နတ်ဆိုးတို့ခိုအောင်းရာနေရာသို့ ဝင်ရောက်ခြင်းမှတဆင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအပေါ် ပိုမိုနက်နဲသည့် အတွေ့အကြုံတစ်ခု

03.10.2019

ဖန်ရုံ၊ ရှန်ရှိစီရင်စု

ကျွန်မ ကလေးဘဝကတည်းက ကျွန်မမိဘတို့၏ ချစ်ခင် ပြုစုစောင့်ရှောက်မှုအောက်တွင် ကြီးပြင်းခဲ့ရသော်လည်း၊ ကျွန်မ၏ စိတ်နှလုံးတွင် အထီးကျန်သလိုခံစားရပြီး ကျွန်မတွင် မှီခိုအားထားစရာ တစ်ယောက်မျှမရှိဟု မကြာခဏ ခံစားရသည်။ ကျွန်မ မကျော်ဖြတ်နိုင်သည့် ရှင်းပြ၍မရနိုင်သော နာကျင်မှုဝေဒနာအချို့၏ ဆုပ်ကိုင်မှုကို ကျွန်မ အစဉ်အမြဲ ခံနေရသည့် သဘောရှိသည်။ ကျွန်မ မကြာခဏ မိမိကိုယ်ကိုယ်မေးသည်။ လူတွေ ဘာကြောင့် အသက်ရှင်နေသနည်း။ ကျွန်မတို့ ဘယ်လိုအသက်ရှင်သင့်သနည်း။ သို့ရာတွင် အဖြေကို ကျွန်မ လုံးဝ ရှာမတွေ့နိုင်ခဲ့ပါ။ ၁၉၉၉ ခုနှစ်တွင် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို လက်ခံဖို့အတွက် ကျွန်မ နောက်ဆုံးတွင် အခွင့်အလမ်းကောင်းရရှိခဲ့သည်။ ဘုရားနှုတ်ကပတ်တော်၏ အားဖြစ်စေခြင်းနှင့် ပံ့ပိုးမှုတို့က ကျွန်မ၏ အထီးကျန်နှလုံးသားကို နှစ်သိမ့်ပေးခဲ့ပြီး နောက်ဆုံးတွင် ကျွန်မ မိမိအိမ်သို့ပြန်ရောက်လာခဲ့ပြီဟု ခံစားရသည်။ အလွန်ပင် ဘေးကင်းလုံခြုံမှုကို ကျွန်မ ခံစားရသည်။ ဤနောက်တွင်မှသာ ပျော်ရွှင်ခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို နောက်ဆုံး၌ ကျွန်မ သိခဲ့ရသည်။ နောက်ပိုင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲတွင် “သူ၏ စိတ်နှလုံးတွင် ဘုရားသခင် မရှိဘဲနှင့်၊ လူသား၏ အတွင်းကမ္ဘာသည် မှောင်မိုက်၏၊ မျှော်လင့်ချက်ကင်းမဲ့ကာ အနှစ်မဲ့သွားလေသည်။...ဘုရားသခင်၏ နေရာနှင့် အသက်ကို မည်သည့်လူသားကမျှ အစားမထိုးနိုင်ပေ။ လူသားမျိုးနွယ်သည် အယောက်တိုင်း ကောင်းကောင်းမွန်မွန် ကျွေးမွေးခံရပြီး သာတူညီမျှဖြစ်ကာ လွတ်လပ်သည့် တရားမျှတသော လူမှုအဖွဲ့အစည်းကိုသာ လိုအပ်သည်မဟုတ်ပေ။ လူသားမျိုးနွယ် လိုအပ်သည်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ၎င်းတို့အဖို့ သူ၏ အသက်အထောက်အပံ့ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) ဟု ကျွန်မ ဖတ်မိသည်။ ဤတွင် ကောင်းကောင်းစားသောက်ခြင်း၊ ထူးခြားဆန်းပြားသော အဝတ်အစားများဝတ်ခြင်း၊ မိမိကိုယ်ကိုယ် ပျော်မွေ့ခြင်းတို့သည် လူတို့ အသက်ရှင်ရန် လိုအပ်သော အရာများမဟုတ်သည်ကို ကျွန်မ နောက်ဆုံးတွင် သိရှိခဲ့ရသည်။ လူတို့လိုအပ်သည့်အရာမှာ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ဘုရားသခင်၏ ဘဝအပေါ်ထောက်ပံ့မှု ဖြစ်သည်။ ဤအရာများဖြင့်သာ လူတို့ စိတ်ဝိညာဉ်အတွင်းရှိ အနှစ်သာရကင်းမဲ့မှုကို ဖြေရှင်းနိုင်ပါသည်။ ကျွန်မကို အချိန်အတော်ကြာဒုက္ခပေးခဲ့သည့် မေးခွန်းများမှာ နောက်ဆုံးတွင် အဖြေပေါ်ခဲ့ပြီဖြစ်သည်။ ဘုရားသခင်သည် ဖန်ဆင်းခြင်းတွင် သက်ရှိသတ္တဝါတိုင်းအား ဂရုစိုက်သည်။ လူတို့သည် ဘုရားသခင်ကို အမှီပြုပြီး အသက်ရှင်နေထိုင်သင့်ကာ ဘုရားသခင်အတွက် အသက်ရှင်သင့်ပေသည်။ ဤနည်းဖြင့် အသက်ရှင်ခြင်းဖြင့်သာ လူတို့၏ ဘဝများသည် အဓိပ္ပါယ်ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ကျွန်မ ပို၍ ဖတ်သည့်အခါတွင် သမ္မာတရားအချို့ကို ကျွန်မ တဖြည်းဖြည်းနားလည်လာခဲ့ပြီး နောက်ပိုင်းတွင် အသင်းတော်၌ တာဝန်များကို ကျွန်မ ယူခဲ့သည်။ အစည်းအဝေးများသို့ ကျွန်မ သွားရောက်ပြီး ကျွန်မ၏ ညီအစ်ကိုမောင်နှမများနှင့် မကြာခဏ မိတ်သဟာယပြုသည်၊ ပြီးလျှင် ကျွန်မသည် ပြည့်ဝသော၊ ကျေနပ်ဖွယ်ဖြစ်သောအသက်တာကို အသက်ရှင်နေသကဲ့သို့ ခံစားလျှက် ကျွန်မ၏ နေ့ရက်တို့ကို ဖြတ်သန်းခဲ့သည်။ သို့သော် ရုတ်တရက် ဖမ်းဆီးခြင်းက ကျွန်မ၏ ငြိမ်သက်သောအသက်တာကို အစိတ်စိတ်အမွှာမွှာကွဲကြေစေခဲ့ပြီး နတ်ဆိုးတို့ခိုအောင်ရာနေရာတစ်ခုသို့ ကျွန်မကို ကျရောက်စေခဲ့ လေသည်။

၂၀ဝ၉ ခုနှစ်၊ ဇူလိုင်လ၊ ၁၇ ရက်နေ့၊ မိုးရွာနေသော နွေရာသီနေ့တစ်နေ့တွင်ဖြစ်သည်၊ အိမ်ဝင်းထဲရှိ ခွေးမှ ရုတ်တရက် အဆက်မပြတ်စတင်ဟောင်လာသည်ကို ကြားပြီး၊ ကျွန်မနှင့် ညီအစ်မသုံးယောက်တို့ နေ့လည်တွင် တမှေးအိပ်စက်နေရာမှ နိုးလာကြသည်။ ဘာဖြစ်နေသည်ကို သိရှိရန် ကျွန်မ အပြင်သို့ ကြည့်လိုက်ပြီး၊ အရပ်ဝတ်ဖြင့် ရဲသား အယောက် ၂၀ ကျော်က နံရံပေါ်တက်ပြီး ဝင်းထဲသို့ဝင်နေသည်ကို တွေ့မြင်ခဲ့ရသည်။ ကျွန်မ တုံ့ပြန်ဖို့ အချိန်မရခင်တွင် သူတို့သည် အိမ်ထဲသို့ အပြေးဝင်လာကြပြီး ကျွန်မတို့ကို ဧည့်ခန်းထဲသို့ ဆွဲခေါ်သွားသည်။ ရဲတို့၏ စစ်ဆေးမေးမြန်းမှုကို ကျွန်မ မည်သို့ဖြေရမည်ကို တွေးလျက် အခြေအနေရုတ်တရက် ပြောင်းလဲသွားမှုက ကျွန်မကို ထိတ်ထိတ်ပျာပျာဖြစ်သွားစေခဲ့သည်။ သို့သော် ထို့နောက်တွင် ကျွန်မ အယူအဆတစ်ခု ဖြစ်ပေါ်လာသည်။ ဘုရားသခင်က ဤအခြေအနေတွေ ဖြစ်ပေါ်ဖို့ ခွင့်ပြုခဲ့သည်၊ ထို့ကြောင့် ကျွန်မ နာခံရမည်။ ထို့နောက်တွင် ရဲက ကျွန်မတို့ကို ဆောင့်ကြောင့်ထိုင်ရန် အမိန့်ပေးလိုက်ပြီး ရဲနှစ်ယောက်က ကျွန်မ၏ လက်တွေကို ကျွန်မနောက်ကျောဘက်တွင် လိမ်ခေါက်ထားလိုက်ကာ လျှပ်စစ်တုတ်တံတစ်ခုဖြင့် ကျွန်မလည်ပင်းကို ဖိလိုက်ပြီး ကျွန်မခေါင်းပေါ်သို့ ကုတ်အင်္ကျီတစ်ထည် တင်လိုက်သည်။ ကျွန်မအပေါ်သို့ သူတို့ ဆက်၍ဖိထားပြီး ကျွန်မခြေထောက်များ ထုံကျင်လာသည်။ အနည်းငယ်သော လှုပ်ရှားမှုက ဘုရားတရားကို မထီမဲ့မြင်ပြုမှု နှင့် ဒေါသတကြီး ဝေဖန်ပြောဆိုမှုတို့ ထွက်ပေါ်လာစေခဲ့သည်။ ဤဆိုးယုတ်သောရဲတို့သည် အိမ်ကို သူခိုးဓါးပြများကဲ့သို့ သွေးရူးသွေးတန်း မွှေနှောက်ရှာဖွေကြသည်၊ ကျွန်မ၏ စိတ်နှလုံးတွင် “ဘုရားသခင်၊ အရာရာတိုင်းက ကိုယ်တော့်လက်ထဲမှာရှိပြီး ဒီအခြေအနေကို ကျွန်မ ရင်ဆိုင်ရတာဟာ ကိုယ်တော်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကြောင့်ဖြစ်တယ်ဆိုတာကို ကျွန်မ သိပါတယ်။ အခုအချိန်မှာ ကျွန်မ နားမလည်ပေမဲ့ ကျွန်မ နာခံဖို့ ဆန္ဒရှိပါတယ်။ ဘုရားသခင်၊ ကျွန်မ အခု အလွန်ပင် ထိတ်လန့်နေပါတယ်။ ကျွန်မ အရမ်းကြောက်နေပြီး၊ နောက်ထပ် ဘယ်လိုအခြေအနေမျိုးတွေကို ကျွန်မ ရင်ဆိုင်ရမယ်ဆိုတာကို မသိပါဘူး။ ကျွန်မရဲ့ ဝိညာဉ်အသက်တာက သိပ်နုနယ်လွန်းတယ်ဆိုတာ၊ သမ္မာတရားကို အနည်းငယ်လောက်သာ ကျွန်မ နားလည်တယ်ဆိုတာကို ကျွန်မသိပါတယ်၊ ဒါကြောင့် ကိုယ်တော်ရဲ့ ကာကွယ်မှုနဲ့ လမ်းပြမှုတို့ကို ကျွန်မ အသနားခံတောင်းလျှောက်ပါတယ်။ ကျွန်မ ခိုင်မြဲစွာ ရပ်တည်နိုင်ဖို့၊ ယုဒဖြစ်လာပြီး ကိုယ်တော်ကို သစ္စာမဖောက်ဖို့အတွက် ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အား ပေးတော်မူပါ” ဟု ပြောဆိုရင်း ဘုရားသခင်ကို အဆက်မပြတ် ဆုတောင်းခဲ့ပါသည်။ ကျွန်မသည် ဘုရားသခင်အား အချိန်တခဏလောက်ပင်လျှင်မစွန့်ခွာရဲဘဲ ထပ်ခါထပ်ခါ ဆုတောင်းနေခဲ့သည်။ ရဲများက ရှာဖွေကြရာတွင် လပ်တော့ကွန်ပြူတာလေးလုံး၊ လက်ကိုင်ဖုန်းအချို့၊ မမ်မိုရီစတစ် အချို့၊ မမ်ပီသရီး စက်များ နှင့် ငွေသား ယွမ် ၁၀ဝ၀ ကျော်ကို တွေ့ရှိခဲ့သည်။ အိမ်ကို သူတို့ ရှာပြီးသည့်နောက်တွင် သူတို့ရှာတွေ့သမျှအရာအားလုံးကို သိမ်းသည်၊ ကျွန်မတို့ တစ်ယောက်ချင်းစီကို ဓာတ်ပုံရိုက်ပြီး၊ သူတို့ကားထဲသို့ အဓမ္မခေါ်သွားခဲ့သည်။ အပြင်သို့ ထွက်ခွာသည့်လမ်းတွင် ကျွန်မ ရေတွက်လို့မရနိုင်သည်အထိ ပိုများသော ရဲကားများနှင့် ရဲများကို မြင်တွေ့ခဲ့ရသည်။

ရဲတို့သည် စစ်ဘက်ဆိုင်ရာနေရာခွဲတစ်ခုရှိ အဆောင်တစ်ခုသို့ ကျွန်မတို့ကို ခေါ်ဆောင်သွားခဲ့ပြီး၊ ကျွန်မတို့ကို တစ်ဦးချင်းစီ စစ်ဆေးမေးမြန်းရန်အတွက် ခွဲထားခဲ့သည်။ တံခါးတွင် စောင့်နေသော ရဲနှစ်ယောက်ရှိသည်။ ကျွန်မကို အခန်းထဲသို့ တွန်းထိုးခဲ့ပြီးနောက် ချက်ချင်းပင် အမျိုးသားအရာရှိသုံးယောက်နှင့် အမျိုးသမီးအရာရှိတစ်ယောက်တို့က ကျွန်မကို စတင် မေးခွန်းထုတ်သည်။ အမျိုးသားအရာရှိတစ်ယောက်က “မင်း ဘယ်ကနေလာတာလဲ။ မင်းနာမည် ဘယ်သူလဲ။ ဒီနေရာမှာ မင်း ဘာလုပ်နေတာလဲ။ အသင်းတော်ပိုက်ဆံတွေက ဘယ်မှာလဲ။” ဟူ၍ စတင်မေးမြန်းသည်။ ကျွန်မ စိတ်နှလုံးတွင် ဘုရားသခင်ထံ အဆက်မပြတ်ဆုတောင်းပြီး၊ သူတို့ ဘာတွေပဲ ကျွန်မကို မေးပါစေ၊ ကျွန်မ အသံတစ်သံထွက်ဖို့ပင် ငြင်းဆိုခဲ့သည်။ ဤအရာကို မြင်ရသည့်အခါတွင် သူတို့အားလုံး ဒေါသတကြီးအော်ဟစ်ခဲ့ကြသည်။ ကျွန်မကို တောင့်တင်းစွာဖြင့် မတ်မတ်ရပ်ဖို့ သူတို့ အမိန့်ပေးခဲ့ပြီး နံရံပေါ်သို့ မှီခွင့်မပြုပေ။ ဤနည်းဖြင့် သူတို့သည် သုံးရက်နှင့်သုံးညကြာ ကျွန်မကို ဆက်လက်ပြီး အလှည့်ကျ စစ်ဆေးမေးမြန်းကြသည်၊ ထိုအချိန်အတွင်း ကျွန်မကို စားခွင့် သို့မဟုတ် အိပ်ခွင့်မပြုပေ။ ကျွန်မ၏ နဂိုကတည်းက ပိန်ပြီး အားနည်းနေသော ကိုယ်ခန္ဓာသည် ဤ နှိပ်စက်မှုမျိုးကို မခံနိုင်ပေ။ ကျွန်မ၏ ခေါင်းသည် ပေါက်ကွဲထွက်ဖို့ရန် အဆင့်အသင့်ဖြစ်နေသလို ခံစားရသည်။ ကျွန်မ၏ နှလုံးသားသည် အပေါက်ဖောက်ခံထားရသကဲ့သို့ ခံစားရသည်၊ ကျွန်မ ပင်ပန်းနွမ်းနယ်ပြီး ဆာလောင်နေကာ၊ ငြိမ်ငြိမ် မရပ်တည်နိုင်ခဲ့ပေ။ သို့သော်လည်း ကျွန်မ၏ မျက်လုံးကို ပိတ်လိုက်သည့် အချိန်တိုင်းတွင် သူတို့သည် ကျွန်မကို ပုတ်ပြီး “ငါတို့ မေးခွန်းတွေကို မဖြေခင် မင်းအိပ်လို့မရဘူး။ ဘယ်ရမလဲ။ ငါတို့မှာ အချိန်တွေ အများကြီးရှိတယ်။ မင်း ဘယ်လောက်ခံနိုင်မလဲဆိုတာကိုသာ ကြည့်ကြတာပေါ့” ဟု ပြောသည်။ ကျွန်မကို အသင်းတော်နှင့်ပတ်သက်သည့်မေးခွန်းများကို သူတို့ မကြာခဏမေးသည်။ ဤ ဒုက္ခသုက္ခ တစ်လျှောက်တွင် ကျွန်မ အလွန်ပင် ကြောက်ရွံ့ထိတ်လန့်ပြီး၊ ခဏတာ ဂရုမစိုက်မိလိုက်သည့်အချိန်တွင် ကျွန်မ တစ်ခုခုပြောထွက်သွားနိုင်မည်ကို စိုးကြောက်မိသည်။ ကျွန်မ ကိုယ်ရော စိတ်ပါ ညှင်းပန်းခံရမှုကို ခံစားမိသည်၊ သို့သော်လည်း ကျွန်မ သည်းခံနိုင်သမျှကို ခံခဲ့ပြီး တောင့်မခံနိုင်တော့ဟု စဉ်းစားမိစဉ်တွင် ဘုရားသခင်သည် သူ့၏ ဤနှုတ်ကပတ်တော်စာပိုဒ်ကို ကျွန်မ ပြန်လည်သတိရစေခြင်းအားဖြင့် ကျွန်မကို ဉာဏ်အလင်းဖွင့်ပြသည်။ “ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။ ဘုရားသခင်သည် သင့်ထံမှ သူ့ကိုယ်သူ ပုန်းကွယ်နေသည့်အခါ၊ သူ့နောက်သို့လိုက်ရန်၊ သင်၏ရှိရင်းစွဲမေတ္တာကို တုံ့ဆိုင်းခွင့်မပြုဘဲ သို့မဟုတ် ပျောက်ကွယ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရန်အတွက် သင်၌ ယုံကြည်ခြင်း ရှိနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ သင်သည် သူ၏ စီစဉ်ပုံကို ကျိုးနွံနာခံကာ သူ့အပေါ် ညည်းတွားချက်များ ပြုမည့်အစား သင်ကိုယ်တိုင်၏ ဇာတိပကတိကို ကျိန်ဆဲရန် အသင့်ဖြစ်နေရမည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်မြတ်နိုးသောတစ်စုံတစ်ရာနှင့် လမ်းခွဲရန် ဝန်လေးနေပါစေ သို့မဟုတ် ခါးသီးစွာ ငိုကြွေးနေပါစေ ဘုရားသခင်ကို သင်ကျေနပ်စေရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်း နှင့် ယုံကြည်ခြင်းဖြစ်သည်။ သင်၏ တကယ့်ဝိညာဉ်ရင့်ကျက်မှုမှာ မည်သို့ဖြစ်ပါစေ၊ သင်၌ ဒုက္ခခံလိုစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်း နှစ်ခုလုံးကို ဦးစွာပိုင်ဆိုင်ရမည်ဖြစ်ပြီး သင်၌ ဇာတိပကတိကို စွန့်လွှတ်လိုစိတ်လည်း ရှိရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဘုရားသခင့်၏ နှုတ်ကပတ်တော် စာကြောင်းတစ်ကြောင်းစီတိုင်းသည် ကျွန်မကို အားပေးတိုက်တွန်းမှုကို ပေးအပ်သည်။ မှန်သည်၊ စာတန်သည် ကျွန်မကို တိုက်ခိုက်ဖို့အတွက် ကျွန်မ၏ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်ကို အသုံးပြုနေသည်။ ကျွန်မ သူ့အား နာခံစေရန်အတွက် ကျွန်မ၏ ဇာတိကပတိကို ကာကွယ်ပြီး သက်သောင့်သက်သာဖြင့် အဆင်ပြေပြေနေဖို့အတွက် ကျွန်မ၏ ဆန္ဒကို အသုံးပြုဖို့ စာတန်က မျှော်လင့်ထားသည်။ စာတန်က ကျွန်မကို လှည့်စားပြီး သတ္တိမရှိသော၊ ယုတ်ညံ့သော ယုဒအဖြစ် ရှင်သန်ရန်ပြုလုပ်ခြင်းကို ကျွန်မ ခွင့်မပြုနိုင်ပေ။ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်ဖို့၊ ဇာတိပကတိကို စွန့်လွှတ်ပြီး ဘုရားသခင်၏ ချစ်ခြင်းကို လက်တွေ့လုပ်ဆောင်ဖို့ ကျွန်မ ဆန္ဒရှိသည်။ ဘုရားသခင်အား ညည်းညူခြင်း သို့မဟုတ် သစ္စာဖောက်ခြင်းထက် ကျွန်မ၏ ကိုယ်ပိုင် ဇာတိပကတိကိုသာ ကျွန်မ ကျိန်ဆဲလိုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် အဆုံးမရှိသော ခွန်အား အရင်းအမြစ်ဖြစ်ပြီး၊ ကျွန်မ၏ ဒုက္ခကို ခံယူဖို့အတွက် စိတ်ဓာတ်ကြံ့ခိုင်မှုကို ကျွန်မအား ပေးအပ်သည်။ တတိယမြောက်နေ့ ညသန်းခေါင်တွင် သူတို့၏ အထက်လူကြီး ဖြစ်ပုံပေါ်သည့် လူလတ်ပိုင်းအရွယ်ရှိသော အမျိုးသားတစ်ယောက်ရောက်လာခဲ့သည်၊ ပြီးလျှင် ကျွန်မဆီမှ သူတို့ ဘာစကားမှမရနိုင်သည်ကို သိမြင်ပြီး၊ ကျွန်မ ရှေ့တည့်တည့်သို့ လာရပ်ပြီး “မင်းက ငယ်ရွယ်တဲ့ အမျိုးသမီးတစ်ယောက်ပဲ၊ ပြီးတော့ ကြည့်ရဆိုးတဲ့သူ တစ်ယောက်မဟုတ်ဘူး။ မင်းလိုချင်တာ ဘာမဆို လုပ်လို့ရနိုင်တယ်။ ဘာဖြစ်လို့ ဘုရားကို ခိုင်ခိုင်မာမာ ယုံကြည်နေတာလဲ။ မင်းသိတာကို ငါတို့ကို အခုပဲ ပြောပြလိုက်ပါလား။ ကိစ္စတွေကို နှောင့်နှေးစေတာက မင်းအတွက် ဘာကောင်းတာမှ ဖြစ်လာမှာမဟုတ်ဘူး။ မင်း ပိုပြီး အချိန်ဆွဲလေလေ၊ ပိုပြီး ဒုက္ခခံရလေလေပဲ” ဟု ပြောသည်။ ထိုအချိန်တွင် ကျွန်မ၏ အသွေးအသားက အလွန်အမင်း အားနည်းနေပြီး ကျွန်မ၏ စိတ်ဓာတ်ကြံ့ခိုင်မှုက စတင် ယိုင်နဲ့လာသည်။ ကျွန်မ စဉ်းစားလိုက်သည် “ငါ သူတို့ကို အရေးမကြီးတဲ့ဟာတစ်ခုခု ပြောလိုက်သင့်တယ် ထင်တယ်။ ငါ ဒီလို ဆက်ပြီး အချိန်ဆွဲနေရင် သူတို့ ငါ့ကို နှိပ်စက်ဖို့ တခြားဘာနည်းလမ်းတွေကို သုံးမယ်ဆိုတာ ဘယ်သူသိနိုင်မလဲ” သို့သော်လည်း “မဖြစ်ဘူး။ ငါဘာမှ ပြောလို့မဖြစ်ဘူး။ ငါတစ်ခုခုပြောလိုက်မိရင် သူတို့ ပိုပိုပြီး မေးကြမယ်။ ငါပြောလိုက်တာနဲ့ ရပ်မှာမဟုတ်တော့ဘူး၊ ဒါဆိုရင် ငါ တကယ်ကို ယုဒတစ်ယောက် ဖြစ်သွားလိမ့်မယ်” ဟု ကျွန်မ ချက်ခြင်း တွေးမိလိုက်သည်။ ဤအရာကို ကျွန်မ သတိပြုမိသောအခါ၊ ကျွန်မသည် စာတန်၏လှည့်ကွက် ကို ယုံစားလုနီးနီးဖြစ်သွားခဲ့သည်ကို နားလည်သဘောပေါက် ခဲ့သည်။ ဤသည်မှာ အန္တရာယ်ရှိသည်။ အလွန် အန္တရာယ်များသည့်၊ စက်ဆုပ်ဖွယ် နတ်ဆိုးများဖြစ်သည်။ သူတို့သည် ကျွန်မ အသင်းတော်ကို သစ္စာဖောက်စေရန်အတွက် ချော့တစ်ခါ ခြောက်တစ်လှည့် နည်းလမ်းနှစ်ခုလုံးကို အသုံးပြုလျက် ကျွန်မ၏ အားနည်းချက်ကို အသုံးချနေခြင်းဖြစ်သည်။ စာတန်၏ လှည့်စားခြင်းကို ခံရဖို့အတွက် ကျွန်မ မိမိကိုယ်ကိုယ် ခွင့်မပြုနိုင်ပေ။ ဘုရားသခင်အား သစ္စာဖောက်ရန် ကျွန်မ တစ်ခုခုမလုပ်မီတွင် ကျွန်မ သေပစ်လိုက်မည်သာဖြစ်သည်။

စတုတ္ထမြောက်နေ့တွင် ဤဆိုးယုတ်သော ရဲတို့သည် ကျွန်မ သူတို့ကို ဘာမှမပြောသေးသည်ကို မြင်ရသောအခါ နောက်ထပ် ဗျူဟာတစ်ခုကို သူတို့ ကြိုးစားကြည့်ကြသည်။ အခြားအခန်းတစ်ခုဆီသို့ ကျွန်မကို ခေါ်သွားပြီး တံခါးကို ပိတ်လိုက်ကြသည်။ ထို့နောက်တွင် ရဲတို့သည် ညီအစ်မတစ်ယောက်ကို အမျိုးသားများဖြင့်ပြည့်နေသော အကျဉ်းထောင်တစ်ခုသို့ မည်သို့ ခေါ်လာပြီး အကျဉ်းသားများကို သူမအား အရှက်ခွဲစေကြောင်း လူတစ်ယောက်က ကျွန်မအား ပြောပြကြောင်း ကျွန်မ တစ်ခါက ကြားဖူးခဲ့သည်ကို အမှတ်ရမိသည်။ ကျားခံတွင်းသို့ ရောက်နေသော လွတ်မြောက်ရန် မျှော်လင့်ချက်မရှိသည့် သိုးသငယ်တစ်ကောင်အလား ကျွန်မ အလွန်ပင် ကြောက်ရွံမိပြီး “သူတို့ အခု ငါ့ကို ဘယ်လို ညှင်းပန်းနှိပ်စက်မှာလဲ။ ဒီအခန်းထဲမှာ ငါ သေသွားမှာလား။...ဘုရားသခင် ကျေးဇူးပြု၍ ကျွန်မကို ကွယ်ကာပြီး ခွန်အားပေးတော်မူပါ။” ဟု တွေးမိလိုက်သည်။ ဘုရားသခင်အား အချိန်တစ်ခဏပင် စွန့်ခွာဖို့ မရဲလျှက် ကျွန်မ ထပ်ခါထပ်ခါ ဆုတောင်းပြီး အော်ခေါ်မိသည်။ ဆိုးယုတ်သော ရဲတို့သည် ကုတင်ပေါ်တွင် ထိုင်လိုက်သည်။ သူတို့ရှေ့တွင် ကျွန်မကို ရပ်ခိုင်းပြီး ဤအလားတူမေးခွန်းများကို မေးသည်၊ ကျွန်မ စကားမပြောသေးသည်ကို မြင်ရသည့်အခါ သူတို့ထဲမှ တစ်ယောက်က ဒေါသအမျက်ခြောင်းခြောင်းထွက်လာခဲ့သည်။ သူက ကျွန်မ၏ လက်ကို ကိုင်ဆုပ်ကာ ကျွန်မနောက်ကျောတွင် လိမ်ခေါက်ထားလိုက်ပြီး လက်ထိပ်ခတ်လိုက်သည်၊ ပြီးလျှင် ကျွန်မကို ဒူးကွေးပြီးရပ်ရန် အမိန့်ပေးသည်။ ဤအချိန်တွင် ကျွန်မ၏ ခြေထောက်သည် အားပျော့နေပြီဖြစ်သည်။ ဒူးကွေးပြီးရပ်ဖို့မဆိုထားနှင့်၊ မတ်မတ်ရပ်ဖို့ပင် အလွန်အားနည်းနေပြီဖြစ်သည်။ ဤအနေအထားကို ကျွန်မ တစ်မိနစ်ပင် တောင့်မထားနိုင်ခဲ့ပါ။ ကျွန်မ၏ ကိုယ်ဟန်အနေအထားက သူတို့သတ်မှတ်ချက်များတိုင်း မကိုက်သောအခါ၊ သူတို့ထဲမှ တစ်ယောက်က ကျွန်မ၏ ညို့သကျည်းရိုးကို ကြမ်းတမ်းရက်စက်စွာကန်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ ကျွန်မ လဲကျသွားသည်။ နောက်ထပ် ထွားကြိုင်းသော အမျိုးသားရဲအရာရှိတစ်ဦးက ရှေ့သို့ထွက်လာပြီး ကျွန်မ၏ လက်ထိပ်တို့ကို ကိုင်ကာ ကျွန်မကို မလိုက်သည်။ ထို့နောက်တွင် ကျွန်မလက်တို့ကို ကျွန်မ၏နောက်ဘက်တွင် အပေါ်သို့မြောက်တင်ကာ ကျွန်မကို ပြစ်တင်ပြောဆိုသည်။ “အခု ပြောတော့မလား။ ငါ့စိတ်ကို မစမ်းနဲ့” သူ ကျွန်မကို ပိုပြီးမြင့်အောင် မတင်လေလေ၊ လက်ထိပ်က ပိုကျပ်လေလေဖြစ်ကာ ကျွန်မ နာကျင်စွာ အော်ဟစ်ခဲ့သည်။ ကျွန်မ အော်လေလေ၊ ကျွန်မကို ပိုပြီးမလေလေ၊ ကျွန်မကို ပိုပြီး ဒေါသဖြင့်ပြောဆိုလေလေဖြစ်သည်၊ သို့သော်လည်း ကျွန်မ၏ လက်နှင့် လက်ကောက်ဝတ်တို့သည် ကျိုးလုနီးပါး ဖြစ်နေသည်ကလွဲ၍ ကျွန်မ ဘာကိုမှ မသိနိုင်တော့ပါ။ ကျွန်မ၏ နာကျင်မှုဝေဒနာကို ခံစားရလျှက် ကျွန်မ၏ စိတ်ထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် စာပိုဒ်တစ်ပိုဒ် ပေါ်လာခဲ့သည်။ “ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) ထိုအချိန်ခဏတွင် ဘုရားသခင်၏ နှစ်သိမ့်မှုနှင့် အားပေးမှုကို ကျွန်မ အမှန်တကယ်ပင် ခံစားလိုက်ရသည်။ ဒုက္ခဝေဒနာသည် မည်မျှကြီးမားပါစေ မြဲမြံစွာ ရပ်တည်ဖို့၊ သူ့အပေါ် အဆုံးတိုင်အောင် သစ္စာရှိဖို့၊ အဘယ်ကြောင့်ဆိုသော် ဤသည်ကသာလျှင် ခိုင်မာသော၊ ရေရှည်တည်တံ့သော သက်သေဖြစ်သည် ဟူ၍ ကျွန်မကို တိုက်တွန်းအားပေးလျက် ဘုရားသခင်သည် ကျွန်မ နှင့် အတူရှိသည်၊ ကျွန်မ ဘေးတွင် ရှိသည်ဟု ကျွန်မ ခံစားခဲ့ရသည်။ ဘုရားသခင်ထံ ကျွန်မ တိတ်ဆိတ်စွာ ဆုတောင်းလိုက်သည်၊ “ဘုရားသခင်၊ ယခု ကိုယ်တော်အတွက် ခိုင်မြဲစွာ ရပ်တည်ပြီး သက်သေခံဖို့ ကိုယ်တော် ကျွန်မကို အလိုရှိပါတယ်။ ကျွန်မ ဘယ်လောက်ပဲ ဒုက္ခခံရပါစေ၊ စာတန်နဲ့ရင်ဆိုင်ရတဲ့အခါမှာ ကိုယ်တော်အတွက် ကျွန်မ သက်သေခံပါမယ် ကျွန်မ သေခဲ့ရင်တောင် ကိုယ်တော်ကို သစ္စာဖောက်မည်မဟုတ်ပါ။ စာတန်ကို ကျွန်မ နာခံမည်မဟုတ်ပါ” နောက်တစ်ချီ ညှင်းပန်းနှိပ်စက်အပြီးတွင် ကျွန်မ စကားမပြောသေးသည်ကို ရဲက မြင်တွေ့ခဲ့သည်၊ ထို့ကြောင့် သူက ကျွန်မအား ကြမ်းပြင်ပေါ်သို့ ရက်စက်စွာ ပစ်ပေါက်လိုက်သည်။ နောက်ပိုင်းတွင် လက်ထိပ်သည် ကျွန်မ လက်ကောက်ဝတ်အတွင်းသို့ နက်နဲသည့် ဟက်တက်ဒဏ်ရာနှစ်ခု ဖြစ်စေခဲ့သည်ကို ကျွန်မ မြင်ခဲ့ရသည်။ နာကျင်မှုသည် ကျွန်မအား အင်အားကြီးစွာ ထိုးဖောက်သွားပုံရသည်။ ယနေ့ထိတိုင်ပင် ကျွန်မ၏ ညာဘက်လက်ကောက်ဝတ်ဖြင့် လေးလံသည့်အရာများကို ကျွန်မ မမနိုင်ပေ။

အသင်းတော်အကြောင်း သတင်းအချက်အလက် ရရှိရန်အတွက် ရဲတို့က ကျွန်မကို ဆယ်ရက်ကျော်ကြာ ရံဖန်ရံခါ နှိပ်စက်ညှင်းပန်းခဲ့သည်။ သူတို့၏ ကြမ်းတမ်းသော ဗျူဟာက အလုပ်မဖြစ်သည်ကို သူတို့ မြင်သောအခါ မတူညီသော နည်းဗျူဟာကို ကြိုးစားကြည့်ကြသည်။ တစ်နေ့တွင် သူတို့သည် အမျိုးသမီးအရာရှိတစ်ယောက်အား ကျွန်မနှင့် နီးစပ်စေရန်အတွက် စေလွှတ်လိုက်သည်။ သူမသည် ကျွန်မအား နေ့စဉ်သုံးပစ္စည်းများ ယူဆောင်လာပေးသည်၊ ထို့နောက်တွင် “နင့်ကိုယ်နင် ကြည့်စမ်းပါဦး။ ကြည့်ကောင်းပြီး ငယ်ရွယ်တဲ့ အမျိုးသမီးတစ်ယောက်။ အဲဒါနဲ့ကို ထမင်းစားလက်မှတ်ကောင်း တစ်ခု ဖြစ်ရမယ်။ နင် ဘုရားကို မယုံကြည်ခဲ့ရင် ငါတို့တွေ သူငယ်ချင်းတွေ ဖြစ်နိုင်တယ်။ နင် သွားစရာ ဘယ်နေရာမှ မရှိရင် ငါ့အိမ်မှာ နေလို့ရပါတယ်။ ဒီမှာ နင့်ကို အလုပ်ကောင်းကောင်းရအောင် ငါ ကူညီပေးနိုင်တယ်၊ ပြီးတော့ ချစ်သူကောင်းတစ်ယောက်လည်း မိတ်ဆက်ပေးနိုင်တယ်။ နင် ကိုယ့် ကိုယ်ပိုင်အိမ်၊ ကိုယ့်ယောက်ျား နဲ့ ကလေးတစ်ယောက်ကို ရနိုင်ပြီး၊ နင့်ရဲ့နေ့ရက်တွေကို နင့်မိသားစုနဲ့ အတူ ပျော်ရွှင်ခံစားနိုင်တယ်။ အဲဒါ မကောင်းဘူးလား။ အခြေအနေတွေက အခုလိုမျိုးဆိုရင် နင် အိမ်ကိုပြန်လို့မရဘူး။ နင့်အိမ်နဲ့မိဘတွေကို မလွမ်းဘူးလား”ဟု ပြောရင်း ကျွန်မက သူမကို သဘောတွေ့အောင် ကြိုးစားခဲ့သည်။ သူတို့ဘေးရှိ အမျိုးသားအရာရှိတစ်ယောက်က ဝင်ပြီးပြောသည်၊ “ဟုတ်တယ်။ မင်းမှာ တစ်နေ့တစ်နေ့ ပုန်းလိုက်၊ တစ်နေရာပြီးတစ်နေရာ ရွှေ့လိုက်နဲ့ ဘာဖြစ်လို့ အချိန်တွေအကုန်ခံနေတာလဲ။ ကိုယ့်ကိုယ်ကိုယ်ဘာလို့ အဲဒီလိုအဖြစ်ခံတာလဲ။ မင်း ငါတို့နဲ့အတူ ပူးပေါင်းသရွေ့ မင်းအတွက် ဒါတွေအားလုံးကနေ လွတ်ဖို့လမ်းရှိတယ်လို့ ငါကတိပေးပါတယ်” သူတို့ ကျွန်မအား ဖြားယောင်းသွေးဆောင်နေသည်ကို ကြားရပြီး၊ ကျွန်မ၏ စိတ်နှလုံးသည် မနေနိုင်တော့ဘဲ အားနည်းလာခဲ့သည်။ “သူတို့ပြောတာ ဟုတ်တယ်။ လွန်ခဲ့တဲ့နှစ်တွေမှာ ရဲအဖမ်းခံရမှာကိုကြောက်ပြီး ရှောင်ပုန်းရင်းနဲ့ ငါ အချိန်တွေကုန်ဆုံးခဲ့တယ်။ ငါ့မှာ လိပ်စာ အတည်တကျ မရှိဘူး။ ပြီးတော့ ငါ အမြဲတမ်း ကြောက်ရွံ့နေရတယ်။ ဒီ ဖိစီးနှိပ်စက်ခြင်းနေ့ရက်တွေက ဘယ်တော့မှ အဆုံးသတ်မှာလဲ။ ဒီလိုအသက်ရှင်ရတာ တကယ်ကို စိတ်မချမ်းမြေ့စရာကောင်းပါတယ်” သို့ရာတွင် ထိုအတွေးသည် ကျွန်မ၏ စိတ်နှလုံးသို့ မှောင်မိုက်မှုကို ချက်ချင်းယူဆောင်လာခဲ့သောကြောင့် ကျွန်မ ဘုရားသခင်ထံ အော်ခေါ်ခဲ့သည်။ “ဘုရားသခင်၊ ကျွန်မရဲ့ အခြေအနေက မမှန်ကန်ဘူးဆိုတာ ကျွန်မ သိပါတယ်။ ကျွန်မဟာ ကိုယ်တော်ကို တောင်းဆိုမှုတွေ ပြုလုပ်နေပြီး ကိုယ်တော်နဲ့ပတ်သက်ပြီး ညည်းညူပြောဆိုနေမိတယ်။ ဒါဟာ ကျွန်မရဲ့ ပုန်ကန်မှုနဲ့ ခုခံမှုဖြစ်ပါတယ်။ ဘုရားသခင်၊ ကျွန်မ ဒီ မမှန်ကန်တဲ့ အခြေအနေကနေ လှည့်ထွက်နိုင်ဖို့၊ စာတန်ရဲ့ အကြံအစည်အောင်မြင်တာကို ရပ်တန့်နိုင်ဖို့၊ ပြီးတော့ စာတန်ရဲ့ ကျော့ကွင်းထဲ သက်ဆင်းခြင်းကနေ ကိုယ့်ကိုယ်ကိုယ် တားဆီးနိုင်ဖို့ ကျွန်မကို ဉာဏ်အလင်းဖွင့်ပြဖို့ အသနားခံတောင်းလျှောက်ပါတယ်” ဆုတောင်းပြီးနောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်စာပိုဒ်တစ်ပိုဒ်ကို ကျွန်မ သတိရခဲ့သည်၊ “သင်တို့သည် “အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်း ဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။” ဟူသော စကားများကို မှတ်မိကောင်း မှတ်မိကြပေလိမ့်မည်။ ဤစကားများကို သင်တို့အားလုံး ယခင်က ကြားခဲ့ကြပြီးဖြစ်သော်လည်း သင်တို့ထဲမှ မည်သူမျှ ယင်းတို့၏စစ်မှန်သော အဓိပ္ပါယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့တွင် သင်တို့သည် ထိုစကားများ၏ စစ်မှန်သောအရေးပါမှုကို လေးလေးနက်နက် သတိပြုမိကြသည်။ ဤစကားများသည် နောက်ဆုံးသောကာလအတွင်း၌ ဘုရားသခင်အားဖြင့် ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ အဆင်းနီသောနဂါးကြီး ခွေလျောင်းရာပြည်တွင် ယင်းနဂါးကြီး၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့သူများ၌ ပြည့်စုံလိမ့်မည်ဖြစ်သည်။ အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်၌ ဘုရားသခင်ကို ယုံကြည်သူများသည် အရှက်ကွဲခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ဤသို့ ခံကြရပြီး၊ အကျိုးဆက်အနေဖြင့် ဤစကားများသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) ဘုရားသခင်၏ နှုတ်ကပတ်တော်တွင်ရှိသော ဉာဏ်အလင်းဖွင့်ပြမှုသည် ကျွန်မ၏ စိတ်နှလုံးအား အားတက်စေခဲ့သည်။ ဖိစီးနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခတို့ကို ကြုံတွေ့ရခြင်း၏ အရေးပါမှုကို ကျွန်မ နားလည်လာခဲ့သည်။ ကျွန်မတို့၏ အတွေ့အကြုံနှင့် သက်သေခံချက်သည် ဘုရားသခင်၏ စာတန်ကို အောင်မြင်ခြင်းနှင့်ပတ်သက်ပြီး အစွမ်းထက်သောသက်သေဖြစ်လာနိုင်ရန်၊ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်သည် လူသား၏ အမှုမဟုတ်ဘဲ ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုတော်ဖြစ်သည်ဆိုသည့် ထိုကဲ့သို့ သက်သေခံချက်ကို လူအားလုံး မြင်နိုင်စေရန်အတွက် ဘုရားသခင်သည် ကျွန်မတို့ သူ၏နောက်တော်သို့လိုက်ရာ၌ ဒုက္ခဝေဒနာကိုခံယူပြီး ကျွန်မတို့၏ ရိုးသားစစ်မှန်မှု၊ ယုံကြည်မှုတို့ကို စုံလင်စေဖို့ စိတ်ဓာတ်ကြံ့ခိုင်မှုအား ကျွန်မတို့ကိုပေးရန်အတွက် ဤနတ်ဆိုးများ၏ ဖိစီးနှိပ်စက်မှုကို ဘုရားသခင် အသုံးပြုသည်။ ဘုရားသခင်၏ လုပ်ဆောင်မှုနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များက လမ်းပြမှု၊ ပံ့ပိုးမှုမပါဘဲလျက် ဤနတ်ဆိုးတို့၏ ရေရှည် လူသားမျိုးနွယ်ကို​ချေမှုန်းသည့် ရက်စက်မှုနှင့် ညှင်းပန်းမှုကို မည်သူမျှ မခံယူနိုင်ပေ။ မိမိအသက်ကိုစွန့်လွှတ်သည်အထိ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားနောက်လိုက်ခြင်းကို ပြုလုပ်နိုင်ဖို့သည်ပင်လျှင် လူတို့အပေါ် အနန္တတန်ခိုးရှင်ဘုရားသခင်၏ လုပ်ဆောင်မှုအားဖြင့်သာ အောင်မြင်ရရှိနိုင်သည့် အကျိုးသက်ရောက်မှုဖြစ်သည်။ ဤသည်မှာ ဘုရားသခင်မှ ရရှိသည့် ဘုန်းကျက်သရေ၏ သက်သေခံချက်ဖြစ်ပြီး ဘုရားသခင်၏ အနန္တတန်ခိုးအစွမ်းဖြစ်သည်။ သူ၏ ဤအမှုတော်နောက်ဆုံးအဆင့်တွင် ဘုရားသခင်သည် စာတန်၏ ဖိစီးနှိပ်စက်မှု၊ ရက်စက်သော ထိခိုက်နစ်နာစေမှုကို တောင့်ခံနိုင်ပြီး ဖြောင့်မတ်ခြင်းဆီသို့ မတွန့်မဆုတ် ဦးတည်သွားရောက်သည့် အောင်မြင်သူအုပ်စုတစ်စုကို ရယူလိုသည်။ ဤလူတို့သည် နောက်ဆုံးတွင် ဘုရားသခင် ရယူဖို့ ဆန္ဒရှိသည့် အောင်မြင်သောသူများဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်က “ငါ၏ ဘုန်းအသရေ အားလုံးကို သင်တို့အား ငါ အပ်နှင်းပြီးဖြစ်သည်၊ ရွေးချယ်ခံရသူများ၊ ဣသရေလအမျိုးတို့ မည်သည့်အခါမျှ မရခဲ့ဖူးသည့် အသက်ကို သင်တို့အား အပ်နှင်းပြီး ဖြစ်သည်။ တရားသဖြင့်ဆိုလျှင်၊ သင်တို့သည် ငါ့အဖို့ သက်သေခံသင့်ပြီး၊ သင်တို့၏ ပျိုရွယ်မှုကို ငါ့ထံ ဆက်ကပ်ကာ သင်တို့အသက်ကို စွန့်သင့်သည်။ ငါ၏ဘုန်းအသရေကို ပေးခံရသော သူ မည်သူမဆိုသည် ငါ၏ သက်သေခံရမည် ဖြစ်ပြီး ငါ့အတွက် ၎င်းတို့၏ အသက်ပေးရမည်။ ဤသည်ကို အချိန်ကြာမြင့်စွာက ငါ ကြိုတင်ပြဋ္ဌာန်းထားပေသည်။ သင်တို့ထံ ငါ၏ဘုန်းအသရေကို ငါ ပေးသည်မှာ သင်တို့၏ ကောင်းမွန်သော အခွင့်အလမ်းဖြစ်ပြီး၊ သင်တို့၏တာဝန်မှာ ငါ၏ ဘုန်းအသရေကို သက်သေခံရန်ဖြစ်၏။‌(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) ဟူ၍ မိန့်ကြားထားသည်။ သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်တွင် အမှုတော် အဆင့်သုံးဆင့်ကို ဘုရားသခင် ပြီးမြောက်ခဲ့ပြီး၊ နှစ်ကြိမ် လူ့ဇာတိခံယူခဲ့သည်။ သူ၏ နောက်ဆုံးအကြိမ် လူ့ဇာတိခံယူခြင်းတွင် ဘုရားသခင်အား အပြင်းထန်ဆုံး နှိပ်ကွပ်သည့် ဘုရားမဲ့နယ်မြေတစ်ခုဖြစ်သော တရုတ်ပြည်သို့ အမှုတော်ဆောင်ရွက်ရန် ကြွရောက်လာခဲ့သည်၊ ပြီးလျှင် နောက်ဆုံးသော ကာလတွင် သူရရှိခဲ့သည့် ဘုန်းကျက်သရေ တစ်စိတ်တစ်ပိုင်းကို စာတန်၏ အလွန်အမင်း ရက်စက်ကြမ်းကြုတ်စွာ ထိခိုက်နစ်နာခံခဲ့ရသည့် ကျွန်မတို့ကဲ့သို့ သူများ အားဖြင့် အောင်မြင်ပြီးမြောက်ခဲ့သည်၊ ဤနည်းဖြင့် စာတန်ကို အနိုင်ယူပြီး၊ တစ်ချိန်တည်းတွင် ကျွန်မတို့အတွင်းရှိ သမ္မာတရားနှင့်အသက်အပေါ် လုပ်ဆောင်လျှက်ရှိသည်။ ကျွန်မတို့သည် ဘုရားသခင်ထံမှ အမှန်တကယ်ပင် များစွာ ရရှိပါသည်။ ထို့ကြောင့် ဘုရားသခင်အတွက် သက်သေခံသင့်သည်။ ဤသည်မှာ ဘုရားသခင်၏ စေခိုင်းချက်ဖြစ်ပြီး၊ သူ၏ ကျေးဇူးတော်နှင့် ချီးမြှောက်မှုလည်းဖြစ်သည်။ ဤသည်မှာ ကျွန်မတို့၏ ဂုဏ် ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့ ကျွန်မတို့ ခံယူရသည့် ဒုက္ခဝေဒနာသည် အဓိပ္ပါယ်ရှိပြီး တန်ဖိုးရှိသည်၊ ပြီးလျှင် ကျွန်မတို့ကို ဘုရားသခင် လက်ခံနှစ်သက်မှုအားကိုယ်စားပြုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ဉာဏ်အလင်းဖွင့်ပြမှုနှင့် လမ်းပြမှုမှတစ်ဆင့် ဘုရားသခင်၏ အလိုတော်ကို ကျွန်မ နားလည်ခဲ့သည်၊ စာတန်၏ လှည့်ကွက်တို့ကို ထိုးဖောက်မြင်ခဲ့သည်၊ ပြီးလျှင် ဘုရားသခင်အတွက် မြဲမြံစွာရပ်တည်ပြီး သက်သေခံရန်အတွက် မည်သည့်ဒုက္ခဝေဒနာကိုမဆို ခံယူရန် စိတ်ဓာတ်ကြံ့ခိုင်မှုကို တွေ့ရှိခဲ့သည်။ ထို့နောက်တွင် ရဲတို့သည် နောက်ထပ် နှစ်ပတ်ကြာ ကျွန်မကို ဆက်လက်မေးမြန်းခဲ့သည်၊ သို့သော်လည်း အသင်းတော်နှင့်ပတ်သက်ပြီး မည်သည့်အချက်အလက်ကိုမှ ကျွန်မ သူတို့အား မပြောပြခဲ့ပေ။

ထို့နောက်တွင် ကျွန်မကို ဒေသခံထိန်းသိမ်းရေးခန်းသို့ ပြောင်းရွှေ့ခံခဲ့ရသည်။ ကျွန်မ ရောက်သည်နှင့်တပြိုင်နက် အမျိုးသမီးရဲအရာရှိတစ်ဦးက ကျွန်မကို ရှာဖွေရန်အတွက် တစ်ကိုယ်လုံးချွတ်ဖို့ အမိန့်ပေးခဲ့ပြီး ကျွန်မ ယူလာသည့် ငွေကိုလည်း သိမ်းခဲ့သည်။ အကျဉ်းခန်းထဲသို့ ကျွန်မ ဝင်လိုက်သောအခါ အနံ့ဆိုးက စိတ်မသက်သာဖွယ် ဖြစ်သည်။ အိပ်ဖို့ရန်ပြုလုပ်ထားသော ပလက်ဖောင်းတစ်ခုတွင် လူနှစ်ဆယ်ကျော် ပြွတ်သိပ်ထည့်ထားသည်။ ကျွန်မတို့အားလုံးက ဤအခန်း၌ပင် စားသောက်သည်၊, အပေါ့အလေးသွားသည်။ နောက်တစ်လတွင် ကျွန်မကို နေ့စဉ် အချိန်ပိုအလုပ်လုပ်ပြီး အပိုတာဝန်များကိုယူဖို့ ဤ ဆိုးယုတ်သော ရဲတို့က အမိန့်ပေးခဲ့သည်။ ကျွန်မ၏ မျက်မှန်ကို သူတို့ယူသွားကြသည့်အတွက် အရာရာတိုင်းက ကျွန်မအတွက် ဝေဝါးနေသည်၊ ကျွန်မ အလုပ်လုပ်စဉ်တွင် ရှင်းရှင်းလင်းလင်း မြင်ရဖို့အတွက် ပစ္စည်းများကို ကျွန်မမျက်လုံးဖြင့် အတော်နီးနီးကပ်ကပ်ယူပြီး ကြည့်ရသည်။ ထို့ထက်ပိုပြီးလျှင် ထိန်းသိမ်းရေးစခန်း၏ မီးများက သေးငယ်ပြီး မှေးမှိန်သည်။ ကျွန်မ၏ တာဝန်များကို ပြီးဆုံးရန် အချိန်အလွန်ကြာသောကြောင့် အခြားသူများ အိပ်ပျော်နေစဉ်တွင် ညဉ့်နက်သည်အထိ နောက်ကျစွာ ကျွန်မ ဆက်လက်အလုပ်လုပ်ရသည်။ ကျွန်မ၏ မျက်လုံးများသည် အလွန်ပင် ညောင်းညာနေပြီဖြစ်ပြီး၊ ဤအလုပ်က ကျွန်မကို မျက်စိကန်းသွားစေမည်ကို ကျွန်မ ကြောက်ရွံမိသည်။ ညတွင် ကျွန်မ ကောင်းကောင်း မအိပ်နိုင်ပါ၊ ပြီးလျှင် အကျဉ်းခန်းထဲတွင် ညစဉ် အဆိုင်းတာဝန် တစ်နာရီလုပ်ရသည်။ နေ့စဉ် အလုပ်တာဝန်များစွာ လုပ်ရသည့်အပြင်၊ ကျွန်မကို တစ်ပတ်တွင် နှစ်ကြိမ် စစ်ဆေးမေးမြန်းခြင်းလည်း ပြုလုပ်သည်၊ ပြီးလျှင် အကြိမ်တိုင်းတွင် ဤ ဆိုးယုတ်သောရဲများသည် ကျွန်မအား လက်ထိပ်များ၊ သံခြေချင်းများတပ်ဆင်ပြီး “အင်ပါယာ၏ အဝါရောင်” အကျဉ်းသား ဝတ်စုံကိုလည်း ဝတ်ဆင်ပေးသည်။ ထိုကဲ့သို့သော နေ့တစ်နေ့တွင် မိုးရွာနေသည်ကို ကျွန်မ သတိရမိသည်။ ထီးကို သူ့အပေါ်၌သာ ဆောင်းထားသော အမျိုးသားရဲအရာရှိတစ်ဦး၏ ဘေးတွင် ကျွန်မ လမ်းလျှောက်လာသည်။ အေးစက်သောမိုးရေက ကျွန်မ အပေါ်ကျနေသောကြောင့် ကျွန်မ ခိုက်ခိုက်တုန်လျက်၊ ကျွန်မ၏ ပါးလွှာသော အကျဉ်းသားဝတ်စုံဖြင့် လက်ထိပ်၊ သံခြေချင်းတို့ခတ်ထားလျက်ဖြင့် ကျွန်မ အလွန်ပင် ခက်ခဲစွာ လမ်းလျှောက်နေရသည်။ သံခြေချင်းတို့က အလွန်လေးလံပြီး ကျွန်မ၏ ခြေချင်းဝတ်တို့ကို ပွန်းပဲ့စေကာ လမ်းလျှောက်တိုင်းတွင် ကျယ်လောင်စွာဖြင့် တချွင်ချွင်မြည်သည်။ အရင်တုန်းက ထိုသို့သောအရာမျိုးကို တီဗီတွင်သာ ကျွန်မ မြင်တွေ့ရသည်၊ သို့သော် ယခုအခါတွင် ကျွန်မ ကိုယ်တိုင်ကြုံတွေ့ခံစားနေရသည်။ ကျွန်မ စိတ်မထိန်းနိုင်ဘဲ ကျွန်မ၏ အခြေအနေကို စက်ဆုပ်ရွံရှာမိပြီး ကျွန်မ၏ စိတ်နှလုံးထဲတွင် အော်ဟစ်မိသည်။ “ဒါ လူသတ်မှုတွေနဲ့ မုဒိမ်းသမားတွေကို စစ်ဆေးတဲ့ပုံစံပဲ။ ငါက ဒီလိုခံရအောင် ဘာတွေလုပ်ခဲ့မိလို့လဲ” ထိုအချိန်တွင် ဘုရားသခင်က ကျွန်မအား ဉာဏ်အလင်းဖွင့်ပြခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ကျွန်မ သတိရလိုက်မိသည်။ “ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။...ယခု အချိန်ကျပေပြီ။ ဤမကောင်းဆိုးဝါး၏ အကျည်းတန်သော မျက်နှာကို ဆုတ်ဖြဲဖို့ရန်နှင့် မျက်စိကွယ်စေခြင်း ခံခဲ့ရကာ ဆင်းရဲ ဒုက္ခနှင့် အခက်အခဲမျိုးစုံ ကြံ့ကြံ့ခံရပြီးဖြစ်သည့် လူများကို ၎င်းတို့၏ နာကျင်မှုမှ ထပြီး ဤဆိုးယုတ်သော နတ်ဆိုးအိုအား ကျောခိုင်းခွင့်ပေးရန် လူသားသည် ကြာမြင့်စွာကတည်းက သူ၏ ခွန်အား အားလုံးကို စုစည်းပြီးဖြစ်သည်၊ ဤအရာအတွက် သူ၏ အားထုတ်မှုအားလုံးကို ဆက်ကပ်မြှုပ်နှံပြီးဖြစ်ကာ အဖိုးအခတိုင်းကို ပေးဆပ်ပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ကျွန်မ ရင်ဆိုင်ရသည့် လက်တွေ့အရှိတရားဖြင့် ယှဉ်ကြည့်သောအခါ တရုတ်ကွန်မြူနစ်ပါတီက လူအားလုံး လွတ်လပ်စွာကိုးကွယ်ခွင့် ရရှိထိုက်သည်ဟု အပြင်လောကတွင် နည်းပေါင်းစုံဖြင့် ကြေညာသော်လည်း တစ်ယောက်ယောက်က ဘုရားကို အမှန်တကယ် ယုံကြည်သည့် အခိုက်အတန့်အတွင် ၎င်းက နှိပ်ကွပ်ခြင်း၊ ဖမ်းဆီးခြင်း၊ အကြမ်းဖက်ခြင်း၊ စော်ကားခြင်း၊ ရှုတ်ချခြင်းနှင့် ထောင်ချခြင်း မျိုးစုံတို့ဖြင့် တုံ့ပြန်သည်။ ၎င်းသည် လူတို့အပေါ် လူသားဆန်သည့်ပုံစံဖြင့် မဆက်ဆံပေ။ “လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်” နှင့် “ဒီမိုကရေစီနှင့်လူ့အခွင့်အရေး”တို့၏ တန်ဖိုးများသည် အခြားလူများအား လှည့်စားရန်၊ မမြင်နိုင်စေရန်၊ ကစားရန်အတွက် သက်သက် ရည်ရွယ်သည့် လှည့်ကွက်များဖြစ်သည်။ ဤဆိုးယုတ်သောပါတီသည် အပြောကောင်းသည့် ဟန်ပန်ပေါင်းစုံနှင့် သူ့ကိုယ်သူ အမွှမ်းချယ်ထားသော်လည်း၊ အမှန်တွင်မူ နတ်ဆိုးသတ္တဝါတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်သည်၊ အမှန်ပင် အလွန်အမင်း အန္တရာယ်ပြုပြီး၊ အလွန်အမင်းကြမ်းတမ်းလေသည်။ တရုတ်ကွန်မြူနစ်ပါတီသည် ကမ္ဘာပေါ်ရှိ လိမ်လည်သော၊ လှည့်ဖြားယူသော၊ လူသတ်သော၊ လုယက်သော လူဆိုးများနှင့် မကောင်းမှုပြုသူများအား တမင်သက်သက် လျစ်လျူရှုကာ မျက်ကွယ်ပြုထားပြီး၊ တစ်ခါတရံတွင် သူတို့ကို ကာကွယ်ခြင်းပင်ပြုလုပ်သည်၊ သို့သော် ဘုရားသခင်ကို ယုံကြည်ပြီး လမ်းမှန်ကို လျှောက်သောသူတို့ကိုမူ အကြင်နာမဲ့စွာ နှိပ်ကွပ်ပြီး သတ်ဖြတ်သည်။ တရုတ်ကွန်မြူနစ်ပါတီသည် သူ့ကိုယ်သူ ဘုရားသခင်၏ ရန်သူဖြစ်အောင်ပြုလုပ်သည့် နတ်ဆိုးတစ်ကောင် အမှန်ပင် ဖြစ်သည်။ ဤအရာတို့ကို ကျွန်မ စဉ်းစားမိသည့်အခါ ဤဆိုးညစ်သောနတ်ဆိုးကို ကျွန်မ မရွံရှာဘဲ မနေနိုင်ခဲ့ပါ။ ကျွန်မ၏အသက်ကို စွန့်ရပင်လျှင် ၎င်းကို ပုန်ကန်ဖို့ ကျွန်မ ကျိန်ဆိုခဲ့သည်၊ ပြီးလျှင် ကျွန်မ မိမိကိုယ်ကိုယ် ဘုရားသခင်ထံ အပ်နှံခဲ့သည်။ တစ်လကြာပြီးနောက်တွင် သက်သေအထောက်အထား မရှိသော်လည်း၊ ရဲတို့သည် ကျွန်မအား “ငြိမ်ဝပ်ပိပြားရေးနှောက်ယှက်ခြင်း” စွဲချက်ဖြင့် အလုပ်ကြမ်းဖြင့် ပြုပြင်မွမ်းမံသင်တန်းပေးခြင်း တစ်နှစ် စီရင်ချက် ချမှတ်ခဲ့သည်။

အလုပ်ကြမ်းစခန်းသို့ ကျွန်မ ရောက်သောအခါတွင် ဤနေရာသည် ပို၍ပင် ဆိုးသောနေရာဖြစ်သည်ကို ကျွန်မ သဘောပေါက်လိုက်သည်။ ဤနေရာတွင် လွတ်လပ်မှု လုံးဝ မရှိပေ။ ထိန်းသိမ်းခံရသူများသည် သူတို့၏ ယူနစ်အစောင့်တို့၏ အမိန့်ဖြင့်သာ စားနိုင်သောက်နိုင်သည် သို့မဟုတ် အလေးအပင်သွားနိုင်သည်၊ ပြီးလျှင် အကြောင်းကိစ္စတိုင်းတွင် အစောင့်များကို ကျွန်မတို့ နာခံရသည်၊ သို့မဟုတ်လျှင် ပြစ်ဒဏ်ပေးခံရသည်။ ကျွန်မတို့သည် အခန်းသို့ ဝင်ထွက်သည့်အခါတွင် ကျွန်မတို့၏ နံပါတ်ကို အော်ရသည် တစ်ယောက်ယောက်က မှားယွင်းသောနံပါတ်ကို တင်ပြပါက တစ်ဖွဲ့လုံးက နေပူကြမ်းကြမ်းထဲတွင် သို့မဟုတ် မိုးရေထဲတွင် စိုရွှဲလျက် အချိန်နှစ်နာရီနေပြီး ပြစ်ဒဏ်ပေးခံရသည်။ အစာစားရန်အတွက် စားသောက်တန်းသို့ ကျွန်မတို့ သွားသည့်အခါ၊ တစ်ယောက်ယောက်က မှားယွင်းသည့် နံပါတ်ကို တင်ပြခဲ့လျှင် တစ်ဖွဲ့လုံး အပြင်မှာစောင့်ဖို့ အဓမ္မခိုင်းစေခဲ့ရပြီး အစာစားခွင့်မပေးခြင်းဖြင့် ပြစ်ဒဏ်ပေးခံရသည်။ အခြား ထိန်းသိမ်းခံရသူများ သူတို့၏ အစာကိုစားနေကြစဉ်တွင် ကျွန်မတို့က အကူအညီမဲ့စွာဖြင့် ကြည့်၍သာနေရသည်။ ကျွန်မတို့သည် အစာမစားမီအချိန်တိုင်းတွင် စစ်သီချင်းတစ်ပုဒ်အား အားကုန်ဆိုရသေးသည်၊ တစ်ယောက်ယောက်က သံစဉ်လွဲပြီးဆိုခြင်း သို့မဟုတ် ကျယ်သင့်သလောက်မကျယ်ပါက သီချင်းကို အစကနေ တစ်ကြိမ်၊ နှစ်ကြိမ်အထိ ပြန်ပြီးဆိုရသည်။ ကျွန်မတို့အဖွဲ့အစောင့်များက ကျေနပ်သောအခါမှသာ ကျွန်မတို့ကို စားခွင့်ပေးသည်။ ဤ “စီမံခန့်ခွဲမှုစနစ်”ဆိုသည့်အရာသည် အခြားသူများကို အထက်စီးမှနေရန်၊ အမိန့်တွေလျှောက်ပေးရန်နှင့် ရာထူးကို ပျော်မွေ့ခံစားရန်ဖြစ်သော ဤဆိုးယုတ်သည့်အစောင့်များ၏ ဆန္ဒကို ဖြည့်ဆည်းဖို့သက်သက်သာ တည်ရှိခြင်းဖြစ်သည်။ သူတို့သည် နေ့စဉ် အခြားလူများကို စိတ်ဖိစီးအောင်ပြုလုပ်သည်။ ဤနေရာတွင် အစောင့်များအား သန့်ရှင်းရေးလုပ်ပေးရခြင်းနှင့် သူတို့၏စောင်များကို ခေါက်ပေးရခြင်းအပြင် ထိန်းသိမ်းခံရသူများသည် သူတို့၏ ခြေထောက်ရေဆေးရန်အတွက် ရေခပ်ပေးရပြီး သူတို့၏နောက်ကျောကို နှိပ်ပေးရသည်။ အစောင့်များသည် သူတို့ကို ကောင်းကောင်းအလုပ်အကျွေးပြုလျှင် သင့်ကို ပြုံးကြည့်လျက် ဘုရင်တွေ၊ ဘုရင်မတွေကဲ့သို့ ပြုမူနေထိုင်သည်၊ သို့သော်လည်း သူတို့ကို ကောင်းကောင်းအလုပ်အကျွေးမပြုလျှင် ကြမ်းတမ်းစွာ ဆူငေါက်ခြင်း သို့မဟုတ် ရိုက်နှက်ခြင်းတို့ ပြုလုပ်သည်။ ကျွန်မတို့ ဘာပဲလုပ်နေသည်ဖြစ်စေ၊ ကျွန်မတို့က သန့်စင်ခန်းထဲတွင် ရှိနေသည်ပင်ဖြစ်စေ အစောင့်များက အော်သည်ကို ကျွန်မတို့ ကြားရသည်နှင့်တပြိုင်နက် ကျွန်မတို့က ကျယ်လောင်စွာဖြင့် “ရှိပါတယ်”ဟု ဖြေရပြီး သူတို့၏ ညွှန်ကြားချက်တို့ကို ကြားရရန်အတွက် အလျင်အမြန်သွားရသည်။ ဤသည်တို့မှာ တရုတ်ကွန်မြူနစ်ပါတီ အစိုးရအောက်ရှိ အလုပ်ကြမ်းစခန်းများ လည်ပတ်သည့်ပုံစံဖြစ်သည်။ သူတို့သည် ဆိုးညစ်သည်၊ ဖိနှိပ်ချုပ်ချယ်သည်၊ ရက်စက်သည် အရှက်ရအောင်ပြုလုပ်သည်။ ဤအရာများအားလုံးနှင့် ရင်ဆိုင်ရသည့်အခါ မကျေနပ်မှုနှင့် အကူအညီမဲ့မှုတို့ကလွဲပြီး ဘာမှမခံစားရပါ။ ထို့အပြင် ဤဆိုးယုတ်သည့် ရဲတို့သည် အလုပ်ကြမ်းစခန်းမှ ထိန်းသိမ်းခံရသူများအား ပိုက်ဆံရရန်အတွက် အသုံးချသည့်ပစ္စည်းသက်သက်ကဲ့သို့ ဝန်သယ်သည့် တိရိစ္ဆာန်များ၊ ကျွန်များအဖြစ် ဆက်ဆံကြသည်။ သူတို့သည် ကျွန်မတို့အား နေ့စဉ် အလုပ်များဖြင့် မနိုင်ဝန်ထမ်းခိုင်းသည်မှာ စားခြင်း၊ အိပ်ခြင်းမှလွဲပြီး ကျွန်မတို့၏ ကျန်သည့်အချိန်ကို သူတို့အတွက် ချမ်းသာကြွယ်ဝမှုဖန်တီးပေးရန် အလုပ်လုပ်ခြင်းဖြင့် ကုန်ဆုံးရသည်အထိဖြစ်သည်။ နေ့စဉ် ကျွန်မတို့ လိုက်နာရသည့် စည်းမျဉ်းအမျိုးမျိုးအပြင်၊ များပြားသော အလုပ်တာဝန်ကိုလည်း ကိုင်တွယ်ရသည်၊ ပြီးလျှင် ကျွန်မတို့ ဘယ်အချိန်တွင် အပြစ်ပေးခံရမည်၊ အဆူခံရမည်ဆိုသည်ကို မပြောနိုင်ပေ၊ ထိုကဲ့သို့ အသက်ရှင်နေထိုင်ရခြင်းကို ကျွန်မ တကယ်ပင် မခံနိုင်ပေ၊ ပြီးလျှင် “ငါ ဒီအလုပ်ကြမ်းစခန်းမှာ သေမှာလား။ သူတို့တွေ နေ့တိုင်း ငါတို့ကို ခြေကုန်လက်ပမ်းကျတဲ့အထိ တွန်းတယ်။ ဒီလို ခက်ခဲကြမ်းတမ်းတဲ့ နှစ်ကာလတစ်ခုကို ငါ ဘယ်လိုဖြတ်သန်းနိုင်မှာလဲ။ ဒါက ဘယ်တော့မှ ဆုံးခမ်းတိုင်မှာလဲ။ ဒီ ငရဲဆန်ဆန်နေရာမှာ နောက်ထပ် တစ်မိနစ်၊ တစ်စက္ကန့်တောင် ငါ မနေနိုင်ဘူး။” ဟု ကျွန်မ မိမိဘာသာ ဘယ်နှစ်ကြိမ်စဉ်းစားခဲ့သလဲမသိတော့ပေ။ ထို့အပြင် ကျွန်မ၏ ခံစားချက်များကို ပွင့်ပွင့်လင်းလင်း ဝေမျှနိုင်သည့်သူ မည်သူမျှ မရှိပေ။ နေ့စဉ် အရာရာတိုင်းကို ကျွန်မ တိတ်ဆိတ်စွာ ခံယူရပြီး မရပ်မနား အလုပ်လုပ်ရသည် ကျွန်မ အလွန်စိတ်မချမ်းမမြေ့ဖြစ်ရသည်။ ည၌ လူတိုင်းအိပ်ပျော်နေကြချိန်တွင် သံတိုင်များဖြင့်ကာရံထားသည့် ပြတင်းပေါက်မှတစ်ဆင့် ကြယ်များကို ကြည့်လျက် ဝမ်းနည်းစိတ်က့ ကျွန်မကို လွှမ်းမိုးသွားရသည်။ ကျွန်မ သီးခြားဖြစ်ကာ အထီးကျန်သလိုခံစားရပြီး၊ ကျွန်မ၏ ခေါင်းအုံးအတွင်း မငိုရှိုက်ပဲ မနေနိုင်ခဲ့ပါ။ သို့သော် အားအနည်းဆုံးအဖြစ် ကျွန်မ ခံစားရသည့်အချိန်အခိုက်အတန့်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်မ ရုတ်တရက် သတိရလိုက်သည်။ “လူသား၏အလုပ်အတွက် ဘုရားသခင် ကြံ့ကြံ့ခံခဲ့သည့် အိပ်မပျော်သောညများမှာ များစွာဖြစ်၏။ အထက်အမြင့်အရပ်မှ အနိမ့်ဆုံးအနက်များအထိ ကိုယ်တော်သည် သူ၏နေ့ရက်များကို လူသားနှင့်အတူ ကျော်လွန်ရန်၊ လူသားနေထိုင်သော အသက်ရှင်လျက် ငရဲရောက်နေသကဲ့သို့ ခံစားရသည့်အရပ်သို့ ဆင်းသက်လာခဲ့ကာ ကိုယ်တော်သည် လူသားအကြားယုတ်ညံ့မှုကို မည်သည့်အခါမျှ ညည်းညူခဲ့ဖူးခြင်းမရှိ၊ ထို့အပြင် လူသားအား ၎င်း၏နာခံမှု မရှိခြင်းအတွက် အပြစ်တင်ခဲ့ဖူးခြင်း မရှိဘဲ၊ သူ၏အမှုကို သူကိုယ်တိုင် ထမ်းဆောင်ရင်း အကြီးမားဆုံးသော အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံတော်မူ၏။ ဘုရားသခင်သည် ငရဲနှင့် အဘယ်သို့ သက်ဆိုင်နိုင်အံ့နည်း။ ကိုယ်တော်သည် ကိုယ်တော်၏ အသက်တာကို ငရဲ၌ အဘယ်သို့ ကုန်ဆုံးနိုင်အံ့သနည်း။ သို့သော် လူသားမျိုးနွယ် တစ်ရပ်လုံးသည် သာ၍ဆောလျင်စွာ ချမ်းသာခြင်းသို့ ရောက်ရန် ကိုယ်တော်သည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် ကမ္ဘာမြေကြီးသို့ လာရန် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခဲ့ကာ တရားမျှတမှုမရှိခြင်းကို ခံခဲ့သည့်အပြင်၊ လူသားကို ကယ်တင်ရန် သူကိုယ်တိုင် ‘ငရဲ’ နှင့် ‘မရဏနိုင်ငံ’ အတွင်း၊ ကျားအောင်းဂူအတွင်းသို့ ဝင်ရောက်ခဲ့၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၉)) ဘုရားသခင်၏ နှုတ်ကပတ်တော် စာကြောင်းတိုင်းသည် ကျွန်မ၏ ညှင်းပန်းခံရသည့် နှလုံးသားကို နှစ်သိမ့်ပေးခဲ့သည်။ ဟုတ်သည်။ ကျွန်မသည် ရင်ဖွင့်စရာ မည်သူမျှမရှိသောကြောင့် ဤ နတ်ဆိုးအကျဉ်းထောင်တွင် အလွန်အထီးကျန်ပြီး သီးခြားဖြစ်သလို ခံစားရသည်၊ သို့သော်လည်း ဘုရားသခင်သည် သူ့အား ဆန့်ကျင်ပုန်ကန်ပြီး အာခံခဲ့ကြသော လူသားမျိုးနွယ်၊ ကျွန်မတို့ကို ကယ်တင်ဖို့အတွက် ကောင်းကင်ဘုံမှ ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာပြီး အလွန်ဆိုးရွားသည့်စော်ကားမှုနှင် ညှင်းပန်းနှိပ်စက်မှုကို ခံယူခဲ့ကာ မည်သူတစ်ဦးတစ်ယောက်မျှ သူ့ကို နားမလည်နိုင်ကြပေ သို့မဟုတ် သူ၏ အလိုတော်ကို ထည့်မတွက်နိုင်ကြပေ။ ဤသို့ဖြစ်ရမည့်အစား သူသည် လူတို့၏ အထင်လွဲခြင်း၊ မကျေမနပ်ပြောဆိုခြင်း၊ လျစ်လျူရှုခြင်း၊ တိုက်ခိုက်ခြင်းများ၊ လှည့်စားခြင်း နှင့် သစ္စာဖောက်ခြင်းတို့ကို ရင်ဆိုင်ခဲ့ရသည်။ ဘုရားသခင်က အလားတူ သီးခြားဖြစ်မှုနှင့် အထီးကျန်မှုကို မခံစားခဲ့ရဘူးလား။ ဘုရားသခင်သည်လည်း ညှင်းပန်းနှိပ်စက်ခံရကာ မနာကျင်ခဲ့ရပေဘူးလား။ သို့သော်ငြားလည်း ဘုရားသခင်၏ အလိုတော်ကို ကျွန်မ လုံးဝ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ၊ အနည်းငယ်မျှ ဒုက္ခခံပြီးနောက်တွင် အပျက်သဘောဆောင်လာကာ အားလျော့လာခဲ့သည်။ ကျွန်မသည် နောက်ဆုတ်ပြီး လွတ်မြောက်လိုခြင်းသာရှိသည်။ ကျွန်မသည် အမှန်တကယ်ပင် ပုန်ကန်လိုပေသည်။ ဘုရားသခင်သည် ဤနတ်ဆိုးတို့၏ နှိပ်ကွပ်ခြင်းကို ကျွန်မအပေါ် ကျရောက်ခွင့်ပြုခြင်းမှာ ကျွန်မကို တမင်သက်သက် ဒုက္ခခံစေလိုခြင်းကြောင့်မဟုတ်ဘဲ၊ တရုတ်ကွန်မြူနစ်ပါတီ၏ ရက်စက်သောနှိပ်ကွပ်ခြင်းကို ကြုံတွေ့ရခြင်းမှ တစ်ဆင့် ၎င်း၏ ဆိုးယုတ်သော မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ရန်၊ ၎င်းကို အမှန်တကယ် စွန့်ပစ်လာနိုင်ရန်၊ နှင့် နောက်ဆုံးတွင် ဘုရားသခင်ထံသို့ အလုံးစုံ လာရောက်ရန်ဖြစ်သည်။ ဤအရာအားလုံးမှာ ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များနှင့် ကယ်တင်ခြင်းတို့ဖြင့် ဖြစ်ပေါ်ခြင်းဖြစ်သည်။ ပြီးလျှင် မည်သို့ပင်ဖြစ်စေ၊ ခရစ်တော်သည် ယခု ကျွန်မနှင့်အတူ ဒုက္ခခံယူလျှက်ရှိသည်၊ ထို့ကြောင့် ကျွန်မသည် အထီးမကျန်တော့ပေ။ လူသားအပေါ် ဘုရားသခင်ပြုသမျှတို့တွင် ကယ်တင်ခြင်းနှင့် ချစ်ခြင်းမေတ္တာသာ ရှိကြောင်းကို ထိုအချိန်တွင်မှ ကျွန်မ ခံစားခဲ့ရသည်။ အသွေးအသားတွင် ညှင်းပန်းနှိပ်စက်မှုဒဏ်ကို ကျွန်မ ခံရသော်လည်း ကျွန်မ၏ အသက်တာဝင်ရောက်မှုအပေါ် အလွန်ပင် အကျိုးဖြစ်ထွန်းသည်။ ဤအရာတို့ကို ကျွန်မ နားလည်လိုက်သည့်အချိန်တွင် ကျွန်မ၏ အပျက်သဘောဆောင်သည့်၊ အားနည်းသည့်အခြေအနေမှ တဖြည်းဖြည်းစတင် ထွက်လာသည်၊ ပြီးလျှင် ဘုရားသခင်အတွက် သက်သေခံရန် ဒုက္ခခံစားခြင်းဖြင့် ရောင့်ရဲတင်းတိမ် ရန်အတွက် စိတ်ဓာတ်ကြံ့ခိုင်မှုကို ကျွန်မ တွေ့ရှိခဲ့သည်။

၂၀၁၀ခုနှစ်၊ ဇွန်လအကုန်တွင် ကျွန်မအား တစ်လစောပြီး လွှတ်ခဲ့သည်။ လူတို့အတွက် ဘုရားသခင်၏ ကယ်တင်ခြင်းသည် စစ်မှန်ပြီး လက်တွေ့ကျကြောင်း၊ လူတို့အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် နက်နဲပြီး စစ်မှန်ကြောင်းကို ဤနှိပ်ကွပ်ခြင်းနှင့် အခက်အခဲကို ကြုံတွေ့ခြင်းမှတစ်ဆင့် ကျွန်မ အမှန်တကယ် ခံစားခဲ့ရသည်။ ဤနတ်ဆိုးများ၏ နှိပ်ကွပ်ခြင်းနှင့် ဖမ်းဆီးခြင်းကို ကျွန်မ မကြုံတွေ့ခဲ့ရလျှင် ကျွန်မ၏ ယုံကြည်မှု၊ ရဲရင့်မှုနှင့် ဒုက္ခခံယူရန်အတွက် စိတ်ဓာတ်ကြံ့ခိုင်မှုတို့သည် စုံလင်ခံရခြင်း မရှိနိုင်ပေ၊ ပြီးလျှင် နတ်ဆိုး၏ တကယ့် ဆိုးဝါးသည့် စရိုက်ကို ကျွန်မ မည်သည့်အခါမျှ ရှင်းလင်းစွာ မြင်နိုင်မည်မဟုတ်ပေ။ ကျွန်မသည် ၎င်းကို မည်သည့်အခါမျှ အမှန်တကယ် စက်ဆုပ်ရွံရှာခြင်း ဖြစ်မည်မဟုတ်သည့်အပြင်၊ ကျွန်မ၏ စိတ်နှလုံးကို ဘုရားသခင်ထံ လွှဲပြောင်းပေးအပ်ကာ မိမိကိုယ်ကိုယ် ဘုရားသခင်ထံသို့ အလုံးစုံပေးအပ်ဖို့ရန် မည်သည့်အခါမျှ စွမ်းဆောင်နိုင်မည်မဟုတ်ပေ။ နှိပ်ကွပ်ခြင်းနှင့် အခက်အခဲတို့၏ ခါးသီးမှုတို့ကို အမှန်တကယ် ကြုံတွေ့ခြင်းမရှိဘဲ ကျွန်မသည် ဘုရားသခင်ခံစားရသည့် ဆင်းရဲဒုက္ခကို သို့မဟုတ် ကျွန်မတို့ကို ကယ်တင်ရန်အတွက် ဤ ညစ်ညမ်းသောနေရာသို့ လူ့ဇာတိခံကြွရောက်လာပြီး သူ ပေးဆပ်ခဲ့သည့် အဖိုးအခကို ကျွန်မ မည်သည့်အခါမျှ နားလည်နိုင်မည်မဟုတ် သို့မဟုတ် တန်ဖိုးထားနိုင်မည်မဟုတ်ပေ။ ဤအချက်က ကျွန်မအား ဘုရားသခင်၏ ချစ်ခြင်းကို ပို၍ နက်နဲစွာ ခံစားရစေပြီး ကျွန်မ၏ စိတ်နှလုံးကို သူ့ထံသို့ပို၍နီးစပ်စွာ ယူဆောင်ပေးသည်။ ကျွန်မအား ထပ်ခါထပ်ခါ ပံ့ပိုးပေးသည့် လမ်းပြမှုအတွက်၊ အကျဉ်းထောင်တွင် အမိုက်အမှောင်ထဲ၌ အသက်ရှင်နေထိုင်ရသည့် တစ်နှစ်အတွင်း ကျွန်မအား အဖော်ပြုပေးသည့်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ကျွန်မ ကျေးဇူးတင်သည်။ ယနေ့တွင် ကျွန်မ အသင်းတော်သို့ ပြန်လာခဲ့ပြီဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်မ ဖတ်ရှုပြီး ကျွန်မ၏ ညီအစ်ကိုမောင်နှမများနှင့် သမ္မာတရားနှင့်ပတ်သက်ပြီး မိတ်သဟာယပြုလုပ်သည်၊ ကျွန်မ၏ တာဝန်တို့ကို နောက်တဖန်ပြန်ယူပြီး၊ ကျွန်မ၏ စိတ်နှလုံးသည် အဆုံးမဲ့ဝမ်းမြောက်မှု၊ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နေပါသည်။ ကျွန်မသည် ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပြီး ကျွန်မ မိမိကိုယ်ကိုယ် ကျမ်းသစ္စာတစ်ခု ကျိန်ဆိုခဲ့သည်။ အနာဂတ်ကာလတွင် မည်သည့်အခြေအနေ သို့မဟုတ် စမ်းသပ်မှုများ ကျွန်မအပေါ် ကျရောက်ပါစေ၊ ကျွန်မ၏ ခွန်အားရှိသမျှနှင့် သမ္မာတရားကို ရှာဖွေလိုက်စားကာ ဘုရားသခင်နောက်တော်သို့ အဆုံးထိလိုက်ရန်သာ ဆန္ဒရှိပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခက ဘုရားသခင်ကို သာ၍ပင် ချစ်စေခဲ့သည်

လျူကျန်၊ ရှန်တုံစီရင်စုကျွန်မ နာမည် လျူကျန်ဖြစ်ပါသည်။ ကျွန်မ အသက် ၇၈ ရှိပြီဖြစ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်ထဲတွင် ကျွန်မသည်...

ပျက်ဆီးခြင်းကြားက အသက်သီချင်း

ဂေါင်ဂျင်၊ ဟေနန်စီရင်စု၁၉၉၉ ခုနှစ်တွင်၊ နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို လက်ခံဖို့ အခွင့်အလမ်း ကျွန်မ ရခဲ့သည်။...

ဆင်းရဲဒုက္ခနှင့် အခက်အခဲတို့ အလယ်တွင် နိုးထခြင်း

-အသက် ၁၇ နှစ်အရွယ် ခရစ်ယာန်တစ်ယောက်၏ ညှဉ်းပန်းနှိပ်စက်ခြင်း နှင့် ပတ်သက်သည့် စစ်မှန်သော အတွေ့အကြုံဝမ်တောက်၊ ရှန်ဒေါင်းစီရင်စုကျွန်တော်က...

ဘယ်တော့မှ မပျောက်ကင်းတဲ့ ဒဏ်ရာ

လီကျိန်း တရုတ်နိုင်ငံ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ၊ မနက် ၅ နာရီမှာပေါ့၊ တံခါးကို ကျယ်ကျယ်လောင်လောင် ခေါက်နေ တာကို ကျွန်မ ရုတ်တရက် ကြားလိုက်ရတယ်။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။