အမေ ထောင်ကျစဉ်က
ကျွန်မအမေနဲ့ ကျွန်မတို့ အိမ်ကနေ ထွက်ပြေးတုန်းက ကျွန်မက ၁၅နှစ်ရှိပြီ။ ၂၀ဝ၂ခုနှစ် တစ်ညမှာ ကျွန်မတို့ နောက်ကျပြီး ထွက်ခဲ့တဲ့အချိန်ကို သတိရတယ်။ ကျွန်မအမေက ရဲတွေက သူ့ကိုဖမ်းဖို့လာနေပြီ၊ အိမ်မှာနေလို့မရဘူး၊ ချက်ချင်းထွက်သွားရမယ်ဆိုပြီး ကျွန်မကို ရုတ်တရက် တိုးတိုးလေးပြောတယ်။ သယ်လို့ရတဲ့ပစ္စည်းတွေကို ကသုတ်ကရက်နဲ့ စုသိမ်းပြီး အိမ်ကနေ အမြန်ထွက်ခဲ့ကြတယ်။ အဲဒီအချိန်ကတည်းက ကျွန်မအမေနဲ့ ကျွန်မ အိမ်ကို လုံးဝ မပြန်တော့ဘူး။ အဲဒါကြောင့် ကျွန်မအမေက ကျွန်မကို သူနဲ့အတူခေါ်မသွားဘူး။ သူက တခြားမြို့မှာပုန်းနေတုန်းမှာ ကျွန်မကို အမျိုးတွေနဲ့ထားခဲ့တယ်။ ကျွန်မအမေက စီးပွားရေးလုပ်နေတုန်းမှာ အဲဒီအမျိုးတွေကို အကူအညီပေးလေ့ရှိတယ်။ အခု ကျွန်မတို့က ဒုက္ခရောက်နေပေမဲ့ ဘာဖြစ်လာနိုင်မလဲဆိုတာကို သူတို့က စိုးရိမ်ပြီး အမှုမပတ်ချင်ကြဘူး။ သူတို့က ကျွန်မကို ခေါ်မထားချင်ဘူး။ ကျွန်မအမေကိုတောင် မကောင်းပြောလိုက်သေးတယ်။ ဘုရားကို ယုံကြည်တာကြောင့် အိမ်မရှိတော့ဘဲ ကိုယ့်ကလေးကိုတောင် ဂရုမစိုက်နိုင်တော့ဘူးဆိုပြီး ပြောကြတယ်။ သူတို့က ကျွန်မအမေကို ကျွန်မကို ခေါ်သွားစေချင်တယ်။ ကျွန်မအမေကိုသူတို့ အထင်လွဲတဲ့အပေါ် ကျွန်မ တော်တော်စိတ်ဆိုးခဲ့တာ။ ဒါတွေအားလုံးက ရဲတွေကြောင့်ဆိုတာ သိသာပါတယ်။ ကျွန်မအမေရဲ့ အမှားမဟုတ်ဘူးလေ။ အဲဒီနေရာကနေ ကျွန်မ ချက်ချင်းထွက်သွားချင်ခဲ့တယ်။ နောက်ထပ်တစ်မိနစ်တောင် မနေချင်ခဲ့ဘူး။ သိပ်မကြာခင်မှာ ကျွန်မအမေပြန်လာပြီး ကျွန်မကို ခေါ်ဖို့ မျှော်လင့်မိခဲ့တယ်။ အစပိုင်းမှာ ကျွန်မအမေ ထွက်သွားတုန်းက ကျွန်မအတွက် တော်တော်ခက်ခဲတယ်။ အားကိုးစရာတစ်ယောက်မှ မရှိဘူးလို့ ခံစားရပြီး တော်တော်ဒုက္ခခံရတယ်။ ကျွန်မမှာ မိဘက တစ်ယောက်တည်းရှိတာပါ။ ကျွန်မ သုံးနှစ်ပဲရှိတုန်းမှာ မိဘတွေက ကွာရှင်းခဲ့ကြတယ်။ ကျွန်မအမေနဲ့ ကျွန်မက အတူတူကျန်ရစ်ခဲ့ကြတာ။ လုံးဝ ကွဲမသွားကြဘူး။ ကျွန်မအမေက ကျွန်မကို ဂရုစိုက်နိုင်မှာမဟုတ်တော့တာကို တွေးမိတိုင်း ငိုမိတယ်။ ကျွန်မ ဝမ်းနည်းပြီး အကူအညီမဲ့နေတုန်းမှာ ဘုရားကို ဆုတောင်းတယ်။ ကျွန်မက “အဖ ဘုရားသခင်၊ ကျွန်မအမေက ကျွန်မကို ဂရုမစိုက်နိုင်တော့ပါဘူး။ ကျေးဇူးပြု၍ ကျွန်မကို ခွန်အားပေးပြီး ကူညီမစတော်မူပါ” ဆိုပြီး ပြောတယ်။ ဆုတောင်းပြီးတော့ အခုလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့တယ်။ “မကြောက်နှင့်၊ ကောင်းကင်ဗိုလ်ခြေတို့၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်နှင့်အတူ ဧကန်အမှန် ရှိလိမ့်မည်။ သူသည် သင့်ကို ထောက်မပေးပြီး သူသည် သင်၏ ဒိုင်းလွှားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၆)) “ရဲရင့်စွာ ရှေ့သို့တက်လှမ်းလော့။ ငါသည် သင်၏ခွန်အား ကျောက်ဆောင်ဖြစ်၏၊ ထို့ကြောင့် ငါ့အပေါ် အမှီပြုလော့။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) ဘုရားနှုတ်ကပတ်တော်က ကျွန်မအတွက် အမှုအရာတွေကို ရှင်းလင်းပေးတယ်။ ကျွန်မအမေက ကျွန်မဘေးမှာ မရှိတော့ပေမဲ့ ဘုရားသခင်က ကျွန်မနောက်မှာ ရပ်နေပြီး ဘုရားကို ကျွန်မ အမှီပြုနိုင်တယ်။ ဒီအခက်အခဲက ကျွန်မကို အနိုင်ယူခွင့်ပေးလို့မဖြစ်ဘူး။ ကျွန်မအမေကို အမှီပြုလို့ မရတော့ဘူး။ ကျွန်မ စိတ်ဓာတ်ကြံ့ခိုင်ဖို့ သင်ယူခဲ့ရတယ်။ အမှုအရာတွေက ဘယ်လောက်ခက်ခဲပါစေ၊ ဘယ်လောက်ကြမ်းတမ်းပါစေ၊ ဘုရားကို အမှီပြုပြီး ဇွဲလုံ့လ ရှိခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ အစ်မကျန်းရဲ့မိသားစုဆီ သွားနေခဲ့တယ်။ သူတို့မိသားစုသုံးယောက်လုံးက ယုံကြည်သူတွေပဲ။ ကျွန်မတို့ သွေးသားမတော်စပ်ပေမဲ့ ကျွန်မကို ကောင်းကောင်းဆက်ဆံကြတယ်။ အစ်ကျန်းရဲ့ သမီးက ကျွန်မကို ဘုရားနှုတ်ကပတ်တော်တွေ ခဏခဏဖတ်ပြပြီး သမ္မာတရားကို မိတ်သဟာယပြုတယ်။ ကျွန်မအမေက ကျွန်မဘေးမှာ မရှိနိုင်ပေမဲ့ ကျွန်မ အထီးကျန်သလိုမခံစားခဲ့ရဘူး။ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေနဲ့နေရတာ တော်တော်နှစ်သက်မိတယ်။
အဲဒါ ၂၀ဝ၃ခုနှစ်မှာ ဖြစ်ခဲ့တာ။ ကျွန်မအမေက တခြားမြို့တစ်ခုမှာ ဧဝံဂေလိ ဖြန့်နေတာ။ တစ်နေ့မှာ ကျွန်မနဲ့ ဆုံချင်တယ်လို့ပြောတဲ့ စာတစ်စောင်ကို သူက ကျွန်မဆီပို့လိုက်တယ်။ သတ်မှတ်ထားတဲ့နေရာနဲ့အချိန်မှာ ကျွန်မကို စောင့်ဖို့ပြောတယ်။ သူ့စာကို ရတော့ ကျွန်မ အရမ်းပျော်ပြီး စိတ်လှုပ်ရှားပြီး အဲဒီညမှာ အိပ်လို့တောင် မပျော်ဘူး။ ဆုံဖို့နေ့ကို ရောက်တော့ ကျွန်မတို့ ဆုံမယ့်နေရာကို ကျွန်မ အချိန်မှီရောက်ခဲ့တယ်။ ဒါပေမဲ့ တစ်နာရီကြာစောင့်ပြီးတော့ သူ့ရဲ့အရိပ်အယောင်ကို မတွေ့ရသေးဘူး။ သူ့ဖုန်းဆီကို ကျွန်မ သုံးလေးကြိမ်စာပို့ပေမဲ့ လုံးဝ စာမပြန်ဘူး။ နောက်ဆုံးမှာ နေ့လည်ကနေ အဲဒီနေ့ ည၈နာရီအထိ စောင့်နေခဲ့ပေမဲ့ သူက လုံးဝမလာဘူး။ ကျွန်မ တော်တော်စိတ်ပျက်သွားပြီး တစ်ခုခုတော့ လွဲနေနိုင်တယ်လို့ ခံစားမိတယ်။ နောက်တစ်နေ့မှာ ကျွန်မခေါင်းဆောင်က ကျွန်မကို သတင်းပေးတယ်။ အရင်နေ့က ညီအစ်ကိုမောင်နှမ ရှစ်ယောက်က ဧဝံဝေလိ ဖြန့်ဝေနေတုန်းမှာ အဖမ်းခံခဲ့ရပြီး အဲဒီထဲက တစ်ယောက်က ကျွန်မရဲ့ အမေတဲ့။ သူက ကျွန်မအမေကို ကျွန်မဆက်သွယ်ဖို့အသုံးပြုတဲ့ ဖုန်းကို ချက်ချင်းဖျက်ဆီးလိုက်ဖို့ ပြောတယ်။ ဒီသတင်းကိုကြားတော့ ကျွန်မတော်တော်စိတ်ပူသွားတာပေါ့။ ကျွန်မ ဘုရားသခင်ကို အကြိမ်ကြိမ် ဆုတောင်းတယ်။ ကျွန်မအမေကို ဘေးကင်းအောင် ကွယ်ကာပြီး သက်သေခံအောင် ကူညီမစဖို့ တောင်းလျှောက်ခဲ့တယ်။ အဲဒီအချိန်အတွင်းမှာ ကျွန်မအမေကို တွေးမိတိုင်း စိတ်မထိန်းနိုင်ဘဲ ငိုမိခဲ့တယ်။ သူ အရိုက်ခံရမလား၊ အနှိပ်စက်ခံရမလားဆိုပြီး ခဏခဏ စိတ်ပူမိတယ်။ ထောင်ထဲမှာ သူ တော်တော်ဒုက္ခခံနေရမှာပဲ။ ဘယ်တော့မှ လွတ်မှာလဲ ပေါ့။ ကျွန်မက အလွန်အကျွံစိတ်ပူပြီးတော့ တစ်နေ့မှာ ရုတ်တရက် မူးမေ့သွားတယ်။ နောက်ဆုံးမှာ ကျွန်မ သတိရလာတော့ နံရံကို အမှီအဖြစ်အသုံးပြုပြီး ကျွန်မအခန်းဆီကို တဖြည်းဖြည်းနဲ့ ထော့နဲ့ထော့နဲ့ လျှောက်သွားလိုက်တယ်။ ပြီးတော့ ကျွန်မ ဘယ်လောက်အထီးကျန်ပြီး ကူကယ်ရာမဲ့နေကြောင်းကို တွေးရင်း အိပ်ရာထဲမှာ ငိုနေမိတယ်။ ကျွန်မ စိတ်မသက်မသာဖြစ်နေဆုံးအချိန်မှာ ကျွန်မကို လမ်းပြခဲ့တာက ဘုရားသခင်ပဲ။ ဓမ္မတေးသီချင်းတစ်ပုဒ်ကို ကျွန်မ သတိရမိတယ်။ “ကျွန်ုပ်၏ စစ်ဆေးခြင်းအတွင်း၊ ကိုယ်တော်၏ နှလုံးသားက ကျွန်ုပ်အတွက် ဆို့နင့်သည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ် ချို့တဲ့သည့်အရာကို ထောက်ပံ့ပေ။ ကျွန်ုပ် ဝမ်းနည်းသည့်အခါ၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို နှစ်သိမ့်ပေ။...” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက ကျွန်ုပ်၏ စိတ်နှလုံးကို အရည်ပျော်စေပြီ”) ဒါဟာ ဘုရားရဲ့လမ်းပြမှုပဲဆိုတာ ကျွန်မ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့တယ်။ ကျွန်မက တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ ချက်ချင်း သဘောပေါက်သွားတယ်။ ကျွန်မက ဘုရားသခင်နဲ့အတူရှိနေတာပါ။ အဆင်းနီသောနဂါးကြီးရဲ့ ဖိနှိပ်မှုကြောင့် ကျွန်မအမေက ကျွန်မနဲ့အတူရှိမနေနိုင်ခဲ့ဘူး။ ကျွန်မကို စောင့်ရှောက်ပြီး နှစ်သိမ့်မပေးနိုင်ခဲ့ဘူး။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မဘေးကနေ ထွက်မသွားခဲ့ပါဘူး။ ကျွန်မရဲ့ အမှောင်မိုက်ဆုံးအချိန်မှာ ဘုရားသခင်က ကျွန်မကို နှစ်သိမ့်ဖို့ ရှိနေခဲ့တယ်။ သူဟာ အရမ်းကို နီးကပ်နေတယ်လို့ ကျွန်မခံစားရပြီး သူကသာ ကျွန်မ အမှန်တကယ် အမှီပြုနိုင်တဲ့ တစ်ဦးတည်းသောသူပဲဆိုတာ သဘောပေါက်ခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာတွေးလိုက်တယ်။ “ဘုရားက ငါ့ကို ဒီလိုမျိုး လမ်းပြနိုင်ရင် ငါ့အမေကိုလည်း သူ့အခက်အခဲတွေတစ်လျှောက်မှာ ကူညီပေးနိုင်မှာပဲဆိုတာ ငါသေချာတယ်” ပေါ့။ ဒါကို ကျွန်မ သဘောပေါက်လိုက်တော့ ကျွန်မ နည်းနည်းစိတ်ရွှင်သွားပြီး ကျွန်မအမေရဲ့ အခြေအနေအပေါ် စိတ်ပူတာ၊ စိုးရိမ်တာ လျော့သွားတယ်။ နောက်ပိုင်းမှာ ကျွန်မအမေနဲ့ တွေ့ရတယ်။ သူက ထောင်ထဲမှာ လေးလကြာပြီး သူလွတ်အောင်လုပ်ပေးဖို့ အဆက်အသွယ်တစ်ခုကို သူအသုံးပြုတဲ့အခါမှ လွတ်လာခဲ့တယ်။ ကျွန်မတို့ ဆုံကြတော့ သူက ကျွန်မကို အရမ်းစိတ်ပူနေပြီး အကြံဉာဏ်တွေ အများကြီးပေးတယ်။ ကျွန်မတို့ မိတ်သဟာယဖွဲ့ပြီး အချင်းချင်း အားပေးကြတယ်။ ပြီးတော့ ကျွန်မတို့ ဘာပဲဖြစ်ဖြစ် ဘုရားနောက်ကို အမြဲလိုက်ပြီး ကျွန်မတို့တာဝန်တွေကို ထမ်းဆောင်မယ်ဆိုပြီး ကတိပြုခဲ့ကြတယ်။
အဲဒီတုန်းက စက်တင်ဘာလဖြစ်ပြီး ကျွန်မအမေက တခြားမြို့တစ်မြို့မှာ ဧဝံဂေလိဖြန့်နေသေးတာကို ကျွန်မ သတိရတယ်။ အရေးကြီးတဲ့တာဝန်တစ်ခုရှိတဲ့ အစ်မတစ်ယောက်က အဖမ်းခံရပြီး သူနဲ့ အဆက်အသွယ်လုပ်ခဲ့တဲ့ လူတွေ အများကြီး အန္တရာယ်ရှိပြီး နေရာပြောင်းရွှေ့ရတယ်ဆိုတာ ကျွန်မ ကြားမိတယ်။ ကျွန်မ ကိုယ့်ဘာသာစဉ်းစားတယ်။ ဒီအစ်မက ဘယ်သူဖြစ်နိုင်လဲပေါ့။ အဲဒီနောက်တော့ ကျွန်မခေါင်းဆောင်က ကျွန်မဆီလာပြီးပြောတယ်။ ကျွန်မအမေနဲ့ ဆက်သွယ်ဖို့ အသုံးပြုတဲ့ ဆင်းကဒ်ကို ဖျက်ဆီးပစ်ဖို့လိုတယ်တဲ့။ အဖမ်းခံရတာက ကျွန်မအမေဆိုတာ ကျွန်မ ချက်ချင်းသဘောပေါက်လိုက်တယ်။ ဒီတစ်ကြိမ်က ဘုရားနှုတ်ကပတ်တော်စာအုပ်တွေကို ပုံနှိပ်လို့ သူ အဖမ်းခံရတာဖြစ်ပြီး ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက် နှိပ်စက်ခံရနိုင်တယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ နောက်တစ်နေ့မှာ ကျွန်မ တော်တော်စိုးရိမ်ပြီး ညမှာ အိပ်မရခဲ့ဘူး။ သိပ်မကြာခင်မှာပဲ ညီအစ်ကိုမောင်နှမ ၂၀ ကျော်အဖမ်းခံရပြီး သူတို့အားလုံး အနှိပ်စက်ခံရတယ်ဆိုတာကို ကျွန်မ သိလိုက်ရတယ်။ ဒါကို ကြားတော့ ကျွန်မပိုပြီးတော့တောင် စိတ်ပူသွားတယ်။ ကျွန်မအမေက ချက်ချင်းပဲ အနှိပ်စက်ခံနေရတာလား။ သူ အသက်ရှင်ရဲ့လား၊ သေပြီလားပေါ့။ ကျွန်မအမေက တကယ်အန္တရာယ်ရှိနေပြီ။ ဒါပေမဲ့ ကျွန်မလုပ်နိုင်တာက စိတ်ပူတာ၊ ထိတ်လန့်တာပဲ။ သူ့အတွက် ဘာမှလုပ်မပေးနိုင်ခဲ့ဘူး။ ကျွန်မ တော်တော်ဆိုးဆိုး ခံစားရတယ်။ ကျွန်မအမေက ဒီလို အန္တရာယ်ရှိတဲ့တာဝန်တစ်ခုကိုသာ မယူခဲ့ရင် အဖမ်းခံရပြီး အနှိပ်စက်ခံရမှာမဟုတ်ဘူးလို့ပဲ တွေးနေမိတယ်။ တရုတ်ပြည်မှာ ဘုရားကို ယုံကြည်ရတာက တော်တော်ခက်ခဲပြီး တော်တော်အန္တရာယ်ရှိတယ်။ အဲဒီအချိန်ကာလမှာ ကျွန်မတော်တော် အားနည်းနေခဲ့တယ်။ ကျွန်မက အာရုံထွေပြားနေပြီး လမ်းပျောက်နေတယ်။ ဘာကိုမှ မလုပ်ချင်နေဘူး။ ဘာအားအင်မှမရှိသလို ကျွန်မတာဝန်မှာ စိတ်မပါနေဘူး။ နေ့တိုင်းပဲ ကျွန်မလုပ်တာက ဘုရားကိုဆုတောင်းပြီး ကျွန်မအမေကို ကွယ်ကာဖို့ တောင်းလျှောက်တာပဲ။
တစ်နေ့မှာ အခုလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့တယ်။ “ယောဘသည် တောင်များအပေါ် ပြည့်လျှံနေသော သူ၏ခြံမွေးတိရစ္ဆာန်နှင့် သူ၏ မပြောပြနိုင်လောက်သော စည်းစိမ်ချမ်းသာများ ဆုံးရှုံးသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် အနာစိမ်းများနှင့် ဖုံးလွှမ်းခံခဲ့ရသောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ယေဟောဝါဖြစ်သော ငါ၏အသံကို ကြားနိုင်ခဲ့ပြီး၊ ငါ၏ ဘုန်းအာနုဘော်ကို မြင်နိုင်ခဲ့သောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ပေတရုသည် ယေရှုခရစ်တော်နောက် လိုက်နိုင်ခဲ့ခြင်းမှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ငါ့အတွက်ကြောင့် ကားတိုင်ပေါ်မှာ သံမှိုစွဲနှက်ခြင်းခံရပြီး ကောင်းမြတ်သော သက်သေခံနိုင်ခဲ့သည်မှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။...လူတို့သည် ၎င်းတို့၏ ယုံကြည်ခြင်းကြောင့် အမှုအရာများစွာကို ရရှိခဲ့ကြသည်။ ယင်းသည် ကောင်းချီးမင်္ဂလာတစ်ရပ် အမြဲမဟုတ်ပေ။ ဒါဝိဒ် ခံစားခဲ့ရသော ပျော်ရွှင်မှုနှင့် ဝမ်းမြောက်ခြင်းမျိုးကို မခံစားခဲ့ရဘဲ ရှိချင်ရှိနိုင်သည်၊ သို့မဟုတ် မောရှေပြုသကဲ့သို့ ယေဟောဝါအား ရေပေးကမ်းစေခြင်း မရှိဘဲ ဖြစ်နိုင်သည်။ ဥပမာအားဖြင့်၊ ယောဘသည် သူ၏ယုံကြည်ခြင်းကြောင့် ယေဟောဝါ၏ ကောင်းကြီးပေးခြင်းခံခဲ့ရသော်လည်း၊ သူသည် ကပ်ဆိုက်မှုကိုလည်း ခံစားခဲ့ရသည်။ သင့်အနေဖြင့် ကောင်းချီးမင်္ဂလာ ခံစားရသည်ဖြစ်စေ ကပ်ဆိုက်မှု ခံစားရသည်ဖြစ်စေ၊ နှစ်ခုလုံးသည် မင်္ဂလာရှိသော ဖြစ်ရပ်များ ဖြစ်ကြသည်။ ယုံကြည်ခြင်းမရှိလျှင် သင်တို့သည် ဤသိမ်းပိုက်ခြင်းအလုပ်ကို ရရှိနိုင်လိမ့်မည်မဟုတ်၊ ယနေ့ သင်တို့မျက်မှောက်၌ ပြသသော ယေဟောဝါ၏ လုပ်ဆောင်ချက်များကို သာ၍ပင်မမြင်နိုင်ပေ။ သင်တို့ မြင်တွေ့နိုင်လိမ့်မည် မဟုတ်သလို ရရှိနိုင်စွမ်း သာ၍ပင် မရှိနိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)) ကျွန်မ စဉ်းစားတယ်။ “ဟုတ်တယ်။ ကျွန်မတို့တွေ ကောင်းချီးခံရသည်ဖြစ်စေ၊ ဘေးဒုက္ခခံရသည်ဖြစ်စေ အားလုံးက ဘုရားလက်ထဲမှာရှိတယ်။ ကျွန်မတို့ယုံကြည်ခြင်းမှာ ဖြတ်သန်းရတဲ့ အခက်အခဲတွေနဲ့ စမ်းသပ်မှုတွေက ကျွန်မတို့ကို ချီးမြှောက်ပြီး စမ်းသပ်နေတဲ့ ဘုရားသခင်ရဲ့ နည်းလမ်းပဲ” ပေါ့။ ယောဘလိုပဲ။ ယောဘရဲ့ သားသမီးတွေ၊ မွေးမြူရေးတိရစ္ဆာန်တွေ ဆုံးရှုံးပြီး သူ့ကိုယ်ခန္ဓာကို အနာစိမ်းတွေ၊ ဒဏ်ရာတွေနဲ့ ပြည်တည်အောင်လုပ်ပြီး ဘုရားကို ငြင်းပယ်စွန့်ပစ်အောင်လုပ်ဖို့အတွက် စာတန်က ယောဘကို စုံစမ်းသွေးဆောင်နိုင်ဖို့ ဘုရားနဲ့ အလောင်းအစားလုပ်ခဲ့တယ်။ ယောဘကို စမ်းသပ်ပြီး သူ့ယုံကြည်ခြင်းကို စုံလင်စေဖို့အတွက်လည်း ဒီစမ်းသပ်မှုကို ဘုရားကအသုံးပြုနေတာပါ။ ယောဘက ဘုရားသခင်ကို အပြစ်မတင်ရုံမကဘဲ ဘုရားကို ချီးမွမ်းပြီးတော့ ပြောခဲ့တယ်။ “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” (ယောဘဝတ္တု ၂:၁၀) “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘဝတ္တု ၁:၂၁) ယောဘက ဘုရားသခင်အတွက် သက်သေရပ်တည်ခဲ့ပြီး သူ့ရဲ့ ချီးမွမ်းခြင်းကို ရရှိခဲ့တယ်။ ပြီးတော့ လေပွေထဲကနေ ဘုရားရဲ့အသံကိုတောင် သူကြားခဲ့တယ်။ ရလဒ်အနေနဲ့ ဘုရားသခင်အပေါ် ပိုပြီးတော့တောင် စစ်မှန်တဲ့ ယုံကြည်ခြင်းကို သူရခဲ့ပြီး ဒါက သူ့အတွက် ပိုပြီးတော့တောင် ကြီးမားတဲ့ ကောင်းချီးတစ်ခုပဲ။ အပြင်ပန်းမှာတော့ ကျွန်မအမေက အဆင်းနီသောနဂါးကြီးရဲ့ ထိခိုက်မှုကို ခံရတာက ဘေးဒုက္ခရောက်သယောင်ရှိပေမဲ့ တကယ်တော့ ကျွန်မတို့ ယုံကြည်ခြင်းကို စမ်းသပ်ပြီး စုံလင်စေဖို့ ဘုရားသခင်က ဒါကို အသုံးပြုနေတာဆိုတာ ကျွန်မ စဉ်းစားမိတယ်။ ဒါဟာ ဘုရားသခင်ရဲ့ ချီးမြှောက်ခြင်းပဲ။ စာတန်က ကျွန်မကို စောင့်ကြည့်နေပြီး ကျွန်မရဲ့ အခြေအနေကို သိအောင်လုပ်ဖို့ ကျွန်မကို ဘုရားသခင်က စောင့်နေတယ်ဆိုတာ ကျွန်မ ရုတ်တရက် သဘောပေါက်လိုက်တယ်။ ကျွန်မရဲ့အမေ အဖမ်းခံရတာကြောင့် ကျွန်မက ဘုရားသခင်အပေါ် ယုံကြည်ခြင်းပျောက်ဆုံးပြီး ဘုရားကို ငြင်းပယ်၊ သစ္စာဖောက်မလားဆိုတာ ကြည့်ဖို့ သူတို့က စောင့်နေကြတာပဲ။ ဒါကို ကျွန်မ သဘောပေါက်တော့ ဘုရားဘက်ကနေ ရပ်တည်ဖို့၊ ဘုရားကို အပြစ်မတင်ဖို့၊ သစ္စာမဖောက်ဖို့ ဘုရားကို ကျေနပ်စေဖို့အတွက် ကျွန်မတာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒရှိလာခဲ့တယ်။ ဘုရားရဲ့ ရည်ရွယ်ချက်ကို ကျွန်မ နားလည်ပြီးတဲ့နောက်မှာ ကျွန်မအမေအပေါ် အရမ်းစိုးရိမ်ပြီး စိတ်ပူနေတာကို ရပ်လိုက်ပြီး ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို နာခံဖို့ ဆန္ဒရှိလာခဲ့တယ်။
အလုပ်ကြမ်းနဲ့ပညာပေး နှစ်နှစ်ချခံရတာ။ ကျွန်မ သိသွားတဲ့အချိန်မှာ တော်တော်လန့်သွားတယ်။ နှစ်နှစ်ဆိုတာ တော်တော်ကြာတဲ့အချိန်ပဲ။ ထောင်ထဲမှာ နေရတဲ့အခြေအနေနဲ့ အစားအစာတွေက ဆိုးတယ်။ နေ့တိုင်းအလုပ်လုပ်ရတယ်။ အဲဒီ ငရဲဆန်တဲ့ အခြေအနေတွေနဲ့ လူမဆန်တဲ့ ဆိုးဝါးတဲ့ဆက်ဆံမှုတွေကို ကျွန်မအမေက ဘယ်လိုဖြတ်သန်းမလဲ။ သူက အသက် ၅၀ ကျော်နေပြီ။ ဒီလိုနှိပ်စက်မှုကို သူ့ကိုယ်ခန္ဓာက ထပ်ပြီး တကယ်တမ်း ခံနိုင်ပါ့မလား ပေါ့။ တစ်နေ့မှာ အခုလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့တယ်။ “ကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ရောက်ရှိလာသည့်အချိန်မှစ၍ သင်သည် သင်၏တာဝန်ကို စတင်ဖြည့်ဆည်းရပေတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် သူ၏ချမှတ်ဆုံးဖြတ်မှုအတွက် သင်၏ကဏ္ဍကို သင်ဆောင်ရွက်ပြီး သင့်ဘဝ၏ ခရီးစဉ်ကို စတင်ရတော့သည်။ သင့်နောက်ကြောင်းနှင့် သင့်ရှေ့ဆက်ခရီးတို့ မည်သို့ပင် ဖြစ်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်ခြင်းများကို မရှောင်နိုင်သကဲ့သို့၊ မိမိကံတရားကို ထိန်းချုပ်နိုင်သူလည်း မရှိပေ၊ အကြောင်းမှာ အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရားသခင်တစ်ပါး တည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) လူတစ်ယောက်ချင်းစီက သူတို့ဘဝမှာ အခန်းကဏ္ဍနဲ့ ရည်ရွယ်ချက်ရှိတယ်၊ ကိုယ့်ရဲ့ဘဝလမ်းကြောင်းကို ဘုရားသခင်က ဟိုးအရင်ကတည်းက ကြိုတင်သတ်မှတ်ထားပြီးဖြစ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်အောင် ကူညီပေးခဲ့တယ်။ ကျွန်မအမေက သူလုပ်ရမယ့် အခန်းကဏ္ဍနဲ့၊ ပြီးမြောက်ရမယ့် တာဝန်တစ်ခုရှိနေတယ်။ ထောင်ထဲမှာ နှစ်နှစ်ဆိုတာ ကြာတဲ့အချိန်ပဲ။ ဒါပေမဲ့ ဒါဟာ သူဖြတ်သန်းရမယ့်အရာတစ်ခုပါ။ ဒုက္ခတွေကို သူဘယ်လောက်ခံနိုင်မယ်ဆိုတာတော့ ဘုရားအပေါ်မူတည်တယ်။ ဘုရားသခင်က သူ့ကို စမ်းသပ်ဖို့အတွက် အဆင်းနီသောနဂါးကြီးရဲ့ ထိခိုက်မှုကို ခံရပြီး၊ အဖမ်းခံရပြီး ထောင်ထဲရောက်ခွင့်ကို ပေးခဲ့တယ်။ သူ့အတွက် သက်သေရပ်တည်ဖို့ အခွင့်အလမ်းကို ဘုရားက သူ့ကို ပေးနေတာပါ။ ကျွန်မ ဂုဏ်ယူသင့်တယ်။ ဒီအခြေအနေကနေ သင်ယူဖို့ သင်ခန်းစာတွေကိုလည်း ကျွန်မ ရခဲ့တယ်။ အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ဘုရားသခင်ကို စောဒကတက်ပြီး အပြစ်မတင်ဖို့၊ ဘယ်လို နာခံပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ရမယ်ဆိုတာကို သင်ယူဖို့ လိုအပ်ခဲ့တယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီးတဲ့နောက်မှာ ကျွန်မ ဘုရားဆီကို ဆုတောင်းခဲ့တယ်။ ကျွန်မအမေက ဘုရားလက်ထဲမှာရှိတယ်လို့ပြောပြီး သူသက်သေရပ်တည်နိုင်ဖို့အတွက် ထောင်ထဲမှာ သူ့ကို ကွယ်ကာပေးဖို့ ဆုတောင်းခဲ့တယ်။
တစ်နှစ်ခွဲကြာပြီးတော့ ကျွန်မအမေက ထောင်ကနေစောပြီးထွက်လာတယ်ကြားတော့ သူ့ကို ကျွန်မ ဆက်သွယ်ခဲ့တယ်။ ရဲတွေနောက်ကလိုက်ပြီး စောင့်ကြည့်တာကို မခံရဖို့အတွက် ချွေးထုတ်ခန်းတစ်ခုမှာ ဆုံဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီနေ့မှာ ကျွန်မ တစ်နာရီစောပြီးရောက်တယ်။ ကျွန်မ နှလုံးက မျှော်လင့်ချက်တွေနဲ့ အရမ်းခုန်နေတယ်။ ကျွန်မအမေကို တွေ့ရဖို့ အရမ်းစိတ်လှုပ်ရှားနေခဲ့တာပေါ့။ ဝင်ပေါက်ကို ကျွန်မ မျက်ခြေမပြတ်စောင့်ကြည့်နေတယ်။ အဲဒီမှာ ပြတင်းပေါက်ကနေ ပိန်ချုံးနေတဲ့ လူလတ်ပိုင်းအမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူဝင်လာပြီးတော့ သူက သူ့သမီးက အထဲမှာ သူ့ကိုစောင့်နေတယ်လို့ ဝန်ထမ်းတစ်ယောက်ကို ပြောလိုက်တယ်။ သူစကားပြောတာကို ကျွန်မကြားရတော့ ဒါ “ငါ့အမေရဲ့ အသံမဟုတ်လား”ဆိုပြီး စဉ်းစားမိတယ်။ နည်းနည်းလောက်ကြာမှ သဘောပေါက်သွားတယ်။ သူသာ စကားမပြောရင် သူ့ကို လုံးဝ မှတ်မိမှာမဟုတ်ဘူး။ ကျွန်မအမေက အရပ်ရှည်ပြီး ဖြောင့်တန်းတဲ့ ကိုယ်ဟန်ရှိပြီး လှပကြော့ရှင်းမှုရှိတယ်။ ဒါပေမဲ့ သူ ဝိတ်တော်တော်ကျသွားပြီး ပိုပြီး ခါးကုန်းနေသလိုပဲ။ သူက အရင်ကနဲ့ လုံးဝမတူဘူး။ ကျွန်မ သူ့ဆီကို ချက်ချင်းပြေးသွားပြီး အော်လိုက်တယ်။ “အမေ”။ ကျွန်မအမေက ကျွန်မဘက်ကို လှည့်လိုက်တော့ သူ့မျက်နှာက အရမ်းပိန်လှီနေပြီး သူ့ကို ကျွန်မ မမှတ်မိနိုင်ဘူး။ သူ့အသားအရေက ဖြူဖတ်ဖြူရော်ရှိနေပြီး ပိန်ပြီး နွမ်းနယ်နေပုံပေါ်နေတယ်။ သူက အရမ်းနှိုးဆွခံထားရတဲ့သူတစ်ယောက်လိုမျိုး သူ့မျက်လုံးမှာ မှိုင်းနေတဲ့အကြည့်တွေရှိနေတယ်။ သူ့ကို ဒီလိုမျိုးမြင်ရတော့ ကျွန်မ လဲကျသွားမလိုဖြစ်ခဲ့ရတယ်။ ထောင်ထဲမှာ သူ ဘယ်လိုဖြတ်သန်းခဲ့ရတယ်ဆိုတာ ကျွန်မ မြင်ယောင်ကြည့်လို့မရနိုင်ခဲ့ဘူး။ အဲဒါကို ကျွန်မ မတွေးရဲဘူး။ ကျွန်မ မျက်လုံးမှာ မျက်ရည်တွေ ဝဲလာတယ်။ ကျွန်မအမေက ကျွန်မဘေးမှာထိုင်ပြီး ကျွန်မလက်ကို တင်းတင်းကိုင်ထားရင်းနဲ့ ဒီနှစ်တွေမှာ ကျွန်မ ဘယ်လိုအခြေအနေရှိလဲဆိုတာ မေးတယ်။ သူ ထောင်ထဲမှာရှိနေတုန်းမှာ ကျွန်မကို အစိုးရိမ်ဆုံးဖြစ်ပြီး ကျွန်မအတွက် ခဏခဏဆုတောင်းခဲ့တယ်လို့ ပြောတယ်။ ကျွန်မ ဒီစိတ်ဒဏ်ရာကို မခံနိုင်ဖြစ်ပြီး ဘုရားကို ကျောခိုင်းမှာကို သူ ကြောက်နေခဲ့တယ်။ ကျွန်မက ဘုရားကို ယုံကြည်နေဆဲဖြစ်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်နေတာကို သူကြားရတော့ တော်တော်ပျော်နေခဲ့တယ်။ ကျွန်မတို့အဝတ်လဲခန်းထဲမှာရောက်နေတုန်း ကျွန်မအမေ ဘယ်လောက်ပိန်သွားတယ်ဆိုတာ တွေ့ရတော့ သူ့အတွက် ကျွန်မ ရင်နာမိတယ်။ သူ တစ်ဖက်ကိုလှည့်တော့ သူ့ရဲ့ဘယ်ဘက်ပခုံးမှာ အမာရွတ်တစ်ခုရှိနေတာကို တွေ့ရတယ်။ အမာရွတ်က မဲနေပြီး ပခုံးရိုးက ကျိုးထားသလိုမျိုး အလယ်မှာနစ်ဝင်နေတယ်။ သူ့ကို ဒီလိုမျိုးမြင်ရတာကို ကျွန်မမခံနိုင်ခဲ့ဘူး။ ကျွန်မ မျက်ရည်တွေကို ထိန်းလိုက်ပြီး သူ့ကိုမေးတယ်။ “ဒီအမာရွတ်ကို ဘယ်လိုရခဲ့တာလဲ။ ရဲတွေက အမေ့ကို ရိုက်တာလား။ နာသေးလား” ပေါ့။ ကျွန်မအမေက ကျွန်မစိတ်ပူမှာစိုးပြီး ဘာမှမဖြစ်ဘူး၊ ပျောက်သွားပြီဆိုပြီးပြောတယ်။ နှစ်တွေကြာပြီးမှ ကျွန်မသိလိုက်ရတာက ကျွန်မအမေက အဖမ်းခံရပြီးနောက်မှာ ကြမ်းကြမ်းတမ်းတမ်း အနှိပ်စက်ခံရတာ။ ကျွမ်းကျင်အောင်လေ့ကျင့်ထားတဲ့ ရဲတစ်ယောက်က ပခုံးကို အချက် ၃၀ ထိုးခဲ့ပြီး အရိုးတွေ အများကြီးကျိုးအက်သွားတယ်။ သူ့ပခုံးက အဆစ်လွဲပြီး ကျောရိုးအဆစ်တွေအများကြီး နေရာလွဲကုန်တယ်။ ကျေးဇူးတော်ကြောင့်ပဲ။ ဘုရားသခင်က ကာကွယ်ပေးလို့ ကျွန်မအမေက ဆန်းကြယ်စွာနဲ့ပဲ အပြည့်အဝပြန်သက်သာလာပြီး သူအရိုးကျိုးတာတွေအားလုံးက လုံးဝ ကောင်းသွားတယ်။ ထောင်ဆရာဝန်တွေတောင်မှ သူပြန်ကောင်းတာမြန်လို့ အံ့သြကြတယ်။
အဲဒါပြီးတော့ သိပ်မကြာခင်မှာပဲ ကျွန်မတို့ လမ်းခွဲရတယ်။ ကျွန်မအမေက အခုလေးတွင် လွတ်လာတာဆိုတော့ ရဲတွေက သူ့ကိုစောင့်ကြည့်နေနိုင်သေးတာကြောင့်လေ။ ကျွန်မ ဘေးကင်းဖို့အတွက် နည်းနည်းလောက်ထပ်ပြီး ခွဲနေခဲ့ရတယ်။ အဲဒီအချိန်မှာ ကျွန်မအတွက် တော်တော်ခက်ပါတယ်။ သူ့ဘေးမှာနေပြီး သူ့ကို ဂရုစိုက်ကူညီချင်တယ်။ ဒါပေမဲ့ အဆင်းနီသောနဂါးကြီးရဲ့ ဖိနှိပ်မှုကြောင့် သမီးတစ်ယောက်အနေနဲ့ ကျွန်မရဲ့ ဝတ္တရားကောိတင် မဖြည့်ဆည်းနိုင်ခဲ့ဘူး။ ကျွန်မ နေလို့ကိုမကောင်းပါဘူး။ အိမ်အပြန်လမ်းမှာ ကျွန်မအမေရဲ့ အားနည်းနေတဲ့ ခန္ဓာကိုယ်နဲ့ သူ့ပခုံးပေါ်က အမာရွတ်ပုံတွေက ကျွန်မခေါင်းထဲမှာ တဖျတ်ဖျတ်ပေါ်လာနေတယ်။ ပုံတစ်ခုဖျတ်ကနဲပေါ်လာတိုင်းမှာ အသစ်တစ်ခါစိတ်ဆင်းရဲရတယ်။ ဒီရဲတွေက သူ့ကို ဘယ်လိုများနှိပ်စက်ပြီး ကြမ်းကြမ်းတမ်းတမ်းပြုမူခဲ့သလဲဆိုတာ ကျွန်မ တွေးလို့မရဘူး။ ကျွန်မ တော်တော်နာကြည်းမိတယ်။ အဆင်းနီသောနဂါးကြီးက အရမ်းကြမ်းတမ်းပြီးဆိုးယုတ်တယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်က စိတ်ထဲမှာ ပေါ်လာတယ်။ “ထိုအခါ လူ့ဇာတိခံယူ ဘုရားသခင်သည် လုံးလုံး ကွယ်ဝှက်လျက် ရှိမြဲရှိနေသည်မှာ သိပ်အံ့သြစရာ မဟုတ်ချေ။ မကောင်းဆိုးဝါးများက အကြင်နာမဲ့ပြီး လူမဆန်သည့် ဤကဲ့သို့သော အမှောင်လူ့အဖွဲ့အစည်းတွင် မျက်တောင် တစ်ချက်မျှ မခတ်ဘဲ လူများကို သတ်သော နတ်ဆိုးတို့၏မင်းသည် ချစ်ခင်ဖွယ်ဖြစ်ပြီး ကြင်နာကာ သန့်လည်းသန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို မည်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို ၎င်းသည် အဘယ်သို့ ဂုဏ်ပြုကာ သြဘာ ပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းဖြင့် ပြန်ဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား အထင်အမြင်သေးကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက်ကြသည်၊ ၎င်းတို့သည် အဆုံးစွန် ရိုင်းစိုင်းကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ်မျှ အရေးထားမှု မရှိကြပေ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ပျောက်ဆုံးကြပြီးဖြစ်သည်၊ အသိတရား အလုံးစုံကို ၎င်းတို့ ဆန့်ကျင်ကြကာ အပြစ်မဲ့သောသူကို အသိစိတ်မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) အဆင်းနီသောနဂါးကြီးရဲ့ ရက်စက်တဲ့၊ ဘုရားကို ဆန့်ကျင်တဲ့၊ မကောင်းဆိုးဝါးဆန်တဲ့ အနှစ်သာရကို ကျွန်မ ရှင်းရှင်းလင်းလင်းမြင်ခဲ့ပါတယ်။ ဒီရဲတွေက လူလတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်ကို ဘုရားကို ယုံကြည်တာနဲ့ပဲ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ကြတယ်။ အသက်ရှင်မလား၊ သေမလား ဂရုမစိုက်ကြဘူး။ ဒါကို ကျွန်မ အရမ်းစိတ်ဆိုးတယ်။ ဘုရားက လူသားမျိုးနွယ်ကိုပြုလုပ်ခဲ့တယ်။ ဒီတော့ ကျွန်မတို့က ဘုရားကို ယုံကြည်ပြီး ကိုးကွယ်သင့်တာပေါ့။ ဒါပေမဲ့ အဆင်းနီသောနဂါးကြီးက ဘုရားကို လူတွေငြင်းပယ်ပြီး သစ္စာဖောက်အောင် လူတွေကို နှိပ်စက်တာ၊ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတာက ဘယ်လိုမှ ရပ်တန့်မသွားဘူး။ သူတို့တွေက အရမ်းမုန်းတီးစရာကောင်းတယ်။ ဆိုးဝါးပြီး ရက်စက်တယ်။ အစိုးရအရာရှိတွေနဲ့ရဲတွေအားလုံးက လူကောင်းတွေလို့ ကျွန်မ ထင်ခဲ့ဖူးတယ်။ အဆင်းနီသောနဂါးကြီးရဲ့ ဖိနှိပ်မှုကို ခံရပြီးမှပဲ နိုင်ငံသားတွေက တရားဝင်လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိတယ်လို့ သူတို့တွေ ပြောဆိုကြတာတွေအားလုံးက လိမ်ညာ၊ လှည့်စားထားတာတွေဆိုတာ ကျွန်မ နားလည်သဘောပေါက်လိုက်ပါတယ်။ သူတို့တွေက ယုံကြည်သူတွေကို ထိတ်ထိတ်ပျာပျာနဲ့ ဖမ်းဆီးတယ်။ ဖိနှိပ်တယ်။ နှိပ်စက်တယ်။ ရိုက်တယ်။ အားလုံးကို အရမ်းသတ်ပစ်ချင်နေကြတယ်။ သူတို့တွေက ဘုရားကိုဆန့်ကျင်တဲ့မကောင်းဆိုးဝါးတစ်သိုက်ပါပဲ။ ကျွန်မရဲ့ နှလုံးသားထဲကနေကို သူတို့တွေအားလုံးကို မုန်းတယ်။ ဘုရားကို ကျွန်မရဲ့ စိတ်နှလုံးကိုပေးအပ်ချင်တယ်။ ဘုရားနောက်ကိုလိုက်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ချင်တယ်။
၂၀၁၃မှာ ကျွန်မအမေက ထပ်အဖမ်းခံရတယ်။ အစတော့ ကျွန်မ နည်းနည်းစိုးရိမ်တယ်။ “အမေက နောက်တစ်ခါထပ် နှိပ်စက်ခံရမှာလား။ ထောင်ကျခံရမှာလား။ သူ့ကိုယ်ခန္ဓာက နောက်ထပ်ထောင်ဒဏ်ကို တကယ်ခံနိုင်ပါ့မလား” ဆိုပြီး စဉ်းစားမိတယ်။ ကျွန်မ ဒီလိုတွေးနေတုန်းမှာပဲ ကျွန်မအမေက ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ အဖမ်းခံရတယ်ဆိုတာကို ကျွန်မ ချက်ချင်းသဘောပေါက်လိုက်မိတယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မနာခံပြီး ရှာဖွေသင့်တယ်။ အခုလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ တွေးမိတယ်။ “သင်တို့အား ပေးပြီးသော ကောင်းချီးမင်္ဂလာများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အတွက် ပြုထားခဲ့သော ကတိများကို သင်တို့ ရှာကြဖူးသလော။ ငါ့အလင်း၏ လမ်းပြပို့ဆောင်မှုအောက်တွင် သင်တို့သည် အမှောင် အင်အားများ၏ လည်ညှစ်ခြင်းကို ဧကန် ထိုးဖောက်ကျော်လွှားနိုင်လိမ့်မည်။ သင်တို့အား လမ်းပြနေသော အလင်းကို အမှောင်ထု၏ အလယ်တွင် သင်တို့ ဧကန်မုချ ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်သည် ဖန်ဆင်းခြင်းအားလုံး၏ အရှင်သခင် ဧကန်မုချ ဖြစ်လိမ့်မည်။ သင်သည် စာတန်၏ ရှေ့မှောက်တွင် အောင်မြင်သောသူတစ်ဦး ဧကန်မုချ ဖြစ်လိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံကျရှုံးချိန်တွင် သင်သည် ငါ၏ အောင်မြင်မှုကို သက်သေခံရန် မြောက်မြားလှစွာသော လူအုပ်ကြီး၏ အလယ်တွင် ရပ်ရလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် တည်ကြည်လျက် မယိမ်းယိုင်ဘဲ ဧကန် ရှိကြလိမ့်မည်။ သင်တို့ သည်းခံရသည့် ဆင်းရဲဒုက္ခများမှတစ်ဆင့်၊ သင်တို့သည် ငါ၏ ကောင်းချီးမင်္ဂလာများကို အမွေခံကြရလိမ့်မည် ဖြစ်ပြီး၊ စကြဝဠာ တစ်ခွင်လုံးတစ်လျှောက် ငါ၏ ဘုန်းအသရေကို ဧကန်မုချ တောက်ပစေကြလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၉)) ကျွန်မအမေက ဒီတစ်ခါအဖမ်းခံရတာဟာ ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ဖြစ်တယ်ဆိုတာ နားလည်အောင် ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ကူညီပေးခဲ့တယ်။ ဘုရားသခင်က ကျွန်မတို့ရဲ့ ယုံကြည်ခြင်းကို စုံလင်စေဖို့၊ ကျွန်မတို့ကို သမ္မာတရားပေးအပ်ဖို့၊ သူ့အတွက် ကျွန်မတို့ကို သက်သေရပ်တည်ခွင့်ပေးဖို့အတွက် အဆင်းနီသောနဂါးကြီးရဲ့ ဖိနှိပ်မှုကို အသုံးပြုပါတယ်။ သုံးလေးကြိမ်လောက် အဖမ်းခံရပြီး နောက်ဆုံးမှာ စီစီပီကြောင့် ထောင်ကျခြင်းနဲ့ ရင်ဆိုင်ရတဲ့အခါမှာ စာတန်ရဲ့ မှောင်မိုက်တဲ့ လွှမ်းမိုးမှုအားဖြင့် ချုပ်ချယ်ခြင်း မခံရတော့တဲ့ ယုံကြည်သူတွေအကြောင်းကို ညီအစ်ကိုမောင်နှမတွေက မိတ်သဟာယပြုတာကိုလည်း ကျွန်မကြားခဲ့ရတယ်။ သူတို့တွေက ဘယ်နှစ်ကြိမ်ပဲ အဖမ်းခံရပါစေ ဘုရားကိုယုံကြည်ဆဲဖြစ်ပြီး လွတ်လာတဲ့အခါမှာ သူတို့တာဝန်ကို ထမ်းဆောင်ကြတယ်။ လွတ်မြောက်ပြီး လွတ်လပ်သလို ခံစားကြရတယ်။ ဒါဟာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းပဲ။ ဘုရားရဲ့ ရည်ရွယ်ချက်ကို ကျွန်မနားလည်သွားတာနဲ့ ကျွန်မတော်တော်ကို တည်ငြိမ်အေးချမ်းသွားတယ်။ အမေ့အတွက် ဘုရားသခင်ဆီကို ကျွန်မဆုတောင်းခဲ့တယ်။ အဆင်းနီသောနဂါးကြီးရဲ့ လွှမ်းမိုးမှုကို မကြောက်ဖို့၊ ဘုရားအတွက် လေးနက်တဲ့သက်သေကိုခံအောင် သူ့ကို ကူညီပေးဖို့ ဘုရားကို တောင်းလျှောက်ခဲ့တယ်။ ဒီတစ်ကြိမ်မှာ ကျွန်မအမေနဲ့ ဘယ်လောက်ကြာအောင် ခွဲနေရမလဲဆိုတာ မသိပေမဲ့ ကျွန်မစိတ်နှလုံးမှာ ငြိမ်းချမ်းမှုကို ခံစားရတယ်။ သိပ်မကြာခင်မှာပဲ ကျွန်မတာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ စိတ်နှစ်ထားလိုက်တယ်။
နောက်ပိုင်းမှာ ကျွန်မ အမေက ပြောတယ်။ ရဲတွေက အရင်ကဥပဒေချိုးဖောက်ထားမှုတွေကို စစ်ဖို့ သူ့ရဲ့ဖိုင်တွေကို ရှာကြည့်တော့ မှတ်တမ်းမှာ အံ့သြစရာကောင်းလောက်အောင် ဘာမှမရှိနေဘူး တဲ့။ ကျွန်မအမေကပြောတယ်။ အရင်က သူ နှစ်ကြိမ်အဖမ်းခံရတုန်းက ဘုရားသခင်က သူ့ကို အခက်အခဲတစ်လျှောက်မှာ ဘယ်လိုလမ်းပြပြီး ဆန်းကြယ်တဲ့အမှုတွေကို လုပ်ဆောင်ခဲ့တယ်ဆိုတာကို သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတယ်တဲ့။ ဘုရားသခင်ရဲ့ အနန္တတန်ခိုးရှိတဲ့ အချုပ်အခြာအာဏာကိုလည်း ပိုနားလည်လာပြီး ဘုရားသခင်အပေါ် သူ့ရဲ့ယုံကြည်မှုက ပိုတိုးလာခဲ့တယ်။ ရဲက သူတို့တွေ ဧဝံဂေလိကို ဘယ်လိုဝေမျှသလဲဆိုတာကို သူ့ကိုမေးတော့ ကျွန်မအမေက ပွင့်ပွင့်လင်းလင်းပဲ ဘုရားရဲ့လုပ်ဆောင်မှုကို သက်သေခံခဲ့တယ်။ ကျွန်မအမေရဲ့ အတွေ့အကြုံကနေ ဘုရားသခင်က ဘယ်လောက်ဉာဏ်ပညာရှိသလဲဆိုတာ ကျွန်မ မြင်တွေ့ခဲ့ရပါတယ်။ အဆင်းနီသောနဂါးကြီးရဲ့ မကောင်းဆိုးဝါးဆန်တဲ့ အနှစ်သာရကို မြင်နိုင်ပြီး ဒါကို ရွံရှာပြီး စွန့်ပစ်နိုင်ဖို့အတွက် ကျွန်မတို့ကို ရဲရင့်မှုပေးဖို့၊ ဉာဏ်ပညာနဲ့ ယုံကြည်ခြင်းပေးဖို့၊ ကျွန်မတို့ရဲ့ ထိုးထွင်းသိမြင်မှုတိုးတက်စေဖို့ အဆင်းနီသောနဂါးကြီးရဲ့ ဖိနှိပ်မှုကို သူ အသုံးပြုတာပါ။ အဆင်းနီသောနဂါးကြီးက ဘုရားလက်ထဲက အသုံးခံတစ်ခုပါပဲ။ သူဟာ ဘုရားရဲ့အမှုတော်ကို နှောင့်ယှက်ပြီး လမ်းလွဲစေဖို့အတွက် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို အသုံးပြုတယ်။ ဒါပေမဲ့ သူ့ရဲ့အားထုတ်မှုက ဘုရားသခင် ရွေးချယ်ထားတဲ့လူတွေအတွက် စုံလင်ခြင်းကိုပဲ ဖြစ်စေတယ်။ သူက အယောင်ပြသက်သက်ပါပဲ။ ဘုရားသခင်ရဲ့ အနန္တတန်ခိုးရှိခြင်းနဲ့ ဉာဏ်ပညာကို မျက်မြင်ကြုံတွေ့ပြီးတဲ့နောက် ဘုရားသခင်နောက်လိုက်ပြီး သူ့ရဲ့အမှုတော်ကို ကြုံတွေ့ဖို့ ပိုပြီးတော့တောင် ယုံကြည်မှုရှိလာတယ်။ ဒီအချက်ကြောင့် အခုလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ စဉ်းစားမိတယ်။ “ငါသည် ငါ၏အမှုကို တရားဝင်စတင်သည့်အခါ လူတို့အားလုံးသည် ငါလှုပ်ရှားသည်အတိုင်း လှုပ်ရှားသဖြင့်၊ စကြဝဠာတစ်လျှောက်လုံးရှိ လူတို့သည် ငါနှင့်ထပ်တူ ခြေလှမ်းလှမ်းရာ၌ အချိန်ကုန်လွန်ကြသည်အထိ ဖြစ်၏၊ စကြဝဠာ တစ်လျှောက်လုံး၌ ‘ကြီးစွာဝမ်းမြောက်ခြင်း’ ရှိကာ၊ လူသားသည် ရှေ့သို့တက်လှမ်းရန် ငါ၏ စေ့ဆော်ခြင်းကို ခံရ၏။ အကျိုးသက်ရောက်မှု အနေဖြင့်၊ အဆင်းနီသောနဂါးကြီး ကိုယ်တိုင်သည် ငါ့အားဖြင့် သွေးရူးသွေးတန်း ဖြစ်ကာ စိတ်မွှန်ထူသွား၍၊ ၎င်းသည် ငါ၏အမှုကို အစေခံကာ၊ ဆန္ဒမရှိလင့်ကစား၊ ၎င်း၏ ကိုယ်ပိုင်ဆန္ဒများ နောက်သို့ မလိုက်နိုင်ဘဲ၊ ငါ၏ထိန်းချုပ်မှုကို နာခံရန်မှလွဲ၍ အခြားရွေးချယ်စရာ ဘာမျှမရှိတော့ပေ။ ငါ၏အစီအစဉ်အားလုံးတွင်၊ အဆင်းနီသော နဂါးကြီးသည် ငါ၏အဖြည့်ခံ၊ ငါ၏ရန်သူနှင့် ငါ၏အစေခံကျွန်လည်း ဖြစ်၏။ သို့ဖြစ်၍ ငါသည် ၎င်းအပေါ် ငါ၏ ‘သတ်မှတ်ချက်များ’ ကို မည်သည့်အခါမျှ လျှော့ပေးခြင်း မရှိပေ။ ထို့ကြောင့် ငါ၏ လူ့ဇာတိခံယူခြင်းအမှု၏ နောက်ဆုံးအဆင့်သည် ၎င်း၏အိမ်ထောင်စု အတွင်းတွင် အပြီးသတ်ခဲ့၏။ ဤနည်းအားဖြင့် အဆင်းနီသောနဂါးကြီးသည် ငါ့အတွက် ကောင်းမွန်စွာ အစေခံခြင်းကို သာ၍ လုပ်ဆောင်နိုင်ကာ၊ ဤသို့အားဖြင့် ငါသည် သူ့အားသိမ်းပိုက်၍ ငါ၏အစီအစဉ်ကို အဆုံးသတ်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၉))
အဆင်းနီသောနဂါးကြီးရဲ့ ဖိနှိပ်မှုက တခြားကလေးတွေထက် ကျွန်မကို ပိုပြီး ဒုက္ခခံရအောင်လုပ်ကောင်းလုပ်နိုင်ပေမဲ့ အခက်အခဲတွေ၊ အားနည်းတဲ့အချိန်တွေရှိပေမဲ့ ကျွန်မ ပိုပြီးသန်မာလာတယ်။ ဒီအတွေ့အကြုံတွေက ကျွန်မအတွက် အရမ်းတန်ဖိုးရှိခဲ့ပါတယ်။ ကျွန်မကို ကူညီပြီး အမှန်တကယ်ပံ့ပိုးပေးဖို့ ဘုရားသခင်ကသာ အမြဲရှိနေတယ်ဆိုတာကို လေးလေးနက်နက် လက်ခံယုံကြည်အောင် ကူညီပေးခဲ့တယ်။ ဘုရားသခင်အပေါ် ယုံကြည်မှု မပျောက်ဆုံးသရွေ့ သူဟာ ကျွန်မတို့ကို အခက်အခဲတစ်လျှောက် လမ်းပြပြီး သူ့ရဲ့လုပ်ဆောင်မှုကို ကျွန်မတို့ မျက်မြင်မြင်တွေ့နိုင်တယ်။ ဘုရားနောက်ကို တည်တည်ငြိမ်ငြိမ်နဲ့လိုက်လျှောက်ဖို့၊ ကျွန်မတာဝန်ကိုထမ်းဆောင်ပြီး သူ့ရဲ့ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့အတွက် ဘုရားသခင်ကို အမှီပြုဖို့ ကျွန်မ ဆန္ဒရှိနေပါတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။