အဖမ်းခံရပြီးနောက်
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ နေ့လည်နေ့ခင်းတစ်ခုမှာ၊ တခြားညီအစ်မ သုံးယောက်နဲ့ ကျွန်မ စုဝေးပွဲကို သွားနေတုန်းမှာ ကျွန်မတို့နောက်ကို ကားနှစ်စီးလိုက်နေတာ သလိုက်တယ်။ ရဲဖြစ်နိုင်တာကို သဘောပေါက်လိုက်ပြီး ကျွန်မတို့ အမြန်လှည့်လိုက်ပြီး လမ်းကျဉ်းလေးကနေ သွားလိုက်တယ်၊ ဒါပေမယ့် အဝေးကို မရောက်ခင် ကားထဲကနေ လူလေးယောက်ထွက်လာပြီး ကျွန်မတို့ကို လိုက်တယ်။ အဲဒီနောက် သူတို့က ကျွန်မတို့ကို ကားတွေထဲကို တွန်းချပြီး ခရိုင်က စစ်ဆေးမေးမြန်းခန်းတစ်ခုဆီ ခေါ်သွားတယ် အရာရှိ လေး ငါဦး ဝင်လာပြီး ကျွန်မကို ကြမ်းကြမ်းတမ်းတမ်း ရှာတယ်၊ ကျွန်မရဲ့ ဖုန်းနဲ့ မှတ်စုစာအုပ်အပြင်၊ နားကပ်တွေ၊ နာရီနဲ့ လက်စွပ်တွေကို ယူသွားကြတယ်။ အမျိုးသမီး အရာရှိနှစ်ယောက် ဝင်လာပြီး ကျွန်မကို တခြားခန်းကို ခေါ်သွားတယ်၊ အဲဒီမှာ သူတို့က ကျွန်မကို ရှာဖွေဖို့ အင်္ကျီချွတ်ခိုင်းပြီး၊ သူတို့ စောင့်ကြည့်နေတုန်း ကျွန်မကို အကြိမ်ကြိမ် ဆောင့်ကြောင့်ထိုင်ခိုင်းတယ်။ အဲဒါ တကယ်ရှက်စရာပဲ။ သူတို့ တကယ်ဆိုးကြတယ်၊ ဒါကြောင့် သူတို့ ကျွန်မကို ဘယ်လိုညှဉ်းဆဲကြမလဲဆိုတာကို ကျွန်မ တော်တော် စိတ်ပူသွားခဲ့တယ်။ ကျွန်မ အဲဒါကို တွေးပြီး ပိုကြောက်လာတယ်၊ ဒါကြောင့် ကျွန်မ ဆုတောင်းတယ်၊ ကျွန်မ စိတ်နှလုံးကို စောင့်ရှောက်ပေးဖို့၊ ယုံကြည်ခြင်းနဲ့ ခွန်အားပေးဖို့ ဘုရားကို တောင်းလျှောက်ခဲ့တယ်။ အဲဒီနောက် ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေကို တွေးမိခဲ့တယ်- “ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏မစခြင်းဖြင့်၊ အဘယ်သူသည် ဤလမ်းကို တစ်ကြိမ်တစ်ခါမျှ ပိတ်ဆို့နိုင်မည်နည်း။ ဤအရာကို သတိရလော့။ မမေ့လျော့နှင့်။ ဖြစ်သမျှအားလုံးသည် ငါ၏ကောင်းမွန်သော ရည်ရွယ်ချက်အားဖြင့် ဖြစ်ပြီး၊ အရာရာသည် ငါ၏ စောင့်ကြည့်ခြင်းအောက်တွင် ရှိ၏။ သင် ပြောသမျှနှင့် လုပ်သမျှအားလုံးတွင် ငါ၏နှုတ်ကပတ်တော်ကို သင် လိုက်လျှောက်နိုင်သလော။ မီးဖြင့် စမ်းသပ်မှုများ သင့်အပေါ် ရောက်လာသောအခါ၊ သင်သည် ဒူးထောက်ကာ ဟစ်ခေါ်မည်လော။ သို့မဟုတ် ရှေ့ဆက်နိုင်စွမ်းမရှိဘဲ တွန့်ဆုတ်မည်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်ခြင်းနဲ့ ပြည့်စေခဲ့တယ်။ ဘုရားက အရာရာကို အုပ်စိုးပြီး ရဲတွေလည်း သူ့လက်ထဲမှာ ရှိပါတယ်။ ကျွန်မနောက်မှာ ဘုရားရှိမှတော့၊ ကျွန်မ ဘာကို ကြောက်ရမှာလဲ။ သူတို့ ကျွန်မကို ဘယ်လို စစ်ဆေးမေးမြန်းပါစေ၊ ပြီးတော့ ညှဉ်းဆဲတာကို အသုံးပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ၊ ဘုရားကို ကျွန်မ သစ္စာမဖောက်နိုင်တာ၊ ညီအစ်ကို မောင်နှမတွေကို သစ္စာမဖောက်နိုင်တာကို ကျွန်မ သိတယ်။ ကျွန်မကို ရှာဖွေပြီးတဲ့နောက် အရာရှိတစ်ယောက်က ကျားထိုင်ခုံမှာ ကျွန်မကို လက်ထိပ်ခတ်ပြီး မေးတယ်၊ “မင်းနာမည် ဘာလဲ။ ဘယ်မှာနေတာလဲ။ ဘယ်တုန်းက ဘာသာရေးသမား ဖြစ်လာတာလဲ။ ပြောစမ်း”တဲ့။ ကျွန်မ အသံတစ်ချက် မထွက်ဘူး။ သူ မေးခွန်းတွေ ဆက်မေးတယ်- “မင်းက အသင်းတော် ခေါင်းဆောင်လား။ အသင်းတော်က ငွေတွေကို ဘယ်မှာ သိမ်းထားလဲ”လို့ပေါ့။ ကျွန်မ အဖြေပေးဖို့ ငြင်းဆန်တဲ့အခါ၊ ကျွဲမြီးတိုပြီး ထွက်သွားတယ်။
နောက်နေ့ မွန်းတည့်အချိန်အရောက်၊ ကျွန်မကို သူတို့က ကျားထိုင်ခုံမှာ နာရီ ၂၀ ကျော် တောက်လျှောက် လက်ထိပ်ခတ်ထားခဲ့ကြသလို၊ ကျွန်မ ခြေထောက်တွေ ရောင်ပြီး ထုံနေတယ်၊ ဘာခံစားချက်မှ မရှိဘူး။ နောက်တော့ အရာရှိတစ်ယောက် ဝင်လာပြီး ကျေနပ်အားရတဲ့ပုံနဲ့ ပြောတယ်၊ “ငါတို့ ဘာလို့ အခု မင်းကို မေးခွန်းမေးဖို့ လာလဲ သိလား”တဲ့။ ကျွန်မ မသိခဲ့ဘူး၊ ဘာလို့ သူ အဲဒီလိုမေးလဲဆိုတာလည်း မသိဘူး။ သိပ်မကြာခင်မှာပဲ ရဲအရာရှိသုံးယောက်က ကျွန်မယောက်ျားကို တံခါးဝမှာ ခေါ်လာခဲ့တာ တွေ့ရပြီး၊ သူတို့ ကျွန်မအိမ်ကို ရှာဖွေပြီး ကျွန်မယောက်ျားကိုလည်း ခေါ်လာခဲ့မှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ အဲဒီည ၉ နာရီနောက်မှာ၊ ရဲတွေကကျွန်မ၊ ကျွန်မခင်ပွန်းနဲ့ ကျွန်မနဲ့အတူအဖမ်းခံခဲ့ရတဲ့ ညီအစ်မသုံးယောက်ကို သူတို့ မော်တော်ယာဉ်တွေထဲက တစ်ခုနဲ့ ထိန်းသိမ်းရေးစခန်းဆီ ခေါ်သွားတယ်။ သူတို့ထဲက တစ်ယောက်က၊ “မင်း သေချာစဉ်းစားပေါ့။ မင်းရဲ့ကလေးတွေက တော်တော်ငယ်သေးသလို၊ သူတို့ကို အစားအစာကျွေးဖို့ ဒါမှမဟုတ် သူတို့ကို စောင့်ရှောက်ဖို့ ဘယ်သူမှမရှိဘူး။ မင်း သိသမျှ ငါတို့ကို ပြောလိုက်၊ ပြီးရင်း မင်းကို သွားခွင့်ပေးမယ်”လို့ ပြောတယ်။ ဒါ စာတန်ဆီက လှည့်ကွက်တစ်ခုမှန်း ကျွန်မသိလိုက်တယ်။ ကျွန်မ ကလေးတွေအတွက် ကျွန်မရဲ့ ခံစားချက်ကြောင့် ကျွန်မကို ဘုရားသခင်နဲ့ တခြားသူတွေအပေါ် သစ္စာဖောက်စေချင်ကြတယ်။ သူ့ကို ကျွန်မ လျစ်လျူရှုလိုက်တယ်။
ထိန်းသမ်းရေးစခန်းမှာ၊ အရာရှိ လေး ငါးယောက်က ကျွန်မတို့ကို အဝတ်ချွတ်ရှာဖို့ ခေါ်သွားပြီးတဲ့နောက် ကျွန်မတို့ကို အချုပ်ခန်းတွေထဲမှာ ထားကြတယ်။ သံတံခါးတွေကို ရဲတွေ ရပ်ပြီးစောင့်ကြပ်နေကြတာ မြင်တော့ ချောက်ချားစရာကောင်းအောင် ကြောက်စရာကောင်းပြီး ငရဲထဲ ဝင်သွားရသလို ခံစားရတယ်။ အချုပ်ခန်းထဲ ဝင်လိုက်တာနဲ့ မစင်ရဲ့အနံ့ပြင်းပြင်းကို ရလိုက်သလို၊ ညဘက်မှာ စိုစွတ်တဲ့ ကွန်ကရစ်ပလက်ဖောင်းပေါ်မှာ အိပ်ခဲ့ရတယ်။ ကျွန်မတို့မှာ စောင်ပါးပါးလေး တစ်ထည်စီရှိပြီး၊ ကျွန်မရဲ့ ကုတင်ခေါင်းက အိမ်သာရဲ့ရှေ့တည့်တည့်မှာ ရှိတယ်။ စားတာ၊ သောက်တာနဲ့ အပေါ့သွားတာတွေအားလုံး တစ်ခန်းထဲမှာပဲ။ စစ်ဆေးရေးခန်းမှာ နှစ်ရက်နဲ့တစ်ည လက်ထိပ်ခတ်ခံရပြီးတဲ့နောက် ကျွန်မ နေမကောင်းဖြစ်ပြီး၊ အဖျားတက်ခဲ့တယ်၊ ကျွန်မရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးတဲ့ ဆရာဝန်က ကျွန်မမှာ အဖျား ၁၀၂ ရှိတယ်တဲ့။ ဒါပေမယ့် ရဲတွေက ကျွန်မ ဟန်ဆောင်နေတာလို့ ပြောပြီး ဘာဆေးကိုမှ လုံးဝ မပေးခဲ့ဘူး။
နောက်နှစ်ရက်အကြာမှာ အမျိုးသားလုံခြုံရေးတပ်မဟာက အရာရှိတစ်ယောက်က ကျွန်မကို စစ်မေးဖို့ ရောက်လာတယ်။ သူက စကားစမြည်ပြောရင်းနဲ့ သူ့ မိသားစုအကြောင်း ပြောပြခဲ့တယ်၊ ကျွန်မတို့ မိတ်ဆွေဖြစ်နိုင်တယ်လို့ ပြောတယ်။ သူက ကျွန်မကို၊ “မင်းကိုယ်မင်း မစဉ်းစားရင်တောင် မင်းကလေးတွေအကြောင်း တွေးသင့်တယ်။ မင်း ပြစ်ဒဏ်ချခံရရင်၊ မင်းမိသားစု မျိုးဆက်သုံးဆက် ထိခိုက်လိမ့်မယ်။ မင်းကလေးတွေ ကောလိပ်တက်လို့ရမှာ၊ စစ်တပ်ထဲ ဝင်လို့ရမှာမဟုတ်ဘူး၊ စဉ်းစားကြည့်ပါ၊ မင်းရဲ့ယုံကြည်ချက်က မင်းရဲ့မိသားစုမျိုးဆက်တွေကို မဆိုင်ဘဲဝင်ခိုင်းရအောင် ထိုက်တန်လို့လား။ ခုပဲ မင်းမိသားစု တစ်စစီ ပြိုကွဲနေပြီ။ မင်း ယုံကြည်သူ မဖြစ်ခဲ့ရင် အဲဒီလို ဖြစ်ပါ့မလား” လို့ အကြံပေးတယ်။ အဲဒါက ကျွန်မကို တကယ် ဒေါသထွက်စေပြီး၊ “ကျွန်မ မိသားစု အတူမနေနိုင်တာ ကျွန်မရဲ့ အပြစ်လား။ ကျွန်မတို့ ယုံကြည်သူတွေက မှန်တဲ့ လမ်းကြောင်းပေါ်ရှိကြပေမယ့်၊ ကျွန်မတို့က ဖမ်းနေတာ၊ လုံးဝ ပျော်ရွှင်တဲ့ မိသားစုကို ဖျက်ဆီးနေတာ ရှင်တို့ပဲ။ မိသားစုတွေကို ပြိုကွဲစေတဲ့ တရားခံက ရှင်တို့ပဲ” လို့ တွေးမိတယ်။ ဒါပေမယ့် ကျွန်မကလေးတွေ ကောလိပ် တက်လို့မရမှာနဲ့ သူတို့ရဲ့ အနာဂတ်တွေ ထိခိုက်မှာကို စဉ်းစားကြည့်တော့၊ သူတို့ ကျွန်မကို မုန်းသွားမလားလို့ တွေးမိတယ်။ ဒါ ကျွန်မအတွက် ခက်ခဲတယ်၊ ဒါကြောင့် တိတ်တဆိတ် ဘုရားဆီ ဆုတောင်းပြီး ကျွန်မ စိတ်နှလုံးကို စောင့်ရှောက်ဖို့ တောင်းလျှောက်ခဲ့တယ်။ အဲဒီအချိန်မှာ ဘုရားပြောခဲ့တဲ့ အရာတစ်ခုကို တွေးမိတယ်- “အချိန်တိုင်းတွင်၊ ငါ၏လူတို့သည် ငါ့အိမ်၏တံခါးကို ငါ့အတွက် စောင့်ကြပ်ရင်း၊ စာတန်၏ စဉ်းလဲသည့် အကြံအစည်များကို သတိထားသင့်ပေသည်။...စာတန်၏ ထောင်ချောက်ထဲသို့ ကျဆင်းချိန်တွင် နောင်တရဖို့ရန် အလွန် နောက်ကျသွားလိမ့်မည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၃)) အဲဒါ အသိဉာဏ်ပွင့်လင်းစရာဖြစ်ခဲ့ပြီး၊ အရာရှိပြောခဲ့တာက စာတန်ရဲ့ လှည့်ကွက်တစ်ခုမှန်း၊ ဘုရားကို ကျွန်မ သစ္စာဖောက်ပြီး ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေကို သစ္စာဖောက်အောင်လို့ ကျွန်မကလေးတွေရဲ့ အနာဂတ်နဲ့ ကျွန်မကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာမှန်း မြင်စေတယ်။ အဲဒီအတွက် ကျွန်မ အလှည့်စားခံလို့ မဖြစ်ဘူး။ နောက်တော့ ကျွန်မဆီက တစ်ခုခုရဖို့ နောက်ထပ် နည်းလမ်းတစ်ခုကို သူ ကြိုးစားတယ်၊ ဒါပေမယ့် ကျွန်မ ပြောဖို့ ငြင်းနေတုန်းပဲ။ ခဏကြားပြီးတဲ့နောက်၊ သူက၊ “ငါတို့ မင်းအိမ်ကို ရောက်ပြီးပြီ။ မင်းကလေးတွေက ချစ်စရာလေးတွေပဲ။ ငါတို့မှာ ဗွီဒီယိုရှိတယ်— ကြည့်ချင်လား”လို့ ပြောတယ်။ ဒါက ကျွန်မရဲ့ ပျော့ကွက်ကို တကယ်ထိသွားခဲ့တယ်။ ကျွန်မ ကလေးနှစ်ယောက်နဲ့ပတ်သက်လို့ ကျွန်မရဲ့ စိုးရိမ်စိတ်တွေကို လက်မလွှတ်နိုင်ခဲ့ဘူး။ ကျွန်မသားက ၁၄ နှစ်ဖြစ်ပြီး ကျွန်မသမီးလေက ၉ နှစ်ပဲရှိသေးတယ်။ ကျွန်မတို့အိမ်ကို ရဲတွေ ရှာတော့ သူတို့ လန့်သွားကြမှာပဲ။ ကျွန်မယောက်ျားနဲ့ ကျွန်မက ရဲအချုပ်ခန်းမှာရှိတော့၊ သူတို့ ဘယ်လိုနေကြမလဲ။ တစ်ယောက်ယောက်က သူတို့ကို အနိုင်ကျင့်ဖို့ တစ်ခုခု လုပ်မှာလား။ သူတို့ နေမကောင်းတဲ့ခါ၊ ဘယ်သူ စောင့်ရှောက်မှာလဲ။ ရဲတွေက သူတို့ကို ခြိမ်းခြောက်ဖို့သွားရင် အဲဒါက သူတို့ကို ဘယ်လိုအခြေအနေမျိုး ရောက်သွားစေမှာလဲ။ သူတို့ ကျောင်းသွားနိုင်ပါဦးမလား။ လူမှုအသိုင်းအဝိုင်း ဆန်ကုန်မြေလေးတွေရဲ့ ပြုသမျှနုရတဲ့ဘဝနဲ့ အဆုံးသတ်သွားကြမလား။ ဒီအတွေး တစ်သီတစ်တန်းက ကျွန်မကို ပိုစိတ်ဆင်းရဲစေခဲ့တယ်၊ ဒါကြောင့် ဘုရားဆီ ကျွန်မ အမြန် ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်။ စာတန်ရဲ့ လှည့်ကွက်တွေမှာ အလှည့်စားမခံရဖို့နဲ့ ကိုယ်တော့်အတွက် သက်သေရပ်တည်နိုင်ဖို့ ကျေးဇူးပြုပြီး ကျွန်မရဲ့ စိတ်နှလုံးကို ကွယ်ကာတော်မူပါ”လို့ပေါ့။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော်ထဲက ဒီအရာကို ကျွန်မ တွေးမိတယ်- “စကြဝဠာတွင် ဖြစ်ပေါ်သော အရာရာတိုင်းတွင်၊ ငါ အဆုံးအဖြတ်မပေးသောအရာ တစ်ခုမျှ မရှိချေ။ ငါ့လက်ထဲတွင်မရှိသည့်အရာ တစ်စုံတစ်ရာ ရှိသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁)) ဒါကို ကျွန်မစိတ်ထဲမှာ ပြန်ပြောင်းတွေးရင်းနဲ့ ကျွန်မ တဖြည်းဖြည်း စိတ်ငြိမ်သွားတယ်။ လူတစ်ယောက် ဘာကိုပဲ ဖြတ်သန်းရပါစေ၊ သူတို့ ဘယ်လောက် ဆင်းရဲဒုက္ခခံရတယ်ဆိုတာ ဘုရားလက်ထဲမှာ ရှိတယ်။ တရုန်နိုင်ငံ၊ ဒီတစ္ဆေမြို့ထဲမှာ ယုံကြည်ခြင်းရှိပြီး ဘုရားနောက်လိုက်တဲ့သူ ဘယ်သူမဆို ဖိနှိပ်ခံရမှာ သေချာသလို၊ ကျွန်မတို့ ဘယ်သူမှ အချင်းချင်း မကူညီနိုင်ဘူး။ ကျွန်မယောက်ျားနဲ့ ကျွန်မက အဖမ်းခံရပြီး ထောင်ထဲမှာ ဆင်းရဲဒုက္ခခံရသလို၊ အိမ်မှာရှိတဲ့ ကျွန်မတို့ ကလေးတွေလည်း ဆင်းရဲဒုက္ခခံနေရတော့၊ လောကမှာ စိုးရိမ်ပူပန်သမျှက ဘာကိုမှ ပြောင်းလဲမပေးနိုင်ဘူး။ ကျွန်မတို့ရဲ့ကလေးတွေကို ဘုရားသခင်ရဲ့လက်ထဲမှာ ထားခဲ့ပြီး သူတို့ကို စောင့်ရှောက်ပြီး၊ ကာကွယ်ပေးဖို့ တောင်းလျှောက်ရင်းနဲ့ ကျွန်မဆုတောင်းခဲ့တယ်။ ဒါနဲ့ အရာရှိကို ကျွန်မက၊ “ဒီဗွီဒီယိုကိုသိမ်းထားပြီး ရှင်ကိုယ်တိုင်ပဲ ခံစားကြည့်ပါ” လို့ပြောလိုက်တယ်။ အဲဒီနောက် ရဲတွေက နောက်ထပ် ပြောစရာ ဘာမှမရှိကြတော့ဘူး။
ထိန်းသိမ်းရေး စခန်းရဲ့ အဲဒီကွန်ကရစ် ပလက်ဖောင်းပေါ်မှာ ကျွန်မ အကြာကြီးအိပ်ခဲ့ရတယ်။ ပြီးတော့ ဇူလိုင်လအရောက်မှာ၊ ကျွန်မ လက်နဲ့ ခြေတွေ နာကျင်၊ ရောင်ရမ်းပြီး တစစ်စစ်ခံစားနေရတယ်။ အဲဒီနောက် သိပ်မကြာခင်မှာ၊ ကျွန်မရဲ့ အရိုးအဆစ်တွေ အရမ်းနာနေတာ ဘယ်ရေအေးကိုမှ မကိုင်နိုင်သလို၊ ရေအေးနည်းနည်းလေးကျတာက အပ်နဲ့ထိုးလိုက်သလို ခံစားရတယ်၊ ညဖက် အိပ်တော့ အရမ်းနာလွန်းတယ်။ အဲဒီနောက် အရာဝတ္ထုတွေက ပိုဝါးသထက်ဝါးလာပြီး အရာရာတိုင်းက မှိတ်တုတ် မှိတ်တုတ်ဖြစ်နေတယ်။ ကျွန်မ တကယ်ကို ခေါင်းမူးခဲ့တယ်။ ကျွန်မ နေမကောင်းဖြစ်တာကို အကြီးအကဲဆီ သတင်းပို့ခဲ့ပေမယ့် ကျွန်မ သေသေ ရှင်ရှင် သူ ဂရုမစိုက်ခဲ့ဘူး။ ကျွန်မ အရမ်းအားနည်းပြီး စိတ်ဆင်းရဲနေတယ်— ကျွန်မ မျက်မမြင်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲပေါ့။ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားကို အဆက်မပြတ် ခေါ်နေတုန်းမှာ ဒီဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းကို ညည်းနေမိခဲ့တယ်- “စိတ်မပျက်နှင့်၊ အားမနည်းနှင့်၊ ထိုအခါ ငါသည် သင့်အတွက် အမှုအရာများကို ရှင်းလင်းစေမည်။ နိုင်ငံတော်သို့ သွားရာလမ်းသည် သိပ်ချောမွေ့ခြင်းမရှိ။ မည်သည့်အရာမျှ ထိုမျှ မရိုးရှင်းပေ။ ကောင်းချီးများ သင့်ထံ အလွယ်တကူ ရောက်လာသည်ကို သင် လိုချင်သည်။ ယနေ့တွင် အယောက်တိုင်းသည် ခါးသီးသော စမ်းသပ်ခြင်းများ ရင်ဆိုင်ဖို့ ရှိလိမ့်မည်။ ထိုသို့သော စမ်းသပ်မှုများမရှိပါက၊ သင်တို့၌ ရှိသည့် ငါ့ကိုချစ်သော နှလုံးသားသည် တိုး၍ အားကောင်းလာလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့သည် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိလိမ့်မည်မဟုတ်။ ဤစမ်းသပ်မှုများတွင် အရေးမပါသော အခြေအနေများသာ ပါရှိလျှင်ပင်၊ အယောက်တိုင်း ၎င်းတို့ကို ကျော်ဖြတ်ရမည်။ စမ်းသပ်မှုများ၏ ခက်ခဲမှုက လူတစ်ဦးနှင့်တစ်ဦး ခြားနား လိမ့်မည်သာ ဖြစ်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “စမ်းသပ်ခံရခြင်းများ၏ ဝေဒနာသည် ဘုရားထံမှ ကောင်းချီးဖြစ်၏ကျူး”) အားနည်းချက်နဲ့ အပျက်သဘောဆောင်ခြင်းထဲမှာ အသက်ရှင်ဖို့က ကျွန်မအတွက် ဘုရားရဲ့အလိုတော် မဟုတ်မှန်း ကျွန်မ သိတယ်၊ ဒါပေမယ့် အဲဒါက အခက်အခဲတွေနဲ့ စမ်းသပ်မှုတွေကတစ်ဆင့် ဘုရားအတွက် ကျွန်မရဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းကို စုံလင်စေဖို့ဖြစ်သလို၊ တစ်ချိန်တည်းမှာပဲ ကျွန်မကို ချင့်ချိန်နိုင်စွမ်း ရှိစေပြီး အဆင်းနီတဲ့ နဂါးကြီးကို လှိုက်လှိုက်လှဲလှဲ မုန်းတီး၊ ငြင်းပယ်နိုင်အောင်လို့၊ သူ့ရဲ့ ဆိုးယုတ်မှုနဲ့ ယုတ်မာမှုကို ရှင်းရှင်းလင်းလင်း မြင်ဖို့ ကူညီပေးနေတာပါ။ ဒီအရာအားလုံးကို နားလည်လိုက်တာနဲ့ ကျွန်မရဲ့ ဆင်းရဲဒုက္ခအားလုံး ပျောက်ကွယ်သွားတယ်။
အောက်တိုဘာလမှာ ကျွန်မကို စည်ပင် ထိန်းသိမ်းရေး စခန်းဆီ ခေါ်သွားတယ်။ အဲဒီမှာ ရာသီဥတု ပိုအေးလို့၊ ကျွန်မရဲ့ အဆစ်နာတာက ပိုတောင် ဆိုးသွားသလို၊ ကျွန်မ အဆက်မပြတ် ခေါင်းကိုက်လာတယ်။ ဆေးအတွက် ပြုပြင်ရေး အရာရှိတွေဆီ ကျွန်မ သွားခဲ့ပေမယ့် သူတို့ ဘာကိုမှ မပေးခဲ့ဘူး။ ကျွန်မ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတယ်၊ အဲဒီနောက် တစ်နေ့ မွန့်တည့်ပိုင်းလောက်မှာ ကျွန်မ ခေါင်းအရမ်းနာကျင်လာပြီး အချုပ်ခန်းထဲမှာ ကျွန်မ သတိလစ်သွားတယ်။ ညနေ ၄ နာရီနောက်ပိုင်းမှာ နောက်ဆုံးတော့ ထောင်အစောင့်တွေက အခြားအကျဉ်းသားနှစ်ဦးကို ကျွန်မကို သွေးသွင်းဖို့အတွက် လူနာခန်းထဲ ဆွဲခေါ်သွားခိုင်းတယ်။ တတိယအကြိမ် ပြီးပါနီးတော့၊ တာဝန်ကျရဲအရာရှိနှစ်ယောက်က အစာစားဖို့ သွားခဲ့ပြီး ဆေးထိုးအပ်ကို ထုတ်လိုက်ကြသလို၊ ကျွန်မရဲ့အချုပ်ခန်းဆီ ကျွန်မကို တန်းတန်းမတ်မတ် ပို့လိုက်ကြတယ်။ အဲဒီည ၉ နာရီနောက်ပိုင်းမှာ ကျွန်မခေါင်း ပြန်ကိုက်လာခဲ့ပြီး၊ ကျွန်မကို စောင့်ကြည့်ဖို့ အကျဉ်းသားနှစ်ယောက်ကို အစောင့်တွေက ပို့လိုက်ပေမယ့် ကျွန်မကို ဘာဆေးမှ မပေးသေးဘူး။ နောက်နေ့မှာ ကျွန်မ သတိလစ်သွားပြန်တယ်။ ကျွန်မ အားနည်းချက်တချို့ ခံစားနေခဲ့ရတယ်၊ နာမကျန်းဖြစ်တဲ့အထိ ကျွန်မ ညှဉ်းဆဲခံခဲ့ရပုံကို စဉ်းစားနေမိခဲ့ပြီး၊ အားလုံး ဘယ်အချိန် ပြီးသွားမလဲလို့ တွေးမိခဲ့တယ်။ အဲဒီထဲမှာ ကျွန်မ သေများသေသွားမလားလို့ တွေးမိခဲ့တယ်။ ဒီအတွေးက ကျွန်မကို အားနည်းပြီး မျှော်လင့်ချက်မဲ့စေတယ်၊ ဒါကြောင့် ဘုရားကို ကျွန်မ အကြိမ်ကြိမ် ခေါ်ပြီး၊ ဒီအရာအားလုံးကို အောင်မြင်ကျော်လွှားနိုင်အောင် ကျွန်မကို ကွယ်ကာပေးဖို့ တောင်းလျှောက်ခဲ့တယ်။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ် “စုံစမ်းခြင်းများ၌ ယုံကြည်ခြင်း လိုအပ်” ကို ကျွန်မ သတိရသွားတယ်- “စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော် သို့မဟုတ် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် မည်သည့်ကိစ္စ၌မဆို သင်သည် ယောဘကဲ့သို့ပင် ဘုရားသခင်၏အမှုထဲတွင် ယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး ဘုရားသခင်ကို မငြင်းပယ်ရပေ။ ယောဘသည် ခွန်အားနည်းပြီး သူ၏မွေးဖွားသည့်နေ့ရက်ကို ကျိန်ဆဲခဲ့သော်လည်း၊ လူ့ဘဝထဲရှိ အရာခပ်သိမ်းကို ယေဟောဝါ အပ်နှင်းထားကြောင်းနှင့် ယေဟောဝါသည် ယင်းတို့အားလုံးကို နုတ်ယူမည့် အရှင်လည်းဖြစ်ကြောင်း သူမငြင်းခဲ့ပါ။ မည်သို့ပင် စမ်းသပ်ခံခဲ့ရစေကာမူ ဤယုံကြည်ချက်ကို သူဆုပ်ကိုင်ခဲ့သည်။ သင်၏ အတွေ့အကြုံထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် မည်သည့်စစ်ဆေးခြင်းကိုမဆို သင်ကြုံရပါစေ၊ လူသားမျိုးနွယ်အား ဘုရားသခင်တောင်းဆိုသည့်အရာမှာ အချုပ်အားဖြင့် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့အပေါ် ၎င်းတို့၏ချစ်ခြင်းပင် ဖြစ်သည်။ ဤနည်းအတိုင်း အမှုပြုခြင်းအားဖြင့် သူစုံလင်စေသောအရာမှာ လူတို့၏ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ပြင်းပြသော ဆန္ဒများ ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် စုံလင်စေခြင်းအမှုကို ပြုပြီး၊ ယင်းကို ၎င်းတို့ မမြင်တွေ့နိုင်၊ သတိမပြုနိုင်ပေ။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် သင်၏ယုံကြည်ခြင်း လိုအပ်သည်။ တစ်စုံတစ်ရာကို ပကတိမျက်စိဖြင့် မမြင်နိုင်သည့်အခါ လူတို့၏ယုံကြည်ခြင်း လိုအပ်ပြီး သင်၏ကိုယ်ပိုင် အယူအဆများကို သင်လက်မလွှတ်နိုင်သည့်အခါ သင်၏ယုံကြည်ခြင်း လိုအပ်သည်။ သင်သည် ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိသည့်အခါ သင့်အား တောင်းဆိုသောအရာမှာ ယုံကြည်ခြင်း ရှိရန်နှင့် ခိုင်ခံ့သောရပ်တည်ချက်ရှိပြီး သက်သေရပ်တည်ရန် ဖြစ်သည်။ ယောဘ ဤအဆင့်သို့ ရောက်သည့်အခါ ဘုရားသခင်သည် သူထံ၌ ပေါ်လာခဲ့ပြီး သူ့ကို စကားပြောခဲ့သည်။ တစ်နည်းအားဖြင့် သင်၏ယုံကြည်ခြင်းအတွင်း၌သာ ဘုရားသခင်ကို သင်မြင်တွေ့နိုင်မည် ဖြစ်ပြီး သင်၌ ယုံကြည်ခြင်းရှိသည့်အခါ၊ ဘုရားသခင်သည် သင့်ကို စုံလင်စေမည်ဖြစ်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ဒါကို တွေးရင်းနဲ့၊ ဘုရားက ကျွန်မရဲ့ ယုံကြည်ခြင်းကို စုံလင်စေဖို့ ကျွန်မရဲ့ ကျန်းမာရေး ထိခိုက်ခံစားခွင့်ပေးနေခဲ့မှန်း မြင်ခဲ့ရတယ်။ အဲဒါ ဘုရားဆီက ကောင်းကြီးတစ်ခုပါ။ ယောဘက စမ်းသပ်မှုတွေ ဖြတ်သန်းရပြီး သူ့တစ်ကိုယ်လုံး အနာစိမ်းတွေ ဖုံးသွားခဲ့တဲ့အချိန်ကို တွေးမိတယ်။ သူ တကယ်ကို အများကြီး ဆင်းရဲဒုက္ခခံခဲ့ရပေမယ့်၊ သူ့ရဲ့ ခန္ဓာကိုယ်ကို မြေအိုးကွဲစတွေနဲ့ ကုတ်ခြစ်ရင်း၊ ဘုရားကို လုံးဝ အပြစ်မတင်ဘဲ ပြာပုံပေါ်မှာထိုင်နေခဲ့တယ်။ နောက်ဆုံးမှာ သူဟာ သူ့ရဲ့ ယုံကြည်ခြင်းကို အားကိုးခဲ့ပြီး ဘုရားသခင်အတွက် သက်သေခံပေးသွားတယ်။ ကျွန်မ ယောဘလိုဖြစ်ချင်တယ်၊ ဒါကိုလည်း ကျွန်မရဲ့ ယုံကြည်ခြင်းနဲ့ ကျော်ဖြတ်ချင်တယ်။ တကယ့် ထွက်သက်ဝင်သက်ကို ဘုရားက ကျွန်မကို ပေးခဲ့တာဖြစ်မှန်း ကျွန်မ သိတယ်၊ ဒါကြောင့် သူ ကျွန်မကို သေခွင့်ပေးရင်၊ ကျိုးနွံနာခံဖို့ ကျွန်မ လိုလားလျက်ရှိပါတယ်။ ကျွန်မထဲမှာ ထွက်သက်ဝင်သက် ရှိသရွေ့၊ သက်သေခံရပ်တည်ပြီး စာတန်ကို အရှက်ရစေဖို့ ကျွန်မ အဆင်သင့်ပဲ။ အံ့ဩစရာကောင်းတာက၊ ကျိုးနွံနာခံဖို့ ကျွန်မ အသင်ဖြစ်လိုက်တာနဲ့၊ ကျွန်မရဲ့ အဆစ်နာနဲ့ ခေါင်းကိုက်တာတွေ တဖြည်းဖြည်း စသက်သာလာခဲ့တာပါပဲ။ အဲဒါက ကျွန်မကို ဘုရားရဲ့ မေတ္တာ ဘယ်လောက် စစ်မှန်တယ်ဆိုတာ၊ ကျွန်မကို စောင့်ရှောက်ရင်းနဲ့ ကျွန်မဘေးမှာ သူ အမြဲရှိတယ်ဆိုတာကို ပြခဲ့တယ်။ ဒါက ကျွန်မရဲ့ ယုံကြည်ခြင်းကို တကယ် တိုးပွားစေခဲ့တယ်။
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလမှာ၊ ကွန်မြူနစ်ပါတီက ကျွန်မကို၊ “တရားဥပဒေစိုးမိုးရေးကို ထိပါးစေတဲ့ ဘာသာရေးအဖွဲ့အစည်းတစ်ခုကို စည်းရုံးခြင်းနှင့် အသုံးပြုခြင်း” ဆိုတာနဲ့ တရားစွဲခဲ့ပြီး၊ ထောင်ဒဏ်လေးနှစ် ချမှတ်ခဲ့တယ်။ ကျွန်မရဲ့ ပြစ်ဒဏ်ကို ကျခံစေဖို့ ကျွန်မကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှာ အမျိုးသမီး အကျဉ်းထောင်ကို ပို့ခဲ့ကြတယ်။ ကျွန်မ ထောင်ထဲမှာ ခြေမကိုင်မိ လက်မကိုင်မိ အမြဲဖြစ်ရတယ်။ ကျွန်မ လုပ်တဲ့ အရာတိုင်းကို တစ်ယောက်ယောက် စောင့်ကြည့်တယ်— စားတာ၊ အလုပ်လုပ်တာ၊ အိပ်တာ၊ ရေချိုးခန်းသုံးတာတောင်မှပေါ့။ အချုပ်ခန်းတစ်ခုစီမှာ အားလုံး အချင်းချင်း စောင့်ကြည့်နေကြတဲ့ လူ ၁၂ ယောက်စီရှိတယ်။ ပြီးတော့ တစ်ယောက်ယောက်က ဖွမိရင်၊ အားလုံး အပြစ်ပေးခံရတယ်။ အဲဒါ ပြင်းထန်တဲ့အခါ၊ ကျွန်မတို့ တိုက်ပိတ်ခံရတယ်။ ဒါပေမယ့် အဆိုးဆုံးကတော့ များပြားတဲ့ အလုပ်ကြမ်းပါပဲ။ အစောင့်တွေက ကျွန်မတို့ကို ငွေထုတ်စက်တွေလို ဆက်ဆံတယ်၊ ကျွန်မတို့ကို နေ့ရောညပါ စက်ချုပ်၊ အဝတ်တိုက်စေပြီး အဝတ်အစားမျိုးစုံ ထုတ်ပိုးစေတယ်။ ရဲနဲ့ စစ်ယူနီဖောင်းတွေ၊ တရုတ်မီးရထား ၀န်ထမ်း ၀တ်စုံတွေအပါအဝင် ဝတ်စုံတွေ သိန်းနဲ့ချီ ကျွန်မတို့ လုပ်ခဲ့ရတယ်။ ကျွန်မတို့ရဲ့ အလုပ်ခွဲတမ်းတွေက ထက်ဝက်ပြီးဖို့ အရမ်းများလွန်းခဲ့တယ်။ အဲဒီအချိန် ကျွန်မ အမြင်အာရုံက ၂၀/၂၀၀ ပဲရှိလို့၊ ရှင်းရှင်းလင်းလင်း မြင်ဖို့ ခက်သလို၊ အစောင့်တွေက ကျွန်မကို အမြဲ အော်ဟစ်ကြတယ်။ မီးပူတိုက်တဲ့အဖွဲ့မှာ ကျွန်မတို့နှစ်ယောက်က စက်မှုလုပ်ငန်းသုံး အရွယ်အစား မီးပူတိုက်တဲ့ စားပွဲခြောက်လုံးကနေ အဝတ်အစားတွေကို လှန်းရတယ်။ တစ်နေ့လုံး ဟိုပြေး ဒီပြေးနဲ့ ၁၀ နာရီကျော် လုပ်ရတယ်။ ကျွန်မခြေဖဝါးမှာ ပြည်အမြဲစိမ့်ထွက်ပြီး ကျွန်မခြေအိတ်တွေပေါ်မှာ ကပ်နေတဲ့ အရည်ကြည်ဖုတွေ ရှိတယ်။ ဘယ်လောက် နာကျင်ပါစေ၊ နောက်နေ့မှာ ကျွန်မ ဆက်လုပ်ရပြီး မပြီးနိုင်ရင် အရိုက်ခံရတယ်။ သုံးလကြာပြီးတဲ့နောက် အစောင့်တွေက ကျွန်မကို မီးပူတိုက်တာ စလုပ်ခိုင်းတယ်၊ ဒီတော့ ၆.၅ပေါင်လေးတဲ့ မီးပူနဲ့ မီးပူအဝတ်အစားတွေကို တစ်နေ့ ၁၀ နာရီကျော် ကျွန်မ သယ်ရတယ်။ ည ၁၁ ဒါမှမဟုတ် ၁၂ နာရီထိ နောက်ကျပြီး အလုပ်လုပ်တာ အရမ်းကြာပြီးတဲ့နောက်၊ ကျွန်မရဲ့ ကျန်းမာရေးက တကယ်ကို စဆိုးဝါးလာခဲ့တယ်။ အလုပ်ရုံမှာ ကျွန်မ နှစ်ကြိမ် မေ့လဲပြီး ကျွန်မ သတိရလာတော့ ဆက်အလုပ်လုပ်ခဲ့ရတယ်။ အဲဒီမှာ ရှိနေတာက ကျွန်မကို ငရဲထဲ ထိုးဆင်းသွားရသလို တကယ်ခံစားစေခဲ့တယ်၊ အရမ်းဆိုးရွားခဲ့တယ်။
ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေနဲ့ သူ့ရဲ့ မေတ္တာအကြောင်းကို စဉ်းစားရင်းနဲ့ အချိန်အများကြီး ကုန်ခဲ့တယ်။ ကျွန်မ တွေးမိတဲ့ ကျမ်းတစ်ပိုဒ်က ဒီလိုပါ- “သင်တို့အား ပေးပြီးသော ကောင်းချီးမင်္ဂလာများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အတွက် ပြုထားခဲ့သော ကတိများကို သင်တို့ ရှာကြဖူးသလော။ ငါ့အလင်း၏ လမ်းပြပို့ဆောင်မှုအောက်တွင် သင်တို့သည် အမှောင် အင်အားများ၏ လည်ညှစ်ခြင်းကို ဧကန် ထိုးဖောက်ကျော်လွှားနိုင်လိမ့်မည်။ သင်တို့အား လမ်းပြနေသော အလင်းကို အမှောင်ထု၏ အလယ်တွင် သင်တို့ ဧကန်မုချ ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်သည် ဖန်ဆင်းခြင်းအားလုံး၏ အရှင်သခင် ဧကန်မုချ ဖြစ်လိမ့်မည်။ သင်သည် စာတန်၏ ရှေ့မှောက်တွင် အောင်မြင်သောသူတစ်ဦး ဧကန်မုချ ဖြစ်လိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံကျရှုံးချိန်တွင် သင်သည် ငါ၏ အောင်မြင်မှုကို သက်သေခံရန် မြောက်မြားလှစွာသော လူအုပ်ကြီး၏ အလယ်တွင် ရပ်ရလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် တည်ကြည်လျက် မယိမ်းယိုင်ဘဲ ဧကန် ရှိကြလိမ့်မည်။ သင်တို့ သည်းခံရသည့် ဆင်းရဲဒုက္ခများမှတစ်ဆင့်၊ သင်တို့သည် ငါ၏ ကောင်းချီးမင်္ဂလာများကို အမွေခံကြရလိမ့်မည် ဖြစ်ပြီး၊ စကြဝဠာ တစ်ခွင်လုံးတစ်လျှောက် ငါ၏ ဘုန်းအသရေကို ဧကန်မုချ တောက်ပစေကြလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၉)) အောင်မြင်သူတွေကို စမ်းသပ်မှုတွေနဲ့ ဆင်းရဲဒုက္ခတွေထဲမှာ ဖန်တီးထားပြီး၊ ဘယ်လိုနာကျင်မှု၊ ဆင်းရဲဒုက္ခမျိုးကို သူတို့ ဖြတ်သန်းရပါစေ၊ ဘုရားသခင်ကို သူတို့ ကျိုးနွံနာခံနိုင်ပြီး တကယ့်အဆုံးထိ ဆက်ကပ်နိုင်တာကို အဲဒါ နားလည်စေတယ်။ ဘုရားသခင်အတွက် သက်သေရပ်တည်ဖို့ အခွင့်အရေးရှိတာက ကျွန်မအတွက် သူ့ကျေးဇူးတော်နဲ့ ကောင်းချီးဖြစ်ပြီး၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းမှုနဲ့ ဆင်းရဲဒုက္ခ ဘယ်လောက်များများ ကျွန်မ ဖြတ်သန်းရပါစေ၊ သက်သေရပ်တည်ပြီး စာတန်ကို အရှက်ရစေဖို့ ဘုရားသခင်ကို ကျွန်မ အားကိုးရမယ်။ ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုပါပဲ၊ ပြီးတော့ ထောင်ထဲမှာ ဆိုးရွားတဲ့ အချိန်ကို နောက်ဆုံးမှာ ကျွန်မ ကျော်ဖြတ်နိုင်ခဲ့တယ်။
ကျွန်မ ထွက်လာတဲ့နေ့မှာ၊ သူတို့က ကျွန်မကို နယ်ခံတရားစီရင်ရေးရုံးကို ခေါ်သွားတယ်၊ အဲဒီမှာ ကျွန်မယောက်ျားက ထောင်ထဲမှာ ရက် ၄၀ ပဲ နေပြီးတဲ့နောက် အလွှတ်ခံခဲ့ရပြီး၊ အဲဒီနောက် ၂၀၁၄ စက်တင်ဘာလမှာ ထပ်အဖမ်းခံရတော့ ထောင်ဒဏ် သုံးနှစ်ခွဲ ချမှတ်ခံခဲ့ရတယ်လို့ လက်ထောက်အတွင်းရေးမှူးက ပြောတယ်။ သူက ကျွန်မကို၊ “အခု မင်းလွတ်ပြီဆိုတော့၊ မင်းကလေးတွေကိုပဲ ဂရုစိုက်ပြီး ဘုရားအကြောင်း မေ့လိုက်။ မင်းတို့နှစ်ယောက် ယုံကြည်သူတွေဖြစ်တော့ သူတို့ဘာသာ သူတို့ နေခဲ့ရပြီး ပြီးခဲ့တဲ့ နှစ်တွေမှာ သူတို့ မင်းအစ်ကိုရဲ့ အိမ်မှာ နေခဲ့ရတယ်”လို့ ပြောတယ်။ သူ အဲဒါပြောတာ ကြားရတော့ ကျွန်မ အရမ်း စိတ်အနှောင့်အယှက်ဖြစ်မိတယ်။ ကျွန်မတို့ အဖမ်းခံခဲ့ရတယ်၊ ထောင်ဒဏ်ကျပြီး ကျွန်မတို့ မိသားစု ကွဲရတယ်၊ တခြား ဘာကြောင့်မှမဟုတ်ဘဲ ကျွန်မတို့နှစ်ယောက် ယုံကြည်သူဖြစ်ခဲ့လို့ပဲတဲ့။ စီစီပီက ကျွန်မတို့ကိုတောင် ထောင်ဖမ်းခဲ့ပြီး ကျွန်မတို့ ယုံကြည်သူတွေဖြစ်တဲ့အတွက် ကျွန်မတို့ မိသားစု၊ ကလေးတွေကို ကျွန်မတို့ ဂရုမစိုက်ဘူးလို့ ပြောတယ်။ သူတို့က အမှန်တရားကို လိုရာဆွဲ မမှန်မကန်ပြောတာပဲ။
ကျွန်မ အိမ်ရောက်တော့၊ ခြံထဲမှာ ပေါင်းပင်တွေနဲ့ ဖုံးလွှမ်းနေတာကို မြင်ခဲ့ရတယ်၊ ပြီးတော့ စားပွဲတွေ၊ ထိုင်ခုံတွေနဲ့ ပန်ကန်ပြားတွေကို မြက်ခင်းတွေမှာ ကြုံရာပစ်ချထားတယ်။ စားပွဲကို ကျွန်မ သွားမတော့၊ ကျွန်မ ထိလိုက်တာနဲ့ တစ်စစီ ပြုတ်ထွက်သွားတယ်။ ဧည့်ခန်းအဝင်ဝမှာ၊ တံခါးကို ကျွန်မ တွန်းဖွင့်လိုက်တဲ့အခါ၊ ဆိုဖာနဲ့ ဗီဒိုတွေအားလုံးကို မှောက်ထားပြီး လမ်းလျှောက်ဖို့ နေရာထောင်မရှိတာ တွေ့လိုက်ရတယ်။ ထူထပ်တဲ့ ဖုန်မှုန့်လွှာတစ်ခုက အရာရာကို ဖုံးအုပ်ထားသလို၊ မီးဖိုချောင်က အုတ်မြစ်တစ်ခုလုံး တစ်လက်မနီးပါး နိမ့်ဆင်းသွားတယ်။ နံရံမှာ လက်ညိုးအကျယ်လောက်ရှိတဲ့ အက်ကြောင်းတစ်ခု ရှိတယ်။ ဒါတွေအားလုံးကို မြင်ရတာ အဲဒီတုန်းက ကျွန်မအတွက် တကယ်ကို ခက်ခဲခဲ့သလို၊ ကျွန်မ ငိုပြီးရင်း ငိုနေခဲ့တယ်။ ကျွန်မ သားကို မြင်တဲ့အခါ၊ ပြီးခဲ့တဲ့ နှစ်အနည်းငယ်မှာ သူ ဘယ်လိုနေခဲ့လဲလို့ သူ့ကို ကျွန်မမေးတယ်၊ သူက ဆို့နင်ပြီး ပြောတယ်၊ “အမေ၊ သားတို့ရွာက လူတွေ သားကိုမြင်ပြီး အမေတို့နှစ်ယောက်အကြောင်းကို တမင်မေးကြတယ်။ သား သူတို့ကို ရှောင်ပြီး မဖြေဖို့ ကြိုးစားခဲ့တယ်။ အပြင်မထွက်ဖို့၊ ဘယ်သူကိုမှ မတွေ့ဖို့ သား ကြိုးစားခဲ့တယ်။ သားရဲ့ အတန်းဖော် အတော်များများက သားကို လှောင်ပြီး၊ သားက ပြစ်ဒဏ်ချခံရတဲ့ ရာဇဝတ်သားတွေရဲ့ သားပဲလို့ ပြောကြတယ်။ သား ကျောင်းကို နောက်ထပ် မသွားချင်တော့ဘူး”တဲ့။ သူ ဒီလိုပြောတာ ကြားရတော့ ကျွန်မ မျက်ရည်တွေကို အတင်းပြန်ထိန်းတယ်။ သူက ကလေးပဲ ရှိသေးတယ်၊ ဒါပေမယ့် သူက ကျွန်မ ယုံကြည်သူတစ်ယောက် ဖြစ်လို့ပဲ တခြားရွာသားတွေရဲ့ ခွဲခြားဆက်ဆံတာ၊ သူ့အတန်းဖော်တွေရဲ့ လှောင်တာကို ရင်ဆိုင်ခဲ့ရတယ်။ ပါတီကို ကျွန်မထဲက ရှိသမျှအရာအားလုံးနဲ့ ကျွန်မ မုန်းမိတယ်။
ကျွန်မ အိမ်မပြန်တာ ကြာတဲ့အခါ၊ အမျိုးသား လုံခြုံရေး တပ်မဟာနည်းပြတစ်ယောက်နဲ့ ဒေသခံ အရာရှိနှစ်ယောက်က ကျွန်မ အိမ်ထဲကို ဗီဒီယိုရိုက်ကူးသူ နှစ်ယောက် ခေါ်လာခဲ့တယ်၊ ကျွန်မရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ သူတို့ တံခါးဝကို ရောက်တာနဲ့ စပြီး ဗီဒီယိုရိုက်ကြတယ်။ သူတို့က ကျွန်မအိမ်နဲ့ဆိုင်တဲ့ ရုပ်ရှင်ကို အလိမ်အညာတွေပဲပြောတဲ့ နောက်ခံစကားပြောပါတဲ့ ဗီဒီယိုတစ်ခုအဖြစ်ကို ပြောင်းလိုက်ကြတယ်။ သူတို့က ယုံကြည်သူတွေ လယ်ကွင်းတွေမှာ ဘာအလုပ်မှမလုပ်ဘူး၊ ကျွန်မတို့က ကျွန်မတို့မိသားစုတွေကို မကြည့်ဘူး၊ သက်ကြီးရွယ်အိုတွေကို မစောင့်ရှောက်ဘူး၊ ကျွန်မတို့ ကလေးတွေကို ပြုစုပျိုးထောင်တာမရှိသလို၊ ပြီးတော့ အလယ်တန်းပဲ ရှိသေးတဲ့ ကျွန်မတို့ကလေးက ကျောင်းထွက်ခဲ့ရပြီး တောက်တိုမယ်ရအလုပ်တွေနဲ့ အသက်ဆက်နေရင်းနဲ့ လောကမှာ အဖြစ်ရှိဖို့ ထွက်ကြိုးစားနေရတယ်လို့ ပြောတယ်။ အဲဒီနောက် သူတို့က ဗီဒီယိုကိုယူပြီး လမ်းတွေပေါ်က လေဟာပြင် တီဗီကြီးတွေပေါ်မှာ ပြကြသလို၊ မြို့အနှံ့ မောင်းမယ့် ယာဉ်တစ်စီးပေါ်က ဖန်သားပြင်ကြီးတစ်ခုပေါ် ပြကြတယ်။ ကားဘယ်သွားသွား အဲဒါကို ပြကြတယ်။ ဒီကောလာဟလတွေနဲ့ အသရေဖျက်တာတွေရဲ့ ပစ်မှတ်ဖြစ်ပြီးတဲ့နောက်၊ မြို့ထဲက လူတိုင်းနီးပါးက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တဲ့အတွက် ကျွန်မတို့ အဖမ်းခံရပြီး ထောင်ချခံခဲ့ရတာကို သိသွားကြတယ်။ ကျွန်မ မိသားစုနဲ့ မိတ်ဆွေတွေအားလုံးက ကျွန်မကို ရှောင်ပြီး စကားမပြောဝံ့ကြဘူး။ ကွန်မြူနစ်ပါတီက ဒီဗီဒီယိုကို ယူပြီး ကျွန်မကလေးရဲ့ ကျောင်းမှာလည်း ပြခဲ့တယ်၊ ပြီးတော့ ဆရာတွေက ကျောင်းသားတွေကို ပြောတယ်၊ သူတို့ထဲက တစ်ယောက်ယောက်က လူတစ်ယောက် သူတို့မိဘတွေနဲ့ ဧဝံဂေလိ ဝေမျှတာတွေ့ရင် သူတို့ကို သတင်းပို့ဖို့ ရဲတွေကို ခေါ်သင့်တယ်တဲ့။ ကျွန်မ သမီးလေး ငိုရင်းနဲ့ အိမ်ပြန်လာတယ်၊ တခြားကလေးတွေက သူ့ကို ထောင်သားတွေရဲ့ သမီးဖြစ်တဲ့အတွက် လှောင်ပြောင်ကြတယ်လို့ ပြောတယ်။ သူက အိမ်မှာ နှစ်ရက်၊ သုံးရက် ငိုရင်း ပုန်းနေပြီး ကျောင်းကို ပြန်မသွားတော့ဘူး။ သူက အမြဲတစေ တကယ် ရွှင်လန်းပြီး စကားများတယ်၊ တကယ်ကို ပျော်ရွှင်ပြီး အားတက်တရောရှိခဲ့တာ၊ ဒါပေမယ့် အခု သူက တကယ်ကို အထီးတည်းနေပြီး လုံးဝ စကားမပြောချင်တော့ဘူး။ ကျွန်မသားလည်း တကယ်ကို စိတ်ဓာတ်ကျသွားခဲ့တယ်။ အဲဒါ အကုန်မဟုတ်သေးဘူး။ သူတို့က လိုအပ်တဲ့ အိမ်ထောင်စုတွေကို ဆွေးနွေးတဲ့ပုံစံနဲ့ ရွာအစည်းအဝေးတစ်ခုကို ခေါ်ယူခဲ့ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မတို့ရဲ့ ယုံကြည်ခြင်းကြောင့် လူမှုဖွဲ့စည်းပုံစနစ်ကို နှောင့်ယှက်လို့ ကျွန်မတို့ ပြစ်ဒဏ်ချခံရပြီးဖြစ်တဲ့အတွက် ကျွန်မတို့မှာ ကျွန်မတို့မိသားစုကို ထောက်ပံ့ဖို့ နည်းလမ်းမရှိသလို တခြားရွာတွေကနေ လှူဒါန်းတာတွေ လိုတယ်လို့ပြေတယ်။ တချို့က အဲဒါနဲ့ သိမ်းသွင်းခံရပြီး၊ ကျွန်မတို့ တာန်တွေကို ဂရုမစိုက်တဲ့အတွက် ကျွန်မတို့ကို ဝေဖန်ခဲ့ကြတယ်။ သူတို့က ကျွန်မတို့ကို စောင့်ကြည့်ဖို့၊ ကျွန်မကို ခြေရာခံဖို့ ကျွန်မအစ်ကို၊ သူ့မိန်းမ၊ ကျွန်မတို့ အိမ်နီးနားချင်းတွေနဲ့ ရွာသူကြီးတို့ကိုလည်း အသုံးပြုကြတယ်။ အဲဒီအချိန်အတောအတွင်းမှာ ညီအစ်ကို မောင်နှမတွေကို ကျွန်မ တွေ့လို့မရခဲ့ဘူး၊ ဒီတော့ အသင်းတော် အသက်တာကို ကျွန်မ မနေထိုင်နိုင်ခဲ့သလို၊ ကျွန်မရဲ့ တာဝန်ကို မလုပ်နိုင်ခဲ့ဘူး။ အဲဒါက အိမ်အကျယ်ချုပ် ကျခံနေရသလိုပါပဲ။ ကျွန်မ အရမ်း စိတ်ဆင်းရဲခဲ့ရပြီး ပါတီကို ကျွန်မရဲ့ ဖြစ်တည်မှုရှိသမျှနဲ့ မုန်းခဲ့တယ်။
အဲဒါတွေအားလုံးပြီးတဲ့နောက်၊ ဘုရားနှုတ်ကပတ်တော်ထဲမှာ ဒါကို ဖတ်ရတယ်- “နှစ်ပေါင်းထောင်ချီကြာ ဤသည်မှာ ညစ်ညူးခြင်း၏ နယ်မြေ ဖြစ်လေပြီ။ ယင်းသည် မခံမရပ်နိုင်လောက်အောင် ညစ်ပတ်ပေရေသည်၊ စိတ်ဆင်းရဲမှုက ပိတ်ဆီးထားသည်၊ တစ္ဆေများသည် လှည့်စားရင်းနှင့် လှည့်ဖြားရင်း၊ အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း၁ အကြင်နာမဲ့ကာ ရက်စက်ကြမ်းကြုတ်လျက်၊ ဤတစ္ဆေမြို့အား နင်းခြေရင်းနှင့် ယင်းကို အသေကောင်များဖြင့် ပြန့်ကျဲနေစေရစ်လျက်၊ နေရာတကာတွင် ထကြွသောင်းကျန်းကြလေသည်။ ယိုယွင်းပျက်စီးခြင်း၏ အပုပ်နံ့သည် နယ်မြေကို ဖုံးလွှမ်းပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့ကာ၊ ယင်းသည် အလွန်အကျွံ စောင့်ကြပ်ခြင်းခံရ၏။၂ မိုးကောင်းကင်များ အလွန်ရှိ လောကကြီးအား မည်သူ မြင်နိုင်သနည်း။ နတ်ဆိုးသည် လူသား၏ ခန္ဓာကိုယ် တစ်ခုလုံးကို တင်းကျပ်စွာ တုပ်နှောင်ထားသည်၊ သူ၏ မျက်လုံးနှစ်ခုလုံးကို ဖုံးအုပ်ပြီး၊ သူ၏နှုတ်ခမ်းများကို ခိုင်မြဲစွာ စေ့စေ့ပိတ်ထားလေသည်။ နတ်ဆိုးများ၏ မင်းသည် ထိုးဖောက်၍ မရနိုင်သော မကောင်းဆိုးဝါးတို့၏ နန်းတော် တစ်ခုအလား တစ္ဆေမြို့အပေါ် အနီးကပ် စောင့်ကြည့်မြဲစောင့်ကြည့်နေချိန်တွင်၊ နှစ်ထောင်ပေါင်း အချို့ကြာ ယနေ့ထက်ထိ သောင်းကျန်းပြီး ဖြစ်သည်။ ထိုအတောအတွင်းတွင်၊ ဤအစောင့်ခွေးအုပ်စုကို ဘုရားသခင်က ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း နေရာ မရှိဘဲ ဖြစ်စေရစ်လျက်၊ ၎င်းတို့ကို အလစ် ဖမ်းဆီးသွားပြီး ၎င်းတို့အားလုံးအား သုတ်သင်ပယ်ရှင်းမည်ကို အလွန်အမင်း ကြောက်ရွံ့နေကြလျက် စိန်းစိန်းဝါးဝါး ကြည့်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။ ဤသို့သော တစ္ဆေမြို့သားများသည် ဘုရားသခင်အား အဘယ်သို့ မြင်တွေ့ဖူးနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကြင်နာခြင်းနှင့် ချစ်မြတ်နိုးဖွယ်ကောင်းခြင်းတို့ကို မွေ့လျော်ဖူးကြသလော။ လူ့လောက၏ အရေးကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့သည် မည်သည့် နားလည်မှု ရှိကြသနည်း။ ၎င်းတို့အထဲမှ မည်သူသည် ဘုရားသခင်၏ ထက်သန်သော အလိုကို နားလည်နိုင်သနည်း။ ထိုအခါ လူ့ဇာတိခံယူ ဘုရားသခင်သည် လုံးလုံး ကွယ်ဝှက်လျက် ရှိမြဲရှိနေသည်မှာ သိပ်အံ့သြစရာ မဟုတ်ချေ။ မကောင်းဆိုးဝါးများက အကြင်နာမဲ့ပြီး လူမဆန်သည့် ဤကဲ့သို့သော အမှောင်လူ့အဖွဲ့အစည်းတွင် မျက်တောင် တစ်ချက်မျှ မခတ်ဘဲ လူများကို သတ်သော နတ်ဆိုးတို့၏မင်းသည် ချစ်ခင်ဖွယ်ဖြစ်ပြီး ကြင်နာကာ သန့်လည်းသန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို မည်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို ၎င်းသည် အဘယ်သို့ ဂုဏ်ပြုကာ သြဘာ ပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းဖြင့် ပြန်ဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား အထင်အမြင်သေးကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက်ကြသည်၊ ၎င်းတို့သည် အဆုံးစွန် ရိုင်းစိုင်းကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ်မျှ အရေးထားမှု မရှိကြပေ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ပျောက်ဆုံးကြပြီးဖြစ်သည်၊ အသိတရား အလုံးစုံကို ၎င်းတို့ ဆန့်ကျင်ကြကာ အပြစ်မဲ့သောသူကို အသိစိတ်မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ပါတီက ဘုရားသခင်ကို မုန်းပြီး လူတွေကို ဖျက်ဆီးတတ်တဲ့ နတ်ဆိုးတစ်သိုက်ပဲဖြစ်တယ်ဆိုတာကို တကယ် မြင်ခဲ့ရတာက ဒီဖိနှိပ်မှုနဲ့ အခက်အခဲကတစ်ဆင့် ဖြစ်ပါတယ်။ ကျွန်မ အဲဒါကို လုံးဝ စက်ဆုပ်ပြီး တကယ် စွန့်ပယ်လာတယ်။ တစ်ချိန်ထဲမှာပဲ၊ ဘုရားရဲ့ မေတ္တာကို ကျွန်မ မြင်လာတယ်။ ကျွန်မ စာတန်ရဲ့ အနိုင်ကျင့်ပြီး ညှဉ်းဆဲတာခံခဲ့ရချိန်မှာ၊ အဲဒီကတစ်ဆင့် ကျွန်မကို တစ်ဆင့်ပြီးတစ်ဆင့် လမ်းပြရင်းနဲ့ ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေပဲ ဖြစ်ပါတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ တန်ခိုးနဲ့ ဩဇာအာဏာကိုလည်း ကျွန်မ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ရသလို သူ့အထဲက ကျွန်မရဲ့ ယုံကြည်ခြင်း ကြီးထွားခဲ့တယ်။ ဒါတွေအားလုံးကို ရရှိတာက ဘုရားရဲ့ မေတ္တာနဲ့ သူ့ရဲ့ ကောင်းချီးပဲ ဖြစ်ပါတယ်။ ဘုရားရဲ့ ကျေးဇူးတော်ပဲ။
အောက်ခြေမှတ်စု(များ)-
၁။ “အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း” သည် နတ်ဆိုးက လူတို့အား ဘေးပြုရန် သုံးသော နည်းစနစ်များကို ရည်ညွှန်းသည်။
၂။ “အလွန်အကျွံ စောင့်ကြပ်ခြင်း ခံရ၏” ဆိုသည်မှာ မာရ်နတ်က လူတို့အား နှိပ်စက်ဖိစီးရာတွင် သုံးသော နည်းစနစ်များသည် အထူးသဖြင့် ရက်စက်ပြီး၊ လူတို့ကို အလွန်တရာ ထိန်းချုပ်သည်မှာ ၎င်းတို့သည် လှုပ်ရှားရန် နေရာမရှိသည်ကို ညွှန်ပြသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။