သေမင်းတံခါးဝ၌ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်တော့်ကို အထောက်အကူ ပေးခဲ့သည်

27.01.2021

ဝမ်ချန်း၊ ဟေဘေးစီရင်စု

သခင်ယေရှုခရစ်တော်၌ ယုံကြည်သူတစ်ယောက်အဖြစ် ကျွန်တော်၏ အချိန် ကာလအတွင်း၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ညှဉ်းပန်း နှိပ်စက်ခြင်းကို ကျွန်တော် ခံခဲ့ရသည်။ အစိုးရက ကျွန်တော့်ကို မကြာခဏ အခက်အခဲများ ကြုံတွေ့စေရန် နှင့် ဖိနှိပ်ရန် အကြောင်းပြချက် တစ်ခုအနေဖြင့် သခင်ယေရှု၌ ကျွန်တော့် ယုံကြည်မှု နှင့် ပတ်သက်သည့် “ပြစ်မှု” ကို အသုံးပြုခဲ့သည်။ ကျွန်တော့် ယုံကြည်မှု လက်တွေ့လုပ်ဆောင်ခြင်းများကို စုံစမ်းမေးမြန်းရန် ကျေးရွာအမာခံ အဖွဲ့သားများကို ကျွန်တော့်နေအိမ်သို့ မကြာခဏ လာရောက် လည်ပတ် စေခဲ့သည်။ ၁၉၉၈ ခုနှစ်တွင်၊အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော် လက်ခံခဲ့သည်။ လူပုဂ္ဂိုလ် အားဖြင့် မိန့်မြွက်သည့် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် ကြားသည့်အချိန်တွင် စိတ်လှုပ်ရှားပြီး ဖော်ပြ၍ပင်မရနိုင်သည့် နည်းလမ်း ဖြင့် ကျွန်တော် တို့ထိခံခဲ့ရသည်။ ဘုရား ချစ်ခြင်းမေတ္တာ၏ အားပေးမှုဖြင့် သန္နိဌာန်တစ်ခု ကျွန်တော် ချမှတ်ခဲ့သည်။ ကျွန်တော်သည် မည်သို့ပင် ဖြစ်စေအနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို အဆုံးထိ လိုက်မည်။ ထိုအချိန် အတွင်းတွင် ကျွန်တော်က ဝတ်ပြုစည်းဝေးပွဲများကို စိတ်ပါလက်ပါ တက်ရောက်ပြီး၊ ဧဝံဂေလိကို ဖြန့်ဝေခဲ့သည်၊ ယင်းက နောက်တစ်ကြိမ် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ အာရုံစိုက်မှုကို ဆွဲဆောင်မိပြန်သည်။ ဤအချိန်တွင် ကျွန်တော့်ကို သူတို့၏ ညှဉ်းပန်းနှိပ်စက်ခြင်းက ယခင်အချိန် ထက် ပို၍ ဆိုးရွားလေသည်။ ၎င်းက အလွန်ဆိုးရွားလှသည်မှာ ကျွန်တော့် ယုံကြည်မှုကို မိမိ၏နေအိမ်တွင် ပုံမှန်အတိုင်း လက်တွေ့မလုပ်ဆောင်နိုင်ဘဲ၊ ကျွန်တော့်တာဝန်များကို ဖြည့်ဆည်းရန် ကျွန်တော့်အိမ်မှ ထွက်ခွာခဲ့ရသည်။

၂၀၀၆ ခုနှစ်တွင် ဘုရားနှုတ်ကပတ်တော်များ၏ စာအုပ်များ ပုံနှိပ်လုပ်ငန်း များအတွက် ကျွန်တော် တာဝန်ယူခဲ့ရသည်။ တစ်ကြိမ်တွင် စာအုပ်များကို သယ်ယူပို့ဆောင်နေစဉ် ညီအစ်ကို မောင်နှမအချို့နှင့် ပုံနှိပ်ကုမ္ပဏီ၏ ကားမောင်သမားတို့က ကံမကောင်းအကြောင်းမလှစွာဖြင့် တရုတ်ကွန်မြူနစ် ပါတီရဲများ၏ ဖမ်းဆီးခံခဲ့ရသည်။ ထရပ်ကားထဲရှိ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မိတ္တူစာအုပ် တစ်သောင်းလုံး သိမ်းဆည်းခံရသည်။ နောက်ပိုင်းတွင် ကားမောင်းသမားက တခြားသော ညီအစ်ကိုမောင်နှမ ဆယ်ယောက်ကျော်ကို ဖော်ကောင်လုပ်ခဲ့၍ သူတို့အားလုံး တစ်ယောက်ပြီး တစ်ယောက် အချုပ်ထဲထည့်ခံရသည်။ ဤဖြစ်ရပ်က ပြည်နယ်နှစ်ခုတွင် အကြီးစား ဂယက်ရိုက်မှုတစ်ခုဖြစ်ပေါ်စေခဲ့ပြီး၊ အမှုကို ဗဟိုအာဏာပိုင် များက တိုက်ရိုက်ကြီးကြပ်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ကျွန်တော့်ကို ခေါင်းဆောင်မှန်း သိရှိသွားသည့်အချိန်တွင်၊ သူတို့က ကျွန်တော့် အလုပ်နှင့် ဆက်နွယ်သည့် လုပ်ငန်းဆိုင်ရာ ဒေသအားလုံးကို စစ်ဆေးမေးမြန်းဖို့ လက်နက်ကိုင်ရဲတပ်ဖွဲ့ကို တပ်ဖြန့်လျက်၊ လိုအပ်သမျှ အင်အားရှိသမျှထုတ်သုံးခဲ့သည်။ သူတို့က ကျွန်တော်တို့နှင့် အလုပ်လုပ်သည့် ပုံနှိပ်လုပ်ငန်းကုမ္ပဏီမှ ကားနှစ်စီးနှင့် အလုံပိတ်ကားတစ်စီး ကို သိမ်းဆည်း ခဲ့ပြီး၊ ထိုနေ့က ထရပ်ကားထဲတွင်ရှိနေခဲ့သည့် ညီအစ်ကိုမောင်နှမများထံမှ သူတို့ ခိုးယူသည့် ယွမ် ၃၀၀၀ အပြင်ကို ကုမ္ပဏီမှ ယွမ် ၆၅၅၀၀ ကိုလည်း အလွဲသုံးစားလုပ်ခဲ့ကြသည်။ ထို့အပြင်၊ ရဲများက ကျွန်တော့် နေအိမ်ကို နှစ်ကြိမ်တိုင်တိုင် လာရောက်ရှာဖွေခဲ့ကြသည်။ သူတို့လာသည့်အချိန်တိုင်း၊ သူတို့က အရှေ့တံခါးကို ကန်ချကာ၊ ကျွန်တော့် ပိုင်ဆိုင်မှုများအားလုံးကို ချေမွပြီး ချိုးဖျက်သည်၊ ပြီးလျှင် ကျွန်တော့် တစ်အိမ်လုံးကို မြေလှန်ပစ်သည်။ သူတို့က လှည့်လည်သွားလာနေသည့် ဓားပြတစ်အုပ်ထက် ပိုဆိုးလေသည်။ နောက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ကျွန်တော့်ကို ရှာမတွေ့ နိုင်သောကြောင့် သူတို့က ကျွန်တော့် အိမ်နီးချင်းများ၊ မိတ်ဆွေများနှင့် ဆွေမျိုးများအားလုံးကို စုရုံးစေပြီး၊ သူတို့အား ကျွန်တော် ဘယ်ဆီဘယ်ဝယ် ရောက်နေသည်ကို စစ်ဆေးမေးမြန်းခဲ့ကြသည်။

ကျွန်တော်သည် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ အဖမ်းခံရခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခံရခြင်းတို့ကို ရှောင်တိမ်းဖို့ ဝေးလံသော ဆွေမျိုး တစ်ယောက်၏ နေအိမ်သို့ ထွက်ပြေးခဲ့ရသည်။ တရုတ်ကွန်မြူနစ်ပါတီ ရဲများသည် ကျွန်တော့်ကို ဖမ်းဆီးရန် ထိုကဲ့သို့ အလွန်ဝေးလံလှသည့် ခရီးဖြင့် ကျွန်တော့် ဆက်လက် ခြေရာခံလိုက်သည်မှာ ကျွန်တော့် အရူးသွပ်ဆုံး မျှော်မှန်းမှု ထက်ပင် ကျော်လွန်ခဲ့သည်။ သို့သော်လည်း ကျွန်တော့် ဆွေမျိုး များ၏ အိမ်သို့ရောက်ပြီး တတိယမြောက်ညတွင် ကျွန်တော့် ဇာတိမြို့မှ ရဲတပ်ဖွဲ့သည် နယ်ခံမှုခင်းရဲများ၊ လက်နက်ကိုင်ရဲများနှင့့် ပူးပေါင်း၍ အထူးတာဝန်ပေးခံရသည့် ရဲ၁၀၀ခန့်အဖွဲ့က ကျွန်တော့် ဆွေမျိုး အိမ်ကို လုံးဝဝန်းရံထားပြီးနောက်၊ ကျွန်တော့် ဆွေမျိုးများအားလုံးကို ဆက်ပြီး ဖမ်းဆီးခဲ့သည်။ “တစ်ချက်လှုပ်တာနဲ့ မင်းသေပြီပဲ” ဟု ဒေါသတကြီး အော်လျက်၊ အားလုံးသေနတ်များကိုင်ထားပြီး ကျွန်တော့် ခေါင်းကို ချိန်ထားသည့် လက်နက်ကိုင်ရဲအရာရှိ ဆယ်ယောက်ကျော်တို့၏ ဝန်းရံမှုကို ကျွန်တော် ခံလိုက်ရသည်။ နောက်ထပ် ရဲအရာရှိ အနည်းငယ်က ကျွန်တော့်ကို ခုန်အုပ်ပြီး၊ အားလုံးက ကျွန်တော့် လက်များကို ကျွန်တော့် ကျောနောက်တွင် လက်ထိပ်ခတ်ဖို့ စတင်ကြိုးစားခဲ့ကြသည်။ သူတို့က ကျွန်တော့် ညာဖက်လက်ကို ကျွန်တော့် ပခုံးပေါ်သို့ ဆွဲပြီးနောက်၊ ကျွန်တော့် ဘယ်ဖက်လက်ကို ကျွန်တော့် နောက်ကျောသို့ ဆွဲလိမ်လိုက်ကာ၊ ကျွန်တော့် လက်ကို ရက်ရက်စက်စက် အပေါ်သို့ ဆောင့်ဆွဲလိုက်သည်။ သူတို့က ကျွန်တော့်လက်များကို လက်ထိပ်မခတ်နိုင်သည့်အခါကျွန်တော့် ခါးကို ဆောင့်နင်းချပြီး၊ ကျွန်တော့်လက်များကို နောက်ဆုံးတွင် အတင်းအကျပ် အတူပူးသွားသည်အထိ ပြင်းထန်စွာ ဆွဲခဲ့သည်။ ထိုးကျင့်ပြီး၊ ဝေဒနာ ပြင်းထန်သော နာကျင်မှုက ကျွန်တော် သည်းခံနိုင်သည်ထက် ပိုသော်လည်း၊ “ကျွန်တော် နာတာကို မခံနိုင်ဘူး” ဟု မည်မျှအော်ပါစေ၊ ရဲအရာရှိများက ဂရုစိုက်မှု တစ်စုံတစ်ရာ မပြခဲ့ကြပါ။ ပြီးလျှင် ကျွန်တော်ကို ခွန်အားပေးဖို့ ဘုရားသခင်ကို ကျွန်တော် ဆုတောင်းရန်သာ တတ်နိုင်ခဲ့ပါသည်။ ၎င်းတို့က ကျွန်တော့်ထံမှ ယွမ် ၆၅၀ ကို သိမ်းဆည်းလိုက်ပြီး၊ ရန်ပုံငွေအားလုံးကို သူတို့လက်ထဲအပ်ရန် အတင်းအကျပ် တောင်းဆိုလျက် အသင်းတော်၏ငွေ သိမ်းဆည်းထားသည့် နေရာကို ဖိ၍စစ်ခဲ့သည်။ ကျွန်တော်က အလွန် ဒေါသထွက်ပြီး၊ “သူတို့ကိုယ်သူတို့ ‘ပြည်သူ့ရဲ’ နဲ့ ‘ပြည်သူ့အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်သူများ’ လို့ခေါ်ကြတယ်၊ ပြီးတော့ သူတို့ ငါ့ကို ဖမ်းဆီးဖို့ ဒီလောက် အဝေးကြီး ရာဇဝတ်ကောင်ကို စနစ်တကျ လိုက်လံရှာဖွေ ရာမှာ ဒီလို အထူးတာဝန်ပေးခံရတဲ့ စစ်သားပမာဏတစ်စုကို တပ်ဖြန့်ခဲ့တဲ့ အကြောင်းအရင်းက ဘုရားသခင်ရဲ့ အမှုတော်ကို နှောင့်ယှက်ဖို့တင် မဟုတ်ပဲ နဲ့၊ အသင်းတော်ရန်ပုံငွေတွေကို လုယက်ပြီး အိတ်ထဲထည့်ဖို့လည်း ဖြစ် တယ်။ ဒီဆိုးယုတ်တဲ့ရဲတွေက ငွေအတွက် မတင်းတိမ်နိုင်တဲ့ တပ်မက်ခြင်း ရှိတယ်။ သူတို့ ဘဏ္ဍာတိုက်ကို ဖြည့်ဖို့ ဦးနှောက်ခြောက်အောင် စဉ်းစားပြီး၊ အစွမ်းကုန်ကြိုးစားကြတယ်။ ကြွယ်ဝမှုကို ရှာဖွေလိုက်စားဖို့ ယုတ္တိမတန်တဲ့ အပြုအမူ ဘယ်နှစ်ခုပြုလုပ်ခဲ့တယ်၊ သူတို့ကိုယ်သူတို့ ချမ်းသာစေဖို့ အပြစ်မဲ့ တဲ့ လူတွေရဲ့ ဘဝဘယ်နှစ်ခုကို ဖျက်ဆီးခဲ့ပြီးပြီဆိုတာ ဘယ်သူသိနိုင်မလဲ” ဟု မိမိဘာသာ မထီမဲ့မြင်ပြုလျက် တွေးမိသည်။ ထိုအကြောင်းကို ကျွန်တော်ပို၍ တွေးမိလေ၊ ကျွန်တော် ပိုဒေါသထွက်လေ ဖြစ်ပြီး၊ ဘုရားသခင်ကို သစ္စာဖောက်ဖို့ထက် မကြာမီ သေမည်ဟု မိမိကိုယ်ကို သန္နိဋ္ဌာန်ချခဲ့သည်။ ဤမကောင်းဆိုးဝါးများကို အကြိတ်အနယ် နောက်ဆုံး ပွဲသိမ်းသည်အထိ ကျွန်တော် တိုက်ခိုက်မည်ဟု မိမိကိုယ်ကိုယ် ကျိန်ဆိုခဲ့သည်။ အရာရှိ တစ်ယောက်က သူတို့ကို ကျွန်တော် မည်သို့ တိတ်ဆိတ်လျက် ဒေါသတကြီး ကြည့်နေသည်ကို မြင်သည့်အချိန်တွင်၊ သူလျှောက်လာပြီး၊ ကျွန်တော့်မျက်နှာ ကို နှစ်ချက် ဖြတ်ရိုက်လိုက်ရာ ကျွန်တော့် နှုတ်ခမ်းများ ရောင်ကိုင်းပြီး၊ သွေးများစွာ ထွက်လေသည်။ သို့သော် ၎င်းဖြင့် စိတ်မကျေနပ်သေးဘဲ ဆိုးယုတ်သောရဲများက နောက်ဆက်ပြီး ကျွန်တော် မြေကြီးပေါ်သို့ လဲကျသည်အထိ ခြေထောက်များကို ရက်ရက်စက်စက် ကန်ကျောက်ခဲ့ကြပြီး၊ ကျွန်တော့်ကို ဆဲရေးတိုင်းထွာကြသည်။ ကျွန်တော် မြေကြီးပေါ်တွင် လဲနေသည်နှင့်အညီ သူတို့က ကျွန်တော့်ကို ဘောလုံးတစ်လုံးကဲ့သို့ ဟိုဟိုသည်သည် ဆက်ကန်ကျောက်ခဲ့သည်မှာ ကြားအချိန်ကာလတစ်ချို့ ကြာပြီးနောက် နောက်ဆုံး၌ ကျွန်တော် သတိလစ်သွားခဲ့သည်။ ကျွန်တော် နိုးလာသည့်အချိန်တွင် ကျွန်တော့် ဇာတိမြို့သို့ ဦးတည်သွားနေသည့် ကားတစ်စီးပေါ်တွင် ရောက်နေခဲ့ပြီး ဖြစ်သည်။ ကျွန်တော်က မတ်မတ်ထိုင် နိုင်သော်လည်း အောက်ကို အတင်းငုံ့နေရပြီး၊ သန္ဓေသားအနေအထားဖြင့် ကွေးနေကာ၊ ကျွန်တော့် ရင်ဘတ်နှင့် ခေါင်းတို့အားဖြင့် မထောက်နိုင် လောက်အောင် သူတို့က ကျွန်တော့် လည်ပင်းနှင့် ကျွန်တော့် ခြေချင်းဝတ်တို့ကို ချိတ်ဆက်ထားသည့် ကြီးမားသော စတီးလ်သံကြိုးဖြင့် ကျွန်တော့်ကို သံခြေချင်းခတ်ထားခဲ့သည်။ ကျွန်တော်က နာကျင်မှု သိသိ သာသာခံစားနေရသည်ကို ရဲအရာရှိများက မြင်သည့်အချိန်တွင်၊ သူတို့က စူးစူးဝါးဝါးရယ်ပြီး၊ အခြားသော အရှက်ခွဲသည့် မှတ်ချက်အချို့ နှင့်အတူ “မင်းဘုရားက အခု မင်းကို ကယ်နိုင်မလား ကြည့်ကြရအောင်” ဟု ငေါ့တော့တော့ မှတ်ချက်ပေးခဲ့သည်။ သူတို့က ကျွန်တော့်ကို ဤနည်းလမ်း ဖြင့် ဆက်ဆံရသည့် အကြောင်းအရင်း မှာ ကျွန်တော်က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတစ်ယောက် ဖြစ်သောကြောင့် ဖြစ်သည်ကို သိသာထင်ရှားစွာ ကျွန်တော် နားလည်သဘောပေါက်ခဲ့သည်။ “လောကီသားတို့သည် သင်တို့ကိုမုန်းလျှင်၊ သင်တို့ကို မမုန်းမှီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။(ရှင်ယောဟန်ခရစ်ဝင် ၁၅:၁၈) သူတို့ ကျွန်တော့်ကို အရှက်ပို၍ခွဲလေ၊ ဘုရားသခင်၏ ရန်သူများအဖြစ် သူတို့၏ ဘီလူးသရဲစီးသော အနှစ်သာရနှင့် ဘုရားသခင်ကို မုန်းတီးသည့် ဆိုးယုတ်သော အနှစ်သာရကို ကျွန်တော် ပို၍ သိသာထင်ရှားစွာ မြင်တွေ့ လေဖြစ်ရာ ယင်းက ကျွန်တော်အား သူတို့ကို ပို၍ပင် မုန်းတီးစေပါသည်။ တစ်ချိန်တည်းမှာပင် ကျွန်တော် ဘုရားသခင်ကို “အို အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော့် ရည်ရွယ်ချက်ကောင်းတွေက ကျွန်တော့်ကို ရဲဖမ်းခံရဖို့ ခွင့်ပြုခဲ့တယ်ဆိုတာ သေချာပါတယ်၊ ပြီးတော့ ကိုယ်တော့်ကို ကျွန်တော် ကျိုးနွံနာခံဖို့ ဆန္ဒရှိပါတယ်။ ဒီနေ့မှာ ကျွန်တော့် သွေးသား ခန္ဓာကိုယ်က နာကျင်နေပေမဲ့၊ နတ်ဆိုးအိုကြီးကို အရှက်ခွဲဖို့ ကျွန်တော် ကိုယ်တော့်အတွက် သက်သေရပ်တည်လိုပါတယ်။ ဘယ်အခြေအနေမှာ မဆို ကျွန်တော် သူ့ကို ကျိုးနွံနာခံမှာ မဟုတ်ပါဘူး။ ကိုယ်တော်က ကျွန်တော့်ကို ယုံကြည်မှု နဲ့ ဉာဏ်ပညာပေးဖို့ ကျွန်တော် တောင်းလျှောက်ပါတယ်” ဟု ဆုတောင်းလျက် အဆက်မပြတ်ခေါ်ခဲ့သည်။ ကျွန်တော့် ဆုတောင်းပြီး နောက်တွင်၊ ဘုရားနှုတ်ကပတ်တော်များ၏ ဤကျမ်းပိုဒ်ကို ကျွန်တော် တွေးမိခဲ့သည်။ “ငါသည် သင်တို့၏ ဘုရားသခင်၊ သင်တို့၏ တစ်ဦးတည်းသော ရွေးနုတ်သောအရှင် ဖြစ်သောကြောင့် ငါ့အတွင်း၌ ငြိမ်ဝပ်နေလော့။ သင်တို့၏ စိတ်နှလုံးများကို အချိန်တိုင်း ငြိမ်သက်စေရမည်ဖြစ်ပြီး ငါ့အတွင်း၌ အသက်ရှင်ရမည်။ ငါသည် သင်တို့၏ကျောက်၊ သင်တို့ကို ကွယ်ကာပေးသူဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၆)) ဘုရားနှုတ်ကပတ်တော်များက ကျွန်တော့်ကို ပို၍ပင် ကြီးမားသည့် ခွန်အားနှင့် သန္နိဌာန်တို့ကို ပေးခဲ့သည်။ ဘုရားသခင်က အမှုအရာအားလုံး အပေါ် အချုပ်အခြာအာဏာ အားဖြင့် အုပ်စိုးပြီး၊ လူ့သေရေးနှင့် ရှင်ရေးတို့ သည် သူ့လက်ထဲတွင်ရှိသည်။ ကျွန်တော်၏ မြဲစွဲစွာ အားကိုးထိုက်သော အထောက်အကူ အဖြစ်ရှိသည့် အနန္တတန်ခိုးရှင် ဘုရားသခင်နှင့်အတူ၊ ကျွန်တော့်မှာ ကြောက်စရာမရှိပါ။ ဤအရာပြီးနောက် ကျွန်တော့်ထံတွင် ပြန်လည်ဆန်းသစ်သော ယုံကြည်မှု နှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခု ရရှိခဲ့ပြီး၊ ကျွန်တော့်ကို စောင့်ဆိုင်းနေသည့် ရက်စက်သော ညှဉ်းပန်းမှုကို ရင်ဆိုင်ဖို့ ကျွန်တော် ပြင်ဆင်ပြီးဖြစ်သည်။

ကျွန်တော့် ဇာတိမြို့သို့ ပြန်ပို့သည် ၁၈နာရီကြာ ကာလအတွင်းတွင် နာကျင်မှု မှ ကျွန်တော် အကြိမ်ရေမည်မျှ သတိလစ်ခဲ့သည်ကို မရေတွက်နိုင်ခဲ့ဘဲ၊ ထိုရဲလူရမ်းကားတစ်ယောက်ကမျှ ဂရုစိုက်မှု အနည်းငယ်မျှ မပြခဲ့ပါ။ နောက်ဆုံး ကျွန်တော်တို့ ရောက်ရှိသွားသည့်အချိန်တွင်၊ မနက် ၂ နာရီကျော် ပြီဖြစ်သည်။ ကျွန်တော့် ခန္ဓာကိုယ်ထဲမှ သွေးများအားလုံး ခဲသွားသကဲ့သို့ ခံစားခဲ့ရသည်- ကျွန်တော့် လက်များနှင့် ခြေထောက်များ အားလုံး ရောင်ကိုင်းပြီး ထုံကျင်ကာ၊ ကျွန်တော် မလှုပ်ရှားနိုင်ခဲ့ပါ။ ရဲများထဲမှ တစ်ယောက်က “သူသေပြီလို့ ငါထင်တယ်” ဟု ပြောသည်ကို ကျွန်တော် ကြားခဲ့သည်။ သူတို့ထဲမှ တစ်ယောက်က စတီးလ်ကြိုးကို ဆုပ်ကိုင်ပြီး၊ အကြမ်းပတမ်းအားနှင့် ဆောင့်ဆွဲလိုက်ရာ လွှသွားပုံအစွန်းများက ကျွန်တော့် အသားထဲနစ်ဝင်ကုန်သည်။ ကျွန်တော်က ကားထဲမှ ကျွမ်းထိုးမှောက်ခုံ ကျသွားပြီး၊ နာကျင်မှုမှ နောက်တစ်ကြိမ် သတိလစ်သွားခဲ့သည်။ ရဲများက ကျွန်တော့်ကို မနိုးမချင်း ကန်ကျောက်ပြီးနောက် “သေစမ်း။ သေချင် ယောင် ဆောင်နေတယ်၊ ဟုတ်လား။ ငါတို့နားပြီးတာနဲ့၊ မင်းသေပြီသာမှတ်” ဟု အော်ပြောခဲ့သည်။ ထို့နောက် သူတို့က ကျွန်တော့်ကို ကြိုးတိုက်ရှိ အကျဉ်းခန်း တစ်ခုသို့ ကြမ်းတမ်းစွာ တရွတ်တိုက် ဆွဲခေါ်သွားခဲ့ပြီး၊ သူတို့ထွက်သွား ရင်းဖြင့် “ဒီအကျဉ်းခန်းကို မင်းအတွက် ငါတို့ အထူးပြင်ဆင် ထားတာ” ဟု ပြောလိုက်လေသည်။ ကျွန်တော့်ကို တရွတ်တိုက်ဆွဲခေါ်ခံရစဉ် အကျဉ်းသား အချို့က အအိပ်ပျက်သွားခဲ့ပြီး သူတို့၏ ရက်စက်သော အကြည့်များက ကျွန်တော့်ကို အလွန်ကြောက်စေသည်မှာ ထောင့်တစ်ခုတွင် ကျွန်တော် ကုပ်နေပြီး မလှုပ်ဝံ့ခဲ့ပါ။ ကျွန်တော်သည် ကမ္ဘာပေါ်မှ ငရဲတစ်မျိုးထဲသို့ လမ်းလျှောက်ဝင်လာသကဲ့သို့ ခံစားရသည်။ နေ့လည်ပိုင်းတွင် တခြား အကျဉ်းသားများအားလုံးက ကျွန်တော့်ကို ဂြိုဟ်သားတစ်မျိုးအလား ကြည့်လျက် ကျွန်တော့် နံဘေးတွင် ဝန်းရံပြည့်သိပ်နေသည်။ ကျွန်တော် မြေကြီးပေါ်တွင် မဆိုင်းမတွ ဆောင့်ကြောင့်ထိုင်အောင် ကျွန်တော့်ကို အလွန်ကြောက်စေလျက် သူတို့အားလုံးက ကျွန်တော့်ကို ခုန်အုပ်ခဲ့သည်။ ရုတ်ရုတ်သဲသဲဖြစ်ခြင်းက အကျဉ်းသားခေါင်းဆောင်ကို နှိုးလိုက်သည်- သူက ကျွန်တော့်ကို တစ်ချက်ကြည့်လိုက်ပြီး “မင်းတို့ကြိုက်သလို လုပ်ဟေ့။ သေတဲ့ အထိသာ မရိုက်ကြနဲ့” ဟု အေးစက်စက် ပြောလိုက်သည်။ အကျဉ်းသား ခေါင်းဆောင်က အင်ပါယာနှင့်ဆိုင်သော အမိန့်ကို ထုတ်ပြန်ကြေငြာ လိုက်သည့်အလား အကျဉ်းသားများက တုံ့ပြန်ကြလေ သည်။ သူတို့က ကျွန်တော့်ကို ရိုက်နှက်ဖို့ အဆင်သင့်ဖြစ်လျက် တဟုန်ထိုးရှေ့သို့တက် လာကြသည်။ ကျွန်တော်က “ကဲ မင်းတော့ပြဿနာတက်ပြီ။ ရဲတွေက ငါ့ကို ဒီကြိုးတိုက်က အကျဉ်းသားတွေဆီကို လက်လွှဲပေးလိုက်တာ သူတို့ရဲ့ မရိုးသားတဲ့ အလုပ်တွေကို လုပ်ခိုင်းဖို့ပေါ့” ဟု မိမိဘာသာ တွေးလိုက်သည်။ ကျွန်တော်သည် လုံးဝကြောက်ပြီး ခိုကိုးရာမဲ့သည်ဟု ခံစားခဲ့ရသည်၊ ဘုရားသခင်ကို မိမိ၏ အသက်အား ယုံကြည်စွာ အပ်နှံပြီး၊ သူ့စီစဉ် ညွှန်ကြားမှုများကို လက်ခံရုံသာ ကျွန်တော် လုပ်နိုင်ခဲ့သည်။ ရိုက်နှက်ခြင်း ကို ကျွန်တော် တောင့်ခံထားသည့် အချိန်တွင် မယုံကြည်နိုင်လောက်သော တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့သည်။ လူတစ်ယောက်က အလျင်စလိုဖြင့် “ရပ်လိုက်စမ်း” ဟု အော်သည်ကို ကျွန်တော် ကြားလိုက်သည်။ အကျဉ်းသား ခေါင်းဆောင်က ပြေးလာပြီး၊ ကျွန်တော့်ကို ဆွဲမပြီး မိနစ်အနည်းငယ် လောက် ကြည့်လေသည်။ ကျွန်တော်က ကြောက်လွန်းလှသဖြင့် သူ့ကိုပင် ပြန်မကြည့်ရဲခဲ့ပါ။ “မင်းလို လူကောင်းတစ်ယောက်က ဒီလိုနေရာတစ်ခုကို ဘယ်လိုရောက်လာတာလဲ” ဟု သူကမေးသည်။ သူကျွန်တော့်ကို စကားပြော သည်ကို ကြားသည့်အချိန်တွင် ကျွန်တော် သူ့ကို သေချာစွာ ကြည့်လိုက်ရာ၊ သူက ယခင်က ကျွန်တော် တစ်ခါကြုံဖူးသည့် မိတ်ဆွေတစ်ယောက်၏ မိတ်ဆွေ ဖြစ်နေသည်ကို သတိပြုမိလေသည်။ ထို့နောက် သူက အခြား အကျဉ်းသားများကို “ဒီလူက ငါ့မိတ်ဆွေပဲ။ တစ်ယောက်ယောက် သူ့ကို ထိရင်၊ မင်းတို့ ငါနဲ့ ဖြေရှင်းရမယ်” ဟု ပြောလိုက်သည်။ နောက်ထပ် သူက ကျွန်တော့်အတွက် အစားအစာတစ်ခု ဝယ်ဖို့ နှင့် ထောင်ထဲတွင် ကျွန်တော် လိုမည့် တစ်ကိုယ်ရေ သန့်စင်မှုပစ္စည်းများ နှင့် နေ့စဉ်သုံးပစ္စည်းများ ကူပြီးယူပေးဖို့ အလျင်စလို ထွက်သွားခဲ့သည်။ ထို့နောက် အခြားသော အကျဉ်းသားများက ကျွန်တော့်ကို ရမယ်မရှာဝံ့တော့ပေ။ ဖြစ်သမျှ အရာ အားလုံးသည် ဘုရားချစ်ခြင်းမေတ္တာ ၏ ရလဒ်ဖြစ်ပြီး၊ ဘုရားသခင်၏ ဉာဏ်ပညာရှိသော စီစဉ်မှုဖြစ်သည်ကို ကျွန်တော် သိခဲ့ပါသည်။ ရဲများက နဂိုက အခြားအကျဉ်းသားများကို အသုံးပြုပြီး ကျွန်တော့်ကို မညှာမတာ ညှည်းပန်းစေလိုသော်လည်း ဘုရားသခင်က အကျဉ်းသားခေါင်းဆောင်မှ တစ်ဆင့် ကျွန်တော်ကို ဤအခြေအနေအား ကူညီရှောင်ရှားပေးမည်ဟု သူတို့ မည်သည့်အခါကမျှ စိတ်မကူးခဲ့ကြပါ။ ကျွန်တော်က မျက်ရည်ကျသည်အထိ တို့ထိခံရပြီး၊ ကျွန်တော့်စိတ်နှလုံးထဲတွင် “ချစ်လှစွာသော ဘုရားသခင်။ ကိုယ်တော့် သနားကရုဏာကို ပြသခြင်းအတွက် ကိုယ်တော့်ကို ကျေးဇူးတင် ပါတယ်။ ကျွန်တော် အကြောက်ဆုံး၊ ခိုကိုးရာအမဲ့ဆုံးနဲ့ အားအနည်းဆုံး ဖြစ်နေတဲ့ အချိန်မှာ ကိုယ်တော့် လုပ်ဆောင်ချက်တွေကို ကျွန်တော့်ကို မျက်မြင်တွေ့စေရင်း ဒီမိတ်ဆွေကတစ်ဆင့် ကျွန်တော့်ကို ထောက်ပံ့ပေးခဲ့ တဲ့သူက ကိုယ်တော် ဖြစ်ပါတယ်။ ကိုယ်တော့်ကို ယုံကြည်တဲ့သူတွေ အကျိုးခံစားရနိုင်ဖို့ ကိုယ်တော့်ကို အမှုအရာအားလုံးက အသုံးတော်ခံ ဖို့ ဆော်သြစည်းရုံးခဲ့တာက ကိုယ်တော်ပါ” ဟု ပြောလျက်၊ ဘုရားသခင်ကို ချီးမွမ်းခြင်းဖြင့် မအော်ဟစ်ဘဲ မနေနိုင်ခဲ့ပါ။ ထိုအခိုက်အတန့်တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်တော် ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရ သောကြောင့် ဘုရားသခင်၌ ကျွန်တော့် ယုံကြည်မှုက တိုး၍ကြီးထွား လာခဲ့ပါသည်။ အန္တရာယ်ကြီးမားသည့် နေရာတစ်ခုထဲသို့ ကျွန်တော် ပစ်ချ ခံခဲ့ရသော်လည်း၊ ဘုရားသခင်က ကျွန်တော့်ကို မစွန့်ပစ်ခဲ့ပါ။ ဘုရားသခင် ကျွန်တော့်ဖက်တွင် ရှိခြင်းဖြင့်၊ မည်သည့်အရာကို ကြောက်ရဦးမည်နည်း။ ကျွန်တော့် မိတ်ဆွေက “ဝမ်းမနည်းပါနဲ့။ မင်းဘာပဲ လုပ်လုပ် မင်းကို သတ်ရင်တောင် သူတို့ကို တစ်လုံးမှမပြောနဲ့။ ဒါပေမဲ့ မင်းစိတ်ကိုမင်း ပြင်ဆင်ထားရမယ်၊ ပြီးတော့ သိထားရမှာက မင်းဒီထဲကို ကြိုးတိုက် အကျဉ်းသားတွေနဲ့ အတူ ထည့်ခံရတာကို ထောက်ရင် မင်းကို သူတို့က လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူးနော်” ဟု ပြောလျက် ကျွန်တော့်ကို နှစ်သိမ့်ခဲ့သည်။ ကျွန်တော့် မိတ်ဆွေ၏ စကားများမှနေပြီး ဘုရားသခင်သည် ကျွန်တော့်ကို အချိန်တိုင်း လမ်းပြနေကြောင်းနှင့် လာမည့်အရာအတွက် ကျွန်တော့်ကို သတိပေးဖို့ ကျွန်တော့် အကျဉ်းခန်းအဖော်မှတစ်ဆင့် သူက စကားပြောခဲ့ကြောင်းတို့ကို ကျွန်တော် ပို၍ပင် ခံစားခဲ့ရသည်။ ကျွန်တော်က မိမိကိုယ်ကိုယ် စိတ်ပိုင်းဆိုင်ရာအရ အပြည့်အဝ ပြင်ဆင်ခဲ့ပြီး၊ မိမိဘာသာ တိတ်တဆိတ် သန္နိဋ္ဌာန်ချခဲ့သည်။ ဒီမကောင်းဆိုးဝါးတွေ ငါ့ကို ဘယ်လိုဘဲ နှိပ်စက်ပါစေ၊ ဘုရားသခင်ကို ငါဘယ်တော့မှ သစ္စာမဖောက်ဘူး။

ဒုတိယမြောက်နေ့တွင် လက်နက်ကိုင် ရဲဆယ်ယောက်ကျော် ရောက်လာ ပြီး ကြိုးတိုက်မှ အကျဉ်းသားတစ်ဦးကဲ့သို့ ကျွန်တော့်ကို ထိန်းသိမ်းရေးစခန်းမှ ကျေးလက်ဒေသရှိ ဝေးလံသော နေရာတစ်ခုသို့ လိုက်ပို့ခဲ့ကြသည်။ ကျွန်တော့်ကို သူတို့ခေါ်သွားသည့် အဆောက်အဦးမှာ လက်နက်ကိုင်ရဲများ ပြင်းပြင်းထန်ထန် စောင့်ကြပ်သည့် မြင့်မားသော နံရံများခတ်ထားသည့် ခြံဝင်းကြီးတစ်ခု ဖြစ်သည်။ တံခါးမကြီးပေါ်တွင် နံရံချိတ်ပိုစတာတစ်ခုက “ရဲခွေးလေ့ကျင့်ရေး အခြေစိုက်စခန်း” ဟု ရေးသားထားလေသည်။ အခန်းတိုင်းက ညှဉ်းပန်းသည့် ကိရိယာတန်ဆာပလာ အမျိုးမျိုးဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့က ကျွန်တော့်ကို တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ လျှို့ဝှက် စစ်မေးခန်းနှင့် ညှဉ်ပန်းသည့် အဆောက်အအုံတစ်ခုသို့ ခေါ်လာပုံ ရသည်။ ကျွန်တော် လျှောက်ကြည့်သည်နှင့်အညီ၊ ကျွန်တော် အလွန့်အလွန် ကြောက်လန့်ပြီး၊ အကြောက်တရားဖြင့် တုန်လှုပ်မိလေသည်။ ဆိုးယုတ်သော ရဲများက ခြံဝင်းအလယ်တွင် ကျွန်တော့်ကို ငြိမ်သက်စွာ မတ်တပ်ရပ်စေ ပြီးနောက် သူတို့က စတီးလ်လှောင်အိမ်တစ်ခုမှ ကြောက်စရာ ကောင်းသော၊ အဆမတန် ကြီးထွားသည့် အမဲလိုက်ခွေးလေးကောင်ကို ကျွန်တော့်ကို လက်ညှိုးညွှန်ပြပြီး၊ “သွားသတ်စမ်း” ဟု ပြောလျက် ကောင်းမွန်စွာ လေ့ကျင့် ထားသည့် ရဲခွေးများကို အမိန့်ပေးခဲ့သည်။ ရုတ်ချည်းဆိုသကဲ့သို့ပင် ခွေးများက ကျွန်တော့်ထံသို့ ဝံပုလွေတစ်သိုက်ကဲ့သို့ ပြေးလာကြသည်။ ကျွန်တော် ကြောက်လွန်းလှသည်မှာ ကျွန်တော့် မျက်လုံးများကို တင်းတင်း ကျပ်ကျပ် ပိတ်ထားခဲ့သည်။ ကျွန်တော့် နားများ အူထူလာပြီး၊ ကျွန်တော့် စိတ်က မည်သည့်အရာမျှ မတွေးနိုင်တော့ပါ- ကျွန်တော့်ခေါင်းထဲတွင်ရှိသည့် တစ်ခုတည်းသော အတွေးမှာ “အိုဘုရားသခင်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်တင်ပါ” ဟုသာ ဖြစ်သည်။ အကူအညီအတွက် ကျွန်တော် ဘုရားသခင်ကို အဆက်မပြတ် အော်ခေါ်ခဲ့ပြီး၊ ဆယ်မိနစ်ခန့်ကြာပြီးနောက်၊ ခွေးများက ကျွန်တော့် အဝတ်အစားများကို ကိုက်ခဲနေသည်ကိုသာ ခံစားရ သည်။ ကြီးမားသည့် အမဲလိုက်ခွေးတစ်ကောင်က ကျွန်တော့် ပခုံးပေါ်တွင် မတ်တပ်ရပ်ကာ၊ ကျွန်တော့်ကို အနံ့ခံပြီးနောက်၊ ကျွန်တော့်မျက်နှာကို လျက်နေခဲ့သော်လည်း၊ ၎င်းက ကျွန်တော့်ကို လုံးဝ မကိုက်ခဲ့ပါ။ ပရောဖက် ဒံယေလသည် ဘုရားသခင်ကို ကိုးကွယ်သောကြောင့် ဆာလောင်နေသည့် ခြင်္သေ့တွင်းထဲသို့ ပစ်ချခံရသော်လည်း၊ ခြင်္သေ့များက သူ့ကို အန္တရာယ်မပြုကြ သည့် သမ္မာကျမ်းစာ ဇတ်လမ်းတစ်ခုကို ကျွန်တော် ရုတ်တရက် သတိရမိခဲ့ သည်။ ဘုရားသခင်က သူနှင့်အတူရှိခဲ့သောကြောင့် ခြင်္သေ့၏ ပါးစပ်များကို ပိတ်ဖို့ ကောင်းကင်တမန်တစ်ပါးကို ဘုရားသခင်က စေလွှတ်ခဲ့သည်။ ရုတ်တရက် ဆိုသကဲ့သို့ပင် နက်ရှိုင်းသည့် ယုံကြည်မှု အသိစိတ်တစ်ခုက ကျွန်တော့်အထဲတွင် ပြည့်နှက်လာကာ၊ ကျွန်တော့် စိတ်နှလုံးထဲမှ ကြောက်စိတ်အားလုံးကို ပပျောက်စေခဲ့သည်။ အရာအားလုံးကို ဘုရားသခင် စီစဉ်ညွှန်ကြားပြီး၊ လူ၏အသက်နှင့် သေခြင်းတရားတို့သည် ဘုရားလက်ထဲ တွင် ရှိသည်ဟူသည့် နက်ရှိုင်းသော ခံယူချက် ကျွန်တော်ထံတွင် ရှိခဲ့သည်။ ထို့အပြင် ဘုရားသခင်၌ ကျွန်တော့်၏ ယုံကြည်မှုအတွက် ကြောက်စရာကောင်းသော ခွေးများ၏ သေသည်အထိ ကိုက်ခံရပြီး၊ မာတုရတစ်ယောက်အဖြစ် သေရမည် ဆိုပါက၊ ဤသည်မှာ ကြီးစွာသော ဂုဏ်တစ်ခုဖြစ်ပြီး၊ ကျွန်တော့်မှာ လုံးဝ ညည်းညူခြင်းတစ်စုံတစ်ရာရှိမည် မဟုတ်ပါ။ သေခြင်းတရားအား ကြောက်ရွံ့သောစိတ်၏ ချုပ်ချယ်ခြင်းကို ကျွန်တော် နောက်ထပ်မခံရတော့ဘဲ ဘုရားသခင်ကို သက်သေခံဖို့ ကျွန်တော့် အသက်ကို ပေးရန် ဆန္ဒရှိလာသည့်အချိန်တွင် ဘုရားသခင်၏ အနန္တတန်ခိုး နှင့် အံ့သြဖွယ် လုပ်ဆောင်ချက်များကို နောက်တစ်ကြိမ် မျက်မြင်တွေ့ခဲ့ ရသည်။ ဤတစ်ကြိမ်တွင် ရဲများက လုံးလုံး ကယောင်ချောက်ချားဖြင့် ခွေးများဆီသို့ “သတ်လေ။ သတ်လေ။” ဟု အော်လျက် ပြေးလာကြသည်။ သို့သော်လည်း ကောင်းမွန်စွာ လေ့ကျင့်ထားသည့် ဤအမဲလိုက်ခွေးများသည် ရုတ်ချည်းဆို သကဲ့သို့ ၎င်းတို့ သခင်များ၏ အမိန့်များကို နားမလည်နိုင်သည့် အလား ဖြစ်လေသည်။ ၎င်းတို့ လုပ်သမျှမှာ ကျွန်တော့် အဝတ်အစားများကို အနည်းငယ် ဆုတ်ဖြဲရုံမျှသာဖြစ်ကာ၊ ကျွန်တော့် မျက်နှာကို လျက်ပြီးနောက် တကွဲတပြားစီ ထွက်သွားကြလေသည်။ ဆိုးယုတ်သောရဲအချို့က ခွေးများ ကို တားဆီးဖို့ ကြိုးစားပြီး၊ ကျွန်တော့်ကို ထပ်မံတိုက်ခိုက်ဖို့ ၎င်းတို့ကို စေလွှတ်သော်လည်း၊ ခွေးများက ရုတ်တရက် ကြောက်လန့်ပြီး၊ အရပ်လေး မျက်နှာသို့ အသီးသီးကွဲထွက်သွားကြသည်။ ဖြစ်သည့်အရာကို ရဲများတွေ့မြင် သည့်အချိန်တွင် သူတို့အားလုံး အံ့အားသင့်ပြီး “ထူးဆန်းလိုက်တာ၊ ခွေးတစ်ကောင်မှ သူ့ကို မကိုက်ကြဘူး” ဟု ပြောကြသည်။ အောက်ပါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် ရုတ်တရက် အမှတ်ရ မိခဲ့သည်။ “လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်)ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ ထို့ကြောင့် သူသည် ဖန်ဆင်းခြင်း ခပ်သိမ်းကို သူ၏ အုပ်စိုးမှုအောက် လာစေပြီး၊ သူ၏ အုပ်စိုးမှုကို ကျိုးနွံနာခံစေသည်။ အရာခပ်သိမ်းက သူ၏ လက်ထဲတွင် ရှိသည့်အတွက်၊ သူသည် အရာ ခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်လိမ့်မည် ဖြစ်သည်။ တိရစ္ဆာန်များ၊ အပင်များ၊ လူသားမျိုးနွယ်၊ တောင်တန်းများ၊ မြစ်များနှင့် ရေကန်များ အပါအဝင် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခပ်သိမ်း အားလုံးသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ မိုးကောင်းကင်တွင် ရှိသော အရာခပ်သိမ်းနှင့် မြေကြီးပေါ်တွင် ရှိသော အရာခပ်သိမ်းသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ကျွန်တော့်ကိုယ်ပိုင် အတွေ့အကြုံမှ၊ သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ အမှုအရာအားလုံးက ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများ ကို လုံးလုံးနာခံရပြီး၊ ဘုရားသခင်၏ အကြံစည်တော်များဖြင့် ရွေ့လျားပြီး ပြောင်းလဲကြသည်ကို တကယ့်ဘဝတွင် တွေ့မြင်ခဲ့ရသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ထိုရဲအမဲလိုက်ခွေးများ၏ ပါးစပ်များကို အလုံပိတ်ထားပြီး၊ ကျွန်တော့်ကို မကိုက်ဝံ့စေရန် ဖန်တီးထားသောကြောင့် ကျွန်တော်သည် အမဲလိုက်ရဲခွေးများ၏ တိုက်ခိုက်မှုကို ခံရပြီးသည့်နောက်တွင် မထိမရှဘဲ ရှင်သန်လွတ်မြောက်နိုင်ခဲ့သည်။ ဤအရာသည် ဘုရားသခင်၏ ကြီးမားသော တန်ခိုးမှတစ်ဆင့် လာခြင်းဖြစ်ကြောင်းနှင့် ဘုရားသခင်က သူ၏ အံ့သြဖွယ် လုပ်ဆောင်ချက်များထဲမှတစ်ခုကို ထုတ်ဖော်ခဲ့ကြောင်းတို့ကို ကျွန်တော် လေးလေးနက်နက် သတိပြုမိခဲ့သည်။ ထိုရဲလူရမ်းကားများ ဖြစ်ပါစေ လေ့ကျင့်ထားသည့် ရဲခွေးများ ဖြစ်ပါစေ ၎င်းတို့အားလုံးက ဘုရားသခင်၏ သြဇာအာဏာကို ကျိုးနွံနာခံရသည်။ မည်သူမျှ ဘုရားသခင်၏ အချုပ်အခြာ အာဏာကို အစားမထိုးနိုင်ပါ။ ကျွန်တော်က တရုတ်ကွန်မြူနစ်ပါတီ အစိုးရ ၏အလွန် ဆိုးယုတ်သော လက်များထဲသို့ ကျရောက်ပြီး၊ ပရောဖက် ဒံယေလ ကဲ့သို့ အလားတူ စမ်းသပ်မှုတစ်ခုကို တွေ့ကြုံခံစားရသည်မှာ ဘုရားသခင်က ကျွန်တော့်ကို ချီးမြှောက်ရန်နှင့် ကျွန်တော့် အပေါ်သို့ သူ့ကျေးဇူးတော်ကို အပ်နှင်းရန် ချွင်းချက်တစ်ခုပြုခဲ့သောကြောင့် ဖြစ်သည်မှာ သေချာပါသည်။ ဘုရားသခင်၏ အနန္တဘုန်းတန်ခိုးနှင့် ပြည့်စုံသော လုပ်ဆောင်ချက်များကို မျက်မြင်တွေ့ရခြင်းမှတစ်ဆင့်၊ သူ့၌ ပို၍ပင် ကြီးမားသော ယုံကြည်မှုတစ်ခု ကျွန်တော့်မှာ ရှိလာပြီး၊ နတ်ဆိုးကို အဆုံးတိုင် တိုက်ခိုက်ဖို့ သန္နိဌာန် ချခဲ့သည်။ ဘုရားသခင်ကို ထာဝရယုံကြည်ပြီး၊ ကိုးကွယ်ဖို့၊ သူ့ထံသို့ ဘုန်းအသရေနှင့် ဂုဏ်ပြုခြင်းတို့ကို ယူဆောင်ဖို့ ကျွန်တော် သစ္စာဆိုခဲ့ ပါသည်။

ရဲများက တိုက်ခွေးများကို အသုံးပြုလျက် သူတို့ လိုလားသည့် ရည်မှန်းချက် ကို အောင်မြင်မရရှိနိုင်သည့်အခါသူတို့က ကျွန်တော့်ကို စစ်မေးခန်းထဲသို့ ခေါ်ဆောင်လာခဲ့သည်။ ကျွန်တော့်ကို နံရံပေါ်တွင် လက်ထိပ်ခတ်ကာ ချိတ်ဆွဲထားပြီး ကျွန်တော့်၏လက်များက လုံးလုံး ဖြတ်တောက်ခံရတော့မည့် အလား၊ ကျွန်တော့် လက်ကောက်ဝတ်များထဲတွင် ထိုးကျင့်သော နာကျင်မှုကို ကျွန်တော် ချက်ချင်း ခံစားခဲ့ရသည်။ ကျွန်တော့် မျက်နှာပေါ်သို့ ကြီးမားသည့် ချွေးသီးချွေးပေါက်များ စတင်ကျလာခဲ့သည်။ သို့သော်လည်း ထိုရဲ လူရမ်းကားများက မပြီးသေးဘဲ၊ ကျွန်တော့်ကို မိုးရွာချသကဲ့သို့ ရက်စက် ကြမ်းကြုတ်စွာ ကန်ကျောက်ထိုးနှက်ခဲ့ကြသည်။ သူတို့က ကျွန်တော့်ကို ရိုက်နှက်သည်နှင့်အညီ၊ “မင်းဘုရားက မင်းကို အခု ကယ်နိုင်လား ကြည့်ရ အောင်” ဟု ဒေါသတကြီး ဟိန်းဟောက်ခဲ့သည်။ သူတို့က ကျွန်တော့်ကို တစ်လှည်စီ ရိုက်နှက်ခဲ့ပြီး၊ သူတို့ထဲမှ တစ်ယောက် ပင်ပန်းသည့် အချိန်တွင်၊ နောက်တစ်ယောက်က ချက်ချင်း နေရာယူခဲ့သည်။ သူတို့က ကျွန်တော့်ကို ဟက်တက်ကွဲ ဒဏ်ရာများနှင့် ပွန်းပဲ့ရာများဖြင့် ခေါင်းမှ ခြေဆုံး ဖုံးသွားသည် အထိရိုက်နှက်ခဲ့ကြပြီး၊ ကျွန်တော် သွေးက မနည်းမနောထွက်နေလေသည်။ ထိုညတွင်၊ သူတို့က ကျွန်တော့်ကို နံရံပေါ်မှ မချပေးဘဲ၊ ကျွန်တော့် မျက်လုံးများ မှိတ်ခွင့် မပြုခဲ့ပါ။ သူတို့က ကျွန်တော့်ကို စောင့်ကြပ်ရန် ငယ်သားနှစ်ယောက်ကို လျှပ်စစ်ကျင်စက်များဖြင့် တာဝန်ချထားခဲ့သည်။ ကျွန်တော့် မျက်လုံးများ ပိတ်လိုက်သည့်အချိန်တိုင်း၊ ကျွန်တော် အိပ်မပျော် အောင် သူတို့က ကျွန်တော့်ကို လျှပ်စစ်တို့ကြသည်။ ဤနည်းဖြင့် သူတို့က ကျွန်တော့်ကို တစ်ညလုံး ညှဉ်းပန်းခဲ့ကြသည်။ ငယ်သားများထဲမှ တစ်ယောက်က ကျွန်တော့်ကို ရိုက်နှက်နေစဉ်၊ သူက ကျွန်တော့်ကို “သူတို့က မင်းကို သတိလစ်တဲ့အထိ ရိုက်နှက်ခဲ့ရင်၊ မင်းပြန်နိုးလာတဲ့အထိ ငါက မင်းကို ရိုက်မှာ” ဟု အော်ပြောပြီး၊ စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့် ခဲ့သည်။ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကြောင့် ကျွန်တော်က ဖြစ်နေ သည့် အရာကို လုံးလုံး သိခဲ့လေသည်။ ကျွန်တော် မိမိဘာသာ လျှော့ပေးလာ စေဖို့ စာတန်က ညှဉ်းပန်းနည်းစနစ်မျိုးစုံ သုံးရန် ကြိုးစားနေခဲ့သည်။ အကြံမှာ ကျွန်တော့် စိတ်ဓာတ် ပျက်စီးသွားစေပြီး၊ ကျွန်တော့် စိတ်ပိုင်း ဆိုင်ရာ စွမ်းဆောင်ရည်များကို ထိန်းချုပ်မရတော့သည်အထိ ညှဉ်းပန်းရန် ဖြစ်ပြီး၊ ထိုအချိန်တွင် သူတို့ ရှာဖွေနေသည့် သတင်းအချက်အလက်ကို ကျွန်တော် ထုတ်ပြောနိုင်ရန် ဖြစ်သည်။ ထို့နောက် သူတို့က ဘုရားသခင် ရွေးချယ်ထားသည့် လူများကို ဖမ်းဆီးနိုင်မည်ဖြစ်ကာ၊ နောက်ဆုံးသော ကာလမှ ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ပြီး၊ သူတို့၏ ကိုယ်ပိုင် ဘဏ္ဍာတိုက်ကို တိုးပွားစေဖို့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်၏ ပိုင်ဆိုင်မှုများကို လုယက်သိမ်းဆည်းနိုင်ရန် ဖြစ်သည်- ဤသည်တို့မှာ ၎င်းတို့၏ လူမဆန်သော သဘာဝ၏ ရိုင်းစိုင်းသော ရည်မှန်းချက်များ ဖြစ်သည်။ ကျွန်တော် အံကြိတ်ပြီး နာကျင်မှုကို တောင့်ခံခဲ့သည်။ ကျွန်တော် သေသည်အထိ ကြိုးဆွဲချခံရမည် ဆိုလျှင်ပင်၊ သူတို့နှင့် ကျွန်တော် အပေးအယူ လုပ်မည်မဟုတ်ဟု မိမိဘာသာ ကျွန်တော် ကျိန်ဆိုခဲ့သည်။ နောက်တစ်နေ့နံနက် အာရုဏ်ဦး၌ သူတို့က ကျွန်တော့်ကို အောက်ချပေးမည် လက္ခဏာတစ်ခုမျှ မပြသေးဘဲ၊ ကျွန်တော် လုံးလုံး ခြေကုန်လက်ပမ်း ကျပြီးနှင့်ပြီ ဖြစ်သည်။ ကျွန်တော် သေသွားလျှင် ကောင်းမည် ဖြစ်ပြီး၊ ဆက်သွားရန် စိတ်စွမ်းအား နောက်ထပ် မရှိတော့သည့်အလား ကျွန်တော် ခံစားခဲ့ရသည်။ ကျွန်တော် လုပ်နိုင်သမျှမှာ ဘုရားသခင်ကို အကူအညီ အတွက် အော်ခေါ်ရုံသာ ရှိသည်၊ “အိုဘုရားသခင်။ ကျွန်တော် ဒုက္ခခံဖို့ ထိုက်တန်မှန်း ကျွန်တော်သိပေမဲ့လည်း၊ ကျွန်တော့် ခန္ဓာကိုယ်က အရမ်း အားနည်းပြီး၊ ကျွန်တော် တကယ့်ကို ကြာကြာခံ နိုင်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော် အသက်ရှုနေပြီး သတိရနေသေးတဲ့ အချိန်မှာ ကျွန်တော့် စိတ်ဝိညာဉ်ကို ဒီလောက်ကနေလိုက်ပါစောင့်ရှောက်ပါလို့ ကိုယ်တော့်ကို တောင်းလျှောက်လိုပါတယ်။ ကျွန်တော် ယုဒတစ်ယောက် ဖြစ်လာပြီး၊ ကိုယ်တော့်ကို သစ္စာမဖောက်လိုပါဘူး။” ကျွန်တော်သည် စိတ်ဓာတ်ယိုယွင်း လုနီးပါး ဖြစ်နေခိုက်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက နောက်တစ်ကြိမ် ကျွန်တော့်ကို ဉာဏ်အလင်းပေးပြီး လမ်းပြခဲ့သည်။ “‘လူ့ဇာတိအဖြစ် ဤတစ်ကြိမ် လာရခြင်းမှာ ကျား၏ သားရဲတွင်းထဲသို့ ကျခြင်းနှင့်အလားတူသည်။’ ဟု ပြောသည်ကို ငါမှတ်မိသည်။ ဤအရာက ဆိုလိုသည်မှာ ဘုရားသခင်၏အမှု ဤအချီတွင် ဘုရားသခင် လူ့ဇာတိခံလာသည့်အပြင်၊ အဆင်းနီသော နဂါးကြီး၏ နေထိုင်ရာအရပ်တွင် မွေးဖွားလေသည်၊ ဤအကြိမ် ကမ္ဘာမြေကြီးသို့ လာခြင်းအားဖြင့် သူသည် ပြင်းထန်သော အန္တရာယ်ကို ယခင်ထက် သာ၍ပင် ရင်ဆိုင်ရသည်ဟု ဆိုလိုပေသည်။ သူ ရင်ဆိုင်ရသည့် အရာများမှာ ဓားများ၊ သေနတ်များ၊ တင်းပုတ်များနှင့် အသင်းအဖွဲ့များ ဖြစ်၏။ သူရင်ဆိုင်ရသည်မှာ စုံစမ်းနှောင့်ယှက်ခြင်း ဖြစ်၏၊ သူ ရင်ဆိုင်ရသည်မှာ သတ်ဖြတ်မည့်အကြံဖြင့် ပြည့်နေသည့် မျက်နှာများထားရှိသည့် လူအုပ်များ ဖြစ်ကြ၏။ သူသည် အချိန်မရွေး အသတ်ခံရမည့် အန္တရာယ် ရှိသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၄)) ဘုရားသခင်သည် ဖန်ဆင်းခြင်းအားလုံး၏ အထွတ်အထိပ် အချုပ်အခြာ အာဏာ ဖြစ်သည်- ကျွန်တော်တို့ကို ကယ်တင်ဖို့ အကြီးအကျယ် ဖောက်ပြန်ပျက်စီးနေသည့် လူသားမျိုးနွယ်အားလုံးကြားထဲ ဆင်းသက်လာ သည်မှာ အလွန့်အလွန် အရှက်ရခြင်းတစ်ခုဖြစ်နှင့်ပြီး ဖြစ်သော်လည်း၊ သူသည် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ လက်များထဲတွင် ညှဉ်းပန်း နှိပ်စက်ခြင်းမျိုးစုံကိုလည်း သည်းခံခဲ့ရသည်။ ဘုရားသခင် ကြုံတွေ့ရသည့် ဆင်းရဲဒုက္ခသည် အမှန်တကယ် ကြီးမားလှသည်။ ဘုရားသခင်သည် ဤနာကျင်မှု နှင့် ဆင်းရဲဒုက္ခအားလုံးကို သည်းခံခဲ့ပါက၊ ကျွန်တော်က သူ့အတွက် မိမိကိုယ်ကို အဘယ့်ကြောင့် မစတေးနိုင်ရမည်နည်း။ ကျွန်တော် အသက်ရှင်နေရသေးသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ ဘုရားသခင်၏ ကွယ်ကာမှုနှင့် စောင့်ရှောက်မှုတို့ကြောင့် ဖြစ်ကာ၊ ၎င်းတို့မရှိပါက၊ ကျွန်တော်သည် ဤဘီလူးသရဲစီးသော အုပ်စု၏ သေသည်အထိ ညှဉ်းပန်းခြင်းကို ခံရသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ထိုမကောင်းဆိုးဝါး၏ သားရဲတွင်းထဲတွင် ထိုမိစ္ဆာများကကျွန်တော့်ကို ရက်စက်သော ညှဉ်းပန်းမှုဖြင့် ဒုက္ခပေးရန် သူတို့ရနိုင်သမျှ နည်းစနစ်တိုင်းကို အသုံးပြုသော်လည်း၊ ဘုရားသခင်က ကျွန်တော်နှင့် အတူရှိပြီး၊ ကျွန်တော်က ညှဉ်းပန်းမှု အချိန်တစ်ခုကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့သည့် အခါတိုင်း ဘုရားသခင်၏ အံ့သြဖွယ် လုပ်ဆောင်ချက်များအပြင် သူ၏ ကယ်တင်ခြင်း နှင့် ကွယ်ကာခြင်းတို့ကို မျက်မြင်တွေ့ခဲ့ရသည်။ “ဘုရားသခင်ဟာ ငါ့အတွက် အများကြီး လုပ်ဆောင်ပေးခဲ့တယ်၊ သူ့နှလုံးသားကို နှစ်သိမ့်ဖို့ ငါဘယ်လို လုပ်သင့်လဲ။ ဒီနေ့မှာ ဘုရားသခင်က ငါ့ကို ဒီအခွင့်အရေး ပေးတာကို ထောက်ရင်၊ ငါဟာ ဘုရားသခင်အတွက် ဆက်ပြီး အသက်ရှင်သင့်တယ်” ဟု မိမိဘာသာ တွေးမိသည်။ ထိုအခိုက်အတန့်တွင် ဘုရားသခင်၏ ချစ်ခြင်း မေတ္တာက ကျွန်တော် အသိစိတ်ကို ပြန်လည်နိုးထစေခဲ့ပြီး၊ မည်သို့ပင် ဖြစ်စေကာမူ ဘုရားသခင်ကို ကျွန်တော် စိတ်ကျေနပ်စေရမည်ဟု နက်ရှိုင်းစွာ ခံစားခဲ့ပါသည်။ ကျွန်တော်က “ဒီနေ့ ခရစ်တော်နှင့် အတူ ဒုက္ခခံရတာဟာ ငါ့ဂုဏ်ဖြစ်တယ်” ဟု အခိုင်အမာ ပြောဆိုခဲ့သည်။ ကျွန်တော် စကားမပြော သေးသလို သက်ညှာဖို့အတွက်လည်း အနူးအညွတ် မတောင်းပန်သေးသည်ကို မြင်သော်လည်း၊ ဆိုးယုတ်သော ရဲများက ကျွန်တော် သတင်း အချက်အလက် တစ်ခုမျှ မပေးဘဲ ဤနေရာတွင် သေကောင်း သေသွား နိုင်ပြီး၊ ထို့နောက် သူတို့၏ အထက်လူကြီးများနှင့် ပြဿနာတက်မည်ကို ကြောက်လျက်၊ ကျွန်တော့်ကို ရိုက်နှက်ခြင်းမှ ရပ်တန့်ခဲ့ကြသည်။ ထို့နောက် တွင် ကျွန်တော်သည် ကျွန်တော်၏ လက်ထိပ်များဖြင့် နံရံတွင် ချိတ်ဆွဲခံရပြီး၊ နောက်ထပ် နှစ်ရက်နှင့် နှစ်ညကြာအောင် ပစ်ထားခံခဲ့ရပါသည်။

ထိုအချိန်အတွင်း ပြင်းပြင်းထန်ထန် ချမ်းအေးကာ၊ ကျွန်တော့်မှာ အလွန်အမင်း စိုရွှဲနေပြီး၊ ကျွန်တော့် အဝတ်အစားများက ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိဖို့ အလွန်ပါးလွှာလှသည်၊ ကျွန်တော် ရက်အတော်များများ ဘာမျှ မစားရသေးဘဲ၊ ဆာလောင်ပြီး ချမ်းအေးနေသည်- ကျွန်တော် အမှန်တကယ်ကို နောက်ထပ်မခံနိုင်တော့ပါ။ ကျွန်တော် ယိုင်လဲလုနီးဖြစ်နေ သည့်အခိုက်တွင်ပင်၊ ထိုရဲလူရမ်းကားတစ်ဖွဲ့က နောက်ထပ် ယုတ်မာသော အကြံအစည်ကို လျှို့ဝှက်ကြံစည်ရန် ကျွန်တော့်၏ ဆုတ်ယုတ်နေသည့် အခြေအနေကို လက်မလွှတ်တမ်း အသုံးချခဲ့သည်။ သူတို့က ကျွန်တော့်ကို ဦးနှောက်ကျင်းရန် ကြိုးစားဖို့ စိတ်ပညာရှင်တစ်ဦးကို ခေါ်လာခဲ့သည်။ ထိုသူက “မင်းက ငယ်သေးတာပဲ၊ ပြီးတော့ မင်းမှာ ထောက်ပံ့ဖို့ မင်းမိဘတွေ နဲ့ ကလေးတွေ ရှိတယ်လေ။ မင်းကို ဖမ်းခေါ်လာပြီးနောက်မှာ၊ မင်းရဲ့ ယုံကြည်သူ ရောင်းရင်းတွေရယ် ပြီးတော့ အထူးသဖြင့် မင်းရဲ့ အသင်းတော် ခေါင်းဆောင်တွေရယ်က ဂရုစိုက်မှု တစ်စက်လေးတောင် မပြခဲ့ပေမဲ့၊ မင်းကတော့ သူတို့အတွက် ဒီမှာ ဒုက္ခခံနေရတယ်။ နည်းနည်းလေးလောက် မင်းမိုက်မဲတယ်လို့ မထင်ဘူးလား။ ဒီရဲတွေက မင်းကို နှိပ်စက်ဖို့ကလွဲပြီး ဘာမှ ရွေးချယ်စရာမရှိဘူးလေ…” ဟု ပြောခဲ့သည်။ သူ၏မုသားများကို နားထောင်ရင်း၊ ကျွန်တော်က “ငါ့ညီအစ်ကို မောင်နှမတွေက ဒီမှာ ငါ့ကို လာတွေ့ရင်၊ သူတို့ကိုယ်သူတို့ အဖမ်းခံတဲ့သဘောရောက်မယ် မဟုတ်ဘူး လား။ မင်းက ငါ့ကို လှည့်စားဖို့၊ ငါနဲ့ ငါ့ညီအစ်ကိုမောင်နှမတွေကြားမှာ သဘောထားကွဲလွဲမှုကို ပျိုးပေးဖို့နဲ့ ငါကဘုရားသခင်ကို အထင်လွဲ၊ အပြစ်တင်ပြီး စွန့်ပစ်အောင်လို့ ဒါကို ပြောနေတာပဲ။ အဲဒါကို ငါမယုံနိုင် ပါဘူး” ဟု မိမိဘာသာ တွေးခဲ့သည်။ ထို့နောက်တွင် သူတို့က ကျွန်တော့်ကို သူတို့၏ သိသာထင်ရှားသည့် ရက်ရောမှုဖြင့် ဆွယ်ဖို့ ကြိုးစားလျက် အစားအသောက်များ ကျွန်တော့်အတွက် ယူလာကြသည်။ ဤရဲလူရမ်းကား များ၏ ရုတ်ချည်း “ကြင်နာမှု” ကို ရင်ဆိုင်ရလျက်၊ ထိုအချိန်တွင် ကျွန်တော် သည် အားအနည်းဆုံး ဖြစ်နေပြီး၊ စာတန်က အခွင့်အရေးပေးလာသည့် အခါတိုင်း အရဖမ်းဖို့ အဆင်သင့် ဖြစ်နေခဲ့သည်ကို ကျွန်တော် သိသောကြောင့် ကျွန်တော့် စိတ်နှလုံးက ဘုရားသခင်ထံ တိုး၍ ချဉ်းကပ်ဖက်တွယ်ခဲ့သည်။ ထိုနေ့ရက်များအတွင် ကျွန်တော့် အတွေ့အကြုံများက တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ အနှစ်သာရကို ကျွန်တော့်အား ထိုးဖောက်မြင်စေခဲ့သည်။ ၎င်းက မည်သို့ ကြင်နာပြီး၊ ဂရုစိုက်သည့်ပုံ ဟန်ဆောင်ပါစေ၊ ၎င်း၏ ဆိုးယုတ်သော၊ ဖောက်ပြန်ရေးဝါဒီဖြစ်ပြီး ဘီလူးသရဲစီးသော အနှစ်သာရက မပြောင်းလဲပါ။ နတ်ဆိုး၏ “ချစ်ခင်သော သနားကရုဏာမှတစ်ဆင့် စကားစမြည်ပြောခြင်း” နည်းဗျူဟာသည် ၎င်း၏ သစ္စာဖောက်မှုနှင့် လှည့်စားတတ်မှုတို့၏ နက်ရှိုင်းမှုကိုသာ ပို၍ ဖော်ထုတ်ခဲ့သည်။ စာတန်၏ ယုတ်မာသော အကြံအစည်ကို ထိုးဖောက်မြင်ဖို့ ကျွန်တော့်ကို လမ်းပြခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ အဆုံးတွင် စိတ်ပညာရှင်က မည်သို့မျှ ခရီးမတွင်နိုင်ခဲ့ဘဲ၊ “သူ့ဆီက ငါဘာမှ မရဘူး။ သူက လားတစ်ကောင်လိုပဲ ခေါင်းမာတယ်၊ သူက သုံးစားလို့မရတဲ့ အကောင်ပဲ” ဟု ပြောလျက် ခေါင်းကို ခါခဲ့လေသည်။ ထို့နောက် သူက စိတ်ပျက်လက်ပျက် ထွက်ခွာသွားခဲ့သည်။ စာတန်က ရှုံးနိမ့်လျက် ထွက်ပြေးသည်ကို မြင်ရင်း၊ ကျွန်တော့် စိတ်နှလုံး သည် ပြောမပြနိုင်သည့် ဝမ်းမြောက်ခြင်းတစ်ခုဖြင့် ပြည့်နှက်ခဲ့သည်။

ထိုကောက်ကျစ်သော ရဲများက သူတို့၏ အနုနည်း မအောင်မြင်သည်ကို မြင်သည့်အချိန်တွင်၊ သူတို့၏ စစ်မှန်သည့် စရိုက်ကို ရုတ်ချည်းပြသကြကာ၊ နောက်ထပ်တစ်နေ့လုံး ကျွန်တော့်ကို နံရံတွင် နောက်တစ်ကြိမ် ချိတ်ဆွဲထား ကြသည်။ ထိုညတွင် ကျွန်တော်က ထိုနေရာ အအေးထဲတွင် ချိတ်ဆွဲခံထား ရပြီး တုန်ခါနေသည်နှင့်အမျှ၊ ကျွန်တော့် လက်များက အလွန်နာကျင်လှ သည်မှာ ပြုတ်ထွက်တော့မည့်အလား ခံစားရလေသည်၊ ကျွန်တော် အမှန်တကယ် ဖြတ်ကျော်နိုင်မည် မဟုတ်ဟု ကျွန်တော်၏ စိတ်ကယောင် ကတမ်းဖြစ်လျက် မိမိဘာသာ တွေးမိသည်။ ထို့နောက်တွင်ပင် အရာရှိအချို့ ဝင်ရောက်လာပြီး၊ ကျွန်တော့်အတွက် သူတို့ မည်သည့် ညှဉ်းပန်းမှုမျိုး ပြင်ဆင်ထားသည်ကို တစ်ဖန် ကျွန်တော် တွေးတောရစ်စေခဲ့လေသည်။ ကျွန်တော့်၏အားနည်းခြင်းထဲတွင် ဘုရားသခင်ထံသို့ “အိုဘုရားသခင်။ ကျွန်တော် အားနည်းပြီး တကယ့်ကို နောက်ထပ် မခံနိုင်တော့တာကို ကိုယ်တော် သိပါတယ်။ ကျွန်တော့်အသက်ကို အခုယူပါတော့။ ကျွန်တော် ယုဒတစ်ယောက် ဖြစ်ပြီး၊ ကိုယ်တော့်ကို သစ္စာဖောက်ရတာထက် သေသာသေ လိုက်ချင်ပါတယ်။ ဒီမကောင်းဆိုးဝါးတွေရဲ့ ယုတ်မာတဲ့ အကြံအစည်တွေကို ကျွန်တော် အောင်မြင်ခွင့်မပေးနိုင်ပါဘူး” ဟု ပြောလျက် ကျွန်တော် တစ်ဖန် ဆုတောင်းခဲ့သည်။ ရဲများက သူတို့၏ တစ်မီတာအရှည်မရှိသည့် တုတ်များကို ဝှေ့ရမ်းပြီး၊ ကျွန်တော့် ခြေထောက်များနှင့် ခြေရင်းတို့၏ အဆစ်များကို စတင်ရိုက်နှက်တော့သည်။ ကျွန်တော့်ကိုရိုက်ရင်း သူတို့ထဲမှအချို့က စူးစူးဝါးဝါး အော်ဟစ်ရယ်မောကြသည်၊ အခြားသူများက “ကိုင်း၊ မင်းက အပြစ်ဒဏ်အတွက် အငမ်းမရတဲ့သူတစ်ယောက် မဟုတ်ဘူးလား။ မင်းက ဘာပြစ်မှုကြီးမှ မကျူးလွန်ခဲ့ဘူး၊ မင်းဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး၊ မင်း မီးရှို့မှု မကျူးလွန်ခဲ့ဘူး။ မင်းသိထားတာသာ ငါတို့ကို ပြောပြလိုက်၊ ပြီးတာနဲ့ ငါတို့က မင်းကို အောက်ချပေးမယ်” ဟု ပြောလျက် သွေးဆောင် ဖြားယောင်း ဖို့ ကြိုးစားကြသည်။ ကျွန်တော် စကားမပြောသေးသည့်အခါ၊သူတို့က ယမ်းပုံမီးကျ ဖြစ်လာပြီး၊ “မင်းရှေ့မှာ အခု ရပ်နေတဲ့ ရဲတစ်ဒါဇင်လုံးက လူညံ့တွေလို့ မင်းထင်နေတာလား။ ကြိုးတိုက်က မရေမတွက်နိုင်တဲ့ အကျဉ်းသားတွေကို ငါတို့ ဒီမှာ စစ်ကြောလာခဲ့ပြီး၊ သူတို့ ဘာအမှားမှ မလုပ်ထားရင်တောင် သူတို့ဆီက ငါတို့အမြဲတမ်း ခံဝန်ချက်တစ်ခုရခဲ့တယ်။ ငါတို့က သူတို့ကို စကားပြောဖို့ ပြောတဲ့အချိန်မှာ၊ သူတို့စကားပြောတယ်။ မင်းက ထူးခြားတယ်လို့ ဘာလို့များထင်ရတာလဲ” ဟု အော်ဟစ်ခဲ့သည်။ ထို့နောက် သူတို့ထဲမှ တစ်ချို့က ကျွန်တော့်ဆီလာပြီး၊ ကျွန်တော့် ခြေထောက် များနှင့် ခါးများကို ပွန်းပဲ့ဒဏ်ရာများဖြင့် ဖုံးလွှမ်းသွားသည်အထိ စတင် ဆွဲဆိတ်ပြီး လိမ်ကြသည်။ အချို့နေရာများတွင် သူတို့ အလွန်ပြင်းထန်စွာ ဆွဲဆိတ်သည်မှာ သွေးများထွက်လာခဲ့သည်။ နံရံတွင် အလွန်ကြာမြင့်စွာ ချိတ်ဆွဲခံရပြီးနောက်၊ ကျွန်တော်သည် အလွန့်အလွန် အားနည်းပြီး၊ ဤအရာက သူတို့၏ လက်ကိုင်တုတ်များဖြင့် ရိုက်နှက်ခြင်းမှ နာကျင်မှုကို ပိုမိုဆိုးဝါးစေသည်မှာ ကျွန်တော် သေဖို့သာ တောင့်တမိခဲ့သည်။ ထိုအခိုက် အတန့်တွင် ကျွန်တော် လုံးလုံး စိတ်ပျက်လက်ပျက်ဖြစ်ပြီး၊ နောက်ထပ် လုံးဝ သည်းမခံနိုင်တော့ဘဲ၊ နောက်ဆုံးတွင် ကျွန်တော် မျက်ရည်များ ကျလာခဲ့ သည်။ မျက်ရည်များ ကျလာသည်နှင့်အညီ၊ သစ္စာဖောက်သည့် အတွေးများက ကျွန်တော့် စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။ “ငါသူတို့ကို တစ်ခုခု ပြောလိုက်သင့်တယ်ထင်တယ်။ ငါ့ညီအစ်ကိုမောင်နှမတွေ တစ်ယောက်ကိုမှ ပြဿနာမတက်စေသမျှ ကာလပတ်လုံး၊ သူတို့က ငါ့ကို စွပ်စွဲတယ်၊ ကွပ်မျက်တယ်ဆိုရင်တောင်မှ၊ လုပ်ကြပါစေလေ။” ထိုဆိုးယုတ်သောရဲ အဖွဲ့က ကျွန်တော် ငိုနေသည်ကို မြင်သည့်အချိန်တွင်၊ အော်ဟစ်ရယ်မော ကြပြီး၊ သူတို့သည် မိမိကိုယ်ကိုယ် လုံးလုံးလျားလျား ကျေနပ်အားရကြကာ၊ “မကြာခင် မင်း ငါတို့ကို တစ်ခုခု ပြောရင်တော့၊ ငါတို့က မင်းကို အဲဒီလိုမျိုး ရိုက်ဖို့မလိုပါဘူး” ဟု ပြောခဲ့သည်။ သူတို့က ကျွန်တော့်ကို နံရံပေါ်မှ အောက်သို့ချပြီး၊ မြေပြင်ပေါ်တွင် လှဲစေခဲ့သည်။ ကျွန်တော့်ကို ရေအနည်းငယ်ပေးပြီး၊ ခဏတာ နားခွင့်ပြုခဲ့သည်။ ထို့နောက် သူတို့ တစ်ချိန်လုံး ပြင်ဆင်ထားခဲ့သည့် ဘောလ်ပင်နှင့် စာရွက်တို့ကိုယူပြီး၊ ကျွန်တော့် ထွက်ဆိုချက်ကို မှတ်တမ်းတင်ဖို့ ပြင်ဆင်ကြသည်။ ကျွန်တော်က စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းထဲသို့ သားကောင်အဖြစ် ကျရောက်ပြီး၊ ဘုရားသခင်ကို သစ္စာဖောက်လုနီးဖြစ်သည့်အခိုက်တွင်ပင်၊ ဘုရား နှုတ်ကပတ်တော်များက ကျွန်တော့်စိတ်ထဲတွင် သိသာထင်ရှားစွာ ထွက်ပေါ်လာခဲ့သည်။ “သို့ရာတွင် ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှု မပြသခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာတော့မည် မဟုတ်ဘဲ ငါ၏ကရုဏာသည် အကန့်အသတ်ရှိကြောင်းကို ငါရှင်းလင်းစေရမည်။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ ၎င်းတို့၏မိတ်ဆွေများ၏ အကျိုးအပေါ် သစ္စာဖောက်သူများနှင့် ငါသည် သာ၍ပင် ပတ်သက်ဆက်နွှယ်လိုခြင်း မရှိ။ ထိုသူသည် မည်သူပင်ဖြစ်စေ ဤသည်မှာ ငါ၏စိတ်သဘောထား ဖြစ်သည်။ ငါ၏နှလုံးကို ကြေကွဲစေသူ မည်သူမဆို ငါ့ထံမှ ဒုတိယအကြိမ် သက်ညှာမှု ရလိမ့်မည် မဟုတ်ကြောင်းနှင့် ငါ့အပေါ်သစ္စာရှိနေခဲ့သောသူ မည်သူမဆို ငါ၏နှလုံးသားတွင် ထာဝရ တည်ရှိနေမည် ဖြစ်ကြောင်း သင်တို့ကို ငါပြောကြားရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားနှုတ်ကပတ်တော်များတွင် မည်သည့် ပြစ်မှား စော်ကားခြင်းကိုမှ သည်းမခံသည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကို သစ္စာဖောက်ခြင်း၏ အကျိုးဆက်များကို ကျွန်တော် မြင်လာခဲ့သည်။ ကျွန်တော်၏ ပုန်ကန်လိုခြင်းကိုလည်း သတိပြုမိလာ ခဲ့သည်။ ဘုရားသခင်၌ ကျွန်တော့် ယုံကြည်မှုသည် အလွန်အားနည်းပြီး၊ ကျွန်တော့်မှာ သူ့ကို အမှန်တကယ် နာခံဖို့ မဆိုထားနှင့်၊ သူ့ကို စစ်မှန်သည့် နားလည် သဘောပေါက်ခြင်းတစ်ခုမျှ မရှိခဲ့ပါ။ ယုဒသည် ငွေဒင်္ဂါး သုံးဆယ်မျှအတွက် ယေရှုကို သစ္စာဖောက်ခဲ့ပုံနှင့် ယခုအခါ ကျွန်တော်က ခဏတာ သက်သောင့်သက်သာဖြစ်ခြင်း နှင့် သက်သာခြင်းတို့အတွက် သက်သက် ဘုရားသခင်ကို သစ္စာဖောက်ဖို့ မည်သို့ အဆင်သင့်ဖြစ်နေ သည်တို့ကို တွေးမိခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များ၏ အချိန်ကိုက် ဉာဏ်အလင်း ပြခြင်းကြောင့်သာ မဟုတ်ခဲ့ပါက၊ ကျွန်တော်သည် တစ်သက်လုံး ပြစ်တင်ရှုတ်ချခံရမည့် ဘုရားသခင်ကို သစ္စာဖောက်သူများ ထဲမှတစ်ယောက် ဖြစ်လာခဲ့မည် ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို နားလည် သဘောပေါက်ပြီးနောက် ဘုရားသခင်သည် အကောင်းဆုံး ဖြစ်နိုင်ခြေရှိသည့် အစီအစဉ်များကို လုပ်ဆောင်ခဲ့ကြောင်း ကျွန်တော် သိလာခဲ့သည်။ ကျွန်တော်က “ဘုရားသခင်က ငါ့ကို ဒုက္ခခံဖို့၊ သေဖို့ ခွင့်ပြုရင်၊ ငါက ကျိုးနွံနာခံဖို့ နဲ့ ငါ့ရဲ့ သေခြင်းနှင့် ရှင်ခြင်းကို ဘုရားသခင်ရဲ့ လက်တွေထဲမှာ ထားဖို့ ဆန္ဒရှိပါတယ်။ ဒီကိစ္စမှာ ငါ ဆုံးဖြတ်ခွင့်မရှိဘူး။ ငါ့မှာ ထွက်သက်တစ်ခုတည်းပဲကျန်ခဲ့ရင်တောင်၊ ငါက ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့နဲ့ သူ့အတွက် သက်သေရပ်တည်ဖို့ ကြိုးပမ်းအားထုတ် ရမယ်” ဟု မိမိဘာသာ တွေးမိသည်။ ထိုအခိုက် အတန့်တွင် အသင်းတော် ဓမ္မသီချင်းတစ်ပုဒ်က စိတ်ထဲ ရောက်လာခဲ့သည်။ “ကျွန်ုပ်၏ ဦးခေါင်းကွဲကြေပြီး သွေးများ စီးဆင်းနိုင်၏၊ သို့သော် ဘုရားသခင်၏ လူတို့၏ သတ္တိသွေးများ မဆုံးရှုံးနိုင်ပေ။ ဘုရားသခင်၏ တိုက်တွန်းမှုက စိတ်နှလုံးတွင် တည်ထားသည်၊ နတ်ဆိုးစာတန်ကို အရှက်ရစေရန် ကျွန်ုပ် ဆုံးဖြတ်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “ဘုရားသခင်၏ ဘုန်းကြီးသော နေ့ကို ကျွန်ုပ် မြင်တွေ့လိုသည်”) ကျွန်တော့်စိတ်ထဲတွင် မိမိဘာသာ ဓမ္မသီချင်း ညည်းရင်း၊ ကျွန်တော့် ယုံကြည်မှုက ပြန်လည်အားကောင်းလာခဲ့ပြီး၊ ကျွန်တော်သာ သေမည်ဆိုလျှင်၊ ဘုရားသခင်အတွက် ဖြစ်ရမည်ဟု ကျွန်တော် သန္နိဌာန် ချမှတ်ခဲ့သည်။ မည်သို့ပင် ဖြစ်စေကာမူ၊ ထိုနတ်ဆိုးအိုကြီး တရုတ်ကွန်မြူနစ် ပါတီ အစိုးရကို အလျှော့မပေးနိုင်ပါ။ မြေပေါ်တွင်သာ ကျွန်တော် မလှုပ်မယှက်လှဲနေသည်ကို မြင်လျက်၊ ဆိုးယုတ်သောရဲများက “ဒီလိုဒုက္ခခံ တာတွေ အားလုံးက တန်ရဲ့လား။ ငါတို့က ဒီမှာ မင်းကို ကောင်းမှုတစ်ခုလုပ်ဖို့ အခွင့်အရေးပေးနေတာ။ မင်းသိသမျှ ငါတို့ကို ပြောပြစမ်း။ မင်းဘာမှ မပြောဘူးဆိုရင်တောင်၊ ငါတို့က မင်းကို ပြစ်ဒဏ်ချမှတ်ဖို့ မျက်မြင်သက်သေ ခံချက်တွေနဲ့ အထောက်အထားတွေအားလုံး ရှိပြီးသား” ဟု ပြောလျက် ကျွန်တော့်ကို စတင် စုံစမ်းနှောင့်ယှက်ကြသည်။ ဤလူသားစား မကောင်း ဆိုးဝါးများက ဘုရားသခင်၏အမှုတော်ကို ဖျက်ဆီးဖို့ အလို့ငှာ ကျွန်တော့် ကို ဘုရားသခင်အားသစ္စာဖောက်စေဖို့နှင့် ကျွန်တော့် ညီအစ်ကိုမောင်နှမများ ကို သစ္စာဖောက်စေဖို့ မည်သို့ကြိုးစားနေကြသည်ကို မြင်ရင်း၊ ကျွန်တော့် အထဲတွင် ဗလောင်ဆူနေသည့် ဒေါသူပုန်ထခြင်းကို နောက်ထပ် မထိန်းသိမ်း နိုင်တော့ဘဲ “မင်းတို့ အားလုံးကို သိပြီးသားဆိုမှတော့၊ ငါ့ကို မေးမြန်းဖို့ အကြောင်းမရှိတော့ဘူးလို့ ငါထင်တာပဲ။ ငါအားလုံး သိရင်တောင်၊ ငါ မင်းတို့ကို ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး” ဟု သူတို့ကို ပြန်အော်ခဲ့သည်။ ရဲများက “မင်းဝန်မခံဘူးဆိုရင်၊ ငါတို့က မင်းကို သေတဲ့အထိ နှိပ်စက်မှာ။ ဒီကနေ မင်း အသက်ရှင်လျက် ထွက်သွားဖို့ မစဉ်းစားနဲ့။ ကြိုးတိုက်က အကျဉ်းသားတွေအားလုံး စကားပြောအောင် ငါတို့ လုပ်တယ်၊ မင်းက သူတို့ထက်များ ပိုမာတယ် ထင်လို့လား” ဟု အော်ပြောလျက်၊ ဒေါသတကြီး ပြန်ပြောခဲ့သည်။ ကျွန်တော်က “အခုမင်းတို့ ငါကို ဖမ်းထားပြီးတဲ့နောက်မှာ၊ ငါ အသက်ရှင်ရက် ထွက်သွားဖို့လည်း မစီစဉ်ထားပါဘူး" ဟု ပြောလျက် ပြန်ဖြေခဲ့ပါသည်။ နောက်ထပ် စကားတစ်လုံးမှ မပြောဘဲ၊ ရဲတစ်ယောက်က ကျွန်တော့်ဆီ ပြေးလာပြီး၊ ဗိုက်ကို တည့်တည့်ကြီး ကန်ထည့်လိုက်သည်။ အလွန်နာကျင်လှသည်မှာ ကျွန်တော့် အူသိမ်အူမများသည် နှစ်ပိုင်းပိုင်းခံရ သကဲ့သို့ ခံစားခဲ့ရသည်။ ထို့နောက် ကျန်သည့် အရာရှိများက ကျွန်တော့်ဆီ တဟုန်ထိုးပြေးလာပြီး၊ ကျွန်တော် ထပ်ပြီး သတိလစ်သွားသည်အထိ ရိုက်နှက်ခဲ့ကြသည်။ ကျွန်တော် သတိရလာသည့်အချိန်တွင် သူတို့က ယခင်ကကဲ့သို့ ကျွန်တော့်ကို ချိတ်ဆွဲထားသော်လည်း၊ ဤတစ်ကြိမ်တွင် ပို၍တင်းကျပ်စွာ ချိတ်ဆွဲထားသည်ကို ကျွန်တော့် တွေ့ရသည်။ ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံး ရောင်ကိုင်းနေပြီး၊ ကျွန်တော် စကားမပြောနိုင် သော်လည်း ဘုရားသခင်၏ ကွယ်ကာမှုကြောင့်၊ ကျွန်တော် နာကျင်မှု တစ်စက်မျှ မခံစားခဲ့ရပါ။ ထိုညတွင် အရာရှိအများစု ထွက်သွားပြီး၊ ကျွန်တော့်ကို စောင့်ကြပ်ဖို့ တာဝန်ကျသည့် လေးယောက်က နှစ်ခြိုက်စွာ အိပ်မောကျနေကြသည်။ ရုတ်တရက်ဆိုသကဲ့သို့၊ ကျွန်တော့် လက်ထိပ်များက မယုံနိုင်လောက်အောင် ပွင့်ထွက်သွားပြီး၊ ကျွန်တော် ကြမ်းပြင်ပေါ်သို့ အသာလေးကျသွားခဲ့သည်။ ထိုအခိုက်အတန့်တွင် ကျွန်တော်က ရုတ်တရက် ပြန်သတိရှိသွားခဲ့ပြီး၊ ပေတရုသည် အကျဉ်းချခံရခြင်း ကာလ အတွင်းတွင် သခင့်ကောင်းကင်တမန်အားဖြင့် ကယ်တင်ခံရပုံကို ရုတ်ချည်း တွေးမိခဲ့သည်။ ပေတရု၏လက်များမှ သံကြိုးများ ပြုတ်ကျပြီး၊ သူ့အကျဉ်းခန်း၏ သံတံခါးဂိတ်ကလည်း အလိုအလျောက် ပွင့်သွားခဲ့သည်။ ပေတရု တွေ့ကြုံခံရသကဲ့သို့ ဘုရားသခင်၏ အံ့သြဖွယ် လုပ်ဆောင်ချက် များကို ကျွန်တော် တွေ့ကြုံနိုင်သည်မှာ ဘုရားသခင်၏ ကြီးစွာသော ချီးမြှောက်ခြင်း နှင့် ကျေးဇူးတော်ဖြစ်ပါသည်။ ကျွန်တော် ချက်ချင်း ကြမ်းပြင် ပေါ်တွင် ဒူးထောက်ပြီး “ချစ်လှစွာသော ဘုရားသခင်။ ကိုယ်တော့် သနားကရုဏာနဲ့ သိမ်မွေ့သော စောင့်ရှောက်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အပေါ်ကို ကိုယ်တော် ထိန်းသိမ်းထားရှိတဲ့ မရပ်မနားတဲ့ စောင့်ကြည့်မှုအတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့် အသက်က စိုးရိမ်ရတဲ့ အခြေအနေမှာရှိပြီး၊ သေခြင်းတရားက လက်တစ်ကမ်း ကို ရောက်နေချိန်မှာ၊ ကိုယ်တော်က ကျွန်တော့်ကို တိတ်တဆိတ် ဘေးဆီးရန်ကာခဲ့ပါတယ်။ ကျွန်တော့်ကို ကွယ်ကာပြီး၊ ကိုယ်တော့်ရဲ့ အံ့သြဖွယ် လုပ်ဆောင်ချက်တွေနဲ့ အနန္တတန်ခိုးနဲ့ပြည့်စုံတဲ့ အချုပ်အခြာ အာဏာပိုင်စိုးမှုတို့ကို နောက်တစ်ကြိမ် မျက်မြင်တွေ့စေဖို့ ခွင့်ပြုတာဟာ ကိုယ်တော်ရဲ့ ကြီးမြတ်တဲ့ တန်ခိုးဖြစ်ပါတယ်။ ကျွန်တော် ဒါကို ကိုယ်တိုင်တွေ့ကြုံခံစားရခြင်း မရှိသေးဘူးဆိုရင်၊ ဒါဟာ စစ်မှန်တယ်လို့ ကျွန်တော် ဘယ်တော့မှ ယုံကြည်ခဲ့မှာ မဟုတ်ပါဘူး” ဟု ပြောလျက်၊ ဘုရားသခင်ကို ကျေးဇူးတင်သည့် ဆုတောင်းခြင်း တစ်ခုကို ပူဇော်ခဲ့သည်။ ကျွန်တော့်၏ ဆင်းရဲဒုက္ခမှတစ်ဆင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ကျွန်တော် နောက်တစ်ကြိမ် မျက်မြင်တွေ့ခဲ့ပြီး၊ နက်ရှိုင်းစွာ တို့ထိခံရကာ၊ အဆုံးမရှိသော နွေးထွေးမှုဖြင့် ပြည့်နှက်ခဲ့သည်။ ထိုနေရာမှ ကျွန်တော် ထွက်ခွာသွား လိုသော်လည်း၊ ကျွန်တော့်မှာ နာကျင်လွန်းလှသည်မှာ မလှုပ်ရှားနိုင်သောကြောင့် ကြမ်းပြင်ပေါ်တွင်ပင် ကျွန်တော် အိပ်ပျော်သွားပြီး၊ နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် ကန်နှိုးခံရသည်အထိ အိပ်သွားမိ ခဲ့သည်။ ကျွန်တော် ကြမ်းပြင်ပေါ်တွင် အိပ်ပျော်နေသည်ကို ကောက်ကျစ် သည့်ရဲများက မြင်သည့်အခါ၊ ကျွန်တော့်ကို အောက်ချပေးသည့်သူကို သိအောင် စုံစမ်းဖို့ ကြိုးစားရင်း သူတို့အကြားတွင် စတင်ငြင်းခုံခဲ့ကြသည်။ ကျွန်တော့်ကို တစ်ညတာ စောင့်ကြပ်ဖို့တာဝန်ကျသည့် ရဲလေးယောက်လုံးက ကျွန်တော့် လက်ထိပ်များအတွက် သော့များ သူတို့မှာမရှိဟု ဆိုကြသည်။ သူတို့အားလုံးက လက်ထိပ်များ အနီးတဝိုက် မတ်တပ်ရပ်ပြီး ငေးကြောင်ကြောင် ကြည့်နေခဲ့ကြသည်- သူတို့အားလုံးက တစ်ယောက်ပြီး တစ်ယောက် လက်ထိပ်များကို ကြည့်ကြသော်လည်း၊ ၎င်းတို့ထဲတွင် အက်ကြောင်း အစအနတစ်ခုတစ်လေမျှ ရှာမတွေ့ခဲ့ပါ။ လက်ထိပ်မည်သို့ ပွင့်သွားသည်ကို ကျွန်တော့်ကို သူတို့မေးမြန်းခဲ့ပြီး၊ ကျွန်တော်က “သူတို့ဘာသာ သူတို့ပွင့်သွားတာလေ” ဟု ပြောခဲ့သည်။ သူတို့က ကျွန်တော့် ကို မယုံကြည်ကြသော်လည်း၊ ဤသည်မှာ ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးဖြစ်ပြီး၊ သူ၏ အံ့သြဖွယ် လုပ်ဆောင်ချက်များထဲမှ တစ်ခုဖြစ်သည်ကို ကျွန်တော့် စိတ်နှလုံးထဲတွင် သိရှိခဲ့ပါသည်။

နောက်ပိုင်းတွင် ကျွန်တော် အလွန်အားနည်းကာ အချိန်မရွေးသေသွား နိုင်သည်ကို မြင်လျက်၊ ကောက်ကျစ်သောရဲများက ကျွန်တော့်ကို နောက်ထပ် ချိတ်မဆွဲရဲတော့သောကြောင့်၊ မတူကွဲပြားသော ညှဉ်းပန်းမှု ပုံစံတစ်ခုကို သူတို့ ပြောင်းလဲခဲ့သည်။ သူတို့က ကျွန်တော့်ကို အခန်းတစ်ခုထဲသို့ တရွတ်တိုက်ဆွဲခေါ်သွားပြီး၊ ညှဉ်းပန်းသည့် ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်ခိုင်းခဲ့ သည်။ ကျွန်တော် တစ်စက်မျှ မလှုပ်နိုင်ရန် ကျွန်တော့်ခေါင်းနှင့် လည်ပင်း တို့ကို သတ္တုပြုတ်တူတစ်ခုဖြင့် ချုပ်ထားပြီး၊ ကျွန်တော့်လက်များနှင့် ခြေထောက်များအားလုံးကို ချည်နှောင်ထားသည်။ ကျွန်တော့် စိတ်နှလုံး ထဲတွင် “အိုဘုရားသခင်၊ ကိုယ်တော့် ထိန်းချုပ်မှုထဲမှာ အားလုံး ရှိပါတယ်။ သေရေးရှင်ရေး စမ်းသပ်မှုတစ်ချို့ကို အောင်အောင်မြင်မြင် ဖြတ်ကျော်ခဲ့ ပြီးပါပြီ၊ ပြီးတော့ အခု ကိုယ်တော့်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်စွာ ထပ်အပ်နှံပါတယ်။ သက်သေရပ်တည်ဖို့နဲ့ စာတန်ကို အရှက်ခွဲဖို့အတွက် ကိုယ်တော်နဲ့ ပူးပေါင်းဖို့ ကျွန်တော် ဆန္ဒရှိပါတယ်” ဟု ပြောလျက် ဘုရားသခင်ထံ ကျွန်တော် ဆုတောင်းခဲ့သည်။ ကျွန်တော့် ဆုတောင်းချက် အဆုံးသတ်ပြီးနောက်၊ ကျွန်တော် တည်ငြိမ်ကာ၊ စိတ်ထိန်းပြီး၊ ကြောက်စိတ် ၏ အရိပ်အငွေ့ တစ်စက်မျှ မရှိဟု ခံစားခဲ့ရသည်။ ထိုအခိုက်အတန့်တွင် အရာရှိများထဲမှ တစ်ယောက်က ပါဝါခလုတ်ကို ဖွင့်လိုက်ပြီး၊ ငယ်သား အားလုံးက ကျွန်တော် မည်သို့ ဓာတ်လိုက်ခံရမည်ကို ကြည့်ဖို့ အသက်ပင် ရဲရဲမရှူနိုင်ဘဲ လက်ပိုက်ကြည့်ခဲ့ကြသည်။ ကျွန်တော်က တုံ့ပြန်မှုတစ်စက်မျှ မပြသည်အခါ၊ သူတို့က ဆက်သွယ်မှုကို စစ်ဆေးဖို့ ထွက်သွားကြသည်။ ကျွန်တော် မတုံ့ပြန်သေးသည့်အခါ၊ သူတို့၏မျက်လုံးများကို သူတို့မယုံနိုင် ဘဲ၊ အချင်းချင်း မယုံနိုင်ခြင်းဖြင့် ကြည့်ရုံသာ ကြည့်နိုင်ကြလေသည်။ နောက်ဆုံးတွင် ငယ်သားတစ်ယောက်က “နှိပ်စက်တဲ့ထိုင်ခုံမှာ ဆက်သွယ်မှု ချွတ်ယွင်းချက်တစ်ခု ရှိနေတာဖြစ်မယ်” ဟု ပြောခဲ့သည်။ ဤအရာကို ပြောလျက်၊ သူက ကျွန်တော့်ဆီ လျှောက်လာပြီး၊ သူ့လက်က ကျွန်တော့်ကို ထိလိုက်သည်နှင့်တပြိုင်နက်၊ ထအော်လေသည်- လျှပ်စစ်ဓာတ်လိုက်ခြင်းက သူ့ကို တစ်မီတာအပြည့်လောက် လွင့်ထွက်သွားစေပြီး၊ သူနာကျင်စွာဖြင့် ငိုယိုလျက်၊ မြေပြင်ပေါ်သို့ လဲကျသွားသည်။ တခြားလက်ပါးစေ တစ်ခါဇင်ခန့် က ဖြစ်သည့်အရာကို မြင်သည့်အခါ၊ သူတို့အားလုံး သေလုနီးပါး ကြောက်လန့်ပြီး၊ အခန်းထဲမှ ကမန်းကတန်း ထွက်ပြေးသွားကြသည်။ သူတို့ထဲက တစ်ယောက်က အလွန်တရာ ကြောက်လန့်သည့် အခြေအနေတွင် ရှိသည်မှာ ချော်လဲပြီး၊ မြေကြီးပေါ်သို့ အရှိန်ပြင်းပြင်းနှင့် လဲကျလေသည်။ အချိန်အတော်ကြာသွားပြီးနောက် ငယ်သားနှစ်ယောက်က သူတို့ကိုယ်သူတို့ ဓာတ်လိုက်ခံရမည်ကို ထိတ်လန့်ခြင်းဖြင့် တုန်လှုပ်လျက် ကျွန်တော့်ကို လာရောက်ကြိုးဖြေ ပေးခဲ့သည်။ ကျွန်တော် ညှဉ်းပန်းသည့်ထိုင်ခုံတွင် ချည်နှောင်ခံထားသည့် အချိန်နာရီဝက်အပြည့်၊ လျှပ်စစ်စီးကြောင်းကို တစ်ကြိမ်မျှ ကျွန်တော် လုံးဝ မခံစားခဲ့ရပါ။ ယင်းက ကျွန်တော် ပုံမှန် ထိုင်ခုံတစ်ခုတွင် ထိုင်နေခဲ့သည့်အလား ဖြစ်ပါသည်။ ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးကို ကျွန်တော် နောက်တစ်ကြိမ် မျက်မြင်တွေ့ခဲ့ပြီး၊ သူ၏ ချစ်ဖွယ်ကောင်းခြင်းနှင့် ကြင်နာခြင်းတို့၏ နက်နဲသော အသိတစ်ခု ကိုလည်း ကျွန်တော် ရရှိခဲ့ပါသည်။ ကျွန်တော့် အသက်အပါအဝင်၊ ကျွန်တော့်မှာ ရှိသမျှ အရာအားလုံး ဆုံးရှုံးခဲ့လျှင်ပင်၊ ဘုရားသခင်က ကျွန်တော်နှင့်အတူ ရှိသရွေ့၊ လိုအပ်သမျှ အရာအားလုံး ကျွန်တော့်မှာ ရှပါသည်။

ထို့နောက်တွင် ကောက်ကျစ်သော ရဲများက ကျွန်တော့်ကို ထိန်းသိမ်းရေး စခန်းသို့ ပြန်လည်ခေါ်ဆောင်ခဲ့သည်။ ကျွန်တော်က ခေါင်းမှခြေဆုံး ပြတ်ရှရာများ၊ ပွန်းပဲ့ရာများ၊ ဒဏ်ရာဒဏ်ချက်များဖြင့် ဖုံးနေကာ၊ ကျွန်တော့် လက်များနှင့် ခြေထောက်များက ဆိုးရွားစွာ ရောင်ကိုင်းနေခဲ့သည်။ ကျွန်တော်က လုံးလုံး အားယုတ်လျော့ပြီး၊ မတ်တပ်ပင် မရပ်နိုင်၊ ထိုင်ပင် မထိုင်နိုင်သကဲ့သို့၊ စားပင် မစားနိုင်ခဲ့ပါ။ ကျွန်တော်သည် လုံးလုံး ပြိုလဲကျလုနီးပါးဖြစ်ခဲ့သည်။ အကျဉ်းခန်းထဲမှ အခြားသော သေမိန့်ကျ အကျဉ်းသားက ကျွန်တော် မည်သူ့ကိုမျှ သစ္စာမဖောက်ခဲ့သည်ကို သိရသည့် အချိန်တွင်၊ သူတို့အားလုံးက ကျွန်တော့်ကို ပို၍ အကောင်းမြင် နားလည် လာကြပြီး၊ “မင်းက တကယ့်သူရဲကောင်းပဲ၊ ငါတို့က သူရဲကောင်း အတု အယောင်တွေ” ဟု သဘောကျစွာ ပြောခဲ့ကြသည်။ သူတို့က ကျွန်တော့်ကို အစားအစာနှင့် ဝတ်ဖို့ အဝတ်များကို အချင်းချင်း အပြိုင်အဆိုင်ပင် ပေးခဲ့ကြသည်။…ကောက်ကျစ်သောရဲများက ဘုရားသခင်သည် ကျွန်တော့် အတွင်း၌ မည်သို့ အလုပ်လုပ်သည်ကို မြင်သည့်အချိန်တွင်၊ သူတို့ ကျွန်တော့် ကို နောက်ထပ် မညှဉ်းပန်းဝံ့တော့ဘဲ၊ ကျွန်တော့် လက်ထိပ်များနှင့် ခြေချင်း များကို ချွတ်ပေးခဲ့ကြသည်။ ထိုအချိန်မှစပြီး၊ ကျွန်တော့်ကို မည်သူမျှ ထပ်ပြီး မစစ်မေးရဲကြတော့ပါ။ သို့သော်ငြားလည်း၊ ရဲများက လက်မလျှော့သေး သောကြောင့် ကျွန်တော့်ထံမှ အသင်းတော်အကြောင်း သတင်းအချက် အလက်ကို နှိုက်ယူရန်၊ ကျွန်တော့်ကို လက်လျှော့လာအောင် လုပ်ဖို့ အခြား အကျဉ်းသားများကို သူတို့က လှုံ့ဆော်ခဲ့သည်။ သူတို့က “အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တဲ့သူတွေက အရိုက်ခံရသင့်တယ်” ဟု ပြောခြင်း အားဖြင့် အခြားအကျဉ်းသားများကို သွေးထိုးဖို့ ကြိုးစားခဲ့သည်။ သို့သော်လည်း သူတို့အံ့အားသင့်ရသည်မှာ လူသတ်သမားတစ်ယောက် ဖြစ်သည့် အကျဉ်းသားများထဲမှ တစ်ယောက်က “မင်းတို့ပြောတာ ငါဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ ငါသူ့ကို မရိုက်ရုံတင်မကဘူး၊ ဒီအကျဉ်းခန်းထဲက ဘယ်သူကမှလည်း သူ့ကို ရိုက်မှာမဟုတ်ဘူး။ ငါတို့အားလုံး ဒီမှာရောက်နေတာက တခြားတစ်ယောက်ယောက်က ငါတို့ကို သစ္စာဖောက် ခဲ့လို့ပဲ။ တစ်ယောက်ယောက်က ဒီလူလောက်သာ သစ္စာရှိမယ် ဆိုရင်၊ ငါတို့ထဲက တစ်ယောက်မှ သေဒဏ်ပေးခံခဲ့ရမှာ မဟုတ်ဘူး” ဟု ပြောခဲ့သည်။ နောက်ထပ် ကြိုးတိုက် အကျဉ်းသားတစ်ယောက်က “ငါတို့ အားလုံး အဖမ်းခံရတာ ငါတို့က တကယ့် မကောင်းတဲ့ဟာတွေကို လုပ်ခဲ့လို့၊ ဒါ့ကြောင့် ငါတို့က ဒုက္ခခံထိုက်တယ်။ ဒါပေမဲ့ ဒီလူက ဘုရားသခင်ကို ယုံကြည်သူ တစ်ယောက် ဖြစ်ပြီးတော့၊ ဘာပြစ်မှုမှလည်း မကျူးလွန်ခဲ့ဘူး၊ ဒါပေမဲ့လည်း မင်းတို့က သူ့ကို မမှတ်မိနိုင်လောက်အောင် နှိပ်စက်ခဲ့ကြတယ်” ဟု ပြောခဲ့သည်။ တစ်ယောက်ပြီးတစ်ယောက်က ကျွန်တော် ဒုက္ခခံခဲ့ရသည့် မတရားမှုကို ဆန့်ကျင်ပြီး ကျွန်တော့်ဘက်မှ ပြောခဲ့ကြသည်။ ဖြစ်နေသည့် အရာကို မြင်လျက်၊ ရဲများက အထိန်းအကွပ်မဲ့သည့် အခြေအနေ ဖြစ်လာ မည်ကို မလိုချင်သောကြောင့် တခြားမည်သည့်အရာကိုမျှ သူတို့ မပြောကြဘဲ၊ စိတ်ဓာတ်ကျစွာ ပစ်ထိုင်လိုက်ကြသည်။ ထိုအခိုက် အတန့်တွင် ကျွန်တော်က ဖတ်ခဲ့ရသည့် ကျမ်းစာထဲမှ- “ရှင်ဘုရင်၏ နှလုံးသားသည် မြစ်ရေကဲ့သို့ ယေဟောဝါ၏ လက်တော်တွင် ရှိ၏။ ယင်းကို သူ အလိုရှိသည့်နေရာတိုင်းသို့ လှည့်တော်မူသည်။” (သုတ္တံကျမ်း ၂၁:၁) ဟူသောကျမ်းပိုဒ်တစ်ခုကို တွေးမိခဲ့သည်။ ဘုရားသခင် က ကျွန်တော့်ကို ထောက်ပံ့ဖို့ တခြားအကျဉ်းသားများကို မည်သို့တို့ထိခဲ့ သည်ကို မျက်မြင်တွေ့လျက်၊ ဤအရာအားလုံးတို့သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များဖြစ်သည်ဟု ကျွန်တော့်မှာ နက်ရှိုင်းသည့် ခံယူချက် ရှိလာပြီး၊ သူ့ကို ကျွန်တော့် ယုံကြည်မှုက တိုး၍ပင် ခိုင်မာလာခဲ့သည်။

နည်းဗျူဟာတစ်ခု အလုပ်မဖြစ်သည့် အချိန်တွင်၊ ထိုဆိုးယုတ်သောရဲများက နောက်ထပ် အကြံအစည်တစ်ခုကို လျှို့ဝှက်ကြံစည်ကြသေးသည်။ ဤတစ်ကြိမ်တွင် သူတို့က ထိန်းသိမ်းရေးစခန်း ထောင်ပိုင်အား ကျွန်တော့်ကို ခါးကျိုးလောက်စရာ အလုပ်ကြမ်းများကို စေခိုင်းဖို့ တာဝန်ပေးခဲ့သည်။ ကျွန်တော့်ကို စက္ကူငွေစာရွက် နှစ်လိပ်အပြည့် လုပ်ခိုင်းခဲ့သည်။ (စက္ကူပိုက်ဆံ သည် တရုတ်လူမျိုးတို့၏ ရိုးရာတွင် သူတို့၏ ကွယ်လွန်သွားသည့် ဘိုးဘေးဘီဘင်များကို လူတို့က ပေးရန် မီးရှို့သည့် အရာဖြစ်သည်။ စက္ကူ ပိုက်ဆံ တစ်လိပ်သည် သံဖြူအလွှာ အချပ်ပေါင်း ၁၆၀၀ဖြင့် ပြုလုပ်ထားပြီး၊ မီးလောင်လွယ်သည့် စက္ကူအရွက်ပေါင်း ၁၆၀၀ ကို ပူးကပ်ထားသည်) ကျွန်တော့် အလုပ်ပမာဏက တခြားသော အကျဉ်းသားများ၏ အလုပ် ပမာဏထက် နှစ်ဆရှိပြီး၊ ထိုအချိန်က ကျွန်တော့် လက်များနှင့် ခြေထောက် များသည် မခံမရပ်နိုင်အောင် နာကျင်လှသည်မှာ ကျွန်တော် မည်သည့်အရာ ကိုမျှ မမနိုင်၊ မကိုင်နိုင်လောက်အောင် ဖြစ်ခဲ့လေသည်။ ထို့ကြောင့် ကျွန်တော် တစ်ညလုံး အလုပ်လုပ်လျှင်ပင်၊ ကျွန်တော့် အလုပ်တာဝန်ကို ပြီးဆုံးဖို့ မဖြစ်နိုင်ပါ။ ကျွန်တော့်ကို နည်းလမ်းမျိုးစုံဖြင့် ကိုယ်ထိလက်ရောက် ပြစ်ဒဏ် ပေးဖို့ အကြောင်းပြချက် တစ်ခုအနေဖြင့် ကျွန်တော့် အလုပ်မပြီးနိုင်ခြင်းကို ရဲများက အသုံးပြုခဲ့ကြသည်။ အပူချိန် အနုတ် ၄ဒီဂရီ ဖာရင်ဟိုက် ရှိနေချိန်တွင် ကျွန်တော့်ကို ရေအေးဖြင့် အတင်းအကျပ် ရေချိုးခိုင်းသည်။ ကျွန်တော့်ကို ညဉ့်နက်ထိတိုင် အလုပ်လုပ်ခိုင်းသည်၊ သို့မဟုတ် ကင်းစောင့် ခိုင်းပြီး အကျိုးဆက်အနေဖြင့် တစ်ညလျှင် သုံးနာရီထက် ကျွန်တော် ပိုမအိပ်ရပါ။ ကျွန်တော်က အမြဲမပြတ် မိမိအလုပ်ကို မပြီးနိုင်ပါက၊ သူတို့က ကျွန်တော့် အကျဉ်းခန်းမှ အခြားအကျဉ်းသားများအားလုံးကို စနစ်တကျ စုဝေးစေပြီး၊ ကျွန်တော်တို့ကို အပြင်သို့ ခေါ်ထုတ်ကာ၊ သူတို့လက်ထဲတွင် သေနတ်များကိုင်ပြီး ကျွန်တော်တို့ကို ဝန်းရံကာ၊ ကျွန်တော်တို့ လက်များကို ကျွန်တော်တို့၏ ခေါင်းနောက်တွင် တင်၍ မြေကြီးပေါ်တွင် ဆောင့်ကြောင့် ထိုင်ခိုင်းလေသည်။ ကျွန်တော်တို့ထဲက တစ်ယောက်ယောက်က ထိုအနေ အထားကို မထိန်းနိုင်ပါက၊ သူတို့ကို လျှပ်စစ်ကျင်စက်ဖြင့် ဓာတ်လိုက်စေ သည်။ ထိုကောက်ကျစ်သော ရဲများက ကျွန်တော့်ကို အခြားအကျဉ်းသား များက မုန်းတီးပြီး၊ နှိပ်စက်စေရန် သူတို့ရနိုင်သမျှ နည်းစနစ်တိုင်းကို အသုံးပြုခဲ့သည်။ ဤအခြေအနေဖြင့် ရင်ဆိုင်ပြီး၊ ကျွန်တော် လုပ်နိုင်သမျှမှာ ဆုတောင်းခြင်း၌ ဘုရားသခင် ရှေ့တော်မှောက်သို့ လာရောက်ဖို့သာ ရှိပါတော့သည်။ “ချစ်လှစွာသော ဘုရားသခင်၊ ကျွန်တော်က ကိုယ်တော့်ကို သစ္စာဖောက်အောင် ဒီကောက်ကျစ်တဲ့ရဲတွေက တခြားအကျဉ်းသားတွေ ကျွန်တော့်ကို မုန်းတီးစေပြီး၊ နှိပ်စက်စေဖို့ ရည်မှန်းချက်နဲ့ တခြား အကျဉ်းသားတွေကို ဆွပေးနေပါတယ်။ ဒါက ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခု ဖြစ်ပါတယ်။ အိုဘုရားသခင် တခြားအကျဉ်းသားတွေက ကျွန်တော့်ကို ဘယ်လိုပဲ ဆက်ဆံပါစေ၊ ကိုယ်တော့် စီစဉ်ညွှန်ကြားမှုတွေ နဲ့ စီစဉ်မှုတွေကို ကျွန်တော် ကျိုးနွံနာခံဖို့ ဆန္ဒရှိပြီး၊ ဒီဆင်းရဲဒုက္ခကို သည်းခံဖို့ သန္နိဌာန်ကို ကိုယ်တော် ပေးသနားပါလို့ ကျွန်တော် တောင်းလျှောက်ပါတယ်။ ကျွန်တော် ကိုယ်တော့်အတွက် သက်သေရပ်တည်ဖို့ ဆန္ဒရှိပါတယ်။” ထို့နောက်တွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ကျွန်တော် နောက်တစ်ကြိမ် မျက်မြင်တွေ့ခဲ့ပြန်သည်။ ထိုကြိုးတိုက်အကျဉ်းသားများက ကျွန်တော့်ကို မမုန်းရုံသာမက၊ ကျွန်တော့်ကိုယ်စား သူတို့က သပိတ်တစ်ခု ကိုပင် စီမံကြပြီး၊ ကျွန်တော့် အလုပ်တာဝန်ကို ထက်ဝက် လျှော့ပေးဖို့ အရာရှိများကို တောင်းဆိုခဲ့ကြသည်။ အဆုံးသတ်တွင် ရဲများက အကျဉ်းသား များ၏ တောင်းဆိုချက်ကို လိုက်လျောရုံမှလွဲပြီး ရွေးချယ်စရာ မရှိခဲ့ပါ။

သူတို့က ကျွန်တော့် အလုပ်တာဝန်ကို ထက်ဝက်လျှော့ခဲ့ရသော်လည်း၊ ရဲများတွင် အခြားသော လျှို့ဝှက်အကြံအစည်များ ရှိသေးသည်။ ရက်အနည်းငယ်ကြာပြီးနောက်၊ “အကျဉ်းသား” အသစ်တစ် ဦးက အကျဉ်းခန်းထဲသို့ ရောက်လာခဲ့သည်။ သူက ကျွန်တော့်ကို အလွန်ကြင်နာ သည်၊ ကျွန်တော်လိုသမျှကို သူက ဝယ်ပေးသည်၊ ကျွန်တော့်ကို အစားအစာ ရှာပေးသည်၊ ကျွန်တော် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာမှုရှိမရှိ မေးမြန်းပြီး၊ ကျွန်တော် အဖမ်းခံရသည့် အကြောင်းအရင်းကိုလည်း မေးမြန်းခဲ့သည်။ ပထမတွင် ကျွန်တော်က ၎င်းနှင့်ပတ်သက်ပြီး မည်သည့်အရာမျှ မတွေးခဲ့ဘဲ၊ ကျွန်တော်က ဘုရားသခင်ကို ယုံကြည်သူဖြစ်ကြောင်း နှင့် ဘာသာရေး စာရွက်စာတမ်းများ ပုံနှိပ်ခြင်းအတွက် အဖမ်းခံရကြောင်းတို့ကို သူ့ကို ပြောပြခဲ့သည်။ သူက ကျွန်တော်၏ စာအုပ်ပုံနှိပ်ခြင်းလုပ်ငန်းနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကို ဆက်မေးမြန်းခဲ့ပြီး၊ သူက မေးခွန်းများ ဖိမေးနေပုံကို ကျွန်တော် တွေ့သည့်အချိန်တွင်၊ ကျွန်တော် စတင် ဘဝင်မကျဖြစ်လာကာ၊ “ချစ်လှစွာသော ဘုရားသခင်၊ ကျွန်တော်တို့ကို ဝန်းရံထားတဲ့ လူတွေ၊ အမှုအရာတွေနဲ့ အခြေအနေတွေအားလုံးက ကိုယ်တော် ခွင့်ပြုထားတာ ဖြစ်ပါတယ်။ ဒီလူက ရဲတွေ လွှတ်လိုက်တဲ့ သတင်းပေးတစ်ယောက် ဖြစ်နေရင်၊ သူဘယ်သူဘယ်ဝါ အစစ်အမှန်ဖြစ်တယ် ဆိုတာ ကိုယ်တော် ထုတ်ဖော် ပေးဖို့ တောင်းလျှောက်ပါတယ်” ဟု ပြောလျက် ဘုရားသခင်ကို ဆုတောင်း ခဲ့သည်။ ကျွန်တော့်၏ ဆုတောင်းခြင်း ပြီးသည့်နောက်တွင်၊ ဘုရားသခင် ရှေ့တော်မှောက်၌ ဆိတ်ငြိမ်စွာ ကျွန်တော် ဆက်နေပြီး၊ သူ့နှုတ်ကပတ်တော်များ၏ ကျမ်းပိုဒ်တစ်ခုက ကျွန်တော့် စိတ်ထဲ ရောက်လာခဲ့သည်။ “ငါ၏ ရှေ့တော်မှောက်တွင် တိတ်ဆိတ်ငြိမ်သက်နေပြီး ငါ၏နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နေထိုင်လော့၊ သင်သည် ဧကန်အမှန်ပင် ဝိညာဉ်ပကတိနှင့်စပ်ဆိုင်သော သတိရှိလျက် ထိုးထွင်းသိမြင်မှုကို ကျင့်သုံးလိမ့်မည်။ စာတန် ရောက်လာချိန်တွင် သင်သည် ယင်းမှ ချက်ချင်းကာကွယ်နိုင်ကာ စာတန် ရောက်လာခြင်းကိုလည်း သတိပြုမိနိုင်လိမ့်မည်၊ သင်၏ဝိညာဉ်ထဲ၌ အမှန်တကယ် နေမထိထိုင်မသာဖြစ်ခြင်းကို သင်ခံစားရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၉)) “အကျဉ်းသားအသစ်” ဟု ဆိုသည့် သူက ကျွန်တော့်ကို မေးသည့်မေးခွန်းများ ကို ကျွန်တော် အဖန်တလဲလဲ စဉ်းစားချင့်ချိန်ခဲ့ပြီး၊ ၎င်းတို့အားလုံးသည် ရဲများက ကျွန်တော့်ထံမှ သိလိုသည့် မေးခွန်းများ အတိအကျဖြစ်ကြောင်း ကျွန်တော် သဘောပေါက်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် အိပ်မက်တစ်ခုမှ ကျွန်တော် နိုးထလာသကဲ့သို့ပင် ဖြစ်လေသည်။ ဤအရာများအားလုံးတို့မှာ ကောက်ကျစ်သောရဲများ၏ အကြံအစည်များထဲမှ တစ်ခုဖြစ်ပြီး၊ ဤလူမှာ သတင်းပေးတစ်ယောက် ဖြစ်လေသည်။ ထို“အကျဉ်းသား” က ကျွန်တော် ရုတ်ချည်း တိတ်ဆိတ်သွားသည်ကို မြင်ပြီး၊ ကျွန်တော် အဆင်ပြေသည် မပြေသည်ကို မေးမြန်းခဲ့သည်။ ကျွန်တော်က အဆင်ပြေသည်ဟု ပြောပြီး နောက်၊ မျက်နှာထားတင်းတင်းနှင့် မှန်မှန်ကန်ကန် “မင်းရဲ့ အခက်အခဲကို သက်သာစေပြီး မင်းက မင်းအချိန်တွေကို ဖြုန်းနေတယ်ဆိုတာကို ပြောပြပါ ရစေ။ ငါက အားလုံးသိရင်တောင်၊ မင်းကို ငါပြောမှာ မဟုတ်ဘူး” ဟု သူ့ကို ပြောခဲ့သည်။ အခြားသော အကျဉ်းသားများအားလုံးက “မင်းတို့ ယုံကြည်သူတွေဆီကနေ ငါတို့အားလုံး သင်ယူလို့ရတယ်။ မင်းမှာ တကယ့် အားမာန်ရှိတာပဲ” ဟု ပြောလျက် ကျွန်တော့် အပြုအမူကို ချီးကျူးခဲ့ကြသည်။ ထိုသတင်းပေးမှာ ပြန်ပြောဖို့ မည်သည့်အရာကိုမျှ မစဉ်းစားတတ်ဘဲ၊ နှစ်ရက်အကြာတွင် သူလစ်ထွက် သွားခဲ့သည်။

ထိုထိန်းသိမ်းရေးစခန်းတွင် ကျွန်တော် တစ်နှစ်နှင့် ရှစ်လကြာ ရှင်သန်ခဲ့ ရသည်။ ထိုရဲလူရမ်းကားများက ကျွန်တော့်ကို စိတ်ဆင်းရဲအောင် ဖြစ်နိုင်သမျှ နည်းမျိုးစုံ အကြံထုတ်ခဲ့ကြသော်လည်း၊ ဘုရားသခင်က ကျွန်တော့်ကို စောင့်ရှောက်ဖို့ ကြိုးတိုက်အကျဉ်းသားများကို တို့ထိခဲ့သည်။ အကျဉ်းသား ခေါင်းဆောင်က နောက်ပိုင်းတွင် ပြောင်းရွှေ့ခံရပြီး၊ အကျဉ်းသားများက ကျွန်တော့်ကို အကျဉ်းသားခေါင်းဆောင်အသစ်အဖြစ် ရွေးချယ်ခဲ့ကြသည်။ အကျဉ်းသား တစ်ယောက်ယောက် ပြဿနာတက်သည့်အချိန်တိုင်း၊ သူတို့ကို ကူညီဖို့ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ ကျွန်တော်က “ငါက ဘုရားသခင်ရဲ့ သစ္စာစောင့်သိတဲ့ လူတွေထဲက တစ်ယောက်လေ။ ့ လူ့သဘာဝနဲ့ အသက်ရှင်သန်ဖို့ ဘုရားသခင်က ငါတို့ကို တောင်းဆို ထားတယ်။ ငါတို့က အကျဉ်းချခံထားရပေမဲ့လည်း၊ ငါတို့ အသက်ရှင်နေသမျှ ကာလပတ်လုံး၊ လူသားဆန်မှုတစ်ခုနဲ့ အသက်ရှင်သန်ရမယ်”ဟု သူတို့ကို ပြောခဲ့သည်။ ဤထွက်ဆိုချက်ကို ကျွန်တော် ထွက်ဆိုပြီးနောက်၊ ထိုကြိုးတိုက် အကျဉ်းသားများက အကျဉ်းသားအသစ်များကို အနိုင်ကျင့်ခြင်းကို ရပ်လိုက် ကြသည်။ “အကျဉ်းခန်းနံပါတ် ၇” အမည်သည် အကျဉ်းသားများ၏ စိတ်နှလုံးထဲတွင် တစ်ချိန်က ကြောက်စိတ်ဝင်စေခဲ့သော်လည်း၊ ကျွန်တော့် ရာထူးသက်တမ်းအောက်တွင်၊ ၎င်းက ယဉ်ကျေးသော အကျဉ်းခန်းတစ်ခု ဖြစ်လာခဲ့သည်။ အကျဉ်းသားများအားလုံးက “အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က လူတွေဟာ လူကောင်းတစ်သိုက် ဖြစ်တယ်။ ငါတို့ ဒီကများ ထွက်ခဲ့ရရင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုငါတို့တကယ် ယုံကြည်ကြ မယ်” ဟု ပြောခဲ့ကြသည်။ ထိန်းသိမ်းရေးစခန်းထဲက ကျွန်တော့် အတွေ့ အကြုံက ယောသပ်၏ ဇတ်လမ်းကို ကျွန်တော့်အား ပြန်လည်သတိရ စေသည်။ အဲဂုတ္တုပြည်တွင် သူအကျဉ်းချခံရစဉ် ကာလအတွင်းတွင်၊ ဘုရားသခင်က သူနှင့်အတူ ရှိခဲ့ပြီး၊ ဘုရားသခင်က သူ့ကို ကျေးဇူးတော် အပ်နှင်းကာ၊ ယောသပ်အတွက် အရာအားလုံး အလွန်ချော့မွေ့သွားခဲ့သည်။ ဤအတောအတွင်းတွင် ကျွန်တော်လုပ်ခဲ့သမျှမှာ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ပြုမူပြီး၊ သူ့စီစဉ်ညွှန်ကြားခြင်းများနှင့် စီစဉ်မှုများကို ကျိုးနွံနာခံရုံသာ ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်နှင့်အတူ ဘုရားသခင်ရှိပြီး၊ အချိန်တိုင်း ဘေးဒုက္ခများကို ရှောင်ရှားနိုင်စေခဲ့သည်။ ဘုရားသခင် ကျွန်တော့်အပေါ် အပ်နှင်းခဲ့သည့် ကျေးဇူးတော်အတွက် သူ့ကို လှိုက်လှိုက်လှဲလှဲ ကျွန်တော် ကျေးဇူးတင်မိပါသည်။

နောက်ပိုင်းတွင် အထောက်အထား တစ်စက်မျှ မရှိဘဲ၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက စွဲချက်အတုကို လုပ်ဇတ်ခင်းပြီး၊ ကျွန်တော့်ကို တရားသေသုံးနှစ် ထောင်ဒဏ် စီရင်ချက်ချခဲ့ကာ၊ ၂၀၀၉ ခုနှစ်တွင်မှသာ နောက်ဆုံး ကျွန်တော့်ကို လွှတ်ပေးခဲ့သည်။ ကျွန်တော် ထောင်မှလွတ်လာပြီးနောက်၊ နယ်ခံရဲများက ကျွန်တော့်ကို အသေအချာ မပြတ်စောင့်ကြည့်ပြီး၊ သူတို့၏ ထားရာနေ စေရာသွားအဖြစ် သတ်မှတ်ခဲ့ပါသည်။ ကျွန်တော့် လှုပ်ရှားမှု တိုင်းက တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ထိန်းချုပ်မှုကို ခံလာခဲ့ရပြီး၊ ကျွန်တော့်မှာ မည်သည့် ကိုယ်ရေးကိုယ်တာ လွတ်လပ်မှုမျှ မရှိခဲ့ပါ။ ဇာတိမြို့မှ ကျွန်တော် ထွက်ပြေးခဲ့ရပြီး၊ ကျွန်တော့် တာဝန်များကို တခြားနေရာတွင် ထမ်းဆောင်ခဲ့ရသည်။ ထို့အပြင် ကျွန်တော်သည် ဘုရားသခင်၏ သစ္စာစောင့်သိသူတစ်ဦး ဖြစ်သောကြောင့်၊ တရုတ်ကွန်မြူနစ် ပါတီ အစိုးရက ကျွန်တော့် မိသားစု၏ သန်းခေါင်စာရင်းကို လုပ်ပေးဖို့ ငြင်းဆန်ခဲ့သည် (ယနေ့တိုင် ကျွန်တော့် သားနှစ်ယောက်၏ သန်းခေါင်စာရင်း မှတ်တမ်းက ပြုလုပ်ဆဲတွင် ရှိလေသည်) တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ အုပ်စိုးမှုအောက်ရှိ ဘဝသည် လောကငရဲတစ်ခုဖြစ်သည်ကို ဤအရာက ကျွန်တော့်အား ပို၍ပင် သိသာထင်ရှားလာစေခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ကျွန်တော့်ကို ဒုက္ခပေးခဲ့သည့် ရက်စက်သော ညှဉ်းပန်းမှုကို ကျွန်တော် မည်သည့်အခါမျှ မေ့မည်မဟုတ်ပါ။ ၎င်းကို ကျွန်တော့် ဖြစ်တည်မှု အားလုံးဖြင့် စက်ဆုပ်ရွံရှာပြီး၊ ၎င်း၏ ကျေးကျွန်ဘဝတွင် အထိန်းသိမ်းခံ ရခြင်းထက် သေသာသေလိုက်ချင်ပါသည်။ ၎င်းကို ကျွန်တော် လုံးဝ စွန့်လွှတ်ပါသည်။

ဤအတွေ့အကြုံက ကျွန်တော့်ကို ဘုရားသခင်နှင့်ပတ်သက်ပြီး များစွာ ကြီးမားသော နားလည်မှုတစ်ခုကို ပေးခဲ့သည်။ ကျွန်တော်က ဘုရားသခင် ၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာ၊ ပြီးလျှင် သူ၏ ကောင်းမြတ်ခြင်းနှင့် ပတ်သက်သည့် အနှစ်သာရတို့ကို မျက်မြင်တွေ့ခဲ့ရသည်။ ဘီလူးသရဲစီးသည့် တရုတ်ကွန်မြူနစ်ပါတီ အစိုးသည် ဘုရားသခင် ရွေးချယ်ထားသည့် လူများကို မည်မျှ ညှဉ်းပန်းနှိပ်စက်ပါစေ၊ ၎င်းက ဘုရားသခင်၏ အမှုတော်အတွက် အသုံးတော်ခံ နှင့် အဖြည့်ခံတစ်ခုထက် မပိုဘဲရှိနေသည် ကိုလည်း ကျွန်တော် မြင်ခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ဘုရားသခင်၏ နှိမ်နင်းခြင်းခံရသည့် ရန်သူဖြစ်သလို၊ အမြဲတမ်း ဖြစ်နေ လိမ့်မည်။ အကြိမ်ပေါင်းများစွာပင်၊ စာတန်၏ လက်သည်းများ၏ လက်ခုပ်တွင်းမှ ရုန်းထွက် လွတ်မြောက်စေပြီး၊ သေမင်းတံခါးဝတွင် အသက်ပြန်လည်ရရှိစေလျက် ဘုရားသခင်၏ အံ့သြဖွယ် ကွယ်ကာခြင်းက ကြံရာမရဖြစ်သည့် အချိန်များတွင် ကျွန်တော့်ကို ကယ်တင်ခဲ့သည်၊ အကြိမ်ပေါင်းများစွာပင်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်တော့် ဇာတိပကတိကို ကျော်လွန်ပြီး သေခြင်းတရား၏ လက်ခုပ်တွင်းမှ မိမိကိုယ်ကိုယ် ဆွဲလုယူစေလျက်၊ ကျွန်တော့်ကို နှစ်သိမ့်ပြီး၊ ပြန်လည် ရှင်သန်စေခဲ့ကာ၊ ကျွန်တော့် အထောက်အပံ့ ဖြစ်လာပြီး၊ ကျွန်တော့်၏ အားအနည်းဆုံးနှင့် ခိုကိုးရာအမဲ့ဆုံး အချိန်များတွင် အားပေးခဲ့သည်။ ပြီးလျှင် အကြိမ်ပေါင်းများစွာပင် နောက်ဆုံးထွက်သက်ကို ကျွန်တော် ရောက်နေချိန်တွင်၊ ဘုရားသခင်၏ အသက်ပါခြင်းက ကျွန်တော့်ကို ထောက်မပေးပြီး၊ ဆက်ပြီး အသက်ရှင်ဖို့ ခွန်အားပေးခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောထားသကဲ့သို့ပင် ဖြစ်ပါသည်။ “ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏၊ သူ၏တန်ခိုးသည် ထူးကဲသာလွန်ကာ၊ သူ၏ အသက်အင်အားကို မည်သည့် အဖန်ဆင်းခံ သတ္တဝါ၊ သို့မဟုတ် မည်သည့် ရန်သူအင်အားကမျှ မလွှမ်းမိုးနိုင်ပေ။ အချိန်၊ သို့မဟုတ် နေရာကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ အသက်အင်အားသည် တည်ရှိ၍ ၎င်း၏တောက်ပသောရောင်ခြည်ကို ထွန်းလင်း၏။ ကောင်းကင်နှင့် မြေကြီးသည် ကြီးမားသော ပြောင်းလဲမှုများကို ကြုံကောင်းကြုံရနိုင်သော်လည်း၊ ဘုရားသခင်၏ အသက်မှာမူ ထာဝရ မပြောင်းလဲပေ။ ဘုရားသခင်သည် အရာခပ်သိမ်း၏ တည်ရှိခြင်း အရင်းအမြစ်ဖြစ်ပြီး၊ ၎င်းတို့တည်ရှိခြင်း၏ ရေသောက်မြစ် ဖြစ်သည့်အတွက်၊ အရာခပ်သိမ်း မတည်သော်လည်း၊ ဘုရားသခင်၏ အသက်သည် ဆက်လက်တည်ရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်) ခပ်သိမ်းသော အမှုအရာများ၌ အနန္တတန်ခိုးရှင် စစ်မှန်သော ဘုရားသခင် ဘုန်းတော်ထင်ရှားပါစေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူငယ်ဘဝ၏ အရွယ်ကောင်းချိန်ကို အကျဉ်းထောင်၌ ကုန်ဆုံးခြင်း

ချန်ရှီ တရုတ်နိုင်ငံကျွန်မတို့ လူငယ်ဘဝ၏ အရွယ်ကောင်းချိန်သည် ဘဝ၏ အကောင်းဆုံးနှင့် အရိုးရှင်းဆုံးအချိန်ဖြစ်သည်ဟု လူတိုင်းက ဆိုကြသည်။...

ရက်စက်ကြမ်းကြုတ်သော နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရချိန်

ချန်းဟူးရီ တရုတ်နိုင်ငံကျွန်မသည် တရုတ်ပြည်၌ သာမန်မိသားစုတစ်စုမှ ကြီးပြင်းလာခဲ့သည်။ ကျွန်မ၏ ဖခင်က စစ်တပ်ထဲမှဖြစ်ပြီး၊ ကျွန်မ ငယ်ရွယ်စဉ်က သူ၏...

အမေ ထောင်ကျစဉ်က

ကျိုးကျယ် တရုတ်နိုင်ငံ ကျွန်မအမေနဲ့ ကျွန်မတို့ အိမ်ကနေ ထွက်ပြေးတုန်းက ကျွန်မက ၁၅နှစ်ရှိပြီ။ ၂၀ဝ၂ခုနှစ် တစ်ညမှာ ကျွန်မတို့ နောက်ကျပြီး...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။