ကျွန်ုပ်၏ယုံကြည်မှုအတွက် ညှဉ်းပန်းနှိပ်စက်ခံရပြီး အရှက်ခွဲခံရခြင်း
၂၀၀၆ ခုနှစ်မှာ၊ ကျွန်မက အသင်းတော်အတွက် စာအုပ်ပုံနှိပ်တဲ့အလုပ် လုပ်ခဲ့တယ်။ ဇူလိုင်လ ၃၁ ရက်နေ့မှာ၊ ဘုရားသခင်ရဲ့နှုတ်ကပတ် တော်တွေပါတဲ့ စာအုပ်တွေကို ပုံနှိပ်မယ့် ကုမ္ပဏီတစ်ခု မှာ ကျွန်မ စစ်ဆေးနေတုန်း၊ လူစိမ်းငါးယောက် ဝင်လာတာကို ကျွန်မ ရုတ်တရက် တွေ့လိုက်ရတယ်။ အခြေအနေသိပ်မကောင်းဘူးလို့ ကျွန်မ ခံစားမိတော့၊ ကျွန်မထွက်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ၊ သူတို့ထဲက သုံးယောက်က ကျွန်မကို လာဝိုင်းပြီး၊ “ငါတို့နဲ့ လိုက်ခဲ့” လို့ ပြောတယ်။ အဲဒီအချိန်ကျမှ သူတို့က ရဲအရာရှိတွေဖြစ်တယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မ စဉ်းစားဖို့ အချိန်မရခင်မှာ၊ သူတို့ထဲက နှစ်ယောက်က ကျွန်မရဲ့လက်တွေကို ဖမ်းကိုင်လိုက်ပြီး၊ နောက်ကျောဘက်ကနေ ဖမ်းချုပ် ထားလိုက်တယ်၊ ပြီးတော့ ကျွန်မကို ရှေ့ဘက်တွန်း လိုက်တဲ့အချိန်မှာ၊ တခြားသူတွေက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ ပါတဲ့ စာအုပ်တွေကို ဖမ်းသိမ်းလိုက်တယ်။ ရဲတွေက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေပါတဲ့ ပုံးတွေအများကြီးကို ဖမ်းသိမ်းလိုက်တာ တွေ့လိုက်ရ တော့၊ ကျွန်မ စိတ်မကောင်းဖြစ်သွားတယ်။ ပြီးတော့ ကျွန်မ စိတ်လည်း လှုပ်ရှားသွားပြီး၊ “အဲဒီစာအုပ်တွေကို ငါ့အတွက် ပုံနှိပ်ပေးတာလို့ ပုံနှိပ်ကုမ္ပဏီက တစ်ယောက်ယောက်က သူတို့ကို ပြောပြလိုက်ရင် ဘယ်လိုလုပ်မလဲ။ CCP အမုန်းဆုံးက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တွေပါတဲ့ စာအုပ်တွေကို ငါတို့ ပုံနှိပ်တဲ့အခါပဲ။ သိပ်မကြာခင်ကပဲ၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော် တွေပါတဲ့ စာအုပ်တွေကို ပို့ဆောင်နေရင်း အစ်မတစ်ယောက် အဖမ်းခံခဲ့ရတယ်၊ ပြီးတော့ ဒီနေ့အထိ သူ ရှင်လား၊သေလားဆိုတာ ငါတို့ မသိဘူး။ အခုဆိုရင် ငါက ကွန်မြူနစ်ပါတီရဲ့လက်ထဲ ရောက်နေပြီ၊ နောက်ကို ငါဘာဖြစ်မယ်ဆိုတာ ငါမသိဘူး” လို့ လည်း စဉ်းစားမိတယ်။ ကျွန်မရဲ့နှလုံးသားထဲကနေ ဘုရားသခင်ကို ဆုတောင်းမြဲ ဆုတောင်းနေလိုက်တယ်- “ဘုရားသခင်၊ ဒီနေ့ ကျွန်မကို ကိုယ်တော်က အဖမ်းခံ ခွင့်ပေးတယ်။ ကိုယ်တော့်ရဲ့လက်ထဲကို ကျွန်မကိုယ်ကျွန်မ အပ်နှံချင် တာပဲ ရှိတယ်။ ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်မှုနဲ့ ခွန်အားပေးပါ။ ဘယ်လိုနာကျင်မှုမျိုးနဲ့ညှဉ်းပန်းနှိပ်စက်မှုမျိုးပဲ ခံရခံရ၊ ကျွန်မ ခံနိုင်ရည်ရှိမှ ဖြစ်မယ်၊ ကျွန်မ ယုဒလို မဖြစ်ချင်ဘူး။ ကျွန်မ ကိုယ်တော့်ကို သစ္စာမဖောက် ပါဘူး”လို့ပေါ့။ ဆုတောင်းပြီးတဲ့အခါမှာ ကျွန်မ မကြောက်တော့ဘူး။ နောက် ဘာပဲဖြစ်လာ၊ဖြစ်လာ၊ ဘုရားသခင်ရဲ့ အကူအညီကို အားကိုးဖို့အတွက် ကျွန်မလိုလားတယ်။
နောက်တော့၊ ရဲတွေက ပြည်သူ့ကာကွယ်ရေးဌာနဆီ ကို ကျွန်မကို ခေါ်သွားတယ်။ ကျွန်မတို့ ရောက်တဲ့အခါမှာ၊ အိမ်သာသုံးဖို့ ကျွန်မ ခွင့်တောင်းပေမယ့်၊ အရာရှိတစ်ယောက်က ရှေ့ထွက်လာပြီး၊ ကျွန်မရဲ့မျက်နှာကို ဖြတ်ရိုက်ပြီး၊ “ဘာအိမ်သာလဲ။ သူ့ကို အထဲခေါ်သွား” လို့ အော်လိုက်တယ်။ အရိုက်ခံလိုက်ရတော့ ကျွန်မ ခေါင်းမူးသွားပြီး၊ ရှေ့ကို ကောင်းကောင်းမမြင်ရတော့ဘဲ၊ ကျွန်မ ဆီးမထိန်း နိုင်တော့ဘူး။ နောက်တော့၊ အရာရှိနှစ်ယောက်က ကျွန်မကို အခန်းတစ်ခန်းထဲ တွန်းထည့်လိုက်တယ်။ “ငါ့အကြောင်း သတင်းအချက်အလက်တွေ သူတို့ ဘယ်လောက်ရထားလဲ မသိဘူး။ သူတို့ ငါ့ကို ဘယ်လိုညှဉ်းပန်းနှိပ်စက်ကြမှာလဲ။ ငါ ခံနိုင်ပါ့မလား” လို့ ကျွန်မစဉ်းစားမိတယ်။ ဘုရားသခင်ကို ကျွန်မ ဆက်ဆုတောင်းနေပြီး၊ ကျွန်မ ကို ယုံကြည်မှုနဲ့ခွန်အားပေးဖို့ ကိုယ်တော့်ကို တောင်းလျှောက်နေလိုက်တယ်။ ဆုတောင်းပြီးတဲ့အခါမှာ၊ ဘုရားသခင်ရဲ့နှုတ်ကပတ် တော်တွေကို ကျွန်မ သတိရလိုက်တယ်- “ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်ကို ယုံကြည်လော့။ သင်၌ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုရှိကာ စာတန်၏ ဆင်ခြေများ၊ ရည်ရွယ်ချက်များနှင့် လှည့်ကွက်များကို ငြင်းပယ်လျက် ဘုရားသခင်ကို အာသာငမ်းငမ်း ရှာဖွေရမည်။ စိတ်မပျက်လေနှင့်။ အားမလျော့လေနှင့်။ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေလော့၊ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်မျှော်လော့။ ဘုရားသခင်နှင့် တက်ကြွစွာ ပူးပေါင်းပြီး၊ သင့်အတွင်းမှ အနှောင့်အယှက်များကို ဖယ်ရှားလော့။” (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုနဲ့ ကျွန်မရဲ့နှလုံးသားက တဖြည်းဖြည်းနဲ့ ငြိမ်သက်သွား တယ်။ ဘုရားသခင်က တန်ခိုးနဲ့ပြည့်စုံတယ်။ ကိုယ်တော်ရဲ့ အကူအညီနဲ့ ကျွန်မ ဘာကိုမှ ကြောက်စရာမလိုဘူး။ ကျွန်မအနေနဲ့ ဘုရားသခင်ကို ဆုတောင်းပြီး အားကိုးရင်းနဲ့၊ ကိုယ်တော်က ကျွန်မကို ဦးဆောင်မယ် လို့ ယုံကြည်ဖို့လိုအပ်တယ်။ ဒါကို စဉ်းစားတဲ့အခါမှာ ကျွန်မရဲ့အခြေအနေတွေကို ရင်ဆိုင်ဖို့အတွက် ကျွန်မ ယုံကြည်မှုနဲ့ခွန်အား ရရှိသွား တယ်။
အခန်းထဲမှာ နှစ်ထပ်သံခုတင်တစ်လုံး ရှိတယ်။ သူတို့က ကျွန်မအရပ်ထက် ပိုမြင့်တဲ့ အပေါ်ထပ် ကုတင်နဲ့ ကျွန်မရဲ့လက်ကို လက်ထိပ်ခတ်လိုက်တယ်။ ကျွန်မ အနေအထားတစ် မျိုးတည်းနဲ့ပဲ ရပ်လို့ရပြီး— တော်တော်လေး သက်သောင့်သက်သာ မရှိဘူး။ အရာရှိတစ်ယောက်က၊ “မင်းရဲ့ခေါင်းဆောင်က ဘယ်သူလဲ။ မင်း ဘယ်လို ဆက်သွယ်လဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေပါတဲ့ စာအုပ်တွေ ကို ပုံနှိပ်ပြီးတဲ့အခါ၊ မင်း ဘယ်ကို ပို့သလဲ” လို့ ကျွန်မကို မေးတယ်။ ကျွန်မက မဖြေတော့၊ “မင်း မပြောရင်၊ ငါမင်းကို တစ်သက်လုံးဖမ်းထား မယ်” လို့ ကျွန်မကို သူက စပြီးခြိမ်းခြောက်တယ်။ အရာရှိတစ်ယောက်က ရှေ့ကိုလှမ်းလာပြီး၊ ကျွန်မရဲ့ မျက်နှာကို အကြိမ်များစွာ ဖြတ်ရိုက်တဲ့အခါ၊ ကျွန်မရဲ့မျက်နှာတစ်ခုလုံး ပူထူသွားတယ်။ နောက်အရာရှိတစ်ယောက်က ဒေါသထွက်ပြီး၊ “သူ့ကို သေတဲ့အထိရိုက်။ သူ အရိုက်မခံရမချင်း၊ အမှန်ကို ပြောမှာမဟုတ်ဘူး” လို့ ဟောက်ပြီးပြော တယ်။ တစ်ချိန်တည်းမှာပဲ၊ အရာရှိတချို့က ကျွန်မကို စပြီးထိုးလိုက်၊ကန်လိုက်လုပ်ကြတယ်။ သူတို့ မောပန်းပြီး ပင့်သက်ရှိုက်ရတဲ့အထိ သူတို့ မရပ်ကြဘူး။ နောက်အရာရှိတစ်ယောက်က လျှပ်စစ်တုတ်ကိုယူပြီး၊ ကျွန်မရဲ့တစ်ကိုယ်လုံးကို တို့တယ်။ ကျွန်မရဲ့ခန္ဓာကိုယ်အနှံ့ လျှပ်စစ်ဓာတ်တွေ ချက်ချင်း စီးဝင်သွားတယ်။ ကျွန်မရဲ့အသားနဲ့နှလုံးထဲကို ရေတွက်လို့မရတဲ့ ပုရွက်ဆိတ်တွေ ထိုးဖောက်ပြီးဝင်နေသလို ခံစားရ တယ်။ ကျွန်မရဲ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန်တုန်ခါပြီး၊ ကျွန်မ မချိမဆံ့ဝေဒနာခံစားရင်း အော်လိုက်သလို၊ အလိုအလျောက် ဆတ်ခနဲ ရှေ့နဲ့နောက် ယမ်းနေတော့ တယ်။ ကျွန်မရဲ့အသားထဲကို နစ်ဝင်အောင် လက်ထိပ်ခတ် ထားတာကြောင့်၊ ကျွန်မရဲ့လက်ကောက်ဝတ်တွေ လည်း နာကျင်လာတယ်။ ကျွန်မရဲ့မျက်နှာနဲ့မျက်လုံးတွေထဲကို ချွေးတွေ စီးကျ လာပြီး၊ အရမ်းစပ်တာကြောင့် ကျွန်မ မျက်လုံးတွေ ဖွင့်လို့မရဘူး။ ကျွန်မ သေတဲ့အထိ အရိုက်ခံရမှာ၊ ဒါမှမဟုတ် ဓာတ်လိုက်ခံရမှာကို ကျွန်မ ကြောက်တယ်။ ကျွန်မရဲ့နှလုံးသားထဲကနေ ဘုရားသခင်ကို ဆုတောင်းနေလိုက်တယ်၊ “ဘုရားသခင်၊ ရဲတွေရဲ့ ဒီရက်စက်တဲ့ ညှဉ်းပန်း နှိပ်စက်မှုကို ကျွန်မ ကျော်လွှားနိုင်အောင် ကျွန်မကို ကာကွယ်ပြီး ခွန်အားပေးပါ” လို့ပေါ့။ သခင်ယေရှုရဲ့စကားတွေကို ကျွန်မ သတိရမိတယ်၊ “ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။” (ရှင်မဿဲခရစ်ဝင် ၁၀:၂၈) သခင်ရဲ့နှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်မှု နဲ့ခွန်အားပေးတယ်။ ကျွန်မရဲ့အသက်က ဘုရားသခင်ရဲ့လက်ထဲမှာ ရှိသလို၊ ကျွန်မရဲ့ဝိညာဉ်ကလည်း ဘုရားသခင်ရဲ့လက်ထဲမှာပဲ ရှိတယ်။ ဘုရားသခင်ရဲ့အစီအစဉ်တွေကို နာခံဖို့ ကျွန်မ လိုလားတယ်။ ကျွန်မကို သေတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခဲ့ရင်တောင်၊ ယုဒလုပ်ခဲ့သလို ဘုရားသခင်ကို သစ္စာမဖောက်ဖို့ ကျွန်မ ဆုံးဖြတ်ထားတယ်။ ဒီအကြောင်းကို စဉ်းစားပြီးတဲ့အခါမှာ၊ ကျွန်မ မကြောက်တော့ဘူး။
အဲဒီအချိန်မှာပဲ၊ မျက်မှန်တပ်ထားတဲ့ အရာရှိတစ်ယောက်က ဝင်လာပြီး၊ ကျွန်မဆီကို လမ်းလျှောက်လာရင်း၊ “မင်း ငါ့ရဲ့မေးခွန်းတွေကို မှန်မှန်ကန်ကန်ဖြေရင်၊ ငါမင်းကို မရိုက်ဘူး။ ဒီစာအုပ်တွေကို မင်း ဘယ်ကိုပို့ဖို့ စီစဉ်နေတာလဲ။ မင်းရဲ့ခေါင်းဆောင်က ဘယ်သူလဲ။ မင်းကို လာဖို့ ဘယ်သူက ပြောတာလဲ” လို့ ပြောတယ်။ “ငါမသိဘူး” လို့ ကျွန်မ ပြန်ဖြေလိုက်တယ်။ သူ့ရဲ့မျက်နှာကြီးက စူပုပ်သွားပြီး၊ “သေသေချာချာစဉ်းစားပြီး၊ ငါ့ကို မှန်မှန်ပြော” လို့ အော်ပြီးပြောတယ်။ ကျွန်မ ဘာမှပြောမှာ မဟုတ်ဘူးဆိုတာကို သဘောပေါက်သွားတဲ့အခါ၊ ဗိုလ်ကြီးက ပြတင်းပေါက် ကို လက်ညှိုးထိုးပြီး၊ “ငါတွင်းတူးပြီး အဲဒီပြတင်းပေါက်အပြင်မှာ မင်းကို အရှင်လတ်လတ်မြှုပ်လိုက်မယ်ဆိုတာ မင်းယုံလား” လို့ ပြောတယ်။ ကျွန်မက “ငါမင်းကို ယုံတယ်။ မင်းက ဥပဒေနဲ့ကျင့်ဝတ်အားလုံးကို လုံးဝအလေးမ ထားဘူး။ မင်း ဘာမဆိုလုပ်နိုင်တယ်” လို့ ပြောလိုက်တယ်။ ဒီစကားတွေကို ကြားတဲ့အခါမှာ၊ အရာရှိက ဟန်ဆောင်ပြီး ယဉ်ကျေးတဲ့အပြုံး ပြုံးလိုက်ရင်း၊ “ဟုတ်တာပေါ့၊ ငါတို့ မင်းကို မမြှုပ်ဘူး။ ငါတို့က ရဲတွေပဲ— တရားမဝင်တဲ့အရာကို ငါတို့ ဘယ်လိုလုပ်နိုင်ပါ့မလဲ။ မင်း ဘာဖြစ်မလဲဆိုတာကို ငါ့မှာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်။ ငါတို့ကို အသေအချာရှင်းပြရင်၊ ငါ မင်းကို အခုပဲ လွှတ်ပေးလို့ရတယ်” လို့ သူက ပြောတယ်။ ကျွန်မက “ဘာမှ ရှင်းပြစရာမရှိဘူး” လို့ ပြောလိုက် တယ်။ နောက်အရာရှိတစ်ယောက်က ဒေါသအရမ်းထွက်သွား တာကြောင့်၊ ရှေ့ကို ပြေးဝင်လာပြီး ကျွန်မရဲ့ရင်ဘတ် ကို ထိုးလိုက်တယ်။ သူက၊ “အဓိပ္ပာယ်မရှိတာတွေ တော်တော့။ သူ့ကို သေတဲ့အထိ ရိုက်နှက်သင့်တယ်” လို့ ပြောတယ်။ အရာရှိတချို့က ကျွန်မကို ထပ်ရိုက်နှက်ပြီး ကန်ကျောက်ကြတယ်။ ကျွန်မကို ရိုက်နှက်ရတာ သူတို့မောသွားတဲ့အခါမှာ၊ ကျွန်မကို ဓာတ်လိုက်အောင်လုပ်ဖို့ လျှပ်စစ်တုတ် တစ်ခုကို သုံးတယ်။ ကျွန်မရဲ့တစ်ကိုယ်လုံး နာကျင်မှုကြောင့် ထုံနေတယ်။ ကျွန်မရဲ့ခန္ဓာကိုယ်ထဲ လျှပ်စစ်ဓာတ် စီးဝင်သွားတဲ့ အခါမှာ၊ ကျွန်မရဲ့ကြွက်သားတွေ အားနဲ့ကျုံ့သွားတာကို ကျွန်မခံစားရတယ်။ နာကျင်မှုကြောင့် ကျွန်မ အရမ်းအော်လိုက်ပြီး၊ ကုတင်ဘောင်နဲ့ ကျွန်မရဲ့ခေါင်းကို ပြေးဆောင့်တယ်။ ရဲတွေလက်ထဲမှာ ဒီလူမဆန်တဲ့ညှဉ်းပန်းနှိပ်စက်မှု ကြောင့်၊ ကျွန်မ လုံးဝအားကုန်ခမ်းသွားတယ်။ ကျွန်မမှာ ခွန်အား နည်းနည်းမှ မကျန်တော့ဘူး။ “သူ့ကို နှိပ်စက်တဲ့အခန်းထဲကို ခေါ်သွားပြီး၊ ငါတို့မှာ ဘာတွေရှိတယ်ဆိုတာ ပြလိုက်” လို့ အရာရှိက ခြိမ်းခြောက်ပြီးပြောတယ်။ “ငါဒါကို လုံးဝမခံနိုင်တော့ဘူး။ ဒီညှဉ်းပန်းနှိပ်စက်မှုက ဘယ်လောက်ဆက်ကြာနေဦး မယ်၊ ဒါမှမဟုတ် ငါအသက်ရှင်ရက် ကျော်လွှားနိုင်ပါ့ မလားဆိုတာတောင် ငါမသိဘူး။ ညှဉ်းပန်းနှိပ်စက်မှုတွေ သိပ်ပြင်းထန်လာပြီး၊ ငါ ယုဒလို ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ဒီလို ဆက်ပြီးနှိပ်စက်ခံနေရမယ့်အစား၊ သေပဲသေချင် တယ်” လို့ ကျွန်မစဉ်းစားမိတယ်။ ကုတင်ဘောင်နဲ့ ကျွန်မရဲ့ခေါင်းကို တတ်နိုင်သမျှ ခွန်အားအပြည်နဲ့ ဆောင့်လိုက်ပေမယ့်၊ ကျွန်မ သေမသွားဘူး။ နံရံနဲ့ ကျွန်မရဲ့ခေါင်းကို ပြေးဆောင့်ဖို့ ကြိုးစားပေမယ့် ကျွန်မ မမီဘူး။ ကျွန်မရုန်းကန်လေ၊ လက်ထိပ်တွေက ပိုတင်းကျပ်လာ လေပဲ။ သံက ကျွန်မရဲ့အသားထဲကို မြုပ်ဝင်လာတာ နဲ့အမျှ ကျွန်မရဲ့လက်ကောက်ဝတ်က ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရတယ်။ မချိမဆံ့ဝေဒနာ ခံစားနေရရင်း၊ ဘုရားသခင်ကို ကျွန်မ လေးလေးနက်နက် ဆုတောင်းလိုက်တယ်- “ဘုရားသခင်၊ ကျွန်မ အခုအချိန်မှာ အရမ်းခွန်အားနည်းနေပါတယ်။ ကျွန်မ ညှဉ်းပန်းနှိပ်စက်တဲ့ဒဏ်ကို မခံနိုင်ဘဲ၊ ယုဒလို ဖြစ်သွားမှာ ကြောက်တယ်။ ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်မှုပေးပြီး၊ ကိုယ်တော် ရဲ့အလိုတော်ကို နားလည်ဖို့အတွက် ဦးဆောင်ပေးပါ” လို့။ ဆုတောင်းပြီးတဲ့အခါမှာ ကျွန်မ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သတိရလိုက်တယ်။ “ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) ဘုရားသခင်ရဲ့ အဲဒီနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ နှလုံးသားကို သက်သောင့်သက်သာဖြစ်စေတယ်။ ကျွန်မရဲ့အသက်ကို ကျွန်မ အဆုံးစီရင်ဖို့ ကြိုးစားတာ ဟာ ဘုရားသခင်ရဲ့အလိုတော်နဲ့ မကိုက်ညီဘူးလို့ ကျွန်မ သဘောပေါက်သွားတယ်။ စာတန်ရဲ့လက်ခုပ်ထဲ ရောက်နေတဲ့အချိန်မှာ ကျွန်မအနေနဲ့ ဘုရာသခင်ကို သက်သေခံပြီး ကျေနပ် အောင်လုပ်ဖို့ ဘုရားသခင်က လိုလားတယ်။ ဒါပေမယ့် စာတန်က ကျွန်မကိုယ်ကျွန်မ ဖျက်စီးပြီး၊ ဘုရားသခင်ကို သစ္စာဖောက်စေချင်တယ်။ ကျွန်မ လှည့်စားခံလို့ မဖြစ်ဘူး— ကျွန်မ ဆက်ပြီး အသက်ရှင်နေမှ ဖြစ်မယ်။ ဒံယေလကို ခြင်္သေ့တွေရှိတဲ့တွင်းထဲ ဘယ်လိုတွန်းထည့်ခဲ့တယ်ဆိုတဲ့အကြောင်းကို ကျွန်မ ပြန်စဉ်းစားမိတယ်။ သူက ယုံကြည်မှုရှိပြီး၊ ဘုရားသခင်ကို ဆုတောင်းတဲ့ အခါမှာ၊ ဘုရားသခင်က ခြင်္သေ့တွေရဲ့ပါးစပ်ကို ပိတ်လိုက်တယ်။ ကျွန်မလည်း ဘုရားသခင်ကို ယုံကြည်မှုရှိဖို့လိုပြီး၊ သူ့ရဲ့အစီအစဉ်တွေကို ကျွန်မ နာခံရမှာဖြစ်တယ်။
ရဲအရာရှိတစ်ယောက်က လျှပ်စစ်တုတ်ကို ကိုင်ထား ပြီး၊ “မင်း ငါတို့ကို အမှန်မပြောရင်၊ ငါမင်းကို သေတဲ့အထိ ဓာတ်လိုက်အောင်လုပ်မယ်” လို့ ရက်ရက်စက်စက် ပြောတယ်။ ပြီးတော့၊ သူက ကျွန်မကို စပြီးဓာတ်လိုက်အောင် လုပ်တယ်။ ဒါပေမယ့် မယုံနိုင်လောက်အောင်၊ ဒီအကြိမ်မှာ လျှပ်စစ်တုတ်က အရင်လောက် မနာကျင်တော့ဘူး။ လျှပ်စစ်တုတ်နဲ့ ကျွန်မကို စတို့တဲ့အချိန်ကစပြီး၊ အားကုန်သွားတဲအထိ၊ ကျွန်မ နာကျင်မှု သိပ်မခံစားရ ဘူး။ ပြီးတော့၊ ကျွန်မရဲ့ခေါင်းထဲမှာလည်း ရှင်းလင်းနေ တယ်။ ဒါဟာ ဘုရားသခင်ရဲ့ တကယ့်ကို ထူးဆန်းတဲ့ လုပ်ဆောင်မှုပဲ။ ကိုယ်တော်က ကျွန်မရဲ့အားနည်းချက် တွေကို ခွင့်လွှတ်ပြီး၊ ကျွန်မအပေါ် ကရုဏာထား တယ်။ ကျွန်မရဲ့နှလုံးသားထဲကနေ ဘုရားသခင်ကို အပြည့်အဝ ကျေးဇူးတင်တယ်။ မနက် ၂ နာရီကျော်အထိ၊ မရပ်မနားဘဲ ရဲတွေက ကျွန်မကို ညှဉ်းပန်းနှိပ်စက်ကြတယ်။ ညှဉ်းပန်းနှိပ်စက်တာကြောင့်ရယ်၊ ရာသီဥတုပူနေတာ ကြောင့်၊ ကျွန်မရဲ့အဝတ်အစားတွေက ချွေးတွေနဲ့ ရွှဲနစ်နေတယ်။ ကျွန်မရဲ့ညာဘက်လက်က လက်ထိပ် ကလည်း အသားထဲ မြုပ်ဝင်နေတယ်၊ ကျွန်မရဲ့လက်ကောက် ဝတ်က ရောင်ပြီး၊ လက်မောင်းပေါ်ကို သွေးတွေစီးကျ နေတယ်။ ကျွန်မ လုံးဝပင်ပန်းနွမ်းနယ်နေပြီး၊ ခွန်အားနည်းနည်းမှ မကျန်တော့ဘူး။ ကျွန်မ ကုတင်ကိုမှီလိုက်ပြီး၊ နည်းနည်းအိပ်ငိုက်သွား ပေမယ့်၊ စောင့်နေတဲ့ရဲနှစ်ယောက်က၊ “မင်း မအိပ်နဲ့။ မတ်မတ်ရပ်နေ” လို့ လှမ်းအော်ပြော တယ်။ သူတို့က ကျွန်မကို ခြေချင်းတွေခတ်ထားပြီး၊ ကျွန်မကို ပေးမအိပ်ဘူး။ တစ်ချိန်က ပုံနှိပ်ကုမ္ပဏီက ကြီးကြပ်ရေးမှူး တစ်ယောက် ပြောခဲ့တာကို ကျွန်မ သတိရသွားတယ်၊ “ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ ပုံနှိပ်တာကို မိသွားရင်၊ မင်းကို သေဒဏ်ပေးရင်ပေး၊ ဒါမှမဟုတ်ရင် ထောင်ချခံရမယ်” ဆိုတာကိုပေါ့။ ရဲတွေက ကျွန်မကို ညှဉ်းပန်းနှိပ်စက်တဲ့အခန်းကို ပို့မယ်လို့ ပြောတာကိုလည်း ကျွန်မ စဉ်းစားမိတယ်။ ကျွန်မကို သူတို့ နောက်ထပ် ဘာလုပ်ကြဦးမယ်ဆိုတာ ကျွန်မ မသိဘူး။ ညှဉ်းပန်းနှိပ်စက်တဲ့ဒဏ်ကို ကျွန်မ ခံနိုင်ပါ့မလား။ သိပ်ကြာသွားရင်၊ ကျွန်မ ဒဏ်ခံနိုင်ချင်မှ ခံနိုင်တော့ မယ်— ကျွန်မ ယုဒလိုဖြစ်သွားပြီး ဘုရားသခင်ကို သစ္စာဖောက်မိလိမ့်မယ်။ အဲဒီလိုဆိုရင်၊ ဘုရားသခင်ကို ယုံကြည်တဲ့ ကျွန်မရဲ့ ဘဝ ပြီးဆုံးသွားလိမ့်မယ်။ ကျွန်မ အရမ်းကြောက်ပြီး၊ ကျွန်မကို စောင့်ရှောက်ဖို့ အတွက် ဘုရားသခင်ကို တောင်းပန်နေလိုက်တယ်။ “ဘုရားသခင်၊ ဒီအခြေအနေကနေ ကျွန်မကို ဦးဆောင်ပေးပါ။ ကျွန်မအတွက် ရှေ့မှာ ဘာတွေစောင့်စားနေတယ်ဆို တာ ကျွန်မ မသိဘူး။ ကျွန်မရဲ့ အသက်ကို စွန့်လွှတ်ပြီး သက်သေခံဖို့အ တွက် ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်မှုပေးပါ” လို့ ကျွန်မ ဆုတောင်းလိုက်တယ်။ ဆုတောင်းပြီးတဲ့အခါမှာ၊ ဘုရားသခင်ရဲ့နှုတ်ကပတ် တော်တွေကို ကျွန်မသတိရသွားတယ်- “အမှု၏ ဤအဆင့်တွင် ငါတို့ထံမှ အဆုံးစွန် ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့ လိုအပ်ပေသည်။ အမှု၏ ဤအဆင့်သည့် ယခင်အဆင့်များအားလုံးမှ ကွဲပြားခြားနားသည့်အတွက်၊ အနည်းငယ်မျှသော သတိလက်လွတ်ဖြစ်ခြင်းမှ ငါတို့ ခလုတ်တိုက်မိကောင်း ခလုတ်တိုက်မိနိုင်သည်။ ဘုရားသခင် စုံလင်နေစေသည့် အရာမှာ မြင်၍မရနိုင်သကဲ့သို့၊ လက်ဆုပ်လက်ကိုင်ပြ၍လည်း မရသည့် လူသားမျိုးနွယ်၏ ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာမှာ နှုတ်ကပတ်တော်များကို ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် အသက်တို့အဖြစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။ လူတို့သည် ရာပေါင်းများစွာသော စစ်ဆေးခြင်းများကို ကြံ့ကြံ့ခံခဲ့ကာ ယောဘ၏ယုံကြည်ခြင်းထက် သာ၍ ကြီးမားသော ယုံကြည်ခြင်းကို ပိုင်ဆိုင်သည့်အဆင့်သို့ ရောက်ရှိကြရမည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ စွန့်ခွာခြင်းမရှိဘဲ၊ မယုံကြည်နိုင်လောက်သော ဆင်းရဲဒုက္ခနှင့် ညှဉ်းဆဲမှုအမျိုးမျိုးကို သည်းခံကြရမည်။ သေသည်အထိ ၎င်းတို့ နာခံမှုရှိပြီး၊ ဘုရားသခင်၌ ကြီးမားသည့်ယုံကြည်ခြင်း ရှိသောအခါတွင်၊ အမှု၏ ဤအဆင့်သည် ပြီးစီးပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း... (၈)) ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကနေ၊ ကျွန်မ နားလည်လိုက်တာက လူတစ်ယောက်ရဲ့ ယုံကြည်မှုနဲ့နာခံမှုကို စုံလင်အောင် ပြုဖို့ ရည်ရွယ်ချက်အတွက် စမ်းသပ်မှုတွေနဲ့ စစ်ဆေးမှုတွေကို ဘုရာသခင်က ခွင့်ပြုတယ်ဆိုတာ ပါပဲ။ ယောဘ စမ်းသပ်ခံခဲ့ရတုန်းကအကြောင်းကို ကျွန်မ စဉ်းစားမိတယ်။ သူဟာ သူ့ရဲ့ပိုင်ဆိုင်မှုနဲ့ကလေးတွေကို ဆုံးရှုံးပြီး၊ သူ့ရဲ့ ခန္ဓာကိုယ်က အနာစိမ်းတွေနဲ့ ဖုံးအုပ်နေတယ်။ ဒါပေမယ့် သူက ဘုရားသခင်ကို အပြစ်မတင်ခဲ့ဘူး။ သူက ဘုရားသခင်ကို တကယ်ယုံကြည်ပြီး၊ ကိုယ်တော့်အတွက် သက်သေခံပေးခဲ့တယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့အသိပညာနောက်ကို ပေတရုက လေးလေးနက်နက်လိုက်တာကိုလည်း ကျွန်မသတိရတယ်။ သူက အားလုံးထက်ကျော်လွန်ပြီး ဘုရားသခင်ကို ချစ်တယ်၊ သူသေတဲ့အထိ ဘုရားသခင်ကို နာခံတဲ့ အပြင်၊ ဘုရားသခင်အတွက် ဇောက်ထိုးကားစင်တင်ခံ သွားတယ်။ ကျွန်မကတော့ ဘယ်လိုလဲ။ ကျွန်မက ကောင်းတဲ့အချိန်တွေမှာသာ ဘုရားသခင် ကို ချစ်ပြီး နာခံခဲ့တယ်။ ကျွန်မ ညှဉ်းပန်းနှိပ်စက်ခံရပြီး၊ ကျွန်မရဲ့ခန္ဓာကိုယ်က ဆင်းရဲဒုက္ခခံရတဲ့အခါမှာ၊ ကျွန်မ ထွက်ပဲပြေးချင်ခဲ့ တယ်။ ဘုရားသခင်အပေါ် ကျွန်မ တကယ်ယုံကြည်မှုမရှိဘူး ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မရဲ့အားနည်းချက်တွေကို သတိပြုမိဖို့အတွက်နဲ့ ကျွန်မရဲ့ယုံကြည်မှုကို စုံလင်အောင်ပြုဖို့အတွက် ကူညီဖို့ ဒီအခြေအနေတွေကို ဘုရားသခင်က အသုံးပြု နေတာဖြစ်တယ်။ အဲဒါ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာပဲ။ ကျွန်မ ဆက်ပြီး အရမ်းမကောင်းမြင်နေလို့ မဖြစ်တော့ ဘူး။ ကျွန်မကို ရဲတွေက ဘယ်လိုပဲညှဉ်းပန်းပါစေ၊ ကျွန်မ ဘုရားသခင်ကို အားကိုးပြီး သက်သေခံသင့်တယ်။ ဒါကို စဉ်းစားမိတော့၊ ဆင်းရဲဒုက္ခခံနိုင်ဖို့ စိတ်ခွန်အား ကျွန်မကို ပေးတယ်။ ကျွန်မ သေမယ်ဆိုရင်တောင်၊ ယုဒလို အဖြစ်မခံဘူးလို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။
အဲဒီညမှာ၊ အရာရှိတစ်ယောက်က ယောက်ျားတစ်ယောက်ကို အထဲခေါ်လာတယ်။ သူက၊ “မင်း ပါးစပ်ကို ဘယ်လောက်ပဲ တင်းကျပ်အောင် ပိတ်ထားပါစေ၊ ငါဆွဲဖွင့်နိုင်တယ်။ မင်း အခုတွေ့ရ တော့မယ်” လို့ ပြောတယ်။ အဲဒီလူရဲ့ကြမ်းကြုတ်တဲ့အသွင်အပြင်ကို တွေ့လိုက်ရ တော့၊ ကျွန်မ ကျောချမ်းသွားတယ်။ ကျွန်မကို ညှဉ်းပန်းနှိပ်စက်ဖို့ ဘယ်လိုရက်စက်တဲ့ နည်းတွေ သူသုံးမလဲဆိုတာ ကျွန်မ မသိဘူး။ ကျွန်မ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပဲ၊ အဲဒီလူက စကားတစ်ခွန်းမှ မပြောဘဲ၊ ရုံးစားပွဲပေါ်က စာရွက်ထပ်အထူတစ်ထပ်ကို လှမ်းယူပြီး၊ ကျွန်မရဲ့နောက်ဘက်ကို လျှောက်လာတယ်၊ စာရွက်တွေကို ကျွန်မရဲ့နောက်ကျောမှာ သူ့ရဲ့ ဘယ်ဘက်လက်နဲ့ ကပ်ထားပြီး၊ သူ့ရဲ့ညာဘက်လက်နဲ့ ခပ်ပြင်းပြင်းထိုးလိုက်တယ်။ သူ ကျွန်မကို ထိုးတိုင်းမှာ ကျွန်မရဲ့နောက်ကျောတစ်ခု လုံး ကွဲထွက်သလို နာကျင်စေတယ်။ တစ်နေရာစီကို အကြိမ်နည်းနည်းစီ ထိုးပြီးတဲ့အခါ၊ ကျွန်မနောက်ကျောရဲ့ တခြားနေရာကို ပြောင်းပြီးထိုး တယ်။ သုံးကြိမ်လောက် ပြောင်းပြီးတဲ့အခါမှာ၊ သူက ကျွန်မ ကို မျက်နှာချင်းဆိုင်လိုက်တယ်။ စာရွက်တွေကို သူ့ရဲ့ဘယ်ဘက်လက်နဲ့ ကျွန်မရဲ့ ရင်ဘတ်မှာ ထားပြီး၊ သူရဲ့ညာဘက်လက်နဲ့ ခပ်ပြင်းပြင်းထိုးလိုက်တယ်။ ကျွန်မရဲ့အတွင်းကလီစာတွေအကုန်လုံး ကွဲထွက်သွား သလို ခံစားရတယ်။ ဘယ်လောက်နာကျင်တယ်ဆိုတာ ကျွန်မ ဖော်ပြလို့ တောင် မရဘူး။ ကျွန်မကို ဘယ်နှကြိမ်ထိုးတယ်ဆိုတာတောင် ကျွန်မ မမှတ်မိတော့ဘူး။ သူအားကုန်ပြီး ချွေးတွေပြန်တဲ့အထိ ဆက်ပြီးထိုးနေ တယ်။ သူက စာရွက်တွေကို စားပွဲပေါ် ပစ်တင်လိုက်ပြီး၊ ရက်စက်စွာနဲ့၊ “မင်းမပြောသေးရင်၊ ငါမင်းကို နှိပ်စက်တဲ့အခန်းထဲ ပို့လိုက်မယ်” လို့ ပြောတယ်။ နှိပ်စက်တဲ့အခန်းကို ကျွန်မသွားရမယ်ဆိုတာ ကြားလိုက်ရတော့ ကျွန်မ ကြောက်သွားတယ်။ သူတို့ အဲဒီလို ဆက်ပြီးရိုက်နှက်နေရင်၊ ကျွန်မသေသွား မှာ ကြောက်တယ်။ ဒါတွေအားလုံး ဘယ်တော့ပြီးမယ်ဆိုတာ ကျွန်မ မသိဘူး။ ကျွန်မကို အကာအကွယ်ပေးဖို့ ဘုရားသခင်ကို တောင်းပန်နေရင်းနဲ့ ကိုယ်တော်ရဲ့နှုတ်ကပတ်တော် တွေကို သတိရမိတယ်- “အာဗြဟံသည် ဣဇာက်ကို ပူဇော်ခဲ့သည်- သင်တို့သည် မည်သည့်အရာကို ပူဇော်ကြပြီးပြီနည်း။ ယောဘသည် အရာရာကို ပူဇော်ခဲ့သည်- သင်တို့သည် မည်သည့်အရာကို ပူဇော်ကြပြီးပြီနည်း။ လူများစွာတို့သည် မှန်သောလမ်းခရီးကို ရှာဖွေရန်အလို့ငှာ မိမိတို့၏ အသက်များကို ပေးကြပြီးဖြစ်သည်၊ လည်စင်းခံကြပြီးဖြစ်ကာ မိမိတို့အသွေးကို သွန်းကြပြီးဖြစ်သည်။ ထိုအဖိုးအခကို သင်တို့ ပေးကြပြီးပြီလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ်) အာဗြဟံက ဣဇာက်ကို ယဇ်ပူဇော်တာနဲ့ ယောဘက အားလုံးကို ပေးဆပ်ခဲ့တာကို ကျွန်မစဉ်းစားမိတယ်။ ကျွန်မက ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ ပြီး၊ ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ ရေလောင်း ခြင်းနဲ့အကူအညီတွေကို ကျွန်မခံစားခဲ့ရတယ်။ ဒါပေမယ့် ကျွန်မ ဘာကိုမှ မစွန့်လွှတ်ခဲ့ဘူး။ ဒါကိုစဉ်းစားမိတော့၊ ကျွန်မရှက်မိတယ်။ ကျွန်မရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့လုံခြုံမှုအကြောင်းကိုပဲ စဉ်းစားလို့ မဖြစ်ဘူး။ ဘုရားသခင် နှစ်သက်တာကို ပြုလုပ်ပေးပြီး၊ ကိုယ်တော်ရဲ့ချစ်ခြင်းမေတ္တာကို ပြန်ဆပ်ဖို့ ကျွန်မ စဉ်းစားရမယ်။ ကျွန်မမှာ ကျွန်မရဲ့အသက်ကလွဲလို့ ဘာမှ မကျန်တော့ ဘူး။ ကျွန်မ သေသွားမယ်ဆိုရင်တောင်၊ သက်သေခံရင်းနဲ့ ဘုရားသခင် နှစ်သက်တာကို ကျွန်မလုပ်ရမယ်။ ကျွန်မရဲ့အသက်ကို ပေးဆပ်ဖို့ ကျွန်မ ဆုံးဖြတ်နေချိန် မှာ၊ ရဲအရာရှိတစ်ယောက်က၊ “ဒီလူကို ဆက်ပြီးနှိပ်စက်နေတာ အကျိုးမရှိဘူးလို့ ထင်တယ်။ သူ ဘာမှမသိဘူးနဲ့ တူတယ်” လို့ မမျှော်လင့်ဘဲ ပြောလိုက်တယ်။ နောက်တော့၊ သူတို့ ထွက်သွားကြတယ်။ ဒါဟာ ကျွန်မလွတ်မြောက်ဖို့အတွက် ဘုရားသခင်က လမ်းဖွင့်ပေးတယ်ဆိုတာ ကျွန်မသိတာကြောင့်၊ ကျွန်မရဲ့နှလုံးသားထဲကနေ ဘုရားသခင်ကို အပြည့်အဝ ကျေးဇူးတင်မိတယ်။
အဲဒီနောက်၊ အမျိုးသားရဲအရာရှိတစ်ယောက် ဝင်လာ တယ်။ သူက အသက် ၄၀ လောက် ရှိတယ်။ သူက ကျွန်မရဲ့ဆံပင်ကိုဆွဲပြီး၊ မျက်နှာကို ပွတ်သပ် လိုက်ရင်း၊ “မင်းက ကြည့်ကောင်းတယ်။ မင်း ဘာဖြစ်လို့ ပြည့်တန်ဆာလုပ်ငန်းမှာ မလုပ်သလဲ။ မင်း လူငယ်ဖောက်သည်တွေ မရှာနိုင်ရင်လည်း၊ အသက်ကြီးတဲ့လူတွေနဲ့ ပြဿနာရှိမှာ မဟုတ်ဘူး” လို့ ကျွန်မကို လှောင်ပြီးပြောတယ်။ အဲဒါကိုကြားလိုက်ရတော့၊ ကျွန်မ စက်ဆုပ်ရွံရှာပြီး ဒေါသထွက်သွားတယ်။ ကျွန်မ အဲဒီလူကို မျက်နှာထားနဲ့ တစ်ချက်ကြည့်လိုက် ပြီး၊ လျစ်လျူရှုလိုက်တယ်။ နောက်အရာရှိတစ်ယောက်က၊ “သူ့ကို ပို့လိုက်၊ အဲဒီမှာရှိတဲ့လူတွေ သူ့ကို ကိုင်တွယ် လိမ့်မယ်” လို့ စိတ်မရှည်တဲ့ပုံနဲ့ ပြောတယ်။ အဲဒီနောက် ကျွန်မကို ကားတစ်စီးထဲ တွန်းထည့်လိုက် တယ်။ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက် ညီမတစ်ယောက်လည်း ကားထဲမှာရှိတယ်။ ကျွန်မရဲ့စိတ်နှလုံးထဲမှာ အရမ်းသောကရောက်သွား တယ်။ သူလည်း အဖမ်းခံရတာဖြစ်ပေမယ့်၊ ကျွန်မတို့ စကားပြောလို့ မရဘူး။ ကျွန်မရဲ့နှလုံးသားထဲကနေ ဘုရားသခင်ကို ခေါ်နေ ရင်း၊ ကျွန်မတို့ကို ဦးဆောင်ဖို့ ကိုယ်တော့်ကို ဆုတောင်းနေလိုက်တယ်။
ညသန်းခေါင်အချိန်မှာ။ ရဲတွေက ကျွန်မတို့ကို ထိန်းသိမ်းရေးစခန်းတစ်ခုကို ခေါ်သွားပြီး၊ ကျွန်မတို့ကို ခွဲထုတ်လိုက်တယ်။ ပြုပြင်ရေးအရာရှိက ကျွန်မကို အင်္ကျီတွေချွတ်ခိုင်းပြီး၊ တစ်ကိုယ်လုံးကို ရှာသလို၊ ကျွန်မကို အကြိမ်ပေါင်းများစွာ ဆောင့်ကြောင့်ထိုင် ခိုင်းတယ်။ ကျွန်မ အရမ်းရှက်မိတယ်။ ကွန်မြူနစ်ပါတီကို ကျွန်မ ရဲ့စိတ်နှလုံးထဲကနေ အကြွင်းမဲ့မုန်းတယ်။ ကျွန်မကို တစ်ကိုယ်လုံးချွတ်ရှာပြီးတော့၊ ပြစ်မှုကြီးတဲ့ လူတွေကိုထားတဲ့ အချုပ်ခန်းထဲမှာ ထည့်လိုက်တယ်။ အခန်းထဲမှာ ၁၁ ယောက် ရှိတယ်။ သူတို့က မူးယစ်ဆေးဝါးရောင်းဝယ်တဲ့လူတွေ၊ လူသတ်သမားတွေ၊ ဓားပြတွေနဲ့ ပြည့်တန်ဆာတွေ ဖြစ်တယ်။ အဲဒီအချိန်မှာ၊ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့လူ တစ်ယောက်က ကျွန်မကို ရိုက်နှက်ချင်ပေမယ့်၊ အချုပ်ခန်းခေါင်းဆောင်က၊ “သူ့ကို မရိုက်နဲ့၊ သူ တော်တော်လေး ရောင်ကိုင်း နေပြီ။ ရဲအရာရှိတွေက သူ့ကို ဆိုးဆိုးရွားရွားညှဉ်းပန်း နှိပ်စက်ထားပုံပေါ်တယ်” လို့ ပြောလိုက်တယ်။ ကျွန်မကို အကာအကွယ်ပေးတဲ့အတွက် ကျွန်မရဲ့ နှလုံးသားအတွင်းထဲကနေ ဘုရားသခင်ကို ကျေးဇူးတင်လိုက်တယ်။ နောက်တစ်နေ့မှာ၊ အချုပ်ခန်းခေါင်းဆောင်က ကျွန်မကို အိပ်သာဆေးခိုင်းတယ်၊ သန့်ရှင်းရေးလုပ် ခိုင်းတယ်၊ တံမြက်စည်းလှဲခိုင်းတယ်၊ ပြီးတော့ ကျန်တဲ့အလုပ်တွေလည်း လုပ်ခိုင်းတယ်။ ကျွန်မရဲ့လက်တွေက ရောင်နေသေးတာကြောင့်၊ ကျွန်မ တည်တည်ငြိမ်ငြိမ် မကိုင်နိုင်ပေမယ့်၊ ကျွန်မရဲ့အလုပ်တွေကို ပြီးအောင်လုပ်တယ်။ ကျွန်မ မလုပ်နိုင်ရင်၊ အဆူခံရတယ်။ နေ့စဉ် ဆီ၊ ဆားမပါတဲ့ ပေါ့ရွှတ်ရွှတ်အစားအစာတွေ စားရတယ်။ ညဘက်မှာဆိုရင်၊ ကျွန်မ နှစ်နာရီ တာဝန်ကျတယ်။ အလုပ်လုပ်ပြီးတဲ့အခါမှာ ထောင်ရဲ့စည်းမျဉ်းတွေကို ကျွန်မ အလွတ်ကျက်ရတယ်။
တစ်လအကြာမှာ၊ ကျွန်မကို စစ်ဆေးမေးမြန်းဖို့ ရဲအရာရှိတစ်ယောက်က ပြည်သူ့လုံခြုံရေးဌာနကို ခေါ်သွားတယ်။ သူက ကျွန်မကို အခန်းတစ်ခန်းထဲ ခေါ်သွားတယ်၊ အဲဒီမှာ ကျွန်မရဲ့ယောက်ျားနဲ့သမီး ဝင်လာတာကို ကျွန်မ တွေ့လိုက်ရတယ်။ ကျွန်မရဲ့မျက်နှာက ရောင်ကိုင်းနေတဲ့အပြင်၊ ကျွန်မရဲ့ ဆံပင်က တိုတိုလေးညှပ်ထားပြီး၊ ကျွန်မအတွက် ကြီးနေတဲ့ ညှပ်ဖိနပ်တွေကိုလည်း ကျွန်မဝတ်ထားတယ်။ ကျွန်မရဲ့သမီးက ကျွန်မကိုတွေ့လိုက်တော့၊ မျက်လုံး တွေ ပြူးသွားတယ်။ သူက အရမ်းကြောက်သွားတာကြောင့်၊ ခြေတစ်လှမ်း ဆုတ်ပြီး၊ ကျွန်မရဲ့ယောက်ျားနောက်မှာ သွားပုန်းနေ တယ်။ ကျွန်မသမီးရဲ့ ကြောက်ရွံ့နေတဲ့မျက်နှာကို တွေ့လိုက်ရ တော့၊ ကျွန်မ ရင်နာသွားတယ်။ ပုံမှန်ဆိုရင် ကျွန်မရင်ခွင်ထဲမှာနေတဲ့ ကျွန်မရဲ့ သမီးလေးက သူစိမ်းတစ်ယောက်လို ဖြစ်သွားတယ်။ ကျွန်မ သွားပြီး သူ့လက်ကလေးတွေကို အရမ်းကိုင်ချင်တာပဲ။ ကျွန်မရဲ့ယောက်ျားက ကျွန်မကိုတွေ့တော့၊ ငိုချလိုက် တယ်။ “ဒါဟာ တကယ်မင်းပဲလား၊ မင်းကို ဘယ်လိုလုပ် ဖမ်းမိသွားသလဲ” လို့ သူက မေးတယ်။ ကျွန်မရဲ့ယောက်ျား ငိုနေတာကို တွေ့တော့၊ ကျွန်မ မျက်ရည်တွေကို မထိန်းနိုင်တော့ဘူး။ ကျွန်မ တကယ်ကို လွတ်သွားပြီး၊ ကျွန်မရဲ့ ယောက်ျားနဲ့သမီးနဲ့အတူ အိမ်ပြန်ပြီး နေချင်တယ်။ ပြီးတော့ ကျွန်မရဲ့နှလုံးသားကို ကာကွယ်ပေးဖို့ ကျွန်မရဲ့စိတ်ထဲကနေ ဘုရားသခင်ကို ဆုတောင်းနေ လိုက်တယ်။ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရမိတယ်- “အချိန်တိုင်းတွင်၊ ငါ၏လူတို့သည် ငါ့အိမ်၏တံခါးကို ငါ့အတွက် စောင့်ကြပ်ရင်း၊ စာတန်၏ စဉ်းလဲသည့် အကြံအစည်များကို သတိထားသင့်ပေသည်။ ၎င်းတို့အနေဖြင့် စာတန်၏ ထောင်ချောက်ထဲသို့ ကျဆင်းခြင်းကို ရှောင်လွှဲဖို့ရန်အလို့ငှာ၊ အချင်းချင်း အားပေးကာ အချင်းချင်းအတွက် ထောက်ပံ့ ပေးနိုင်သင့်ကြ၏၊ စာတန်၏ ထောင်ချောက်ထဲသို့ ကျဆင်းချိန်တွင် နောင်တရဖို့ရန် အလွန် နောက်ကျသွားလိမ့်မည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၃)) ရုတ်တရက် ကျွန်မအတွက် အားလုံးရှင်းလင်းသွား တယ်- ဒါဟာ စာတန်ရဲ့လှည့်စားမှုတွေထဲက တစ်ခုပဲ။ ဘုရားသခင်ကို သစ္စာဖောက်အောင် ဖျားယောင်းဖို့ စာတန်က ကျွန်မတို့ရဲ့ခံစားချက်တွေကို အသုံးချချင်တယ်။ ဒါပေမယ့် ကျွန်မ သူတို့ရဲ့ထောင်ချောက်ထဲ ကျလို့မဖြစ် ဘူး။ ဒါကြောင့် ကျွန်မရဲ့မျက်ရည်တွေကို ပြန်ထိန်းပြီး၊ ကျွန်မကို ကာကွယ်ပေးဖို့ ဘုရားသခင်ကို ဆက်ပြီးတောင်းပန်နေလိုက်တယ်။ အရာရှိတစ်ယောက်က ကျွန်မရဲ့လက်ထိပ်တွေကို ဖြုတ်ပေးပြီး၊ “သူနဲ့ ကောင်းကောင်းစကားပြောလိုက်ပြီး၊ မင်းရဲ့ ခံစားချက်တွေကို ဝေငှလိုက်ပါ။ ငါတို့သိဖို့လိုတဲ့ဟာကို သူပြောပြရင်၊ သူ အိမ်ပြန်သွားနိုင်တယ်” လို့ ကျွန်မရဲ့ယောက်ျားကို ပြောတယ်။ အဲဒီနောက်၊ ရဲမေတစ်ယောက် ဝင်လာတယ်။ သူက ကျွန်မရဲ့သမီးကို လက်ညှိုးထိုးပြီး၊ “ကြည့်ပါဦး၊ ကလေးက သနားစရာပဲ။ ငယ်ငယ်လေး ပဲ ရှိသေးတယ်။ မင်းက ကိုယ့်ကလေးကို စောင့်ရှောက်ဖို့ အိမ်မှာမရှိတဲ့ အမေတစ်ယောက်ပဲ” လို့ ပြောတယ်။ ဒါပေမယ့်၊ ဒါတွေအားလုံးဟာ စာတန့်အစီအစဉ်ရဲ့ အစိတ်အပိုင်းတွေဆိုတာ ကျွန်မသိတယ်။ ဒါကြောင့် ကျွန်မ ဘာမှပြန်မပြောဘူး။
သူတို့ရဲ့အကြံအစည် မအောင်မြင်ဘူးဆိုတာ ရဲတွေက တွေ့တော့၊ သူတို့က ကျွန်မရဲ့ယောက်ျားကို ထွက်သွား ခိုင်းတယ်။ ကျွန်မရဲ့ယောက်ျားနဲ့သမီး လမ်းလျှောက်ပြီးထွက် သွားတာကိုကြည့်ရင်း၊ ကျွန်မရဲ့နှလုံးသားက နာကျင်မှုတွေနဲ့ ပြည့်နေတယ်။ ကွန်မြူနစ်ပါတီဟာ ကျွန်မရဲ့ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုကို ဖျက်ဆီးပစ်လိုက်တယ်။ အဲဒီအတွက် ကျွန်မရဲ့နှလုံးသားက မုန်းတီးမှုတွေနဲ့ ပြည့်နေတယ်။ ဘုရားသခင်နှုတ်ကပတ်တော်တွေထဲက ဓမ္မသီချင်း တစ်ပုဒ်ကို ကျွန်မ သတိရမိတယ်- “ဘုရားသခင်၏ အမှုအဖို့ ထိုသို့သော ထိုးဖောက်၍ မရနိုင်သည့် အတားအဆီးကို အဘယ်ကြောင့် ထူထောင်ရသနည်း။ ဘုရားသခင်၏ လူစုကို လှည့်ဖြားရန် အဘယ်ကြောင့် အမျိုးမျိုးသော လှည့်ကွက်များကို အသုံးချသနည်း။ စစ်မှန်သော လွတ်လပ်မှု၊ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့မှာ အဘယ်မှာနည်း။ တရားမျှတခြင်းကား အဘယ်မှာနည်း။ ကိုယ်စိတ်ချမ်းသာခြင်းကား အဘယ်မှာနည်း။ နွေးထွေးမှုကား အဘယ်မှာနည်း။ ဘုရားသခင်၏ လူများအား လှည့်စားရန် အဘယ်ကြောင့် လှည့်ဖြားတတ်သော အကြံအစည်များကို အသုံးပြုသနည်း။ ဘုရားသခင်၏ ကြွလာခြင်းကို ဖိနှိပ်ရန် အဘယ်ကြောင့် အင်အားသုံးရသနည်း။ ဘုရားသခင်အား ခေါင်းချစရာ နေရာမရှိသည့်တိုင်အောင် အဘယ်ကြောင့် လိုက်လံဖမ်းဆီးသနည်း။ အဘယ်သို့လျှင် ဤအရာသည် အမျက်ဒေါသကို မနှိုးဆော်ဘဲရှိနိုင်မည်နည်း။ နှစ်ထောင်ပေါင်းများစွာကြာသည့် အမုန်းတရားကို နှလုံးသားထဲတွင် စုစည်းထားသည်၊ ထောင်ချီနှစ်ကာလကြာ အပြစ်ရှိခြင်းကို နှလုံးသားထက်တွင် ရေးထွင်းထားသည်— အဘယ်သို့လျှင် ဤအရာသည် စက်ဆုပ်ရွံရှာခြင်းကို မလှုံ့ဆော်ဘဲ ရှိနိုင်မည်နည်း။ ဘုရားသခင်၏ရန်သူကို လုံးဝ ဇီဝိန်ချုပ်စေလျက် ၎င်းအား နောက်ထပ် သောင်းကျန်းခွင့်မပြုတော့သကဲ့သို့၊ ၎င်းဆန္ဒရှိသလောက် ပြဿနာများ နောက်ထပ် ဖန်တီးခွင့် မပေးတော့ဘဲ ဘုရားသခင်အတွက် လက်စားချေကြလော့။ ယခု အချိန်ကျပေပြီ။ ဤမကောင်းဆိုးဝါး၏ အကျည်းတန်သော မျက်နှာကို ဆုတ်ဖြဲဖို့ရန်နှင့် မျက်စိကွယ်စေခြင်း ခံခဲ့ရကာ ဆင်းရဲ ဒုက္ခနှင့် အခက်အခဲမျိုးစုံ ကြံ့ကြံ့ခံရပြီးဖြစ်သည့် လူများကို ၎င်းတို့၏ နာကျင်မှုမှ ထပြီး ဤဆိုးယုတ်သော နတ်ဆိုးအိုအား ကျောခိုင်းခွင့်ပေးရန် လူသားသည် ကြာမြင့်စွာကတည်းက သူ၏ ခွန်အား အားလုံးကို စုစည်းပြီးဖြစ်သည်၊ ဤအရာအတွက် သူ၏ အားထုတ်မှုအားလုံးကို ဆက်ကပ်မြှုပ်နှံပြီးဖြစ်ကာ အဖိုးအခတိုင်းကို ပေးဆပ်ပြီးဖြစ်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “အမှောင်ထဲမှလူတို့ ထကြလော့ကျူး”) ကျွန်မကိုယ်တိုင် CCP ရဲ့ ဖမ်းဆီးမှုနဲ့ညှဉ်းပန်း နှိပ်စက်မှုကို တွေ့ကြုံခဲ့ရတယ်။ ဘုရားသခင်ကို မုန်းပြီး၊ ဘုရားသခင်ကို ဆန့်ကျင်တဲ့ သူတို့ရဲ့ နတ်ဆိုးအနှစ်သာရကို ကျွန်မ ရှင်းရှင်းလင်းလင်း တွေ့လိုက်ရတယ်။ CCP ဟာ ဘုရားသခင်ရဲ့ရန်သူဖြစ်ပြီး၊ ဆိုးယုတ်တဲ့ ဝိညာဉ်တွေနဲ့နတ်ဆိုးတွေ ပါဝင်တဲ့ အုပ်စုတစ်စုပဲ။ ကျွန်မရဲ့နှလုံးသားထဲမှာ သူတို့ကို စွန့်လွှတ်ရင်း၊ သက်သေခံပြီး စာတန်ကို အရှက်ခွဲဖို့ ကျွန်မ သန္နိဋ္ဌာန် ချလိုက်တယ်။
၂၀၀၆ ခုနှစ် ကုန်ဆုံးချိန်မှာ၊ ကျွန်မရဲ့အဖေ အရမ်းနေမကောင်းဖြစ်နေတဲ့ အကြောင်း ကျွန်မရဲ့ယောက်ျားက စာရေးပြီး ကျွန်မကို အသိပေးတယ်။ ကျွန်မ အရမ်းစိတ်သောကရောက်သွားတယ်။ ရဲတွေက ဘယ်လောက်ကြာအောင် ကျွန်မကို ဆက်ပြီးထိန်းသိမ်းထားမယ်ဆိုတာ ကျွန်မ မသိဘူး။ ကျွန်မကို စစ်ဆေးမေးမြန်းနေတဲ့အချိန်အတွင်း၊ ကျွန်မကို ထောင်ထဲမှာ အနည်းဆုံး သုံးနှစ်ကနေ ငါးနှစ်အထိ ဆက်ထားမယ်လို့ ရဲတွေက ပြောတယ်။ ကျွန်မ အပြစ်ဒဏ်ကျခံရရင်၊ ခုနစ်နှစ်ကနေ ဆယ်နှစ် အထိ နေရမယ်လို့ ပြောတယ်။ အဲဒီလိုဖြစ်ခဲ့ရင်၊ ကျွန်မအနေနဲ့ ကျွန်မရဲ့အဖေကို နောက်ဆုံးအကြိမ် တွေ့ခွင့်တောင် ရှိမှာမဟုတ်တော့ ဘူး။ အဲဒီအကြောင်း စဉ်းစားတဲ့အခါမှာ၊ ကျွန်မ ပိုပြီးစိတ်ဓာတ်ကျလာတယ်။ သုံးရက်လောက် ကျွန်မ မစားနိုင်၊ မသောက်နိုင်၊ စကားမပြောနိုင်ဖြစ်ခဲ့တယ်။ ကျွန်မရဲ့နှလုံးသားက အရမ်းနာကျင်တယ်။ နာကျင်နေတဲ့ကြားကနေ၊ ကျွန်မကို ကာကွယ်ပေးဖို့ ဘုရားသခင်ကို ဆုတောင်းနေလိုက်တယ်။ “အို ဘုရားသခင်၊ ကျွန်မရဲ့နှလုံးသားက အရမ်းခွန်အားနည်းနေပြီး နာကျင်နေတယ်။ ကျေးဇူးပြုပြီး ကျွန်မကို ကာကွယ်ပြီး ယုံကြည်မှုပေး ပါ...” လို့ ကျွန်မ ဆုတောင်းလိုက်တယ်။ ဘုရားသခင်နှုတ်ကပတ်တော်တွေထဲက ဓမ္မသီချင်း တစ်ပုဒ်ကို ကျွန်မ သတိရလိုက်တယ်- “လူတို့သည် မိမိကိုယ်ကိုယ် မည်သည့်ယုံကြည်စိတ်ချမှုမျှ မရှိပါက၊ ဤလမ်းကြောင်းအတိုင်း ဆက်သွားရန် ၎င်းတို့အတွက် မလွယ်ကူပေ။ ဘုရားသခင်၏အမှုသည် လူတို့၏အယူအဆများနှင့် စိုးစဉ်းမျှ မကိုက်ညီသည်ကို ယခု အယောက်တိုင်း တွေ့နိုင်၏။ ဘုရားသခင်သည် လူ့အယူအဆများနှင့် လုံးဝ မကိုက်ညီသည့် များလှစွာသော အမှုများကို လုပ်ဆောင်ပြီးဖြစ်သကဲ့သို့ များလှစွာသော နှုတ်ကပတ်တော်များကိုလည်း ပြောဆိုပြီးဖြစ်သည်။ ထို့ကြောင့်၊ လူတို့အနေဖြင့် ၎င်းတို့ မြင်နှင့်ပြီးဖြစ်သည့်အရာနှင့် ၎င်းတို့၏ အတွေ့အကြုံများမှ ၎င်းတို့ ရရှိပြီးဖြစ်သည့်အရာတို့ဖြင့် ရပ်တည်နိုင်ဖို့ရန် ယုံကြည်စိတ်ချမှုနှင့် စိတ်စွမ်းအားတို့ ရှိရမည်ဖြစ်သည်။ ဘုရားသခင်သည် လူတို့တွင် မည်သည့်အရာကို လုပ်ဆောင်သည် ဖြစ်စေ၊ ၎င်းတို့ကိုယ်တိုင် ပိုင်ဆိုင်သည့်အရာကို ၎င်းတို့ ထိန်းသိမ်းရမည်၊ ဘုရားသခင်ရှေ့မှောက်တွင် ရိုးသားစစ်မှန်ရမည်ဖြစ်ပြီး၊ တကယ့်အဆုံးတိုင်အောင် သူ့ကို အစဉ်ချစ်ခင်၍ သစ္စာရှိမြဲ ရှိရမည် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်၏တာဝန် ဖြစ်သည်။ လူတို့သည် မိမိတို့ လုပ်ဆောင်သင့်သည့်အရာကို ထိန်းသိမ်းရမည်ဖြစ်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “သင်၏တာဝန်ကို သင်ထမ်းဆောင်ရမည်ကျူး”) ကျွန်မ နားမလည်နိုင်တဲ့အရာတွေကို ဘုရားသခင်က ဖြစ်ခွင့်ပြုခဲ့ရင်၊ ကျွန်မအနေနဲ့ ကိုယ်တော့်အပေါ် ယုံကြည်မှုရှိဖို့ လိုတယ်ဆိုတာကို နားလည်အောင် ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေက ကူညီပေးတယ်။ ကျွန်မ အဖမ်းခံရပြီး၊ နှစ်ရှည်ထောင်ကျခြင်းကို ရင်ဆိုင်နေရတဲ့အတွက်၊ ကျွန်မ ယုံကြည်မှုဆုံးရှုံးပြီး နာကျင်မှု၊ ခွန်အားနည်းမှု တွေနဲ့ ရှင်သန်နေရတယ်။ ဘုရားသခင်အပေါ် ကျွန်မရဲ့ယုံကြည်မှုက အလွန်သေးငယ်တယ်ဆိုတာကို ကျွန်မ သဘောပေါက် သွားတယ်။ ကျွန်မ နှစ်ရှည် ထောင်ဒဏ်ကျခံရနိုင်ခြင်းဟာ ဘုရားသခင်ရဲ့လက်ထဲမှာပဲ ရှိတယ်။ ကျွန်မရဲ့ယုံကြည်မှုနဲ့သစ္စာရှိမှုကို စုံလင်အောင်ပြုဖို့ အတွက် ကျွန်မကို ညှဉ်းပန်းနှိပ်စက်ဖို့ CCP ကို ဘုရားသခင်က ခွင့်ပေးထားတာဖြစ်တယ်။ ကျွန်မ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံရရင် တောင်၊ ကျွန်မ သက်သေခံမှာဖြစ်တယ်။ ဘုရားသခင် စိတ်ပျက်အောင် ကျွန်မ မလုပ်ဘူး။ ဒါကို သဘောပေါက်သွားတဲ့အခါမှာ၊ ကျွန်မရဲ့ မချိတင်ကဲဝေဒနာတွေ အများကြီးလျော့သွားတယ်။
ကျွန်မ ထိန်းသိမ်းရေးစခန်းမှာ သက်တမ်းအပို ၁၉ လ ကျခံခဲ့ရတယ်။ “ဥပဒေအကောင်အထည်ဖော်ခြင်းကို လျစ်လျူရှုနိုင်ဖို့ အတွက် စီဂျာအို အဖွဲ့အစည်းတစ်ခုကိုသုံးခြင်း” နဲ့ ကွန်မြူနစ်ပါတီက ကျွန်မကို စွဲချက်တင်ပြီး၊ အလုပ်နဲ့ပညာပေးထောင်ဒဏ် နှစ်နှစ်ချမှတ်လိုက် တယ်။ ကျွန်မ ရဲဘက်စခန်းရောက်တဲ့အခါမှာ၊ အမျိုးသမီး အရာရှိတစ်ယောက်က ကျွန်မကို အဝတ်အစားတွေ ချွတ်ခိုင်းပြီး ရှာတယ်။ ဒီတစ်ခါမှာလည်း၊ ကျွန်မကို အကြိမ်ပေါင်းများစွာ ဆောင့်ကြောင့်ထိုင်ခိုင်းပြီး၊ နောက်တစ်ကြိမ် ထပ်ပြီးအရှက်ကွဲခဲ့ရတယ်။ စခန်းမှာ နေ့စဉ် ဆယ်နာရီကျော် လက်မှုအလုပ် လုပ်ရတယ်။ အလုပ်ကို ပြီးအောင်မလုပ်နိုင်ရင်၊ မတ်တပ်ရပ်ခိုင်း ထားတာ၊ အမှတ်လျှော့တာနဲ့ ထောင်ဒဏ်သက်တမ်း တိုးတာတွေနဲ့ ဒဏ်ပေးတယ်။ နေ့စဉ်၊ ကျွန်မတို့ မနက် ၅:၃၀ တိုင်း ထကြရပြီး၊ ကျွန်မတို့အနေနဲ့ စစ်သင်တန်းမစခင်၊ ဆေးကြောဖို့ အချိန် ၅ မိနစ်ပဲ ရတယ်။ ဆောင်းရော၊နွေရော နှစ်ခုစလုံးမှာ ကျွန်မတို့ ရေအေး နဲ့ ရေချိုးကြရတယ်။ ကျွန်မတို့ရဲ့အဝတ်အစားတွေက နေနဲ့လုံးဝမထိတွေ့ရ တဲ့အတွက် နံဟောင်နေတယ်။ စည်းမျဉ်းတွေကို ကျွန်မတို့ ဖောက်ဖျက်ရင်၊ မတ်တပ် ရပ်ပြီး ဒဏ်ပေးခံရသလို၊ အမှတ်လည်း အလျှော့ခံရ တယ်။ ၁၀ မှတ် ဆုံးရှုံးရင်၊ နေ့တစ်နေ့စာ ပိုပြီးအလုပ်လုပ်ရ တယ်။ ရဲဘက်စခန်းကို ပထမဆုံးအကြိမ် ကျွန်မဝင်လာတုန်း က၊ ကျွန်မ ခွန်အားနည်းနေပြီး၊ သွေးချိုကျဆင်းနေ တယ်။ စစ်သင်တန်းလုပ်နေချိန်မှာ၊ သင်တန်းနေရာကို နေထိုးတဲ့အခါ၊ ကျွန်မ ချွေးတွေအရမ်းထွက်ပြီး ခေါင်းမူးလာသလို၊ ခြေတွေလက်တွေကလည်း အားနည်းလာတယ်။ စစ်သင်တန်းပြီးတဲ့အချိန်မှာလည်း၊ ကျွန်မ အလုပ်ရုံ ဆင်းရသေးတယ်။ နာမကျန်းခွင့် မရှိဘူး။ တစ်ကြိမ်မှာ၊ သန့်ရှင်းရေးတာဝန်တွေ မလုပ်ခင်၊ နာမည်စာရင်းခေါ်ဖို့ ကျွန်မတို့ ရပ်နေတုန်း၊ ကျွန်မ ခေါင်းမူးလာပြီး၊ ခြေတွေလက်တွေ ပျော့သွားရင်း သတိလစ်သွားတယ်။ ကျန်တဲ့ထောင်သားတွေက တောင်းဆိုတဲ့အခါမှ၊ သင်တန်းဆရာမက ကျွန်မကို ဆေးစစ်ဖို့ ဆေးခန်းကို ခေါ်သွားတယ်။ အာဟာရချို့တဲ့ပြီး သွေးချိုနည်းနေတာလို့ ဆရာဝန်က ပြောတယ်။ ကျွန်မ အာဟာရနဲ့အနားယူဖို့ လိုနေတယ်။ “ရတယ်၊ သူ မသေနိုင်ဘူး” လို့ သင်တန်းဆရာမက ပြောတယ်။ ပြီးတော့ သူက ကျွန်မကို ဆက်ပြီးအလုပ်လုပ်ခိုင်း တယ်။ ဘုရားသခင်သာ ကျွန်မကို အကာအကွယ်မပေးခဲ့ရင်၊ အဲဒီနတ်ဆိုးထောင်ထဲက ကျွန်မ အသက်ရှင်ရက် ထွက်နိုင်မှာ မဟုတ်ဘူး။
၂၀၀၈ ခုနှစ်၊ ဇူလိုင်လမှာ ကျွန်မကို လွှတ်ပေးတယ်။ “ဘုရားသခင်ကို မင်း ဆက်ယုံနေရင်၊ ငါတို့ မင်းကို ထပ်ဖမ်းမယ်” လို့ ရဲတွေက ကျွန်မကို ခြိမ်းခြောက်ကြ တယ်။ ဒေသခံရဲစခန်းကို ကျွန်မ တစ်လတစ်ခါ သတင်းပို့ရ မယ်လို့ လွှတ်ပေးတဲ့လက်မှတ်ပေါ်မှာ ရေးထားတယ်။ ဘုရားသခင်ကို မယုံကြည်ရတော့ဘူး၊ ခရီးဝေးတွေ မသွားရတော့ဘူး၊ အသနားခံစာတွေ ရေးလို့မရတော့ ဘူး။ ကျွန်မ ခရီးသွားဖို့စီစဉ်တိုင်းမှာ သူတို့ကို သတင်းပို့ရမှာ ဖြစ်တယ်။ ကျွန်မ အိမ်ပြန်ရောက်တဲ့အခါ၊ ကျွန်မ ဘာလုပ်နေ တယ်ဆိုတာကို ကြည့်ဖို့ ရဲအရာရှိတွေက ကျွန်မရဲ့အိမ် ကို မကြာခဏလာကြတယ်။ ကောင်တီပြည်သူ့လုံခြုံရေးရဲမှူးကလည်း ကျွန်မရဲ့ အစ်ကိုကို ခဏခဏဖုန်းဆက်တယ်။ ကျွန်မရဲ့အစ်ကိုက ကျွန်မကို ကြည့်နေရပြီး၊ ကျွန်မ ဘယ်မှာရှိတယ်ဆိုတာ သူတို့ကို အချိန်ပြည့်သတင်းပို့ နေရတယ်။ ကျွန်မ အဖမ်းမခံရဖို့အတွက်၊ ကျွန်မ အိမ်ကနေ မလွှဲမရှောင်သာနဲ့ ထွက်ခွာခဲ့ရပြီး၊ ဧဝံဂေလိတရား ဝေငှဖို့နဲ့ ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်ဖို့အတွက် တခြားမြို့တစ်မြို့မှာ သွားနေရတယ်။
ဒီနှစ်တွေအတွင်းမှာ၊ ဘုရားသခင်ကို ယုံကြည်တဲ့ အတွက် ကျွန်မအနေနဲ့ အဖမ်းခံရသလို၊ ကွန်မြူနစ်ပါတီရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရတယ်၊ ခွန်အားနည်းပြီး အကူအညီမဲ့နေတဲ့ အချိန်တွေမှာ၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ကျွန်မကို ဦးဆောင်မှုပေးပြီး၊ မာရ်နတ်ရဲ့ ရက်စက်မှုကို ကျော်လွှားနိုင်ဖို့ ကျွန်မကို ယုံကြည်မှုပေးတယ်။ ကျွန်မရဲ့ခန္ဓာကိုယ်က ဒုက္ခတချို့ခံခဲ့ရပေမယ့်၊ ဘုရားသခင်ရဲ့ အနန္တတန်ခိုးတော်နဲ့အချုပ်အခြာ အာဏာတွေကို ကျွန်မထိတွေ့ခဲ့ရပြီး၊ ဘုရားသခင် အပေါ် ကျွန်မ ယုံကြည်မှုတိုးလာတယ်။ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာနဲ့ကယ်တင်ခြင်းကို ကျွန်မတွေ့လိုက်ရတယ်။ နောက်ထပ်ညှဉ်းပန်းနှိပ်စက်မှုနဲ့ဆင်းရဲဒုက္ခတွေ ဘယ်လောက်ပဲ ခံရပါစေ၊ ကျွန်မ ကြံ့ကြံ့ခံပြီး ယုံကြည်မှုနဲ့ ဘုရားသခင်နောက်ကို လိုက်မှာဖြစ် တယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။