အခက်အခဲမှတစ်ဆင့် ဘုရားနှုတ်ကပတ်တော်များက လမ်းပြသည်

23.01.2022

ရှောင်ဟော် တရုတ်နိုင်ငံ

ကျွန်မမှတ်မိတာက ၂၀၀၃ ခုနှစ် ညတစ်ညမှာပေါ့။ အသင်းတော် ညီအစ်မနှစ်ယောက်နဲ့ ကျွန်မက အစည်းအဝေးတစ်ခု လုပ်နေကြပြီး ရုတ်တရက် တံခါးအပြင်မှာ ခွေးဟောင်နေတာ ကြားလိုက်ရတယ်။ အဲဒီနောက် တံခါးကို တစ်ခုခုနဲ့ ဆောင့်လိုက်တဲ့အသံ နဲ့ လူတချို့ အော်နေတာကိုလည်း ကြားရတယ်။ “တံခါးဖွင့်စမ်း။ မင်းတို့ကို ဝိုင်းထားတယ်” တဲ့။ တံခါးက ပေါက်ကွဲသံတစ်ခုနဲ့ ပွင့်သွားပြီး၊ ရဲအရာရှိ တစ်ဒါဇင်လောက် ဖောက်ထွင်းဝင်လာပြီး ကျွန်မတို့ကို အခန်းထောင့်ဆီအတင်းပို့လိုက်ကြတယ်။ အဲဒီနောက် အိမ်ကို ဓားပြတွေလို မွေနှောက်ရှာဖွေခဲ့ပြီး၊ အခန်းကို ဖရိုဖရဲ ရှုပ်ထွေးသွားစေခဲ့တယ်။ ဒီအချိန်မှာပဲ၊ တံခါးအပြင်ဘက်မှာ သေနတ်သံနှစ်ချက် ရုတ်တရက် ကြားလိုက်ရတယ်။ ရဲတွေက အော်တယ်၊ “သူတို့ကို မိပြီ၊ သုံးယောက်ဟေ့”တဲ့။ ကျွန်မ ကြောက်လွန်းလို့ ထိန်းလို့မရအောင် တုန်နေခဲ့တယ်။ ကျွန်မ လက်တွေနဲ့ကျွန်မပခုံးကို ဖက်ထားလိုက်ပြီး ဘောလုံးလို ခွေနေလိုက်တယ်။ နောက်တော့၊ ရဲတွေက ကျွန်မတို့ကို လက်ထိပ်ခတ်လိုက်ကြတယ်။ နာရီဝက်လောက်ကြာတော့၊ သူတို့က ကျွန်မတို့ကို ခြံဝန်းထဲ ခေါ်သွားတယ်။ အဲဒီမှာ ခြိမ်းခြောက်နေတဲ့ပုံနဲ့ ရဲအရာရှိ အနည်းဆုံး အယောက် ၂၀ ကို ကျွန်မ တွေ့လိုက်ရတယ်။ လျှပ်စစ်တုတ်ကို ကိုင်နေတဲ့ ရဲတစ်ယောက်က၊ “မင်းတို့အားလုံး နားထောင်။ ဘယ်သူမှ အသံထွက်ခွင့်ပေးမထားဘူးနော်။ မင်းတို့ထဲက ဆူညံအောင်လုပ်တဲ့သူ ဘယ်သူကိုမဆို ငါ ဒါသုံးမှာ၊ မင်းတို့ သေသွားရင် ဒါက ဥပဒေနဲ့မညီတာ မဟုတ်ဘူး။” လို့အော်တယ်။ အဲဒီနောက်၊ ရဲကားတစ်စီးထဲ ကျွန်မတို့ကို တွန်းထည့်လိုက်ကြတယ်။ ကားထဲရောက်ပြီးတဲ့နောက်၊ ရဲနှစ်ယောက်က သူတို့ကြားမှာ ကျွန်မကို ဖျစ်ညှစ်ထားလိုက်တယ်။ သူတို့ထဲက တစ်ယောက်က ကျွန်မခြေထောက်တွေကို သူ့ခြေထောက်တွေကြားမှာ ညှပ်ထားပြီး၊ သူ့လက်တွေက ကျွန်မ ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖက်ထားတယ်။ တစ်ချိန်တည်းမှာပဲ ပြောလိုက်တယ်၊ “ဒီနေ့ မင်းကို ငါ အခွင့်ကောင်းမယူရင် ငါ လူနုံလူအဖြစ်မှာပဲ” တဲ့။ သူက ကျွန်မကို ခိုင်ခိုင်မာမာ ကိုင်ထားတော့ ကျွန်မ လွတ်ဖို့ ရုန်းနေရတာ နောက်ထပ် အရာရှိက၊ “ခေါက်လိုက်စမ်းပါ။ ငါတို့ လွှဲပေးလိုက်လို့ရအောင် မြန်မြန်သာလုပ်ပြီး တာဝန်ကို ပြီးလိုက်ရအောင်ပါ” လို့ ပြောတဲ့အထိပါပဲ။ အဲဒီအခါမှ နောက်ဆုံးမှာ သူက ကျွန်မကို လွတ်ပေးလိုက်တယ်။ ဂုဏ်သိက္ခာရှိရမယ့် ရဲတစ်ယောက်တောင် ဒီလို လူယုတ်မာတစ်ယောက်ဖြစ်လိမ့်မယ်လို့ ကျွန်မ မထင်ခဲ့ဘူး။ ကျွန်မကို အရမ်း ဒေါသထွက်စေခဲ့တယ်။

အဲဒီနောက် ရဲတွေက ကျွန်မတို့ကို ရဲစခန်းဆီခေါ်သွားပြီး အခန်းငယ်လေးထဲမှာ ပိတ်ထားလိုက်ကြတယ်၊ ပြီးတော့ ကျွန်မတို့သုံးယောက်ကို သံကုလားထိုင်တွေနဲ့ လက်ထိပ်ခတ်လိုက်တယ်။ ရဲအရာရှိတစ်ယောက်က အသင်းတော်ခေါင်းဆောင် ဘယ်သူဖြစ်ပြီး ကျွန်မတို့ ဘယ်မှာနေတယ်ဆိုတာကို အတင်းမေးတယ်။ အရင်က ကျွန်မကို ဖမ်းဖို့ ရဲတွေ အကြိမ်ကြိမ် ကြိုးစားခဲ့ကြပုံကို တွေးမိပြီး၊ ကျွန်မနာမည်နဲ့ လိပ်စာကို သူတို့သိရင် ကျွန်မကို ဘယ်တော့မှ ထွက်သွားခွင့်ပေးမှာမဟုတ်မှန်း ကျွန်မ သိလိုက်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က အစ်မကျောက် အဖမ်းခံရပြီး ရဲတွေ ညှဉ်းဆဲတာ ခံခဲ့ရပုံကိုလည်း ကျွန်မ သတိရသွားတော့၊ ကျွန်မ အရမ်းစိတ်လှုပ်ရှားသွားတယ်။ ကျွန်မကိုလည်း သူတို့ ညှဉ်းဆဲကြမလားလို့ တွေးမိတယ်။ ကျွန်မ မခံနိုင်ရင် ဘာများဖြစ်သွားမလဲပေါ့။ ဘုရားရဲ့ လမ်းပြမှုကို တောင်းလျှောကဖို့ ဘုရားဆီ တိတ်တဆိတ် ကျွန်မ ဆုတောင်းလိုက်တယ်။ ကျွန်မ ဘုရားနှုတ်ကပတ်တော် စာကြောင်းနည်းနည်း သတိရသွားတယ်။ “အရာခပ်သိမ်းတွင် ဘုရားမိသားစု၏ အကျိုးစီးပွားများကို ပထမဦးစွာ စဉ်းစားဆင်ခြင်ခြင်း၊ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံခြင်းနှင့် ဘုရားသခင်၏ စီမံမှုများအား နာခံခြင်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း”) ဟုတ်တယ်။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကျွန်မ ဦးစားပေးရမယ်။ ဘာညှဉ်းဆဲမှုကို ကျွန်မ ကြံ့ကြံ့ခံရပါစေ၊ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေကို ကျွန်မ သစ္စာမဖောက်နိုင်ဘူး၊ ပြီးတော့ ယုဒ ဖြစ်လာလို့မရဘူး။ ဘုရားအတွက် ခိုင်ခိုင်မာမာ ရပ်တည်ပြီး သက်သေခံရမယ်။ အဲဒီနောက်၊ သူတို့ ဘာကိုပဲမေးမေး၊ ကျွန်မ ဖြေဖို့ငြင်းခဲ့တယ်။ နောက်နေ့မနက်မှာ၊ အမျိုးသား လုံခြုံရေး တပ်မဟာရဲ့ လက်ထောက်အကြီးအကဲက ဟန်ဆောင်တဲ့အပြုံးနဲ့ပြောတယ်၊ “ငါတို့ အရမ်းကျယ်တဲ့ ပိုက်ကွန်ကို ပစ်ခဲ့ပေမယ့်၊ မင်းတို့ကို နောက်ဆုံးမှာ ငါတို့ မိသွားပြီ။ မင်းတို့ကို မမိခဲ့တဲ့ နေ့တွေတိုင်းက ငါတို့ စိတ်မအေးနိုင်တဲ့နေ့ပဲ”တဲ့။ အဲဒီနောက် သူက ကျွန်မရဲ့ လက်ထိပ်တွေကို ဖွင့်လိုက်ပြီး၊ ကျွန်မရဲ့ ကော်လာကို ဆောင့်ဆွဲလိုက်တယ်၊ ပြီးတော့ သူက အခွင့်အရေးယူလိုက်ပြီး ကျွန်မရင်သားတွေကို နှစ်ခါ တို့ကနန်းဆိတ်ကနန်းလုပ်တယ်။ ကျွန်မ အရမ်းဒေါသထွက်မိတယ်။ လူမြင်ကွင်းမှာပဲ၊ ဒီရဲတွေက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု လုပ်နေကြတာပဲ။ သူတို့က လူရမ်းကားတစ်သိုက်ကလွဲလို့ ဘာမှမဟုတ်ဘူး။

အဲဒီနောက် သူတို့က ကျွန်မကို ထိန်းသိမ်းရေးစခန်းကို ခေါ်သွားပြီး ကျွန်မ သဘောမတူပဲနဲ့ ကျွန်မကို ဗီဒီယို ရိုက်ခဲ့တယ်။ ပြီးတော့ ကျွန်မရဲ့ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးဖို့ အဲဒါကို တီဗီပေါ်မှာ ပြမယ်လို့ ပြောတယ်။ ကျွန်မ တွေးမိတယ်၊ “ငါက ဘုရားကို ယုံကြည်တာ၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ဖို့ အစည်းအဝေးတွေကို သွားပြီး ဘုရားအတွက် သက်သေခံဖို့ ဧဝံဂေလိဖြန့်တာလေ။ ဥပဒေချိုးဖောက်တာ၊ ပြစ်မှုကျူးလွန်တဲ့အရာ တစ်ခုမှ လုပ်ခဲ့တာ မဟုတ်ဘူး။ သူတို့ ဒီလိုငါ့ကို နှိပ်စက်ပြီး အရှက်ခွဲချင်တဲ့ အချက်က တကယ့်ကို စက်ဆုပ်စရာပဲ”လို့ပေါ့။ ကျွန်မ သူတို့ကို တည်တည်ငြိမ်ငြိမ်နဲ့ “ရှင်တို့ လုပ်ချင်တာ လုပ်ကြ”လို့ ပြောလိုက်တယ်။ သူတို့ နည်းစနစ်က အလုပ်မဖြစ်တာ မြင်တော့၊ ကျွန်မကို လက်ထိပ်ခတ်လိုက်ကြပြီး၊ ၅ ကီလိုလေးတဲ့ သံခြေချင်းတွေ တပ်လိုက်ကြတယ်၊ ပြီးတော့ ကျွန်မရဲ့ စစ်ကြောရေးကို သွားဖို့ ကျွန်မကို ကားထဲ သိပ်ထည့်လိုက်ကြတယ်။ သံခြေချင်းတွေက အရမ်းလေးလွန်းလို့၊ ကျွန်မရဲ့ ခြေဖနှောင့်တွေနဲ့ပဲ မြေပေါ် လမ်းလျှောက်နိုင်ခဲ့တယ်။ ခြေလှမ်းတိုင်းက ခက်ခဲသလို၊ နည်းနည်းခြေလှမ်းလှမ်းပြီးတဲ့နောက်မှာပဲ ကျွန်မရဲ့ ခြေထောက်အရေပြားက ပွန်းကုန်တယ်။ ကျွန်မ ကားထဲရောက်တော့၊ ကျွန်မ မမြင်နိုင်အောင်လို့ ခေါင်းစွပ်အနက်ကို စွပ်ခိုင်းတယ်၊ ပြီးတော့ အရာရှိနှစ်ယောက်ကြားမှာ ကျွန်မ ထိုင်ရတယ်။ ကျွန်မ နည်းနည်း ကြောက်မိပြီး၊ “ဒီရဲတွေက လူ့သဘာဝ လုံးဝ မရှိကြဘူး။ ငါ့ကို ညှဉ်းဆဲဖို့ ဘယ်လိုဆိုးရွားတဲ့ နည်းစနစ်တွေ သူတို့ သုံးဖို့ရည်ရွယ်လဲ ငါ မသိဘူး။ ငါ ခံနိုင်ပါ့မလား”လို့ တွေးမိတယ်။ ဘုရားဆီကို ကျွန်မ အမြန် ဆုတောင်းလိုက်တယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်။ ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်ခြင်း ပေးတော်မူပါ။ ဘယ်လိုရက်စက်တဲ့ ညှဉ်းဆဲမှုမျိုးကို ကျွန်မ ခံစားရပါစေ၊ ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့ သက်သေရပ်တည်ဖို့ ဆန္ဒရှိပါတယ်။ ကျွန်မ သေရင်တောင်၊ ကိုယ်တော့်ကို သစ္စာဖောက်မှာ မဟုတ်ဘူး”လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်၊ ဘုရားနှုတ်ကပတ်တော် တချို့ကို တွေးမိတယ်၊ “ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်- အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။ အကယ်၍ လူသားသည် တွန့်ဆုတ်ကာ ကြောက်ရွံ့သော အတွေးများ သိုထားပါက၊ ယင်းမှာ ဘုရားသခင်ထဲသို့ ဝင်ရောက်ဖို့ ယုံကြည်ခြင်း တံတားအား ငါတို့ ဖြတ်ကူးမည်စိုးလျက်၊ စာတန်သည် ၎င်းတို့ကို လှည့်စားပြီး ဖြစ်သောကြောင့် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆပြီးတဲ့နောက် ကျွန်မ နားလည်သွားတယ်။ ကျွန်မမှာ စာတန်ရဲ့ လှည့်ကွက်တွေ ခံနေခဲ့ရတဲ့ တွန့်ဆုတ်တတ်ပြီး ကြောက်တဲ့အတွေးတွေ ရှိခဲ့သလို၊ ဘုရားသခငအပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်း မရှိတာကို တွေ့ရတယ်။ ကျွန်မ ရှင်မယ်၊ သေမယ်ဆိုတာကို ဘုရားရဲ့ အချုပ်အခြာအာဏာက သတ်မှတ်တာဖြစ်ပြီး၊ ကျွန်မအနေနဲ့ သူ့အတွက် ခိုင်ခိုင်မာမာ ရပ်တည်ပြီး သက်သေခံဖို့ ကျွန်မ ဘဝကို စွန့်စားပြီး ဘုရားအပေါ် မှီခိုရမယ်။

အဲဒီနောက်၊ သူတို့က ကျွန်မကို တကယ်ဝေးတဲ့ နေရာတစ်ခုဆီ ခေါ်သွားတယ်။ အခန်းထဲ ဝင်လိုက်တာနဲ့၊ ကျွန်မရဲ့ ခေါင်းစွပ်ကို ချွတ်လိုက်ကြပြီး တစ်နေ့လုံး ကျွန်မကို မတ်တတ်ရပ်ခိုင်းကြတယ်။ အဲဒီညနေမှာ၊ အသင်းတော်အကြောင်း သတင်းအချက်အလက်အတွက် ရဲတွေက ကျွန်မကို ဆက်ဖိအားပေးကြတယ်။ ကျွန်မ ဘာတစ်ခုမှ မပြောတာ မြင်တော့၊ ကျွန်မ ခေါင်းပေါ် လက်တွေကိုထားပြီး မလှုပ်မယှက် ရပ်ခိုင်းကြတယ်။ သိပ်မကြာခင်မှာပဲ ကျွန်မလက်တွေ စကိုက်ခဲလာပြီး ကျွန်မ နောက်ထပ် သိပ်ကြာကြာခံနိုင်ပါ့မလား မသေချာခဲ့ဘူး၊ ဒါပေမယ့် သူတို့က ကျွန်မကို ချွေးတလုံးလုံးနဲ့ တုန်ခါနေပြီး ကျွန်မလက်တွေကို လုံးဝ ထောက်မထားနိုင်တော့တဲ့အထိ လက်တွေကို အောက်ချခွင့်မပေးခဲ့ကြဘူး။ နေထွက်တဲ့အထိ ကျွန်မကို အတင်းရပ်ခိုင်းခဲ့ကြတယ်။ ကျွန်မ ခြေထောက်တွေ ထုံကျင်ပြီး ရောင်ရမ်းလာတဲ့အထိ ကျွန်မ ရပ်ခဲ့ရတယ်။

နောက်နေ့မနက်မှာ၊ သူတို့က ကျွန်မကို ဆက်စစ်မေးကြတယ်။ သူတို့က ၁၀ စင်တီမီတာ ထူပြီး ၇၀ စင်တီမီတာ ရှည်တဲ့ သစ်သားတုတ်တစ်ချောင်းနဲ့ ကျွန်မ ဆောင့်ကြောင့်ထိုင် လဲကျသွားတဲ့အထိ ကျွန်မရဲ့ ဒူးအနောက်ဘက်ကို ထပ်တလဲလဲရိုက်ခဲ့ပြီး ကျွန်မ လဲကျတာနဲ့၊ သူတို့က ကျွန်မ ခြေထောက်တွေကို ကွေးပြီး ကြိမ်လုံးကို အတင်းထိုးထည့်ကြတယ်၊ အဲဒီနောက် ကြိမ်လုံးနောက်ဖက်ကို ကျွန်မလက်တွေကို ဆောင့်ဆွဲလိုက်ပြီး ကျွန်မ ခြေထောက်တွေရှေ့မှာ လက်ထိပ်ခတ်လိုက်ကြတယ်။ ကျွန်မ အသက်ရှူကျပ်လာတယ်၊ အသက်ရှူရခက်ခဲနေပြီး၊ ကျွန်မ ပခုံးက အရွတ်တွေက ဂျွတ်ခနဲ့ ပြတ်သွားတော့မလို ခံစားရတယ်၊ ကျွန်မ ခြေသလုံးတွေ အရမ်းတင်းတာ ကျိူးသွားတော့မလို ခံစားရပြီး၊ ကျွန်မ အရမ်းနာကျင်လွန်းလို့ တုန်နေတာ မရပ်နိုင်ခဲ့ဘူး။ သုံးမိနစ်လောက် ကြာပြီးတဲ့နောက်၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မထောက်နိုင်တော့သလို ဘေးတစ်ဖက်နဲ့တစ်ဖက် စပြီးယိမ်းနေတာ မြေကြီးပေါ်ကို ကျွန်မ ပက်လက်လန် လဲကျသွားတဲ့အထိပါပဲ။ အရာရှိတစ်ယောက် ရောက်လာပြီး၊ လက်တစ်ဖက်နဲ့ သစ်သားတုတ်ကို ဖိလိုက်ပြီး တခြားတစ်ဖက်နဲ့ ကျွန်မ ပခုံးတွေကို ဆောင့်ဆွဲလိုက်တယ်၊ အဲဒီအချိန်မှာပဲ တခြားတစ်ယောက်က နောက်ကနေလာပြီး ကျွန်မခေါင်းကို မလိုက်တယ်၊ ပြီးတော့ ကျွန်မရဲ့ ကျောအောက်ပိုင်းကို တွန်းတင်ဖို့ သူ့ခြေထောက်ကို သုံးလိုက်သလို၊ ကျွန်မကို အတင်းပြန်ပြီး ဆောင်ကြောင့်ထိုင်ခိုင်းတယ်။ ဒါပေမယ့် ဒီအချိန်မှာ၊ ကျွန်မရဲ့ တစ်ကိုယ်လုံးအနှံ့ နာကျင်မှုက မခံမရပ်နိုင်အောင်ဖြစ်ပြီး မကြာခင် ကျွန်မ ပြန်လဲကျသွားတယ်။ အဲဒီနောက်တော့ သူတို့က ကျွန်မခြေထောက်တွေပေါ် ပြန်ရပ်ခိုင်းကြတယ်။ ဒီထပ်တလဲလဲ ညှဉ်းဆဲမှုက တစ်နာရီကြာလောက် ဆက်ဖြစ်တယ်။ သူတို့ ဟောဟဲလိုက်နေပြီး ချွေးတွေအရမ်းထွက်တော့မှ ရပ်လိုက်ကြတယ်။ ကျွန်မရဲ့ လက်ကောက်ဝတ် အရေပြားတွေက လက်ထိပ်တွေကြောင့် ပွန်းပြီး အသားနီလန်သွားသလို ကျွန်မရဲ့ ခြေထောက်တွေက ခြေချင်းတွေကြောင့် ပွန်းရှပြီး သွေးတွေပေကျံနေတယ်။ ကျွန်မ အရမ်းနာကျင်လွန်းလို့ တစ်ကိုယ်လုံးအနှံ့ ချွေးတွေ ထွက်နေခဲ့ပြီး၊ ဆားဓာတ်ပါတဲ့ ချွေးတွေက ကျွန်မရဲ့ ဒဏ်ရာတွေဆီရောက်တော့ ဓားနဲ့ အလှီးခံနေရသလို ခံစားခဲ့ရတယ်။ ကျွန်မရဲ့ ကျောက အာရုံကြောတွေ ကွဲထွက်သွားသလို ခံစားရပြီး တောက်ခနဲ့ ကျိုးသွားတဲ့အထိ ကျွန်မ ဆွဲဆန့်ခံထားရ သလိုမျိုး ကျွန်မ ပခုံးတွေ အဆစ်လွဲသွားသလို ခံစားရတယ်။ အဲဒီတုန်းက ကျွန်မ အရမ်းမောနေခဲ့ပြီး၊ နောက်တစ်မိနစ်၊ ဒါမှမဟုတ် နောက်ထပ် တစ်စက္ကန့်တောင် ကျွန်မ ရှင်ကျန်ပါ့မလား မသိခဲ့ဘူး။ သေခြင်းတရားရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရတာက အရမ်းကို စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ ပြီးတော့ ကျွန်မ စိတ်နှလုံးထဲမှာ၊ ဘုရားကို အော်မခေါ်ဘဲ မနေနိုင်ခဲ့ဘူး၊ “ဘုရားသခင်၊ ကျွန်မကို မစပါ၊ မစပါ”လို့ပေါ့။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရသွားတယ်၊ “လူတို့သည် ၎င်းတို့၏ဘဝများကို စွန့်လွှတ်ရန် အဆင်သင့်ဖြစ်သည့်အခါ၊ အရာရာတိုင်းသည် အသေးအဖွဲ ဖြစ်လာကြပြီး၊ မည်သူမျှ ၎င်းတို့ကို ခက်ခဲအောင် ပြုလုပ်နိုင်ခြင်းမရှိတော့ချေ။ အသက်ထက် မည်သည့်အရာသည် သာ၍အရေးကြီးနိုင်မည်နည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၃၆” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မစိတ်နှလုံးကို အားတက်စေခဲ့တယ်။ ဘုရားအပေါ် ကျွန်မကို သစ္စာဖောက်စေဖို့ဆိုတဲ့ အကြောင်းပြချက်အနေနဲ့ ရဲတွေက ကျွန်မရဲ့ ခန္ဓာကို ဖျက်ဆီးချင်ခဲ့ကြတယ်။ ဒါက စာတန်ရဲ့ လှည့်ကွက်တွေထဲက တစ်ခုဖြစ်ပြီး ကျွန်မ အလှည့်စားခံလို့ မဖြစ်ဘူး။ ကျွန်မ ဘယ်လို ညှဉ်းဆဲခံရပါစေ၊ ကျွန်မ အသက်ကို ဆုံးရှုံးရရင်တောင်၊ ဘုရားကို စိတ်ကျေနပ်စေရမယ်၊ သူ့အတွက် ခိုင်ခိုင်မာမာ ရပ်တည်ပြီး သက်သေခံရမှာဖြစ်သလို စာတန်ကို အရှက်ခွဲရမယ်။ ဒါကို ကျွန်မ တွေးမိတော့၊ သိပ်မနာတော့ဘူး။ ပြီးတော့ ညှဉ်းဆဲမှုနဲ့ ဝေဒနာကိုလည်း ကျွန်မ သိပ်မခံစားရတော့ဘူး။ အဲဒီနောက်၊ အရာရှိတစ်ယောက်က ကျွန်မကို မတ်တတ်ရပ်ခိုင်းပြီး၊ “မင်း ဝန်မခံရင်၊ မင်းကို ငါတို့ ဆက်ရပ်ခိုင်းထားမှာ။ မင်းရဲ့ ခေါင်းမာတာ ဘယ်လောက်ကြာကြာ ခံမလဲ ကြည့်ရတာပေါ့” လို့ ပြောတယ်။ အဲဒါနဲ့ မှောင်တဲ့အထိ ကျွန်မကို ရပ်ခိုင်းထားကြတယ်။ အဲဒီညနေမှာ၊ ရေအိမ်ကို ကျွန်မ သွားတော့၊ ခြေချင်းတွေကြောင့် ကျွန်မ ခြေထောက်တွေ ရောင်နေခဲ့သလို၊ ကျွန်မရဲ့ဒဏ်ရာတွေက ပြည်တည်ပြီး သွေးထွက်နေတယ်။ ကျွန်မခြေထောက်တွေကို နည်းနည်းစီပဲ လှုပ်ရှားနိုင်ခဲ့ပြီး၊ နည်းနည်းလေးလှုပ်တာတောင် နာတယ်။ မီတာ ၃၀ လျှောက်ပြီး ပြန်လာဖို့တောင် ကျွန်မ တစ်နာရီးနီးပါး ကြာတယ်။ ပြီးတော့ ကျွန်မနောက်မှာ သိသာထင်ရှားတဲ့ သွေးစွပ်ကြောင်းတစ်ခု ကျန်ခဲ့တယ်။ အဲဒီညမှာ၊ ရောင်နေတဲ့ ကျွန်မရဲ့ ခြေထောက်တွေကို ကျွန်မလက်တွေနဲ့ အဆက်မပြတ် ပွတ်နေမိခဲ့တယ်။ ကျွန်မခြေထောက်တွေကို ဆန့်ထုတ်တာ ဆွဲသွင်းတာ လုပ်လို့မရဘူး၊ အရမ်းကို အနေခက်ခဲ့တယ်။ ဒါပေမယ့် ကျွန်မကို နှစ်သိမ့်ခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုနဲ့ ဘုရားကို ကျွန်မ သစ္စာမဖောက်ခဲ့တာပဲ။

တတိယနေ့ မနက်မှာ၊ ရဲမေတစ်ယောက် ဝင်လာတယ်၊ ကျွန်မရှေ့မှော ဆောင့်ကြောင့်ထိုင်ပြီး၊ နှစ်သိမ့်တဲ့လေသံနဲ့ ပြောတယ်၊ “နင်ဗိုက်ဆာလား။ ငါ့ကို နင်တစ်ခုခုစားဖို့ ယူပေးစေချင်လား” တဲ့။ ကျွန်မက၊ “ရှင်က ကြက်မအိမ်ကို လက်ဆောင် တစ်ခုယူလာတဲ့ သားစားသတ္တဝါတစ်ကောင် သက်သက်ပဲ— ရှင်က စေတနာမပါပါဘူး။ ရှင်တို့က ကျွန်မကို ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေအပေါ် သစ္စာဖောက်ခိုင်းဖို့ အနုနဲ့ အကြမ်းနည်းလမ်းတွေ စမ်းကြည့်နေကြတာပဲ။ ဒါပေမယ့် ရှင်တို့ကို ကျွန်မလှည့်စားခွင့်ပေးမှာ မဟုတ်ဘူး”လို့ တွေးမိတယ်။ သူ့ကို ကျွန်မ လျစ်လျူရှုလိုက်တယ်၊ ဒီတော့ သူက ကျွန်မကို တိုက်ရိုက်မေးတယ်၊ “နင် သူတို့ကို မပြောချင်တဲ့အရာတစ်ခုခု ရှိရင်၊ ငါ့ကို ပြောလို့ရတယ်။ အဲဒါကို ပြောလိုက်ပြီး ဒီကနေ မြန်မြန် ထွက်သွားလိုက်ပါလား။ နင်က အသင်းတော် ခေါင်းဆောင်လား။ နင့်ရဲ့ တာဝန်အခန်းကဏ္ဍက ဘာလဲ။ ဘယ်သူနဲ့နင် ဆက်သွယ်တာလဲ။ သူတို့ နာမည်တွေက ဘာတွေလဲ” လို့ပေါ့။ ကျွန်မ မဖြေတော့၊ သူက ကျွန်မကို စိတ်တိုတိုနဲ့ ကန်လိုက်ပြီးတဲ့နောက် ထွက်သွားတယ်။ ခဏကြာတော့၊ ရဲအရာရှိခေါင်းဆောင်က ဒေါသတကြီးနဲ့၊ “သူ ပြောမှာမဟုတ်ရင်၊ အရင်အတိုင်းပဲ ဆက်ဆံလိုက်”လို့ ပြောတယ်။ သူတို့ ကျွန်မကို ထပ်ညှဉ်းဆဲဖို့ အရင်နည်းစနစ်ကိုပဲ သုံးကြတယ်။ ကျွန်မ လဲကျတဲ့အခါတိုင်း၊ ရဲအရာရှိခေါင်းဆောင်က ရယ်ရင်းနဲ့၊ “အဲဒီအနေအထား ကြည့်ကောင်းတယ်။ သူ့ကို အဲဒီအနေအထားမှာ ငါ ကြိုက်တယ်။ ပြန်လုပ်လိုက်ကြစမ်း” လို့ပြောတယ်။ ကျွန်မ ပြန်ထလာတယ်၊ ပြီးတော့ ပြန်လဲကျသွားတယ်။ ကျွန်မ လဲကျတဲ့အခါတိုင်း၊ သူတို့ အော်ဟစ်ရယ်မောကြတယ်။ သူတို့ရဲ့ လှောင်ပြောင်၊ ရယ်မောသံက ကျွန်မကို နာကြည်းချက်နဲ့ လောင်မြိုက်စေခဲ့တယ်။ စာတန်က ကျွန်မကို ညှဉ်းဆဲလေလေ၊ သူ့ရဲ့ အကျည်းတန်တဲ့ မျက်နှာကို ကျွန်မ ရှင်းရှင်းလင်းလင်း ပိုမြင်နိုင်လေ၊ သူ့ကို ပိုမုန်းနိုင်ပြီး စွန့်ပစ်နိုင်လေပဲ။ ကျွန်မရဲ့ ပါးစပ်ကနေ အသင်းတော်အကြောင်း သတင်းအချက်အလက်တစ်ခုမှ သူတို့ လုံးဝ ရမှာမဟုတ်ဘူး။ ကျွန်မ တစ်ကိုယ်လုံးအနှံ့ ရောင်ရမ်းပြီး ကျွန်မခြေထောက်တွေ အားနည်းတာကြောင့်၊ တစ်ခါတလေ ကျွန်မ ဟန်ချက်ပျက်သွားတယ်၊ ကိုယ့်ကိုယ်ကိုယ် မထောက်နိုင်ခဲ့သလို၊ ချက်ချင်း လဲကျသွားတယ်၊ ကျွန်မရဲ့ ခေါင်းနဲ့ ပခုံးတွေကို ကြမ်းပြင်နဲ့ ပြင်းပြင်းထန်ထန် ပစ်ဆောင့်ခံရပြီး၊ အဲဒီနောက် ရဲအရာရှိနှစ်ယောက်က ကျွန်မကို ခေါင်းကနေ ထူမနေတုန်း၊ တစ်ခြားတစ်ယောက်က သစ်သားတုတ်ရဲ့ အစွန်းတစ်ဖက်အပေါ် ခပ်ပြင်းပြင်း နင်းလိုက်တယ်။ ကျွန်မရဲ့ ကြွက်သားတွေအားလုံး တစ်ပြိုင်နက် ဆောင့်ဆွဲခံလိုက်ရသလို ခံစားသွားရတယ်။ ကျွန်မရဲ့ ခြေလက်လေးချောင်းက ကျွန်မ ခန္ဓာကိုယ်ကနေ ဆွဲထုတ်ခံရတော့မလို ဖြစ်ပြီး၊ အော်ဟစ်ဖို့ ခွန်အားတောင်မရှိအောင် ကျွန်မခေါင်းက နာကျင်မှုနဲ့ ပေါက်ကွဲထွက်တော့မလို ဖြစ်နေတုန်း၊ ကျွန်မ နဖူးကနေ ချွေးသီးချွေးပေါက်ကြီးတွေ တစ်စက်စက်ကျလာတယ်။ အဲဒါက တစ်နာရီလောက် သူတို့ ကျွန်မကို ညှဉ်းဆဲခဲ့တဲ့ပုံဖြစ်ပါတယ်။ ပြီးတော့ သူတို့မောပြီး ချွေးထွက်တဲ့အထိ မရပ်ခဲ့ကြဘူး။ ပက်လက်လှန်ရင်းနဲ့ ကျွန်မနောက်ကျောနဲ့ လဲကျသွားတယ်။ ကောင်းကင်က ချာချာလည်နေသလိုခံစားရပြီး ကျွန်မ တုန်နေတာ မရပ်နိုင်ခဲ့ဘူး။ ဆားဓာတ်ပါတဲ့ ချွေးတွေနဲ့ ဖုံးနေတော့ ကျွန်မ မျက်လုံးတွေကို ဖွင့်လို့မရဘူး။ ကျွန်မ ဗိုက်က အပြင်းအထန်လှုပ်ရှားလွန်းလို့ အော့အန်လိုက်ချင်ခဲ့ပြီး၊ ကျွန်မ သေတော့မလို ခံစားရတယ်။ ကျွန်မ စိတ်နှလုံးထဲမှာ မအော်ဟစ်ဘဲ မနေနိုင်ခဲ့ဘူး၊ “ဘုရားသခင်၊ ကျွန်မ သိပ်ကြာကြာ မခံနိုင်တော့ပါဘူး။ ကျွန်မ ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ကိုယ်တော့်လက်ထဲမှာပါ၊ ဒါပေမယ့် ယုဒတစ်ယောက်ဖြစ်လာပြီး စာတန်ရဲ့ အကြံ အောင်မြင်ခွင့်ပေးတာထက် ကျွန်မ သေလိုက်ချင်ပါတယ်။ ကိုယ်တော် ကျွန်မကို လမ်းပြဖို့ တောင်းခံပါတယ်”လို့ပေါ့။ အဲဒီအချိန်မှာ၊ သူ့နှုတ်ကပတ်တော်တွေကို အမှတ်ရစေခြင်းအားဖြင့် ကျွန်မကို ဘုရားက အသိဉာဏ်ပွင့်လင်းစေခဲ့တယ်၊ “သင်တို့သည် ‘အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်း ဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။’ ဟူသော စကားများကို မှတ်မိကောင်း မှတ်မိကြပေလိမ့်မည်။ ဤစကားများကို သင်တို့အားလုံး ယခင်က ကြားခဲ့ကြပြီးဖြစ်သော်လည်း သင်တို့ထဲမှ မည်သူမျှ ယင်းတို့၏စစ်မှန်သော အဓိပ္ပါယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့တွင် သင်တို့သည် ထိုစကားများ၏ စစ်မှန်သောအရေးပါမှုကို လေးလေးနက်နက် သတိပြုမိကြသည်။ ဤစကားများသည် နောက်ဆုံးသောကာလအတွင်း၌ ဘုရားသခင်အားဖြင့် ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ အဆင်းနီသောနဂါးကြီး ခွေလျောင်းရာပြည်တွင် ယင်းနဂါးကြီး၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့သူများ၌ ပြည့်စုံလိမ့်မည်ဖြစ်သည်။ အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်၌ ဘုရားသခင်ကို ယုံကြည်သူများသည် အရှက်ကွဲခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ဤသို့ ခံကြရပြီး၊ အကျိုးဆက်အနေဖြင့် ဤစကားများသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေတာက၊ ကွန်မြူနစ်ပါတီရဲ့ ဘီလူးသရဲစီးနေတဲ့ အုပ်စိုးမှုအောက်က နိုင်ငံထဲမှာ ဘုရားကို ယုံကြည်တာနဲ့ ဘုရားနောက်လိုက်တာက အရှက်ကွဲခြင်းနဲ့ နှိပ်စက်မှု ကြီးကြီးမားမား ကျွန်မတို့ ကြုံရမှာ သေချာတဲ့သဘောပဲဖြစ်တယ်၊ ဒါပေမယ့် ဘုရားက အောင်မြင်သောသူတစ်စုကို ဖန်တီးပြီး ဒီလိုနဲ့ စာတန်ကို အနိုင်ယူဖို့ စာတန်ရဲ့ ဖိနှိပ်မှုကို အသုံးပြုတယ်ဆိုတာပါပဲ။ ကျွန်မအခု ကွန်မြူနစ်ပါတီရဲ့ နှိပ်စက်တာကို တွေ့ကြုံနေရတယ်။ စာတန်ရဲ့ရှေ့မှာ ဘုရားအတွက် သက်သေခံဖို့ အခွင့်အရေး ကျွန်မ အခု ရနေတာ။ အဲဒါက ကျက်သရေရှိတဲ့အရာဖြစ်ပြီး ကျွန်မရဲ့ ဂုဏ်လည်း ဖြစ်တယ်၊ ဒါကြောင့် ဘုရားအတွက် ကျွန်မ သက်သေရပ်တည်ပြီး စာတန်ကို အရှက်ခွဲရမယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုအောက်မှာ၊ ယုံကြည်ခြင်းနဲ့ ခွန်းအား ကျွန်မ ရှိခဲ့ပြီး၊ ကျွန်မ စိတ်နှလုံးထဲမှာ စာတန်ဆီ ကြေညာနိုင်ခဲ့တယ်၊ “အယုတ်တမာ နတ်ဆိုးကောင်၊ ငါ့မှာ စိတ်ပိုင်းဖြတ်ချက်ရှိတယ်။ မင်း ဘယ်လိုပဲ ငါ့ကို ညှဉ်းဆဲပါစေ၊ မင်းကို ငါ လုံးဝ ကျိုးနွံနာခံမှာ မဟုတ်ဘူး။ ဘုရားနဲ့အတူ ရပ်တည်ဖို့ ငါ့အသက်နဲ့ ငါ ကျိန်ဆိုတယ်”လို့ပေါ့။

အဲဒီနောက်၊ ကျွန်မ ဝန်ခံမှာမဟုတ်သေးတာကို ရဲတွေက မြင်တော့ သူတို့က နှိပ်စက်တဲ့ ကိရိယာတွေကို ဒေါသတကြီး ထုတ်ပြီး ကျွန်မကို အော်တယ်၊ “သွား၊ ထစမ်း။ မင်းခေါင်းမာတာ ဘယ်လောက်ကြာကြာခံမလဲ ကြည့်မယ်။ ဒါက အားလျော့အောင်လုပ်တဲ့ တိုက်ပွဲဖြစ်ပြီး မင်းနိုင်မယ်လို့ ငါ မယုံဘူးကွ”တဲ့။ ကျွန်မမှာ အရမ်းကို ခက်ခက်ခဲခဲနဲ့ မတ်တတ်ရပ်ဖို့ကလွဲလို့ ရွေးစရာမရှိခဲ့ဘူး။ ဒါပေမယ့် ကျွန်မရဲ့ ခြေထောက်တွေ ရောင်ကိုင်းပြီး နာကျင်နေတယ်၊ ကိုယ့်ဖာသာ မရပ်နိုင်လို့၊ နံရံကို မှီလိုက်ရတယ်။ အဲဒီနေ့လည်မှာ၊ ရဲအရာရှိတစ်ယောက်က ကျွန်မကို၊ “လူအများစုက အဲဒီလို ညှဉ်းပန်းမှု တစ်ခန်းပြီးတဲ့နောက် တောင့်မခံနိုင်ကြဘူး။ မင်းက တကယ်ကို မာတာပဲ။ မင်းခြေထောက်တွေ ဒီလောက်သနားစရာအခြေအနေမှာ ရှိတာတောင်၊ မင်း မပြောသေးဘူး။ ခံနိုင်ရည်ကို ဘယ်က မင်းရလဲဆိုတာ ငါ မသိတော့ဘူး”လို့ ပြောတယ်။ ဒီခွန်အားကို ဘုရားပေးခဲ့တာမှန်း ကျွန်မ ကောင်းကောင်း သိခဲ့ပြီး၊ ဘုရားကို တိတ်တဆိတ် ကျေးဇူးတင်မိခဲ့တယ်။ နောက်တော့၊ သူက ကျွန်မကို ထပ်ခြိမ်းခြောက်တယ်၊ “ငါ့ဘဝမှာ ငါက လူတွေအများကြီးကို တောင့်မခံနိုင်အောင် လုပ်ခဲ့ပြီးပြီ။ မင်းငါနဲ့ တိုက်ချင်တာ သေချာလား။ မင်း ဝန်မခံရင်တောင်မှ၊ ငါတို့ မင်းကို ထောင်ဒဏ် ၈နှစ်၊ ဒါမှမဟုတ် ၁၀ နှစ် ချလို့ရတယ်၊ ပြီးတော့ အဲဒီမှာ မင်းကို လူတွေရိုက်အောင်၊ စော်ကားအောင် ငါလုပ်မယ်၊ မင်းကို သတ်တောင် သတ်သွားနိုင်တယ်”တဲ့။ ကျွန်မ ကိုယ့်ဘာသာ စဉ်းစားမိတာက၊ “အရာရာ ဘုရားလက်ထဲမှာ ရှိပြီး၊ ငါ့အသက်နဲ့ သေခြင်းအပေါ် ဘုရားက ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်။ ငါ့ကို နင်တို့ ထောင်ဒဏ် ၈ နှစ်၊ ၁၀ နှစ် ချရင်တောင်၊ သေတဲ့အထိ ငါ့ကို ရိုက်ရင်တောင်၊ ဘုရားကို လုံးဝ သစ္စာဖောက်မှာ မဟုတ်ဘူး”လို့ပေါ့။ ကျွန်မ နှုတ်ဆိတ်နေတာ မြင်တော့၊ ဒေါသနဲ့ သူ့ပေါင်ကို သူ လက်နဲ့ရိုက်ပြီး၊ သူ့ခြေထောက်တွေကို ဆောင့်ရင်းနဲ့ ပြောတယ်၊ “မင်းကို ကိုင်တွယ်ဖြေရှင်းတာနဲ့ပဲ သုံးလေးရက်ငါ ဖြုန်းခဲ့ပြီးပြီ။ လူတိုင်း မင်းလိုသာဆိုရင်၊ ငါ့အလုပ်ကို ငါ လုပ်နိုင်တော့မှာ မဟုတ်ဘူး”တဲ့။ စာတန်က အစွမ်းမရှိသလို၊ ဘုရားကို စာတန်က လုံးဝ အနိုင်မယူနိုင်တာကို မြင်ရလို့ ကျွန်မ အရမ်းပျော်သွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ မစဉ်းစားဘဲ မနေနိုင်ခဲ့ဘူး၊ “ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏၊ သူ၏တန်ခိုးသည် ထူးကဲသာလွန်ကာ၊ သူ၏ အသက်အင်အားကို မည်သည့် အဖန်ဆင်းခံ သတ္တဝါ၊ သို့မဟုတ် မည်သည့် ရန်သူအင်အားကမျှ မလွှမ်းမိုးနိုင်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်”) အဲဒီနေ့မှာ၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဩဇာအာဏာနဲ့ တန်ခိုးကို ကိုယ်တိုင်ကိုယ်ကျ ကျွန်မ တွေ့ကြုံခဲ့ရတယ်။ ဒီသုံးရက်တာမှာ၊ ကျွန်မ မစား၊ မသောက်၊ မအိပ်ခဲ့ရသလို၊ အရမ်းကို ရက်ရက်စက်စက် ညှဉ်းဆဲခံရပေမယ့် ကျွန်မ ဆက်ထိန်းနိုင်တုန်းပဲ ဖြစ်ခဲ့တယ်။ ဒါက ကျွန်မကို ဘုရားပေးတဲ့ ခွန်အား သက်သက်ကြောင့်ပါပဲ။ အခု၊ စာတန်ရှေ့မှာ ဘုရားအတွက် သက်သေခံဖို့ ပိုပြီးတော့တောင် ယုံကြည်စိတ်ချမှု ရှိခဲ့တယ်။

လေးရက်မြောက်နေ့ မနက်မှာ၊ ရဲတွေက ကျွန်မကို လက်နှစ်ဖက်လုံး တည့်တည့်ဆန့်ထုတ်ထားပြီး မြင်းရပ်တဲ့ပုံဖမ်းခိုင်းတယ်။ ပြီးတော့ သစ်သားတုတ်ကို ကျွန်မလက်ဖမိုးတွေပေါ် ကန့်လန့်ထားလိုက်တယ်။ သိပ်မကြာခင်၊ ကျွန်မ မထောက်နိုင်တော့သလို၊ သစ်သားတုတ်က ကြမ်းပြင်ပေါ်ကျသွားတယ်။ သူတို့ အဲဒါကို ကောက်ပြီး ကျွန်မလက်နဲ့ ဒူးဆစ်တွေကို ရက်ရက်စက်စက် ရိုက်ကြတယ်။ ရိုက်ချက်တိုင်းက စူးရှတဲ့နာကျင်မှု ဖြစ်စေပြီး၊ အဲဒီနောက် ကျွန်မကို သူတို့က မြင်းရပ်တဲ့ပုံဖမ်းခိုင်းပြန်တယ်။ ဒါပေမယ့် ကျွန်မက ရက်နဲ့ချီ အဆက်မပြတ် ညှဉ်းဆဲခံရပြီးဖြစ်တာကြောင့်၊ ကျွန်မရဲ့ ခြေထောက်တွေက ရောင်ကိုင်းပြီး နာကျင်နေလို့၊ သိပ်မကြာခင်မှာ၊ ကျွန်မ ခြေထောက်တွေက မထောက်နိုင်တော့သလို၊ ကြမ်းပြင်ပေါ် ကျွန်မ ပြင်းပြင်းထန်ထန် လဲသွားတယ်။ သူတို့ ကျွန်မကို ပြန်ထူကြပေမယ့်၊ နောက်တော့ တမင်လွတ်လိုက်ကြပြီး၊ ကြမ်းပြင်ပေါ် ထိုင်လျက်အနေအထားနဲ့ ကျွန်မ ပြန်လဲကျသွားတယ်။ နောက်ထပ် အကြိမ်ကြိမ်လဲကျပြီးတဲ့နောက်၊ ကျွန်မ တင်ပါးတွေ အရမ်းကို ဆိုးဆိုးရွားရွား ပွန်းပဲ့သွားပြီး ထိလိုက်တာတောင် နေရာအနှံ့ ချွေးထွက်အောင်ကို နာတယ်။ ဒါက သူတို့ ကျွန်မကို နောက်တစ်နာရီကြာ ညှဉ်းဆဲခဲ့တဲ့ပုံ ဖြစ်တယ်။ အဲဒီနောက်၊ သူတို့က ကျွန်မကို ကြမ်းပြင်ပေါ်ထိုင်ဖို့ အမိန့်ပေးပြီး၊ ကျွန်မ သောက်ဖို့ ဆားရေ တစ်ဇလုံ ယူလာခဲ့တယ်။ ကျွန်မ သောက်ဖို့ငြင်းတော့၊ ရဲတွေထဲက တစ်ယောက်က ကျွန်မခေါင်းကို ဆွဲထားဖို့ သူ့လက်တစ်ဖက်ကိုသုံးပြီး၊ တခြားလက်နဲ့ ကျွန်မပါးစပ်ကို ဆွဲဖွင့်နေတုန်း နောက်တစ်ယောက်က ကျွန်မပါးနှစ်ဖက်လုံးကို ဖမ်းကိုင်ထားပြီး၊ ဆားရေကို လောင်းထည့်လိုက်တယ်။ ဆားရေက အရသာခါးပြီး ကျွန်မ လည်ချောင်းမှာ ပြင်းနေသလို၊ ကျွန်မ ဗိုက်က မီးလောင်နေသလို ခံစားလိုက်ရတယ်၊ ပြီးတော့ အရမ်းကို မသက်မသာဖြစ်လွန်းလို့ ကျွန်မ ငိုချင်ခဲ့တယ်။ ကျွန်မ နာကျင်နေတာ သူတို့မြင်တော့၊ “ဆားရေကို ငါတို့က ဘာလို့မင်းကို သောက်ခိုင်းလဲ သိလား။ ဘာလို့လဲဆိုတော့ မင်း အစာမစားတာ ရက်နဲ့ချီကြာနေပြ။ ပြီးတော့ မင်းက ရေဓာတ်ခမ်းခြောက်နေပြီး မင်းကိုရိုက်ရင် သေသွားနိုင်လို့ ငါတို့ မင်းကို ဆားရေပေးတာ” လို့ မညှာမတာပြောတယ်။ သူတို့အဲဒါပြောတာ ကျွန်မ ကြားတော့၊ ကျွန်မကို သေတဲ့ထိ နည်းနည်းချင်း ညှဉ်းဆဲချင်မှန်း ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မကို သေတဲ့ထိ ညှဉ်းဆဲခွင့်ပေးမယ့်အစား၊ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် နံရံကိုဝင်ဆောင့်ပြီး အဆုံးသတ်လိုက်မယ်လို့ တွေးမိပေမယ့် ရပ်ဖို့တောင် ခွန်အားမရှိခဲ့ဘူး။ မျှော်လင့်ချက်မဲ့သွားသလို ကျွန်မ ခံစားရလို့၊ ဘုရားကို ဆုတောင်းခဲ့တယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်။ ကျွန်မ နောက်ထပ် မခံနိုင်တော့ပါဘူး။ ကျွန်မအပေါ် ရဲတွေက နောက်ထပ် ဘာညှဉ်းဆဲမှု သုံးမလဲ ကျွန်မ မသိပေမယ့်၊ ကျွန်မရဲ့ အသက်ကို ကိုယ်တော်ရဲ့ လက်ထဲ ထားပါ့မယ်။ ကျွန်မနဲ့အတူ ရှိပေးဖို့ တောင်းလျှောက်ပါတယ်”လို့ပေါ့။ ကျွန်မ ဆုတောင်းပြီးတဲ့နောက်၊ ဘုရားနှုတ်ကပတ်တော် တစ်ကြောင်းကို တွေးမိတယ်၊ “မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်ခြင်းများကို မရှောင်နိုင်သကဲ့သို့၊ မိမိကံတရားကို ထိန်းချုပ်နိုင်သူလည်း မရှိပေ၊ အကြောင်းမှာ အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရားသခင်တစ်ပါး တည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်”) မှန်တယ်၊ လူသားမျိုးနွယ်အားလုံးရဲ့ ကံကြမ္မာကို ဘုရားထိန်းချုပ်ထားတယ်။ လူတိုင်းရဲ့ ရှင်ခြင်းနဲ့ သေခြင်းကို ဘုရားက ကြိုတင်ပြဋ္ဌာန်းထားတာ။ အဲဒီကိစ္စမှာ ဘယ်သူမှ ဆုံးဖြတ်ပိုင်ခွင့်တစ်ခုမှ မရှိသလို၊ ကျွန်မတို့ကိုယ်တိုင်အတွက်လည်း ကျွန်မတို့ ဆုံးဖြတ်လို့မရဘူး။ ကျွန်မရဲ့ ရှင်ခြင်းနဲ့ သေခြင်းကို ဘုရားက သတ်မှတ်ထားတာ၊ ရဲတွေ မဟုတ်ဘူး၊ ဒါကြောင့် ကျွန်မ ဘုရားလက်ထဲမှာ ကျွန်မရဲ့ အသက်ကို ထားချင်သလို၊ သူ့ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို နာခံချင်တယ်။ အဲဒါကို တွေးမိတဲ့အခါ၊ နောက်ထပ် ကျွန်မ မျှော်လင့်ချက်မဲ့သလို မခံစားရတော့သလို၊ ကျွန်မရဲ့ စိတ်နှလုံးက အဆင်းနီတဲ့ နဂါးကြီးအပေါ် နာကြည်းချက်နဲ့ ပြည့်သွားတယ်။ ဒီနတ်ဆိုးတွေက ကျွန်မကို ဘုရားအပေါ် အတင်းသစ္စာဖောက်စေဖို့ ဒီစက်ဆုပ်စရာ နည်းလမ်းတွေကို သုံးချင်ခဲ့ပြီး၊ ကျွန်မအနေနဲ့ သူတို့ရဲ့ အကြံကို အောင်မြင်ခွင့်ပေးလို့ မဖြစ်ဘူး။ ကျွန်မ အရမ်းကို အများကြီး ညှဉ်းဆဲခံရနှင့်ပြီးပြီဖြစ်သလို၊ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေကို အဲဒီအတိုင်း ဆင်းရဲဒုက္ခခံခွင့် ကျွန်မ မပေးနိုင်ဘူး။

ဒီနတ်ဆိုးတွေက ကျွန်မကို ကစားပြီး ညှဉ်းဆဲရုံမက၊ စော်လည်းစော်ကားခဲ့ကြတယ်။ ညမှာ၊ ရဲအရာရှိတစ်ယောက် ကျွန်မဆီလာတယ်၊ ကျွန်မ မျက်နှာကို ထိဖို့ လက်ဆန့်လိုက်ပြီး၊ အဲဒီလိုလုပ်ရင်းနဲ့ ညစ်ညမ်းတဲ့အရာတွေကို ကျွန်မ နားထဲမှာ တီးတိုးပြောတယ်။ ကျွန်မ အရမ်းဒေါသထွက်ပြီး သူ့မျက်နှာကို တံတွေးထွေးလိုက်တယ်။ အဲဒီနောက် သူက ကျွန်မကို အရမ်း ရက်ရက်စက်စက် ရိုက်ပြီး ကျွန်မ ကြယ်တွေ မြင်သွားသလို နားတွေ အူသွားခဲ့တယ်။ သူက ခက်ခက်ထန်ထန် ထပ်ပြောတယ်၊ “ငါတို့မှာ မင်းကို စောင့်နေတဲ့ ညှဉ်းဆဲဖို့ စာရင်းတစ်ခုလုံး ရှိသေးတယ်။ ငါတို့ မင်းကို ဒီမှာ သတ်လို့ရတယ်၊ ဘယ်သူမှ သိမှာ မဟုတ်ဘူး။ ငါ့ကိုယုံ၊ မင်း အဲဒါတွေကို အီတဲ့အထိ ခံရမယ်” တဲ့။ အဲဒီညမှာ၊ မြေပေါ် ကျွန်မ လဲလျောင်းနေပြီး မလှုပ်ရှားနိုင်ခဲ့ဘူး။ ရေအိမ်သွားဖို့ ကျွန်မ ခွင့်တောင်းတာ။ ကိုယ့်ဘာသာရပ်ဖို့ သူတို့ ကျွန်မကို ပြောကြတယ်။ ကျွန်မရဲ့ ခွန်အားရှိသမျှ အသုံးပြုရင်းနဲ့ ဖြည်းဖြည်းချင်း ကျွန်မ ကိုယ့်ကိုယ်ကိုယ် ထူနိုင်ခဲ့တယ်။ ဒါပေမယ့် ခြေတစ်လှမ်းပဲ လှမ်းလိုက်ရပြီး ကျွန်မ လဲကျသွားတယ်။ တခြားရွေးစရာ မရှိတော့၊ အမျိုးသမီး အရာရှိတစ်ယောက်က ကျွန်မကို ရေချိုးခန်းထဲ ဆွဲခေါ်သွားတယ်။ အဲဒီမှာ ကျွန်မ ရှိနေတုန်း၊ ထပ်ပြီး သတိမေ့သွားတယ်။ ကျွန်မ ပြန်နိုးလာတော့ အခန်းထဲ ပြန်ရောက်နေပြီ။ ကျွန်မ ခြေထောက်တွေ ရောင်ကိုင်းပြီး ပြောင်လက်နေသလို၊ လက်ထိပ်တွေနဲ့ ခြေချင်းတွေက အသားထဲ နက်နက်ရှိုင်းရှိုင်း မြုပ်ဝင်နေကြတာ တွေ့ရတယ်။ ဒဏ်ရာတွေက ပြည်တွေ၊ သွေးတွေနဲ့ စီးနေပြီး၊ မခံနိုင်လောက်အောင် အရမ်းနာတယ်။ ရဲအရာရှိပြောခဲ့တဲ့ ညှဉ်းဆဲတဲ့ စာရင်းအကြောင်းကို ကျွန်မ တွေးမိပြီး၊ နည်းနည်း ကြောက်မိတယ်၊ ဒါကြောင့် ဘုရားကို ကျွန်မ ဆုတောင်းတယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်။ ကျွန်မကို ဒီမကောင်းဆိုးဝါးတွေက နောက်ထပ် ဘယ်လို ညှဉ်းဆဲဖို့ စီစဉ်နေကြမှန်း ကျွန်မ မသိသလို၊ ဒီလိုညှဉ်းပန်းတာမျိုးကို ကျွန်မ နောက်ထပ်ဘယ်လိုမှ တကယ်ကို မခံနိုင်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြပြီး ယုံကြည်ခြင်းနဲ့ ခွန်အားပေးတော်မူပါ။ ကျွန်မ သက်သေရပ်တည်ပြီး စာတန်ကို အရှက်ခွဲဖို့ ဆန္ဒရှိပါတယ်” လို့ပေါ့။ ကျွန်မ ဆုတောင်းပြီးတဲ့နောက်၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ နှစ်ကြိမ် လူ့ဇာတိခံယူခဲ့တုန်းက ဘုရားသခင် ကြံ့ကြံ့ခံခဲ့ရတဲ့ ဆင်းရဲဒုက္ခအကြောင်းကို တွေးမိတယ်။ ကျေးဇူးတော်ခေတ်မှာ၊ လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့၊ သခင်ယေရှုက၊ စစ်သားတွေရဲ့ လှောင်ပြောင်တာ၊ အရှက်ခွဲပြီး ကြာပွတ်နဲ့ရိုက်တာတွေ ခံခဲ့ရတယ်၊ အဲဒီနောက် ဆူးတွေနဲ့ သရဖူဆောင်းခဲ့ရပြီး၊ နောက်ဆုံး ကားတိုင်မှာ သံမှိုရိုက်ခံခဲ့ရတယ်။ ဒီနေ့မှာ၊ ဘုရားသခင်က တရုတ်ပြည်ကို လူ့ဇာတိခံ ပြန်ကြွလာပြီ၊ အဲဒီမှာ ကွန်မြူနစ်ပါတီရဲ့ နှိပ်စက်တာ၊ လိုက်ဖမ်းတာ၊ ပြီးတော့ ဘာသာရေးလောကရဲ့ ကသုတ်ကရက် ဆန့်ကျင်တာ၊ ရှုတ်ချတာတွေကို သူ ခံခဲ့ရတယ်။ ဒီလိုဖြစ်ပေမယ့်လည်း၊ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဒါကို တိတ်တဆိတ် သည်းညည်းခံပြီး သမ္မာတရားကို ဖော်ပြတယ်။ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ သတိရမိတယ်၊ “လူသား၏အလုပ်အတွက် ဘုရားသခင် ကြံ့ကြံ့ခံခဲ့သည့် အိပ်မပျော်သောညများမှာ များစွာဖြစ်၏။ အထက်အမြင့်အရပ်မှ အနိမ့်ဆုံးအနက်များအထိ ကိုယ်တော်သည် သူ၏နေ့ရက်များကို လူသားနှင့်အတူ ကျော်လွန်ရန်၊ လူသားနေထိုင်သော အသက်ရှင်လျက် ငရဲရောက်နေသကဲ့သို့ ခံစားရသည့်အရပ်သို့ ဆင်းသက်လာခဲ့ကာ ကိုယ်တော်သည် လူသားအကြားယုတ်ညံ့မှုကို မည်သည့်အခါမျှ ညည်းညူခဲ့ဖူးခြင်းမရှိ၊ ထို့အပြင် လူသားအား ၎င်း၏နာခံမှု မရှိခြင်းအတွက် အပြစ်တင်ခဲ့ဖူးခြင်း မရှိဘဲ၊ သူ၏အမှုကို သူကိုယ်တိုင် ထမ်းဆောင်ရင်း အကြီးမားဆုံးသော အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံတော်မူ၏။ ဘုရားသခင်သည် ငရဲနှင့် အဘယ်သို့ သက်ဆိုင်နိုင်အံ့နည်း။ ကိုယ်တော်သည် ကိုယ်တော်၏ အသက်တာကို ငရဲ၌ အဘယ်သို့ ကုန်ဆုံးနိုင်အံ့သနည်း။ သို့သော် လူသားမျိုးနွယ် တစ်ရပ်လုံးသည် သာ၍ဆောလျင်စွာ ချမ်းသာခြင်းသို့ ရောက်ရန် ကိုယ်တော်သည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် ကမ္ဘာမြေကြီးသို့ လာရန် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခဲ့ကာ တရားမျှတမှုမရှိခြင်းကို ခံခဲ့သည့်အပြင်၊ လူသားကို ကယ်တင်ရန် သူကိုယ်တိုင် ‘ငရဲ’ နှင့် ‘မရဏနိုင်ငံ’ အတွင်း၊ ကျားအောင်းဂူအတွင်းသို့ ဝင်ရောက်ခဲ့၏။ လူသားသည် ဘုရားသခင်အား ဆန့်ကျင်ရန် အဘယ်သို့ အရည်အချင်း မီသနည်း။ ဘုရားသခင်အကြောင်း မကျေမနပ်ပြောရန် ၎င်းတွင် မည်သည့်အကြောင်းရင်း ရှိသနည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၉)”) ဟုတ်တယ်။ ဘုရားသခင်က အပြစ်ကင်းပြီး၊ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဆင်းရဲဒုက္ခ ကြီးမားစွာ ခံစားရပြီးပြီဖြစ်သလို အရှက်ခွဲခံရပြီးပြီ။ လူသားမျိုးနွယ်အတွက် ဘုရားရဲ့မေတ္တာက အရမ်းကြီးမားပြီး အရမ်းကို ကိုယ်ကျိုးမငဲ့တဲ့မေတ္တာပဲ။ အခု၊ ကျွန်မက ကိုယ့်ရဲ့ကိုယ်ပိုင် ကယ်တင်ခြင်းအတွက် ဘုရားနောက်လိုက်နေပြီး သမ္မာတရားကို လိုက်စားနေတယ်၊ ဒီတော့ ကျွန်မ ကြံ့ကြံ့ခံရတဲ့ ဆင်းရဲဒုက္ခ နည်းနည်းက ဘာပြဿနာရှိလို့လဲ။ ဒီဆင်းရဲဒုက္ခကတစ်ဆင့်၊ ဘုရားက ကျွန်မရဲ့ အလိုဆန္ဒကို ဆေးကြောပြီး ကျွန်မရဲ့ ယုံကြည်ခြင်းကို စုံလင်စေခဲ့သလို၊ ဘုရားနှုတ်ကပတ်တော်က လူတွေရဲ့ အသက်တာမှာ ခွန်အားဖြစ်တဲ့အကြောင်းလည်း ကျွန်မ တွေ့ကြုံခံစားခဲ့ရတယ်။ ဒီဆင်းရဲဒုက္ခကို ကျွန်မ တွေ့ကြုံနိုင်တာက ဘုရားရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာဖြစ်ခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာ ဓမ္မသီချင်းတစ်ပိုဒ် တိတ်တိတ်လေး ဆိုမိတယ်၊ “ဘုရားသခင်သည် ကျွန်ုပ်ကို ထောက်မသူ၊ ကြောက်ရွံ့စရာ ဘယ်အရာရှိသနည်း။ အဆုံးထိတိုင် စာတန်နှင့် တိုက်ပွဲ၀င်ရန် ကျွန်ုပ်ဘ၀အား ကျိန်ဆိုသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား မြှောက်ပင့်ခဲ့သည် ကျွန်ုပ်တို့ အရာအားလုံးအား နောက်တွင် ချန်ထားရစ်ခဲ့ကာ ခရစ်တော်အတွက် သက်သေခံရန် တိုက်ခိုက်သင့်သည်။ ဘုရားသခင်သည် ကျွန်ုပ်ကို ထောက်မသူ၊ ကြောက်ရွံ့စရာ ဘယ်အရာရှိသနည်း။ အဆုံးထိတိုင် စာတန်နှင့် တိုက်ပွဲ၀င်ရန် ကျွန်ုပ်ဘ၀အား ကျိန်ဆိုသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား မြှောက်ပင့်ခဲ့သည် ကျွန်ုပ်တို့ အရာအားလုံးအား နောက်တွင် ချန်ထားရစ်ခဲ့သင့်ကာ ခရစ်တော်အတွက် သက်သေခံရန် တိုက်ခိုက်သင့်သည်။ ဘုရားသခင်သည် ကမ္ဘာ မြေပေါ်တွင် သူ၏ အလိုတော်ကို လုပ်ဆောင်လိမ့်မည်။ ကျွန်ုပ်၏ အချစ်၊ သစ္စာ တရားအား ပြင်ဆင်ကာ ထိုအရာအားလုံးကို ဘုရားသခင်အတွက် ပေးအပ်မြုပ်နှံပါမည်။ ဘုရားသခင် ဘုန်းတန်ခိုးနှင့် ဆင်းသက်လာမည့် ပြန်လာချိန်ကို ကျွန်ုပ် ၀မ်းမြောက်စွာ စောင့်ကြိုပါမည်။ ခရစ်တော်၏ နိုင်ငံတော် ထူထောင်ချိန်တွင် သူနှင့် အတူ နောက်တစ်ဖန် တွေ့မြင်ရပါမည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “နိုင်ငံတော်”) ဒီသီချင်းကို ဆိုပြီးတဲ့နောက်၊ ကြီးမားတဲ့ အားပေးမှု ခံစားချက်တစ်ခုကို ကျွန်မ ခံစားရတယ်။ ကျွန်မကို ရဲတွေ ဘယ်လို ညှဉ်းဆဲပါစေ၊ ခိုင်ခိုင်မာမာ ရပ်တည်မယ်၊ သက်သေခံပြီး စာတန်ကို အရှက်ရစေမယ်။

ပဉ္စမနေ့မှာ၊ ရဲတွေက ကျွန်မကို မြင်းကိုယ်နေကိုယ်ထားပုံစံကို ဆက်လုပ်ခိုင်းခဲ့ကြတယ်။ ကျွန်မ ခြေထောက်တွေနဲ့ ခြေဖဝါးတွေက အရမ်းရောင်ကိုင်းနေပြီး၊ နောက်ထပ် ဘယ်လိုမှ ကျွန်မ မရပ်နိုင်တော့ဘူး။ ဒါကြောင့် အရာရှိတော်တော်များများ ကျွန်မကို ဝိုင်းလိုက်ကြပြီး၊ သူတို့ကြားမှာ ကျွန်မကို အပြန်ပြန် အလှန်လှန် တွန်းကြတယ်။ သူတို့ထဲက တချို့ကလည်း အခွင့်ကောင်းယူကြပြီး ကျွန်မကို လိုက်စမ်းတယ်။ ကျွန်မ အရမ်း စိတ်ရှုပ်ထွေးပြီး ခေါင်းမူးနေတာ မျက်လုံးတွေကို မဖွင့်နိုင်တဲ့အချိန်မှာတောင် ညှဉ်းဆဲတာက ရပ်မသွားဘူး။ ညနေပိုင်း ၇ နာရီဝန်းကျင်လောက်မှာ၊ ရဲတွေထဲက တစ်ယောက်က ကျွန်မရှေ့ ထိုင်ချလိုက်တယ်၊ သူ့ရှူးဖိနစ်ကို ချွတ်တယ်၊ နံဟောင်နေတဲ့ သူ့ခြေထောက်ကို ကျွန်မ မျက်နှာရှေ့ ထိုးထားပြီး ညစ်ညမ်းတာတွေကို ပြောတယ်။ သူ့ရဲ့ရိုင်းစိုင်းတဲ့ စကားကို ကျွန်မ နားထောင်ပြီး သူ့ရဲ့ အရှက်မဲ့တာနဲ့ မကောင်းတဲ့သွင်ပြင်ကို ကြည့်လိုက်တော့၊ ကျွန်မကို အရမ်း ဒေါသထွက်သွားစေတယ်။ ဒီဆိုးယုတ်တဲ့ မကောင်းဆိုးဝါးတွေကို ကျွန်မ မုန်းမိတယ်။ ညပိုင်း ၉ နာရီဝန်းကျင်လောက်မှာ၊ ကျွန်မ စပြီး ငိုက်လာတယ်။ ရဲတွေကအနိုင်ရတဲ့ပုံစံနဲ့ ပြောတယ်၊ “နောက်ဆုံးတော့ မင်းစပြီး ငိုက်လာပြီ။ မင်း အိပ်ချင်မှာဖြစ်ပေမယ့် ငါတို့ မင်းကို အိပ်ခွင့်ပေးမှာ မဟုတ်ဘူးကွ။ မင်း တောင့်မခံနိုင်တဲ့အထိ ငါတို့ မင်းကို အိပ်လို့မရအောင်လုပ်မှာ။ မင်း ဘယ်လောက်ကြာကြာ ခံမလဲ ကြည့်ရအောင်”တဲ့။ ရဲအရာရှိအတော်များများက ကျွန်မကို အလှည့်ကျ စောင့်ကြည့်ကြတယ်။ ကျွန်မ မျက်လုံးတွေ ပိတ်လိုက်ပြီး တစ်မှေးအိပ်မိလိုက်တာနဲ့၊ သူတို့က စားပွဲကို သားရေ ကြာပွတ်နဲ့ ရိုက်တယ်၊ ကျွန်မရဲ့ ရောင်ကိုင်း၊ ပြောင်လက်နေတဲ့ ခြေထောက်တွေကို သစ်သားတုတ်လေးနဲ့ ရိုက်တယ်၊ ကျွန်မ ဆံပင်ကို ဆွဲတယ်၊ ဒါမှမဟုတ် ကျွန်မ ခြေထောက်တွေပေါ် ဆောင့်နင်းပြီး၊ အကြိမ်တိုင်းမှာ ကျွန်မ ရုတ်တရက် လန့်နိုးသွားတယ်။ တစ်ခါတစ်လေ သူတို့ရဲ့ ကန်ချက်တွေက ကျွန်မရဲ့ ခြေချင်းတွေပေါ် ရောက်ပြီး၊ ခြေချင်းတွေက ကျွန်မရဲ့ ပြည်တည်နေတဲ့ အနာတွေကို ထိတယ်၊ နာကျင်မှုက ကျွန်မကို တုန်သွားစေတယ်။ နောက်ဆုံးမှာ၊ ကျွန်မ ပေါက်ထွက်တော့မယ့် ခေါင်းကိုက်ဝေဒနာ ဖြစ်နေပြီး၊ အခန်းက ချာချာလည်နေသလို ခံစားရတယ်။ ကျွန်မ မျက်လုံးတွေ အမှောင်အတိဖြစ်သွားချိန်မှာ မြေပေါ်လဲကျပြီး ကျွန်မ သတိလစ်သွားတယ်။ ကျွန်မ နိုးလာပြီးတဲ့နောက်၊ ဆရာဝန် ပြောနေတာကို ခပ်ဝါးဝါး ကြားလိုက်ရတယ်၊ “သူ့ကို ခင်ဗျားတို့ အရမ်းဆိုးဆိုးရွားရွား ညှဉ်းဆဲရအောင် သူက ဘာပြစ်မှု ကျူးလွန်ခဲ့လို့လဲ။ ရက်နဲ့ချီ သူ့ကို မအိပ်၊ မစားခိုင်းဘူးပေါ့။ ဒါသက်သက်ရက်စက်တာပဲ။ ပြီးတော့ လက်ထိပ်တွေနဲ့ ခြေချင်းတွေက သူ့အသားထဲ မြုပ်ဝင်နေပြီ။ အဲဒါတွေကို သူ‌ နောက်ထပ် ဝတ်လို့မဖြစ်ဘူး။ မဟုတ်ရင် သူသေနိုင်တယ်” တဲ့။ ဆရာဝန် ထွက်သွားပြီးတဲ့နောက်၊ ရဲတွေက ကျွန်မကို ၂.၅ ကီလိုလေးတဲ့ ခြေချင်းတွေ ပြောင်းပေးလိုက်ကြတယ်၊ ပြီးတော့ ကျွန်မကို ဆေးတချို့ ပေးခဲ့ပြီးတဲ့နောက် နောက်ဆုံးမှာ ကျွန်မ သတိလည်လာခဲ့တယ်။ ဘုရားသခင်က တန်ခိုးကြီးမားပြီး သူက ကျွန်မကို တိတ်တဆိတ် ကွယ်ကာပေးနေခဲ့လို့ပဲ ကျွန်မ အသက်ရှင်နိုင်ခဲ့မှန်း သိခဲ့တယ်။ ကျွန်မအသက်က ဘုရားလက်ထဲမှာရှိသလို၊ သူ့ရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့၊ စာတန်က ကျွန်မအပေါ် ဘာညှဉ်ဆဲမှုမျိုးကို အသုံးပြုပါစေ၊ ကျွန်မကို သတ်နိုင်မှာမဟုတ်ဘူး။ ဒါက ဘုရားသခင်အပေါ် ယုံကြည်ခြင်းကို ကျွန်မကို ပိုတောင်ပေးခဲ့ပြီး၊ ကျွန်မ အသက်ရှူသရွေ့၊ စာတန်ကို လုံးဝ အရှုံးပေးမှာ မဟုတ်ဘူးလို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။

ခြောက်ရက်မြောက်နေ့အထိ ကျွန်မ ခံခဲ့တယ်၊ အဲဒီအချိန်မှာ ကျွန်မ တကယ်ကို ဘယ်လိုမှ မထိန်းနိုင်တော့ဘူး၊ အဆက်မပြတ် အိပ်မောကျသွားတယ်၊ ပြီးတော့ အကြိမ်တိုင်းမှာ၊ ရဲတစ်ယောက်က ကျွန်မ ခြေချောင်းတွေကို ပြင်းပြင်းထန်ထန် တက်နင်းတယ်၊ ကျွန်မရဲ့ လက်ဖမိုးတွေကို ဆိတ်တယ်၊ ဒါမှမဟုတ် ကျွန်မမျက်နှာကို ဖြတ်ရိုက်တယ်။ နေ့လည်မှာ၊ အသင်းတော် သတင်းအချက်အလက်ကို ရဲတွေက ကျွန်မကို ဆက်မေးကြတယ်။ အဲဒီအချိန်မှာ၊ ကျွန်မက လက်တွေ့ဖြစ်နေတဲ့အရာအပေါ် အသိစိတ်ပျောက်လာတယ်။ ကျွန်မ ချွတ်ချော်ပြီး ဇဝေဇဝါဖြစ်တဲ့ အခြေအနေမှာ အသင်းတော် သတင်းအချက်အလက်ကို ပေးလိုက်မိမှာ ကျွန်မ ကြောက်ခဲ့တယ်။ ဒါကြောင့် ဘုရားသခင်ကို ကျွန်မ အရေးတကြီး ဆုတောင်းခဲ့တယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်။ ကျွန်မစိတ်က ညှဉ်းဆဲခံရတာကြောင့် ဇဝေဇဝါ ဖြစ်နေပါတယ်။ ဘာပဲဖြစ်ပါစေ၊ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေကို သစ္စာမဖောက်အောင်လို့ ကျွန်မကို ကိုယ်တော် ကွယ်ကာပြီး စိတ်ရဲ့ ရှင်းလင်းပြတ်သားမှု ပေးဖို့ တောင်းလျှောက်ပါတယ်”လို့ပေါ့။ ကျွန်မရဲ့ ဆုတောင်းချက်တွေကို အဖြေပေးတဲ့အတွက် ဘုရားကို ကျေးဇူးတင်မိခဲ့တယ်။ ခြောက်ရက်နဲ့ ငါးညကြာ မစား၊ မသောက်၊ မအိပ်ဘဲ ညှဉ်းဆဲခံခဲ့ရပေမယ့်၊ ကျွန်မ စိတ်က အရမ်းကို ရှင်းလင်းနေဆဲပဲ။ ပြီးတော့ ရဲတွေက ကျွန်မကို ဘယ်လိုညှဉ်းဆဲကြပါစေ၊ သူတို့ကို ဘာတစ်ခုမှ ကျွန်မ မပြောခဲ့ဘူး။ နောက်ပိုင်းမှာ၊ ရဲအရာရှိခေါင်းဆောင်က ကျွန်မ ချရေးတဲ့ ဧဝံဂေလိ ရည်မှန်းချက်စာရင်းတစ်ခုကို ထုတ်ယူလာပြီး ကျွန်မကို စစ်မေးခဲ့တယ်၊ တခြားလူတွေကို နာမည်တပ်ပြောခိုင်းတယ်။ ဒီမကောင်းဆိုးဝါးတွေရဲ့ ညှဉ်းဆဲမှုကို ကျွန်မ လုံလုံလောက်လောက်ခံရပြီးပြီ။ အဲဒီညှဉ်းဆဲမှုကိုပဲ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေကို ကျွန်မ ခံစားခွင့်ပေးမှာ မဟုတ်ဘူး။ ဒါကြောင့် သူ ကြည့်မနေတုန်းမှာ၊ ရှေ့ကို ကျွန်မ အမြန်ပြေးသွားတယ်၊ စာရင်းကို ဖမ်းဆုပ်ပြီး ကျွန်မ ပါးစပ်ထဲထည့်၊ မျိုချလိုက်တယ်။ ရဲအရာရှိနှစ်ယောက်က ဒေါသတကြီး အော်ကြတယ်။ သူတို့ အပြေးအလွှားလာကြတယ်၊ ကျွန်မ ပါးစပ်ကို အတင်းဖိညှပ်ပြီး၊ မျက်နှာကို ပြင်းပြင်း ဖြတ်ရိုက်လိုက်တယ်၊ ပြင်းလွန်းလို့ ကျွန်မ ပါးစပ်ထောင့်ကနေ သွေးစီးကျလာပြီး ကျွန်မ ခေါင်းက ချာချာလည်သွားတယ်။ သူတို့ထဲက တစ်ယောက်က ကျွန်မပါးနဲ့ မေးစေ့ကို အတင်းဖမ်းဆုပ်နေတုန်း၊ တခြားတစ်ယောက်က ကျွန်မပါးစပ်ကို ကလော်ဖွင့်ပြီး၊ ကျွန်မ လည်ချောင်းတစ်ဝိုက် လက်နဲ့ထိုးပြီးရှာတယ်။ သူ အတင်းထိုးပြီး ရှာလွန်းလို့ ကျွန်မ လည်ချောင်း ရှသွားသလို၊ အခုတောင် လည်ချောင်းရောင်တာရှိတုန်းပဲ။ စစ်မေးတာတွေအများကြီး လုပ်ပြီးတဲ့နောက်မှာ အသင်းတော် သတင်းအချက်အလက်တစ်ခုမှ ကျွန်မဆီက မရတော့၊ ကျွန်မကို ထိန်းသိမ်းရေး စခန်းဆီ ပြန်ခေါ်သွားဖို့ ရဲတွေက ဆုံးဖြတ်လိုက်ကြတယ်။ ထိန်းသိမ်းရေး စခန်းက ရဲတွေက ကျွန်မ ဆိုးဆိုးရွားရွား ဒဏ်ရာရနေပုံကို မြင်ပြီး၊ အဲဒီမှာရှိနေတုန်း ကျွန်မ သေသွားရင် တာဝန်ယူရမှာကြောက်လို့၊ ကျွန်မကို လက်ခံဖို့ ငြင်းကြတယ်၊ ကျွန်မကို အောက်ဆီဂျင် တပ်ပေးဖို့ ဆေးရုံကို ခေါ်သွားဖို့ကလွဲဖို့ သူတို့မှာ ရွေးချယ်စရာမရှိခဲ့ဘူး။ ဆေးရုံလူသွားလမ်းတွေမှာ၊ ကျွန်မရဲ့ ပုံစံကို ကြည့်ပြီး ဆွေးနွေးဖို့ လူတွေအများကြီးလာကြတယ်။ ရဲတွေက ကျွန်မကို လက်ညိုးထိုးပြီး၊ “သူက ဘုရားကို ယုံကြည်တယ်။ ကောင်းကောင်း ကြည့်ထားကြ။ ဘုရားကို ခင်ဗျားတို့ ယုံကြည်ရင်၊ ဒီလိုဖြစ်မှာပဲ”လို့ပြောတယ်။ သူတို့ကို ချေပဖို့ ကျွန်မ တစ်ခုခုပြောချင်ခဲ့ပေမယ့်၊ စကားမပြောနိုင်ခဲ့ဘူး။ ကျွန်မ တွေးမိတယ်၊ “နင်တို့အားလုံးက ဆိုးယုတ်ကြတယ်၊ လူတွေကို လှည့်ဖြားဖို့ အလိမ်အညာတွေ ဖြန့်တယ်” လို့ပေါ့။ အဲဒီနောက်၊ ရဲတွေက ကျွန်မကို ထိန်းသိမ်းရေး စခန်းဆီ ပြန်လိုက်ပို့ကြတယ်၊ အဲဒီမှာ ကျွန်မ နောက်ထပ်နှစ်ခါ သတိမေ့သွားခဲ့တယ်။

အောက်တိုဘာ နှောင်းပိုင်းလောက်မှာ၊ ရဲတွေက ကျွန်မတို့ကို ထိန်းသိမ်းရေးစခန်းဆီ ခေါ်သွားနေတဲ့အချိန်မှာ၊ ကျွန်မနဲ့အတူ အဖမ်းခံခဲ့ရတဲ့ အစ်မလီနဲ့ ဆုံရတယ်။ သူ အရမ်း ပိန်သွားတာ ကျွန်မတွေ့ရပြီး၊ သူ့ကို လေက အချိန်မရွေး တိုက်သွားတော့မလိုမျိုး၊ ချည့်ချည့်နဲ့နဲ့ သူက လမ်းလျှောက်တယ်။ ကျွန်မ မျက်လုံးတွေကနေ မျက်ရည်တွေ တားမရအောင် စီးကျခဲ့တယ်။ ထိန်းသိမ်းရေး စင်တာကို ကျွန်မတို့ ရောက်တော့၊ အစ်မလီရဲ့ လက်တွေနဲ့ ခြေထောက်တွေမှာ အညိုအမည်း ပွန်းပဲ့ရာတွေ ကျွန်မ တွေ့ရတယ်။ ရဲတွေက သူ့ကို ရိုက်တယ်၊ ကန်တယ်၊ ပြီးတော့ ရက်အတော်ကြာ စားတာ၊ အိပ်တာ မလုပ်ခိုင်းဘဲ ထားသလို၊ တခြား ညီမတစ်ယောက်ဆိုရင် အဖမ်းခံရတာနဲ့ နေမကောင်းဖြစ်လာတော့တာပဲလို့ သူက ပြောတယ်။ သူက အစာတွေကို မျိုမချနိုင်ခဲ့သလို၊ ညှဉ်းဆဲတာတွေက သူ့ကို မမှတ်မိနိုင်လောက်အောင် အရမ်းပိန်သွားစေခဲ့တယ် တဲ့။ အစ်မလီက စကားပြောရင်းနဲ့ ငိုတယ်။ ကျွန်မ ဒီမကောင်းဆိုးဝါးတွေကို ရင်ထဲကနေကို မုန်းမိတယ်။

နောက်ဆုံးမှာ ကွန်မြူနစ်ပါတီက ကျွန်မကို “ရှဲကျောက်အဖွဲ့အစည်းမှာ ပါဝင်ပတ်သက်မှု”နဲ့ စွဲချက်တင်ခဲ့ပြီး၊ အလုပ်ကြမ်းဖြင့် ပြန်လည်ပြုပြင်မွမ်းမံခြင်း ထောင်ဒဏ် တစ်နှစ်နဲ့ ကိုးလချမှတ်ခဲ့တယ်။ ကျွန်မ အရမ်းကို ဆိုးဆိုးဝါးဝါး ညှဉ်းဆဲခံရတော့ နေရာအနှံ့ ဒဏ်ရာရပြီး၊ အကြောသေနေတာကြောင့် လမ်းမလျှောက်နိုင်တာကြောင့်၊ အလုပ်ကြမ်းစခန်းက ကျွန်မကို လက်ခံဖို့ ငြင်းဆန်ခဲ့တယ်။ လေးလကြာပြီးတဲ့နောက်၊ ကျွန်မကို အာမခံနဲ့ထုတ်ဖို့ ကျွန်မယောက်ျားက ယွမ် ၁၂၀၀၀ ကုန်ခဲ့ပြီး၊ ကျွန်မရဲ့ ပြစ်ဒဏ်ကိုအလုပ်ကြမ်းစခန်း အပြင်ဘက်မှာ ကျခံခဲ့ရတယ်။ ကျွန်မယောက်ျားက ကျွန်မကို ခေါ်ဖို့လာတော့၊ လမ်းလျှောက်ဖို့က ကျွန်မ ဒဏ်ရာများလွန်းခဲ့တယ်။ သူက ကားဆီ ကျွန်မကို ထမ်းခေါ်သွားခဲ့ရတယ်။ အိမ်ပြန်ရောက်ပြီးတဲ့နောက်၊ ဆရာဝန်ရဲ့ ဆေးစစ်ချက်အရ ကျွန်မရဲ့ ကျောရိုးမှာ ခါးဆစ်အကန့်နှစ်ခု နေရာမမှန်တာကို တွေ့ရတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်ခဲ့ဘူး။ အိပ်ရာကနေတောင် မထနိုင်ဘူး။ ကျွန်မရဲ့ ကျန်တဲ့ဘဝအချိန်တွေမှာ အိပ်ရာပေါ် လှဲရတော့မှာပဲလို့ ထင်မိခဲ့တယ်။ မမျှော်လင့်ဘဲနဲ့၊ တစ်နှစ်ကြာပြီးတဲ့နောက်မှာ ကျွန်မခန္ဓာကိုယ်က တဖြည်းဖြည်း သက်သာလာခဲ့ပြီး၊ ကျွန်မရဲ့ တာဝန်တွေကို ပြန်ပြီး ဖြည့်ဆည်းနိုင်ခဲ့တယ်။ ကျွန်မအတွက် ဘုရားရဲ့ မေတ္တာနဲ့ ကယ်တင်ခြင်းကို ကျွန်မတွေ့ခဲ့ရပြီး ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိခဲ့တယ်။ အခုတောင် ရဲတွေက ကျွန်မကို အမြဲ စောင့်ကြည့်နေသလို၊ ကျွန်မ ပြန်ပြီး အဖမ်းခံရနိုင်တယ်။ ဒါပေမယ့် ဘုရားနှုတ်ကပတ်တော်ရဲ့ ဩဇာအာဏာနဲ့ တန်ခိုးကို ကျွန်မ တွေ့ခဲ့တယ်၊ ပြီးတော့ ယုံကြည်ခြင်းကတစ်ဆင့် ဘုရားအပေါ် မှီခိုပြီး ဘုရားရဲ့ မေတ္တာကို ပြန်ပေးဆပ်ဖို့ ကျွန်မတာဝန်တွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဖို့ ကျွန်မ လိုလားနေပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘဝ၏ကြွယ်ဝချမ်းသာမှုများ

ဝန်ဂျန်၊ ရှန်ဒေါင်စီရင်စု ကျွန်တော်နှင့် ကျွန်တော်၏ဇနီးသည် နောက်ဆုံးသောကာလမှ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အလုပ်ကိုလက်ခံခဲ့သည့်...

အန္တိခရစ်တစ်ယောက်ကြောင့် လမ်းလွှဲခြင်းခံရမှုအပေါ် ဆင်ခြင်ခြင်း

ဆူးဆန်း ဂျပန်နိုင်ငံ တစ်ခါတော့ လျူပိန်းလို့ခေါ်တဲ့ အထက်ပိုင်းခေါင်းဆောင်တစ်ယောက်က ကျွန်မတို့အသင်းတော်က ကိစ္စတွေကို စစ်ဆေးဖို့လာတယ်။...

အဆင့်အတန်းကို လက်လွှတ်ရာတွင် ကျွန်ုပ် လွတ်မြောက်သည်

ဟောင်လီ တရုတ်နိုင်ငံ ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ ခေါင်ဆောင်ရာထူးတစ်ခု ကျွန်မယူခဲ့တယ်။ တစ်ကြိမ် စုဝေးပွဲတစ်ခုမှ ကျွန်မရဲ့ မိတ်သဟာယကို...

ဝတ်ကျေတမ်းကျေလုပ်ဆောင်ခြင်းကို ကုစားပြီးနောက်မှသာ တာဝန်ကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်သည်

ကျင်းရှမ်း၊ ဂျပန် သာမန်အားဖြင့်၊ အစည်းအဝေးအတွင်း သို့မဟုတ် ကျွန်တော့်၏ ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်မှု လုပ်ဆောင်နေစဉ်အတွင်းတွင်၊ လူတို့ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။