ယုံကြည်ခြင်း ဖြစ်လာပုံ

22.05.2022

လျိုယွီ တရုတ်နိုင်ငံ

၂၀ဝ၈ သြဂုတ်လကုန်ပိုင်းတစ်ရက်မှာ အသင်းတော်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အစ်ကိုရှောင်ယူအဖမ်းခံလိုက်ရပြီဆိုပြီး ကျွန်မကို သတင်းပေးတယ်။ အစ်ကိုဟောင်နဲ့ ကျွန်မက ကျွန်မတို့ညီအစ်ကိုမောင်နှမတွေကို ချက်ချင်းပြောင်းရွှေ့ဖို့ပြောပြီး အသင်းတော်ပစ္စည်းတွေကို နေရာရွှေ့ကြတယ်။ အဲဒီအချိန်အတောအတွင်းမှာ အသင်းတော်အလုပ်တွေလုပ်ဖို့ ကျွန်မတို့ လက်တွဲချင်တဲ့ အသင်းတော်ခေါင်းဆောင် နှစ်ယောက်နဲ့လည်း တွေ့ခဲ့တယ်။ အဲဒီညမှာ မိတ်သဟာယကို အဆုံးသတ်ပြီးတဲ့နောက်မှာ သူတို့အိမ်ပြန်သွားကြတယ်။ ဒါပေမဲ့ နောက်တစ်နေ့ကျတော့ သူတို့ဖုန်းတွေက အကုန်ပိတ်ထားလို့ သူတို့နဲ့ ကျွန်မတို့ ဆက်သွယ်လို့မရခဲ့ဘူး။ သုံးလေးရက်လောက်ကြာတော့မှ ဒီခေါင်းဆောင်နှစ်ယောက်အပြင် ညီအစ်ကိုမောင်နှမ အယောက် ၂၀ ကျော်အဖမ်းခံရတယ်ဆိုတဲ့ စကားကြားရတယ်။ ကျွန်မက အစ်ကိုရှောင်ယူနဲ့ ခဏခဏဆုံနေကျဆိုတော့ ကျွန်မလည်း စောင့်ကြည့်ခံနေရသလားဆိုတာ တွေးမိတယ်။ ကျွန်မက အချိန်မရွေးအဖမ်းခံရမဲ့အန္တရာယ်ရှိနေတဲ့ပုံပဲ။ ကျွန်မ တော်တော်ကြောက်ပြီး ဘုရားသခင်ဆီ မကြာခဏ ဆုတောင်းမိတယ်။ ဒီအခက်အခဲတစ်လျှောက် ကျွန်မ ခိုင်ခိုင်မာမာရပ်တည်အောင် ကူညီပေးဖို့ ဆုတောင်းတယ်။ စုဝေးပွဲတစ်ခုမှာ ကျွန်မ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကိုတွေ့တယ်။ “သင်တို့သည် ‘အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်း ဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။’ ဟူသော စကားများကို မှတ်မိကောင်း မှတ်မိကြပေလိမ့်မည်။ ဤစကားများကို သင်တို့အားလုံး ယခင်က ကြားခဲ့ကြပြီးဖြစ်သော်လည်း သင်တို့ထဲမှ မည်သူမျှ ယင်းတို့၏စစ်မှန်သော အဓိပ္ပါယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့တွင် သင်တို့သည် ထိုစကားများ၏ စစ်မှန်သောအရေးပါမှုကို လေးလေးနက်နက် သတိပြုမိကြသည်။ ဤစကားများသည် နောက်ဆုံးသောကာလအတွင်း၌ ဘုရားသခင်အားဖြင့် ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ အဆင်းနီသောနဂါးကြီး ခွေလျောင်းရာပြည်တွင် ယင်းနဂါးကြီး၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့သူများ၌ ပြည့်စုံလိမ့်မည်ဖြစ်သည်။ အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်၌ ဘုရားသခင်ကို ယုံကြည်သူများသည် အရှက်ကွဲခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ဤသို့ ခံကြရပြီး၊ အကျိုးဆက်အနေဖြင့် ဤစကားများသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သော ပြည်တွင် စတင်သောကြောင့် ဘုရားသခင်၏အမှုအားလုံးသည် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ရပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များစွာ ပြီးမြောက်ခြင်းသည် အချိန်ကြာလေသည်။ ဤအကြောင်းကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်၏ အကျိုးဆက်အဖြစ်၊ လူတို့သည် စစ်ဆေးခံကြရကာ ယင်းသည် ဒုက္ခဆင်းရဲ၏ အစိတ်အပိုင်းလည်း ဖြစ်ပေသည်။ အဆင်းနီသောနဂါးကြီး၏ ပြည်တွင် သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် အလွန်တရာ ခဲယဉ်းလေသည်- သို့သော် ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့ဘွယ်လုပ်ဆောင်ချက်များကို ထင်ရှားစေလျက်၊ ပြီးလျှင် ဤလူစုကို စုံလင်စေရန် ဤအခွင့်အရေးကို အသုံးပြုရင်း၊ သူ၏ အမှု အဆင့်တစ်ခုကို ဘုရားသခင် လုပ်ဆောင်သည်မှာ ဤအခက်အခဲမှတစ်ဆင့် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော”) ဘုရားသခင်ဟာ ဘုရားသခင်ကို အဆန့်ကျင်ဆုံးနိုင်ငံဖြစ်တဲ့ အဆင်းနီသောနဂါးကြီးရဲ့ နိုင်ငံမှာ၊ စီစီပီက လိုက်ဖမ်းပြီး ဖိနှိပ်တာကို သူခံရတဲ့နေရာမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့နဲ့ သူ့ရဲ့အမှုတော်ကို ဆောင်ရွက်ဖို့ ပေါ်ထွန်းခဲ့ပြီး နောက်ဆုံးသောကာလမှာ လူ့ဇာတိခံယူခဲ့တာကြောင့် ကျွန်မတို့လည်း ဘုရားသခင်ရဲ့ နောက်လိုက်တွေအဖြစ် ဖိနှိပ်မှုကို ခံရဖို့ ကံပါလာတယ်ဆိုတာကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ခြင်းကတစ်ဆင့် ကျွန်မ နားလည်ခဲ့တယ်။ ဒါပေမဲ့ လူသားမျိုးနွယ်ကိုကယ်တင်ရာမှာ ဘုရားသခင် ကြံ့ကြံ့ခံတဲ့ အခက်အခဲတွေကို ကျွန်မတို့ရဲ့ ဆင်းရဲဒုက္ခကတစ်ဆင့် ကျွန်မတို့ ခံစားမိလာတယ်။ ဘုရားသခင်က ကျွန်မရဲ့ စိတ်ဓာတ်ခိုင်မာမှုကို မြှင့်တက်စေပြီး ကျွန်မယုံကြည်ခြင်းကို စုံလင်စေဖို့ ဒီဖိနှိပ်မှုနဲ့ အခက်အခဲကို အသုံးပြုနေတာပါ။ ဒီအခြေအနေက ကျွန်မကို စုံလင်စေပြီး ကောင်းချီးပေးဖို့အတွက် ဘုရားရဲ့ နည်းလမ်းပဲ။ လူတစ်ယောက်ချင်းစီက ဘယ်လောက်ဒုက္ခခံရမယ်ဆိုတာကို ဘုရားသခင်က ကြိုပြီးသတ်မှတ်ထားတယ်။ ဘုရားသခင်က ခွင့်ပြုမှသာ ကျွန်မ အဖမ်းခံရမှာပါ။ ကျွန်မ ဘုရားသခင်အတွက် သက်သေရပ်တည်ဖို့ ဆန္ဒရှိပြီး ယုဒလိုမျိုး သူ့ကို ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူး။

၂၀ဝ၉၊ ဇန်နဝါရီ ရက်တစ်ရက်၊ ညနေ ၂ နာရီကျော်ကျော်လောက်မှာ အိမ်မှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မဖတ်နေတုန်း ရုတ်တရက် တံခါးကို တဒုံးဒုံးရိုက်တဲ့အသံ ကြားလိုက်ရတယ်။ လူတစ်ယောက်ကအော်တယ်။ “ပြည်သူ့လုံခြုံရေးအစိုးရဌာနကပါ။ တံခါးကို အခုဖွင့်ပါ” တဲ့။ ဘုရားနှုတ်ကပတ်တော်စာအုပ်တွေကို ကျွန်မအမြန်ဖွက်ရင်းနဲ့ နှလုံးက အရမ်းခုန်နေတယ်။ ဘုရားသခင်ကို ခွန်အားနဲ့ ယုံကြည်ခြင်းပေးဖို့ တောင်းလျှောက်ရင်း ဘုရားကို ဆက်တိုက်ဆုတောင်းခဲ့တယ်။ ကျွန်မတံခါးကိုဖွင့်လိုက်တော့ ရဲဆယ်ယောက်ကျော်က အော်ရင်းနဲ့ ကြမ်းကြမ်းတမ်းတမ်းဝင်လာတယ်။ “မလှုပ်နဲ့။ နံရံမှာကပ်ရပ်ပါ” တဲ့။ သူတို့က ကျွန်မရဲ့ ဗီရိုတွေ၊ အံဆွဲတွေကို မွှေနှောက်ပြီးရှာတယ်။ ကျွန်မအဝတ်တွေကို နေရာအနှံ့လွှင့်ပစ်တယ်။ ကျွန်မရဲ့ လပ်တော့၊ ဖုန်းနဲ့၊ ဘုရားနှုတ်ကပတ်တော်စာအုပ်တွေကို သူတို့ တွေ့သွားကြတယ်။ ရဲမေတစ်ယောက်က ကျွန်မကို ရှာဖို့ ရေချိုးခန်းထဲကို ခေါ်သွားတယ်။ ကျွန်မ ကိုယ့်ဘာသာ စဉ်းစားလိုက်တယ်။ “သူတို့တွေ ကြိုတင်ပြင်ဆင်လာပုံရတယ်။ ငါက သူတို့ရဲ့ အဆင့်မြင့်ဦးစားပေးပစ်မှတ်ထင်တယ်။ မဟုတ်ရင် ဒီလောက်များတဲ့ရဲတွေကို ဘာလို့လွှတ်မှာလဲ။ ဒီလိုသာဆိုရင် ငါ့ကို သေချာပေါက် အလွယ်တကူနဲ့ လွှတ်ပေးမှာမဟုတ်ဘူး။ ဘယ်လိုနှိပ်စက်မှုမျိုးကို ငါ့အပေါ် အသုံးပြုမယ်ဆိုတာ ဘယ်သူသိမှာလဲ” ပေါ့။ ကျွန်မ ဘုရားသခင်ကိုပဲ တိတ်တဆိတ်ဆုတောင်းခဲ့တယ်။ ဘုရားသခင်ရဲ့ ခွင့်ပြုချက်ကြောင့်သာ ကျွန်မအဖမ်းခံရတယ်ဆိုတာ စိတ်နှလုံးထဲကနေ သိခဲ့ပါတယ်။ ဘုရားသခင်က ကျွန်မကို စမ်းသပ်ပြီး စစ်ဆေးနေတာပါ။ ဘုရားသခင်ကို ကျွန်မ အမှီပြုပြီး ဘုရားအတွက် သက်သေရပ်တည်ရမယ်။ သူတို့က ကျွန်မကို လက်ထိပ်ခတ်လိုက်ပြီး ခေါင်းပေါ်ကို ခေါင်းစွပ်တစ်ခုနဲ့ အုပ်လိုက်တယ်။ ပြီးတော့ ကျွန်မဆီက သတင်းအချက်အလက်တွေ ရေးမှတ်ဖို့ ကျွန်မကို ကောင်တီပြည်သူ့လုံခြုံရေးအစိုးရဌာနဆီကို ခေါ်သွားတယ်။ အဲဒီညမှာ သူတို့က ကျွန်မကို ထိန်းသိမ်းရေးစခန်းဆီပို့တယ်။ လက်ထိပ်တွေအပြင်၊ ကျွန်မကို ၁၁ပေါင်လေးတဲ့ သံခြေချင်းတွေလည်း ခတ်ထားတယ်။ ကျွန်မရဲ့ အကျဉ်းခန်းဆီကို ခေါ်လာတဲ့အချိန်မှာ သံခြေချင်းတွေက အရမ်းလေးတော့ ကျွန်မလက်နဲ့သယ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆွဲလာရတယ်။ ခြေလှမ်းတိုင်းက ပင်ပန်းတယ်။

အကျဉ်းခန်းထဲမှာ ရဲတွေက ကျွန်မရဲ့လက်ထိပ်တွေကို ခြေထောက်အထိန်းနှစ်ခုကြားက သံကြိုးနဲ့ ခတ်လိုက်တယ်။ ပြီးတော့ သံကြိုးကို နံရံအောက်ခြေမှာဆက်ထားတဲ့ သံကွင်းတစ်ခုနဲ့ ခတ်လိုက်တယ်။ နံရံဘေးမှာ အညစ်အကြေးစွန့်တဲ့အိုးကို ထားလိုက်တယ်။ အဲဒီတော့ သန့်စင်ခန်းသွားရင်တောင် ကျွန်မက သော့ခတ်ခံထားရတုန်းပဲ။ အဲဒီမှာ တော်တော်အေးတယ်။ ထောင်မှူးက ကျွန်မရဲ့အနွေးထည်ကို ချွတ်ထားပြီးတော့ ကျွန်မမှာ စောင်မရှိဘူး။ ကျွန်မ အဲဒီတစ်ညလုံး ချမ်းတုန်နေပြီး ကြမ်းပြင်ပေါ်မှာ ဘောလုံးလို ကွေးနေရင်းနဲ့ ဒုက္ခခံခဲ့ရတယ်။ နောက်နေ့ နေ့လည်ကျတော့ ကောင်တီနိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့က ရဲနှစ်ယောက်က ကျွန်မကို လက်ထိပ်ခတ်၊ ခေါင်းစွပ်ပြီး တော်တော်ဝေးတဲ့နေရာတစ်ခုကို ခေါ်သွားတယ်။ ကျွန်မတို့ရောက်ပြီး အခန်းထဲဝင်ပြီးတဲ့အခါကျမှ ခေါင်းစွပ်ကို ချွတ်လိုက်တယ်။ ပြီးတော့ ကျွန်မကို သတ္ထုထိုင်ခုံတစ်ခုဆီမှာ သော့ခတ်ထားလိုက်ကြတယ်။ ထိုင်ခုံရှေ့မှာ လက်မ ၂၀ ရှည်ပြီး ၁၂လက်မအကျယ်ရှိတဲ့ သတ္ထုပြားတစ်ခုရှိတယ်။ ခြေထောက်မှာကျတော့ စက်ဝိုင်းခြမ်းပုံ သတ္ထုကွင်းနှစ်ခုရှိတယ်။ ကျွန်မခြေထောက်ကို သတ္ထုကွင်းတွေနဲ့ ညှပ်ထားပြီး ကျွန်မလက်တွေကို ကျွန်မရှေ့မှာ လက်ထိပ်ခတ်ထားတယ်။ ည ၇ နာရီလောက်ကျတော့ ရဲသုံးယောက်ရောက်လာတယ်။ သူတို့ထဲကတစ်ယောက်က ကျွန်မကို အသင်းတော်နဲ့ပတ်သက်တဲ့ မေးခွန်းတွေ စစ်မေးပြီး ဓါတ်ပုံတစ်ပုံပြပြီးတော့ ဓါတ်ပုံထဲကလူကို ကျွန်မ မှတ်မိလားလို့တောင် မေးတယ်။ ကျွန်မ ကြည့်လိုက်ပြီး ဒါ ကျွန်မရဲ့ တွဲဖက်အမှုဆောင် အစ်ကိုဟောင်ဆိုတာ သိလိုက်တယ်။ ကျွန်မ အရမ်းအံ့သြသွားတယ်။ အစ်ကိုဟောင်လည်း အဖမ်းခံရမယ်ဆိုတာကို ကျွန်မလုံးဝ စိတ်မကူးမိဘူး။ စီစီပီက ကျွန်မတို့ကို အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့ပုံရတယ်။ ကျွန်မ သူ့ကိုမသိဘူးဆိုပြီး ပြန်ပြောလိုက်တယ်။ ရဲတစ်ယောက်က စိတ်ကုန်လာပြီး ပြောတယ်။ “ဒါ အချိန်ဖြုန်းနေတာပဲ။ သူ့ကို နှိပ်စက်တဲ့နည်းလမ်းပဲ သုံးလိုက်တော့” တဲ့။ နောက်ရဲတစ်ယောက်က ကျွန်မကို “ငါတို့က မင်းကို အခွင့်အရေးပေးပြီး ယဉ်ယဉ်ကျေးကျေးမေးနေတာ။ ဒါပေမဲ့ အခုမပြောပြရင် မင်းကိုပြောအောင်လုပ်မယ်” လို့ပြောပြီး ခြိမ်းခြောက်တယ်။ သူ အဲဒီလိုပြောတာကို ကျွန်မကြားရတော့ အရင်တုန်းက ညီအစ်ကိုမောင်နှမတွေအများကြီး အဖမ်းခံရပြီး ညှဉ်းဆဲခံရတာတွေ ဒဏ်ရာတွေရတဲ့အထိ အရိုက်ခံရတာ၊ မသန်စွမ်းဖြစ်ကုန်တာတွေ၊ အသတ်တောင်ခံရတာတွေကို တွေးပြီး ကြောက်လာခဲ့တယ်။ “ငါသာမပြောရင် ငါ့အပေါ် ဘယ်လိုနှိပ်စက်မှုမျိုးလုပ်မှာလဲ။ ငါမသန်စွမ်းဖြစ်မှာလား၊ အသတ်ခံရမှာလား” ဆိုပြီး တွေးနေမိတယ်။ ကျွန်မ ဘုရားသခင်ဆီကို တိတ်တဆိတ်ဆုတောင်းခဲ့တယ်။ “အဖဘုရားသခင်၊ ကျွန်မအပေါ် ဘယ်လိုညှဉ်းဆဲမှုမျိုးအသုံးပြုမယ်ဆိုတာ ကျွန်မ မသိပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို ကာကွယ်တော်မူပါ။ ကျွန်မ ကိုယ်တော်အတွက် သက်သေရပ်တည်ဖို့ ဆန္ဒရှိပြီး ယုဒဖြစ်ဖို့ထက် အသေပဲခံပါမယ်” ဆိုပြီးတော့။ ဆုတောင်းပြီးတော့ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တချို့က စိတ်ထဲပေါ်လာတယ်။ “ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။” (ရှင်မဿဲခရစ်ဝင် ၁၀:၂၈) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးတယ်။ ကျွန်မ စဉ်းစားမိတယ်။ “ရဲတွေက ဘယ်လောက်ပဲ ရက်စက်ပါစေ။ ငါ့ကိုယ်ခန္ဓာကိုပဲ သူတို့ ထိခိုက်နိုင်တယ်။ ငါ့ဝိညာဉ်ကတော့ ဘုရားလက်ထဲမှာရှိတယ်။ ငါ သက်သေရပ်တည်နိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်ရင် ငါသေသွားနိုင်ပေမဲ့ ဘုရားသခင်ရဲ့ ချီးကျူးတာကို ရမှာပဲ။ ဒါပေမဲ့ ငါက ဘုရားကို သစ္စာဖောက်ပြီး ယုဒလိုမျိုး ရှက်စရာကောင်းအောင် ပြုမူရင် ငါ့ကိုယ်ခန္ဓာနဲ့ ဝိညာဉ်က ဘုရားရဲ့ အပြစ်ဒဏ်ပေးခြင်းနဲ့ ကျိန်ဆဲခြင်းကို ခံရမှာပဲ”လို့ ပေါ့။ ဒါကို သဘောပေါက်ပြီး ကျွန်မကြောက်တာ လျော့သွားတယ်။ စစ်မေးတာက အလုပ်မဖြစ်တာကို တွေ့တော့ ရဲတွေက တစ်ခြားတစ်ခန်းကို ကျွန်မကို ခေါ်သွားပြီး စပြီးညှဉ်းဆဲကြတယ်။ ကျွန်မလက်တွေကို ကျွန်မကျောဘက်ကို အတင်းထားခိုင်းပြီး အဝတ်စတစ်ခုနဲ့ ပတ်တယ်။ ပြီးတော့ လက်တွေကို ကြိုးတစ်ချောင်းနဲ့ တင်းနေအောင် ချည်လိုက်တယ်။ ပြီးတော့ ကျွန်မလက်နဲ့ ကျောကြားကို သစ်သားချောင်းတစ်ခုထားလိုက်တယ်။ ရဲတစ်ယောက်က ကျွန်မကို ချီပြီးတော့ သစ်သားချောင်းကို ၆ ပေအမြင့်ရှိတဲ့ခုံပေါ်တင်ပြီး ကျွန်မကို လွှတ်လိုက်တယ်။ အဲဒီတော့ ကျွန်မက ခုံပေါ်ကနေ တွဲလောင်းဖြစ်နေပြီး ကျွန်မလက်က တစ်ကိုယ်လုံးကို မထားရတယ်။ ကျွန်မ နာပြီးအော်တယ်။ ကျွန်မရင်ဘတ်က ပွင့်ထွက်နေသလို ခံစားရပြီး ကျွန်မလက်နဲ့ ပခုံးတွေက နာကျင်မှုနဲ့ ပူလောင်နေတယ်။ အသက်ရှူဖို့ခက်ပြီး ကျွန်မ မွန်းကျပ်နေသလို ခံစားခဲ့ရတယ်။ ကျွန်မလက်တွေက ကျွန်မနောက်မှာ ချည်ထားတော့ ကျွန်မခေါင်းကို မမြှောက်နိုင်ဘူး။ ကျွန်မနဖူးပေါ်က ချွေးတွေကျလာပြီး လက်မောင်းနဲ့လက်တွေက ထုံလာတယ်။ ရဲတစ်ယောက်က ဆိုးဆိုးဝါးဝါးရယ်လိုက်ပြီး “မင်းပြောချင်ရင်တောင် အခုပြောလို့မရတော့ဘူး။ မင်းရဲ့ဘုရားသခင်ဆီကို စပြီးဆုတောင်းရင် ကောင်းလိမ့်မယ်” တဲ့။ သိပ်မကြာခင်မှာ ကျွန်မနဖူးပေါ်က ချွေးက အောက်ကိုကျပြီး ရဲက ကျွန်မငိုနေတယ်လို့ ထင်သွားတယ်။ သူက သူ့ခေါင်းကို စောင်းပြီး လှောင်တယ်။ “ပြစမ်းပါဦး။ မင်းချွေးထွက်တာလား။ မျက်ရည်လား” တဲ့။ ကျွန်မ ဘုရားသခင်ကို “အနန္တတန်ခိုးရှင် ဘုရားသခင် ဒီညှဉ်းဆဲနှိပ်စက်မှုကနေ ကျွန်မကိုကယ်ဖို့ မတောင်းဆိုပါဘူး။ ကျွန်မ ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့အတွက် တောင့်ခံဖို့ ခွန်အားပေးတော်မူပါလို့ပဲ တောင်းလျှောက်ပါတယ်” လို့ပြောရင်းနဲ့ အဆက်မပြတ်ဆုတောင်းခဲ့တယ်။ ဆုတောင်းပြီးတော့ ကျွန်မကိုယ်ခန္ဓာက တော်တော်နာနေတုန်းပဲ။ ဒါပေမဲ့ အများကြီး ဒုက္ခမခံစားရတော့ဘူး။ ကျွန်မကို အောက်ပြန်မချခင် နာရီဝက်လောက် အဲဒီမှာ တွဲလောင်းချထားတယ်။ ကျွန်မလက်တွေက လုံးဝထုံနေပြီး တုံ့ပြန်မှုမရှိဘူး။

နောက်တစ်ခါ သူတို့က ကျွန်မကို သတ္ထုထိုင်ခုံတစ်ခုပေါ် ထိုင်ခိုင်းပြီး ကျွန်မရဲ့လက်နဲ့ခါးကို ဆွဲထားတယ်။ ကျွန်မရှေ့က လေးထောင့်ပုံသတ္ထုပြားတစ်ဝိုက်မှာ ကျွန်မလက်တွေကို ချည်ထားတယ်။ ပြီးတော့ ကျွန်မလက်တွေကို စုပြီး လက်ထိပ်ခတ်ပြီးတော့ ထိုင်ခုံကို ရှေ့ကို စောင်းလိုက်တယ်။ အဲဒီတော့ ကျွန်မကျောမှာ ဘာအမှီမှမရှိတော့ ကျွန်မလက်တွေက တစ်ကိုယ်လုံးကို မထားရတယ်။ သတ္ထုပြားက ကျွန်မလက်ကို ထိုးစိုက်နေပြီး ခဏလေးနဲ့ စပြီးနာလာတယ်။ နာရီဝက်လောက်ကြာတော့ သူတို့တွေ ပြန်ရောက်လာပြီး ကျွန်မခြေထောက်ကနေ ဆွဲပြီး ကျွန်မကို တွဲလောင်းချဖို့ သစ်သားချောင်းကို ထပ်ပြီး အသုံးပြုတယ်။ ကျွန်မတစ်ကိုယ်လုံးက ပြင်းပြင်းထန်ထန်ကို မသက်မသာဖြစ်နေတယ်။ အသက်ရှူရခက်နေပြီး မွန်းကျပ်တော့မလိုခံစားခဲ့ရတယ်။ ဒါပေမဲ့ ရဲတစ်ယောက်က တကယ်ကို ရီပြီးတော့ ပြောတယ်။ “သူက တော်တော်ပိန်တာပဲ။ သိပ်ဒုက္ခမခံရလောက်ဘူး။ ဟိုဟောင်ဆိုတဲ့လူက ဝတယ်။ သူ့ကို တွဲလောင်းချပြီး မကြာခင် သစ်သားချောင်းက ကျိုးသွားတယ်။ သူအောက်ကျတာ တော်တော်ပြင်းတော့ အော်ပြီးတော့ ငါတို့ကို အကုန်ပြောပြတော့တာပဲ” တဲ့။ အစ်ကိုဟောင်ကို သူတို့ဘယ်လိုနှိပ်စက်တယ်ဆိုတာ ကျွန်မကြားရတော့ တော်တော်ဒေါသထွက်မိတယ်။ ဒါပေမဲ့ ကျွန်မနည်းနည်းလည်း စိုးရိမ်သွားတယ်။ “အစ်ကိုဟောင်က တကယ်ပဲ ဘုရားကို သစ္စာဖောက်ပြီး ငါ့အကြောင်းပြောပြလိုက်တာလား။ သူ ငါ့အကြောင်းပြောပြလိုက်ရင် ငါက အသင်းတော်မှာ ဘယ်တာဝန် ထမ်းဆောင်နေတယ်ဆိုတာ သူတို့သိမှာပဲ။ ဒါဆိုရင် သူတို့ငါ့ကို သေချာပေါက် အလွယ်တကူ လွှတ်ပေးမှာမဟုတ်ဘူး။ ငါ့အတွက် ဘယ်လိုနှိပ်စက်မှုမျိုးတွေကို သူတို့ထားထားတယ်ဆိုတာ ဘယ်သူသိမှာလဲ။ သူတို့အတွက် အရေးမပါတဲ့ဟာတစ်ခုခုကို ငါဝန်ခံလိုက်သင့်တယ် ထင်တယ်” ပေါ့။ အဲဒီအချိန်မှာပဲ ဒီလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်။ “အချိန်တိုင်းတွင်၊ ငါ၏လူတို့သည် ငါ့အိမ်၏တံခါးကို ငါ့အတွက် စောင့်ကြပ်ရင်း၊ စာတန်၏ စဉ်းလဲသည့် အကြံအစည်များကို သတိထားသင့်ပေသည်။...စာတန်၏ ထောင်ချောက်ထဲသို့ ကျဆင်းချိန်တွင် နောင်တရဖို့ရန် အလွန် နောက်ကျသွားလိမ့်မည် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၃” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ) အစ်ကိုဟောင်က အကုန်ပြောပြပြီးပြီလို့ ရဲကပြောတာဟာ စာတန်ရဲ့ ဉာဏ်များတဲ့လှည့်ကွက်ပဲဆိုတာကို သဘောပေါက်အောင် ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ကူညီပေးခဲ့တယ်။ ကျွန်မတို့ကြားမှာ သဘောထားကွဲလွဲမှုဖြစ်ပြီး ဘုရားသခင်ကို သစ္စာဖောက်အောင် ကျွန်မကို လှည့်စားချင်ခဲ့တာပါ။ စာတန်က တော်တော်အောက်တန်းကျပြီး ဆိုးယုတ်တာပဲ။ ဘုရားသခင်ရဲ့ ဉာဏ်အလင်းဖွင့်ပြမှုနဲ့လမ်းပြမှုကြောင့် ကျွန်မ စိတ်ဆုံးဖြတ်ချက်တစ်ခု လုပ်ခဲ့တယ်။ “ရဲတွေက ငါ့အပေါ် ဘာနှိပ်စက်မှုနဲ့ လှည့်ကွက်တွေသုံးပါစေ။ ငါ ဘယ်တော့မှ ဘုရားသခင်ကို သစ္စာဖောက်ပြီး ယုဒဖြစ်လာမှာ မဟုတ်ဘူး” ဆိုပြီးတော့။

ရဲတစ်ယောက်က ကျွန်မအခြေအနေမကောင်းတာကို မြင်ပြီးတော့ “သိပ်အခြေအနေမကောင်းဘူး။ ဟုတ်လား။ မင်း စပြီးမပြောရင် အရင်ဆုံးမင်းကို နာရီဝက် တွဲလောင်းချထားမယ်။ ပြီးရင် တစ်နာရီ။ ပြီးရင် ထပ်လုပ်မယ်” လို့ပြောတယ်။ နောက်ပိုင်းမှာ ကျွန်မကိုယ်ခန္ဓာက မခံနိုင်တော့တဲ့ အခြေအနေရောက်တော့မလို ခံစားရတယ်။ အဲဒါနဲ့ ခြေကုပ်ရပြီး နာတာနည်းနည်းသက်သာအောင် ခုံကနေထွက်နေတဲ့ ဝက်အူတစ်ချောင်းပေါ်ရပ်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ရဲက ချက်ချင်းမြင်သွားတယ်။ သူက ကျွန်မခြေထောက်ကို ကန်ထုတ်ပြီး ကြမ်းကြမ်းတမ်းတမ်း ဟောက်တယ်။ “အဲဒီအပေါ်ကို ထောက်လို့ရတယ်လို့ ဘယ်သူပြောလဲ။ ခွင့်မပြုဘူးကွ” တဲ့။ ကျွန်မ ကိုယ်ခန္ဓာက သူ့အလိုလို ဟိုဘက်ဒီဘက် ယိမ်းလာတယ်။ အဲဒါကြောင့် ကျွန်မလက်တွေက ပိုတောင်နာလာတယ်။ အရမ်းနာတော့ ကျွန်မတစ်ကိုယ်လုံးချွေးတွေ ထွက်နေပြီး ခေါင်းမော့ဖို့တောင် အားမရှိတော့ဘူး။ အချိန်စက္ကန့်တွေက တဖြည်းဖြည်းချင်းသွားနေသလိုပဲ။ ဘယ်လောက်ထိကြာသွားလဲမသိဘူး။ ကျွန်မ ညာဘက်ပခုံးက ရုတ်တရက်အောက်ပြုတ်ကျသွားတာ ခံစားမိတယ်။ အဲဒီနောက် ချက်ချင်းပဲ ကျွန်မဘယ်ဘက်ပခုံးလည်းပြုတ်ကျပြီး တစ်ကိုယ်လုံးက အောက်ဘက်ကိုကျသွားတယ်။ ကျွန်မပခုံးက အဆစ်လွဲသွားပြီဆိုတာကို သိလိုက်တယ်။ “ကျွန်မပခုံးတွေ အဆစ်လွဲသွားပြီ” ဆိုပြီး အော်လိုက်တာပေါ့။ အဲဒီအချိန်ကျမှ ရဲတွေက ကျွန်မကို အောက်ချလိုက်တယ်။ သူတို့က ကြိုးကိုဖြည်လိုက်တော့ ကျွန်မလက်တွေက ကျွန်မရဲ့ကျောကနေ အရှေ့ကို တောင့်တောင့်ကြီးလွှဲပြီးကျလာတယ်။ လက်တွေက လုံးဝထုံပြီး ယောင်နေတာ။ ကျွန်မ မတ်တပ်ရပ်တော့ လက်တွေက ကျွန်မဘေးမှာ တွဲကျနေတာ။ သူ့ဘာသာမလှုပ်နိုင်သလို၊ တံတောင်ဆစ်လည်း ကွေးမနေဘူး။ ကျွန်မပခုံးတွေမှာ သစ်သားတင်းပုတ်နှစ်ခု တွဲလောင်းချထားသလိုပဲ။ အဲဒီနောက်မှာ သူတို့က ကျွန်မကို လက်ထိပ်ပြန်ခတ်ပြီး ကျွန်မလက်တွေကို လှုပ်တယ်။ သူတို့က ကျွန်မလက်တွေကို ကျွန်မခေါင်းနောက်ကို ကြမ်းကြမ်းတမ်းတမ်း ဆောင့်ဆွဲပြီး တတ်နိုင်သလောက် ဆွဲတယ်။ ပြီးတော့ ကျွန်မလက်တွေကို ကျွန်မရဲ့ဘယ်ဘက်ကို ကြမ်းကြမ်းတမ်းတမ်းဆွဲပြီး ကျွန်မမျက်နှာမဲ့သွားမလား နာသွားမလားဆိုပြီး ကြည့်တယ်။ ကျွန်မလက်တွေက လုံးဝထုံနေတော့ ခဏလောက်ဖိထားပြီး ဘာမှမဖြစ်တဲ့နောက်မှာ သူတို့က “ဟန်ဆောင်မနေနဲ့” ဆိုပြီး အော်တယ်။ ကျွန်မလက်တွေကို တကယ်ကို မြှောက်ချင်တယ်။ ဒါပေမဲ့ လှုပ်ကိုမလှုပ်တာ။ ကျွန်မ ကိုယ့်ဘာသာစဉ်းစားတယ်။ “တကယ် အဆစ်လွဲသွားတာလား။ ငါမသန်စွမ်းဖြစ်တော့မှာလား။ အခုကစပြီး ငါဘယ်လိုစားပြီး သန့်စင်ခန်းတောင် ဘယ်လိုသွားရမလဲ” ပေါ့။ အဲဒီညမှာ သူတို့က ကျွန်မကို ထပ်ပြီး လက်ထိပ်ခတ်ပြီးတော့ ကုတင်ရဲ့အရှေ့ပိုင်းနဲ့ ကျွန်မရဲ့သံခြေကျင်းတွေကို သော့ခတ်ထားလိုက်တယ်။ အိပ်ရာပေါ်မှာ လဲပြီး ကျွန်မ မအိပ်နိုင်ဘူး။ လက်တွေက တစစ်စစ်ကိုက်ပြီး ထုံနေတယ်။ အခံရခက်ပါတယ်။ မနက်ဖြန်ကျရင် ရဲတွေက ကျွန်မကို ဒီလိုပဲနှိပ်စက်ဦးမှာလားဆိုတာ ကျွန်မ မတွေးဘဲမနေနိုင်ဘူး။ ဒီနာကျင်မှုတွေ၊ ဒုက္ခတွေအားလုံးကို တွေးပြီး ကျွန်မ ကြောက်မိတယ်။ ကျွန်မခံနိုင်မလားဆိုတာ မသိခဲ့ဘူး။ ဝေဒနာတွေနဲ့ နာကျင်နေရတဲ့ကြားကနေ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ “အဖဘုရားသခင် ကျေးဇူးပြုပြီး ကျွန်မကို ကွယ်ကာတော်မူပါ။ ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးတော်မူပါ။ ကျွန်မ ဘယ်လောက်ပဲ ဒုက္ခခံရပါစေ ကိုယ်တော့်ကို သစ္စာမဖောက်မှာ မဟုတ်သလို၊ ညီအစ်ကိုမောင်နှမတွေအကြောင်းပြောပြမှာ မဟုတ်ပါဘူး” ဆိုပြီးတော့။ ဆုတောင်းပြီးတော့ အခုလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မတွေးမိတယ်။ “သို့ရာတွင် ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှု မပြသခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာတော့မည် မဟုတ်ဘဲ ငါ၏ကရုဏာသည် အကန့်အသတ်ရှိကြောင်းကို ငါရှင်းလင်းစေရမည်။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ ၎င်းတို့၏မိတ်ဆွေများ၏ အကျိုးအပေါ် သစ္စာဖောက်သူများနှင့် ငါသည် သာ၍ပင် ပတ်သက်ဆက်နွှယ်လိုခြင်း မရှိ။ ထိုသူသည် မည်သူပင်ဖြစ်စေ ဤသည်မှာ ငါ၏စိတ်သဘောထား ဖြစ်သည်။ ငါ၏နှလုံးကို ကြေကွဲစေသူ မည်သူမဆို ငါ့ထံမှ ဒုတိယအကြိမ် သက်ညှာမှု ရလိမ့်မည် မဟုတ်ကြောင်းနှင့် ငါ့အပေါ်သစ္စာရှိနေခဲ့သောသူ မည်သူမဆို ငါ၏နှလုံးသားတွင် ထာဝရ တည်ရှိနေမည် ဖြစ်ကြောင်း သင်တို့ကို ငါပြောကြားရမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့”) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဟာ ကျွန်မကို ဘုရားရဲ့ ဖြောင့်မတ်တဲ့၊ ကြီးကျယ်ခမ်းနားတဲ့၊ ပုန်ကန်ပြစ်မှားလို့မရနိုင်တဲ့ စိတ်သဘောထားအပေါ် သိမြင်တဲ့စိတ်တစ်ခုကို ပေးပါတယ်။ ဘုရားသခင်က သူ့အပေါ် သစ္စာရှိတဲ့သူတွေကို ချစ်ပြီး စုံလင်စေတယ်။ သူတို့တွေက ဘယ်လို အတိဒုက္ခနဲ့ ဆင်းရဲခြင်းကို ကြုံတွေ့ရပါစေ ဘုရားအပေါ် သစ္စာရှိနေကြပြီး ဘုရားအတွက် သက်သေရပ်တည်ကြတယ်။ ဒီလိုလူတွေသာ ဘုရားသခင်ရဲ့ နိုင်ငံတော်မှာ ကျန်ရှိနေနိုင်တယ်။ ယုဒလိုမျိုး ဘုရားသခင်ကို သစ္စာဖောက်တဲ့သူတွေကတော့ သူတို့မှာ ကောင်းမွန်တဲ့ရလဒ်မရှိရုံမက သူတို့ရဲ့ စိတ်၊ ဝိညာဉ်နဲ့ ခန္ဓာတွေကို ဘုရားသခင်က အပြစ်ဒဏ်ပေးပြီး ကျိန်ဆဲလိမ့်မယ်။ ကျွန်မက ခဏတာ ခန္ဓာဒုက္ခတွေကို ဖယ်ရှားချင်လို့ ဘုရားသခင်ကို သစ္စာဖောက်ရင် ကယ်တင်ခြင်းအခွင့်အရေးကို ထာဝရလွဲချော်သွားမှာပဲ။ ရဲတွေက ကျွန်မ ဘုရားသခင်ကို သစ္စာဖောက်အောင် လှည့်စားဖို့ ကြိုးစားတဲ့အခါမှာ ဘုရားသခင်က စာတန်ရဲ့လှည့်ကွက်တွေကို ကျွန်မရိပ်စားမိအောင် ဉာဏ်ပညာ ပေးခဲ့တာကိုလည်း ကျွန်မတွေးမိတယ်။ ရဲတွေက ကျွန်မကို ညှဉ်းဆဲတဲ့အခါ ကျွန်မကိုယ်ခန္ဓာက အတိုင်းအတာတစ်ခုအထိ တကယ်ဒုက္ခခံရပေမဲ့ ကျွန်မရဲ့ ဇာတိကပတိ အားနည်းချက်ကို ကျော်လွှားနိုင်အောင်လို့ ဘုရားသခင်က ကျွန်မကို တိတ်တဆိတ်ကာကွယ်ပေးပြီး ခွန်အားပေးခဲ့ပါတယ်။ ကျွန်မအတွက် ဘုရားသခင်ရဲ့ ချစ်ခြင်းကို ကျွန်မ ကြုံတွေ့ခဲ့ရပြီး ဘုရားရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကို မျက်မြင်တွေ့ခဲ့ရတယ်။ ကျွန်မရဲ့ အသိစိတ်ကို သစ္စာမဖောက်နိုင်ဘူး။ ဘယ်လောက်ပဲ ဒုက္ခခံရပါစေ ကျွန်မ ဘုရားသခင်အတွက် သက်သေရပ်တည်ပြီး ဘုရားကို ကျေနပ်စေရပါမယ်။

တတိယမြောက်နေ့၊ မနက် ၈ နာရီလောက်မှာ ရဲတွေက အခန်းကျယ်တစ်ခုဆီ ကျွန်မကို ခေါ်သွားပြီး သတ္ထုထိုင်ခုံပေါ်မှာ ထပ်ပြီးထိုင်ခိုင်းတယ်။ ရဲတစ်ယောက်က အဝတ်စတစ်ခုနဲ့ ကျွန်မခေါင်းကို ပါးစပ်နေရာကနေ ပတ်ချည်ပြီး နောက်ကိုအားနဲ့ဆတ်ကနဲဆွဲလိုက်တယ်။ ကျွန်မပခုံးက သတ္ထုထိုင်ခုံထဲကို ထိုးဝင်သွားတဲ့နေရာမှာ ခပ်စူးစူးနာသွားတယ်။ ခုံက နောက်ကိုစောင်းသွားတော့ ကျွန်မခြေထောက်တွေက မြေပေါ်ကနေ ကြွသွားတယ်။ ကျွန်မပါးစပ်မှာ အဝတ်စရှိနေတော့ အသက်ရှူရခက်လာတယ်။ နှာခေါင်းကနေပဲ အသက်ရှူလို့ရတယ်။ ပြီးတော့ ကျွန်မလည်ချောင်းက တော်တော်နာတာ။ တံတွေးတောင် သိပ်မမျိုနိုင်ဘူး။ အဲဒီမှာ ရဲတစ်ယောက်က မုန်ညင်းဆီဖြည့်ထားတဲ့ ပြွန်တစ်ခုကိုယူပြီး ကျွန်မရဲ့ ညာဘက်နှာခေါင်းပေါက်ထဲကို ထည့်ပြီး ဆီကိုပန်းထုတ်လိုက်တယ်။ ကျွန်မနှာခေါင်းပေါက်တစ်ခုလုံး မီးလောင်နေသလို ခံစားရတယ်။ အသက်ရှူတဲ့အခါ ဆီတွေက လည်ချောင်းထဲကို ဆင်းကျသွားတယ်။ အဲဒီဆီကို မျိုချဖို့ ကြိုးစားရတာ ခက်ပြီး တော်တော်ဆိုးတယ်။ ကျွန်မ အသက်မရှူရဲဘူး။ ဒါပေမဲ့ အသက်မရှူရင် မွန်းကျပ်လာမှာ ကျွန်မသိတယ်။ အဲဒီခံစားချက်က ဘယ်လောက်ဆိုးတယ်ဆိုတာ ပြောပြဖို့ခက်ပါတယ်။ ကျွန်မအားကုန်ရုန်းတယ်။ ဒါပေမဲ့ သူတို့က ကျွန်မပါးစပ်ပေါ်က အဝတ်စကို တင်းနေအောင်ကိုင်ထားပြီး ကျွန်မ ဘာမှမတတ်နိုင်ခဲ့ဘူး။ မုန်ညင်းဆီကအရမ်းစပ်တော့ ကျွန်မမျက်လုံးကနေ မျက်ရည်တွေစီးကျလာတယ်။ အချိန်က ရပ်နေသလိုပဲ ခံစားရတယ်။ စက္ကန့်တွေက စိတ်ကုန်စရာကောင်းအောင် နှေးပြီး သွားနေတယ်။ ဆီတွေတစ်စက်မကျန်မျိုချပြီးမှ သူတို့ဆုပ်ကိုင်ထားတာကို လွှတ်ပေးတယ်။ ကျွန်မလည်ပင်းက တော်တော်နာရာကနေ ပြန်သက်သာဖို့ အချိန်အတော်ယူလိုက်ရတယ်။ ကျွန်မ အော့အန်ချင်သလိုဖြစ်ပြီး ကျွန်မနှာခေါင်းကို တတ်နိုင်သလောက်မှုတ်ထုတ်ရင်း ခုံပေါ်ကို ငုံ့လိုက်တယ်။ ကျွန်မရဲ့ တစ်မျက်နှာလုံးနဲ့ နှာခေါင်းပေါက်က အစပ်တွေကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်လာတယ်။ အရမ်းကိုနာပြီး လောင်နေတဲ့ ခံစားချက်တစ်ခုပါပဲ။ ကျွန်မ အန်တော့မလိုဖြစ်နေတာကို ရဲတစ်ယောက်ကမြင်ပြီး စူးစူးဝါးဝါးကြည့်ရင်းနဲ့ အော်တယ်။ “ထိန်းထားစမ်း” တဲ့။ အဲဒီမကောင်းဆိုးဝါးတစ်သိုက်ကို ကျွန်မ ရွံ့မုန်းတယ်။ နာတာက မခံနိုင်လောက်အောင်ပဲ။ ကျွန်မ ထပ်ပြီးသိပ်ခံနိုင်မလားဆိုတာ မသိတော့ဘူး။ ကျွန်မကို ညှဉ်းဆဲဖို့ ဘယ်လောက်ကြာအောင် စီစဉ်ထားလဲဆိုတာ ကျွန်မမသိဘူး။ ဒါကြောင့် ဘုရားသခင်ကို တိတ်တဆိတ်ဆုတောင်းခဲ့တယ်။ “အဖဘုရားသခင်၊ ကျွန်မကို ညှဉ်းဆဲဖို့ ရဲတွေက အကြိမ်ဘယ်လောက်ထိ ထပ်စီစဉ်ထားလဲဆိုတာ ကျွန်မ မသိပါဘူး။ ဒါပေမဲ့ ကျွန်မဇာတိကပတိရဲ့ အားနည်းချက်ကြောင့် ကိုယ်တော့်ကို သစ္စာဖောက်မှာ မဟုတ်ပါဘူး။ ဒီဆိုးဝါးတဲ့ အတွေ့အကြုံတစ်လျှောက်မှာ ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့အတွက် ကျေးဇူးပြုပြီး ကျွန်မ စိတ်နှလုံးကို ကွယ်ကာတော်မူပါ။ ယုံကြည်ခြင်းနဲ့ ခွန်အားပေးတော်မူပါ” ပေါ့။ ဆုတောင်းပြီးတော့ ကျွန်မ နည်းနည်းသက်သာလာတယ်။ ဘုရားသခင်က ကျွန်မဆုတောင်းတာတွေကို နားထောင်ပြီး ကျွန်မရဲ့နာကျင်မှုကို လျော့ကျစေတယ်ဆိုတာ ကျွန်မသိခဲ့ပါတယ်။ ကျွန်မရဲ့စိတ်နှလုံးထဲကနေ ဘုရားကို ကျေးဇူးတင်ခဲ့တယ်။ ဆယ်မိနစ်လောက်ကြာတော့ ကျွန်မရဲ့ နောက်နှာခေါင်းပေါက်ထဲကို သူတို့က မုန်ညင်းဆီတွေ ဖိထည့်တယ်။ စုစုပေါင်း အဲဒီမနက်မှာ ကျွန်မနှာခေါင်းထဲကို မုန်ညင်းဆီသုံးပြွန်ထည့်တယ်။ အခေါက်တိုင်းက ငရဲကျသလိုအတွေ့အကြုံပဲ။ ရဲတစ်ယောက်က ကြမ်းကြမ်းတမ်းတမ်းနဲ့ လှောင်တယ်။ “ငါတို့ မင်းကို သတ်ပစ်သင့်တာ။ တွင်းကြီးကြီးတူးပြီး အထဲမှာ မင်းကို မြှုပ်လိုက်လို့ရတယ်။ ဘယ်သူမှ သိမှာမဟုတ်ဘူး” တဲ့။ သူတို့က ကျွန်မကို တော်တော်ရက်ရက်စက်စက် နှိပ်စက်ချင်နေကြတော့ သူတို့မလုပ်မယ့်အရာ ဘာမှမရှိနိုင်လောက်ဘူးလို့ ကျွန်မ တွေးမိတယ်။ သူတို့က ကျွန်မကို တွင်းကြီးတစ်ခုထဲ ပစ်ချပြီး ကျွန်မကို မြေပြန်ဖို့တာကို မြင်ယောင်ကြည့်မိတယ်။ ကျွန်မက လုံးဝ ဆင်းရဲဒုက္ခရောက်နေပြီး ကိုယ့်ဘာသာစဉ်းစားတယ်။ “ဒီလိုငယ်ရွယ်တဲ့အရွယ်မှာ ငါ တကယ်ကို သေရတော့မှာလား” ပေါ့။ ကျွန်မ ဒုက္ခခံနေရတဲ့ကြားကနေ ဘုရားနှုတ်ကပတ်တော်တွေက စိတ်ထဲမှာပေါ်လာတယ်။ “စကြဝဠာတွင် ဖြစ်ပေါ်သော အရာရာတိုင်းတွင်၊ ငါ အဆုံးအဖြတ်မပေးသောအရာ တစ်ခုမျှ မရှိချေ။ ငါ့လက်ထဲတွင်မရှိသည့်အရာ တစ်စုံတစ်ရာ ရှိသလော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ) ကျွန်မအသက်က ဘုရားလက်ထဲမှာဆိုတာ၊ ဘုရားအပေါ်မှာပဲ မူတည်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဉာဏ်အလင်းဖွင့်ပြမှုနဲ့ လမ်းပြမှုက ကျွန်မကို သဘောပေါက်အောင် ကူညီပေးခဲ့ပါတယ်။ ရဲတွေက ဘယ်လောက်ကြမ်းတမ်းပြီး ဆိုးယုတ်ပါစေ ဘုရားသခင်ရဲ့ ခွင့်ပြုချက်မပါဘဲ ကျွန်မအသက်ကို သူတို့ ယူရဲမှာမဟုတ်ပါဘူး။ ကျွန်မက ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာအပေါ် တကယ်နားလည်မှုမရှိခဲ့ဘူး။ ဘုရားအပေါ် ကျွန်မရဲ့ ယုံကြည်ခြင်းက အားနည်းခဲ့တယ်။ ဒါကြောင့် ရဲတွေက ကျွန်မကို သတ်ပြီး မြေမြုပ်မယ်လို့ပြောတာကြားရတော့ ကျွန်မ သတ္တိနည်းပြီး ကြောက်လာတယ်။ ကျွန်မက လုံးဝ သက်သေခံနေခဲ့တာ မဟုတ်ပါဘူး။ ဒါတွေအားလုံးကို သဘောပေါက်သွားပြီးတော့ ကျွန်မ သတ္တိနည်းပြီး ကြောက်သလိုမခံစားရတော့ဘူး။ ကျွန်မသေရမယ်ဆိုရင်တောင် သက်သေရပ်တည်ပြီး စာတန်ကို အရှက်ရစေမယ်လို့ စိတ်ဆုံးဖြတ်လိုက်တယ်။

နေ့လည် ၂ နာရီမှာ ရဲတွေက ကျွန်မကို ထပ်စစ်မေးဖို့ ရောက်လာကြတယ်။ ရဲတစ်ယောက်က ကျွန်မကို ကြည့်မြဲကြည့်နေတယ်။ သူက ကျွန်မလက်တွေ လှုပ်မရတာကို မယုံဘူး။ အဲဒါကြောင့် သူက ကျွန်မလက်သည်းတွေအောက်ကို သွားကြားထိုးတံနဲ့ တမင်ထိုးတယ်။ ကျွန်မက သွေးထွက်နေပြီးသားဖြစ်ပေမဲ့လည်း လက်ထိပ်တွေမှာ နာတာကို နည်းနည်းပဲခံစားရတယ်။ သူက ထိုးရင်းနဲ့ ကျွန်မအမူအရာကို စောင့်ကြည့်တယ်။ ကျွန်မက တုံ့ပြန်မှုမရှိတာကို မြင်တော့ သူက “ဒါဆို မင်းလက်တွေက အခြေအနေမကောင်းဘူးပေါ့။ ဟုတ်လား။ မင်းကို လျှပ်စစ်ကုထုံး နည်းနည်း ပေးလိုက်ရမလား” တဲ့။ ပြီးတော့ ရဲတွေက ထွက်သွားပြီး ပါဝါကြိုးတစ်ခုယူလာတယ်။ အစတစ်ခုကို ကျင်စက်မှာဆက်ပြီး တခြားအစတစ်ခုကို ကျွန်မရဲ့ ခြေမနှစ်ခုမှာ ဆက်တယ်။ ပြီးတော့ ကျွန်မကို ကျင်စက်နဲ့စတို့တယ်။ ကျွန်မနှလုံးခုန်တာက မြန်လာတယ်။ ကျွန်မ ကိုယ်ခန္ဓာက တောင့်သွားတယ်။ ကျောက နောက်ပြန်ကော့သွားပြီး ခြေထောက်တွေက ကျွန်မရှေ့ကို ကန်နေတယ်။ မခံနိုင်အောင်နာပြီး အော်မိတယ်။ သူတို့က ခဏလောက်ရပ်ပြီး ပြီးတော့ ကျင်စက်နဲ့ပြန်တို့ပြန်တယ်။ အဲဒီအချိန်အတွင်းမှာ ကျွန်မကို အသင်းတော်အကြောင်းကို မရပ်မနား စစ်မေးတယ်။ အကြိမ်ရေကို ကျွန်မ မမှတ်မိလောက်အောင် ကျင်စက်နဲ့တို့ကြပြီး ဒီလိုမျိုး အချိန်အတော်ကြာ ဆက်လုပ်ကြတယ်။ သူတို့ရဲ့ လူမဆန်မှုအပေါ် ကျွန်မလုံးဝ မခုခံနိုင်ခဲ့ဘူး။ အဲဒီနာကျင်မှုနဲ့ မချိမဆံ့ဝေဒနာကို မခံနိုင်လောက်အောင်ပါပဲ။ သူတို့က ကျွန်မကို ဆက်ပြီး ကျင်စက်နဲ့တို့နေရင် ပြန်မကောင်းနိုင်တော့တဲ့ ထိခိုက်မှုမျိုးဖြစ်သွားမှာကို ကျွန်မ တော်တော်စိုးရိမ်မိတယ်။ သူတို့ ညစာစားချိန်ရောက်တော့မှ ရပ်လိုက်ကြတယ်။ ရဲတစ်ယောက်က ကျွန်မကို ခုံကနေဖြုတ်ပေးပြီး ထခွင့်ပေးတယ်။ ကျွန်မ မတ်တပ်ရပ်လိုက်တော့ နည်းနည်းလေးမှမနာတာကို တွေ့ရတော့ အံ့သြခဲ့ရတယ်။ ကျွန်မက တစ်ခါမှ ဒဏ်ရာမရခဲ့သလိုပဲ။ ကျွန်မ ကိုယ်ခန္ဓာကလည်း အားနည်းနေသလို မခံစားရဘူး။ ကျွန်မရဲ့ နာကျင်မှုကို သက်သာစေတာက ဘုရားသခင်ရဲ့ ကာကွယ်မှုနဲ့ ဂရုစိုက်မှုပဲဆိုတာ ကျွန်မ ရှင်းရှင်းလင်းလင်းမြင်ခဲ့ပါတယ်။ အရင်တုန်းက သီအိုရီအရ ဘုရားသခင်က အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိတယ်ဆိုတာကို ကျွန်မသိခဲ့တယ်။ ဒါပေမဲ့ အခု ကျွန်မကိုယ်တိုင်အတွက် ဘုရားသခင်ရဲ့ ဆန်းကြယ်တဲ့လုပ်ဆောင်မှုကို ကိုယ်တိုင်ခံစားတွေ့မြင်ခဲ့ရတယ်။ ကျွန်မအပေါ် ဘုရားသခင်ရဲ့ ချစ်ခြင်းနဲ့ သက်ညှာမှုကို ကျွန်မ မြင်တွေ့ခဲ့ရပြီး ကျွန်မစိတ်နှလုံးက သူ့အပေါ် ကျေးဇူးတင်တာ၊ ချီးမွမ်းတာတွေနဲ့ ပြည့်နေခဲ့ပါတယ်။ ရဲတွေရဲ့ ညှဉ်းဆဲမှုကို ခံဖို့အတွက် အသစ်ဖြစ်လာတဲ့ စိတ်ချယုံကြည်မှုကို ခံစားခဲ့ရတယ်။ အဲဒီညမှာ သူတို့က ကျွန်မကို ည ၇ နာရီကနေ ည ၁၁နာရီအထိ တောက်လျှောက် ကျင်စက်နဲ့တို့ကြတယ်။ လေးရက်မြောက်မနက်မှာ ကျွန်မနှာခေါင်းထဲကို သူတို့ မုန်ညင်းဆီတွေ အတင်းထပ်ထည့်ကြပြန်တယ်။ ကျွန်မလည်း ထပ်ပြီးတော့ အဲဒီမခံနိုင်လောက်တဲ့ နာကျင်မှုနဲ့ ဆင်းရဲဒုက္ခကို ခံစားရတယ်။ အဲဒီမနက်မှာ ကျွန်မကို ပြွန် ၄ ပြွန်လုံးထည့်ကြတယ်။ နေ့လည်စာစားတဲ့အတောအတွင်း နေ့လည်မှာ ကျွန်မ ရေတစ်ခွက်လောက် တောင်းတယ်။ ရဲတစ်ယောက်က ကြမ်းကြမ်းတမ်းတမ်းနဲ့ လှောင်တယ်။ “သူ့ကို ဘာရေမှမပေးနဲ့။ မဟုတ်ရင် သူ သန့်စင်ခန်းသွားနေရလိမ့်မယ်” တဲ့။ နောက်ရဲတစ်ယောက်ကပြောတယ်။ “သူ့အစာအိမ်နဲ့အူတွေအားလုံးက ဆီကြောင့် ဒဏ်ဖြစ်နေလောက်ပြီ” တဲ့။ အဲဒါကို ကြားတော့ ကျွန်မ စဉ်းစားမိတယ်။ “ဟုတ်တယ်။ သူတို့ ငါ့လည်ပင်းထဲကို ဆီတွေအများကြီး အတင်းထည့်ကြတယ်။ သာမန်အခြေအနေမှာဆိုရင် တော်တော်ပြဿနာဖြစ်မှာပဲ။ ဒါပေမဲ့ နည်းနည်းလောက် ရေဆာတာကလွဲလို့ အစာအိမ်မသက်သာတာမျိုး လုံးဝ ဘာမှမဖြစ်ဘူး” ပေါ့။ ဘုရားသခင်က ကျွန်မကို တိတ်တဆိတ်ကာကွယ်ပေးနေတယ်ဆိုတဲ့ လေးနက်တဲ့ ခံစားချက်ကို ကျွန်မ ခံစားရပြီး ကျွန်မစိတ်နှလုံးမှာ ဘုရားအပေါ် ကျေးဇူးတင်မှုတွေနဲ့ ပြည့်နေခဲ့တယ်။

အဲဒီနေ့ နေ့လည်မှာ သူတို့မေးခွန်းတွေကို ကျွန်မမဖြေသေးတော့ စီရင်စုဆိုင်ရာပြည်သူ့လုံခြုံရေးဌာနက ဒါရိုက်တာကောင်းက ကျင်စက်တစ်ခုယူပြီး ကျွန်မနောက်ကျောကို တို့တယ်။ ကျွန်မ ချက်ချင်း ကြမ်းပြင်ပေါ်လဲကျသွားတယ်။ ပြီးတော့ သူက ကျွန်မကို သတ္ထုထိုင်ခုံပေါ်ထိုင်ခိုင်းပြီး ကျွန်မလက်တွေကို ကျင်စက်နဲ့တို့တယ်။ ကျွန်မကို ကျင်စက်နဲ့တို့တဲ့အခါတိုင်း ကျွန်မလက်တွေက အပေါ်ထောင်တက်သွားပြီး ပြန်ကျတယ်။ ကျွန်မလက်ဖဝါးတွေကိုလည်း လေးငါးခါလောက်တို့တယ်။ ကျွန်မကို အဲဒီလိုမျိုး နှစ်နာရီလောက်ဆက်တို့နေပြီး ကျင်စက်က ဘက်ထရီကုန်သွားတော့မှ ရပ်လိုက်တယ်။ အဲဒီနောက်မှာ သူက သတင်းစာတချို့ကို လိပ်ပြီး ကျွန်မမျက်နှာကို ဖြတ်ရိုက်ရင်းနဲ့ “မင်းပြောမှာလား။ မပြောဘူးလား။ ငါမင်းကို ပြောအောင်လုပ်မယ်” ဆိုပြီးအော်တယ်။ ရိုက်ချက်တွေကြောင့် ကျွန်မမျက်နှာက နာပြီးကျိန်းစပ်လာတယ်။ သတင်းစာတွေက ဆုတ်ပြဲလာပြီး ကျွန်မကလည်း စကားတစ်လုံးမှ မပြောသေးတော့မှ သူက စိတ်ဓာတ်ကျပြီး ထွက်သွားတယ်။ ကျွန်မအခန်းကိုပြန်တော့ ရဲမေတစ်ယောက်က ကျွန်မရဲ့ ယောင်ကိုင်းနီရဲနေတဲ့မျက်နှာကို မြင်ပြီး ကျိတ်ရယ်ရင်းနဲ့ “မျက်နှာကို အရိုက်ခံရတာပေါ့။ ဟုတ်လား” ဆိုပြီးပြောတယ်။ ပြီးတော့ သူက ကျွန်မကို “နင် စကားစမပြောရင် ပထမနေ့မှာ သူတို့က နင့်ကိုတွဲလောင်းချတယ်။ ဒုတိယနေ့မှာ ကျင်စက်ကိုသုံးတယ်။ တတိယနေ့မှာ ယောက်ျားတစ်ယောက်က နင့်ကို သူလုပ်ချင်တာလုပ်တော့တာပဲ” လို့ပြောပြီး ခြိမ်းခြောက်တယ်။ ကျွန်မ သူ့စကားတွေကြောင့် အော်ဂလီဆန်ပြီး ရွံသွားတယ်။ ဒီလိုမျိုး စက်ဆုပ်စရာကောင်းတဲ့၊ အရှက်မဲ့တဲ့ နှိပ်စက်နည်းကို စဉ်းစားနိုင်တာဟာ ဒီရဲအုပ်စုက တော်တော်ကိုဆိုးယုတ်လို့ပဲဖြစ်ရမယ်။ ကျွန်မ နည်းနည်းမကြောက်ဘဲ မနေနိုင်ခဲ့ဘူး။ ဒီလို အောက်တန်းကျတဲ့ နည်းကို သူတို့တကယ်သုံးရင် ကျွန်မဘယ်လိုလုပ်ရမလဲ ပေါ့။ အဲဒီအချိန်မှာပဲ အခုလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မရုတ်တရက်တွေးမိတယ်။ “သင့်အတွက် ကြောက်ရွံ့စရာ ဘာမျှမရှိပေ။ စာတန်တို့သည် ငါတို့၏ခြေအောက်၌ရှိကာ...။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ကျွန်မ တွေးမိတယ်။ “မှန်တယ်။ အရာအားလုံးက ဘုရားလက်ထဲမှာရှိတာမဟုတ်ဘူးလား။ ဘုရားသခင်က ခွင့်မပြုရင် ကျွန်မအပေါ် ဒီလိုပုံစံမျိုး လုံးဝဖြစ်မှာမဟုတ်ဘူး။ ကျွန်မ ဘုရားသခင်ကို သစ္စာဖောက်အောင်၊ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေအကြောင်းပြောပြအောင် သူတို့ကို အသင်းတော် ရန်ပုံငွေတွေ အကြောင်းသတင်းပေးအောင်လို့ ကျွန်မကို သူတို့ သက်သက်ခြိမ်းခြောက်နေတာပါ။ ရဲတွေက ဘယ်လိုညှဉ်းဆဲတဲ့နည်းတွေကိုပဲ သုံးပါစေ ဘုရားသခင်ကို ငါသစ္စာဖောက်လို့မဖြစ်ဘူး” ဆိုပြီးတော့။ အဲဒီနောက်မှာ ရဲတွေက ကျွန်မကို နောက်ထပ်သုံးလေးကြိမ်လောက်ထပ် စစ်တယ်။ ဒါပေမဲ့ ကျွန်မက မပြောသေးတဲ့အခါမှာ ကျွန်မကို ထိန်းသိမ်းရေးစခန်းဆီ ပြန်ပို့လိုက်ကြတယ်။

၂၀ဝ၉ခုနှစ်၊ ဖေဖော်ဝါရီလမှာ စီစီပီက ကျွန်မကို ထောင်ဒဏ် တစ်နှစ်ခွဲချမှတ်လိုက်ပြီး အလုပ်ကြမ်းစခန်းကို ပို့လိုက်တယ်။ အလုပ်ကြမ်းစခန်းက ဌာနစိတ်ခေါင်းဆောင်က ရဲတစ်ယောက်ကို မေးတယ်။ “သူက အလုပ်လုပ်နိုင်လား” တဲ့။ ကျွန်မက “လက်တွေက ကျိုးနေတယ်။ မြှောက်လို့မရဘူး” လို့ ပြောလိုက်တယ်။ အလုပ်ကြမ်းစခန်းက ကျွန်မကို မခေါ်မှာကို ရဲကကြောက်ပြီး ပြောလိုက်တယ်။ “သူ့လက်တွေက ကောင်းပါတယ်။ သူ လိမ်နေတာ” တဲ့။ အလုပ်ကြမ်းစခန်းမှာ ထမင်းစားချိန်ကျတော့ ကျွန်မရဲ့ လက်မောင်းတွေ၊ လက်တွေကို လှုပ်လို့မရဖြစ်ပြီး တူတွေကိုမကိုင်နိုင်ဘူး။ အဲဒါနဲ့ အစ်မတစ်ယောက်က ကျွန်မကို ကူပြီးကျွေးဖို့လုပ်ပေမဲ့ ထောင်ပိုင်က ခွင့်မပြုဘူး။ ကျွန်မလုပ်နိုင်တာကတော့ ခုံပေါ်မှာထိုင်တယ်။ လက်တစ်ဖက်မှာ ဇွန်းကိုကိုင်တယ်။ လက်ဖျံကို စားပွဲပေါ်မှာထားလိုက်တယ်။ ပြီးတော့ ကျွန်မရဲ့လက်ဖျံနဲ့ဇွန်းကို အပေါ်တက်လာအောင်တွန်းပြီး အစာတွေကို ကလော်ဖို့အတွက် ကျွန်မကိုယ်နဲ့ အောက်ကိုဖိတယ်။ ကျွန်မအတွက် ဘယ်လောက်ခက်ခဲတယ်ဆိုတာကို အဲဒီအစ်မက မြင်တော့ ငိုတယ်။ ကျွန်မစားလို့တောင်မပြီးခင်မှာ ထောင်ပိုင်က ကျွန်မတို့ကို အောက်ထပ်ကိုဆင်းခိုင်းပြီး တန်းစီရပ်ခိုင်းတယ်။ ကျွန်မသိပ်မစားခဲ့ရတာကို အဲဒီအစ်မက မြင်တော့ ကျွန်မကို လူမသိအောင် ပေါက်စီတစ်လုံး အမြန်ထည့်ပေးလိုက်တယ်။ အဲဒီနောက်မှာတော့ ကျွန်မလုံလုံလောက်လောက် စားရအောင် အဲဒီအစ်မက ပေါက်စီတွေ လူမသိအောင်ပေးတာကိုပဲ အားကိုးခဲ့ရတယ်။ အစ်မနှစ်ယောက်က ကျွန်မလက်ကို သူတို့နှစ်ယောက်မျှပြီး ညတိုင်းနှိပ်ပေးသလို ကျွန်မကို ဂရုစိုက်ကြတယ်။ ကျွန်မကို အားပေးဖို့အတွက် ဘုရားနှုတ်ကပတ်တော်ကိုလည်း သူတို့တိတ်တဆိတ် မိတ်သဟာယပြုကြတယ်။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေဖြစ်ပြီး ကျွန်မအတွက် သူ့ရဲ့ချစ်ခြင်းသင်္ကေတတစ်ခုပဲဆိုတာ ကျွန်မသိခဲ့ပြီး ဘုရားသခင်ကို ကျွန်မစိတ်နှလုံးထဲကနေ အရမ်းကျေးဇူးတင်ခဲ့တယ်။

အဲဒီအချိန်အတောအတွင်းမှာ၊ ကျွန်မလက်ကို လုံးဝ မြှောက်လို့မရသေးဘူး။ တစ်ခါတော့ ကျွန်မ ဆရာဝန်တစ်ယောက်ကိုမေးလိုက်တယ်။ “ကျွန်မလက်မောင်းအတွက် သောက်လို့ရတဲ့ ဆေးတစ်ခုခုရှိလား” ပေါ့။ ဆရာဝန်ကပြောတယ်။ “မင်းလက်က သုံးလကျော်အထိ မလှုပ်ဘဲနေရင် ကြွက်သွားတွေက ချည့်နဲ့လာပြီး အမြဲတမ်း မသန်စွမ်းဖြစ်သွားမှာ။ ကုသလို့မရဘူး။ ဆေးထိုးရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး။ လက်ချောင်းတွေကို နံရံပေါ်မှာ လမ်းလျှောက်တဲ့ ပုံစံလုပ်ပြီး လက်မောင်းကို လေ့ကျင့်ပေးနိုင်ရင် အကောင်းဆုံးပဲတဲ့။” အဲဒါနဲ့ အဲဒီအချိန်အတွင်းမှာ “နံရံသုံး လက်မောင်းလေ့ကျင့်ခန်း”ကို ဝီရိယရှိရှိနဲ့ လေ့ကျင့်ခဲ့တယ်။ ကျွန်မရဲ့လက်မောင်းတွေကို မမြှောက်နိုင်တော့ လက်မောင်းတွေကို အပေါ်ကို လွှဲပြီး ကျွန်မရဲ့လက်ချောင်းတွေနဲ့ နံရံကို ဖိကိုင်လိုက်ပြီးမှ လက်မောင်းကို အပေါ်ကို တဖြည်းဖြည်းချင်း လျှောက်ပေးလိုက်တယ်။ တစ်ပေလောက်အပေါ်ကို လျှောက်ပြီးတော့ ကျွန်မလက်မောင်းတွေက အပေါ်ကို ဘယ်လိုမှ ထပ်မတက်တော့ဘူး။ အဲဒါနဲ့ လက်မောင်းတွေကို အောက်ကိုလွှဲချလိုက်ပြီး နောက်တစ်ခါပြန်စတယ်။ အစတော့ ကျွန်မက ယုံကြည်မှုအပြည့်ရှိပြီး တစ်နေ့မှာတော့ ဆန်းကြယ်တာတစ်ခု ဖြစ်လာမယ်၊ ကျွန်မလက်တွေကိုမြှောက်နိုင်ပြီး ပုံမှန်အတိုင်း နေထိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ သုံးလကြာပြီးနောက်မှာ လက်တွေကို မမြှောက်နိုင်သေးဘူး။ ကျွန်မနည်းနည်း စိတ်ပျက်လာပြီး စိတ်ဓာတ်ကျလာတယ်။ “ငါ့လက်တွေက ကောင်းရောကောင်းလာဦးမှာလား။ မသက်သာလာဘူးဆိုရင် စခန်းကနေထွက်တဲ့အခါ ငါ ဘယ်လိုရှင်သန်နေထိုင်ရမှာလဲ။ ငါက ၃၀ ကျော်လေးပဲရှိသေးတယ်။ ကျန်တဲ့ဘဝတစ်လျှောက်လုံးမှာ တခြားလူတစ်ယောက်ရဲ့ ဂရုစိုက်မှုကို တကယ်ပဲ အားကိုးနေရတော့မှာလား” ဆိုပြီး တွေးမိတယ်။ ဒုက္ခတွေ၊ မျှော်လင့်ချက်မဲ့တာတွေကြားကနေ ကျွန်မကို လမ်းပြပြီး ခွန်အားနဲ့ ယုံကြည်ခြင်းပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်ရင်းနဲ့ ဆုတောင်းခဲ့ပါတယ်။ အဲဒီညမှာ ကျွန်မအစ်မက ကျွန်မကို နှိပ်ပေးနေတုန်း ကျွန်မရဲ့လတ်တလောအခြေအနေကို သူ့ကိုပြောပြလိုက်တယ်။ ကျွန်မအစ်မက “ငါတို့မှာ ဘုရားသခင်ရှိတယ်။ ဒါကြောင့်မို့ ကြောက်ဖို့မလိုဘူး။ မင်းရဲ့လေ့ကျင့်ခန်းတွေကိုသာ ဆက်လုပ်ပါ။ မင်းလက်တွေကို ငါတို့ဆက်နှိပ်ပေးနေမယ်။ ဘာမှမစိုးရိမ်နဲ့” လို့ပြောပြီး နှစ်သိမ့်ပေးခဲ့တယ်။ ကျွန်မအစ်မရဲ့ စကားတွေကြောင့် ကျွန်မ မျက်ရည်ကျခဲ့ရတယ်။ နောက်ပိုင်းမှာ အခုလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်။ “စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော် သို့မဟုတ် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် မည်သည့်ကိစ္စ၌မဆို သင်သည် ယောဘကဲ့သို့ပင် ဘုရားသခင်၏အမှုထဲတွင် ယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး ဘုရားသခင်ကို မငြင်းပယ်ရပေ။ ယောဘသည် ခွန်အားနည်းပြီး သူ၏မွေးဖွားသည့်နေ့ရက်ကို ကျိန်ဆဲခဲ့သော်လည်း၊ လူ့ဘဝထဲရှိ အရာခပ်သိမ်းကို ယေဟောဝါ အပ်နှင်းထားကြောင်းနှင့် ယေဟောဝါသည် ယင်းတို့အားလုံးကို နုတ်ယူမည့် အရှင်လည်းဖြစ်ကြောင်း သူမငြင်းခဲ့ပါ။ မည်သို့ပင် စမ်းသပ်ခံခဲ့ရစေကာမူ ဤယုံကြည်ချက်ကို သူဆုပ်ကိုင်ခဲ့သည်။ သင်၏ အတွေ့အကြုံထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် မည်သည့်စစ်ဆေးခြင်းကိုမဆို သင်ကြုံရပါစေ၊ လူသားမျိုးနွယ်အား ဘုရားသခင်တောင်းဆိုသည့်အရာမှာ အချုပ်အားဖြင့် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့အပေါ် ၎င်းတို့၏ချစ်ခြင်းပင် ဖြစ်သည်။ ဤနည်းအတိုင်း အမှုပြုခြင်းအားဖြင့် သူစုံလင်စေသောအရာမှာ လူတို့၏ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ပြင်းပြသော ဆန္ဒများ ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် စုံလင်စေခြင်းအမှုကို ပြုပြီး၊ ယင်းကို ၎င်းတို့ မမြင်တွေ့နိုင်၊ သတိမပြုနိုင်ပေ။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် သင်၏ယုံကြည်ခြင်း လိုအပ်သည်။ တစ်စုံတစ်ရာကို ပကတိမျက်စိဖြင့် မမြင်နိုင်သည့်အခါ လူတို့၏ယုံကြည်ခြင်း လိုအပ်ပြီး သင်၏ကိုယ်ပိုင် အယူအဆများကို သင်လက်မလွှတ်နိုင်သည့်အခါ သင်၏ယုံကြည်ခြင်း လိုအပ်သည်။ သင်သည် ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိသည့်အခါ သင့်အား တောင်းဆိုသောအရာမှာ ယုံကြည်ခြင်း ရှိရန်နှင့် ခိုင်ခံ့သောရပ်တည်ချက်ရှိပြီး သက်သေရပ်တည်ရန် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်”) ယောဘက အားနည်းပြီး ဝေဒနာခံစားနေရတဲ့အချိန်မှာ ဘုရားသခင်ပေါ် ယုံကြည်မှု လုံးဝ မပျောက်ခဲ့ဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ပြခဲ့တယ်။ ဘုရားသခင်က သူ့ကို ဘယ်လိုပဲ စမ်းသပ်ပါစေ။ ဘုရားရဲ့ ကြီးမြတ်တဲ့တန်ခိုးအတွက် ဘုရားကို သူ အမြဲတမ်းချီးမွမ်းခဲ့တယ်။ ဘုရားကို ဘယ်တော့မှ အပြစ်မတင်ဘဲ ဘုရားအတွက် သက်သေရပ်တည်ခဲ့တယ်။ သုံးလကြာပြီးတော့ ကျွန်မလက်တွေက တိုးတက်မလာတော့ ကျွန်မယုံကြည်မှုပျောက်ပြီး ကျွန်မအနာဂတ်ကို စတွေးလာတယ်။ အပျက်သဘောဆောင်ပြီး ဒုက္ခခံနေရင်းနဲ့ အသက်ရှင်ခဲ့တယ်။ ဘုရားသခင်အပေါ် ကျွန်မယုံကြည်မှုက ချို့တဲ့နေသေးတာကို တွေ့ရတယ်။ စစ်မှန်တဲ့ ယုံကြည်ခြင်းမဟုတ်ခဲ့ဘူး။ ဘုရားသခင်က ကျွန်မကို သန့်စင်ပြီး ပြောင်းလဲဖို့၊ ကျွန်မရဲ့ ယုံကြည်ခြင်းကို စုံလင်စေဖို့ ဒီဆင်းရဲဒုက္ခနဲ့ စစ်ဆေးခြင်းကို အသုံးပြုနေတာပါ။ ကျွန်မ အပျက်သဘောဆောင်ပြီး နားလည်မှုလွဲမှားခြင်းနဲ့ ရှင်သန်မနေခဲ့သင့်ဘူး။ နောက်ပိုင်းမှာ အစ်မတွေက ကျွန်မနဲ့ ခဏခဏ မိတ်သဟာယပြုပြီး ကျွန်မကို ကူညီပေးတယ်။ ကျွန်မကလည်း ဒီအခြေအနေကို ကျိုးနာခံနိုင်ပြီး ကြုံတွေ့နိုင်ခဲ့တယ်။ ကျွန်မ ကျိုးနွံနာခံခဲ့တဲ့အချိန်မှာ ဘုရားသခင်ရဲ့ ဆန်းကြယ်တဲ့လုပ်ဆောင်မှုကို ကျွန်မ နောက်တစ်ခါ မျက်မြင်ကြုံတွေ့ခဲ့ရတယ်။ အဲဒီနောက် သိပ်မကြာခင်မှာပဲ ကျွန်မရဲ့ ညာဘက်လက်ကို တဖြည်းဖြည်းချင်း မြှောက်နိုင်လာတယ်။ နောက်နှစ်လကြာပြီးတဲ့အခါမှာ ကျွန်မရဲ့ဘယ်ဘက်လက်ကို တဖြည်းဖြည်းချင်းမြှောက်နိုင်လာခဲ့တယ်။ ဘုရားသခင်ကို ကျွန်မ အရမ်းပဲ ကျေးဇူးတင်ခဲ့တယ်။ မလှုပ်မရှားဘဲ သုံးလကြာပြီးရင် ကျွန်မလက်တွေက မသန်စွမ်းဖြစ်သွားမယ်လို့ ဆရာဝန်ကပြောခဲ့ပေမဲ့ ဘုရားသခင်က ကျွန်မ ဆန်းကြယ်စွာနဲ့ပဲ ပြန်သက်သာလာခွင့် ပေးခဲ့တယ်။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ ချစ်ခြင်းနဲ့ ကွယ်ကာခြင်းကြောင့်ပါ။

၂၀၁၀၊ ဇွန်လမှာ ကျွန်မကို လွှတ်ပေးခဲ့တယ်။ စီစီပီရဲ့ ရက်စက်မှုနဲ့ ဖိနှိပ်မှုကို ခံရပြီးတဲ့အခါမှာ စီစီပီရဲ့ ဘုရားကိုဆန့်ကျင်တဲ့အနှစ်သာရကို ကျွန်မ ရှင်းရှင်းလင်းလင်းမြင်ခဲ့ပြီး စီစီပီကို ကျွန်မစိတ်နှလုံးထဲကနေ စွန့်ပစ်ပြီး ကျောခိုင်းခဲ့ပါတယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းကိုလည်း ကျွန်မကိုယ်တိုင် ကြုံတွေ့ခဲ့ရတယ်။ နတ်ဆိုးရဲ့ သားရဲတွင်းထဲမှာ အဖမ်းခံရပြီး ရဲတွေရဲ့ ကြမ်းကြုတ်မှု၊ ညှဉ်းဆဲမှုကို ခံရတဲ့အချိန်မှာ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်ခြင်းနဲ့၊ ခွန်အား ဖြည့်ဆည်းပေးခဲ့တယ်။ အဲဒီကြိုးပမ်းရတဲ့အချိန်တွေတစ်လျှောက် ကျွန်မကို ကူညီလမ်းပြခဲ့တယ်။ ဒါတွေအားလုံးကို ဖြတ်သန်းပြီးတဲ့နောက်မှာ ကျွန်မဘုရားသခင်နဲ့ ပိုပြီးတော့တောင် နီးကပ်သွားသလိုခံစားရတယ်။ လူသားအတွက် ဘုရားသခင်လုပ်သမျှအရာရာတိုင်းက ဘုရားရဲ့ ချစ်ခြင်းနဲ့ ကယ်တင်ခြင်းပဲဆိုတာ ကျွန်မ မြင်တွေ့ခဲ့ပါတယ်။ အနာဂတ်မှာ ဘာဖိနှိပ်မှု၊ ဆင်းရဲဒုက္ခကိုပဲ ရင်ဆိုင်ရပါစေ ကျွန်မရဲ့ ယုံကြည်ခြင်းမှာ အမြဲတမ်းဇွဲရှိမယ်။ ဘုရားနောက်ကိုလိုက်မယ်။ ဘုရားရဲ့ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့ ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်မယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ရိုးသားခြင်းတွင် ကြီးမားသော ပျော်ရွှင်မှု ရှိသည်

ဂန်အင်း၊ အန်းဟွီစီရင်စု ကျွန်တော် ငယ်စဉ်ကတည်းက ကျွန်တော့်မိဘများက၊ “တခြားလူတွေကို ထိခိုက်ဖို့ စိတ်နှလုံးမရှိသင့်ဘူး၊ ဒါပေမယ့်...

ကျွန်မ အဖမ်းခံရသည့်ည

ကောလီ တရုတ်နိုင်ငံ ၂၀၁၁ ခုနှစ် ဧပြီလ ည ၈ နာရီအကျော်မှာ အစ်မလုနဲ့ ကျွန်မနဲ့က ကျွန်မတို့အခန်းထဲမှာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကိုဖတ်နေတုန်း...

အရာရှိတစ်ဦး၏ နောင်တ

ကျန်းရှင်း တရုတ်နိုင်ငံ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြောပါသည်၊ “ကမ္ဘာလောကကို ဖန်ဆင်းခြင်းမှ ယခုအချိန်ထိ၊ သူ၏အမှု၌ ဘုရားသခင်...

ကျွန်မသည် အမှန်ပင် အဆင်းနီသော နဂါးကြီး၏ သားသမီးဖြစ်ပါသည်

ကျန်းမင်၊ စပိန် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပါသည်။ “ဤလူတို့သည် အဆင်းနီသောနဂါးကြီး၏ သားသမီးများ ဖြစ်သည်ဟု ယခင်က ပြောထားခဲ့ပေသည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။