မုန်တိုင်းတစ်ခုအလယ် ကြီးပြင်းခြင်း

23.01.2022

မီရွှေ တရုတ်နိုင်ငံ

၂၀၁၃ ခုနှစ်၊ မတ်လ ရက်တစ်ရက်မှာ၊ ညီအစ်မ နှစ်ယောက်နဲ့ ကျွန်မက စုဝေးပွဲတစ်ခုကနေ အိမ်ပြန်လာနေကြပြီး၊ ကျွန်မ အိမ်ထဲဝင်လိုက်တဲ့အချိန်မှာ၊ လုံးဝ ပျက်စီးနေတာ မြင်လိုက်ရတယ်။ ရဲတွေက နေရာကို ရှာခဲ့တာ ဖြစ်နိုင်တယ်လို့ ကျွန်မတို့ တွက်ဆမိလိုက်တယ်၊ ဒါကြောင့် ချက်ချင်း ကျွန်မတို့ ပြောင်းခဲ့ကြတယ်။ ပြောင်းပြီးတဲ့အချိန်မှာပဲ၊ အဲဒီရပ်ကွက်ထဲက လူတချို့ ရဲတွေနဲ့ ဝင်စီးလာကြတယ်။ ရဲတွေက ကျွန်မတို့ကို ဧည့်ခန်းထဲမှာ သွင်းလိုက်ပြီးတဲ့နောက် နေရာကို အိတ်သွန်ဖာမှောက်ရှာဖို့ သွားကြတယ်။ သူတို့ထဲက ဘယ်သူမှ ကြည်မနေတဲ့အချိန်မှာ၊ ကျွန်မ အိတ်ထဲမှာရှိတဲ့ ဆင်းမ်ကတ်ကို ကျွန်မ ဖျက်ဆီးလိုက်နိုင်ခဲ့တယ်။ ရဲတစ်ယောက်က သတိထားမိသွားပြီး ကျွန်မလက်တွေကို အတင်းဖွင့်ခိုင်းတယ်။ ကျိုးနေတဲ့ ဆင်းမ်ကတ်ကို မြင်တော့၊ ဒေါသတကြီးနဲ့၊ “သူ အသက်ငယ်ပုံရပေမယ့် ကိစ္စ တစ်ခု၊ နှစ်ခု သိပုံရတယ်။ စစ်မေးဖို့ ပြန်ခေါ်သွားလိုက်” လို့ အော်ခဲ့တယ်။ ရဲမေတစ်ယောက်ကိုလည်း ကျွန်မကို ရှာခိုင်းပြီး၊ အဲဒီနောက် ရဲကားတစ်စီးထဲ ကျွန်မတို့ကို ထည့်လိုက်ကြတယ်။ ကျွန်မ တော်တော် လန့်သွားခဲ့လို့၊ ဘုရားဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကျွန်မကို သူတို့ ဘယ်နေရာ ခေါ်သွားနေလဲ၊ ဘယ်လို ညှဉ်းဆဲမလဲဆိုတာ ကျွန်မ မသိပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြပြီး ယုံကြည်ခြင်း ပေးတော်မူပါ။ ကျွန်မ ဘယ်လောက် ဆင်းရဲဒုက္ခခံရပါစေ၊ ယုဒ ဖြစ်လို့မဖြစ်ပါဘူး။ကိုယ်တော့်ကို ကျွန်မ သစ္စာမဖောက်နိုင်ဘူး” လို့ပေါ့။ ဆုတောင်းပြီးတော့ ကျွန်မ တဖြည်းဖြည်း တည်ငြိမ်သွားခဲ့တယ်။ ရဲတွေက ကျွန်မကို ရဲစခန်းမှာ စစ်ကြောရေးခန်းထဲ ခေါ်သွားခဲ့ပြီး ကျွန်မလက်ကို မြောက်ခိုင်းသလို၊ ဆောင့်ကြောင့်ထိုင် အနေအထားတစ်ခုနဲ့ ရပ်ခိုင်းထားတယ်။ မိနစ်နည်းနည်းကြာပြီးတဲ့နောက် ကျွန်မလက်တွေ ဆုတ်သွားတယ်၊ ကျွန်မ ခြေထောက်တွေ တုန်နေပြီး ကျွန်မ ရင်တွေ တင်းလာကြတယ်။ ကျွန်မ ပြိုလဲသွားခဲ့တယ်။ အဲဒီနောက် ရဲတွေက ကျွန်မကို ကျားထိုင်ခုံတစ်ခုပေါ် ထားကြပြီး၊ ထိုင်ခုံခြေထောက်တွေနဲ့ ကျွန်မ ခြေတွေကို တကယ်တင်းတင်း ချည်လိုက်ကြတယ်။ နည်းနည်းကြာပြီးတဲ့နောက် ဝဝကစ်ကစ် ရာဇဝတ်သားရဲမေတစ်ယောက်က အခန်းထဲကို စာရွက်စာတမ်းတချို့ ယူလာပြီး ကျွန်မကို ပြောတယ်၊ “ငါတို့က နင်တို့ အနန္တတန်ခိုးရှင် ဘုရားသခင် ယုံကြည်သူတွေကို ရှင်းလင်းတာ လုပ်ရင်းနဲ့ တစ်နိုင်ငံလုံးအနှံ့ ဖမ်းဆီးတဲ့ အကြီးစား စစ်ဆင်ရေးတစ်ခု ဆောင်ရွက်နေတာ။ ငါတို့မှာ နင်တို့ရဲ့ ခေါင်းဆောင်တွေအားလုံး ရှိတယ်၊ ပြီးတော့ နင်တို့ရဲ့ အသင်းတော်ကို ငါတို့ ဖြိုဖျက်ပြီးပြီ။ ငါတို့အပေါ် အောင့်ထားလို့ ဘာအသုံးဝင်မှာလဲ။ စကားသာပြော၊ ပြီးရင်တော့ နင်သွားလို့ရတယ်”တဲ့။ ဒါကိုကြားတော့ စာတန်ရဲ့ လှည့်ကွက်တွေထဲက တစ်ခုဖြစ်ပြီး သူက ကျွန်မကို ယုဒတစ်ယောက်ဖြစ်စေဖို့ ကြိုးစားနေမှန်း ကျွန်မ တွက်မိလိုက်တယ်။ အဲဒီအတွက် ကျွန်မ အလည့်စားခံလို့ မဖြစ်ဘူး။ ညီအစ်ကို မောင်နှမတွေ အများကြီး အဖမ်းခံရပြီးရင်တောင်မှ၊ ဘုရားရဲ့ အမှုတော်ကို သိပ်အလွယ်တကူ သူတို့ ဖြိုဖျက်လို့မရနိုင်ပါဘူး။ ကျွန်မ ပြန်ပြောလိုက်တယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင် ရယူရန် အလိုရှိသည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့် တန်ခိုးအာဏာကမျှ မတားဆီးနိုင်သည်ကို ငါတို့ယုံကြည်သည်။ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်ကာ ဘုရားသခင်၏ အကြံအစည်ကို နှောင့်ယှက်ပြီး ထိခိုက်စေသူများသည် နောက်ဆုံးတွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရကြလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်”) ဒါနဲ့ သူ လည်ချောင်းကိုပဲရှင်းလိုက်ပြီး ထွက်သွားတယ်။ အဲဒီနောက် နောက်ထပ် အရာရှိက စပြီး ကျွန်မကို စစ်မေးတယ်- “ဘယ်တုန်းက ဘာသာရေးသမား ဖြစ်လာခဲ့တာလဲ။ ဒီနယ်ပယ်မှာ ဘယ်လောက်ကြာကြာ ရှိပြီးပြီလဲ။ မင်းနဲ့ ဆက်သွယ်တဲ့သူ အားလုံးဘယ်သူတွေလဲ။ ဘယ်မှာ မင်း နေခဲ့သလဲ”တဲ့။ ကျွန်မ စကားတစ်ခွန်းမှ မဟတော့၊ သူ ကျွန်မကို ခြိမ်းခြောက်ခဲ့တယ်၊ “မင်း စကားမပြောရင်၊ သေတဲ့အထိ မင်းကို ရိုက်မှာ၊ ပြီးတော့ တောင်ပေါ်မှာ မင်းအလောင်းကို မြှောက်ထားမှာ”တဲ့။ ကျွန်မ တွေးမိတာက ဒီလူတွေက လူတွေကို ကြက်ကလေးတွေလို သတ်တယ်၊ လူ့အသက်ကို လုံးဝ အရေးမထားကြဘူးလို့ပေါ့။ သူတို့ ကျွန်မကို သေတဲ့အထိ တကယ် ရိုက်များရိုက်ကြမှာလားလို့ တွေးမိတယ်။ တကယ်ကို ကြောက်လျက်နဲ့၊ ဘုရားဆီ တိတ်တဆိတ် ကျွန်မ ဆုတောင်းခဲ့ပြီး၊ အဲဒီနောက် သူ့ဆီက ဒီနှုတ်ကပတ်တော်တွေကို တွေးမိခဲ့တယ်- “မကြောက်နှင့်၊ ကောင်းကင်ဗိုလ်ခြေတို့၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်နှင့်အတူ ဧကန်အမှန် ရှိလိမ့်မည်။ သူသည် သင့်ကို ထောက်မပေးပြီး သူသည် သင်၏ ဒိုင်းလွှားဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဘုရားက ကျွန်မရဲ့ အကွယ်အကာဖြစ်ပြီး အရာခပ်သိမ်းအပေါ် သူ အုပ်စိုးတာ မှန်တယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ကျွန်မရဲ့ ခန္ဓာနဲ့ ဝိညာဉ်က သူ့လက်ထဲမှာ၊ ဒီတော့ ကျွန်မ သေတဲ့အထိ အရိုက်ခံရမလားဆိုတာ ရဲတွေရဲ့ သဘော မဟုတ်ဘူး။ ဒီအတွေးက ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးခဲ့တယ်။ ရဲတွေက ကျွန်မကို မရပ်မနား စစ်မေးမြဲမေးနေခဲ့ကြပေမယ့် သူတို့ကို ဘာတစ်ခုမှ ကျွန်မ မပြောခဲ့ဘူး။

တတိယနေ့ မနက်စောစောမှာ၊ သူတို့ထဲက တစ်ယောက်က၊ “စကားပြောဖို့ အသင့်မဖြစ်သေးဘူးလား” လို့ပြောတယ်။ ကျွန်မ တစ်ခွန်းမှ မပြောခဲ့ဘူး။ စိတ်ဆိုးရင်းနဲ့ သူ ကျွန်မကို ကော်လာကနေ ဖမ်းကိုင်ပြီး မျက်နှာကို လက်ဝါးနဲ့ ရိုက်လိုက်တယ်၊ ကျွန်မရဲ့ နားတွေ အူသွားပြီး မျက်နှာက ပူလောင်သွားတယ်။ အဲဒီနောက် ကျွန်မ အာရုံစိုက်မနေတဲ့အခါ၊ သူက စာရွက်တချို့ကို ပြွန်တစ်ခုအနေနဲ့ လိပ်လိုက်ပြီး ကျွန်မကို မျက်လုံးတွေထဲ ရိုက်တယ်၊ အရမ်းနာကျင်လွန်းလို့ မျက်လုံးတွေ ကျွတ်ကျတော့မလို ခံစားခဲ့ရတယ်။ ကျွန်မမျက်လုံးတွေကို အလိုလို ပိတ်မိသွားတယ်။ အရာရှိတစ်ယောက်က ဒေါသနဲ့၊ “မင်းမျက်လုံးတွေ ဖွင့်စမ်း” လို့ ပြောတယ်။ ကျွန်မ မျက်လုံးတွေကို ဖြည်းဖြည်း ဖွင့်လိုက်ပေမယ့် ဘာကိုမှ မမြင်နိုင်ခဲ့ဘူး။ ၁၀ မိနစ်ကြာပြီးတဲ့နောက်မှပဲ တချို့အရာတွေကို စမြင်နိုင်ခဲ့တယ်။ ကျွန်မ မျက်လုံးတွေ အရမ်းနာကျင်ပြီး ပိတ်ပဲပိတ်လိုက်ချင်တော့တယ်၊ ဒါကြောင့် ကျွန်မ အိပ်ချင်နေတယ်ထင်ပြီး၊ ရဲတွေက ကျွန်မ ခေါင်းကို ရေပုလင်းနဲ့ ရိုက်လိုက်တယ်၊ အဲဒီနောက် တစ်ခါတစ်လေ ကျွန်မခေါင်းနဲ့ လက်တွေကို ခြေထောက်တွေနဲ့ ကန်ကြတယ်။ ပြီးတော့ ကျွန်မကို နိုးနေစေဖို့၊ ကျွန်မ ဆံပင်နဲ့ လက်တွေကို ကျားထိုင်ခုံနောက်မှာ ကပ်ခွာနဲ့ ချည်လိုက်ကြတယ်။ ကျွန်မ ခေါင်းကို မတ်မတ် ထိန်းမြဲထိန်းထားရတယ်။ ကျွန်မရဲ့ နာကျင်မှုကို သက်သာစေဖို့ ကြိုးစားရင်းနဲ့ ကျားထိုင်ခုံကို ကျောမှီဖို့ ကျွန်မ ကြိုးစားရုန်းတယ်။ ကျွန်မ ခေါင်းမူးနေတယ်၊ ခန္ဓာကိုယ်က ကိုက်ခဲပြီး ရင်တုန်ပန်းတုန်ဖြစ်နေပြီး မသက်မသာ ခံစားနေခဲ့ရတယ်။ ကျွန်မ တောင့်မခံနိုင်မှာ စိုးခဲ့တာကြောင့်၊ ဘုရားဆီ အော်မြဲအော်နေမိတယ်၊ “ဘုရားသခင်၊ ကျေးဇူးပြုပြီး ဆင်းရဲဒုက္ခခံဖို့ ဆုံးဖြတ်ချက် ကျွန်မကို ပေးတော်မူပါ၊ ကျေးဇူးပြုပြီး ယုံကြည်ခြင်း ပေးပါ။ စာတန်ကို ကျွန်မ လုံးဝ ဦးညွှတ်မှာ မဟုတ်ဘူး” လို့ပေါ့။ ကျွန်မရဲ့ နာကျင်မှုထဲမှာ၊ ဘုရားနှုတ်ကပတ်တော် တချို့ကို တွေးမိခဲ့တယ်- “သင်တို့သည် ‘အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်း ဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။’ ဟူသော စကားများကို မှတ်မိကောင်း မှတ်မိကြပေလိမ့်မည်။ ဤစကားများကို သင်တို့အားလုံး ယခင်က ကြားခဲ့ကြပြီးဖြစ်သော်လည်း သင်တို့ထဲမှ မည်သူမျှ ယင်းတို့၏စစ်မှန်သော အဓိပ္ပါယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့တွင် သင်တို့သည် ထိုစကားများ၏ စစ်မှန်သောအရေးပါမှုကို လေးလေးနက်နက် သတိပြုမိကြသည်။ ဤစကားများသည် နောက်ဆုံးသောကာလအတွင်း၌ ဘုရားသခင်အားဖြင့် ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ အဆင်းနီသောနဂါးကြီး ခွေလျောင်းရာပြည်တွင် ယင်းနဂါးကြီး၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့သူများ၌ ပြည့်စုံလိမ့်မည်ဖြစ်သည်။ အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်၌ ဘုရားသခင်ကို ယုံကြည်သူများသည် အရှက်ကွဲခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ဤသို့ ခံကြရပြီး၊ အကျိုးဆက်အနေဖြင့် ဤစကားများသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သော ပြည်တွင် စတင်သောကြောင့် ဘုရားသခင်၏အမှုအားလုံးသည် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ရပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များစွာ ပြီးမြောက်ခြင်းသည် အချိန်ကြာလေသည်။ ဤအကြောင်းကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်၏ အကျိုးဆက်အဖြစ်၊ လူတို့သည် စစ်ဆေးခံကြရကာ ယင်းသည် ဒုက္ခဆင်းရဲ၏ အစိတ်အပိုင်းလည်း ဖြစ်ပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော”) ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် မြင်ရတာက၊ ကွန်မြူနစ်ပါတီဟာ ဘုရားရဲ့ ရန်သူဖြစ်တယ်၊ သူတို့က ဘုရားနဲ့ သမ္မာတရားကို မုန်းတယ်ဆိုတာပါပဲ။ ဘုရားကို ယုံကြည်ရာကနေ ကျွန်မတို့ကို တားဆီဖို့၊ ဘုရားကို သစ္စာဖောက်စေဖို့ အရာရာလုပ်ဆောင်ချင်ကြတယ်။ အဆင်းနီတဲ့ နဂါးကြီးရဲ့ နိုင်ငံမှာ ကျွန်မ မွေးတော့၊ ဒါက ကျွန်မ ခံစားရမယ့် အရာတစ်ခုပဲ။ ဒါပေမယ့် ကွန်မြူနစ်ပါတီရဲ့ ဖိနှိပ်မှုကတစ်ဆင့်၊ အဲဒါ ဘယ်လောက် ဆိုးယုတ်တယ်၊ ဘုရားကို အခြေခံအားဖြင့် ဘယ်လို ဆန့်ကျင်တယ်ဆိုတာကို မြင်ခဲ့ရတယ်။ စာတန်ကို ပိုလို့တောင် ကျွန်မ ငြင်းပြီး ဘုရားဆီလှည့်ချင်တယ်၊ ယုံကြည်ချက်ရှိပြီး သက်သေရပ်တည်ချင်ခဲ့တယ်၊ စာတန်ကို အရှက်ရစေပြီး သူ ကျရှုံးတာ မြင်ချင်ခဲ့တယ်။ ဘုရားအတွက် သက်သေရပ်တည်ဖို့ အဲဒီအခွင့်အရေးရှိတာက၊ ဘုရားရဲ့ ကောင်းချီးဖြစ်ပြီး အထူး မျက်နှာသာပေးခြင်း ဖြစ်တယ်။ ဒါကို နားလည်တာက ကျွန်မကို ယုံကြည်ချက်ပေးပြီး ကျွန်မအတွက် အဲဒါ အရမ်းခက်တယ်လို့ မခံစားရဘူး။

အဲဒီနောက် သူတို့က ကျွန်မကို ထပ်ပြီး မေးခွန်းစမေးခဲ့ကြတယ်၊ ကျွန်မ တိတ်တိတ် နေတဲ့အခါ၊ သူတို့ ကျွန်မကို ခြိမ်းခြောက်ကြတယ်၊ “မြန်မြန် စကားပြောရင်၊ ပိုလွယ်လိမ့်မယ်နော်။ မင်းကို ငါတို့ ငါးမိနစ် အချိန်ပေးမယ်” တဲ့။ အဲဒီနောက် အချိန်ရေတွက်နေတဲ့ အချိန်တိုင်းကိရိယာတစ်ခုကို ကျွန်မရှေ့မှာ ထားလိုက်ကြပြီး၊ မိနစ်တိုင်း၊ စက္ကန့်တိုင်း၊ အချိန်ကုန်နေတာ မြင်တဲ့အချိန်မှာ၊ ဘုရားဆီ မရပ်မနား ကျွန်မ ဆုတောင်းခဲ့တယ်- “ဘုရားသခင်၊ ဒီမကောင်းဆိုးဝါးတွေ ကျွန်မကို ဘာလုပ်မယ်ဆိုတာ ကျွန်မ မသိပါဘူး။ ကျေးဇူးပြုပြီး ကွယ်ကာတော်မူပါ။ ဘာပဲဖြစ်ဖြစ် ကျွန်မ ညီအစ်ကို မောင်နှမတွေကို ကျွန်မ သစ္စာဖောက်မှာမဟုတ်ပါဘူး” လို့ပေါ့။ ငါးမိနစ်ကုန်သွားပြီး ကျွန်မ စကားပြောမှာမြင်တော့၊ သူတို့ထဲက တစ်ယောက်က ကျွန်မလက်တွေကို နောက်မှာ လက်ထိပ်ခတ်လိုက်တယ်၊ ကော်လာကနေ ကျွန်မကို ဖမ်းကိုင်လိုက်ပြီး၊ ကျွန်မမျက်နှာ အနီးကို တကယ်ကပ်လိုက်ပြီး၊ ဘယ်သူက အသင်းတော် ခေါင်းဆောင်ဖြစ်ပြီး ဘယ်သူတွေနဲ့ ဆက်သွယ်တယ်ဆိုတာတွေကို ရက်စက်ယုတ်မာစွာနဲ့ မေးခဲ့တယ်။ ကျွန်မ နှုတ်ဆိတ်နေဆဲပါပဲ၊ ဒီတော့ သူက စီးကရက်တစ်လိပ်ကို မီးညှိ၊ မီးခိုးတွေကို ကျွန်မမျက်နှာဆီ အကြိမ်ကြိမ် မှုတ်ထုတ်လိုက်တယ်။ မီးခိုးတွေက ကျွန်မကို အော့အန်စေချင်ခဲ့သလို၊ မျက်ရည်တွေက ကျွန်မမျက်နှာမှာ စီးကျလာခဲ့တယ်။ အဲဒီနောက် ကျွန်မ မျက်နှာကို ပြင်းပြင်းထန်ထန် လက်နဲ့ရိုက်လိုက်ပြီး၊ ကျွန်မ နားပင်းသွားစေလောက်အောင် ညာဘက်နားကို ထိသွားခဲ့တယ်။ ကျွန်မ စကားမပြောသေးတာ မြင်တော့၊ သူ့မျက်လုံးတွေ ဒေါသတကြီး ပြူးကျယ်လာသလို၊ ကျွန်မလည်ပင်းကို သူ လက်နှစ်ဖက်နဲ့ ညှစ်ပြီး ပြောတယ်၊ “မင်း စကားပြောတော့မလား၊ ဒါမှမဟုတ် ဘာလဲ။ မပြောရင်၊ မင်းကို ငါ လည်မျှိုညှစ်သတ်လိုက်မယ်။ မင်း ငါ့ကိုဘယ်တော့မှ မေ့မှာမဟုတ်ဘူး၊ ညတိုင်း မင်းကို ငါ ရိုက်တဲ့အကြောင်း အိပ်မက်ဆိုးတွေ မက်လိမ့်မယ်” တဲ့။ သူက ကျွန်မ ကောင်းကောင်း အသက်ရှူလို့မရတဲ့အထိ မွှန်းစေပြီး၊ နောက်ဆုံးသေခါနီးပြီလို့ ကျွန်မ ခံစားခဲ့ရတယ်။ သူ ကျွန်မကို လည်ပင်းညှစ်သတ်ရင်တောင်၊ ကျွန်မမှာ ပြောစရာဘာမှမရှိဘူးလို့ သူ့ကို ပြောခဲ့တယ်။ အဲဒီနောက် အရပ်ရှည်တဲ့ အရာရှိတစ်ယောက် ဝင်လာပြီး၊ လုံခြုံရေး ကင်မရာတွေရှိလို့ ကျွန်မကို ရိုက်ဖို့ ထောင့်ကို ခေါ်သွားသင့်တဲ့အကြောင်း ကျွန်မကို လည်ပင်းညှစ်နေတဲ့တစ်ယောက်ကို လက်ဟန်ခြေဟန်ပြလိုက်တယ်။ နောက်ဆုံး ကျွန်မ အသက်ရှူနိုင်သွားခဲ့တယ်။ သူက ကျွန်မကို ကျားထိုင်ခုံကနေ ဆွဲခေါ်သွားပြီး၊ ထောင့်ဆီ ကျွန်မကို တွန်းရင်းနဲ့ ကျွန်မရဲ့ လက်ထိပ်တွေကနေ ကျွန်မကို ဆွဲလိုက်တယ်။ အဲဒီနောက် ကျွန်မခေါင်းကို နံရံဆီ ပစ်ဆောင့်လိုက်တယ်။ သူက လုပ်မြဲလုပ်နေခဲ့တယ်၊ ဘယ်လောက်ကြာသွားလဲ ကျွန်မ မမှတ်မိသလို၊ နောက်ဆုံးအကြိမ်မှာ နံရံပေါ် ချိတ်ဆွဲထားတဲ့ ကမ္ပည်းပြားဆီ တည့်တည့် ပစ်ဆောင့်လိုက်တယ်။ ကျွန်မခေါင်းကနေ အရာရာ ရိုက်ထုတ်ခံလိုက်ရသလို ခံစားခဲ့ရပြီး ကြမ်းပြင်ဆီ ဘုတ်ခနဲ့ ကျွန်မ လဲကျသွားတယ်။ ကမ္ဘာကြီးက လည်နေသလို၊ ကျွန်မခေါင်းက ပေါက်ကွဲလုမတတ်၊ ကျွန်မနှလုံးသားက စုတ်ပြဲစုတ်ပြတ်သွားသလို ခံစားခဲ့ရတယ်။ ကျွန်မ မျက်လုံးတွေ မဖွင့်နိုင်ခဲ့သလို၊ အသက်ရှူကျပ်နေသလို ခံစားခဲ့ရတယ်။ အရမ်းအရမ်းကို နာကျင်ခဲ့ရတယ်။ ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ဒီညှဉ်းဆဲမှုကို ကျွန်မ နောက်ထပ် ခံစားစရာမလိုအောင် ကျွန်မဆီက ကျွန်မရဲ့ထွက်သက်ကို ကျေးဇူးပြုပြီး ယူသွားပါ” လို့ပေါ့။ အချိန်နည်းနည်းကြာပြီးတဲ့နောက် ကျွန်မ မျက်လုံးတွေ မဖွင့်နိုင်သလောက် ဖြစ်ခဲ့ပြီး၊ “ငါ ဘာလို့ မသေရတာလဲ”လို့ တွေးမိခဲ့တယ်။ အဲဒီနောက် ကျွန်မရဲ့ ထွက်သက်ကို ယူသွားဖို့ ဘုရားသခင်ကို ကျွန်မ တောင်းဆိုမနေခဲ့သင့်မှန်း၊ အဲဒါက ယုတ္တိမတန်တဲ့ တောင်းဆိုချက်တစ်ခုမှန်း ကျွန်မ သဘောပေါက်သွားခဲ့တယ်။ သူက ကျွန်မကို ဆက်အသက်ရှင်စေချင်တယ်၊ သက်သေရပ်တည်ပြီး စာတန်ကို အရှက်ရစေချင်တယ်။ ဒါပေမယ့် အဲဒီဆင်းရဲဒုက္ခကို ရှောင်ရှားဖို့၊ လွတ်အောင် သေလိုက်ဖို့ ကျွန်မ မျှော်လင့်နေခဲ့တယ်။ အဲဒါ သက်သေခံတာမှမဟုတ်တာ။ အဲဒါ တွေးမိတော့ ကျွန်မ အပြစ်ရှိသလိုမျိုး ခံစားခဲ့ရတယ်။

အဲဒီနောက်မှာပဲ ရဲတစ်ယောက်က၊ “ထစမ်း ထစမ်း” လို့ အော်နေတာ ကြားလိုက်ရတယ်။ ကျွန်မ မတုန့်ပြန်တဲ့အခါ ကျွန်မကို ကန်လိုက်ပြီး၊ “သေချင်ဟန်ဆောင်နေတယ်ပေါ့” လို့ပြေတယ်။ ကျွန်မ တိတ်တဆိတ် ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ဒီမကောင်းဆိုးဝါးတွေက ကိုယ်တော့်ကို ကျွန်မ သစ္စာဖောက်အောင် ညှဉ်းဆဲနေပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်ခြင်း ပေးတော်မူပါ။ အသက်ဆုံးရှုံးရရင်တောင် ကိုယ်တော့်အတွက် ကျွန်မ သက်သေရတည်မှာပါ”လို့ပေါ့။ သူတို့ထဲက တစ်ယောက်က ကျွန်မရဲ့ ပုခုံးအင်္ကျီကို ဆွဲ၊ တစ်ဝက်တစ်ပျက် အပေါ်ဆွဲတင်လိုက်ပြီး၊ အဲဒီနောက် ကြမ်းပြင်ပေါ် ကျွန်မကို ပြင်းပြင်းထန်ထန် ပြန်ကျစေခဲ့တယ်။ တစ်ချိန်လုံး ကျွန်မလက်တွေနဲ့ နောက်ကျောက လက်ထိပ်ခတ်ခံရလို့ အရမ်းနာကျင်နေခဲ့တယ်၊ ဒါကြောင့် နာကျင်တာ နည်းနည်းသက်သာအောင် ကြိုးစားဖို့ ကြမ်းပြင်ပေါ် ဘောလုံးတစ်လုံးလို ကျွန်မ ကွေးလိုက်တယ်။ အရာရှိတစ်ယောက်က ကျွန်မကို ဆွဲထူလိုက်ပြီး ကျွန်မကို နံရံနဲ့ မတ်မတ် ရပ်စေလိုက်ပြီး ကျွန်မ တုံ့ပြန်ဖို့ အခွင့်အရေးမရလိုက်ခင်မှာ ဘယ်ဖက်ပေါင်ကို ကန်လိုက်တယ်။ ကျွန်မ နာကျင်တာ နှစ်ဆတိုးခဲ့ရပြီး “ရပ်စမ်း”လို့ သူ ကျွန်မကို အော်လိုက်တယ်။ ဒါပေမယ့် အရာရာတိုင်းက အရမ်းကို နာကျင်လွန်းလို့ ကျွန်မ မရပ်နိုင်ခဲ့ဘူး။ အဲဒီနောက် ခဏ အသက်ထွက်သွားသလို ဖြစ်စေရင်းနဲ့ သူက ကျွန်မခါးကို ကန်လိုက်တယ်။ ဓားနဲ့အထိုးခံရသလို ကျွန်မ ခံစားခဲ့ရတယ်။ နောက်တစ်ယောက်က ဒေါင့်ဆီ ကျွန်မကို ဆွဲခေါ်သွားပြီး မျက်နှာအနှံ့ လက်နဲ့ရိုက်ခဲ့တယ်။ ကျွန်မရဲ့ ပါးစပ်ထောင့်တွေမှာ သွေးထွက်သွားစေတယ်။ အဲဒီနောက် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး၊ “မင်း နှုတ်ဆိတ်မြဲဆိတ်နေရင် ဒီစီးကရက်နဲ့ မင်းမျက်နှာကို ရှို့လိုက်မှာ။ မင်း ရုက်ပျက်သွားမယ်”လို့ ပြောတယ်။ အဲဒီနောက် အဲဒါကို ကျွန်မမျက်နှာနဲ့ တကယ် အနီးလေးမှာ ထားလိုက်တယ်။ စီးကရက်ဆီက အပူရှိန်ကို ခံစားရရင်းနဲ့၊ ကျွန်မ အရမ်းလန့်ပြီး၊ “သူ တကယ်ငါ့ကို ရှို့လိုက်ရင်၊ ဆိုးဝါးတဲ့ အမာရွတ်တွေ ကျန်မှာပဲ၊ သွားတဲ့နေရာတိုင်းမှာ အကြည့်ခံရပြီး အလှောင်ခံရမှာ”လို့ တွေးမိတယ်။ ကျွန်မကို လူတွေ လက်ညှိုးထိုးပြီး ကျွန်မနောက်ကွယ်မှာ ကျွန်မအကြောင်း ပြောကြမှာဆိုတဲ့အတွေးက အရမ်းဆိုးပါတယ်။ အဲဒီနောက် ဘုရားဆီက ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရသွားတယ်။ “နိုင်ငံတော်၏ စစ်သည်ကောင်းများကို စစ်မှန်မှုအကြောင်း ပြောရုံသာပြောနိုင်သော သို့မဟုတ် ဝါကြွားရုံသာ တတ်နိုင်သော လူအုပ်စုတစ်ခု ဖြစ်လာရန် လေ့ကျင့်ပေးခြင်း မဟုတ်ပေ၊ ယင်းထက် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အချိန်ပြည့် အသက်ရှင်နေထိုင်နိုင်ရန်၊ မည်သည့် ဆုတ်ဆိုင်းမှုများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ အလျှော့မပေးဘဲ ဆက်လက်ရှိနေစေရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အဆက်မပြတ် အသက်ရှင်နေထိုင်ပြီး လောကသို့ ပြန်မသွားရန် ၎င်းတို့အား လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ပြောသည့် စစ်မှန်မှု ဖြစ်၏၊ ဤသည်မှာ လူသားများထံမှ ဘုရားသခင်၏တောင်းဆိုချက် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် စစ်မှန်မှု ပိုင်ဆိုင်ခြင်းဖြစ်သည်”) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်လိုက်တာက၊ စစ်မှန်တဲ့ ယုံကြည်သူတစ်ယောက်အတွက်၊ ဘာပဲဖြစ်ပါစေ၊ အမှောင်အင်အားတွေကို တစ်ခါမှ အလျှော့မပေးဘဲ၊ ဘုရားကို သစ္စာမဖောက်ဘဲ၊ ဘုရားကို ယုံကြည်ခြင်းမှာ သူတို့ အားကောင်းနေနိုင်ကြတယ်။ ကျွန်မ ဘုရားကို သစ္စာဖောက်အောင်လို့ ရုပ်ပျက်ဆင်းပျက်ဖြစ်ခြင်းနဲ့ ကျွန်မကို ရဲတွေက ခြိမ်းခြောက်ချင်ကြတာဖြစ်ပြီး ကျွန်မ အဲဒီအတွက် အလှည့်စားခံလို့ မဖြစ်ဘူး။ ဒါ့အပြင်၊ ကျွန်မ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရင်တောင်၊ ယုဒမဖြစ်ဘဲ သက်သေခံရပ်တည်ခဲ့ရင်၊ ဘုရားရဲ့ ထောက်ခံမှုကို ကျွန်မ ရနိုင်ပြီး စိတ်နှလုံးအတွင်းမှာ အေးချမ်းနိုင်မယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဘုရားကို သစ္စာဖောက်ရင်၊ ရှက်စရာဖြစ်တည်မှုကို အချိန်ဆွဲနေမိမှာဖြစ်ပြီး ကျွန်မရဲ့ အသိစိတ်က လုံးဝ အေးချမ်းမှာ မဟုတ်ဘူး။ အဲဒါ မခံနိုင်အောင် ဖြစ်မှာပဲ။ အသင်းတော် ဓမ္မသီချင်းတစ်ပုဒ်ရဲ့ တစ်စိတ်တစ်ပိုင်းကို တွေးမိခဲ့တယ်- “ကျွန်ုပ်၏ ဦးခေါင်းကွဲကြေပြီး သွေးများ စီးဆင်းနိုင်၏၊ သို့သော် ဘုရားသခင်၏ လူတို့၏ သတ္တိသွေးများ မဆုံးရှုံးနိုင်ပေ။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ဘုရားသခင်၏ ဘုန်းကြီးသော နေ့ကို ကျွန်ုပ် မြင်တွေ့လိုသည်”) အရာရှိတွေရဲ့ ညှဉ်းဆဲမှုကို ရင်ဆိုင်ဖို့ ယုံကြည်ခြင်းနဲ့ သတ္တိ တလိပ်လိပ် တက်လာတာကို ခံစားခဲ့ရတယ်။ ကျွန်မ မျက်လုံးတွေ မှိတ်ပြီး တိတ်တဆိတ် ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်။ သူတို့ ကျွန်မကို ဘယ်လိုညှဉ်းဆဲပါစေ၊ ကျွန်မမျက်နှာကို မီးနဲ့ရှို့ရင်တောင်၊ ကျွန်မ သက်သေရပ်တည်ပါမယ်။ ဒါကို သည်းခံဖို့ ယုံကြည်ခြင်းနဲ့ ခွန်အားပေးတော်မူပါ”လို့ပေါ့။ အဲဒီနောက် ကျွန်မ အံကြိတ်လိုက်ပြီး လက်တွေကို ကျစ်ကျစ်ဆုပ်လိုက်တယ်။ ဒါကို ကြောက်တဲ့အတွက်လို့ ယူဆပြီး၊ ရဲတွေက အရူးအမူး စရယ်ကြတယ်။ ကျွန်မ မျက်လုံးတွေကို ဖွင့်ပြီး သူ့ကို တည့်တည့် ကြည်လိုက်တယ်၊ ပြီးတော့ သူက အေးစက်စက် အပြုံးနဲ့ “ငါ စိတ်ပြောင်းသွားပြီ။ မင်းရဲ့ လျှာကို ငါ မီးနဲ့ရှို့မှာဖြစ်ပြီး၊ မင်း စကားတောင် ပြောလို့မရအောင် မီးနဲ့ရှို့မှာ”လို့ ပြောလိုက်တယ်။ ဒါကိုပြောနေတုန်း ကျွန်မ ပါးစပ်ကိုဖွင့်ဖို့ ကြိုးစားပေမယ့် သူ ဘယ်လောက်ပဲ ကြိုးစားပါစေ ဖွင့်လို့မရနိုင်ခဲ့ဘူး။ စိတ်ဆိုးသွားတဲ့ သူက ကျွန်မ ပခုံးတွေကို ဖမ်းပြီး ကျွန်မ ခြေထောက်တွေပေါ် ဆောင့်နင်းလိုက်တယ်၊ အဲဒီနောက် ထလိုက်ပြီးတော့ သူ့ခြေထောက်တွေကို ထပ်ပြချပြီး အပြန်ပြန် အလှန်လှန် လှန်ပစ်လိုက်တယ်။ အဲဒီနောက် လက်ထိပ်တွေကို ဖမ်းကိုင်ပြီး ရှေ့နောက် ဆောင့်ဆွဲလိုက်တယ်၊ ကျွန်မကို ခြေဖျားထောက်ကျန်ရစ်စေခဲ့တယ်။ ကျွန်မရဲ့ လက်ကောက်ဝတ်တွေက မချိတင်ကဲဝေဒနာခံခဲ့ရပြီး ကျွန်မလက်တွေက ပြတ်ထွက်သွားတော့မလို ခံစားရတယ်။ သူက ရယ်သွမ်းသွေးလိုက်ပြီး၊ “မင်းရဲ့ ဘုရားက အနန္တတန်ခိုးရှင်လား။ သူကို လာကယ်ခိုင်းလိုက်လေ” လို့ ပြောတယ်။ ဘုရားသခင်ဆီ မရပ်မနား အော်ဟစ်ရင်းနဲ့ ကျွန်မ ဆုတောင်းခဲ့ပြီး အဲဒီဘီလူးတွေအတွက် အမုန်းတရားနဲ့ပြည့်နေခဲ့တယ်။

သူက သူ့ဘာသာ ခြေကုန်လက်ပန်းကျတာနဲ့၊ ထိုင်ခုံကို ဆေးလိပ်သောက်ရင်း မှီလိုက်တယ်။ ကျွန်မအပေါ် တခြားဘာညှဉ်းဆဲမှုနည်းစနစ်တွေ သူတို့ သုံးဦးမလဲ၊ ကျွန်မ သေတာနဲ့ အဆုံးသတ်သွားမလားလို့ တွေးမိတယ်။ ဖြစ်ခဲ့ရင် မြန်ဆန်ဖို့ မျှော်လင့်မိတယ်၊ ဘာလို့လဲဆိုတော့ အဲဒီနောက် ကျွန်မကို သူတို့ထားခဲ့တဲ့ ရှင်လျက်ငရဲက မခံမရပ်နိုင်အောင် ဖြစ်လို့ပါ။ ဘယ်အချိန်မှာ အဆုံးသတ်မယ် ကျွန်မ မသိခဲ့ဘူး။ တွေးလေလေ၊ ပိုကြောက်မိလေလေဖြစ်ပြီး၊ “ငါ အသင်းတော် ခေါင်းဆောင်တွေ၊ ညီအစ်ကို မောင်နှမတွေကို လုံးဝ သစ္စာမဖောက်နိုင်ဘူး၊ ဒီတော့ သူတို့ ငါ့ကို ရိုက်တာရပ်အောင် ငါ ယုံကြည်သူ ဖြစ်လာခဲ့ပုံကိုပဲ သူတို့ကို ပြောပြီး ဒါကို ကျော်ဖြတ်လို့ ရမယ်ထင်တယ်”လို့ တွေးမိခဲ့တယ်။ နောက်တော့၊ “ငါ့မိဘတွေက ယုံကြည်သူတွေ။ သူတို့ကို ပြောပြလိုက်ရင်၊ ငါ့မိဘတွေ ငြိစွန်းပြီး ညီအစ်ကို မောင်နှမတချို့လည်း ငြိစွန်းသွားမယ်။ အဲဒါက ငါ့ကို ယုဒဖြစ်စေပြီး ဘုရားက ငါ့ကို အပြစ်ပေးမှာပဲ” လို့ ကျွန်မ တွေးမိတယ်။ အဲဒီနောက် ဒီဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းကို ကျွန်မ အမှတ်ရမိခဲ့တယ်- “ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်- အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။ အကယ်၍ လူသားသည် တွန့်ဆုတ်ကာ ကြောက်ရွံ့သော အတွေးများ သိုထားပါက၊ ယင်းမှာ ဘုရားသခင်ထဲသို့ ဝင်ရောက်ဖို့ ယုံကြည်ခြင်း တံတားအား ငါတို့ ဖြတ်ကူးမည်စိုးလျက်၊ စာတန်သည် ၎င်းတို့ကို လှည့်စားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ စာတန်သည် ၎င်း၏ အတွေးအခေါ်များကို ငါတို့ထံ ပို့ရန် ဖြစ်နိုင်သမျှသောနည်းလမ်းတိုင်းကို ကြိုးစားနေ၏။ ငါတို့ကို သူ၏အလင်းဖြင့် အလင်းပေးဖို့ အချိန်တိုင်း ဘုရားသခင်ထံ ငါတို့ ဆုတောင်းသင့်သည်၊ ငါတို့အတွင်းမှ စာတန်၏ အဆိပ်အတောက်ကို သန့်စင်စေရန် ဘုရားသခင်အပေါ် အချိန်တိုင်း ငါတို့ မှီခိုသင့်သည်၊ ဘုရားသခင်နှင့် မည်သို့နီးကပ်လာရမည်ဆိုသည်ကို ငါတို့၏ စိတ်ဝိညာဉ်အတွင်း၌ အချိန်တိုင်း လက်တွေ့လုပ်ဆောင်သင့်ပြီး၊ ငါတို့၏ ဖြစ်တည်မှုတစ်ခုလုံးအပေါ် ဘုရားသခင်ကို အုပ်စိုးခွင့်ပေးသင့်ပေသည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “နာမကျန်းမှုများတွန်းလှန်ပေးတာ ဘုရား၏ချစ်ခြင်းမေတ္တာပါ”) သူတို့ကို သူရဲဘောနည်းရာကနေ စကားပြောဖို့ စဉ်းစားနေတာက စာတန်ရဲ့ လှည့်ကွက်တွေကို အလျှော့ပေးနေတာဖြစ်မှန်း ကျွန်မ သဘောပေါက်သွားတယ်။ ဘုရားသခင်ထဲ ကျွန်မရဲ့ ယုံကြည်ခြင်းက တကယ်ချို့တဲ့နေမှန်း၊ ဆင်းရဲဒုက္ခခကို ကြံ့ကြံ့ခံဖို့ ဆုံးဖြတ်ချက် ကျွန်မှာ မရှိမှန်ူ တွေ့ရတယ်။ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုကြောင်းမဟုတ်ဘဲ၊ ဘုရားရဲ့နှုတ်ကပတ်တော်တွေက ကျွန်မကို တစ်ဆင့်ချင်း လမ်းပြနေခဲ့လို့ ဒီအချိန်ထိ ကျွန်မ နေနိုင်ခဲ့တာပါ။ အဲဒီအချိန်မှာ ဘုရားအပေါ် မှိခိုပြီး ယုံကြည်ခြင်းရှိဖို့ ကျွန်မ တကယ်လိုအပ်ခဲ့ပြီး၊ သူတို့ ကျွန်မကို ဘယ်လိုပဲ ညှဉ်းဆဲပါစေ၊ ဘုရားကို ကျွန်မ သစ္စာဖောက်လို့မဖြစ်ဘူး။ ကျွန်မ စိတ်နှလုံးထဲမှာ ဆုတောင်းချက်တစ်ခု ပြောလိုက်တယ်- “အို ဘုရားသခင်၊ ကျွန်မရဲ့ အသက်ကို ကိုယ်တော်ရဲ့လက်ထဲ ကျွန်မ ထားပြီး၊ ကိုယ်တော့် အစီအစဉ်တွေကို ကျွန်မ လက်ခံပါမယ်။ သူတို့ ကျွန်မကို သေတဲ့အထိ ညှဉ်းဆဲရင်တောင် ကျွန်မ ယုဒဖြစ်မှာ မဟုတ်ပါဘူး”လို့ပေါ့။ အဲဒီနောက် ကျွန်မ အံ့ဩသွားရတာက၊ ရဲတွေရဲ့ အကြီးအကဲက သူတို့ကို ခေါ်သွားတာပါပဲ။ ဘုရားဆီကို ကျွန်မ တိတ်တဆိတ် ကျေးဇူးတင်ခဲ့တယ်။

ခဏကြာပြီးတဲ့နောက် တံခါးဝမှာ အရာရှိတစ်ယောက်ကလာပြီး ကျွန်မကို ဓာတ်ပုံရိုက်သွားသလို၊ “မင်းပုံကို အွန်လိုင်းမှာ တင်ပြီး မင်းကို နာမည်ကျော်တစ်ယောက်ဖြစ်အောင် လုပ်မယ်၊ ဒါမှ မင်းရဲ့ မိတ်ဆွေ၊ ဆွေမျိုးအားလုံးနဲ့ အယောက်တိုင်းက မင်းဘယ်လိုပုံပေါက်တယ်ဆိုတာ မြင်ပြီး၊ မင်းတို့ ယုံကြည်သူတွေက အရူးတွေမှန်း မြင်မှာ” လို့ ပြောခဲ့တယ်။ အဲဒီအရာအားဖြင့် ကျွန်မ လုံးဝ မကြောက်သလို၊ “ရှင်တို့က ကျွန်မကို ဒီလိုပုံပေါက်အောင် လုပ်တဲ့သူတွေ မဟုတ်လား။ အွန်လိုင်းမှာ ဓာတ်ပုံတင်တာက ခရစ်ယာန်တွေကို ရှင်တို့ ဘယ်လိုနှိပ်စက်တယ်ဆိုတဲ့ အမှန်တရားကို လူတိုင်း မြင်ခွင့်ပေးရုံဖြစ်မှာပဲ”လို့ ပြန်ပြောလိုက်တယ်။ အမျိုးသမီး အရာရှိတစ်ယောက်က၊ “အင်း၊ ငါတော့ ယုံကြည်တယ်။ မင်းရဲ့ အဲဒီဘုရားက ဘာနဲ့တူတယ်၊ မင်းရဲ့ ခွန်အားတွေအားလုံး ဘယ်နေရာကလာတယ်ဆိုတာ ငါတကယ် မသိတော့ဘူး။ ဒီအရာအားလုံးပြီးသွားတဲ့နောက် မင်းရဲ့ ယုံကြည်မှုကို မင်း ဆက်ထိန်းနေတုန်းပဲ။ ဒီလောက် ငယ်ရွယ်တဲ့သူတစ်ယောက်က ဒီလောက်ခက်နိုင်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး” လို့ပြောတယ်။ သူဒါပြောတာ ကြားတော့ စိတ်နှလုံးထဲမှာ ဘုရားကို ကျွန်မ ကျေးဇူးတင်မိခဲ့တယ်။ အဲဒီနောက် ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိခဲ့တယ်။ “ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏၊ သူ၏တန်ခိုးသည် ထူးကဲသာလွန်ကာ၊ သူ၏ အသက်အင်အားကို မည်သည့် အဖန်ဆင်းခံ သတ္တဝါ၊ သို့မဟုတ် မည်သည့် ရန်သူအင်အားကမျှ မလွှမ်းမိုးနိုင်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်”) အဲဒီရက်တွေတစ်လျှောက်လုံး သူတို့ ကျွန်မကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေတယ်၊ ညှဉ်းဆဲနေခဲ့ကြတယ်။ ကျွန်မ သူရဲဘောနည်းပြီး အားနည်းခဲ့သလို၊ သေခြင်းနဲ့တောင် အဲဒါကို ရှောင်ရှားချင်ခဲ့တယ်။ ဒါပေမယ့် ကျွန်မကို ကာကွယ်ရင်းနဲ့ ဘုရားက ကျွန်မနဲ့အတူရှိခဲ့ပြီး၊ ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးရင်း၊ အဲဒီ လူမဆန်တဲ့ ညှဉ်းဆဲမှုအားလုံးကို အောင်မြင်ကျော်လွှားဖို့ ဦးဆောင်နေခဲ့တာ ဘုရားရဲ့ နှုတ်ကပတ်တော်တွေ ဖြစ်ခဲ့တယ်။ ဘုရားကို လှိုက်လှိုက်လှဲလှဲ ကျွန်မ ကျေးဇူးတင်မိတယ်။

နည်းနည်းကြားပြီးတဲ့နောက် အရာရှိတစ်ယောက်က ကျွန်မကို ရေချိုးခန်းဆီ ခေါ်သွားတဲ့အချိန်မှာ၊ သူက ကျွန်မကို၊ “မကြာခင် သူတို့ မင်းကို ပြန်စစ်မေးကြမှာဖြစ်ပြီး မင်း စကားပြောသင့်တယ်။ မဟုတ်ရင် နှစ်နဲ့ချီ ထောင်ထဲအထည့်ခံရလိမ့်မယ်၊ ပြီးတော့ အဲဒီအထဲမှာ ခဏလေးနေပြီးရင် ဒုက္ခိတဘဝနဲ့ ထွက်လာရလိမ့်မယ်။ အကျဉ်းသားတွေ ဆက်ဆံခံရပုံကို မင်းသိလား။ အမျိုးသမီးတွေက တခြားအမျိုးသမီးတွေကို ရိုက်နှက်ပြီး သူတို့က မင်းခြေထောက်တွေကို သစ်သားချောင်းတွေနဲ့ ရိုက်လိမ့်မယ်။ သူတို့ မင်းအပေါ် လက်တင်ရင်၊ မင်း အမဲဖျက်ခံရလိမ့်မယ်”လို့ ပြောတယ်။ သူဒါပြောတာ ကြားရတာ ကျွန်မကို မနှစ်မြို့စေသလို ကြောက်လည်းကြောက်လန့်စေခဲ့တယ်၊ ပြီးတော့ ကျွန်မ အသက် ၂၀ ကျော်အရွယ်မှာ မသန်မစွမ်းဖြစ်လာမယ့် အလားအလာနဲ့ အဲဒီနောက် ကျွန်မ ဘယ်လိုနေလို့ရမလဲဆိုတာ တကယ် မသိခဲ့ဘူး။ တစ်ဦးတည်းသော ကလေးအနေနဲ့၊ ကျွန်မ မိဘတွေက ကျွန်မ မသန်မစွမ်းဖြစ်ခဲ့ရင်၊ အားကိုးရမယ့်သူ ဘယ်သူမှရှိမှာ မဟုတ်ဘူး။ အဲဒီနောက် ဘုရားဆီက ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရသွားတယ်- “အာဗြဟံသည် ဣဇာက်ကို ပူဇော်ခဲ့သည်- သင်တို့သည် မည်သည့်အရာကို ပူဇော်ကြပြီးပြီနည်း။ ယောဘသည် အရာရာကို ပူဇော်ခဲ့သည်- သင်တို့သည် မည်သည့်အရာကို ပူဇော်ကြပြီးပြီနည်း။ လူများစွာတို့သည် မှန်သောလမ်းခရီးကို ရှာဖွေရန်အလို့ငှာ မိမိတို့၏ အသက်များကို ပေးကြပြီးဖြစ်သည်၊ လည်စင်းခံကြပြီးဖြစ်ကာ မိမိတို့အသွေးကို သွန်းကြပြီးဖြစ်သည်။ ထိုအဖိုးအခကို သင်တို့ ပေးကြပြီးပြီလော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ်”) အာဗြဟံက သူ့ရဲ့တစ်ဦးတည်းသောသားကို တကယ်ပူဇော်ခဲ့ပြီး၊ ယောဘက သူ့မှာ ရှိသမျှတိုင်းကို ဆုံးရှုံးပြီး သူ့ခန္ဓာကိုယ်အနှံ့ အနာစိမ်းတွေနဲ့ စစ်ဆေးခံရတဲ့အချိန်မှာ၊ မိတ်ဆွေတွေအားလုံးက သူ့ကို လှောင်ရယ်ခဲ့ကြပြီး သူ့မိန်းမက သူ့ကို လှောင်ပြောခဲ့ပေမယ့်၊ ဘုရားကို သူ အပြစ်မတင်ခဲ့ဘူး။ သူ သက်သေရပ်တည်ခဲ့တယ်။ ယောဘနဲ့ အာဗြဟံတို့က ဘုရားထဲမှာ စစ်မှန်တဲ့ ယုံကြည်ခြင်းရှိခဲ့ကြပြီး စမ်းသပ်မှုတွေကတစ်ဆင့် ထူးကဲတဲ့ သက်သေခံချက်ကို ပေးခဲ့ကြတယ်။ စာတန်ကို အရှက်ရစေဖို့ သူတို့ရဲ့ ပုံသက်သေနောက် ကျွန်မ လိုက်ဖို့လိုသလို၊ ကျွန်မ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခခံရပါစေ သက်သေရပ်တည်ဖို့လိုတယ်။ ဘုရားသခင်ဆီ ဒီနှုတ်ဆိတ်တဲ့ ဆုတောင်းချက်တစ်ခု ကျွန်မ ဆိုခဲ့တယ်၊ “ဘုရားသခင်၊ အရာခပ်သိမ်းက ကိုယ်တော်ရဲ့ အုပ်စိုးမှုအောက် လုံးဝ ရှိတယ်လို့ ကျွန်မ ယုံကြည်ပါတယ်၊ ဒါကြောင့် ကျွန်မ မသန်မစွမ်း ဖြစ်လာခြင်း ရှိမရှိဆိုတာ ကိုယ်တော်ရဲ့ လက်ထဲမှာပါ။ ကျွန်မကို ဘယ်အရာဖြစ်ပျက်ပါစေ၊ ဘယ်လောက် ဆင်းရဲဒုက္ခခံရပါစေ၊ ကျွန်မ သက်သေရပ်တည်ပြီး ကိုယ်တော့်ကို သက်သေခံဖို့ အဆင်သင့်ပါပဲ”လို့ပေါ့။ ဒါကြောင့် အရာရှိကို ကျွန်မ ပြောလိုက်တယ်၊ “အဲဒါ လွန်လွန်းမှာပဲ။ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေကို ကျွန်မ သစ္စာဖောက်လိုက်ရင်၊ ကျွန်မရဲ့ အသိစိတ်က လုံးဝ အေးချမ်းမှာ မဟုတ်ဘူး။ ကျွန်မ အမိန့်ချခံရရင်တောင်၊ မှားမှန်း ကျွန်မသိတဲ့အရာတစ်ခုကို ကျွန်မ လုံးဝ လုပ်မှာ မဟုတ်ဘူး”လို့ပေါ့။ ဒါနဲ့ စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ သူက ကျွန်မကို စကားတစ်ခွန်းမဟဘဲ စစ်ကြောရေးခန်းထဲ ပြန်ခေါ်သွားခဲ့တယ်။ ဧပြီလ ၁ ရက် မနက်စောစောမှာ၊ ရဲတွေက ကျွန်မကို စစ်မေးဖို့ လာခဲ့ကြပေမယ့်၊ ကျွန်မ ဘာကိုမှ မပြောပဲ ရှိနေတုန်းပဲ။ အဲဒီနေ့လည် ၂ နာရီဝန်းကျင်မှာ၊ ကျွန်မကို စပါးလှည်းတစ်စီးမှာ ထားပြီး ဦးနှောက်ကျင်းတဲ့ စခန်းတစ်ခုဆီ ခေါ်သွားတယ်။ အဲဒီကို သွားတဲ့ လမ်းတစ်လျှောက်လုံး ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ်ကို ကျွန်မ စိတ်နှလုံးထဲ တိတ်တဆိတ် ဆိုခဲ့တယ်- “လူတို့သည် မိမိကိုယ်ကိုယ် မည်သည့်ယုံကြည်စိတ်ချမှုမျှ မရှိပါက၊ ဤလမ်းကြောင်းအတိုင်း ဆက်သွားရန် ၎င်းတို့အတွက် မလွယ်ကူပေ။ ဘုရားသခင်၏အမှုသည် လူတို့၏အယူအဆများနှင့် စိုးစဉ်းမျှ မကိုက်ညီသည်ကို ယခု အယောက်တိုင်း တွေ့နိုင်၏။ ဘုရားသခင်သည် လူ့အယူအဆများနှင့် လုံးဝ မကိုက်ညီသည့် များလှစွာသော အမှုများကို လုပ်ဆောင်ပြီးဖြစ်သကဲ့သို့ များလှစွာသော နှုတ်ကပတ်တော်များကိုလည်း ပြောဆိုပြီးဖြစ်သည်။ ထို့ကြောင့်၊ လူတို့အနေဖြင့် ၎င်းတို့ မြင်နှင့်ပြီးဖြစ်သည့်အရာနှင့် ၎င်းတို့၏ အတွေ့အကြုံများမှ ၎င်းတို့ ရရှိပြီးဖြစ်သည့်အရာတို့ဖြင့် ရပ်တည်နိုင်ဖို့ရန် ယုံကြည်စိတ်ချမှုနှင့် စိတ်စွမ်းအားတို့ ရှိရမည်ဖြစ်သည်။ ဘုရားသခင်သည် လူတို့တွင် မည်သည့်အရာကို လုပ်ဆောင်သည် ဖြစ်စေ၊ ၎င်းတို့ကိုယ်တိုင် ပိုင်ဆိုင်သည့်အရာကို ၎င်းတို့ ထိန်းသိမ်းရမည်၊ ဘုရားသခင်ရှေ့မှောက်တွင် ရိုးသားစစ်မှန်ရမည်ဖြစ်ပြီး၊ တကယ့်အဆုံးတိုင်အောင် သူ့ကို အစဉ်ချစ်ခင်၍ သစ္စာရှိမြဲ ရှိရမည် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်၏တာဝန် ဖြစ်သည်။ လူတို့သည် မိမိတို့ လုပ်ဆောင်သင့်သည့်အရာကို ထိန်းသိမ်းရမည်ဖြစ်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “သင်၏တာဝန်ကို သင်ထမ်းဆောင်ရမည်ကျူး”) ယုံကြည်ခြင်းရှိတာက ဖိနှိပ်ခံရပြီး ဆင်းရဲဒုက္ခခံရတဲ့ သဘောဖြစ်မှန်း ကျွန်မ သိနှင့်ခဲ့တယ်။ ပြီးတော့ ဘယ်ဖိနှိပ်မှု၊ ဆင်းရဲဒုက္ခမျိုးကို ကျွန်မ ခံရသည်ဖြစ်စေ သက်သေရပ်တည်ပြီး ဘုရားကို စိတ်ကျေနပ်စေဖို့ ကျွန်မ ဆုံးဖြတ်ခဲ့ပြီးပြီဖြစ်ပေမယ့်၊ အဲဒါကို တကယ်ရင်ဆိုင်ရတဲ့အခါ၊ ကျွန်မ သဘောပေါက်လိုက်တာက၊ သက်သေရပ်တည်တာက ကျွန်မ တွေးခဲ့သလောက် မရိုးရှင်းဘူးဆိုတာပါပဲ။ အဲဒါက စိတ်အားထက်သန်ရုံသက်သက် မဟုတ်ဘဲ၊ စိတ်ချယုံကြည်မှုရှိပြီး ဆင်းရဲဒုက္ခခံဖို့ ဆုံးဖြတ်ချက်ရှိဖို့ လိုအပ်တယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းကို စုံလင်စေဖို့၊ ကျွန်မကို သန့်စင်ပြီး ကယ်တင်ဖို့ ဘုရားသခင်က ဒီလူမဆန်တဲ့ ပတ်ဝန်းကျင်နဲ့ ကျွန်မကို စစ်ဆေးနေခဲ့တာပါ။ ဘာပဲဖြစ်ပါစေ ဘုရားသခင်က ကျွန်မကို လမ်းပြမယ်မှန်း ကျွန်မ ယုံကြည်ခဲ့တယ်။ ဓမ္မသီချင်းကို သီဆိုနေတုန်းမှာ ကျွန်မရဲ့ ယုံကြည်ခြင်း ကြီးထွားခဲ့သလို၊ သူတို့ ကျွန်မကို ဘယ်လိုညှဉ်းဆဲပါစေ၊ ဘုရားအပေါ် ကျွန်မ မှီခိုရမှာဖြစ်ပြီး တကယ့်အဆုံးထိ သူ့နောက်လိုက်ရမှာဖြစ်တာကို ကျွန်မ သိခဲ့တယ်။

တရားရေးရာ ပညာပေးရေးဝင်းကို ကျွန်မတို့ ရောက်တော့၊ တစ်နေ့ ၂၄ နာရီ ကျွန်မကို စောင့်ကြည့်ဖို့၊ အသင်းတော်အကြောင်း မေးခွန်းမေးပြီး ဦးနှောက်ကျင်းဖို့၊ ပြီးတော့ ကျွန်မရဲ့ ယုံကြည်ခြင်းပျက်တဲ့အကြောင်း တစ်ခုခု ရေးစေဖို့၊ ရဲအရာရှိနှစ်ယောက်ကို ရဲတွေက တာဝန်ပေးခဲ့တယ်။ တတိယမနက်မှာ ကျွန်မတို့ ဇာတိမြို့မှာ သူတို့ ရိုက်ခဲ့တဲ့ ဗီဒီယိုတစ်ခု ကျွန်မကို ပြမယ်လို့ သူတို့ ပြောကြတယ်။ ဒါကိုကြားတော့ ကျွန်မ ရင်တုန်သွားပြီး သူတို့ ကျွန်မအိမ်ကိုများ ရှာပြီးကြပြီလား၊ ကျွန်မ မိဘတွေ ဒုက္ခရောက်ကုန်ကြပြီလားလို့ တွေးမိတယ်။ အသင်းတော်က ညီအစ်ကို မောင်နှမတချို့ ထိခိုက်မိခဲ့ကြပြီးဖြစ်မှာ ကျွန်မ စိုးရိမ်မိခဲ့တယ်။ ကျွန်မ ပိုပိုပြီး ကြောက်လာခဲ့တယ်။ ကျွန်မ ထိုင်ခုံပေါ်မှာ ဂနာမငြိမ် မဖြစ်ဘဲမနေနိုင်ခဲ့သလို၊ ကျွန်မရဲ့ ခြေလက်တွေ ထုံကျင်သွားသလို ခံစားရတယ်။ စိတ်နှလုံးထဲမှာ ဘုရားဆီ ဆုတောင်းမိခဲ့တယ်။ ဗီဒီယိုထဲမှာ ကျွန်မအဖေက ဖောနေသလိုမျိုး ရှိနေခဲ့ပြီး၊ ကျွန်မကို ဘုရားအပေါ် မှီခိုပြီး သက်သေရပ်တည်ဖို့ မသိမသာ ခွန်အားပေးရင်းနဲ့ ကျွန်မကို အကြောင်းအရာ နည်းနည်း ပြောခဲ့တယ်။ ဒါကို ကြားတော့၊ ကျွန်မမျက်နှာပေါ် မျက်ရည်တွေပဲ စီးကျလာပြီး စိတ်မသက်မသာ ခံစားခဲ့ရတယ်။ ရဲတွေက ကျွန်မကို ဘုရားအပေါ် သစ္စာဖောက်စေဖို့ ကျွန်မရဲ့ ခံစားချက်တွေအပေါ် ကစားဖို့ ကြိုးစားနေခဲ့မှန်းလည်း ကျွန်မ သဘောပေါက်ခဲ့တယ်၊ ပြီးတော့ ကွန်မြူနစ်ပါတီကို ကျွန်မ အစွမ်းကုန် စက်ဆုပ်ရွံရှာမိတယ်။ ဘုရားပြောခဲ့တဲ့ အရာတစ်ခုကို ကျွန်မ တွေးမိတယ်- “ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)”) ကွန်မြူနစ်ပါတီက ဘာသာရေး လွတ်လပ်မှုကို ပါးစပ်ပြောမျှ ပြောပေမယ့်၊ တကယ်တော့၊ ခရစ်ယာန်တွေကို အရူးအမူး ဖမ်းပြီး နှိပ်စက်သလို လူမဆန်စွာနဲ့ ညှဉ်းဆဲကြတယ်၊ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ သူတို့ကို ပြစ်ဒဏ်ချကြတယ်။ မရေမတွက်နိုင်တဲ့ ခရစ်ယာန်တွေက သူတို့ရဲ့ မိဘတွေကို မတွေ့နိုင်၊ သူတို့ကလေးတွေ မပြုစုမပျိုးထောင်နိုင်ဘဲနဲ့ မပြေးချင်ဘဲ ပြေးလွှားနေရတယ်။ အဲဒါအားလုံးကို ကွန်မြူနစ်ပါတီက ကျူးလွန်ထားတာပါ။ ပါတီက ခရစ်ယာန်အိမ်တွေကို ဖြိုခွဲရာမှာ အဓိက လက်သည်ပဲ။ အရာရှိတွေက ဘေးမှာရပ်ပြီး ကျွန်မငိုနေတာကိုမြင်တဲ့အခါ ကြိတ်ရယ်ကြပြီး၊ အဲဒီနောက် ကျွန်မ သေချာပေါက် စကားပြောတော့မယ်လို့ ထင်ကြတယ်။ ဒါပေမယ့် ကျွန်မ ပါးစပ်ပိတ်ထားတုန်းဖြစ်ချိန်မှာ၊ သူတို့ စားပွဲကို ရိုက်၊ ကျွန်မကို ကျိန်ဆဲပြီးနောက် လှည့်ထွက်သွားကြတယ်။

တစ်လကြာပြီးတဲ့နောက် အရာရှိနှစ်ယောက် ကျွန်မကို ထပ်စစ်ဆေးဖို့ ပြန်လာကြပြီး၊ ညီအစ်ကို မောင်နှမတွေကို ခွဲပြဖို့ပြောရင်းနဲ့ ကျွန်မကို ဓာတ်ပုံတွေ ပြတယ်။ တစ်ယောက်က ကျွန်မကို၊ “မင်းဘာကိုမှ ဝန်မခံရင် တစ်ခြားလူတွေရဲ့ ရာဇဝတ်မှုတွေအတွက် အပြစ်ပေးခံရလိမ့်မယ်၊ ငါတို့မင်းကို ဘယ်လောက်ရနိုင်လဲဆိုတာ ငါကြည့်မယ်။ မင်း ၈ နှစ် ဒါမှမဟုတ် ၁၀ နှစ်နဲ့ အဆုံးသတ်လိမ့်မယ်၊ အဲဒါဆို မင်းဘယ်လောက်မာလဲဆိုတာ ငါတို့ ကြည့်ရမယ်”လို့ ပြောတယ်။ နောက်တစ်ယောက်က ကျွန်မကို သွေးဆောင်ဖို့ ကြိုးစားရင်းနဲ့၊ “မင်းငါတို့ကို လိုက်လျောပြီး၊ မင်းရဲ့ ဘာသာကိုစွန့်ပြီးပြီဆိုတဲ့ ကြေညာချက်ကို ရေးပါ၊ ပြီးရင် မင်းဖြစ်ချင်တာမှန်သမျှ ငါတို့ လုပ်ပေးမယ်” လို့ပြောတယ်။ ကျွန်မမပြောင်းလဲတော့၊ သူက ကျွန်မကို ထပ်မျှားဖို့ ကြိုးစားတယ်- “မင်းမိဘတွေမှာ တခြားကလေး တစ်ယောက်မှမရှိသလို မင်းကို ပျိုးထောင်ဖို့ သူတို့ အရမ်းအလုပ်ကြိုးစားခဲ့တာ ငါ သိတယ်။ မင်းအနေနဲ့ ကာလရှည်ပြစ်ဒဏ်တစ်ခု ရတာနဲ့ဆိုင်ပြီး ဘာကိုမှ အခု တွေးနိုင်မှာမဟုတ်ပေမယ့်၊ အဲဒီနေ့ တကယ်ရောက်လာတဲ့အခါ မင်း စိတ်မချမ်းမမြေ့ဖြစ်ရာမှာပဲ၊ ပြီးတော့ နောင်တရဖို့ အရမ်းနောက်ကျသွားလိမ့်မယ်။ မင်းမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်- ၁။ မင်းရဲ့ ဘာသာတရားကို စွန့်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ငြင်းပယ်လိုက်၊ ပြီးရင် ငါတို့ မင်းကို အိမ်ကို တန်းတန်းမတ်မတ် ပြန်ခေါ်သွားမယ်။ ၂။ မင်းရဲ့ ယုံကြည်ခြင်းကို မရမကထိန်းသိမ်းပြီး ထောင်ထဲသွားပေါ့။ မင်း နည်းနည်းလောက် သေချာတွေးကြည့်တာ ပိုကောင်းမယ်”တဲ့။ ကျွန်မ စိတ်သဘောကွဲတာမျိုး ခံစားနေခဲ့ရတယ်။ ယုံကြည်ခြင်း မရှိကြောင်း အဲဒီထွက်ဆိုချက်ကို ကျွန်မ ရေးခဲ့ရင်၊ အဲဒါ ဘုရားကို သစ္စာဖောက်တာ ဖြစ်မှာပဲ၊ ဒါပေမယ့် ကျွန်မရဲ့ ယုံကြည်ခြင်းကို ကျွန်မ ရွေးခဲ့ရင်၊ ထောင်ထဲသွားရမှာ။ ကျွန်မရဲ့ မိဘတွေကို ကျွန်မ တစ်ချိန်ချိန် မြင်ရပါတော့မလား။ ကျွန်မသာ ထောင်ထဲရောက်သွားရင်၊ လူတွေက ကျွန်မ မိဘတွေအပေါ် သေချာပေါက် မကောင်းတွေးကြမှာဖြစ်ပြီး၊ သူတို့ရဲ့ မယုံကြည်သူ ချစ်ရသူတွေက သူတို့ကို ဝေဖန်ကြမှာ။ အဲဒါ သူတို့အတွက် တကယ်ကို ခက်ခဲမှာပဲ။ ဗီဒီယိုထဲမှာ ကျွန်မအဖေရဲ့ မျက်နှာက အသားဝါပြီး ဖောင်းနေတာကို တွေ့ရတယ်။ သူ့မှာ ကျန်းမာရေးပြဿနာများ ရှိလား။ ဒီအတွေးက ကျွန်မကို ပိုပိုပြီး စိတ်မချမ်းမြေ့ဖြစ်စေခဲ့သလို၊ ကျွန်မ တကယ်ကို ရုန်းကန်နေခဲ့ရလို့၊ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်မ သစ္စာမဖောက်နိုင်ပေမယ့်၊ ကျွန်မမိဘတွေကိုလည်း လက်မလွှတ်နိုင်ပါဘူး။ ဘုရားသခင်၊ ကျွန်မ ဘာလုပ်သင့်ပါသလဲ” လို့ပေါ့။ အဲဒီနောက် ဘုရားဆီက ဒီနှုတ်ကပတ်တော်တွေ ကျွန်မတွေးမိခဲ့တယ်- “မည်သူ ထွက်ပြေးသည် ဖြစ်စေ၊ သင်ထွက်ပြေး၍ မဖြစ်။ အခြားလူများ မယုံကြည်ကြ သော်လည်း၊ သင်ယုံကြည်ရမည်။ အခြားလူများ ဘုရားသခင်ကို စွန့်ပစ်ကြသော်လည်း၊ သင်သည် ဘုရားသခင်ကို ထောက်ခံကာ သူ့ကို သက်သေခံရမည်။ အခြားသူများက ဘုရားသခင်ကို အသရေဖျက်ကြသော်လည်း၊ သင် အသရေဖျက်၍ မဖြစ်။...ဘုရားသခင်သည် အပြစ်ကင်းသောကြောင့် သူ၏ ချစ်ခြင်းမေတ္တာကို သင် ပြန်ပေးဆပ်ရမည်ဖြစ်ပြီး၊ သင်သည် အသိတရားရှိရမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ်”) “သင်သည် အသိတရားရှိရမည်၊” ဒီနှုတ်ကပတ်တော်တွေကို ကျွန်မနားထဲ ကြားမြဲကြားနေရတယ်။ ကျွန်မ ယုံကြည်ခဲ့တဲ့ နှစ်တွေတစ်လျှောက်မှာ၊ ဘုရားရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ကျွန်မ အများကြီး မွေ့လျော်ခဲ့ပြီးပြီ။ သမ္မာတရားတချို့နဲ့ ဘယ်လူစားမျိုး ကျွန်မ ဖြစ်သင့်လဲဆိုတာကိုလည်း ကျွန်မ သင်ယူခဲ့ရပြီးပြီ။ ဘုရားသခင်ဆီက အများကြီး ကျွန်မ ရရှိခဲ့ပြီးပြီ။ သူ့ကို သစ္စာဖောက်တာက လုပ်ဖို့ လွန်ကဲလွန်းတဲ့ အရာတစ်ခု ဖြစ်မှာပဲ။ ဒါပေမယ့် တစ်ဖက်မှာ ဘုရားအကြောင်းတွေးရင်းနဲ့ အခြားတစ်ဖက်မှာ ကျွန်မရဲ့ မိဘအကြောင်းတွေးရင်း၊ ဆုံးဖြတ်ချက်ချတာက စိတ်ဒုက္ခရောက်စရာပါပဲ။ အဲဒါက အထူးသဖြင့် ကျွန်မ စိတ်နှလုံးထဲမှာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်ခဲ့တယ်။ ကျွန်မကို လမ်းပြပြီး ယုံကြည်ခြင်းပေးဖို့ ဘုရားကို တောင်းလျှောက်ရင်းနဲ့ ဆုတောင်းချက်တစ်ခု ကျွန်မ တိတ်တဆိတ်ဆိုခဲ့တယ်။ ကျွန်မ ဆုတောင်းပြီးတဲ့နောက် ဒီဘုရားနှုတ်ကပတ်တော်တွေ စိတ်ထဲပေါ်လာတယ်- “သင်တို့ထဲ၌ အမှားနှင့် အမှန်ကြား ဗျာများနေသောသူများ များစွာရှိသည် မဟုတ်လော။ အပြုသဘောနှင့် အနုတ်သဘော၊ အဖြူနှင့် အမည်းကြားရှိ ယှဉ်ပြိုင်ပွဲများ၌ သင်တို့သည် မိသားစုနှင့် ဘုရားသခင်ကြား၊ သားသမီးများနှင့် ဘုရားသခင်ကြား၊ ငြိမ်းချမ်းခြင်းနှင့် ပြိုကွဲပျက်စီးခြင်းကြား၊ ချမ်းသာခြင်းနှင့် ဆင်းရဲခြင်းကြား၊ ဂုဏ်ဒြပ်ရှိခြင်းနှင့် ဂုဏ်ဒြပ်မဲ့ခြင်းကြား၊ ထောက်ခံမှုခံရခြင်းနှင့် ဘေးဖယ်ထားမှုခံရခြင်း အစရှိသည်တို့အကြား၌ သင်တို့ပြုခဲ့သော ရွေးချယ်မှုများကို သင်တို့ အသေအချာသိသည်။ ငြိမ်းချမ်းသော မိသားစုနှင့် အိမ်ထောင်ကွဲ မိသားစုအကြားဆိုလျှင် သင်တို့သည် တုံ့ဆိုင်းမနေဘဲ ပထမတစ်ခုကို ရွေးကြသည်၊ စည်းစိမ်ဥစ္စာနှင့် တာဝန်ဝတ္တရား ဆိုလျှင်လည်း ကမ်းခြေသို့ ပြန်ဆိုက်က လိုစိတ်ပင် မရှိဘဲ ပထမတစ်ခုကိုသာ ထပ်ရွေးကြသည်၊ စည်းစိမ်ရှိခြင်းနှင့် ဆင်းရဲမှုအကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ သမီး၊ သား၊ ဇနီး၊ ယောက်ျားနှင့် ငါ၏အကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ အယူအဆနှင့် သမ္မာတရား ဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်။ သင်တို့၏ ဒုစရိုက်လုပ်ရပ်များ အားလုံးကို ရင်ဆိုင်ရပြီးသောနောက် သင်တို့အပေါ်ထားသော ငါ၏ယုံကြည်မှုမှာ လုံးဝပင် ပျောက်ဆုံးသွား၏။ သင်တို့၏စိတ်နှလုံးများသည် ပျော့ပျောင်းဖို့ တင်းခံနိုင်လွန်းကြသည်ကို ငါအလွန်အံ့သြမိသည်။...အကယ်၍ သင်တို့ကို ထပ်ရွေးခိုင်းပါက သင်တို့၏ရပ်တည်ချက်သည် မည်သို့ဖြစ်လိမ့်မည်နည်း။ ယခင်အတိုင်းပင် ဖြစ်ကြဦးမည်လော။ သင်တို့က ငါ့ကို စိတ်ပျက်မှုနှင့် စုတ်ချာချာ ဝမ်းနည်းမှုတို့ကို ထပ်ပေးဦးမည်လော။ သင်တို့၏ နှလုံးသားများသည် ငွေ့ငွေ့လေးသာ နွေးနေဦးမည်လော။ ငါ၏ နှလုံးသားကို နှစ်သိမ့်စေဖို့ရန်အတွက် အဘယ်အရာလုပ်ရမည်ကို သင်တို့ မသိဘဲနေဦးမည်လော။ ယခုအခိုက်အတန့်၌ သင်တို့သည် အဘယ်အရာကို ရွေးချယ်မည်နည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်မည်သူ့ကို သစ္စာစောင့်သိသနည်း”) ဘုရားက ကျွန်မရဲ့ အဖြေကိုစောင့်ရင်းနဲ့ ကျွန်မဘေးမှာ ရှိနေသလို ခံစားခဲ့ရတယ်။ ဇာတိအသွေးအသား အနှောင်အဖွဲ့တွေအတွက်၊ မိသားစု သဟဇာတဖြစ်ဖို့ ဘုရားကို သစ္စာဖောက်လို့မရမှန်း ကျွန်မ သိခဲ့တယ်။ ဘုရားက အနန္တတန်ခိုးရှင်ဖြစ်ပြီး၊ ကျွန်မ မိဘတွေရဲ့ ကျန်းမာရေးနဲ့ သူတို့ဘဝတွေက ဘုရားလက်ထဲမှာ ရှိတယ်။ သူတို့အကြောင်းကို စဉ်ဆက်မပြတ် စိုးရိမ်တာက ကျွန်မမှာ ဘုရားကို ယုံကြည်ခြင်း ကင်းမဲ့တာကိုသာ ပြတယ်။ ကျွန်မတို့ အချင်းချင်း တွေ့ကောင်းတွေ့နိုင်မှာ မဟုတ်ပေမယ့်၊ ဘုရားအပေါ် ကျွန်မတို့ မှီခိုသရွေ့၊ သူက ကျွန်မတို့ကို လမ်းပြမယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ဒီအတွေးက ကျွန်မရဲ့ ယုံကြည်ခြင်းကို ပြန်ပေးခဲ့ပြီး ဘုရားကို စိတ်ကျေနပ်စေဖို့ ကျွန်မရဲ့ဇာတိပကတိကို စွန့်လွှတ်ဖို့ အသင့်ရှိသလို ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မ ဆုတောင်းချက်တစ်ခု တောင်းခဲ့တယ်- “အို ဘုရားသခင်၊ ကျွန်မမိဘတွေကို ကိုယ်တော်ရဲ့ လက်တော်ထဲထားပြီး၊ ကိုယ်တော့်အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ကျွန်မ လိုလားလျက်ပါ”လို့ပေါ့။ အဲဒါကြောင့် ကျွန်မ လက်သီးဆုပ်၊ ထရပ်ပြီး၊ “ကျွန်မ ဆုံးဖြတ်ချက်ချပြီးပြီ၊ အနန္တတန်ခိုးရှင် ဘုရားသခင်နဲ့ ကျွန်မ သွားမယ်။ သူက ကောင်းကင်၊ မြေကြီးနဲ့ အရာရာကို ဖန်ဆင်းခဲ့တဲ့ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားသခင်ဖြစ်ပြီး၊ ‌ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်။ ဘုရားကို ကျွန်မ ဘယ်တော့မှ ငြင်းပယ်မှာ မဟုတ်ဘူး”လို့ ပြောလိုက်တယ်။ ဒါကို ကျွန်မ ပြောလိုက်တာနဲ့ လုံးဝ အေးချမ်းသွားသလို ခံစားခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုကြောင့်သာ မဟုတ်ခဲ့ရင်၊ စာတန်ရဲ့ လှည့်ကွက်တွေအပေါ် အောင်နိုင်ဖို့ ကျွန်မ တကယ် ရုန်းကန်ခဲ့ရမှာပါ။ ကျွန်မ ဘယ်လောက် ပြတ်သားမှန်း တွေ့တော့ အရာရှိက သူ့ရဲ့ ကြမ်းကြုတ်ရက်စက်မှုကို ပြခဲ့တယ်။ သူက စာရွက်ထူထူတွေကို စားပွဲပေါ်ပစ်တင်လိုက်ပြီး ကျွန်မမျက်နှာကို ပြင်းပြင်းထန်ထန် ထုလိုက်တယ်၊ အဲဒီနောက် ကျွန်မကို၊ “မင်းက လမ်းပြောက်နေတဲ့ကောင်မပဲ။ မင်း စကားမပြောတာနဲ့ပဲ ငါတို့ ဘာကိုမှ သိမှာမဟုတ်ဘူးလို့ ထင်လား။ မင်းကို ရှင်းရှင်းပြောလိုက်မယ်— မင်းတို့နောက်ကို ငါတို့ သုံးလကြာ လိုက်နေနှင့်ပြီးပြီ၊ ဒီတော့ မင်းတို့အကြောင်းအားလုံးကို ငါတို့ မသိဘူးလို့များ ထင်လား။ မင်းက သဘောထား ကောင်းကောင်းရှိမရှိဆိုတာကိုပဲ ငါတို့က ကြည့်ချင်တာ၊ ဒါကြောင့် မင်းစဉ်းစားပေါ့ကွာ” လို့ အော်လိုက်တယ်။ ကျွန်မက၊ “ကျွန်မ ဘုရားကို ငြင်းပယ်မှာမဟုတ်ဘူး၊ ထောင်ကျရမယ်ဆိုရင်တောင် ကျွန်မ သူ့ကို သစ္စာဖောက်မှာ မဟုတ်ဘူး”လို့ ပြောလိုက်တယ်။ အဲဒီနောက် သူတို့က ကျွန်မကို မြူနီစီပယ် ထိန်းသိမ်းရေး စခန်းတစ်ခုကို ခေါ်သွားကြတယ်။

ကျွန်မ မကြာခဏ အဖျားကြီးပြီး ခြေတွေလက်တွေဖောင်းလာတယ်။ ပြီးတော့ သူတို့က ကျွန်တော့်ကို နေ့တိုင်းနှစ်နာရီလောက် တင်ပျဉ်ခွေထိုင်ခိုင်းတယ်။ စစ်ဆေးမေးမြန်းတဲ့အတောအတွင်းမှာ ကျွန်မ ခါးကို အကန်ခံခဲ့ရပြီး၊ ကျွန်မရဲ့ ကျောက်ကပ် ထိခိုက်ခဲ့တယ်။ ဒါကြောင့် ကျွန်မ ခါးအရမ်းနာလွန်းလို့ ဖြောင့်ဖြောင့် ထိုင်လို့မရခဲ့ဘူး။ ကျွန်မ နေ့တိုင်း အိပ်ပျော်သွားအောင်လုပ်ဖို့ အရမ်းခက်ခဲ့ပြီး၊ ညဆိုင်းယူဖို့ မကြာခဏ နိုးခဲ့ရတယ်။ နှစ်ပတ်ကြာပြီးတဲ့နောက်၊ ဆီးသွားရ စခက်လာခဲ့တယ်၊ ကျွန်မရဲ့ အစာအိမ် ရောင်ရမ်းပြီး နာကျင်သလို၊ ကျွန်မခါးလည်း နာနေခဲ့တယ်။ ပြီးရင် နေ့တိုင်း ညနေ ၆ နာရီ ဒါမှမဟုတ် ၇ နာရီလောက် ကျွန်မ အဖျားတက်ပြီး ကျွန်မမျက်နှာ နီမြန်းနေခဲ့တယ်။ ဆရာဝန်က ကျွန်မကို စစ်ဆေးခဲ့ပြီး၊ ကျွန်မရဲ့ ဘယ်ဘက်ကျောက်ကပ်မှာ တစ်လက်မ နီးပါးကျယ်တဲ့ အကျိတ်ရှိပြီး၊ အဲဒါက ရောင်နေတယ်လို့ ပြောတယ်။ တကယ်နာကျင်တဲ့အခါ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းပြီး သူ့ဆီကို ချဉ်းကပ်သလို သူ့ကို ချီးမွမ်းသီချင်းဆိုတယ်၊ နောက်တော့ အဲဒီ နာကျင်မှုအကြောင်းကို ကျွန်မ မေ့ပျောက်သွားတယ်။

ကျွန်မ ထိန်းသိမ်းရေးစခန်းမှာ ၂၇ ရက်နေခဲ့ပြီးတာနဲ့ သူတို့က ကျွန်မကို အာမခံ ဆိုင်းငံ့ထားတဲ့ ရုံးချိန်းနဲ့ ကျွန်မကို လွှတ်ပေးခဲ့ပြီး၊ ကျွန်မ တကယ်အိမ်ပြန်နိုင်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် အံ့ဩဖို့ကောင်းတာက ကျွန်မရဲ့ ဇာတိမြို့ ရဲတွေနဲ့ ဒေသခံ အစိုးရအရာရှိတွေက ကျွန်မကို ၄၈ ရက်ကြာ ပြောင်းလဲစေခြင်းနဲ့ ဦးနှောက်ကျင်းခြင်းအတွက် တခြား ဦးနှောက်ကျင်းတဲ့ အခြေစိုက်စခန်းတစ်ခုဆီကို တိုက်ရိုက်ခေါ်ဆောင်သွားခဲ့တယ်။ အဲဒီနောက် စာရင်းသွင်းဖို့ နယ်မြေရဲစခန်းဆီ ခေါ်သွားတယ်။ ရဲချုပ်က ကျွန်မကို သူ့ရုံးခန်းထဲခေါ်ပြီး ပြောတယ်၊ “မင်းက အခု အာမခံနဲ့ ဆိုင်းငံ့ထားလို့ တရားရင်ဆိုင်နေရတာဖြစ်လို့ မင်းရဲ့ အမှုကို ဆိုင်းငံ့ထားတယ်။ တစ်နှစ်တာ၊ မြို့အကန့်အသတ်တွေကျော်ပြီး မင်း ထွက်သွားခွင့်မရှိဘူး။ အနီးအနားတစ်ဝိုက်မှာ လက်တိုလက်တောင်း ပြေးဖို့ကိစ္စရှိရင်တောင် မင်းငါတို့ကို သတင်းပို့ဖို့ ခွင့်ပြုချက်တောင်းဖို့ ဒီကိုအရင်လာရမယ်။ အကြောင်းကြားလိုက်တာနဲ့ ငါတို့ကို သတင်းပို့ဖို့ မင်း အဆင်သင့် ဖြစ်ဖို့လိုတယ်”တဲ့။ ကျွန်မ အိမ်ပြန်ရောက်ပေမယ့် ဘာလွတ်လပ်မှုမှ မရှိဘူး။ ပြီးတော့ မြို့ထဲသွားတဲ့အခါတိုင်း တစ်ယောက်ယောက် ကျွန်မနောက်လိုက်နေခဲ့တယ်။ ဒီလို လအနည်းငယ်ကြာပြီးတဲ့နောက် တာဝန်တစ်ခုထမ်းဆောင်ဖို့ အိမ်က ထွက်သွားဖို့ကလွဲလို့ ကျွန်မှာ ရွေးချယ်စရာမရှိခဲ့ဘူး။ ရဲက ကျွန်မကို အိမ်မှာလာကြည့်ပြီး ကျွန်မရဲ့ဘာသာရေးအခြေအနေအကြောင်း စုံစမ်းမေးမြန်းဖို့ တစ်ယောက်ယောက်ကို စေလွှတ်ခဲ့တယ်၊ ပြီးတော့ ကျွန်မရဲ့ ယုံကြည်ချက်ကို ကျွန်မ ဆက်လုပ်ရင် သူတို့ ကျွန်မကို ထပ်ဖမ်းမယ်၊ ပြီးတော့ ရဲစခန်းကို ကျွန်မ သတင်းပို့ရမယ်လို့ ကျွန်မရဲ့ မိသားစုကို ပြောခဲ့တယ်။ ဒီအကြောင်း ကြားရတော့ ကျွန်မ ဒေါသထွက်ခဲ့တယ်။ ပြီးတော့ ကျွန်မတွေးခဲ့တာက၊ “ကျွန်မှာ ယုံကြည်ချက်ရှိတာပေါ့၊ ပြီးတော့ ဒါတင်မကဘူး၊ အရာရာဖြစ်ပေမယ့်လည်း ဧဝံဂေလိ ဝေမျှပြီး သက်သေခံဦးမှာ။ ငါ ဘုရားသခင်ကို အားကိုးပြီး ရှေ့ဆက်မှာ သေချာတယ်” လို့လေ။ ဘုရားရဲ့ ကျေးဇူးတော်ပဲ။

အောက်ခြေမှတ်စု(များ)-

က။ ကမ်းခြေသို့ ပြန်ဆိုက်- ဤသည်မှာ တရုတ်ဓလေ့သုံးစကားဖြစ်ပြီး “ဒုစရိုက်လမ်းများကို ကျောခိုင်းသည်” ဟု အဓိပ္ပာယ်ရ၏။

နောက်တစ်ခုသို့- အမေ ထောင်ကျစဉ်က

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်ပွဲတွင် စာတန်ကို အနိုင်ယူခြင်း

ချမ်မိုရမ်၊ ဟီနန်စီရင်စု အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက မိန့်ကြားသည်။ “သင်သည် ဇာတိပကတိကို တွန်းလှန်သည့်အခါ သင့်အတွင်းထဲ၌...

သက်သာမှုကို တပ်မက်ခြင်းသည် မည်သည့်အရာကိုမျှ မရရှိစေပါ

ရှောင်ရွေ့ ဆွီဒင်နိုင်ငံ အရင်နှစ် ဇူလိုင်လတုန်းက ဗီဒီယိုအလုပ်ကို ကျွန်မ ဦးဆောင်ရတယ်။ အစပိုင်းမှာ ညီအစ်ကိုမောင်နှမတွေရဲ့အလုပ်ကို ကျွန်မ...

ကယ်တင်ခြင်းခံရမှုကို အနည်းငယ်သဘောပေါက်နားလည်လာခြင်း

လင်ဇင်း၊ ရှန်ဒေါင်စီရင်စု ခရစ်ယာန်တစ်ဦးဖြစ်လာပြီးနောက် အရာအားလုံးကိုဘေးဖယ်၍ ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးချကာ၊ အသင်းတော်အလုပ်ကို...

အမေ ထောင်ကျစဉ်က

ကျိုးကျယ် တရုတ်နိုင်ငံ ကျွန်မအမေနဲ့ ကျွန်မတို့ အိမ်ကနေ ထွက်ပြေးတုန်းက ကျွန်မက ၁၅နှစ်ရှိပြီ။ ၂၀ဝ၂ခုနှစ် တစ်ညမှာ ကျွန်မတို့ နောက်ကျပြီး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။