ဘုရားသခင်၏နှုတ်ကပတ်တော်များသည် ကျွန်ုပ်အား သက်ရှိငရဲထဲမှ ခေါ်ထုတ်ပေးသည်
၂၀၀၂ ခုနှစ်၊ ဩဂုတ်လတုန်းကပေါ့၊ ဧဝံဂေလိတရား ဝေငှဖို့ တခြားယုံကြည်သူငါး ယောက်နဲ့အတူ မြို့ထဲမှာ ကျွန်တော် ရောက်နေ တယ်။ ညတစ်ညရဲ့ သန်းခေါင်ယံအချိန်လောက်မှာ၊ ရဲအရာရှိ ဆယ့်နှစ်ယောက်လောက်က ကျွန်တော် တို့ရဲ့နေရာကို ရုတ်တရက် ရောက်လာပြီး၊ သူတို့ထဲက တချို့က အသက် ၃၀ အရွယ် နှစ်ယောက်က၊ “မလှုပ်နဲ့ ငါတို့က ရဲတွေ၊ ဒါကြောင့် မင်းတို့ ငြိမ်ငြိမ်နေကြ” လို့ အော်ပြော တယ်။ ပြီးတော့ သူတို့က စပြီး ကုတင်အောက်နဲ့ဗီရိုတွေ ထဲပါမကျန် နေရာတိုင်း လိုက်ရှာကြပြီး၊ ဧဝံဂေလိတရားဝေငှဖို့အတွက် ကျွန်တော်တို့သုံး တဲ့ ပစ္စည်းတွေနဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော် တွေပါတဲ့ စာအုပ်တွေအားလုံးကို သူတို့ ယူသွားသွားကြတယ်။ စားပွဲပေါ်မှာတင်ထားတဲ့ ကျွန်တော့်ရဲ့ သက်သေခံကဒ်ပြားနဲ့အိတ်တွေကိုတောင် သူတို့ယူသွားကြတယ်၊ ပြီးတော့ ကျွန်တော်တို့အားလုံးကို သူတို့ရဲ့ ရဲကားတွေထဲ အတင်းဆွဲသွင်းကြတယ်။ ကျွန်တော်တို့ စခန်းကိုရောက်တဲ့အခါ၊ စစ်ဆေးမေးမြန်းဖို့အတွက် သူတို့က ကျွန်တော် တို့ကို သီးခြားစီခွဲထုတ်ပြီး အဲဒီလိုနဲ့ အရုဏ်ဦးအထိ ကြာသွားတယ်။ ရဲမှူးက ရောက်လာပြီး၊ ကျွန်တော် စကားတစ်ခွန်းမှ မပြောတာတွေ့တော့၊ “မင်း ဘာမှမပြောဘဲနေလေ မင်းက ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်လို့ ငါတို့ ယုံကြည်လေပဲ။ မင်း ‘ပျော်’ မယ့်နေရာသစ်တစ်ခုကို မင်းအတွက် ငါတို့ ရှာပေးမယ်။ အချိန်တန်ရင်တော့၊ မင်းသဘောအတိုင်း ဖြစ်မှာ မဟုတ်ဘူး။ ပြောချင်သည်ဖြစ်စေ၊ မပြောချင်သည်ဖြစ်စေ မင်းပြောမှာပဲ” လို့ ခက်ထန်စွာပြောလိုက်တယ်။ ဒီလိုမျိုး ကြားလိုက်ရတော့ ကျွန်တော် ခြောက်ခြားသွားတယ်။ ငါ့ကို သူတို့ ဘယ်ကိုခေါ်သွားမှာလဲ။ သူတို့က ငါ့ကို ခေါင်းဆောင်တစ်ယောက်လို့ ယူဆရင် ငါ့ကို သေတဲ့အထိ ညှဉ်းပန်းကြမှာ လား။ ကျွန်တော့်ရဲ့စိတ်နှလုံးကို စောင့်ရှောက်ဖို့ ဘုရားသခင်ကို တိတ်တိတ်လေးဆုတောင်းလိုက် တယ်၊ ဒါမှ ဘာပဲဖြစ်ဖြစ် ကျွန်တော် သူ့ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး၊ ယုဒတစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူး။
နောက်နေ့ နေ့လည်တစ်နာရီနည်းနည်းစွန်းတဲ့ အချိန်မှာ၊ ရဲတွေက ကျွန်တော်တို့ကို ထိန်းသိမ်းရေးစခန်းတစ်ခုထဲ ခေါ်သွားတယ်။ အကျဉ်းခန်းရဲ့အဝင်ဝကို ရောက်တဲ့အခါ၊ အထဲမှာ အကျဉ်းသား ၂၀ ကျော် တွေ့လိုက်ရပြီး၊ အားလုံးဟာ ဆံပင်တွေအကုန်လုံးရိတ်ထားပြီး မျက်နှာတွေမှာ ခက်ထန်တဲ့အကြည့်တွေနဲ့ ကြည့်နေကြ တယ်။ ကျွန်တော့်ဆံပင်တွေအားလုံး ထောင်လာသလို ခံစားရပြီး ကျွန်တော် ဘုရားသခင်ကို အဆက်မပြတ် ဆုတောင်းတယ်၊ “ဘုရားသခင်၊ အခုအချိန်မှာ ကျွန်တော် အရမ်း ကြောက်နေတယ်။ ကျေးဇူးပြု၍ ကျွန်တော့်ကို လမ်းပြတော်မူပါ။” ကျွန်တော်ဆုတောင်းပြီးတဲ့အခါမှာ ဘုရားသခင် ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်တော်သတိရမိ တယ်- “သင်သည် ဤအရာ ထိုအရာတို့ကို ကြောက်ရွံ့ခြင်း မရှိအပ်။ မည်မျှများပြားသော အခက်အခဲများနှင့် အန္တရာယ်များ သင်ရင်ဆိုင်ရစေကာမူ၊ ငါ၏ အလိုကို မပိတ်ဆီးဘဲ ဆောင်ရွက်နိုင်ဖို့အလို့ငှာ၊ သင်သည် မည်သည့် အဟန့်အတားမျှဖြင့် ပိတ်ဆို့ခံရခြင်းမရှိဘဲ ငါ၏ရှေ့၌ မြဲမြံလျက် နေနိုင်စွမ်းရှိသည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။...ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏မစခြင်းဖြင့်၊ အဘယ်သူသည် ဤလမ်းကို တစ်ကြိမ်တစ်ခါမျှ ပိတ်ဆို့နိုင်မည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ကျွန်တော့်ကို ယုံကြည်မှုနဲ့ခွန်အားပေးတယ်။ ဘုရားက ကျွန်တော့်ကို ထောက်ပံ့ပေးဖို့ အမြဲရှိ ပြီး၊ ကျွန်တော်နဲ့အတူ ဘုရားရှိတဲ့အတွက် ဘာကို ကြောက်ရမှာလဲ။ အားလုံးက သူ့လက်ထဲမှာရှိတယ်၊ ပြီးတော့ ကျွန်တော့်ကို ဘယ်လိုပဲညှဉ်းပန်းပါစေ၊ ဘုရားကို အားကိုးပြီး ကျော်လွှားဖို့လိုမှန်း ကျွန်တော်သိတယ်။ ကျွန်တော့်စိတ်တွေ တဖြည်းဖြည်းငြိမ်သွား တယ်။ နောက်တော့ ထောင်စောင့်တစ်ယောက်က အချုပ်ခန်းထဲကို ကြမ်းကြမ်းတမ်းတမ်း တွန်းထည့်ပြီး၊ “ငါတို့ရဲ့ ဒီမိတ်ဆွေလေးက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ယုံတယ်၊ ပြီးတော့ ငါတို့ကို တစ်ခုမှ မပြောပြဘူး။ သူ အားလုံးဖွင့်ဟမပြောမချင်း မင်းတို့ သူ့ကို ကောင်းကောင်းရိုက်နှက်လို့ရတယ်” လို့ သူက အကျဉ်းသားတွေကို ပြောတယ်။ သူက အဲဒီလိုပြောပြီးတာနဲ့၊ သူတို့ထဲက လေး၊ငါးယောက်လောက်က ကျွန်တော့်ကို ဝိုင်းပြီး ကန်လိုက်၊ထိုးလိုက် စလုပ်ကြတယ်၊ တစ်ယောက်က ကျွန်တော့်ကို ဆံပင်ကကိုင်ပြီး၊ နှစ်ကြိမ်၊သုံးကြိမ်လောက် နံရံနဲ့ ခပ်ကြမ်းကြမ်း ဆွဲဆောင့်လိုက်တာ၊ ကျွန်တော့်အမြင်တွေ မှောင်မည်းသွားတဲ့အထိ ပဲ။ ကျွန်တော့်ခေါင်းပေါ်မှာ သွေးနဲ့ပြည့်နေတဲ့ ဖုတစ်ဖု ထွက်လာပြီး ပွင့်ထွက်မလို ခံစားရ တယ်။ ကျွန်တော်က ဘုရားသခင်ကို အဆက်မပြတ်ခေါ် ပြီး ကျွန်တော့်ကို ယုံကြည်မှုနဲ့ခွန်အားနဲ့အတူ၊ ဒီ ဒဏ်ကို ခံနိုင်ဖို့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ပေးဖို့ တောင်းတယ်။ ကျွန်တော်က အံကိုကြိတ်ထားပြီး အသံတစ်သံမှ မထွက်ဘူး။ ကျွန်တော့်ကို ငါးမိနစ်၊ခြောက်မိနစ်လောက် ရိုက် နှက်ပြီးတဲ့အခါမှာ သူတို့ရဲ့ခေါင်းဆောင်က၊ “မင်း ပြောမှာလား၊ မပြောဘူးလား” လို့ ခက်ခက်ထန်ထန်မေးတယ်။ ကျွန်တော် ဘာမှမပြောဘဲ ဆက်ပြီးနေတော့၊ သူတို့က ကျွန်တော့်ကို သံပိုက်တစ်ချောင်းပေါ်မှာ နာရီဝက် ဒူးထောက်ပြီးနေခိုင်းတယ်၊ နောက်တော့ ကျွန်တော်ခေါင်းကို အောက်ငုံ့ခိုင်း ထားပြီး လက်တွေကို တည့်တည့်မြှောက်ခိုင်း ထားတယ်။ ဒီလိုတစ်နာရီကြာ ညှဉ်းပန်းခံရပြီးတဲ့အခါမှာ၊ ကျွန်တော် ကြမ်းပြင်ပေါ် လဲကျသွားပြီး၊ မလှုပ်နိုင်တော့ဘူး။ ကျွန်တော် ပြန်မထနိုင်တာတွေ့တော့၊ သူတို့က ပိုပြီးဆိုးရွားတဲ့တစ်ခုကို ပြောင်းလုပ်တယ်။ အကျဉ်းသားတချို့က ကျွန်တော့်ကို ကြမ်းပေါ် က ဆွဲထူပြီး၊ နှစ်ယောက်၊သုံးယောက်လောက်က ကျွန်တော့် ကို နေရာတကျ တင်းတင်းကျပ်ကျပ်ကိုင်ထား ပြီး နောက်တစ်ယောက်က ကျွန်တော့်လက်သန်းရဲ့ လက်သည်းခွံကို မီးညှိထားတဲ့စီးကရက်နဲ့ တို့ထားပြီး ရှို့တယ်။ ရှဲရှဲမြည်တဲ့အသံကို ကျွန်တော်ကြားရတယ်။ ကျွန်တော့်ရဲ့လက်သည်းခွံ လောင်နေတဲ့အနံ့ကို ကျွန်တော်ရပြီး ပူလောင်တဲ့နာကျင်မှုဒဏ်ကို ခံစားရတယ်။ နာကျင်လွန်းတဲ့အတွက် တစ်ကိုယ်လုံး ချွေးတွေ စိုနေပြီး လေထဲကို ထိုးထွက်ချင်တဲ့စိတ်တွေ ပေါ်လာတယ်၊ အံကိုကြိတ်ပြီး ညည်းညူလိုက် တယ်။ နာကျင်တဲ့ဒဏ်ကို တကယ် နောက်ထပ်ဘယ်လို မှ မခံနိုင်တော့၊ ကျွန်တော် ဘုရားသခင်ကို အစွမ်းကုန်အော်ခေါ်ပြီး၊ ကျွန်တော့်ကို ယုံကြည်မှုနဲ့ခွန်အားပေးဖို့ တောင်းတယ်။ ဆုတောင်းပြီးတဲ့အခါမှာ၊ ဘုရားသခင်ရဲ့ ဒီစကားလုံးတွေကို သတိရမိတယ်- “သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) သူ့ရဲ့စကားတွေက ကျွန်တော်တောင်းတဲ့ ယုံကြည်မှုနဲ့ခွန်အား ကျွန်တော့်ကို ပေးတယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နဲ့ သက်သေခံရပ်တည်ဖို့အတွက် ကျွန်တော် ဒုက္ခခံ ရမယ်ဆိုတာ သိတယ်၊ ပြီးတော့ ကျွန်တော် ဘယ်တော့မှ ဘုရားသခင် ကို သစ္စာဖောက်လို့ မရဘူးလေ။ ကျွန်တော်က ပြောဖို့ ဆက်ပြီးငြင်းဆန်နေတော့၊ သူတို့က ကျွန်တော့်ပေါင်ကို မီးညှိထားတဲ့ ဆေးလိပ်တွေနဲ့ အဆက်မပြတ်တို့ပြီး လောင်အောင်လုပ်နေပြီး၊ သိပ်မကြာခင်မှာပဲ အရည်ကြည်ဖုတချို့ ဖြစ်လာတယ်။ အဲဒီနောက် သူတို့က ကျွန်တော့်ရဲ့ခြေထောက် တွေကို မပြီး ကျွန်တော့်ရဲ့ခြေမတစ်ခုစီကို မီးခြစ်နဲ့ရှို့တယ်။ ကျွန်တော့်ခြေမတွေက လောင်သွားပြီး၊ ရောင်လာတယ်၊ ပြီးတော့ သူတို့က ကျွန်တော့်ခြေထောက်ရဲ့ ခြေဖမိုးကို စပြီးမီးရှို့ကြတယ်။ စူးရှတဲ့နာကျင်မှုကို ခံစားရပြီး ကျွန်တော် စတုန်ခါလာတယ်။ ကျွန်တော်သတိလစ်မလို ဖြစ်သွားတယ်။ ကျွန်တော်ရှင်မလား၊သေမလားဆိုတာကို သူတို့ လုံးဝဂရုမစိုက်သလို၊ ကျွန်တော့်ခြေဖမိုးတွေ ကြွပ်သွားတဲ့နီးပါးဖြစ် တော့မှ သူတို့ရပ်လိုက်တယ်။ ကျွန်တော် ချွေးတွေနဲ့ရွှဲနစ်နေပြီး၊ ကျွန်တော့်လည်ချောင်းတွေက သဲကန္တာရတစ်ခု လို ခြောက်သွေ့နေတယ်။ ကျွန်တော်ဟာ မခံမရပ်နိုင်အောင် ရေငတ်နေပေ မယ့်၊ သူတို့က ကျွန်တော့်ကို ရေလုံးဝမတိုက် ဘူး။ ကျွန်တော် ကွန်ကရစ်လျှောက်လမ်းပေါ်မှာ ခဏနားဖို့ ကျွန်တော်သွားချင်ပေမယ့်၊ ခေါင်းဆောင်က “သူ့ကို ပေးမထိုင်နဲ့၊ သူ့ကို ရိုက်ကြ။ သူ့ကို ဆက်ပြီးရပ်နေခိုင်း၊ အားကုန်ခမ်းအောင် လုပ်လိုက်” လို့ အော်ပြီးပြောလိုက်တယ်။ အကျဉ်းသားတစ်ယောက်က ပြေးဝင်လာပြီး ကျွန်တော့်ကို ထိုးတယ်။ ကျွန်တော် မတ်တပ်ရပ်ပြီးနေနေရတယ်။ ထမင်းစားချိန်မှာ ကျွန်တော် အစားအစာတချို့ ယူဖို့ ကြိုးစားတော့၊ ခေါင်းဆောင်က တွေ့သွားပြီး “မင်း စားချင်လား။ မင်းဖွင့်ပြောတဲ့အခါ မင်း စားနိုင်မယ်” လို့ အော်ပြီးပြောတယ်။ အဲဒီညနေခင်းမှာ သူက ကျွန်တော့်ကို ရေချိုးခန်းအဝင်ဝမှာ ရပ်ခိုင်းထားပြီး ကျွန်တော့်ကို ပေးမအိပ်သလို၊ တခြားအကျဉ်းသားတစ်ယောက်ကို ကျွန်တော့် ကို စောင့်ကြည့်ခိုင်းထားတယ်။ ရေချိုးခန်းထဲက ဆိုးရွားတဲ့အနံ့တွေက ကျွန်တော့်ကို အော်ဂလီဆန်စေတယ်။ ကျွန်တော် အိပ်ငိုက်ငိုက်သွားတော့၊ အဲဒီအကျဉ်းသားက ကျွန်တော့်ရင်ဘတ်ကို ထိုးတယ်။ အဲဒီညမှာ ကျွန်တော် ဘယ်နှကြိမ်အထိုးခံရလဲ ဆိုတာ မမှတ်မိတော့ဘူး။ နေထွက်လာတဲ့အချိန်မှာ ကျွန်တော်မူးလာပြီး၊ ကျွန်တော့်ရဲ့ခေါင်းတွေကလည်း သေမတတ် ကိုက်ခဲနေတယ်။ ကျွန်တော်လမ်းလျှောက်တဲ့အခါ ဝါဂွမ်းတွေပေါ် ကို လျှောက်နေရသလိုပဲ— ကျွန်တော် တကယ် ကို ယိုင်နေတယ်။ ခေါင်းဆောင်က ကျွန်တော့်ကို အသင်းတော်အ ကြောင်း ပြောပြဖို့ ထပ်ပြီးအတင်းတောင်းဆို တော့၊ “ငါပြောစရာအကုန်ပြောပြီးပြီ။ ထပ်ပြီး ဘာမှ ပြောစရာမရှိတော့ဘူး” လို့ ကျွန်တော် ပြောလိုက် တယ်။ ဒေါသတွေနဲ့ သူက အံကြိတ်ပြီး၊ “မင်းက တော်တော်မာတယ်ပေါ့၊ ဟုတ်လား။ ဒီနေရာကို ဘယ်လိုခေါ်ကြလဲဆိုတာ သိလား။ ဒီနေရာကို ဘီလူးအဆောက်အအုံကြီးလို့ ခေါ်ကြတယ်။” အဲဒါက အကြမ်းတမ်းဆုံးရာဇဝတ်ကောင်တွေ ကို ထားတဲ့နေရာပဲ။ ရဲတွေက လူတွေကို အဲဒီအထဲထည့်ပြီး သူတို့ ဝန်မခံမချင်း ရာဇဝတ်ကောင်တွေကို ရိုက်နှက် ခိုင်းပြီး၊ သူတို့အောင်မြင်ရင် သူတို့ရဲ့ထောင်သက်တမ်း တွေကို လျှော့ပေးတယ်။ ဒါဟာ အဆင်းနီတဲ့ နဂါးကြီးရဲ့ မနှစ်မြို့ဖွယ် အကောင်းဆုံးနည်းဗျူဟာတွေထဲက တစ်ခုပေါ့။ အကျဉ်းသားတစ်ယောက်ကို သေသွားတဲ့အထိ ရိုက်နှက်တောင်၊ ရဲတွေက လုံးဝတာဝန်မယူဘူး။ ဒါတွေအားလုံးကို အပြစ်ပေးမခံရဘဲ လုပ်ချင်သ လို လုပ်နေကြတာပဲ။ အဲဒီနောက် ခေါင်းဆောင်က “ဒီမှာရှိတဲ့လူတွေက ရွေးချယ်စရာလမ်းမရှိဘူး။ သူတို့က ခိုင်းသလို လုပ်ကြရမှာပဲ။ ဒါမှမဟုတ်ရင် မင်းထိုက်နဲ့ မင်းကံပဲ။ မင်းကို ငါတို့ မကိုင်တွယ်နိုင်ဘူးဆိုတာ ငါမယုံဘူး။ ဒီမှာ ငါ့ရဲ့ ‘နူးညံ့တဲ့ ဝက်သားတံတောင်’ အရသာကို မင်းကို ကျွေးမယ်” လို့ အငြိုးတကြီး နဲ့ ပြောလိုက်တယ်။ သူက အကျဉ်းသားတချို့ကို ကျွန်တော့်ကို နံရံ မှာ ဖိထားခိုင်းတယ်၊ ပြီးတော့ သူပြေးလာပြီး သူ့ရဲ့ ရှိသမျှအင်အားနဲ့ ကျွန်တော့်ရင်ဘတ်ကို သူ့ရဲ့တံတောင်နဲ့ ပစ်ဆောင့်လိုက်တယ်၊ ပြီးတော့ ကျွန်တော့်ရှေ့တည့်တည့်မှာရပ်ပြီး အားပြင်းပြင်းနဲ့ ကျွန်တော့်ကို ထုလိုက်တယ်။ နှစ်ကြိမ်ဆက်တိုက် ဆောင့်ခံရပြီးတဲ့အခါ၊ ကျွန်တော့်နှလုံးက အစိတ်စိတ်အမြွှာမြွှာကွဲအက် မတတ် နာကျင်လာတယ်။ နာကျင်မှုကြောင့် ကျွန်တော့်ရဲ့ရင်ဘတ်ကို ကျွန်တော့်လက်နဲ့ သတိမထားမိဘဲ အုပ်ထားမိ လိုက်တယ်။ ကျွန်တော် အသက်ရှူကျပ်သလို ခံစားရတယ်။ အဲဒီနောက် မကြာခင်မှာပဲ သူက ခုန်ပြီး ကျွန်တော့်ကျောကို သူ့တံတောင်နဲ့ ခပ်ပြင်းပြင်း ထုချလိုက်ပြီး၊ ချက်ချင်း နောက်တစ်ကြိမ်ထပ်ထုတယ်။ ကျွန်တော့်ရဲ့ကလီစာတွေ ကျွန်တော့်အထဲကနေ ဆွဲထုတ်ခံရတော့မလို ကျွန်တော့်ခံစားရတယ်။ ကျွန်တော် လုံးဝဒဏ်မခံနိုင်တော့ဘဲ ကြမ်းပေါ် ကို ပစ်လဲသွားပြီး၊ ကျွန်တော့်ရင်ဘတ်နဲ့ကျောကုန်းက နာကျင်မှု ကြောင့် အသက်ရှူလို့မရဘူး။ သိပ်မကြာခင်မှာပဲ ကျွန်တော့်ရင်ဘတ်က တကယ်ကို မြင်သာအောင် ရောင်လာတယ်။ ကျွန်တော် ဆိုးဆိုးရွားရွား မချိမဆန့်ဝေဒနာ ခံစားနေရပြီး ကျွန်တော် ထပ်ပြီးမခံနိုင်တော့ဘူး။ အဲဒီလိုဆက်သွားရင် အနှေးနဲ့အမြန် ကျွန်တော့် ကို သေတဲ့အထိ သူတို့ရိုက်နှက်မှာပဲဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော် ဘုရားသခင်ကို ဆုတောင်းလိုက် တယ်၊ “ဘုရားသခင်၊ ကျွန်တော့်ကို ကယ်တင်ဖို့ တောင်းပန်ပါတယ်။” အဲဒီအချိန်မှာ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော် တွေကို ကျွန်တော် သတိရလိုက်တယ်- “စိတ်မပျက်နှင့်၊ အားမနည်းနှင့်၊ ထိုအခါ ငါသည် သင့်အတွက် အမှုအရာများကို ရှင်းလင်းစေမည်။ နိုင်ငံတော်သို့ သွားရာလမ်းသည် သိပ်ချောမွေ့ခြင်းမရှိ။ မည်သည့်အရာမျှ ထိုမျှ မရိုးရှင်းပေ။ ကောင်းချီးများ သင့်ထံ အလွယ်တကူ ရောက်လာသည်ကို သင် လိုချင်သည် မဟုတ်လော။ ယနေ့တွင် အယောက်တိုင်းသည် ခါးသီးသော စမ်းသပ်ခြင်းများ ရင်ဆိုင်ဖို့ ရှိလိမ့်မည်။ ထိုသို့သော စမ်းသပ်မှုများမရှိပါက၊ သင်တို့၌ ရှိသည့် ငါ့ကိုချစ်သော နှလုံးသားသည် တိုး၍ အားကောင်းလာလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့သည် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိလိမ့်မည်မဟုတ်။ ဤစမ်းသပ်မှုများတွင် အရေးမပါသော အခြေအနေများသာ ပါရှိလျှင်ပင်၊ အယောက်တိုင်း ၎င်းတို့ကို ကျော်ဖြတ်ရမည်။ စမ်းသပ်မှုများ၏ ခက်ခဲမှုက လူတစ်ဦးနှင့်တစ်ဦး ခြားနား လိမ့်မည်သာ ဖြစ်သည်။...ငါ၏ ခါးသီးခြင်းကို မျှဝေခံစားသော သူတို့သည် ငါ၏ ချိုမြိန်ခြင်းကို သေချာပေါက် မျှဝေခံစားရလိမ့်မည်။ ယင်းမှာ သင်တို့အဖို့ ငါ၏ ကတိနှင့် ငါ၏ ကောင်းချီးမင်္ဂလာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၁)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့်ကို တကယ်ကို စိတ်ဓာတ်လှုံ့ဆော်ပေး ပြီး ဘုရားသခင်က ကျွန်တော့်ကို ဒုက္ခခံဖို့သက်သက် အဲဒီနတ်ဆိုး တွေ ကျွန်တော့်ကို မတရားကျင့်ပြီး ညှဉ်းပန်း တာကို ခွင့်ပြုမှာမဟုတ်ဘဲ သမ္မာတရားကို ကျွန်တော်နားလည်သွားပြီး၊ ချင့်ချိန်နိုင်စွမ်းရှိဖို့အတွက်ဖြစ်တယ်လို့ ကျွန်တော် သိသွားတယ်၊ စာတန်က ဘုရားသခင်ကို ဘယ်လိုခုခံပြီး လူတွေကို ဘယ်လိုနှိပ်စက်တယ်ဆိုတာနဲ့၊ ဘုရားသခင်ရဲ့အမှုတော်ကို ဘယ်လိုခုခံပြီး ပြစ်တင်ရှုတ်ချတယ်ဆိုတာတွေကို ရှင်းရှင်းလင်းလင်းတွေ့လိုက်ရတယ်၊ ဒါမှ ကျွန်တော့်အနေနဲ့ အဲဒါကို စက်ဆုပ်ရွံရှာပြီး ပယ်ချနိုင်မှာလေ။ ဘုရားသခင်အတွက် ကျွန်တော့်ရဲ့ချစ်ခြင်း မေတ္တာကို စုံလင်အောင်ပြုလုပ်တာလည်းဖြစ် တယ်။ ဒါဟာ ဘုရားသခင်ဆီက အထူးကောင်းချီး မင်္ဂလာပဲ။ အဲဒီနေ့က ကျွန်တော် ဘယ်လောက်ပဲဒုက္ခခံခဲ့ရ သည်ဖြစ်စေ၊ ကျွန်တော့်မှာ ထွက်သက်တစ်ခုပဲ ကျန်တော့ တယ်ဆိုရင်တောင်၊ ဘုရားသခင်ကို ကျေနပ် အောင် ကျွန်တော်သက်သေခံပြီး၊ သူ့ရဲ့စိတ်နှလုံးကို နှစ်သိမ့်ရမှာပဲ။ အဲဒီနတ်ဆိုးတွေက ကျွန်တော့်ကို သေတဲ့အထိ ညှဉ်းပန်းခဲ့ရင်တောင်၊ ကျွန်တော်ဟာ အသင်းတော်ကို ဒါမှမဟုတ် ကျွန်တော့်ရဲ့ညီအစ်ကို၊မောင်နှမတွေကို သစ္စာဖောက်နိုင်မှာ မဟုတ်ဘူး။ ပြီတော့ ဒီအသင်းတော်ရဲ့ဓမ္မသီချင်းဖြစ်တဲ့ “ဘုရားသခင်၏ ဘုန်းကြီးသော နေ့ကို ကျွန်ုပ် မြင်တွေ့လိုသည်”ကို ကျွန်တော် တိတ်တိတ်လေး စဆိုနေလိုက်တယ်။ “ယနေ့ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းတို့ကို ကျွန်ုပ် လက်ခံ၊ မနက်ဖြန် ကိုယ်တော်၏ ကောင်းကြီးမင်္ဂလာများကို ကျွန်ုပ် ရရှိမည်။ ကျွန်ုပ်၏ ပျိုရွယ်မှုကို ကိုယ်တော်အား ကျွန်ုပ် ပေးလိုပြီး ဘုရားသခင်၏ ဘုန်းကြီးသော နေ့ရကို မြင်ရဖို့ ကျွန်ုပ်၏ အသက်တာကို ကျွန်ုပ် ဆက်ကပ်လိုသည်။ အို၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက ကျွန်ုပ်၏ စိတ်နှလုံးကို နှစ်သက်ကြည်နူးစေပြီ။ ကျွန်ုပ်အပေါ် အသက်၏လမ်းခရီးကို နှင်းအပ်ရင်း၊ ကိုယ်တော် အမှုပြုကာ သမ္မာတရားကို ဖော်ပြပေ။ ခါးသောခွက်မှ ကျွန်ုပ် သောက်လိုပြီး၊ သမ္မာတရားကို ရရှိဖို့ ဆင်းရဲဒုက္ခ ကျွန်ုပ် ခံလိုပေ။ ညည်းညူခြင်းမရှိဘဲ အရှက်ရခြင်းကို ကျွန်ုပ် ခံမည်၊ ဘုရားသခင်၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်ရင်း ကျွန်ုပ် အသက်တာကို ကုန်ဆုံးစေလိုသည်။ ကျွန်ုပ်၏ ချစ်ခြင်းနှင့် သစ္စာစောင့်သိခြင်းကို ဘုရားသခင်အား ကျွန်ုပ်ပေးကာ၊ ဘုရားသခင်ကို ဘုန်းထင်ရှားစေဖို့ ကျွန်ုပ်၏ တာဝန်ကို ဖြည့်ဆည်းမည်။ ဘုရားသခင်အပေါ် သက်သေခံချက်အတွက် ရပ်တည်ကာ စာတန်ကို လုံးဝ အလျှော့မပေးဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်ထားသည်။ အို ကျွန်ုပ်၏ ဦးခေါင်းကွဲကြေပြီး သွေးများ စီးဆင်းနိုင်၏၊ သို့သော် ဘုရားသခင်၏ လူတို့၏ သတ္တိသွေးများ မဆုံးရှုံးနိုင်ပေ။ ဘုရားသခင်၏ တိုက်တွန်းမှုက စိတ်နှလုံးတွင် တည်ထားသည်၊ နတ်ဆိုးစာတန်ကို အရှက်ရစေရန် ကျွန်ုပ် ဆုံးဖြတ်သည်။ နာကျင်ခြင်းနှင့် ဆင်းရဲဒုက္ခများကို ဘုရားသခင် ကြိုတင်ပြဠာန်းထားပေ။ ကိုယ်တော့်ကို သေသည်အထိ သစ္စာရှိပြီး နာခံမည်။ ဘုရားသခင်ကို တစ်ဖန် ဘယ်သောအခါမျှ ကျွန်ုပ် မျက်ရည်ကျစေမည် မဟုတ် သို့မဟုတ် စိုးရိမ်စေမည် မဟုတ်ပေ။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ)
အဲဒီညမှာ ခေါင်းဆောင်က ကျွန်တော့်ကို ထပ်စောင့်ကြည့် ခိုင်းထားတော့ ကျွန်တော်အိပ်လို့မရဘူး။ အဲဒီအချိန်မှာ ကျွန်တော်မအိပ်ဘဲနေရတာ သုံးညရှိသွားပေမယ့်၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကျွန်တော်စဉ်းစားတဲ့အခါမှာ ကျွန်တော့် နှလုံးသားထဲမှာ အားထိုးတက်လာသလို ခံစားရပြီး အဲဒီနည်းနဲ့ အဲဒီညကို ကျွန်တော် ကျော်ဖြတ်ခဲ့တယ်။ လေးရက်မြောက်နေ့ မနက်စာစားပြီးတဲ့အချိန် မှာ ရဲတွေက ကျွန်တော့်ကိုစပြီး စစ်ဆေးမေးမြန်း ကြတယ်။ သူတို့ထဲက တစ်ယောက်က အန္တရာယ်ပြုမယ့် လက္ခဏာရှိတဲ့အပြုံးနဲ့ “မင်း အဲဒီအထဲမှာ နေရတာ ပျော်လား။ မင်း ပြောသာပြောလိုက်စမ်းပါ။ မင်းရဲ့အထက်က ခေါင်းဆောင်က ဘယ်သူလဲ။ မင်းရဲ့အသင်းတော်က ဘယ်မှာလဲ။ မင်း ဘယ်သူတွေနဲ့ ဆက်သွယ်နေလဲ။ မင်းရဲ့ အသင်းတော် အလှူငွေတွေ ဘယ်မှာထားလဲ။ မင်း ငါတို့ကိုပြောပြရင် ငါတို့ မင်းကို ဒီနေရာက ချက်ချင်းလွှတ်ပေးမယ်။ မင်း အိမ်ပြန်ပြီးတော့ မင်းမိန်းမရယ်၊ ကလေး တွေရယ်နဲ့ အတူပြန်မနေချင်ဘူးလား။ မင်းနဲ့အတူ လာတဲ့သူတွေအားလုံး ဖြောင့်ချက် ပေးပြီး ပြန်ထွက်သွားကြတာ ကြာလှပြီ။ မင်းတစ်ယောက်ပဲ ကျန်တော့တယ်။ အဲဒီတော့ မင်းသိတာ ငါတို့ကို ပြောလိုက်ပေါ့” လို့ ပြောတယ်။ ဒါကို ကြားရတဲ့အခါ၊ “ဒါတကယ်အမှန်ပဲလား။ ကတယ်ကို ငါတစ်ယောက်တည်းပဲ ကျန်တော့ တာလား။ အချုပ်ခန်းထဲကို ပြန်သွားပြီး ရက်ရက်စက်စက် ညှဉ်းပန်းခံရမှာကို ငါတကယ်ကြောက်တယ်။ ငါအရေးမကြီးတာတစ်ခုခု ပြောလိုက်ရင် သိပ်ဆိုးသွားမှာ မဟုတ်ပါဘူး...” လို့ ကျွန်တော်စဉ်းစား မိတယ်။ ကျွန်တော်စပြီးယိမ်းယိုင်လာတဲ့အချိန်မှာပဲ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့်စိတ်ထဲဝင်လာပြီး ကျွန်တော့်ကို အသိဉာဏ်ပွင့်လင်းစေတယ်- “အချိန်တိုင်းတွင်၊ ငါ၏လူတို့သည် ငါ့အိမ်၏တံခါးကို ငါ့အတွက် စောင့်ကြပ်ရင်း၊ စာတန်၏ စဉ်းလဲသည့် အကြံအစည်များကို သတိထားသင့်ပေသည်။...စာတန်၏ ထောင်ချောက်ထဲ ၎င်းတို့ မကျရောက်စေဖို့ဖြစ်သည်၊ မဟုတ်လျှင် အလွန် နောက်ကျမှ နောင်တရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၃)) ဒါက ကျွန်တော့်အသိစိတ်တွေကို ကျွန်တော်ဆီ ပြန်လာစေပြီး၊ ဒါဟာ စာတန်ရဲ့လှည့်စားမှုဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်။ စာတန်ရဲ့ အကျွမ်းကျင်ဆုံးက လိမ်ညာလှည့်စား ပြီး၊ လူတွေကို အပြစ်လုပ်အောင်၊ ဘုရားသခင် ကို ဆန့်ကျင်အောင် သွေးဆောင်တာပဲ ဖြစ် တယ်။ သူက ကျွန်တော့်ကို လှည့်စားပြီး ကျွန်တော် ဘုရားသခင်ကို သစ္စာဖောက်အောင် အဲဒီအလိမ် အညာတွေနဲ့ စုံစမ်းသွေးဆောင်နေတာပဲ။ အဲဒီအမှိုက်ကို ကျွန်တော်ယုံပြီး ကျွန်တော့်ရဲ့ ညီအစ်ကို၊မောင်နှမတွေကို သစ္စာဖောက်ခဲ့ရင်၊ အဲဒါက ကျွန်တော့်ကို ယုဒတစ်ယောက် ဖြစ်သွား စေမှာ မဟုတ်လား။ ကျွန်တော် အဲဒီလိုလုပ်ခဲ့ရင်၊ ယာယီအနေနဲ့ မာရ်နတ်ရဲ့ ညှဉ်းပန်းမှုကနေ လွတ်သွားခဲ့ရင်တောင်၊ ကျွန်တော်ရဲ့အသိတရားက အမြဲစွပ်စွဲခံနေရမှာ ဖြစ်ပြီး ကျွန်တော် ဘယ်တော့မှ အေးချမ်းမှာ မဟုတ်တော့ဘူး။ ဒီထက်ပိုဆိုးတာက၊ နောက်ဆုံးမှာ ဘုရားသခင် က ကျွန်တော့်ကို ကျိန်ဆဲပြီး အပြစ်ဒဏ်ပေးမှာ ပဲ။ ကံကောင်းထောက်မလို့၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့်ကို အချိန်မီ နှိုးလိုက်တယ်၊ ပြီးတော့ ကျွန်တော့်ကို ကာကွယ်ပေးပြီး၊ စာတန် ရဲ့အကြံအစည်ကို ရိပ်စားမိအောင် ကျွန်တော့်ကို ကူညီပေးတယ်။ “ဒါတွေအကြောင်း ငါဘာမှ မသိဘူး” လို့ ကျွန်တော် ခိုင်မာစွာနဲ့ တုံ့ပြန်လိုက်တယ်။ ကျွန်တော့်ဆီက သူတို့လိုချင်တာ မရနိုင်တဲ့အ တွက် သူတို့ လုံးဝဒေါသထွက်သွားကြပြီး ကျွန်တော့်ကို အချုပ်ခန်းထဲ ပြန်ပို့လိုက်ကြ တယ်။
နောက်တစ်နေ့မှာ ထောင်ဝင်းထဲမှာ ကျွန်တော် အလုပ်လုပ်နေတုန်း၊ ခေါင်းဆောင်က လာပြီး အကျဉ်းသားတချို့ကို ကျွန်တော့်ကို ကြမ်းကြမ်း တမ်းတမ်းကိုင်တွယ်ဖို့ ပြောတယ်။ ဆိုးယုတ်တဲ့ရဲတွေက အကျဉ်းသားတွေနဲ့ ပူးပေါင်းပြီး ဘုရားသခင်ကို ကျွန်တော် သစ္စာဖောက်အောင် မျိုးစုံကြိုးပမ်းနေတာ တွေ့ရ တော့၊ ကျွန်တော့်စိတ်ရှိသမျှနဲ့ အဲဒီနတ်ဆိုးတွေကို ကျွန်တော်တကယ်မုန်းတယ်။ သူတို့ ကျွန်တော့်ကို ဘယ်လိုပဲညှဉ်းပန်းပါစေ၊ ကျွန်တော် ဘုရားသခင်ကို ဘယ်တော့မှ သစ္စာမဖောက်ဘူး၊ ကျွန်တော် ဘယ်တော့မှ ယုဒတစ်ယောက် အဖြစ်မခံဘူးလို့ ကျွန်တော် စိတ်ပိုင်းဖြတ်လိုက်တယ်။ အဲဒီနောက်မှာ တခြားအကျဉ်းသားတွေက ကျွန်တော့်ကို အများကြီးပိုပြီးညှဉ်းပန်းနှိပ်စက် လာကြ တယ်။ နေ့ပိုင်းမှာ ကျွန်တော်က တခြားလူအများစုထက် ပိုပြီး အလုပ်ကြမ်း လုပ်ရတယ်၊ ပြီးတော့ ဘာပဲလုပ်လုပ် သူတို့က အပြစ်ရှာကြ ပြီး၊ သူတို့က ကျွန်တော်လုပ်တာ ညံ့လွန်းတယ်၊ ဒါမှမဟုတ် အရမ်းနှေးလွန်းတယ်ဆိုပြီး ကျွန်တော့်ကို သူတို့ ရိုက်နှက်လို့ရအောင် ဆင်ခြေ တွေ ရှာကြတယ်။ စည်းကမ်းတွေ ကျွန်တော် ရွတ်ပြတဲ့အခါမှာ လည်း အမှားပါရင်၊ သူတို့က ကျွန်တော့်ကို ရိုက်နှက်ပြီး ပေးမအိပ် ဘူး။ ညနေပိုင်း လူစာရင်းအော်ခေါ်တော့လည်း၊ ကျွန်တော့်နာမည်ကို ဖြေဖို့ ကျွန်တော် နည်းနည်း တုံ့ဆိုင်းသွားရင်လည်း၊ ကျွန်တော့်ကို ရိုက်နှက် ကြတယ်။ သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ တစ်ခုခုဖြစ်ရင် သူတို့က ကျွန်တော့်အပေါ်ပဲ အပြစ်ပုံချကြတယ်။ ကျွန်တော်ဟာ ဒါဇင်နဲ့ချီတဲ့လူတွေရဲ့ လက်ဝှေ့ထိုးတဲ့အိတ်တစ်လုံး ဖြစ်လာပြီး၊ နေ့စဉ်နေ့တိုင်း ကျွန်တော့်ကို ထိုးလိုက်၊ကန် လိုက် လုပ်ကြတယ်။ ကျွန်တော့်တစ်ကိုယ်လုံး၊ ခေါင်းကနေခြေမအထိ ဒဏ်ရာတွေနဲ့ ပြည့်နှက်နေပြီး၊ ကျွန်တော့်ရင်ဘတ် ရောင်နေတာကလည်း ကျမသွားဘူး။ အသက်ရှူလိုက်တိုင်း၊ နာကျင်နေပြီး၊ ကျွန်တော် ချောင်းတောင်မဆိုးရဲဘူး။ အဲဒီအချိန်ဟာ ကျွန်တော့်ရဲ့နှလုံးရောင်တဲ့ ပြဿနာတွေ စရှိလာတဲ့အချိန်ပေါ့။ နေ့ပိုင်းမှာ ပုံမှန်အတိုင်း အလုပ်ကြမ်းတွေကို ကျွန်တော်ဆက်လုပ်ရပြီး၊ တခြားအကျဉ်းသားတွေရဲ့ ညပိုင်းအလုပ်တွေကို လည်း ရပ်ကြည့်ဖို့ နှစ်နာရီ၊ ဒါမှမဟုတ် လေးနာရီအထိတောင် အများကြီး လုပ်ခိုင်း တယ်။ ပထမနှစ်လမှာ၊ ဆိုးရွားတဲ့အနံ့ရှိတဲ့ အိမ်သာအပြင်မှာ ညတိုင်း ကျွန်တော် ဆောင့်ကြောင့်ထိုင်ပြီး အိပ်ရတဲ့ အပြင်၊ တစ်ယောက်ယောက်က အိမ်သာသုံးတိုင်း ကျွန်တော့်ကို ရိုက်ပြီးနှိုးသွားတယ်။ ကျွန်တော် ညတိုင်း အကြိမ်ပေါင်းများစွာ အရိုက်ခံရတယ်။ ဒါ့အပြင် ပထမနှစ်လမှာ ကျွန်တော် အချိန်ပြည့် ဖိနပ်မပါဘဲ နေရတယ်။ ကျွန်တော့်ကို သူတို့က ဖိနပ်ပေးမဝတ်ဘူး၊ ပြီးတော့ ကြမ်းပြင်ပေါ်မှာ ရေတွေအများကြီးရှိ တဲ့အတွက် ကျွန်တော့်ခြေထောက်တွေက ရောဂါပိုးဝင်လာ ပြီး ပြည်တည်လာတယ်၊ ဘာကြောင့်လဲဆိုတော့ ဆိုးဆိုးရွားရွားမီးလောင်ခံရပြီးတဲ့နောက် အမြဲတမ်း ညစ်ပတ်နေတဲ့ရေထဲမှာ နေနေရတာကြောင့်ပဲ။ ဖိနပ်မပါဘဲ အေးစက်နေတဲ့ကွန်ကရစ်တွေပေါ် မှာ လျှောက်ရတာ အရမ်းကြာလာတော့ အစာအိမ်ပြဿနာတွေလည်း ကျွန်တော့်မှာ ဖြစ်လာတယ်။ စောင်တစ်ထည် ဒါမှမဟုတ် အဝတ်အစားအပို တစ်ထည်မှ သူတို့ ကျွန်တော့်ကို မပေးကြဘူး။ နိုဝင်ဘာလ ရောက်ခါနီးလာပေမယ့်၊ စဖမ်းဆီးခံ ရတုန်းက ကျွန်တော်ဝတ်တဲ့ တီရှပ်နဲ့ ဘောင်းဘီ တိုကို ဝတ်နေရတုန်းပဲ။ ရာသီဥတုက တဖြည်းဖြည်း အေးသထက်အေး လာပြီး၊ ကျွန်တော့် လက်တွေနဲ့ခြေထောက်တွေ မှာ နှင်းကိုက်နာ ဖြစ်လာတယ်။ ကျွန်တော့်လက်တွေက ကွဲအက်လာပြီး ထိမိရင် သွေးထွက်တယ်။ ကျွန်တော် အရမ်းချမ်း၊ ဆာလောင်ပြီး ဒဏ်ရာ တွေနဲ့ ပြည့်နေတယ်။ ကျွန်တော်လုပ်ရတဲ့ အလုပ်ကလည်း လျော့မသွားဘဲ၊ ကျွန်တော်အလုပ်လုပ်တာ နှေးလွန်းရင် တခြားအကျဉ်းသားတွေက ကျွန်တော့်ကို ရိုက်နှက်ကြတယ်။ အဆိုးဆုံးက ကျွန်တော် အိမ်သာသုံးဖို့လိုလို့ ခေါင်းဆောင်ကို သတင်းပို့တဲ့အခါ၊ ကျွန်တော်ဖြစ်နေတာ မြင်တော့၊ ကျွန်တော့်ကို ကြမ်းပေါ်လဲကျတဲ့အထိ ထိုးကြိတ်ပြီး ကျွန်တော့် ကို ပေးမသွားဘူး။ ကျွန်တော် ထိန်းပဲထိန်းထားရတယ်။ အဲဒီလိုပဲ ရက်တော်တော်များများ ဆက်ဖြစ် တယ်။ ကျွန်တော် စိတ်မချမ်းမသာဖြစ်ပြီး ဒေါသထွက်ခဲ့ တယ်။ ကျွန်တော့်ရဲ့အပေါ့အပါးသွားခွင့်ကိုတောင် ကျွန်တော်ဆုံးရှုံးရတယ်။ အဲဒီလူတွေက မကောင်းဆိုးဝါးတွေပဲ။ အဲဒီလူ့ဂုဏ်သိက္ခာကင်းမဲ့စေတဲ့ ညှဉ်းပန်း နှိပ်စက်မှုဒုက္ခကို ကြာမြင့်စွာခံရပြီးနောက်၊ ကျွန်တော် ကိုယ်အလေးချိန် တော်တော်လေးကျ သွားပြီး၊ အရိုးပဒေသာပဲ ဖြစ်လာခဲ့တယ်။ ကျွန်တော် တော်တော်လေးအားနည်းလာပြီး လေတစ်ချက်တိုက်ရုံနဲ့ လွင့်သွားနိုင်တယ်။ တစ်ခါတစ်လေ ကျွန်တော် လမ်းလျှောက်ရင်း လဲကျတယ်။ ဒါက ဘာကိုပြလဲဆိုရင် အဲဒီရဲတွေက လူသား စားတဲ့နတ်ဆိုးတွေ၊ လူသားစားတဲ့သတ္တဝါတွေ ဆိုတာ ပြတာပဲဖြစ်ပြီး၊ သူတို့အကြမ်းဖက်ဖို့အတွက် တန်ဆာပလာတွေ အနေနဲ့ အသုံးပြုခံရတဲ့ အဲဒီအကျဉ်းသားတွေ ကလည်း သူတို့ရဲ့အမိန့်တွေကို နားထောင်ပြီး ကျွန်ခံနေတဲ့ နတ်ဆိုးအသေးစားတွေပဲ။ သူတို့က လူတွေကို ညှဉ်းပန်းနှိပ်စက်တာနဲ့ နာကျင်အောင်လုပ်ရတာကို သာယာကြပြီး၊ သူတို့ဆီမှာ လူသားဆန်တာ ဘာမှမရှိဘူး၊ နတ်ဆိုးဆန်တာပဲ ရှိတယ်။ အဲဒီငရဲဆန်တဲ့နေရာမှာ၊ ဘုရားရဲ့ရန်သူတစ်ယောက်အနေနဲ့၊ ကွန်မြူနစ် ပါတီရဲ့ ဆိုးယုတ်တဲ့၊ ဖောက်ပြန်ရေးအနှစ်သာရ ကို ကျွန်တော် တကယ်တွေ့ခဲ့ရတယ်။ အဲဒါဟာ မလျော်ကန်ဘဲ၊ ဆိုးယုတ်မှုကို အားပေးသလို၊ ဖြောင့်မတ်မှုကို ဆန့်ကျင်ပြီး အပြစ်မဲ့သူကို တိုက်ခိုက်တယ်။ ဒါဟာ စာတန်ရဲ့ အဖောက်ပြန်ဆုံးနဲ့ ဆိုးယုတ်တဲ့ အင်အားစုဖြစ်ပြီး၊ အဲဒါ မာရ်နတ်တွေရဲ့ ဘုရင်ပဲ။ ကျွန်တော့်နှလုံးသားထဲကနေ အဲဒါကို မုန်းတီး ပြီး ငြင်းပယ်လာသလို အဆုံးအထိ ဘုရားသခင်နောက်ကို လိုက်ဖို့ ပိုပြီးတောင် သန္နိဋ္ဌာန်ချလိုက်တယ်။
ဒီဇင်ဘာလ ရက်တစ်ရက်မှာ၊ တော်တော်လေးအေးပြီး လေတွေကလည်း တိုက်နေတယ်၊ ရေခဲတဲ့အမှတ်အောက်မှာ ရှိတယ်၊ ကျွန်တော်က အဝတ်အစားပါးပါးလေးပဲ ဝတ်ထားပြီး၊ ကွန်ကရစ်ပလက်ဖောင်းပေါ်မှာ ထိုင်ပြီး၊ ချမ်းလို့တုန်နေတယ်။ ဒါကိုတွေ့တဲ့အခါမှာ ခေါင်းဆောင်က အငြိုးတကြီးနဲ့ရယ်ပြီး “ဒီက ငါတို့ရဲ့မိတ်ဆွေက ညစ်ပတ်နေပြီ၊ သူ့ကို ဆေးကြောပေးလိုက်ပါ” လို့ တခြားသူတွေကို လှမ်းပြောတယ်။ အဲဒီထဲက တစ်ယောက်ကို ရေတစ်ပုံး သွားခပ် ခိုင်းပြီး တခြားထောင်သားနှစ်ယောက်က ကျွန်တော့် အဝတ်အစားတွေအားလုံးကို လာချွတ်ကြတယ်။ ပြီးတော့ သူတို့က ရေပုံးကို ကောက်ယူလိုက်ပြီး ကျွန်တော့်ခေါင်းကနေ ခြေထောက်အထိ နည်းနည်းချင်းစီ ရေလောင်းတယ်၊ စုစုပေါင်း ရေနှစ်ပုံးအပြည့်ပဲ။ ရေအေးတွေက ကျွန်တော့်အသားထဲကို ဖောက်ဝင်သလို ခံစားလိုက်ရတယ်။ ကျွန်တော့်တစ်ကိုယ်လုံး တုန်နေပြီး၊ သွားအချင်းချင်းရိုက်နေတဲ့အချိန်မှာ တစ်ဒါဇင်လောက်ရှိတဲ့ သူတို့အားလုံးက ကျွန်တော့်ကိုကြည့်ပြီး ဝိုင်းရယ်နေကြတယ်။ တခြားထောင်သားတွေဆီက အကောင်းမထင်တဲ့ မှတ်ချက်တွေကို ကြားရတဲ့အခါ ကျွန်တော့် အခြေအနေကို ကျွန်တော်စဉ်းစားပြီး၊ ကျွန်တော့်စိတ်နှလုံးက စပြီးအားနည်းလာ တယ်။ ကျွန်တော်ဟာ ဆာလောင်မွတ်သိပ်နေသလို၊ ခိုက်ခိုက်တုန်ချမ်းနေရင်း အရိုက်ခံရ၊ အလှောင်ပြောင်ခံရနဲ့ စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းမှု တွေလည်း ခံရတယ်။ ရက်တစ်ရက်ချင်းစီက နှစ်တစ်နှစ်လို ကြာတယ်။ ဒီမှောင်မည်းနေတဲ့ချောက်နက်ကြီးထဲမှာ ကျွန်တော် ဘယ်လောက်ကြာအောင် နေရဦးမယ် မှန်း ကျွန်တော် မသိဘူး။ အဲဒီလူတွေက ကျွန်တော့်ကို သူတို့ မသတ်ရမချင်း ရပ်မယ့်ပုံမပေါ်ဘူး။ ဒီသက်ရှိငရဲကို ကျွန်တော်ကျော်လွှားနိုင်၊ မကျော်လွှားနိုင်ဆိုတာ ကျွန်တော်မသိဘူး...ကျွန်တော်စဉ်းစားလေ၊ ပိုဆိုးဆိုးရွားရွားခံစား ရလေပဲ၊ ဒီငရဲခန်းမှာ နောက်ထပ်ခဏလေး တောင် မနေချင်တော့ဘူး။ နောက်တော့ တခြားအကျဉ်းသားတစ်ယောက် က၊ “မင်း ပြောပဲပြောလိုက်သင့်တယ်။ မဟုတ်ရင် မင်း ဒီမှာ သေတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခံရလိမ့်မယ်။ ဒီရာသီက ဘာရာသီလဲ မင်းသိတာပဲ။ လူတိုင်းက ဖော့ခံထားတဲ့အနွေးထည်တွေ ဝတ်ထားပေမယ့်၊ မင်းရဲ့အဝတ်အစားက အရမ်းပါးတယ်။ ဒီအတိုင်းဆို မင်း ခဲပြီးသေလိမ့်မယ်” လို့ ကျွန်တော့်ကို ပြောတယ်။ သူ အဲဒီလိုပြောတာ ကြားလိုက်ရတော့ ကျွန်တော် မျှော်လင့်ချက်ကုန်ခမ်းသလို ခံစားရ တယ်။ တဖြည်းဖြည်းနဲ့ ပိုအေးသထက်အေးလာပြီး၊ တခြားလူတွေက ကျွန်တော့်ကို ညှဉ်းပန်းနှိပ်စက် တာတွေ မလုပ်တောင်၊ အနှေးနဲ့အမြန် ကျွန်တော် အေးခဲပြီးသေမှာပဲ။ ပြီးတော့ ဒီဖိစီးညှဉ်းပန်းမှုကို ကျွန်တော်ထပ်ပြီး မခံနိုင်တော့ဘဲ ယုဒတစ်ယောက်လို ဘုရားသခင် ကို သစ္စာဖောက်ရင်၊ ကျွန်တော် ငရဲကို သွားရမှာပဲ။ ကျွန်တော့်မှာ မျှော်လင့်ချက်လုံးဝမရှိတော့ဘဲ၊ ကျွန်တော့်ရှေ့မှာရှိတဲ့ ကြောက်မက်ဖွယ်ရာကနေ လွတ်မြောက်ဖို့ ကိုယ့်အသက်ကို အဆုံးစီရင်လို့ ရမယ့် နည်းလမ်းတွေကို စစဉ်းစားမိတယ်။ ဒါပေမယ့် အဲဒီအထဲမှာ ကိုယ့်အသက်ကို အဆုံးစီရင်ဖို့ ကြိုးစားတဲ့လူတွေက မအောင်မြင် ဘဲ၊ ထောင်စောင့်တွေရဲ့ ပိုမိုရက်စက်တဲ့ ညှဉ်းပန်း နှိပ်စက်မှုကိုပဲ ခံကြရတယ်လို့ ကျွန်တော် ကြားဖူးတယ်။ ကျွန်တော် အဲဒီအခြေအနေရောက်သွားရင် အရာရာက ပိုပြီးဆိုးသွားမှာကို ကျွန်တော်စိုးရိမ် တယ်။ ကျွန်တော်ဟာ ဘယ်လိုနည်းနဲ့မှ ဆက်အသက် ရှင်နိုင်မှာမဟုတ်ဘူးလို့ ခံစားမိပေမယ့်၊ သေခြင်း ကိုတောင် ကျွန်တော် ဆုပ်ကိုင်ထားလို့မရသလို ခံစားရတယ်။ ကျွန်တော် မခံမရပ်နိုင်အောင် မချိမဆန့်ဝေဒနာ ခံစားနေရပြီး— ကျွန်တော် တစ်စစီ ပြုတ်ထွက် တော့မလို ခံစားရတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော့်ကို ကူညီဖို့ ဘုရားသခင်က ကျွန်တော့်ကို လမ်းပြပေးမယ့် အခြေအနေတစ်ခုကို ဖန်တီးပေးတယ်။
ကျွန်တော် ညတာဝန်ထမ်းဆောင်နေတဲ့တစ်ချိန် မှာ၊ တခြားအကျဉ်းသားတစ်ယောက်က တစ်ယောက်ယောက်ကို ချစ်ကြိုက်သွားတဲ့အ တွက် ကြီးမားစွာ အဖိုးအခပေးဆပ်လိုက်ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ကျွန်တော့်ကို ပြောပြ တယ်။ အဲဒီဇာတ်လမ်းက ကျွန်တော့်ကို နှိုးလိုက်သလို ဖြစ်သွားတယ်။ လူတစ်ယောက်ကို ချစ်တဲ့အခါမှာ ကျွန်တော်တို့ အနေနဲ့ ကြီးမားတဲ့ပေးဆပ်မှုတစ်ခုကို ပြုလုပ်ဖို့ လိုလားပြီး၊ အခုဆိုရင် ကျွန်တော်က ကောင်းကင်နဲ့မြေကြီး တို့ရဲ့ ဖန်ဆင်းရှင်ဖြစ်တဲ့ တစ်ပါးတည်းသော ဘုရားသခင်နောက်ကို လိုက်နေတာဖြစ်လို့၊ ဘုရားသခင်အတွက် စစ်မှန်တဲ့ချစ်ခြင်းမေတ္တာ ကို ကျွန်တော့်အနေနဲ့ ပိုပြီးတောင် လိုလိုလားလားပြသင့်တယ်။ ဘုရားသခင်ကို ချစ်ပြီး သက်သေရပ်တည်ဖို့ ဘယ်လိုအဖိုးအခကိုမဆို ပေးဖို့ ကျွန်တော် မပျော်သင့်ဘူးလား။ ပေတရုဟာ ဘုရားသခင်အပေါ် သူ့ရဲ့ချစ်ခြင်း မေတ္တာအတွက် ဇောက်ထိုးကားစင်တင်အသတ် ခံခဲ့ရပုံကို ကျွန်တော်စဉ်းစားမိတာကြောင့်၊ ကျွန်တော်လည်း ပေတရုလိုဖြစ်သင့်ပြီး၊ ဘုရား သခင်အပေါ် ကျွန်တော့်ရဲ့ချစ်ခြင်းမေတ္တာ အတွက် ဘာမဆိုဒုက္ခခံရဲပြီး ညည်းတွားမှုမရှိဘဲ သူပြင်ဆင်ပေးတဲ့အရာကို ကြံ့ကြံ့ခံနိုင်ရမှာဖြစ် တယ်။ အဲဒါကပဲ တကယ့်စစ်မှန်တဲ့ သက်သေခံချက်ဖြစ် ပြီး ဘုရားသခင်ရဲ့စိတ်နှလုံးကို အမှန်တကယ် နှစ်သိမ့်ခြင်း ယူဆောင်ပေးမှာပါ။ အဲဒီအချိန်မှာပဲ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်တော်သတိရမိ တယ်- “ထို့ကြောင့် ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) ကျွန်တော့်စိတ်နှလုံးထဲမှာ တိတ်တိတ်လေး ဆုတောင်းလိုက်တယ်၊ “ကျွန်တော် သေခြင်းကို တောင့်တလို့မရပေ မယ့်၊ ရှင်ခြင်းကို ခွန်အားနဲ့ ရင်ဆိုင်ရမှာဖြစ် တယ်။ ဘုရားသခင်ကို တကယ်မချစ်ဘဲနဲ့ နှစ်ပေါင်းများ စွာ သူ့ကိုယုံကြည်ခဲ့ပြီး၊ အထူးသဖြင့် ကျွန်တော့် အပေါ် သူ့ရဲ့ချစ်ခြင်းမေတ္တာအတွက် ကျွန်တော် ပြန်ပြီးမပေးဆပ်ရသေးဘူး။ ကျွန်တော်သက်သေခံဖို့ ဘုရားသခင်က မျှော်လင့်နေတယ်၊ ဒါကြောင့် စာတန်ကို ကျော်လွှားဖို့အတွက် ယုံကြည်ချက်ရှိပြီး၊ ဘုရားသခင်ကို မှီခိုရမှာဖြစ် တယ်။ ကျွန်တော် သူ့ကို စိတ်ပျက်ခိုင်းလို့ မဖြစ် ဘူး။ ပြီးတော့ ကျွန်တော့်ရဲ့ကံကြမ္မာက ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိတယ်။ သူ့ရဲ့ခွင့်ပြုချက်မရဘဲ၊ ဒီနတ်ဆိုးတွေ ဘယ်လောက်ပဲရက်စက်စွာ ကျွန်တော့်ကို ရိုက်နှက်ပေမယ့်၊ ကျွန်တော် သေမှာ မဟုတ်ဘူး။” အဲဒီအချိန်မှာပဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တွေထဲက စာပိုဒ်တစ်ပိုဒ်ကို ကျွန်တော်သတိရမိ တယ်- “ရေတို့သည် လူသားတို့အား အကောင်လိုက် မျိုချသည့်အခါ၊ ငါသည် ၎င်းတို့အား ထိုရေသေများမှကယ်တင်ပြီး အသစ်တစ်ဖန် အသက်ရှင်ရန် အခွင့်အရေးတစ်ရပ်ပေး၏။ လူတို့သည် အသက်ရှင်ရန် ၎င်းတို့၏ ယုံကြည်စိတ်ချမှု ပျောက်ဆုံးသည့်အခါ၊ ၎င်းတို့၏ ဖြစ်တည်မှုအတွက် အခြေခံအုတ်မြစ် တစ်ခုအဖြစ် ငါ့ကို ၎င်းတို့ အသုံးပြု နိုင်ကြစေဖို့အလို့ငှာ၊ ရှေ့ဆက်သွားဖို့ သတ္တိကို ၎င်းတို့အား ပေးလျက်၊ ငါသည် ၎င်းတို့ကို သေခြင်းချောက်ကမ်းပါးစွန်းမှ ဆွဲတင်လေသည်။ လူတို့သည် ငါ့ကို မနာခံကြသောအခါ၊ ငါသည် ၎င်းတို့အား ၎င်းတို့၏ မနာခံမှုအတွင်းမှ ငါ့ကိုသိစေ၏။ လူသားမျိုးနွယ်၏ သဘာဝဟောင်းအရနှင့် ငါ၏ သနားကရုဏာအရ၊ လူသားများကို သေခြင်းသို့ ပို့ခြင်းထက်၊ ငါသည် ၎င်းတို့အား နောင်တရကာ အသစ်စခွင့်ပြု၏။ ၎င်းတို့ ငတ်မွတ်ခေါင်းပါးခြင်း ဒုက္ခခံရသည့်အခါ၊ ၎င်းတို့ ခန္ဓာကိုယ်များ၌ ထွက်သက်တစ်ခု ကျန်သေးသော်လည်း၊ ငါသည် ၎င်းတို့အား စာတန်၏လှည့်ဖြားမှု သားကောင်အဖြစ် မကျရောက်စေဖို့ တားဆီးရင်း၊ ၎င်းတို့အား သေခြင်းမှ ဆွဲလု၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၄)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့်ကို တကယ်တို့ထိပြီး၊ ကျွန်တော် တကယ်အပြစ်ရှိတယ်လို့လည်း ခံစားရစေတယ်။ ပြန်ပြီးစဉ်းစားတဲ့အခါမှာ၊ ကျွန်တော်အဖမ်းခံရ ပြီးကတည်းက၊ ရဲတွေ ဒါမှမဟုတ် ထောင်သားတွေက ကျွန်တော့် ကို ညှဉ်းပန်းနှိပ်စက်တိုင်း ကျွန်တော့်ရဲ့နောက်ဆုံးထွက်သက်အထိ ကျွန်တော့်ကို ဆက်ပြီးတွန်းပို့သွားတဲ့အချိန်မှာ၊ ကျွန်တော်သေလုခါနီးအချိန်မှာ၊ ကျွန်တော့်ကို ယုံကြည်မှုနဲ့ခွန်အားပေးပြီး ဆက်လက်ရှင်သန်အောင် လုပ်ပေးတာဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေပဲ။ ကျွန်တော်တို့ရဲ့ နောက်ဆုံးလုံးဝသည်းမခံနိုင်တဲ့ အနေအထားမှာ ဘုရားသခင်က စရုံပဲရှိသေး တယ်ဆိုတာကို ကျွန်တော် တကယ်ကြုံတွေ့ လိုက်ရတယ်။ ကျွန်တော်ဟာ ဘုရားသခင်ရဲ့ လုပ်ဆောင်မှု အများအပြားကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပြီး သူ့ရဲ့ကြီးမားတဲ့ချစ်ခြင်းမေတ္တာအောက်မှာ အရိပ်ခိုခဲ့ရတာကြောင့်၊ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကြောင့် သေခြင်းကို တမ်းတနေခြင်းဟာ အလွန်သူရဲဘောကြောင်ရာ မကျဘူးလား။ အဲဒီအချိန်မှာ ကျွန်တော်နားလည်လိုက်တာက အဆင်းနီတဲ့ နဂါးကြီးရဲ့ သဘာဝနဲ့ အနှစ်သာရ ကို ကျွန်တော် ရှင်းရှင်းလင်းလင်း တွေ့ရှိပြီး၊ အဲဒါကို တကယ်မုန်းတီးပြီး ကျောခိုင်းစေဖို့အ တွက် ဘုရားသခင်က ဒီဟာတွေအားလုံးကို ပြင်ဆင် ထားတယ်ဆိုတာပါပဲ။ ဒါဟာ ဘုရားသခင်အတွက် ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဒုက္ခခံဖို့ ကျွန်တော့်ရဲ့လိုလားမှု တွေကို စုံလင်အောင်ပြုဖို့အတွက်လည်း ဖြစ်တယ်။ ကျွန်တော့်ကို စုံလင်အောင်ပြုတဲ့ ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်တော်နာခံပြီး လက်ခံရမှာ ဖြစ်သလို၊ သူ့အတွက်လည်း ထူးကဲ့တဲ့သက်သေ ကို ခံသွားရမှာဖြစ်တယ်။ သေခြင်းတရားနဲ့ပတ်သက်တဲ့ အတွေးတွေ အားလုံးကို ကျွန်တော့်ခေါင်းထဲက ထုတ်လိုက်ပြီး တဲ့နောက်၊ ကျွန်တော့်ရဲ့အခြေအနေက ဘာမှ ပြောင်းလဲ မသွားပေမယ့်၊ အဲဒီလောက်ထိ ကျွန်တော် ဒုက္ခမခံရတော့သလို၊ ဖြစ်နိုင်သမျှ အမြန်ဆုံးလွတ်မြောက်သွားဖို့ကို လည်း မစဉ်းစားတော့ဘူး။ ကျွန်တော် နေ့စဉ်ဆုတောင်းပြီး ဘုရားသခင်နဲ့ ပိုပြီးနီးစပ်လာတယ်၊ ပြီးတော့ ကျွန်တော် အထဲမှာ ဘယ်လောက်ပဲနေရပါစေ၊ သူတို့က ကျွန်တော့်ကို ဘယ်နှနှစ်ပဲထားပါစေ၊ ကျွန်တော် ဘုရားသခင်ကို ကျိုးနွံနာခံဖို့အတွက် အဆင်သင့်ဖြစ်တယ်ဆိုတဲ့အကြောင်းကို သူ့ရဲ့ရှေ့မှောက်မှာ တိုင်တည်လိုက်တယ်။ ယုဒတစ်ယောက် ဖြစ်တာထက် ကျွန်တော့်ရဲ့ ကျန်ရှိတဲ့နေ့တွေကို ထောင်ထဲမှာပဲ ကုန်ဆုံးလိုက် မယ်၊ ပြီးတော့ ဘုရားသခင်ကို သက်သေခံပြီး ကျေနပ်စေဖို့အတွက် ကျွန်တော်သေဖို့ အဆင်သင့်ပါပဲ။ အဲဒီအခြေအနေကို တောင့်ခံပြီး ဘုရားသခင်ရဲ့ အုပ်စိုးမှုနဲ့အစီအစဉ်တွေကို လိုက်နာဖို့ ကျွန်တော့်စိတ်နှလုံးထဲက လိုလိုလားလား လက်ခံပြီးတဲ့နောက်၊ ကျွန်တော်ဟာ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ မယုံကြည်နိုင်လောက်အောင် ဘယ်လို အနန္တ တန်ခိုးနဲ့ ပြည့်စုံတယ်၊ ကျွန်တော့်ကို သေတွင်းထဲက အသက်ပြန်ရှင် သန်အောင် ပြန်ခေါ်ဆောင်ပေးတယ်ဆိုတာကို ကျွန်တော်ခံစားရတယ်။ အဲဒီနောက် ကျွန်တော့်ကို အမြဲရိုက်နှက်နေတဲ့ ထောင်သားတွေဟာ တခြားအချုပ်ခန်းကို အပို့ခံရတယ်။ ကျန်တဲ့ တချို့ထောင်သားတွေက သူတို့မလွတ် ခင် သူတို့ရဲ့အဝတ်အစားတွေကို ကျွန်တော့်ကို ပေးခဲ့ကြပြီး၊ ဒါတွေအားလုံးကို ဘုရားသခင်က လုံးဝစီစဉ် ထားမှန်း ကျွန်တော်သိလိုက်တယ်။ ဘုရားသခင်က ကျွန်တော့်အပေါ်ကို သနားဂရုဏာထားပြီး၊ ကျွန်တော့်ကို ကူညီဖို့ အဖြစ်အပျက်မျိုးစုံကို သက်ဝင်လှုပ်ရှားစေခဲ့ တယ်။ ကျွန်တော် ဘုရားသခင်ကို အရမ်းကျေးဇူးတင် တာပဲ။
ရဲတွေက ကျွန်တော့်ကို ထပ်ပြီးစုံစမ်းစစ်ဆေးဖို့ ကြိုးစားကြတယ်။ သူတို့ထဲက တစ်ယောက်က ကျွန်တော့်ကို “မင်းကိုမင်းကြည့်၊ အများကြီးဒုက္ခခံဖို့ လိုလို့ လား။ မင်းအကြောင်း ငါတို့က အစတည်းက အားလုံး သိပြီးသားဖြစ်တာကြောင့် မင်း ပြောသာပြော လိုက်၊ ဟုတ်လား။ မင်းရဲ့ခေါင်းဆောင်က ဘယ်သူလဲ။ မင်းရဲ့ အသင်းတော်က ဘယ်မှာလဲ။ မင်းရဲ့အသင်းတော်မှာ ပိုက်ဆံဘယ်လောက်ရှိ လဲ” လို့ တကယ်မရိုးမသားနဲ့ မေးတယ်။ ကျွန်တော်က တည်ငြိမ်စွာနဲ့၊ “ငါပြောရမယ့်ဟာတွေ အားလုံးပြောပြီးပြီ။ ငါ့မှာ မင်းကိုဖြေစရာ ဘာမှမရှိဘူး” လို့ ပြန်ပြောလိုက်တယ်။ နောက်အရာရှိတစ်ယောက်က ချက်ချင်းမတ်တပ် ရပ်ပြီး၊ မျက်လုံးပြူးပြီး ကျွန်တော့်ကို အော် လိုက်တယ်၊ “မင်းဝန်ခံလိုက်တော့။ အခု မင်းရဲ့ညီအစ်ကို၊ မောင်နှမတွေက အပြင်မှာ စောင့်နေကြတယ်။ ငါတို့ကို ပြောပြရင် မင်းချက်ချင်း သူတို့ကိုတွေ့ နိုင်မှာဖြစ်ပြီး၊ အိမ်ကို တန်းပြန်နိုင်မယ်။” အထူးသဖြင့် ကျွန်တော့်မိသားစုအကြောင်းကို သူတို့ပြောတဲ့အခါမှာ ကျွန်တော် တော်တော်လေး ခံစားရတယ်။ သူတို့နဲ့ ကျွန်တော်မတွေ့ရတာ နှစ်ဝက်လောက် ရှိပြီး၊ ကျွန်တော့်အဖေရဲ့ အိုမင်းပြီးရှုံ့တွနေတဲ့မျက်နှာ ပေါ်မှာ မျက်ရည်တွေဖုံးနေတာကို ကျွန်တော့်စိတ်ထဲမှာ စိတ်ကူးကြည့်တော့၊ ကျွန်တော့်အတွက် တော်တော်လေးခံစားရ တယ်။ ကျွန်တော့်ရဲ့မိသားစုနဲ့အတူ ပြန်နေနိုင်ဖို့အတွက် ကျွန်တော့်ရဲ့ယုံကြည်မှုအကြောင်း သူတို့ကို အနည်းငယ်ပြောပြလိုက်ရမလားလို့ ကျွန်တော် စဉ်းစားတယ်။ ကျွန်တော့်ခံစားချက်တွေထဲ နစ်မြောလုနီးပါး ဖြစ်တဲ့အချိန်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တွေထဲက ဒီဟာကို ကျွန်တော်စဉ်းစားမိလိုက် တယ်- “ငါ၏လူများတို့၊ သင်တို့သည် ငါ၏ဂရုစိုက်မှုနှင့် ကာကွယ်မှုအောက်တွင် ရှိနေရပေမည်။ မည်သည့်အခါမျှ အသောက်အစား အပျော်အပါး၌ မွေ့လျော်သော အသက်တာ၌ အသက်မရှင်ကြနှင့်။ မည်သည့်အခါမျှ အဆင်အခြင်မဲ့စွာ မပြုမူကြနှင့်။ ယင်းအစား သင်၏သစ္စာစောင့်သိခြင်းကို ငါ၏အိမ်တော်တွင် ပေးလှူလော့၊ သင်၏သစ္စာစောင့်သိခြင်းနှင့်သာလျှင် သင်သည် မာရ်နတ်၏ ကောက်ကျစ်မှုကို တန်ပြန်တွန်းလှန်နိုင်မည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၀)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့်ကို ဘာပြလဲဆိုရင်၊ ဒါဟာ စာတန်ရဲ့လှည့်ကွက်တစ်ခုဖြစ်ပြီး၊ ဘုရားသခင်ကို သစ္စာဖောက်အောင် ကျွန်တော့်ရဲ့ ခံစားချက်တွေကို ကစားပြီး ဆွဲဆောင်ချင်တာပဲ။ ကျွန်တော် လှည့်စားခံရလို့ မဖြစ်ဘူး— ဘုရားသခင်ကို ကျွန်တော် ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး။ ဘုရားသခင်ကို ကျွန်တော့်နှလုံးသားထဲကနေ ခေါ်ပြီး တိုင်တည်လိုက်တယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်တော် ဒီနေ့ ကျွန်တော့်ရဲ့ခံစားချက်တွေကြောင့်၊ ကိုယ်တော့်ကို သစ္စာဖောက်ပြီး ယုဒတစ်ယောက် လို တခြားလူတွေကို သစ္စာဖောက်ရင်၊ ကျွန်တော့်ကို သတ်ပြီး ကျွန်တော့်ရဲ့ခန္ဓာကိုယ် ကိုရော၊ ဝိညာဉ်ကိုပါ ယူသွားဖို့ ကျွန်တော် တောင်းပန်ပါတယ်။” ဆုတောင်းပြီးတဲ့အခါမှာ ကျွန်တော် အများကြီး ပိုတည်ငြိမ်သွားပြီး “ငါဘာမှမသိဘူး” လို့ ကျွန်တော်ပြောလိုက် တယ်။ အရာရှိတစ်ယောက်က သူ့ခုံကနေ ခုန်ထွက်လိုက် ပြီး ကျွန်တော့်ရှေ့ကို ချက်ချင်းရောက်လာတယ်၊ ပြီးတော့ အရူးတစ်ယောက်လိုခုန်လိုက်ပြီး ကျွန်တော့်ဗိုက်ကို ဆောင့်ကန်လိုက်လို့၊ ကျွန်တော် ကြမ်းပြင်ပေါ်ကို လဲကျသွားတယ်၊ တစ်ချိန်တည်းမှာပဲ သူက ကျွန်တော့်ကို မသတီစရာကောင်းတဲ့အရာမျိုးစုံပြောပြီး ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ကျွန်တော့်ကို သတ်မှာပဲလို့ ပြောတယ်။ အဲဒီနောက် ရဲတချို့က ကျွန်တော့်ပါးစပ်ထဲကို အရမ်းစပ်တဲ့ငရုတ်ကောင်းမှုန့်တွေထည့်ပြီး ၁၀ မိနစ်ကျော် ကျွန်တော့်ကို အတင်းဝါးပြီး မျိုချခိုင်းတယ်။ သိပ်မကြာခင်မှာပဲ ကျွန်တော့်ဗိုက်က မီးလောင်သလိုခံစားရပြီး၊ ဆိုးရွားတဲ့နာကျင်မှု ကို ကျွန်တော်ခံစားရတယ်။ သူတို့က ကျွန်တော့်ကို ဘယ်လောက်ပဲညှဉ်းပန်း ပါစေ၊ ကျွန်တော် ဘာမှမပြောမှာ မဟုတ်ဘူး။ နောက်ဆုံးမှာ သူတို့မှာ ရွေးချယ်စရာမရှိဘဲ ကျွန်တော့်ကို အချုပ်ခန်းထဲ ပြန်ထည့်လိုက် တယ်။
နောက်ငါးရက်ကြာတော့၊ ကျွန်တော့်ကို စစ်ဆေးမေးမြန်းဖို့အတွက် ရဲတွေပြန်ရောက်လာ ကြပြီး၊ အသင်းတော်နဲ့ပတ်သက်တဲ့ သတင်းအချက်အ လက်တွေ အတင်းမေးပြီး၊ ဘုရားကို ပြစ်မှား စော်ကားတဲ့အရာတွေ ကျွန်တော့်ကို အတင်းအကျပ်ပြောခိုင်းတယ်။ ကျွန်တော် ဘာကိုမှ လုံးဝမပြောတော့၊ သူတို့က ဒေါသထွက်ပြီး၊ ကျွန်တော့်ဘယ်ဘက်လက်ကို စားပွဲပေါ်မှာ ဖိထားပြီး၊ တုတ်တစ်ချောင်းကောက်လိုက်ပြီး ကျွန်တော့် လက်ကို ရိုက်ဖို့ပြင်နေတယ်။ သူတို့ ကျွန်တော့်လက်ကို တုတ်နဲ့ရိုက်တော့ မှာကို တွေ့တွေ့ချင်း၊ ကျွန်တော် ဘုရားသခင်ကို “အို ဘုရားသခင်၊ အဲဒါနဲ့သာ ကျွန်တော့်ကို ရိုက်ရင် ကျွန်တော့်လက်ကတော့ ကိစ္စပြတ်တော့ မှာပဲ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကာကွယ်ပေးပါ” လို့ ဆုတောင်းလိုက်တယ်။ သူတို့က ကျွန်တော့်ကို လေး၊ငါးကြိမ်လောက် ရိုက်ပြီး တုတ်က နှစ်ခြမ်းကွဲသွားပေမယ့်၊ ကျွန်တော့်လက်က လုံးဝနာကျင်မှုမရှိတော့ ကျွန်တော် အံ့ဩတုန်လှုပ်သွားတယ်။ တုတ်က လုံးဝကျိုးသွားပေမယ့်၊ ကျွန်တော့်လက် က လုံးဝမကျိုးဘူး။ ပြီးတော့ ကျွန်တော် သမ္မာကျမ်းထဲက ဒီစာပိုဒ် တွေကို သတိရလိုက်တယ်- “လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ သို့သော်လည်း သင်တို့ ဆံခြည်တပင်မျှ မပျက်စီးရ။” (ရှင်လုကာခရစ်ဝင် ၂၁:၁၇-၁၈) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အဲဒီလို ဩဇာအာဏာ ပိုင်ဆိုင်တယ်။ ကျွန်တော့်မှာရှိသမျှနဲ့ ကျွန်တော့်စိတ်နှလုံးထဲက နေ ဘုရားသခင်ကို ကျေးဇူးတင်တယ်၊ ရှေ့ဆက် ဘာပဲဖြစ်လာပါစေ အဲဒါကိုရင်ဆိုင်ဖို့ ကျွန်တော့် မှာ ပိုပြီးခွန်အားရှိလာတယ်လို့ ခံစားရတယ်။ ရဲတွေက ဝါးလုံးတစ်ချောင်းကိုယူပြီး ကျွန်တော့် တင်ပါးကို အသားစဉ်းလိုဖြစ်တဲ့အထိ ရိုက်ကြ တယ်။ သူတို့ရဲ့တုတ် မကျိုးမချင်း သူတို့ မရပ်ကြဘူး။ အဲဒီနောက် သူတို့ထဲက တစ်ယောက်က၊ “မင်း ပြောမှာလား၊ မပြောဘူးလား။ မင်းသိတာ ငါတို့ကို ပြောပြ— ဒါမင်းရဲ့ နောက်ဆုံးအခွင့်အရေးပဲ” လို့ ပြောတယ်။ ကျွန်တော် နာကျင်နေတဲ့ကြားထဲက၊ ကျောပြန်မတ်လိုက်ပြီး၊ ဆုံးဖြတ်ချက်ခိုင်မာစွာ နဲ့၊ “ငါ့မှာ မင်းကိုပြောစရာ ဘာမှမရှိဘူး” လို့ ကျွန်တော် ပြောလိုက်တယ်။ သူက ဒေါသအရမ်းထွက်လာပြီး “မင်းမှာ သံမဏိပါးစပ်ရှိတယ်၊ ဒါပေမယ့် ငါ အဲဒါကို ဆွဲမဖွင့်နိုင်ဘူးလို့တော့ ငါမထင်ဘူး ဟေ့။ ငါတို့မှာ ငါတို့နည်းလမ်းတွေရှိတယ်” လို့ အော်ပြောတယ်။ သူက အဲဒီလိုပြောပြီးနောက်၊ အရာရှိနှစ်ယောက် က သူတို့ရဲ့မီးစက်ရှေ့ကို ကျွန်တော့်ကို ဆွဲခေါ် သွားပြီး၊ မြေကြီးပေါ်ကို အတင်းထိုင်ခိုင်းပြီးတော့ ကျွန်တော့်ရဲ့ဖိနပ်တွေနဲခြေအိတ်တွေကို ချွတ်လိုက်တယ်။ သူတို့က မီးစက်ထဲကနေ ဝိုင်ယာကြိုးနှစ်ချောင်း ယူပြီး၊ တစ်ချောင်းကို ကျွန်တော့်ဘယ်ဘက်ခြေထောက် ရဲ့ ခြေသန်းမှာ ချည်လိုက်ပြီး၊ နောက်တစ်ချောင်းကို ကျွန်တော့်ဘယ်ဘက် လက်ရဲ့လက်သန်းမှာ ချည်လိုက်တယ်။ အဲဒီနောက် သူတို့က မီးစက်ကို စဖွင့်လိုက်ပြီး၊ နှေးရာကနေ တဖြည်းဖြည်းမြန်လာတယ်၊ ကျွန်တော့်တစ်ကိုယ်လုံး ထုံပြီးနာကျင်သလို ခံစားရပြီး စပြီး အကြောဆွဲသလိုဖြစ်လာတယ်။ ကျွန်တော် ဘောလုံးတစ်လုံးလို အလိုအလျောက် ကွေးပြီး အော်လိုက်မိတယ်။ ကျွန်တော် ဘောလုံးလို ကွေးပြီးသွားတာကို တွေ့ တော့၊ ရဲတွေက ရပ်လိုက်ပေမယ့် ကျွန်တော့်ကို ဆက်ပြီး စစ်ဆေးမေးမြန်းကြတယ်။ ကျွန်တော် အံကိုကြိတ်ပြီး ဘာတစ်ခွန်းမှ မပြောဘူး။ အဲဒါကိုတွေ့တော့၊ သူတို့က စက်ကိုပြန်နှိုးပြီး၊ နောက် ပြန်ရပ်လိုက်တယ်၊ ပြီးတော့ ပြန်နှိုး တယ်၊ အဲဒါကို ထပ်တလဲလဲလုပ်တယ်။ ကျွန်တော် မပြောသေးတာကိုတွေ့တော့၊ ဝိုင်ယာကြိုးတွေကို ကျွန်တော့်ရဲ့ညာဘက်လက် နဲ့ခြေထောက်တွေမှာ ပြောင်းတပ်ပြီး၊ ခြောက်ခါ၊ ခုနစ်ခါလောက် စက်ကို ဖွင့်လိုက်၊ ပိတ်လိုက်လုပ်တယ်၊ ကျွန်တော် တစ်ကိုယ်လုံးထုံပြီးနာကျင်နေတဲ့အ ထိ ဓာတ်လိုက်ခံရတယ်။ ကျွန်တော့်နှလုံးက အရမ်းခုန်နေပြီး အသက်တောင် ကောင်းကောင်းရှူလို့မရဘူး။ ကျွန်တော်သေသွားမှာ ကြောက်လို့သာ သူတို့ ရပ်လိုက်ကြတာ။ ကျွန်တော်ဟာ လူသေတစ်ယောက်လို မလှုပ်မယက် မြေကြီးပေါ် လဲနေပြီး၊ ဘာခွန်အားမှလည်း မရှိတော့ဘူး။ ကျွန်တော် ဝန်ခံမှာမဟုတ်တာကို ရဲတွေက တွေ့လိုက်တော့၊ သူတို့က ဝိုင်ယာကြိုးတွေကို ကျွန်တော့်ညာဘက်လက်နဲ့ခြေထောက်ကနေ ဖြုတ်ပြီး၊ မြေကြီးပေါ်ကို ပစ်ချပြီး၊ စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချကြတယ်၊ ပြီးတော့ ကျွန်တော့်ကို အချုပ်ခန်းထဲကို ပြန်ခေါ် သွားတယ်။ ဒါကိုတွေ့တော့၊ စာတန် လုံးဝအရှက်ရသွားပြီး ရှုံးသွားသလို ဘုရားသခင် ဘုန်းထင်ရှားသွားတယ်ဆိုတာကို ကျွန်တော်သိလိုက်တယ်။ ကျွန်တော့်ခန္ဓာကိုယ်က ဒုက္ခနည်းနည်းခံလိုက် ရပေမယ့်၊ ကျွန်တော့်ဝိညာဉ်ကတော့ သက်သောင့်သက်သာ ရှိပြီး၊ ချိုမြိန်တယ်လို့တောင် ခံစားရတယ်၊ ကျွန်တော့်ရဲ့ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွေက လည်း တော်တော်လေးသက်သာသွားတယ်။
အချုပ်ခန်းထဲ ပြန်ရောက်တော့၊ ကျွန်တော် ဘာမှမပြောခဲ့ဘူးဆိုတာကို တခြား အကျဉ်းသားနှစ်ယောက်က သိသွားတော့၊ ကျွန်တော့်ကို လက်မတွေထောင်ပြကြပြီး၊ “မင်းက တကယ့်လူပဲ။ ငါတို့အချုပ်ခန်းထဲက ဘယ်သူကမှ မင်းကိုယှဉ်လို့ မရဘူး။ သူတို့က မင်းကို ရိုက်နှက်ကြတယ်၊ တစ်ချိန်လုံး ညှဉ်းပန်းနှိပ်စက်ကြတယ်၊ ဒါပေမယ့် မင်း လုံးဝအလျှော့မပေးဘူး။ ငါ အထင်ကြီးသွားပြီ” လို့ ပြောတယ်။ နောက်တစ်ယောက်ကလည်း လက်မထောင်ပြီး၊ “မင်းက တကယ့်ယောက်ျားအစစ်ပဲ။ ငါတို့အားလုံး မင်းကို လေးစားတယ်” လို့ ပြောတယ်။ ဒါကိုကြားလိုက်ရတော့ ဘုရားသခင်ကို ကျွန်တော်ကျေးဇူးတင်မိပြီး၊ ကျွန်တော် ဘုန်းအသရေအားလုံးကို သူ့ကိုပေးတယ်။ ဒါတွေအားလုံးဟာ အနန္တတန်ခိုးရှင် ဘုရားသခင် ရဲ့ နှုတ်ကပတ်တော်တွေ ကျွန်တော့်ထဲမှာ စွမ်းဆောင်ရရှိတဲ့အရာကြောင့် ဖြစ်တယ်ဆိုတာ ရယ်၊ ကျွန်တော် သက်သေရပ်တည်နိုင်အောင်လို့ စာတန်ရဲ့လှည့်ကွက်တွေကို ရိပ်စားမိပြီး၊ မာရ်နတ်ရဲ့ ဖျက်စီးမှုကို အောင်မြင်ဖို့ ဘုရားသခင်က ကျွန်တော့်ကို လမ်းပြနေခဲ့တာဖြစ်မှန်း ကျွန်တော် သိလိုက်တယ်။ ကျွန်တော့်ကို ငါးလကြာအောင် ရဲတွေက တရားမဝင်ထိန်းသိမ်း၊ နှိပ်စက်ညှဉ်းပန်းပြီးတဲ့ အခါ၊ ကျွန်တော် အမှားလုပ်တယ်ဆိုတာ ဘာသက်သေ မှ မတွေ့တဲ့အတွက် ကျွန်တော့်ကို လွှတ်ပေး လိုက်တယ်။ ကျွန်တော့်တစ်ကိုယ်လုံးမှာလည်း ဒဏ်ရာတွေနဲ့ ပြည့်နှက်နေပြီး ကျွန်တော် လုံးဝပိန်ချုံးချိနဲ့နေခဲ့ တယ်။ ပေါင် ၁၈၀ ရှိတာကနေ ၁၁၀ အောက် ကျသွား တယ်။ ရဲတွေက ကျွန်တော့်ကို လုံးဝအပြီးလွှတ်ပေးတာ မဟုတ်ဘဲ၊ ကျွန်တော့်ရဲ့လွတ်လပ်မှုအပေါ်မှာ အကန့်အသတ်တွေထားတယ်၊ ကျွန်တော် မြို့ပြင်သွားရင်၊ လက်မှတ်တစ်စောင် နဲ့ မိတ်ဆက်စာတစ်စောင် ယူရမှာဖြစ်ပြီး၊ ကောင်တီရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပကို သွားလို့ မရဘူး။
ထောင်ထဲမှာ ငါးလကျော်နေပြီး အဲဒီနတ်ဆိုးတွေ ရဲ့ လူမဆန်တဲ့ဆက်ဆံမှုဒဏ်ကို ခံရပြီးတဲ့ နောက်၊ ကျွန်တော် တော်တော်လေးဒုက္ခရောက်ခဲ့ပေမယ့်၊ ကျွန်တော် အများကြီးလည်း သင်ယူလိုက်ရ တယ်။ အဲဒါတွေအားလုံးထဲကနေ၊ ကွန်မြူနစ်ပါတီက သမ္မာတရားကို ဘယ်လိုမုန်း တယ်ဆိုတာရယ်၊ သူ့ရဲ့ဆိုးယုတ်၊ ဖောက်ပြန်ပြီး၊ ဘုရားသခင်ကို မုန်းတဲ့အနှစ်သာရကို ကျွန်တော် တကယ်တွေ့လိုက်ရတယ်။ ကျွန်တော့်စိတ်နှလုံးအတွင်းထဲကနေ အဲဒါကို ကျွန်တော် လက်မခံဘူး။ ဘုရားသခင်အပေါ် ကျွန်တော့်ရဲ့ယုံကြည်မှုက လည်း ပိုနက်ရှိုင်းသွားပြီး၊ လူသားမျိုးနွယ်အတွက် သူ့ရဲ့ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းကိုလည်း ကျွန်တော် အမှန်တကယ်တွေ့ကြုံလိုက်ရတယ်။ ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့အုပ်စိုးမှုအပြင်၊ သူ့နှုတ်ကပတ်တော်တွေရဲ့ ဩဇာအာဏာနဲ့ ကြီးမားတဲ့ခွန်အားကို ကျွန်တော်တွေ့လိုက်ရပြီး၊ သူ့နှုတ်ကပတ်တော်တွေက ဘယ်လောက် အဖိုးတန်တယ်ဆိုတာရယ်၊ အဲဒါတွေက ကျွန်တော်တို့ရဲ့ တကယ့်အသက် ဘယ်လိုဖြစ်တယ်ဆိုတာနဲ့၊ ကျွန်တော်တို့ကို ယုံကြည်မှုနဲ့ခွန်အားပေးတယ်ဆိုတာရယ် ကျွန်တော်ခံစားလိုက်ရတယ်။ ဘယ်အမှောင်စွမ်းအားမဆို ကျွန်တော်တို့ လွတ်မြောက်အောင် သူတို့က ကူညီတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောခဲ့တဲ့အတိုင်း ပဲ- “ဘုရားသခင်သည် လူသား၏နှလုံးသားမှ မည်သည့်အခါမျှ ကင်းမဲ့ခြင်းမရှိသကဲ့သို့၊ လူသားအလယ်တွင် တစ်ချိန်လုံး အသက်ရှင်နေပေသည်။ သူသည် လူသား အသက်ရှင်မှု၏ လွှမ်းမိုးစေ့ဆော်မှု၊ လူသားဖြစ်တည်မှု၏ အရင်းအမြစ်နှင့် မွေးဖွားပြီးနောက် လူ၏ ဖြစ်တည်မှုအတွက် ကြွယ်ဝသော သိုက် ဖြစ်သည်။...ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏၊ သူ၏တန်ခိုးသည် ထူးကဲသာလွန်ကာ၊ သူ၏ အသက်အင်အားကို မည်သည့် အဖန်ဆင်းခံ သတ္တဝါ၊ သို့မဟုတ် မည်သည့် ရန်သူအင်အားကမျှ မလွှမ်းမိုးနိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။