ဖမ်းဆီးမှုနှစ်ခု၏ ဇာတ်လမ်းတစ်ပုဒ်
၂၀၀၂ ခုနှစ်၊ စက်တင်ဘာလရဲ့ ညတစ်ညမှာ၊ ညီငယ်တစ်ယောက်နဲ့ကျွန်တော်တို့ ဧဝံဂေလိတရား ဝေငှပြီး အိမ်အပြန်မှာ၊ ရုတ်တရက် မိုင်းအလုပ်သမားမီးအိမ်တွေ ကိုင်ထား တဲ့လူနှစ်ယောက်က လမ်းရဲ့ဘေးတစ်ဘက်တစ်ချက် စီမှာနေပြီး ကျွန်တော်တို့ဆီ ကပ်လာတယ်။ ကျွန်တော်တို့ရဲ့မျက်နှာတွေတည့်တည့်ကို သူတို့ရဲ့ လင်းနေတဲ့မီးတွေနဲ့ထိုးပြီး ကျွန်တော်တို့ကို ပိတ်ပြီးတားထားတယ်။ သူတို့ထဲက တစ်ယောက်က စာရွက်စာတမ်းတစ်ခု ကို ထုတ်ပြပြီး၊ “ငါတို့က ရဲတွေ” လို့ ပြောတယ်။ သူတို့က ကျွန်တော့်စက်ဘီးခြင်းထဲက ကျွန်တော့်ရဲ့ အိတ်ကို ဆွဲယူပြီး ကျွန်တော်တို့ကို ရှာဖွေဖို့ ဆောင့်ကြောင့်ထိုင်ခိုင်းတယ်။ ရဲတွေက ကျွန်တော်တို့ကို ဘယ်လိုဆက်ဆံမလဲဆို တာ မသိတော့၊ ကျွန်တော် တော်တော်လေး တုန်လှုပ်သွားတယ်။ ကျွန်တော့်ကို ယုံကြည်ခြင်းပေးဖို့ ဘုရားသခင်ကို ကျွန်တော် တိတ်တိတ်လေးဆုတောင်းလိုက်တယ်။ ဘယ်လိုပဲဖြစ်ပါစေ ကျွန်တော် ယုဒတစ်ယောက် မဖြစ်ချင်ဘူး။ ဘုရားသခင်ပြောခဲ့တဲ့ အရာတစ်ခုကို ကျွန်တော် သတိရလိုက်တယ်- “ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်- အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) ကျွန်တော် ဘုရားသခင်ကို အားကိုးရမှာဖြစ်ပြီး ယုံကြည်မှုရှိရမယ်၊ ပြီးတော့ ကျွန်တော့်ရဲ့အသက်ကို ပေးဆပ်ဖို့ အဆင်သင့်ဖြစ်တာဟာ သက်သေရပ်တည်ဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်ဆိုတာ ကျွန်တော်သိတယ်။
ရဲတွေက ကျွန်တော်တို့ကို သူတို့ကားထဲ တွန်းထည့် တယ်၊ အဲဒီနောက် သူတို့ ကြည့်မနေတဲ့အချိန်မှာ ကျွန်တော့်ရဲ့ပေဂျာကို ထိုင်ခုံဘေးနဲ့ ကြမ်းကြမ်းဖိ ချိုးလိုက်ပြီး၊ ထိုင်ခုံအောက်မှာ ဝှက်ထားလိုက် တယ်။ စခန်းရောက်တော့၊ ရဲတွေက ကျွန်တော်တို့ကို ရုံးခန်းတစ်ခန်းထဲ ခေါ်သွားပြီး တစ်ယောက်က ကျွန်တော့်ရဲ့ကျိုးနေတဲ့ပေဂျာကို ကိုင်ပြပြီး၊ “ဒါကို ချိုးလို့ရတယ်လို့ မင်းကို ဘယ်သူက ပြောလဲ” လို့ အော်ပြီးပြောတယ်။ နောက်တော့ လူ ငါးယောက်၊ ခြောက်ယောက် လောက် ကျွန်တော့်ကိုဝိုင်းပြီး ထိုးလိုက်ကန်လိုက် စလုပ်တော့တယ်။ ကျွန်တော့်ကို ပြင်းပြင်းထန်ထန်ရိုက်နှက်ပြီးတော့၊ သူတို့က ကျွန်တော့်ကို ခုံတန်းတစ်ခုပေါ်ကို ပစ်ဆောင့်လိုက်တာ ဘယ်လောက်တောင်ပြင်းလဲ ဆိုရင် အဲဒီမှာတင် ခုံတန်းအပေါ်ပိုင်း ကျိုးသွား တယ်။ သူတို့ ကျွန်တော့်ကို ပြန်မပြီး နောက်တစ်ကြိမ် ထပ်ပြီးပစ်ဆောင့်တယ်။ ကျွန်တော် ကြယ်တွေမြင်ပြီး ကျွန်တော့်တစ်ကိုယ်လုံးလည်း နာကျင်နေတယ်။ နာကျင်တဲ့ဒဏ်တွေကို ခံနိုင်အောင် ကျွန်တော့်ကို ခွန်အားပေးဖို့ ဘုရားသခင်ကို ကျွန်တော် အဆက်မပြတ်ဆုတောင်းတယ်။ ပြီးတော့ အရာရှိတစ်ယောက်က ကျွန်တော့်ရဲ့ သက်သေခံကဒ်ပြားကို ကိုင်ပြီး ကျွန်တော့်နာမည်က ဘာလဲလို့ မေးတော့၊ ကဒ်ပြားပေါ်မှာရေးထားတယ်လို့ ကျွန်တော် ပြန်ဖြေလိုက်တယ်။ “မေးတာကိုဖြေ၊ မဟုတ်ရင် ငါ မင်းရဲ့ပါးစပ်ကို ဆွဲဖြဲလိုက်မယ်” လို့ သူက ကျွန်တော့်ကို စိန်းစိန်းဝါးဝါးကြည့်ပြီး ပြောတယ်။ ကျွန်တော် သူ့ကို လျစ်လျူရှုလိုက်တော့ သူက တူတစ်ချောင်းလောက်ထူတဲ့ ပလတ်စတစ်ကြိုး တစ်ချောင်းနဲ့ ခြေထောက်ကနေစပြီး ကျွန်တော့်တစ်ကိုယ်လုံးကို တင်းတင်းကျပ်ကျပ် ပတ်ပြီးချည်လိုက်တယ်။ ပြီးတော့ ကျွန်တော့်ရဲ့လည်ပင်းကနေ ကျောက်သင်ပုန်းအပိုင်းအစတစ်ခုကို သူက ဆွဲပေး ပြီး ကျွန်တော့်ကို မလှုပ်စေဘဲ တည့်တည့်ရပ်ခိုင်း ထားတယ်။ ကျွန်တော် အသက်ကို ကြိုးစားပြီးရှူနေရတယ်— ဒါက တကယ်ကိုဆိုးရွားတယ်။ သူတို့က ကျွန်တော့်ကို မေးခွန်းတွေ အဆက်မပြတ် မေးတယ်- “မင်းရဲ့ခေါင်းဆောင်က ဘယ်သူလဲ။ မင်းတို့ရဲ့ ဧဝံဂေလိတရားကို ဘယ်မှာ ဖြန့်နေခဲ့တာလဲ။ မင်း ဘယ်သူနဲ့ စကားတွေပြောနေခဲ့လဲ။” ကျွန်တော်က ဘာမှမပြောတော့ တစ်ယောက်က ရှူးဖိနပ်ကို ကောက်ပြီး ကျွန်တော့်ရဲ့လည်ပင်းမှာ ဆွဲထားတဲ့ ကျောက်သင်ပုန်းကို ထုတယ်၊ အဲဒီအချိန်မှာ တခြားလူတွေက တုတ်တွေနဲ့ ကျောက်သင်ပုန်းကိုရိုက်ပြီး၊ ကျွန်တော့်ကို ခြိမ်းခြောက်တယ်။ ကျွန်တော် ဘာမှမပြောသေးတာ တွေ့တော့၊ တချို့က ကျွန်တော့ကို မြေပေါ်လဲကျအောင် ကန်တယ်၊ ပြီးတော့ ပြေးလာပြီး ပလတ်စတစ်ကြိုးကို ဖြေလိုက်ကြတယ်။ အရာရှိတစ်ယောက်က ကျွန်တော့်ရဲ့ကျောရိုး တည့်တည့်ပေါ် ဒူးထောက်ပြီး၊ ကျွန်တော့်ရဲ့ညာဘက်လက်ကို ကျွန်တော့်ရဲ့ပခုံးပေါ် ကနေ ဆွဲပြီး ကျွန်တော့်ရဲ့ဘယ်ဘက်လက်ကို ကျွန်တော့်ရဲ့ကျောနောက်ဘက်ကို ဆွဲယူလိုက်တယ်။ ကျွန်တော့်လက်နှစ်ဖက်ကို အတင်းစုပြီး အဲဒီအတိုင်း လက်ထိတ်ခတ်လိုက်တယ်။ ကျွန်တော့်ရဲ့လက်မောင်းရိုးတွေ ဆောင့်ဆွဲခံရပြီး ကွဲအက်သလို ကျွန်တော်ခံစားလိုက်ရတယ်၊ ပြီးတော့ ကျွန်တော် နာကျင်မှုကြောင့် ချွေးတွေထွက် လာတယ်။ နောက်တော့ သူတို့က ကျွန်တော့်လက်မောင်းတွေကို ဖမ်းကိုင်လိုက်ပြီး၊ အားမာန်ပါပါနဲ့ ဆွဲမလိုက်တယ်၊ ကျွန်တော့်နောက်ကျောဘက်မှာ ခတ်ထားတဲ့ လက်ထိပ်တွေကို ကြိုးနဲ့ ချည်လိုက်ပြီး ကျွန်တော့်ကို စကားပြောဖို့ တောင်းဆိုနေရင်း ကြိုးကို နောက်ပြန်ဆောင့်ဆွဲတယ်။ သူတို့က နောက်ထပ်ရှူးဖိနပ်တွေ ယူလာပြီး ကျွန်တော့်ရဲ့နောက်ကျောနဲ့လက်ထိပ်တွေကြားမှာ အတင်းထည့်တယ်။ ကျွန်တော့်လက်မောင်းတွေ အလွန်နာကျင်လာပြီး နှစ်ပိုင်းပြတ်ထွက်တော့မလို ခံစားရတယ်— ထိုးကျင့်နေအောင် နာကျင်ပြီး ကျွန်တော် ကြမ်းပြင်ပေါ်ကို လဲကျသွားတယ်။ သူတို့က ကျွန်တော့်ကို ပြန်ဆွဲထူပြီး ကျွန်တော့်ဆီက သတင်းအချက်အလက်တွေရဖို့ ဆက်ပြီးအတင်း တောင်းဆိုကြတယ်။ “သူတို့ ဒီလိုသာ ငါ့ကို ဆက်ပြီးညှဉ်းပန်း နှိပ်စက်နေ ရင် ငါသေချင်သေမယ်၊ ဒါမှမဟုတ် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားမှာပဲ” လို့ ကျွန်တော် စဉ်းစားမိတယ်။ ကျွန်တော် ပိုပိုကြောက်လာပြီး၊ “ဘုရားသခင်၊ ဒီဒဏ်ကို ခံနိုင်ဖို့အတွက် ကျေးဇူးပြု ပြီး ကျွန်တော့်ကို ယုံကြည်ခြင်းနဲ့စိတ်ဓာတ်ကြံ့ခိုင်မှု ပေးပါ။ စာတန်ရှေ့မှောက်မှာ ကိုယ်တော့်အတွက် ကျွန်တော် သက်သေခံချင်ပါတယ်” လို့ ဘုရားသခင်ကို ကျွန်တော် အဆက်မပြတ်ဆုတောင်းနေလိုက်တယ်။ အဲဒီနောက် ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေ ကို ကျွန်တော်စဉ်းစားမိတယ်- “ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။ ဘုရားသခင်သည် သင့်ထံမှ သူ့ကိုယ်သူ ပုန်းကွယ်နေသည့်အခါ၊ သူ့နောက်သို့လိုက်ရန်၊ သင်၏ရှိရင်းစွဲမေတ္တာကို တုံ့ဆိုင်းခွင့်မပြုဘဲ သို့မဟုတ် ပျောက်ကွယ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရန်အတွက် သင်၌ ယုံကြည်ခြင်း ရှိနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ သင်သည် သူ၏ စီစဉ်ပုံကို ကျိုးနွံနာခံကာ သူ့အပေါ် ညည်းတွားချက်များ ပြုမည့်အစား သင်ကိုယ်တိုင်၏ ဇာတိပကတိကို ကျိန်ဆဲရန် အသင့်ဖြစ်နေရမည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်မြတ်နိုးသောတစ်စုံတစ်ရာနှင့် လမ်းခွဲရန် ဝန်လေးနေပါစေ သို့မဟုတ် ခါးသီးစွာ ငိုကြွေးနေပါစေ ဘုရားသခင်ကို သင်ကျေနပ်စေရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်း နှင့် ယုံကြည်ခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့် ကို ယုံကြည်မှုနဲ့ခွန်အားပေးပြီး၊ ကျွန်တော့်ကို စုံလင်အောင်ပြုလုပ်ဖို့အတွက် ဒီညှဉ်းပန်းမှုဒဏ်ကို ဘုရားသခင်က အသုံးပြုနေတယ်ဆိုတာကို ကျွန်တော်သိတယ်၊ ဒါကြောင့် စာတန်ကို အရှက်ကွဲအောင် ကျွန်တော့် အနေနဲ့ ကျွန်တော်ရဲ့ယုံကြည်မှုကို အားကိုးပြီး ဘုရားသခင်အတွက် သက်သေခံဖို့လိုတယ်။ အဲဒီအခါမှာ နောက်ထပ် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ကျွန်တော်သတိရလိုက်တယ်- “သင်တို့၏ ဦးခေါင်းများကို မော့သာထားလော့။ မကြောက်ရွံ့နှင့်၊ သင်တို့၏ အဖဖြစ်သော ငါသည် သင်တို့အား ထောက်ပံ့ရန် ဤနေရာ၌ ရှိပြီး သင်တို့သည် ဒုက္ခခံစား ရလိမ့်မည်မဟုတ်။ သင်တို့သည် ငါ၏ရှေ့မှောက်တွင် မကြာခဏ ဆုတောင်းလျက် ကျိုးနွံစွာ အသနားခံနေသရွေ့ ငါသည် သင်တို့အပေါ်တွင် ယုံကြည်ခြင်းအားလုံးကို အပ်နှင်းထားလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၇၅)) အဲဒါ အမှန်ပဲ— စကြဝဠာကြီးနဲ့ အရာခပ်သိမ်းတို့ကို အုပ်စိုးတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်တော်ယုံကြည်တယ်။ ဘုရားသခင်က ကျွန်တော့်ကို သေဖို့ခွင့်မပြုရင် ရဲတွေက ကျွန်တော့်အသက်ကို ယူလို့မရဘူး။ ရဲတွေက ကျွန်တော့်ကို တစ်ညလုံး နှိပ်စက်ပေမယ့် ကျွန်တော့်ဆီက စကားတစ်လုံးမှ ရမသွားဘူး။ “မင်းက သေတော့မယ့်လားပဲ” လို့ တစ်ယောက်က ဒေါသနဲ့အော်ပြောလိုက်ပြီး အဲဒီနောက် ထွက်သွားတယ်။ ကျွန်တော် ဘုရားသခင်ကို တိတ်တိတ်ကလေး ကျေးဇူးတင်လိုက်တယ်။
နှစ်နာရီလောက် ကြာသွားတယ်။ ကျွန်တော့်ကို အဲဒီပုံစံနဲ့ အကြာကြီးလက်ထိတ်ခတ် ထားတော့ ကျွန်တော့်လက်ကောက်ဝတ်တွေ အရမ်းရောင်လာပြီး ကျွန်တော့်လက်တွေက ဘာမှမခံစားရတော့ဘူး။ သူတို့က လက်ထိပ်တွေ ဖြုတ်ပေးဖို့ လာပေမယ့် အသားထဲကို တင်းတင်းကျပ်ကျပ်မြုပ်ဝင်နေတယ်။ တစ်ယောက်က ကျွန်တော့်ကို ငြိမ်အောင်ကိုင်ထား ပြီး နောက်တစ်ယောက်က ကျွန်တော့်ရဲ့လက်မောင်း တွေကို ပြိုင်တူအားမာန်ပါပါဆွဲလိုက်တယ်။ ကျွန်တော် နာကျင်မှုကြောင့် ချွေးတွေထွက်နေ တယ်။ ကျွန်တော်ရဲ့လက်ချောင်းတွေအားလုံး အတော်လေး ရောင်နေပြီး တစ်ခုနဲ့တစ်ခု ခွာလို့တောင်မရဘူး။ မှည့်နေတဲ့ခရမ်းသီးလို ခရမ်းရောင်နဲ့အမည်းရောင် ဖြစ်နေတယ်။ နောက်တော့ သူတို့ ကျွန်တော့်ကို သံအချုပ်ခန်းတွေ တန်းစီနေတဲ့နေရာကို ခေါ်သွားတယ်။ ကျွန်တော် အံ့ဩတုန်လှုပ်သွားတယ်။ ကျွန်တော့်ကို လက်ခံထားတဲ့အစ်မနဲ့ ယုံကြည်သူမဟုတ်တဲ့ သူ့ရဲ့ယောက်ျားတို့ကို လှောင်အိမ်တွေထဲ ထည့်ပိတ်ထားတာ ကျွန်တော် တွေ့လိုက်ရတယ်။ သူက အတော်လေးချည့်နဲ့ပြီး လုံးဝအားပြတ်နေပုံ ပေါ်တယ်၊ သူ့ယောက်ျားရဲ့မျက်လုံးတွေကတော့ ထုံထိုင်းနေတဲ့ အသွင်ပေါ်နေပြီး၊ လုံးဝစိတ်လျှော့ထားပုံလည်း ပေါ်တယ်။ နှစ်ယောက်စလုံးက အသက် ၇၀ ကျော်တွေဖြစ်ပြီး၊ အခုလိုအနှိပ်စက်ခံထားရတာ တွေ့ရတာ ဆိုးရွားတဲ့မြင်ကွင်းတစ်ခုဖြစ်ပြီး၊ ကျွန်တော် မျက်ရည်တွေတောင် မထိန်းနိုင်ဘူး။ သူတို့က ကျွန်တော့်ကို အတွင်းခံတစ်စုံသာချန်ပြီး၊ ကျန်အဝတ်တွေအားလုံးကို ချွတ်ခိုင်းတယ်၊ နောက်တော့ လှောင်အိမ်တစ်ခုထဲကို ကျွန်တော့်ကို တွန်းထည့်ပြီး ပိတ်ထားလိုက်တယ်၊ ပြီးတော့ မျက်စိမှိတ်တာ ဒါမှမဟုတ် နံရံကိုမှီတာ တွေ မလုပ်ခိုင်းဘဲ ကျွန်တော့်ကို တည့်တည့်မတ်တပ်ရပ်ခိုင်းထားတယ်။ ရဲလေးယောက်က နှစ်ယောက်စီအလှည့်ကျ ကျွန်တော့်ကို စောင့်ကြည့်ကြတယ်။ သူတို့က မကြာခဏဆိုသလို တိုင်တွေကို သံတုတ် တွေနဲ့ရိုက်ပြီး၊ ကျယ်လောင်တဲ့အသံတွေက ကျွန်တော့်ရဲ့နှလုံးကို တဒိန်းဒိန်းခုန်စေတယ်။ ကျွန်တော့်ရဲ့စိတ်က ချုံးချုံးကျလုနီးပါးဖြစ်လာပြီး၊ ကျွန်တော့်ကို ငရဲမှာ နတ်ဆိုးတွေက ဝိုင်းထားသလို ခံစားရတယ်။ “သူတို့က ငါ့ကို ဒီနေရာမှာ ရက်အနည်းငယ်ထက် ပိုပြီး ဆက်ထားရင်၊ ငါ့ကို သူတို့ မရိုက်နှက်ဘူးဆိုရင်တောင်၊ ဒီညှဉ်းပန်း နှိပ်စက်မှုကြောင့် ငါရူးသွားမှာပဲ။ ငါဒီနေရာမှာ သေရတော့မှာလား။ ငါသေသွားရင် ငါ့မိန်းမနဲ့ကလေးတွေ ဘယ်လိုဆက်လုပ်ကြမလဲ” လို့ ကျွန်တော် စဉ်းစားမိတယ်။ ကျွန်တော်စဉ်းစားလေ ပိုခံစားရလေပဲ။ ကျွန်တော့်ရဲ့ မျက်ရည်တွေကို မထိန်းနိုင်ဘူး။ ကျွန်တော့်ရဲ့စိတ်နှလုံးက ဘုရားသခင်ဆီကနေ အဝေးကြီး လမ်းလွဲပြီးထွက်သွားတာကို သတိပြုမိ ရင်းနဲ့၊ ကျွန်တော် မြန်မြန်ဆုတောင်းလိုက်တယ်- “အို ဘုရားသခင်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံကြည်မှုနဲ့ ခွန်အားပေးပါ။ ဒီအဖြစ်အပျက်တလျှောက် ကိုယ်တော့်အတွက် ကျွန်တော် မားမားမတ်မတ်ရပ်တည်ဖို့ အဆင်သင့်ပါ ပဲ” လို့ပေါ့။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေရဲ့ ဓမ္မသီချင်း တစ်ပုဒ်ကို ကျွန်တော် သတိရလိုက်တယ်- “စိတ်မပျက်နှင့်၊ အားမနည်းနှင့်၊ ထိုအခါ ငါသည် သင့်အတွက် အမှုအရာများကို ရှင်းလင်းစေမည်။ နိုင်ငံတော်သို့ သွားရာလမ်းသည် သိပ်ချောမွေ့ခြင်းမရှိ။ မည်သည့်အရာမျှ ထိုမျှ မရိုးရှင်းပေ။ ကောင်းချီးများ သင့်ထံ အလွယ်တကူ ရောက်လာသည်ကို သင် လိုချင်သည်။ ယနေ့တွင် အယောက်တိုင်းသည် ခါးသီးသော စမ်းသပ်ခြင်းများ ရင်ဆိုင်ဖို့ ရှိလိမ့်မည်။ ထိုသို့သော စမ်းသပ်မှုများမရှိပါက၊ သင်တို့၌ ရှိသည့် ငါ့ကိုချစ်သော နှလုံးသားသည် တိုး၍ အားကောင်းလာလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့သည် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိလိမ့်မည်မဟုတ်။ ဤစမ်းသပ်မှုများတွင် အရေးမပါသော အခြေအနေများသာ ပါရှိလျှင်ပင်၊ အယောက်တိုင်း ၎င်းတို့ကို ကျော်ဖြတ်ရမည်။ စမ်းသပ်မှုများ၏ ခက်ခဲမှုက လူတစ်ဦးနှင့်တစ်ဦး ခြားနား လိမ့်မည်သာ ဖြစ်သည်။...ငါ၏ ခါးသီးခြင်းကို မျှဝေခံစားသော သူတို့သည် ငါ၏ ချိုမြိန်ခြင်းကို သေချာပေါက် မျှဝေခံစားရလိမ့်မည်။ ယင်းမှာ သင်တို့အဖို့ ငါ၏ ကတိနှင့် ငါ၏ ကောင်းချီးမင်္ဂလာဖြစ်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “စမ်းသပ်ခံရခြင်းများ၏ ဝေဒနာသည် ဘုရားထံမှ ကောင်းချီးဖြစ်၏ကျူး”) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့်ရဲ့ယုံကြည်မှုကို အားပေးတယ်၊ ပြီးတော့ ကျွန်တော်ရဲ့ ဒီဆင်းရဲဒုက္ခကို ဘုရားသခင်က ခွင့်ပြုထားတာဖြစ်ပြီး၊ အဲဒီအထဲမှာ ကိုယ်တော်ရဲ့ကောင်းတဲ့ရည်ရွယ်ချက်ပါတယ် ဆိုတာ ကျွန်တော်နားလည်လိုက်တယ်။ အဲဒီအခက်အခဲနဲ့ဆင်းရဲဒုက္ခမျိုးကနေတစ်ဆင့်ပဲ ကျွန်တော့်ရဲ့ယုံကြည်မှုနဲ့ချစ်ခြင်းမေတ္တာတွေက စုံလင်ခံရနိုင်မှာဖြစ်တယ်။ ဒါ ဘုရားသခင်ဆီက ကောင်းချီးမင်္ဂလာတစ်ခုပဲ။ စာတန်ရှေ့မှောက်မှာ ဘုရားသခင်အတွက် သက်သေရပ်တည်ခွင့်ရတာဟာ ဘုရားသခင်က ကျွန်တော့်ကို မြှင့်တင်နေတာပဲ။ ဒီအတွေးက ကျွန်တော့်ရဲ့ကြောက်စိတ်တွေကို ဖယ်ရှားပစ်ပြီး၊ ဒုက္ခခံဖို့နဲ့ ဘုရားသခင်ကို ကျေနပ် စေဖို့ ကျွန်တော့်ကို စိတ်ဓာတ်ကြံ့ခိုင်မှုပေးတယ်။
နောက်နေ့ နေ့လည်ခင်းမှာ ရဲတွေက စစ်ကြောရေး ခန်းတစ်ခုထဲကို ကျွန်တော့်ကို တွန်းထည့်ပြီး ကျွန်တော်ဝင်သွားတာနဲ့ ခုနစ်ယောက်၊ ရှစ်ယောက် က ကျွန်တော့်အနားမှာ ဝိုင်းအုံလာပြီး၊ ကျွန်တော့်လက်တွေကို သီးခြားစီ သံတိုင်တွေမှာ လက်ထိပ်ခတ်လိုက်တယ်၊ ကျွန်တော့်ရဲ့ခန္ဓာကိုယ်က လေထဲမှာ တွဲလောင်းဖြစ်နေတယ်။ သူတို့ထဲက တစ်ယောက်က ကျွန်တော့်ကို အန္တရာယ်ပေးမယ့်ဟန်နဲ့ မေးတယ်၊ “မင်းရဲ့ခေါင်းဆောင်က ဘယ်သူလဲ။ သူတို့က ဘယ်မှာနေလဲ။ ဘယ်သူ့ကို ဧဝံဂေလိတရားဟောခဲ့ လဲ။ ပြောစမ်း။ မင်းရဲ့အသင်းတော်အကြောင်း ငါတို့ကို ပြောပြတဲ့ အချိန်က ငါတို့ မင်းကို အောက်ပြန်ချပေးမယ့်အချိန် ပဲ။ မဟုတ်ရင် မင်းရဲ့ဒုက္ခခံရမှု ပြီးဆုံးတာကို မင်း မြင်ရမှာ မဟုတ်ဘူး။ မင်းတို့လို ဘုရားသခင်ယုံကြည်သူတွေကို ငါတို့က သေတဲ့အထိ ရိုက်နှက်လို့ရပြီး အဲဒါကို ရာဇဝတ်မှု အနေနဲ့တောင် မသတ်မှတ်ဘူး”တဲ့။ ပြီးတော့ ရဲတစ်ယောက်က ကျွန်တော့်ရဲ့မျက်လုံး တစ်လုံးကို ဆွဲဖြဲပြီး ယုတ်ယုတ်မာမာ တံတွေးထွေးထည့်လိုက်တယ်၊ ပြီးတော့ သွေးရူးသွေးတန်း ဟားတိုက်ရယ်မော ကြတယ်။ ရယ်သံက ငရဲကလာတဲ့အသံနဲ့ တူနေတယ်။ ခြောက်ခြားဖွယ်ရာကောင်းတယ်။ ကျွန်တော် ဘာမှမပြောသေးတော့၊ တစ်မီတာလောက်ရှည်ပြီး ဒလိမ့်တုံးလောက်ထူတဲ့ ပလတ်စတစ်တုတ်တစ်ချောင်းကို ပိန်တဲ့အရာရှိတစ်ယောက်က ကောက်ယူလိုက်ပြီး ကျွန်တော့်ဗိုက်ကို ရိုက်တယ်။ ရိုက်တဲ့အားကြောင့် ကျွန်တော့်ခန္ဓာကိုယ် နောက်ဘက်ကို ယိုင်သွားပြီး၊ ကျွန်တော့်နောက်မှာ ရပ်နေတဲ့ရဲက ကျွန်တော့်ကို နောက်က ကန်တယ်။ ကျွန်တော့်ခန္ဓာကိုယ်က ရှေ့နောက်ယိမ်းနေပြီး၊ သံတိုင်တွေနဲ့ ရိုက်မိတယ်။ လက်ထိပ်တွေကလည်း ကျွန်တော့်ရဲ့အသားထဲကို မြုပ်ဝင်နေပြန်တော့— စူးစူးရှရှနာကျင်လာတာ ကြောင့် ကျွန်တော်အော်လိုက်မိတယ်။ “မင်း ပြောမလား၊ မပြောဘူးလား။ အကုန်ပြော စမ်း” လို့ ရဲတစ်ယောက်က ကျွန်တော့်ကို အော်တယ်။ ကျွန်တော် နှုတ်ဆိတ်နေတယ်။ ပိန်တဲ့တစ်ယောက် က သူကိုင်ထားတဲ့ပလတ်စတစ်တုတ်ကို မြှောက်ပြီး ကျွန်တော့်ခေါင်းကို ရိုက်လိုက်တော့၊ ကျွန်တော့်ခေါင်းထဲမှာ ဝီခေါ်နေတယ်။ ကျွန်တော့်ရဲ့အမြင်တွေ မှောင်မည်းသွားပြီး ကျွန်တော်သတိလစ်သွားတယ်။ ကျွန်တော်သတိပြန်ရလာတော့၊ ကျွန်တော် ကြမ်းပေါ်မှာ လဲနေပြီး တစ်ယောက်ယောက်က ရေအေးနဲ့ ကျွန်တော့် မျက်နှာကို အဆက်မပြတ်ပက်နေတာ သိလိုက် တယ်။ ကျွန်တော် သတိပြန်ရလာတာကို ရဲတွေ တွေ့တော့၊ သူတို့က ခြေထောက်ကို တစ်ယောက်တစ်ဘက်စီ ဆွဲပြီး ကျွန်တော့်ကို လှောင်အိမ်ထဲကို ပြန်ထည့်ပြီး ပိတ်လိုက်တယ်။ ကျွန်တော် ကြမ်းပြင်ပေါ်မှာ လဲနေပြီး၊ နာကျင်မှုတွေ ရဲ့ဒဏ်နဲ့ လုံးဝလှုပ်လို့မရဘူး။ ကျွန်တော့်ခေါင်းထဲမှာ ဝီခေါ်နေပြီး ဆိုးဆိုးရွားရွား ကိုက်နေတယ်။ လက်နဲ့စမ်းကြည့်လိုက်တော့၊ ကျွန်တော့်ခေါင်းမှာ အဖုကြီးတစ်ခုထွက်နေတာကို သိလိုက်ရပြီး ကျွန်တော် ဘုရားသခင်ကို တိတ်တိတ်ကလေး ဆုတောင်းလိုက်တယ်- “ဘုရားသခင်၊ ကိုယ်တော်ရဲ့ ကြီးမားတဲ့တန်ခိုး ကြောင့် ဒီနေ့ ကျွန်တော် အသက်ရှင်ကျန်ရစ်ခဲ့ တယ်။ ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်” လို့။
ကျွန်တော် အဲဒီကိုရောက်နေတဲ့ တတိယမြောက်နေ့ မှာ၊ ကျွန်တော့်ကို အားပျော့သွားအောင် ရဲတွေက အလှည့်ကျစီ ညှဉ်းပန်းကြတယ်။ သူတို့က ကျွန်တော့်ကို နေ့ရော၊ညပါ လှောင်အိမ်ထဲ မှာ မတ်တပ်ရပ်နေခိုင်းပြီး ကျွန်တော့်ကို အိပ်တာတို့၊ မျက်လုံးမှိတ်တာတို့ တောင် ပေးမလုပ်ဘူး၊ ပြီးတော့ ရေနွေးထဲ စိမ်ထားတဲ့ ထမင်းပန်းကန်လုံး တစ်ဝက်ပဲ ကျွန်တော့်ကို နေ့တိုင်းကျွေးတယ်။ ရုပ်ပိုင်းဆိုင်ရာအနေနဲ့၊ အကြာကြီး ညှင်းပန်း နှိပ်စက်ခံနေရတော့ လုံးဝအားကုန်ခမ်းနေပြီး၊ ကျွန်တော် မခံမရပ်နိုင်အောင် အိပ်ချင်လာတော့၊ မတ်တပ်ရပ်နေရင်းနဲ့ပဲ ကျွန်တော် အိပ်ပျော်သွား တယ်။ အဲဒီအခါ ရဲတွေက တိုင်တွေကို သူတို့ရဲ့သံတုတ်နဲ့ ရိုက်ပြီး၊ ကျွန်တော်လန့်နိုးလာအောင် အကြိမ်ကြိမ်လုပ်တာ ကြောင့် ကျွန်တော့်စိတ်တွေကလည်း အမြဲခြောက်ခြားလာတယ်။ ၃-မီတာလောက်ရှည်တဲ့ ဝါးလုံးတစ်ချောင်းနဲ့လည်း သူတို့က ကျွန်တော့်ကို ရိုက်တယ်။ အဲဒီလှောင်အိမ်ထဲမှာ ပုန်းစရာနေရာလည်း မရှိသ လို— ကျွန်တော့်တစ်ကိုယ်လုံးလည်း အညိုအမည်း တွေ စွဲနေတယ်။ ကျွန်တော့်ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းအားလုံးက နာကျင်နေပြီး ခြေထောက်တွေကလည်း ရောင်ကိုင်း ပြီး ထုံနေတယ်။ တစ်ချိန်လုံး ကြွေပြားတွေပေါ်မှာ ခြေဗလာနဲ့ ကျွန်တော်ရပ်နေရတော့၊ ကျွန်တော့်ရဲ့ခြေဖနောင့်တွေက ကွဲအက်နေပြီး ဆိုးဆိုးရွားရွားနာကျင်နေတယ်။ တစ်ခါ အရမ်းအိပ်ငိုက်သွားတော့ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ဘဲ မြေကြီးပေါ်ကို အလိုလိုလဲကျ သွားပြီး အိပ်ပျော်သွားတယ်၊ အဲဒီနောက် ရဲတွေက ကြမ်းတိုက်တံတစ်ချောင်းနဲ့ လှောင်အိမ်ထဲ ပြေးဝင်လာပြီး ကျွန်တော့်ကို ရက်ရက်စက်စက်ရိုက်နှက်ကြတယ်၊ ဆယ့်နှစ်ကြိမ်လောက် ကျွန်တော် အရိုက်ခံရတယ်။ ကျွန်တော့်ခေါင်းပေါ်ကို ကျွန်တော့်ရဲ့လက်တွေနဲ့ အလိုအလျောက် ကာမိလို့၊ ကျွန်တော့်ရဲ့လက်တွေ က ရိုက်နှက်မှုကြောင့် အညိုအမည်းစွဲ၊ ရောင်ကိုင်း လာပြီး၊ ကျွန်တော့်ခေါင်းက ပွင့်ထွက်တော့မလို ခံစားရ တယ်။ သူတို့ လက်ပန်းမကျမချင်း မရပ်ကြဘူး၊ နောက်တော့ ကျွန်တော့်ကို မတ်တပ်ရပ်ခိုင်းတယ်။ ကျွန်တော် လုံးဝကို ဆိုးဆိုးရွားရွားခံစားရပြီး သေတဲ့အထိ တကယ်ညှင်းပန်းနှိပ်စက်ခံရမှာ ကျွန်တော် ကြောက်မိတယ်။ အဲဒီအထဲမှာ ကျွန်တော် တစ်မိနစ်မှ ဆက်မနေချင်တော့ဘူး။ ကုန်ဆုံးသွားတဲ့နေ့တိုင်းအတွက် ကျွန်တော့်ရဲ့ လက်သည်းတွေကို အသုံးပြုပြီး နံရံမှာ မျဉ်းတစ်ကြောင်းခြစ်ပြီး မှတ်တယ်၊ ဒီသက်ရှိငရဲကနေ တတ်နိုင်သမျှအမြန်ဆုံး လွတ်မြောက်ဖို့ မျှော်လင့်ရင်းနဲ့ပေါ့။ “ငါ သူတို့ကို တစ်ခုမှမပြောရင်၊ ဒီလိုပဲ ဆက်ပြီးလုံးပါးပါးသွားရင်၊ ငါဘယ်လောက်ကြာအောင် ဆက်ခံနိုင်မှာလဲ။ သူတို့ ငါ့ကို ညှဉ်းပန်းဖို့ တခြားဘာတွေလုပ်ကြဦး မှာလဲ။ ငါနည်းနည်းပြောပြလိုက်ရင် သူတို့ ငါ့ကို လွှတ်ပေးချင် လွှတ်ပေးမှာပေါ့၊ အဲဒီလိုဆို ဒါတွေအားလုံးကို ဖြတ်သန်းဖို့ လိုတော့ မှာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ကို ပြောပြလိုက်ရင်၊ ငါ့ကိုငါယုဒတစ်ယောက်ဖြစ်အောင် လုပ်တာပဲ၊ ဒါဟာ ဘုရားသခင်ကို ဆိုးဆိုးရွားရွား သစ္စာဖောက် တာဖြစ်ပြီး၊ ကိုယ်တော်က ငါ့ကို ကျိန်ဆဲမှာပဲ” လို့ ကျွန်တော်စဉ်းစားမိတယ်။ ကျွန်တော် လုံးဝဆိုးရွားစွာခံစားရပြီး မငိုဘဲ မနေနိုင် တော့ဘူး။ ကျွန်တော့်ရဲ့မျက်ရည်တွေကြားကနေ ကျွန်တော် ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ ကျွန်တော် တကယ်ကို ဆက်ပြီးမခံ နိုင်တော့ဘူး၊ ဒါပေမယ့် ညီအစ်ကို၊မောင်နှမတွေကိုရော၊ ကိုယ်တော့်ကိုရော ကျွန်တော် သစ္စာမဖောက်နိုင်ဘူး။ ကျေးဇူးပြုပြီး ဒီအနေအထားမှာ ကျွန်တော် သက်သေရပ်တည်နိုင်အောင် ကျွန်တော့်ကို ယုံကြည်မှုနဲ့ ခွန်အားပေးပါ” လို့ပေါ့။ နောက်တော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ထဲက ဒီစကားတွေကို ကျွန်တော်သတိရခဲ့တယ်- “သို့ရာတွင် ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှု မပြသခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာတော့မည် မဟုတ်ဘဲ ငါ၏ကရုဏာသည် အကန့်အသတ်ရှိကြောင်းကို ငါရှင်းလင်းစေရမည်။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ ၎င်းတို့၏မိတ်ဆွေများ၏ အကျိုးအပေါ် သစ္စာဖောက်သူများနှင့် ငါသည် သာ၍ပင် ပတ်သက်ဆက်နွှယ်လိုခြင်း မရှိ။ ထိုသူသည် မည်သူပင်ဖြစ်စေ ဤသည်မှာ ငါ၏စိတ်သဘောထား ဖြစ်သည်။ ငါ၏နှလုံးကို ကြေကွဲစေသူ မည်သူမဆို ငါ့ထံမှ ဒုတိယအကြိမ် သက်ညှာမှု ရလိမ့်မည် မဟုတ်ကြောင်းနှင့် ငါ့အပေါ်သစ္စာရှိနေခဲ့သောသူ မည်သူမဆို ငါ၏နှလုံးသားတွင် ထာဝရ တည်ရှိနေမည် ဖြစ်ကြောင်း သင်တို့ကို ငါပြောကြားရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားသခင်ရဲ့ စိတ်နေသဘောထားက ဘယ်လိုပြစ်မှားမှုမျိုးမဆို လုံးဝသည်းခံမှာမဟုတ် ဘူးဆိုတာ ကျွန်တော် ရှင်းရှင်းလင်းလင်းခံစားရပြီး၊ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အနေနဲ့ ယုဒတစ်ယောက် အဖြစ်ခံပြီး ဘုရားသခင်ကို သစ္စာဖောက်လို့မရဘူး။ အဲဒီနောက် ကျွန်တော်အဖမ်းခံရချိန်တုန်းက၊ ကျွန်တော့်အိတ်ထဲမှာ မှတ်စုစာအုပ်တစ်အုပ်နဲ့အတူ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေပါတဲ့စာအုပ် တစ်အုပ် ပါတယ်ဆိုတာကို ကျွန်တော် သတိရလိုက် မိတယ်။ အဲဒါတွေအားလုံးက ရဲတွေလက်ထဲ ရောက်သွားပြီ။ ကျွန်တော်ဖြောင့်ချက်မပေးရင် သူတို့က ကျွန်တော့် ကို ရက်စက်စွာနဲ့ မရပ်မနားညှဉ်းပန်းမှာဖြစ်ပြီး၊ အဲဒီလိုလုပ်ရင်း ကျွန်တော်ကို သတ်တောင်သတ် သွားနိုင်တယ်။ ဒါကိုစဉ်းစားမိတော့ ကျွန်တော် ပိုပြီးဆိုးဆိုးရွားရွား ခံစားလာရတယ်။ ကျွန်တော့်စိတ်တွေက ဒွိဟဖြစ်နေတယ်။ ရုတ်တရက် ကျွန်တော့်ခေါင်းထဲ ဝင်လာတာက ကျွန်တော်ဟာ ယုံကြည်သူတစ်ယောက်ဖြစ်တယ် ဆိုတာကို ငြင်းဆန်လိုက်ရင် သူတို့က ကျွန်တော့်ကို စစ်ဆေးတာနဲ့ညှဉ်းပန်းတာ တွေ ဆက်ပြီးလုပ်ချင်မှလုပ်တော့မယ်။ အဲဒီလိုဆိုရင် ကျွန်တော် ဝေဒနာသိပ်ခံစားရမှာ မဟုတ်သလို၊ သူတို့ ကျွန်တော့်ကို ပြန်တောင်လွှတ် ပေးနိုင်တယ်။
စတုတ္ထမြောက်နေ့ နေ့လည်ခင်းရောက်တော့၊ ရဲတွေက ကျွန်တော့်ကို စစ်ကြောရေးအခန်းတစ်ခန်း ထဲကို ခေါ်သွားပြီး၊ “မင်း ငါတို့ကို တစ်ခုခု မြန်မြန်ပြောမှဖြစ်မယ်။ မင်း မြန်မြန်ပြောလေ၊ မင်း မြန်မြန်လွတ်ပြီး ထွက်သွား နိုင်လေပဲ” လို့ ပြောတယ်။ ကျွန်တော်နဲ့အတူ အဖမ်းခံရတဲ့ ညီငယ်က အားလုံး ဝန်ခံသွားပြီး၊ သူ့ကို အိမ်ပြန်ခွင့်ပေးလိုက်တယ်လို့ သူတို့က ပြောတယ်။ ပြီးတော့ သူတို့က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တွေပါတဲ့ စာအုပ်တစ်အုပ်၊ သမ္မာကျမ်းစာတစ်အုပ်နဲ့ ကျွန်တော့်ရဲ့မှတ်စုစာအုပ်တွေကို ယူလာပြီး ကျွန်တော့်ဟာတွေလားလို့ မေးတယ်။ ကျွန်တော် သူတို့ကို ပြန်မဖြေဘူး။ သူတို့ထဲက တစ်ယောက်က သူ့ရဲ့ညာခြေကို မြှောက်ပြီး ကျွန်တော့်ကို အကြိမ်ပေါင်းများစွာကန် တယ်၊ ပြီးတော့ ကျွန်တော့်ရဲ့ရင်ဘတ်ကို တော်တော်လေး နာနာဆိတ်ပြီး၊ ကျွန်တော့်ကို မုန်းတီးစွာနဲ့ ဆက်ပြီးမေးတယ်။ “ငါ မင်းတို့ကို ပြောပြီးပြီပဲ။ အိတ်ထဲကဟာတွေ က ငါ အခုမှတွေ့တဲ့ဟာတွေပဲ။ ငါက ယုံကြည်သူတစ်ယောက် မဟုတ်ဘူး” လို့ ကျွန်တော်ပြောလိုက်တယ်။ သူတို့က ကျွန်တော့်ကို လုံးဝမယုံကြဘဲ ကျွန်တော့်ရဲ့ပါးကို ခပ်ပြင်းပြင်းရိုက်ပြီး၊ ကျွန်တော့် ကို ထိုးလိုက်ကန်လိုက်လုပ်တယ်။ နောက်တော့ ကျွန်တော့်ကို လှောင်အိမ်ထဲ အတင်းပြန်ထည့်ပြီး မတ်တပ်ရပ်ခိုင်းထားတယ်။ ကျွန်တော် ဒေါသအရမ်းထွက်ပြီး၊ တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်မိတယ်။ ယုံကြည်သူတစ်ယောက်ဖြစ်တယ်ဆိုတာကို ကျွန်တော်ငြင်းဆန်လိုက်ရင် သူတို့ ကျွန်တော့်ကို လွှတ်ပေးဦးမှာမဟုတ်တာကို ကျွန်တော် မတွေးခဲ့မိ ဘူး။ တစ်နေ့လုံးနဲ့တစ်ညလုံး မတ်တပ်နေပြီးတဲ့နောက်၊ ကျွန်တော် ဆိုးဆိုးရွားရွား အားကုန်ခမ်းလာပြီး၊ ကျွန်တော် ဘယ်လောက်ဆက်ပြီးခံနိုင်မယ်ဆိုတာ မသိဘူး။ ကျွန်တော် ခါးခါးသီးသီးဒုက္ခခံနေရတယ်။ ကျွန်တော် ဘုရားသခင်ကို ကျွန်တော့်စိတ်နှလုံးထဲ ကနေ ထပ်တလဲလဲဆုတောင်းပြီး၊ အချိန်တိုင်းမှာ ကိုယ်တော်နဲ့အတူ ရှိချင်တယ်လို့ ခံစားရတယ်။ ကျွန်တော့်ရဲ့စိတ်ဒုက္ခတွေ အထွတ်အထိပ်ရောက် နေတဲ့အချိန်မှာပဲ၊ ရဲတွေက သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ဆိုတဲ့ စာအုပ်တစ်အုပ်နဲ့ မှတ်စုစာအုပ် တစ်အုပ် ယူလာတယ်။ သူတို့က “အောင်နိုင်သူတို့၏သီချင်း” ကို ဖွင့်ပြီး အဲဒီထဲက အပိုင်းတစ်ပိုင်းကို ညွှန်ပြပြီး ကျွန်တော့် ကို ငါးကြိမ်ရေးခိုင်းတယ်။ ကျွန်တော့်ကို တရားစွဲဖို့ သက်သေအနေနဲ့အသုံးပြု ဖို့ ကျွန်တော့်ရဲ့လက်ရေးကို သူတို့စစ်ချင်နေမှန်း ကျွန်တော်သိလိုက်တာကြောင့်၊ ကျွန်တော့်ရဲ့လက်ရေးကို တမင်တကာပြောင်းပြီး စာတွေကို ကျွန်တော် ကူးရေးလိုက်တယ်။ ကျွန်တော် ကူးရေးလိုက်တဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက အပိုင်းကတော့ ဒီအပိုင်း ပဲ ဖြစ်တယ်- “သင်တို့အား ပေးပြီးသော ကောင်းချီးမင်္ဂလာများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အတွက် ပြုထားခဲ့သော ကတိများကို သင်တို့ ရှာကြဖူးသလော။ ငါ့အလင်း၏ လမ်းပြပို့ဆောင်မှုအောက်တွင် သင်တို့သည် အမှောင် အင်အားများ၏ လည်ညှစ်ခြင်းကို ဧကန် ထိုးဖောက်ကျော်လွှားနိုင်လိမ့်မည်။ သင်တို့အား လမ်းပြနေသော အလင်းကို အမှောင်ထု၏ အလယ်တွင် သင်တို့ ဧကန်မုချ ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်သည် ဖန်ဆင်းခြင်းအားလုံး၏ အရှင်သခင် ဧကန်မုချ ဖြစ်လိမ့်မည်။ သင်သည် စာတန်၏ ရှေ့မှောက်တွင် အောင်မြင်သောသူတစ်ဦး ဧကန်မုချ ဖြစ်လိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံကျရှုံးချိန်တွင် သင်သည် ငါ၏ အောင်မြင်မှုကို သက်သေခံရန် မြောက်မြားလှစွာသော လူအုပ်ကြီး၏ အလယ်တွင် ရပ်ရလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် တည်ကြည်လျက် မယိမ်းယိုင်ဘဲ ဧကန် ရှိကြလိမ့်မည်။ သင်တို့ သည်းခံရသည့် ဆင်းရဲဒုက္ခများမှတစ်ဆင့်၊ သင်တို့သည် ငါ၏ ကောင်းချီးမင်္ဂလာများကို အမွေခံကြရလိမ့်မည် ဖြစ်ပြီး၊ စကြဝဠာ တစ်ခွင်လုံးတစ်လျှောက် ငါ၏ ဘုန်းအသရေကို ဧကန်မုချ တောက်ပစေကြလိမ့်မည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “အောင်နိုင်သူတို့၏သီချင်း”) ဒါကို ကူးရေးနေတုန်း ကျွန်တော့်ရဲ့စိတ်နှလုံးထဲမှာ ဓမ္မသီချင်းကို ကျွန်တော် တိတ်တိတ်ကလေးသီဆို နေလိုက်ပြီး၊ ကျွန်တော် ပိုပြီးဆိုလေ၊ ပိုပြီးတို့ထိခံရတယ်လို့ ကျွန်တော် ခံစားရတယ်။ ကျွန်တော့်ရဲ့ခွန်အား အနည်းဆုံးအချိန်မှာ၊ ရဲတွေက ကိုယ်တော်ကိုယ်တိုင်ရဲ့ နှုတ်ကပတ်တော် တွေကို ကျွန်တော့်လက်ထဲထည့်အောင် ဘုရားသခင်က လုပ်ဆောင်လိုက်တာပဲ။ ကျွန်တော် ဘုရားသခင်ကို အရမ်းကျေးဇူးတင်တာ ပဲ။ ဒီအပိုင်းက အထူးသဖြင့် ထူးခြားတယ်- “အဆင်းနီသော နဂါးကြီး၏ နိုင်ငံကျရှုံးချိန်တွင် သင်သည် ငါ၏ အောင်မြင်မှုကို သက်သေခံရန် မြောက်မြားလှစွာသော လူအုပ်ကြီး၏ အလယ်တွင် ရပ်ရလိမ့်မည်။” အဲဒါက ကျွန်တော့်ရဲ့ယုံကြည်မှုကို တကယ်ကို တိုးစေပြီး ကျွန်တော်ခံစားခဲ့ရတဲ့ စိတ်ဆင်းရဲမှု အားလုံး ပျောက်သွားတယ်။ အဆင်းနီတဲ့နဂါးကြီးရဲ့ လူမဆန်တဲ့ညှဉ်းပန်း နှိပ်စက်မှုအားလုံးကြားမှာ ဘုရားသခင်အတွက် သက်သေရပ်တည်ဖို့ ယုံကြည်မှုကိုလည်း ကျွန်တော့် ကို ပေးတယ်။ အဲဒီအချိန်တုန်းက ကျွန်တော့်ရဲ့မျက်နှာက မျက်ရည် တွေနဲ့ဖုံးလွှမ်းနေပြီး ကျွန်တော့်ရဲ့စိတ်နှလုံးထဲမှာ အခုလိုဆုတောင်းလိုက်တယ်- “ဘုရားသခင်၊ ကျွန်တော် ခိုကိုးရာမဲ့အဖြစ်ဆုံး အချိန်မှာ ကိုယ်တော်က ကိုယ်တော်ရဲ့နှုတ်ကပတ်တော်တွေ ကတစ်ဆင့် ကျွန်တော့်ကို ခံနိုင်စွမ်းရှိစေပြီး ပံ့ပိုးပေးတယ်၊ ကျွန်တော့်ကို ယုံကြည်မှုနဲ့ခွန်အား ပေးတယ်။ ဘုရားသခင်၊ ကိုယ်တော့်ကို အမှန်တကယ် ကျေးဇူးတင်ပါတယ်။ အခုဆိုရင် ကျွန်တော့်ရဲ့ဆင်းရဲ့ဒုက္ခထဲမှာ အဓိပ္ပာယ်ရှိတယ်ဆိုတာ ကျွန်တော်သိသွားပြီ။ ကျွန်တော့်အတွက် ကိုယ်တော်ရဲ့လေးနက်တဲ့ ရည်ရွယ်ချက်တွေကို ကျွန်တော့်အနေနဲ့ စိတ်မပျက် စေချင်ပါဘူး၊ စာတန်ရဲ့ရှေ့မှောက်မှာ ကိုယ်တော့်အတွက် ထူးကဲတဲ့သက်သေတစ်ခု ကျွန်တော် ခံချင်တယ်။”
စက်တင်ဘာလ ၉ ရက်နေ့မှာ ရဲနှစ်ယောက်က လှောင်အိမ်ထဲ ဝင်လာပြီး ကျွန်တော့်ရှေ့မှာ ကြည်နေတဲ့အရည်နဲ့ ပြည့်နေတဲ့ ရေတစ်ပုလင်း လာချတယ်။ “မင်း ဘယ်လိုနေလဲ။ တော်တော်ရေငတ်နေတယ် မဟုတ်လား၊ ဒီဟာကို သောက်လိုက်လေ” လို့ သူတို့က ပြုံးပြီးပြောတယ်။ သူတို့ရဲ့ ဟန်ဆောင်ပန်ဆောင်အပြုံးတွေကို တွေ့လိုက်ရတဲ့အခါမှာ၊ ဒါဟာ သူတို့ရဲ့ နောက်ထပ်လှည့်ကွက်တွေထဲက တစ်ခုဆိုတာ ကျွန်တော်သဘောပေါက်လိုက်တယ်။ ဒီဟာကို သောက်ခြင်းအားဖြင့် ကျွန်တော်မူးသွား ပြီး၊ ကျွန်တော်ကိုယ်တိုင်ရဲ့စိတ်မပါဘဲ ညီအစ်ကို၊ မောင်နှမတွေကို သစ္စာဖောက်မိမှာ စိုးရိမ်တယ်။ ကျွန်တော်ခေါင်းခါလိုက်တယ်။ ကျွန်တော်ငြင်းဆန်တာ တွေ့လိုက်တော့၊ သူတို့ရဲ့အစွယ်တွေကို တကယ်ထုတ်ပြတော့တယ်။ ပိန်တဲ့တစ်ယောက် ကျွန်တော့်ရဲ့ညာဘက် အပေါ်လက်မောင်းကို လှမ်းဆွဲနေတုန်းမှာ ဘယ်ဘက်လက်မောင်းကို ကျွန်တော့်ရဲ့ကျောဘက် မှာ လိမ်ထားလိုက်တယ်၊ ပြီးတော့ သူ့ရဲ့နောက်လက်တစ်ဖက်နဲ့ ကျွန်တော့်လည်ပင်းကိုညှစ်ပြီး စစ်ကြောရေးအခန်း ထဲကို ဆွဲခေါ်သွားတယ်။ ကျွန်တော်တို့နောက်မှာ နောက်ထပ်အရာရှိ ငါးယောက်၊ခြောက်ယောက်လောက် ကပ်ပြီး လိုက်လာတယ်။ သူတို့က ကျွန်တော့်ကို ကြမ်းပြင်ပေါ်ကို ပက်လက် တွန်းချလိုက်တယ်။ ကျွန်တော် ဘုရားသခင်ကို အရေးတကြီးအော်ခေါ် လိုက်တယ်၊ “ဘုရားသခင်၊ ဒီဆိုးယုတ်တဲ့ရဲတွေက သူတို့ တစ်ခုခုထည့်ထားတဲ့ ပုလင်းထဲကအရည်ကို ကျွန်တော့်ကို သောက်ခိုင်းဖို့ ကြိုးစားကြတယ်၊ သောက်လိုက်ရင် အသင်းတော်ရဲ့ သတင်းအချက်အလက်တွေကို ကျွန်တော်ပေးမိမှာ ကျွန်တော်စိုးရိမ်တယ်။ ဘုရားသခင်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကာကွယ်ပေးပါ။ ကျွန်တော့်ညီအစ်ကို၊မောင်နှမတွေနဲ့ ကိုယ်တော့်ကို သစ္စာဖောက်မယ့်အစား ကျွန်တော် အသေပဲခံမယ်” လို့ပေါ့။ ကျွန်တော်ဆုတောင်းပြီးတဲ့နောက် ခွန်အားတွေတိုး လာတယ်လို့ ကျွန်တော်ခံစားရတယ်။ ရဲလေးယောက်က ကျွန်တော့်ရဲ့လက်တွေနဲ့ ခြေထောက်တွေပေါ် တစ်ယောက်စီ နင်းထားကြပြီး၊ ခပ်ဝဝတစ်ယောက်က ကျွန်တော့်ခေါင်းကို လက်နှစ်ဖက်နဲ့ အတင်းချုပ်ထားတယ်။ နောက်အရာရှိတစ်ယောက်က ပုလင်းထဲကအရည် တွေကို ကျွန်တော့်ပါးစပ်ထဲ လောင်းထည့်တယ်။ ကျွန်တော်မသောက်ဖို့ ရုန်းကန်နေတော့ သူက သံတုတ် တုတ်တုတ်တစ်ချောင်းနဲ့ ကျွန်တော့်သွား တွေကို ကလန့်ဆွဲဖြဲပြီး၊ ကျွန်တော့်ပါးစပ်ထဲကို အတင်းထည့်တယ်။ ကျွန်တော် ရှိသမျှအားနဲ့ ရုန်းကန်ပြီး နောက်ဆုံးမှာ အားလုံးကို ပြန်ထွေးထုတ်နိုင်ခဲ့ တယ်။ ဒါကိုတွေ့တော့ ဝတဲ့တစ်ယောက်က ကျွန်တော့်မျက်နှာကို အကြိမ်များစွာဖြတ်ရိုက်ပြီး တခြားသူတွေက ကျွန်တော့်လက်တွေပေါ် တက်နင်းကြတယ်၊ နောက်တော့ သူတို့ရဲ့ခြေထောက်တွေသုံးပြီး ကျွန်တော့်လက်မောင်းတွေကနေ လက်တွေထိကို ဖိနင်းထားတဲ့အခါ သွေးတွေအားလုံးက ကျွန်တော် ရဲ့လက်တွေမှာ လာစုနေတယ်။ ကျွန်တော့်လက်တွေထဲကို သွေးတွေ အလွန်အကျွံ ရောက်လာတဲ့အခါ ယောင်ကိုင်း၊ ထုံကျင်လာပြီး အသက်ရှူလို့မရတဲ့နီးပါးဖြစ်လာတဲ့အထိ နာကျင် လာတယ်။ ကျွန်တော်အံကြိတ်တောင့်ခံရင်းနဲ့ ကျွန်တော့် စိတ်နှလုံးထဲကနေ ကျွန်တော့်ကိုကာကွယ်ပေးဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို အော်ခေါ်လိုက် တယ်။ သိပ်မကြာခင်မှာပဲ နာကျင်မှုတွေလျော့လာတယ်။ ရဲတွေက ကျွန်တော့်ကို အရူးအမူး ခြေထောက်တွေနဲ့ ဆောင့်ပြီး ဖိနင်းထားကြတယ်၊ ဒါပေမယ့် ကျွန်တော်သိပ်မနာဘူး။ ကျွန်တော် တကယ်ငြိမ်းချမ်းသလို ခံစားရတယ်။ ကျွန်တော် ဘုရားသခင်ကို အရမ်းကျေးဇူးတင်တာပဲ။ ကျွန်တော် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို စဉ်းစားမိတယ်- “လူတို့ ဝမ်းနည်းသောအခါ၊ ၎င်းတို့ကို နှစ်သိမ့်ပေးရန် ငါလာသည်၊ ပြီးလျှင် ၎င်းတို့ အားနည်းသောအခါ၊ ၎င်းတို့ကို ရှေ့ဆက် ကူညီဖေးမရန် ငါလာသည်။...၎င်းတို့ ငိုကြွေးသောအခါ၊ ငါသည် ၎င်းတို့၏ မျက်ရည်များကို သုတ်ပေး၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၇)) ဘုရားသခင်က ကျွန်တော်ရဲ့နာကျင်မှုကို ဖယ်ရှား လိုက်ပြီး၊ ငြိမ်းချမ်းမှုကို ယူဆောင်လာပေးတယ်။
သူတို့က ကျွန်တော့်ကို လှောင်အိမ်ထဲ တရွတ်တိုက် ပြန်ဆွဲခေါ်လာပြီး ကျွန်တော် ကြမ်းပေါ်မှာ ပက်လက်လဲနေတယ်။ ခဏကြာပြီးတဲ့နောက်၊ ကျွန်တော်မူးဝေလာတယ်၊ ဗိုက်က ပူလောင်နေပြီး စိတ်တွေလည်း စရှုပ်ထွေးလာတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့စိတ်နှလုံးထဲမှာတော့ လုံးဝရှင်းလင်းတယ်။ သူတို့ ကျွန်တော့်ကို တိုက်တာ ဘယ်လိုဆေးမျိုးပဲ ဖြစ်ပါစေ အဲဒါတွေက အစွမ်းပြနေတာဖြစ်မှန်း ကျွန်တော်သဘောပေါက်လိုက်တယ်။ အဲဒီအချိန်မှာပဲ လူတစ်ယောက်ဝင်လာတာကို သိလိုက်ရတော့ ကျွန်တော့်မျက်လုံးတွေကို တော်တော်ခက်ခက်ခဲခဲနဲ့ ဖွင့်ကြည့်လိုက်တယ်။ ခပ်ဝဝအရာရှိက လက်ထိပ်တွေအသုံးပြုပြီး ကျွန်တော့်ရဲ့ခေါင်းကို ရှေ့နောက်လှုပ်နေတာကို ကျွန်တော်တွေ့လိုက်ရတယ်၊ ပြီးတော့ “ငါက ရဲမှူးပဲ၊ ကွန်မြူနစ်ပါတီထဲက ငါတို့က လူတွေကို ဂရုစိုက်တယ်။ မင်းရဲ့သမီးက ကားတိုက်မှုဖြစ်ပြီး ဆေးရုံမှာ အခြေအနေစိုးရိမ်ရတယ်ဆိုတာ ငါ မင်းကို ပြောပြ ဖို့လိုတယ်။ အဖေတစ်ယောက်အနေနဲ့ သူ့ကို သွားမကြည့်ပေး နိုင်ဘူးလား။ မင်းရဲ့အသင်းတော်အကြောင်း ငါတို့ကို ပြောပြ လိုက်၊ ပြီးရင် မင်းကို အဲဒီကို ပို့ပေးမယ်။ မင်းက မိသားစုကိုပစ်ထားပြီး နေရာအနှံ့မှာ မင်းရဲ့ဧဝံဂေလိတရားကိုပဲ လိုက်ဟောနေရင် မင်းရဲ့ မိန်းမနဲ့ကလေးကို ဘယ်သူက ကြည့်မှာလဲ။ ငါတို့သိချင်တာကို ငါတို့ကိုပြောပြလိုက်၊ ပြီးရင် မင်းမိသားစုဆီ မင်းပြန်သွားနိုင်တယ်” လို့ သူက ပြောတယ်။ ကျွန်တော် တိတ်တိတ်ကလေး ဘုရားသခင်ကို ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ အခုဆိုရင် ရဲတွေက ကျွန်တော်စိတ် ရှုပ်ထွေးအောင် သဘောကောင်းချင်ယောင်ဆောင် ပြီး၊ ကျွန်တော့်သမီးအတွက် ကျွန်တော့်ရဲ့ခံစားချက်တွေ ကို ကစားပြီး ကိုယ်တော့်ကို သစ္စာဖောက်အောင် သွေးဆောင်ဖို့ ကြိုးစားနေတယ်။ ဘုရားသခင်၊ စာတန်ရဲ့ ဒီစုံစမ်းသွေးဆောင်မှုကို အောင်နိုင်ဖို့အတွက် ကျွန်တော့်ကို လမ်းညွှန်ပေးပါ” လို့ပေါ့။ ကျွန်တော် မပြောသေးတာတွေ့တော့၊ ရဲမှူးက “မင်းရဲ့သမီးက အရေးပေါ်ကုသမှုခံယူနေတာ ဖြစ်ပြီး၊ မင်းကို အရေးတကြီးလိုအပ်နေတယ်။ ငါတို့ကိုသာ ပြောပြစမ်းပါ။ တခြားယုံကြည်သူတချို့ရဲ့ နာမည်တွေကိုသာ ပေးပါ၊ အဲဒီလိုဆို မင်းကို မင်းရဲ့သမီးနဲ့ တွေ့နိုင် အောင် ငါတို့ ခေါ်သွားပေးမယ်...” လို့ ပြောတယ်။ သူ နာရီဝက်လောက် ဆက်ပြောနေခဲ့ပြီး၊ ကျွန်တော် ဇဝေဇဝါစဖြစ်လာတယ်။ ကျွန်တော် တကယ်သာပြောဖို့ ငြင်းဆန်နေရင်၊ ကျွန်တော်သေတဲ့အထိ သူတို့ တကယ်ညှဉ်းပန်း နေမှာလား။ သိပ်အရေးမကြီးတဲ့လူတစ်ယောက်အကြောင်း ပြောပြလိုက်ရမလား။ အဲဒီလိုဆိုရင် သူတို့က ကျွန်တော့်ကို လွှတ်ပေးမယ် လို့ ကျွန်တော်တွက်ဆမိတယ်။ အဲဒီအခါမှာ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေ ကျွန်တော့်ခေါင်းထဲမှာ ရုတ်တရက်ပေါ်လာတယ်- “သင်တို့ကို ငါ ပြောမည်- သင်တို့၏ ဇာတိခန္ဓာ ဆိတ်သုဉ်းသွားသော်လည်း၊ သင်တို့၏ သစ္စာများ မဆိတ်သုဉ်းနိုင်။ နောက်ဆုံးတွင် ငါသည် သင်တို့၏ သစ္စာများအပေါ် အခြေခံကာ သင်တို့ကို စီရင်မည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား) ဘုရားသခင်ကို ကျွန်တော် ဘယ်တော့မှ သစ္စာမဖောက်ဘူးလို့ သူ့ကို သစ္စာဆိုထားတာ ကျွန်တော်သတိရသွားတယ်။ ခန္ဓာကိုယ်က အနည်းငယ်ဒုက္ခခံလိုက်ရတာကြောင့် ကျွန်တော့်ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုက စပြီးအားနည်း လာတယ်။ ဒါဟာ ဘုရားသခင်ကို လိမ်လည်လှည့်စားတာ မဟုတ်လား။ အဲဒီအချိန်မှာ ဘုရားသခင်က ကျွန်တော့်ဆီက လိုချင်တဲ့အရာက စာတန်ရှေ့မှောက်မှာ သက်သေခံ ဖို့ ဖြစ်တယ်၊ ပြီးတော့ ကျွန်တော်ဘာလုပ်မယ်ဆိုတာကို စာတန်ကလည်း စောင့်ပြီးကြည့်နေတယ်။ ကျွန်တော် ဘုရားသခင်ကို စိတ်ပျက်စေလို့ မဖြစ်ဘူး။ “ဘုရားသခင်၊ ကျွန်တော်သေရမယ်ဆိုရင်တောင် ကျွန်တော် ယုဒတစ်ယောက် အဖြစ်မခံဘူး” လို့ ကျွန်တော် သူ့ကို ဆုတောင်းလိုက်တယ်။ ဘုရားသခင်အတွက် သက်သေခံဖို့ ကျွန်တော့်ရဲ့ အသက်ကို ပေးဆပ်ဖို့ ကျွန်တော် လိုလားလာတဲ့ အခါမှာ စာတန်က အရှက်ရပြီး ရှုံးသွားပြန်တယ်။ ရဲမှူးကလည်း မေးနေတာ မပြီးတော့ပေမယ့်၊ ကျွန်တော်က ဆက်ပြီးဆိတ်ဆိတ်နေတော့၊ သူက လက်လျှော့သွားတယ်။
ချော့ချည်တစ်ခါ၊ ရိုက်ချည်တစ်လှည့်နဲ့ နှစ်ခုလုံး မအောင်မြင်တဲ့အခါ၊ ရဲတွေက ကျွန်တော့်ကို အရှက်ခွဲပြီး ညှဉ်းပန်းဖို့ နောက်ထပ်ပရိယာယ်တစ်ခု သုံးတယ်။ တစ်နေ့တော့၊ အရာရှိသုံးယောက်က ကျွန်တော့်ရဲ့ အချုပ်ခန်းအပြင်မှာရပ်ပြီး၊ တစ်ယောက်က ကျွန်တော့်ကို တကယ်ထူးခြားစွာနဲ့ ပြောတယ်၊ “လူတစ်ယောက်ရဲ့ဘဝမှာ အနာကျင်ဆုံးက ဘာလဲ မင်းသိလား။ ငါမင်းကို ပြောပြမယ်— သူတို့ရဲ့နောက်ဆုံး နည်းနည်းပဲကျန်တဲ့ ကိုယ်ရေးကိုယ်တာလွတ်လပ် ခွင့်ကို ဆုံးရှုံးတာပဲ။” အဲဒီအချိန်ကစပြီး သူတို့ ကျွန်တော့်ကို အိမ်သာသွားခွင့် မပေးတော့ဘူး။ ကျွန်တော် အရေးတကြီးအိမ်သာသွားဖို့ လိုအပ်ပေ မယ့်၊ သူတို့က ကျွန်တော့်ကို ပေးမသွားခဲ့သလို၊ ကျွန်တော်လုံးဝမထိန်းနိုင်တော့တဲ့အခါ ကျွန်တော့်အဝတ်အစားတွေထဲမှာပဲ ကျွန်တော် ဆီးသွားလိုက်တယ်။ အဲဒါကိုတွေ့တော့ အရာရှိနှစ်ယောက်က ကြမ်းတိုက်တံတစ်ချောင်းနဲ့ ဝင်လာကြပြီး ကျွန်တော့်ခေါင်းကို အဲဒါနဲ့ရိုက်ရင်း “နောက်တစ်ခါ မင်း ဆီးသွားရင် မင်း အဲဒါကို သောက်ရလိမ့်မယ်” လို့ အော်ပြီးပြောတယ်။ “ဒီအတိုင်းဆက်သွားရင် ငါတကယ်ရူးသွားမှာပဲ။ ငါရူးသွားချင်ယောင်ဆောင်ရင် သူတို့ ငါ့ကို ဆက်မေးတာတို့၊ ညှဉ်းပန်းတာတို့ သိပ်လုပ်ချင်မှလုပ်တော့မယ်” လို့ ကျွန်တော်တွေးမိ တယ်။ ကျွန်တော် စပြီးရူးသွားချင်ယောင်ဆောင်တယ်။ တစ်ခါတစ်လေ တစ်နေရာတည်းကို ကျွန်တော်စိုက် ကြည့်နေပြီး၊ တစ်ခါတစ်လေ ရဲတွေကို စိုက်ပဲကြည့် နေလိုက်တယ်။ သူတို့က ကျွန်တော့်နာမည်ကို ခေါ်တဲ့အခါ ကျွန်တော် မကြားချင်ယောင်ဆောင်တယ်။ ကျွန်တော်ဆီးသွားချင်တဲ့အခါ အိမ်သာသွားဖို့ ခွင့်မတောင်းတော့ဘဲ ဒီအတိုင်းပဲ သွားလိုက်တယ်။ ကျွန်တော့်ရဲ့အမူအယာတွေနဲ့လှုပ်ရှားမှုတွေကို သူတို့ မကြာမကြာ စပြီး ကြည့်လာကြတယ်၊ ကျွန်တော်ဟန်ဆောင်နေလားဆိုတာ သိချင်ကြလို့ ဖြစ်တယ်။ ကျွန်တော့်ရဲ့ တစ်ခုတည်းသော အတွင်းခံဘောင်းဘီ ကိုချွတ်လိုက်ပြီး စင်္ကြံလမ်းပေါ် လူမြင်ကွင်းမှာ လုံးဝ ဝတ်လစ်စားလစ် ရပ်ခိုင်းထားတယ်။ တစ်ခါတစ်လေ အမျိုးသမီးအရာရှိတွေ ဖြတ်လျှောက်သွားတဲ့အခါ၊ သူတို့က ဘေးမှာရပ်ပြီး ကျွန်တော့်ကို လှောင်ကြတယ်။ တကယ်အရှက်ရတယ်လို့ ကျွန်တော်ခံစားရပြီး အရမ်းဒေါသထွက်သွားတယ်။ လူပုံစံနဲ့ အဲဒီဝက်တွေ ကို ကျွန်တော် အရမ်းမုန်းတယ်။ မိနစ် ၂၀ လောက်ကြာတော့၊ သူတို့က ကျွန်တော့်ကို လှောင်အိမ်ထဲမှာ ထပ်ပြီးပိတ်ထားပြန်တယ်။ ကျွန်တော် လုံးဝစိတ်ဆင်းရဲပြီး ဂုဏ်သိက္ခာ နည်းနည်းမှမကျန်တော့ဘူးလို့ ခံစားရတယ်။ ကျွန်တော် သူတို့နဲ့ သွားပြီး တကယ်ကို ထိပ်တိုက် ရင်ဆိုင်ချင်မိခဲ့တယ်။ သူတို့အဆိုးဆုံးလုပ်နိုင်တာက ကျွန်တော့်ကိုသတ်မှာ ဖြစ်ပြီး၊ ကျွန်တော်သေသွားရင် အဲဒီလိုအရှက်ခွဲခံရ တော့မှာ မဟုတ်ဘူး။ အဲဒီအခါမှာ သခင်ယေရှု ကားစင်တင်ခံခဲ့ရချိန်နဲ့ ဘုရားသခင်ပြောတာတွေကို ကျွန်တော်သတိရမိ တယ်- “ယေရုရှလင်သို့ သွားရာလမ်း၌ ယေရှုသည် သူ၏နှလုံးသားထဲတွင် ဓားတစ်ချောင်းဖြင့် မွှေနေသကဲ့သို့၊ မချိမဆံ့ သောကဝေဒနာကို ခံစားခဲ့ရသည်။ သို့သော် သူသည် သူ့စကားကို ပြန်ရုပ်သိမ်းရန် အနည်းငယ်မျှသော ရည်ရွယ်ချက်ပင် မရှိခဲ့ပေ။ တန်ခိုးကြီးမားသော အင်အားတစ်ခုက သူ ကားစင်တင် ကွပ်မျက်ခံရမည့် နေရာသို့ လှမ်းချီရန် သူ့အား အစဉ်တွန်းအားပေးခဲ့သည်။ နောက်ဆုံးတွင် သူသည် လက်ဝါးကားတိုင်၌ သံမှိုစွဲရိုက်ခံခဲ့ရပြီး အပြစ်ရှိသော ဇာတိပကတိ အသွင်သဏ္ဌာန်ဆောင်ခဲ့ကာ လူသားမျိုးနွယ်အား ရွေးနုတ်ခြင်းအမှုတော်ကို ပြီးဆုံးစေခဲ့၏။ သူသည် သေခြင်းနှင့် မရဏနိုင်ငံ၏ ချုပ်နှောင်မှုများမှ လွတ်မြောက်ခဲ့သည်။ သေခြင်း၊ ငရဲနှင့် မရဏနိုင်ငံတို့သည် သူ၏ရှေ့တွင် ၎င်းတို့၏တန်ခိုး ဆုံးရှုံးခဲ့ပြီး သူ၏နှိမ်နင်းခြင်းကို ခံခဲ့ကြရသည်။...သူသည် သူ့ဘဝတစ်လျှောက်လုံးတွင် ဘုရားသခင်အတွက် အတိုင်းမသိ ဒုက္ခဝေဒနာကို ကြံ့ကြံ့ခံခဲ့ပြီး စာတန်၏ မရေမတွက်နိုင်သော သွေးဆောင်ဖြားယောင်းခြင်းကို ကြိမ်ဖန်များစွာ ခံခဲ့ရသည်။ သို့သော် သူသည် ဘယ်သောအခါမျှ စိတ်မပျက်ခဲ့ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း) ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာက ကျွန်တော့်ကို တကယ်တို့ထိခဲ့တယ်။ သခင်ယေရှုကို ရောမစစ်သားတွေက လှောင်ပြောင် ပြီးအရှက်ခွဲခဲ့ကြတာကို ကျွန်တော်စဉ်းစားမိတယ်။ သူတို့က ကိုယ်တော်ကို ကြာပွတ်နဲ့ရိုက်ပြီး ကိုယ်တော့်အပေါ် ဆူးခက်တွေနဲ့လုပ်ထားတဲ့သရဖူ ကို ဆောင်းခိုင်းကြတယ်။ သူတို့က ကိုယ်တော့်ကို နောက်ကျောမှာ လက်ဝါးကပ်တိုင်အလေးကြီး ထမ်းစေပြီးတော့တောင် ဂေါလဂေါသဆီကို လျှောက်ခိုင်းခဲ့ကြပြီး၊ နောက်ဆုံးမှာ အဲဒီဟာပေါ်မှာ ကိုယ်တော်ကို သံနဲ့ရိုက်ခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ အပြစ်တွေကနေ လူသားအားလုံးကို ရွေးနှုတ်ကယ်တင်ဖို့၊ တစ်ခွန်းမှ မညည်းတွားဘဲ မယုံနိုင်လောက်တဲ့ အရှက်ကွဲမှုကို ကိုယ်တော်က ခံသွားတယ်၊ ပြီးတော့ သူ့ကိုယ်သူ စာတန်ရဲ့ လက်ထဲထည့်ဖို့ လုံးဝလိုလိုလားလားရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပေါ်လာခဲ့ပြီး နောက်ဆုံးသောကာလမှာ လုပ်ဆောင်လျှက်ရှိသလို၊ အစိုးရရဲ့ လိုက်လံဖမ်းဆီးတာ ခံခဲ့ရပြီးပြီ၊ ဘာသာရေးလောကကလည်း ပြစ်တင်ရှုတ်ချပြီး ပြစ်မှားကြသလို၊ ဒီခေတ်ကြီးကလည်း သူ့ကို ငြင်းပယ်တယ်။ သူက အဲဒီအရှက်ခွဲမှုအားလုံးကို ကြံ့ကြံ့ခံခဲ့ပြီး၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သမ္မာတရားတွေကို ဆက်ပြီးဖော်ပြခဲ့တယ်။ ကျွန်တော်တို့အပေါ်ထားတဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟာ အလွန်ကြီးမားတယ်။ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကို စဉ်းစားလိုက် တော့ ကျွန်တော်ဟာ ဘယ်လောက် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့တယ်ဆိုတာကို သဘောပေါက်သွားတယ်။ ကျွန်တော်ဟာ ဖောက်ပြန်ပျက်စီးတဲ့ လူသားတစ်ယောက်ဖြစ်တယ်၊ ကယ်တင်ခြင်းခံရဖို့ ဘုရားသခင်နောက်ကို လိုက်ပေမယ့်၊ အနည်းငယ်အရှက်ခွဲခံရတာနဲ့ ကျွန်တော် သေချင်ခဲ့ တယ်။ အဲဒါ ဘယ်လိုမှ သက်သေခံတာမျိုး မဟုတ်ဘူး။ သခင်ယေရှုပြောတာကို ကျွန်တော်စဉ်းစားမိတယ် “ငါသောက်သောခွက်ကို သင်တို့ သည် သောက်ရကြလိမ့်မည်။” (ရှင်မာကုခရစ်ဝင်ကျမ်း ၁၀:၃၉) ကျွန်တော်သဘောပေါက်လိုက်တာက ဒီမှောင်မည်း ပြီး ဆိုးယုတ်တဲ့ခေတ်ကြီးမှာ ဘုရားသခင်နောက် လိုက်တာက အရှက်ခွဲခံရတာတချို့ကို ကြံ့ကြံ့ခံရ မယ့်သဘော ဖြစ်တယ်ဆိုတာပါပဲ၊ ဒါပေမယ့် ဒါဟာ ခရစ်တော်ရဲ့အခက်အခဲတွေနဲ့ သူ့ရဲ့နိုင်ငံတော်မှာ ဝေစုတစ်ခုကို ရရှိခြင်း ဖြစ်တယ်။ ကျွန်တော့်ကို အရှက်ခွဲပြီး ညှဉ်းပန်းခြင်းအားဖြင့် ရဲတွေက သူတို့ ဘယ်လောက်ယုတ်ညံ့ပြီး လူမဆန် လဲဆိုတာကို ပြသတာပဲ။ အမှန်တကယ်ဆို သူတို့ကိုသူတို့ အရှက်ခွဲနေတာပဲ။ နောက်တစ်နေ့မှာ ကျွန်တော်တကယ်ရူးသွားသလား ဆိုတာ အတည်ပြုဖို့ ရဲတွေက ဆရာဝန်တစ်ယောက် ကို ခေါ်လာတယ်။ သူက လှောင်အိမ်ထဲ ဝင်လာပြီး သစ်သားပြားပေါ် မှာ ဆောင့်ကြောင့်ထိုင်လိုက်တယ်၊ ပြီးတော့ လက်ချောင်းလောက်ထူတဲ့ တောက်ပတဲ့ အလင်းတစ်ခုကိုသုံးပြီး ကျွန်တော့်မျက်လုံးထဲကို ငါးစက္ကန့်လောက် တည့်တည့်ထိုးကြည့်တယ်၊ ပြီးတော့ ကျွန်တော့်ရဲ့သူငယ်အိမ်တွေ တုံ့ပြန်မှုရှိ၊မရှိ သိရအောင် အလင်းရောင်ကို မြန်မြန်ရွှေ့တယ်။ အဲဒါကို သူ နှစ်ကြိမ်၊သုံးကြိမ်လောက် လုပ်တယ်။ နောက်တော့ ကျွန်တော့်ရဲ့လက်မောင်းတစ်ဖက်ကို ဆွဲမပြီး၊ ကပ်ကြေးလေးတစ်ခုနဲ့ ကျွန်တော့်ချိုင်းကြား တလျှောက် ရှေ့၊နောက်စမ်းတယ်။ ပုံမှန်အားဖြင့်၊ အဲဒီလိုကလိထိုးတဲ့အခါကျွန်တော် မရယ်ဘဲ မနေနိုင်ပေမယ့်၊ အံ့ဩဖို့ကောင်းစွာနဲ့ အဲဒီအချိန်မှာ ကျွန်တော် ဘာမှမခံစားရဘူး။ သူတို့ တစ်ယောက်နဲ့တစ်ယောက် ကြည့်ပြီး၊ ဆရာဝန်က ခေါင်းခါပြီးထွက်သွားတယ်။ အဲဒီနောက် သူတို့က ကျွန်တော့်ကို မေးမြန်းတာတွေ မလုပ်တော့ပေမယ့်၊ ကျွန်တော့်ကို ဆက်ပြီးညှဉ်းပန်းသလို၊ တစ်နေ့ကို နှစ်နာရီ၊သုံးနာရီလောက်ပဲ အိပ်ခွင့်ပေးတယ်။
သီတင်းပတ်နှစ်ပတ် ကုန်သွားတယ်။ တစ်နေ့မှာ ရဲတွေက ကျွန်တော့်ကို ရုံးခန်းတစ်ခုထဲ ခေါ်ပြီး၊ ကျွန်တော့်ကို တရားမဝင် ဧဝံဂေလိပြုလုပ် မှုနဲ့ လူမှုဖွဲ့စည်းပုံစနစ်ကို အနှောင့်အယှက်ဖြစ်စေမှုတို့ အတွက် အလုပ်ကြမ်းနဲ့ပညာပေး တစ်နှစ် ပြစ်ဒဏ် ချမှတ်လိုက်တဲ့ ဥပဒေစီရင်ချက်တစ်ခုကို လက်မှတ်ထိုးခိုင်းတယ်။ ကျွန်တော်လက်မှတ်ထိုးဖို့ ငြင်းဆန်တော့၊ ရဲနှစ်ယောက်က ကျွန်တော့်လက်ကိုအတင်းဆွဲယူပြီး အတင်းအဓမ္မ လက်ဗွေရာထင်အောင် လုပ်တယ်။ ကျွန်တော်ဆုတောင်းလိုက်တယ်- “ဘုရားသခင်၊ ကွန်မြူနစ်ပါတီက ဘယ်လောက် ယုတ်ညံ့ပြီးရိုင်းစိုင်းတယ်ဆိုတာ ကျွန်တော် အမှန်တကယ်တွေ့ရပြီ။ ဒီနတ်ဆိုးတွေကို ကျွန်တော်မုန်းတီးပြီး အမြဲတမ်း ကျွန်တော့်ရဲ့ရန်သူတွေဖြစ်သွားပြီဆိုတာကို ကျွန်တော့်အသက်နဲ့ ကျွန်တော်ကျိန်တယ်။ အို ဘုရားသခင်၊ ထောင်ထဲမှာနေရတဲ့ဘဝက ဘယ်လောက်ပဲလူမဆန်ပါစေ၊ သက်သေရပ်တည်ပြီး စာတန်ကို အရှက်ရစေဖို့ ကျွန်တော် အဆင်သင့်ပါပဲ” လို့ပေါ့။ ရဲတွေက နောက်တစ်နေ့မှာပဲ ကျွန်တော့်ကို အိမ်ပြန်လွှတ်မယ်ပြောတော့၊ ကျွန်တော်တုန်လှုပ် သွားတယ်။ အဲဒီသတင်းကြားရတော့ ကျွန်တော် တကယ်ကို စိတ်လှုပ်ရှားသွားတယ်။ နောက်တော့မှ၊ ကျွန်တော်သိလိုက်ရတာက ရဲဘက်စခန်းတွေက စိတ်မမှန်တဲ့လူတွေကို လက်မခံတာကြောင့်၊ သူတို့ ကျွန်တော့်ကို လွှတ်ပေးဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူးဆိုတာပါပဲ။
အဲဒီအတွေ့အကြုံဖြစ်ပြီးတဲ့နောက်မှာ၊ ညီအစ်ကို၊မောင်နှမတစ်ယောက်တစ်လေကိုမှ သစ္စာမဖောက်ဘဲ ညှဉ်းပန်းမှုတွေခံခဲ့ရတော့ ကျွန်တော့်မှာ အတိုင်းအတာတစ်ခုအထိ ဝိညာဉ်ရင့်ကျက်မှုတစ်ခုရှိပြီလို့ ကျွန်တော်ထင်ခဲ့ တယ်။ အဲဒါ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက ဒီစာပိုဒ်ကို မဖတ်ရခင်အထိပေါ့။ “လူသည် ငါ၏လူ့ဇာတိဖြင့် ငါ့အား သိရုံမျှမသိကြချေ။ ယင်းထက် ပို၍၊ သူသည် သွေးသားခန္ဓာထဲတွင် နေထိုင်သော မိမိကိုယ်တိုင်၏ ဇာတိကို နားမလည်နိုင်သေးပေ။ နှစ်ပေါင်းများစွာကြာ၊ လူသားများသည် ငါ့ကို ပြင်ပ ဧည့်သည့်အဖြစ် ငါ့ကို ဆက်ဆံလျက်၊ လှည့်စားနေကြပြီးဖြစ်သည်။ အကြိမ်ပေါင်းများစွာ၊ ၎င်းတို့သည် ငါ့အား ‘၎င်းတို့၏ အိမ်တံခါးများ’ အပြင်ဘက်တွင် ပိတ်ထားကြပြီးဖြစ်သည်။ အကြိမ်ပေါင်းများစွာ ၎င်းတို့သည် ငါ့ ရှေ့တွင် ရပ်လျက် ငါ့အား အရေးမစိုက်ကြလေပြီ။ အကြိမ်ပေါင်းများစွာ ၎င်းတို့သည် အခြားလူများ အလယ်တွင် ငါ့အား ပစ်ပယ်ကြပြီးဖြစ်သည်။ အကြိမ်ပေါင်းများစွာ ၎င်းတို့သည် နတ်ဆိုး၏ ရှေ့တွင် ငါ့အား ငြင်းပယ်ကြပြီးဖြစ်ကာ၊ အကြိမ်ပေါင်းများစွာ ၎င်းတို့သည် ၎င်းတို့၏ ငြင်းခုံတတ်သော နှုတ်များဖြင့် ငါ့အား တိုက်ခိုက်ကြပြီး ဖြစ်ပေသည်။ သို့တိုင် ငါသည် လူသား၏ အားနည်းချက်ကို မှတ်သားခြင်း မရှိသကဲ့သို့၊ ငါသည် သူ၏ နာခံမှု မရှိခြင်းအတွက် သွားတစ်ချောင်းအတွက် သွားတစ်ချောင်း တောင်းဆိုခြင်းလည်း မရှိပေ။ ငါ လုပ်ဆောင်ပြီးသမျှ အားလုံးမှာ ငါ့ကို သူ သိရှိလာနိုင်ဖို့အလို့ငှာ၊ သူ၏ ကုသ၍မရသော အနာရောဂါများ ပျောက်ကင်းစေဖို့ရန် သူ၏ နာမကျန်းဖြစ်ခြင်းများအပေါ် ဆေးလိမ်းပေးခြင်းဖြစ်ပြီး၊ ထိုသို့ဖြင့် သူ့အား တစ်ဖန်ပြန်လည် ပကတိကျန်းမာစေခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၂)) အထူးသဖြင့်၊ “အကြိမ်ပေါင်းများစွာ ၎င်းတို့သည် နတ်ဆိုး၏ ရှေ့တွင် ငါ့အား ငြင်းပယ်ကြပြီးဖြစ်ကာ၊” ဆိုတဲ့စာလုံးတွေ ဖတ်လိုက်ရတာက လိုရင်းကိုထိပြီး ကျွန်တော့်ကို ဆိုးဆိုးရွားရွား ခံစားရစ်စေခဲ့တယ်။ အဲဒါ အတိအကျကျွန်တော်ပဲလို့ ခံစားရတယ်။ ကျွန်တော်ဟာ မာရ်နတ်ရှေ့မှောက်မှာ ဘုရားသခင် ကို ငြင်းပယ်တဲ့လူတစ်ယောက်ဖြစ်တယ်။ ကျွန်တော်အဖမ်းခံရပြီး လူမဆန်စွာညှဉ်းပန်းခံရတဲ့ အချိန်မှာ၊ ရုပ်ပိုင်းဆိုင်ရာဒုက္ခအနည်းငယ်ကို လွတ်မြောက် အောင် ကြိုးပမ်းရင်းနဲ့ ယုံကြည်သူတစ်ယောက်ဖြစ် တာကို ကျွန်တော်ငြင်းဆန်ခဲ့တယ်။ နှစ်ပေါင်းများစွာ ယုံကြည်မှုရှိခဲ့ပေမယ့် ကျွန်တော် ယုံကြည်တဲ့ ဘုရားသခင်ကို အသိအမှတ်တောင် မပြုခဲ့ဘူး။ အဲဒါ ပျော့ညံ့တာပဲ။ အဲဒါ ဘယ်လိုယုံကြည်မှုမျိုးလဲ။ ကိုယ့်ကိုကိုယ် ခရစ်ယာန်လို့ ဘယ်လိုခေါ်လို့ရမှာလဲ။ တကယ်ကိုအသုံးမကျ၊ တကယ်တစ်ကိုယ်ကောင်း ဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသူတစ်ယောက်လို ကျွန်တော်ခံစားရတယ်။ ယောဘဖြတ်သန်းခဲ့ရတဲ့ စမ်းသပ်မှုတွေကို ကျွန်တော်စဉ်းစားတယ်။ သူဆိုရင် သူရဲ့ပိုင်ဆိုင်မှုတွေနဲ့သား၊သမီးတွေကို ဆုံးရှုံးခဲ့ရတယ်၊ ပြီးတော့ သူ့ရဲ့တစ်ကိုယ်လုံးမှာ လည်း အနာစိမ်းတွေပေါက်နေတယ်။ သူ့မိန်းမကတောင် သူ့ကိုငြင်းဆန်ပြီး သူ့ရဲ့ယုံကြည်မှုကို စွန့်လွှတ်ခိုင်းပေမယ့်၊ သူက ယေဟောဝါဘုရားသခင်ရဲ့နာမကို ဆက်လက်ထိန်းသိမ်းပြီး၊ သူပြောတာက “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နူတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘဝတ္တု ၁:၂၁) ခေတ်အဆက်ဆက်မှာ သန့်ရှင်းသူတွေ ညှဉ်းပန်း နှိပ်စက်မှုဒဏ်ခံရတဲ့အခါမှာ၊ သူတို့ အသက်ပေးဆပ် ရတဲ့တိုင်အောင် ဘုရားသခင်ရဲ့နာမကို သက်သေခံ သွားကြတယ်။ ဒါပေမယ့် ကျွန်တော်က ညှဉ်းပန်းနှိပ်စက်မှုကို ရင်ဆိုင်ရတဲ့အခါမှာ ကျွန်တော် ယုံကြည်သူ တစ်ယောက်ဖြစ်ကြောင်းကို ငြင်းဆန်ခဲ့ပြီး၊ အထူးသဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နာမကို ကျွန်တော် အသိအမှတ်မပြုခဲ့ဘူး။ ကျွန်တော်ဟာ ခွန်အားနည်းပြီး အသုံးမကျသလို၊ အသက်ကို လောဘကြီးစွာနဲ့ ဖက်တွယ်နေမိခဲ့တယ်။ သခင်ယေရှု ပြောခဲ့သည်မှာ- “အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါဝန်ခံမည်။ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါငြင်းပယ်မည်။” (ရှင်မဿဲခရစ်ဝင် ၁၀:၃၂-၃၃) အဲဒီအကြောင်းကို စဉ်းစားလေ၊ ကျွန်တော် ပိုနောင်တရပြီး အပြစ်ရှိတယ်လို့ ခံစားရသလို၊ ဘုရားသခင်ရှေ့မှောက်မှာ အသက်ရှင်ဖို့ မထိုက်တန် ဘူးလို့ ခံစားရတယ်။ ကျွန်တော်ဆုတောင်းလိုက်တယ်- “အို ဘုရားသခင်၊ ရဲတွေလက်ထဲမှာ ကျွန်တော် ညှဉ်းပန်းခံခဲ့ရတုန်းက၊ မာရ်နတ်ရဲ့ရှေ့မှောက်မှာ ကျွန်တော်ဟာ ယုံကြည်သူ တစ်ယောက်ဖြစ်ကြောင်းကို တစ်ခါမှအသိအမှတ် မပြုခဲ့ဘူး။ ကျွန်တော်ရဲ့အသက်ကို ကျွန်တော်အရမ်းစွဲမက်ပြီး စာတန်ကို လှောင်ပြောင်ခွင့်ပေးမိခဲ့တယ်။ ကျွန်တော်က အရမ်းခွန်အားနည်းပြီး ကျောရိုးမရှိ ဘူး။ ကျွန်တော်ဟာ ကိုယ်တော့်နောက်လိုက်ဖို့၊ ဒါမှမဟုတ် ကိုယ်တော့်ရဲ့နှုတ်ကပတ်တော်တွေကို စားသောက်ဖို့ မထိုက်တန်ဘူး” လို့ပေါ့။ အဲဒါ ကျွန်တော့်အတွက် တကယ်ခက်ခဲတဲ့အချိန်ပဲ။ ကျွန်တော်ဟာ ကောင်းမွန်တဲ့သက်သေတစ်ခုကို မခံ ခဲ့ဘူး၊ ကျွန်တော့်အပေါ် အမည်းစက်ထင်ပြီး၊ ဘုရားသခင် ရှေ့မှောက်မှာ ရှင်သန်ဖို့ မထိုက်တန်ဘူးလို့ ကျွန်တော်ခံစားရတယ်။
နောက်တော့ အဖမ်းခံရတဲ့ညီအစ်ကို၊မောင်နှမတွေ ဆီက သက်သေခံချက်ဆောင်းပါးတချို့ကို ကျွန်တော် ဖတ်ရပြီး၊ သူတို့ဟာ ဆိုးရွားစွာညှဉ်းပန်းခံကြရပေမယ့် ဘုရားသခင်ကို ဘယ်အခါမှ မငြင်းပယ်ခဲ့ကြဘူး၊ သစ္စာလည်းမဖောက်ခဲ့ကြဘူး။ ကျွန်တော့်အပေါ် အနက်ရှိုင်းဆုံးခံစားချက် ကျန်ရစ် ခဲ့စေတာက အသက်သုံးဆယ်ကျော်ရှိတဲ့ညီမ တစ်ယောက်ပဲ ဖြစ်တယ်။ သူ့ကို ကိုးရက်တိတိ နေ့ရောညပါ ညှဉ်းပန်းပြီး၊ တစ်ချက်မှ မျက်စိပိတ်ခွင့်မပေးခဲ့ဘူး။ သူတို့က သူ့ရဲ့ပါးစပ်ကို လက်ထိပ်တွေနဲ့ရိုက်နှက်ကြ ပြီး၊ သူ့ရဲ့ပါးစပ်ထဲကို သွေးတွေနဲ့ပျော့ဖတ်သွားစေခဲ့ ပေမယ့်၊ သူ ဘာတစ်ခွန်းမှ မပြောခဲ့ဘူး။ သူခံခဲ့ရတဲ့ ညှဉ်းပန်းမှုဟာ ကျွန်တော်ခံခဲ့ရတာ ထက် ပိုပြီးလူမဆန်ပေမယ့်၊ သူက ဘုရားသခင်ရဲ့ နာမကို လုံးဝမငြင်းပယ်ခဲ့ဘူး။ သူနဲ့ယှဉ်လိုက်တဲ့အခါမှာ ကျွန်တော်ရှက်မိတယ်။ ကျွန်တော့်ရဲ့ ဝိညာဉ်ရင့်ကျက်မှုက အလွန်သေးငယ် တာ၊ ကျွန်တော် တကယ်ခွန်အားနည်းတာကို တွေ့လိုက်ရတယ်။ ကျွန်တော်ညှဉ်းပန်းခံရချိန်က ကျွန်တော်ယုံကြည်တဲ့ ဘုရားသခင်ကို ဘာဖြစ်လို့ငြင်းပယ်ခဲ့တယ်ဆိုတာ ကို ကျွန်တော်စဉ်းစားတယ်။ ကျွန်တော်သေတဲ့အထိ ညှဉ်းပန်းခံရမှာ ကြောက်လို့ မဟုတ်လား။ နောက်တော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ထဲက ဒါကို ကျွန်တော်ဖတ်လိုက်ရတယ်- “လူတို့သည် ၎င်းတို့၏ဘဝများကို စွန့်လွှတ်ရန် အဆင်သင့်ဖြစ်သည့်အခါ၊ အရာရာတိုင်းသည် အသေးအဖွဲ ဖြစ်လာကြပြီး၊ မည်သူမျှ ၎င်းတို့ကို ခက်ခဲအောင် ပြုလုပ်နိုင်ခြင်းမရှိတော့ချေ။ အသက်ထက် မည်သည့်အရာသည် သာ၍အရေးကြီးနိုင်မည်နည်း။ ထို့ကြောင့် စာတန်သည် လူတို့အထဲတွင် နောက်ထပ် မည်သည့်အရာမျှ လုပ်ဆောင်နိုင်စွမ်း ရှိမလာပေ၊ လူနှင့် ပတ်သက်၍ ၎င်းလုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ ‘ဇာတိပကတိ’ ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ဇာတိပကတိသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသည်ဟု ဆိုထားသော်လည်း၊ လူတို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် ဆက်ကပ်အပ်နှံပြီး စာတန်၏ တိုက်တွန်းခြင်း မခံရပါက၊ မည်သူမျှ ၎င်းတို့ကို ခက်ခဲအောင် ပြုလုပ်နိုင်ခြင်းမရှိချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၃၆)) ကျွန်တော်သေရမှာ ကြောက်တာကို စာတန်က အခွင့်ကောင်းယူပြီး၊ ကျွန်တော် ဘုရားသခင်ကို ငြင်းပယ်ပြီး သက်သေမခံနိုင်အောင် ကျွန်တော့်ကို တိုက်ခိုက်နေခဲ့ တာကို ကျွန်တော်သဘောပေါက်သွားတယ်။ ဒါပေမယ့် အမှန်က ရှင်ခြင်းဖြစ်စေ၊ သေခြင်းဖြစ်စေ ဘုရားသခင်ရဲ့လက်ထဲမှာပဲ ရှိတယ်။ ကျွန်တော်သေတဲ့အထိ အရိုက်ခံရတာဖြစ်စေ၊ အရိုက်မခံရတာဖြစ်စေ ဘုရားရဲ့အုပ်စိုးမှုအောက်မှာ ရှိပြီး၊ ကျွန်တော်ဟာ သူ့ရဲ့အစီအစဉ်ကို လက်ခံရမှာ ဖြစ်တယ်။ ကျွန်တော့်အသက်ကို ဆုံးရှုံးရရင်တောင်၊ ဘုရားသခင်အတွက် သက်သေခံသွားမှာဖြစ်ပြီး၊ ဒါကို ဘုရားသခင်က အထိမ်းအမှတ်ပြုမှာဖြစ် တယ်။ အဲဒါက အသက်စွန့်ဖို့ ထိုက်တန်တဲ့အရာပဲ။ ကျွန်တော် ဘုရားသခင်ကို ဆုတောင်းတယ်၊ “ဘုရားသခင်၊ ကျွန်တော် နောက်ထပ်တစ်ကြိမ် ဖမ်းဆီးခံရရင်၊ ဘယ်လိုညှဉ်းပန်းမှုမျိုးပဲ ရင်ဆိုင်ရပါစေ၊ သက်သေရပ်တည်ပြီး ကိုယ်တော့်ကို ကျေနပ်အောင် လုပ်ဖို့ ကျွန်တော် အဆင်သင့်ပါပဲ” လို့ပေါ့။
အဲဒီနောက် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလမှာ ဧဝံဂေလိတရားဝေငှနေတုန်း တခြားညီအစ်ကို၊ မောင်နှမ ငါးယောက်နဲ့အတူ ကျွန်တော်ထပ်ပြီး အဖမ်းခံရပြန်တယ်။ ရဲကားထဲမှာ ဘုရားသခင်ကို ကျွန်တော် မရပ်မနား ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ ကျွန်တော် ထပ်ပြီးအဖမ်းခံရတာ ရဲ့ နောက်ကွယ်မှာ ကိုယ်တော်ရဲ့ ကောင်းတဲ့ရည်ရွယ်ချက်ရှိတယ်ဆိုတာကို ကျွန်တော်ယုံကြည်တယ်။ ကျွန်တော် စာတန်ရဲ့ရှေ့မှောက်မှာ ကိုယ်တော့် အတွက် သက်သေခံသွားဖို့ လိုလားပါတယ်။” ကျွန်တော်တို့ စခန်းကိုရောက်တဲ့အခါ၊ အဲဒီစာအုပ် တွေက ဘယ်သူ့စာအုပ်တွေလဲလို့ ကျွန်တော်တို့ကို ရဲတွေက မေးတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က ကျွန်တော်ဟာ ယုံကြည်သူ တစ်ယောက်ဖြစ်ကြောင်းကို ဘယ်လိုငြင်းဆန်ခဲ့တယ်ဆိုတာနဲ့ စစ်မှန်တဲ့ သက်သေခံချက် မပေးခဲ့တာတွေကို ကျွန်တော် စဉ်းစားမိတယ်။ ဒီတစ်ခါတော့ ကျွန်တော့်ရဲ့ ရှက်စရာကောင်းတဲ့ တည်ရှိမှုကို ဖက်တွယ်ပြီး ဘုရားသခင်ကို ငြင်းပယ် မယ့်အစား ကျွန်တော် ခရစ်ယာန်တစ်ဦးဆိုတာကို တန်းပြီးပြောမှဖြစ်မယ်ဆိုတာ သိလိုက်တယ်။ ရဲတွေက ဧည့်သည်စောင့်ခန်းထဲကို ကျွန်တော်တို့ကို ခေါ်သွားပြီး ကျွန်တော်တို့ကို တစ်ယောက်စီ စာရင်း သွင်းတယ်။ ကျွန်တော်တို့ရဲ့ကိုယ်ရေးအချက်အလက်တွေနဲ့ လိပ်စာတွေကို အတည်ပြုပြီး ကျွန်တော်တို့ရဲ့ လက်ဗွေတွေနဲ့ခြေဗွေတွေ ယူတယ်။ ကျွန်တော် သူတို့ကို ကျွန်တော့်နာမည်အစစ် ပေးလိုက်ပေမယ့်၊ သူတို့က စနစ်ထဲမှာ ကျွန်တော့်ရဲ့ ဘာမှတ်တမ်းကိုမှ မတွေ့ဘူး။ ကျွန်တော့်ရဲ့ကိုယ်ရေးအချက်အလက်တွေကို ရှာဖို့ အတွက် သူတို့က တခြားဖိုင်တွဲအဟောင်းတွေ ထုတ်ပြီးကြည့်ကြတယ်။ ကျွန်တော့်ရဲ့ နေထိုင်တဲ့နေရာနဲ့ပတ်သက်တဲ့စာရင်း ကို ရဲတွေက ပျက်ပြယ်ခိုင်းလိုက်ပြီမှန်း ကျွန်တော် သိလိုက်တယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ အရင်ဖမ်းဆီးမှုနဲ့ပတ်သက် ပြီး သူတို့မှာ ဘာမှတ်တမ်းမှ မရှိဘူး။ ကျွန်တော် ဘုရားသခင်ကို တိတ်တိတ်ကလေး ကျေးဇူးတင် လိုက်တယ်။ အဲဒီအချိန် ဧည့်သည်စောင့်ခန်းထဲက အရာရှိတစ်ယောက်က “အဲဒီတန်ခိုးရှင်က ဘယ်မှာလဲ။ ဒီဘုရားက ဘယ်ရောက်နေလဲ။ မင်းတို့ တစ်ခုခုကို ယုံမယ်ဆိုရင် ငါ့ကိုပဲ ယုံကြ” လို့ ဘုရားသခင်ကို ဆက်ပြီးဆဲဆိုကျိန်ဆဲနေတယ်။ “ဒါမင်းက ဘုရားသခင်ကို ပြစ်မှားနေတာပဲ၊ ဒီလို အပြစ်မျိုးဟာ ဒီကမ္ဘာမှာရော၊ နောက်ကမ္ဘာမှာ ပါခွင့်လွှတ်ခံရမှာ မဟုတ်ဘူး” လို့ ကျွန်တော် ဒေါသတကြီးပြောလိုက်တယ်။ သူက လက်သီးဆုပ်ပြီး ကျွန်တော့်ကို စပြီးလှမ်းထိုး လိုက်တယ်။ ကျွန်တော် တော်တော်လေးစိတ်လှုပ်ရှားသွားပြီး ဆုတောင်းလိုက်တယ်။ အဲဒီအချိန်မှာပဲ တခြားရဲသုံး၊လေးယောက်က သူ့ကို ပြန်ဆွဲပြီး အပြင်ဘက်ကို ခေါ်သွားတယ်။ အဲဒီအခါ ကျွန်တော်က အားမွေးပြီး၊ “အရင်တုန်းကဆိုရင် လူတိုင်းက ကောင်းကင်ဘုံ ကို အသိအမှတ်ပြုပြီး ကိုးတောင်ကိုးကွယ်ကြတယ်။ ‘လူတွေက အလုပ်တွေလုပ်တယ်၊ ကောင်းကင်ဘုံ က ကြည့်ရှုတယ်’၊ ‘လူက ကြံရွယ်တယ်၊ ဘုရားက စီမံတယ်’ လို့ သူတို့က ပြောကြတယ်။ ဘုရားသခင်က ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းကို ဖန်ဆင်းထားတာဖြစ်တယ်။ ဘုရားသခင်က ရာသီလေးခုစလုံးကို အုပ်စိုးတယ်၊ သူက လေ၊ မိုး၊ နှင်း အားလုံးကို စီမံခန့်ခွဲတယ်။ အရာအားလုံးက ဘုရားသခင်ရဲ့ကျေးဇူးတော် ကြောင့် ရှင်သန်ပြီး ကြီးထွားလာတယ်၊ ပြီးတော့ ကျွန်တော်တို့ရဲ့ရှင်သန်နိုင်ရေးဟာ ကိုယ်တော့်ရဲ့ အာဟာရနဲ့စောင့်ရှောက်မှုတို့နဲ့ ခွဲခြားလို့မရဘူး။ ဘယ်လူသားတစ်ဦးမှ သူတို့ကိုသူတို့ ကောင်းကင်ဘုံ ရဲ့အုပ်စိုးမှုကနေ ခွဲထွက်လို့မရဘူး။ ဒါက အမှန်တရားပဲ” လို့ ကျွန်တော်ပြောလိုက် တယ်။ သူတို့က ကျွန်တော်ပြောတာတွေကို နားထောင်ပြီး၊ တစ်ခွန်းမှပြန်မပြောဘဲ ထွက်သွားကြတယ်။
နောက်နေ့နေ့လယ်မှာ အလုံပိတ် စစ်ကြောရေးအခန်းတစ်ခုထဲ ကျွန်တော့်ကို ခေါ်သွားတယ်။ သူတို့က ကျွန်တော့်ကို ကျားထိုင်ခုံတစ်လုံးပေါ် အတင်းထိုင်ခိုင်းပြီး၊ ကျွန်တော့်ရဲ့လက်တွေကို သီးခြားစီလက်ထိပ်ခတ်လိုက်သလို၊ ခြေထောက် တစ်ဘက်ချင်းစီကိုလည်း ပတ်ပြီးချည်လိုက်တယ်။ ကျွန်တော့်မျက်နှာရဲ့ တစ်ဘက်တစ်ချက်စီမှာ အရမ်းလင်းတဲ့မီးနှစ်ခု ရှိတယ်။ အခန်းထဲမှာ မကောင်းတဲ့နိမိတ်ရှိတယ်လို့ ခံစားရ တယ်။ အရာရှိနှစ်ယောက်က ကျွန်တော့်ကို တည့်တည့်စိုက်ကြည့်နေပြီး၊ ကျွန်တော် တော်တော်လေး စိုးရိမ်လာတယ်။ ဘုရားသခင်ကို ကျွန်တော်ဆုတောင်းပြီး၊ ကျွန်တော့်ကို ယုံကြည်မှုပေးဖို့ တောင်းလျှောက် လိုက်တယ်။ ဒီနောက် သူတို့ထဲက တစ်ယောက်က ကျွန်တော့်ကို စိုက်ကြည့်ပြီး၊ “မင်းတို့က ဧဝံဂေလိတရားကို နေရာအနှံ့မှာ လိုက်ဖြန့်ပြီး၊ ကြီးမားတဲ့ဘေးဒုက္ခတစ်ခု ကျရောက် တော့မယ်လို့ ပြောကြတယ်။ ဒါဟာ မင်းတို့က လူမှုဖွဲ့စည်းပုံစနစ်ကို အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ဘူးလား” လို့ ပြောလိုက်တယ်။ “နောက်ဆုံးသောကာလမှာ ကြီးမားတဲ့ဘေးဒုက္ခတစ်ခု ဖြစ်ပေါ်မယ်လို့ သမ္မာကျမ်းစာထဲက ဗျာဒိတ်ကျမ်းထဲမှာ ကြိုတင် ဟောပြောထားတယ်၊ ဒါဟာ ငြင်းလို့မရတဲ့ အမှန်တရားတစ်ခုပဲ။ လူတွေအနေနဲ့ သမ္မာတရားကို လက်ခံပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းခံရဖို့အတွက် ကျွန်တော်တို့က ဧဝံဂေလိတရားကို ဝေငှပြီး ဘုရားသခင်ကို သက်သေခံနေတာပဲ။ အဲဒါက လူတွေကို ကယ်တင်ဖို့ပဲဖြစ်တယ်။ ဘယ်မှာ ဥပဒေချိုးဖောက်လို့လဲ။ ကြီးမားတဲ့ဘေးဒုက္ခတစ်ခု သိပ်မကြာခင် ကျရောက်လာတော့မှာ။ မင်းတို့ အသိတရားဝင်လာဖို့ ငြင်းဆန်နေပြီး၊ ခရစ်ယာန်တွေကို ဆက်ဖမ်းပြီးညှဉ်းပန်းနှိပ်စက်နေ ပြီး၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအမှုတော်ကို အတားအဆီးလုပ်နေရင်၊ ဒါဟာ ဘုရားသခင်ကို ဆန့်ကျင်တာဖြစ်ပြီး သူ့ရဲ့ စိတ်သဘောထားကို ပြစ်မှားနေတာပဲ။ မင်းတို့ကို ဘုရားသခင်က အပြစ်ဒဏ်ပေးလိမ့်မယ်” လို့ ကျွန်တော် ပြောလိုက်တယ်။ သူတို့ရဲ့ မာကျောတဲ့အသွင်အပြင်တွေကို တွေ့တဲ့အခါ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲ က စာပိုဒ်တစ်ပိုဒ်ကို ကျွန်တော်ဖတ်လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ အမှုကို အာခံဖီဆန်သူသည် ငရဲသို့ ပို့ခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သော မည်သည့်နိုင်ငံမဆိုသည် ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို ဆန့်ကျင်ရန် ထကြွသည့် မည်သည့် လူမျိုးမဆိုသည် ဤကမ္ဘာမြေမှ ဖယ်ရှားခံရလိမ့်မည်ဖြစ်ပြီး အပြီးတိုင် ကွယ်ပျောက်သွားလိမ့်မည်။ လူမျိုးအားလုံး၊ နိုင်ငံအားလုံးနှင့် စက်မှုလုပ်ငန်း အားလုံး၏ လူများကို ဘုရားသခင်၏ အသံအား နားထောင်ရန်၊ ဘုရားသခင်၏ အမှုကို ရှုစားရန်နှင့် လူသားမျိုးနွယ်၏ ကံကြမ္မာကို အာရုံစိုက်ရန်၊ ဘုရားသခင်ကို အသန့်ရှင်းဆုံး၊ ဂုဏ်အသရေ အရှိဆုံး၊ အမြင့်မားဆုံးနှင့် လူသားမျိုးနွယ်အလယ် တစ်ခုတည်းသော ကိုးကွယ်ဆည်းကပ်ရာ ဖြစ်စေဖို့အလို့ငှာနှင့်...လူသားမျိုးနွယ် တစ်ရပ်လုံးအား ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအောက်၌ အသက်ရှင်ခွင့်ပေးရန် ငါ တိုက်တွန်း၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကြားရ တော့၊ သူတို့ထဲက တစ်ယောက်က လုံးဝမလှုပ်ရှားဘဲ မတ်တပ်ရပ်ပြီး အူကြောင်ကြောင်နဲ့ စိုက်ကြည့်နေ တယ်။ နောက်တစ်ယောက်က ခေါင်းကို ငိုက်စိုက်ချပြီး၊ “ငါတို့က တော်တော်ဆိုးရွားတဲ့အရာတွေ အများကြီး လုပ်ခဲ့တယ်။ မင်းတို့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က ငါတို့ကို လိုချင်မှာမဟုတ်ဘူး” လို့ ပြောတယ်။ ဒါကိုတွေ့လိုက်ရတော့ ဘုရားနှုတ်ကပတ်တော်တွေ ရဲ့စွမ်းအားကို ကျွန်တော် ခံစားလိုက်ရပြီး၊ ကျွန်တော့်ကို ယုံကြည်မှုတောင် ထပ်ပေးသေးတယ်။ “မင်းတို့အနေနဲ့ မကောင်းမှုလုပ်နေတာကို ရပ်လိုက်လို့ရတယ်၊ ခရစ်ယာန်တွေကို ဖမ်းဆီးတာတွေနဲ့ညှဉ်းပန်း နှိပ်စက်တာတွေအပြင် လူသားမျိုးနွယ်ကို ကယ်တင် ဖို့ ဘုရားသခင်ရဲ့အမှုတော်ကို ဟန့်တားနေတာတွေ ရပ်လိုက်လို့ရတယ်။ ဘုရားသခင်က ဖြောင့်မတ်တယ်၊ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေပေါ် မူတည်ပြီး သူက ကျွန်တော်တို့ကို ကိုင်တွယ်ပြီး ပြန်လည်ပေးဆပ်တယ်။” အဲဒါပြီးတော့၊ ရဲတွေက သူတို့ရဲ့မှတ်စုတွေကို ကျွန်တော့်ကို စစ်ခိုင်းပြီး၊ ကျွန်တော့်လက်တွေနဲ့ခြေထောက်တွေမှာ ချည်ထား တာတွေ ဖြုတ်ပေးပြီး၊ ကျွန်တော့်ကို သွားခွင့်ပြု တယ်။ သူတို့က ကျွန်တော့်ကို ဒီအတိုင်းပဲ လွှတ်ပေးလိုက် တယ်။ အဖြစ်အပျက်တစ်ခုလုံးက ကျွန်တော့်အတွက် မယုံနိုင်လောက်အောင်ပဲ၊ အရမ်းကိုမျှော်လင့်မထား ခဲ့ဘူး။ သူတို့မှာ တခြားလှည့်စားမှုတွေများ ဝှက်ထားသေး သလားဆိုပြီး ကျွန်တော်စိုးရိမ်မိတာကြောင့်၊ ကျွန်တော်ပြန်တဲ့အခါမှာ ကျွန်တော့်ရဲ့စက်ဘီးကို ပတ်စီးနေပြီး အိမ်ဆီကို ကျွန်တော့်နောက် ဘယ်သူမှ လိုက်မလာ ဘူးဆိုတာကို သေချာအောင်လုပ်တယ်။
ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးခြင်းနဲ့ညှဉ်းပန်းနှိပ်စက် ခြင်းတို့ ခံရတာက ကျွန်တော့်ကို ပါတီရဲ့ ဖောက်ပြန်ပြီး ယုတ်ညံ့တဲ့ အနှစ်သာရနဲ့ အဲဒါက ဘုရားသခင်ကို ဆန့်ကျင်တဲ့ နတ်ဆိုးတွေနဲ့ လုံးဝဖွဲ့စည်းထားတယ်ဆိုတာကို သေချာသွားစေခဲ့ တယ်။ အဲဒါက ဒီကမ္ဘာပေါ်မှာရှိတဲ့ စာတန်ရဲ့ အယုတ်ညံ့ ဆုံးနဲ့အမှောင်ဆုံးအင်အားစုပဲ။ အဲဒါကို ကျွန်တော့်စိတ်နှလုံးထဲက ငြင်းပယ်ပြီး ကျိန်ဆဲမိတယ်။ ဘုရားသခင်ရဲ့ အနန္တတန်ခိုး၊ အချုပ်အခြာအာဏာနဲ့ သူ့ရဲ့ အံ့ဩဖွယ်ရာလုပ်ဆောင်မှုတွေကိုလည်း ကျွန်တော်သိလိုက်ရတယ်။ ကွန်မြူနစ်ပါတီဆီက ဒီတိုက်ခိုက်ခြင်းကို ရှင်သန် နိုင်တာက လုံးဝ ဘုရားသခင်ရဲ့စောင့်ရှောက်မှုနဲ့ ကာကွယ်ပေးမှုတွေရဲ့ ကျေးဇူးတော်ကြောင့်ပဲ။ ကျွန်တော် မျှော်လင့်ချက်မဲ့တဲ့အချိန်တွေမှာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ကျွန်တော့် ကို အသိဉာဏ်ပွင့်စေခဲ့ပြီး လမ်းပြခဲ့သလို၊ ကျွန်တော် ရှေ့ဆက်သွားနိုင်ဖို့အတွက် ခွန်အား ပေးတယ်။ ကျွန်တော် ဘုရားသခင်ကို သက်သေခံလိုက်တော့၊ စာတန်က အရှက်ရပြီး ရှုံးသွားတယ်။ ဒါက ဘုရားနှုတ်ကပတ်တော်တွေရဲ့ စွမ်းအားနဲ့ ဩဇာအာဏာတွေကို ကျွန်တော့်ကို ပြတာဖြစ်ပြီး ကျွန်တော့်ကို ဘုရားသခင်အပေါ် ယုံကြည်မှု ပိုပြီးပေးတယ်။ စာတန်ရဲ့လှည့်ကွက်တွေကို အသုံးပြုပြီး ဘုရားသခင်ရဲ့ဉာဏ်ပညာက ဆောင်ရွက်တာကို ကျွန်တော်တွေ့ရပြီး၊ အဆင်းနီတဲ့နဂါးကြီးဟာ ဘုရားသခင်ရဲ့လက်ထဲက နယ်ရုပ်တစ်ခုသာ ဖြစ်တယ်။ သူရွေးချယ်ထားတဲ့လူတွေရဲ့ စုံလင်မှုအတွက် ဘုရားသခင်ကို အမှုတော်ထမ်းတဲ့ တန်ဆာပလာ တစ်ခုပဲ။ အဲဒီလိုအတွေ့အကြုံမျိုးနဲ့ နားလည်မှုမျိုး ရရှိတာက ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာနဲ့ကျေးဇူးတော်ပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်တော် ကျေးဇူးတင်တယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။