ဘုရားသခင်၏နှုတ်ကပတ်တော်သည် ကျွန်မကို နိုးထစေခဲ့ပြီ

25.06.2019

မြောင်ရှောင်၊ ရှန်တုန်းစီရင်စု

သင်သည် ဖြူသောပလ္လင်ကြီးမှ ထွက်ပြေးနေသော ရုပ်သေးရုပ်တစ်ရုပ်နှင့် သစ္စာဖောက်တစ်ဦး ဖြစ်သည်...။” ဆို သည့် ဘုရားသခင်၏နှုတ်ထွက်စကားများက ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်မြတ်ကိုလက်ခံပြီး နောက်ကြောင်း ပြန်လှည့်သွားသောသူများကို ရည်ညွှန်းပြောဆိုခဲ့သာ ဖြစ်သည်ဟု ယခင်က ကျွန်မအမြဲ တွေးတောခဲ့ပါသည်။ ကျွန်မအတွက်မှာမူ၊ ထိုလူများသည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ နာကျင်မှုဒဏ်ကို မတွေ့ကြုံ မခံစားချင်သောသူများပဲဟု ထင်ပါသည်။ ထို့ကြောင့် အကြောင်းအမျိုးအမျိုးကြောင့် နောက်ကြောင်း လှည့်ပြန်ကြသော ညီအစ်ကို မောင်နှမများကို ကျွန်မတွေ့မိတိုင်း “သူတို့တွေဟာ ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးခြင်းခံရမဲ့၊ ပလ္လင်ဖြူကြီးဆီကနေထွက်ပြေးလာတဲ့ နောက်ထပ် ရုပ်သေးရုပ်တွေနဲ့ သစ္စာဖောက်ဖျက်သူတွေပဲ”ဟု တွေးမိရင်း ကျွန်မ၏စိတ်နှလုံးထဲမှာ သူတို့အပေါ် ရွံရှာစက်ဆုပ်မှုများနှင့် ပြည့်လာသည်။ ဤကဲ့သို့ ဖြစ်တိုင်း ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံယူသောအချိန်မှာ ကျွန်မ ကောင်းမွန်စွာပြုမူနေထိုင်ပြီး ဘုရားသခင်၏ကယ်တင်ခြင်းကို လက်ခံရရှိဖို့ရာ မဝေးတော့ဘူးဟု ခံစားခဲ့ရသည်။

တစ်နေ့ ကျွန်မ ဝိညာဉ်ရေးရာ ဝတ်ပြုဆုတောင်းနေခဲ့သော အချိန်တွင် “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” ဆိုသော ကျမ်းပိုဒ်ထဲ၌ အောက် ဖော်ပြပါ ဘုရားသခင်၏နှုတ်ကပတ်တော်များကို တွေ့မြင်ခဲ့သည်- “အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။ အကယ်၍ သင်သည် ဤသမ္မာတရားများကို အရေးကြီးသကဲ့သို့ မမှတ်ယူပါက၊ ယင်းတို့ကို မည်သို့ ရှောင်ရှားရမည်ကိုသာ သို့မဟုတ် ထိုအရာများ မပါဝင်သည့် အသစ်သော ထွက်ပေါက်တစ်ခုကို မည်သို့ ရှာဖွေရမည်ကိုသာ သင် တွေးတောပါက၊ သင်သည် အလွန်ဆိုးရွားသော အပြစ်သား တစ်ဦးဖြစ်သည်ဟု ငါပြော၏။ သင်သည် ဘုရားသခင်၌ ယုံကြည်မှု ရှိသော်လည်း၊ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ အလိုကို မရှာဖွေသကဲ့သို့၊ သင့်ကို ဘုရားသခင်နှင့် သာ၍ နီးကပ်စေသည့် လမ်းခရီးကိုလည်း မနှစ်သက်ပါက၊ သင်သည် တရားစီရင်မှုကို ရှောင်တိမ်းရန် ကြိုးစားနေသူ တစ်ဦးဖြစ်ပြီး၊ သင်သည် ဖြူသောပလ္လင်ကြီးမှ ထွက်ပြေးနေသော ရုပ်သေးရုပ်တစ်ရုပ်နှင့် သစ္စာဖောက်တစ်ဦး ဖြစ်သည်ဟု ငါပြောသည်။ ဘုရားသခင်သည် သူ၏ မျက်စိအောက်မှ လွှဲရှောင်သော ပုန်ကန်သူ မည်သူ့ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်။ ထိုသို့သောလူတို့သည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်ကိုပင် ရရှိကြလိမ့်မည်။ တရားစီရင်ခြင်းခံရဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ လာသည့်အပြင် သန့်စင်ခံရပြီးဖြစ်သောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်တွင် အစဉ်အမြဲ အသက်ရှင်ရလိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဤနှုတ်ကပတ်တော်များကို ဆင်ခြင်ကြည့်ပြီးနောက်ပိုင်း ပလ္လင်ဖြူကြီးဆီမှနေ ထွက်ပြေးလာ သော ရုပ်သေးရုပ်များနှင့် သစ္စာဖောက်ဖျက်သူများ ဆိုသည်မှာ ဘုရားသခင်၏နောက်ဆုံးသောကာလ အမှုတော် များကို လက်ခံခဲ့ပြီးမှ နောက်ပိုင်းတွင် နောက်ကြောင်း လှည့်ပြန်သောသူ များကိုသာလျှင် ညွှန်းဆိုခြင်း မဟုတ်သေးကြောင်းကို ကျွန်မ နောက်ဆုံးမှာ သဘောပေါက် သွားခဲ့သည်။ ဒီနှုတ်ကပတ်တော်များက ဘုရားသခင် နောက်ကို လိုက်ပေမယ့် သမ္မာတရားကို မချစ်သောသူ များ၊ သမ္မာတရားကို ငြီးငွေ့နေသောသူများကို အဓိက ရည်ညွှန်းခြင်းဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကကပတ်တော်များ ထဲက သမ္မာတရားကို ရှာဖွေဖို့ အာရုံမစိုက်ဘဲ ပြဿနာများ ကြုံတွေ့ခါမှသာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော သူများကိုလည်းပဲ ထိုနှုတ်ကပတ်တော်က ရည်ညွှန်းထားခြင်း ဖြစ်ပါသည်။ ဘုရားသခင်အပေါ် နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြသော်လည်း ဘုရားသခင့်နှုတ်ကပတ်တော်များ၏ပြင်ပမှာ ဆက်လက် နေထိုင်နေခဲ့ကြ သူများအားလုံးနှင့်၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ ရိုက်နှက်ဆုံးမခြင်း သို့မဟုတ် ပြုပြင်ခြင်းကို မည်သည့်အခါမျှ လက်မခံသောသူများသည် ပလ္လင်ဖြူကြီးဆီမှနေ ထွက်ပြေးလာသော ရုပ်သေးရုပ်များသာ ဖြစ်ပါသည်။

ဘုရားသခင်၏ ဉာဏ်အလင်းပေးမှုနှင့် လမ်းညွှန်မှုအောက်တွင် ကျွန်မ စပြီး ဆင်ခြင်တတ်လာခဲ့သည်။ ဘုရားသခင်က ယခုအချိန်တွင် လူသားများကို တရားစီရင်ဖို့ သူ၏နှုတ်ကပတ်တော်များကို ဖော်ပြနေသည်။ ဘုရားသခင်သည် ဆင်းရဲဒုက္ခများနှင့် စစ်ဆေးခြင်း နည်းများ အားဖြင့် လူများ၏အတွင်းထဲမှ ဆိုးယုတ်သော အဆိပ်အတောက်များကို ရှင်းလင်း သန့်စင်နေပါသည်။ သို့သော် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ ဆင်းရဲဒုက္ခများနှင့် စစ်ဆေးခြင်းများ ကျွန်မအပေါ်ကို ကျရောက်လာချိန်တိုင်း သမ္မာတရားကို ရှာဖွေဖို့နှင့် မိမိကိုယ်ကို သုံးသပ်ဆင်ခြင်ပြီး သင်ခန်းစာရယူဖို့အတွက် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် စီမံမှုများကို လိုက်နာရန် ကျွန်မမှာ ဆန္ဒမရှိနေခဲ့ပါ။ ထိုအစား ကျွန်မအနေနှင့် ဘုရားသခင်သည် ဒီအခြေအနေများကို အမြန်ဆုံး ဖယ်ရှားပစ်ပါလိမ့်မည်ဟု မျှော်လင့်ရင်း အမြဲ ရုန်းထွက်ဖို့ ကြိုးစားနေလေ့ ရှိခဲ့ပါသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် သမ္မာတရားကို ရှောင်လွှဲနေပြီး ဘုရားသခင်၏စီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုကို ငြင်းဆန်နေခြင်း မဟုတ်ပါလား။ ဘုရားသခင်ကြောင့်ဖြစ်လာခဲ့သော လူများ သို့မဟုတ် အကြောင်းကိစ္စများသည် ကျွန်မ၏ ကိုယ်ပိုင်ထင်မြင်ယူဆချက်များနှင့် မကိုက်ညီသောအချိန်တွင်၊ သို့မဟုတ် ကျွန်မကို သွေးသားဒုက္ခဝေဒနာ အနည်းငယ် ဖြစ်စေသောအခါတွင် ကျွန်မသည် အဆိုးမြင်လာခဲ့သည်။ ယုံကြည်သူ ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယဖွဲ့သောပွဲများက ဘုရားသခင်အပေါ် ကျွန်မ၏အထင်လွဲမှားမှုများကို ရှင်းလင်းပေးနိုင် ရုံမျှမက ကျွန်မ၏ပြဿနာများကို ရှင်းလင်းသွားစေနိုင်ကာမူ ကျွန်မသည် စကားနားထောင်ဖို့ ငြင်းဆန်နေဆဲ ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို မရှာဖွေဘဲ ဘုရားသခင်မိန့်ဆိုခဲ့သော နှုတ်ကပတ်တော်ထဲ ကအတိုင်း ဘုရားသခင်နှင့် နီးစပ်လာစေမယ့်နည်းလမ်းကို မနှစ်သက်ခြင်း မဟုတ်ပါလား။ ကျွန်မထမ်းဆောင်ရသော တာဝန်ကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်သောအတွက် ကျွန်မသည် ရိုက်နှက်ဆုံးမခံရပြီး ပြုပြင်ခံခဲ့ရချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဖြေရှင်းချက်ပေးဖို့ အကြောင်းပြချက်များနှင့်အတူ၊ တာဝန်ကို ရေသာခိုဖို့ ကျွန်မ အမြဲတမ်း နည်းလမ်းရှာနေသည်။ ဤသို့ပြုခြင်းသည် သမ္မာတရားကိုလက်ခံဖို့ ငြင်းဆန်နေသော အနှစ်သာရပင် မဟုတ်ပါလား။ ကျွန်မသည် ကျွန်မ၏သွေးသားစိတ်ဝင်စားမှုများကို မကြာခဏ ကာကွယ်ပေးပြီး မကောင်းမှုပျော်စရာများထဲမှာသာ မွေ့လျော်နေပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်လိုက်ရသောအချိန်မှာ ကျွန်မသည် ကျွန်မကိုယ်ကျွန်မ နည်းနည်း မုန်းတီးစပြုလာပြီး ကျွန်မစိတ်နှလုံးထဲကနေ ကိုယ့်ကိုယ်ကိုအပြစ်တင်လာသည်။ ပြီးနောက်မှာတော့ ကျွန်မသည် အမှုအရာများကို ကိုယ်ပိုင်နည်းလမ်းနှင့် ဆက်လုပ်နေခဲ့ပြီး မိမိကိုယ်ကို အလိုလိုက်ခဲ့သည်။ အဲဒီလိုပြုမူတာက တရားစီရင်ခြင်းကို လက်ခံရုံလေးသာလက်ခံပြီး သန့်ရှင်းစင်ကြယ်စေ ဖို့အတွက် မကြိုးစားခြင်းပဲ မဟုတ်ဘူးလား။ ၎င်းကိုအခုအချိန်မှာ စဉ်းစားမိလိုက်သည်။ ကျွန်မ၏ အပြုအမူများကို ပြန်တွေးမိသောအခါ ကျွန်မ မကြောက်လန့် မတုန်လှုပ်ဘဲ မနေနိုင်ပါ။ အသင်းတော်ထံမှနေ ကျွန်မ မစွန့်ခွာသွားခဲ့သေးဘဲ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ရွတ်ဖတ်ပြီး ပုံမှန်အတိုင်း တာဝန်ထမ်းဆောင်နေခဲ့သည့်တိုင် ပြဿနာတစ်စုံတစ်ရာကြုံတိုင်းကြုံတိုင်း ကျွန်မသည် သမ္မာတရားကိုလက်ခံဖို့ အမြဲတမ်း ငြင်းဆန်ခဲ့ပြီး ဘုရားသခင်၏ တရားစီခြင်းအမှုတော်ကနေ ရှောင်ပြေးနေဆဲသာ ဖြစ်သည်။ ကျွန်မသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို တခါမှ မတွေ့ကြုံခဲ့ရသကဲ့သို့ လက်တွေ့ကျင့်ဆောင်ခြင်းလည်း မရှိခဲ့ပါ။ ကျွန်မသည် ဘုရားသခင်၏ တရားစီရင်ခြင်းပလ္လင်တော်ဆီကနေ ထွက်ပြေးသော ရုပ်သေးရုပ်လို သစ္စာဖောက်ဖျက်သူတစ်ယောက် သေချာပေါက် ဖြစ်မနေပေဘူးလား။ သို့ပေမဲ့လည်း ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိဖို့အင်မတန်နီးစပ်နေခဲ့ပြီဟု ကျွန်မ ယုံကြည်ထားခဲ့မိပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် ကျွန်မ၏ နားလည်သိမြင်မှုက အရမ်းတစ်ဖက်သတ်ဆန်ပြီး လေးနက်မှုမရှိခဲ့သကဲ့သို့ ဘုရားသခင်၏ အမှုတော်မြတ်နှင့်ပတ်သက်ပြီး အသိပညာ အတော်လေးကင်းမဲ့နေခဲ့သည်။ ယခုမှာမူ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုတော်ကို ရိုကျိုးစွာ လက်ခံသောသူများနှင့် မိမိ၏ ပင်ကိုယ်စိတ်သဘောထားများကို ပြုပြင်အောင်မြင်သော သူများ သာလျှင် ဘုရားသခင်၏ကယ်တင်ခြင်းဆုကျေးဇူးကို စစ်မှန်စွာ ရရှိမှာဖြစ်ပါသည်။ ထိုအစား ကျွန်မသည် ကိုယ်ပိုင်အယူအဆများ၊ ထင်မြင်ချက်များနှင့်ပဲ ရှင်သန်နေထိုင်ခဲ့သည်၊ သမ္မာတရားကို ငတ်မွတ်လိုချင်စိတ် မရှိခဲ့ပါ။ မိမိ၏ကိုယ်ပိုင်ဘဝကို တာဝန်ယူမှု မရှိခဲ့ပါ။ အန္တရာယ်ကြုံတွေ့ရ တော့မည်ကိုဖြစ်စေ သို့မဟုတ် အရေးပေါ်အခြေအနေကိုဖြစ်စေ လုံးဝသတိမမူမိခဲ့ပါ။ ကျွန်မသာ ထိုကဲ့သို့ပုံစံမျိုးနှင့် ဆက်လက်နေထိုင်သွားခဲ့လျှင် ဘုရားသခင်၏ ပြစ်ဒဏ်ခတ်မှုကို ကျိန်းသေခံရမယ့်သူ ဖြစ်လာမည်ပင် မဟုတ်ပါလား။

ကျွန်မသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုတော်ကိုလက်ခံဖို့ ဆန္ဒမရှိခဲ့သော လူတစ်ယောက်ဖြစ်သည်ကို နားလည်သဘောပေါက်ရင်း ကျွန်မ၏ကိုယ်ပိုင်ယူဆချက်များနှင့် ထင်မြင်ချက်များထဲမှနေ ကျွန်မ နိုးထလာခဲ့ရသည့်အတွက် ဉာဏ်အလင်း ပေးခဲ့သော ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကျေးဇူးတင်ပါသည်။ ကျွန်မသည် အန္တရာယ်ကျရောက်ဖို့ သီသီလေးပဲလိုတော့ကြောင်းကိုလည်း တွေ့မြင်ခွင့်ရခဲ့ပါပြီ။ ယခုအချိန်မှ စပြီး ကျွန်မစိတ်နှလုံးကို ဘုရားသခင်ထံ အလုံးစုံအပ်နှံမည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို နာခံမည်၊ မကြာမီ ဘုရားသခင်အားဖြင့် ကျွန်မ သန့်စင်ခံရပြီး စုံလင်ခြင်းခံရနိုင်ဖို့အတွက် သမ္မာတရားနောက်ကို လိုက်လျှောက်ပြီး စိတ်သဘောထားပြောင်းလဲလာအောင် အစွမ်းကုန်ကြိုးစားသွားပါမည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျရှုံးမှုများနှင့် ဆုတ်ဆိုင်းမှုများမှတစ်ဆင့် သင်ယူရသည့် သင်ခန်းစာများ

ချန်ရှင်း တောင်ကိုရီးယားနိုင်ငံ အသင်းတော်ခေါင်းဆောင်အနေနဲ့ ကျွန်မ အစေခံတဲ့အချိန်အတွင်းမှာ ဝမ်ဟွာက ကျွန်မအလုပ်ကို ဦးဆောင်ရတယ်။ သူက...

ကျွန်မသည် အမှန်ပင် အဆင်းနီသော နဂါးကြီး၏ သားသမီးဖြစ်ပါသည်

ကျန်းမင်၊ စပိန် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပါသည်။ “ဤလူတို့သည် အဆင်းနီသောနဂါးကြီး၏ သားသမီးများ ဖြစ်သည်ဟု ယခင်က ပြောထားခဲ့ပေသည်။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။