ကြမ်းတမ်းသည့်ကာလများအတွင်းမှ ချီးမွမ်းခြင်း

23.01.2022

သွန်းမေ တရုတ်နိုင်ငံ

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလရဲ့ နေ့တစ်နေ့၊ မနက် ခုနစ်နာရီခန့်လောက်မှာ၊ ကျွန်မက ညီမတစ်ယောက်နဲ့အတူ အသင်းတော်ရဲ့ ပစ္စည်းစာရင်းတွေကို ကောက်ယူနေချိန်မှာ ရဲအရာရှိ ဆယ်ယောက်ကျော်က ရုတ်တရက် အတင်းဝင်လာပြီး- “ဘယ်သူမှ မလှုပ်ကြနဲ့” လို့ အော်ပြီးပြော တယ်။ အဲဒီနောက် ဓားပြအုပ်စုတစ်စုလို ကျွန်မတို့ကို အတင်းအဓမ္မ ရှာကြပြီးနောက် အခန်းတိုင်းကို ဝင်ပြီး အားလုံးကို မှောက်လှန် ပြီးရှာကြတယ်။ သိပ်မကြာခင်မှာပဲ နေရာတစ်ခုလုံးဟာ လုံးဝရှုပ်ပွသွားတော့တယ်။ တခြားပစ္စည်းတွေအပြင်၊ သူတို့တွေ့သွားတဲ့ အရာတွေထဲမှာ အသင်းတော်ရဲ့ပိုင်ဆိုင်မှုတွေ၊ ဘဏ်ကဒ် ၃ ခု၊ ငွေစုဖြတ်ပိုင်းတွေ၊ ကွန်ပျူတာတစ်လုံးနဲ့ လက်ကိုင်ဖုန်းတစ်လုံး တို့ ပါပြီး အားလုံးကို သူတို့သိမ်းဆည်းသွားကြတယ်။ အဲဒီနောက် ကျွန်မတို့ကို ရဲစခန်းကို ခေါ်သွားတယ်။

အဲဒီနေ့လည်မှာ ရဲတွေက နောက်ထပ်ညီမ ၃ ယောက်ကို ဖမ်းဆီးလာပြီး ကျွန်မတို့အားလုံးကို အခန်းတစ်ခန်းထဲမှာ ထည့်ထားတယ်။ ကျွန်မတို့ကို စကားပြောခွင့်မပေးသလို၊ အဲဒီညမှာ ကျွန်မတို့ကို လုံးဝအိပ်ခွင့်မပေးဘူး။ အဲဒီညီမတွေကို အချုပ်ချထားတာ တွေ့ရပြီး အသင်းတော်အနေနဲ့ ဘဏ္ဍာရေးကျပ်တည်းမှု တွေ ကြုံတွေ့ရတော့မယ်ဆိုတာကို စဉ်းစားတဲ့ အခါမှာ၊ ကျွန်မ ဆိုးရွားစွာခံစားရပြီး၊ ဘုရားသခင်ကို တိတ်တိတ်ကလေး ဆုတောင်းလိုက်တယ်- “ဘုရားသခင်၊ ဒီအခြေအနေမှာ ကျွန်မ ဘာလုပ်ရမယ်ဆိုတာ မသိဘူး။ ကျွန်မရဲ့စိတ်နှလုံးကို ငြိမ်သက်အောင် ကိုယ်တော်လုပ်ပေးပါလို့ ဆုတောင်းပါတယ်” ဆိုပြီးတော့။ ဆုတောင်းပြီးတဲ့အခါမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ထဲက စာပိုဒ်တစ်ပိုဒ်ကို ကျွန်မ သတိရလိုက်တယ်- “သင့်ကို ဝန်းရံသည့် ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ငါ၏အခွင့်အားဖြင့်ဖြစ်သည်၊ ငါ စီစဉ်ထားခြင်းသာ ဖြစ်သည်ကို သင်သိထား၏။ ရှင်းရှင်းလင်းလင်း မြင်ကာ သင့်ကို ငါပေးထားသော ပတ်ဝန်းကျင်တွင် ငါ၏စိတ်နှလုံးကို ဖြည့်ဆည်းလော့။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ကျွန်မရဲ့စိတ်က တဖြည်းဖြည်းငြိမ်သက်လာ ပြီး၊ အဲဒီနေ့မှာ ဖြစ်နေတဲ့အရာအားလုံးဟာ ဘုရားသခင်ရဲ့ခွင့်ပြုချက်နဲ့ ဖြစ်ပြီး၊ ကျွန်မဟာ သူ့အတွက် သက်သေခံရမှာဖြစ်တယ်ဆိုတာကို အသိတရားရလိုက်တယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ နားလည်လိုက်တဲ့အခါ၊ ကျွန်မ ဘုရားကို ထပ်ပြီးဆုတောင်းလိုက်တယ်- “ဘုရားသခင်၊ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှု တွေနဲ့အစီအစဉ်တွေကို ကျွန်မ လိုလိုလားလား လက်ခံပြီး ကိုယ်တော့်အတွက် သက်သေခံမှာ ဖြစ်ပေမယ့်၊ ကျွန်မရဲ့ဝိညာဉ်ရင့်ကျက်မှု နည်းပါးတာ ကြောင့် ကိုယ်တော် ကျွန်မကို ယုံကြည်မှုနဲ့ ခွန်အားပေးဖို့ ဆုတောင်းပါတယ်” ပေါ့။ နောက်တစ်နေ့မနက်မှာ ရဲတွေက ကျွန်မတို့ကို တစ်ယောက်ချင်း စစ်ဆေးမေးမြန်းတယ်။ ကျွန်မကို စစ်ဆေးမေးမြန်းနေတဲ့ ရဲအရာရှိက ဘဝင်ခိုက်နေတဲ့ပုံစံနဲ့- “မင်းက အသင်းတော်ခေါင်းဆောင် တစ်ယောက်ဆိုတာ ငါသိတယ်။ ပြီးခဲ့တဲ့ ငါးလကတည်းက ငါတို့ မင်းကို စောင့်ကြည့် နေတာ...” လို့ ပြောတယ်။ ကျွန်မကို သူတို့ ဘယ်လိုစောင့်ကြည့်နေတယ် ဆိုတာကို သူက အသေးစိတ်ပြောပြတော့၊ ကျွန်မ အံ့အားသင့်သွားပြီး- “CCP က ငါတို့ကို ဖမ်းဆီးပြီးထိန်းသိမ်း ဖို့အတွက် ဒီလောက်အချိန်နဲ့အင်အားထည့်ကြ ပြီး၊ အခုဆိုရင် သူတို့က ငါအသင်းတော် ခေါင်းဆောင်တစ်ယောက် ဖြစ်တယ်ဆိုတာကို သိတော့ ငါ့ကို ကျိန်းသေ လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး” လို့ ကျွန်မစဉ်းစားမိတယ်။ ကျွန်မ ငြိမ်သက်စွာဆုတောင်းလိုက်ပြီး ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်တယ်- “ယုဒလို ဘုရားသခင်ကို သစ္စာဖောက်မယ့် အစား ကျွန်မ အသေသာခံမယ်” ဆိုပြီးတော့။ စစ်ဆေးမေးမြန်းတာတွေက ဘာရလဒ်မှ မရ တော့ ကျွန်မ မအိပ်အောင်လုပ်ဖို့ လူတစ်ယောက်ကို စောင့်ကြည့်ဖို့ တာဝန်ပေး တယ်။

စစ်ဆေးမေးမြန်းတဲ့ တတိယနေ့မှာ၊ ခေါင်းဆောင်အရာရှိက သူ့ရဲ့ကွန်ပျူတာကို ဖွင့်ပြီး ဘုရားသခင်ကို အသရေဖျက်ပြီး ပြစ်မှားတဲ့သတင်းအချက်အလက်တွေကို ကျွန်မကို ပြတယ်။ အဲဒါအပြင် အသင်းတော်ရဲ့ရန်ပုံငွေတွေ ထားတဲ့နေရာကို ဖိပြီးစစ်ဆေးတယ်။ ကျွန်မ မတုံ့ပြန်တော့ သူက ဒေါသထွက်သွား ပြီး၊ ကျွန်မကို ဆဲဆိုပြီး- “မင်း ငါတို့ကို မပြောချင်ရင် ရတယ်။ ငါတို့ မင်းကို ဒီမှာ ထားချင်သလောက် ကြာအောင်ထားပြီး၊ မင်းကို ငါတို့ နှိပ်စက်ချင် တိုင်း နှိပ်စက်လို့ရတယ်” လို့ ကျွန်မကို ခြိမ်းခြောက်ပြီးပြောတယ်။ အဲဒီည ညဉ့်နက်ချိန်မှာပဲ၊ နှိပ်စက်တာတွေ စတင်တော့တယ်။ သူတို့က ကျွန်မရဲ့လက်တစ်ဘက်ကို ကျွန်မရဲ့ ပခုံးပေါ်ကို ဆွဲမြှောက်ပြီး၊ ကျွန်မရဲ့ ကျောဘက်ကို ပြန်ဆွဲချတယ်။ သူတို့က နောက်လက်တစ်ဘက်ကို ကျွန်မရဲ့ နောက်ကျောဘက်ကိုဆွဲယူပြီး အပေါ်ကို ပြန်မတင်လိုက်တယ်။ ပြီးတော့ သူတို့က ကျွန်မရဲ့ကျောပေါ်ကို တက်ရပ်ပြီး ကျွန်မရဲ့လက်တွေကို အတင်းဆွဲစုလိုက်ပြီး၊ လက်ထိပ်ခတ်လိုက်တယ်။ နာကျင်လို့ ကျွန်မ အော်လိုက်တယ်။ ကျွန်မရဲ့ပခုံးက ကြွက်သားတွေနဲ့အရိုးတွေ တစ်စစီဆွဲဖြဲသလို ခံစားလိုက်ရတယ်။ ကျွန်မ ကြမ်းပေါ် ဒူးထောက်တာသာ လုပ်နိုင် ပြီး၊ ခေါင်းငိုက်စိုက်ချပြီး လှုပ်လို့မရဘူး။ ကျွန်မရဲ့အော်သံတွေကြားတော့ သူတို့ လျှော့လိုက်မယ်လို့ ကျွန်မထင်ပေမယ့်၊ ကျွန်မရဲ့ လက်ထိပ်ခတ်ထားတဲ့လက်နဲ့ နောက်ကျောကြားမှာ လက်ဖက်ရည်ခွက်တစ် ခွက်ကို အဲဒီရဲတွေက လာညှပ်ထားလိုက်တယ်။ ကျွန်မရဲ့အရိုးတွေ ကျိုးသွားသလို ခံစားလိုက် ရတယ်။ ကျွန်မ အရမ်းနာကျင်တာကြောင့် အသက်ကို မနည်းရှုရပြီး မျက်နှာပေါ် ဇောချွေးတွေ စပြီးစီးကျလာတယ်။ အဲဒီအခါ အရာရှိတွေထဲက တစ်ယောက်က အခွင့်အရေးတစ်ခု တွေ့သွားပြီး- “မင်း နာမည်တစ်ခု ပြောရုံပဲ၊ ငါတို့ မင်းကို လွှတ်ပေးမယ်” လို့ ပြောတယ်။ ကျွန်မရဲ့စိတ်နှလုံးကို ကာကွယ်ပေးဖို့ ဘုရားသခင်ကို ကျွန်မ တိတ်တိတ်ကလေး ဆုတောင်းလိုက်ပြီး၊ အဲဒီအချိန်မှာပဲ ကျွန်မခေါင်းထဲကို ဓမ္မသီချင်း တစ်ပုဒ် ဝင်ရောက်လာတယ်- “လူ့အဖြစ်ခံယူသောဘုရား သူ ဆင်းရဲဒုက္ခခံရ၊ ကျွန်ုပ် မည်မျှ ပိုခံသင့်သလဲ။ မှောင်မိုက်ကို အနိုင်ပေးလိုက်ရင် ဘုရားကို ဘယ်လို မြင်နိုင်မလဲ။ နှုတ်ကပတ်တော်ကို အောက်မေ့ဆင်ခြင်သည့်အခါ၊ ကိုယ်တော်ရှင်ကို တမ်းတစေ။ မျက်နှာတော်ကို မြင်ချိန်တိုင်း၊ အပြစ်ရှိသော ကျွန်ုပ် ကိုယ်တော်ကိုဉီးညွှတ်ပါသည်။ လွတ်လပ်မှုကို ရှာဖွေဖို့ ကိုယ်တော့်ကို ဘယ်လို စွန့်လွှတ်နိုင်မလဲ။ ကိုယ်တော်ရဲ့ ပူဆွေးနေသော နှလုံးသားကိုကုစားဖို့ ဆင်းရဲဒုက္ခကိုသာ ခံလိုပါ၏။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ကိုယ်တော်ရှင်ရဲ့သတင်းကောင်းကို စောင့်မျှော်ခြင်း”) ဓမ္မသီချင်းကြောင့် ကျွန်မ အရမ်းစိတ်လှုပ်ရှား သွားတယ်။ ဘုရားသခင်ဟာ ဘယ်လိုလူ့ဇာတိခံပြီး ဒီကမ္ဘာကိုလာပြီး ကျွန်မတို့ကို ကယ်တင်တယ်၊ စီစီပီရဲ့ ဖိနှိပ်မှုနဲ့ လိုက်လံဖမ်းဆီးမှုကို ဘယ်လို ခံရတယ်၊ လူသားမျိုးနွယ်ရဲ့ ဆန့်ကျင်ရှုတ်ချမှု ကို ခံရတယ်ဆိုတာတွေကို ကျွန်မစဉ်းစားမိ တယ်။ ဘုရားသခင်ဟာ သန့်ရှင်းပြီး ဒုက္ခမခံရသင့် ဘူး၊ ဒါပေမယ့် သူက ကျွန်မတို့အားလုံးကို ကယ်တင်ဖို့ တိတ်ဆိတ်စွာနဲ့ ကြံ့ကြံ့ခံခဲ့တယ်။ ဒါကြောင့် စာတန်က ဖောက်ပြန်ပျက်စီးအောင် လုပ်ခဲ့တဲ့ ကျွန်မလို လူတစ်ယောက်အတွက် ဒုက္ခအနည်းငယ်ခံရတာ ဘာဖြစ်သေးလဲ။ အကယ်၍ ကျွန်မဟာ နာကျင်မှုဒဏ်ကို ကြံ့ကြံ့မခံနိုင်ဘဲ စာတန်ကို အရှုံးပေးလိုက်မယ် ဆိုရင်၊ ဘုရားသခင်ရဲ့ရှေ့မှောက်မှာ ကျွန်မကိုယ်ကျွန်မပြဖို့ ရှက်စရာမကောင်းဘူး လား။ ဒါတွေအားလုံး စဉ်းစားပြီးတဲ့အခါ ကျွန်မရဲ့ အတွင်းအားတွေ တက်လာတယ်။ အရာရှိတွေက ကျွန်မကို တစ်နာရီလောက် ညှဉ်းပန်းနှိပ်စက်ပြီး‌ နောက်ဆုံးမှာ ကျွန်မရဲ့လက်ထိပ်တွေကို ဖြုတ်လိုက်တဲ့အခါ ကျွန်မ ကြမ်းပြင်ပေါ်ကို ပုံရက်သားကျသွားပေမယ့်၊ သူတို့က “မင်း ငါတို့ကို မပြောပြရင်၊ ငါတို့ မင်းကို နောက်တစ်ကြိမ် နောက်ကျောကနေ လက်ထိပ် ခတ်ထားမယ်” လို့ ကျွန်မကို အော်ပြောတယ်။ ကျွန်မက သူတို့ကို တစ်စက္ကန့်လောက်ကြည့်ပြီး ဘာမှ မတုံ့ပြန်ဘူး။ အဲဒါပြီးပြီးချင်း၊ အရာရှိတစ်ယောက်က လာပြီး ကျွန်မကို ကျောဘက်ကနေ လက်ထိပ်ခတ်ပြန်တယ်။ ပြင်းထန်တဲ့နာကျင်မှု ခံစားရမှာကို မျှော်မှန်း ပြီး ကျွန်မ နည်းနည်းကြောက်လာပြီး ဘုရားသခင်ကို အဆက်မပြတ်ဆုတောင်းနေ လိုက်တယ်။ အံ့ဩစရာကောင်းစွာနဲ့၊ အရာရှိက ကျွန်မရဲ့ ကျောဘက်ကို လက်တွေကိုဆွဲယူလိုက်တဲ့အခါ ကျွန်မရဲ့လက်တွေက မလှုပ်သလို ဘာနာကျင်မှုမှလည်း မခံစားရဘူး။ သူတို့အားကုန်တဲ့အထိ ကျွန်မရဲ့လက်တွေကို ဆွဲဖို့ကြိုးစားပေမယ့်၊ သူတို့ ကျွန်မကို လက်ထိပ်မခတ်နိုင်ကြဘူး။ အသက်လုရှုရင်း၊ “မင်းက တော်တော်ပြန်ရုန်းကန်နိုင်တယ်” လို့ သူတို့က ပြောတယ်။ ဒါဟာ ဘုရားသခင်က ကျွန်မကို စောင့်ရှောက် ပြီး ခွန်အားပေးတယ်ဆိုတာ ကျွန်မသိလိုက် တယ်။

အဲဒီလိုနဲ့ပဲ ကျွန်မ နောက်နေ့အာရုဏ်ဦးအထိ ခံနိုင်ခဲ့တယ်။ အဲဒီအရာရှိတွေ ကျွန်မကို ဘယ်လိုညှဉ်းပန်း နှိပ်စက်ခဲ့တယ်ဆိုတာကို ပြန်စဉ်းစားတဲ့အခါ မှာ အခုအထိ ကြောက်နေတုန်းပဲ။ ကျွန်မ မပြောပြရင်၊ သူတို့က ဝေးလံတဲ့တော တစ်နေရာကို ကျွန်မကို ခေါ်သွားပြီး သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်၊ ပြီးတော့ လူသစ်တစ်ယောက် ဖမ်းလာတိုင်းမှာ ကျွန်မဟာ သစ္စာဖောက်တယ်လို့ သူတို့က ပြောမယ်၊ အဲဒါဆို ကျွန်မ နာမည်ပျက်ပြီး ကျွန်မရဲ့ ညီအစ်ကို၊ မောင်နှမတွေက ကျွန်မကို မုန်းပြီး စွန့်လွှတ်သွားမှာလို့ သူတို့က ကျွန်မကို ခြိမ်းခြောက်တယ်။ အဲဒါကို ကြားလိုက်ရတော့ ကျွန်မ နည်းနည်း သူရဲဘောကြောင်သလို ခံစားရပြီး အားနည်း လာတယ်။ ကျွန်မတွေးမိတယ်- “ကျွန်မ သေသွားတာက ပိုကောင်းသေးတယ်။ အဲဒီလိုဆိုရင် အနည်းဆုံးတော့ ကျွန်မဟာ ယုဒလို ဘုရားသခင်ကို သစ္စာဖောက်မှာ မဟုတ်သလို၊ ကျွန်မရဲ့ညီအစ်ကို မောင်နှမတွေ ကလည်း ကျွန်မကို စွန့်းလွှတ်မှာ မဟုတ်ဘူး၊ ကျွန်မခန္ဓာကိုယ်ရဲ့ ဒုက္ခတွေနဲ့ညှဉ်းပန်းနှိပ်စက် မှုတွေကနေ လွတ်တောင်လွတ်မြောက်သွားဦး မယ်” ပေါ့။ ဒါကြောင့် ကျွန်မကို စောင့်ကြည့်နေတဲ့အရာရှိ တွေ ကျွန်မကို ကြည့်မနေတဲ့အချိန်ကိုစောင့်ပြီး နံရံနဲ့ ကျွန်မရဲ့ခေါင်းကို ကျွန်မခွန်အားရှိ သလောက်နဲ့ ပစ်ဆောင့်လိုက်တယ်။ ဒါပေမယ့် ကျွန်မ သေမသွားဘဲ၊ ခေါင်းသာ မူးသွားတယ်။ အဲဒီအချိန်မှာပဲ အခုလိုပြောတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မစဉ်းစားမိတယ်- “အခြားသူများက သင့်ကို နားလည်မှုလွဲသောအခါ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး၊ ‘အိုး ဘုရားသခင်။ အခြားသူများက အကျွန်ုပ်ကို သည်းခံဖို့၊ သို့မဟုတ် ကျွန်ုပ်ကို ကောင်းကောင်း ဆက်ဆံဖို့ ကျွန်ုပ် မတောင်းဆိုသကဲ့သို့၊ ၎င်းတို့ ကျွန်ုပ်ကို နားလည်ဖို့ သို့မဟုတ် လက်ခံဖို့ ကျွန်ုပ် မတောင်းဆိုပါ။ ကျွန်ုပ်၏ နှလုံးသားထဲတွင် ကိုယ်တော့်ကို ချစ်နိုင်ဖို့၊ ကျွန်ုပ်၏ နှလုံးသားထဲတွင် ငြိမ်းငြိမ်းချမ်းချမ်းရှိဖို့နှင့် ကျွန်ုပ်၏ လိပ်ပြာသန့်နိုင်ဖို့သာ ကျွန်ုပ်တောင်းဆိုပါ၏။ အခြားသူများက ကျွန်ုပ်ကို ချီးကျူးဖို့၊ သို့မဟုတ် ကျွန်ုပ်ကို အထင်ကြီးလေးစားဖို့ ကျွန်ုပ် မတောင်းဆိုပါ။ ကျွန်ုပ်နှလုံးသားမှ ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့သာ အကျွန်ုပ် ကြိုးစားပါသည်။...’” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်”) အဲဒါမှန်တယ်။ ဘုရားသခင်က ကျွန်မတို့ရဲ့ နှလုံးသားတွေနဲ့စိတ်တွေကို စေ့စေ့စပ်စပ်ကြည့် ရှုစစ်ဆေးနေတာဖြစ်တယ်။ အရာရှိတွေက ကျွန်မကို မတရားစွပ်စွဲပြီး ကျွန်မရဲ့ညီအစ်ကို မောင်နှမတွေက အမှန်ကို မသိတဲ့အတွက် ကျွန်မကို စွန့်လွှတ်ခဲ့ရင်၊ ဒါတွေအားလုံးဟာ ဘုရားသခင်ရဲ့ အကောင်း ဆုံးရည်ရွယ်ချက်တွေနဲ့ ဖြစ်တာပဲ။ ဘုရားသခင်ဟာ ကျွန်မကို စမ်းသပ်နေတာဖြစ် ပြီး ကျွန်မရဲ့ယုံကြည်မှုကို စုံလင်အောင်ပြုလုပ် နေတာဖြစ်တယ်။ ကျွန်မဟာ ဘုရားသခင်ရဲ့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမှုကိုခံရင်း သက်သေခံပြီး၊ သူ ကျေနပ်အောင် လုပ်သင့်တယ်။ နတ်ဆိုးတွေရဲ့အကြံအစည်ကို ကျွန်မ ထိုးဖောက်ပြီးမြင်တဲ့အခါမှာ၊ ကျွန်မ ရုတ်တရက် အလွန်အရှက်ရပြီး အပြစ်ရှိတယ် လို့ ခံစားရတယ်။ ဘုရားသခင်အပေါ် ကျွန်မ ယုံကြည်မှု ဘယ်လောက်အားနည်းတယ်ဆိုတာကို ကျွန်မ တွေ့လိုက်ရတယ်။ ကျွန်မရဲ့အသား နည်းနည်းလောက်ဒုက္ခခံ လိုက်ရတာနဲ့၊ ကျွန်မ ဆက်မရပ်တည်နိုင်ဘဲ သေခြင်းကတစ်ဆင့် အခြေအနေကို လွတ်မြောက်ချင်ခဲ့တယ်။ ကျွန်မ ဘယ်လောက်ခွန်အားနည်းသလဲ။ ဘုရားသခင်ကို ကျွန်မ သစ္စာဖောက်အောင် အရာရှိတွေက ကျွန်မကို ခြိမ်းခြောက်နေတာ ဖြစ်ပြီး၊ ဘုရားသခင်ကသာ ကျွန်မကို အကာအကွယ် မပေးခဲ့ရင်၊ ကျွန်မဟာ စာတန်ရဲ့အကြံအစည် ထဲကို ကျရောက်သွားမှာဖြစ်တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်လိုက်ရတော့ ကျွန်မအတွက် အားလုံးရှင်းလင်းသွားတယ်။ ကျွန်မ မသေချင်ဘူး၊ ကျွန်မအသက် ရှင်သန်ချင်တယ်၊ သက်သေခံ ပြီး စာတန်ကို အရှက်ရစေချင်တယ်။

ကျွန်မကို စောင့်ကြည့်နေတဲ့ အရာရှိနှစ်ယောက် က နံရံနဲ့ခေါင်းကို ကျွန်မ ဘာဖြစ်လို့ ဆောင့်သလဲလို့ မေးတယ်။ ကျွန်မကို တခြားအရာရှိတစ်ယောက်က ရိုက်နှက်တာလို့ ပြောလိုက်တယ်။ အရာရှိတစ်ယောက်က ရယ်မောပြီး- “ငါတို့ မင်းကို အဓိကအားဖြင့် ပညာပေးရုံ သက်သက်ပဲ၊ စိတ်မပူနဲ့၊ သူတို့ မင်းကို ထပ်မရိုက်စေရဘူးဆို တာ ငါကတိပေးတယ်” လို့ ပြောတယ်။ သူက အဲဒီလိုပြောတဲ့အခါ၊ “ဒီအရာရှိနှစ်ယောက်က သိပ်မဆိုးဘူး။ သူတို့ က တစ်ချိန်လုံး ငါ့ကို ကောင်းကောင်းဆက်ဆံ တယ်” လို့ ကျွန်မစဉ်းစားမိတယ်။ အဲဒီလိုနဲ့ ကျွန်မ သတိလက်လွတ်ဖြစ်သွား တယ်။ အဲဒီအချိန်မှာပဲ ဒီလိုပြောထားတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မစဉ်းစားမိတယ်- “အချိန်တိုင်းတွင်၊ ငါ၏လူတို့သည် ငါ့အိမ်၏တံခါးကို ငါ့အတွက် စောင့်ကြပ်ရင်း၊ စာတန်၏ စဉ်းလဲသည့် အကြံအစည်များကို သတိထားသင့်ပေသည်။ ၎င်းတို့အနေဖြင့် စာတန်၏ ထောင်ချောက်ထဲသို့ ကျဆင်းခြင်းကို ရှောင်လွှဲဖို့ရန်အလို့ငှာ၊...စာတန်၏ ထောင်ချောက်ထဲသို့ ကျဆင်းချိန်တွင် နောင်တရဖို့ရန် အလွန် နောက်ကျသွားလိမ့်မည် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၃” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ) နတ်ဆိုးတွေရဲ့အကြံအစည်တွေက ပုံစံမျိုးစုံနဲ့ လာတယ်ဆိုတာကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို သတိပေးတယ်။ သူတို့ရဲ့ ပြင်ပအသွင်အပြင်တွေနဲ့ လှည့်စား တာကို ကျွန်မ ခံလို့မဖြစ်ဘူး၊ ကျွန်မ အချိန်ပြည့် သတိနဲ့ နေရမယ်။ ကျွန်မကို အံ့ဩစေတာက၊ သူတို့ဟာ သူတို့ရဲ့ သရုပ်မှန်တွေကို သိပ်မကြာခင်မှာပဲ ပြကြ တယ်။ အရာရှိတစ်ယောက်က ဘုရားသခင်အကြောင်း အသရေဖျက်တဲ့အရာတွေ စပြောလာပြီး၊ နောက်တစ်ယောက်က ကျွန်မဘေးကို လာထိုင်ပြီး၊ ကျွန်မရဲ့ပေါင်ကို ပုတ်နေရင်း၊ တစ်ချိန်တည်းမှာပဲ ကျွန်မကို လိင်စိတ်ပါတဲ့ အကြည့်နဲ့ကြည့်ပြီး အသင်းတော်ရဲ့ရန်ပုံငွေ တွေအကြောင်း မေးတယ်။ ညအချိန်၊ ကျွန်မအိပ်ငိုက်သွားတော့ သူက ကျွန်မရဲ့ရင်ဘတ်ကိုတောင် လာကိုင်တယ်။ အဲဒီလို သူတို့ရဲ့စရိုက်မှန်တွေကို သူတို့ စပြတဲ့အခါမှာ၊ ကျွန်မ ဒေါသအရမ်းထွက်သွား တယ်။ ဒီပြည်သူ့ရဲဆိုတဲ့သူတွေက တကယ်တမ်းကျ တော့ လူဆိုးနဲ့ဓားပြအုပ်စုတစ်စုပဲဖြစ်တယ်ဆို တာကို ကျွန်မတွေ့လိုက်ရတယ်။ သူတို့ဟာ ဒီလိုရွံဖို့ကောင်းတဲ့အရာတွေကို လုပ်ကြတယ်။

နောက်ရက်အနည်းငယ်အထိ၊ အရာရှိတွေက အလှည့်ကျစောင့်ပြီး ကျွန်မကို ပေးမအိပ်ကြ ဘူး။ ကျွန်မတို့အသင်းတော်ရဲ့ ရန်ပုံငွေတွေ ဘယ်မှာ ရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့လည်း ကျွန်မကို စစ်ဆေးမေးမြန်းကြတယ်။ ကျွန်မက မပြောတော့၊ သူတို့က စိတ်ပျက်လက် ပျက်ဖြစ်ရာကနေ ဒေါသတွေထွက်လာကြပြီး၊ သူတို့ထဲက တစ်ယောက်က ကျွန်မရဲ့မျက်နှာကို အကြိမ်ကြိမ်ဖြတ်ရိုက်တယ်။ ရိုက်တဲ့ဒဏ်ကြောင့် ကျွန်မရဲ့မျက်နှာက ရောင်ပြီးထုံလာတယ်။ သူတို့လိုချင်တဲအရာကို ကျွန်မက မပေးတော့၊ သူတို့ ညှဉ်းပန်းနှိပ်စက်နေတာတွေကို မရပ်ကြဘူး။ တစ်ညမှာ၊ ခေါင်းဆောင်အရာရှိက- “မင်းက ခေါင်းမာတဲ့လူပဲ။ မင်းက ငါဘယ်လောက်စိတ်ရှည်သလဲ စမ်းနေတာ လား။ ငါ မင်းကို ဦးကျိုးအောင် လုပ်လို့ရတယ်။ မင်းထက် ခေါင်းမာတဲ့လူတွေအများကြီးကို ငါကိုင်တယ်ဖူးတယ်။ ငါတို့ မင်းကို ပြောစေချင်ရင် ငါတို့ ကစားနေ တာ ရပ်ဖို့လိုပြီထင်တယ်” လို့ ကျွန်မကို ပြောတယ်။ အဲဒီနောက် သူက အမိန့်တစ်ခုပေးလိုက်ပြီး၊ အရာရှိတချို့က စပြီးညှဉ်းပန်းနှိပ်စက်တော့ တယ်။ သူတို့က ကျွန်မကို ကြမ်းပေါ်မှာ ဝပ်ခိုင်းပြီး၊ လက်ထိပ်ခတ်ထားတဲ့ ကျွန်မရဲ့လက်တွေကို ကျွန်မရဲ့ခြေထောက်ရှေ့ ဆွဲဆန့်လိုက်တယ်။ ပြီးတော့ ကျွန်မရဲ့လက်တွေနဲ့ခြေထောက်တွေ ကြားမှာ သစ်သားတုတ်တစ်ချောင်းကို ထည့် သွင်းလိုက်တဲ့အခါ၊ ကျွန်မခန္ဓာကိုယ်က ဘောလုံးတစ်လုံးလို ကွေးပြီးလုံးသွားတယ်။ ပြီးတော့ သူတို့က တုတ်ကနေ မပြီး စားပွဲနှစ်ခု ကြားမှာ တင်ထားတဲ့အခါ၊ ကျွန်မရဲ့ခေါင်းက ဇောက်ထိုးဖြစ်နေပြီး၊ ကျွန်မရဲ့ခန္ဓာကိုယ်တစ်ခုလုံးက လေထဲမှာ တွဲလောင်းကျနေတယ်။ ပထမအကြိမ် ကျွန်မကို တွဲလောင်းထားတဲ့ အခါမှာ၊ ကျွန်မရဲ့ခေါင်းသွေးတွေ ခုန်လာပြီး၊ ကျွန်မ အသက်ဝဝမရှူနိုင်ဘဲ မွန်းကျပ်လာတယ်။ ကျွန်မကို ပြောင်းပြန်တွဲလောင်းချိတ်ထား တော့၊ ကျွန်မရဲ့ခန္ဓာကိုယ်အလေးချိန်တစ်ခုလုံး က ကျွန်မရဲ့လက်ကောက်ဝတ်တွေပေါ်မှာ ကျရောက်နေတယ်။ ပထမတုန်းက၊ လက်ထိပ်တွေရဲ့အသွားတွေ ကျွန်မအသားထဲ စိုက်မဝင်အောင် ကျွန်မရဲ့လက်တွေကို ဆွဲစုပြီး ကျွန်မရဲ့ ခန္ဓာကိုယ်ကို ကွေးပြီးလုံးထားပြီး၊ အဲဒီအနေအထားနဲ့ တောင့်ခံနေလိုက်တယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ကျွန်မကိုကျွန်မ တောင့်ထားဖို့ အားမရှိတော့ဘဲ၊ ကျွန်မရဲ့လက်တွေက ကျွန်မရဲ့ခြေချင်းဝတ် တွေကနေ ကျွန်မရဲ့ဒူးတွေဆီကို လျှောပြီး ရောက်သွားတယ်။ လက်ထိပ်တွေရဲ့အသွားတွေကလည်း ကျွန်မရဲ့ လက်ကောက်ဝတ်တွေထဲကို အနက်ကြီး စိုက်ဝင်သွားပြီး၊ ဆိုးရွားတဲ့ နာကျင်မှုကို ခံလိုက်ရတယ်။ နာရီဝက်လောက် တွဲလောင်းချိတ်ခံထားရပြီး နောက်၊ ကျွန်မရဲ့ခန္ဓာကိုယ်မှာရှိတဲ့ သွေးတွေအားလုံး က ကျွန်မရဲ့ခေါင်းထဲမှာ သွားစုနေတယ်လို့ ကျွန်မခံစားရတယ်၊ ပြီးတော့ ကျွန်မရဲ့ခေါင်းနဲ့မျက်စိတွေကလည်း တဒုတ်ဒုတ်နဲ့ ပေါက်ထွက်မတတ် ကိုက်ခဲလာ တယ်။ လက်ထိပ်တွေကလည်း ကျွန်မရဲ့ လက်ကောက်ဝတ်တွေထဲကို အနက်ကြီးစိုက် ဝင်နေပြီး၊ ကျွန်မရဲ့လက်တွေက ပူဖောင်းတွေ လို ရောင်လာတယ်။ ကျွန်မ သေတော့မလို ခံစားရပြီး၊ မျှော်လင့်ချက်ကင်းစွာနဲ့- “ကျွန်မ မခံနိုင်တော့ဘူး၊ ကျွန်မကို အောက်ကို ချပေးပါ” လို့ အော်ပြောလိုက်တယ်။ ဒါပေမယ့် အရာရှိက ဟိန်းဟောက်ပြီး- “မင်းကိုယ်မင်းကလွဲလို့ ဘယ်သူမှ မင်းကို မကယ်နိုင်ဘူး။ နာမည်တစ်ခုပြောတာနဲ့ ငါတို့ မင်းကို အောက်ချပေးမယ်” လို့ ပြောတယ်။ ကျွန်မ အရမ်းအခြေအနေမကောင်းတော့ဘူး ဆိုတာ သိသာလာတဲ့အခါကျမှ သူတို့က ကျွန်မကို အောက်ချပေးတယ်။ နောက်တော့ ဂလူးကို့စ်သကြားရည်တချို့ကို ကျွန်မရဲ့လည်ချောင်းထဲ အတင်းထည့်ပြီး၊ ဆက်ပြီးစစ်ဆေးမေးမြန်းတော့တယ်။ ကျွန်မ ကြမ်းပေါ်ကို ပုံကျသွားပြီး၊ မျက်လုံး တွေကို အတင်းညှစ်ပိတ်ထားပြီး သူတို့ကို လျစ်လျူရှုထားလိုက်တယ်။ ကျွန်မကို အံ့ဩသွားစေတာက၊ အဲဒီ အရာရှိ တွေက ကျွန်မကို တွဲလောင်းထပ်ချိတ်လိုက်ကြ တယ်။ ဒီတစ်ခါ ကျွန်မရဲ့လက်တွေက လုံးဝလက်ပန်း ကျသွားတာကြောင့်၊ လက်ထိပ်တွေ ကျွန်မရဲ့လက်ကောက်ဝတ်‌တွေ ထဲ စိုက်ဝင်ပြီး၊ အသွားတွေက ကျွန်မရဲ့အသားထဲ စူးဝင်နေ တာကို ကျွန်မ တောင့်ခံနေရတော့တယ်။ မချိမဆံ့နဲ့ ကျွန်မအော်လိုက်ပြီး ရုန်းကန်ဖို့ လည်း သိပ်ပင်ပန်းနေတယ်။ ကျွန်မ အသက်ကို မှိန်မှိန်လေးပဲ ရှူနိုင်ပြီး၊ ဒီတစ်ခါတော့ ကျွန်မ တကယ်သေတော့မယ်လို့ ထင်မိတယ်။ သေခါနီးမှာပဲ၊ စိတ်ထဲကနေ ဘုရားသခင်ကို ကျွန်မ စကားပြောလိုက်တယ်- “ဘုရားသခင်၊ အခုအချိန်မှာ ကျွန်မ တကယ်သေခါနီးနေပြီဆို တော့၊ ကျွန်မ အရမ်းကြောက်သွားပါတယ်။ ဒါပေမယ့် ဒီည ကျွန်မသေခဲ့ရင်တောင်၊ ကိုယ်တော့်ကို ကျွန်မဆက်ပြီးချီးမွမ်းနေမှာ ဖြစ်တယ်။ အို ဘုရားသခင်၊ ဒီဆိုးယုတ်တဲ့ကမ္ဘာကြီးကနေ ကျွန်မကို လွတ်မြောက်စေပြီး ကိုယ်တော့်ရှေ့မှောက်ကို ခေါ်ဆောင်ပေးမှာဖြစ်တဲ့အတွက် ကိုယ်တော့် ကို ကျွန်မ ကျေးဇူးတင်ပါတယ်။ ကျွန်မ ပျံ့လွင့်ပြီး လမ်းပျောက်နေတဲ့အချိန်မှာ ကိုယ်တော်ရဲ့ နွေးထွေးတဲ့ပွေ့ဖက်မှုထဲကို ကိုယ်တော် ခေါ်သွားပေးတယ်။ ဘုရားသခင်၊ ကိုယ်တော့်ရဲ့ကျေးဇူးတော်နဲ့ အလျှံပယ် ဖြည့်ဆည်းပေးတဲ့ဘဝမှာ ကျွန်မ အရမ်းသာယာကြည်နူးခဲ့ပေမယ်၊ အခုတော့ ကျွန်မရဲ့အသက်က အဆုံးသတ် တော့မှာဖြစ်ပြီး၊ ကိုယ်တော့်ရဲ့ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ ကျွန်မရဲ့တာဝန်ကို မဖြည့်ဆည်းနိုင်ခဲ့ဘူးဆို တာ ကျွန်မ အသိတရားရသွားတယ်။ ကျွန်မဟာ အကြိမ်ပေါင်းများစွာ ကိုယ်တော့်ကို နာကျင်စေခဲ့ပြီး စိတ်ပျက်အောင်လုပ်ခဲ့တယ်။ ကျွန်မဟာ မိဘတွေရဲ့ချစ်ခြင်းမေတ္တာကိုသာ သာယာကြည်နူးနေပြီး၊ သူတို့ကို ပြန်ပေးဆပ်ဖို့တော့ ဘာမှမလုပ်တဲ့ မလျော်ကန်တဲ့ကလေးတစ်ယောက်လိုပါပဲ။ အခုအချိန်မှာ ကျွန်မ နောင်တအရဆုံးက ကိုယ်တော့်အတွက် ကျွန်မ ဘာမှမလုပ်ခဲ့တာ ကြောင့်၊ ကျွန်မ ကိုယ်တော့အပေါ် အကြွေးတွေ အများကြီးတင်နေတယ်။ ကျွန်မအနေနဲ့ ဒီက အသက်ရှင်ပြီးထွက်နိုင်ခဲ့ ရင်၊ ကျွန်မရဲ့တာဝန်တွေကို ကျွန်မ ကျိန်းသေဖြည့်ဆည်းမှာဖြစ်တယ်။ ဘုရားသခင်၊ ကျွန်မကို ယုံကြည်မှုနဲ့ခွန်အား ပေးပြီး၊ ကျွန်မအနေနဲ့ တည်ကြည်ခိုင်မာစွာနဲ့ ရင်ဆိုင် နိုင်အောင် ကျွန်မ သေရမှာကြောက်တာကို ဖယ်ရှားပေးပါလို့ ကျွန်မ ဆုတောင်းပါ တယ်...” ဆိုပြီးတော့။ မျက်ရည်တွေက ကျွန်မရဲ့နဖူးပေါ်ကို စီးကျနေ ပြီး၊ ကျွန်မရဲ့ နောက်ဆုံးမိနစ်အနည်းငယ်ကို ရေတွက်နေရသလို နာရီ တချက်ချက်မြည်သံကိုပဲ ကျွန်မ ကြားလို့ ရတယ်။ အဲဒီအချိန်မှာပဲ၊ အံ့ဩလောက်တဲ့ အရာတစ်ခု ဖြစ်ပွားသွားတယ်။ နေရဲ့နွေးထွေးမှုက ကျွန်မကို ထွေးပိုက်လိုက် သလိုမျိုး ကျွန်မခံစားလိုက်ရပြီး၊ တဖြည်းဖြည်းနဲ့ ကျွန်မ ဘာနာကျင်မှုမှ မခံစားရတော့ဘူး။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ စဉ်းစားမိတယ်- “စကြဝဠာတွင် ဖြစ်ပေါ်သော အရာရာတိုင်းတွင်၊ ငါ အဆုံးအဖြတ်မပေးသောအရာ တစ်ခုမျှ မရှိချေ။ ငါ့လက်ထဲတွင်မရှိသည့်အရာ တစ်စုံတစ်ရာ ရှိသလော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ) အဲဒါ မှန်တယ်။ ဘုရားသခင်က ကျွန်မတို့ရဲ့ ကံကြမ္မာတွေအပေါ် အချုပ်အခြာအာဏာ ကြီးစိုးတယ်။ ကျွန်မ ရှင်မယ်၊ သေမယ်ဆိုတာ ဘုရားသခင်ရဲ့ ဆုံးဖြတ်ချက်ပဲ။ ကျွန်မအနေနဲ့ ကျွန်မကိုယ်ကျွန်မ ဘုရားသခင် ရဲ့လက်ထဲထည့်ပြီး သူ့ရဲ့အစီအစဉ်တွေကို ကျွန်မ လက်ခံရမှာဖြစ်တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို တွေးဆပြီးတဲ့အခါမှာ၊ ကျွန်မ တည်ငြိမ်အေး ချမ်းပြီး ကြံ့ကြံ့ခံနိုင်သလို ခံစားရပြီး၊ ကျွန်မ မျောပြီး အိပ်ပျော်သွားတယ်။ ရဲတွေက ကျွန်မသေသွားမှာ ကြောက်တော့၊ ကျွန်မကို အောက်ကိုပြန်ချပေးပြီး အလျင်အမြန်နဲ့ ကျွန်မကို ရေနဲ့ဂလူးကို့စ် တိုက်ကြတယ်။ အဲဒီအချိန်မှာ ကျွန်မအနေနဲ့ သေခါနီးအချိန်ကို ရင်ဆိုင်ခဲ့ရပေမယ့်၊ ဘုရားသခင်ရဲ့ အံ့ဩဖွယ် ကောင်းတဲ့လုပ်ရပ်တွေကိုလည်း ကိုယ်တွေ့ ကြုံခဲ့ရတယ်။

အဲဒီည ကျန်တဲ့အချိန်တွေမှာ အရာရှိတွေက ကျွန်မကို ရံဖန်ရံခါ တွဲလောင်းချိတ်ထားပြီး အသင်းတော်ရဲ့ရန်ပုံငွေတွေ ဘယ်မှာရှိတယ် ဆိုတာနဲ့ပတ်သက်ပြီး ကျွန်မကို စစ်ဆေးမေး မြန်းကြတယ်။ ကျွန်မက သူတို့ကို ဘာမှမပြောတော့၊ သူတို့က ကျွန်မကို ဆက်ပြီးညှဉ်းပန်းနှိပ်စက်ကြတယ်။ ကျွန်မ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စဉ်းစားမိတယ်- “နှစ်ထောင်ပေါင်းများစွာကြာသည့် အမုန်းတရားကို နှလုံးသားထဲတွင် စုစည်းထားသည်၊ ထောင်ချီနှစ်ကာလကြာ အပြစ်ရှိခြင်းကို နှလုံးသားထက်တွင် ရေးထွင်းထားသည်— အဘယ်သို့လျှင် ဤအရာသည် စက်ဆုပ်ရွံရှာခြင်းကို မလှုံ့ဆော်ဘဲ ရှိနိုင်မည်နည်း။ ဘုရားသခင်၏ရန်သူကို လုံးဝ ဇီဝိန်ချုပ်စေလျက် ၎င်းအား နောက်ထပ် သောင်းကျန်းခွင့်မပြုတော့သကဲ့သို့၊ ၎င်းဆန္ဒရှိသလောက် ပြဿနာများ နောက်ထပ် ဖန်တီးခွင့် မပေးတော့ဘဲ ဘုရားသခင်အတွက် လက်စားချေကြလော့။ ယခု အချိန်ကျပေပြီ။ ဤမကောင်းဆိုးဝါး၏ အကျည်းတန်သော မျက်နှာကို ဆုတ်ဖြဲဖို့ရန်နှင့် မျက်စိကွယ်စေခြင်း ခံခဲ့ရကာ ဆင်းရဲ ဒုက္ခနှင့် အခက်အခဲမျိုးစုံ ကြံ့ကြံ့ခံရပြီးဖြစ်သည့် လူများကို ၎င်းတို့၏ နာကျင်မှုမှ ထပြီး ဤဆိုးယုတ်သော နတ်ဆိုးအိုအား ကျောခိုင်းခွင့်ပေးရန် လူသားသည် ကြာမြင့်စွာကတည်းက သူ၏ ခွန်အား အားလုံးကို စုစည်းပြီးဖြစ်သည်၊ ဤအရာအတွက် သူ၏ အားထုတ်မှုအားလုံးကို ဆက်ကပ်မြှုပ်နှံပြီးဖြစ်ကာ အဖိုးအခတိုင်းကို ပေးဆပ်ပြီးဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)”) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်မှုနဲ့ခွန်အား အများကြီး သွတ်သွင်းပေးတယ်။ ကျွန်မ သေတဲ့အထိ စာတန်နဲ့ တိုက်ပွဲဝင်သွား မယ်။ လုပ်နေရင်းနဲ့ သေသွားမယ်ဆိုရင်တောင် ကျွန်မဟာ ဘုရားသခင်အတွက် သက်သေခံမှာ ဖြစ်တယ်။ ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှု နဲ့ ကျွန်မရဲ့နာကျင်မှုတွေကို ကျွန်မ မေ့ပျောက် သွားပုံပေါ်တယ်။ အဲဒီနောက် ကျွန်မကို သူတို့က တွဲလောင်းချိတ် တိုင်းမှာ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မ ကို အားပေးပြီး ခွန်အားပေးတယ်။ ကျွန်မကို သူတို့က ပိုပြီးတွဲလောင်းချိတ်ထား လေ၊ သူတို့ရဲ့နတ်ဆိုးဆန်တဲ့ အနှစ်သာရကို ပိုတွေ့ရလေဖြစ်ပြီး၊ ဘုရားသခင်အတွက် သက်သေခံပြီး၊ ဘုရားသခင် ကျေနပ်အောင်လုပ်ဖို့ ကျွန်မရဲ့ ဆန္ဒတွေကလည်း ပိုပြီးခိုင်မာလာတယ်။ နောက်ဆုံးမှာ သူတို့ လုံးဝမောပန်းသွားပြီး အတူစုလာကြပြီး- “လူအများစုက မိနစ် ၃၀ ထက် ပိုပြီးမခံနိုင်ကြ ဘူး။ သူက တော်တော်ခံနိုင်တဲ့လူစားမျိုးပဲ ဒီလောက်အကြာကြီးခံနိုင်တယ်” လို့ ပြောကြ တယ်။ ဒါကို ကြားလိုက်တော့ ကျွန်မ အရမ်းစိတ်လှုပ် ရှားသွားပြီး၊ “ဘုရားသခင်က ကျွန်မနောက်ကနေ ထောက်ပံ့ပေးနေတယ်၊ မင်းတို့ ငါကို ဘယ်တော့မှ လဲအောင် လှဲနိုင်မှာမဟုတ်ဘူး” လို့ ကျွန်မတွေးလိုက်တယ်။ ရဲစခန်းမှာ ကိုးရက်နဲ့ကိုးည နေနေတုန်းမှာ၊ အရာရှိတွေက ကျွန်မကို ဆက်တိုက်ညှဉ်းပန်း နှိပ်စက်ကြပြီး ကျွန်မကို ပေးမအိပ်ဘူး။ ကျွန်မ မျက်လုံးပိတ်သွားတဲ့ စက္ကန့်ပိုင်းအတွင်း မှာ သူတို့က သစ်သားနံပါတ်တုတ်နဲ့ စားပွဲကို ခေါက်ပြီး ကျွန်မကို မတ်တပ်ရပ်ဖို့ ဒါမှမဟုတ်ရင် ပြေးဖို့ ပြောတယ်။ တစ်ခါတစ်လေ သူတို့က ကျွန်မကို အော်ရုံပဲအော်တယ်။ သူတို့က ကျွန်မကို နွမ်းပါးသွားပြီး စိတ်ကယောင်ခြောက်ခြား ဖြစ်သွားစေချင်ကြ တယ်။ ကိုးရက် ကြာသွားပြီးတော့၊ ရဲတွေက သူတို့လိုချင်တာ မရသေးတဲ့အတွက်၊ ကျွန်မကို ဟိုတယ်တစ်ခုကို ခေါ်သွားပြီး ကျွန်မရဲ့လက်တွေကို ကျွန်မရဲ့ခြေထောက်တွေ မှာ ပတ်ပြီး လက်ထိပ်ခတ်လိုက်တယ်။ နောက်တော့ ကျွန်မရဲ့လက်တွေနဲ့ခြေထောက် တွေကြားမှာ သစ်သားတုတ်တစ်ချောင်း ထိုးသွင်းလိုက်တဲ့အခါ ကျွန်မက ကြမ်းပေါ်မှာ ဘောလုံးတစ်လုံးလို ကွေးပြီးထိုင်နေရတယ်။ နောက်ထပ်ရက်အနည်းငယ်လောက် ကျွန်မကို အဲဒီပုံစံနဲ့ တစ်နေကုန် ထားတယ်။ လက်ထိပ်တွေက ကျွန်မရဲ့အသားထဲကို အနက်ကြီးစိုက်ဝင်နေပြီး ကျွန်မရဲ့လက်တွေနဲ့ လက်ကောက်ဝတ်တွေက ခရမ်းရောင်သန်းပြီး ရောင်ကိုင်းလာတယ်။ ကျွန်မရဲ့တင်ပါးက အရမ်းနာလာတဲ့အတွက် ကျွန်မ ထိတောင်မထိရဲဘူး။ အပ်တွေနဲ့လုပ် ထားတဲ့ ကုတင်တစ်ခုပေါ်မှာ ထိုင်နေရသလို ကျွန်မခံစားရတယ်။ တစ်ရက်မှာ၊ ရာထူးကြီးတဲ့အရာရှိတစ်ယောက် က သူတို့ တိုးတက်မှုတစ်ခုမှ မလုပ်နိုင်တာကို တွေ့တော့၊ ကျွန်မဆီကိုလာပြီး ပါးကို ပြင်းပြင်းရိုက်လိုက် တဲ့အခါမှာ ကျွန်မရဲ့သွားနှစ်ချောင်း ကျွတ်ထွက်သွား တယ်။ နောက်ဆုံးမှာ ပြည်နယ်ပြည်သူ့လုံခြုံရေးဌာန က ရဲဌာနမှူးနှစ်ယောက် ရောက်လာတယ်။ သူတို့ရောက်လာတာနဲ့၊ ကျွန်မရဲ့လက်ထိပ်တွေ ကိုချွတ်ပြီး၊ ကျွန်မကို ခုံရှည်ပေါ်မှာ မတင်ပေးပြီး ရေတစ်ခွက် တိုက်တယ်။ သူတို့က စာနာထောက်ထားတဲ့လေသံနဲ့- “ဒီရက်တွေဟာ မင်းအတွက် တော်တော် ကြမ်းတမ်းတယ်။ သူတို့က အမိန့်နာခံနေတာပဲဖြစ်တာကြောင့် သူတို့ကို အပြစ်မတင်ပါနဲ့...” လို့ ပြောတယ်။ သူတို့ရဲ့ မရိုးသားတဲ့ ကြင်နာယဉ်ကျေးစွာ ဆက်ဆံမှုတွေက ကျွန်မကို စက်ဆုပ်ရွံရှာမှုနဲ့ အံကြိတ်စေတယ်။ နောက်တော့ သူတို့က သူတို့ရဲ့ကွန်ပျူတာကို ဖွင့်ပြီး မှားယွင်းတဲ့သက်သေအထောက်အထား တချို့ကို ကျွန်မကို ပြပြီး ဘုရားသခင်ကို ဆန့်ကျင်တဲ့၊ ပြစ်မှားတဲ့ စကားတွေနဲ့စွပ်စွဲမှုတွေအများကြီးကို ပြောတယ်။ ကျွန်မ စိတ်အရမ်းဆိုးပြီး သူတို့နဲ့ ငြင်းခုန်ချင် ပေမယ့်၊ အဲဒါဟာ သူတို့ ဘုရားသခင်ကို ပိုပြီးပြစ်မှား လာအောင် လုပ်ရုံပဲဖြစ်မယ်ဆိုတာ ကျွန်မ သိတယ်။ အဲဒီအချိန်မှာ၊ ဘုရားသခင်အနေနဲ့ လူ့ဇာတိခံ ဖို့အတွက် ဘယ်လောက်မချိမဆံ့ခံစားရမယ် ဆိုတာနဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကိုယ်တော့် အနေနဲ့ ဘယ်လောက်အရှက်ရတယ်ဆိုတာ ကျွန်မ သိသလိုခံစားရတယ်။ နတ်ဆိုးဟာ ဘယ်လောက်စက်ဆုပ်ဖွယ် ကောင်းပြီး နိမ့်ကျတယ်ဆိုတာ ကျွန်မ တွေ့လိုက်ရတယ်။ စာတန်နဲ့ ဆက်စပ်မှုကို ဖြတ်တောက်ပြီး ဘုရားသခင်ကို အမြဲသစ္စာရှိဖို့ ကျွန်မ တိတ်တိတ်ကလေးသန္နိဋ္ဌာန်ချလိုက်တယ်။ အဲဒီနောက်၊ သူတို့က ဘယ်လောက်ပဲ ကျွန်မကို ချော့ပြောကြပေမယ့်၊ ကျွန်မ သူတို့ကို လျစ်လျူရှုလိုက်တယ်။ ရဲဌာနမှူးတွေက ကျွန်မကို ဖျောင်းဖျလို့မရ တာကြောင့် စိတ်တိုပြီးထွက်သွားကြတယ်။

ဟိုတယ်မှာ ဆယ်ရက်နဲ့ဆယ်ည နေတဲ့အချိန် အတွင်းမှာ၊ အရာရှိတွေက ကျွန်မရဲ့လက်တွေကို ကျွန်မရဲ့ ခြေထောက်တွေနဲ့ပတ်ပြီး လက်ထိပ်ခတ်ထား ပြီး ကျွန်မကို ကြမ်းပြင်ပေါ်မှာ အဆက်မပြတ် ဝပ်ခိုင်းထားတယ်။ ကျွန်မ စပြီးအဖမ်းခံရကတည်းက၊ ရဲစခန်းနဲ့ဟိုတယ်မှာ ၁၉ ရက် နေတဲ့ကာလ အတွင်းမှာ၊ အရာရှိတွေက ကျွန်မကို ဘယ်တော့မှ ပေးမအိပ်ဘူး။ သူတို့ ကြည့်မနေတဲ့အခါတွေမှာသာ ကျွန်မ အချိန်အနည်းငယ် နားခွင့်ရတယ်။ ကျွန်မ မျက်စိပိတ်သွားတာကို အရာရှိတွေက တွေ့လိုက်တာနဲ့၊ စားပွဲကို ထုတယ်၊ ကျွန်မကို ကန်တယ်၊ ပြီးတော့ ကျွန်မကို အော်တယ်၊ ဒါမှမဟုတ် ပြေးခိုင်းတယ်။ အကြိမ်တိုင်းမှာ ကျွန်မ လန့်လန့်သွားပြီး၊ ကျွန်မရဲ့နှလုံးက သွက်သွက်ခါအောင် တုန်သွားသလို ကျွန်မဟာ အဆက်မပြတ် ခြောက်ခြားနေတယ်။ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့အတူ ကျွန်မဟာ ဆိုးရွားစွာ အားကုန်ခမ်းလာပြီး ကျွန်မရဲ့တစ်ကိုယ်လုံးလည်း ရောင်ကိုင်းလာ တယ်။ ကျွန်မ နှစ်ထပ်တွေ မြင်လာရပြီး၊ စကားပြောသံတွေနဲ့ ကျန်တဲ့အသံတွေဟာ အဝေးကြီးက လာတယ်လို့ ထင်ရတယ်။ ကျွန်မရဲ့တုံ့ပြန်မှုတွေကလည်း အရမ်းနှေးကွေး လာတယ်။ အဲဒီလောက် မယုံနိုင်လောက်အောင် ကြမ်းတမ်းတဲ့ဒုက္ခတွေကို ကျွန်မ ကျော်လွှား နိုင်တာ ဘုရားသခင်ရဲ့အနန္တတန်ခိုးကြောင့်ပဲ ဖြစ်တယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ပြောသလိုပဲ- “ဘုရားသခင်သည် လူသား၏နှလုံးသားမှ မည်သည့်အခါမျှ ကင်းမဲ့ခြင်းမရှိသကဲ့သို့၊ လူသားအလယ်တွင် တစ်ချိန်လုံး အသက်ရှင်နေပေသည်။ သူသည် လူသား အသက်ရှင်မှု၏ လွှမ်းမိုးစေ့ဆော်မှု၊ လူသားဖြစ်တည်မှု၏ အရင်းအမြစ်နှင့် မွေးဖွားပြီးနောက် လူ၏ ဖြစ်တည်မှုအတွက် ကြွယ်ဝသော သိုက် ဖြစ်သည်။ သူသည် လူသားကို ပြန်လည်မွေးဖွားဖို့ ဖြစ်စေပြီး၊ ၎င်းကို ၎င်း၏အခန်းကဏ္ဍတိုင်း၌ ဇွဲနပဲကြီးစွာ ရှင်သန်နိုင်စေ၏။ သူ၏တန်ခိုးနှင့် သူ၏ငြှိမ်းသတ်၍မရသော အသက် အင်အားကြောင့် လူသားသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အသက်ရှင်ပြီး ဖြစ်သည်၊ ယင်းကာလတစ်လျှောက်လုံး ဘုရားသခင်၏ အသက်တန်ခိုးသည် လူသား တည်ရှိမှု၏ အဓိကပံ့ပိုးမှုဖြစ်ကာ၊ မည်သည့်သာမန်လူသားကမျှ ပေးဆပ်ဖူးခြင်းမရှိသော အဖိုးအခကို ဘုရားသခင် ပေးဆပ်ပြီးဖြစ်သည်။ ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏၊ သူ၏တန်ခိုးသည် ထူးကဲသာလွန်ကာ၊ သူ၏ အသက်အင်အားကို မည်သည့် အဖန်ဆင်းခံ သတ္တဝါ၊ သို့မဟုတ် မည်သည့် ရန်သူအင်အားကမျှ မလွှမ်းမိုးနိုင်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်”) အဲဒီအတွေ့အကြုံကတစ်ဆင့် ဘုရားသခင်ရဲ့ တန်ခိုးနဲ့ဩဇာအာဏာကို ကျွန်မ ကိုယ်တွေ့ကြုံလိုက်ရတယ်။ ကျွန်မဟာ ကျွန်မရဲ့စိတ်နှလုံးထဲကနေ ဘုရားသခင်ကို ကျေးဇူးတင်ပြီး ချီးမွမ်းတယ်။ နောက်ဆုံးမှာ အရာရှိတွေက ကျွန်မဆီက ဘာသတင်းအချက်အလက်မှ မရတဲ့အတွက် သူတို့က ကျွန်မကို အကျဉ်းစခန်းကို ပြန်ပို့ လိုက်တယ်။

အကျဉ်းစခန်းကို အသွားမှာ အရာရှိ နှစ်ယောက်က- “မင်းလုပ်တာ တော်တယ်။ မင်းတို့က အကျဉ်းစခန်းမှာ ရောက်နေပေမယ့်၊ လူကောင်းတွေပါ။ အဲဒီမှာ လူမျိုးစုံရှိတယ်- မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်တဲ့သူတွေ၊ လူသတ်သမား တွေ၊ ပြည့်တန်ဆာ‌တွေ၊ စုံလို့ပဲ” လို့ ကျွန်မကို ပြောတယ်။ ကျွန်မက “ကျွန်မတို့ လူကောင်းတွေဆိုတာ ရှင်တို့သိရင်၊ ကျွန်မတို့ကို ဘာဖြစ်လို့ ဖမ်းသလဲ။ ဒီနိုင်ငံက ဘာသာရေးလွတ်လပ်ခွင့်ရှိတယ်လို့ အခိုင်အမာဆိုထားတာ မဟုတ်ဘူးလား”လို့ သူတို့ကို မေးလိုက်တယ်။ သူတို့က “CCP က မင်းတို့ကို ညာနေတာပဲ။ ငါတို့က CCP က လစာရတာကြောင့်၊ သူတို့ လုပ်ခိုင်းတာ လုပ်ရတယ်။ မင်းအပေါ် ငါတို့ ဘာမှအငြိုးရှိလို့ မဟုတ်ဘူး၊ မင်းက ဘုရားသခင်ကို ယုံလို့ ငါတို့ မင်းကိုဖမ်း ရတာလို့ သူတို့က ပြောတယ်” လို့ ပြောတယ်။ သူတို့နဲ့ စကားပြောပြီးတော့ ကျွန်မတွေ့ကြုံခဲ့ တဲ့အရာအားလုံးကို ပြန်စဉ်းစားကြည့်တဲ့အခါ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက စာပိုဒ်တစ်ပိုဒ်ကို ကျွန်မ ရုတ်တရက်သတိရ လိုက်တယ်- “ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)”) ဒီအတွေ့အကြုံကတစ်ဆင့်၊ CCP က အများပြည်သူတွေကို လှည့်စားပြီး ကိုယ့်ကိုကိုယ် ဘယ်လိုမြှင့်တင်တယ်ဆိုတာ ကျွန်မတွေ့လိုက်ရတယ်။ သူတို့က ဘာသာရေးလွတ်လပ်ခွင့်ကို ထောက်ခံတယ်လို့ ပြောပေမယ့်၊ တကယ်တမ်းမှာ ဘုရားသခင်ကို ယုံကြည်တဲ့ သူတွေကို လွန်လွန်ကဲကဲ ဖမ်းဆီး၊ ဖိနှိပ်ပြီး လူမဆန်စွာဆက်ဆံကြတယ်၊ ဘုရားသခင်ရဲ့အမှုတော်ကိုလည်း တားမြစ်ဖို့ အချည်းနှီး ကြိုးပမ်းကြတယ်၊ ပြီးတော့ အသင်းတော်ရဲ့ရန်ပုံငွေတွေကိုလည်း အရှက်မရှိဘဲ လုယက်ယူကြတယ်။ ဒါတွေအားလုံးဟာ သူတို့ရဲ့ သမ္မာတရားကို မုန်းတီးခြင်း၊ ဘုရားသခင်ကို မုန်းတီးခြင်းနဲ့ နတ်ဆိုးသဘာဝတွေကို ဖော်ထုတ်ပြသတာပဲ ဖြစ်တယ်။

ကျွန်မဟာ အကျဉ်းစခန်းမှာ ဒုက္ခနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ အများကြီးခံခဲ့ရပေ မယ့်၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်က ကျွန်မကို အမြဲအားပေးပြီး ခွန်အားနဲ့ယုံကြည်မှု ပေးတယ်။ အကျဉ်းစခန်းမှာ ကျွန်မကို အလုပ်လုပ်ခိုင်းတဲ့ အခါ၊ ကျွန်မဟာ ဓမ္မသီချင်းတွေကိုဆိုပြီး ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကို တိတ်တိတ်ကလေး တွေးတောဆင်ခြင်တယ်။ ဘုရားသခင်ဟာ ဘယ်အခါနဲ့မှမတူအောင် ကျွန်မနဲ့ ပိုနီးလာတယ်လို့ ကျွန်မခံစားရတယ်။

နောက်တော့၊ ရဲတွေက သူတို့သိမ်းဆည်းထား တဲ့ ဘဏ်ကဒ်သုံးခုကနေ ပိုက်ဆံအားလုံးကို ထုတ်ယူသွားတယ်။ အသင်းတော်ရန်ပုံငွေတွေ သူတို့လက်ထဲ ရောက်သွားတာ တွေ့လိုက်ရတော့ ကျွန်မ အရမ်းစိတ်မချမ်းမသာဖြစ်ပြီးပြီး အဲဒီနတ်ဆိုးတွေကို ကျွန်မခန္ဓာကိုယ်ထဲက ရှိသမျှဆဲလ်တိုင်းနဲ့ ကျွန်မ မုန်းတယ်။ နောက်ဆုံးမှာ ဘာသက်သေအထောက်အထား မှ မရှိဘဲ “အများပြည်သူ အေးချမ်းတည်ငြိမ်မှုကို နှောင့်ယှက်တယ်” ဆိုတဲ့ စွဲချက်ကို လုပ်ကြံဖန်တီးပြီး ကျွန်မကို တစ်နှစ်နဲ့သုံးလ အလုပ်နဲ့ ပညာပေး ပြစ်ဒဏ်ချမှတ်လိုက်တယ်။

CCP ရဲ့ ရက်စက်တဲ့ညှဉ်းပန်းနှိပ်စက်မှုက တစ်ဆင့်၊ သူတို့ရဲ့ ဘုရားသခင်ကို ဆန့်ကျင်မှုနဲ့ ဘုရားသခင်ကို မုန်းတီးတဲ့ နတ်ဆိုးအနှစ်သာရ တွေကို ကျွန်မတွေ့လိုက်ရပြီး သူတို့ကို ကျိန်ဆဲပြီး ကျွန်မ ကျောခိုင်းခဲ့တယ်။ တစ်ချိန်တည်းမှာပဲ၊ ဘုရားသခင်ရဲ့ ချစ်ခြင်း မေတ္တာနဲ့ကယ်တင်ခြင်းတွေကိုလည်း ကျွန်မ ကြုံတွေ့လိုက်ရတယ်။ အခက်ခဲဆုံး နေ့တွေနဲ့ညတွေကို ကျော်လွှားနိုင် အောင် လမ်းပြတာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဖြစ်ပြီး၊ စာတန်ရဲ့ လူမဆန်တဲ့စော်ကားမှုနဲ့ ညှဉ်းပန်း နှိပ်စက်မှုတွေကနေ အသက်ရှင်ကျန်ရစ်အောင် ကျွန်မကို ကူညီပေးတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းသည် ဘုရားသခင်၏စိတ်နေသဘောထား၏ ဖော်ပြချက် ဖြစ်သည်

ဟူကီ၊ ရှန်ဒုံစီရင်စု ဘုရားသခင်မှ မိန့်မြွက်သည့် ဤနှုတ်ကပတ်တော်တို့ကို မြင်သည့်အခါတိုင်းတွင် ကျွန်မသည် စိုးရိမ်ပူပန်မှုကို ခံစားရသည်။...

အသက်တာ ဝင်ရောက်ခြင်းက မည်သည့်အရာဖြစ်သည်ကို ယခုမှသာ ကျွန်မ နားလည်သည်

ယုလု၊ ပေါ်တူဂီ ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းတွင်၊ ကျွန်မသည် အသင်းတော်ထဲက ခေါင်းဆောင်မှု တာဝန်တစ်ခုကို ဖြည့်ဆည်းနေခဲ့သည်။ အချိန်ကာလတစ်ခုကြာ...

“ကောင်းမွန်သည့် ပုံရိပ်”နောက်ကွယ်တွင် မည်သည့်အရာ ရှိသနည်း

ဝေ့ချန် ကိုရီးယားနိုင်ငံ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက ကျွန်မက အသင်းတော်မှာ ဧဝံဂေလိ သင်းထောက်တစ်ယောက်အနေနှင့် အလုပ် လုပ်ခဲ့ပါသည်။...

လောက၏ အမိုက်မှောင်နှင့် ဆိုးယုတ်ခြင်းတို့၏ အရင်းအမြစ်အကြောင်းကို အကျဉ်းစကားဆိုခြင်း

ယန်းလီ၊ ဝူဟိုင်မြို့၊ မွန်ဂိုးလီးယား ပြည်မကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ကျွန်မကျောင်းတက်နေဆဲ အချိန်တွင် ကျွန်မ၏ဖခင်မှာ အဖျားကြီးပြီး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။