ဆင်းရဲဒုက္ခကို သည်းခံပြီးနောက်၊ ဘုရားသခင်အတွက် ကျွန်တော့်၏ ချစ်ခြင်းမေတ္တာသည် ပို၍ပင် ခိုင်မာလာသည်

16.10.2019

ကျောင်းရူးရီ၊ ကျန်းရှိစီရင်စု

ကျွန်တော့် နာမည်က ကျောင်းရူးရီဖြစ်ပြီး၊ ကျွန်တော်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ ခရစ်ယာန်တစ်ယောက် ဖြစ်ပါသည်။ ကျွန်တော် အမှုအရာများကို စတင်နားလည်လာသည့် အချိန်မှစပြီး၊ ကျွန်တော့် မိဘများက ဝမ်းစာရှာဖို့ မိုးလင်းမိုးချုပ် လယ်ထဲတွင် အလုပ်ကြိုးစားခဲ့သည်ကို မြင်ခဲ့ရသည်။ သူတို့၏ သိသာသော ကြိုးပမ်းအားထုတ်မှုများ ရှိသော်လည်း နှစ်စဉ်နှစ်တိုင်း သူတို့ ငွေရခဲလှသောကြောင့် ကျွန်တော့် မိသားစုသည် အမြဲတမ်း အတော်ဆင်းရဲခြင်းဖြင့် အသက်ရှင်သန်ခဲ့ရသည်။ အလုပ်ကြမ်း လုပ်စရာမလိုဘဲ အတော်အတန် ဇိမ်ရှိအောင် အသက်ရှင်သန်သည့် အာဏာ နှင့် သြဇာလွှမ်းမိုးမှုရှိသော လူများကို တွေ့တိုင်း၊ သူတို့ကို ကျွန်တော် မနာလိုဖြစ်မိသောကြောင့် ကျွန်တော် ခိုင်မာသည့် သံန္နိဌာန် တစ်ခုကို ချမှတ်ခဲ့သည်- ကျွန်တော့်မိဘများလည်း လူချမ်းသာတို့၏ ဘဝတွင် အသက်ရှင်သန်နိုင်ရန်၊ ကျွန်တော် ကြီးပြင်းလာသည့် အချိန်တွင် ကျွန်တော့်မိသားစု၏ ဆင်းရဲနွမ်းပါးခြင်းနှင့် အခြေအနေ ဆုတ်ယုတ်မှုတို့ကို ကုစားရန် သက်မွေးမှုလုပ်ငန်းတွင် တကယ့်ကို အောင်မြင်မည် သို့မဟုတ် အစိုးရရာထူးတစ်ခု ရရှိမည်။ သို့သော်လည်း ဤစိတ်ကူးယဉ်မှုအတွက် ကျွန်တော် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရ သည့်တိုင်၊ ကျွန်တော် လိုချင်သည့်အရာကို မည်သည့်အခါကမျှ မရရှိနိုင်ခဲ့ပါ။ ဆင်းရဲသော ဘဝတစ်ခုကိုသာ ကျွန်တော် ဆက်လက် အသက်ရှင်သန်ခဲ့ရသည်။ ကျွန်တော် မည်မျှ အလုပ်ရှုပ်သည်ကို ပြရန် မည်သည့်အရာမျှ မရှိခြင်းအတွက် ကျွန်တော် မကြာခဏ စိတ်ပူပန်မှုဖြင့် သက်ပြင်းချခဲ့ရကာ၊ တဖြည်းဖြည်းနှင့် ဘဝတွင် ယုံကြည်မှု ပျောက်ဆုံးခဲ့လေသည်။ ကျွန်တော် စတင်စိတ်ပျက်လာပြီး၊ ဘဝ မျှော်လင့်ချက် ပျက်သုဉ်းရသည့် အချိန်တွင်ပင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ ကယ်တင်ခြင်းက ကျွန်တော့်ထံ ရောက်လာခဲ့သည်။ သူ့နှုတ်ကပတ်တော်များမှ သမ္မာတရား အချို့ကို ကျွန်တော် သဘောပေါက်ခဲ့ပြီး လောကထဲမှ လူသားများ ဒုက္ခခံစားရခြင်း၏ အကြောင်းရင်းခံကို သိလာခဲ့သည်။ လူများသည် အဓိပ္ပာယ်အရှိဆုံးနှင့် အကျိုးရှိဆုံးသော ဘဝတစ်ခုကို ရှင်သန်နေထိုင်ရန် မည်မျှ လိုအပ်ပုံကိုလည်း ကျွန်တော် နားလည် သဘောပေါက်ခဲ့သည်။ ထိုအချိန်မှစပြီး ကျွန်တော်သည် စိတ်ရှုပ်ထွေးပြီး၊ ခိုကိုးရာမဲ့ခဲ့သော်လည်း၊ ကျွန်တော့်ဘဝ၌ ဉီးတည်ချက်ကို ရှာတွေ့ခဲ့သည်။ စိတ်ပျက်ခြင်းနှင့် စိတ်အားလျော့ခြင်း တို့ကို နောက်ချန်ရစ်ခဲ့ပြီး၊ ဘဝတွင် အသစ်သော တက်ကြွခြင်း နှင့် လုပ်ပိုင်ခွင့်တို့ကို ခံစားခဲ့ရပြီး၊ ဘဝ၏ မျှော်လင့်ချက်ကို တွေ့ရှိခဲ့သည်။ ထို့နောက် ဆင်းရဲဒုက္ခနှင့် ခိုကိုးရာမဲ့ခြင်းတို့၌ အသက်ရှင်သန်နေဆဲ ဖြစ်သည့် လူများသည်လည်း ဤအလွန့်အလွန် ရှားပါးသည့် ကယ်တင်ခြင်းကို ရရှိနိုင်ရန်အလို့ငှာ၊ ကျွန်တော် တစ်နေရာမှ တစ်နေရာသို့ စတင်သွားရောက်ပြီး ဘုရားသခင်၏ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို ခွန်အားပြည့်ဝစွာ ဟောကြားခဲ့သည်။ သို့သော်လည်း ဧဝံဂေလိဝေငှခြင်း လုပ်ငန်းစဉ်တွင် နှစ်ကြိမ်တိုင်တိုင် တရုတ်အစိုးရ၏ ဖမ်းဆီးခံရကာ၊ ရက်စက် ကြမ်းကြုတ်ပြီး လူမဆန်စွာ ညှင်းပန်းခံရမည်ကို ကျွန်တော် မမျှော်လင့်ထားခဲ့ပါ။ ဤကဲ့သို့ စက်ဆုပ်ဖွယ်ရာ အမှောင်တွင်းထဲ၌ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်တော့်အပါးမှ မည်သည့်အခါမျှ မထွက်သွားခဲ့ပါ- သူ့နှုတ်ကပတ်တော်များက စာတန်၏ မှောင်မိုက်သော စွမ်းအားများကို အောင်မြင်ရန် ထပ်ခါထပ်ခါ ဦးဆောင်ပြီး၊ သူ့အတွက် ကျွန်တော့်၏ ချစ်ခြင်းမေတ္တာကို အားဖြည့်ပေးလျက် ကျွန်တော့်ကို ယုံကြည်မှု နှင့် ခွန်အားတို့ ပေးခဲ့သည်။

၂၀၀၃ ခုနှစ် ဇွန်လရှိ နေ့တစ်နေ့တွင် ဖြစ်သည်။ ကျွန်တော့် ညီအစ်ကိုနှစ်ယောက် နှင့် ကျွန်တော်သည် ဧဝံဂေလိဖြန့်ဝေရန် ကျေးရွာ တစ်ရွာသို့ သွားရောက်သည့်အချိန်၊ ကောက်ကျစ်သော လူတစ်ယောက်၏ သတင်းပို့ခြင်းကို ကျွန်တော်တို့ ခံခဲ့ရသည်။ ရဲကား သုံးကားထဲရှိ ရဲ ငါးယောက် ခြောက်ယောက်သည် ကျွန်တော်တို့ထံ ပြေးလာခဲ့ပြီး၊ မေးခွန်း တစ်ခုမျှ မထုတ်ဘဲ လက်ထိပ်ခတ်ခဲ့ကြသည်။ သူတို့က ကျွန်တော်တို့ကို တွန်းထိုး ကန်ကျောက်ရင်း၊ ကားထဲသို့ အတင်းတွန်းထည့်ကာ၊ ပြည်သူ့လုံခြုံရေးဌာနသို့ မောင်းခေါ်သွားခဲ့သည်။ ကားထဲတွင် ကျွန်တော် လုံးဝမကြောက်ခဲ့ပါ။ ဧဝံဂေလိ ဖြန့်ဝေခြင်း၏ ရည်ရွယ်ချက်သည် လူများထံသို့ ကယ်တင်ခြင်းဆောင်ကြဉ်းပေးရန် ဖြစ်သောကြောင့် ကျွန်တော်တ မည်သည့်အမှားတစ်ခုမျှ မလုပ်ခဲ့ဟု ကျွန်တော် အမြဲတမ်း ခံစားမိခဲ့သည်။ ကျွန်တော်တို့ ပြည်သူ့လုံခြုံရေးဌာနသို့ ရောက်သည်နှင့် တပြိုင်နက်၊ အခြေအနေကို ကျွန်တော်ရှင်းပြမည် ဖြစ်ပြီး၊ ရဲများက ကျွန်တော်တို့ကို လွှတ်ပေးပါလိမ့်မည်။ သို့သော်လည်း တရုတ်အစိုးရ၏ ရဲများသည် မည်သည့် လူရမ်းကား သို့မဟုတ် ဆိုးယုတ်သော အာဏာရှင်များ ထက်မဆို ပို၍ ရက်စက်ပြီး၊ ကြမ်းကြုတ်ကြောင်း ကျွန်တော် မည်သို့ သိနိုင်ခဲ့မည်နည်း။ ကျွန်တော်တို့ ပြည်သူ့လုံခြုံရေးဌာနသို့ ရောက်ပြီးနောက်၊ ရဲများက ကျွန်တော်တို့ကို ခွဲပြီး တစ်ဦးချင်း မစစ်ကြောမီ ရှင်းပြခွင့်ပင် မပေးခဲ့ပါ။ ကျွန်တော် စစ်ဆေးခန်းထဲသို့ ဝင်ရောက်လိုက်ပြီး မကြာမီပင် ရဲတစ်ယောက်က “ကွန်မြူနစ်ပါတီရဲ့ မူဝါဒက ‘ဝန်ခံတဲ့ သူတွေအတွက် သက်ညှာမှုနဲ့ ဆန့်ကျင်သူတွေအတွက် ပြင်းထန်မှု’ ဆိုပြီး ဖြစ်တယ်။ မင်းအဲဒါကို သိလား” ဟု ကျွန်တော့်ကို ဟောက်ခဲ့သည်။ နောက်ပိုင်းတွင် သူက ကျွန်တော့် ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များအကြောင်း မေးမြန်းခဲ့သည်။ ကျွန်တော့် အဖြေများက သူ့ကို စိတ်ကျေနပ်စေခြင်း မရှိသည်ကို မြင်လျက်၊ နောက်ထပ် ရဲတစ်ယောက်က ကျွန်တော့်ဘေးသို့ လျှောက်လာခဲ့ပြီး “ဟင်း၊ မင်းက မပူးပေါင်းဘူးပဲ။ ငါတို့က မင်းကို သင်ခန်းစာတစ်ခုပေးပြီး၊ မင်း အမှန်ပြောမပြော ဆိုတာကို ကြည့်ရတော့ မှာပေါ့” ဟု ခပ်ပြတ်ပြတ် ပြောလိုက်သည်။ ထို့နောက် သူသည် လက်ပြလိုက်ပြီး “သူ့ကို အပြစ်ပေးဖို့ အုတ်ခဲနည်းနည်း ယူလာစမ်း” ဟု ပြောလိုက်သည်။ သူပြောပြီး မကြာမီတွင် ရဲနှစ်ယောက်က လျှောက်လာပြီး၊ ကျွန်တော့် လက်တစ်ဖက်ကို ကိုင်ကာ၊ ကျွန်တော့် ပခုံးမှ အောက်ကို ဆောင့်ဆွဲလိုက်ပြီး၊ နောက်တစ်ဖက်ကိုမူ အပေါ်သို့ ဆွဲလိမ်ခဲ့သည်၊ ထို့နောက် ထိုလက်တို့ကို အတင်းအကျပ် အတူ လက်ထိပ်တွဲခတ်လိုက်လေသည်။ ချက်ချင်းဆိုသကဲ့သို့ ကျွန်တော်၏ လက်များ ကျိုးလုမတတ် မခံမရပ်နိုင် ဖြစ်သော နာကျင်မှုကို ခံစားခဲ့ရသည်။ ကျွန်တော်ကဲ့သို့ အားနည်းသည့် လူတစ်ယောက်က ထိုသို့သော ညှဉ်းပန်းမှုကို မည်သို့များ သည်းခံနိုင် မည်နည်း။ ခဏကြာပြီးနောက် ကျွန်တော် မြေပေါ်သို့ ပြိုလဲကျသွားသည်။ ဤအရာကို မြင်သောအခါ၊ ဆိုးယုတ်သောရဲက လက်ထိပ်ကို အပေါ်သို့ ရုတ်ခနဲ ဆွဲမလိုက်ပြီး၊ အုတ်ခဲနှစ်လုံးကို ကျွန်တော့် လက်များနှင့် ကျောတို့ကြားတွင် လျှိုထည့်လိုက်သည်။ ပုရွက်ဆိတ် ထောင်ပေါင်းများစွာ တို့က ကျွန်တော့်အရိုးများကို ဝါးနေသည့်အလား ရုတ်ချည်း စူးရှသော နာကျင်မှုက ကျွန်တော့်နှလုံးသားထဲကို တိုက်ရိုက်ထိုးဖောက် ဝင်ရောက်လာ ခဲ့သည်။ လုံးလုံး မချိမဆံ့ဝေဒနာခံစားရလျက် ဘုရားသခင်ကို အနူးအညွတ် တောင်းပန်ရန် ကျွန်တော်၏ ကျန်သည့် ခွန်အားရှိသမျှကို အသုံးပြုခဲ့သည်။ “အနန္တတန်ခိုးရှင်ဘုရားသခင်၊ ကျွန်တော့်ကို ကယ်တင်ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်တော့်ကို ကယ်တင်ပါ...” ထိုအချိန်က ဘုရားသခင်၏ နောက်ဆုံးသော ကာလ ကယ်တင်ခြင်းကို လက်ခံခဲ့သည်မှာ သုံးလခန့်သာ ရှိပြီး၊ သူ့နှုတ်ကပတ်တော်များစွာဖြင့် တန်ဆာမဆင်ရသေးသည့်အပြင်၊ မစို့မပို့ သမ္မာတရား အနည်းငယ်သာ နားလည်သဘောပေါက်လင့်ကစား၊ ကျွန်တော် အဆက်မပြတ် အသနားခံသည့်အခါ၊ ဘုရားသခင်သည် ကျွန်တော့်ကို ယုံကြည်မှုနှင့် ခွန်အားတို့ ပေးသနားခဲ့ပြီး၊ ကျွန်တော် အတွင်း၌ ခိုင်မာသည့် ခံယူချက်တစ်ခု ထည့်ပေးခဲ့သည်။ ကျွန်တော် ဘုရားသခင် အတွက် သက်သေရပ်တည်ရမည်။ စာတန်ကို လုံးဝ အရှုံးမပေးရပါ။ ထို့နောက် ချက်ချင်း ကျွန်တော် အံကြိတ်ကာ၊ နောက်ထပ် စကားတစ်လုံးပြောဖို့ လုံးဝ ငြင်းဆန်ခဲ့သည်။ ပျာယာခတ်ပြီး၊ စိတ်တိုကာ ဆိုးယုတ်သောရဲများသည် ကျွန်တော့်ကို ချိုးနှိမ်ရန် ကြိုးပမ်းအားထုတ် ရာတွင် နောက်ထပ် ရက်စက်သော ပရိယာယ်ကို ကြိုးစားခဲ့ကြသည်။ သူတို့က ကြမ်းပြင်ပေါ်တွင် အုတ်ခဲနှစ်လုံးကို ထားပြီး၊ ကျွန်တော့်ကို ၎င်းတို့ပေါ်တွင် အတင်းအကျပ် ဒူးထောက်ခိုင်းသည်၊ တစ်ချိန်တည်းမှာပင်၊ သူတို့က ကျွန်တော့် လက်ထိပ်များကို ပြင်းထန်စွာ ဆွဲမလေသည်။ ကျွန်တော့် လက်များသည် ချက်ချင်းပင် အလွန်အမင်းမခံမရပ်နိုင်​အောင် နာကျင်ကာ ကျိုးသွားသည့်အလား ခံစားရသည်။ ထိုနေရာတွင် မိမိဘာသာ မိနစ် အနည်းငယ်ကြာ ဒူးထောက်ခဲ့ရပြီးနောက် ကျွန်တော် ကြမ်းပြင်ပေါ်သို့ နောက်တဖန် အရုပ်ကြိုးပြတ် လဲကျသွားခဲ့သည်။ ပြီးနောက် ရဲများက ကျွန်တော့်ကိုလက်ထိပ်များမှနေ၍ ကြမ်းတမ်းစွာ ဆွဲမကြပြီး၊ အတင်းအကျပ် ဆက်လက်ဒူးထောက်ခိုင်းခဲ့သည်။ ဤနည်းလမ်းဖြင့် သူတို့ ကျွန်တော့်ကို ထပ်ခါထပ်ခါ ညှဉ်းပန်းခဲ့ကြသည်။ နွေရာသီ၏ အပူဆုံးကာလ ဖြစ်သော ကြောင့် ကျွန်တော့်မှာ မချိတင်ကဲဝေဒနာ နှင့် ပူလောင်ခြင်း နှစ်မျိုးလုံး ခံစားနေခဲ့ရသည်၊ ချွေးသီးချွေးပေါက်များက ကျွန်တော့်မျက်နှာပေါ်မှ အဆက်မပြတ် ကျဆင်းလာခဲ့သည်။ တောင့်ခံရန် ကျွန်တော် အလွန် အခက်တွေ့နေသည်မှာ အသက်ရှုဖို့ ခက်နေကာ၊ သတိလစ်လုနီးပါးအထိ ဖြစ်လေသည်။ သို့သော်ငြားလည်း ဤဆိုးယုတ်သော ရဲအုပ်စုသည် ကျွန်တော့် ကံမကောင်းအကြောင်းမလှခြင်းကို ဝမ်းမြောက်ဝမ်းသာ ဖြစ်ရုံသာရှိခဲ့သည်။ “အဆင်ပြေရဲ့လား” ဟု သူတို့ထဲမှ တစ်ယောက်က ပြောသည်။ “မင်း စကားပြောဖို့ဆက်ငြင်းနေဦးမယ်ဆိုရင်၊ ငါတို့မှာ မင်းကို ကိုယ်တွယ်ဖို့ နောက်ထပ် နည်းလမ်းတွေ အများကြီးရှိတယ်။” ကျွန်တော် မဖြေသည်ကို မြင်သည့်အခါ၊ သူတို့က ဒေါသူပုန်ထကာ “ဒီတော့ မင်းက မလုံလောက် သေးဘူးကိုး ဟုတ်လား။ ထပ်လုပ်စမ်းဟေ့” ဟု ပြောခဲ့သည်… ဤညှဉ်းဆဲခြင်းကို နှစ်နာရီ သုံးနာရီခံရပြီးနောက်၊ ကျွန်တော့် ခေါင်းမှခြေ အထိ နာကျင်ကိုက်ခဲကာ၊ ခွန်အားလုံးဝ မကျန်တော့ပေ။ ကျွန်တော် ကြမ်းပြင်ပေါ် လဲကျသွားပြီး၊ မလှုပ်နိုင်ခဲ့ပါ၊ ကျွန်တော့် ဆီးအိမ်နှင့် ဝမ်းတို့နှင့် ပတ်သက်သည့် ထိန်းချုပ်မှုများအားလုံးပင် ဆုံးရှုံးခဲ့ရသည်။ ဤဆိုးယုတ်သောရဲများ၏ ရက်စက်ကြမ်းကြုတ်သော ညှဉ်းပန်းမှုကို ရင်ဆိုင်ရလျက်၊ ကျွန်တော် ယခင်က အလွန် အမြင်ဖုံးလွှမ်းကာ အသိဉာဏ်မဲ့ခဲ့ခြင်းအတွက် မိမိကိုယ်ကို အမှန်တကယ် မုန်းတီးမိသည်။ တုံးအစွာဖြင့် ပြည်သူ့လုံခြုံရေး ဌာနသည် ဆင်ခြင်တုံတရားရှိသည့် နေရာတစ်ခုဖြစ်ပြီး၊ ရဲများသည် တရားမျှတမှုကို ထိန်းသိမ်းကာ၊ ကျွန်တော့်ကို လွှတ်ပေးမည်ဟု ထင်မှတ်ခဲ့သည်။ ကျွန်တော့်ကို သေလုနီးပါး ညှဉ်းပန်း နှိပ်စက်ရင်း၊ သက်သေအထောက်အထား စိုးစဉ်းမျှမရှိဘဲ ညှဉ်းပန်းမှုမှတစ်ဆင့် ခံဝန်ချက်တစ်ခုကို အဓမ္မယူရန် ကြိုးစားရ လောက်အောင် သူတို့က အလွန်မလိုမုန်းထားပြီး ရက်စက်မည်ဟု ကျွန်တော် လုံးဝ မမျှော်လင့်ထားခဲ့ပါ။ သူတို့ကအမှန်တကယ် လွန်လွန်ကဲကဲ ဆိုးယုတ်ကြ လေသည်။ တစ်စချင်းပြုတ်ထွက်နေသကဲ့သို့ ကျွန်တော် ကြမ်းပြင်ပေါ်တွင် လှဲနေပြီး၊ ကျွန်တော် လှုပ်ချင်လျှင်ပင် မလှုပ်နိုင်ခဲ့ပါ။ သူတို့ ကျွန်တော့်ကို နောက်ထပ် ညှဉ်းပန်းဖို့ မည်သို့မည်ပုံ စီစဉ်ထားသည်ကို ကျွန်တော် မသိခဲ့သကဲ့သို့၊ ကျွန်တော် မည်မျှ တောင့်ခံနိုင်မည်ကိုလည်း မသိခဲ့ပါ။ ကျွန်တော့် ဆင်းရဲဒုက္ခ နှင့် ခိုကိုးရာမဲ့ခြင်းတို့တွင်၊ ကျွန်တော် ဆက်ပြီးသည်းခံနိုင်ရန် ခွန်အားပေးဖို့ ဘုရားသခင်ကို အဆက်မပြတ် အသနားခံဖို့သာ တတ်နိုင်ခဲ့ပါသည်။ ဘုရားသခင်က ကျွန်တော့် လျှောက်ထားချက်ကို နားညောင်းကာ၊ ကျွန်တော့်ကို သနားပြီး၊ သူ၏မိန့်မြွက်ချက်များထဲမှ တစ်ခုကို ကျွန်တော့်ကို ပြန်လည်အမှတ်ရစေ ခဲ့သည်။ “ယခုအချိန်သည် အရေးကြီးသော ကာလတစ်ခု ဖြစ်သည်။ စိတ်အားလျော့ခြင်း သို့မဟုတ် စိတ်ပျက်ခြင်းမရှိရန် သေချာစေလော့။ အရာရာ၌ ရှေ့သို့မျှော်ရည်မှန်းလျက် နောက်ပြန်မလှည့်လေနှင့်။...သင်၌ နောက်ဆုံးထွက်သက်တစ်မျှင် ကျန်နေသေးသရွေ့ အဆုံးအထိ စွဲမြဲစွာ လုပ်ဆောင်လော့။ ဤသည်မှာ သင်သည် ချီးမွမ်းရန် ထိုက်တန်သောသူ ဖြစ်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၀)) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကို အလွန်ကြီးမားသော ယုံကြည်မှု နှင့် ခွန်အားတို့ ပေးသနားခဲ့သည်။ ၎င်းတို့မှာ အလွန်မှန်ကန်လှသည်။ အလင်းနှင့် ဖြောင့်မတ်ခြင်းတို့ လမ်းကြောင်းပေါ်တွင် ကျွန်တော် လျှောက်နေသည့် အားလျော်စွာ၊ ဆက်လက်ပြီးသွားနေဖို့ ကျွန်တော့်မှာ ယုံကြည်မှုရှိသင့်သည်။ ကျွန်တော့် နောက်ဆုံးထွက်သက်ကို ရောက်ခဲ့လျှင်ပင်၊ အဆုံးထိ ကျွန်တော် မဆုတ်မနစ် လုံ့လထုတ်ရပါမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အသက်စွမ်းအားဖြင့် အသက်ဝင်နေခဲ့သည်၊ ၎င်းတို့က ဤဆိုးယုတ်သော မာရ်နတ်များကို အဆုံးထိ တိုက်ခိုက်ရန် ကျွန်တော့်ကို ယုံကြည်မှုနှင့် သတ္တိတို့ရစေခဲ့ပြီး ကျွန်တော့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားအချို့ကိုလည်း ဖြည်းဖြည်းချင်း ပြန်လည်ရရှိခဲ့လေသည်။ ထို့နောက် ဆိုးယုတ်သောရဲများက ကျွန်တော့်ကို ဆက်လက် စစ်ဆေးကြကာ၊ ကျွန်တော့် ခြေထောက်များ ကျိုးကြေပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်သည်အထိ ရက်ရက်စက်စက် ဆက်ပြီး ဆောင့်နင်းခဲ့သည်။ သို့သော်လည်း ကျွန်တော် နောက်ထပ်နာကျင်မှုကို မခံစားရတော့ပါ။ ဤသည်မှာ ဘုရားသခင်၏ အံ့သြဖွယ်ရာ လုပ်ဆောင်ချက် များကြောင့် ဖြစ်ကြောင်း ကျွန်တော် သိခဲ့သည်။ ကျွန်တော့်ကို သနားရင်း၊ ကျွန်တော့် အားနည်းချက်အတွက် အရေးတယူရှိမှုကို ပြခဲ့ကာ၊ သူက ကျွန်တော်၏ ဆင်းရဲဒုက္ခကို သက်သာစေခဲ့သည်။ နောက်ပိုင်းတွင် မလိုမုန်းထားသည့် ရဲများက ကျွန်တော်တို့ကို “ငြိမ်ဝပ်ပိပြားရေး နှောင့်ယှက်ခြင်း” နှင့် ပတ်သက်သည့် စွဲချက်ဖြင့် ထိန်းသိမ်းထားခဲ့သည်။ ထိုညတွင် ကျွန်တော်တို့တစ်ယောက်ချင်းစီကို နောက်တစ်နေ့ ညနေအထိ ပေါင်သုံးရာ လေးရာ ဘိလပ်မြေတုံးများတွင် သပ်သပ်စီ လက်ထိပ်ခတ် ထားပြီး၊ နယ်ခံ ထိန်းသိမ်းရေးစခန်းသို့ ထပ်မံ ပို့ဆောင်ခဲ့သည်။

ထိန်းသိမ်းရေး စခန်းထဲသို့ ဝင်ရခြင်းသည် ငရဲတစ်မျိုးထဲသို့ ပစ်ချခံရသကဲ့သို့ ဖြစ်သည်။ ထောင်စောင့်များက ကျွန်တော့်ကို ရောင်စုံ မီးလုံးများအား အတူတကွကြိုးဖြင့်သွယ်တန်းခိုင်းသည်။ ပထမတွင် ကျွန်တော့်ကို တစ်ရက်လျှင် အလုံး ၆၀၀၀ကို ကြိုးဖြင့်သွယ်တန်းစေ သော်လည်း၊ နောက်ဆုံးတွင် ၁၂၀၀၀ ရောက်သည်အထိ ပမာဏက တစ်ရက်ချင်း တိုးသွားခဲ့သည်။ ဤလွန်ကဲသော နေ့စဉ် အလုပ်ပမာဏ၏ အကျိုးဆက်အားဖြင့်၊ ကျွန်တော် အလွန်အလုပ်ကြိုးစား လုပ်သော်လည်း၊ အလုပ်တာဝန်ကို မပြီးဆုံးနိုင်ဆဲ ဖြစ်လေသည်။ ကျွန်တော့်မှာ ၎င်းတို့ကို ညတိုင်အောင် ဆက်ပြီးကြိုးဖြင့်သွယ်တန်းရုံမှလွဲပြီး ရွေးချယ်စရာ တစ်ခုမျှ မရှိခဲ့ပါ။ တစ်ခါတစ်ရံတွင် ကျွန်တော် လုံးဝ မခံနိုင်တော့ဘဲ၊ တစ်မှေးအိပ်စက်လိုသော်လည်း၊ သူတို့ ကျွန်တော်ကို မြင်သည်နှင့် တပြိုင်နက် ကျွန်တော် ရက်ရက်စက်စက် ရိုက်နှက်ခံရပါတော့သည်။ ထောင်စောင့်များက “ဒီအကျဉ်းသားတွေက အလုပ်ပြီးအောင် မလုပ်နိုင် တာပဲဖြစ်ဖြစ်၊ မှန်အောင်မလုပ်တာပဲ ဖြစ်ဖြစ်၊ မင်းတို့က သူတို့ကို ‘ပင်နီဆီလင်’ ဆေးနည်းနည်း ထိုးပေးသင့်တယ်” ဟု ကျယ်ကျယ်ပြော ခြင်းဖြင့်ပင် ထောင်ထဲမှ အနိုင်ကျင့်သူများကို လှုံ့ဆော်ခဲ့သည်။ သူတို့ ဆိုလိုသည့် ‘ပင်နီဆီလင်’ ဆေးထိုးခြင်း ဆိုသည်မှာ အကျဉ်းသား တစ်ယောက်၏ ပေါင်ခြံခွကြားကို လူတစ်ယောက်၏ဒူးဖြင့် ဆောင့်ခြင်း၊ သူက နာကျင်စွာ ကုန်းနေချိန်တွင် နောက်ကျောကို တံတောင်ဖြင့် ပြင်းထန်စွာ ထိုးချခြင်းနှင့် ထို့နောက် ခြေဖနောင့်ကို အသုံးပြုပြီး အကျဉ်းသား၏ ခြေထောက်တစ်ဖက်ကို ဆောင့်နင်းခြင်းတို့ကို ရည်ညွှန်းလေသည်။ ဤရက်စက်သော နည်းစနစ်က တစ်ခါတစ်ရံတွင် လူတစ်ယောက်ကို ချက်ချင်းလက်ငင်း သတိလစ်သွားစေကာ၊ တစ်သက်လုံး မသန်မစွမ်းပင် ဖြစ်ကျန်ရစ်စေနိုင်လေသည်။ ဤဆိုးယုတ် သော အကျဉ်းထောင်တွင် နေ့စဉ် ခက်ခဲကြမ်းတမ်းသော အလုပ်ကြမ်းကို ကျွန်တော် လုပ်ခဲ့ပြီး၊ ရက်စက်သော ရိုက်နှက်ခြင်းကို ခံရဆဲဖြစ်သည်။ ထို့အပြင် ကျွန်တော်တို့ကို နေ့စဉ်ကျွေးသည့် ဟင်းလျာသုံးနှပ်က ခွေးများ သို့မဟုတ် ဝက်များ အတွက်ပင် မသင့်တော်ပါ။ ကျွန်တော်တို့ စားသည့် ဟင်းလျာများမှာ ဟင်းခတ်အမွှေးအကြိုင် မခတ်ထားသည့် မုန်လာဥဖြူ အရွက်များ၊ ရွှံ့ဂေါ်ဖီထုပ် (၎င်းမှာ ဆွေးမြည့်နေသည့် အရွက်များနှင့် အမြစ်များ၊ သဲနှင့် ရွှံ့များဖြင့် မကြာခဏ ရောနှောနေလေ့ရှိသည်)၊ များနှင့်အတူ ထမင်း တစ်ရာ့ငါးဆယ်ဂရမ်ခန့်နှင့် ဆန်ဆေးရည် တစ်ခွက်တို့ ဖြစ်ပါသည်။ တစ်နေ့လုံး ကျွန်တော် အလွန်ဆာလောင်ပြီး၊ ကျွန်တော့် ဗိုက်က အဆက်မပြတ် အော်မြည်နေသည်။ ဤကဲ့သို့ ပတ်ဝန်းကျင်မျိုးတွင် ကျွန်တော့်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုသာ အားကိုးဖို့ ရှိပါသည်။ ကျွန်တော် အရိုက်ခံရတိုင်း၊ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများကို အောင်မြင်ကျော်လွှားနိုင်ရန် ကျွန်တော့်ကို ယုံကြည်မှုနှင့် ခွန်အားတို့ပေးပါရန် ဘုရားသခင်ကို အသနားခံရင်း အဆောတလျင် ကျွန်တော် ဆုတောင်းခဲ့သည်။ ရက်နှစ်ဆယ်ကျော် ရုပ်ပျက်ဆင်းပျက်ဖြစ်စေကာ ညှဉ်းဆဲခံရပြီးနောက် ကျွန်တော့် ခန္ဓာကိုယ်သည် မမှတ်မိနိုင်လောက်အောင် ပိန်ချုံးချည့်နဲ့လာသည်။ ကျွန်တော့် လက်များနှင့် ခြေထောက်များတွင် မည်သည့် ခွန်အားမျှမရှိဘဲ၊ မတ်မတ်မရပ်နိုင်သည့်အပြင်၊ ကျွန်တော့် လက်များကို ဆန့်ရန်ပင် ခွန်အားမရှိခဲ့ပါ။ သို့သော်ငြားလည်း စိတ်ဖောက်ပြန်သော အစောင့်များ သည် ကျွန်တော့် အတိဒုက္ခကို စိတ်မဝင်စားရုံမျှမက၊ ကျွန်တော့် မိသားစုက ပို့ပေးခဲ့သည့် ယွမ်တစ်ရာတန် အနည်းငယ်ကိုပင် အလွဲသုံးစားလုပ်ခဲ့ကြသည်။ အချိန်ကုန်လွန်သည်နှင့်အညီ ကျွန်တော်၏ ရုပ်ပိုင်းဆိုင်ရာ အနေအထားက ဆိုးသည်ထက် ဆိုးလာခဲ့သည်။ ကျွန်တော် အားအလွန်နည်းလာပြီး “ဒီနိုင်ငံမှာ ဘုရားသခင်ကို ယုံကြည်တဲ့ လူတစ်ယောက်က ဘာဖြစ်လို့ ဒီလိုဆင်းရဲဒုက္ခတွေကို ခံစားရ တာလဲ။ ငါက ဧဝံဂေလိ ဖြန့်ဝေတဲ့ အကြောင်းအရင်းဟာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံရရှိဖို့ လူတွေကို ဘုရားသခင်ရှေ့ကို ခေါ်လာဖို့ မဟုတ်ဘူးလား။ ပြီးတော့ ငါဘာပြစ်မှုတစ်ခုမှတောင် မကျူးလွန် ခဲ့ဘူး…” ဟု မိမိဘာသာ မညဉ်းညူဘဲ မနေနိုင်ခဲ့ပါ။ ဤအကြောင်းကို ကျွန်တော် တွေးမိလေ၊ သည်းခံဖို့ ပိုခက်ခဲလေ ဖြစ်ပြီး၊ ကျွန်တော် မတရားသဖြင့် အပြုခံရသည်ဟု ပိုခံစားရလေ ဖြစ်သည်။ ဘုရားသခင်ကို ကျွန်တော် အဆက်မပြတ် ဆုတောင်းပြီး၊ ကျွန်တော့်ကို သနားပါရန်နှင့် ကယ်တင်ပါရန် သူ့ကို အသနားခံရုံသာ ကျွန်တော် တတ်နိုင်ခဲ့သည်။ ကျွန်တော့် ဒုက္ခနှင့် ခိုကိုးရာမဲ့ခြင်းတို့အလယ်တွင် ဘုရားသခင်က သူ့ မိန့်မြွက်ချက်များ၏ ဓမ္မသီချင်းတစ်ပုဒ်ကို ကျွန်တော့်အား အမှတ်ရစေရန် ဦးဆောင်ခဲ့သည်။ “...၂ သင်တို့သည် ‘အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်း ဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။’ ဟူသော စကားများကို မှတ်မိကောင်း မှတ်မိကြပေလိမ့်မည်။ ဤစကားများကို သင်တို့အားလုံး ယခင်က ကြားခဲ့ကြပြီးဖြစ်သော်လည်း သင်တို့ထဲမှ မည်သူမျှ ယင်းတို့၏စစ်မှန်သော အဓိပ္ပါယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့တွင် သင်တို့သည် ထိုစကားများ၏ စစ်မှန်သောအရေးပါမှုကို လေးလေးနက်နက် သတိပြုမိကြသည်။ ဤစကားများသည် နောက်ဆုံးသောကာလအတွင်း၌ ဘုရားသခင်အားဖြင့် ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ အဆင်းနီသောနဂါးကြီး ခွေလျောင်းရာပြည်တွင် ယင်းနဂါးကြီး၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့သူများ၌ ပြည့်စုံလိမ့်မည်ဖြစ်သည်။ အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်၌ ဘုရားသခင်ကို ယုံကြည်သူများသည် အရှက်ကွဲခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ဤသို့ ခံကြရပြီး၊ အကျိုးဆက်အနေဖြင့် ဤစကားများသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။ အဆင်းနီသောနဂါးကြီး၏ ပြည်တွင် သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် အလွန်တရာ ခဲယဉ်းလေသည်- သို့သော် ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့ဘွယ်လုပ်ဆောင်ချက်များကို ထင်ရှားစေလျက်၊ ပြီးလျှင် ဤလူစုကို စုံလင်စေရန် ဤအခွင့်အရေးကို အသုံးပြုရင်း၊ သူ၏ အမှု အဆင့်တစ်ခုကို ဘုရားသခင် လုပ်ဆောင်သည်မှာ ဤအခက်အခဲမှတစ်ဆင့် ဖြစ်သည်။ ဘုရားသခင်သည် ဤအရာမှ သူ၏ ဘုန်းအသရေကို ရရှိနိုင်ဖို့အလို့ငှာနှင့် သူ၏ လုပ်ဆောင်ချက်များကို သက်သေခံမည့်သူများကို ရရှိနိုင်ဖို့အလို့ငှာ၊ သူ၏ သန့်စင်စေခြင်းနှင့် သိမ်းပိုက်ခြင်း အမှုကို ဘုရားသခင် လုပ်ဆောင်သည်မှာ လူတို့၏ ဆင်းရဲဒုက္ခမှတစ်ဆင့်၊ ၎င်းတို့၏ အရည်အချင်းမှတစ်ဆင့်၊ ပြီးလျှင် ဤညစ်ညူးသောပြည်နှင့်ဆိုင်သော လူတို့၏စာတန်ဆန်သည့် စိတ်သဘောထားအားလုံးမှတစ်ဆင့် ဖြစ်သည်။ ယင်းသည် ဤလူစုအတွက် ဘုရားသခင် ပြုပြီးသော စွန့်လွှတ်မှုအားလုံး၏ အလုံးစုံ အရေးပါမှု ဖြစ်ပေသည်။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “သင်တို့သည် ဘုရား၏အမွေကို လက်ခံရရှိမည့်သူများတည်းကျူး”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကို အလွန်ကြီးမားသော နှစ်သိမ့်မှုနှင့် အားပေးမှုတို့ကို ပေးခဲ့ပြီး၊ သူ့အလိုတော်ကို နားလည်စေခဲ့သည်။ ဘုရားမဲ့နိုင်ငံတစ်နိုင်ငံတွင် ဘုရားသခင်ကို ကျွန်တော်တို့ ယုံကြည် သောကြောင့်၊ စာတန်နတ်ဆိုး၏ နိုင်လိုမင်းထက်ပြုခြင်းနှင့် ညှဉ်းပန်း နှိပ်စက်ခြင်းတို့ကို သည်းခံရဖို့ သေချာသည်။ သို့သော်လည်း ကျွန်တော်တို့၏ ဤမချိတင်ကဲဝေဒနာကို ခံစားရခြင်းသည် ဘုရားသခင် အားဖြင့် ခွင့်ပြုခဲ့ခြင်း ဖြစ်သောကြောင့် ဤကဲ့သို့ ဆင်းရဲဒုက္ခ ခံစားရခြင်းမှာ တန်ဖိုးနှင့် အဓိပ္ပါယ်ရှိပါသည်။ ယင်းမှာ အတိအကျ ထိုကဲ့သို့သော ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခခံစားခြင်း နည်းလမ်းအားဖြင့် ဘုရားသခင်က သမ္မာတရားကို ကျွန်တော်တို့အတွင်း ထည့်ပေးခြင်း ဖြစ်သည်၊ ထိုသို့ဖြင့် သူ့ကတိတော်ကို သက်သေခံရန် ကျွန်တော်တို့ကို အရည်အချင်းပြည့်မီစေသည်။ ဤ “ဆင်းရဲဒုက္ခ ခံစားခြင်း” သည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ ဖြစ်ပြီး၊ ဤဆင်းရဲဒုက္ခမှတစ်ဆင့် ဘုရားသခင်ကို သစ္စာစောင့်ထိန်းထား နိုင်ခြင်းသည် စာတန်အပေါ် ဘုရားသခင်၏ အောင်မြင်မှုအတွက် သက်သေခံချက်တစ်ခုဖြစ်ပြီး၊ ဘုရားသခင်၏ ရယူခြင်းကိုကျွန်တော် ခံရကြောင်း မငြင်းဆန်နိုင်သော အထောက်အထားလည်း ဖြစ်ပါသည်။ “ဒီနေ့ ဘုရားသခင်နောက်ကို ငါလိုက်လို့၊ တရုတ်ကွန်မြူနစ်ပါတီ မကောင်းဆိုးဝါးတွေရဲ့ လက်ထဲမှာ ဒီလို ညှဉ်းပန်းနှိပ်စက်ခြင်းကို ငါခံစား ရတယ်၊ ဒါက ငါ့ကို ဘုရားသခင်က အထူးအခွင့်အရေး ပေးတာဖြစ်တဲ့ အတွက် တရားသဖြင့်ဆိုရင် ငါက ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံပြီး၊ဒါကို တည်ကြည်ခိုင်မာသော စိတ်ငြိမ်သက်မှုနဲ့ ပျော်ပျော် ရွှင်ရွှင် ရင်ဆိုင်ပြီး၊ လက်ခံလိုက်သင့်တယ်” ဟု ကျွန်တော် တွေးမိသည်။ ကျေးဇူးတော်ခေတ်တွင် မိန့်တော်မူခဲ့သည့် ဘုရားသခင်၏ မိန့်မြွက်ချက် များမှ နောက်ထပ်တစ်ခုကို ကျွန်တော် ပြန်လည်အမှတ်ရ ခဲ့ပါသည်။ “ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရသောသူ တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။(ရှင်မဿဲခရစ်ဝင် ၅:၁၀). ထိုအခိုက်အတန့်တွင် ယုံကြည်မှု နှင့် ခွန်အားတို့ ကျွန်တော့်မှာ သာ၍ပင် ရှိခဲ့သည်။ စာတန်နှင့် သူ၏ မကောင်းဆိုးဝါးများက ကျွန်တော့်ကို မည်သို့ ညှဉ်းပန်းကောင်း ညှဉ်းပန်းပါစေ၊ သူတို့ကို အရှုံးမပေးဖို့ ကျွန်တော် သန္နိဌာန်ချထားပြီး၊ ဘုရားသခင်ကို သက်သေရပ်တည်ကာ၊ စိတ်ကျေနပ်စေဖို့ ကျွန်တော် သစ္စာဆိုပါသည်။ သြဇာအာဏာနှင့် တန်ခိုး တို့ဖြင့် အပ်နှင်းခံရလျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်တော် အတွင်း၌ ခံစားနေရသည့် အဖော်မဲ့ခြင်းဒုက္ခနှင့် ခိုကိုးရာမဲ့ခြင်း တို့ကို ပပျောက်စေခဲ့သည်၊ ပြီးလျှင် ကျွန်တော် ခံစားနေခဲ့ရသည့် ယိုယွင်းပျက်စီးစေသော ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခများကိုလည်း သက်သာစေခဲ့သည်။ ၎င်းတို့က ကျွန်တော့်ကို အမှောင်ထဲတွင် အလင်းကို မြင်စေခဲ့ပြီး၊ ကျွန်တော့် စိတ်ဝိညာဉ်သည် တိုး၍ ကြံ့ခိုင်လာကာ၊ ပို၍ အရှုံးမပေးဘဲ ရှိလေသည်။

နောက်ပိုင်းတွင် သက်သေအထောက်အထား တစ်ခုမျှမရှိသော်လည်း တရုတ်အစိုးရသည် ကျွန်တော့်ကို အလုပ်ကြမ်းမှတစ်ဆင့် ပြုပြင် မွမ်းမံရေးသင်တန်းဖြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့သည်။ ရဲများက ကျွန်တော့်ကို အလုပ်ကြမ်းစခန်းသို့ ပို့ဆောင်သည့်အချိန်တွင်၊ ထိုနေရာမှ ထောင်စောင့်များက ကျွန်တော်သည် အရိုးပေါ်အရေတင် မျှသာ ဖြစ်ပြီး၊ လူနှင့်ပင် မတူတော့သည်ကို တွေ့မြင်ကြသည်။ ကျွန်တော် သေမည်ကို ကြောက်ကာ သူတို့က ကျွန်တော့်ကို လက်မခံဝံ့ကြသောကြောင့် ရဲများသည် ကျွန်တော့်ကို ထိန်းသိမ်းရေးစခန်းသို့ ပြန်ခေါ်ဆောင်သွားရုံ မှအပ ရွေးချယ်စရာ မရှိခဲ့ပါ။ ထိုအချိန်တွင် ကျွန်တော်သည် အစားမစား နိုင်သည်အထိ ထိုဆိုးယုတ်သော ရဲများ၏ ညှဉ်းပန်းခံခဲ့ရပြီးဖြစ် သော်လည်း၊ သူတို့က ကျွန်တော့်ကို ဆေးကုသမှုမပေးရုံမျှမက၊ ကျွန်တော်က ဟန်ဆောင်နေသည်ဟုပင် ပြောခဲ့ကြသေးသည်။ မည်သည့် အစားအစာကိုမျှ ကျွန်တော် မြိုမချနိုင်ကြောင်း သူတို့မြင်သည့်အချိန်တွင် သူတို့က လူတစ်ယောက်ကို ကျွန်တော်၏ ပါးစပ်ကို ဆွဲဖြဲခိုင်းပြီး၊ အတင်းအကျပ် လောင်းချခိုင်းခဲ့သည်။ ကျွန်တော် မြိုချဖို့ အခက်ကြုံ နေသည်ကို သူတို့မြင်သည့်အချိန်တွင်၊ ကျွန်တော့်ကို ရိုက်နှက်ကြသည်။ ကျွန်တော့်ကို အတင်းအဓမ္မအစာကျွေးကြပြီး၊ အဝတ်ရုပ်တစ်ရုပ်ကဲ့သို့ စုစုပေါင်း သုံးကြိမ်တိုင်တိုင် ရိုက်နှက်ခဲ့ကြသည်။ သူတို့ ကျွန်တော်၏ ပါးစပ်ထဲသို့ နောက်ထပ် မည်သည့်အစားအစာမျှ လောင်းချ၍မရသည်ကို မြင်လျက်၊ ကျွန်တော့်ကို ဆေးရုံပို့ရုံမျှတစ်ပါး သူတို့မှာ ရွေးချယ်စရာ မရှိခဲ့ကြပါ။ ကျွန်တော်၏ သွေးပြန်ကြော တောင့်တင်းသွားသည်ဟု ဆေးစစ်ချက်များက ပြခဲ့သည်။ ကျွန်တော့်၏ သွေးများသည် အနက်ရောင်အနှစ်အဖြစ် ပြောင်းသွားခဲ့ပြီး၊ ကောင်းမွန်စွာ မလည်ပတ် နိုင်ပါ။ ဆရာဝန်က “ဒီလူက နောက်ထပ်ဆက်ပြီး ထိန်းသိမ်းခံထား ရမယ်ဆိုရင်၊ သူဟာ မုချကို သေမှာပဲ” ဟု ပြောခဲ့သည်။ သို့သော်ငြားလည်း မုန်းတီးဖွယ်ကောင်းသည့် ဆိုးယုတ်သော ရဲများက ကျွန်တော့်ကို မလွှတ်ပေးသေးပါ။ နောက်ပိုင်းတွင် ကျွန်တော် သေလုနီးပါးဖြစ်နေသည့်အတွက် အခြားအကျဉ်းသားများက ကျွန်တော့်မှာ မျှော်လင့်ချက်မရှိတော့ကြောင်း နှင့် လုံးဝသေလူဖြစ်ကြောင်း ပြောခဲ့ကြသည်။ ထိုအချိန်တွင် ကျွန်တော်သည် လုံးလုံး မချိတင်ကဲဝေဒနာ ခံစားနေခဲ့ရသည်။ အလွန်ငယ်ရွယ်ခြင်းနှင့် ဘုရား၏ နောက်ဆုံးကာလ အမှုတော်ကို မကြာသေးမီကသာ လက်ခံထားခြင်းတို့ကြောင့် ကျွန်တော့်အတွက် ပျော်မွေ့စရာများစွာ ကျန်ရှိသေးသည်ဟု ခံစားခဲ့ရသည်၊ ထို့အပြင် ဘုရားသခင်၏ ဘုန်းကျက်သရေကို ကျွန်တော် မမြင်တွေ့ရသေးပါ။ တရုတ်အစိုးရ၏ သေသည်အထိ ညှဉ်းဆဲခံရခြင်းကို ကျွန်တော် အမှန်တကယ် ကြိတ်မှိတ်လက်မခံနိုင်သေးပေ။ ဤလုံးလုံးလျားလျား အသနား အကြင်နာမဲ့သည့်၊ ဆိုးယုတ်သောရဲတစ်သိုက်ကို ကျွန်တော် လုံးဝ စက်ဆုပ်ရွံရှာပြီး၊ ဤဖောက်ပြန်သော၊ ကောင်းကင်ဘုံကို အာခံသော၊ ကောက်ကျစ်သော၊ ဆိုးယုတ်သောအစိုးရဖြစ်သည့် တရုတ်အစိုးရကို ပိုမုန်းတီးမိလေသည်။ ၎င်းသည် စစ်မှန်သော ဘုရားသခင် နောက်ကို လိုက်ရန် ကျွန်တော့်၏ လွတ်လပ်ခွင့်ကို ပိတ်ပင်သည့်အရာဖြစ်ပြီး၊ ကျွန်တော့်ကို သေမင်းတံခါးဝဆီသို့ ဆောင်ကြဉ်းလာကာ၊ စစ်မှန်သည့် ဘုရားသခင်ကို ကိုးကွယ်ခွင့်မပြုသည့်အရာဖြစ်သည်။ ကွန်မြူနစ်ပါတီ သည် ဘုရားသခင်ကို ကြောက်လန့်တကြား ဆန့်ကျင်သည်၊ ခရစ်ယာန်များကို ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်သည်၊ ပြီးလျှင် ဘုရားသခင်ကို ယုံကြည်သူများအားလုံးကို မျိုးဖြုတ်ပြီး၊ တရုတ်ပြည်ကို ဘုရားမဲ့သော နယ်ပယ်တစ်ခုဖြစ်အောင် ပြောင်းလဲလိုသည့်ဆန္ဒရှိသည်။ ဤကောက်ကျစ်သော စာတန်နတ်ဆိုးသည် အမှန်ပင် စေ့စပ်၍ မရနိုင်အောင် ဘုရားသခင်ကို ဆန့်ကျင်သည့် ရန်သူဖြစ်သည့်အပြင် ၎င်းသည် ကျွန်တော် မည်သည့်အခါမျှ ခွင့်မလွှတ်နိုင်သည့် ရန်သူ ဖြစ်သည်။ ထိုနေ့တွင် ကျွန်တော် သေသည်အထိ ညှဉ်းပန်းခံရ မည်ဆိုလျှင်ပင်၊ စာတန်ကို လုံးဝ အလျှော့ပေးမည် မဟုတ်သကဲ့သို့ အညံ့ခံမည်လည်းမဟုတ်ဟု ကတိသစ္စာဆိုခဲ့သည်။ ကျွန်တော်သည် ဝမ်းနည်းပူဆွေးလျက်၊ နာကျည်းလျက်ဖြင့် ဘုရားသခင် မိန့်တော်မူ ခဲ့သည့်အရာတစ်ခုကို ပြန်လည်အမှတ်ရမိသည်။ “နှစ်ထောင်ပေါင်းများစွာကြာသည့် အမုန်းတရားကို နှလုံးသားထဲတွင် စုစည်းထားသည်၊ ထောင်ချီနှစ်ကာလကြာ အပြစ်ရှိခြင်းကို နှလုံးသားထက်တွင် ရေးထွင်းထားသည်— အဘယ်သို့လျှင် ဤအရာသည် စက်ဆုပ်ရွံရှာခြင်းကို မလှုံ့ဆော်ဘဲ ရှိနိုင်မည်နည်း။ ဘုရားသခင်၏ရန်သူကို လုံးဝ ဇီဝိန်ချုပ်စေလျက် ၎င်းအား နောက်ထပ် သောင်းကျန်းခွင့်မပြုတော့သကဲ့သို့၊ ၎င်းဆန္ဒရှိသလောက် ပြဿနာများ နောက်ထပ် ဖန်တီးခွင့် မပေးတော့ဘဲ ဘုရားသခင်အတွက် လက်စားချေကြလော့။ ယခု အချိန်ကျပေပြီ။ ဤမကောင်းဆိုးဝါး၏ အကျည်းတန်သော မျက်နှာကို ဆုတ်ဖြဲဖို့ရန်နှင့် မျက်စိကွယ်စေခြင်း ခံခဲ့ရကာ ဆင်းရဲ ဒုက္ခနှင့် အခက်အခဲမျိုးစုံ ကြံ့ကြံ့ခံရပြီးဖြစ်သည့် လူများကို ၎င်းတို့၏ နာကျင်မှုမှ ထပြီး ဤဆိုးယုတ်သော နတ်ဆိုးအိုအား ကျောခိုင်းခွင့်ပေးရန် လူသားသည် ကြာမြင့်စွာကတည်းက သူ၏ ခွန်အား အားလုံးကို စုစည်းပြီးဖြစ်သည်၊ ဤအရာအတွက် သူ၏ အားထုတ်မှုအားလုံးကို ဆက်ကပ်မြှုပ်နှံပြီးဖြစ်ကာ အဖိုးအခတိုင်းကို ပေးဆပ်ပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တစ်စိမ့်စိမ့်ချင့်ချိန်ပြီးနောက်၊ တရုတ်အစိုးရ၏ ဆိုးယုတ်ပြီး ရက်စက်သော ဘီလူးသရဲစီးနေသည့် စရိုက်ကို ကျွန်တော် ပို၍ပင် သိသာထင်ရှားစွာ တွေ့မြင်ခဲ့သည်၊ ပြီးလျှင် အချိန်တိုင်းတွင် ကျွန်တော်သည် ကောင်းမြတ်ခြင်း နှင့် ဆိုးယုတ်ခြင်း ကြား၊ သေရေးနှင့် ရှင်ရေးကြား ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခုကို ရင်ဆိုင်နေရသည်။ ကျွန်တော့်ကို ဤကဲ့သို့ ဖျက်ဆီးရခြင်း၌ တရုတ်အစိုးရ၏ ရည်မှန်းချက်မှာ ဘုရားသခင်ကို ကျွန်တော် စွန့်လွှတ်ပြီး သစ္စာဖောက်စေရန် ဖြစ်သော်လည်း၊ ကျွန်တော် ခိုင်မာစွာ ရပ်တည်ရန်၊ ကျွန်တော့်အပေါ်ရှိ သေခြင်းတရား၏ နိုင်ချက်ကို မိမိဘာသာ ဖယ်ရှားရန် နှင့် ဘုရားသခင်အတွက် အောင်မြင်သည့် သက်သေကို ခံရန်တို့အတွက် ဘုရားသခင်က ကျွန်တော့်ကို သတိပေးပြီး၊ တိုက်တွန်း လှုံ့ဆော်နေ ခဲ့သည်။ အပျက်သဘောဆောင်ခြင်းထဲသို့ ကျွန်တော် မဆုတ်ခွာနိုင်ပါ။ ကျွန်တော်သည် ဘုရားသခင်နှင့် ကြိုးကြိုးစားစား ပူးပေါင်းပြီး သူ့ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်မှုများကို ကျိုးနွံနာခံရမည်။ ပေတရုကဲ့သို့ သေသည်အထိ ကျိုးနွံနာခံရမည်၊ ကျွန်တော်၏ နောက်ဆုံး အသက်ရှင်သည့် အခိုက်အတန့်၌ ဘုရားသခင်အတွက် ခိုင်မာထူးကဲသော သက်သေခံပြီး သူ၏စိတ်နှလုံးကို နှစ်သိမ့်ရပါမည်။ ကျွန်တော့် အသက်တာသည် ဘုရားသခင်၏ လက်တော်များထဲတွင် ရှိပြီး စာတန်က ကျွန်တော့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အနာတရဖြစ်စေကာ သတ်ဖြတ်နိုင်သော်လည်း ဘုရားသခင်၌ ယုံကြည်ရန်နှင့် သမ္မာတရားကို ရှာဖွေလိုက်စားရန် ကျွန်တော့် သန္နိဌာန်ကို ဟန့်တားနှောင့်ယှက်ဖို့ တစ်စုံတစ်ခုကို လုပ်ဆောင်ရန် မဆိုထားနှင့်၊ ၎င်းက ကျွန်တော်၏ စိတ်ဝိညာဉ်ကို မဖျက်ဆီးနိုင်ပါ။ ထိုနေ့တွင် ကျွန်တော် ရှင်သန်သည် ဖြစ်စေ မရှင်သန်သည်ဖြစ်စေ၊ ကျွန်တော်၏ အသက်တာကို ဘုရားသခင်ထံ ယုံကြည်စွာ အပ်နှံပြီး၊ သူ၏ စီစဉ်ညွှန်ကြားမှုများကို လက်ခံဖို့သာ ကျွန်တော်ဆန္ဒရှိပါသည်။ ကျွန်တော် သေသည်အထိ ဒဏ်ရာရသွားရမည်ဆိုလျှင်ပင်၊ စာတန်ကို လုံးဝ အရှုံးပေးမည် မဟုတ်ပါ။ ကျွန်တော့်၏ အသက်ကို စတေးရန် ဆန္ဒရှိလာပြီး၊ ဘုရားသခင်အတွက် သက်သေရပ်တည်ရန် သန္နိဌာန်ချခဲ့သည့်အချိန်တွင်၊ ဘုရားသခင်က ကျွန်တော့်ကို ကျွေးမွေးရန် တခြားအကျဉ်းသားများကို လှုံ့ဆော်ခြင်းအားဖြင့် ကျွန်တော့်အတွက် ထွက်ပေါက်တစ်ခုကို ဖွင့်ပေးခဲ့သည်။ ထိုအရာ ဖြစ်သည့်အချိန်တွင်၊ ကျွန်တော်သည် စိတ်လှုပ်ရှားခြင်းဖြင့် ပြည့်လျှံကာ၊ ဘုရားသခင်သည် ကျွန်တော့်ထံပါး တွင်ရှိပြီး၊ ကျွန်တော်နှင့် အမြဲတမ်း အတူရှိနေခဲ့သည်ကို စိတ်ထဲက ကျွန်တော်သိခဲ့ပါသည်။ တစ်လျှောက်လုံး သူက ကျွန်တော့်ကို ကြည့်ရှု စောင့်ရှောက်နေပြီး၊ ကွယ်ကာနေခဲ့သည်၊ ကျွန်တော့် အားနည်းချက်ကို စာနာပြီး၊ ကျွန်တော့်အတွက် အရာအားလုံးကို ဂရုတစိုက်စီစဉ်ပေးနေ ခဲ့သည်။ နတ်ဆိုးများ၏ မှောင်မိုက်သော သားရဲတွင်း၌ ကျွန်တော့်၏ ခန္ဓာကိုယ ဖျက်ဆီးခံရသော်လည်း၊ ကျွန်တော့်၏ စိတ်နှလုံးထဲတွင် များစွာသော နာကျင်မှုနှင့် ပရိဒေဝဖိစီးမှုတို့ကို နောက်ထပ် မခံစားရတော့ပါ။ ထို့နောက် ဆိုးယုတ်သောရဲများက ကျွန်တော့်ကို နောက်ထပ် ဆယ့်ငါးရက် ဆက်ထိန်းသိမ်းထားခဲ့သော်လည်း ကျွန်တော်သည် အသက်ဘေးနှင့် သီသီလေးလိုတော့ကြောင်းနှင့်၊ အချိန်မရွေး ကျွန်တော် သေသွားနိုင်ကြောင်းတွေ့သည့်အခါ၊ ကျွန်တော့်ကို လွှတ်ပေးရုံမျှတစ်ပါး နောက်ဆုံးတွင် သူတို့မှာ တခြားရွေးချယ်စရာ မရှိတော့ပါ။ နဂိုက ကျွန်တော် ကီလိုငါးဆယ်ကျော် အလေးချိန် ရှိခဲ့သော်လည်း၊ ကျွန်တော် ထောင်ချခံရသည့် နှစ်လနီးပါး အချိန်အတွင်းတွင်၊ အရိုးပေါ်အရေတင်ဖြစ်သည်အထိ ညှဉ်းဆဲခံခဲ့ရပြီး၊ နှစ်ဆယ့်ငါးကီလို သို့မဟုတ် ကီလိုသုံးဆယ်မျှသာ အလေးချိန်ရှိတော့ပြီး၊ ကျွန်တော့်အသက်က မရေမရာ အခြေအနေတွင် ရှိနေခဲ့သည်။ သို့သော်ငြားလည်း ဤလူ့တိရစ္ဆာန်တစ်သိုက်သည် ကျွန်တော့်ကို ယွမ် တစ်သောင်း ဒဏ်ငွေတပ်လိုဆဲဖြစ်သည်။ အဆုံးသတ်တွင် ကျွန်တော်၏ မိသားစုသည် ထိုမျှများပြားသော ငွေကြေးကိုရဖို့ အမှန်တကယ် မဖြစ်နိုင်ကြောင်း မြင်ရင်း၊ သူတို့က ကျွန်တော်၏ အစားအသောက် ကုန်ကျစရိတ်ကို ပေးရန် ယွမ်ခြောက်ရာ တောင်းဆိုခဲ့ပြီး၊ ၎င်းကို ပေးပြီးနောက်မှသာ ကျွန်တော့်ကို လွှတ်ပေးခဲ့ကြသည်။

တရုတ်အစိုးရ၏ လက်ထဲတွင် ဤလူမဆန်သော ညှဉ်းပန်းမှုနှင့် ရက်စက်သော ဆက်ဆံမှုကို ခံစားရခြင်းက ငရဲတံခါးဝမှ ကျွန်တော် ရုန်းထွက်လွတ်မြောက်လာရုံသာ ရှိသေးသကဲ့သို့ ခံစားကျန်ရစ်စေသည်။ ကျွန်တော် အသက်ရှင်လျက် ထထွက်လာနိုင်ခြင်းသည် ဘုရားသခင်၏ ဂရုစိုက်မှုနှင့် ကွယ်ကာမှု လုံးလုံးကြောင့် ဖြစ်သည်။ ၎င်းမှာ ဘုရားသခင်က သူ၏ ကြီးစွာသော ကယ်တင်ခြင်းကို ကျွန်တော့်ကို ပြနေခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအကြောင်း စဉ်းစားရင်း၊ ကျွန်တော်သည် နှစ်ဆတို့ထိခံခဲ့ရပြီး၊ ဘုရား နှုတ်ကပတ်တော်များ၏ အဖိုးတန်မှုအတွက် ပို၍ပင် နက်ရှိုင်းသော အသိမှတ်ပြုခြင်းတစ်ခု ရရှိခဲ့သည်။ ထို့နောက်ချက်ချင်း သူ၏ မိန့်မြွက်ချက်များကို ကျွန်တော် နေ့စဉ် စိတ်အားထက်သန်စွာ ဖတ်ရှုခဲ့ပြီး၊ ဘုရားသခင်ကို မကြာခဏ ဆုတောင်းခဲ့သည်။ တဖြည်းဖြည်းချင်းဖြင့် နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင် ပြုနေခဲ့သည့် အမှုတော်နှင့် ပတ်သက်ပြီး ပို၍ ပို၍ များသော နားလည် သဘောပေါက်မှုကို ရရှိခဲ့သည်။ တစ်ခဏကြာပြီးနောက်၊ ဘုရားသခင်၏ စောင့်ရှောက်မှုအောက်၌ ကျွန်တော့်၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်းချင်း သက်သာလာခဲ့ပြီး၊ ကျွန်တော် ဧဝံဂေလိ တစ်ဖန် စတင်ဖြန့်ဝေကာ၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ အလုပ်ကို သက်သေခံခဲ့သည်။ သို့သော်လည်း ဆိုးယုတ်သော အစိုးရက ဆက်လက်တည်သရွေ့၊ ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ရန်နှင့် ဖျက်ဆီးရန် ကြိုးစားခြင်းကို ၎င်းက မည်သည့်အခါမျှ ရပ်မည် မဟုတ်ပါ။ နောက်ပိုင်းတွင် ကျွန်တော်သည် တရုတ်အစိုးရ ရဲများ၏ ကသုတ်ကရက် လိုက်လံဖမ်းဆီး ထပ်ခံခဲ့ရပြန်သည်။

၂၀၀၄ ခုနှစ် နိုဝင်ဘာလရှိ နေ့တစ်နေ့တွင်၊ ဆောင်းလေသည် ခါးသီးသော အအေးဓာတ်ကို တိုက်ခတ်နေခဲ့ပြီး၊ လေသည် ထူထဲသော နှင်းဖတ်များဖြင့် ဝေ့နေခဲ့သည်။ ဧဝံဂေလိဖြန့်ဝေနေစဉ် ကျွန်တော်၏ ညီအစ်ကိုမောင်နှမ အနည်းငယ်နှင့် ကျွန်တော်က တရုတ်ကွန်မြူနစ်ပါတီ ရဲများ၏ တိတ်တဆိတ် နောက်ယောင်ခံလိုက်ခြင်းကို ခံခဲ့ရသည်။ ထိုည ရှစ်နာရီတွင် ကျွန်တော်တို့ အစည်းအဝေးလုပ်နေစဉ်၊ အလောတကြီး တစ်ဝုန်းဝုန်း တံခါးခေါက်သံနှင့် တံခါးဆီသို့ အော်ဟစ်သံတို့ကို ကျွန်တော်တို့ ရုတ်တရက်ကြားလိုက်ရသည်။ “ဖွင့်စမ်း၊ တံခါးဖွင့်လိုက် စမ်း။ ငါတို့က ပြည်သူ့လုံခြုံရေး ဌာနက။ ဒီတံခါးကို အခုချက်ချင်း မဖွင့်ဘူးဆိုရင်၊ ငါတို့ ကန်ဖွင့်မှာ။” တွေးဖို့အချိန်မရှိဘဲ၊ ဗီစီဒီစက်များ၊ စာအုပ်များနှင့် အခြားစာပေများကို ကျွန်တော်တို့ ကမန်းကတန်း ဝှက်လိုက်ကြသည်။ ခဏအကြာတွင် ရဲ ငါးယောက် ခြောက်ယောက်က တံခါးကို ချိုးဖျက် ဝင်ရောက်လာပြီး၊ သူခိုးဓါးပြတစ်သိုက်ကဲ့သို့ အပြေးဝင်လာကြသည်။ သူတို့ထဲမှ တစ်ယောက်က “တစ်ယောက်မှ မလှုပ်နဲ့။ မင်းတို့လက်တွေကို ခေါင်းပေါ်တင်ထားပြီး၊ နံရံနားမှာ ဆောင့်ကြောင့်ထိုင်ကြစမ်း” ဟု အော်ဟစ်လိုက်သည်။ ချက်ချင်းပင် ရဲတစ်ချို့က အခန်းတိုင်းကို အပြေးအလွှားဝင်ပြီး၊ နေရာတစ်ခုလုံးကို မြေလှန်ပစ်လိုက်သည်။ သူတို့က သယ်ရလွယ်ကူသော ဗီစီဒီစက်လေးခု နှင့် ဘုရားသခင်၌ ယုံကြည်ခြင်းအကြောင်း စာအုပ်တစ်ချို့ကို သိမ်းဆည်းရမိခဲ့သည်။ ထို့နောက် ချက်ချင်းပင် သူတို့က ကျွန်တော်တို့ကို ရဲကားများထဲသို့ အတင်းတွန်းထည့်ပြီး၊ နယ်ခံရဲစခန်းသို့ မောင်းခေါ် သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် ယခင်နှစ်က ဆိုးယုတ်သောရဲများက ကျွန်တော့်ကို ပြစ်ဒဏ်ပေးသည့် ကြောက်မက်ဖွယ် ညှဉ်းပန်းမှု မြင်ကွင်း တစ်ခုပြီး တစ်ခု ကျွန်တော့် မှတ်ဉာဏ်ထဲမှတစ်ဆင့် ဖျတ်ခနဲပေါ်လာခဲ့ပြီး၊ ဤဆိုးယုတ်သောရဲများ ဤတစ်ချိန်တွင် ကျွန်တော့်ကို ညှဉ်းဆဲရန် အခြားမည်သည့်အရာများ လုပ်နိုင်သည်ကို မသိဘဲ ကျွန်တော် မလွှဲသာမရှောင်သာ အလွန်ကြောက်လန့်ခဲ့သည်။ သူတို့၏ ရက်စက် ကြမ်းကြုတ်ခြင်းကို ခံနိုင်စွမ်းမရှိသည့်အပြင်၊ ဘုရားသခင်ကို သစ္စာ ဖောက်ရန် တစ်စုံတစ်ခုလုပ်မိခြင်းဖြင့် အဆုံးသတ်မည်တို့ကို စိုးရိမ်ကာ၊ ကိုယ်တော့်ကို တိတ်ဆိတ်စွာ ကျွန်တော် အလေးအနက် ဆုတောင်း ခဲ့သည်။ ရုတ်တရက်ယခင်ရက်အနည်းငယ်က စုဝေးပွဲတစ်ခု အတွင်း ကျွန်တော်တို့ဖတ်ခဲ့သည့် ဘုရားနှုတ်ကပတ်တော် အချို့ကို ကျွန်တော် ပြန်လည်အမှတ်ရမိခဲ့သည်။ “ငါသည် ငါ၏ညီအစ်ကိုမောင်နှမများအတွက် မျှော်လင့်ခြင်း အပြည့်ရှိသည်။ သင်တို့သည် စိတ်အားငယ်သွားလိမ့်မည် မဟုတ်၊ သို့မဟုတ် စိတ်ဓာတ်ကျသွားလိမ့်မည် မဟုတ်၊ ဘုရားသခင် မည်သည့်အရာ လုပ်ဆောင်သည်ဖြစ်စေ သင်တို့သည် မီးဖိုသဖွယ်- မည်သည့်အခါမျှ စိတ်မပါ့တပါမဖြစ်ဘဲနှင့် ဘုရားသခင်၏အမှု အပြည့်အဝ ထုတ်ဖော်ပြ ခံရသည်အထိ...(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း... (၈))ပြီးလျှင် အတူတကွ ကြိုးစားလုပ်ဆောင်ကြဖို့၊ တကယ့်အဆုံးထိ သစ္စာရှိကြဖို့၊ ဘယ်သောအခါမျှ မခွဲဖို့နှင့် အတူအမြဲရှိကြဖို့ ဘုရားသခင်ရှေ့တွင် ဤသစ္စာကို ငါတို့အားလုံး တိုင်တည်နိုင်ကြပါစေ။ ငါတို့၏ စိတ်နှလုံးများ ဘယ်သောအခါမျှ မပြောင်းလဲဖို့နှင့် ငါတို့၏ ဆုံးဖြတ်ချက်သည် ဘယ်သောအခါမျှ မယိမ်းယိုင်ဖို့အလို့ငှာ ညီအစ်ကို မောင်နှမများအားလုံးက ဤကတိကို ဘုရားသခင်၏ ရှေ့တွင် ပြုဖို့ရန် ငါ မျှော်လင့်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း... (၅)) ဘုရား နှုတ်ကပတ်တော်များက ကျွန်တော့်ကို ရိုးတွင်းခြင်ဆီအထိ တုန်လှုပ်စေ ခဲ့သည်။ ဘုရားသခင်သည် ကောင်းကင်ဘုံမှ ကမ္ဘာမြေသို့ မည်သို့ ဆင်းသက်လာပြီး၊ လူသားမျိုးနွယ်ထံ ကယ်တင်ခြင်း ဆောင်ကြဉ်းရန် သူ၏ အမှုတော်တွင် စမ်းသပ်မှုများနှင့် အတိဒုက္ခများစွာကို မည်သို့ ကြုံတွေ့ခဲ့ရပုံတို့ကို ကျွန်တော်တွေးမိခဲ့သည်။ လူများက သူတို့၏ အခြေအနေ မည်မျှခက်ခဲပါစေ၊ အဆုံးအထိ ဆက်ပြီး သူ့ကို မဆုတ်မနစ် သစ္စာရှိနေစေရန်မှာ သူ၏ မျှော်လင့်ချက် ဖြစ်ပါသည်။ ဘုရားသခင်၏ ရွေးချယ်ခံရသူတစ်ယောက်နှင့် သူ့မိန့်မြွက်ချက်များ၏ ထောက်ပံ့ခြင်းကို နှစ်သက်ခံစားခဲ့သည့် သူတစ်ယောက်အနေဖြင့်၊ ကျွန်တော်သည် မိမိ ကိုယ်ကိုယ် သူ့အား လုံးလုံးဆက်ကပ်ထိုက်ပါသည်။ “ငါ ဘယ်လောက် ဒုက္ခခံရပါစေ ဒါမှမဟုတ် ညှဉ်းဆဲခံရပါစေ၊ ငါ့နှလုံးသားက ယုံကြည်မှု အပြည့် ဆက်ရှိရမယ်။ ဘုရားသခင်အပေါ်ငါ့ခံစားချက်တွေက မပြောင်း လဲရဘူး၊ ပြီးတော့ ငါ့စိတ်ဆန္ဒက မယိမ်းယိုင်ရဘူး။ ဘုရားသခင်အတွက် ထူးကဲတဲ့ သက်သေခံချက် ငါပေးရမယ်၊ စာတန်ကို လုံးဝ အရှုံးမပေး ရဘူး၊ အလျှော့မပေးရဘူး။ အဲဒီ့အပြင် အဓိပ္ပါယ်မဲ့ပြီး ယုတ်ညံ့တဲ့ တည်ရှိမှုကို အချိန်ဆွဲသွားနိုင်ဖို့ ဘုရားသခင်ကိုသစ္စာဖောက်တာမျိုး ငါမလုပ်ရဘူး။ ဘုရားသခင်က ငါအားကိုးတဲ့ တစ်ဦးတည်းသော သူဖြစ်တယ်၊ အဲဒီအပြင် သူက ငါ့ရဲ မြဲမြံစွာ အားကိုးထိုက်တဲ့ အဓိကပံ့ပိုးမှုဖြစ်တယ်။ ငါဘုရားသခင်နဲ့ အမှန်တကယ် ပူးပေါင်းသမျှ ကာလပတ်လုံး၊ စာတန်ကို အောင်မြင်ဖို့ သူက ငါ့ကို ဧကန်မုချ ဦးဆောင်လိမ့်မယ်” ဟု ကျွန်တော် တွေးမိသည်။ ထိုသို့ဖြင့် ဘုရားသခင်ထံ ကျွန်တော် တိတ်ဆိတ်စွာ သန္နိဌာန် ချမှတ်ခဲ့သည်၊ “အိုဘုရားသခင်၊ ကျွန်တော့် အသက်ကို စတေးရမယ်ဆိုရင်တောင်၊ ကိုယ်တော့်အတွက် ကျွန်တော် သက်သေရပ်တည်ပါမယ်။ ကျွန်တော် ဘယ်လို ဆင်းရဲ ဒုက္ခမျိုးကို သည်းခံရပါစေ၊ စစ်မှန်တဲ့ လမ်းခရီးကို ကျွန်တော် လိုက်နာ စောင့်ထိန်းပါမယ်။ စာတန်ကို အရှုံးပေးဖို့ ကျွန်တော် လုံးဝငြင်းဆန် ပါတယ်” ဘုရားနှုတ်ကပတ်တော်များအားဖြင့် အားတိုးလာလျက်၊ ကျွန်တော်၏ ယုံကြည်မှု အဆတစ်ရာ ဖွံ့ဖြိုးခဲ့ပြီး၊ ဘုရားသခင်အတွက် သက်သေရပ်တည်နိုင်ဖို့ အရာအားလုံးကို စတေးရန် ယုံကြည်မှုနှင့် သန္နိဌာန်တို့ကို ကျွန်တော်ရှာတွေ့ခဲ့သည်။

ရဲစခန်းသို့ ရောက်သည်နှင့် တပြိုင်နက်၊ ရဲများက အပူလှုံရန် မီးဖိုဆီသို့ အပြေးအလွှားသွားကြသည်။ သူတို့တစ်ယောက်မကျန် ကျွန်တော့်ကို မျက်မှောင်ကြုတ်ပြီး ရဲရဲတောက်သည့် မျက်လုံးများဖြင့် စိန်းစိန်းဝါးဝါးကြည့်ကာ၊ ခက်ထန်သော အသံများဖြင့် ကျွန်တော့်ကို မေးမြန်းခဲ့ကြသည်။ “စကားစပြောစမ်း။ မင်းနာမည် ဘာလဲ။ မင်း လူဘယ်နှစ်ယောက်ကို ဧဝံဂေလိ ဖြန့်ဝေပြီးပြီလဲ။ မင်းဘယ်သူနဲ့ အဆက်အသွယ်ရှိလဲ။ မင်းရဲ့ အသင်းတော် ခေါင်းဆောင်က ဘယ်သူလဲ” ကျွန်တော် ဆိတ်ဆိတ်နေရန် စိတ်ပိုင်းဖြတ်ထားသည်ကို မြင်သောအခါ၊ ဆိုးယုတ်သော ရဲများထဲမှ တစ်ယောက်က ပြေးလာပြီး၊ ကျွန်တော့်ကို လည်ပင်းမှ ပြင်းထန်စွာ ကိုင်ခြင်းဖြင့် သူ့ အရိုင်းအစိုင်းကဲ့သို့သော သဘာဝကို ထုတ်ဖော်ပြခဲ့သည်။ ထို့နောက် ကျွန်တော် မူးဝေပြီး၊ နားများ အူလာသည်အထိ သူက ကျွန်တော့် ခေါင်းကို နံရံနှင့် ထပ်ခါထပ်ခါ ဆောင့်လိုက်သည်။ ထို့နောက် “မင်းက ခေါင်းဆောင်မဟုတ်လား။ ကျယ်ကျယ် ပြောစမ်း။ မင်းမပြောရင် ငါမင်းကို အဆောက်အဦး အပေါ်ဆုံးကနေ ဆွဲထားပြီး၊ သေတဲ့အထိ အအေးဒဏ်ခံခိုင်းမယ်” ဟု အော်ပြောရင်း၊ သူ့လက်သီးကို ပင့်ကာ ကျွန်တော်၏ မျက်နှာနှင့် ခေါင်းကို ကြမ်းကြုတ်ရက်စက်စွာ ဆက်တိုက်ထိုးနှက်ခဲ့သည်။ ကျွန်တော်မူးဝေ သွားပြီး ကျွန်တော့်နှာခေါင်းမှ သွေးများစီးကျသည်အထိ ထို ဆိုးယုတ်သော ရဲများက နာရီဝက်အပြည့် သို့မဟုတ် ထိုထက်ပိုပြီး ကျွန်တော့်ကို ရက်ရက်စက်စက် ရိုက်နှက်ခဲ့သည်။ သူတို့လိုချင်သည့် အဖြေများကို မရနိုင်ကြောင်း မြင်လျက်၊ သူတို့က ကျွန်တော့်ကို ပြည်သူ့လုံခြုံရေးဌာနဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ လမ်းတွင်၊ ဆိုးယုတ်သောရဲများထံမှ ကျွန်တော် ယခုတင် ခံခဲ့ရသည် ရူးသွပ်သော ရိုက်နှက်ခြင်းအကြောင်း ကျွန်တော် တွေးမိပြီး၊ အမှတ်တမဲ့ တလိပ်လိပ် တက်လာသည့် ကြောက်ရွံ့မှုက ကျွန်တော့်ကို ဖြတ်သန်းဝင်ရောက် လာခဲ့သည်။ ကျွန်တော်က “ငါ နယ်ခံရဲစခန်းကို ရောက်ပြီးတော့ ချက်ချင်း သူတို့က အဲဒီလို အလွန်အကျွံ အားမာန်ပါနေတယ် ဆိုကတည်းက ပြည်သူ့ လုံခြံရေးဌာနက ရဲတွေက ငါ့ကို ညှဉ်းပန်းဖို့ ဘယ်လိုရက်စက်ကြမ်းကြုတ်မှု မျိုးစုံကို သုံးကြမလဲ။ ကြည့်ရတာ ငါ့အတွက် အခြေအနေတွေ မကောင်းဘူး။ ဒီတစ်ခါတော့ ငါ ရှင်လျက် ထွက်နိုင်မှာမဟုတ်ဘူး…” ဤအရာကို ကျွန်တော် စဉ်းစားသည့်အခါ၊ ကျွန်တော့်စိတ်နှလုံးသည် ပြောမပြနိုင်လောက်သည့် မျှော်လင့်ချက် ပျက်သုဉ်းခြင်း၊ ဝမ်းနည်းမှု အသိစိတ်တစ်ခုဖြင့် ပြည့်လျှံခဲ့သည်။ ကျွန်တော်၏ မချိတင်ကဲဝေဒနာနှင့် ခိုကိုးရာမဲ့ခြင်းတို့အလယ်တွင် ယခင်နှစ်က ဆိုးယုတ်သော ရဲများ ကျွန်တော့်ကို သေလုမျောပါး ညှဉ်းပန်းခဲ့သည့်အချိန်တွင် ဘုရားသခင်က ကျွန်တော့်ကို မည်သို့ အံ့ချီးဖွယ်ကောင်းစွာ ရှင်ကျန်ခွင့်ပေးခဲ့ပုံကို ရုတ်တရက် အမှတ်ရခဲ့သည်။ ကျွန်တော် ချက်ချင်း အားတက်လာပြီး၊ “ငါသေတာ ရှင်တာက ဘုရားသခင်ရဲ့ လက်တော်ထဲမှာ ရှိတယ်၊ မဟုတ်ဘူးလား။ ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ စာတန်က ဘာတွေပဲ ကြိုးစားကြိုးစား ငါ့ကို သတ်ဖြတ်ရာမှာ မအောင်မြင်နိုင်ဘူး။ အရင်က ဘုရားသခင်ရဲ့ အံ့ချီးဖွယ် လုပ်ဆောင်ချက်တွေကို ငါမြင်ဖူးပြီးပြီဖြစ်တယ်။ ဒါဆိုရင် ငါဘယ်လိုများ မေ့လိုက်နိုင်တာလဲ။ ငါဟာ ဘယ်လိုများ ယုံကြည်မှုကင်းမဲ့သူ ဖြစ်ရတာ လဲ” ဟု တွေးမိသည်။ ထိုအချိန်တွင် ကျွန်တော့် ဝိညာဉ်အသက်တာသည် အလွန်မရင့်ကျက်သေးသည်ကို ကျွန်တော် တွေ့ခဲ့သည်- သေအံ့ဆဲဆဲ ဖြစ်ခြင်းနှင့် ပတ်သက်သည့် စမ်းသပ်မှုကို ရင်ဆိုင်ရသည့်အချိန်တွင်၊ ဘုရားသခင်ဘက်တွင် ကျွန်တော်မရပ်တည်နိုင်သေးပါ။ ဘုရားသခင်၏ မိန့်မြွက်ချက်များထဲမှ တစ်ခုကို ကျွန်တော် သတိမရဘဲ မနေနိုင်ခဲ့ပါ။ “သင်၏ စိတ်ထဲတွင် အသက်ရှင်ခြင်းသည် စာတန်၏ သိမ်းယူခြင်းခံရဖို့ ဖြစ်သည်။ ဤသည်မှာ လမ်းဆုံးဖြစ်၏။ ယခု အလွန်ရိုးစင်းသည်။ သင်၏ နှလုံးသားဖြင့် ငါ့အား မျှော်ကြည့်လော့၊ သို့ဖြစ်လျှင် သင်၏ စိတ်ဝိညာဉ်သည် ချက်ချင်း တိုး၍ သန်မာလိမ့်မည်။ သင်သည် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း တစ်ခု ရှိလိမ့်မည် ဖြစ်ပြီး၊ သင်၏ ခြေလှမ်းတိုင်းကို ငါ ဦးဆောင်လမ်းပြမည်။ ငါ၏ နှုတ်ကပတ်တော်ကို သင့်အား အချိန်တိုင်း နှင့် နေရာတိုင်းတွင် ထုတ်ဖော်ပြ လိမ့်မည်ဖြစ်သည်။ မည်သည့်နေရာ မည်သည့်အချိန်တွင် ဖြစ်စေ၊ သို့မဟုတ် ပတ်ဝန်းကျင် မည်မျှ ဆိုးရွားသည်ဖြစ်စေ၊ အကယ်၍ သင်၏ နှလုံးသားဖြင့် ငါ့အား အားထားပါက၊ ငါသည် သင့်အား ရှင်းလင်းစွာ မြင်စေမည်ဖြစ်ပြီး ငါ့နှလုံးသားကို သင့်အား ထုတ်ဖော်ပြမည်။ ဤပုံစံဖြင့်၊ သင်သည် ရှေ့တွင်ရှိသော လမ်းတွင် ပြေးသွားလိမ့်မည်ဖြစ်ပြီး ဘယ်သောအခါမျှ လမ်းပျောက်လိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) ဘုရားနှုတ်ကပတ်တော်များက ကျွန်တော့်ကို ပိုပို၍ စိတ်ကြည်လင် ပြတ်သားခြင်း ဆီသို့ ဆောင်ကြဉ်းသွားရင်း၊ လမ်းပြသည့် မီးပြတိုက် တစ်ခု ဖြစ်ခဲ့သည်။ သေရေးရှင်ရေးကာလများတွင် မိမိ၏ အယူအဆများ နှင့် စိတ်ကူးစိတ်သန်းများအပြင်၊ မိမိ၏ ဇာတိပကတိနှင့် သက်ဆိုင်သည့် ကျွန်တော့်၏ စိုးရိမ်မှုများတို့ကို စွန့်ပယ်ပြီး၊ ဘုရားသခင်ကို အားကိုးခြင်း နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မှီခိုခြင်းဖြင့်သာ ရှေ့ဆက် သွားဖို့အလို့ငှာ ကျွန်တော့်ကို သန့်စင်ရန် ဤခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်ကို ဘုရားသခင် အသုံးပြုလိုကြောင်း ကျွန်တော် သတိပြုမိ ခဲ့သည်။ ဤသည်မှာ ဘုရားသခင်က သူ၏ အမှုတော်ကို တွေ့ကြုံခံစားရန် ကျွန်တော့်ကို ဦးဆောင်ခဲ့သည့် အရေးကြီးသော အချိန်တစ်ခု ဖြစ်ပြီး၊ ကျွန်တော် လုံးဝ တွန့်ဆုတ်ရမည် မဟုတ်သည်ကိုကျွန်တော် သိခဲ့သည်။ တကယ့်အဆုံးထိ စာတန်ကို နပန်းလုံးစဉ် ကျွန်တော်၏ သေရေးနှင့် ရှင်ရေးတို့ကို ဘုရားသခင်၏ လက်တော်ထဲတွင် လုံးလုံးထားရှိရမည် ဖြစ်ပြီး၊ ဘုရားသခင်ကို မှီခိုရမည် ဖြစ်ပါသည်။

ကျွန်တော်တို့ ပြည်သူ့လုံခြုံရေးဌာနသို့ ရောက်သည့်အခါတွင် ရဲများက ကျွန်တော် တစ်ယောက်ချင်းစီကို သီးသန့်ထပ်ခွဲပြီး၊ စစ်းဆေး မေးမြန်းခဲ့သည်။ သူတို့က ဘုရားသခင်၌ ကျွန်တော်၏ ယုံကြည်ချက်နှင့် ဆက်စပ်သည် အရေးကိစ္စများအားလုံးအကြောင်းကို ကျွန်တော့်ကို အတင်းပြောခိုင်းရင်း၊ ဆိုးယုတ်သည့် ရဲများထဲမှ တစ်ယောက်က ကျွန်တော်သည် မိမိ၏ ပါးစပ်ကို မလျှော့တမ်း ပိတ်ထားသည်ကို တွေ့ခဲ့ပြီး၊ သူ့ကို ရုတ်တရက် ဒေါသူပုန်ထစေခဲ့သည်။ “ငါတို့ကို ရူးချင်ယောင်ဆောင်ပြတာနဲ့ပဲ မင်းခေါင်းရှောင်ထွက်ပြေးနိုင်မယ်လို့ တကယ်များ ထင်နေသလား။ အဲဒီအတွက် ငါစိတ်မရှည်ဘူးနော်။” သူက ဤအရာကို ပြောရင်း၊ လက်နှစ်ဖက်ဖြင့် ကျွန်တော့် ကော်လာကို ဖမ်းဆွဲပြီး၊ ကျွန်တော့်ကို သဲအိတ်တစ်အိတ်အလား ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်သည်။ ထို့နောက် တခြား ကောက်ကျစ်သော ရဲများက ရှေ့ကို အုံကြွလာပြီး၊ ကျွန်တော် နာကျင်မှုဖြင့် ဟိုသည် လူးလိမ့်နေ သည်အထိ ကျွန်တော့် တစ်ကိုယ်လုံးကို စတင် ကန်ကျောက်ပြီး ဆောင့်နင်းခဲ့ကြသည်။ ထို့နောက်တွင် သူတို့ ခြေထောက်များကို ကျွန်တော့် ခေါင်းပေါ်သို့ တင်လိုက်ပြီး၊ ပြင်းထန်စွာ ဖိချကာ၊ ရှေ့တိုးလိုက် နောက်ဆုတ်လိုက် နင်းချေခဲ့သည်။ မနှစ်က ကျွန်တော် ခံခဲ့ရသည့် ရက်စက်ကြမ်းကြုတ်သော ညှဉ်းပန်းမှုမှ ကျွန်တော် လုံးလုံးလျားလျား ပြန်လည်မကောင်းမွန်သေးသောကြောင့်၊ အလွန် ရက်ရက်စက်စက် ရိုက်နှက်ခံရပြီးနောက်၊ ကျွန်တော် ရုတ်တရက် မူးဝေပြီး မအီမသာ ခံစားခဲ့ရသည်။ ခေါင်းမှ ခြေဖျားအထိ လုံးဝ မချိတင်ကဲဝေဒနာဖြင့် ကျွန်တော် ပျော့ခွေသွားခဲ့သည်။ ထို့နောက် ဆိုးယုတ်သော ရဲများသည် ကျွန်တော့် ဖိနပ်များနှင့် ခြေအိတ်များကို ဆက်လက် ဆုတ်ဖြဲသည်၊ ထို့နောက် ကျွန်တော့်ကို ကြမ်းပြင်ပေါ်တွင် ဖိနပ်မပါဘဲ အတင်းအကျပ် မတ်တပ်ရပ်ခိုင်းသည်။ ၎င်းက အလွန် အေးစိမ့်နေသည်မှာ အလိုအလျောက် ကျွန်တော် သွားချင်းရိုက်ကာ တုန်နေပြီး၊ ကျွန်တော်၏ ခြေထောက်နှစ်ဖက်လုံးသည် လုံးလုံးလျားလျား ထုံကျင်ကုန်သည်။ ကျွန်တော် နောက်ထပ် မတောင့်တားနိုင်တော့ဘဲ၊ ကြမ်းပြင်ပေါ် အချိန်မရွေး လဲကျသွားတော့မည်ဟု ခံစားခဲ့ရသည်။ ဤမလိုမုန်း ထားသော ရဲများ၏ ရက်စက်သော ညှဉ်းပန်းမှုများကို ရင်ဆိုင်ရလျက် လောင်မြိုက်သော ဒေါသနှင့် နာကြည်းမှုတို့ကို ကျွန်တော် မခံစားဘဲ မနေနိုင်ခဲ့ပါ။ ဤနတ်ဆိုး၏ ကမ်းကုန်အောင် ဆိုးယုတ်သော လက်ပါးစေ များကို ကျွန်တော် ရွံရှာစက်ဆုပ်ပြီး၊ ဆိုးညစ်သော ဖောက်ပြန်ရေးဝါဒီ ဖြစ်သည့် တရုတ်အစိုးရကို မုန်းတီးသည်။ ၎င်းက ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး၊ ဘုရားသခင်၏ ရန်သူဖြစ်လေသည်၊ ဘုရားသခင်ကို ကျွန်တော်က သစ္စာဖောက်ပြီး၊ ငြင်းပယ်ရန် အတင်းအကျပ်စေခိုင်းဖို့ရာ ကျွန်တော့်ကို ဖျက်ဆီးပြီး၊ ညှဉ်းပန်းနေခဲ့သည်၊ ကျွန်တော် သတ်ဖို့ အခိုင်အမာဆုံးဖြတ်ထားကြသည်။ စာတန်၏ ဆိုးယုတ်မှု နှင့် ရက်စက် ကြမ်းကြုတ်ခြင်းတို့ကို ရင်ဆိုင်ရလျက်၊ ဘုရားသခင်၏ ချစ်ခြင်း မေတ္တာအကြောင်း ကျွန်တော် ပို၍ပင် တွေးမိပါသည်။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း ဆောင်ကြဉ်းပေးရန်နှင့် ကျွန်တော်တို့၏ အနာဂတ် တည်ရှိမှုတို့အတွက် သူ၏အမှုတော်ကို လုပ်ဆောင်ရန် ကျွန်တော်တို့ အလယ်တွင် လူပုဂ္ဂိုလ်အဖြစ်၌ လမ်းလျှောက်ရင်း သူ့မှာ အလွန်အမင်း အရှက်ရခြင်းကို သည်းခံရသည်ဆိုသည့် အချက်ကို ကျွန်တော် တဝဲလည်လည်တွေးခဲ့သည်။ ကျွန်တော်တို့အတွက် သူ့အသက်ကို ပေးခဲ့သည်၊ ယခုအခါတွင် ကယ်တင်ခြင်းရရှိစေရန် သမ္မာတရားကို ရှာဖွေလိုက်စားခြင်း လမ်းကြောင်းတစ်လျှောက် ကျွန်တော်တို့ကို ဦးဆောင်ရန် သူ့နှုတ်ကပတ်တော်များကို စိတ်ရှည်လက်ရှည် အလေးအနက် ဖော်ပြနေခဲ့သည်… လူသားမျိုးနွယ်၏ ကယ်တင်ခြင်း အတွက် ဘုရားသခင် ပေးခဲ့သည့် အပတ်တကုတ်ကြိုးပမ်းရသော အဖိုးအခအားလုံးကို စုပေါင်းရင်း၊ ကျွန်တော့်ကို မည်သူမျှ ဘုရားသခင်ထက် ပိုမချစ်ကြောင်း ကျွန်တော် ခံစားခဲ့ရသည်။ ဘုရားသခင်သည် ကျွန်တော်၏အသက်ကို မည်သူမဆိုထက် ပို၍ ချစ်မြတ်နိုးသည်။ စာတန်က ကျွန်တော့်ကို ထိခိုက်ရုံသာ ထိခိုက်နိုင်သည်၊ ဝါးမြိုပြီး သတ်ရုံသာ သတ်နိုင်သည်။ ထို့နောက်တွင်ပင် ဘုရားသခင်ကို ပို၍ပင်များပြားသော တွယ်တာခြင်း နှင့် ကြည်ညိုခြင်းတို့ ကျွန်တော့် စိတ်နှလုံးထဲတွင် ဖွံ့ဖြိုးဝေဆာလာသည်ကို ခံစားခဲ့ရကာ၊ သူ့ကို တိတ်ဆိတ်စွာ ဆုမတောင်းဘဲ မနေနိုင်တော့ပါ။ “ဘုရားသခင်၊ ကျွန်တော့် ကို ဒီလို လမ်းပြခြင်းနဲ့ ကယ်တင်ခြင်းတို့အတွက် ကျေးဇူးတင် ပါတယ်။ စာတန်က ဒီနေ့ကျွန်တော့်ကို ဘယ်လို ညှဉ်းပန်းပါစေ၊ ကိုယ်တော်နဲ့ ပူးပေါင်းဖို့ ကျွန်တော် တကယ့်ကို ကြိုးစားပါမယ်။ နတ်ဆိုးကို အရှုံး မပေးဘူး၊ လျှော့မပေးဘူးလို့ ကျွန်တော် သစ္စာဆိုပါတယ်” ဘုရား ချစ်ခြင်းမေတ္တာ၏ အားပေးမှုဖြင့် ကျွန်တော့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ညှဉ်းပန်းမှုကြောင့် အားနည်းပြီး၊ အစွမ်းမရှိသော်လည်း၊ ကျွန်တော်၏ စိတ်နှလုံးသည် ခိုင်မာပြီး၊ ကြံ့ခိုင်သည်၊ ထိုဆိုးယုတ်သော ရဲများကို ကျွန်တော် တစ်ခါမျှ အရှုံးမပေးခဲ့ပါ။ သူတို့က နောက်နေ့နံနက် တစ်နာရီအထိ ကျွန်တော့်ကို ဆက်လက် ညှဉ်းပန်းနေခဲ့ပြီး၊ သူတို့ ကျွန်တော့်ထံမှ မည်သည့် အဖြေမျှ အမှန်တကယ် ရရှိမည်မဟုတ်သည်ကို မြင်လျက်၊ ကျွန်တော့်ကို ထိန်းသိမ်းရေးစခန်း ခေါ်ဆောင်ရန်မှတစ်ပါး သူတို့မှာ တခြားရွေးချယ်စရာ မရှိခဲ့ပါ။

ထိန်းသိမ်းရေးစခန်းသို့ ရောက်ပြီးနောက်၊ ဆိုးယုတ်သော ရဲများက ကျွန်တော့်ကို ကျွန်တော့်ကို အပြစ်ပေးနိုင်ဖို့ သူတို့ တတ်နိုင်သည့် နည်းလမ်းတစ်ခုခုကို အကြံထုတ်ရန် ထောင်ဗိုလ်ကျသူများကို တစ်ဖန် နှိုးဆော်ခဲ့သည်။ ထိုအချိန်က ကျွန်တော် အလွန် ညှဉ်းပန်းခံခဲ့ရပြီး၊ ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံး ပြတ်ရှရာများနှင့် ပွန်းပဲ့ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ကျွန်တော် လုံးလုံး ခွေယိုင်နေပြီး၊ ကျွန်တော်၏ အကျဉ်းခန်းထဲသို့ ဝင်ပြီး မကြာမီပင် အေးစက်နေသည့် ကြမ်းပြင်ပေါ်သို့ တန်းတန်းမတ်မတ် ပြိုလဲကျသွားခဲ့သည်။ ကျွန်တော့်ကို ဤသို့မြင်လျက်၊ နောက်ထပ်စကားတစ်လုံးမှ မပြောဘဲ၊ ထောင်ဗိုလ်ကျသူများသည် ကျွန်တော့်ကို ဆွဲမကာ၊ ကျွန်တော့်ခေါင်းကို သူတို့ လက်သီးများဖြင့် ဆက်တိုက်ထိုးနှက်ခဲ့သည်။ ကျွန်တော့်ဦးခေါင်း ချာလပတ်ရမ်းနေသည် အထိ သူတို့က ရိုက်နှက်ခဲ့ပြီး၊ ကျွန်တော် ကြမ်းပြင်ပေါ်သို့ တစ်ဖန် ပြင်းထန်စွာ ပစ်လဲကျသွားပြန်သည်။ ထို့နောက် အကျဉ်းသားများ အားလုံး အနားလာပြီး ကျွန်တော့်ကို စနောက်ကြသည်၊ လက်တစ်ဖက်ကို ကြမ်းပြင်တွင် အတင်းဖိထားခိုင်းပြီး၊ နောက်တစ်ဖက်ကို ကျွန်တော့် နားပေါ်ဖိစေသည်၊ ထို့နောက် သံလိုက်အိမ်မြှောင်ကဲ့သို့ ကြမ်းပြင်ပေါ်တွင် စက်ဝိုင်းပုံ လှည့်ခိုင်းသည်။ အခေါက်ရေအချို့ထက်ပို၍ လှည့်ပတ်ခြင်း မပြီးမီ ကျွန်တော် ကြမ်းပြင်ပေါ်သို့ မူးဝေလဲကျသွားသည်ကို မြင်ပြီး နောက်၊ သူတို့က ကျွန်တော့်ကို တစ်ဖန် ရိုက်နှက်ကန်ကျောက်ခဲ့ပြန် သည်။ အကျဉ်းသားများထဲမှ တစ်ယောက်က ကျွန်တော့် ဝမ်းဗိုက်ကို ပြင်းထန်သော ထုထောင်းမှုတစ်ခုပင် ပေးလိုက်ရာ၊ ကျွန်တော် ချက်ခြင်း သတိလစ်သွားစေခဲ့သည်။ ထို့နောက်တွင် အကျဉ်းသားများသည် ကျွန်တော့်ကို နေ့စဉ်နေ့တိုင်း နည်းလမ်းအမျိုးမျိုးဖြင့် ညှဉ်းပန်းပြီး နှိပ်စက်ရန်နှင့် ပန်းကန်များအားလုံးဆေးခြင်း၊ အိမ်သာများကို သန့်ရှင်းခြင်းစသည့် နေ့စဉ် ညစ်ပတ်သောအလုပ် ဝေယျာဝစ္စများကို လုပ်ခိုင်းရန် ထောင်စောင့်များ၏ ညွှန်ကြားချက်များကို ရရှိခဲ့သည်။ နှင်းထူသောနေ့များတွင် ကျွန်တော့်ကို အေးစက်သောရေဖြင့် အတင်းအကျပ်ပင် ရေချိုးခိုင်းသည်။ ထို့အပြင် ကျွန်တော် ရေချိုးတိုင်း သူတို့က ကျွန်တော့်ကို အတင်းအကျပ် ခေါင်းအစခြေအဆုံး ဆပ်ပြာမြုပ်များဖြင့် ဖုံးစေခဲ့သည်၊ ထို့နောက် ရေခဲရေကို ကျွန်တော်၏ တစ်ကိုယ်လုံးပေါ် ဖြည်းဖြည်းချင်း စီးကျစေခဲ့သည်။ နာရီဝက်နီးပါး ရေချိုးပြီးနောက် ကျွန်တော်အလွန် ချမ်းပြီး တစ်ကိုယ်လုံး ပြာနှမ်းကာ တုန်ရီနေလေသည်။ ဤလူမဆန်သော ညှဉ်းပန်းမှုနှင့် ရက်စက်မှုတို့ဖြင့် ရင်ဆိုင်ရကာ၊ ဘုရားသခင်ကို ကျွန်တော် စွန့်ခွာခဲ့ပါက၊ ကျွန်တော်သည် စာတန်၏ အကျဉ်းသား လုံးလုံးလျားလျား ဖြစ်မည်ကို ကြောက်ပြီး ကျွန်တော် အဆက်မပြတ် ဆုတောင်းခဲ့သည်။ ဆုတောင်းခြင်းမှတစ်ဆင့် ဘုရားနှုတ်ကပတ်တော်များက ကျွန်တော်ထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်ကာ၊ ကျွန်တော့်ကို လမ်းပြခဲ့သည်။ “‘အောင်မြင်သောသူများ’ အဖြစ် ဘုရားသခင် ရည်ညွှန်းသောသူများမှာ စာတန်၏ လွှမ်းမိုးမှုအောက်နှင့် စာတန်၏ ဝိုင်းထားခြင်းခံရချိန်၊ ဆိုလိုသည်မှာ အမှောင်အင်အားများ အလယ်တွင် မိမိတို့ကိုယ်ကိုယ် တွေ့ရချိန်တွင် သက်သေရပ်တည်နိုင်ကြဆဲ ဖြစ်ပြီး ဘုရားသခင်၌ မိမိတို့၏ယုံကြည်စိတ်ချမှုနှင့် ကိုးကွယ် ဆက်ကပ်မှုတို့ကို ထိန်းသိမ်းနိုင်ကြဆဲ ဖြစ်သောသူများ ဖြစ်သည်။ သင်သည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ ရှေ့မှောက်တွင် ဖြူစင်သော စိတ်နှလုံးကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပြီး ဘုရားသခင်အတွက် သင်၏ ရိုးသားစစ်မှန်သော ချစ်ခြင်းမေတ္တာကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပါက၊ သင်သည် ဘုရားသခင်၏ ရှေ့တွင် သက်သေရပ်တည်နေခြင်း ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က ‘အောင်မြင်သောသူ’ တစ်ဦး ဖြစ်ခြင်းအဖြစ် ရည်ညွှန်းသော အရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အလင်းတစ်ခုဖြစ်ပြီး၊ ကျွန်တော့် အတွေးများကို အလင်းပေးပြီး တည်ငြိမ်စေခဲ့သည်။ စာတန်၏ ဝန်းရံလုပ်ကြံခံရခြင်းသည် ကျွန်တော် ဘုရားသခင်ကို သစ္စာရှိဖို့နှင့် ချစ်ဖို့လိုအပ်သည့်အချိန် အတိအကျ ဖြစ်ကြောင်း ကျွန်တော် သိခဲ့သည်။ ဤစိတ်မချမ်းမြေ့ဖွယ်ကောင်းသော ပတ်ဝန်းကျင်က ကျွန်တော့် ရုပ်ပိုင်း ဆိုင်ရာ ခန္ဓာကိုယ်ကို ဆင်းရဲဒုက္ခနှင့် ညှဉ်းပန်းမှုများ ဆောင်ကြဉ်းပေး ခဲ့သော်လည်း၊ ၎င်း၏ နောက်ကွယ်တွင် ကွယ်ဝှက်နေသည့်အရာမှာ ဘုရားသခင်၏ အလွန်ကြီးမားသောချစ်ခြင်းမေတ္တာနှင့် ကောင်းကြီး မင်္ဂလာတို့ဖြစ်လေသည်။ စာတန်ရှေ့တွင် ဘုရားသခင်အတွက် သက်သေ ရပ်တည်ရန် နှင့် စာတန်ကို လုံးလုံးလျားလျား အရှက်ရစေကာအနိုင်ယူဖို့ အခွင့်အလမ်းတစ်ခု ပေးခဲ့သူမှာ ဘုရားသခင် ဖြစ်သည်။ ထို့ကြောင့် ဤဆင်းရဲဒုက္ခကို ကြုံတွေ့နေစဉ် ကျွန်တော်သည် အဆုံးထိ သည်းခံရ မည်ဖြစ်ကြောင်း၊ မာရ်နတ်တို့၏ ဤမှောင်မိုက်သော သားရဲတွင်း၌ ဘုရားသခင်၏ လမ်းပြမှုကို အားကိုးခြင်းအားဖြင့် သူ့အတွက် သက်သေ ရပ်တည်နိုင်ရမည် ဖြစ်ကြောင်း၊ ပြီးလျှင် အောင်မြင်သူတစ်ယောက် ဖြစ်ရန် ကြိုးစားရမည် ဖြစ်ကြောင်းတို့ကို မိမိကိုယ်ကိုယ် ထပ်ခါထပ်ခါ သတိပေးခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြခံရလျက်၊ ကျွန်တော့် စိတ်နှလုံးသည် တည်ကြည်ခိုင်မာပြီး ကြံ့ခိုင်လာခဲ့သည်။ ကျွန်တော်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ဖိစီးနှိပ်စက်လျက်ရှိသည့် အားနည်းချက်များနှင့် ညှဉ်းပန်းမှုများ ရှိသော်ငြားလည်း၊ စာတန်နှင့် သေရေးရှင်ရေးတိုက်ပွဲကို စတင်တိုက်ခိုက်ရန် နှင့် ကျွန်တော်၏ သေအံ့ဆဲဆဲ ထွက်သက်ဖြင့် ဘုရားသခင်အတွက် သက်သေရပ်တည် နိုင်ရန် ၎င်းတို့အားလုံးကို ကျွန်တော် သည်းခံနိုင်ကြောင်း ကျွန်တော့်မှာ ယုံကြည်မှုရှိခဲ့ပါသည်။

ရက်နှစ်ဆယ်ကျော် ထောင်ကျခြင်းအပြီးနောက်၊ ကျွန်တော် ရုတ်တရက် ပြင်းပြင်းထန်ထန် အအေးမိခဲ့သည်။ ကျွန်တော့် ခြေလက်အင်္ဂါ လေးချောင်းလုံးက နာကျင်ကိုက်ခဲပြီး၊ ခွေယိုင်နေသည်၊ ကျွန်တော် လုံးလုံးလျားလျား ခွန်အားကုန်ခမ်းပြီး၊ ကျွန်တော့် စိတ်က တိုး၍ ရှုပ်ထွေးနေခဲ့သည်။ ကျွန်တော်၏ အခြေအနေ ပိုဆိုးလာခြင်းနှင့် အတူ၊ တခြား အကျဉ်းသားများထံမှ မရပ်မနား ရိုက်နှက်ခြင်းများနှင့် ညှဉ်းပန်းခြင်းတို့ဖြင့် ကျွန်တော် နောက်ထပ် တောင့်မခံနိုင်တော့ဟု ခံစားခဲ့ရသည်။ ကျွန်တော့် နှလုံးသားထဲတွင် အထူးသဖြင့် အားနည်းကာ စိတ်ဓာတ်ကျနေခဲ့ပြီး၊ ကျွန်တော်က “ဒီနေ့စဉ် ညှဉ်းပန်းမှုနဲ့ ရက်စက်မှု တွေက ဘယ်တော့ဆုံးမှာလဲ။ ဒီတစ်ခါတော့ ငါပြစ်ဒဏ် ချမှတ်ခံရတော့မဲ့ သဘောမှာရှိတယ်၊ ဒါကြောင့် ဒီက အသက်ရှင်လျက် ထွက်သွားဖို့ မျှော်လင့်ချက်သိပ်မရှိဘူး” ဟု မိမိဘာသာ တွေးမိခဲ့သည်။ ထိုအရာကို ကျွန်တော် တွေးလိုက်သည်နှင့်တပြိုင်နက်၊ ကျွန်တော့်စိတ်နှလုံးက အနက်ဆုံးသောချောက်ထဲသို့ ကျဆင်းသွားသကဲ့သို့ ရုတ်တရက် ခံစား ခဲ့ရပြီး၊ အလွန်နက်ရှိုင်းသော မျှော်လင့်ချက်ပျက်သုဉ်းခြင်းနှင့် နာကျင်မှု ထဲသို့ နစ်မြုပ်သွားခဲ့ကာ၊ ကျွန်တော့် ထွက်ပေါက်ကို ရှာမတွေ့နိုင်ခဲ့ပါ။ ကျွန်တော်၏ အဆိုးဝါးဆုံးသော အချိန်တွင် ဘုရား နှုတ်ကပတ်တော်များ၏ ဓမ္မသီချင်းတစ်ပုဒ်ကို ကျွန်တော် ပြန်လည် သတိရခဲ့သည်။ “စိတ်ကိုထိမိစေသော စကားများစွာကို သင်ပြောနိုင်ခြင်းငှာ သို့မဟုတ် စိတ်လှုပ်ရှားဖွယ် အဖြစ်အပျက်များစွာကို ဆိုနိုင်ခြင်းငှာ ငါဆန္ဒမပြု၊ ယင်းအစား သင်သည် ငါ့အား ကောင်းမွန်စွာ သက်သေခံနိုင်ရန်နှင့် လက်တွေ့အရှိတရားထဲသို့ အပြည့်အဝနှင့် နက်ရှိုင်းစွာ ဝင်ရောက်နိုင်ရန်သာ ငါတောင်းဆိုသည်။...သင်တို့၏ ကိုယ်ပိုင် တက်လမ်းများကို စဉ်းစားခြင်း မပြုတော့ဘဲ အရာအားလုံး၌ ဘုရားသခင်၏ အစီအမံများကိုနာခံရန်အလို့ငှာ ငါ၏ မျက်မှောက်တွင် သင်စိတ်ပိုင်းဖြတ်ခဲ့သည့်အတိုင်း လုပ်ဆောင်လော့။ ငါ၏ အိမ်ထောင်အတွင်း ရပ်တည်သော သူအားလုံးသည် ၎င်းတို့တတ်နိုင်သမျှ လုပ်ဆောင်သင့်သည်၊ ကမ္ဘာမြေကြီးပေါ်ရှိ ငါ့အလုပ်၏ နောက်ဆုံးသော အပိုင်းကဏ္ဍထံ သင်သည် မိမိ၏ အကောင်းဆုံးကို ဆက်ကပ်သင့်သည်။ ထိုကဲ့သို့သော အရာများကို လက်တွေ့ကျင့်ဆောင်ရန် သင်သည် ဧကန်အမှန်ပင် လိုလားသလော။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “ဘုရား၏စီစဉ်ညွှန်ကြားမှုများကို သင်အမှန်တကယ် နာခံနိုင်သလောကျူး”) စာကြောင်းတစ်ကြောင်းချင်းစီဖြင့် ဘုရားနှုတ်ကပတ်တော်များ က ကျွန်တော်၏ စိတ်နှလုံးကို ထိုးနှက်ခဲ့သည်၊ ကျွန်တော့်ကို ပြင်းထန်စွာ အရှက်ရစေခဲ့သည်။ ခါးသီးသော မျက်ရည်များ ကျွန်တော် အကြိမ်မည်မျှ ငိုကြွေးခဲ့သည်ကို ကျွန်တော် တွေးမိပြီး၊ ဘုရားသခင်ကို အမှုအရာ အားလုံး၌ မိမိကိုယ်ကို ဆက်ကပ်ဖို့နှင့် သူ၏ စီစဉ်ညွှန်ကြားခြင်းများနှင့် စီစဉ်ခြင်းများကို ကျိုးနွံနာခံဖို့ တိုး၍ သန္နိဌာန်ချမှတ်ခဲ့သည်။ ကျွန်တော် ဆင်းရဲဒုက္ခနှင့် ညှဉ်းပန်းမှုတို့ကို သည်းခံနေစဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကို လမ်းပြခဲ့ချိန်တွင်၊ သူ့အတွက် သက်သေရပ်တည်မည် ဖြစ်ကြောင်း ဘုရားသခင်ရှေ့တော်မှောက်တွင် မိမိ၏ အသက်ကို ကျွန်တော် ကျိန်ဆိုခဲ့သော်လည်း၊ ထိုတစ်ကြိမ်တွင် သူ့ကို စိတ်ကျေနပ်စေရန် စစ်မှန်သည့် အဖိုးအခတစ်ခုပေးဖို့ ဘုရားသခင်က ကျွန်တော့်ကို အမှန်တကယ် လိုအပ်ခဲ့ချိန်တွင်မူ၊ ကျွန်တော်သည် မည်သို့ အသက်ကို ယုတ်ညံ့စွာ ဖက်တွယ်ထားပြီး သေခြင်းတရားကို ကြောက်ရွံ့ကာ၊ မိမိ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သို့ ကျရောက်မည့်အရာအတွက်သာ ဂရုစိုက်ခဲ့ပုံအကြောင်းကိုလည်း တွေးမိ ခဲ့သည်။ ဘုရားသခင်၏ အလိုတော်ကို ကျွန်တော် လုံးလုံးလျားလျား လျစ်လျူရှုခဲ့ပြီး၊ ကျွန်တော့် အကျပ်အတည်းမှ ရုန်းထွက်လွတ်မြောက် ခြင်းနှင့် လုံခြုံစိတ်ချရသည့်နေရာတစ်ခုသို့ အမြန်ဆုံးရောက်ခြင်း တို့အကြောင်းကိုသာ တွေးခဲ့သည်။ ကျွန်တော်မည်မျှ အမှန်တကယ် နိမ့်ကျပြီး အသုံးမကျပုံ ကျွန်တော်တွေ့ခဲ့ရသည်။ ဘုရားသခင်၌ လုံလောက်သော ယုံကြည်မှု ကျွန်တော့်မှာ မရှိခဲ့သလို ကျွန်တော် လှည့်စားမှုနှင့် လွန်စွာပြည့်နှက်နေခဲ့သည်။ ကျွန်တော်သည် ဘုရားသခင်ကို မည်သည့် စစ်မှန်သည့် ဆက်ကပ်မှုမျှ မပေးစွမ်းနိုင်ခဲ့ဘဲ၊ မိမိ၏ခန္ဓာကိုယ်တွင် အမှန်တကယ် နာခံသည့် အရာတစ်ခုမျှ ကျွန်တော့်မှာ မရှိခဲ့ပါ။ ထိုအချိန်တွင် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ အမှုတော်တွင်သူလိုချင်သည့်အရာမှာ လူသားမျိုးနွယ်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာနှင့် သစ္စာစောင့်သိခြင်းတို့ဖြစ်ကြောင်း ကျွန်တော် နားလည်သဘောပေါက်ခဲ့သည်။ ဤသည်တို့မှာ ဘုရားသခင် ၏ နောက်ဆုံး တောင်းဆိုမှုများဖြစ်ပြီး၊ လူသားမျိုးနွယ်ကို သူယုံကြည်စွာ ပေးအပ်ခဲ့သည့် နောက်ဆုံး အလုပ်တာဝန်များ ဖြစ်လေသည်။ “ဘုရားသခင်ကို ယုံကြည်တဲ့ လူတစ်ယောက်အနေနဲ့ ငါဟာ သူ့လက်တော်တွေထဲမှာ ကိုယ့်ကိုယ်ကိုယ် လုံးလုံးလျားလျား ထားရှိသင့် တယ်။ ငါ့အသက်တာကိုဘုရားသခင်က ငါ့ကို ပေးအပ်ခဲ့တာကြောင့် ငါသေမယ် ရှင်မယ် ဆိုတာကို သူ့မှာ ဆုံးဖြတ်ခွင့်ရှိတယ်။ ငါက ဘုရားသခင်ကိုရွေးချယ်ခဲ့တာ ဖြစ်လို့၊ သူ့ဆီမှာ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်သင့်ပြီး၊ သူ့ရဲ့ စီစဉ်ညွှန်ကြားမှုတွေမှာ ကျိုးနွံနာခံသင့်တယ်။ ငါဟာ ဘာဆင်းရဲဒုက္ခနဲ့ အရှက်ရခြင်းတွေကို ခံစားရပေမဲ့လည်း၊ ဘုရားသခင်ကို ကိုယ့်လုပ်ရပ် တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံ ထားသင့်တယ်။ ငါ့မှာ ကိုယ်ပိုင်ရွေးချယ်မှုတွေ ဒါမှမဟုတ် တောင်းဆိုမှု တွေ မရှိသင့်ဘူး။ ဒါက ငါ့တာဝန် ဖြစ်သလို၊ ငါပိုင်ဆိုင်သင့်တဲ့ အသိစိတ်ဖြစ်သင့်တယ်။ ငါအသက်ရှုနိုင်သေးတဲ့အပြင်၊ အသက်ရှင်နေ သေးတယ်ဆိုတဲ့ အချက်အားလုံးက ဘုရားသခင်ရဲ့ ကွယ်ကာမှုနဲ့ စောင့်ရှောက်မှုတို့ကြောင့် ဖြစ်တယ်။ ဒါဟာ အသက်အတွက် သူ့ ထောက်ပံ့ခြင်း ဖြစ်တယ်- မဟုတ်ရင် နတ်ဆိုးက ဖျက်ဆီးလို့ ငါ သေခဲ့တာ ကြာပြီမဟုတ်ဘူးလား။ အဲဒီလို နက်နဲတဲ့ ဆင်းရဲဒုက္ခနဲ့ အခက်အခဲတွေကို ငါပထမဆုံး ကြုံတွေ့တဲ့အချိန်က ဘုရားသခင်ဟာ ငါ့ကို အောင်မြင် ကျော်လွှားဖို့ ဦးဆောင်ခဲ့တယ်။ ဘုရားသခင်မှာ ယုံကြည်ခြင်း ပျောက် ရအောင် ငါ့မှာ အခု ဘာအကြောင်းပြချက်ရှိလဲ။ ငါဟာ ဘယ်လိုများ နောက်တွန့်ပြီး ထွက်ပြေးဖို့ ဆန္ဒရှိရင်းနဲ့ အပျက်သဘောဆောင်ပြီး အားနည်းနိုင်ရတာလဲ” ဟု ကျွန်တော် တွေးမိသည်။ ဤအတွေး ကျွန်တော်ထံ ပေါ်လာရင်းဖြင့်၊ ကျွန်တော့်၏ အပြစ်ရှိသည့်ခံစားချက်ကို ဘုရားသခင်ထံ ကျွန်တော် တိတ်ဆိတ်စွာ ဝန်ခံခဲ့ပါသည်။ “အနန္တတန်ခိုးရှင် ဘုရားသခင်။ ကျွန်တော်က အရမ်း အတ္တကြီးပြီး လောဘကြီးပါတယ်။ ကျွန်တော်ဟာ ကိုယ်တော့်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကောင်းကြီးမင်္ဂလာတွေကိုသာ နှစ်သက်ခံစားလိုပေမဲ့၊ ကိုယ်တော့်ကို ကိုယ့်ကိုယ်ကို ရိုးသားစွာ ဆက်ကပ်အပ်နှံဖို့ ဆန္ဒမရှိခဲ့ပါဘူး။ နှစ်ရှည်ထောင်ဒဏ်ရဲ့ ဆင်းရဲဒုက္ခသည်းခံရမှာကို တွေးလိုက်တဲ့အခါမှာ ကျွန်တော် လွတ်မြောက်လိုပြီး၊ ရှောင်ရှားလိုတာပဲ ရှိပါတယ်။ ကိုယ်တော့် ခံစားချက်တွေကို ကျွန်တော် အမှန်တကယ် ပြင်းပြင်းထန်ထန် နာကျင်စေ ခဲ့ပါတယ်။ အိုဘုရားသခင်၊ ပိုပြီးနက်ရှိုင်းစွာ ဆက်နစ်မြုပ်ဖို့ ကျွန်တော် ဆန္ဒမရှိပါဘူး။ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံပြီး ကိုယ်တော်ရဲ့ လမ်းပြမှုကိုသာ လက်ခံလိုပါတယ်။ ကျွန်တော် ထောင်ထဲမှာ သေခဲ့ရင်တောင်၊ ကိုယ်တော့်အတွက် ကျွန်တော် သက်သေရပ်တည်လိုသေးပါတယ်။ ကျွန်တော် သေတဲ့အထိ ညှဉ်းပန်းခံရ နိုင်ပေမဲ့လည်း၊ ကိုယ်တော့်ကို အဆုံးအထိ ဆက်ပြီး သစ္စာရှိသွားပါမယ်။” ဆုတောင်းပြီးနောက်၊ နှစ်ဆတို့ထိခံရသည်ဟု ကျွန်တော် ခံစားခဲ့ရသည်။ ကျွန်တော်သည် ယခင်ကကဲ့သို့ နာကျင်မှုကို ခံစားနေရဆဲဖြစ်သော်လည်း၊ ကျွန်တော့် စိတ်နှလုံးထဲတွင် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် မိမိ၏ ကတိကို မဖြည့်ဆည်းရသေးသမျှ ကာလပတ်လုံး အရှုံးမပေးရန် ယုံကြည်မှုနှင့် သန္နိဌာန်တို့ကို ခံစားခဲ့ရသည်။ သေသည်အထိ ဘုရားသခင်အတွက် သက်သေရပ်တည်မည်ဟု စိတ်ပိုင်းဖြတ်ပြီး ယုံကြည်မှုရှိလာသည်နှင့်တပြိုင်နက်၊ အံ့သြစရာကောင်းသည့် အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ တစ်ခုသောနံနက်အစောပိုင်းတွင် ကျွန်တော် အိပ်ရာမှထပြီး ကျွန်တော့် ခြေထောက်နှစ်ဖက်လုံးတွင် မည်သည့် ခံစားချက်မျှ မရှိတော့ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ ကျွန်တော် လမ်းလျှောက်ဖို့ နေနေသာသာ၊ လုံးဝ မတ်တပ်မရပ်နိုင်ခဲ့ပါ။ ပထမတွင် ဆိုးယုတ်သော ရဲများက ကျွန်တော့်ကို မယုံကြည်ကြပါ။ ကျွန်တော် ဟန်ဆောင်နေသည်ဟု ထင်မှတ်ရင်း၊ သူတို့ ကျွန်တော့်ကို အတင်းအကျပ် မတ်တပ်ရပ်စေခဲ့သည်။ သို့သော်လည်း ကျွန်တော် မည်မျှ ကြိုးစားပါစေ၊ မတ်တပ်မရပ်နိုင်ခဲ့ပါ။ နောက်တစ်နေ့တွင် ကျွန်တော့်ကို ထပ်မံစစ်ဆေးဖို့ သူတို့ ပြန်လာကြသည်။ ကျွန်တော့် ခြေထောက်များ ရေခဲတမျှ အေးစက်နေပြီး၊ သွေးလည်ပတ်မှုတစ်စုံတစ်ရာ လုံးဝ ကင်းမဲ့သည်ကို သတိပြုမိလျက်၊ ကျွန်တော် အမှန်တကယ် အကြောသေသွားကြောင်း သူတို့ လက်ခံယုံကြည်လာခဲ့သည်။ ထို့နောက် သူတို့က ကျွန်တော့်ကို အိမ်ပြန်ခေါ်သွားနိုင်ကြောင်း ကျွန်တော့်မိသားစုအား သတင်းပို့ခဲ့ ကြသည်။ ကျွန်တော် အိမ်ပြန်သည့်ရက်တွင် ကျွန်တော့် ခြေထောက်များ တွင် အာရုံခံစားမှုကို အံ့ချီးဖွယ် ပြန်လည်ရရှိခဲ့ပြီး၊ လမ်းလျှောက်ရန် ကျွန်တော့်မှာ အခက်အခဲ လုံးဝမရှိခဲ့ပါ။ ဤသည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်တော့် အားနည်းချက်အတွက် သနားကရုဏာကို ပြခြင်း ဖြစ်ကြောင်း ကျွန်တော့်စိတ်ထဲတွင် သိပါသည်။ တရုတ်အစိုးရ၏ တစ်လကြာ တရားမဝင်ထိန်းသိမ်းမှုကို ခံရပြီးနောက် အဟန့်အတား မရှိဘဲ စာတန်၏ သားရဲတွင်းမှ လွတ်စေရင်း၊ သူကိုယ်တိုင် ကျွန်တော့်အတွက် ထွက်ပေါက် ဖွင့်ပေးခဲ့သည်။

နှစ်ကြိမ် ထိန်းသိမ်းခံရပြီး၊ တရုတ်အစိုးရ၏ လူမဆန်သည့် ရက်စက်သော ညှဉ်းပန်းမှုများကို ခံစားရပြီးနောက်၊ ကျွန်တော် ရုပ်ပိုင်းဆိုင်ရာ အတော်အတန် ဒုက္ခခံခဲ့ရပြီး၊ သေအံ့ဆဲဆဲပင် ဖြစ်ခဲ့သော်လည်း၊ ဤသာမန်ထက်လွန်ကဲသော အတွေ့အကြုံနှစ်ခုလုံးက ဘုရားသခင်၌ ယုံကြည်ခြင်းရှိရန် ကျွန်တော်၏ လမ်းကြောင်းအပေါ် ခိုင်မာတောင့်တင်းသော အခြေခံအုတ်မြစ်ကို အမှန်တကယ် ဖြစ်ပေါ်စေ ခဲ့သည်။ ကျွန်တော်၏ ဆင်းရဲဒုက္ခနှင့် အတိဒုက္ခများအလယ်တွင် အနန္တတန်ခိုးရှင်ဘုရားသခင်သည် တရုတ်အစိုးရနှင့် ၎င်း၏ သမ္မာတရားကို မုန်းတီးခြင်း၊ ဘုရားသခင်ကို ရန်လိုမှုနှင့် ဘီလူးသရဲ စီးသော မျက်နှာထားတို့ကို စေ့စေ့စပ်စပ် ထိုးဖောက်မြင်စေပြီး၊ ဘုရားသခင်၏ ယုံကြည်သူများကို ကသုတ်ကရက် ခုခံခြင်းနှင့် ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် ပတ်သက်သည့် ၎င်း၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပြစ်မှုများဖြင့် သိကျွမ်းလာစေရုံမျှမက၊ ဘုရားနှုတ်ကပတ်တော်များ၏ တန်ခိုးနှင့် သြဇာအာဏာတို့အတွက် အသိအမှတ်ပြုခြင်းတစ်ခုကိုလည်း ကျွန်တော့်ကို ပေးခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ဆိုးယုတ်သော အာဏာစက်မှ ကျွန်တော်၏ အသက်ဖြင့် နှစ်ကြိမ်တိုင်တိုင် ရုန်းထွက် လွတ်မြောက်နိုင်သည်မှာ ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် သနား ကရုဏာတို့၏ ရလဒ်တစ်ခု လုံးလုံးဖြစ်ခဲ့ပါသည်။ ထို့အပြင် ၎င်းမှာ ဘုရားသခင်၏ သာမန်ထက် လွန်ကဲသော အသက်စွမ်းအား နှင့် ပတ်သက်သည့် ပြယုဂ်တစ်ခုနှင့် အတည်ပြုချက်တို့ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် နေရာမရွေး အချိန်မရွေး အမြဲတစေ ကျွန်တော့်၏ တစ်ခုတည်းသော ထောက်ပံ့မှုနှင့် ကယ်တင်ခြင်း ဖြစ်ကြောင်းကို ယခု ကျွန်တော် နက်နဲစွာ နားလည်သဘောပေါက်ခဲ့သည်။ ယခုဘဝတွင် ကျွန်တော် မည်သည့် အန္တရာယ်နှင့် အခက်အခဲများကိုမဆို ကြုံတွေ့နိုင်ပါစေ၊ သူ့နှုတ်ကပတ်တော်ကို တက်တက်ကြွကြွ ဖြန့်ဝေပြီး၊ ဘုရားသခင်၏ နာမတော်ကို သက်သေရပ်တည်ရင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို လိုက်ခြင်းကို ဆက်လက် လုပ်ဆောင်ရန်နှင့်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်တော်၏ စစ်မှန်သော ဆက်ကပ်အပ်နှံခြင်းဖြင့် ပြန်လည်ပေးဆပ်ဖို့ သံန္နိဌာန်ချထားခဲ့ပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏နှုတ်ကပတ်တော်များသည် ကျွန်ုပ်အား သက်ရှိငရဲထဲမှ ခေါ်ထုတ်ပေးသည်

ချိုကျန်း တရုတ်နိုင်ငံ ၂၀၀၂ ခုနှစ်၊ ဩဂုတ်လတုန်းကပေါ့၊ ဧဝံဂေလိတရား ဝေငှဖို့ တခြားယုံကြည်သူငါး ယောက်နဲ့အတူ မြို့ထဲမှာ ကျွန်တော် ရောက်နေ တယ်။...

စာတန်ကို အနိုင်ယူဖို့အတွက် ဘုရားသခင်ကို အားကိုးခြင်း

ချိုကျန်း တရုတ်နိုင်ငံ ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့၊ မနက် ၅ နာရီ လောက်မှာ၊ ကျွန်မ တွေ့ဆုံပွဲတစ်ခုကို အသွား လမ်းဘေးမှာ ရပ်ထားတဲ့...

အဖမ်းခံရပြီးနောက်

ကျိုးလီ တရုတ်နိုင်ငံ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ နေ့လည်နေ့ခင်းတစ်ခုမှာ၊ တခြားညီအစ်မ သုံးယောက်နဲ့ ကျွန်မ စုဝေးပွဲကို သွားနေတုန်းမှာ...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။