ရက်စက်သော ညှဉ်းပန်းနှိပ်စက်ခြင်းက ကျွန်မ၏ ယုံကြည်ခြင်းကို အားကောင်းစေပြီ

17.03.2021

ကျောက်ယူရီ တရုတ်နိုင်ငံ

၂၀၀၉ ခုနှစ် နွေဦးရာသီတွင်၊ တရုတ်ကွန်မြူနစ်ပါတီသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အသင်းဝင်များကို ပစ်မှတ်ထား ဖမ်းဆီးခြင်းများနှင့် ပတ်သက်ပြီး ကြီးမားသော အတိုင်းအတာဖြင့် တိုက်ပွဲဝင်ခြင်း တစ်ခုကို ဆောင်ရွက်ခဲ့သည်။ တစ်နိုင်ငံလုံးရှိ အသင်းတော်များမှ ခေါင်းဆောင်များသည် တစ်ယောက်ပြီး တစ်ယောက် ဖမ်းဆီးခံရပြီး ထောင်ချခံရသည်။ ဧပြီလ ၄ ရက်နေ့ ည၉နာရီခန့်တွင် ကျွန်မတို့ တာဝန်များကို ထမ်းဆောင်ရာတွင် ကျွန်မ ပူးပေါင်းနေခဲ့သည့် ညီမတစ်ယောက်နှင့် ကျွန်မသည် ညီအစ်မဝမ်အိမ်မှ ထွက်ခွာလာပြီး၊ လမ်းမ၌ လမ်းလျှောက်ချိန်တွင် အရပ်ဝတ်များဖြင့် လူသုံးယောက်သည် ကျွန်မတို့နောက်မှ ခုန်ထွက် လာပြီး၊ “သွားမယ်။ မင်းတို့ ငါတို့နဲ့ လိုက်ခဲ့” ဟု အော်ပြောလျက် ကျွန်မတို့ကို လက်များမှ အတင်းအကျပ် တရွတ်တိုက် ဆွဲခေါ်သွား ခဲ့သည်။ ကျွန်မတို့ တုံ့ပြန်ဖို့ အချိန်မရမီတွင်ပင်၊ လမ်းမဘေးတွင် ရပ်ထားသည့် ဆီဒန်းကားအနက်တစ်စီး၏ အနောက်ထဲသို့ ကျွန်မ တို့ တွန်းထည့်ခံခဲ့ရသည်။ ၎င်းမှာ ရုပ်ရှင်ထဲတွင် လူဆိုးဂိုဏ်းဝင် များက တစ်စုံတစ်ယောက်ကို နေ့ခင်းကြောင်တောင် လာရောက်ပြီး၊ အဓမ္မခေါ်ဆောင်သကဲ့သို့ပင် ဖြစ်ပြီး၊ ယခုအခါတွင်မူ ကျွန်မတို့ကို တကယ့်ဘဝတွင် ဖြစ်ပျက်နေခြင်းဖြစ်ပြီး၊ လုံးဝ ကြောက်စရာ ကောင်းလေသည်။ ကျွန်မသည် လုံးဝ စိတ်ထိခိုက်ပြီး ဘုရားသခင် ကို အဖန်ဖန် တိတ်ဆိတ်စွာ ခေါ်ရုံသာ တတ်နိုင်ခဲ့သည်။ “ချစ်လှစွာ သော ဘုရားသခင်။ ကျွန်မကို ကယ်တင်တော်မူပါ။ အိုဘုရားသခင်၊ ကျေးဇူးပြုပြီး ကျွန်မကို ကယ်တင်တော်မူပါ...” ကျွန်မ၏ တည်ငြိမ်အေးဆေးမှုကို ပြန်လည် မရရှိမီ၊ ဆီဒန်းကားက စည်ပင်သာယာ ပြည်သူ့ လုံခြုံရေးဌာန၏ ခြံဝင်းထဲသို့ မောင်းသွားသည်။ ထိုအချိန်ကျမှသာလျှင် ရဲများ၏ လက်ထဲသို့ ကျွန်မတို့ ကျရောက်ခဲ့ကြောင်းကို နားလည်သဘောပေါက်ခဲ့သည်။ နောက်မကြာမီတွင် ညီအစ်မဝမ်လည်း အဖမ်းခံရသည်။ ကျွန်မတို့ သုံးယောက်ကို ဒုတိယအလွှာရှိ ရုံးခန်းဆီသို့ ခေါ်ဆောင်သွားပြီး၊ ရှင်းလင်းချက်စိုးစဉ်းမျှ မရှိဘဲ အရာရှိတစ်ယောက်က ကျွန်မတို့၏ အိတ်များကို သိမ်းယူလိုက်ကာ၊ ကျွန်မတို့ကို နံရံနှင့် မျက်နှာမူ ရပ်စေသည်။ ထို့နောက် သူမက ကျွန်မတို့ကို အတင်းအကျပ် ကိုယ်လုံးတီးချွတ်ခိုင်းပြီး၊ ခန္ဓာကိုယ် ရှာဖွေမှုပြုခဲ့သည်၊ ထိုလုပ်ငန်းစဉ်အတွင်း ကျွန်မတို့တွင်ရှိသော ကိုယ်ပိုင်ပစ္စည်းများထဲမှ ကျွန်မတို့၏ ကိုယ်ပေါ်နှင့် အိတ်များတွင် တွေ့ရှိသည့် အသင်းတော်၌ ကျွန်မ၏ အလုပ်အကြောင်း စာရွက် စာတမ်းအချို့၊ သိမ်းထားသော အသင်းတော် ငွေများအတွက် ငွေရပြေစာများ၊ ကျွန်မတို့၏ လက်ကိုင်ဖုန်းများ၊ ငွေသား ယွမ် ၅၀၀၀ကျော်၊ ဘဏ်ကတ်ပြား တစ်ခုနှင့် လက်ပတ်နာရီ တစ်လုံးတို့ကို အတင်းအကျပ် သိမ်းယူသွားခဲ့သည်။ ဤအရာ အားလုံး ဖြစ်ပွားနေစဉ်တွင်၊ အမျိုးသား ရဲအရာရှိ ၇ယောက် ၈ယောက်တို့က အခန်းထဲသို့ မပြတ်ဝင်လိုက် ထွက်လိုက်လုပ်နေခဲ့ပြီး၊ ကျွန်မတို့ကို စောင့်ကြည့်စစ်ဆေးနေခဲ့သည့် အရာရှိနှစ်ယောက်က “ဒီတစ်ယောက်က အသင်းတော်မှာ အရေးကြီးတဲ့လူတစ်ယောက်ပဲ၊ ကြည့်ရတာတော့ ဒီနေ့ ငါတို့ အရေးကြီးတဲ့ လူတစ်ယောက် မိခဲ့တဲ့ပုံပဲ” ဟု ပြောလျက် ကျွန်မကို လက်ညှိုးထိုးကာ ရုတ်တရက် ဟားတိုက်ရယ်မောကြသည်။ နောက်မကြာမီတွင် အရပ်ဝတ်ရဲ အရာရှိလေးယောက်က ကျွန်မကို လက်ထိပ်ခတ်ကာ၊ ဦးထုပ်တစ်ခုဖြင့် ကျွန်မ၏ မျက်လုံးများကို ပိတ်ဖုံးပြီး၊ မြို့ပြင်ဝေးရာရှိ ပြည်သူ့လုံခြုံရေးဌာန ခွဲကို လိုက်ပို့ခဲ့ကြသည်။

ကျွန်မတို့ စစ်မေးခန်းထဲ ဝင်ပြီး၊ မြင့်မားသော သံဘောင် ပြတင်းပေါက်နှင့် ကြောက်မက်ဖွယ်ကောင်းသော အေးစက်ပုံရသည့် ကျားထိုင်ခုံတို့ကို မြင်သည့်အချိန်တွင်၊ အတိတ်တွင် ညှဉ်းပန်း ခံခဲ့ရသည့် ညီအစ်ကိုမောင်နှမများ၏ ထိတ်လန့်စက်ဆုပ်ဖွယ် ကောင်းသည့် ဇတ်ကြောင်းများက ကျွန်မ၏ စိတ်ထဲသို့ လွင့်မျောလာသည်။ ဆိုးယုတ်သောရဲအရာရှိများက ကျွန်မကို နောက်ထပ် ခံစားစေမည့် မသိရသော ညှဉ်းပန်းမှုကို တွေးလျက်၊ ကျွန်မ အလွန်အမင်း ကြောက်ရွံ့လာပြီး၊ ကျွန်မ၏ လက်များ အလို အလျောက် စတင်တုန်ခါလာခဲ့သည်။ ဤဆိုးဝါးသော အခြေအနေ တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ သတိရလိုက်သည်။ “သင်သည် ကြောက်ရွံ့ခြင်းကို မိမိစိတ်နှလုံးထဲတွင် သယ်ဆောင်နေသေးသည်။ သို့ဖြစ်၍ သင်၏စိတ်နှလုံးမှာ စာတန်၏ စိတ်ကူးများနှင့် ပြည့်နှက်နေသေးသည် ဟူသည့် အကြောင်းကိစ္စပင် ဖြစ်သည် မဟုတ်လော။” “အောင်မြင်သောသူဆိုသည်မှာ အဘယ်နည်း။ ခရစ်တော်၏ စစ်သည်ကောင်းများသည် ရဲရင့်ရမည်ဖြစ်ပြီး၊ ဝိညာဉ်ရေးရာ ခွန်အားကြီးရန် ငါ့အပေါ် မှီခိုရမည်ဖြစ်သည်။ ၎င်းတို့သည် စစ်သူရဲများ ဖြစ်လာရန် တိုက်ခိုက်ပြီး စာတန်ကို အသေအကြေ စစ်ထိုးရမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၂” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဘုရား နှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းပေးခြင်းက ကျွန်မ၏ ထိတ်လန့်သော နှလုံးသားကို တဖြည်းဖြည်း တည်ငြိမ်သွားစေပြီး၊ ကျွန်မ၏ ကြောက်စိတ်သည် စာတန်ထံမှ မြစ်ဖျားခံလာသည်ကို ကျွန်မအား နားလည်သဘောပေါက်ခွင့်ပေး ခဲ့သည်။ ကျွန်မက၊ “ငါက သူ့ရဲ့ နိုင်လိုမင်းထက်ပြုတာကို အရှုံးပေးအောင်လို့ စာတန်က ငါ့ရဲ့ခန္ဓာကိုယ်ကို ညှဉ်းပန်းချင်တာပဲ။ ငါက သူရဲ့ ယုတ်မာတဲ့ အကြံနဲ့ လှည့်စားတာကို ခံလို့မဖြစ်ဘူး။ ဘာပဲလာလာ၊ ဘုရားသခင်က တိတ်တဆိတ် ငါနဲ့ရှိနေတယ်၊ ငါ့ကို စောင့်ရှောက် ပြီး၊ ကွယ်ကာနေတယ်ဆိုတာကို ငါယုံတယ်။ တစ်ချိန်လုံး ဘုရားသခင်က ငါ့ရဲ့ မြဲစွဲစွာ အားကိုးထိုက်တဲ့ အကူအညီဖြစ်ပြီး၊ ငါ့ရဲ့ ထာဝရ အထောက်အပံ့ ဖြစ်တယ်။ ဒါက ဝိညာဉ်ရေးရာ တိုက်ပွဲ တစ်ခုဖြစ်ပြီး၊ ဒီအချိန်မှာ ဘုရားသခင်အတွက် ငါသက်သေရပ်တည်ဖို့ အရမ်းအရေးကြီးတယ်။ ဘုရားသခင်ရဲ့ ဖက်မှာ ငါရပ်တည်ပြီး၊ စာတန်ကို အလျှော့မပေး ရဘူး” ဟု မိမိဘာသာတွေးခဲ့သည်။ ဤအရာကို နားလည် သဘောပေါက်လျက် ဘုရားသခင်ထံ ကျွန်မ တိတ်တဆိတ် ဆုတောင်းခဲ့သည်- “အို အနန္တတန်ခိုးရှင်ဘုရားသခင်။ ဒီနေ့ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ ဒီကောက်ကျစ်တဲ့ ရဲတွေရဲ့ လက်ထဲမှာ ကျွန်မ ကျရောက်ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ဝိညာဉ်အသက်တာက အရမ်းနုနယ်ပြီး၊ ကျွန်မက ထိတ်လန့်ပြီး၊ ကြောက်နေပါတယ်။ စာတန် စွမ်းအားရဲ့ ချုပ်ချယ်မှု တွေကနေ ကျွန်မ လွတ်မြောက်နိုင်ဖို့၊ အဲဒါကို မကျိုးနွံမိစေဖို့နဲ့ ကိုယ်တော်အတွက် ပြတ်ပြတ်သားသား သက်သေရပ်တည်ဖို့ ကျွန်မကို ယုံကြည်မှုနဲ့ သတ္တိတို့ကို ကိုယ်တော်ပေးဖို့ ကျွန်မ ဆုတောင်းပါတယ်။” ကျွန်မ၏ ဆုတောင်းချက် ပြီးသည့်နောက်၊ ကျွန်မ၏ စိတ်နှလုံးက သတ္တိဖြင့် ပြည့်လာပြီး၊ ထိုမလိုမုန်းထား ပုံရသော ယုတ်မာသည့် ရဲများကို သိပ် မကြောက်တော့ပါ။

ထို့နောက်တွင်ပင် အရာရှိနှစ်ဦးက ကျွန်မကို ကျားထိုင်ခုံထဲသို့ တွန်းထည့်လိုက်ပြီး၊ ကျွန်မ၏ လက်များနှင့်ခြေထောက်များကို သော့ခတ်ထားခဲ့သည်။ အရာရှိများထဲမှ အရပ်ရှည်သော၊ ဧရာမ ကြီးမားကြမ်းကြုတ်သော အရာရှိတစ်ယောက်က နံရံပေါ်မှ “တိုးတက်သောတရားဥပဒေစိုးမိုးရေး” ဟု ရေးထားသည့် စကားလုံးအချို့ကို လက်ညှိုးထိုးပြပြီး၊ စားပွဲကို လက်ဖြင့်ဗြန်းခနဲ မြည်အောင်ရိုက်ကာ၊ “မင်းဘယ်မှာရောက်နေလဲ မင်းသိလား။ ပြည်သူ့လုံခြုံရေးဌာနက တရုတ်အစိုးရရဲ့ အကြမ်းဖက်ရာမှာ ကျွမ်းကျင်တဲ့ ဌာနစိတ်တစ်ခုပဲ။ မင်းဖွင့်မပြောရင်၊ ကိုယ်ဖြစ် ကိုယ်ခံပဲ။ ပြောစမ်း။ မင်းနာမည်ဘယ်လိုခေါ်လဲ။ မင်းအသက် ဘယ်လောက်ရှိပြီလဲ။ မင်းဘယ်ကလဲ။ အသင်းတော်မှာ မင်းရဲ့ ရာထူးက ဘာလဲ” ဟု အော်ပြောလိုက်သည်။ သူ၏ ကြမ်းတမ်းရက်စက်သော အပြုအမူကို မြင်သည့်အတွက်၊ ကျွန်မကို ဒေါသဖြင့်ပြည့်နှက်စေသည်။ ကျွန်မက “သူတို့က ‘ပြည်သူ့ရဲတွေ’ ဖြစ်ပြီး၊ သူတို့ရဲ့ ရည်မှန်းချက်က ‘ကောက်ကျစ်သူတွေကို အမြစ်ဖြုတ်ပြီး တရားဥပဒေကို လိုက်နာသူတွေကို အေးအေး ချမ်းချမ်း အသက်ရှင်သန်စေ’ ဖို့ ဖြစ်တယ်လို့ အမြဲတမ်း အခိုင်အမာ ဆိုပေမဲ့လည်း၊ အမှန်မှာတော့ သူတို့က လူဆိုးတွေ၊ ဓါးပြတွေ နဲ့ မြေအောက် လူသတ်သမားတွေ တစ်အုပ်သာ ဖြစ်တယ်။ သူတို့က တရားမျှတခြင်းကို ပစ်မှတ်ထားတိုက်ခိုက်မှုကို ဆင်နွှဲနေပြီး၊ ကောင်းမြတ်ပြီး တော်ဖြောင့်တဲ့နိုင်ငံသားတွေကို အပြစ်ဒဏ်ခတ် နေတယ်။ ဒီရဲတွေက ဥပဒေချိုးဖောက်ပြီး ပြစ်မှုကျူးလွန်သူတွေကို တရားဥပဒေရဲ့ လက်တစ်ကမ်းအကျော်မှာ အသက်ရှင်နေထိုင် ခွင့်ပြုရင်း မျက်ကွယ်ပြုထားကြတယ်။ ဒါပေမဲ့ ငါတို့လုပ်သမျှဟာ ဘုရားသခင်ကို ယုံကြည်တယ်၊ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီး အသက်တာမှာ မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်တာ ဖြစ်ပေမဲ့လည်း၊ ငါတို့က ဒီလူရိုင်းတစ်သိုက်ရဲ့ အကြမ်းဖက်မှုရဲ့ အဓိက ပစ်မှတ်ဖြစ်လာကြတယ်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက တကယ့်ကို တရားမျှတမှုကို မလျော်မကန် ပြောင်းပြန်လှန်သူပဲ” ဟု မိမိဘာသာ တွေးခဲ့သည်။ ထိုဆိုးယုတ်သောရဲများကို ကျွန်မ စိတ်နှလုံးအကြွင်းမဲ့ မုန်းတီးသော်လည်း၊ ကျွန်မ၏ ဝိညာဉ် ရင့်ကျက်မှုသည် အလွန်နုနယ်ပြီး၊ သူတို့၏ ရက်စက်သော ညှဉ်းပန်းမှုကို တောင့်မခံနိုင်မည်ကို ကျွန်မ သိသောကြောင့် ကျွန်မကို ခွန်အားပေးပါရန် အနူးအညွတ် တောင်းပန်လျက် ဘုရားသခင်ကို ကျွန်မ အဖန်ဖန် အော်ခေါ် ခဲ့သည်။ ထိုအခိုက်အတန့်တွင်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော် များက ကျွန်မကို ဉာဏ်အလင်းပေးခဲ့သည်။ “ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်- အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဘုရားနှုတ်ကပတ်တော်များ၏ နှစ်သိမ့်မှုနှင့် အားပေးမှုတို့က ကျွန်မကို ကူ၍ တည်ငြိမ်စေခဲ့ပြီး၊ ကျွန်မက “ဒီနေ့မှာ ငါဟာ အရာအားလုံးကို စွန့်စားဖို့ အဆင်သင့် ဖြစ်နေသင့်တယ်- အဆိုးဆုံးဖြစ်လာပြီး ငါသေရင်၊ သေပါလေ့ စေတော့။ ဒီမကောင်းဆိုးဝါး တစ်သိုက်က အသင်းတော်ရဲ့ ပိုက်ဆံ၊ အလုပ် ဒါမှမဟုတ် ငါတို့ ခေါင်းဆောင်တွေ အကြောင်းကို ငါ့ဆီက သိရလိမ့်မယ်လို့ ထင်နေရင်၊ သူတို့ ပြန်စဉ်းစားနိုင်တယ်” ဟု မိမိဘာသာတွေးခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှု ကြောင့် သူတို့ ကျွန်မကို မည်သို့ စစ်မေးပါစေ၊ သို့မဟုတ် ကျွန်မထံမှ သတင်းအချက်အလက်များကို မည်သို့ ညှစ်ယူဖို့ ကြိုးစားပါစေ၊ ကျွန်မ တစ်လုံးမျှ မပြောခဲ့ပါ။

ကျွန်မ စကားပြောရန် ငြင်းဆန်နေသည်ကို မြင်လျက်၊ နောက်အရာရှိတစ်ယောက်က ဒေါသူပုန်ထလာပြီး၊ စားပွဲကို ဆောင့်ရိုက်ပြီးနောက်၊ ကျွန်မထံသို့ ဒေါကြီးမောကြီးဖြင့်လာကာ၊ ကျွန်မ ထိုင်နေသည့် ကျားထိုင်ခုံကို ကန်လိုက်ပြီးနောက်၊ “မင်းသိတာ ငါတို့ကို ပြောစမ်း။ ငါတို့တစ်ခုမှ မသိဘူးလို့ ထင်မနေနဲ့။ ငါတို့က တစ်ခုမှ မသိရင် မင်းတို့သုံးယောက်ကို ငါတို့က အရမ်းကို ပြတ်ပြတ်သားသား ဘယ်လိုဖမ်းနိုင်ခဲ့တယ်လို့ မင်းထင်လဲ” ဟု အော်ပြောလျက်၊ ကျွန်မ၏ ခေါင်းကို တွန်းထိုးသည်။ ထိုအရပ်ရှည်သောရဲ အရာရှိတစ်ယောက်က “ငါ့စိတ်ကို မစမ်းနဲ့နော်။ မင်းကို နာကျင်မှုလေးနည်းနည်း ပေးမမြည်းရင်၊ မင်းက ငါတို့ကို အလကား ခြိမ်းခြောက်နေတယ်လို့ ထင်မယ်။ မတ်တပ်ရပ်စမ်း” ဟု ဟိန်းဟောက်ခဲ့သည်။ သူစကားပြောပြီး မကြာမီတွင် ကျွန်မကို ကျားထိုင်ခုံမှနေပြီး နံရံအမြင့်ကြီးတွင်ရှိပြီး၊ သံဘောင်တစ်ခုဖြင့် ပြတင်းပေါက်အောက်ကို တရွတ်တိုက်ဆွဲခဲ့သည်။ သူတို့က လက်တစ်ဖက်ချင်းစီကို ဆူးချွန်ပါလက်ထိပ် တစ်စုံသုံးပြီး၊ ကျွန်မ၏ လက်များသည် ပြတင်းပေါက်တွင် ချိတ်ဆွဲထားပြီး မြေကြီးကို ကျွန်မ၏ ခြေဖျားနှင့်သာ ထိနိုင်ဖို့ရာ၊ တစ်ခုကို ကျွန်မ၏ လက်များတွင် ခတ်ထားပြီး၊ နောက်တစ်ခုကို သံဘောင်တွင် ချိတ်ထားသည်။ သူတို့ထဲမှ တစ်ယောက်သည် အခန်းထဲမှ အပူချိန်ကို လျှော့ချရန် လေအေးပေးစက်ကို ဖွင့်လိုက်ပြီးနောက်၊ စာအုပ်လိပ်တစ်ခုဖြင့် ကျွန်မကို ခေါင်းတွင် ရက်ရက်စက်စက် ရိုက်လိုက်သည်။ ကျွန်မက တိတ်ဆိတ်နေဆဲ ဖြစ်သည်ကို သူမြင်သည့်အချိန်တွင်၊ သူက “မင်းစကားပြောမလား၊ မပြောဘူးလား။ မင်းစကားမပြောရင်၊ မင်းကို ငါတို့ ဒန်းစီးခိုင်းမယ်” ဟု ထိန်းမနိုင်သိမ်းမရ ဒေါသဖြင့် အော်လိုက်သည်။ ထိုသို့ဖြင့်သူက ကျွန်မ၏ ခြေထောက်များကို ချည်ရန် စစ်ခါးပတ်ရှည်တစ်ခုကို သုံးပြီးနောက်၊ ခါးပတ်ကို ကျားထိုင်ခုံတွင် ချည်လိုက်သည်။ လေထဲတွင် ကျွန်မ တွဲလောင်းဖြစ်နေစေရန် ၎င်းတို့က ကျားထိုင်ခုံကို နံရံမှ အဝေးသို့ဆွဲလိုက်သည်။ ကျွန်မ၏ ခန္ဓာကိုယ် အရှေ့သို့ တိုးသွားသည်နှင့်၊ လက်ထိပ်များက ကျွန်မ၏ လက်ကောက်ရင်းကို လျှောကျလာပြီး၊ လက်ထိပ်ထဲမှ ဆူးချွန်များက ကျွန်မ လက်ဖမိုးများ၏ သွေးပြန်ကြောများ အတွင်းသို့ နစ်ဝင်ကုန်သည်။ ကျွန်မမှာ ဝေဒနာပြင်းထန်သော နာကျင်မှုကို ခံစားရသော်လည်း၊ ထိုကောက်ကျစ်သောရဲများက ကျွန်မ၏ ဒုက္ခမှ ရယ်စရာတစ်ခု ရသွားသည်ကို ခွင့်မပြုလို သောကြောင့် မအော်မိစေရန် ကျွန်မ၏ နှုတ်ခမ်းများကို နာနာကိုက် ထားခဲ့သည်။ သူတို့ထဲမှ တစ်ယောက်က အန္တရာယ်ပြုမည့် လက္ခဏာရှိသော အပြုံးတစ်ခုဖြင့် “ကြည့်ရတာ နာပုံမရဘူး။ မင်းအတွက် ငါ နည်းနည်းလောက်လှည့်ပေးပါရစေ” ဟု ပြောလိုက် သည်။ ထို့နောက် သူက သူ့ခြေထောက်ကို မလိုက်ပြီး၊ ကျွန်မ၏ ခြေသလုံးကြွက်သားပေါ်သို့ နင်းချလိုက်ပြီးနောက်၊ ကျွန်မ၏ ခန္ဓာကိုယ်ကို ဟိုဖက်ဒီဖက် လွှဲလိုက်သည်။ ဤအရာက လက်ထိပ် များကို ကျွန်မ၏ လက်ကောက်ဝတ်များတစ်ဝိုက်နှင့် ကျွန်မ၏ လက်ဖမိုးများကို ပို၍ တင်းကျပ်သည်ထက် တင်းကျပ်စွာ ဖျစ်ညှစ် စေပြီး၊ နောက်ဆုံးတွင် အလွန်နာကျင်လှသည်မှာ မချိမဆံ့ ဝေဒနာဖြင့် ကျွန်မ မအော်ဘဲမနေနိုင်ပါ၊ ယင်းက ၎င်းတို့ကို ထိန်းမနိုင်သိမ်းမရ ရယ်မောစေလေသည်။ ထို့နောက်မှသာလျှင် သူက ကျွန်မကို လေထဲတွင် တွဲလောင်း ထားလျက်၊ ကျွန်မ၏ ခြေထောက်များပေါ် ဖိနင်းချခြင်းကို ရပ်လိုက်သည်။ မိနစ်နှစ်ဆယ်ကြာပြီးနောက် သူက ဆိုးရွား သော ကျွီခနဲမြည်သံကြီးကို ဖြစ်စေလျက် ကျားထိုင်ခုံကို ကျွန်မဆီ သို့ ရုတ်တရက် ပြန်ကန်ပေးလိုက်ပြီး၊ ကျွန်မ၏ ခြေဖျားများက မြေကြီးကို ထိလျက်သာ နံရံတွင်ချိတ်ဆွဲလျက် ယခင်အနေအထား အတိုင်း ကျွန်မ ခန္ဓာကိုယ် ပြန်ရောက်သည်နှင့်အညီ ကျွန်မ အော်ဟစ်မိခဲ့သည်။ တစ်ပြိုင်နက်တည်းဆိုသကဲ့သို့ပင်၊ လက်ထိပ် များက ကျွန်မ၏ လက်ကောက်ဝတ် ပေါ်သို့ ပြန်လျှောတက် သွားသည်။ ကျွန်မ၏ လက်ထိပ်များ ရုတ်တရက် ပြေလျော့သွား ခြင်းဖြင့် သွေးများ ပြန်လည်ရောက်ရှိ လာခြင်း၏ ဖိအားမှ တဒုတ်ဒုတ် နာကျင်မှုတစ်ခုကို ဖြစ်စေလျက် သွေးများသည် ကျွန်မ၏ လက်များမှ အလွန်လျင်မြန်စွာ လည်ပတ်ပြီး ကျွန်မ၏ လက်မောင်းများသို့ ပြန်တိုးဝင်ကြသည်။ ၎င်းတို့က ကျွန်မ၏ ဆင်းရဲဒုက္ခ မြင်ကွင်းကို အန္တရာယ်ပြုမည့် လက္ခဏာရှိစွာ စူးစူးဝါးဝါးရယ် ပြီးနောက်၊ ကျွန်မကို “မင်းရဲ့ အသင်းတော်မှာ လူဘယ်နှစ်ယောက် ရှိလဲ။ ပိုက်ဆံတွေကို မင်းဘယ်မှာထားလဲ” ဟု မေးလျက်၊ ဆက်လက် စစ်မေးခဲ့ကြသည်။ ထို့နောက်တွင် သူတို့ ကျွန်မကို မည်သို့ မေးခွန်းထုတ်ပါစေ၊ အယုတ္တအနတ္တများ သူတို့ စတင် အော်ဟစ်ကာ အလွန်ဒေါသထွက် လာကြသည်အထိ ကျွန်မ စကားပြောဖို့ ငြင်းဆန်ခဲ့သည်။ “သေချင်းဆိုး။ မင်းက တော်တော်မာတာပဲ။ မင်းဘယ်လောက် တောင့်ခံနိုင်မလဲ ငါတို့ကြည့်ကြမယ်။” ထိုသို့ဖြင့် သူတို့က ကျွန်မကို လေထဲတွင် တစ်ဖန် တွဲလောင်းဆွဲထားလျက်၊ ကျားထိုင်ခုံကို နံရံမှဝေးရာသို့ ဆွဲလိုက်သည်။ ဤတစ်ကြိမ်တွင် ကျွန်မ၏ လက်ဖမိုးများပေါ်မှ ဟက်တက်ကွဲနှင့်ပြီးဖြစ်သော ဒဏ်ရာများပေါ် လက်ထိပ်များက တင်းကျပ်စွာ ချိတ်မိပြီး၊ ပေါက်ကွဲထွက်မည့် အလား ခံစားရလျက်၊ ကျွန်မ၏ လက်များ တဟုန်ထိုး ရောင်ကိုင်း လာပြီး၊ သွေးများဖုံးလွှမ်းသွားသည်။ နာကျင်မှုက ပထမအခေါက် ထက် ပို၍ပင် ပြင်းထန်လေသည်။ ၎င်းတို့က အကျဉ်းသား များကို ညှဉ်းပန်းခြင်း နှင့် ပြစ်ဒဏ်ပေးခြင်းတို့တွင် ၎င်းတို့၏ “ဂုဏ်ဝင့်ဖွယ်ဖြစ်သော အတိတ်မှ အမြတ်ထုတ်ခြင်းများ” နှင့် ပတ်သက်ပြီး ကွက်ကွက်ကွင်းကွင်း သရုပ်ပြမှုများကို အချင်းချင်း အတွက် ပြသကြသည်။ ဤအရာက နောက်ဆုံးတွင် သူတို့ ထိုင်ခုံကို ဝေးရာသို့ မကန်မီ၊ ဆယ့်ငါးမိနစ်လုံး ဆက်သွားနေခဲ့ပြီး၊ ကျွန်မက ပြတင်းပေါက်မှနေ တွဲလောင်းကျပြီး မြေကြီးကို ခြေဖျားဖြင့်သာ ထိနေသည့် ယခင်အနေအထားကို ပြန်ရောက်သွားခဲ့သည်။ ထို ဖြစ်စဉ်အတွင်း ချိုးဖဲ့နေသည့် နာကျင်မှုတစ်ခုက ကျွန်မဆီမှာ တစ်ဖန် ရုတ်တရက် လွှမ်းမိုးသွားခဲ့သည်။ ထို့နောက်တွင်ပင် ဝဝပုပု အမျိုးသားရဲအရာရှိတစ်ဦးက လျှောက်ဝင်လာပြီး၊ “သူစကားပြောပြီ လား” ဟု မေးခဲ့သည်။ အရာရှိနှစ်ယောက်က “ဒီတစ်ယောက်က တကယ့် လီယူဟူလန်တစ်ယောက်ပဲ” ဟု ပြောလျက် ပြန်ဖြေခဲ့ သည်။ ထိုဆိုးယုတ်သော ဝဝရဲက ကျွန်မဆီ တည့်တည့်လျှောက် လာပြီး၊ “မင်းဘယ်လောက် အကြမ်းခံနိုင် လဲဆိုတာ ကြည့်ရအောင်။ မင်းရဲ့အဲဒီလက်တွေကို ငါဖြေလျှော့ပေး ပါရစေ” ဟု ပြောရင်း မျက်နှာကို ပြင်းထန်စွာ ဖြတ်ရိုက်လိုက်သည်။ ကျွန်မ၏ ဘယ်လက်ကို ကျွန်မ ငုံ့ကြည့်လိုက်ပြီး၊ ၎င်းမှာ ဆိုးရွားစွာ ရောင်ကိုင်းပြီး အညိုအမည်းစွဲနေခဲ့သည်ကို ကျွန်မ တွေ့ခဲ့ရသည်။ ထို့နောက်တွင်ပင် သူက ကျွန်မ၏ ဘယ်လက်မှ လက်ချောင်းများကို ဆုပ်ကိုင်လိုက်ပြီး၊ ရှေ့တိုးနောက်ဆုတ် စတင်လှုပ်ခါပြီး၊ ပွတ်လိုက် ဆိတ်လိုက်လုပ်သည်မှာ ထုံကျင်မှုက တစ်ဖန် နာကျင်မှုဆီသို့ ပြန်ရောက်သွားသည်အထိ ဖြစ်သည်။ ထို့နောက် လက်ထိပ်များ အတင်းကျပ်ဆုံး အနေအထားဖြစ်အောင် သူက ညှိလိုက်ပြီး၊ ထိုအရာရှိနှစ်ဦးကို ကျွန်မအား လေထဲဆွဲ တင်ရန် အချက်ပြလိုက်သည်။ လေထဲတွင် ကျွန်မ နောက်တစ်ကြိမ် တွဲလောင်းဖြစ်နေပြီး၊ အောက်သို့ မချပေးမီ ထိုအနေအထားဖြင့် မိနစ်နှစ်ဆယ်ကြာ အထားခံခဲ့ရသည်။ ကျွန်မက နာကျင်မှုမှ ရုန်းထွက်လွတ်မြောက်ဖို့ သေ၍ရလျှင် သေချင်သည်အထိ ကျွန်မကို ညှဉ်းပန်းကြလျက်၊ သူတို့က ကျွန်မကို အကြိမ်ကြိမ် မပြတ်လေထဲ ဆွဲတင်ပြီးနောက်၊ အောက်သို့ပြန်ချခဲ့သည်။ လက်ထိပ်များက ကျွန်မ၏ လက်များကို မလိုက် လျှော့ချလိုက် လုပ်သည့်အကြိမ်တိုင်းတွင်၊ ယခင် အကြိမ်ထက် ပိုမို နာကျင် လေသည်။ အဆုံးတွင် ဆူးချွန်လက်ထိပ်များက ကျွန်မ၏ လက်ကောက်ဝတ်များထဲသို့ နက်ရှိုင်းစွာ နစ်ဝင်ပြီး၊ အလွန်အမင်း သွေးထွက်စေလျက် ကျွန်မ၏ လက်ဖမိုးမှ အရေပြားများကို ထိုးဖောက်သွားလေသည်။ ကျွန်မ၏ လက်များမှ သွေးလည်ပတ်မှု သည် လုံးလုံးပြတ်တောက်သွားပြီး၊ ၎င်းတို့က ပူဖောင်းများကဲ့သို့ ရောင်ကိုင်းနေခဲ့သည်။ ကျွန်မ၏ ခေါင်းက အောက်စီဂျင်ချို့တဲ့မှု ကြောင့် တဒိန်းဒိန်းမြည်နေပြီး၊ ၎င်းက ပေါက်ကွဲထွက်တော့ မည်ကဲ့သို့ ခံစားခဲ့ရသည်။ ကျွန်မ သေတော့မည်ဟု အမှန်တကယ် တွေးမိခဲ့သည်။

ကျွန်မ နောက်ထပ် သည်းမခံနိုင်တော့ဟု တွေးလိုက်သည်နှင့်၊ ဘုရားနှုတ်ကပတ်တော်များ၏ ကျမ်းပိုဒ်တစ်ပိုဒ်က ကျွန်မ၏ စိတ်ထဲ တွင် ဝင်လာခဲ့သည်။ “ယေရုရှလင်သို့ သွားရာလမ်း၌ ယေရှုသည် သူ၏နှလုံးသားထဲတွင် ဓားတစ်ချောင်းဖြင့် မွှေနေသကဲ့သို့၊ မချိမဆံ့ သောကဝေဒနာကို ခံစားခဲ့ရသည်။ သို့သော် သူသည် သူ့စကားကို ပြန်ရုပ်သိမ်းရန် အနည်းငယ်မျှသော ရည်ရွယ်ချက်ပင် မရှိခဲ့ပေ။ တန်ခိုးကြီးမားသော အင်အားတစ်ခုက သူ ကားစင်တင် ကွပ်မျက်ခံရမည့် နေရာသို့ လှမ်းချီရန် သူ့အား အစဉ်တွန်းအားပေးခဲ့သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း”) ဘုရားနှုတ်ကပတ်တော်များက ရုတ်တရက် တစ်ဟုန်ထိုးတက်လာသည့် ခွန်အားတစ်ခုကို ပေးခဲ့ပြီး၊ သခင်ယေရှုသည် ကားတိုင်ပေါ်တွင် မည်သို့ ဒုက္ခခံခဲ့ရသည်ကို ကျွန်မ တွေးမိခဲ့သည်။ သူက ရောမစစ်သားများ၏ ကျာပွတ်ဖြင့် ရိုက်ခံရကာ၊ ပြောင်လှောင်ခံရပြီး အရှက်ခွဲခံရသလို သွေးသံတရဲရဲ ရိုက်နှက်ခံခဲ့ရသည်။ သို့သော် သူ့ကို လေးလံသည့် ထိုကားတိုင်အား ထမ်းစေခဲ့ကြသေးသည်၊ ထိုကားတိုင်သည် သူ့ခန္ဓာကိုယ်မှ နောက်ဆုံးသွေးစက်ကျသည်အထိ သူ့ကို နောက်ဆုံးတွင် အရှင်လတ်လတ် သံမှိုစွဲမည့် တစ်ခုတည်းသော ကားတိုင်ပင် ဖြစ်သည်၊ ရက်စက်လိုက်သည့် ညှဉ်းပန်းမှုပင်တည်း။ မတွေးတတ်အောင် ကြီးမားလိုက်သည့် ဆင်းရဲဒုက္ခပင်တည်း။ သို့သော်လည်း သခင် ယေရှုသည် ထိုအရာအားလုံးကို တိတ်ဆိတ်စွာ သည်းခံခဲ့သည်။ နာကျင်မှုက စကားလုံးများဖြင့် မဖော်ပြနိုင်လောက်အောင် ဧကန်မုချ ကြီးမားသော်လည်း၊ သခင်ယေရှုသည် လူသားမျိုးနွယ် တစ်ခုလုံး၏ ရွေးနှုတ်ကယ်တင်ခြင်းအတွက် စာတန်၏လက်ထဲ၌ မိမိကိုယ်ကိုယ် လိုလိုလားလား ထားရှိခဲ့သည်။ ကျွန်မက “အခုခေတ်မှာ ဘုရားသခင်က ဒုတိယအကြိမ် လူ့ဇာတိခံခဲ့ပြီး၊ တရုတ်ပြည်ရဲ့ ဘုရားမဲ့နိုင်ငံကို ကြွလာခဲ့တယ်။ ဒီမှာ သူက ကျေးဇူးတော်ခေတ်မှာ ရင်ဆိုင်ခဲ့ရတဲ့ အရာထက် အင်မတန် ပိုပြီး ဘေးဖြစ်စေနိုင်တဲ့ အန္တရာယ်တွေနဲ့ တွေ့ရပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပေါ်ထွန်း လာပြီး၊ သူ့အမှုတော်ကို စတင်ဆောင်ရွက် ကတည်းက၊ တရုတ်ကွန်မြူနစ် ပါတီအစိုးရက ဘုရားရဲ့ အမှုတော်ကို ဖြိုခွဲဖျက်ဆီးဖို့ အချည်းနှီးမျှော်လင့်ရင်း၊ ခရစ်တော်ကို အသရေဖျက်ဖို့၊ ပြစ်မှားစော်ကားဖို့၊ အရူးအမူး လိုက်ရှာပြီး ဖမ်းဆီးဖို့တို့အတွက် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို အသုံးပြုခဲ့ တယ်။ သူ့ရဲ့ လူ့ဇာတိခံခြင်းနှစ်ခုမှာ ဘုရားသခင် ကြုံတွေ့ခဲ့ရတဲ့ ဆင်းရဲဒုက္ခက သည်းခံဖို့မဆိုထားနဲ့၊ လူတိုင်း စိတ်ကူးနိုင်တဲ့ အရာထက် ကျော်လွန် ပါတယ်။ ဘုရားသခင် သည်းခံခဲ့တဲ့ ဆင်းရဲ ဒုက္ခနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ငါအခုရင်ဆိုင်ရတဲ့ ဆင်းရဲဒုက္ခက ထုတ်ပြောဖို့တောင် မထိုက်တန်ပါဘူး။ အဲဒီအပြင် ဒီမကောင်းဆိုးဝါးတွေက ငါ့ကို ဒီနေ့မှာ ဒီလို ညှဉ်းပန်း နှိပ်စက်နေတဲ့ အကြောင်းအရင်းက ငါက ဘုရားသခင်ရဲ့ နောက်လိုက် ဖြစ်လို့ပဲ။ အမှန်တကယ်တော့၊ သူတို့ တကယ် မုန်းတီးပြီး၊ နှိပ်ကွပ်ဖို့ ကြိုးစားနေတာဟာ ဘုရားသခင် ဖြစ်တယ်။ ဘုရားသခင်က ငါတို့အတွက် ဆင်းရဲဒုက္ခအများကြီး သည်းခံခဲ့တာကို ထောက်ပြီး၊ ငါ အသိစိတ် ပိုရှိသင့်တယ်။ ငါ သေရမယ် ဆိုရင်တောင် ဘုရားသခင်ကို ငါစိတ်ကျေနပ် စေပြီး၊ သူ့ကို နှစ်သိမ့်ရမယ်” ဟု မိမိဘာသာ တွေးမိသည်။ ထိုအခိုက် အတန့်တွင် ခေတ်တစ်လျှောက် သန့်ရှင်းသူများနှင့် ပရောဖက်များ အားလုံးတို့၏ ဒုက္ခသုက္ခများ ကျွန်မ၏ စိတ်ထဲတွင် လျှပ်တပြက် ပေါ်လာခဲ့သည်။ ဒံယေလ ခြင်္သေ့တွင်းထဲ ရောက်သည်၊ ကားတိုင်တွင် ပေတရု ဇောက်ထိုးဆွဲခံ ရသည်၊ ယာကုပ် ခေါင်းဖြတ်ခံခဲ့ရသည်...ခြွင်းချက်တစ်ခုမျှ မရှိဘဲ၊ ဤသန့်ရှင်းသူများနှင့် ပရောဖက်များ အားလုံးက သေမင်းတံခါးဝတွင် ဘုရားသခင်ကို ထူးကဲလှသော သက်သေရပ်တည် ခဲ့ကြသည်၊ ပြီးလျှင် ကျွန်မသည် သူတို့၏ ဘုရားသခင်ကို ယုံကြည်မှု၊ ဆက်ကပ်အပ်နှံခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ကို အတုယူဖို့ ရည်ရွယ် သင့်သည်။ ထိုသို့ဖြင့် ဘုရားသခင်ထံ ကျွန်မ တိတ်ဆိတ်စွာ ဆုတောင်း ခဲ့သည်။ “ချစ်လှစွာသော ဘုရားသခင်။ ကိုယ်တော်က အပြစ်ကင်းစင်ပေမဲ့ ကျွန်မတို့ရဲ့ ကယ်တင်ခြင်းအတွက် ကားစင် တင်ခံခဲ့ရပါတယ်။ အဲဒီနောက်မှာ ကိုယ်တော်က ကိုယ်တော့် အသက်ကို စွန့်စားရင်း အမှုတော်ကို ဆောင်ရွက်ဖို့ တရုတ်ပြည်မှာ လူ့ဇာတိပြန်လည် ခံယူခဲ့ပါတယ်။ ကိုယ်တော့်ချစ်ခြင်းမေတ္တာက အရမ်းကြီးမားလွန်းတာဟာ ကိုယ်တော့်ကို ကျွန်မ ဘယ်တော့မှ ပြန်မပေးဆပ်နိုင်ပါဘူး။ ဒီနေ့ ကိုယ်တော်နဲ့ အတူ ကျွန်မ ဒုက္ခခံရတာဟာ ကျွန်မရဲ့ အကြီးမားဆုံး ဂုဏ်ဖြစ်ပြီး၊ ကိုယ်တော့် နှလုံးသားကို နှစ်သိမ့်ဖို့ ကျွန်မ သက်သေရပ်တည် လိုပါတယ်။ စာတန်က ကျွန်မ အသက်ကို ကျွန်မဆီက ယူသွားရင်တောင်၊ ညည်းညူတဲ့ စကားလုံးတစ်လုံး ကျွန်မ ဘယ်တော့မှပြောမှာ မဟုတ်ပါ ဘူး။” ကျွန်မစိတ်က ဘုရားချစ်ခြင်းမေတ္တာကို အာရုံစိုက် ထားရင်းဖြင့်၊ ကျွန်မ၏ ခန္ဓာကိုယ်ထဲမှ နာကျင်မှုသည် သိသာထင်ရှားစွာ ပျောက်ကွယ် သွားပုံရလေသည်။ ထိုည နှောင်းပိုင်းတွင် ကောက်ကျစ်သည့် ရဲများက ကျွန်မကို အဆိုင်းဖြင့် ဆက်ပြီး ညှဉ်းပန်းကြသည်။ နောက်တစ်နေ့ နံနက်၉နာရီခန့်မှသာ နောက်ဆုံးတွင် သူတို့ ကျွန်မ၏ ခြေထောက်များကို ကြိုးဖြေပေးပြီး၊ ကျွန်မကို ပြတင်းပေါက်မှ တွဲလောင်းချထားကြသည်။ ကျွန်မ၏ လက်နှစ်ခုလုံးသည် လုံးလုံး ထုံကျင်နေပြီး၊ ခံစားချက်မရှိဘဲ၊ ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံး ရောင်ကိုင်းနေလေသည်။ ထိုအချိန် တွင် ကျွန်မနှင့်အတူ တာဝန်ထမ်းဆောင်ခဲ့သည့် ညီအစ်မကို ဘေးချင်ကပ် စစ်မေးခန်းထဲသို့ ခေါ်လာခဲ့ကြသည်။ ရုတ်တရက်ကြီး၊ ရဲ ၈ယောက် ၉ယောက်က ကျွန်မ၏ စစ်မေးခန်းထဲသို့ စီတန်း လျှောက်လာပြီး၊ ပုဖိုင့်ဖိုင့် ရဲအရာရှိတစ်ဦးက ဒေါသတကြီး ဝင်လာ ကာ၊ ကျွန်မကို ကိုင်တွယ်နေသည့် ဆိုးယုတ်သော ရဲနှစ်ယောက် ကို “သူစကားပြောပြီလား” ဟု မေးလိုက်သည်။ “မပြောသေးဘူး” ဟု သူတို့က ပြန်ဖြေသည်။ သူတို့၏ အဖြေကို ကြားသည်နှင့် တပြိုင်နက် သူ ကျွန်မဆီသို့ ဦးတည်လာပြီး၊ ဒေါသထွက်စွာ “မင်းက မပူးပေါင်းသေးဘူးပဲ။ ငါတို့ မင်းနာမည်ကို သိတယ်၊ ပြီးတော့ မင်းက အသင်းတော်မှာ အရေးကြီးတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်တယ်ဆိုတာ ငါတို့ သိတယ်။ ငါတို့ ဘာမှ မသိဘူးဆိုတဲ့ မှားတဲ့ထင်မြင်ချက်တော့ မရှိလေနဲ့။ ပိုက်ဆံတွေကို မင်းဘယ်မှာ ထားလဲ။” ဟု အော်ပြောခဲ့သည်။ ကျွန်မ တိတ်ဆိတ်နေသည် ကို မြင်သည့်အခါ၊ သူက၊ “မင်း ဝန်မခံရင်၊ ငါတို့ဘာသာ သိတဲ့ အချိန်မှာ မင်းအတွက် ပိုလို့တောင် ဆိုးဦးမယ်။ အသင်းတော်ထဲမှာ မင်းရဲ့ရာထူးကို ထောက်ရင်၊ မင်းက ထောင် အနှစ်နှစ်ဆယ် ကျခံရလိမ့်မယ်” ဟု ပြောလျက် ခြိမ်းခြောက်ခဲ့သည်။ ဤဆိုးယုတ်သောရဲများသည် အသင်းတော်၏ ရန်ပုံငွေများကို ရှာတွေ့ရန် လုံးလုံး သွေးရူးသွေးတန်း ဖြစ်နေခဲ့သည်။ သူတို့၏ အရိုင်းအစိုင်း ကဲ့သို့သော အင်္ဂါရပ်များကို ကြည့်လျက်၊ ကျွန်မ သွေးများက ဒေါသဖြင့် ဗလောင်ဆူလာပြီး၊ သူတို့ကို ငရဲ၏ အမှောင်မိုက်ဆုံးသော တွင်းထဲ ရောက်အောင် ကျိန်စာတိုက်ဖို့ ဘုရားသခင်ကို အနူးအညွတ် မတောင်းပန်ဘဲ မနေနိုင်ပါ။ နောက်ပိုင်းတွင် သူတို့က ကျွန်မ၏ ဘဏ်ကတ်ပြားကို ကိုင်ပြပြီး၊ ထိုကတ်ပြားပေါ်မှ အမည်နှင့် ကိုယ်ပိုင် စိစစ်ရေး နံပါတ်များကို တောင်းခဲ့သည်။ ကျွန်မက “သူတို့ မြင်ပါစေလေ၊ ဘာဖြစ်လဲ။ ဘာပဲဖြစ်ဖြစ် ငါ့မိသားစုက အဲဒီဘဏ်စာရင်းထဲကို အဲဒီလောက် ပိုက်ဆံတွေ လွှဲပေးတာလည်း မဟုတ်ဘူး။ သူတို့ မြင်တဲ့အခါကျရင်၊ အသင်းတော်ရန်ပုံငွေတွေအကြောင်း ငါ့ကို ဆက်ပြီး နားပူတော့မှာ မဟုတ်ဘူးလို့ထင်ပါတယ်” ဟု မိမိဘာသာ တွေးမိသည်။ ဆုံးဖြတ်ချက်ချလျက်၊ ကျွန်မ သူတို့ကို အမည်နှင့် ကိုယ်ပိုင်စိစစ်ရေး နံပါတ်တို့ကို ပြောပြလိုက်သည်။

နောက်ပိုင်းတွင် ကျွန်မ သန့်စင်ခန်းသွားရန် တောင်းဆိုခဲ့ပြီး၊ ထိုအချိန်မှသာလျှင် သူတို့က နောက်ဆုံးတွင် ကျွန်မကို အောက်ချ ပေးခဲ့သည်။ ထိုအချိန်တွင် ကျွန်မက ခြေထောက်များကို ထိန်းချုပ် နိုင်စွမ်း လုံးဝ မရှိတော့သည့်အတွက် သူတို့က ကျွန်မကို သန့်စင် ခန်းထဲသို့ သယ်ဆောင်သွားပြီး၊ အပြင်တွင် စောင့်ကြပ်ခဲ့သည်။ သို့သော်လည်း ကျွန်မ၏လက်များတွင် ခံစားချက်များအားလုံး ပျောက်ဆုံးနှင့်ခဲ့ပြီး၊ ကျွန်မ၏ ဦးနှောက်မှ ညွှန်ကြားချက်များသည် ၎င်းတို့ထံ မရောက်ခဲ့သောကြောင့် ကျွန်မ၏ ဘောင်းဘီကို လုံးလုံး မချွတ်နိုင်ဘဲ ထိုနေရာတွင် နံရံကို မှီပြီးသာ ကျွန်မ မတ်တပ်ရပ် ခဲ့သည်။ အချိန်အတော်ကြာအောင် ကျွန်မ မထွက်လာသေး သည့်အခါ၊ ရဲများထဲမှ တစ်ယောက်က တံခါးဖွင့်ပြီး ကျွန်မကို ကာမရာဂစိတ်ပြင်းပြသော အပြုံးဖြင့် “မင်းမပြီးသေးဘူးလား” ဟု အော်ပြောခဲ့သည်။ ကျွန်မ၏ လက်များ မလှုပ်နိုင်သောကြောင့်၊ သူက ကျွန်မဆီသို့ လျှောက်လာပြီး၊ ကျွန်မ၏ ဘောင်းဘီကို ချွတ်ကာ၊ ကျွန်မ ကိစ္စပြီးသည့်အချိန်တွင် ကျွန်မ၏ ဘောင်းဘီကို ချိတ်ပြန်တပ် ပေးခဲ့သည်။ အမျိုးသား အရာရှိတစ်အုပ်က မထိတထိ ရှုတ်ချသော မှတ်ချက်မျိုးစုံပေးပြီး၊ ကျွန်မကို သူတို့၏ ညစ်ညမ်း သောစကားများဖြင့် အရှက်ခွဲလျက် သန့်စင်ခန်းအပြင်တွင် စုဝေးခဲ့ကြသည်။ ကျွန်မကဲ့သို့ အပြစ်ကင်းသော အသက်နှစ်ဆယ် အရွယ် မိန်းမငယ် လေးတစ်ယောက်ကို အရှက်ခွဲသည့် ဤလူရမ်းကားများနှင့် မကောင်းဆိုးဝါးများ၏ တရားမမျှတမှုက ကျွန်မကို ရုတ်တရက် စိတ်ထိခိုက်စေပြီး၊ ကျွန်မ စတင်ငိုကြွေး ခဲ့သည်။ ကျွန်မ၏ လက်များ အမှန်တကယ် အကြောသေပြီး အနာဂတ်တွင် မိမိ ကိုယ်ကိုယ် စောင့်ရှောက် နိုင်စွမ်းမရှိပါက၊ ကျွန်မ သေသွားလျှင် ကောင်းမည်ဟုလည်း အတွေးပေါ်ပေါက်ခဲ့ သည်။ ထိုအခိုက်အတန့်တွင် ကျွန်မ ကောင်းမွန်စွာ လမ်းလျှောက် နိုင်ခဲ့ပါက၊ ကျွန်မ အဆောက်အဦးထဲမှ ခုန်ထွက်လိုက်ပြီး၊ ထိုနေရာ တွင်ပင် အဆုံးသတ် လိုက်မည်ဖြစ်သည်။ ကျွန်မ၏ အားအနည်းဆုံး အချိန်တွင်ပင်၊ အသင်းတော် ဓမ္မသီချင်းတစ်ပုဒ် ဖြစ်သည့် “ဘုရားသခင်၏ ဘုန်းကြီးသော နေ့ကို ကျွန်ုပ် မြင်တွေ့လိုသည်” က စိတ်ထဲရောက်လာခဲ့သည်။ “ကျွန်ုပ်၏ ချစ်ခြင်းနှင့် သစ္စာစောင့်သိခြင်းကို ဘုရားသခင်အား ကျွန်ုပ်ပေးကာ၊ ဘုရားသခင်ကို ဘုန်းထင်ရှားစေဖို့ ကျွန်ုပ်၏ တာဝန်ကို ဖြည့်ဆည်းမည်။ ဘုရားသခင်အပေါ် သက်သေခံချက်အတွက် ရပ်တည်ကာ စာတန်ကို လုံးဝ အလျော့မပေးဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်ထားသည်။ အို ကျွန်ုပ်၏ ဦးခေါင်းကွဲကြေပြီး သွေးများ စီးဆင်းနိုင်၏၊ သို့သော် ဘုရားသခင်၏ လူတို့၏ သတ္တိသွေးများ မဆုံးရှုံးနိုင်ပေ။ ဘုရားသခင်၏ တိုက်တွန်းမှုက စိတ်နှလုံးတွင် တည်ထားသည်၊ နတ်ဆိုးစာတန်ကို အရှက်ရစေရန် ကျွန်ုပ် ဆုံးဖြတ်သည်။ နာကျင်ခြင်းနှင့် ဆင်းရဲဒုက္ခများကို ဘုရားသခင် ကြိုတင်ပြဠာန်းထားပေ။ ကိုယ်တော့်ကို သေသည်အထိ သစ္စာရှိပြီး နာခံမည်။ ဘုရားသခင်ကို တစ်ဖန် ဘယ်သောအခါမျှ ကျွန်ုပ် မျက်ရည်ကျစေမည် မဟုတ် သို့မဟုတ် စိုးရိမ်စေမည် မဟုတ်ပေ။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ) ဤဓမ္မသီချင်းက ကျွန်မကို ယုံကြည်မှုဖြင့် နောက်တစ်ကြိမ် ပြည့်ဝစေကာ၊ ကျွန်မ၏ စိတ်ဝိညာဉ်သည် အားကောင်းလာခဲ့သည်။ ကျွန်မက “ငါဟာ စာတန်ရဲ့ လှည့်ကွက်တွေနဲ့ အရူးအလုပ်မခံနိုင်ဘူး၊ ပြီးတော့ ဒီလိုဟာမျိုးနဲ့လည်း ငါ့ဘဝကို အဆုံးမသတ်သင့်ဘူး။ ငါက ဘုရားသခင်ကို ထိခိုက်ပြီး သစ္စာဖောက်တဲ့ဟာ တစ်ခုခုလုပ်အောင် သူတို့က ငါ့ကို အရှက်ခွဲပြီး၊ မခံချိမခံသာဖြစ်အောင် ပြောနေတာပဲ။ ငါသာသေခဲ့ရင်၊ သူတို့ရဲ့ ယုတ်မာတဲ့ အကြံအစည်ထဲကို ငါတိုက်ရိုက် ကျတာပဲ ဖြစ်မှာ။ စာတန်ရဲ့ လျှို့ဝှက်အကြံကို အောင်မြင်ဖို့ ခွင့်မပြုနိုင်ဘူး။ ငါက တကယ် မသန်မစွမ်း ဖြစ်ခဲ့ရင်တောင်၊ ငါ့မှာ ထွက်သက်တစ်ခု ရှိသေးသရွေ့၊ ဘုရားသခင်အတွက် သက်သေခံဖို့ ငါဆက်ပြီး အသက်ရှင်ရမယ်။”

စစ်မေးခန်းထဲသို့ ကျွန်မ ပြန်ရောက်သည့်အချိန်တွင်၊ ခြေကုန် လက်ပန်းကျခြင်းဖြင့် ကျွန်မ ကြမ်းပြင်ပေါ် ပြိုလဲကျ သွားသည်။ ရဲများက ကျွန်မကို ပြန်ထရပ်ရန် အမိန့်ပေးလျက် ဝန်းရံပြီး၊ အော်ဟစ်ကြလေသည်။ ကျွန်မကို မျက်နှာဖြတ်ရိုက် ခဲ့သည့် ထိုဝပုပု အရာရှိက ကျွန်မဆီသို့ ဦးတည်လာပြီး၊ ရက်စက်သော ကန်ချက် တစ်ခုဖြင့် ကန်လိုက်ကာ၊ ကျွန်မကို ဟန်ဆောင်နေသည်ဟု စွပ်စွဲခဲ့သည်။ ထိုအခိုက်အတန့်တွင် ကျွန်မ၏ ခန္ဓာကိုယ် စတင် တုန်ခါလာပြီး၊ အသက်ရှူကျပ်လာကာ၊ ပုံမှန်ထက် စတင်အသက် ပြင်းပြင်း ရှူခဲ့သည်။ ကျွန်မ၏ ဘယ်ဖက်ခြေထောက်နှင့် ကျွန်မ၏ ဘယ်ဖက်ရင်ဘတ်တို့သည် စတင်အကြောဆွဲလာပြီး၊ ကျုံ့လာခဲ့ သည်။ ကျွန်မ၏ ခန္ဓာကိုယ် တစ်ခုလုံး အေးစက်တောင့်တင်းသွားပြီး၊ အရာရှိနှစ်ယောက်က မည်မျှ ဆွဲပြီး၊ ဆန့်ဖို့ ကြိုးစားစေကာမူ၊ ကျွန်မကို သူတို့ မဆန့်နိုင်ခဲ့ပါ။ ကျွန်မ၏ စိတ်ထဲတွင်၊ ဘုရားသခင် က ကျွန်မအတွက် ထွက်ပေါက်တစ်ခုဖွင့်ပေးရန် ဤနာကျင်မှုနှင့် ဝေဒနာတို့ကို အသုံးပြုနေသည်ကို ကျွန်မသိခဲ့သည်၊ မဟုတ်ပါက သူတို့က ကျွန်မကို ဆက်လက်ပြီး ရက်စက်စွာ ညှဉ်းပန်းခဲ့မည် ဖြစ်သည်။ ကျွန်မ၏ စိုးရိမ်ရသည့် အခြေအနေကို မြင်ပြီးနောက်မှ သာလျှင်၊ ထိုဆိုးယုတ်သော ရဲများက နောက်ဆုံးတွင် ကျွန်မကို ရိုက်နှက် ခြင်းမှ ရပ်တန့်လိုက်ကြသည်။ ထို့နောက် သူတို့က ကျွန်မကို ကျားထိုင်ခုံတွင် သော့ခတ်လိုက်ပြီး၊ ကျွန်မကို စောင့်ကြည့်ရန် ရဲအရာရှိ နှစ်ဦးကို ထားခဲ့လျက်၊ ကျွန်မ၏ အသင်းတော် ညီအစ်မကို ညှဉ်းပန်းရန် ဘေးခန်းသို့သွားကြ လေသည်။ ကျွန်မ ညီအစ်မ၏ သွေးခဲအောင်ကြောက်လန့်စေသည့် ရုတ်တရက် စီခနဲ ကျယ်လောင်စွာ အော်ဟစ်သံကို အဖန်ဖန် ကြားလျက်၊ ထိုမကောင်း ဆိုးဝါးများဆီသို့ ပြေးသွားပြီး သူတို့ကို သေသည်အထိ အလွန် ဆိုးဆိုးရွားရွား တိုက်ခိုက်ချင်ခဲ့သော်လည်း၊ ဖြစ်နေသည့်အခြေအနေ များအရ ကျွန်မက ပုံလျက်သား ပြိုလဲကျပြီး၊ လုံးလုံး ခြေကုန် လက်ပန်းကျနေခဲ့သောကြောင့် ကျွန်မ၏ ညီအစ်မ သက်သေ ရပ်တည်နိုင်ရန် သူမကို ခွန်အားပေးရန်နှင့် ကာကွယ် စောင့်ရှောက်ရန် ဘုရားသခင်ကို ဆုတောင်းပြီး၊ အနူးအညွတ် တောင်းပန်ရုံသာ ကျွန်မ လုပ်နိုင်ခဲ့သည်။ တစ်ချိန်တည်းတွင်ပင်၊ လူများကို ဆင်းရဲဒုက္ခ ဇောက်ထဲ စိုက်ကျသွားစေသည့် ထိုဆိုးယုတ် ပြီး ကောက်ကျစ်သည့် ပါတီကို ခါးခါးသီးသီး ကျိန်ဆဲပြီး၊ လူသား အသွင်ရှိသော ဤသားရဲများကို အပြစ်ဒဏ်ပေးဖို့ ဘုရားသခင်ကို တောင်းလျှောက် ခဲ့သည်။ နောက်ပိုင်းတွင် အမြင်အားဖြင့် ကျွန်မ၏ နောက်ဆုံး ထွက်သက်ရောက်နေပြီး၊ ကျွန်မ ထိုနေရာတွင် လဲကျ သွားသည်ကို မြင်သည့်အခါ၊ သူတို့ တာဝန်ကျချိန်တွင် တစ်စုံ တစ်ယောက် သေအံ့ဆဲဆဲဖြစ်သည်ကို မဖြေရှင်းလိုဘဲ နောက်ဆုံး တွင် သူတို့က ကျွန်မကို ဆေးရုံသို့ ပို့ခဲ့ကြသည်။ ဆေးရုံသို့ ရောက်ပြီးနောက်၊ ကျွန်မ၏ ခြေထောက်များနှင့် ရင်ဘတ်တို့သည် စတင်အကြောဆွဲလာပြီး၊ ကျုံ့လာကာ၊ ကျွန်မ၏ ခန္ဓာကိုယ်ကို ဆန့်မတ်သည့် အနေအထား ပြန်ရောက်အောင် ဆွဲဆန့်ဖို့ လူအချို့ လိုအပ်ခဲ့သည်။ ကျွန်မ၏ လက်နှစ်ဖက်လုံး ပူဖောင်းများကဲ့သို့ ရောင်ကိုင်းနေပြီး သွေးခဲများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ကျွန်မ၏ လက်များသည် ပြည်ဖုများဖြင့် ဖောင်းနေပြီး၊ သူတို့အပ်ထိုး လိုက်သည်နှင့် တပြိုင်နက် သွေးများက သွေးပြန်ကြောမှ စီးထွက် လာပြီး၊ ဘေးတဝိုက်မှ ကလာပ်စည်းအစုများကို ပျံ့နှံ့စေကာ၊ ဆေးထိုးသည့် နေရာမှ သွေးထွက်လာသောကြောင့် သူတို့ ဆေးသွင်းခြင်းကို မစနိုင်ခဲ့ပါ။ ဆရာဝန်က ဖြစ်နေသည့်အရာကို မြင်သည့်အချိန်တွင် သူက “ငါတို့ ဒီလက်ထိပ်တွေ ဖြုတ်မှရမယ်” ဟု ပြောခဲ့သည်။ ကျွန်မမှာ နှလုံးရောဂါရှိသည်ကို သူက စိတ်ပူသော ကြောင့် နောက်ထပ် စစ်ဆေးခြင်းများအတွက် ကျွန်မကို စည်ပင်သာယာရေး ဆေးရုံသို့ စေလွှတ်ရန် ရဲများကို သူက အကြံပေးခဲ့သည်။ ထိုကောက်ကျစ်သောရဲများက ကျွန်မကို ကူညီဖို့ မည်သည့်အရာမျှ မလုပ်လိုသော်လည်း၊ ထို့နောက်ပိုင်းတွင် ကျွန်မကို ထပ်ပြီး လက်ထိပ်မခတ်တော့ပါ။ နောက်တစ်နေ့တွင် ကျွန်မကို စစ်မေးသည့် ရဲက ကျွန်မ၏ နှုတ်သက်သေခံ ထွက်ချက်အဖြစ် အသုံးပြုရန် ဘုရားသခင် အကြောင်း ပြစ်မှား စော်ကားခြင်းနှင့် အသရေဖျက်ခြင်းများ ပြည့်နှက်နေသည့် ထွက်ဆိုချက်တစ်ခုကို ရေးပြီး၊ ကျွန်မကိုလက်မှတ်ထိုးဖို့ အမိန့်ပေး ခဲ့သည်။ ထိုထွက်ဆိုချက်ကို လက်မှတ်ထိုးရန် ကျွန်မ ငြင်းဆန် သည့်အခါ၊ သူက စိတ်တိုလာပြီး၊ ကျွန်မ၏ လက်ကို ဆုပ်ကိုင်ကာ၊ ထိုထွက်ဆိုချက်ပေါ်တွင် ကျွန်မ၏ လက်ဗွေရာကို အတင်းအကျပ် နှိပ်လိုက်လေသည်။

ဧပြီလ ၉ရက်နေ့ ညနေ စောင်းချိန်တွင် ဌာနခွဲ ဒါရိုက်တာ နှင့် အခြား အမျိုးသားရဲအရာရှိနှစ်ဦးတို့သည် ကျွန်မကို ထိန်းသိမ်းရေး စခန်းသို့ လိုက်ပို့ခဲ့သည်။ ထိန်းသိမ်းရေးစခန်းမှ ဆရာဝန်က ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံး ရောင်ကိုင်းပြီး၊ ကျွန်မ၏ လက်များတွင် မည်သည့်ခံစားချက်မျှ မရှိဘဲ၊ အသက်ဘေးနှင့် တဲတဲလေးသာ လိုတော့ပုံရကာ ကျွန်မ လမ်းမလျှောက်နိုင်သည်ကို တွေ့မြင်သည့်အချိန်တွင် ထိုနေရာတွင် ကျွန်မ သေသွားနိုင်သည်ကို ကြောက်၍ ကျွန်မကို လက်ခံဖို့ ငြင်းပယ်ခဲ့သည်။ နောက်ပိုင်းတွင် ဌာနခွဲ ဒါရိုက်တာက ထိန်းသိမ်းရေးစခန်း အာဏာပိုင်နှင့် တစ်နာရီ နီးပါး စေ့စပ်ညှိနှိုင်းခဲ့ပြီး၊ ကျွန်မ တစ်စုံတစ်ခုဖြစ်ခဲ့ပါက၊ ထိန်းသိမ်းရေးစခန်း၏တာဝန် မဟုတ်ကြောင်း ကတိပေးပြီး နောက် မှသာလျှင်၊ အာဏာပိုင်က ကျွန်မကို ထိန်းသိမ်း စောင့်ရှောက်ဖို့ နောက်ဆုံးတွင် သဘောတူခဲ့သည်။

ဆယ်ရက်ကျော်ကြာပြီးနောက်၊ ဆိုးယုတ်သောရဲများ တစ်ဒါဇင်ကျော်တို့သည် ကျွန်မကို နေ့ရောညပါအဆိုင်းများဖြင့် စစ်မေးရန် အခြားနယ်မြေမှ ထိန်းသိမ်းရေးစခန်းသို့ ယာယီ ပြောင်းရွှေ့နေရာချထားခံရသည်။ အကျဉ်းသားတစ်ယောက် စစ်မေးခံ နိုင်သည့် အချိန်ပမာဏကို ကန့်သတ်ထားသော်လည်း ဤသည်မှာ အလွန်ဆိုးရွားသည့် ဗီဇတစ်ခုနှင့်ကြီးမားပြီး အရေးကြီးသည့် အမှုတစ်ခုဖြစ်သည်ဟု ရဲများက ပြောကြသည်၊ ထို့ကြောင့် သူတို့က ကျွန်မကို မနှောင့်ယှက်ဘဲမနေကြပါ။ ကျွန်မ၏ အားနည်းသည့် အခြေအနေကို ထောက်၍ သူတို့က ကျွန်မကို အချိန်ကြာမြင့်စွာ မေးမြန်းပါက၊ အရေးပေါ် ကျန်းမာရေး အခြေအနေတစ်မျိုးမျိုးရှိနိုင်သည်ကို စိုးရိမ်ကြသောကြောင့်၊ သူတို့၏ စစ်မေးခြင်းကို နံနက် ၁နာရီခန့်တွင် နိဂုံးချုပ်ပြီး ကျွန်မကို အကျဉ်းခန်းထဲသို့ ပြန်ပို့ကြကာ၊ နောက်တစ်နေ့နံနက် အရုဏ်တက် ချိန်တွင် ကျွန်မကို ဆင့်ခေါ်ကြလေသည်။ သူတို့က ကျွန်မကို သုံးရက်ဆက်တိုက် တစ်ရက်လျှင် ၁၈နာရီကြာ စစ်မေးခဲ့သည်။ သို့သော်လည်း သူတို့က ကျွန်မကို မည်မျှ ဖိ၍စစ်သော်ငြားလည်း၊ ကျွန်မက စကားတစ်လုံးမျှ မပြောခဲ့ပါ။ သူတို့၏ အကြမ်းနည်းက အလုပ်မဖြစ်သည်ကို သူတို့မြင်သည့်အချိန်တွင်၊ အနုနည်းများကို သူတို့ပြောင်းခဲ့သည်။ ကျွန်မ၏ ဒဏ်ရာများ အတွက် စတင်စိုးရိမ်မှုများပြသခဲ့ပြီး၊ သူတို့က ကျွန်မအတွက် ဆေးဝါးများကို ဝယ်ပေးကာ၊ ကျွန်မ၏ ဒဏ်ရာများကို လိမ်းဆေးများ လိမ်းပေးကြ သည်။ ဤရုတ်တရက် “ကြင်နာမှု” ပြခြင်းကို ရင်ဆိုင်ရပြီး၊ “ငါသူတို့ကို အသင်းတော်အကြောင်း အရေးမပါတဲ့ တစ်ခုခုကို ပြောလိုက်ရင်၊ အဆင်ပြေကောင်းပြေသွားနိုင်တယ်...” ဟု တွေးလျက် ကျွန်မ၏ သတိထားမှုကို လျှော့ချလိုက်သည်။ ရုတ်ချည်း ဆိုသကဲ့သို့ပင်၊ ဘုရားနှုတ်ကပတ်တော်များ ကျွန်မ၏ စိတ်နှလုံးထဲ ပေါ်ပေါက်လာခဲ့သည်။ “မဆင်မခြင် ချဉ်းကပ်မှု မပြုဘဲ၊ အမှုအရာများ သင့်အပေါ် ကျရောက်သောအခါ ငါ့ထံ မကြာခဏ တိုးဝင်ချဉ်းကပ်လော့။ ငါ၏ ပြစ်တင်ဆုံးမခြင်းအား ပုန်ကန်ပြစ်မှားခြင်းကို ရှောင်ရှားဖို့ရန်နှင့် စာတန်၏ ကောက်ကျစ်သော အကြံအစည်များထဲသို့ အဖမ်းစားခံရခြင်းကို ရှောင်ရှားရန် အခြေအနေအားလုံးတွင် သာ၍ဂရုစိုက်ကာ သတိထားလော့။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၉၅” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ကျွန်မသည် စာတန်၏ ကောက်ကျစ်သော အကြံအစည်ထဲ ကျရောက်ခဲ့ ကြောင်းကို ရုတ်တရက် သတိပြုမိခဲ့သည်။ ဤလူများသည် လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ကျွန်မကို နှိပ်စက်ညှဉ်းပန်း ခဲ့သည့် သူများသာ မဟုတ်ပါလော။ သူတို့သည် ၎င်းတို့၏ ပြောဆိုပြုမူပုံကို ပြောင်းလဲနိုင်သော်လည်း ၎င်းတို့၏ ဆိုးယုတ်သော သဘာဝသည် မပြောင်းလဲနိုင်ဘဲ၊ တစ်ချိန်က မကောင်းမဆိုးဝါး ဖြစ်သူသည် အမြဲတမ်း မကောင်းဆိုးဝါးဖြစ်လေသည်။ ၎င်းတို့သည် သိုးရေခြုံထားသည့် ဝံပုလွေများသာဖြစ်ကြောင်း နှင့် ၎င်းတို့သည် ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်များ အမြဲတမ်း ထားသိုထား ကြောင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို သတိပြုမိစေခဲ့သည်။ ရှေ့ဆက်ပြီး၊ သူတို့က ကျွန်မကို မည်သို့ စုံစမ်းနှောင့်ယှက်သည်ဖြစ်စေ၊ ဖိ၍စစ်သည်ဖြစ်စေ၊ ကျွန်မ နောက်ထပ် စကားတစ်လုံးမျှ ပြောမည်မဟုတ်ပါ။ နောက်မကြာမီ တွင် ဘုရားသခင်က သူတို့၏ စစ်မှန်သည့် စရိုက်များကို ထုတ်ဖော်ပြခဲ့သည်။ ဗိုလ်ကြီးဝူ ဟု သူတို့ခေါ်သည့် အရာရှိ တစ်ယောက်က ကျွန်မကို “မင်းက အသင်းတော်မှ ခေါင်းဆောင် တစ်ယောက်ဖြစ်ပေမဲ့လည်း၊ ဘယ်မှာ ငွေရှိတယ်ဆိုတာ မင်း မသိဘူးပေါ့ ဟုတ်လား။ မင်းငါတို့ကို မပြောရင်၊ သိအောင်လုပ်ဖို့ ငါတို့မှာ နည်းလမ်းတွေရှိတယ်” ဟု ပြင်းထန်စွာ မေးမြန်းခဲ့သည်။ အသက်ကြီးကြီး ပိန်လှီသော ရဲအရာရှိတစ်ယောက်က မိုးမွှန်အောင် ဆဲရေးတိုင်းထွားကာ၊ “သေချင်းဆိုး၊ မင်းကိုငါတို့က နည်းနည်း ပစားပေးတာ၊ မင်းက များများ ရောင့်တက်တယ်။ မင်းစကား မပြောရင်၊ ငါတို့မင်းကို အပြင်ထုတ်ပြီး၊ တွဲလောင်း ပြန်ချိတ်ထား မှာကွ။ အဲဒီအခါကျရင် မင်းက လီယူးဟူလန် ဖြစ်ချင်သေးပြီး၊ ငါတို့ကို သတင်းအချက်အလက်တွေ မပြောဘဲ ထိမ်ချန်ထား နိုင်သေးလား ကြည့်တာပေါ့။ မင်းကို ကိုင်တွယ်ဖို့ ငါ့မှာ နည်းလမ်းတွေ အများကြီးရှိသေးတယ်” ဟု အော်ဟစ်လေသည်။ သူက ဤသို့ စကားပိုပြောလေ၊ ကျွန်မက တိတ်ဆိတ်စွာနေရန် ပို၍ စိတ်ပိုင်းဖြတ်လေ ဖြစ်သည်။ သူက နောက်ဆုံးတွင် ဒေါသထွက်ပြီး၊ ကျွန်မဆီကို လျှောက်လာကာ၊ “ဒီအပြုအမူမျိုးနဲ့တော့၊ အနှစ် နှစ်ဆယ်ဆိုတာ သက်သာတဲ့ ထောင်ဒဏ်တစ်ခု ဖြစ်မှာပဲ” ဟု ပြောလျက် တွန်းထိုးခဲ့သည်။ ထို့နောက် သူက မခံချိမခံသာ ဖြစ်လျက် အခန်းထဲမှ ဒေါနှင့်မောနှင့် ထွက်သွားလေသည်။ နောက်ပိုင်းတွင် အမျိုးသား လုံခြုံရေး ကိစ္စရပ်များကို ကြီးကြပ် ကွပ်ကဲသည့် ပြည်သူ့လုံခြုံရေး စီရင်စု ဌာနမှ အရာရှိတစ်ယောက်က ကျွန်မကို မေးမြန်းဖို့ လာရောက်ခဲ့သည်။ သူက ဘုရားသခင်ကို တိုက်ခိုက်ပြီး အာခံသည့် မှတ်ချက်များစွာ ပြောဆိုခဲ့ပြီး၊ သူက မည်မျှ အတွေ့အကြုံရှိပြီး၊ ဗဟုသုတကြွယ်ဝကြောင်း အဆက် မပြတ် ကြွားဝါသည်မှာ အခြားအရာရှိများက သူ့ကို အလျှံပယ် ချီးမွမ်းလေသည်။ သူ၏ မိမိကိုယ်ကိုယ် ဟုတ်လှပြီဟု ဘဝင်ခိုက်ကာ၊ မိမိကိုယ်မိမိ ကျေနပ်နေသည့် အကျည်းတန်မှုကို စောင့်ကြည့်ပြီး၊ သူ၏ အမှန်တရားကို သွေဖည်ခြင်း၊ ကောလာဟလ ဖြန့်ဝေသည့် မုသားများနှင့် မှားယွင်းသော ထွက်ဆိုချက်များ အားလုံးကို ကြားရင်းဖြင့်၊ ဤအရာရှိကို ကျွန်မ မုန်းတီးပြီး ရွံရှာမိသည်။ သူ့ကိုကြည့်၍ပင် မရသောကြောင့် ကျွန်မ၏ ရှေ့တည့်တည့်မှ နံရံကိုသာ တည့်တည့်စိုက်ပြီး၊ သူ၏ အာဘော် တစ်ခုချင်းစီကို ကျွန်မ၏ခေါင်းထဲတွင် ပြန်လှန်ချေပခဲ့သည်။ သူ၏ ဒေါသတကြီး ရှည်လျားစွာ ဝေဖန်တိုက်ခိုက်ခြင်းက တစ်မနက်လုံး ကြာခဲ့ပြီး၊ နောက်ဆုံး သူပြီးဆုံးသည့်အခါ၊ ကျွန်မ မည်သည့်အရာ စဉ်းစားခဲ့သည်ကို သူက မေးမြန်းခဲ့သည်။ ကျွန်မက “ငါက ပညာ မတတ်ဘူး၊ ဒါကြောင့် နင်တောင်ပြောမြောက်ပြော ပြောနေတာ တွေကို ငါဘာမှမသိဘူး” ဟု စိတ်မရှည်စွာ ပြောခဲ့သည်။ ဒေါသ ထွက်လျက်၊ သူက အခြားစစ်မေးသူများကို “သူ့အတွက် မျှော်လင့်ချက် မရှိဘူး။ သူက ဘုရားသဘောဆန်သွားပြီလို့ ငါထင်တယ်၊ သူက ပြီးသွားပြီ” ဟု ပြောခဲ့သည်။ ထို့နောက် စိတ်ဓာတ်ကျစွာ သူက ကုပ်ချောင်း ကုပ်ချောင်း ထွက်သွားခဲ့ လေသည်။ ကျွန်မက ပီတိရွှန်းပြီး၊ သေရေးရှင်ရေးကာလ တစ်ခုပြီးတစ်ခုကို အောင်မြင် ကျော်လွှားရန် ဦးဆောင်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင် ခဲ့သည်။

ထိန်းသိမ်းရေးစခန်း၌ ဆိုးယုတ်သော ရဲများက ကျွန်မ၏ အကျဉ်းခန်းထဲသို့ ကျွန်မကို တရွတ်တိုက် ဆွဲခေါ်သွားပြီး၊ ညီအစ်မဝမ် သည်လည်း ထိုအကျဉ်းခန်းတွင် ရှိနေသည်ကို တွေ့သည့်အခါ၊ ဤချစ်ရသောသူတစ်ယောက်ကို မြင်ရခြင်းက ကျွန်မ၏ နှလုံးသား ထဲသို့ နွေးထွေးမှုများ တစ်ဟုန်ထိုးစီးစေလေသည်။ ဤသည်မှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်း နှင့် စီစဉ်မှုဖြစ်ပြီး၊ ကျွန်မကို ဘုရားသခင် စောင့်ရှောက်နေသည်ကို ကျွန်မ သိခဲ့သည်၊ ပြီးလျှင် ထိုအချိန်က ကျွန်မသည် မသန်မစွမ်းဖြစ်လုနီးပါး ဖြစ်နေခဲ့ သောကြောင့် ဤအရာကို ဘုရားသခင် ဆောင်ရွက်တော်မူ ခဲ့သည်ကို ကျွန်မ သိခဲ့သည်- ကျွန်မ၏ လက်များနှင့် လက်မောင်းများသည် ရောင်ကိုင်းနေပြီး၊ ပြည်များဖြင့် ဖောင်းနေသည်၊ ကျွန်မ၏ လက်ချောင်းများတွင် ခံစားချက်မရှိဘဲ၊ ၎င်းတို့သည် ဝက်အူချောင်းများကဲ့သို့ ဖောင်းကား နေပြီး၊ ထိဖို့ ခက်ခဲသည်၊ ကျွန်မ၏ ခြေထောက်များက လှုပ်ရှား၍ မရနိုင် လောက်အောင် ရှိပြီး၊ ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အားနည်းပြီး၊ နာကျင်မှုဖြင့် ဖိစီးနှိပ်စက်ခံရသည်။ ခြောက်လကြာ အောင်၊ ကျွန်မ၏ ပူလောင်သည့် အုတ်ခဲအိပ်ရာတွင် အမြဲနီးပါး မလှုပ်မရှားရှိခဲ့ပြီး မိမိကိုယ်ကိုယ် မစောင့်ရှောက်နိုင်ခဲ့ပါ။ ထိုအချိန်အတွင်း ကျွန်မ၏ ညီအစ်မက ကျွန်မကို နေ့တိုင်း စောင့်ရှောက်ခဲ့သည်- ကျွန်မကို သွားတိုက်ပေးသည်၊ ကျွန်မ၏ မျက်နှာကိုသစ်ပေးသည်၊ ကျွန်မကို ရေချိုးပေးသည်၊ ကျွန်မ၏ ဆံပင်ကို ဖီးပြီး၊ အစာကျွေးသည်...တစ်လနောက်ပိုင်း ကျွန်မ၏ ညီအစ်မက လွတ်သွားပြီး၊ ကျွန်မသည် တရားဝင် အဖမ်းခံခဲ့ရ ကြောင်း သတင်းပေးခံရသည်။ ကျွန်မ၏ ညီအစ်မလွတ်ပြီးနောက်၊ ကျွန်မသည် မိမိကိုယ်ကိုယ် မည်မျှ မစောင့်ရှောက်နိုင်သေးသည်ကို တွေးပြီး၊ ကျွန်မ မည်မျှကြာအောင် ထောင်ကျမည်ကို မသိဘဲလျက်၊ ကျွန်မ အလွန့်အလွန် ခိုကိုးရာမဲ့ပြီး၊ စိတ်ဓာတ်ကျခဲ့သည်။ ဘုရားသခင်ကို ကျွန်မ မခေါ်ဘဲ မနေနိုင်ခဲ့ပါ။ “အိုဘုရားသခင်၊ ကျွန်မက မသန်မစွမ်းတစ်ယောက်လို ခံစားရပါတယ်- ကျွန်မ ဒီလိုဆက်ပြီး ဘယ်လိုအသက်ရှင်ရမလဲ။ ကျွန်မ ဒီအခြေအနေကို အောင်မြင်ကျော်လွှားနိုင်ဖို့ ကျွန်မရဲ့ စိတ်နှလုံးကို ကွယ်ကာဖို့ ကိုယ်တော့်ကို ကျွန်မ အနူးအညွတ်တောင်းပန်ပါတယ်။” ကျွန်မ အလွန်စိတ်ညစ်နေပြီး၊ လုံးလုံး လမ်းပျောက်နေသည်ဟု ခံစားရစဉ်၊ ဘုရားနှုတ်ကပတ်တော်များက အတွင်းမှ ထူးထူးခြားခြား သိသာ ထင်ရှားစွာ လမ်းပြခဲ့ပါသည်။ “တစ်နေ့တွင် သင်တို့၏ဘုရားသခင်သည် သင်တို့ကို အကျွမ်းတဝင်မရှိဆုံးသော နေရာတစ်ခုတွင် ထားရှိမည်ကို သင်တို့ စဉ်းစားဖူးသလော။ သင်တို့ထံမှ အရာအားလုံးကို ငါလုယူကောင်း လုယူနိုင်သည့်တစ်နေ့တွင် သင်တို့ မည်သည့်အရာဖြစ်လာမည်ကို သင်တို့ စိတ်ကူးနိုင်ပါသလော။ ထိုနေ့တွင် သင်တို့၏အားအင်များသည် ယခုကဲ့သို့ ဖြစ်မည်လော။ သင်တို့၏ ယုံကြည်ခြင်းသည် ပြန်ပေါ်လာမည်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့သည် အမှုတော်ကို သိနားလည်ရမည်- စိတ်ရှုပ်ထွေးမှုဖြင့် မလိုက်ကြလေနှင့်။”) ဘုရားနှုတ်ကပတ်တော်များက တောက်ပသော မီးပြတိုက်ကဲ့သို့ ကျွန်မ၏နှလုံးသားကို အလင်းပေးပြီး၊ သူ့အလိုတော်ကို ကျွန်မအား နားလည်သဘောပေါက်စေသည်။ ကျွန်မက “ငါအခုရင်ဆိုင်နေတဲ့ ပတ်ဝန်းကျင်က ငါရင်းနှီးကျွမ်းဝင်မှု အနည်းဆုံး ပတ်ဝန်းကျင် တစ်ခု ဖြစ်တယ်။ ဘုရားသခင်က ငါ့ယုံကြည်မှုကို စုံလင်စေဖို့ ဒီပတ်ဝန်းကျင်မျိုးထဲက သူ့အမှုတော်ကို ငါ့ကို တွေ့ကြုံခံစား စေချင်တယ်။ ငါ့ညီအစ်မက ငါ့ကို ထားခဲ့ပေမဲ့လည်း၊ ဘုရားသခင်က ဧကန်မုချ ထားမသွားပါဘူး။ ငါလျှောက်ခဲ့တဲ့ လမ်းကြောင်းကို ပြန်ပြောင်း တွေးကြည့်တော့၊ ဘုရားသခင်က ငါ့ကို လမ်းခရီးရဲ့ ခြေတစ်လှမ်းချင်းစီတိုင်းမှာ လမ်းပြခဲ့တယ်။ ဘုရားသခင်ကို အားကိုးရင် အောင်မြင်ကျော်လွှားလို့ မရနိုင်တဲ့ အခက်အခဲ ဆိုတာ မရှိပါဘူး” ဟု မိမိဘာသာ တွေးမိသည်။ ကျွန်မ၏ယုံကြည်ခြင်း အားနည်းနေသည်ကို မြင်မိသည့်အတွက် ကျွန်မ ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ “ချစ်လှစွာသော ဘုရားသခင်၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကိုယ်တော့်ရဲ့ လက်တော် ထဲမှာ လုံးလုံး ထားလိုပြီး၊ ကိုယ်တော့် စီစဉ်ညွှန်ကြားမှုတွေကို ကျိုးနွံနာခံလိုပါတယ်။ အနာဂတ်မှာ ကျွန်မ ဘယ်လို အခြေအနေတွေကို ရင်ဆိုင်ရပါစေ၊ ကျွန်မ ကိုယ်တော့်ကို ဆက်ကပ် အပ်နှံပြီး၊ နောက်ထပ် မညည်းညူတော့ပါဘူး။” ကျွန်မ၏ ဆုတောင်းခြင်းကို အဆုံးသတ် ပြီးနောက်၊ ငြိမ်သက်ခြင်းနှင့် တည်ငြိမ်ခြင်း အသိစိတ်တစ်ခုကို ကျွန်မ ခံစားခဲ့ရသည်။ နောက်တစ်နေ့ နေ့လည်တွင် ထောင့်စောင့်က အကျဉ်းသားအသစ် တစ်ယောက်ကို ခေါ်လာ သည်။ သူမက ကျွန်မ၏ အခြေအနေကို မြင်သည့် အချိန်တွင်၊ ကျွန်မ၏ တောင်းဆိုမှုပင်မပါဘဲ ကျွန်မကို စတင်စောင့်ရှောက် ခဲ့သည်။ ဤအရာတွင် ဘုရားသခင်၏ အံ့သြဖွယ်ဖြစ်ခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ကို ကျွန်မ မြင်ခဲ့ရသည်။ ဘုရားသခင်က ကျွန်မကို စွန့်ပစ်မထားခဲ့ပါ- လူသားများ၏ အတွေးများအပါအဝင် ကောင်းကင်နှင့် မြေကြီးရှိ အရာအားလုံးသည် ဘုရားသခင်၏ လက်တော်ထဲတွင်ရှိသည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများ နှင့် စီစဉ်မှုများကြောင့်သာ မဟုတ်ခဲ့ပါက၊ ကျွန်မ တစ်ခါမျှ မမြင်ဖူးသည့် ဤအမျိုးသမီးသည် ကျွန်မအပေါ် အဘယ့်ကြောင့် အလွန် ကောင်းနေလိမ့်မည်နည်း။ ထို့နောက်တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်မ ပို၍ပင် မျက်မြင်တွေ့ခဲ့ရသည်။ ထိန်းသိမ်းရေးစခန်းမှ ထိုအမျိုးသမီး လွတ်သည့်အချိန်တွင် ဘုရားသခင်က ကျွန်မ တစ်ခါမျှ မမြင်တွေ့ဖူးသည့် အမျိုးသမီး တစ်ယောက်ပြီးတစ်ယောက်ကို ကျွန်မကို စောင့်ရှောက်ဖို့ ပေါ်ပေါက်စေခဲ့ပြီး၊ သူတို့က ကျွန်မကို စောင့်ရှောက်ခြင်းအား တစ်ယောက်မှ တစ်ယောက်သို့ လက်ဆင့်ကမ်းနေကြသည်မှာ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ တုတ်တိုတစ်ခုကို လက်ဆင့်ကမ်းနေ သကဲ့သို့ပင် ဖြစ်ပါသည်။ သူတို့ အလွတ်ခံရပြီးနောက် ကျွန်မ၏ ငွေစာရင်းထဲသို့ ငွေလွှဲထည့် ပေးသည့် အကျဉ်းသားအချို့ပင် ရှိသေးသည်။ ဤအချိန်အတွင်းတွင် ကျွန်မ ခန္ဓာကိုယ်က အတော်အတန် ဒုက္ခခံခဲ့ရသော်လည်း၊ လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၏ ရိုးသားမှုကို ကျွန်မ ကိုယ်တွေ့ တွေ့ကြုံခံစားနိုင်ခဲ့သည်။ လူသားသည် မည်သည့်အခြေအနေထဲသို့ ပစ်ချခံရပါစေ၊ ဘုရားသခင်က သူ့ကို မည်သည့်အခါမျှ မစွန့်ပစ်ဘဲ၊ သူ၏ အမြဲ အထောက်အကူ အဖြစ် အသုံးတော်ခံခဲ့သည်။ လူသည် ဘုရားသခင်၌ ယုံကြည်မှု မပျောက်ဆုံးသရွေ့၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သူ ဧကန်မုချ မျက်မြင်တွေ့နိုင်မည် ဖြစ်သည်။

ကျွန်မ တစ်နှစ်နှင့် သုံးလ ထိန်းသိမ်းခံခဲ့ရပြီးနောက်၊ “တရား ဥပဒေစိုးမိုးရေးကို နှောင့်ယှက်ရန် ရှဲကျောက် အဖွဲ့အစည်းမှ တစ်ဆင့် အလုပ်လုပ်ခြင်း” အတွက် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ စွဲချက်တင်ခြင်းကို ခံရကာ၊ သုံးနှစ်နှင့် ခြောက်လ ထောင်ဒဏ်ကျခံခဲ့ရသည်။ ကျွန်မ၏ ပြစ်မှုထင်ရှားစီရင်ခြင်း နောက်တွင်၊ စီရင်စု အမျိုးသမီးအကျဉ်းထောင်သို့ ထောင်ဒဏ်ကျ ခံရန် အပို့ခံရသည်။ ထောင်ထဲတွင် ကျွန်မတို့က ပို၍ပင် လူမဆန် သည့် ဆက်ဆံမှုကို ခံခဲ့ရသည်။ နေ့စဉ် ကျွန်မတို့ အလုပ်ကြမ်း အတင်းခိုင်းခံရပြီး၊ ကျွန်မတို့၏ နေ့စဉ် အလုပ်ပမာဏ သတ်မှတ်ချက်များက လူတစ်ယောက် ယုတ္တိရှိရှိ ပြီးအောင် လုပ်နိုင်သည့် အရာထက် များစွာပိုလေသည်။ ကျွန်မတို့ အလုပ်ကို မပြီးနိုင်ပါက၊ ကိုယ်ထိလက်ရောက် ရိုက်နှက်ပြစ်ဒဏ်ပေးခံရမည် ဖြစ်သည်။ အလုပ်ကြမ်းမှတစ်ဆင့် ကျွန်မတို့ ရရှိသည့် ငွေများ အားလုံးနီးပါးက ထောင်စောင့်များ၏ အိတ်ထဲသို့ ရောက်ကုန်သည်။ လူနေမှုစရိတ်တစ်ခုဟု မှတ်ယူရသည့် ယွမ်အနည်းငယ်ကိုသာ ကျွန်မတို့ လစဉ်ရရှိခဲ့သည်။ ထောင်ထဲတွင် အသုံးပြုထားသည့် တရားဝင် စာတန်းမှာ အလုပ်ကြမ်းမှတစ်ဆင့် ပညာပေးခြင်းဖြစ် သော်လည်း လက်တွေ့အရှိတရားတွင် ကျွန်မတို့က သူတို့အတွက် ငွေလုပ်စက်များသာ ဖြစ်ပြီး၊ သူတို့၏ အခမဲ့အစေခံများ ဖြစ်သည်။ ကြည့်ရသည်မှာတော့၊ အကျဉ်းသားများ၏ ထောင်ဒဏ်ကို လျှော့ချ ခြင်းအတွက် ထောင်စည်းကမ်းက အလွန်လူဆန်ပုံ ပေါက်သည်- အချို့သော သတ်မှတ်ချက်အချို့ကို ဖြည့်ဆည်းခြင်းအားဖြင့်၊ အကျဉ်းသားများသည် ၎င်းတို့၏ ပြစ်ဒဏ်နှင့်ပတ်သက်ပြီး သင့်တော်သော လျှော့ချခြင်းတစ်ခု အတွက် အရည်အချင်း ပြည့်မီနိုင်သည်။ သို့သော် အမှန်မှာမူ ၎င်းသည် ဟန်ပြတစ်ခုသာ ဖြစ်ပြီး၊ အပြင်ပန်းအတွက်သာ ဖြစ်သည်။ အမှန်အားဖြင့် သူတို့၏ လူဆန်သည့်ဟု ဆိုသော စနစ်မှာ စာရွက်ပေါ်မှ အနှစ်သာရမဲ့သော စကားလုံးများထက် မပိုပါ။ ထောင်စောင့်များ ကိုယ်တိုင် ထုတ်ပြန်သည့် အမိန့်များသည်သာလျှင် နယ်မြေ၏ စစ်မှန်သော ဥပဒေများသာ ဖြစ်သည်။ လုံလောက်သည့် “အလုပ်သမား” ပမာဏ သေချာစေဖို့ နှင့် ထောင်စောင့်များ၏ ဝင်ငွေများ မလျော့သွားစေရန် အာမခံဖို့ တို့အတွက် အကျဉ်းထောင်က နှစ်စဉ်အပြစ်ဒဏ် လျှော့ချခြင်း စုစုပေါင်းကို တင်းကျပ်စွာ ထိန်းချုပ်ထားသည်။ “အပြစ်ဒဏ်လျှော့ချခြင်းစာရင်း” သည် အလုပ်သမား၏ ထုတ်လုပ်အား တိုးစေရန် အကျဉ်းထောင်မှ အသုံးပြုသည့်စနစ် တစ်ခုဖြစ်သည်။ ထောင်ထဲကရာနှင့်ချီသော အကျဉ်းသားများထဲမှ ဆယ်ယောက်ခန့်သာလျှင် “အပြစ်ဒဏ်လျှော့ ချခြင်းစာရင်း” ထဲသို့ ပါဝင်ကြရသောကြောင့်၊ လူများက စာရင်းထဲတွင် ပါရန် အချင်းချင်း ခြေပုန်းခုတ်လျက် အလွန်အလုပ် ကြိုးစားကြသည်။ သို့သော်လည်း စာရင်းထဲတွင် ပါဝင်ခြင်းဖြင့် အဆုံးသတ်ကြသည့် အကျဉ်းသားအများစုသည် အစဦးကတည်းက အလုပ်ကြမ်းလုပ်ဖို့ မလိုအပ်ခဲ့သည့် ရဲအဆက်အသွယ်များရှိသည့် လူများ ဖြစ်ကြသည်။ အကျဉ်းသားများသည် မိမိတို့၏ မကျေ မချမ်းမှုကို မိမိဘာသာ ထိန်းထားရုံမျှလွဲပြီး တခြားရွေးချယ်စရာ မရှိခဲ့ပါ။ အချို့က ဆန္ဒပြခြင်းဖြင့် မိမိကိုယ်ကိုယ် သတ်သေကြ သော်လည်း၊ ဖြစ်ရပ်မှန်နောက်တွင် ဘေးဒုက္ခခံရသူ၏ မိသားစုများ ကို ကျေနပ်အောင်ပြုလုပ်ရန် ဇတ်လမ်းများ အလျဉ်းသင့်သလိုသာ ဖန်တီးသောကြောင့် သူတို့၏ သေဆုံးခြင်းများအားလုံးသည် အချည်းနှီး ဖြစ်ရသည်။ ထောင်ထဲတွင် ထောင်စောင့်များသည် ကျွန်မတို့ကို မည်သည့်အခါမျှ လူသားတစ်ယောက်ကဲသို့ မဆက်ဆံခဲ့ပါ။ ကျွန်မတို့က သူတို့ကို စကားပြောလိုပါက၊ ကျွန်မတို့က မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်ပြီး၊ သူတို့ကို မော့ကြည့်ရသည်၊ ပြီးလျှင် တစ်စုံတစ်ခုကို သူတို့ အကြိုက်မတွေ့ ပါက၊ ရိုင်းစိုင်းသော ဆဲရေးတိုင်းထွာစကားများဖြင့် ကျွန်မတို့ကို ဒေါသဖြင့် ဝေဖန်ပြောဆိုပြီး စော်ကားသည်။ ကျွန်မ ပြစ်ဒဏ်၏ ရှည်လျားသော သုံးနှစ်ခွဲကာလသည် အဆုံးသတ်ပြီး ကျွန်မ အိမ်ပြန်သည့်အချိန်တွင် ကျွန်မ၏ မိသားစုသည် မှတ်မိနိုင် လောက်အောင် အလွန်ချည့်နဲ့ပြီး အားအင်ကုန်ခမ်းကာ လူ့အရိုးပဒေသာတစ်ခုနှင့် တူသည့် ကျွန်မကို မြင်ရာတွင် သူတို့ ခံစားရသည့် မချိတင်ကဲဝေဒနာကို မဖုံးကွယ်နိုင်ဘဲ မျက်ရည်များစွာ ကျခဲ့ရသည်။ သို့သော်လည်း ကျွန်မတို့၏ စိတ်နှလုံးများသည် ဘုရားသခင်ကို ကျေးဇူးတင်ခြင်းဖြင့် ပြည့်နှက်နေသည်။ ကျွန်မ အသက်ရှင်ဆဲဖြစ်ပြီး ကမ္ဘာပေါရှိ ထိုငရဲမှ မကျိုးမကန်း ထွက်လာ နိုင်ရန် ကျွန်မကို ကွယ်ကာခြင်းတို့အတွက် ကျွန်မတို့ ဘုရားသခင် ကို ကျေးဇူးတင်ခဲ့ပါသည်။

ကျွန်မ ထိန်းသိမ်းခံထားရစဉ်တွင် ဆိုးယုတ်သောရဲများသည် နှစ်ကြိမ်လာရောက်ပြီး၊ အိမ်ကို အကြောင်းမဲ့သက်သက် လှန်လှော မွှေနှောက်ကာ၊ ရှာဖွေခဲ့သည်ကို ကျွန်မ အိမ်ပြန်ရောက်ပြီးမှသာ သိခဲ့သည်။ ဘုရားသခင်ကို ယုံကြည်ကြသည့် ကျွန်မ၏ မိဘနှစ်ပါးလုံးသည် ကျွန်မတို့၏နေအိမ်မှ ထွက်ပြေးခဲ့ရပြီး၊ အစိုးရ၏ ဖမ်းဆီးမှုကို ရှောင်တိမ်းရန် ထွက်ပြေးတိမ်းရှောင်ခြင်းဖြင့် နှစ်နှစ်နီးပါး ကုန်ဆုံးခဲ့သည်။ နောက်ဆုံး သူတို့အိမ်ပြန်ရောက် သည့်အချိန်တွင် ခြံဝင်းထဲမှ ခြုံပုတ်များက အိမ်လောက် မြင့်သည်အထိ ကြီးထွားခဲ့ကြပြီးဖြစ်သည်။ အိမ်အမိုးတစ်စိတ် တစ်ဒေသ ပြိုလဲကျပြီး၊ နေရာတစ်ခုလုံးက အလွန်ဆိုးဝါးသော အရှုပ်ပုံတစ်ခုဖြစ်သွားခဲ့သည်။ ရဲများကလည်း ကျေးရွာထဲတွင် လျှောက်သွားပြီး ကျွန်မတို့အကြောင်း မုသားများကို ဖြန့်ဝေခဲ့သည်။ ကျွန်မ၏ မောင်လေးကို ကောလိပ်ပို့ရန် ကျွန်မက လူတစ်ယောက် ထံမှ များပြားသော ငွေပမာဏဖြစ်သည့် ယွမ် တစ်သန်းမှနေပြီး ယွမ် သန်းတစ်ရာထိ တက်အောင် လိမ်ယူခဲ့ကြောင်းနှင့် ကျွန်မ၏ မိဘများက လူတစ်ယောက်ကို ယွမ် သန်းအချို့ လိမ်ယူခဲ့ကြောင်းတို့ကို သူတို့က ဆိုခဲ့သည်။ ဤမကောင်းဆိုးဝါး အဖွဲ့သည် အောင်လက်မှတ်ရ ပညာရှင် လူလိမ်တစ်သိုက် ဖြစ်ကြပြီး၊ လိမ်ရာတွင် အတော်ဆုံး လူများ ဖြစ်ကြလေသည်။ အမှန်မှာမူ ကျွန်မ၏ မိဘများက အိမ်မှ ထွက်ပြေး သွားသောကြောင့် ကျွန်မ၏ မောင်လေးမှာကောလိပ် ကျောင်းလခကို ပေးဖို့နှင့် ကောလိပ်ပြီးဆုံးအောင်တက်ဖို့ သူ၏ ပညာတော်သင် ထောက်ပံ့ကြေး ပိုက်ဆံများနှင့် ချေးငွေများကို အသုံးပြုခဲ့ရသည်။ ထို့အပြင် သူ့အလုပ်အတွက် နေအိမ်မှ ထွက်သွားသည့်အချိန်တွင်၊ သူ့မှာ ကျွန်မတို့မိသားစု စိုက်ခဲ့သည့် ဂျုံစပါး ကောက်ပဲသီးနှံများကို ရောင်းချကာ၊ အနီရောင် ဘယ်ရီသီးများကို ရောင်းဖို့ လိုက်ကောက်ခြင်းတို့အားဖြင့် နည်းနည်းချင်းစီ ခရီးသွားစရိတ်ကို ပထမစုဆောင်းခဲ့ရသေးသည်။ သို့သော်လည်း ထိုနတ်ဆိုးများက ကျွန်မ၏ မိသားစုကို ယနေ့တိုင် ပျံ့နှံ့ဆဲဖြစ်သော ကောလာဟလများဖြစ်သည့် မှားယွင်းသော ထွက်ဆိုချက်များဖြင့် အမှုဆင်လျက် ယုတ္တိမတန်စွာ ပြုမူခဲ့သည်။ ယခုအခါတွင်ပင် နိုင်ငံရေး ဥပဒေချိုးဖောက်သူ အကျဉ်းသား တစ်ယောက် နှင့် လူလိမ်တစ်ယောက် အဖြစ် ကျွန်မ၏ ဂုဏ်သတင်းကြောင့် ကျေးရွာထဲတွင် ကျွန်မက ပစ်ပယ်ခံရဆဲ ဖြစ်သည်။ နတ်ဆိုးတစ်သိုက်ဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီကို ကျွန်မ အမှန်တကယ်ကို မုန်းတီးလေသည်။

ဘုရားသခင်နောက်ကို လိုက်ခြင်းအတွက် ကုန်ဆုံးခဲ့သည့် ကျွန်မ၏ နှစ်များကို ပြန်ပြောင်းတွေးရင်း၊ ကျွန်မသည် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ဘီလူးသရဲစီးသော သဘာဝ နှင့် အနှစ်သာရတို့ကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောတရားအဆင့်သာ လက်ခံခဲ့သော်လည်း ၎င်းတို့ကို မည်သည့်အခါကမျှ အမှန်တကယ် နားမလည်ခဲ့ပါ။ အကြောင်းမှာ ငယ်သည့်အရွယ်က ကျွန်မကို တိကျသောနည်းလမ်းတစ်ခုဖြင့် တွေးတောစေခြင်းဖြင့် ပုံစံသွင်းပြီး၊ စနစ်တကျ လှည့်စားခဲ့သည့် “မျိုးချစ် ပညာရေး” ၏ ဝါဒရေးရာ ရေသောက်မြစ်များဖြင့် ကျွန်မ သွတ်သွင်းခံခဲ့ရသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ချဲ့ကားခြင်းတစ်ခု ဖြစ်သည်ဟုပင် ကျွန်မ တွေးထင်ခဲ့သည်- ကွန်မြူနစ်ပါတီသည် အမြဲတမ်း မှန်ကန်ကြောင်း၊ စစ်တပ်က ကျွန်မတို့ မွေးရပ်ဌာနေကို ကာကွယ်ကြောင်းနှင့် ရဲများသည် လူ့အဖွဲ့အစည်းထဲမှ ဆိုးယုတ်သော လူစုများကို အပြစ်ဒဏ်ပေးပြီး အမြစ်ဖြတ်ကာ၊ လူထု၏ အကျိုးစီးပွားကို ဘေးဆီးရန်ကာ ပေးကြောင်းတို့ကို တွေးလျက် ကျွန်မတို့ နိုင်ငံကို ကျွန်မ၏ မြတ်နိုးကိုးကွယ်ခြင်းကို မစွန့်ပစ်နိုင်ခဲ့ပါ။ ထိုမကောင်း ဆိုးဝါးများ၏ လက်ထဲတွင် ညှဉ်းပန်းနှိပ်စက်ခြင်းကို တွေ့ကြုံ ခံစားခြင်းမှ တစ်ဆင့်သာလျှင်၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ စစ်မှန်သည့် စရိုက်ကို ကျွန်မ မြင်လာခဲ့သည်။ ၎င်းသည် အလွန့်အလွန် လှည့်စားပြီး၊ သူတော်ကောင်းယောင်ဆောင်ကာ၊ တရုတ်ပြည်သူများနှင့် တစ်ကမ္ဘာလုံးကို သူ၏ မုသားများဖြင့် နှစ်ပေါင်းများစွာ လိမ်လည်ခဲ့သည်။ “လွတ်လပ်စွာ ယုံကြည်ခွင့်နှင့် ဒီမိုကရက်တစ် ဥပဒေရေးရာ လူ့အခွင့်အရေးများ” ကို ထိန်းသိမ်းရန် ထပ်ခါထပ်ခါ ကြေညာခဲ့သော်လည်း အမှန်မှာမူ ၎င်းက ဘာသာရေး ယုံကြည်မှုကို အကြောင်းမဲ့သက်သက် နှိပ်ကွပ်လေသည်။ ၎င်းအမှန်တကယ် ထိန်းသိမ်းသည့်အရာမှာ ၎င်း၏ ကိုယ်ပိုင် နိုင်လိုမင်းထက်ပြုမှု၊ အတင်းအကျပ် ထိန်းချုပ်မှုနှင့် အာဏာရှင်ဝါဒ တို့ဖြစ်သည်။ ကွန်မြူနစ်ပါတီ၏ရက်စက်သော နှိပ်စက်ညှဉ်းပန်းမှုအောက်၌ ကျွန်မ၏ဇာတိခန္ဓာမှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ ပြီးလျှင် ဆင်းရဲဒုက္ခနှင့် အားနည်းမှုကို ခံစားခဲ့ရသော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်က ကျွန်မကို အဆက်မပြတ် ဉာဏ်အလင်းပေးခဲ့ပြီး ယုံကြည်ခြင်းနှင့် ခွန်အားတိုးမြှင့်ပေးခဲ့သည်။ စာတန်၏လှည့်ကွက်များကိုလည်း သိမြင်လာအောင် လမ်းပြပေးခဲ့ပြီး ဘုရားသခင်အတွက် သက်သေရပ်တည်နိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ကျွန်မသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကောင်းမြတ်မှုကို လေးလေးနက်နက်ခံစားခဲ့ရပြီး ဘုရားသခင်နောက်လိုက်သော ကျွန်မ၏ ယုံကြည်ခြင်းသည်လည်း ပိုမိုအားကောင်းလာသည်။ အနန္တတန်ခိုးရှင်ဘုရားသခင် ပြောသည့်အတိုင်းပင်၊ “ယခု အချိန်ကျပေပြီ။ ဤမကောင်းဆိုးဝါး၏ အကျည်းတန်သော မျက်နှာကို ဆုတ်ဖြဲဖို့ရန်နှင့် မျက်စိကွယ်စေခြင်း ခံခဲ့ရကာ ဆင်းရဲ ဒုက္ခနှင့် အခက်အခဲမျိုးစုံ ကြံ့ကြံ့ခံရပြီးဖြစ်သည့် လူများကို ၎င်းတို့၏ နာကျင်မှုမှ ထပြီး ဤဆိုးယုတ်သော နတ်ဆိုးအိုအား ကျောခိုင်းခွင့်ပေးရန် လူသားသည် ကြာမြင့်စွာကတည်းက သူ၏ ခွန်အား အားလုံးကို စုစည်းပြီးဖြစ်သည်၊ ဤအရာအတွက် သူ၏ အားထုတ်မှုအားလုံးကို ဆက်ကပ်မြှုပ်နှံပြီးဖြစ်ကာ အဖိုးအခတိုင်းကို ပေးဆပ်ပြီးဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)”) ယခုတွင် ကျွန်မသည် အသင်းတော်သို့ ပြန်လာခဲ့ပြီး ဧဝံဂေလိဖြန့်ဝေခြင်းအားဖြင့် ကျွန်မ၏တာဝန်ကို ထမ်းဆောင်နေသည်။ ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

နတ်ဆိုးတို့ခိုအောင်းရာနေရာသို့ ဝင်ရောက်ခြင်းမှတဆင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအပေါ် ပိုမိုနက်နဲသည့် အတွေ့အကြုံတစ်ခု

ဖန်ရုံ၊ ရှန်ရှိစီရင်စု ကျွန်မ ကလေးဘဝကတည်းက ကျွန်မမိဘတို့၏ ချစ်ခင် ပြုစုစောင့်ရှောက်မှုအောက်တွင် ကြီးပြင်းခဲ့ရသော်လည်း၊ ကျွန်မ၏...

ဆင်းရဲဒုက္ခနှင့် အခက်အခဲတို့ အလယ်တွင် နိုးထခြင်း

-အသက် ၁၇ နှစ်အရွယ် ခရစ်ယာန်တစ်ယောက်၏ ညှဉ်းပန်းနှိပ်စက်ခြင်း နှင့် ပတ်သက်သည့် စစ်မှန်သော အတွေ့အကြုံ ဝမ်တောက်၊ ရှန်ဒေါင်းစီရင်စု ကျွန်တော်က...