စာတန်ကို အနိုင်ယူဖို့အတွက် ဘုရားသခင်ကို အားကိုးခြင်း

23.01.2022

ချိုကျန်း တရုတ်နိုင်ငံ

၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့၊ မနက် ၅ နာရီ လောက်မှာ၊ ကျွန်မ တွေ့ဆုံပွဲတစ်ခုကို အသွား လမ်းဘေးမှာ ရပ်ထားတဲ့ ကားအမည်းရောင်ထဲက ရဲလေးယောက် ရုတ်တရက် ခုန်ထွက်လာတာကို ကျွန်မတွေ့လိုက်ရတယ်။ သူတို့ထဲက တစ်ယောက်က ကျွန်မရဲ့ဓာတ်ပုံကို ကိုင်ထားပြီး ကျွန်မရဲ့နာမည်ကို အော်ခေါ်ပြီး အားလုံးတန်းပြီး အထဲဝင်သွားကြတယ်။ အရာရှိတစ်ယောက်က ကျွန်မရဲ့ယောက်ျားကို အခန်းတစ်ခန်းထဲမှာ ပိတ်ထားပြီး၊ ကျန်တဲ့သူတွေက တစ်အိမ်လုံး မွှေနှောက်ရှာဖွေပြီး၊ လုံးဝရှုပ်ပွပြီးကျန်ခဲ့တယ်။ ကျွန်မရဲ့အိမ်မှာ သူတို့ ဘာကြောင့် ရှာနေတာလဲလို့ ကျွန်မ မေးလိုက်တယ်။ တစ်ယောက်က ကျွန်မကို ကြမ်းကြမ်းတမ်းတမ်း တွန်းရင်း၊ ကျွန်မကို စိန်းစိန်းဝါးဝါးအကြည့်နဲ့ ကြည့်ပြီး၊ “မင်းက ဘာသာရေးကိုင်းရှိုင်းတယ်လို့ တစ်ယောက်က သတင်းပို့ထားတယ်” လို့ ပြောတယ်။ “ယုံကြည်မှုရှိတာ မှန်ပြီး သဘာဝကျတယ်၊ ကျွန်မက လမ်းကြောင်းမှန်ပေါ်မှာ ရှိတယ်။ ကျွန်မ ဘာဥပဒေကို ချိုးဖောက်မိလို့လဲ” လို့ ကျွန်မက ပြောလိုက်တယ်။ သူတို့တွေ့သွားတဲ့ ဘုရားသခင်နှုတ်ကပတ်တော်တွေ ပါတဲ့ စာအုပ်တစ်အုပ်ကို ယူလာပြီး၊ “မင်းရဲ့ယုံကြည်မှုက တရားမဝင်ဘူး၊ ဒါဟာ မင်းကို ဖမ်းဖို့သက်သေပဲ” လို့ အော်ပြောတယ်။ သူတို့က ကျွန်မကို လက်ကဆွဲပြီး သူတို့ကားထဲ အတင်းထည့်တယ်။ ရဲစခန်းကို အသွားမှာ၊ ကျွန်မဟာ ရဲတွေလက်ထဲ ရောက်သွားပြီဆိုတော့ ကျွန်မကို ဘယ်လိုနှိပ်စက်ကြမယ်ဆိုတာ မသိဘူးလို့ စဉ်းစားမိတယ်။ ကျွန်မကြောက်ပြီး ဘုရားသခင်ကို အဆက်မပြတ်ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ကျွန်မကို ဘယ်လိုပဲနှိပ်စက်ပါစေ၊ ကျွန်မကို ကာကွယ်ပေးပြီး လမ်းပြပေးပါ။ ကျွန်မဟာ ယုဒတစ်ယောက်အဖြစ်ခံပြီး ကိုယ်တော့်ကို သစ္စာဖောက်မှာ မဟုတ်ပါဘူး” လို့ ကျွန်မပြောလိုက် တယ်။ ကျွန်မ ဆုတောင်းပြီးတော့ မကြောက်တော့ဘူး။

ကျွန်မတို့ ရောက်တော့၊ ရဲတွေက ကျွန်မကို အခန်းတစ်ခန်းထဲ ခေါ်သွားပြီး၊ ကြမ်းပေါ်ကို တွန်းချ တယ်၊ ပြီးတော့ ကျွန်မကို ထိုးပြီး၊ ကန်ကြတယ်။ “မင်းသိတာ ငါတို့ကို မပြောရင်၊ ဒါမင်းရဲ့နိဂုံးပဲ။ ငါဘယ်လိုလူလဲဆိုတာ မင်းကို ပြမယ်” လို့ သူတို့ထဲက တစ်ယောက်က ပြောတယ်။ သူက ကျွန်မရဲ့ဆံပင် လက်တစ်ဆုပ်စာကို ဆွဲပြီး ကျွန်မရဲ့ခေါင်း ချာချာလည်ပြီး ပါးစပ်နဲ့ နှာခေါင်းက သွေးတွေထွက်လာတဲ့အထိ ကျွန်မရဲ့ခေါင်းနဲ့မျက်နှာ ကို ခပ်ပြင်းပြင်းထိုးတယ်။ အဲဒီနောက် ကျွန်မရဲ့ဆံပင်ကို ခပ်ကြမ်းကြမ်းကိုင် ထားပြီး၊ သူ ခြေကုန်လက်ပန်းမကျမချင်း၊ တစ်ဘက်ပြီးတစ်ဘက် ရိုက်ပြီး၊ ကျွန်မကို ကြမ်းပြင်ပေါ်ကို ပစ်ချလိုက်တယ်။ သိပ်မကြာခင်မှာပဲ၊ လူတစ်ယောက်က သူ့ကိုယ်သူ ပြည်သူ့လုံခြုံရေးရဲ့ ရဲမှူးလို့ ပြောပြီး ဝင်လာတယ်၊ ကျွန်မဘေးမှာ လာထိုင်ပြီး ကျွန်မရဲ့ပခုံးကို ပုတ်ရင်း၊ “မင်းက သိပ်ခေါင်းမာလွန်းတယ်။ မင်းကလေးရဲ့ အနာဂတ်နဲ့ မင်းရဲ့မိသားစုကို ထည့်စဉ်းစားပါ။ ငါတို့ ဒီနေ့ မင်းအိမ်ကို အမှတ်အသားပါတဲ့ကားနဲ့ ဘာလို့မလာလဲဆိုတာ မင်းသိလား။ မင်းရဲ့မိသားစုကို ကာကွယ်ချင်လို့ပဲ၊ ဒါမှ မင်းကို တိတ်တိတ်ကလေး ဒီကိုခေါ်လာနိုင်ပြီး၊ မင်းရဲ့ရွာထဲက ဘယ်သူကမှလည်း သိမှာ မဟုတ်ဘူး။ မင်းသိတာသာ ငါတို့ကို အကုန်ပြောပြ၊ ပြီးရင် ငါတို့ မင်းကို ချက်ချင်းအိမ်ပြန်ပို့ပေးမယ်။ မင်းရဲ့ဘဝကို ပုံမှန်အတိုင်း ဆက်သွားလို့ရမယ်။ ငါတို့ကို ပြောသာပြောပြ။ မင်းအသင်းတော်ရဲ့ ပိုက်ဆံတွေကို ဘယ်မှာထား သလဲ။ ခေါင်းဆောင်က ဘယ်သူလဲ။ မင်း ကိုးကွယ် လာအောင် ဘယ်သူက လုပ်တာလဲ” လို့ ပြောတယ်။ ဒါဟာ စာတန်ရဲ့လှည့်စားမှုဆိုတာ ကျွန်မ သိပြီး၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကျွန်မ စဉ်းစားမိတယ်- “သင်တို့သည် နိုးထကြရမည်ဖြစ်ပြီး၊ အချိန်တိုင်း၌ စောင့်စားနေကာ၊ ငါ၏ရှေ့မှောက်တွင် သာ၍ ဆုတောင်းကြရမည်။ သင်တို့သည် စာတန်၏ အမျိုးမျိုးသော အကြံများနှင့် ကောက်ကျစ်သော အကြံအစည်များကို သတိပြုရမည်၊ ဝိညာဉ်များကို သိရမည်၊ လူတို့ကို သိရမည်ဖြစ်ပြီး၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံတို့ကို ရိပ်စားမိနိုင်ရမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၇” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ကျွန်မဆီကနေ အသင်းတော်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရဖို့အတွက်နဲ့ ဘုရားသခင်ကို ကျွန်မ သစ္စာဖောက်အောင် ကြိုးပမ်းဖို့ အတွက် သူက ကောင်းကောင်းမွန်မွန်ဆက်ဆံနေ တယ်ဆိုတာကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ က ကျွန်မကို သတိပေးတယ်။ ကျွန်မ အဲဒီထောင်ချောက်ထဲ ကျသွားလို့ မဖြစ်ဘူးပေါ့။ အဲဒီနေ့လည်မှာ၊ သူက ကျွန်မကို နှစ်နာရီကျော် ထပ်တလဲလဲ စစ်ဆေးမေးမြန်းနေပေမယ့်၊ ကျွန်မက ပြောဖို့ ငြင်းဆန်တာ တွေ့တော့၊ သူ့ရဲ့မျက်နှာမှာ အရမ်းကြောက်စရာကောင်းတဲ့ အကြည့်နဲ့ ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ကျွန်မကို အကြိမ်အနည်းငယ် ခပ်ပြင်းပြင်းရိုက်လိုက် တဲ့အခါ၊ ကျွန်မရဲ့မျက်နှာ နာကျင်ပြီးကျန်ခဲ့တယ်။ နောက်အရာရှိတစ်ယောက်က တစ်ပေ၊ တစ်ပေခွဲ လောက်ရှည်တဲ့၊ အရမ်းပြောင်လက်နေတဲ့ဓားတစ် ချောင်းကို ကိုင်ထားပြီး၊ စိန်းစိန်းဝါးဝါးအကြည့်နဲ့ ကျွန်မကိုကြည့်ပြီး ဘာမှမပြောဘဲ ကျွန်မရဲ့ဘေးမှာ ပတ်ပြီးလျှောက်နေ တယ်။ အဲဒါကို မြင်ရတာ အရမ်းကြောက်စရာကောင်း ပြီး— ကျွန်မ အရမ်းတုန်လှုပ်သွားတယ်။ အဲဒါနဲ့ ကျွန်မကို ဘယ်နေရာပဲထိုးထိုး၊ ကျွန်မ ရှင်မှာ မဟုတ်ဘူးလို့ ကျွန်မစဉ်းစားမိတယ်။ ကျွန်မ ဘုရားသခင်ကို အဆက်မပြတ် ဆုတောင်းရင်း ခေါ်နေလိုက်ပြီး၊ ဘုရားသခင်ပြောခဲ့တဲ့အရာတစ်ခုကို ကျွန်မ သတိရ သွားတယ်။ ဘုရားသခင်က ပြောသည်- “အာဏာရှိသော သူတို့သည် အပြင်ပန်းအားဖြင့် ကြောက်စရာကောင်းသည်ဟု ထင်ရသော်လည်း ကြောက်ရွံ့ခြင်း မရှိနှင့်၊ အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ သင်တို့တွင် ယုံကြည်မှု အနည်းငယ်သာ ရှိခြင်းကြောင့်ဖြစ်သည်။ သင်တို့၏ယုံကြည်ခြင်း ကြီးထွားသည့် ကာလပတ်လုံး မည်သည့်အရာမျှ အလွန်တရာ ခက်ခဲလိမ့်မည်မဟုတ်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၇၅” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်မှုနဲ့ခွန်အားပေးတယ်။ သူတို့က ဘယ်လောက်ပဲလူမဆန်ပါစေ၊ ရဲတွေက ဘုရားသခင်ရဲ့လက်ထဲမှာရှိပြီး၊ ကျွန်မရဲ့အသက် လည်း အဲဒီလိုပါပဲ။ သူတို့ ဘုရားသခင်ရဲ့ခွင့်ပြုချက်မရဘဲ ကျွန်မကို ဘာမှလုပ်လို့မရဘူး။ သက်သေခံဖို့ ကျွန်မရဲ့အသက်ကိုပေးဖို့ ကျွန်မ အဆင်သင့်ဖြစ်ရမှာ၊ ပြီးတော့ ကျွန်မ သေသွားရင်တောင် ယုဒတစ်ယောက် လို ဘုရားသခင်ကို သစ္စာဖောက်ရမှာ မဟုတ်ဘူး။ အဲဒီနောက် ကျွန်မ နေလို့ပိုကောင်းသွားတယ်။ ကျွန်မ ဘာမှမပြောသေးတော့၊ အရာရှိက ဒေါသနဲ့ အံကြိတ်ပြီး၊ ဓားကို စားပွဲပေါ် စိုက်ချလိုက်ပြီး၊ ကျွန်မကို စိန်းစိန်းဝါးဝါးကြည့်ရင်း လမ်းလျှောက်ပြီး ထွက်သွား တယ်။

နောက်တစ်နေ့မှာ ပြည်သူ့လုံခြုံရေးရဲမှူးက ကျွန်မကို စစ်ဆေးမေးမြန်းတာတွေ ဆက်လုပ်ပြီး၊ ကျွန်မ တိတ်တိတ်လေးပဲနေတော့၊ သူက “မင်း မပြောရင်တော့၊ မင်းရဲ့ပါးစပ်ကို ဖွင့်နိုင်မယ့် နေရာတစ်နေရာ ငါတို့မှာ ရှိတယ်” လို့ အော်ပြီးပြော တယ်။ အဲဒီနောက် သူတို့က ကျွန်မကို တခြားလူသုံးယောက် နဲ့အတူ ပြည်သူ့လုံခြုံရေးဌာနကို ခေါ်သွားပြီး၊ ထိန်းသိမ်းရေးစခန်းတစ်ခုဆီ ကျွန်မတို့ကို လွှဲပြောင်း လိုက်တယ်။ အဲဒီညမှာ တခြားထောင်သားတစ်ယောက်က ကျွန်မ ကို တစ်ခုပြောပြတယ်။ စောင့်ကြည့်နေတဲ့ အရာရှိတစ်ယောက်က တွေ့သွား တော့၊ သူက ကျွန်မကို စစ်ဆေးမေးမြန်းတဲ့အခန်းထဲ ခေါ်ပြီး ကျွန်မ ဧဝံဂေလိတရားဟောနေသလားလို့ မေးတယ်။ ကျွန်မက မဟုတ်ဘူးလို့ ပြောလိုက်တယ်။ သူက ကျွန်မရဲ့နားထင်ကို လက်သီးနဲ့ထိုးလိုက်တဲ့ အခါ၊ ကျွန်မ ချက်ချင်းပစ်လဲသွားတယ်။ ကမ္ဘာကြီးက ချာချာလည်နေပြီး ကျွန်မ ကြယ်တွေမြင် နေတယ်လို့ ခံစားရတယ်။ အရမ်းနာတာပဲ။ ကျွန်မရဲ့ ပါးစပ်နဲ့နှာခေါင်းတွေက သွေးတွေထွက်ပြီး ကျွန်မရဲ့ခြေထောက်တွေနဲ့ခါး မလှုပ်နိုင်တော့တဲ့အထိ တခြားလူတချို့က နာရီဝက်ကျော်လောက် ကျွန်မကို ထိုးလိုက်၊ကန်လိုက်လုပ်ကြတယ်။ ကျွန်မအရမ်းစိတ်ဆိုးသွားပြီး၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စဉ်းစားမိတယ်- “ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။...ဘုရားသခင်၏ အမှုအဖို့ ထိုသို့သော ထိုးဖောက်၍ မရနိုင်သည့် အတားအဆီးကို အဘယ်ကြောင့် ထူထောင်ရသနည်း။ ဘုရားသခင်၏ လူစုကို လှည့်ဖြားရန် အဘယ်ကြောင့် အမျိုးမျိုးသော လှည့်ကွက်များကို အသုံးချသနည်း။ စစ်မှန်သော လွတ်လပ်မှု၊ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့မှာ အဘယ်မှာနည်း။ တရားမျှတခြင်းကား အဘယ်မှာနည်း။ ကိုယ်စိတ်ချမ်းသာခြင်းကား အဘယ်မှာနည်း။ နွေးထွေးမှုကား အဘယ်မှာနည်း။ ဘုရားသခင်၏ လူများအား လှည့်စားရန် အဘယ်ကြောင့် လှည့်ဖြားတတ်သော အကြံအစည်များကို အသုံးပြုသနည်း။ ဘုရားသခင်၏ ကြွလာခြင်းကို ဖိနှိပ်ရန် အဘယ်ကြောင့် အင်အားသုံးရသနည်း။ ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကြောင့် လွတ်လပ်စွာ သွားလာခွင့်မပြုရသနည်း။ ဘုရားသခင်အား ခေါင်းချစရာ နေရာမရှိသည့်တိုင်အောင် အဘယ်ကြောင့် လိုက်လံဖမ်းဆီးသနည်း။ လူသားတို့ အလယ်တွင် နွေးထွေးမှုကား အဘယ်မှာနည်း။ လူတို့အလယ်တွင် ကြိုဆိုခြင်းကား အဘယ်မှာနည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)”) CCP က လွတ်လပ်စွာယုံကြည်မှုကို ပြတ်ပြတ်သားသား အာမခံပေမယ့်၊ အဲဒါတွေအားလုံး က အလိမ်အညာတွေပဲ။ ကျွန်မရဲ့ယုံကြည်မှုကြောင့် ကျွန်မ စကားပြောခွင့် တောင် မရှိဘူး။ ဘုရားသခင်နောက်ကိုလိုက်တာ မှန်တယ်၊ အဲဒါ သဘာဝအကျဆုံးအရာပဲ။ သူတို့ဟာ ဘုရားသခင် ဖန်တီးထားတဲ့အရာအားလုံး ကို နှစ်သက်ခံစားကြပေမယ့် မျက်နှာပြောင်နဲ့ ဘုရားသခင်ကို ဆန့်ကျင်ပြီး ယုံကြည်သူတွေကို ဖမ်းဆီးရင်း၊ သူတို့က ဘုရားသခင်ရဲ့အမှုတော်ကို ဖျက်ဆီးနိုင်တယ် လို့ သူတို့ စိတ်ကူးယဉ်ကြတယ်။ သူတို့ဟာ ဘုရားသခင်ကို ဆန့်ကျင်တဲ့နတ်ဆိုးအုပ်စု ပဲ။ ဒါကြောင့် ကွန်မြူနစ်ပါတီကို ကျွန်မ တကယ် မုန်း တယ်။

ဇူလိုင်လ ၄ ရက်နေ့၊ နေ့လည်မှာ၊ အရာရှိနှစ်ယောက် ရောက်လာပြီး ကျွန်မကို လက်ထိပ် တွေနဲ့ခြေချင်းတွေခတ်ပြီး၊ ကျွန်မရဲ့ မျက်စိကို အဝတ် နဲ့ ပိတ်စည်းပြီး ကျွန်မကို ကားတစ်စီးထဲ ထည့်လိုက်တယ်။ ကျွန်မကို သူတို့ ဘယ်ကိုခေါ်သွားမှာလဲလို့ မေးတော့၊ တစ်ယောက်က “မင်းကို အသက်ရှင်ရက် မြေမြှုပ် မလို့” လို့ ရက်ရက်စက်စက်ပြောတယ်။ ကျွန်မ အရမ်းကြောက်တော့၊ ကျွန်မရဲ့ နှလုံးသားထဲ ကနေ ဘုရားသခင်ကို ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ သူတို့က ကျွန်မကို ဘာပဲလုပ်လုပ်၊ ကျွန်မသေသွားရင်တောင်၊ ကျွန်မ ကိုယ်တော့်ကို သစ္စာဖောက်ပြီး ယုဒတစ်ယောက် ဖြစ်မလာအောင် ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်မှုနဲ့ခွန်အားပေးပါ” လို့။ ကျွန်မ ဆုတောင်းပြီးတဲ့အခါမှာ ကျွန်မရဲ့ခေါင်းထဲကို သမ္မာကျမ်းစာထဲက ဒီစာပိုဒ် ဝင်လာတယ်- “ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။” (ရှင်မဿဲခရစ်ဝင် ၁၀:၂၈) အဲဒါက ကျွန်မကို ယုံကြည်မှုနဲ့ခွန်အားတချို့ ပေးတယ်။ အားလုံးက ဘုရားသခင်ရဲ့လက်ထဲမှာပဲ ရှိတာကြောင့်၊ သူတို့က ကျွန်မရဲ့ခန္ဓာကိုယ်ကို သတ်နိုင်ပေမယ့်၊ ကျွန်မရဲ့ဝိညာဉ်ကို ဘယ်တော့မှ သတ်နိုင်မှာ မဟုတ် ဘူး။ အဲဒီနောက် ကျွန်မ သိပ်မကြောက်တော့ဘူး။ ကားရပ်သွားတဲ့အခါမှာ၊ အရာရှိတစ်ယောက်က ကျွန်မရဲ့ခြေချင်းဝတ်တွေမှာ ပတ်ထားတဲ့ ခြေချင်းတွေကနေ ကိုင်ပြီး ကျွန်မကို ကွန်ကရစ်ကြမ်းပြင်ပေါ် ကြမ်းကြမ်း တမ်းတမ်းဆွဲချလိုက်တယ်။ ကျွန်မရဲ့ခေါင်းက မျက်နှာပြင်နဲ့ ခပ်ကြမ်းကြမ်းရိုက်မိ ပြီး၊ တဝီဝီနဲ့ စမြည်လာပြီး၊ အားလုံးမှောင်မည်းသွား တယ်။ အချိန်ဘယ်လောက်ကြာသွားတယ်ဆိုတာ ကျွန်မ မသိပေမယ့်၊ တစ်ယောက်ယောက် စကားပြောနေတာ ကို ကျွန်မကြားလိုက်ရပြီး ကျွန်မမျက်လုံးဖွင့်လိုက်တဲ့အခါမှာ ကျွန်မဟာ ကွန်ကရစ်ကြမ်းပြင်ပေါ်မှာ လဲနေပြီး ရေတွေလည်း စိုရွှဲနေတယ်။ ကျွန်မကို နှိုးဖို့အတွက် ရေနဲ့လောင်းတာကို ကျွန်မ ရေးရေးလေးမှတ်မိလိုက်တယ်။ ကျွန်မသတိပြန်ရလာတာကို တွေ့တော့၊ ရဲတွေက စစ်ဆေးမေးမြန်းတဲ့အခန်းထဲကို ကျွန်မကို ဆွဲခေါ်သွား ပြီး၊ သံထိုင်ခုံပေါ် ထိုင်ခိုင်းတယ်၊ ပြီးတော့ ကျွန်မရဲ့လက်ကောက်ဝတ်နဲ့ ခြေချင်းဝတ် တွေကို တင်းတင်းကျပ်ကျပ် ချည်နှောင်လိုက်ကြ တယ်။ သူတို့ထဲက ငါးယောက်၊ ခြောက်ယောက် လောက်က အံတွေကြိတ်ပြီး ကျွန်မကို ထိုးလိုက်၊ကန်လိုက်လုပ်ကြ ရင်း “ဒါဟာ လျှို့ဝှက်စစ်မေးမြန်းရေးအခန်းဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တဲ့ မင်းတို့ကို ငါတို့က သတ်ပြီး ဘယ်သူမှ မသိနိုင်ဘဲ အရှင်လတ်လတ်မြှုပ်ထားနိုင် တယ်။ ငါတို့ မင်းကို သေတဲ့အထိ ရိုက်နှက်လို့ရတယ်” လို့ ပြောတယ်။ ကျွန်မရဲ့ နှာခေါင်းနဲ့ပါးစပ်က မနားတမ်း သွေးထွက် နေပြီး ကျွန်မရဲ့တစ်ကိုယ်လုံးလည်း နာကျင်နေတယ်။ ကျွန်မ ဒီအတိုင်းပဲထိုင်ပြီး ထိုင်ခုံပေါ်မှာ ရှေ့ဘက်ကို ငိုက်ကျ နေတယ်။ သူတို့ထဲက တစ်ယောက်က ကျွန်မကို စပြီး စစ်ဆေးမေးမြန်းတော့တယ်- “မင်းအသင်းတော်ရဲ့ ပိုက်ဆံတွေက ဘယ်မှာလဲ။ ခေါင်းဆောင်က ဘယ်သူလဲ။ မင်း ကိုးကွယ်လာအောင် ဘယ်သူက လုပ်တာလဲ။ မင်း မပြောရင် ငါတို့ မင်းကို အရှင်လတ်လတ် အရေခွံခွာမယ်” တဲ့။ “ကျွန်မ တစ်ခုမှ မသိဘူး” လို့ ကျွန်မ ပြောလိုက် တယ်။ သူက ဒေါသတကြီးနဲ့ လက်သီးဆုပ်ပြီး ကျွန်မရဲ့ ခေါင်းနဲ့မျက်နှာကို စပြီးထိုးနှက်တော့တယ်။ ကျွန်မ ထိုင်ခုံပေါ်မှာ သတိလစ်သွားတယ်။ နောက်တစ်ယောက်က ကျွန်မရဲ့ဆံပင်ကို ဆွဲဆုပ်ပြီး မျက်နှာကို ရေနဲ့ပက်တဲ့အခါ၊ ကျွန်မရဲ့ခေါင်းပေါ်က သွေးနဲ့ရေရောပြီး စီးကျလာ တယ်။ ကျွန်မရဲ့ခေါင်းက မူးလာပြီး တဒုန်းဒုန်းနဲ့ မြည်နေ တယ်— ကျွန်မ သေတော့မလို ခံစားရတယ်။ ကျွန်မ ဘုရားသခင်ကို ဆုတောင်းရင်းနဲ့ ခေါ်နေပြီး၊ ဒါကို ကျွန်မစဉ်းစားမိသွားတယ်- ဘုရားသခင်က ပြောသည်- “သင့်အတွက် ကြောက်ရွံ့စရာ ဘာမျှမရှိပေ။ စာတန်တို့သည် ငါတို့၏ခြေအောက်၌ရှိကာ ၎င်းတို့၏အချိန်သည် များစွာ ကြာရှည်ခံလိမ့်တော့မည် မဟုတ်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) သေတာ၊ ရှင်တာဟာ ဘုရားသခင်ရဲ့လက်ထဲမှာပဲ ရှိတာကြောင့် စာတန်က ဘယ်လောက်ပဲလူမဆန်ပါစေ၊ ဘုရားသခင် ရဲ့ဩဇာအာဏာကို မကျော်လွှားနိုင်ဘူး။ အဲဒီအတွေးက ကျွန်မကို ယုံကြည်မှုပေးတယ်။ အံ့ဩစရာကောင်းတာက၊ အဲဒီနောက်မှာ သူတို့က ကျွန်မကို ရိုက်နှက်တဲ့အခါ သိပ်မနာတော့ဘူး။ ကျွန်မကို ဂွမ်းလုံးနဲ့ပတ်ထားသလို ခံစားရတယ်။ အဲဒါက ဘုရားသခင် ကျွန်မကို ကြည့်ရှုစောင့်ရှောက် နေတာပဲဆိုတာကို ကျွန်မ သိလိုက်ပြီး၊ ကိုယ်တော့်ကို အရမ်းကျေးဇူးတင် မိတယ်။

အဲဒီနောက် အရာရှိ ၁၀ ယောက်က နှစ်ယောက်စီခွဲပြီး၊ ကျွန်မကို အလှည့်ကျ စစ်ဆေးမေးမြန်းကြတယ်၊ ကျွန်မကို နေ့ရော၊ညပါ ပေးမအိပ်သလို၊ ဘာမှလည်း စားခွင့်မပေးဘူး။ ကျွန်မရဲ့မျက်လုံးတွေ စပိတ်တာနဲ့ သူတို့က ကျွန်မကို ရိုက်တယ်။ ပြီးတော့ တချို့က သူတို့ရဲ့မျက်နှာနဲ့ ကျွန်မရဲ့မျက်နှာ ကိုဖိပြီး ကျွန်မကို အရှက်ရအောင် ညစ်ညမ်း၊ ယုတ်မာ တဲ့စကားတွေ ပြောတယ်။ တစ်ယောက်က၊ “မင်း ကိုယ်လုံးလှ၊မလှကြည့်ဖို့ ငါမင်းရဲ့အင်္ကျီတွေ ချွတ်ပါရစေ” လို့ ပြောတယ်။ အရမ်းစက်ဆုပ်ဖွယ်ကောင်းတဲ့အရာကို သူ ပြောလိုက် တော့ ကျွန်မ ဒေါသအရမ်းထွက်သွားတယ်၊ ကျွန်မ သူ့ဘက်လှည့်ပြီး တံတွေးထွေးလိုက်တယ်။ သူတို့ဟာ ဘယ်လိုရိုင်းစိုင်းတဲ့အုပ်စုလည်းဆိုတာ ကျွန်မ တကယ်သိလိုက်ရတယ်။ နောက်တစ်ယောက်က၊ “မင်း ဆက်မပြောဘဲနေရင်၊ ငါတို့ မင်းရဲ့အင်္ကျီတွေကို ချွတ်ပြီး လမ်းတွေပေါ်မှာ လှည့်လျှောက်ခိုင်းမယ်။ မင်းရှက်လို့ သေမှာ” လို့ ပြောတယ်။ ကျွန်မက ဒေါသလည်းထွက်ပြီး၊ ကြောက်လည်း ကြောက်တော့ ကျွန်မရဲ့နှလုံးသားထဲကနေ ဘုရားသခင်ကို အဆက်မပြတ်ဆုတောင်းပြီး သူ့ရဲ့အကာအကွယ်ကို တောင်းလိုက်တယ်။ ကျွန်မ ပြောဖို့ တကယ်ငြင်းဆန်တာကို တွေ့တော့၊ သူတို့ထဲက ခြောက်ယောက်က ရောက်လာပြီး၊ ကျွန်မရဲ့မျက်နှာ ရောင်ကိုင်းပြီး၊ နှာခေါင်း ညိုမည်းစွဲ တဲ့အထိ ထိုးလိုက်၊ကန်လိုက်လုပ်ကြတယ်။ ကျွန်မရဲ့ရှေ့သွားတချို့က ယိုင်သွားပြီး သွေးတွေထွက် နေတယ်။ သွားတစ်ချောင်းက ကျွတ်ထွက်တော့မလို ဖြစ်နေ တယ်။ ကျွန်မရဲ့လက်မောင်းတွေကိုလည်း သူတို့က ဆေးလိပ်မီးတွေနဲ့ တို့တယ်။ အကြိမ်တိုင်းမှာ ကျွန်မ ပူလောင်တဲ့နာကျင်မှုဒဏ်ကို ခံရတယ်။ သူတို့က ယင်ရိုက်တံနဲ့ ကျွန်မရဲ့မျက်နှာကို ခပ်ပြင်းပြင်းရိုက်ပြီး၊ အပေါ်ပိုင်းက ပြုတ်ထွက်သွားတော့လည်း၊ သူတို့က လက်ကိုင်နဲ့ဆက်ပြီးရိုက်ကြတယ်။ ကျွန်မရဲ့မျက်နှာက သွေးတွေနဲ့ပျော့ဖတ်နေတယ်။ သူတို့ထဲက နှစ်ယောက်က ကျွန်မရဲ့ဆံပင်ကို ဆွဲဆုပ်ပြီး၊ ကျွန်မရဲ့ခေါင်းကို နောက်ဘက်ကို ခပ်ကြမ်းကြမ်း ဆွဲယမ်းလိုက်ရင်း၊ ကျွန်မရဲ့ပါးစပ်ကို အတင်းဖွင့်ခိုင်းပြီး၊ ဆယ်မိနစ်ကျော် ရေလောင်းထည့်တော့၊ ကျွန်မ အသက်ရှူဖို့ ရုန်းကန်နေရတယ်။ ကျွန်မရဲ့မျက်လုံးတွေ ကျွန်မရဲ့ခေါင်းထဲကနေ ပေါက်ထွက်တော့မလို ခံစားလိုက်ရပြီး၊ ကျွန်မ တစ်ချိန်လုံး အော်နေရတယ်။ ကျွန်မရဲ့နှလုံးသားထဲကနေ ဘုရားသခင်ကို အရေးတကြီးခေါ်နေရတယ်၊ “ဘုရားသခင်၊ ကျွန်မ ဒဏ်မခံနိုင်တော့ဘူး။ ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်မှုနဲ့ခွန်အားပေးပါ၊ ကျေးဇူးပြုပြီး ကျွန်မကို ကယ်တင်ပါ” လို့။ အဲဒီအခါမှာ ဘုရားသခင်နှုတ်ကပတ်တော်တွေထဲက စာပိုဒ်တစ်ပိုဒ်ကို ကျွန်မ သတိရလိုက်တယ်။ ဘုရားသခင်က ပြောသည်- “ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏မစခြင်းဖြင့်၊ အဘယ်သူသည် ဤလမ်းကို တစ်ကြိမ်တစ်ခါမျှ ပိတ်ဆို့နိုင်မည်နည်း။ ဤအရာကို သတိရလော့။ မမေ့လျော့နှင့်။ ဖြစ်သမျှအားလုံးသည် ငါ၏ကောင်းမွန်သော ရည်ရွယ်ချက်အားဖြင့် ဖြစ်ပြီး၊ အရာရာသည် ငါ၏ စောင့်ကြည့်ခြင်းအောက်တွင် ရှိ၏။ သင် ပြောသမျှနှင့် လုပ်သမျှအားလုံးတွင် ငါ၏နှုတ်ကပတ်တော်ကို သင် လိုက်လျှောက်နိုင်သလော။ မီးဖြင့် စမ်းသပ်မှုများ သင့်အပေါ် ရောက်လာသောအခါ၊ သင်သည် ဒူးထောက်ကာ ဟစ်ခေါ်မည်လော။ သို့မဟုတ် ရှေ့ဆက်နိုင်စွမ်းမရှိဘဲ တွန့်ဆုတ်မည်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဒါကို စဉ်းစားလိုက်တဲ့အခါမှာ ကျွန်မရဲ့ ယုံကြည်မှုနဲ့ ခွန်အားတွေ ပြန်ပြည့်သွားတယ်။ ဘုရားသခင်ဟာ ကျွန်မရဲ့မဏ္ဍိုင်ဖြစ်ပြီး၊ ကျွန်မရဲ့ အရန်အင်အားလည်း ဖြစ်တယ်။ ကျွန်မဘာသာကျွန်မ သူတို့ရဲ့ညှဉ်းပန်းနှိပ်စက်မှုကို ဘယ်လိုမှကျော်လွှားနိုင်မှာ မဟုတ်ပေမယ့်၊ ဘုရားသခင်ရဲ့အကူအညီနဲ့ဆို ကျွန်မလုပ်နိုင်မယ်။ သူတို့က ကျွန်မကို နောက်ထပ်နာရီအနည်းငယ်ကြာ အောင် ဆက်ပြီးညှဉ်းပန်းနှိပ်စက်ကြတယ်။ သူတို့ထဲက တစ်ယောက်က၊ “တခြားလူတွေကဆိုရင် သူတို့ စမပြောခင် ဒီထိုင်ခုံမှာ သုံးရက်လောက်ပဲခံတယ်။ ဒီမှာ ငါးရက်နဲငါးညရှိခဲ့ပေမယ့်၊ ငါတို့ မင်းရဲ့ပါးစပ်ကို ပွင့်အောင်မလုပ်နိုင်သေးဘူး။ မင်းရဲ့ပါးစပ်နဲ့ ငါ့လက်သီး ဘယ်ဟာက ပိုမာတယ်ဆို တာ ကြည့်ရအောင်” လို့ ပြောတယ်။ အဲဒီနောက် ကျွန်မရဲ့အမြင်တွေ ပျောက်ကွယ်သွားပြီး၊ ကြယ်တွေမြင်တဲ့အထိ ကျွန်မရဲ့ခေါင်းနဲ့ပါးစပ်ကို သူက စပြီးထိုးတော့တယ်။ သူတို့ဟာ ငါးရက်နဲ့ငါးညတိုင်အောင် ကျွန်မကို ပေးလည်းမအိပ်သလို၊ စားခွင့်လည်း မပေးတာကြောင့် ကျွန်မ ကိုယ်တွေအရမ်းပူလာတယ်၊ တစ်ကိုယ်လုံး အေးစိမ့်လာပြီး၊ သွားချင်းရိုက်ပြီး တုန်လာတယ်။ ကျွန်မ အဲဒီလိုဖြစ်နေတာတွေ့တော့၊ သူတို့က လေအေးပေးစက်ကို တမင်တကာဖွင့်လိုက်တယ်။ သိပ်မကြာခင်မှာပဲ အေးတာကြောင့် ကျွန်မ ဘာမှမခံစားရတော့ဘဲ၊ အေးခဲပြီး သေတော့မှာလားလို့ ကျွန်မ စဉ်းစားမိ တယ်။ အဲဒီအချိန်မှာပဲ ဘုရာသခင်ရဲ့နှုတ်ကပတ်တော်တွေ ထဲက တစ်ခုကို ကျွန်မသတိရလိုက်တယ်။ ဘုရားသခင်က ပြောသည်- “ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်- အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ကျွန်မရဲ့ကံကြမ္မာဟာ ဘုရားသခင်ရဲ့လက်ထဲမှာပဲ ရှိတယ်၊ သူ့မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ကျွန်မ စာတန်ရဲ့လက်ထဲကို ကျရောက်သွားပြီဖြစ် တာကြောင့် ကျွန်မ အသက်ရှင်ရက် ပြန်ထွက်နိုင်ဖို့ မစဉ်းစားဘူး။ ကျွန်မမှာ ရွေးချယ်မှုတွေ၊ လိုအပ်ချက်တွေ မရှိပေမယ့်၊ သေမယ်ဆိုရင်တောင်၊ ဘုရားသခင်ရဲ့အုပ်စိုးမှုကို လက်ခံပြီး သက်သေခံဖို့ ကျွန်မ အဆင်သင့်ပဲ။ အဲဒီနောက် ကျွန်မရဲ့လက်တွေနဲ့ခြေထောက်တွေကို ကျွန်မ တဖြည်းဖြည်းနဲ့ ပြန်ခံစားလာရပြီး၊ သူတို့က လူမဆန်စွာနဲ့ ဆက်ပြီးစစ်ဆေးမေးမြန်းကြ ပြန်တယ်။ အသက်သုံးဆယ်အရွယ်လောက်ရှိတဲ့ အရာရှိ တစ်ယောက်က ကျွန်မရဲ့ခေါင်းကို သုံးကြိမ်ထိုးရင်း “မင်း မပြောရင်၊ ငါတို့ မင်းကို သေတဲ့အထိ ကျိန်းသေ ရိုက်နှက်မှာ၊ ပြီးတော့ အနောက်ဘက်မှာ မင်းကို မြှုပ်လိုက်ရင်၊ ဘယ်သူမှ သိမှာမဟုတ်ဘူး။ မင်းတို့ကို သတ်ရင်လည်း ဘယ်သူမှ ဂရုမစိုက်ဘူး။ မင်းတို့ဘက်က ဘယ်သူမှ ရပ်တည်မှာ မဟုတ်ဘူး” လို့ ပြောတယ်။ “မင်းက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံတယ်၊ ဟုတ်လား၊ ဘာဖြစ်လို့ သူက မင်းကို လာပြီးမကယ်လဲ။ မင်းရဲ့ဘုရားက ဘယ်မှာလဲ” လို့တောင် ရယ်ပြီးပြောတယ်။ ကျွန်မ တိတ်တိတ်ကလေးနေပေမယ့်၊ အဲဒါ ကိုယ်တော့်အတွက် ဘယ်လောက်လွယ်သလဲ ဆိုတာကို ကျွန်မစဉ်းစားမိတယ်။ သူက စဉ်းစားလိုက်ရုံနဲ့ အဲဒါကို လုပ်နိုင်ပေမယ့်၊ သူက အဲဒီလိုမျိုး လုပ်တာမဟုတ်ဘူး။ ဘုရားသခင်က ကျွန်မကို ဒီအရာကို ဖြတ်သန်းခွင့် ပေးတာဖြစ်တယ်။ ရဲတွေဟာ အပြင်ဘက်ကကြည့်ရင် ဖြောင့်မတ်ပေမယ့် အမှန်တကယ်မှာ လူသားပုံစံနဲ့ နတ်ဆိုးတွေသာ ဖြစ်တယ်ဆိုတာကို ကျွန်မမြင်အောင် ကျွန်မအနေနဲ့ ချင့်ချိန်နိုင်စွမ်းရှိဖို့အတွက် ကူညီနေ တာဖြစ်တယ်။ ကျွန်မ ဘုရားသခင်ကို သစ္စာဖောက်အောင် သူတို့ ဘယ်တော့မှ မလုပ်နိုင်ဘူး။

ရှစ်ရက်မြောက် မနက်မှာ ရဲတွေက ကျွန်မကို ထိုင်ခုံ ကနေ ဖြုတ်ပေးလိုက်တယ်။ ကျွန်မ ချည့်ချည့်နဲ့နဲ မတ်တပ်ရပ်လိုက်တဲ့အခါ၊ အားလုံး မိုက်ကနဲဖြစ်သွားပြီး၊ ကျွန်မရဲ့ခေါင်းတွေ အူပြီး ပြန်လဲကျသွားတယ်။ ကျွန်မ ပြန်မနိုးခင် ဘယ်လောက်ကြာသွားလဲ ကျွန်မ မသိဘူး၊ အဲဒီနောက် အရာရှိနှစ်ယောက်က ကျွန်မကို ထိန်းသိမ်းရေးစခန်းတစ်ခုဆီ ခေါ်သွားတယ်။ ကားထဲက ထွက်လိုက်တဲ့အခါမှာ၊ ကျွန်မရဲ့ ဘယ်ဘက်ခြေထောက်နဲ့ခြေဖဝါးက အရမ်းရောင်နေ တယ်ဆိုတာကို ကျွန်မ သတိထားမိတယ်။ ကျွန်မရဲ့ခြေထောက်ကို ဆယ်ပေါင်လေးတဲ့ ခြေချင်း တွေနဲ့ ခတ်ထားတုန်းပဲ။ နည်းနည်းလှုပ်လိုက်တာနဲ့ နာတော့၊ ကျွန်မ သိပ်မြန်မြန်မလှုပ်ရဲဘူး။ ကျွန်မ လမ်းလျှောက်တာ နှေးတယ်ဆိုပြီး၊ အရာရှိ တစ်ယောက်က ကျွန်မကို မြေကြီးပေါ်ကျအောင် ကန်လိုက်တယ်။ ကျွန်မ ပြန်ရုန်းထလိုက်ပြီး၊ ကျွန်မကိုယ်ကျွန်မ နံရံနဲ့ထောက်ပြီး တစ်လှမ်းချင်း ရှေ့ကို လျှောက်သွား တယ်။ အချုပ်ခန်းကို ကျွန်မ တော်တော်လေးအားစိုက်ပြီး သွားလိုက်ရတယ်။ ကျွန်မ ဘယ်လောက်ဆိုးဆိုးရွားရွား အရိုက်ခံခဲ့ ရတယ်ဆိုတာကို တွေ့လိုက်ရတော့၊ တချို့အကျဉ်းသားတွေက ငိုတောင်ငိုပြီး၊ “သူတို့ ဘာကြောင့် ဒီလောက်တောင် ရက်စက် ကြသလဲ” လို့ ပြောတယ်။ ကျွန်မရဲ့နှာခေါင်းက ညိုမည်းစွဲနေတယ်၊ ကျွန်မရဲ့ မျက်နှာက ရောင်နေပြီး ကျွန်မရဲ့ မျက်လုံးတွေကို အပြည့်ဖွင့်လို့မရဘူး။ ကျွန်မရဲ့ပါးစပ်က အရမ်းရောင်နေတော့၊ ကျွန်မကိုယ်တိုင် မြင်လို့ရတယ်၊ ပြီးတော့ ကျွန်မရဲ့ ရှေ့သွားတွေကလည်း ယိုင်နေတယ်။ ကျွန်မရဲ့ဘယ်ဘက်ခြေထောက်က အရမ်းရောင်နေ တော့ အိမ်သာသွားတဲ့အခါမှာ ကျွန်မရဲ့အဝတ်တွေကို မချွတ်နိုင်ဘူး။ ကျွန်မရဲ့ဘောင်းဘီထဲမှာပဲ ဆီးသွားရတယ်။ ကျွန်မရဲ့ဘယ်ဘက်ခြေထောက်က ဖိနပ်စီးဖို့အတွက် အရမ်းရောင်နေပြီး၊ ကျွန်မမှာ ခါးကျောရိုးပြား ပြဿနာလည်း ရှိတယ်။ ကျွန်မ လှုပ်လို့မရဘူး။ ရက်နည်းနည်းကြာတော့၊ ကျွန်မရဲ့ဒဏ်ရာတွေက ပြင်းထန်လွန်းတော့၊ သူတို့တာဝန်ဖြစ်မှာ ကြောက်ပြီး ရဲတွေက ကျွန်မကို ဆေးရုံခေါ်သွားတယ်။ ဆရာဝန်က ကျွန်မကို စစ်ဆေးပြီးတဲ့အခါမှာ၊ ကျွန်မရဲ့ဘယ်ဘက်ခြေထောက်ထောက်က သွေးကြောမတစ်ခု ပေါက်သွားတာဖြစ်ပြီး၊ ကျွန်မရဲ့အဆုပ်တွေထဲကို အလျင်အမြန်ရောက်သွား နိုင်တယ်လို့ ပြောတယ်။ ကျွန်မ ချက်ချင်း မခွဲစိတ်ရင်၊ နောက်ကျသွားမယ်။ ဒါပေမယ့် ကျွန်မအတွက် ထိန်းသိမ်းရေးစခန်းမှာ သောက်ဖို့ ဆေးအညွှန်းပဲ ပေးဖို့ အရာရှိတွေက ဆရာဝန်ကိုပြောပြီး၊ ကျွန်မကို ကားထဲထည့်ပြီး ပြန်ခေါ်သွားတယ်။ ထိန်းသိမ်းရေးစခန်းကို ရောက်တော့၊ ကျွန်မ တမံသလင်းပေါ်မှာ လဲနေပြီး၊ လုံးဝ မလှုပ်နိုင်ဘူး။ ကျွန်မရဲ့အခြေအနေက ဆေးသောက်ပြီး ရက်အနည်းငယ်မှာ ပိုကောင်းမလာဘဲ၊ ပိုတောင်ဆိုး လာတယ်။ ကျွန်မရဲ့ခြေထောက်နဲ့ခြေဖဝါးတွေ ရောင်တာ ပိုဆိုး လာပြီး၊ ကျွန်မရဲ့ဗိုက်ကလည်း တော်တော်လေးရောင် လာတယ်။ တခြားအကျဉ်းသားတွေက ကြည့်တောင် မကြည့်ရဲဘဲ၊ “အဲဒီလူတွေက လူမဆန်ဘူး၊ သူတို့က နှလုံးသားကင်းမဲ့တယ်။” “‘ကျင့်ဝတ်ချိုးဖောက်တယ်’ ဆိုပြီး အစ်မကို သူတို့က စွဲချက်တင်ပေမယ့်၊ သိသာထင်ရှားတာက သူတို့ကသာ တကယ့်ကျင့်ဝတ်ချိုးဖောက်သူတွေပဲ” လို့ ဒေါသတကြီးနဲ့ ပြောတယ်။ ကျွန်မရဲ့အခြေအနေက ပိုပိုဆိုးလာပြီး ကျွန်မရဲ့ ခြေထောက်တွေကလည်း အရမ်းနာလာတယ်။ ကျွန်မအနေနဲ့ ကုသမှုမခံယူရင်၊ အခြေအနေက မြန်မြန်ပိုပြီးဆိုးလာမယ်လို့ ဆရာဝန်က ပြောတာနဲ့ ကျွန်မ အချိန်မရွေးသေတော့မယ်ဆိုတာကို ကျွန်မ စဉ်းစားမိတယ်။ ကျွန်မ အားနည်းလာသလို ခံစားရပြီး၊ “ကျွန်မကို သေတဲ့အထိ သူတို့က ညှဉ်းပန်းနှိပ်စက် သွားမှာလား” လို့ ကျွန်မ စဉ်းစားမိတယ်။ အဲဒီအချိန်မှာ ကျွန်မ ဒါကို သတိရလိုက်တယ်- ဘုရားသခင်က ပြောသည်- “အနန္တတန်ခိုးရှင် ဘုရားသခင်သည် အရာခပ်သိမ်း တတ်စွမ်းနိုင်သော သမားတော်တစ်ဦး‌ ပေတကား။ နာမကျန်းမှု၌ တည်ခြင်းသည် မကျန်းမာဖို့ ဖြစ်သော်လည်း၊ စိတ်ဝိညာဉ်၌ တည်ခြင်းသည် ကျန်းမာဖို့ ဖြစ်၏။ သင်သည် ထွက်သက်ဝင်သက်တစ်ခု ရှိသေးသရွေ့၊ ဘုရားသခင်သည် သင့်အား သေစေလိမ့်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ကျွန်မ ရှင်တယ်၊သေတယ်ဆိုတာ ဘုရားသခင် ရဲ့လက်ထဲမှာပဲ ရှိတယ်။ ဘုရားသခင် ခွင့်မပြုဘဲ ကျွန်မ မသေနိုင်ဘူး။ ကျွန်မသေဖို့ ဘုရားသခင်က ခွင့်ပြုရင်၊ အဲဒါကို ကျွန်မလက်ခံမှာဖြစ်ပြီး၊ ကိုယ်တော့် အတွက် သက်သေခံသွားမှာဖြစ်တယ်။

သီတင်းပတ်နည်းနည်းကြာတော့၊ ထိန်းသိမ်းရေးစခန်းထဲမှာ ကျွန်မသေသွားရင် သူတို့မှာ တာဝန်ရှိမှာ ကြောက်လို့၊ ရဲတွေက ကျွန်မကို ပြန်လွှတ်လိုက်ကြတယ်။ သူတို့ထဲက နှစ်ယောက်က အဝင်ဝဆီ ကျွန်မကို ထမ်းစင်နဲ့ခေါ်သွားပြီး၊ “မင်းရဲ့အမှု မပိတ်သေးဘူး၊ မင်း ဆေးကုသနိုင်ဖို့အ တွက် ငါတို့ ယာယီလွှတ်ပေးတာ” လို့ ပြောတယ်။ ကျွန်မရဲ့မိသားစုက ကျွန်မကို လာခေါ်တဲ့အခါ၊ ကျွန်မရဲ့အခြေအနေ ဆိုးရွားနေတာကို တွေ့တော့၊ ကျွန်မကို ဖက်ငိုကြပြီး၊ “သူက ဘုရားသခင်ကို ယုံကြည်တာနဲ့ မင်းတို့ သူ့ကို ဒီလိုလုပ်တယ်၊ ဟုတ်လား။ မင်းတို့ လူရမ်းကားတွေက သူ့ကို လွှတ်ပေးဖို့ ယွမ် ၂၀,၀၀၀ ကိုလည်း ငွေညှစ်တယ်။” ကျွန်မရဲ့မိသားစုက ကျွန်မကို ဆေးရုံခေါ်သွားပြီး စစ်ဆေးတဲ့အခါ၊ တွေ့ရှိချက်တွေက အတူတူပဲ။ ကျွန်မရဲ့ဘယ်ဘက်ခြေထောက်က သွေးကြောမကြီး ပေါက်သွားပြီး၊ ကျွန်မ ဒီထက်စောစောလာသင့်တယ်၊ ချက်ချင်းမခွဲရင် အန္တရာယ်ရှိတယ်လို့ ဆရာဝန် က ပြောတယ်။ ဒါပေမယ့် ခွဲစိတ်တာက ကျွန်မတို့အတွက် ကုန်ကျစရိတ်သိပ်များတော့၊ ကုန်ကျစရိတ်နည်းတဲ့ကုထုံးတွေကို စမ်းကြည့်ဖို့ဟာ ကျွန်မရဲ့တစ်ခုတည်းသော ရွေးချယ်နိုင်တဲ့လမ်းပဲ။ ကျွန်မတို့ ဆေးရုံမျိုးစုံကို သွားပေမယ့်၊ ကျွန်မရဲ့ အခြေအနေက သိပ်ဆိုးနေတော့၊ သူတို့က ကျွန်မကို လက်မခံကြဘူး။ ကျွန်မရဲ့မိသားစုက သူတို့ရဲ့အဆက်အသွယ်တွေနဲ့ လိုက်ရှာတဲ့အခါမှာ နောက်ဆုံးတာ့ ကျွန်မကို လက်မခံချင်ခံချင်နဲ့ လက်ခံခဲ့တဲ့ ဆေးရုံတစ်ခုကို တွေ့သွားတယ်။ အဆင့်နှစ်ဆင့်နဲ့ ကုသရပြီး၊ အံ့ဩဖို့ကောင်းတာက၊ ကျွန်မရဲ့ခြေထောက်နဲ့ ဗိုက်တွေ ရောင်နေတာ တော်တော်လေးကျသွားပြီး ကျွန်မ မတ်တပ်ရပ်ပြီး လမ်းဖြည်းဖြည်း လျှောက်နိုင် လာတယ်။ ဆရာဝန်က ကျွန်မကို လက်မထောင်ပြပြီး၊ “ခွဲစိတ်စရာမလိုဘဲ မင်း ဒီလောက်မြန်မြန် တိုးတက် လာတာ တကယ်အံ့ဩစရာကောင်းတယ်” လို့ ပြောတယ်။ ဆေးရုံမှာ တစ်လကုသပြီးတဲ့အခါ၊ ကျွန်မ တော်တော်ကောင်းလာပေမယ့်၊ လက္ခဏာ တချို့တော့ ကျန်ခဲ့သေးတယ်။ ကျွန်မရဲ့ ဘယ်ဘက်ခြေထောက်က တစ်ချိန်လုံး ထုံပြီးအေးစိမ့်နေတယ်၊ ပြီးတော့ ကျွန်မ မကြာခဏ မူးပြီး၊ ကျွန်မရဲ့ခေါင်းထဲ မှာ တဝီဝီမြည်နေတယ်။ ကျွန်မရဲ့သွားတော်တော်များများ ကျွတ်သွားပြီး သွားပြန်စိုက်ရတယ်။ ကျွန်မရဲ့ခါးအောက်ပိုင်းမှာ အရိုးခိုက်မိတာတွေ ရှိတာကြောင့်၊ ဘာကာယအလုပ်မှ ကျွန်မ မလုပ်နိုင် ဘူး။ အပြင်ကကြည့်ရင် ကျွန်မက ဘာမှမဖြစ်တဲ့ပုံပေါ်ပေ မယ့်၊ လက်တွေ့မှာ ကျွန်မက ဒုက္ခိတတစ်ယောက်ပဲ။

အဖမ်းခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရတဲ့အခါ ပါတီရဲ့ သဘာဝဟာ ဆိုးယုတ်ပြီး ဘုရားသခင်ကို ဆန့်ကျင်တယ်ဆိုတဲ့ သိမြင်မှုတချို့ ကျွန်မကို ပေးပြီး၊ ဒီနတ်ဆိုးတွေအားလုံးဟာ တရားမျှတမှု အားလုံးကို တိုက်ခိုက်သလို၊ ဆိုးယုတ်မှုကို ကိုးကွယ်ပြီး လူတွေရဲ့ ဝိညာဉ်တွေကို ဝါးမျိုတယ်ဆိုတာကို ကျွန်မတွေ့လိုက် ရတယ်။ အဆင်းနီတဲ့ နဂါးကြီးက ဘယ်လောက်ပဲ ဆိုးယုတ်ပါ စေ၊ သူဟာ ဘုရားသခင်ရဲ့ လက်ထဲက နယ်ရုပ်တစ်ခု သာ ဖြစ်ပြီး၊ သူက တစ်ချိန်တုန်းက ဘုရားသခင်ကို အစေခံဖူးတာ ပဲ။ ဒါတွေအားလုံးက ကျွန်မကို အမြော်အမြင်နဲ့ ချင့်ချိန်နိုင်စွမ်း ပြန်ပေးတယ်။ ဘုရားသခင်ရဲ့ အနန္တတန်ခိုးပြည့်ဝတဲ့ ဆောင်ရွက်ချက် တွေကို တွေ့ကြုံခွင့်နဲ့နားလည်ခွင့်ကိုလည်း ကျွန်မကို ပေးတယ်။ သူတို့က ကျွန်မကို အရမ်းလူမဆန်စွာ ရိုက်နှက်နေ တုန်းက၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်မှုနဲ့ခွန်အားပေးပြီး၊ စာတန်ကို ကျော်လွှားဖို့ လမ်းပြပေးတဲ့အပြင်၊ အံ့ဩဖို့ကောင်းစွာနဲ့ ကျွန်မကို အသက်ရှင်ကျန်ရစ်ခွင့် ပေးတယ်။ ဘုရားသခင်က ဘဝမှာ ဒီဒုတိယအခွင့်အရေး ကို ကျွန်မကို ပေးတာဖြစ်ပြီး၊ သူ့ရဲ့ချစ်ခြင်းမေတ္တာ အတွက် ကျွန်မ အရမ်းကျေးဇူးတင်တယ်။ အဆင်းနီတဲ့ နဂါးကြီးရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ကျွန်မအနေနဲ့ ရုပ်ပိုင်းဆိုင်ရာဒုက္ခတွေ ခံခဲ့ရပေမယ့်၊ ကျွန်မ အဆိုးမမြင်သလို၊ ခွန်အားလည်း မလျော့သွား ဘူး— ဘုရားသခင်နောက်လိုက်ဖို့ ပိုပြီးတောင် သန္နိဋ္ဌာန်ချလိုက်သေးတယ်။ ဆေးရုံက ဆင်းလာပြီးတော့၊ လအနည်းငယ်အကြာ မှာ ကျွန်မ နောက်တာဝန်တစ်ခုကို ယူလိုက်ပြီး အဆင်းနီတဲ့ နဂါးကြီးကို လုံးဝစွန့်လွှတ်ပြီး၊ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့ ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်ဖို့ သန္နိဋ္ဌာန်ချလိုက် တယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကံမကောင်းအကြောင်းမလှခြင်းမှတစ်ဆင့် ကောင်းချီးရရှိခြင်း

ဒုကျွမ်း ဂျပန်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းလျှောက်ခဲ့သည့်လမ်းကို ပြန်ကြည့်သည့်အခါ၊ ၎င်းခရီး၏ ပြောင်းလဲမှု...

ဘုရားသခင်ကို အစေခံသော အချိန်တွင် လှည့်ကွက်အသစ်များ မရှာပါနှင့်

ဟေးရီ၊ လျောင်နင်းစီရင်စု မကြာသေးမီတွင် ကျွန်မ၏ညီအစ်ကို၊ မောင်နှမများမှ ကျွန်မအားအသင်းတော်ခေါင်းဆောင် တစ်ဦးအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။...

မာနထောင်လွှားမှုကို ဖြေရှင်းရန် နည်းလမ်းတစ်ခုရှိသည်

ရှောင်ချင်၊ ဟေနန်စီရင်စု ကျွန်မသည် မာနထောင်လွှားတတ်သော သဘောရှိသည့် လူတစ်ဦးဖြစ်ခဲ့သည်။ အခြားသူများထက် ကျွန်မ ပိုတော်သည်ဟု အမြဲတွေးထင်ရင်း...

တိုင်ရမလား မတိုင်ရဘူးလား

ယန်ရီး တရုတ်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်တို့၏ ကံကြမ္မာအတွက် ဘုရားသခင်၏ လက်သင့်ခံမှုကို သင်တို့ရှာဖွေသင့်သည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။