ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခက ဘုရားသခင်ကို သာ၍ပင် ချစ်စေခဲ့သည်

20.10.2019

လျူကျန်၊ ရှန်တုံစီရင်စု

ကျွန်မ နာမည် လျူကျန်ဖြစ်ပါသည်။ ကျွန်မ အသက် ၇၈ ရှိပြီဖြစ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်ထဲတွင် ကျွန်မသည် သာမန်ခရစ်ယာန်တစ်ဦးသာ ဖြစ်ပါသည်။ ကျေးလက်တောရွာတစ်ရွာမှ လောကအမြင်တွင် မထူးခြားသော အသက်အရွယ်ကြီးနေသော အမျိုးသမီးတစ်ဦးဖြစ်သူ ကျွန်မကို ရွေးချယ်ခြင်းအတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံပြီးနောက်၊ ဘုရားသခင်ထံ နေ့စဉ် ဆုတောင်းပါသည်။ ဘုရားနှုတ်ကပတ်တော်များ ဖတ်ရွတ်ခြင်းကို နားထောင်ပါသည်။ ဝတ်ပြုစည်းဝေးပွဲများသို့ သွားပြီး၊ ညီအစ်ကို မောင်နှမများနှင့်အတူ မိတ်သဟာယ ပြုပါသည်။ တဖြည်းဖြည်းနှင့် သမ္မာတရားအချို့ကို ကျွန်မ စတင်နားလည်လာပြီး၊ အချို့သော အမှုအရာတို့နှင့်ပတ်သက်၍ ရှင်းလင်းသော သဘောပေါက်ခြင်းတစ်ခု စတင် ရရှိလာခဲ့သည်။ ကျွန်မ ဝမ်းမြောက်မှုနှင့်ပြည့်ဝသည်ဟု ခံစားရပြီး၊ ယခင်က လုံးဝ မတွေ့ကြုံခဲ့ရသည့် ပျော်ရွှင်မှုတစ်ခုဖြင့် ကျွန်မ အသက်ရှင်ခဲ့သည်။ ကျွန်မက အသက်အရွယ်အိုမင်းကာ လမ်းလျှောက်ရ ခက်ခဲသောကြောင့်၊ အသင်းတော် ဝတ်ပြုအစည်းအဝေးများကို တက်ရောက်ဖို့ အိမ်မှ ထွက်မသွားနိုင်ခဲ့ပါ။ ထို့ကြောင့် ကျွန်မကို အလေးထားမှုဖြင့် ညီအစ်ကို မောင်နှမများက ကျွန်မ အိမ်တွင် ဝတ်ပြုအစည်းအဝေးများ ကျင်းပခဲ့ကြသည်။ ဆောင်းရာသီ၏ ချမ်းအေးမှုကြောင့် ဖြစ်စေ၊ နွေ၏ အပူကြောင့်ဖြစ်စေ ဝတ်ပြုအစည်းအဝေးတစ်ခုကိုမျှ သူတို့ ဘယ်သောအခါမျှ မလွတ်စေခဲ့ပါ။ အဘွားအိုတစ်ယောက်ဖြစ်လင့်ကစား ကျွန်မထံသို့ လာရောက်လည်ပတ်၍ ဂရုစိုက်ပေးခြင်းကို လေ၊ မိုးနှင့် နှင်းတို့သည်လည်း သူတို့ကို ဘယ်သောအခါမျှ မဟန့်တားနိုင်ခဲ့ပါ။ အထူးသဖြင့် ဘုရားနှုတ်ကပတ်တော်များကို ကျွန်မတို့ ဖတ်ရှုကြသည့်အခါ၊ ကျွန်မ နားမလည်သည့်အရာ တစ်ခုတလေရှိခဲ့လျှင်၊ ထိုအကြောင်းအရာကို သူတို့က ကျွန်မအား စိတ်ရှည်လက်ရှည် အမြဲ မိတ်သဟာယပြုပေးခဲ့ကြ၊ ကျွန်မကို မသိကျိုးကျွန်ပြုခြင်း သို့မဟုတ် အထင်သေးခြင်း လုံးဝမရှိကြပါ။ ဤအဖြစ်ကြောင့် ကျွန်မ အလွန်အမင်း စိတ်လှုပ်ရှားခဲ့ရပါသည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့်မဟုတ်လျှင်၊ ထိုသို့သော စိတ်ရှည်ခြင်းနှင့် ချစ်ခင်ခြင်းတို့ကို ကျွန်မအတွက် ဘယ်သူက ပြသခဲ့လိမ့်မည်နည်း။ ကျွန်မ၏ ညီအစ်ကို မောင်နှမများနှင့် အပြန်အလှန် ဆက်ဆံမှုများတွင်၊ သူတို့က သာမန်အရပ်သားများနှင့် အလွန်ကွဲပြားကြသည်ကို ကျွန်မ တွေ့ခဲ့ရသည်။ သူတို့ အသက်ရှင်နေထိုင်သည်မှာ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ သူတို့၏ စိတ်နှလုံးများကို ဖွင့်ဟနိုင်ကြသလို၊ သူတို့ကြားတွင် မည်သည့် အတားအဆီး မည်သည့်ကွာဝေးမှုမျှ မရှိဘဲ၊ အချင်းချင်း ရိုးသားမှုဖြင့် ဆက်ဆံနိုင်ကြလေသည်။ သူတို့က မိသားစုတစ်စုကဲ့သို့ နီးစပ်ကြပြီး၊ ဤအရာကကျွန်မကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်၍ သေချာမှုကို ပို၍ပင် ခံစားမိစေခဲ့သည်။ သမ္မာတရားများကို ကျွန်မ ပို၍ နားလည်လာသည်နှင့်အမျှ၊ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ကျွန်မ၏ တာဝန်အား ဖြည့်ဆည်းသင့်ကြောင်း ကျွန်မ နားလည်ခဲ့သည်။ ထို့ကြောင့် တာဝန်များယူချင်ကြောင်း အသင်းတော်ကို ကျွန်မ ပြောခဲ့ပါသည်။ သို့သော် ကျွန်မ၏ အသက်အရွယ်သည် တာဝန်အများစုကို ထမ်းဆောင်ခြင်း ကျွန်မကို ကျွန်မ၏ အသက်အရွယ်က ဟန့်တားထားသောကြောင့်၊ အိမ်တွင် ဧည့်ခံခြင်းတာဝန်များကိုသာ အသင်းတော်က ကျွန်မကို သတ်မှတ်ပေးခဲ့သည်။ ကျွန်မ၏ တတ်စွမ်းနိုင်မှုများအပေါ် အခြေခံပြီး ကျွန်မကို တာဝန်တစ်ခု သတ်မှတ်ပေးခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်မိကာ၊ ကျွန်မ လက်ခံခဲ့ပါသည်။ ဤသို့ဖြင့် ကျွန်မသည် ကျွန်မ၏ ညီအစ်ကို မောင်နှမများနှင့် အလွန်အဆင်ပြေခဲ့ပြီး၊ ခန္ဓာနှင့် စိတ်တွင် ကြီးမားသည့် သက်သာရာရခြင်းအသိတစ်ခုကို ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မ ခံစားနေခဲ့ရသည့် ရောဂါအချို့လည်း စတင် သက်သာလာခဲ့သည်။ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို သူ၏ ကျေးဇူးတော်နှင့် ကရုဏာတော်အတွက် ကျွန်မ သာ၍ပင် ကျေးဇူးတင်ခဲ့ပါသည်။

သို့သော် ကောင်းမွန်သည့်အချိန်များက ကြာရှည်မခံခဲ့ပါ၊ ရွာထဲမှ ကျွန်မ၏ ညီအစ်ကို မောင်နှမများနှင့် ကျွန်မအား သူယုတ်မာတစ်ဦးက တိုင်တန်းခဲ့သောကြောင့်ဖြစ်သည်။ ကျွန်မ၏ ညီအစ်ကို မောင်နှမများအားလုံးကို ရဲများက ဖမ်းဆီးခဲ့ပြီး၊ ကျွန်မကို ရဲစခန်းဆီ ခေါ်ခဲ့ဖို့ ကျေးရွာပါတီအတွင်းရေးမှူးကို သူတို့က အမိန့်ပေးခဲ့သည်။ ထိုနေရာသို့ ကျွန်မ ရောက်သည်နှင့်တစ်ပြိုင်နက်၊ ရဲက ကျွန်မကို၊ “ဘုရားသခင်ကို ဘယ်လိုများ ယုံကြည်သွားတာလဲ။ ဘုရားသခင်ကို ဘာကြောင့် ယုံကြည်တာလဲ” ဟု မေးပါသည်။ ကျွန်မက၊ “ဘုရားသခင်ကို ယုံကြည်တာက ပြောင်းလဲလို့မရတဲ့ အခြေခံသဘောတရားတစ်ခုပဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နေ့တိုင်း ဖတ်ခြင်းအားဖြင့်၊ သမ္မာတရား အများကြီးကို ကျွန်မတို့ နားလည်နိုင်တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့အညီ လူကောင်းတွေ ဖြစ်နိုင်တယ်၊ ဘဝမှာ မှန်ကန်တဲ့ လမ်းကို လျှောက်နိုင်တယ်။ ဘုရားသခင်ကို ယုံကြည်သူတွေက သူတစ်ပါးကို မရိုက်နှက်ဘူး၊ မကျိန်ဆဲဘူး။ ပြီးတော့ ဥပဒေကို ကျွန်မတို့ အမြဲလိုက်နာတယ်၊ ဒါကြောင့် ဘုရားသခင်ကို ယုံကြည်တာ ဘာမှားလို့လဲ။ ဘာလို့ ခင်ဗျားတို့က ကျွန်မတို့ကို ဖမ်းနေရတာလဲ” ဟု ပြောလိုက်သည်။ အရာရှိက ကျွန်မကို အထင်သေးစွာ ကြည့်လိုက်ပြီး၊ “ခင်ဗျားကို ဘယ်သူက ဧဝံဂေလိ ဟောခဲ့တာလဲ။ ခင်ဗျား မိသားစုထဲက အခြားတစ်ယောက်ယောက်က ယုံကြည်သေးလား” ဟု ကြမ်းတမ်းစွာ မေးပါသည်။ မိသားစုထဲတွင် ယုံကြည်သူမှာ ကျွန်မ တစ်ဦးတည်းသာ ဖြစ်သည်ဟု ကျွန်မက ပြောလိုက်သည်။ ကျွန်မထံမှ မည်သည့်သတင်းမျှ မရမည်ကို သူတို့ မြင်ကြသောကြောင့်၊ ထိုနေ့တွင်ပင် ကျွန်မကို လွှတ်လိုက်ကြသည်။ ကျွန်မလည်း ထွက်လာခဲ့ပြီးနောက်၊ အဘယ်ကြောင့် ရဲများက ကျွန်မကို အလွယ်တကူ လွှတ်ပေးခဲ့သည်ကို သိချင်ခဲ့မိသည်။ ကျွန်မ အိမ်ပြန်ရောက်သည့်အခါမှ သိခဲ့ရသည်မှာ၊ ကျွန်မ ရဲစခန်းသို့ ခေါ်သွားခံရသည်ကို ကျွန်မ၏ မိသားစုက သိသည့်အခါ၊ ကျွန်မကို လွှတ်ပေးဖို့အတွက် သူတို့၏ အဆက်အသွယ်များကို အသုံးပြုပြီး ရဲများကို ယွမ် ၃၀၀၀ ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ရဲများက ကျွန်မမိသားစုနှင့် ကျွန်မကြားတွင် သဘောထားကွဲလွဲအောင် ဆက်၍ သွေးထိုးပေးခဲ့ပါသည်။ ကျွန်မအား ဘုရားသခင်ကို ယုံကြည်ခြင်းမှ တားမြစ်ရန် ကျွန်မ မိသားစုကို စေခိုင်းခဲ့ခြင်း ဖြစ်သည်။ ဤကိစ္စနှင့် ပတ်သက်၍ ကျွန်မ၏ ချွေးမနှင့် ကျွန်မ၏သား ရန်ဖြစ်ခဲ့ပြီး၊ ကျွန်မက ဘုရားသခင်ကို ဆက်ယုံကြည်လျှင်၊ သူ့ကိုယ်သူ ပိုးသတ်ဆေးသောက်ကာ သတ်သေမည်ဟု ချွေးမက ခြိမ်းခြောက်ခဲ့သည်။ စီစီပီရဲများသည် အကျင့်ပျက်ခြစားကြောင်းကို ထိုအချိန်တွင် ကျွန်မ နားလည်ခဲ့ရသည်။ ကျွန်မမှာ လုံးဝ အေးချမ်းသည့် မိသားစုတစ်ခု ရှိခဲ့သော်လည်း၊ ယခုတော့ ကျွန်မတို့အားလုံး အချင်းချင်း အငြင်းပွားရန်ဖြစ်ကြသည်အထိ ဖြစ်အောင်၊ သူတို့က လှုံ့ဆော်ပေးခဲ့ကြပါပြီ။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင်ကို ကျွန်မ ယုံကြည်ခဲ့သည်။ ယနေ့တွင် သမ္မာတရားကို နားလည်ဖို့၊ လူသားပုံသဏ္ဍာန်တစ်ခုဖြင့် အသက်ရှင်နေထိုင်ဖို့၊ ကျွန်မတို့၏ အသိစိတ်နှင့်ကိုက်ညီသော မှန်ကန်သောနည်းလမ်းများဖြင့် ပြောဆို ပြုမူဖို့အပြင်၊ ကျွန်မတို့၏ လူ့သဘာဝ သို့မဟုတ် ကိုယ်ကျင့်တရားကို ဆန့်ကျင်သည့် အရာများကို မလုပ်ဆောင်ဖို့ တောင်းဆိုခြင်းဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်သည် ကျွန်မတို့ကို ကယ်တင်ဖို့ရန် ကြွလာပြီဖြစ်သည်။ ကျွန်မ လုပ်ခဲ့သမျှမှာ အိမ်တွင်နေ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ခြင်း၊ ဝတ်ပြုအစည်းအဝေးများ ပြုလုပ်ခြင်းနှင် ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်သော်လည်း၊ စီစီပီရဲများက ကျွန်မကို အမှန်တကယ် အမှုဆင်ခဲ့ပြီး၊ “အများပြည်သူတည်ငြိမ်အေးချမ်းခြင်းကို နှောင့်ယှက်မှု” အဖြစ် စွပ်စွဲခဲ့ကြသည်။ သူတို့သည် အချက်အလက်များကို ဗြောင်ကျကျ မမှန်မကန်ပြောဆိုခြင်း၊ အမှန်တရားကို တမင် မလိမ့်တစ်ပတ်လုပ်ခြင်း၊ လူတို့ကို မှားယွင်းသည့် ပြစ်မှုများဖြင့် ထင်ရာမြင်ရာ စွပ်စွဲနေခဲ့ကြခြင်း ဖြစ်သည်။ စာတန်သည် အမှန်တကယ် စက်ဆုပ်ဖွယ်ရာဖြစ်ပါသည်။ ကျွန်မ၏အဖြစ်မှာ မျက်နှာပြောင်တိုက် လုပ်ကြံပြောဆိုမှုနှင့် မလိုမုန်းထား အသရေဖျက်မှုသာဖြစ်သည်။ ကျွန်မက ညီအစ်ကို မောင်နှမများအတွက် ကျွန်မ၏ အိမ်တွင် ဝတ်ပြုအစည်းအဝေးများ ပြုလုပ်ပေးသည်ကို ရဲများက သတင်းပေးထံမှ သိသွားခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် နောက်ပိုင်းတွင် ကျွန်မကို သူတို့က မရပ်မနား စိတ်အနှောင့်အယှက်ပေးခဲ့ကြသည်။ နောက်မကြာမီတွင်၊ ကျွန်မကို စစ်မေးဖို့ရန် ရဲစခန်းဆီ ခေါ်လာခဲ့ကြပြီး၊ “ဝတ်ပြုအစည်းအဝေးတွေမှာ ခင်ဗျား ဧည့်ခံပေးရတဲ့ အသင်းတော် ခေါင်းဆောင်တွေနဲ့ တခြားလူတွေရဲ့ နာမည်တွေကို ကျွန်တော်တို့ကို ပြောပြပါ။ မပြောရင်၊ ခင်ဗျားကို ကျွန်တော်တို့ ထောင်ထဲထည့်ရလိမ့်မယ်” ဟု ပြောကာခြိမ်းခြောက်ခဲ့ကြသည်။ ကျွန်မက မျက်နှာထားတင်းသော်လည်း၊ “ငါ ဘာမှ မသိဘူး။ ငါ မင်းတို့ကို ပြောစရာ ဘာမှမရှိဘူး” ဟု တရားနည်းလမ်းကျကျ ပြန်ဖြေခဲ့သည်။ ရဲများက စကားပြန်မပြောနိုင်လောက်အောင် ဒေါသထွက်ခဲ့ကြသော်လည်း၊ ဘုရားသခင်က ကျွန်မကို ကွယ်ကာခဲ့သောကြောင့်၊ ကျွန်မအပေါ် ဘာတစ်ခုမျှ မလုပ်ဝံ့ခဲ့ကြပါ။

ရဲများက ကျွန်မကို လွှတ်ပြီးသည့်နောက်တွင်၊ “ပိုကြီးသည့် ငါး” ကို မိဖို့ရန် ကျွန်မကို ငါးစာအဖြစ် အသုံးပြုဖို့ အချည်းနှီးမျှော်လင့်ရင်း၊ ကျွန်မကို ဆက်လက် စောင့်ကြည့်ခဲ့ကြသည်။ ကျွန်မ၏ ညီအစ်ကို မောင်နှမများအား ငြိစွန်းစေမည်ကို ကြောက်ခဲ့သောကြောင့်၊ ကျွန်မသည် သူတို့နှင့် အဆက်အသွယ် ထပ်မလုပ်ဝံ့တော့ဘဲ၊ ထို့နောက်ပိုင်းတွင် ကျွန်မ၏ အသင်းတော်အသက်တာမှာ ပျောက်ဆုံးသွားခဲ့သည်။ အသင်းတော်အသက်တာ မရှိသောကြောင့်၊ ကျွန်မ၏နှလုံးသား ဟာတာတာနှင့် ခိုလှုံရာမရှိသလို ခံစားခဲ့ရပြီး၊ တဖြည်းဖြည်းနှင့် ဘုရားသခင်ထံမှ ခပ်ခွာခွာ ဖြစ်လာခဲ့ပါသည်။ နေ့တိုင်းကို ကြောက်ရွံ့ ထိတ်လန့်ခြင်းတို့ဖြင့် ကုန်ဆုံးခဲ့ပြီး၊ ရဲများက နောက်တစ်ကြိမ်လာ၍ ဖမ်းခေါ်ဆောင်မည်ကို ကျွန်မ အလွန်အမင်း စိုးရိမ်ခဲ့သည်။ ယခင်က၊ ဘုရားနှုတ်ကပတ်တော်များ၊ တရားဒေသနာများနှင့် မိတ်သဟာယတို့ကို နေ့စဉ် နားထောင်ရင်း ကုန်ဆုံးခဲ့သော်လည်း၊ ယခုတွင် ယင်းကဲ့သို့ မဖြစ်နိုင်တော့ပါ၊ အဘယ့်ကြောင့်ဆိုသော် ကျွန်မ ဆုတောင်းနေသည်ကို တွေ့သည်ဖြစ်ဖြစ်၊ “ဘုရားသခင်” ဟူသည့် စကားလုံးကို ပြောမိသည်ပင်ဖြစ်ဖြစ်၊ ကျွန်မ၏ မိသားစုထံမှ မကျေမနပ်ပြောဆိုခြင်းကို တစ်ဝကြီး ကြားရတော့သည်။ ကျွန်မသည် ရဲ၏ ဒဏ်တပ်ခြင်းခံခဲ့ရသောကြောင့်၊ ကျွန်မ၏ ချွေးမက ကျွန်မကို တစ်ချိန်လုံး အေးတိအေးစက် ပြောဆိုသလို၊ ကျွန်မ၏ ယောက်ျားနှင့် သားကလည်း ကျွန်မကို အမြဲလိုလို ဆူပူ ကြိမ်းမောင်းကြလေသည်။ တစ်ချိန်က အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ကျွန်မ၏ ယုံကြည်ခြင်းကို အားပေးခဲ့ကြသည့် မိသားစုက ယခုတော့ သူတို့ တတ်နိုင်သည့် ဘယ်လိုနည်းနှင့်မဆို ကျွန်မကို ဆန့်ကျင်ကာ ဖိနှိပ်ကြလေသည်။ ဤအဖြစ်က ကျွန်မကို အလွန်ဝမ်းနည်းစေခဲ့သည်၊ ကျွန်မ၏ စိတ်ဝိညာဉ်သည် အလွန် ဖိစီးခြင်းခံစားခဲ့ရပြီး၊ ယခင်က ကျွန်မ မခံစားခဲ့ဖူးသည့် မှောင်မိုက်နာကျင်မှုတစ်ခုဖြင့် အသက်ရှင်ခဲ့ရသည်။ ကျွန်မတွင် နားထောင်ဖို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖတ်ရွတ်ခြင်းများ မရှိသလို၊ ကျွန်မ၏ ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယ မပြုနိုင်သောကြောင့်၊ ကျွန်မ၏ စိတ်ဝိညာဉ်မှာ အလွန်တရာ ခြောက်ကပ်မှုကို ခံစားခဲ့ရသည်။ ညတိုင်း အိပ်ရာထဲတွင် ကျွန်မ လူးလှိမ့်ကာ မအိပ်နိုင်ခဲ့သလို၊ ကျွန်မ၏ ညီအစ်ကို မောင်နှမများနှင့်အတူ ဝတ်ပြုအစည်းအဝေးများတွင် ကုန်လွန်ခဲ့သည့် ပျော်စရာအချိန်များကို ကျွန်မ မကြာခဏ လွမ်းဆွတ်မိခဲ့သည်။ ထိုသို့သော အချိန်များတွင် စီစီပီအစိုးရကို ကျွန်မ မုန်းတီးမိခဲ့သည်။ ဤဝေဒနာအားလုံးကို ၎င်းတို့က ဖြစ်စေခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်ကို လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ဖို့အတွက် အဖန်ဆင်းခံတစ်ဦး၏ အခွင့်အရေးများကို ၎င်းတို့ကြောင့် ဆုံးရှုံးခဲ့ရပါပြီ။ ကျွန်မ၏ အသင်းတော်အသက်တာကို ဆုံးရှုံးစေခဲ့ပြီး၊ ကျွန်မ၏ ညီအစ်ကို မောင်နှမများနှင့်အတူ ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် မိတ်သဟာယပြုခြင်းအား ရပ်တန့်စေခဲ့ကာ၊ ကျွန်မ၏ တာဝန်များ ထမ်းဆောင်ခြင်းကိုလည်း ရပ်တန့်စေခဲ့ပါပြီ။ ကျွန်မသည် ဘုရားသခင်ထံသို့ နာကျင်မှုများထဲမှ ယခုကဲ့သို့ တိတ်တဆိတ် ဆုတောင်းရုံသာ တတ်နိုင်ခဲ့ပါသည်၊ “အို ဘုရားသခင်၊ ကျွန်မ အမှောင်ထဲမှာ အသက်ရှင်နေရတယ်။ ကျွန်မရဲ့ ဝိညာဉ် ခြောက်ကပ်လာခဲ့ပြီလို့ ခံစားရတဲ့အပြင်၊ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေနဲ့အတူ အသင်းတော်အသက်တာကို ကျွန်မ နေထိုင်ချင်ပါတယ်။ အို ဘုရားသခင်၊ ကျွန်မအတွက် လမ်းတစ်ခု ဖွင့်ပေးဖို့ ကိုယ်တော့်ကို ကျွန်မ တောင်းလျှောက်ပါတယ်။”

ကျွန်မသည် ဘုရားသခင်ရှေ့မှောက်သို့ သွား၍၊ ဤပုံစံဖြင့် သူ့ထံ ဆက်လက် တောင်းခံခဲ့ပါသည်။ ဘုရားသခင်ကလည်း ကျွန်မ၏ ဆုတောင်းချက်များကို အမှန်တကယ် နားညောင်းခဲ့သည်။ အကြောင်းမှာ ကျွန်မ၏ ညီအစ်ကိုမောင်နှမများကို ကျွန်မဆီ လာရောက်လည်ပတ်ဖို့ရန် စီစဉ်ပေးခဲ့၍ ဖြစ်သည်။ ဝါဆွတ်ဖို့အတွက် ကျွန်မ ဝါခင်းထဲ မကြာခဏ သွားသည်ကို ကျွန်မ၏ ညီအစ်မများထဲမှ တစ်ဦးက သိခဲ့သည်။ ထို့ကြောင့် ကျွန်မကို တွေ့ဖို့ရန် သူမက ထိုနေရာသို့ တိတ်တဆိတ် လာခဲ့ပြီး၊ ထိုနေရာမှာပင် ဝတ်ပြုအစည်းအဝေးများ ပြုလုပ်ဖို့ အချိန်တစ်ခုကို ကျွန်မတို့ သတ်မှတ်ခဲ့ကြသည်။ ကျွန်မတို့ တွေ့ဆုံသည့်အခါတိုင်း၊ ကျွန်မက ဝါခင်းထဲ၌ ဝါဆွတ်ရင်း စောစောစီးစီး ရောက်နေတတ်သည်။ အခြားသူများ နေ့လယ်စာ စားနေကြစဉ်တွင်၊ ဝါခင်းထဲတွင် ကျွန်မသည် ကျွန်မ၏ညီအစ်မနှင့်အတူ ဆောင့်ကြောင့်ထိုင်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပါသည်။ ကျွန်မ၏ ညီအစ်မကို တွေ့ရခြင်းက အချိန်ကြာမြင့်စွာ ပျောက်ဆုံးခဲ့သည့် ဆွေမျိုးတစ်ဦးကို တွေ့ရသကဲ့သို့ ဖြစ်ခဲ့သည်။ ပျော်ရွှင်မှုမျက်ရည်များ စီးကျသည်ကို ကျွန်မ မတားနိုင်ခဲ့ပါ။ ကျွန်မခံခဲ့ရသည့် မတရားမှုနှင့် ဒုက္ခအပြင်၊ ကျွန်မမိသားစု၏ နားလည်မှုလွဲခြင်းတို့ကို သူမအား ကျွန်မ ပြောပြခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ရေလောင်းပေးသည်နှင့်အမျှ၊ သူမကလည်း ကျွန်မကို နှစ်သိမ့်ခဲ့ပြီး၊ ဘုရားသခင်၏ အလိုတော်ကို ကျွန်မအား မိတ်သဟာယပြုပေးခဲ့ရာ၊ တဖြည်းဖြည်းနှင့် ကျွန်မ၏ အခြေအနေမှာ စတင်တိုးတက်ခဲ့သည်။ ဤသည်မှာ ကျွန်မအနေဖြင့် ဝါခင်းထဲ ဆောင့်ကြောင့်ထိုင်လျက် ဝတ်ပြုအစည်းအဝေးများ ပြုလုပ်ခဲ့ရသည်အထိ ဖြစ်စေခဲ့သော စီစီပီအစိုးရ၏ နှိပ်စက်ညှဉ်းပန်းခဲ့ပုံ ဖြစ်သည်။ တစ်နေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မတို့ ဖတ်ခဲ့ရသည်၊ “သင်တို့အကြားတွင် ဥပဒေ၏ အကာအကွယ်ပေးခြင်းခံရသည့် လူတစ်ဦးမျှမရှိပေ- ယင်းအစား၊ သင်တို့သည် ဥပဒေ၏ အပြစ်ပေးခြင်းကို ခံကြရ၏။ သာ၍ ခက်ခဲသည်မှာ လူတို့သည် သင်တို့ကို နားမလည်ကြပေ- သင်တို့၏ ဆွေမျိုးများ၊ သင်တို့၏ မိဘများ၊ သင်တို့၏ မိတ်ဆွေများ သို့မဟုတ် သင်တို့၏ လုပ်ဖော်ကိုင်ဖက်များ ဖြစ်စေ၊ ၎င်းတို့ထဲမှ မည်သူမျှ သင်တို့ကို နားမလည်ကြပေ။ ဘုရားသခင်က သင်တို့ကို ‘စွန့်ပစ်’ သည့်အခါတွင်၊ ကမ္ဘာမြေပေါ်တွင် ဆက်လက် အသက်ရှင်ရန် သင်တို့အတွက် မဖြစ်နိုင်ပေ၊ သို့သော်ငြားလည်း လူတို့သည် ဘုရားသခင်နှင့် ဝေးကွာ၍မနေနိုင်ကြပေ၊ ယင်းမှာ လူတို့ကို ဘုရားသခင် သိမ်းပိုက်ခြင်းနှင့်ဆိုင်သော အရေးပါမှုဖြစ်ပြီး၊ ဘုရားသခင်၏ ဘုန်းအသရေ ဖြစ်သည်။...ကောင်းချီးမင်္ဂလာများကို တစ်ရက် နှစ်ရက်အတွင်း မရရှိနိုင်ပေ။ ယင်းတို့ကို ကြီးမားသော စွန့်လွှတ်ခြင်းမှတစ်ဆင့် ရရှိရမည်ဖြစ်သည်။ ယင်းမှာ၊ သင်တို့သည် စစ်ဆေးခြင်း ကြုံရပြီးဖြစ်သည့် ချစ်ခြင်းမေတ္တာတစ်ခုကို ပိုင်ဆိုင်ရမည်၊ ကြီးမားသောယုံကြည်ခြင်းကို သင်တို့ ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ သင်တို့ ကြိုးပမ်းရရှိဖို့ ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားများစွာ ရှိရမည်ဟု ဆိုလိုပေသည်။ ထို့အပြင်၊ သင်တို့သည် ချိုးနှိမ်ခြင်းကိုမခံဘဲ သို့မဟုတ် တိမ်းရှောင်ခြင်း မရှိဘဲ၊ တရားမျှတမှုဘက်သို့ လှည့်ရမည် ဖြစ်ပြီး၊ ဘုရားသခင်ကို ခိုင်မြဲပြီး မလျှော့သော ချစ်ခြင်းမေတ္တာ ရှိရမည်ဖြစ်သည်။ သင့်၌ စိတ်ပိုင်းဖြတ်ချက် ရှိရမည်၊ သင်တို့၏ အသက်စိတ်သဘောထား၌ ပြောင်းလဲမှုများ ဖြစ်ပေါ်ရမည်၊ သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ကုစားရမည်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများ အားလုံးကို ညည်းညူခြင်းမပြုဘဲ လက်ခံရမည်ဖြစ်ပြီး၊ သေသည်အထိ သင်တို့ နာခံရမည်ဖြစ်သည်။ ဤသည်မှာ သင်တို့ ရရှိသင့်သည့်အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၏အမှု နောက်ဆုံးရည်မှန်းချက်ဖြစ်ပြီး၊ ဤလူစုကို ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) ကျွန်မ၏ လက်ရှိ ဆင်းရဲဒုက္ခက ကျွန်မ သည်းခံသင့်သည့် အရာတစ်ခုဖြစ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မကို နားလည်စေခဲ့သည်။ တရုတ်ပြည်သည် ဘုရားသခင်ကို ယုံကြည်သူများ ညှဉ်းပန်းနှိပ်စက်ခံရကာ အရှက်ရသည့်နေရာဖြစ်သော ဘုရားမဲ့ဝါဒဖြင့် အုပ်စိုးသည့် တိုင်းပြည်တစ်ခု ဖြစ်သည်။ သို့သော် ဤဆင်းရဲဒုက္ခမှာ ခဏတာဖြစ်၍ အကန့်အသတ်ရှိကာ၊ ယင်းမှာ ကျွန်မ၏ ယုံကြည်ခြင်းနှင့် သူ့ကို နာခံခြင်းအား စုံလင်စေဖို့ရန် ဘုရားသခင်က ဂရုတစိုက် စီစဉ်ထားခြင်းဖြစ်သည်။ သို့မှသာ ကျွန်မသည် အနာဂတ်တွင် ဘုရားသခင်၏ ကတိတော်နှင့် ကောင်းချီးမင်္ဂလာများကို သာ၍ ရနိုင်လိမ့်မည်။ ယခုအခါ ကျွန်မထံတွင် အခြား စိတ်ဆန္ဒများ မရှိပါ၊ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်ကို ပိုင်ဆိုင်ခြင်းက လုံလောက်သောကြောင့် ဖြစ်သည်။ တစ်ချိန်တည်းတွင် စီစီပီအစိုးရ ဖန်တီးသည့် ဥပဒေများက လူတို့ကို လှည့်ဖြားရန် လှည့်ကွက်များသာ ဖြစ်ကြသည်ကို ကျွန်မ တွေ့ခဲ့ရသည်။ ပြင်ပကမ္ဘာကြီးဆီသို့ ၎င်းတို့က ဘာသာရေး လွတ်လပ်ခွင့်ကို အားပေးသည်ဟု ကြွေးကြော်သော်လည်း၊ အမှန်တွင် ဘုရားသခင်ကို ယုံကြည်သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖတ်ရှုဖို့ သို့မဟုတ် ဝတ်ပြုအစည်းအဝေးများ ကျင်းပဖို့ပင် အခွင့်အရေး မရှိကြပါ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူများ ရှိနေခြင်းအား တကယ့်ကို သည်းမခံကြခြင်း ဖြစ်ပြီး၊ လူတို့ကို ဘုရားသခင်နောက်လိုက်ဖို့ သို့မဟုတ် ဘဝတွင် မှန်ကန်သောလမ်းကြောင်းကို လျှောက်ဖို့ ခွင့်မပြုကြခြင်းဖြစ်သည်ပ။ အနန္တတန်ခိုးရှင် ဘုရားသခင်က၊ “ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ဟု ပြောသကဲ့သို့ပင် ဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းထားသည့် ကောင်းကင်နှင့် မြေကြီးက ကျယ်ပြောသော်လည်း၊ တရုတ်ပြည်တွင် ဘုရားသခင်ကို ယုံကြည်သူများမှာ ခြေတစ်ကုပ်စာနေရာတစ်ခုပင် မရှိကြပေ။ ဘုရားသခင်ကို ယုံကြည်သူ မည်သူမဆိုသည် စီစီပီ၏ ဖမ်းဆီးခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့ကို ခံစားရပြီး၊ သူတို့၏ လွတ်လပ်မှုမှာ ကန့်သတ်ချုပ်ချယ်ခံထားရပါသည်။ စီစီပီသည် ဘုရားသခင်ကို ယုံကြည်သူတိုင်းအား မျိုးတုံးစေဖို့နှင့် တရုတ်ပြည်ကို ဘုရားမဲ့တိုင်းနိုင်ငံတစ်ခုအဖြစ် ပြောင်းလဲပစ်ဖို့သာ အလိုရှိပါသည်။ စီစီပီသည် အလွန် ပျက်စီး၊ ဆိုးယုတ်ကာ ဖောက်ပြန်ရေးဝါဒီ ဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ်ပင် ဘုရားသခင်နှင့် စေ့စပ်ညှိနှိုင်းမရနိုင်ပါ၊ ဘုရားသခင်၏ တည်ရှိခြင်းကို သည်းမခံနိုင်သည့် ဘုရားသခင်၏ ရန်သူတစ်ဦး ဖြစ်သည်။

ဤသို့ဖြင့် ကျွန်မသည် ဝါခင်းထဲတွင် ကျွန်မ၏ ညီအစ်မနှင့် လျှို့ဝှက်စွာ ဆက်လက်တွေ့ဆုံခဲ့သည်။ သို့သော် အချိန် ကုန်လွန်ခဲ့ပြီး၊ မကြာမီ ဆောင်း ဝင်တော့မည်ဖြစ်သည်။ ဝါပင်များ၏ အရွက်များက ညှိုးနွှမ်းကြွေကျကုန်ပြီး၊ ဝါခင်းသည် ကျွန်မတို့အတွက် အစည်းအဝေးများ ပြုလုပ်ဖို့ရန် မည်သည့်အကွယ်အကာမျှ မပေးတော့ပါ။ ထို့ကြောင့် ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတူ မိတ်သဟာယပြုရန် ညီအစ်ကိုမောင်နှမများ မရှိသည့်အဖြစ်ကို တစ်ဖန် ပြန်ရောက်ခဲ့သည်။ ပထမတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ကျွန်မ စောင့်ထိန်းနိုင်ခဲ့ပြီး၊ ဘုရားသခင်နှင့် ပုံမှန်ဆက်သွယ်မှုတစ်ခုကို ထိန်းသိမ်းနိုင်ခဲ့သော်လည်း၊ ဘုရားနှုတ်ကပတ်တော်၏ ထောက်ပံ့ခြင်းနှင့် ရေလောင်းခြင်း မရှိသည့်အတွက်၊ ကျွန်မ၏ ဝိညာဉ်က ပိုပိုပြီး အကျိုးဖြစ်ထွန်းခြင်း မရှိဖြစ်ကာ ခြောက်သွေ့လာခဲ့ပါသည်။ မကြာခင်မှာပင် အမှောင်ထဲသို့ ကျွန်မ ပြန်လဲကျခဲ့သည်။ ကောင်းကင်မှ ငရဲဆီသို့ ကျွန်မ သက်ဆင်းသွားခဲ့ပြီဟု ခံစားခဲ့ရပြီး၊ ကျွန်မသည် စိတ်ဆင်းရဲလွန်းသည့်အတွက် သေခြင်းကပင် သာ၍ နှစ်သက်စရာကောင်းခဲ့ပေဦးမည်။ ကျွန်မ၏ မိသားစုက ရဲများ၏ အလိမ်အညာများကို ယုံကြည်ခဲ့သည်။ ထို့ကြောင့် ကျွန်မအပေါ် သူတို့က နေ့တိုင်း စောင့်ကြည့်ခဲ့ကြပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ဆက်ယုံကြည်လျှင် ရိုက်နှက်ပစ်မည်ဟူ၍ ခြိမ်းခြောက်ခဲ့သည်။ အိမ်တွင် ကျွန်မ ဆုမတောင်းဝံ့ခဲ့ပါ။ ညဘက်တွင် စောင်ခြုံထဲ ပုန်းကွယ်ရင်းသာ သို့မဟုတ်အိမ်တွင် မည်သူမျှ မရှိသည့်အခါတွင်သာကျွန်မ ဆုတောင်းနိုင်ခဲ့ပြီး၊ နေ့တိုင်း ဤပုံစံဖြင့် ကျွန်မ ဖြတ်သန်းခဲ့သည်။ ကျွန်မ မိသားစု၏ တန်ပြန်စွပ်စွဲချက်များကို သည်းခံရသည့်အပြင်၊ ရွာသားများ၏ ကောလာဟလများနှင့် အတင်းအဖျင်းတို့ကိုလည်း ကျွန်မ သည်းခံခဲ့ရသည်။ ဤအရာအားလုံးကို ရင်ဆိုင်ရင်းဖြင့်၊ ကျွန်မသည် အထူးသဖြင့် စိတ်မချမ်းမြေ့ခဲ့ရပါ။ ဝိညာဉ်ရေးရာအားဖြင့် အားနည်းပြီး ကူညီရာမဲ့ခဲ့ကာ၊ နေ့တိုင်းပင် ဝမ်းနည်းညှိုးငယ်ခဲ့ရသည်။ အသင်းတော်အသက်တာကို ဆုံးရှုံးပြီးနောက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မဖတ်ရှုနိုင်ခြင်း၊ ကျွန်မ၏ ညီအစ်ကို မောင်နှမများကို မမြင်တွေ့နိုင်ခြင်းတို့ဖြင့်၊ အသက်ရှင်ရခြင်းသက်သက်မျှသည် နာကျင်မှုဒုက္ခဖြစ်သည်၊ အသက်ရှင်ခြင်း၏ ဝမ်းမြောက်စရာအားလုံး ဆုံးရှုံးသွားခဲ့ပြီဟု ကျွန်မ ခံစားခဲ့ရသည်။ အတိတ်တွင် ကျွန်မ စိတ်မချမ်းမြေ့ဖြစ်ကာ အားနည်းသည့်အချိန်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို မည်သို့ အမြဲ နှစ်သိမ့်ခဲ့ပုံ၊ ကျွန်မ၏ ညီအစ်ကို မောင်နှမများက ကျွန်မကို စိတ်ရှည်ရှည်ဖြင့် အားပေးခဲ့ကြပုံ၊ ဘုရားသခင်၏ အလိုတော်ကို ကျွန်မ နားလည်ပြီးသည့်နောက် ချက်ချင်းပင် စိတ်သက်သာရာရ၍ လွတ်မြောက်မှုကို ခံစားခဲ့ရပုံ၊ ကျွန်မ၏ စိတ်ဓာတ် ပြန်လည်တက်ကြွခဲ့ပုံတို့ကို ကျွန်မ ပြန်တွေးကြည့်မိသည်။ သို့သော် ယခုတော့ ရဲများ၏ နှိပ်စက် ညှဉ်းပန်းခြင်းနှင့် စောင့်ကြည့်ခြင်းတို့ကြောင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ရှုခွင့်ကို ကျွန်မ ဆုံးရှုံးခဲ့ပါပြီ။ ကျွန်မ၏ ညီအစ်ကို မောင်နှမများကိုပင် ကျွန်မ မတွေ့နိုင်ခဲ့ပါ။ နေ့စဉ်နေ့တိုင်းသည် ရှည်ကြာ၍ ခါးသီးသော ရုန်းကန်လှုပ်ရှားခြင်းဖြစ်ပြီး ကျွန်မအနေဖြင့် သေဆုံးသွားသည့်အလား သက်ဝင်ခြင်းမရှိ ရှင်သန်နေရပုံကို မြင်ရင်း၊ ဟိုယခင်က အသင်းတော်ထဲတွင် ဘုရားသခင်၏ မျက်မှောက်၌ မည်မျှ အသက်တာ ပြည့်ဝခဲ့ဖူးသည်ကို သုံးသပ်ဆင်ခြင်ရင်းဖြင့်၊ ကျွန်မမှာ မချိတင်ကဲဖြစ်ကာ စိတ်မချမ်းမြေ့မှုကို ခံစားခဲ့ရသည်။ ပြီးလျှင် ကျွန်မ၏ မိသားစုမှာ စီစီပီ၏ အရူးလုပ်ခြင်းနှင့် လှည့်ဖြားခြင်းခံခဲ့ရပုံ၊ ကျွန်မကို သူတို့ နားမလည်ကြပုံနှင့် ကျွန်မ၏ လွတ်လပ်မှုကို ကန့်သတ်ရာတွင် စီစီပီနှင့်အတူ သူတို့ ပူးပေါင်းခဲ့ကြပုံတို့ကို တွေးမိသည့်အခါ၊ ကျွန်မ သာ၍ပင် စိတ်နှလုံးကြေကွဲခဲ့ရသည်။ သို့သော် ကျွန်မတွင် ဦးလှည့်စရာ နေရာမရှိသကဲ့သို့ ခံစားခဲ့ရသည့်အခါမျိုးတွင်၊ ဘုရားသခင်ထံ အဆက်မပြတ် ဆုတောင်းခဲ့ပြီး၊ ကျွန်မအတွက် လမ်းတစ်ခု ဖွင့်ပေးဖို့ ကျွန်မ တောင်းလျှောက်ခဲ့သည်၊ “အို ဘုရားသခင်။ အခု ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်ကို ကျွန်မ မဖတ်နိုင်သလို၊ အသင်းတော်အသက်တာကိုလည်း မရှင်သန်နိုင်ပါဘူး။ ဒီဘဝက ကျွန်မအတွက် ခံနိုင်ဖို့ အရမ်းကိုခက်လှပါတယ်။ အို ဘုရားသခင်။ ကျွန်မရဲ့ မိသားစုဟာ စီစီပီရဲ့ လှည့်ဖြားတာကို ခံထားရပြီး၊ ကိုယ်တော့်ကို ယုံကြည်ခြင်းကနေ ကျွန်မကို တားဆီးဖို့ သူတို့ အစွမ်းရှိသမျှကြိုးစားကြပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို ကူညီမစပါ၊ ကိုယ်တော့်ရဲ့ လုပ်ဆောင်ချက်တွေကို သက်သေခံဖို့ အခွင့်ပေးပါ။ သူတို့ကိုလည်း စာတန်အားဖြင့် နောက်ထပ် လှည့်ဖြားခြင်း အသုံးချခြင်း မခံကြရအောင် ရပ်တန့်ပေးပါ။ အို ဘုရားသခင်၊ ကျွန်မရဲ့ မိသားစုကို ကိုယ်တော့်ထံ အပ်နှံလိုပါတယ်။ ပြီးတော့ ကျွန်မကို လွတ်မြောက်ရာလမ်းတစ်ခု ပြသဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါတယ်။”

ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါသည်၊ ကျွန်မ၏ ဆုတောင်းချက်များကို သူ အမှန်တကယ် နားညောင်းခဲ့သည်။ အချိန်အနည်းငယ် ကြာပြီးနောက်၊ တစ်ညနေတွင် ကျွန်မသည် အိပ်ရာရှေ့၌ ရုတ်တရက် သတိလစ်သွားခဲ့သည်။ ကျွန်မယောက်ျားက အထိတ်တလန့်ဖြင့် ကြံရာမရဖြစ်ကာ၊ ဘာလုပ်ရမည်မသိ ဖြစ်ခဲ့သည်။ ထို့ကြောင့် ကျွန်မ၏သားက အရေးပေါ် ဌာနများကို အလျင်အမြန် ဖုန်းဆက်ခဲ့သည်။ အရင်ဆုံး တုံ့ပြန်ဖြေကြားသည့် ဆေးရုံက လူနာမှာ အလွန်အမင်း နာမကျန်းဖြစ်နေသည့် အဘွားကြီးတစ်ယောက် ဖြစ်သည်ဟု ကြားသည့်အခါ၊ ကျွန်မကို လက်ခံဖို့ ငြင်းခဲ့ကြသည်။ ကျွန်မ၏ သားက အခြားဆေးရုံ၏ အရေးပေါ်ဖုန်းလိုင်းကို ခေါ်ဆိုခဲ့ပြန်သည်။ ဆရာဝန်က ကျွန်မတွင် သတိပြန်ရလာဖို့ အလားအလာ သိပ်မရှိကြောင်း၊ ကျွန်မကို ကယ်တင်ဖို့ ကြိုးစားလည်း ထူးမည်မဟုတ်ကြောင်းနှင့် ကျွန်မ၏ မိသားစုအနေဖြင့် အဆိုးဆုံးအတွက် ပြင်ဆင်သင့်ကြောင်း ဆိုပါသည်။ သို့သော် ကျွန်မ၏ သားက လက်လျှော့ဖို့ ငြင်းဆန်ကာ ဆက်တောင်းပန်သည့်အတွက်၊ သူတို့လည်း အလျှော့ပေး၍ ကျွန်မကို ဆေးရုံသို့ ခေါ်ဆောင်ဖို့မှတစ်ပါး ရွေးချယ်စရာမရှိတော့ပါ။ သို့သော် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းစဉ်များ ပြီးသည့်နောက်တွင်ပင်၊ ကျွန်မက ဆက်၍ သတိမရဘဲ ရှိခဲ့သည်။ ဆရာဝန်များ လုပ်နိုင်တာ ဘာမျှမရှိတော့ဘဲ၊ ကျွန်မ၏ မိသားစုက ကျွန်မ အသက်ရှင်တော့မည် မဟုတ်ကြောင်း သေချာသွား့ကြသည်။ သို့သော် ဘုရားသခင်အတွက် မဖြစ်နိုင်သည့်အရာ မရှိပါ။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်တွင် အံ့ဖွယ်အဖြစ်တစ်ခု ဖြစ်ပျက်ခဲ့၍ ဖြစ်သည်။ ၁၈ နာရီလုံးလုံး မေ့မြောနေပြီးနောက်တွင်၊ ကျွန်မသည် တဖြည်းဖြည်း သတိပြနလည်လာခဲ့သည်။ ဘေးတွင် ရှိနေကြသူတိုင်း ကြက်သေသေသွားကြသည်။ ကျွန်မသည် မျက်လုံးကို ဖွင့်၍ ဆရာဝန်များကို မြင်လိုက်ရသည့်အခါ၊ ကောင်းကင်တမန်များကို မြင်နေရသည်ဟု ထင်ခဲ့မိသေးသည်။ ကျွန်မ မည်သည့်နေရာ ရောက်နေသည်ကို မေးသည့်အခါ၊ ဆေးရုံပေါ်မှာဟု သူတို့ထဲမှ တစ်ဦးက ပြန်ဖြေသည်။ ပြီးလျှင် ကျွန်မခန္ဓာကိုယ်၏ အရေးကြီး အစိတ်အပိုင်းများကို ချက်ချင်း စစ်ဆေးကြပြီး၊ “တကယ်ကို အံ့ဖွယ်ဖြစ်ရပ်ပဲ...” ဟူ၍ ရေရွတ်နေကြသည်။ မကြာခင်မှာပင် ကျွန်မ ထထိုင်ကာ၊ အလွန်ဆာလောင်ခဲ့မိသည်။ သူနာပြုက ကျွန်မကို ကျွေးမွေးခဲ့ပြီး၊ စားသောက်မှု ပြီးသည့်နောက်တွင်၊ ကျွန်မမှာ အားအင်နှင့် ခွန်အား ပြည့်ဝသလို ခံစားခဲ့ရသည်။ ဤသည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အံ့ဖွယ်လုပ်ဆောင်ချက်များထဲမှ တစ်ခုဖြစ်မှန်း၊ ကျွန်မ၏ ဆုတောင်းချက်များကို ဘုရားသခင် နားညောင်းခဲ့ပြီး ကျွန်မကို ရှေ့ဆက်ရမည့် လမ်းတစ်ခု ဖွင့်ပေးခဲ့မှန်း ကျွန်မသိခဲ့သည်။ အိပ်ရာပေါ် ကျွန်မ ထိုင်မိစဉ်တွင်၊ ဘုရားသခင်ကို ချီးမွမ်းခြင်း မသီဆိုဘဲ မနေနိုင်ခဲ့ပါ။ အံ့အားသင့်နေသည့် ဆရာဝန်က၊ “အမေကြီး၊ အမေကြီး ယုံကြည်တဲ့ ဘုရားသခင်က ဘယ်သူလဲ” ဟု မမေးဘဲမနေနိုင်တော့ပါ။ ကျွန်မက၊ “ကောင်းကင်နဲ့ မြေကြီးပေါ်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တဲ့ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားသခင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ယုံကြည်တာပါ” ဟု ပြောခဲ့သည်။ ဆရာဝန်က ကျွန်မကို တုန်လှုပ်မှုဖြင့် တုံ့ပြန်ကြည့် ကြည့်ခဲ့ပြီး၊ ကျွန်မ သီချင်းဆိုသည်ကို မြင်ရသည့်အတွက် ကျွန်မ၏ မိသားစုမှာ အံ့အားသင့်ကာ ဝမ်းသာပုံပေါ်ခဲ့သည်။ ဆေးရုံမှ ဆင်းပြီးသည့်နောက်တွင်၊ ကျွန်မ အိမ်ပြန်ခဲ့ပြီး၊ ကျွန်မ၏ အိမ်နီးချင်းများက တစ်ယောက်ပြီးတစ်ယောက် လာကြည့်ကာ၊ “အံ့သြစရာပဲ။ ရှင့်အတွက် မျှော်လင့်ချက် မရှိတော့ဘူးလို့ ဆရာဝန်တွေအားလုံးက ပြောခဲ့ကြတာလေ။ ဒါပေမဲ့ ရှင် ပြန်သတိရလာတယ်နော်။ ဒါက အံ့ဖွယ်ဖြစ်ရပ်ပဲ” ဟု ပြောဆိုကြတော့သည်။ ဤသည်မှာ ဘုရားသခင်၏ ကြီးမားသော တန်ခိုးကြောင့်ဖြစ်ကြောင်း၊ ဘုရားသခင်က ကျွန်မကို ကယ်တင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဘုရားသခင်သာ မရှိလျှင် ကျွန်မ ယခု သေနေလောက်ပြီ ဖြစ်ကြောင်းနှင့် ဘဝတွင် ကျွန်မကို ဒုတိယအကြိမ် အခွင့်အရေးပေးခဲ့သည်မှာ ဘုရားသခင်ဖြစ်ကြောင်းတို့ကို ပြောရင်း၊ သူတို့ကို ကျွန်မက ဘုရားသခင်အကြောင်း သက်သေခံခဲ့သည်။ လူသားမျိုးနွယ်အားလုံးကို ဘုရားသခင်က ဖန်ဆင်းခဲ့ကြောင်း၊ ကျွန်မတို့ကို ဘုရားသခင်က အသက်ပေးထားခြင်း ဖြစ်ကြောင်း၊ ကျွန်မတို့၏ ဘဝများအပေါ် ဘုရားသခင်က စီရင်ကာ အုပ်စိုးကြောင်း၊ ဘုရားသခင်ထံမှ ရှောင်ခွာခြင်းသည် သေခြင်းကို ဆိုလိုသောကြောင့် လူတို့သည် ဘုရားသခင်၏ လမ်းပြမှုမှ ရှောင်ခွာ၍ မရကြောင်းတို့ကို သူတို့အား ကျွန်မ ပြောပြခဲ့သည်။ ဤအဖြစ်ကို တွေ့ကြုံရပြီးနောက်တွင်၊ ကျွန်မမိသားစုသည် ဘုရားသခင်အား ကျွန်မ၏ ယုံကြည်ခြင်းကို နောက်ထပ် မဆန့်ကျင်တော့သလို၊ ဘုရားသခင်ကလည်း ကျွန်မအား မမျှော်လင့်သည့် ကောင်းချီးမင်္ဂလာတစ်ခုကို ပေးခဲ့ပါသည်။ ကျွန်မ၏ ယောက်ျားက ဘုရားသခင်၏ လက်ရှိ အမှုတော်အဆင့်ကို လက်ခံခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင်၊ ကျွန်မ ယောက်ျားသည် မိတ်သဟာယပြုဖို့အတွက် ကျွန်မနှင့်အတူ အစည်းအဝေးများသို့ မကြာမကြာ သွားလာခဲ့ပြီး၊ ကျွန်မသည်လည်း ငြိမ်သက်မှု လုံခြုံမှုတို့ဖြင့် အလွန်အမင်း ပျော်ရွှင်ခဲ့ရသည်။ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာတို့ကို အမှန်တကယ် တွေ့မြင်ခဲ့ပြီဖြစ်သောကြောင့်၊ ကျွန်မသည် နေ့စဉ်နေ့တိုင်း ဝမ်းမြောက်မှုဖြင့် ကုန်ဆုံးခဲ့သလို၊ ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကာ ချီးမွမ်းခဲ့ပါသည်။

ကျွန်မ၏ အတွေ့အကြုံမှတစ်ဆင့်၊ ဘုရားသခင်သည် လူတစ်ဦးအပေါ် မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ သူသည် ချစ်ခြင်းမေတ္တာဖြင့်သာ လုပ်ဆောင်သည်ကို ကျွန်မ စစ်မှန်စွာ အသိအမှတ် ပြုလာခဲ့ရသည်။ ကျွန်မအား နှိပ်စက်ညှဉ်းပန်းဖို့ စာတန်ကို ခွင့်ပြုပေးခြင်းနောက်တွင် ဘုရားသခင်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များ ပါရှိသည်။ စီစီပီသည် ကျွန်မက ဘုရားသခင်အား ရှောင်ဖယ်ကာ သစ္စာဖောက်စေရန်အတွက်၊ ကျွန်မအား ဖမ်းဆီးခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့ကို အသုံးပြုချင်ခဲ့သော်လည်း၊ ဘုရားသခင်၏ ဉာဏ်ပညာကို စာတန်၏ လှည့်ကွက်များအပေါ် အခြေခံ၍ ကျင့်သုံးသည်ကို ၎င်းတို့ မသိခဲ့ပါ။ စီစီပီ၏ ဖိနှိပ်မှုက ကျွန်မကို ဘုရားသခင်အား ရှောင်ဖယ် သစ္စာဖောက်စေရန် မလုပ်နိုင်ခဲ့သည့်အပြင်၊ ဘုရားသခင်ကို ခုခံကာ ကောင်းကင်ကို ဆန့်ကျင်ပြုမူသော စီစီပီ၏ ဆိုးယုတ်သည့် အနှစ်သာရကိုပါ ယင်းတို့က် ရှင်းရှင်းလင်းလင်း မြင်စေခဲ့သလို၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်မှာ သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဟူသော ကျွန်မ၏ သေချာမှုကို နောက်ထပ်ခိုင်မာစေခဲ့သည်။ ယင်းသည် ကျွန်မအား ဘုရားသခင်၏ ကြီးမားသောတန်ခိုးနှင့် အံ့ဖွယ်ရာ လုပ်ဆောင်ချက်များကိုလည်း မြင်ခွင့်ပေးခဲ့ပြီး၊ ထိုသို့အားဖြင့် ဘုရားသခင်အပေါ် ကျွန်မ၏ ချစ်ခြင်းနှင့် သစ္စာရှိခြင်းတို့ကို အားကောင်းစေခဲ့သည်။ “ငါ၏အစီအစဉ်တွင်၊ စာတန်သည် တစ်လျှောက်လုံး ခြေလှမ်းအသီးသီး နောက်ကွယ်တွင် ချောင်းမြောင်းနေခဲ့ပြီး၊ ငါ့ဉာဏ်ပညာ၏ အဖြည့်ခံအဖြစ်၊ ငါ၏မူလအစီအစဉ်ကို နှောင့်ယှက်ရန် နည်းလမ်းများနှင့် နည်းစနစ်များ ရှာဖွေရန် အမြဲ ကြိုးစားနေပြီး ဖြစ်သည်။ သို့ရာတွင် ငါသည် ၎င်း၏ လှည့်ဖြားတတ်သော အစီအစဉ်များကို မလွန်ဆန်နိုင် ဖြစ်မည်လော။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာရာတိုင်းသည် ငါ့ကို အစေခံ၏။ စာတန်၏ လှည့်ဖြားတတ်သော အကြံအစည်များသည် တစ်ခုတစ်လေ ကွဲပြားခြားနားနိုင်မည်လော။ ဤသည်မှာ ငါ၏ ဉာဏ်ပညာ ဆုံသည့်နေရာ အတိအကျ ဖြစ်သည်။ ယင်းမှာ ငါ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အံ့ဖွယ်ဖြစ်သည့်အရာ အတိအကျ ဖြစ်ပြီး၊ ယင်းသည် ငါ၏စီမံခန့်ခွဲမှု အစီအစဉ် တစ်ရပ်လုံးအတွက် လည်ပတ်မှု၏ အခြေခံသဘောတရား ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၈)) ဟု အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောသကဲ့သို့ပင်ဖြစ်သည်။ စီစီပီက ဘုရားသခင်ကို သွေးရူးသွေးတန်း ဆန့်ကျင်ကာ၊ ဘုရားသခင် ရွေးချယ်ထားသည့် လူတို့ကို နှိပ်စက်ညှဉ်းပန်းလေလေ၊ ယင်းကို ကျွန်မတို့က ပို၍ ထိုးထွင်းသိမြင်ကာ စွန့်ပစ်နိုင်လေလေဖြစ်သည်။ ကျွန်မတို့က သမ္မာတရားကို ပို၍ နားလည်နိုင်ကာ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့ဖွယ်လုပ်ဆောင်ချက်များကို သိလေလေဖြစ်သည်။ ဘုရားသခင်နောက် လိုက်ရာတွင် ကျွန်မတို့၏ ယုံကြည်ချက်သည်လည်း ကြီးထွားလာပြီး၊ ဘုရားသခင်အတွက် ထူးကဲသော သက်သေခံချက်ကို ကျွန်မတို့ ပိုမို ပြုလုပ်လာနိုင်ကြသည်။ စီစီပီ၏ နှိပ်စက်ညှဉ်းပန်းမှုကို တွေ့ကြုံခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏ အမှုတော်ထဲတွင်၊ စာတန်က အဖြည့်ခံအဖြစ်သာ ပြုမူပြီး၊ ဘုရားသခင်အတွက် အသုံးတော်ခံတစ်ခု ဖြစ်သည်ကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့သည်။ ထို့နောက် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ အလွန်ထက်သန်သော စိတ်ဆန္ဒကိုလည်း ကျွန်မ ပိုမိုရှင်းလင်းစွာ သိလာခဲ့သည်။ အနာဂတ်တွင် မည်သည့် အခက်အခဲများ သို့မဟုတ် အတားအဆီးများ ကြုံရပါစေ၊ ကျွန်မ၏ တာဝန်များကို ကျွန်မ အစွမ်းကုန် ဖြည့်ဆည်း၍၊ ဘုရားသခင်၏ အလိုတော်ကို ပြည့်စေဖို့ ကျွန်မ၏ အခန်းကဏ္ဍကို လုပ်ဆောင်ရန် ဆန္ဒရှိပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ထာဝရ ဝေဒနာ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့် ဝိညာဉ် အားလုံးသည် စာတန်၏ အုပ်စိုးမှုထဲတွင်...

မည်သည့်အခါမျှ မပျောက်ကွယ်နိုင်သည့် အသက်စွမ်းအား

ဒွန်မေး၊ ဟေနန်စီရင်စုကျွန်မသည် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ဘဝတစ်ခုဖြင့် အသက်ရှင်နေထိုင်ခဲ့သည် သာမန်လူတစ်ယောက်သာ ဖြစ်သည်။ အလင်းရောင်ကို တမ်းတသည့်...

ဆင်းရဲဒုက္ခနှင့် အခက်အခဲတို့ အလယ်တွင် နိုးထခြင်း

-အသက် ၁၇ နှစ်အရွယ် ခရစ်ယာန်တစ်ယောက်၏ ညှဉ်းပန်းနှိပ်စက်ခြင်း နှင့် ပတ်သက်သည့် စစ်မှန်သော အတွေ့အကြုံဝမ်တောက်၊ ရှန်ဒေါင်းစီရင်စုကျွန်တော်က...

စမ်းသပ်မှုနှင့် ဆင်းရဲဒုက္ခများမှတစ်ဆင့် စုံလင်ခြင်းခံရသော ယုံကြည်ခြင်း

ရှူးချန့် ကိုရီးယားနိုင်ငံကျွန်မ အမေက ၁၉၉၃ ခုနှစ်မှာ ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်ခဲ့ပါသည်။ ရလဒ်အနေနှင့် ကျွန်မတို့ တစ်မိသားစုလုံး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။