ဆိုးယုတ်သော ဖိနှိပ်မှုမှ ထမြောက်ခြင်း
မိုချီဂျန်၊ ဂေါင်ဒေါင်စီရင်စုကျွန်တော့်ကို ဆင်းရဲပြီး ဝေးလံသီခေါင်သော တောင်ပေါ်ဒေသတွင် မွေးဖွားခဲ့ပြီး ထိုနေရာသည် ဗုဒ္ဓဘုရားအား...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလရဲ့ နေ့လယ်ခင်းတစ်ခုမှာ ကျွန်မ အိမ်မှာ ချက်ပြုတ်နေတုန်း ရုတ်တရက် တံခါးကို တဒုန်းဒုန်း ထုသံ ကြားလိုက်ရတယ်။ တံခါးသွားဖွင့်လိုက်တော့ အပြင်မှာ အမျိုးသားလေးယောက်နဲ့ အမျိုးသမီးတစ်ယောက် ရပ်နေတာ တွေ့လိုက်ရတယ်။ သူတို့ထဲက တစ်ယောက်က ကျွန်မဆီ လျှောက်လာပြီး “ခင်ဗျား ဝမ်လေလား။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်လား” လို့ မေးတယ်။ ကျွန်မ ဘာမှပြန်မပြောနိုင်ခင်မှာပဲ သူက သူ့ရဲ့ သက်သေခံကဒ်ပြားကို မြန်မြန်ဆန်ဆန် ထုတ်ပြပြီး ပြောတယ်။ “ကျုပ်တို့ ပြည်သူ့လုံခြုံရေးဌာနကပဲ။ ခင်ဗျားက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တဲ့ အသင်းတော်ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်လို့ လူတစ်ယောက်က တိုင်ထားတယ်။ ကျုပ်တို့ လာစစ်ဆေးတာ” တဲ့။ ကျွန်မ ပြန်မပြောနိုင်ခင်မှာပဲ သူတို့ငါးယောက်စလုံး အိမ်ထဲကို အတင်းဝင်လာပြီး ခြံဝင်းထဲရော၊ အခန်းတွေထဲမှာပါ မွှေနှောက်ရှာဖွေကြပါလေရော။ ယွမ် ၅၀ တန် အလှူငွေပြေစာတစ်ရွက်၊ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” စာအုပ်တစ်အုပ်၊ ကက်ဆက်ခွေနှစ်ခွေနဲ့ အသံဖမ်းစက်အသေးတစ်လုံးကို သူတို့ တွေ့သွားပြီး “ဒါ သက်သေခံပစ္စည်းပဲ” ဆိုပြီး ကျွန်မကို ငေါက်ငမ်းပြောဆိုတယ်။ အဲဒီလိုပြောပြီးတာနဲ့ သူတို့က ကျွန်မကို ရဲကားပေါ် အတင်းတွန်းတင်ပြီး ခေါ်သွားကြတယ်။
စခန်းရောက်တော့ ရဲတွေက ကျွန်မကို ဒုတိယထပ်က စစ်ဆေးမေးမြန်းခန်းထဲ ခေါ်သွားပြီး လက်ထိတ်ခတ်လိုက်တယ်။ ပြီးတော့ အပူပေးပိုက်လုံးမှာ ကျွန်မလက်တွေကို ချိတ်ဆွဲထားလိုက်တော့ ကျွန်မမှာ ခြေဖျားထောက်ပြီးပဲ ရပ်နေရတာပေါ့။ တစ်ကိုယ်လုံးရဲ့အလေးချိန်က လက်ကောက်ဝတ်တွေပေါ် ရောက်နေတော့ မခံမရပ်နိုင်အောင် ကိုက်ခဲလာတယ်။ “ဒီတစ်ခါတော့ ငါတို့ ခေါင်းဆောင်တစ်ယောက်ကို မိထားပြီ” လို့ ရဲတစ်ယောက်ပြောတာကို ကျွန်မ ကြားလိုက်ရတယ်။ ရင်ထဲမှာ ထိတ်ခနဲဖြစ်သွားပြီး တွေးမိတယ်။ “ငါက ခေါင်းဆောင်မှန်း သူတို့ သိနေတော့ ညီအစ်ကိုမောင်နှမတွေအကြောင်း သတင်းအချက်အလက်တွေ ရဖို့အတွက် ငါ့ကို သေချာပေါက် နှိပ်စက်တော့မှာပဲ။ နှိပ်စက်တာကို ငါ မခံနိုင်ရင် ဘယ်လိုလုပ်မလဲ” လို့ပေါ့။ ကျွန်မ ဆက်မတွေးရဲတော့ဘဲ ဘုရားသခင်ဆီ အမြန်ပဲ ဆုတောင်းလိုက်တယ်။ ကျွန်မကို ယုံကြည်ခြင်းနဲ့ ဉာဏ်ပညာပေးဖို့၊ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်စေဖို့ တောင်းလျှောက်ခဲ့တယ်။ ဒီလိုမျိုးချိတ်ဆွဲခံထားရတာ လေးနာရီကျော်ကြာသွားတဲ့အထိ ခြေထောက်က ကြမ်းပြင်ကိုမထိနိုင်၊ လက်ထိတ်တွေကလည်း ကျပ်သထက်ကျပ်လာခဲ့တယ်။ လက်တွေက ညှစ်ထားသလိုဖြစ်ပြီး အညိုအမဲစွဲလာတယ်၊ နာကျင်မှုကလည်း မခံမရပ်နိုင်အောင်ပါပဲ။ ခြေထောက်တွေလည်း ရောင်ရမ်းပြီး ထုံကျင်လာတယ်။ ကျွန်မ သိပ်မတောင့်ခံနိုင်တော့ဘူးလို့ ခံစားရပြီး အတွင်းစိတ်ထဲမှာ အားနည်းလာခဲ့တယ်။ ဒီမှာ ဘယ်လောက်ကြာကြာ ဆက်ပြီး ချိတ်ဆွဲခံထားရဦးမလဲ မသိဘူးလေ။ ဘုရားသခင်ဆီကနေ စိတ်ကို ခဏလေးတောင် လွင့်ပါးမခံရဲဘူး။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ စဉ်းစားမိတယ်။ “ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှု မပြသခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာတော့မည် မဟုတ်ဘဲ ငါ၏ကရုဏာသည် အကန့်အသတ်ရှိမည်။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ ၎င်းတို့၏မိတ်ဆွေများ၏ အကျိုးအပေါ် သစ္စာဖောက်သူများနှင့် ငါသည် သာ၍ပင် ပတ်သက်ဆက်နွှယ်လိုခြင်း မရှိ။ ထိုသူသည် မည်သူပင်ဖြစ်စေ ဤသည်မှာ ငါ၏စိတ်သဘောထား ဖြစ်သည်။ ငါ၏နှလုံးကို ကြေကွဲစေသူ မည်သူမဆို ငါ့ထံမှ ဒုတိယအကြိမ် သက်ညှာမှု ရလိမ့်မည် မဟုတ်ကြောင်းနှင့် ငါ့အပေါ်သစ္စာရှိနေခဲ့သောသူ မည်သူမဆို ငါ၏နှလုံးသားတွင် ထာဝရ တည်ရှိနေမည် ဖြစ်ကြောင်း သင်တို့ကို ငါပြောကြားရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလို့မရဘူး၊ ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်ပြီး ဘုရားသခင်ကို ဖော်ကောင်လုပ်ရင် ဘုရားသခင်ရဲ့ ခွင့်လွှတ်ခြင်းကို ဘယ်တော့မှ ရမှာမဟုတ်ဘူး၊ ပြီးတော့ ကိုယ်တော်ရဲ့ စက်ဆုပ်ရွံရှာတာ၊ ဖယ်ရှားရှင်းလင်းတာကို သေချာပေါက် ခံရမယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို သဘောပေါက်စေခဲ့တယ်။ ရဲတွေ ကျွန်မကို ဘယ်လိုပဲ နှိပ်စက်ပါစေ၊ ယုဒ လုံးဝ အဖြစ်မခံနိုင်ဘူးလို့ ကျွန်မ ဆုံးဖြတ်ချက်ချလိုက်တယ်။
ည ၇ နာရီလောက်ကျတော့ ခေါင်းတွေမူးနောက်ပြီး တစ်ကိုယ်လုံး စူးစူးရှရှ နာကျင်ကိုက်ခဲနေကာ အသက်ရှူရတာတောင် ခက်လာတယ်။ ကျွန်မ လဲကျတော့မလိုဖြစ်နေတာကို ရဲတွေမြင်တော့မှ လက်တစ်ဖက်ကို ဖြုတ်ပေးလိုက်လို့ နောက်ဆုံးတော့ ကျွန်မ ခြေထောက်ထောက်ပြီး ရပ်နိုင်သွားတယ်။ ဒီအချိန်မှာ ရဲအရာရှိတစ်ယောက်က ကျွန်မကို အော်ပြောတယ်။ “ကဲ...ဖွင့်ပြောလိုက်စမ်း၊ အသင်းတော်ရဲ့ အလှူငွေတွေက ဘယ်သူ့ဆီရောက်သွားတာလဲ။ ပြေစာထဲကလူက ဘယ်မှာနေတာလဲ” တဲ့။ ကျွန်မ ဘာမှမပြောတာကိုမြင်တော့ သူက ဆက်ပြောတယ်။ “မင်း မပြောရင်တောင်မှ ငါတို့ မင်းအကြောင်း အကုန်စုံစမ်းပြီးသား။ ငါတို့ မင်းနောက်ယောင်ခံလိုက်ပြီး စုံစမ်းနေတာ တော်တော်ကြာပြီ” တဲ့။ ပြီးတော့ စားပွဲပေါ်က စာရွက်တစ်ရွက်ကို ကောက်ကိုင်လိုက်ပြီး ကျွန်မ ဘုရားသခင်ကို ယုံကြည်တာ ဘယ်လောက်ကြာပြီလဲ၊ ဘယ်မှာနေလဲ၊ ဘာတာဝန်တွေ ထမ်းဆောင်လဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေနဲ့ တခြားအချက်အလက်တွေကို ဖတ်ပြတယ်။ ကျွန်မ တွေးမိတယ်။ “သူတို့ ဘယ်လိုလုပ်ပြီး ဒီလောက်အများကြီး သိနေရတာလဲ။ တစ်ယောက်ယောက်ကများ ငါ့ကို ယုဒလုပ်ပြီး သစ္စာဖောက်လိုက်တာလား” ပေါ့။ ဒီအတွေးက ကျွန်မကို အရမ်း စိုးရိမ်ပူပန်စေခဲ့တယ်၊ ဒါနဲ့ ကျွန်မ ခေါင်းငုံ့ပြီး ဘယ်လိုပြန်ဖြေရမလဲဆိုတာကို အမြန် စဉ်းစားလိုက်တယ်။ အရာရှိက ကျွန်မကို စူးစူးရဲရဲ စိုက်ကြည့်ပြီး ဓာတ်ပုံတစ်ပုံ ထုတ်ပြတယ်၊ ပြီးတော့ ဓာတ်ပုံထဲကလူကို သိလားလို့ မေးတယ်။ ကျွန်မ တစ်ချက်ကြည့်လိုက်ပြီး “မသိပါဘူး” လို့ ပြောလိုက်တယ်။ သူက ဟန်ဆောင်ပြုံး ပြုံးပြီး ပြောတယ်။ “မင်း တကယ်ပဲ မသိဘူးလား။ ဒီနေ့ မင်းကို ဘယ်သူတိုင်လိုက်တာလဲ သိလား။ ဓာတ်ပုံထဲက လူပဲလေ” တဲ့။ ဓာတ်ပုံထဲကလူက အသင်းတော်ကနေ နှင်ထုတ်ခံထားရတဲ့ ဆိုးယုတ်တဲ့သူတစ်ယောက်ဖြစ်နေတာကို ကျွန်မ တွေ့လိုက်ရတယ်။ အဲဒီနောက် အရာရှိက နောက်ထပ် ညီအစ်မတစ်ယောက်နာမည်ကို ပြောပြီး သူ့ကိုရော သိလားလို့ မေးတယ်၊ ကျွန်မက မသိဘူးလို့ပဲ ပြောလိုက်တယ်။ အရာရှိက ဒေါသတကြီးနဲ့ ပြောတယ်။ “ငါ မင်းကို တစ်ခုပြောပြမယ်။ မင်း ဘာမှမပြောရင်တောင်မှ မင်းအိမ်မှာ ငါတို့တွေ့ခဲ့တဲ့ ဘာသာရေးပစ္စည်းတွေနဲ့ ငါတို့မှာရှိတဲ့ သက်သေတွေက မင်းကို အလုပ်ကြမ်းနဲ့ ပြန်လည်ပညာပေးရေး သုံးနှစ် ချမှတ်ဖို့ လုံလောက်တယ်။ ငါတို့ မင်းကို ဝန်ခံဖို့ အခွင့်အရေးပေးနေတာ၊ မင်း မြန်မြန်ဝန်ခံလေ၊ အိမ်မြန်မြန်ပြန်ရလေပဲ” တဲ့။ ဒီအချိန်မှာ ရဲမေတစ်ယောက်က တွဲလောင်းကျနေသေးတဲ့ ကျွန်မရဲ့ နောက်ထပ်လက်တစ်ဖက်ကို ဖြုတ်ပေးဖို့ အချက်ပြလိုက်တယ်။ ပြီးတော့ ဟန်ဆောင်ပန်ဆောင် ဂရုစိုက်တဲ့ပုံစံနဲ့ ရေတစ်ခွက် လာပေးတယ်၊ ပြီးတော့ ကျွန်မလက်ကို ကိုင်ပြီး ပြောတယ်။ “ညီမလေး၊ ဆိုဖာပေါ်မှာ ထိုင်ပြီး စကားပြောကြရအောင်။ ညီမရဲ့ ကလေးနှစ်ယောက်က တကယ် ချစ်စရာကောင်းတာ တွေ့ရတယ်၊ သူတို့က ဖွံ့ဖြိုးနေတဲ့အရွယ်ပဲ ရှိသေးတာ။ မိခင်တစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကိုယ်ကျေပြီး သူတို့လေးတွေ အာဟာရရှိတဲ့ အစားအစာတွေ စားရဖို့ သေချာအောင် လုပ်ဖို့လိုတယ်။ ဘာလို့လဲဆိုတော့ သူတို့ ကောင်းကောင်းမစားရရင် စာလုပ်တာကို ထိခိုက်လိမ့်မယ်။ တို့မိခင်တွေရဲ့ ပခုံးပေါ်မှာ တာဝန်တွေ အများကြီး ရှိတယ်လေ။ ညီမရဲ့ အမျိုးသားက လူကောင်းတစ်ယောက်ပါ၊ ညီမကို ကလေးတွေ ပြုစုစောင့်ရှောက်ဖို့ အိမ်မှာနေခိုင်းပြီး သူကတော့ အပြင်မှာ ပိုက်ဆံရဖို့ ခါးကျိုးမတတ် ရှာနေရှာတာ။ ဒီလောက်လိမ္မာတဲ့ ကလေးတွေကို ညီမ ဘယ်လိုလုပ်ပြီး ပစ်ထားရက်ရတာလဲ။ သူတို့အပေါ် အကြွေးတင်နေတယ်လို့ မခံစားရဘူးလား” တဲ့။ ရဲမေရဲ့ စကားတွေက ကျွန်မကို နည်းနည်း အားနည်းသွားစေတယ်။ ကျွန်မ ကလေးတွေကို ကောင်းကောင်း မစောင့်ရှောက်ပေးခဲ့ရဘူး၊ သူတို့အပေါ် တကယ် အကြွေးတင်နေတယ်လို့ ခံစားလိုက်ရတယ်။ ကျွန်မ ဘာမှမပြောတာကို မြင်တော့ ရဲမေက ကျွန်မဆီ လျှောက်လာပြီး ပခုံးကို ပုတ်ရင်း ပြောတယ်။ “ညီမလေး၊ ဝန်ခံလိုက်တာ အကောင်းဆုံးပါပဲ။ သိထားတာတွေကို တို့ကို ပြောပြလိုက်၊ ပြီးရင် ညီမကို အိမ်တန်းပြန်ပို့ပေးမယ်၊ အဲဒါဆို ကလေးတွေကို ပြန်စောင့်ရှောက်လို့ ရပြီလေ” တဲ့။ သူက ဆက်ပြောသေးတယ်။ “ညီမက ဥပဒေကို နားမလည်တော့ ဝန်ခံလိုက်ရင် ကိုယ့်ကိုယ်ကိုယ် ပိုပြီး ဒုက္ခရောက်အောင် လုပ်မိမယ်လို့ ထင်နေမှာ၊ ဒါပေမဲ့ တကယ်တမ်းကျတော့ အဲဒီလို မဟုတ်ပါဘူး။ ညီမသိတာတွေကို ပြောပြလိုက်တာနဲ့၊ တို့က ထွက်ဆိုချက်ကို မှတ်တမ်းတင်ပြီးရင် ညီမ အိမ်ပြန်လို့ရပြီ” တဲ့။ ကျွန်မ တွေးမိတယ်။ “ဒါတွေအားလုံးက လိမ်ညာလှည့်ဖြားနေတာပဲ။ ငါ ဘုရားသခင်ကို သစ္စာဖောက်အောင်လို့ နင်တို့ ဒီလိုပြောနေတာ၊ ငါ အလိမ်မခံနိုင်ဘူး။ ဒါပေမဲ့ ငါသာ တကယ်ပဲ အလုပ်ကြမ်းနဲ့ ပြန်လည်ပညာပေးရေး သုံးနှစ် ချမှတ်ခံရရင် ငါ့ကလေးတွေ ဘယ်လိုလုပ်မလဲ။ သူတို့က အရမ်း ငယ်သေးတာ၊ ငါ့ပြုစုစောင့်ရှောက်မှု မပါဘဲ သူတို့ ဘယ်လို အသက်ရှင်ကြမလဲ” ပေါ့။ ဒီအတွေးတွေက ကျွန်မကို တော်တော်လေး စိတ်ဆင်းရဲစေတယ်၊ ဒါကြောင့် ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ပြန်သတိရလိုက်တယ်။ “မည်သူသည် ငါ့အတွက် သူတို့ကိုယ်သူတို့ အမှန်တကယ် ပြည့်ဝစွာ အသုံးခံကာ သူတို့၏ အရာအားလုံးကို ငါ့အတွက် ဆက်ကပ်နိုင်သနည်း။ သင်တို့ အားလုံးသည် စိတ်မပါ့တပါဖြစ်နေကြပြီး သင်တို့၏ အတွေးများသည် တဝဲလည်လည် ဖြစ်ကာ အိမ်၊ အပြင်လောက၊ အစားအစာနှင့် အဝတ်အစားများအကြောင်း တွေးနေကြသည်။ သင်သည် ငါ့အရှေ့ ဤနေရာတွင် ရှိနေပြီး ငါ့အတွက် အမှုအရာများကို လုပ်ဆောင်နေသော်လည်း သင်၏ စိတ်နှလုံးအတွင်းထဲတွင်မူ သင်သည် အိမ်ရှိ သင်၏ ဇနီးသည်၊ သားသမီးများနှင့် မိဘများအကြောင်းကို တွေး၍နေသေးသည်။ ဤအရာအားလုံးသည် သင်၏ ဥစ္စာဖြစ်သလော။ ၎င်းတို့ကို ငါ၏ လက်ထဲသို့ သင်အဘယ်ကြောင့် မအပ်နှံသနည်း။ ငါ့ကို သင် ယုံကြည်ကိုးစားခြင်း မရှိသလော။ ထိုသို့မဟုတ်လျှင် ငါသည် သင့်အတွက် မဆီလျော်သော စီစဉ်ပြင်ဆင်မှုများကို ပြုလိမ့်မည်ဟူ၍ သင်စိုးရိမ်သောကြောင့် ဖြစ်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၅၉)) ဟုတ်တယ်၊ ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားတယ်။ ငါ့ကလေးတွေရဲ့ ကံကြမ္မာနဲ့ ဆင်းရဲဒုက္ခတွေကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းပြီးသား၊ ဘယ်လူသားကမှ ပြောင်းလဲလို့မရဘူး။ ငါ့ကလေးတွေကို ဘုရားသခင်လက်ထဲ အပ်နှံလိုက်ရမယ်။ ချစ်ခင်တွယ်တာမှုကို အသုံးပြုပြီး ဘုရားသခင်ကို သစ္စာဖောက်အောင် ငါ့ကို ဖြားယောင်းနေတဲ့ ရဲတွေက တကယ်ကို စက်ဆုပ်စရာကောင်းလိုက်တာ။ ဒီပတ်ဝန်းကျင်က ဘုရားသခင်ဆီက စမ်းသပ်မှုတစ်ခုပဲ၊ ငါ ဘာရွေးချယ်မလဲဆိုတာကို ကိုယ်တော် စောင့်ကြည့်နေတာ။ ဒါက ဘုရားသခင်အတွက် သက်သေခံဖို့ အခွင့်အရေးလည်း ဖြစ်တယ်၊ ဘုရားသခင်ကို ကျေနပ်စေဖို့ သက်သေခံချက်မှာ ငါ ခိုင်ခိုင်မာမာ ရပ်တည်ရမယ်။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်၊ သမီးရဲ့ ကလေးတွေကို ကိုယ်တော့်လက်ထဲ လုံးဝ အပ်နှံလိုပါတယ်။ ဇာတိပကတိရဲ့ အားနည်းမှုကို ကျော်လွှားနိုင်ဖို့နဲ့ စာတန်ကို အရှက်ရစေဖို့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင် သမီးကို ကူညီပေးပါ” လို့ပေါ့။ ဆုတောင်းပြီးနောက်မှာ ယုံကြည်ခြင်း ရရှိလာခဲ့တယ်။ ရဲတွေ ကျွန်မကို ဘယ်လိုပဲ စုံစမ်းသွေးဆောင်ဖို့ ကြိုးစားပါစေ၊ ကျွန်မ နှုတ်ဆိတ်နေတော့မယ်။ ကျွန်မ ဘာမှမပြောတာကို မြင်တော့ ရဲမေရဲ့ မျက်နှာထားက ချက်ချင်း ပြောင်းသွားတယ်။ သူက ကျွန်မကို ဆိုဖာပေါ်ကနေ ဆောင့်ဆွဲထူလိုက်ပြီး စူးစူးရဲရဲ စိုက်ကြည့်ရင်း ပြောတယ်။ “ငါက ကောင်းကောင်းမွန်မွန် ပြောနေတာကို နင်က နားကိုမထောင်ချင်ဘူးကိုး။ နင် ကိုယ့်ဒုက္ခကိုယ်ရှာလိုက်တာပဲ။ နင့်ကို ငါ ဘယ်လို ကိုင်တွယ်မလဲဆိုတာ ပြရသေးတာပေါ့” တဲ့။ အဲဒီလိုပြောပြီး သူက ကျွန်မဆံပင်ကို ဆွဲပြီး တရွတ်တိုက်ဆွဲခေါ်သွားရင်း “ကြည့်ရတာ နင်က အရိုက်အနှက်ခံချင်နေတာပဲ” ဆိုပြီး ဆဲဆိုတယ်။ ဒီအချိန်မှာ အမျိုးသားရဲတစ်ယောက်က ဘုရားနှုတ်ကပတ်တော် စာအုပ်တစ်အုပ်ကို ကောက်ကိုင်ပြီး ကျွန်မမျက်နှာကို ပစ်ပေါက်လိုက်တယ်။ ပြီးတော့ ကျွန်မကို ရိုက်ရင်းနဲ့ “ဖွင့်ပြောလိုက်စမ်း။ နင် ခေါင်းဆောင်လုပ်လာတာ ဘယ်နှစ်နှစ်ရှိပြီလဲ။ အသင်းတော်ရဲ့ အလှူငွေတွေ ဘယ်သူ့ဆီ ရောက်သွားတာလဲ။ နင်သိတာတွေကို ပြောပြ။ နင် မဝန်ခံရင် နင့်တစ်သက်လုံး ထောင်ထဲမှာပဲ နေရအောင် ငါ လုပ်ပစ်မယ်၊ နင့်ယောက်ျားနဲ့ ကလေးတွေကို ဘယ်တော့မှ ပြန်တွေ့ရမှာ မဟုတ်ဘူး” လို့ ဆဲဆိုတယ်။ ကျွန်မက “ရှင် ဘာပြောနေမှန်း ကျွန်မ မသိဘူး” လို့ တည်တည်ငြိမ်ငြိမ် ပြောလိုက်တယ်။ ရဲအရာရှိရဲ့ မျက်နှာထားက မည်းမှောင်သွားပြီး ကျွန်မပါးကို ထိုးလိုက်တယ်၊ ပြီးတော့ ရူးသွပ်သွားတဲ့အတိုင်း ကျွန်မမျက်နှာကို တရစပ် လက်သီးနဲ့ ထိုးတော့တာပဲ။ သူ ကျွန်မကို ဘယ်နှစ်ချက် ရိုက်လိုက်မှန်းတောင် မမှတ်မိတော့ဘူး။ သွားတစ်ချောင်း ယိုင်သွားတယ်၊ နှာခေါင်းနဲ့ ပါးစပ်ထောင့်ကနေ သွေးတွေ စီးကျလာပြီး ခေါင်းက တဒုတ်ဒုတ်နဲ့ ကိုက်ခဲရောင်ရမ်းလာတယ်။ ကျွန်မ ခေါင်းတွေမူးနောက်ပြီး ယိုင်တိုင်တိုင် ဖြစ်သွားလို့ နံရံကို မနည်းမှီပြီး ထိန်းရပ်လိုက်ရတယ်။ ကျွန်မ ဆက်ပြီး တောင့်မခံနိုင်တော့ဘူးလို့ ခံစားရပြီး တွေးမိတယ်။ “ဒီအတိုင်းသာ ဆက်ဖြစ်နေရင် သူတို့ ငါ့ကို သေအောင်ရိုက်ကြတော့မှာလား။ ငါ မသေရင်တောင်မှ ဒုက္ခိတဖြစ်သွားရင် ငါ့ဘဝရဲ့ ကျန်တဲ့အချိန်တွေကို ဘယ်လို အသက်ရှင်ရမလဲ။ အရေးမကြီးတာလေး တစ်ခုလောက် သူတို့ကို ပြောပြလိုက်ရင် ကောင်းမလား” ပေါ့။ ဒါပေမဲ့ ကျွန်မ ပြောခါနီးမှာပဲ သခင်ယေရှုကို သစ္စာဖောက်ခဲ့တဲ့ ယုဒရဲ့ ကံကြမ္မာကို ရုတ်တရက် သတိရလိုက်တယ်။ ကျွန်မ ကြောက်လန့်သွားပြီး ဘုရားသခင်ဆီ အမြန် ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ သမီးရဲ့ ဇာတိပကတိက အရမ်း အားနည်းနေပါတယ်၊ သမီးရဲ့ စိတ်နှလုံးကို စောင့်ရှောက်ပေးပါ၊ ယုံကြည်ခြင်းနဲ့ ခွန်အား ပေးသနားတော်မူပါ၊ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ လမ်းပြတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးနောက်မှာ “ဘုရားသခင်၏ ဘုန်းကြီးသော နေ့ကို ကျွန်ုပ် မြင်တွေ့လိုသည်” ဆိုတဲ့ ဓမ္မတေးတစ်ပုဒ်ကို ကျွန်မ သတိရလိုက်တယ်။ “ဘုရားသခင်၏ တိုက်တွန်းနှိုးဆော်ချက်ကို စိတ်နှလုံးထဲတွင် ထားရှိလျက် စာတန်ရှေ့၌ ဒူးထောက်မည် မဟုတ်ပါ။ ကျွန်ုပ်ဦးခေါင်း ပြတ်ကျ၍ သွေးများ ယိုဖိတ်ကျစေကာမူ ဘုရားသခင်၏ လူများ၏ မဏ္ဍိုင်ကို ချိုးဖျက်၍ မရနိုင်ပါ။ ဘုရားသခင်အတွက် အားကောင်းသော သက်သေခံချက်ကို ကျွန်ုပ် ပေးမည်ဖြစ်ပြီး နတ်ဆိုးများနှင့် စာတန်ကို အရှက်ခွဲပါမည်။ နာကျင်မှုနှင့် အခက်အခဲများသည် ဘုရားသခင် ကြိုတင်ပြဋ္ဌာန်းထားခြင်း ဖြစ်သည်၊ ကိုယ်တော့်အပေါ် သေသည်အထိ သစ္စာစောင့်သိပြီး ကျိုးနွံနာခံပါမည်။ ဘုရားသခင်ကို ထပ်၍ ငိုကြွေးစေခြင်း သို့မဟုတ် ပူပန်စေခြင်း မည်သည့်အခါမျှ ပြုမည်မဟုတ်ပါ။ ဘုရားသခင်ထံ ကျွန်ုပ်၏ မေတ္တာနှင့် သစ္စာစောင့်သိမှုကို ပူဇော်ဆက်ကပ်ပြီး ကိုယ်တော့်ကို ဘုန်းထင်ရှားစေရန် ကျွန်ုပ်၏ အထူးတာဝန်ကို ပြီးမြောက်ပါမည်။”(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ဒီဓမ္မတေးက ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အား ပေးခဲ့တယ်။ ကျွန်မ သူရဲဘောကြောင်တဲ့ လူပျော့လူညံ့တစ်ယောက် ဖြစ်လို့မရဘူး။ ဒီဆင်းရဲဒုက္ခက ဘုရားသခင်ဆီက ကောင်းချီးတစ်ခုပဲ၊ ရဲတွေ ကျွန်မကို ဘယ်လိုပဲ နှိပ်စက်ပါစေ၊ ကျွန်မ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး စာတန်ကို ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး။ ဘုရားသခင်က ကျွန်မဘေးနားမှာ ရှိနေပြီး အချိန်တိုင်း ကူညီလမ်းပြပေးနေတယ်၊ ကျွန်မရဲ့ ကျောက်ဆောင်ဖြစ်တယ်လို့ ခံစားရပြီး ကျွန်မစိတ်နှလုံးက အရမ်းကို တို့ထိခံလိုက်ရတယ်။ ကျွန်မ ဘာမှပြောမှာ မဟုတ်တာကို ရဲက မြင်တော့ ကျွန်မ ခါးအောက်ပိုင်းကို အားကုန် ကန်ထည့်လိုက်တာ နာလွန်းလို့ ကျွန်မ အော်ဟစ်လိုက်မိတယ်။ ခါးကျိုးသွားသလိုပဲ ခံစားလိုက်ရတယ်။ ကျွန်မ ကြမ်းပြင်ပေါ်မှာ ကွေးနေပြီး မလှုပ်နိုင်တော့ဘူး။ နာကျင်နေတဲ့ကြားက ကျွန်မ ရဲကို ဒေါသတကြီး မော့ကြည့်ပြီး ပြောလိုက်တယ်။ “ကျွန်မက သမ္မာတရားကို လိုက်စားပြီး လူကောင်းဖြစ်ဖို့အတွက်ပဲ ဘုရားသခင်ကို ယုံကြည်တာ၊ ဥပဒေနဲ့ မလွတ်ကင်းတာ ဘာတစ်ခုမှ မလုပ်ခဲ့ဘူး၊ ရှင်တို့ ဘာလို့ ကျွန်မကို ဒီလို ရိုက်နှက်နေရတာလဲ” လို့ပေါ့။ အရာရှိက အံကြိတ်ပြီး ပြောတယ်။ “နင်က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်လို့ ငါ ရိုက်တာ။ နင့်ကို ကြည့်ရတာတောင် ရွံဖို့ကောင်းတယ်။ နင်တို့အုပ်စုက နိုင်ငံရေး ရာဇဝတ်ကောင်တွေပဲ” တဲ့။ ကျွန်မက “ကျွန်မတို့ ယုံကြည်ခြင်းမှာ စုဝေးပြီး ဘုရားနှုတ်ကပတ်တော် ဖတ်တာပဲ ရှိတယ်။ နိုင်ငံရေးနဲ့ ဘာမှ မပတ်သက်ဘူး။ မူးယစ်ဆေးဝါး သုံးစွဲသူတွေ၊ သူများကို လိမ်ညာလှည့်ဖြားနေတဲ့သူတွေကိုကျတော့ ရှင်တို့ လွှတ်ထားပြီး ဘုရားသခင်ကို ယုံကြည်တဲ့ ကျွန်မတို့ကျတော့ လိုက်ဖမ်းနေတယ်။ ဥပဒေဆိုတာ ရှိသေးရဲ့လား” လို့ ပြန်ပြောလိုက်တယ်။ အရာရှိက ပြန်ပြောတယ်။ “ဆေးသမားတွေနဲ့ လိမ်ညာလှည့်ဖြားသူတွေက ကိုယ့်အကျိုးစီးပွားအတွက်ပဲ လုပ်ကြတာ၊ ဒါပေမဲ့ နင်တို့လူတွေက မတူဘူး။ ငါတို့သာ နင်တို့ကို မဖမ်းရင် လူတွေက နင်တို့နောက်လိုက်ပြီး ဘုရားသခင်ကို ယုံကြည်ကုန်ရင် ကွန်မြူနစ်ပါတီ စကားကို ဘယ်သူ နားထောင်တော့မှာလဲ” တဲ့။ ဒီအချိန်မှာ နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့ ခေါင်းဆောင်က ကျွန်မကို လက်ညှိုးထိုးပြီး တခြားအရာရှိတွေကို ပြောတယ်။ “သူ မဝန်ခံရင် ငါတို့တာဝန် ပြီးမှာ မဟုတ်ဘူး၊ ဆုကြေးလည်း ရမှာ မဟုတ်ဘူး။ သူ့ကို ဒီတိုင်း လွှတ်ပေးလို့ မရဘူး၊ သူ ဖွင့်ပြောတဲ့အထိ ဆက်ရိုက်” တဲ့။ အဲဒီနောက် အရာရှိနှစ်ယောက်က ကျွန်မမျက်နှာကို တရစပ် လက်သီးနဲ့ ထိုးကြပါလေရော၊ နှုတ်ခမ်းကွဲပြီး သွေးတွေ အများကြီး ထွက်လာတယ်။ သူတို့က ကျွန်မကို ဆက်တိုက် ရိုက်နှက်ပြီး “နင် မဝန်ခံရင် နင့်ကို မျက်ကန်း၊ နားပင်း၊ အအ ဖြစ်အောင် ရိုက်ပြီး တစ်သက်လုံး ဒုက္ခိတဖြစ်သွားအောင် လုပ်ပစ်မယ်။ နင် သေချင်စိတ်ပေါက်သွားအောင် ငါ လုပ်ပေးမယ်” ဆိုပြီး ဆဲဆိုတယ်။ ဆယ်မိနစ်ကျော်လောက်ကြာတော့ ကျွန်မကို ရိုက်နေတဲ့ အရာရှိနှစ်ယောက် မောသွားပြီး ဆိုဖာပေါ်မှာ ထိုင်ရင်း မောဟိုက်ပြီး ဆေးလိပ်သောက်နေကြတယ်။ ပြီးတော့ သူတို့က ကျွန်မယောကျာ်းနဲ့ ကလေးတွေအကြောင်း ပြောပြီး ဖြောင်းဖျဖို့ ကြိုးစားပြန်တယ်၊ ဝန်မခံရင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရမယ်လို့ ခြိမ်းခြောက်တယ်။ ကျွန်မ တွေးမိတယ်။ “ငါ့ပြစ်ဒဏ် ဘယ်လောက်ကျမယ်ဆိုတာ နင်တို့ သဘောမဟုတ်ဘူး၊ ဘုရားသခင်လက်ထဲမှာပဲ ရှိတယ်။ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျရင်တောင်မှ သက်သေခံချက်မှာ ငါ ခိုင်ခိုင်မာမာ ရပ်တည်ရမယ်” ပေါ့။ ညနက်တဲ့အထိ ရဲတွေက အသင်းတော်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက် တစ်ခုမှ မရလိုက်ကြဘူး၊ ဒါနဲ့ သူတို့ စိတ်ပျက်လက်ပျက်နဲ့ စစ်ဆေးမေးမြန်းခန်းထဲကနေ ထွက်သွားကြတယ်။ အဲဒီနေ့က ကျွန်မ ဆယ်နာရီကျော်ကြာ နှိပ်စက်ခံခဲ့ရတယ်၊ ရေတစ်စက်၊ ထမင်းတစ်လုပ်မှ မစားခဲ့ရဘူး။ တစ်ကိုယ်လုံး အားနည်းပြီး ကိုက်ခဲနေကာ ခြေထောက်တွေလည်း မတ်တပ်ရပ်ဖို့ အားမရှိတော့ဘူး။ ညနက်ပိုင်းမှာ ရဲနှစ်ယောက်က ကျွန်မကို ကားတစ်စီးပေါ် တရွတ်တိုက် ဆွဲတင်ပြီး ထိန်းသိမ်းရေးစခန်းတစ်ခုကို ပို့လိုက်တယ်။
ကျွန်မတို့ ရောက်သွားတဲ့အချိန်မှာ မနက် ၂ နာရီ ထိုးနေပြီ၊ ရဲတွေက တာဝန်ကျ ရဲမေတွေကို ကျွန်မက အရှေ့အရပ်မှ လျှပ်ပြက်ခြင်း အဖွဲ့ဝင်ဖြစ်တဲ့အကြောင်း ပြောပြီး အချုပ်ခန်းခေါင်းဆောင်ကို ကျွန်မအား “ကောင်းကောင်း ပြုစုစောင့်ရှောက်ဖို့” မှာလိုက်တယ်။ အချုပ်ခန်းကို ရောက်တော့ ရဲမေတစ်ယောက်က အချုပ်ခန်းခေါင်းဆောင် နားနားကပ်ပြီး တစ်ခုခု တိုးတိုးလေး ပြောလိုက်တာ ကျွန်မ မကြားလိုက်ရဘူး။ အချုပ်ခန်းခေါင်းဆောင်က အိပ်နေတဲ့ တခြားအကျဉ်းသားတွေကို အော်ဟစ်နှိုးပြီး ကျွန်မကို ကြမ်းပြင်ပေါ် တွန်းလှဲလိုက်တယ်။ သူက “သူ့ကို ဝိုင်းရိုက်ကြ၊ သူက အရှေ့အရပ်မှ လျှပ်ပြက်ခြင်း အဖွဲ့ဝင်ပဲ” ဆိုပြီး အော်ပြောတယ်။ အကျဉ်းသား ခြောက်ယောက် ပြေးဝင်လာကြတယ်။ တချို့က ကန်တယ်၊ တချို့က ဆံပင်ကို ဆွဲတယ်၊ ကျွန်မ လုပ်နိုင်တာက ခေါင်းကို လက်နဲ့အုပ်၊ ကွေးနေပြီး သူတို့ ရိုက်တာကို ခံနေရုံပဲ ရှိတော့တယ်။ အချုပ်ခန်းခေါင်းဆောင်က ဘေးကနေ ရပ်ပြီး “နင့်ကို အရှေ့အရပ်မှ လျှပ်ပြက်ခြင်းထဲ ဝင်အောင် ဘယ်သူက ခိုင်းတာလဲ။ နင့်ဘုရားက နင့်ကို ဘာလို့ လာမကယ်တာလဲ။ နင် ဘုရားသခင်ကို မယုံကြည်တော့ရင် ငါတို့ ရိုက်တာ ရပ်ပေးမယ်” ဆိုပြီး ဆဲဆိုတယ်။ မြေကြီးပေါ်မှာ လူးလှိမ့်ပြီး အရိုက်ခံနေရတုန်း ရဲတွေက ကျွန်မကို “ကောင်းကောင်း ပြုစုစောင့်ရှောက်ဖို့” အချုပ်ခန်းခေါင်းဆောင်ကို ပြောလိုက်တာဟာ ကျွန်မကို နှိပ်စက်ခိုင်းတာပဲဆိုတာကို ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မ ဒီနတ်ဆိုးတွေကို စိတ်နှလုံးအကြွင်းမဲ့ မုန်းတီးမိတယ်။ သူတို့က ကျွန်မကို နာရီဝက်လောက်ကြာအောင် ရိုက်နှက်ပြီးနောက်မှာ အချုပ်ခန်းခေါင်းဆောင်က ညဘက် ကင်းစောင့်ဖို့ အိမ်သာဘေးမှာ ကျွန်မကို ထိုင်ခိုင်းထားတယ်။ ကျွန်မမှာ ဆိုးဆိုးရွားရွား နှိပ်စက်ခံထားရလို့ ခေါင်းထောင်ဖို့တောင် အားမရှိတော့ဘူး။ ဖြည်းဖြည်းလေးပဲ လှုပ်ရှားနိုင်ပြီး အိမ်သာနံရံကို မှီထားလိုက်တယ်။ ကျွန်မ မှေးခနဲဖြစ်သွားတိုင်း လူတွေ အိမ်သာထသွားတာကို တစ်ခါတလေ ကြားရပြီး တချို့က အပေါ့သွားပြီးတာနဲ့ ကျွန်မကို ကန်ကျောက်သွားကြတယ်။ အိမ်သာက အနံ့ဆိုးတွေကြောင့် ကျွန်မ ပျို့အန်ချင်လာတယ်။ ငယ်ငယ်ကတည်းက မိဘတွေက ကျွန်မအပေါ် အရမ်းကြင်နာခဲ့ကြသလို အိမ်ထောင်ကျပြီးတော့လည်း ခင်ပွန်းက ကျွန်မအပေါ် ကောင်းခဲ့တယ်။ ဘယ်သူကမှ ကျွန်မကို ဒီလို မဆက်ဆံခဲ့ဖူးဘူး။ ဘုရားသခင်ကို ယုံကြည်ရုံလေးနဲ့ ကျွန်မ ဒီလို ရက်စက်တဲ့ နှိပ်စက်မှုနဲ့ အရှက်ခွဲမှုကို ခံစားနေရတာ။ ကျွန်မ တော်တော်လေး ဝမ်းနည်းမိတယ်။ သူတို့ ကျွန်မကို ဆက်ရိုက်ကြဦးမလား၊ ဒီနေရာမှာ ဘယ်လောက်ကြာကြာ နေရဦးမလဲ၊ ခံနိုင်ရည် ရှိပါ့မလားဆိုတာ ကျွန်မ မသိဘူး။ တွေးမိလေ ခံစားရလေဖြစ်ပြီး ကျွန်မ မျက်ရည်တွေ ကျလာတာကို မထိန်းနိုင်တော့ဘူး။ အဲဒီအချိန်မှာ “သင်၏ ဒုက္ခမည်မျှပင်ကြီးပါစေ၊ ဘုရားကို ကြိုးစားချစ်ပါ” ဆိုတဲ့ ဓမ္မတေးကို ကျွန်မ သတိရလိုက်တယ်။ “ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဆင်းရဲဒုက္ခက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာစောင့်သိပြီး ဘုရားစီစဉ်ညွှန်ကြားမှု၏ ပြုသမျှကိုခံရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး ဤအရာသည်သာလျှင် ခိုင်မာ၍ အားကောင်းသည့် သက်သေခံချက်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ပြန်စဉ်းစားကြည့်လိုက်တော့ အဖမ်းမခံရခင်၊ နှိပ်စက်မခံရခင်တုန်းက ဘုရားသခင်အပေါ်ထားတဲ့ ကျွန်မရဲ့ ယုံကြည်ခြင်းက အရမ်းခိုင်မာတယ်လို့ အမြဲခံစားခဲ့ရပြီး အသင်းတော်ရဲ့ ကိစ္စရပ်တိုင်းမှာ ကျွန်မက အမြဲ ရှေ့တန်းကပဲ။ တာဝန်တွေ ထမ်းဆောင်ရာမှာ သူများတွေ မခံနိုင်တဲ့ ဒုက္ခကို ကျွန်မ ခံနိုင်ခဲ့တယ်၊ ဘုရားသခင်ကို အချစ်ဆုံးလူက ငါပဲလို့ ကိုယ့်ကိုယ်ကိုယ် အမြဲ ထင်ခဲ့တယ်။ ဒါပေမဲ့ အခု အဖမ်းခံရပြီး နှိပ်စက်ခံရတော့မှ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုက ဘယ်လောက် သေးငယ်လဲဆိုတာ မြင်လိုက်ရတယ်။ ဆင်းရဲဒုက္ခနဲ့ အရှက်ခွဲခံရမှု နည်းနည်းလေး ကြုံရတာနဲ့ ကျွန်မ ဒီပတ်ဝန်းကျင်ကနေ လွတ်မြောက်ချင်သွားတယ်။ ဒါက ကျွန်မမှာ နာခံမှု မရှိသလောက်ပဲဆိုတာနဲ့ ဘုရားသခင်အပေါ်ထားတဲ့ ယုံကြည်ခြင်းက အရမ်းနည်းတယ်ဆိုတာကို ပြနေတာပဲ။ ကျွန်မ အားနည်းနေတဲ့ အချိန်တိုင်းမှာ ဘုရားသခင်က ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကို အသုံးပြုပြီး ကျွန်မကို လမ်းပြပေးခဲ့တယ်၊ စာတန်ရဲ့ လှည့်ကွက်တွေကို အကြိမ်ကြိမ် ပိုင်းခြားသိမြင်နိုင်အောင် ကူညီပေးခဲ့တယ်ဆိုတာကိုလည်း ကျွန်မ ပြန်သတိရလိုက်တယ်။ ဘုရားသခင်ရဲ့ မေတ္တာက တကယ် ကြီးမားပါတယ်။ “ငါ့အသက်ရှိနေသရွေ့ စာတန်ကို ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး” လို့ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ချက်ချလိုက်တယ်။
နောက်တစ်နေ့ မိုးလင်းတော့ အချုပ်ခန်းခေါင်းဆောင်က ထလာပြီး အိမ်သာတက်တယ်၊ ပြီးတော့ ကျွန်မကို ကန်ကျောက်ပြီး အိမ်သာဆေးဖို့ ထခိုင်းတယ်။ ရဲတွေရဲ့ နှိပ်စက်တာကို ဆယ်နာရီကျော် ခံထားရလို့ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီး အိမ်သာဆေးဖို့ နေနေသာသာ စကားပြောဖို့တောင် အားမရှိတော့ဘူး။ ကျွန်မ မလှုပ်တာကို မြင်တော့ အချုပ်ခန်းခေါင်းဆောင်က တခြားအကျဉ်းသားတွေကို ခေါ်ပြီး ကျွန်မကို ထပ်ရိုက်ခိုင်းတယ်။ ကျွန်မ ကြမ်းပြင်ပေါ် လဲကျသွားပြီး သတိလစ်လုမတတ် ဖြစ်သွားတယ်။ လူသတ်မှုနဲ့ ထောင်ကျနေသူတစ်ယောက်က ရက်ရက်စက်စက် ပြောတယ်။ “သူ့ကို ဒီတိုင်း လွှတ်မထားနဲ့။ ထပြီး အိမ်သာဆေးခိုင်း” တဲ့။ အဲဒီလိုပြောပြီးနောက် အကျဉ်းသားတချို့က ကျွန်မကို အိမ်သာဆီ တရွတ်တိုက် ဆွဲခေါ်သွားပြီး အိမ်သာခွက်ထဲကို ကျွန်မလက်တွေ အတင်း ထိုးထည့်ကြတယ်။ ငုံ့ကြည့်လိုက်တော့ အိမ်သာခွက်ထဲမှာ မစင်တွေ ပြည့်နေတာ တွေ့လိုက်ရတယ်၊ နံစော်နေတဲ့ အနံ့ကြောင့် ကျွန်မ ပျို့ပြီး အန်ချင်လာတယ်။ အကျဉ်းသားတွေက ဘေးမှာ ရပ်ပြီး နှာခေါင်းပိတ်လို့ အားရပါးရ ရယ်မောနေကြတယ်။ သူတို့ရဲ့ ရယ်သံက ခြောက်ခြားစရာကောင်းပြီး ငရဲက လာသလိုပဲ။ သူတို့ ကျွန်မကို အရှက်ခွဲတာ ဒီမှာတင် မရပ်သေးဘူး။ လူသတ်သမားက ကျွန်မလက်မောင်းကို ဆွဲပြီး အိမ်သာခွက်ကို လက်နဲ့ဆေးခိုင်းရင်း သတိပေးတယ်။ “နင် ဒီအိမ်သာကို ပြောင်လက်နေအောင် မဆေးရင် နင့်ကို သတ်ပစ်မယ်။ နင်တို့လို ဘုရားယုံတဲ့သူတွေ ဒီမှာ အရိုက်ခံရပြီး သေသွားလည်း ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး” တဲ့။ အိမ်သာဆေးပြီးတော့ သူတို့က ကျွန်မကို ကြမ်းပြင်ပေါ် ဒူးထောက်ခိုင်းပြီး ကြမ်းတိုက်ခိုင်းတယ်။ ကျွန်မ အရှေ့ဘက်ကို တိုက်ပြီးတာနဲ့ အချုပ်ခန်းခေါင်းဆောင်က တိုက်ပြီးသားနေရာကို ညစ်ပတ်အောင် တမင် ပြန်လုပ်တယ်၊ ပြီးတော့ “ပြန်သွားပြီး ထပ်တိုက်။ မပြောင်ရင် ထမင်းစားရမယ်လို့ စိတ်ကူးနဲ့တောင် မယဉ်နဲ့” ဆိုပြီး အမိန့်ပေးတယ်။ ကျွန်မမှာ ပြန်သွားပြီး ထပ်တိုက်ရုံကလွဲပြီး ရွေးချယ်စရာ မရှိဘူး။ ထမင်းစားချိန်ကျတော့ ကျွန်မ ပေါက်စီတစ်လုံးကို လှမ်းယူခါနီးမှာပဲ အချုပ်ခန်းခေါင်းဆောင်က ဆွဲယူလိုက်ပြီး အပိုင်းပိုင်း ချိုးလို့ ကြမ်းပြင်ပေါ် ပစ်ချပြီး ခြေထောက်နဲ့ နင်းခြေလိုက်တယ်။ ပြီးတော့ “နင် ကောင်းကောင်း မဝန်ခံရင် ပေါက်စီစားထိုက်တယ်လို့ ထင်နေလား။ နင်က ငတ်သေဖို့ပဲ ထိုက်တန်တာ” လို့ ပြောတယ်။ နေ့တိုင်း အကျဉ်းသားတွေက ကျွန်မကို အိမ်သာဆေးခိုင်း၊ ကြမ်းတိုက်ခိုင်းပြီး ညဘက်ကျရင် ပေးမအိပ်ဘဲ ဒီလိုနဲ့ပဲ အချိန်တွေ ကုန်လွန်ခဲ့တယ်။
လေးရက်မြောက်နေ့ မနက်မှာ ရဲတွေက ကျွန်မကို စစ်ဆေးမေးမြန်းဖို့ ထပ်ရောက်လာတယ်။ အဲဒီအချိန်က ဆောင်းရာသီ အလယ်လောက်မို့လို့ အေးခဲနေတာပဲ။ ကျွန်မ စစ်ဆေးမေးမြန်းခန်းထဲ ဝင်ဝင်ချင်း ရဲတွေက ကျွန်မရဲ့ ဝါဂွမ်းအနွေးထည်ကို ဆွဲချွတ်ပြီး “နင် မဖွင့်ပြောရင် ဒီနေ့ နင့်ကို အေးပြီး သေသွားအောင် လုပ်ပစ်မယ်” လို့ ခက်ခက်ထန်ထန် ပြောတယ်။ ကျွန်မမှာ ဆွယ်တာပါးပါးလေး တစ်ထည်ပဲ ကျန်တော့ပြီး တစ်ကိုယ်လုံး တုန်နေတယ်။ ရဲတွေက ကျွန်မကို နံရံဘက် ဆွဲခေါ်သွားပြီး အပူပေးပိုက်လုံးမှာ ချိတ်ဆွဲထားလိုက်တော့ ကျွန်မ ခြေဖျားလေးပဲ ကြမ်းပြင်ကို ထိနိုင်တော့တယ်။ တစ်နာရီလောက်ကြာတော့ နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့ ခေါင်းဆောင် ဝင်လာပြီး ကျွန်မကို ပိုက်လုံးပေါ်ကနေ ချပေးတယ်။ သူက ပြုံးပြီး ပြောတယ်။ “ငါက လူတွေကို ဘယ်တော့မှ မရိုက်ဘူး၊ ငါက မင်းကို အမှန်အတိုင်း ဖွင့်ပြောစေချင်တာ။ မင်းရဲ့ ဝန်ခံချက်ကို ကိုယ်တိုင် ရေးမလား၊ ဒါမှမဟုတ် ငါ့ကို နှုတ်တိုက် ပြောပြမလား။ လွန်ခဲ့တဲ့ ရက်ပိုင်းမှာ မင်းအခြေအနေကို ငါတို့ ထပ်စုံစမ်းခဲ့တယ်။ မင်းက ခေါင်းဆောင်တစ်ယောက်ပဲ၊ အဲဒါကို သက်သေပြဖို့ ငါတို့မှာ သက်သေတွေ၊ အထောက်အထားတွေ ရှိပြီးသား။ ဒါပေမဲ့ မင်းကိုယ်တိုင် ဝန်ခံတာကို ငါတို့ လိုချင်တာ။ မင်း ဝန်ခံရင် မင်းမိသားစုဆီ အခုချက်ချင်း ပြန်ပို့ပေးမယ်” တဲ့။ ရဲမေတစ်ယောက်ကလည်း ကျွန်မရှေ့မှာ ထိုင်ပြီး သူတို့ပြောတာကို ထောက်ခံရင်း ပြောတယ်။ “တို့ ညီမအိမ်ကို သွားခဲ့တယ်၊ ညီမ အမျိုးသားက သနားစရာ ကောင်းလိုက်တာ၊ ကလေးတွေကလည်း အမေကို တ၊ ပြီး ငိုနေကြတယ်။ မိခင်တစ်ယောက်အနေနဲ့ ညီမ သူတို့ကို ဘယ်လိုလုပ် ပစ်ထားရက်ရတာလဲ။ ညီမက မိခင်တစ်ယောက် ဖြစ်ထိုက်ရဲ့လား။ အသင်းတော်မှာ ဘာတွေဖြစ်နေလဲဆိုတာ မြန်မြန် ပြောပြလိုက်စမ်းပါ၊ ပြီးရင် ညီမကို မိသားစုနဲ့ ပြန်ဆုံဖို့ အိမ်တန်းပြန်ပို့ပေးမယ်” တဲ့။ ရဲတွေပြောတာကို ကြားတော့ ကျွန်မ စိတ်ထဲမှာ အရမ်း ဒွိဟဖြစ်သွားတယ်။ “အိမ်ပြန်ပြီး ကလေးတွေကို စောင့်ရှောက်နိုင်အောင် ငါ ဝန်ခံလိုက်ရင် ကောင်းမလား” ပေါ့။ ပြီးတော့မှ ယုဒရဲ့ အဆုံးသတ်ကို ကျွန်မ သတိရလိုက်ပြီး ဒါဟာ စာတန်ရဲ့ လှည့်ကွက်မှန်း သဘောပေါက်သွားတယ်။ ရဲတွေက ချစ်ခင်တွယ်တာမှုကို အသုံးပြုပြီး ကျွန်မ ဘုရားသခင်ကို သစ္စာဖောက်အောင် ကြိုးစားနေတာ။ သူတို့နည်းလမ်းတွေက တကယ် စက်ဆုပ်စရာ ကောင်းလိုက်တာ။ ကလေးတွေကို မစောင့်ရှောက်နိုင်တာ၊ မိခင်တစ်ယောက်ရဲ့ တာဝန်မကျေနိုင်တာ အားလုံးက သူတို့အပြစ်တွေချည်းပဲ။ ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်တာ၊ ဘုရားသခင်ကို ယုံကြည်တာက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတယ်၊ ကျွန်မ ဥပဒေနဲ့ မလွတ်ကင်းတာ ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ ဒါပေမဲ့ သူတို့က အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲ ကျွန်မကို ဖမ်းပြီး နှိပ်စက်တယ်၊ အခုကျတော့ လူကောင်းလိုလို ဟန်ဆောင်ပြီး ကလေးတွေကို မစောင့်ရှောက်လို့ ကျွန်မက မိခင်ကောင်း မဟုတ်ဘူးလို့ ပြောနေကြတယ်။ သူတို့က အဖြစ်မှန်ကို လိမ်ညာပြီး အဖြူကို အမည်း၊ အမည်းကို အဖြူ ဖြစ်အောင် ပြောနေကြတာပဲ။ ကလေးတွေက ကျွန်မရဲ့ သေနိုင်လောက်တဲ့ အားနည်းချက် ဖြစ်နေတော့ ကျွန်မ ပိုပြီး ဆုတောင်းရမယ်၊ ဘုရားသခင်ကို အားကိုးရမယ်။ ချစ်ခင်တွယ်တာမှုကြောင့် ဘုရားသခင်ကို သစ္စာဖောက်ပြီး အသိစိတ်မရှိတဲ့ ယုဒတစ်ယောက် အဖြစ်မခံနိုင်ဘူး။ ကျွန်မ ဘာမှမပြောတာကို မြင်တော့ နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့ ခေါင်းဆောင်က အရမ်း နူးညံ့သိမ်မွေ့တဲ့ လေသံနဲ့ ပြောတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာနဲ့ပဲ ဒီလောက် ဆင်းရဲဒုက္ခခံရတာ တန်လို့လား။ တခြားသူတွေက မင်း ဘုရားသခင်ကို ယုံကြည်ကြောင်း ငါတို့ကို တိုင်ထားပြီးသား။ ဝန်မခံဘဲ သူများကို ကာကွယ်ပေးနေတာ မိုက်မဲရာ မကျဘူးလား” တဲ့။ ကျွန်မက “သူတို့ ပြောတာ၊ မပြောတာတွေက ကျွန်မနဲ့ ဘာမှ မဆိုင်ဘူး။ ကျွန်မ ဘာမှ မသိဘူး၊ ဘယ်သူ့ကိုမှလည်း မသိဘူး” လို့ ပြတ်ပြတ်သားသား ပြောလိုက်တယ်။ ကျွန်မ ပြောပြီးတာနဲ့ ခေါင်းဆောင်က ဒေါသတကြီး စားပွဲကို လက်သီးနဲ့ ထုပြီး ပြောတယ်။ “မင်း ဝန်မခံရင် အလုပ်ကြမ်းနဲ့ ပြန်လည်ပညာပေးရေး သုံးနှစ် တကယ် ချမှတ်ခံရလိမ့်မယ်။ ငါတို့ မင်းကို ပြောင်းလဲသွားအောင် ဖမ်းထားတာ၊ မှားနေတာကို ဇွတ်အတင်း ဆက်မလုပ်နဲ့တော့။ မင်းသိတာတွေကို မြန်မြန် ဝန်ခံလိုက်။ ဒီနေ့ မင်း စားသောက်နေတာ အကုန်လုံးကို ကွန်မြူနစ်ပါတီက ထောက်ပံ့ပေးထားတာ မဟုတ်ဘူးလား” တဲ့။ အဲဒါကို ကြားတော့ ကျွန်မ သူ့ကို ပြင်းပြင်းထန်ထန် ပြန်ချေပလိုက်တယ်။ “ကျွန်မတို့ ယုံကြည်တဲ့ ဘုရားသခင်က ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းကို ဖန်ဆင်းတဲ့ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားသခင်ပါ။ နွေ၊ မိုး၊ ဆောင်း ဥတုရာသီတွေကို ဘုရားသခင်က စီမံခန့်ခွဲထားတာ။ ရှင် စားသောက်နေတဲ့ အရာအားလုံးကို ဘုရားသခင်က ထောက်ပံ့ပေးထားတာ မဟုတ်ဘူးလား။ ဘုရားသခင် ဖန်ဆင်းထားတဲ့အရာတွေရဲ့ ထောက်ပံ့မှုနဲ့ အာဟာရသာ မရှိရင် လူသားတွေအတွက် ရှင် အခုထိ အသက်ရှင်နိုင်ပါ့မလား” လို့ပေါ့။ ကျွန်မ ပြောပြီးတာနဲ့ သူ့မျက်နှာ မည်းမှောင်သွားတယ်။ သူက ကျွန်မကို လက်ညှိုးထိုးပြီး “ငါ ဒီနေ့ မင်းကို ဒီလောက် အများကြီး ပြောတာတောင် မင်းက တစ်ခွန်းမှ နားမထောင်ဘူး။ မင်းက တကယ် ကယ်လို့မရတော့ဘူးပဲ” လို့ အံကြိတ်ပြီး ပြောတယ်။ နောက်ဆုံးတော့ သူ ဒေါသတကြီး ထွက်သွားတယ်။ မကြာခင်မှာ နောက်ထပ် ရဲနှစ်ယောက် ဝင်လာပြီး ချက်ချင်းပဲ ကျွန်မကို အပူပေးပိုက်လုံးမှာ ပြန်ချိတ်ဆွဲလိုက်တယ်။ ရဲတစ်ယောက်က ကျွန်မကျောကို လျှပ်စစ်တုတ်နဲ့ ရိုက်တော့ ကျွန်မ အလိုလို ရှောင်မိလိုက်ပေမဲ့ လှုပ်လိုက်တိုင်း လက်ထိတ်သွားတွေက ကျွန်မအသားထဲ စူးဝင်သွားပြီး မခံမရပ်နိုင်အောင် နာကျင်ရတယ်။ အရာရှိက ကျွန်မကို ရိုက်ရင်းနဲ့ “နင်က အာဇာနည် လုပ်ချင်သေးတာလား။ ဒီနေ့ နင့်ကို သေအောင် မရိုက်ရင်တောင်မှ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရမှာ” လို့ ဆဲဆိုတယ်။ ပြီးတော့ သူက ကျွန်မဆံပင်ကို ဆွဲပြီး ခေါင်းကို နံရံနဲ့ ဆောင့်တယ်။ ဆောင့်မိတဲ့ အရှိန်ကြောင့် ကျွန်မ ခေါင်းမူးပြီး အာရုံတွေ ထွေပြားသွားကာ နဖူးမှာ အဖုကြီးတစ်လုံး ချက်ချင်း ထလာပြီး မျက်လုံးတွေလည်း ကြောက်စရာကောင်းလောက်အောင် ရောင်ရမ်းလာတယ်။ ပြီးတော့ သူက ကျွန်မဆံပင်ကို ထပ်ဆွဲပြီး သဲအိတ်ကို ထိုးသလိုမျိုး ကျွန်မကို လက်သီးနဲ့ ထိုးတော့တာပဲ။ အရိုးတွေ ကျိုးကုန်သလို ခံစားရပြီး ရင်ဘတ်ထဲမှာလည်း ဆို့နင့်နေကာ အသက်ရှူရ ခက်လာလို့ ကျွန်မ နာလွန်းလို့ အော်ဟစ်လိုက်မိတယ်။ သူက “နင်က ဘုရားကိုးကွယ်တဲ့သူပဲ။ နင့်ပါးစပ်က ငါ့လက်သီးထက် ပိုမာမလား ကြည့်ကြသေးတာပေါ့။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဒီနေ့ နင့်ပါးစပ်ကို အတင်း ကလော်ဖွင့်မှာပဲ” ဆိုပြီး ဆဲဆိုကာ ရိုက်နှက်တယ်။ အဲဒီလိုပြောပြီး ကျွန်မခေါင်းကို ပြင်းပြင်းထန်ထန် ထိုးလိုက်တော့ အရာအားလုံး မည်းမှောင်သွားပြီး ကျွန်မ ချက်ချင်း သတိလစ်သွားတယ်။ ကျွန်မ သတိပြန်ရလာဖို့ ဘယ်လောက်ကြာသွားလဲ မသိဘူး။ ရဲအရာရှိက ကျွန်မကို အော်ပြောတယ်။ “သေချင်ယောင် ဆောင်နေတုန်းလား။ နင် မဝန်ခံရင် နင့်ကို အပြင်ထုတ်ပြီး စောင့်နေတဲ့ ခွေးတွေကျွေးပစ်မယ်” တဲ့။ ကျွန်မ ရှင်တာ၊ သေတာက ဘုရားသခင်လက်ထဲမှာ ရှိမှန်း သိတယ်။ ဘုရားသခင် ခွင့်မပြုရင် ရဲတွေက ကျွန်မကို ဘာမှ လုပ်လို့မရဘူး။ သူတို့ ကျွန်မခန္ဓာကိုယ်ကို နှိပ်စက်ပြီး အသက်ကို ယူသွားရင်တောင်မှ ကျွန်မဝိညာဉ်က ဘုရားသခင်လက်ထဲမှာပဲ ရှိတယ်။ ဒီအတွေးက ကျွန်မကို ကြောက်စိတ် လျော့နည်းစေတယ်။ “ငါ့ကို သေအောင် ရိုက်ရင်တောင်မှ သက်သေခံချက်မှာ ငါ ခိုင်ခိုင်မာမာ ရပ်တည်မယ်။ ယုဒ ဘယ်တော့မှ အဖြစ်မခံဘူး” လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။
ကျွန်မ ပိုက်လုံးမှာ သုံးရက်သုံးည ချိတ်ဆွဲခံထားရတယ်။ အဲဒီမှာ ချိတ်ဆွဲခံထားရတာ ကြာလွန်းလို့ ခြေထောက်နှစ်ဖက်စလုံး ရောင်ရမ်းလာတယ်။ ခါးကနေ ခြေထောက်အထိ နာကျင်မှုက မခံမရပ်နိုင်အောင် ဖြစ်လာလို့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ သမီး ဘယ်လောက်ကြာကြာ ဆက်ပြီး ခံနိုင်မလဲ မသိတော့ဘူး။ ဒီနှိပ်စက်မှုကို ခံနိုင်ရည် မရှိတော့မှာ စိုးရိမ်တယ်။ ဘုရားသခင်၊ သမီးအသက်ကို ယူသွားပါတော့။ ယုဒ ဖြစ်ရတာထက်စာရင် သေပဲသေလိုက်ချင်ပါတယ်” လို့ပေါ့။ ဆုတောင်းပြီးနောက်မှာ တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရတယ်။ ခြေထောက်တွေ ထုံကျဉ်သွားပြီး နာကျင်တာ မရှိတော့ဘူး။ ဘုရားသခင်က ကျွန်မရဲ့ နာကျင်မှုကို ဖယ်ရှားပေးလိုက်တဲ့ ကိုယ်တော်ရဲ့ အံ့ဖွယ်လုပ်ဆောင်ချက်ကို ကျွန်မ မြင်တွေ့ခဲ့ရပြီး စိတ်နှလုံးထဲကနေ ဘုရားသခင်ကို ကျေးဇူးတင်နေမိတယ်။ နောက်တစ်နေ့မနက်မှာ ကျွန်မ ဘာမှမပြောသေးတာကို ရဲတွေ မြင်တော့ သူတို့ ကျွန်မကို အော်ပြောတယ်။ “နင် ဘယ်လောက်ကြာကြာ ခံနိုင်ဦးမယ် ထင်လဲ။ နင့်မျက်နှာကိုလည်း ကြည့်ဦး၊ ရောင်ရမ်းနေလိုက်တာ လူရုပ်တောင် မပေါက်တော့ဘူး။ အသင်းတော်ကို သစ္စာမဖောက်ချင်လို့ နင့်ယောက်ျားနဲ့ ကလေးတွေကို စွန့်ပစ်ပြီး ဒီလောက်အများကြီး ဒုက္ခခံနေတာ တကယ်ပဲ တန်ရဲ့လား” တဲ့။ သူက “နင့်အသက်ကို နင် ဂရုမစိုက်ရင်တောင် ထားပါတော့။ ဒါပေမဲ့ နင့်ကလေးတွေနဲ့ ယောက်ျားအကြောင်းကို တွေးကြည့်ပါဦး၊ သူတို့က နင် အိမ်ပြန်လာမှာကို စောင့်နေကြတာ။ ရိုးရိုးသားသား ဝန်ခံလိုက်ပါ၊ အဲဒါဆို ဒီဒုက္ခကို ခံစရာ မလိုတော့ဘူး” လို့ ထပ်ပြောတယ်။ ဒီစကားတွေကို ကြားတော့ ကျွန်မ အရမ်း ဒေါသထွက်သွားပြီး တွေးမိတယ်။ “ဘုရားသခင်ကို မယုံကြည်နိုင်အောင် တားဆီးတာ၊ ဖမ်းဆီးတာ၊ မိသားစုကို ခွဲပစ်ပြီး အိမ်မပြန်နိုင်အောင် လုပ်တာတွေ အကုန်လုံးက ရှင်တို့ပဲလေ။ ကျွန်မကို ညှဉ်းပန်းဖို့ ရှင်တို့က နှိပ်စက်မှုကိုတောင် သုံးတယ်၊ ပြီးတော့ ယုံကြည်ခြင်းအတွက်ကြောင့် ကလေးတွေနဲ့ ယောက်ျားကို စွန့်ပစ်တယ်ဆိုပြီး ကျွန်မကို စွပ်စွဲကြပြန်တယ်။ ဒါက အမှန်တရားကို လုံးဝ ပြောင်းပြန်လုပ်လိုက်တာပဲ သူခိုးက လူဟစ် နေသလိုပဲ” ပေါ့။ ဘုရားသခင် ပြောထားတာကို ကျွန်မ ပြန်သတိရလိုက်တယ်။ “နှစ်ပေါင်းထောင်ချီကြာ ဤသည်မှာ ညစ်ညူးခြင်း၏ နယ်မြေ ဖြစ်လေပြီ။ ယင်းသည် မခံမရပ်နိုင်လောက်အောင် ညစ်ပတ်ပေရေသည်၊ စိတ်ဆင်းရဲမှုက ပိတ်ဆီးထားသည်၊ တစ္ဆေများသည် လှည့်စားရင်းနှင့် လှည့်ဖြားရင်း၊ အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း အကြင်နာမဲ့ကာ ရက်စက်ကြမ်းကြုတ်လျက်၊ ဤတစ္ဆေမြို့အား နင်းခြေရင်းနှင့် ယင်းကို အသေကောင်များဖြင့် ပြန့်ကျဲနေစေရစ်လျက်၊ နေရာတကာတွင် ထကြွသောင်းကျန်းကြလေသည်။ ယိုယွင်းပျက်စီးခြင်း၏ အပုပ်နံ့သည် နယ်မြေကို ဖုံးလွှမ်းပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့ကာ၊ ယင်းသည် အလွန်အကျွံ စောင့်ကြပ်ခြင်းခံရ၏။ မိုးကောင်းကင်များ အလွန်ရှိ လောကကြီးအား မည်သူ မြင်နိုင်သနည်း။...ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် မကောင်းမှုကို ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ကွန်မြူနစ်ပါတီက လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိတယ်လို့ ကြွေးကြော်ပေမဲ့ အတွင်းထဲမှာကျတော့ ခရစ်ယာန်တွေကို ရက်ရက်စက်စက် ဖိနှိပ်၊ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်တယ်။ ဘုရားသခင်ရဲ့ အမှုတော်ကို ဖျက်ဆီးဖို့၊ လူတွေ ဘုရားသခင်ကို မယုံကြည်အောင်၊ မကိုးကွယ်အောင် လုပ်ဖို့၊ ပြီးတော့ လူတိုင်း သူတို့ကို နာခံလာအောင် ထိန်းချုပ်ပြီး နောက်ဆုံးမှာ သူတို့နဲ့အတူ ပျက်စီးသွားအောင် ရည်ရွယ်တယ်။ ကွန်မြူနစ်ပါတီရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ နှိပ်စက်မှုကို ခံစားခဲ့ရပြီးနောက်မှာ သူတို့ရဲ့ ဆိုးယုတ်တဲ့ အနှစ်သာရ အစစ်အမှန်ကို ကျွန်မ မြင်ခဲ့ရတယ်။ အဲဒါက ဘုရားသခင်ကို ဆန့်ကျင်ပြီး လူတွေကို ဒုက္ခပေးတဲ့ နတ်ဆိုးပဲ၊ ကျွန်မ သူတို့ကို အကြီးအကျယ် မုန်းတီးလာတယ်။ အဆင်းနီသော နဂါးကြီးကို လုံးဝ ပုန်ကန်ပြီး ငြင်းပယ်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ ဒီလိုတွေးလိုက်တာနဲ့ လက်ကောက်ဝတ်က နာကျင်တာကို မေ့သွားပြီး ဒူးထောက်ရင်း ဘုရားသခင်ဆီ ရင်ဖွင့်ချင်စိတ် ပြင်းပြလာတယ်။ အဲဒီအချိန်မှာ ကျွန်မခန္ဓာကိုယ် ရုတ်တရက် ပုံလျက်သားဖြစ်သွားပြီး အံ့ဩစရာကောင်းလောက်အောင် လက်ထိတ် ပွင့်သွားတယ်။ ကျွန်မ မြေကြီးပေါ် ဒူးထောက်ပြီး ငိုရင်း တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ကိုယ်တော်ရဲ့ အံ့ဖွယ်လုပ်ဆောင်ချက်တွေကို သမီး မြင်တွေ့ခဲ့ရပါပြီ။ သမီးရဲ့ ဇာတိပကတိက အားနည်းပေမဲ့ ကိုယ်တော်က သမီးဘေးနားမှာ အမြဲရှိနေပြီး စောင့်ရှောက်ကာကွယ်ပေးနေတာပါ။ ကိုယ်တော်ရဲ့ မေတ္တာက တကယ် စစ်မှန်ပါတယ်” လို့ပေါ့။ နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့ ခေါင်းဆောင်က ဒါကိုမြင်ပြီး အံ့ဩမှင်တက်သွားတယ်။ ကျွန်မ ဆုတောင်းပြီးတာနဲ့ ရဲနှစ်ယောက်က ကျွန်မကို လက်ထိတ် ပြန်ခတ်ဖို့ လျှောက်လာတော့ ခေါင်းဆောင်က “မလှုပ်နဲ့၊ နောက်ဆုတ်” လို့ ထိတ်ထိတ်ပျာပျာ အော်ပြောတယ်။ ရဲနှစ်ယောက်က ကြောက်လွန်းလို့ မလှုပ်ရဲကြဘူး။ ပြီးတော့ ခေါင်းဆောင်က “သူ ဆုတောင်းပြီး ငါတို့ကို ကျိန်ဆဲနေတာ၊ မြန်မြန် နောက်ဆုတ်” လို့ အမိန့်ပေးတယ်။ ရဲနှစ်ယောက် နည်းနည်း နောက်ဆုတ်သွားပြီး မလှုပ်ရဲဘဲ ကျွန်မကို ကြောင်ကြည့်နေကြတယ်။ နာရီဝက်လောက်ကြာအောင် အခန်းထဲမှာ တိတ်ဆိတ်နေတယ်။ နောက်ပိုင်းကျမှ ရဲတစ်ယောက်က လက်ထိတ်ကို ကောက်ကိုင်ပြီး မေးတယ်။ “ဒါ ဘယ်လိုလုပ် ပွင့်သွားတာလဲ။ သူ ယုံကြည်တဲ့ ဘုရားသခင်က တကယ် ရှိတာလား။ ဒီလက်ထိတ်က ပျက်နေတာ မဟုတ်ပါဘူး။ ငါ မယုံဘူး။ သူ့ကို နောက်ထပ် လက်ထိတ်တစ်စုံ ခတ်ပြီး ပြန်ချိတ်ဆွဲထားလိုက်” တဲ့။ အဲဒီလိုပြောပြီး သူတို့ ကျွန်မကို လက်ထိတ်ပြန်ခတ်လို့ ချိတ်ဆွဲထားလိုက်တယ်။ ပြီးတော့ ရဲနှစ်ယောက်က ကျွန်မခန္ဓာကိုယ်ကို ကြိုးဒန်းစီးသလို လွှဲလိုက်ကြတယ်၊ လွှဲလိုက်တိုင်း လက်ထိတ်က အသားထဲ စူးဝင်သွားတယ်။ စူးရှတဲ့ နာကျင်မှုကြောင့် လက်တွေ ပြတ်ထွက်သွားသလို ခံစားရပြီး ကျွန်မ မအော်ဘဲ မနေနိုင်ခဲ့ဘူး။ ရဲတွေက ဘေးမှာ ရပ်ပြီး မဲ့ပြုံးပြုံးရင်း ပြောတယ်။ “နင် ငိုနေတုန်းလား။ နင့်ဘုရားက ထူးဆန်းတဲ့တန်ခိုးတွေ ပြရမှာ မဟုတ်ဘူးလား။ နာနေတုန်းပဲလား။ ဒီနေ့ နင့်လက်မောင်းတွေ ကျိုးအောင် ငါတို့ လုပ်ပစ်မယ်” တဲ့။ ဒီနတ်ဆိုးတွေက လူတွေကို နှိပ်စက်တာကို ပျော်နေကြတာ မြင်တော့ ကျွန်မ အငိုရပ်လိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်တယ်။ “သူတို့ ငါ့ကို သေအောင် နှိပ်စက်ရင်တောင်မှ သက်သေခံချက်မှာ ငါ ခိုင်ခိုင်မာမာ ရပ်တည်ရမယ်” လို့ပေါ့။ နောက်ဆုံးတော့ ရဲတွေက ကျွန်မဆီက ဘာသက်သေအထောက်အထားမှ မရတာကို မြင်တော့ စိတ်ပျက်လက်ပျက်နဲ့ ပြောတယ်။ “ငါတို့ သူ့ကို သုံးရက်သုံးည စစ်ဆေးမေးမြန်းတာ ဘာမှ မရဘူး။ သူက သေလုနီးပါး ဖြစ်နေပြီဆိုတော့ အလုပ်ကြမ်းနဲ့ ပြန်လည်ပညာပေးရေး သုံးနှစ် ပေးလိုက်ကြစို့” တဲ့။ အဲဒီနောက် ရဲတွေက ကျွန်မကို ထိန်းသိမ်းရေးစခန်းဆီ ပြန်ပို့လိုက်တယ်။
အချုပ်ခန်းကို ပြန်ရောက်တော့ ကျွန်မ ဒီလို အရိုက်ခံထားရတာကို အကျဉ်းသားတွေ မြင်ပြီး အံ့ဩသွားကြတယ်။ “ဘယ်လိုလုပ်ပြီး လူတစ်ယောက်ကို ဒီလောက်ထိ ရိုက်ရက်ကြတာလဲ။ တို့လို လူသတ်သမားတွေ၊ ဆေးသမားတွေက ဒီလို အရိုက်ခံရတာ ထိုက်တန်ပေမဲ့ သူက ယုံကြည်သူတစ်ယောက်ပဲလေ၊ ဥပဒေနဲ့ မလွတ်ကင်းတာ ဘာမှ လုပ်ထားတာ မဟုတ်ဘဲနဲ့ ဒီလို အရိုက်ခံရတယ်။ ဒီလောကကြီးက တော်တော် ဆိုးတာပဲ” လို့ မယုံနိုင်ဘဲ တီးတိုးပြောနေကြတယ်။ အကျဉ်းသားတစ်ယောက်က ကျွန်မကို ပြောတယ်။ “ဘုရားသခင်ကို ယုံကြည်တာ နင် တော်တော် သတ္တိရှိတာပဲ။ နင့်အပြောအဆို၊ အပြုအမူတွေကို ကြည့်ရင် နင် လူကောင်းတစ်ယောက်ဆိုတာ သိသာပါတယ်။ ငါက လူသတ်ထားတော့ ဒီတစ်သက် ဘုရားသခင်ကို ယုံကြည်ဖို့ အခွင့်အရေး မရှိတော့ဘူး၊ ဒါပေမဲ့ နောက်ဘဝကျရင် ငါလည်း ဘုရားသခင်ကို ယုံကြည်ပြီး လူကောင်းတစ်ယောက် ဖြစ်အောင် နေမယ်” တဲ့။ အကျဉ်းသားတွေ ဒီလိုပြောတာ ကြားတော့ ဒါဟာ ကျွန်မရဲ့ ကောင်းမှုကြောင့် မဟုတ်ဘဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို လမ်းပြပေးနေလို့ဆိုတာ ကျွန်မ သိလိုက်တယ်။
ရဲတွေက ကျွန်မကို စစ်ဆေးမေးမြန်းတာ ဘာမှ မရတော့ နောက်ဆုံးမှာ အလုပ်ကြမ်းနဲ့ ပြန်လည်ပညာပေးရေး သုံးနှစ် ချမှတ်လိုက်တယ်။ သုံးနှစ် ထပ်နေရမယ်ဆိုတာ သိလိုက်ရတော့ ကျွန်မ တော်တော် အားနည်းသွားတယ်၊ ဒီကိစ္စတွေ ဘယ်တော့မှ ပြီးမလဲ မသိဘူးလေ။ ဒါကြောင့် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ လမ်းပြပေးပါလို့ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ “စစ်မှန်သည့် ယုံကြည်ခြင်းရှိသူတို့သာ ဘုရား၏ထောက်ခံမှုကို ရနိုင်၏ကျူး” ဆိုတဲ့ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ကို ကျွန်မ သတိရလိုက်တယ်။ “မောရှေက ကျောက်တုံးကို ရိုက်ခဲ့သည့်အခါ ယေဟောဝါပေးသနားသောရေ ပန်းထွက်လာခဲ့ခြင်းသည် သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ဒါဝိဒ်သည် နှလုံးသားထဲ ရွှင်လန်းခြင်း အပြည့်နှင့် ယေဟောဝါကို ချီးမွမ်း၍ စောင်းတီးခဲ့သောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ယောဘသည် တောင်များအပေါ် ပြည့်လျှံနေသော သူ၏ခြံမွေးတိရစ္ဆာန်နှင့် သူ၏ မပြောပြနိုင်လောက်သော စည်းစိမ်ချမ်းသာများ ဆုံးရှုံးသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် အနာစိမ်းများနှင့် ဖုံးလွှမ်းခံခဲ့ရသောအခါ ယင်းမှာ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ယေဟောဝါ၏အသံကို ကြားနိုင်ခဲ့ပြီး၊ ဘုန်းအာနုဘော်ကို မြင်နိုင်ခဲ့သောအခါ ယင်းမှာ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအမှု၏ စစ်မှန်သော ဇာတ်လမ်း (၁)) ယုံကြည်ခြင်းကြောင့် ဘုရားသခင်ရဲ့ အံ့ဖွယ်လုပ်ဆောင်ချက်တွေကို မြင်တွေ့ခဲ့ရတဲ့ ယောဘ၊ ဒါဝိဒ်နဲ့ မောရှေတို့အကြောင်း ကျွန်မ တွေးမိတယ်။ ဒီနေ့ ကျွန်မ ဘုရားသခင်ကို ယုံကြည်လို့ ဒီဆင်းရဲဒုက္ခတွေကို ခံစားနေရတာ။ ဒါကို ဘုရားသခင် ခွင့်ပြုထားတာဖြစ်လို့ ကျွန်မ နာခံပြီး တွေ့ကြုံခံစားဖို့ ဆန္ဒရှိပါတယ်။
၂၀၀၃ ခုနှစ် ဇွန်လမှာ ရဲတွေက ကျွန်မကို အလုပ်ကြမ်းစခန်းဆီ ပြောင်းရွှေ့လိုက်တယ်။ အလုပ်ကြမ်းစခန်းမှာ ရှိနေစဉ်ကာလတစ်လျှောက်လုံး ကျွန်မ မနက် ၅ နာရီထ၊ တစ်နေ့ကို ဆယ့်ခုနစ်နာရီ၊ ဆယ့်ရှစ်နာရီ အလုပ်လုပ်ရပြီး မနက် ၂ နာရီ၊ ၃ နာရီလောက်အထိ အချိန်ပို ဆင်းရလေ့ရှိတယ်။ အလုပ်ကောင်းကောင်း မလုပ်ရင် မတ်တပ်ရပ်ပြီး အပြစ်ပေးခံရတယ်၊ ပြစ်ဒဏ်ကာလ တိုးခံရတယ်၊ အလုပ်မပြီးမချင်း မနားရဘူး။ ညတိုင်း မအိပ်ခင်မှာ စခန်းစည်းကမ်းတွေကို အလွတ်ကျက်ရတယ်၊ မရရင် ပေးမအိပ်ဘူး။ ရေရှည် အလွန်အကျွံ ပင်ပန်းတဲ့ ကိုယ်ကာယအလုပ်နဲ့ စိတ်ဖိစီးမှုတွေ ပေါင်းပြီး ကျွန်မ နေ့တိုင်း ခေါင်းမူးတယ်၊ ကိုယ့်သွေးတိုးရောဂါကြောင့် နှလုံး ခဏခဏ အောင့်တာ၊ လန့်ဖျပ်ပြီး ထိတ်လန့်တာတွေနဲ့ ခါးဆစ်ရိုးကျွံတာတွေ ဖြစ်လာတယ်။ ကျွန်မ အရမ်း နာကျင်ကိုက်ခဲနေပေမဲ့ ရဲတွေက ဆေးနည်းနည်းပဲ ပေးပြီး အလုပ်ဆက်လုပ်ခိုင်းတယ်။ အလုပ်ကြမ်းစခန်းမှာ ကျွန်မတို့က ကျွန်တွေလိုပဲ၊ လုံးဝ သူတို့သဘောကျ စီမံတာ ခံရပြီး လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့် ဆိုတာ မရှိဘူး။ ကျွန်မကို နှစ်သိမ့်ပေးတဲ့ တစ်ခုတည်းသောအရာကတော့ စခန်းထဲမှာ ဘုရားသခင်ကို ယုံကြည်တဲ့ ညီအစ်မ ဆယ်ယောက်ကျော်လောက် ရှိနေတာပဲ။ ကျွန်မတို့ အချင်းချင်း စာတွေ ခိုးပို့ပြီး ဘုရားနှုတ်ကပတ်တော်တွေ၊ ဓမ္မတေးတွေ မျှဝေကြတယ်၊ တစ်ယောက်ကိုတစ်ယောက် အားပေးကြတယ်။ ညီအစ်မတစ်ယောက်က ကျွန်မဆီ စာတစ်စောင် ခိုးပို့ပေးတယ်။ ညီအစ်ကိုမောင်နှမတွေဆီက စာနဲ့ လက်ရေးနဲ့ ကူးထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို မြင်လိုက်ရတော့ ကျွန်မ တကယ် နွေးထွေးပြီး စိတ်လှုပ်ရှားသွားတယ်။ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ ဖတ်လိုက်ရတယ်။ “ပေတရုသည် ယေရှုခရစ်တော်နောက် လိုက်နိုင်ခဲ့ခြင်းမှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ငါ့အတွက်ကြောင့် ကားတိုင်ပေါ်မှာ သံမှိုစွဲနှက်ခြင်းခံရပြီး ကောင်းမြတ်သော သက်သေခံနိုင်ခဲ့သည်မှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ယောဟန်သည် လူသား၏ ကြီးမြတ်သော ပုံသဏ္ဌာန်ကို မြင်တွေ့ခဲ့သောအခါ သူ၏ ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်။ သူသည် နောက်ဆုံးသော ကာလ၏ ရူပါရုံကို မြင်ခဲ့ရသည်မှာလည်း သူ၏ ယုံကြည်ခြင်းအားဖြင့် သာ၍ပင် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအမှု၏ စစ်မှန်သော ဇာတ်လမ်း (၁)) ကျွန်မ စိတ်ထိခိုက်လွန်းလို့ မငိုဘဲ မနေနိုင်ခဲ့ဘူး။ ဘုရားသခင်က ကျွန်မရဲ့ အားနည်းချက်ကို သိတယ်၊ ပိုပြီးတော့တောင် ကျွန်မ ဝိညာဉ်ရဲ့ လိုအပ်ချက်ကို သိတယ်။ ညီအစ်မကတစ်ဆင့် အားပေးစာနဲ့ အကူအညီ ပို့ပေးဖို့ ကိုယ်တော် စီစဉ်ပေးခဲ့တာ၊ ပြီးတော့ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ ကျွန်မကို လမ်းပြပေးနေပြီး ယုံကြည်ခြင်းနဲ့ ခွန်အား ပေးနေတာ။ ဘုရားသခင်ရဲ့ မေတ္တာက ဘယ်လောက် ကြီးမားလဲဆိုတာ ကျွန်မ ခံစားလိုက်ရပြီး ဆင်းရဲဒုက္ခက အရင်ကလောက် မဆိုးရွားတော့သလို ခံစားရတယ်။
၂၀၀၅ ခုနှစ် စက်တင်ဘာလမှာ ကျွန်မ ပြန်လွတ်လာပြီး အိမ်ပြန်ရောက်တယ်။ နှိပ်စက်ခံရတဲ့ ဒဏ်ကြောင့် ကျွန်မမှာ ပြင်းထန်တဲ့ နှလုံးရောဂါနဲ့ သွေးတိုးရောဂါ ရခဲ့တယ်၊ မိုးရွာတဲ့နေ့တွေဆို လက်မောင်း၊ ခါးနဲ့ ခြေထောက်တွေ အရမ်း နာကျင်ကိုက်ခဲတယ်။ လက်ထိတ် အကြာကြီး ခတ်ခံခဲ့ရလို့ လက်ကောက်ဝတ်တွေက အလေးအပင် မမနိုင်တော့ဘူး။ ပြစ်ဒဏ်စေ့လို့ ထောင်က လွတ်လာပေမဲ့ ကျွန်မကို နောက်ယောက်ခံဖို့နဲ့ စောင့်ကြည့်ဖို့ ရဲတွေက လူတွေလွှတ်ထားတုန်းပဲ။ ဆွေမျိုးတွေ၊ အိမ်နီးချင်းတွေကိုလည်း ကျွန်မ ဘယ်သွားဘယ်လာ လုပ်တယ်ဆိုတာ အချိန်တိုင်း စောင့်ကြည့်ခိုင်းထားတယ်။ သူတို့လူတွေ ကျွန်မအိမ်ကို ပုံမှန် လာပြီး ဘုရားသခင်ကို ယုံကြည်နေတုန်းလားလို့ မေးကြတယ်၊ ကျွန်မ အိမ်မှာ မရှိရင် ဘယ်သွားလဲဆိုတာ စုံစမ်းကြတယ်။ ကျွန်မ ပုံမှန်အတိုင်း တာဝန်မထမ်းဆောင်နိုင်၊ အစည်းအဝေး မတက်နိုင်တော့တာက ကျွန်မကို စိတ်ဖိစီးမှု အများကြီး ဖြစ်စေတယ်။ ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်တာကို ကိုယ်တိုင် ခံရပြီးနောက်မှာ သူတို့ရဲ့ စက်ဆုပ်ရွံရှာစရာကောင်းတာနဲ့ ရက်စက်ကြမ်းကြုတ်တာကို ကျွန်မ မြင်ခဲ့ရတယ်၊ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး မုန်းတီးတဲ့ သူတို့ရဲ့ နတ်ဆိုးဆန်တဲ့ အနှစ်သာရကို ရှင်းရှင်းလင်းလင်း သဘောပေါက်လိုက်တယ်။ ကျွန်မ သူတို့ကို စိတ်နှလုံးအကြွင်းမဲ့ ရွံရှာပြီး ငြင်းပယ်တယ်။ တစ်ချိန်တည်းမှာပဲ စာတန်ရဲ့ လှည့်ကွက်တွေကို ပိုင်းခြားသိမြင်နိုင်အောင် တစ်ဆင့်ပြီးတစ်ဆင့် လမ်းပြပေးခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်တယ်။ အဲဒါက ကျွန်မရဲ့ ယုံကြည်ခြင်းကို ခိုင်မာစေခဲ့ပြီး နတ်ဆိုးတွေရဲ့ ဘေးပြုတာကို ကျော်လွှားနိုင်တဲ့အပြင် နတ်ဆိုးတွင်းထဲကနေ အသက်ရှင်လျက် လွတ်မြောက်လာနိုင်စေခဲ့တယ်။ ဘုရားသခင်ရဲ့ မေတ္တာနဲ့ ကယ်တင်ခြင်းကို ကျွန်မ တကယ် မြည်းစမ်းခဲ့ရပြီ၊ ဒါကြောင့် ကိုယ့်တာဝန်တွေကို အစွမ်းကုန် ထမ်းဆောင်ပြီး ဘုရားသခင်ရဲ့ မေတ္တာကို ပြန်လည်ပေးဆပ်ဖို့ ကျွန်မ ဆုံးဖြတ်ထားပါတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
မိုချီဂျန်၊ ဂေါင်ဒေါင်စီရင်စုကျွန်တော့်ကို ဆင်းရဲပြီး ဝေးလံသီခေါင်သော တောင်ပေါ်ဒေသတွင် မွေးဖွားခဲ့ပြီး ထိုနေရာသည် ဗုဒ္ဓဘုရားအား...
ချိုကျန်း တရုတ်နိုင်ငံ ၂၀၀၂ ခုနှစ်၊ ဩဂုတ်လတုန်းကပေါ့၊ ဧဝံဂေလိတရား ဝေငှဖို့ တခြားယုံကြည်သူငါး ယောက်နဲ့အတူ မြို့ထဲမှာ ကျွန်တော် ရောက်နေ တယ်။...
စွန်းယန် တရုတ်နိုင်ငံ ၂၀၀၈ ခုနှစ် မတ်လ နေ့လယ်ခင်းတစ်ခုမှာပေါ့၊ အစ်ကိုလျူရယ်၊ ညီအစ်မသုံးယောက်ရယ်၊ ကျွန်တော်ရယ် တွေ့ဆုံပွဲလုပ်နေတုန်းမှာ...
ဝမ်လီ၊ ရှီကျန်းစီရင်စုကျွန်မသည် ငယ်စဉ်ကတည်းက ကျွန်မ အမေနှင့်အတူ သခင်ယေရှုကို ယုံကြည်ခဲ့ပါသည်။ သခင်ယေရှုနောက်လိုက်ခဲ့သည် ကျွန်မ၏...