှင့် အတိအကျ တူသော်လည်း၊ သူသည် လူသား၏ အသိပညာကို လေ့လာသင်ယူပြီး လူသား၏ ဘာသာစကားကို ပြောသော်လည်း၊ တစ်ခါတစ်ရံ၌ လူသားမျိုးနွယ်၏ကိုယ်ပိုင် နည်းလမ်းများ၊ သို့မဟုတ် စကားပြောပုံများမှတစ်ဆင့် သူ၏ စိတ်ကူးတို့ကိုပင်လျှင် သူဖော်ပြသော်လည်း၊ လူသားတို့နှင့် အမှုအရာတို့၏ အနှစ်သာရကို သူမြင်သောပုံစံသည် ဖောက်ပြန်ပျက်စီးသော လူတို့က လူသားမျိုးနွယ်နှင့် အမှုအရာတို့၏ အနှစ်သာရကို မြင်သောပုံစံနှင့် လုံးဝမတူပေ။ သူ၏ ရှုထောင့်နှင့် သူရပ်တည်သော အမြင့်သည် ဖောက်ပြန်ပျက်စီးသောလူတစ်ယောက် မရရှိနိုင်သော အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် သမ္မာတရားဖြစ်သောကြောင့်၊ သူ ယူတင်ဝတ်ဆင်သော ဇာတိခန္ဓာသည်လည်း ဘုရားသခင်၏ အနှစ်သာရ ပိုင်ဆိုင်ပြီး၊ သူ၏အတွေးများနှင့် သူ၏လူ့သဘာဝက ဖော်ပြသောအရာသည်လည်း သမ္မာတရားဖြစ်သောကြောင့် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူတို့အတွက် ဇာတိခန္ဓာ ထဲ၌ သူဖော်ပြသောအရာသည် သမ္မာတရားနှင့် အသက်၏ ပံ့ပိုးပေးခြင်းများ ဖြစ်သည်။ ဤပံ့ပိုးခြင်းတို့က လူတစ်ယောက် အတွက်သာ မဟုတ်ဘဲ၊ လူသားမျိုးနွယ် အားလုံးအတွက် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော မည်သည့်လူမဆို၏ စိတ်နှလုံးထဲတွင် သူနှင့် ပေါင်းဖော်သော လူ အနည်းငယ်သာ ရှိသည်။ ၎င်းတို့သည် ဤလက်တစ်ဆုပ်စာ လူများအတွက်သာ ဂရုစိုက်ပြီး ပူပန်သည်။ ကပ်ဘေး အလားအလာရှိသောအခါ၊ ၎င်းတို့၏ သားသမီးများ၊ အိမ်ထောင်ဖက်၊ သို့မဟုတ် မိဘတို့ကို ပထမဦးစွာ စဉ်းစားကြသည်။ အဆုံးစွန်အနေဖြင့်၊ သာ၍ သနားကရုဏာနှင့် ပြည့်စုံသောသူက ဆွေမျိုးတချို့၊ သို့မဟုတ် မိတ်ဆွေကောင်းအတွက် အတွေးတချို့ ချန်ထားပေမည်၊ သို့သော် ထိုသို့သော သနားကရုဏာနှင့် ပြည့်စုံသည့်လူ၏ အတွေးများသည် ထို့ထက် တိုးချဲ့ပါသလော။ မည်သည့်အခါမျှ မတိုးချဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် လူသားများသည် အမှန်တွင်တော့ လူသားများဖြစ်ကြပြီး ၎င်းတို့သည် အရာရာတိုင်းကို လူသားတစ်ဦး၏ အမြင့်နှင့် ရှုထောင့်မှသာ ကြည့်နိုင်ကြသောကြောင့် ဖြစ်သည်။ သို့သော် လူ့ဇာတိခံ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးသောလူတစ်ဦးနှင့် လုံးဝ ကွာခြား၏။ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာသည် မည်မျှ သာမန်ဖြစ်ပါစေ၊ ပုံမှန်ဖြစ်ပါစေ၊ မည်မျှ နိမ့်ကျပါစေ၊ သို့မဟုတ် လူတို့က သူ့အပေါ် မည်သည့်စက်ဆုပ်မှုဖြင့် အထင်သေးပါစေ၊ လူသားမျိုးနွယ်အပေါ် သူ၏ အတွေးများနှင့် သဘောထားတို့က မည်သည့်လူသားမျှ မပိုင်ဆိုင်နိုင်သောအရာများ၊ မည်သည့် လူသားမျှ မတုပနိုင်သော အရာများဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို ဘုရားသဘောသဘာဝ၏ ရှုထောင့်မှ၊ ဖန်ဆင်းရှင်အနေနှင့် သူ၏နေရာ အမြင့်မှ အမြဲကြည့်ရှု လေ့လာလိမ့်မည်။ သူသည် လူသားမျိုးနွယ်ကို ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်နေစိတ်ထားမှတစ်ဆင့် အမြဲမြင်လိမ့်မည်။ သူသည် လူသားမျိုးနွယ်ကို သာမန် လူတစ်ဦး၏ နိမ့်ကျသော အမြင့်၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသောလူတစ်ဦး၏ ရှုထောင့်မှ လုံးဝ ကြည့်၍မရပေ။ လူတို့က လူသားမျိုးနွယ်ကို ကြည့်သောအခါ၊ လူသားအမြင်ဖြင့် ထိုသို့ကြည့်ကြပြီး၊ လူသား အသိပညာ၊ လူသား စည်းမျဉ်းနှင့် အယူအဆများကဲ့သို့သော အရာတို့ကို ၎င်းတို့၏ အတိုင်းအတာအဖြစ် အသုံးပြုကြသည်။ ဤသည်မှာ လူတို့က ၎င်းတို့၏မျက်လုံးများဖြင့် မြင်နိုင်သော အတိုင်းအတာအတွင်းနှင့် ဖောက်ပြန်ပျက်စီးသော လူတို့ ရရှိနိုင်သော အတိုင်းအတာအတွင်းတွင် ဖြစ်သည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကြည့်သောအခါ၊ ဘုရား၏ အမြင်ဖြင့် သူကြည့်ပြီး၊ တိုင်းတာချက်တစ်ခုအနေဖြင့် သူ၏အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို အသုံးပြုသည်။ ဤနယ်ပယ်သည် လူတို့ မမြင်နိုင်သောအရာများ ပါဝင်ပြီး၊ ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင်နှင့် ဖောက်ပြန်ပျက်စီးသောလူသားတို့ လုံးဝ ကွဲပြားသောနေရာ ဖြစ်သည်။ ဤကွဲပြားမှုကို လူသားနှင့် ဘုရားသခင်၏ မတူညီသော အနှစ်သာရအားဖြင့် သတ်မှတ်ထား၏- ၎င်းတို့၏ ပင်ကိုလက္ခဏာများနှင့် ရာထူးများအပြင် အမှုအရာများကို ၎င်းတို့မြင်သော ရှုထောင့်နှင့် အမြင့်တို့ကို ပိုင်းခြားသတ်မှတ်သည်မှာ ဤမတူညီသော အနှစ်သာရများ ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

ဘုရားသခင်၏ ဝိညာဉ် ဝတ်ဆင်ခဲ့သည့် ခန္ဓာသည် ဘုရားသခင်ကိုယ်တိုင်၏ ခန္ဓာဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်သည် အထွတ်အထိပ်ဖြစ်၏။ သူသည် အနန္တတန်ခိုးရှိသည်၊ သန့်ရှင်းပြီး ဖြောင့်မတ်လေသည်။ အလားတူပင်၊ သူ၏ခန္ဓာသည်လည်း အထွတ်အထိပ်ဖြစ်ပြီး၊ အနန္တတန်ခိုးရှိကာ သန့်ရှင်း၍ ဖြောင့်မတ်လေသည်။ ထိုသို့သော ခန္ဓာတစ်ခုသည် ဖြောင့်မတ်ပြီး လူသားမျိုးနွယ်အဖို့ အကျိုးပြုသည့်အရာ၊ သန့်ရှင်းပြီး၊ မွန်မြတ်ကာ အနန္တတန်ခိုးနှင့်ပြည့်စုံသည့် အရာကိုသာ လုပ်ဆောင်နိုင်လေသည်။ သူသည် သမ္မာတရားကို ချိုးဖောက်သည့်၊ ကိုယ်ကျင့်တရားနှင့် တရားမျှတမှုတို့ကို ချိုးဖောက်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းမရှိသည့်အပြင် ဘုရားသခင်၏ ဝိညာဉ်ကို သစ္စာဖောက်သည့်အရာ မည်သည့်အရာကိုမဆို သာ၍ပင် လုပ်နိုင်စွမ်းမရှိပေ။ ဘုရားသခင်၏ ဝိညာဉ်သည် သန့်ရှင်း၏၊ ထို့ကြောင့် သူ၏ ခန္ဓာကို စာတန်က မဖျက်ဆီးနိုင်ပေ။ သူ၏ ခန္ဓာသည် လူသား၏ ဇာတိပကတိနှင့် ကွဲပြားသော အနှစ်သာရ ရှိလေသည်။ အကြောင်းမူကား၊ စာတန်၏ ဖျက်ဆီးခြင်းခံရသည်မှာ ဘုရားသခင်မဟုတ်ဘဲ လူဖြစ်သောကြောင့် ဖြစ်သည်။ စာတန်သည် ဘုရားသခင်၏ ခန္ဓာကို ဖောက်ပြန်ပျက်စီးစေဖို့ မဖြစ်နိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)

လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်သည်၊ ထို့ကြောင့် လူတို့ကို သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ သူသည် ဘုရားသခင်၏ အနှစ်သာရ ပိုင်ဆိုင်ပြီး၊ သူ၏ အမှုတွင် လူသားက မရရှိနိုင်သည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ ပိုင်ဆိုင်သည့်အတွက်၊ ဤအရာနှင့်ပတ်သက်၍ လွန်ကဲသောအရာတစ်ခုမျှ မရှိပေ။ မိမိတို့ကိုယ်ကိုယ် ခရစ်တော်ဟု ခေါ်သော်လည်း၊ ဘုရားသခင်၏အမှုကို မလုပ်ဆောင်နိုင်သော သူတို့သည် လူလိမ်များ ဖြစ်၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ သရုပ်သကန်ဖြစ်ရုံသာမက၊ ဘုရားသခင်က လူသားအလယ် သူ၏အမှုကို ဆောင်ရွက်ပြီး၊ ပြည့်စုံစေသည်နှင့်အမျှ သူခံယူသော အထူးလူ့ဇာတိလည်း ဖြစ်၏။ ဤဇာတိခန္ဓာကို မည်သည့်လူသားမဆိုက အစားထိုး၍ မရနိုင်ဘဲ၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏အမှုကို ပြည့်စုံလုံလောက်စွာ တာဝန်ယူ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြနိုင်ကာ၊ ဘုရားသခင်ကို ကောင်းစွာ ကိုယ်စားပြုနိုင်သကဲ့သို့၊ လူသားကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်သော ဇာတိခန္ဓာ တစ်ခုဖြစ်၏။ ၎င်းတို့သည် ခရစ်တော်ဖြစ်သည်ဟု အခိုင်အမာ ဆိုကြသော်လည်း၊ ခရစ်တော်၏ အနှစ်သာရထဲမှ မည်သည့်အရာမျှ မပိုင်ဆိုင်ကြသည့်အတွက်၊ အနှေးနှင့်အမြန်၊ ခရစ်တော်၏ အယောင်ကိုဆောင်သော သူအားလုံးတို့သည် ကျရှုံးကြလိမ့်မည်။ ထို့ကြောင့် ခရစ်တော်၏ စစ်မှန်မှုကို လူသားက သတ်မှတ်၍ မရနိုင်ဘဲ၊ ဘုရားသခင် ကိုယ်တိုင်က တာဝန်ယူကာ ဆုံးဖြတ်ထားခြင်းဖြစ်သည်ဟု ငါပြောရပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံခြင်းဖြစ်သည်

(ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ လက်ရွေးစင် အခန်း)

လူ့ဇာတိခံ ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်က ဆင်မြန်းထားသည့် ဇာတိခန္ဓာ ဖြစ်သည်။ ဤဇာတိခန္ဓာသည် အသွေးအသားရှိသည့် မည်သည့် လူနှင့်မျှ မတူညီပေ။ ဤသို့ ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားနှင့် မဆိုင်သောကြောင့် ဖြစ်သည်။ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်၏။ သူသည် ပုံမှန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်ခုလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူကမျှ မပိုင်ဆိုင်ပေ။ သူ၏ဘုရားသဘောသဘာဝက ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို ဆောင်ရွက်နေစဉ်တွင်၊ သူ၏ ပုံမှန်လူ့သဘာဝက ဇာတိခန္ဓာထဲက သူ၏ ပုံမှန် လှုပ်ရှားမှု အားလုံးကို အားဖြည့်ပေးလေသည်။ သူ၏ လူ့သဘာဝဖြစ်စေ သို့မဟုတ် ဘုရားသဘောသဘာဝ ဖြစ်စေ နှစ်ခုလုံးသည် ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုကို ကျိုးနွံနာခံလေသည်။ ခရစ်တော်၏အနှစ်သာရမှာ ဝိညာဉ်တော် ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသဘောသဘာဝ ဖြစ်သည်။ ထို့ကြောင့် သူ၏အနှစ်သာရသည် ဘုရားသခင် ကိုယ်တော်တိုင်နှင့် သက်ဆိုင်ပေသည်။ ဤအနှစ်သာရသည် သူကိုယ်တိုင်၏ အမှုကို နှောင့်ယှက်လိမ့်မည်မဟုတ်၊ ပြီးလျှင် သူကိုယ်တိုင်၏ အမှုကို ဖျက်ဆီးမည့် မည်သည့်အရာကိုမဆို သူ လုပ်ဆောင်ဖို့ ဖြစ်နိုင်မည် မဟုတ်သကဲ့သို့၊ သူကိုယ်တိုင်၏ အလိုနှင့် ဆန့်ကျင်သည့် မည်သည့် စကားကိုမျှ တစ်ကြိမ်တစ်ခါမျှ သူ မိန့်မြွက်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် လူ့ဇာတိခံ ဘုရားသခင်သည် သူ၏ကိုယ်ပိုင်စီမံခန့်ခွဲမှုကို နှောင့်ယှက်သည့် မည်သည့်အမှုကိုမျှ မည်သည့်အခါတွင်မျှ လုံးဝ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ လူအားလုံး နားလည်သင့်သည့်အရာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အနှစ်သာရသည် လူသားကို ကယ်တင်ရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်စီမံခန့်ခွဲမှုအတွက် ဖြစ်သည်။ ထိုနည်းတူစွာ ခရစ်တော်၏ အမှုသည်လည်း လူသားကို ကယ်တင်ရန်နှင့် ဘုရားသခင်၏ အလိုအတွက် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသည်ကို ထောက်ဆလျှင်၊ သူသည် သူ၏ဇာတိခန္ဓာအတွင်းရှိ သူ၏အနှစ်သာရကို ရုပ်အကောင်အထည် ပေါ်စေသဖြင့် သူ၏ဇာတိခန္ဓာသည် သူ၏အမှုကို ဆောင်ရွက်ရန် လုံလောက်၏။ ထို့ကြောင့် လူ့ဇာတိခံခြင်း အချိန်ကာလအတွင်းတွင် ဘုရားဝိညာဉ်တော်၏ အလုပ်အားလုံးကို ခရစ်တော်၏ အမှုအားဖြင့် အစားထိုးလိုက်ပြီး၊ လူ့ဇာတိခံယူခြင်းအချိန် တစ်လျှောက်လုံးတွင် အမှုအားလုံး၏ အဓိက အချက်အချာတွင် ခရစ်တော်၏အမှု ရှိပေသည်။ ယင်းသည် အခြားမည်သည့်ခေတ်မဆိုမှ အမှုဖြင့် ရောယှက်၍ မရပေ။ ပြီးလျှင် ဘုရားသခင်သည် လူ့ဇာတိခံလာသည့်အတွက်၊ သူသည် သူ၏ဇာတိခန္ဓာ၏ ပင်ကိုလက္ခဏာဖြင့် အမှုပြုသည်။ လူ့ဇာတိ ခံလာသည့်အတွက် သူသည် သူလုပ်သင့်သောအမှုကို ဇာတိခန္ဓာဖြင့် လုပ်ဆောင်ပြီးစီးသည်။ ဘုရားသခင်၏ ဝိညာဉ်ဖြစ်စေ သို့မဟုတ် ခရစ်တော်ဖြစ်စေ၊ နှစ်ခုလုံးသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပြီး သူလုပ်သင့်သော အမှုကို သူလုပ်ဆောင်ပြီး သူဆောင်ရွက်သင့်သော အမှုတော်ကို သူ ဆောင်ရွက်လေသည်။

ဘုရားသခင်၏ တကယ့် အနှစ်သာရ ကိုယ်၌က သြဇာအာဏာကို ကိုင်စွဲသော်လည်း၊ သူသည် မိမိထံမှလာသော သြဇာအာဏာကို အပြည့်အဝ ကျိုးနွံနာခံနိုင်ပေသည်။ ဝိညာဉ်၏ အလုပ်ဖြစ်စေ သို့မဟုတ် ဇာတိခန္ဓာ၏ အလုပ်ဖြစ်စေ၊ တစ်ခုနှင့်တစ်ခု ကွဲလွဲဆန့်ကျင်ခြင်း မရှိပေ။ ဘုရားသခင်၏ ဝိညာဉ်သည် ဖန်ဆင်းခြင်းအားလုံးအပေါ် သြဇာအာဏာ ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရဖြင့် ဇာတိခန္ဓာသည်လည်း သြဇာအာဏာကို ပိုင်ဆိုင်သည်၊ သို့သော် လူ့ဇာတိ၌ ရှိသော ဘုရားသခင်သည် ကောင်းကင်ဘုံရှိ ခမည်းတော်၏အလိုကို လိုက်နာသည့် အမှုအားလုံးကို လုပ်ဆောင်နိုင်သည်။ ဤအရာကို မည်သည့်လူတစ်ဦးတစ်ယောက်မျှ မရရှိနိုင် သို့မဟုတ် စိတ်ကူးမပေါက်နိုင်ကြပေ။ ဘုရားသခင် ကိုယ်တော်တိုင်သည် သြဇာအာဏာ ဖြစ်သည်၊ သို့သော် သူ၏ဇာတိခန္ဓာက သူ၏ သြဇာအာဏာကို ကျိုးနွံနာခံနိုင်သည်။ ဤသည်မှာ “ခရစ်တော်သည် ခမည်းတော် ဘုရားသခင်၏ အလိုကို နာခံသည်။” ဟု ပြောသည့်အခါ သွယ်ဝိုက်ညွှန်းဆိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် လူသား ဖြစ်လာနိုင်သကဲ့သို့၊ ဘုရားသခင်သည် ဝိညာဉ်တော် ဖြစ်ပြီး ကယ်တင်ခြင်း အမှုကို လုပ်ဆောင်နိုင်သည်။ မည်သို့ပင် ဆိုစေကာမူ၊ ဘုရားသခင် ကိုယ်တော်တိုင်သည် သူ၏အမှုကို လုပ်ဆောင်သည်။ ဝိညာဉ်တော်နှင့် လူ့ဇာတိတို့ လုပ်ဆောင်သည့် အမှု၏ အနှစ်သာရသည် တူညီသည့်အတွက်၊ သူသည် သက်သက် ကွဲလွဲသည့် အမှုကို ဆောင်ရွက်ဖို့ မဆိုထားနှင့်၊ သူသည် အနှောင့်အယှက် မပြုသကဲ့သို့ ဝင်ရောက်လည်းမစွက်ဖက်ပေ။ ဝိညာဉ်တော် ဖြစ်စေ သို့မဟုတ် လူ့ဇာတိဖြစ်စေ နှစ်ခုလုံးသည် တစ်ခုသော အလိုတော်ကို ဖြည့်ဆည်းရန်နှင့် တူညီသော အမှုကို စီမံခန့်ခွဲရန် လုပ်ဆောင်သည်။ ဝိညာဉ်တော်နှင့် ဇာတိခန္ဓာတို့သည် ခြားနားလွန်၍ နှိုင်းယှဉ်မရသော အရည်အသွေး နှစ်မျိုး ရှိကြသော်လည်း၊ ၎င်းတို့၏ အနှစ်သာရမှာ တူညီလေသည်။ နှစ်ခုလုံးသည် ဘုရားသခင် ကိုယ်တိုင်၏ အနှစ်သာရရှိပြီး၊ ဘုရားသခင်ကိုယ်တော်တိုင်၏ ပင်ကိုလက္ခဏာ ရှိကြသည်။ ဘုရားသခင်ကိုယ်တော်တိုင်သည် မနာခံခြင်း၏ အရိပ်လက္ခဏာ မပိုင်ဆိုင်ပေ။ သူ၏ အနှစ်သာရက ကောင်းမွန်သည်။ သူသည် လှပမှုနှင့် ကောင်းမွန်မှုအားလုံးအပြင် ချစ်ခြင်းမေတ္တာ အားလုံး၏ ဖော်ပြချက်ဖြစ်သည်။ ဇာတိခန္ဓာ၌ပင်လျှင် ဘုရားသခင်သည် ခမည်းတော် ဘုရားသခင်ကို မနာခံသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ မိမိအသက်ကို စတေးကာ ဆုံးရှုံးအနစ်နာခံလျက်ပင်၊ သူသည် စိတ်နှလုံးအကြွင်းမဲ့ ထိုသို့ လုပ်ဆောင်ရန် လိုလားနေမည် ဖြစ်ပြီး၊ အခြားရွေးချယ်မှုကို ပြုလုပ်မည်မဟုတ်ပေ။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်းနှင့် မိမိကိုယ်ကိုယ် ကြီးကျယ်ခြင်းတို့၏ အရိပ်လက္ခဏာများ မရှိပေ၊ သို့မဟုတ် စိတ်ကြီးဝင်ခြင်းနှင့် မာနထောင်လွှားမှုတို့၏ အရိပ်လက္ခဏာများ မရှိပေ။ သူသည် ကောက်ကျစ်မှု အရိပ်လက္ခဏာများ မပိုင်ဆိုင်ပေ။ ဘုရားသခင်ကို မနာခံသည့်အရာ မည်သည့်အရာမဆိုသည် စာတန်ထံမှ လာသည်။ စာတန်သည် အကျည်းတန်မှုနှင့် ဆိုးယုတ်မှု အားလုံး၏ အရင်းအမြစ်ဖြစ်သည်။ လူသားသည် စာတန်၏ အရည်အသွေးများနှင့် တူညီသည့် အရည်အသွေးများ ရှိရသည့်အကြောင်းရင်းမှာ လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် စီမံပြုပြင်ခြင်းခံရပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ခရစ်တော်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း မခံရလေပြီ၊ ထို့ကြောင့် သူသည် ဘုရားသခင်၏ ထူးခြားသော လက္ခဏာများကိုသာ ပိုင်ဆိုင်ပြီး၊ စာတန်၏ မည်သည့်လက္ခဏာမျှ မပိုင်ဆိုင်ပေ။ အမှုသည် မည်မျှခက်ခဲကြမ်းပါစေ သို့မဟုတ် လူ့ဇာတိသည် မည်မျှအားနည်းပါစေ၊ လူ့ဇာတိဖြင့် အသက်ရှင်စဉ်တွင် ဘုရားသခင်သည် ခမည်းတော် ဘုရားသခင်၏ အလိုကို မနာခံမှုဖြင့် စွန့်ပယ်ရန် မဆိုထားနှင့် ဘုရားသခင် ကိုယ်တိုင်၏အမှုကို နှောင့်ယှက်ဖြစ်သည့် မည်သည့်အရာကိုမျှ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ သူသည် ခမည်းတော် ဘုရားသခင်၏ အလိုကို ဆန့်ကျင်ဖို့ထက် လူ့ဇာတိ၏ နာကျင်မှုများကိုသာ ခံစားချင်ခဲ့သည်။ ယင်းမှာ ယေရှုက သူ၏ဆုတောင်းချက်ထဲတွင်၊ “အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော်။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည့်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည့်အတိုင်း ဖြစ်ပါစေသော်။” ဟု ပြောသကဲ့သို့သာ ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ရွေးချယ်မှုများ ပြုလုပ်ကြသော်လည်း၊ ခရစ်တော်သည် မပြုလုပ်ပေ။ သူသည် ဘုရားသခင် ကိုယ်တိုင်၏ ပင်ကိုလက္ခဏာရှိသော်လည်း၊ ခမည်းတော် ဘုရားသခင်၏ အလိုကို ရှာဖွေဆဲဖြစ်ပြီး လူ့ဇာတိ၏ ရှုထောင့်မှ ခမည်းတော် ဘုရားသခင်က သူ့ကို တာဝန်ပေးစေခိုင်းထားသော အရာကို ဖြည့်ဆည်းလေသည်။ ဤသည်မှာ လူသားက ကြိုးပမ်း၍မရရှိနိုင်သည် အရာတစ်ခု ဖြစ်သည်။ စာတန်ထံမှ လာသောအရာသည် ဘုရားသခင်၏အနှစ်သာရ မရှိနိုင်ပေ။ ဘုရားသခင်ကို မနာခံသကဲ့သို့၊ ဆန့်ကျင်သည့် အရာတစ်ခုသာ ရှိနိုင်သည်။ ယင်းသည် ဘုရားသခင်၏ အလိုကို လိုလားစွာ နာခံရန်မဆိုထားနှင့်၊ ဘုရားသခင်ကို အပြည့်အဝပင် မနာခံနိုင်ပေ။ ခရစ်တော်မှလွဲ၍ လူအားလုံးတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့်အရာ လုပ်ကောင်းလုပ်ဆောင်နိုင်ပြီး၊ ဘုရားသခင် အပ်နှင်းထားသည့် အမှုကို လူတစ်ဦးတစ်ယောက်ကမျှ တိုက်ရိုက် မဆောင်ရွက်နိုင်ပေ။ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ၎င်းတို့ ထမ်းဆောင်ရမည့် ကိုယ်ပိုင် တာဝန်အဖြစ် မည်သူမျှ မမှတ်ယူနိုင်ပေ။ ခရစ်တော်၏ အနှစ်သာရသည် ခမည်းတော် ဘုရားသခင်၏ အလိုကို ကျိုးနွံနာခံခြင်း ဖြစ်သည်။ ဘုရားသခင်ကို မနာခံခြင်းသည် စာတန်၏ ထူးခြားသော လက္ခဏာဖြစ်သည်။ ဤစရိုက်နှစ်ခုသည် သဟဇာတ မဖြစ်သကဲ့သို့၊ စာတန်၏ စရိုက်များရှိသည့် မည်သူကိုမဆို ခရစ်တော်ဟု ခေါ်၍မရနိုင်ပေ။ လူသားသည် ဘုရားသခင်၏ကိုယ်စား ဘုရားသခင်၏ အမှုကို မလုပ်နိုင်ရသည့် အကြောင်းရင်းမှာ လူသားသည် ဘုရားသခင်၏ မည်သည့် အနှစ်သာရမျှ မရှိသောကြောင့်ဖြစ်သည်။ လူသားသည် သူ၏ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားများနှင့် အနာဂတ် အလားအလာများအတွက် ဘုရားအတွက် အလုပ်လုပ်သော်လည်း၊ ခရစ်တော်သည် ခမည်းတော် ဘုရားသခင်၏ အလိုကို လုပ်ဆောင်ရန် အမှုပြုပေသည်။

ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက အုပ်စိုးထားသည်။ သူသည် လူ့ဇာတိ၌ ရှိသော်လည်း၊ သူ၏ လူ့သဘာဝသည် ခန္ဓာရှိသည့် လူတစ်ဦး၏ လူ့သဘာဝနှင့် လုံးလုံးမတူညီပေ။ သူသည် သူ၏ ကိုယ်ပိုင် တစ်မူထူးခြားသော ဝိသေသလက္ခဏာရပ်ရှိပြီး ဤအရာကိုလည်း သူ၏ ဘုရားသဘောသဘာဝက အုပ်စိုးထားသည်။ သူ၏ဘုရားသဘာဝသည် အားနည်းမှု မရှိပေ။ ခရစ်တော်၏ အားနည်းချက်သည် သူ၏လူ့သဘာဝကို ရည်ညွှန်းပေသည်။ အတိုင်းအတာ တစ်ခုအထိ၊ ဤအားနည်းချက်က သူ၏ဘုရားသဘောသဘာဝကို ဘောင်ခတ်သော်လည်း၊ ထိုသို့သော အကန့်အသတ်များမှာ နယ်ပယ်နှင့် အချိန်ကာလအချို့ အတွင်း၌သာရှိပြီး အတိုင်းမသိ မဟုတ်ပေ။ သူ၏ ဘုရားသဘောသဘာဝနှင့်ဆိုင်သည့် အမှုကို ဆောင်ရွက်ဖို့ ရှိလာသည့်အခါတွင်၊ သူ၏ လူ့သဘာဝကို ပဓာနမထားဘဲ လုပ်ဆောင်လေသည်။ ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက လုံးဝ ညွှန်ကြားလေသည်။ သူ၏ လူ့သဘာဝနှင့်ဆိုင်သည့် သာမန်ဘဝမှအပ သူ၏ လူ့သဘာဝနှင့်ဆိုင်သည့် အခြားလုပ်ဆောင်မှု အားလုံးတို့သည် သူ၏ဘုရားသဘောသဘာဝအားဖြင့် လွှမ်းမိုးခံရသည်၊ အကျိုးသက်ရောက်ခံရပြီး ညွှန်ကြားခံရလေသည်။ ခရစ်တော်သည် လူ့သဘာဝ ရှိလင့်ကစား၊ ယင်းသည် သူ၏ဘုရားသဘောသဘာဝ၏ အမှုကို မနှောင့်ယှက်သကဲ့သို့၊ ဤသည်မှာ ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက တိုက်ရိုက် ညွှန်ကြားသောကြောင့် အတိအကျ ဖြစ်ပေသည်။ သူ၏လူ့သဘာဝသည် အခြားသူများနှင့် ပြုမူနေထိုင်ပုံတွင် မရင့်ကျက်သော်လည်း၊ သူ၏ ဘုရားသဘာဝ၏ ပုံမှန်အမှုကို မထိခိုက်ပေ။ သူ၏လူ့သဘာဝသည် ဖောက်ပြန်ပျက်စီးစေခြင်း မခံရသေးဟု ငါပြောရာတွင်၊ ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက တိုက်ရိုက် ကွပ်ကဲနိုင်ပြီး၊ သူသည် သာမန်လူထက် သာ၍ မြင့်မားသည့် အသိစိတ် ပိုင်ဆိုင်သည်ကို ဆိုလိုပေသည်။ သူ၏ လူ့သဘာဝသည် သူ၏အမှုတွင် ဘုရားသဘောသဘာဝ၏ လမ်းညွှန်မှုကို ခံရဖို့ အသင့်လျော်ဆုံး ဖြစ်သည်၊ သူ၏လူ့သဘာဝသည် ဘုရားသဘာဝ၏အမှုကို အဖော်ပြနိုင်ဆုံး ဖြစ်ပြီး၊ ထိုသို့သော အမှုကို အကျိုးနွံအနာခံနိုင်ဆုံး ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိဖြင့် အမှုပြုသည်နှင့်အမျှ၊ လူ့ဇာတိ၌ရှိသည့် လူတစ်ဦးအနေဖြင့် ဖြည့်ဆည်းသင့်သည့် တာဝန်ကို ဘယ်သောအခါမျှ မျက်ခြည်မပြတ်ပေ။ သူသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို စစ်မှန်သည့် နှလုံးသားဖြင့် ကိုးကွယ်နိုင်လေသည်။ သူသည် ဘုရားသခင်၏ အနှစ်သာရရှိပြီး၊ သူ၏ပင်ကိုလက္ခဏာသည် ဘုရားကိုယ်တိုင်၏ ပင်ကိုလက္ခဏာ ဖြစ်သည်။ ယင်းမှာ သူသည် ဖန်ဆင်းခံတစ်ဦး၏ အပြင်ပန်း အခွံဖြင့်၊ ကမ္ဘာမြေသို့ ကြွလာပြီး ဖန်ဆင်းခံတစ်ဦးဖြစ်လာခြင်းသာ ဖြစ်ပြီး၊ ယခုတွင် ယခင်က သူ့ထံတွင် မရှိခဲ့သည့် လူ့သဘာဝကို ပိုင်ဆိုင်ထားလေသည်။ သူသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ကိုးကွယ်နိုင်သည်။ ဤသည်မှာ ဘုရားသခင် ကိုယ်တိုင်၏ ဖြစ်တည်ခြင်း ဖြစ်ပြီး၊ လူသားအဖို့ တုပ၍ မရနိုင်ပေ။ သူ၏ ပင်ကိုလက္ခဏာသည် ဘုရားကိုယ်တိုင် ဖြစ်သည်။ ဘုရားသခင်ကို သူ ကိုးကွယ်သည်မှာ လူ့ဇာတိ၏ ရှုထောင့်မှ ဖြစ်သည်။ ထို့ကြောင့် “ခရစ်တော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ကိုးကွယ်သည်။” ဟူသည့် စကားများမှာ မမှားပေ။ လူသားကို သူတောင်းဆိုသည်မှာ သူ၏ကိုယ်ပိုင် ဖြစ်တည်ခြင်း အတိအကျ ဖြစ်သည်။ သူသည် လူသားကို ထိုသို့သောအရာများ မတောင်းဆိုမီတွင်၊ လူကို သူ တောင်းဆိုသည့် အရာအားလုံးကို စွမ်းဆောင်ရရှိနှင့်ပြီး ဖြစ်သည်။ ဤအရာအားလုံးသည် သူ၏ ဖြစ်တည်မှုတွင် ပါဝင်သည့်အတွက်၊ သူကိုယ်တိုင် ထိုအရာများမှ လွတ်ကင်းစဉ်တွင် အခြားသူများကို တောင်းဆိုချက်များ မည်သည့်အခါမျှ ပြုလုပ်မည် မဟုတ်ပေ။ သူသည် သူ၏အမှုကို မည်သို့ဆောင်ရွက်သည် ဖြစ်စေ၊ ဘုရားသခင်ကို မနာခံသည့် ပုံစံဖြင့် သူ ပြုမူလိမ့်မည် မဟုတ်ပေ။ လူသားကို မည်သည့်အရာ သူတောင်းဆိုသည်ဖြစ်စေ၊ မည်သည့် တောင်းဆိုချက်ကမျှ လူသားက ကြိုးပမ်းရရှိနိုင်သည်ကို မကျော်လွန်ပေ။ သူလုပ်ဆောင်သော အရာအားလုံးသည် ဘုရားသခင်၏ အလိုကို လုပ်ဆောင်သည့်အရာ ဖြစ်ပြီး၊ သူ၏စီမံခန့်ခွဲမှုအတွက် ဖြစ်သည်။ ခရစ်တော်၏ ဘုရားသဘောသဘာဝသည် လူအားလုံး အထက်၌ရှိသည်။ ထို့ကြောင့် သူသည် ဖန်ဆင်းခံ အရာအားလုံးထဲတွင် သြဇာအာဏာ အမြင့်ဆုံး ဖြစ်သည်။ ဤသြဇာအာဏာသည် သူ၏ဘုရားသဘာဝဖြစ်ပြီး၊ ယင်းမှာ သူ၏ပင်ကိုလက္ခဏာကို ဆုံးဖြတ်ပေးသည့် ဘုရားကိုယ်တိုင်၏ စိတ်သဘောထားနှင့် ဖြစ်တည်မှု ဖြစ်သည်။ ထို့ကြောင့် သူ၏ လူ့သဘာဝက မည်မျှ ပုံမှန်ဖြစ်ပါစေ၊ သူသည် ဘုရားသခင် ကိုယ်တိုင်၏ ပင်ကိုလက္ခဏာရှိသည်မှာ ငြင်း၍မရနိုင်ပေ။ မည်သည့်ရှုထောင့်မှ သူ စကားပြောသည်ဖြစ်စေ၊ ပြီးလျှင် ဘုရားသခင်၏ အလိုကို မည်သို့မည်ပုံ သူနာခံသည်ဖြစ်စေ၊ သူသည် ဘုရားသခင် ကိုယ်တိုင် မဟုတ်ဟု မပြောနိုင်ပေ။ မိုက်မဲသူနှင့် မသိနားမလည်သောသူတို့သည် ခရစ်တော်၏ ပုံမှန်လူ့သဘာဝကို အပြစ်အနာအဆာ တစ်ခုကဲ့သို့ မကြာခဏ မှတ်ယူတတ်ကြသည်။ သူသည် သူ၏ဘုရားသဘာဝကို မည်သို့ဖော်ပြကာ ထုတ်ဖော်ပြစေကာမူ၊ သူသည် ခရစ်တော် ဖြစ်သည်ကို လူက အသိအမှတ် မပြုနိုင်ပေ။ ခရစ်တော်သည် သူ၏နာခံခြင်းနှင့် နှိမ့်ချခြင်းတို့ကို သာ၍ပြသလေလေ၊ မိုက်မဲသူတို့သည် ခရစ်တော်ကို ပေါ့ပေါ့တန်တန် သဘောထားလေ ဖြစ်သည်။ သူ့အပေါ် ထည့်မတွက်ခြင်းနှင့် အထင်သေးခြင်း သဘောထားတစ်ခုကို ခံယူကြသော်လည်း၊ မြင့်မြတ်သော ပုံရိပ်များရှိသည့် “ကြီးမြတ်သော လူများ” ကိုးကွယ်ရန် စားပွဲပေါ်တွင် ထားကြသူများပင် ရှိလေသည်။ လူသား၏ ဘုရားသခင်ကို ဆန့်ကျင်မှုနှင့် မနာခံမှုတို့သည် လူ့ဇာတိခံ ဘုရားသခင်၏ အနှစ်သာရသည် ဘုရားသခင်၏ အလိုကို ကျိုးနွံနာခံသည့် အချက်အပြင်၊ ခရစ်တော်၏ ပုံမှန် လူ့သဘာဝမှလည်း လာပေသည်။ ဤသည်မှာ ဘုရားသခင်ကို လူသား၏ ခုခံမှုနှင့် မနာခံမှုတို့၏ အရင်းအမြစ် ဖြစ်သည်။ အကယ်၍ ခရစ်တော်သည် သူ၏လူ့သဘာဝ တုပသောအသွင် မရှိသကဲ့သို့၊ ခမည်းတော် ဘုရားသခင်၏ အလိုကိုလည်း ဖန်ဆင်းခံတစ်ဦး၏ ရှုထောင့်မှ မရှာဖွေဘဲ၊ ထိုအစား မဟာလူ့သဘာဝ ပိုင်ဆိုင်မည်ဆိုပါက၊ လူသားအလယ်တွင် မနာခံမှုရှိနိုင်မည် မဟုတ်ပေ။ လူသားသည် ကောင်းကင်ဘုံရှိ မျက်မြင်မတွေ့နိုင်သည့် ဘုရားသခင်ကို အမြဲ ယုံကြည်ရန် လိုလားနေသည့် အကြောင်းရင်းမှာ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် လူ့သဘာဝ မရှိသကဲ့သို့၊ ဖန်ဆင်းခံတစ်ဦး၏ စရိုက်ပင် တစ်ခုမျှ မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူတို့သည် သူ့ကို အကြီးမားဆုံးသော လေးစားသမှုဖြင့် အမြဲ အလေးထားကြသော်လည်း၊ ခရစ်တော်အပေါ်ကိုမူ အထင်အမြင်သေးသည့် သဘောထားတစ်ခု စွဲကိုင်ထားကြပေသည်။

ကမ္ဘာမြေပေါ်၌ ခရစ်တော်သည် ဘုရားသခင် ကိုယ်တော်တိုင်ကိုယ်စား အမှုပြုနိုင်သော်လည်း၊ လူ့ဇာတိ၌ သူ၏ပုံသဏ္ဌာန်အား လူအားလုံးကို ပြသခြင်းငှာ ရည်ရွယ်ချက်ဖြင့် ကြွလာသည်မဟုတ်ပေ။ လူသား အားလုံးက သူ့ကို မြင်ရန်အလို့ငှာ သူ ကြွလာသည်မဟုတ်။ လူသားတို့ကို သူ၏ လက်ဖြင့် ဦးဆောင်ခံရခွင့်ပေးဖို့ သူ ကြွလာခြင်း ဖြစ်ပြီး၊ ထိုသို့ဖြင့် လူသားသည် ခေတ်သစ်ထဲသို့ ဝင်ရောက်ပေသည်။ ခရစ်တော်၏ လူ့ဇာတိ အလုပ်တာဝန်မှာ ဘုရားသခင် ကိုယ်တော်တိုင်၏ အမှုအတွက် ဖြစ်သည်၊ ဆိုလိုသည်မှာ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အမှုအတွက်ဖြစ်ပြီး သူ၏ လူ့ဇာတိနှင့်ဆိုင်သည့် အနှစ်သာရကို လူသားအား အပြည့်အဝ နားလည်နိုင်စေရန် မဟုတ်ပေ။ သူမည်သို့ အမှုပြုသည်ဖြစ်စေ၊ သူ လုပ်ဆောင်သည့် မည်သည့်အရာမျှလူ့ဇာတိက ကြိုးပမ်းရရှိနိုင်သည်ထက် မကျော်လွန်ပေ။ သူ မည်သို့ အမှုပြုသည်ဖြစ်စေ၊ ပုံမှန်လူ့သဘာဝနှင့်အတူ လူ့ဇာတိဖြင့် ထိုသို့ သူ လုပ်ဆောင်ပြီး၊ ဘုရားသခင်၏ စစ်မှန်သော မျက်နှာကို လူသားထံ အပြည့်အဝ ထုတ်ဖော်မပြပေ။ ထို့အပြင် လူ့ဇာတိ၌ သူ၏ အမှုသည် လူသားက စိတ်ကူးကြံဆသကဲ့သို့ သဘာဝလွန် သို့မဟုတ် မခန့်မှန်းနိုင်လောက်သည့်အရာ လုံးဝ မဟုတ်ပေ။ ခရစ်တော်သည် လူ့ဇာတိ၌ ဘုရားသခင်ကိုယ်တိုင်ကို ကိုယ်စားပြုပြီး၊ ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သင့်သော အမှုကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်သော်လည်း၊ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ တည်ရှိမှုကို သူ မငြင်းသကဲ့သို့ သူ၏လုပ်ဆောင်မှုများကိုလည်း အလွန် ပျာယာခတ်လျက် မကြွေးကြော်ပေ။ ယင်းထက် သူသည် သူ၏လူ့ဇာတိအတွင်း၌ နှိမ့်ချစွာ ကွယ်ဝှက်နေသည်။ ခရစ်တော်မှလွဲ၍ ခရစ်တော်အဖြစ် မှားယွင်းစွာ ကြွေးကြော်သူတို့သည် ခရစ်တော်၏ အရည်အသွေးများ မပိုင်ဆိုင်ကြချေ။ ထိုခရစ်တော်ယောင်ဆောင်သော သူများ၏ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကိုယ် ချီးမြှောက်မှု စိတ်သဘောထားကို ယှဉ်တွဲပြသည့်အခါ၊ မည်သည့် လူ့ဇာတိပုံစံသည် စစ်မှန်သော ခရစ်တော်ဖြစ်သည် ဆိုသည်မှာ သိသာထင်ရှားလာလေသည်။ ၎င်းတို့ အယောင်ဆောင်လေလေ၊ ထိုသို့သော ခရစ်တော် အယောင်ဆောင်များသည် မိမိတို့ကိုယ်ကိုယ် ကြွားဝါလေလေဖြစ်ပြီး၊ လူသားကို လိမ်လည်လှည့်ဖြားရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပို၍ လုပ်နိုင်စွမ်းရှိလေလေ ဖြစ်သည်။ ခရစ်တော် အယောင်ဆောင်များသည် ဘုရားသခင်၏ အရည်အသွေးများ မရှိကြပေ။ ခရစ်တော်သည် ခရစ်တော် အယောင်အဆောင်များနှင့်ဆိုင်သည့် မည်သည့်လက္ခဏာမျှ မစွန်းထင်းပေ။ လူသားအား သူ့ကို မြင်တွေ့ခွင့်ပေးရုံမျှ မဟုတ်ဘဲ၊ လူ့ဇာတိ၏အလုပ်ကို ပြီးပြည့်စုံစေရန်သာ ဘုရားသခင်သည် လူ့ဇာတိခံယူခြင်း ဖြစ်သည်။ တကယ်တမ်းတွင် သူသည် သူ၏ အမှုအား သူ၏ပင်ကိုလက္ခဏာကို အတည်ပြုခွင့်ပေးပြီး သူ ထုတ်ဖော်ပြသောအရာအား သူ၏အနှစ်သာရကို မှန်ကန်ကြောင်း ထောက်ခံခွင့်ပြုလေသည်။ သူ၏အနှစ်သာရသည် အခြေအမြစ် မရှိသည်မဟုတ်။ သူ၏ပင်ကိုလက္ခဏာကို သူ၏လက်ဖြင့် ဖမ်းဆုပ်ထားသည် မဟုတ်ပေ။ ယင်းကို သူ၏အမှုနှင့် သူ၏အနှစ်သာရတို့က သတ်မှတ်ခြင်း ဖြစ်သည်။ သူသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရရှိပြီး ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို လုပ်ဆောင်နိုင်စွမ်း ရှိသော်လည်း၊ အဆုံးတွင် သူသည် ဝိညာဉ်တော်နှင့် မတူဘဲ လူ့ဇာတိ ဖြစ်နေဆဲဖြစ်သည်။ သူသည် ဝိညာဉ်တော်၏ စရိုက်များရှိသော ဘုရားသခင် မဟုတ်ပေ။ သူသည် လူ့ဇာတိ၏အခွံရှိသည့် ဘုရားသခင် ဖြစ်သည်။ ထို့ကြောင့် သူသည် မည်မျှ ပုံမှန်ဖြစ်ပြီး မည်မျှ အားနည်းနေစေကာမူ၊ ပြီးလျှင် သူ့အနေဖြင့် ခမည်းတော် ဘုရားသခင်၏ အလိုကို မည်သို့မည်ပုံ ရှာဖွေစေကာမူ၊ သူ၏ဘုရားသဘောသဘာဝကို ငြင်းပယ်၍မရနိုင်ပေ။ လူ့ဇာတိခံ ဘုရားသခင် အတွင်းတွင် ပုံမှန်လူ့သဘာဝနှင့် ယင်း၏ အားနည်းချက်များ တည်ရှိလေသည်။ ဘုရားသဘာဝ၏ အံ့သြဖွယ်ရာဖြစ်ခြင်းနှင့် ဉာဏ်မမီနိုင်မှုအပြင်၊ လူ့ဇာတိ၌ သူ၏ လုပ်ဆောင်ချက်များလည်း တည်ရှိလေသည်။ ထို့ကြောင့် လူ့သဘာဝနှင့် ဘုရားသဘောသဘာဝ နှစ်ခုလုံးသည် ခရစ်တော်တွင်းတွင် အမှန်တကယ်ရော လက်တွေ့ကျကျပါ တည်ရှိလေသည်။ ဤသည်မှာ အနည်းဆုံး အနှစ်မဲ့သည့်အရာ သို့မဟုတ် သဘာဝလွန်သည့်အရာတစ်ခု မဟုတ်ပေ။ သူသည် အမှုကို ဆောင်ရွက်ခြင်းနှင့်ဆိုင်သည့် အဓိက ရည်မှန်းချက်ဖြင့် ကမ္ဘာမြေပေါ်သို့ ကြွလာပေသည်။ ကမ္ဘာမြေပေါ်၌ အမှုကို ဆောင်ရွက်ရန် ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ထားရန် အလွန်အရေးကြီးသည်။ သို့မဟုတ်ပါက သူ၏ဘုရားသဘောသဘာဝ တန်ခိုးသည် မည်မျှပင်ကြီးမားသော်လည်း၊ ယင်း၏ မူလ လုပ်ငန်းဆောင်တာကို ကောင်းစွာ အသုံးမပြုနိုင်ပေ။ သူ၏လူ့သဘာဝသည် အလွန် အရေးကြီးသော်လည်း၊ ယင်းမှာ သူ၏အနှစ်သာရ မဟုတ်ပေ။ သူ၏ အနှစ်သာရသည် ဘုရားသဘောသဘာဝဖြစ်သည်။ ထို့ကြောင့် ကမ္ဘာပေါ်၌ သူ၏အမှုတော်ကို စတင်ဆောင်ရွက်သည့် အခိုက်အတန့်သည် သူ၏ ဘုရားသဘောသဘာဝကို စတင်ဖော်ပြသည့် အခိုက်အတန့် ဖြစ်သည်။ သူ၏ ဘုရားသဘောသဘာဝက လူ့ဇာတိ၌ ပုံမှန်အနေဖြင့် အမှုကို ဆောင်ရွက်နိုင်ဖို့အလို့ငှာ၊ သူ၏လူ့သဘာဝသည် သူ၏ လူ့ဇာတိနှင့်ဆိုင်သည့် ပုံမှန်အသက်တာကို အဓိက အားဖြည့်ပေးရန် တည်ရှိပေသည်။ သူ၏အမှုကို လုံးဝ ညွှန်ကြားသည်မှာ ဘုရားသဘောသဘာဝ ဖြစ်သည်။ သူ၏အမှုကို သူ ပြီးစီးသည့်အချိန်တွင်၊ သူ၏သာသနာကို ပြည့်စုံစေပြီး ဖြစ်လိမ့်မည်။ လူသားက သိသင့်သည်မှာ သူ၏ အမှု အလုံးစုံဖြစ်ပြီး သူက လူသားအား သူ့ကို သိနိုင်စေသည်မှာ သူ၏အမှုမှတစ်ဆင့် ဖြစ်သည်။ သူ၏အမှု တစ်လျှောက်တွင်၊ လူ့သဘာဝဖြင့် မစွန်းထင်းသော စိတ်သဘောထား တစ်ခု သို့မဟုတ် လူသားအတွေးနှင့် အပြုအမူတို့ဖြင့် မစွန်းထင်းသော ဖြစ်တည်ခြင်း ဖြစ်သည့် သူ၏ ဘုရားသဘောသဘာဝကို အတော်အတန် ပြည့်ပြည့်ဝဝ ဖော်ပြသည်။ အချိန်တန်သောအခါ သူ၏အမှုတော်တစ်ခုလုံး အဆုံးသတ် တစ်ခုသို့ ရောက်လာပြီးသည့်အခါတွင်၊ သူဖော်ပြသင့်သော စိတ်သဘောထားကို ပြည့်စုံစွာနှင့် ပြည့်ဝစွာ ဖော်ပြနှင့်ပြီးဖြစ်လိမ့်မည်။ သူ၏ အမှုသည် မည်သည့်လူမျှ၏ ညွှန်ကြားမှုများဖြင့် လမ်းပြခြင်း မခံရပေ။ သူ၏ စိတ်သဘောထား ဖော်ပြချက်သည်လည်း အတော်အတန် လွတ်လပ်ပြီး စိတ်အားဖြင့် ထိန်းချုပ်မခံရ သို့မဟုတ် အတွေးအခေါ်အားဖြင့် စီမံပြုပြင်ခြင်းမခံရဘဲ၊ အလိုအလျောက် ထုတ်ဖော်ပြခံရပေသည်။ ဤသည်မှာ မည်သည့်လူကမျှ စွမ်းဆောင်မရရှိနိုင်သည့် အရာတစ်ခု ဖြစ်သည်။ ပတ်ဝန်းကျင်သည် ကြမ်းတမ်းလျှင်ပင် သို့မဟုတ် အခြေအနေများက မျက်နှာသာမပေးလျှင်ပင်၊ သူသည် မိမိ၏စိတ်သဘောထားကို သင့်လျော်သည့်အချိန်၌ ဖော်ပြနိုင်သည်။ ခရစ်တော်ဖြစ်သူတစ်ဦးက ခရစ်တော်၏ ဖြစ်တည်မှုကို ဖော်ပြသော်လည်း၊ ခရစ်တော်မဟုတ်သော သူများသည် ခရစ်တော်၏ စိတ်သဘောထားကို မပိုင်ဆိုင်ကြပေ။ ထို့ကြောင့် အားလုံးက သူ့ကို ခုခံလျှင်ပင် သို့မဟုတ် သူနှင့်ပတ်သက်သည့် အယူအဆများ ရှိလျှင်ပင်၊ ခရစ်တော်ဖော်ပြသော စိတ်သဘောထားသည် ဘုရားသခင်၏ စိတ်သဘောထားမဟုတ်ဟု လူသားတို့ အယူအဆအရ မည်သူမျှ ငြင်း၍မရနိုင်ပေ။ စစ်မှန်သော နှလုံးသားဖြင့် ခရစ်တော်နောက်ကို လိုက်သူ သို့မဟုတ် ဘုရားသခင်ကို ရည်ရွယ်ချက်ရှိရှိ ရှာဖွေသူ အားလုံးသည် သူ၏ ဘုရားသဘောသဘာဝနှင့်ဆိုင်သည့် ဖော်ပြချက်ပေါ် အခြေခံ၍ သူသည် ခရစ်တော် ဖြစ်သည်ကို ဝန်ခံကြလိမ့်မည်။ လူသား၏ အယူအဆများနှင့် မကိုက်ညီသည့် သူ၏ သွင်ပြင်လက္ခဏာ တစ်ခုတစ်လေအရ ၎င်းတို့သည် မည်သည့်အခါတွင်မျှ ခရစ်တော်ကို ငြင်းပယ်ကြမည် မဟုတ်ပေ။ လူသည် အလွန် မိုက်မဲလှသော်လည်း၊ မည်သည့်အရာက လူသား၏လိုအင် ဖြစ်ပြီး ဘုရားသခင်ထံမှ မည်သည့်အရာ ပေါ်ပေါက်သည်ကို အားလုံးက အတိအကျ သိကြသည်။ ယင်းမှာ လူအတော်များများသည် ၎င်းတို့၏ ရည်ရွယ်ချက်များ အကျိုးဆက်အနေဖြင့် ခရစ်တော်ကို တမင်တကာ ခုခံရုံမျှခုခံကြခြင်းသာ ဖြစ်သည်။ ဤအတွက်မဟုတ်ပါက ခရစ်တော် ဖော်ပြသည့် ဘုရားသဘာဝက ဧကန်အမှန် တည်ရှိပြီး၊ သူ၏ အမှုကို ပကတိမျက်စိဖြင့် မျက်မြင်တွေ့နိုင်သည့်အတွက်၊ ခရစ်တော်၏ တည်ရှိခြင်းကို လူတစ်ဦးကမျှ ငြင်းပယ်ဖို့ အကြောင်း ရှိမည်မဟုတ်ပေ။

ခရစ်တော်၏အမှုနှင့် ဖော်ပြချက်တို့က သူ၏အနှစ်သာရကို ဆုံးဖြတ်သည်။ သူသည် မိမိအား ပေးအပ်ထားပြီးဖြစ်သည့်အရာကို စစ်မှန်သော နှလုံးသားဖြင့် ပြီးပြည့်စုံစေနိုင်သည်။ သူသည် စစ်မှန်သော နှလုံးသားဖြင့် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ကိုးကွယ်နိုင်ပြီး၊ ခမည်းတော် ဘုရားသခင်၏ အလိုကိုလည်း စစ်မှန်သော နှလုံးသားဖြင့် ရှာဖွေနိုင်သည်။ ဤအရာအားလုံးကို သူ၏အနှစ်သာရက သတ်မှတ်သည်။ ထိုနည်းတူ သူ၏သဘာဝအလျောက် ထုတ်ဖော်ပြခြင်းကိုလည်း သူ၏ အနှစ်သာရက သတ်မှတ်သည်။ ဤအရာကို “သဘာဝအလျောက် ထုတ်ဖော်ပြခြင်း” ဟု ခေါ်ဆိုရသည့် အကြောင်းရင်းမှာ သူ၏ဖော်ပြချက်သည် တုပခြင်း သို့မဟုတ် လူသား ပညာရေး၏ ရလဒ် သို့မဟုတ် နှစ်ပေါင်းများစွာ လူသား၏ ပြုစုပျိုးထောင်ခြင်း ရလဒ် မဟုတ်သောကြောင့်ဖြစ်သည်။ သူသည် ယင်းကို မသင်ယူခဲ့ပေ သို့မဟုတ် ယင်းဖြင့် မိမိကိုယ်ကိုယ် မဆင်ယင်ခဲ့ပေ။ ယင်းထက် ထိုအရာသည် သူ၏အတွင်းတွင် မွေးရာပါဖြစ်သည်။ လူသားက သူ၏အမှု၊ သူ၏ ဖော်ပြချက်၊ သူ၏လူ့သဘာဝနှင့် သူ၏ ပုံမှန်လူ့သဘာဝနှင့်ဆိုင်သည့် အသက်တာ တစ်ခုလုံးကို ငြင်းဆန်ကောင်း ငြင်းဆန်နိုင်သော်လည်း၊ သူသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားဖြင့် ကိုးကွယ်သည်ကို မည်သူမျှမငြင်းနိုင်ပေ။ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုကို ဖြည့်ဆည်းရန် သူကြွလာပြီးဖြစ်သည်ကို မည်သူမျှ မငြင်းနိုင်သကဲ့သို့၊ စစ်မှန်ရိုးသားမှုဖြင့် ခမည်းတော် ဘုရားသခင်ကို သူ ရှာဖွေသည်ကို မည်သူမျှ မငြင်းနိုင်ပေ။ သူ၏ ပုံသဏ္ဌာန်သည် အာရုံခံစားမှုများအဖို့ နှစ်သက်ဖွယ် မဟုတ်သော်လည်း၊ သူ၏ အကျယ်တဝင့် ဟောပြောချက်သည် ထူးခြားသော ဟန်ပန်တစ်ခု မပိုင်ဆိုင်သကဲ့သို့၊ သူ၏အမှုသည် လူတို့တွေးထင်သလောက် ကမ္ဘာကို တုန်သွားစေလောက်သော သို့မဟုတ် ကောင်းကင်ဘုံကို လှုပ်ခါသွား စေလောက်သောအရာ မဟုတ်သော်ငြား၊ သူသည် ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုကို စစ်မှန်သော နှလုံးသားဖြင့် ဖြည့်ဆည်းသည့်၊ ကောင်းကင်ဘုံရှိ ခမည်းတော်ကို လုံးဝ ကျိုးနွံနာခံသကဲ့သို့ သေသည်တိုင်အောင် နာခံသည့် ခရစ်တော် စင်စစ် ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သူ၏အနှစ်သာရသည် ခရစ်တော်၏ အနှစ်သာရ ဖြစ်သောကြောင့်ဖြစ်သည်။ ဤသမ္မာတရားသည် လူသားအတွက် ယုံကြည်ရန် ခက်ခဲသော်လည်း၊ အမှန်တရား တစ်ခု ဖြစ်သည်။ ခရစ်တော်၏ အမှုတော်သည် အကုန်အစင် ပြည့်စုံပြီးဖြစ်ချိန်တွင်၊ သူ၏ စိတ်သဘောထားနှင့် သူ၏ ဖြစ်တည်မှုတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဖြစ်တည်မှုတို့ကို ကိုယ်စားပြုသည်ကို သူ၏ အမှုမှ လူသားက မြင်နိုင်လိမ့်မည်။ ထိုအချိန်တွင် သူ၏ အမှု စုစုပေါင်းက သူသည် နှုတ်ကပတ်တော် ဖြစ်လာသည့် လူ့ဇာတိ ဧကန်အမှန် ဖြစ်ပြီး၊ အသွေးအသားရှိသည့် လူသားကဲ့သို့ မဟုတ်သည်ကို အတည်ပြုနိုင်ပေသည်။ ကမ္ဘာပေါ်၌ ခရစ်တော်၏ အမှုအဆင့်တိုင်းသည် ယင်း၏ ကိုယ်စားပြုသော အရေးပါမှုရှိသော်လည်း၊ အဆင့်အသီးသီး၏ တကယ့်အမှုကို တွေ့ကြုံရသည့် လူသည် သူ၏ အမှု၏ အရေးပါမှုကို သဘောမပေါက်နိုင်ပေ။ ဤသည်မှာ အထူးသဖြင့် သူ၏ ဒုတိယကြိမ် လူ့ဇာတိခံယူခြင်း၌ ဘုရားသခင် ဆောင်ရွက်ခဲ့သော အမှု၏ အဆင့် အချို့အတွက် ဖြစ်သည်။ ခရစ်တော်၏ နှုတ်ကပတ်တော်များကို ကြားရရုံ သို့မဟုတ် မြင်ရရုံလောက်သာရှိပြီး သူ့ကို တစ်ခါမျှ မမြင်ဖူးသူ အများစုသည် သူ၏ အမှုနှင့်ဆိုင်သည့် အယူအဆများ မရှိကြပေ။ ခရစ်တော်ကို မြင်ဖူးပြီး သူ၏နှုတ်ကပတ်တော်များကို ကြားဖူးသည့်အပြင် သူ၏အမှုကိုလည်း တွေ့ကြုံဖူးသူတို့သည် သူ၏အမှုကို လက်ခံရန် ခက်ခဲသည်ကို တွေ့ကြရသည်။ ဤသည်မှာ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် ပုံမှန်လူ့သဘာဝတို့သည် လူသား အကြိုက်မဟုတ်သောကြောင့် ဖြစ်သည် မဟုတ်လော။ ခရစ်တော် ထွက်သွားပြီးနောက် သူ၏အမှုကို လက်ခံသူတို့သည် သူ၏ အမှုကို လက်ခံရုံမျှလက်ခံပြီး ခရစ်တော်၏ ပုံမှန် လူ့သဘာဝနှင့် ထိတွေ့ခြင်း မရှိသည့်အတွက်၊ ထိုသို့သော အခက်အခဲများ ရှိလိမ့်မည်မဟုတ်ပေ။ လူသားသည် ဘုရားသခင်နှင့် ပတ်သက်သည့် သူ၏အယူအဆများကို မချန်ထားနိုင်သကဲ့သို့၊ ယင်းအစား ဘုရားသခင်ကို အလွန် ပြင်းထန်စွာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ဤသည်မှာ လူသားသည် သူ၏ပုံပန်းသဏ္ဌာန် အပေါ်သာ အာရုံစိုက်ပြီး သူ၏အမှုနှင့် နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ သူ၏အနှစ်သာရကို သတိမပြုမိနိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ လူသားသည် ခရစ်တော်၏ ပုံပန်းသဏ္ဌာန်ကို လျစ်လျူရှုထားမည် သို့မဟုတ် ခရစ်တော်၏ လူ့သဘာဝကို ဆွေးနွေးခြင်းအား ရှောင်ရှားပြီး မည်သည့်လူသားမျှ ကြိုးပမ်း မရရှိနိုင်သည့် သူ၏အမှုနှင့် နှုတ်ကပတ်တော်များ ရှိသည့် သူ၏ ဘုရားသဘာဝကိုသာ ပြောဆိုမည်ဆိုပါက၊ လူသား၏ အယူအဆများသည် လူသား၏ အခက်အခဲများအားလုံးကို ပြေလည်သွားမည့် အတိုင်းအတာအထိပင် ထက်ဝက် ကျဆင်း သွားလိမ့်မည်။ လူ့ဇာတိခံ ဘုရားသခင် အမှုအတောအတွင်းတွင်၊ လူသားသည် သူ့ကို သည်းမခံနိုင်သကဲ့သို့၊ သူနှင့်ပတ်သက်သော အယူအဆ အမြောက်အမြားဖြင့် ပြည့်နှက်ပြီး၊ ခုခံမှုနှင့် မနာခံမှုတို့ ဖြစ်စဉ်များမှာ ဖြစ်နေကျ ဖြစ်သည်။ လူသည် ဘုရားသခင်၏ တည်ရှိခြင်းကို သည်းမခံနိုင်ပေ၊ ခရစ်တော်၏ နှိမ့်ချမှုနှင့် သိုဝှက်မှုတို့အပေါ် သက်ညှာမှု မပြသနိုင် သို့မဟုတ် ကောင်းကင်ဘုံရှိ ခမည်းတော်ကို နာခံသည့် ခရစ်တော်၏ အနှစ်သာရကို ခွင့်မလွှတ်ပေးနိုင်ပေ။ ထို့ကြောင့် လူသားသည် သူ့ကို ၎င်းတို့နှင့်အတူ အသက်ရှင်ဖို့ အခွင့်ပေးရန် လိုလားနေခြင်း မရှိသည့်အတွက်၊ ခရစ်တော်သည် သူ၏အမှု ပြီးစီးသွားပြီးနောက်တွင် လူသားနှင့် ထာဝရ မနေနိုင်ပေ။ လူသားသည် ခရစ်တော်၏ အမှုအတောအတွင်းတွင်၊ သူ့အပေါ် သက်ညှာမှု မပြသနိုင်ပါက၊ ခရစ်တော်သည် သူ၏ အမှုတော်ကို ဖြည့်ဆည်းပြီးသည့်နောက်တွင် သူ၏ နှုတ်ကပတ်တော်များအား လူသားတို့ တဖြည်းဖြည်း တွေ့ကြုံကြသည်ကို စောင့်ကြည့်သည်နှင့်အမျှ၊ ၎င်းတို့နှင့်အတူ သူ အသက်ရှင်ခြင်းကို ၎င်းတို့ သည်းခံဖို့ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ သို့ဆိုလျှင် သူ့ကြောင့် များစွာသောလူတို့သည် ပြိုလဲကြမည် မဟုတ်လော။ ကမ္ဘာပေါ်၌ အမှုပြုရန်သာ လူသားက သူ့ကို အခွင့်ပေးသည်။ ဤသည်မှာ လူတို့သက်ညှာမှု၏ အကြီးမားဆုံး အတိုင်းအတာ တစ်ခု ဖြစ်သည်။ သူ၏အမှုအတွက် မဟုတ်ခဲ့ပါက၊ လူသည် သူ့ကို အချိန်ကြာမြင့်စွာက ကမ္ဘာမြေမှ နှင်ထုတ်ပြီးဖြစ်ပေမည်၊ ထို့ကြောင့် သူ၏အမှု ပြီးစီးသည်နှင့်တစ်ပြိုင်နက် လူတို့သည် သက်ညှာမှုကို မည်မျှသာ၍ နည်းပါးစွာ ပြသကြမည်နည်း။ ထို့နောက် လူသည် ခရစ်တော်ကို သေခြင်းသို့ပို့ဆောင်ပြီး သေသည်အထိ သူ့ကို ညှဉ်းဆဲကြမည် မဟုတ်လော။ အကယ်၍ သူသည် ခရစ်တော်ဟု အခေါ်မခံခဲ့ရပါက၊ လူတို့အလယ် အလုပ်လုပ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ အကယ်၍ သူသည် ဘုရားသခင် ကိုယ်တိုင်၏ ပင်ကိုလက္ခဏာဖြင့် အလုပ်မလုပ်သကဲ့သို့၊ ထိုအစား ပုံမှန် လူတစ်ဦးအဖြစ်သာ အလုပ်လုပ်ခဲ့ပါက၊ လူသည် သူ၏ အမှုကို စိုးစဉ်းမျှ သည်းခံရန်မဆိုထားနှင့်၊ ဝါကျတစ်ကြောင်းကို သူ၏ မိန့်မြွက်ခြင်းအား သည်းခံမည်မဟုတ်ပေ။ ထို့ကြောင့် သူသည် သူ၏အမှုတွင် ဤပင်ကိုလက္ခဏာကို သူနှင့်အတူ သယ်ဆောင်ရုံသာ တတ်နိုင်သည်။ ဤနည်းဖြင့် လူအားလုံးသည် တည်မြဲပြီး ကြီးမားသော ပင်ကိုလက္ခဏာကို နာခံလိုက်လျှောက်ရန် လိုလားနေကြသည့်အတွက်၊ သူ၏အမှုသည် ထိုသို့ မလုပ်ဆောင်ခဲ့မည်ထက်ပင် ပို၍ အားကောင်းလေသည်။ သူသည် ဘုရားသခင် ကိုယ်တော်တိုင်အဖြစ် အမှုပြုသည်နှင့်အမျှ သို့မဟုတ် ပေါ်ထွန်းသည်နှင့်အမျှ ဘုရားသခင် ကိုယ်တော်တိုင်၏ ပင်ကိုလက္ခဏာကို သူ မသယ်ဆောင်ခဲ့ပါက၊ သူသည် အမှုပြုဖို့ အခွင့်အရေး လုံးဝ ရှိမည် မဟုတ်ပေ။ သူသည် ဘုရားသခင်၏ အနှစ်သာရနှင့် ခရစ်တော်၏ ဖြစ်ခြင်းတို့ကို ရှိထားသော်ငြားလည်း၊ လူသားမျိုးနွယ်အလယ်တွင် သူ၏အမှုကို လွယ်လင့်တကူ ဆောင်ရွက်ဖို့ သူ့ကို လူသားက လျှော့ပေါ့ပြီး အခွင့်ပေးမည် မဟုတ်ပေ။ သူသည် သူ၏အမှုတွင် ဘုရားသခင် ကိုယ်တိုင်၏ ပင်ကိုလက္ခဏာကို သယ်ဆောင်လေသည်။ ထိုသို့သော အမှုသည် ထိုသို့သော ပင်ကိုလက္ခဏာမပါဘဲ၊ လုပ်ဆောင်ခဲ့သည်ထက် အကြိမ်ပေါင်း မြောက်မြားစွာ တန်ခိုးသာ၍ ကြီးမားသော်ငြားလည်း၊ လူသားသည် သူ၏ အနှစ်သာရကို မဟုတ်ဘဲ၊ သူ၏ အဆင့်အတန်းကိုသာ ကျိုးနွံနာခံသည့်အတွက်၊ လူသည် သူ့ကို အပြည့်အဝ မနာခံသေးပေ။ သို့ဆိုလျှင် တစ်နေ့ ခရစ်တော်သည် သူ၏ရာထူးမှ နုတ်ထွက်မည့်အချိန်တွင်၊ လူသည် သူ့ကို တစ်ရက်တာမျှပင် ဆက်အသက်ရှင်ရန် ခွင့်ပြုနိုင်မည်လော။ ဘုရားသခင်သည် နောက်လာမည့် နှစ်များတွင် သူ၏ လက်ဖြင့်ပြုသော အမှုက ဖြစ်ပေါ်စေမည့် အကျိုးတရားများကို မြင်တွေ့နိုင်ဖို့အလို့ငှာ လူသားနှင့်အတူ ကမ္ဘာပေါ်၌ အတူတကွ နေထိုင်လိုသည်။ သို့သော် လူသားသည် သူ၏ မျက်မှောက်ကို တစ်ရက်မျှပင် သည်းမခံနိုင်ပေ၊ ထို့ကြောင့် သူ့အနေနှင့် လက်လျှော့ရုံသာ တတ်နိုင်ခဲ့သည်။ ဘုရားသခင်အား လူသားအလယ်တွင် သူ လုပ်ဆောင်သင့်သည့် အမှုကို လုပ်ဆောင်ခွင့်ပေးပြီး သူ၏အမှုတော်ကို ဖြည့်ဆည်းခွင့်ပေးဖို့ ဆိုသည်မှာ လူသား၏ သက်ညှာမှုနှင့် ကျေးဇူးတော်တို့၏ အကြီးမားဆုံးသော အတိုင်းအတာ ဖြစ်နှင့်ပြီး ဖြစ်သည်။ သူ၏ ကိုယ်တိုင်ကိုယ်ကျ သိမ်းပိုက်ခြင်းခံခဲ့ရသော သူများသည် သူ့အား ထိုသို့သော ကျေးဇူးကို ပြကြသော်ငြားလည်း၊ ၎င်းတို့သည် သူ၏အမှု ပြီးစီးပြီးဖြစ်သည်အထိသာ သူ့ကို နေထိုင်ခွင့်ပြုဆဲ ဖြစ်ပြီး တစ်ဒင်္ဂမျှ နောက်ထပ် ခွင့်မပြုပေ။ ဤသို့ဆိုပါက သူ၏ သိမ်းပိုက်ခြင်း မခံရသူတို့အကြောင်းကား အဘယ်သို့နည်း။ လူသားသည် လူ့ဇာတိခံ ဘုရားသခင်ကို ဤသို့ဆက်ဆံသည့် အကြောင်းရင်းမှာ သူသည် ပုံမှန်လူသားတစ်ဦး၏ အခွံရှိသည့် ခရစ်တော် ဖြစ်သောကြောင့် မဟုတ်လော။ အကယ်၍ သူသည် ဘုရားသဘောသဘာဝသာရှိပြီး ပုံမှန်လူ့သဘာဝ မရှိပါက၊ လူသား၏ အခက်အခဲများကို အလွယ်ကူဆုံး ဖြေရှင်းလိုက်နိုင်မည် မဟုတ်လော။ သူ၏အနှစ်သာရသည် ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုကို ကျိုးနွံနာခံသည့်ခရစ်တော်၏ အနှစ်သာရ အတိအကျဖြစ်သည် ဆိုသော်ငြားလည်း၊ လူသားသည် သူ၏ ဘုရားသဘောသဘာဝကို စိတ်မပါ့တစ်ပါ အသိအမှတ်ပြုပြီး သာမန်လူသား တစ်ဦးနှင့်ဆိုင်သည့် သူ၏ အကာကို စိတ်မဝင်စားပေ။ ထိုသို့ဖြင့် လူသည် သူ၏တည်ရှိခြင်းကို သည်းမခံနိုင်တော့သည့်အတွက် သူသည် ၎င်းတို့နှင့်အတူတကွ ပျော်ရွှင်မှုများနှင့် ဝမ်းနည်းမှုများကို မျှဝေနိုင်ရန် လူသားအလယ်တွင် ရှိခြင်းနှင့်ဆိုင်သည့် သူ၏ အမှုကို ပယ်ဖျက်ရုံသာ တတ်နိုင်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်

အရှေ့သို့- ၅။ ကယ်တင်ခံရရန်နှင့် စုံလင်အောင်ပြုခြင်းခံရရန် ဘုရားသခင်ကို သင်မည်ကဲ့သို့ ယုံကြည်ရမည်နည်း။

နောက်တစ်ခုသို့- ၂။ လူ့ဇာတိခံယူသောဘုရားသခင်၏ အရေးပါပုံ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။