အကျဉ်းထောင်၏ ဆင်းရဲဒုက္ခ

04.04.2021

ရှောင်ဖန် တရုတ်နိုင်ငံ

၂၀၀၄ ခုနှစ် မေလ၏ နေ့တစ်နေ့မှာ ကျွန်မက ညီအစ်ကို မောင်နှမအချို့နှင့် ဝတ်ပြုအစည်းအဝေးလုပ်နေစဉ်၊ အယောက် ၂၀ ကျော်ရှိသည့် ရဲများက အတင်းဝင်လာကြသည်။ သူတို့က မြူနီစပယ် နိုင်ငံတော် လုံခြုံရေးတပ်ဖွဲ့ကဖြစ်ပြီး ကျွန်မ၏ လက်ကိုင်ဖုန်းကို လွန်ခဲ့သည့် လေးလမှာ စောင့်ကြည့်ခဲ့သည်ဟု ပြောကြသည်။ သူတို့က စီရင်စုအလိုက် နှိမ်နင်းရေးမှာ ပါသည်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သူများစွာ ဖမ်းခဲ့ပြီးဖြစ်သည်ဟု ပြောသည်။ သူတို့က ကျွန်မကို စစ်ဆေးမေးမြန်းဖို့အတွက် မြို့ထဲမှာရှိသည့် ကွန်မြူနစ်ပါတီ၏ ကျောင်းတစ်ကျောင်းကို ခေါ်သွားသည်။ ကျွန်မ အထဲရောက်သွားသည်နှင့် တစ်ပြိုင်နက် ကျွန်မ ဖိနပ်များကို ချွတ်ပြီး ဆောင့်ကြောင့်ထိုင်ဖို့ အမိန့်ပေးသည်။ အချိန်အနည်းငယ်ကြာတော့ ကျွန်မခြေထောက်များက ထုံလာသည်။ သို့ရာတွင် ကျွန်မ ပုံစံပြောင်းချင်သည့် အခါတိုင်းမှာ၊ ရဲက ကျွန်မကို အနည်းငယ်မျှ လှုပ်၍မရပါဟု ဟောက်လေသည်။ ကျွန်မကို နှစ်နာရီကျော် ထိုင်ခိုင်းထားပြီးမှ သူတို့က “မင်း ခေါင်းဆောင်က ဘယ်သူလဲ။ အသင်းတော်ရဲ့ ပိုက်ဆံတွေကို ဘယ်မှာ သိမ်းထားတာလဲ” ဟု မေးခွန်းများ စမေးသည်။ ကျွန်မ ဘာမှ မပြောပါ။ ထိုနောက်မှာ နိုင်ငံတော် လုံခြုံရေး တပ်ဖွဲ့ ဗိုလ်ကြီးက လက်ထိတ်တစ်ခုနှင့် ရောက်လာပြီး “သူနဲ့ အချိန်ဖြုန်းမနေနဲ့။ ဒါတွေရဲ့ အရသာကို သူ့ကို ခံစားကြည့်ခိုင်းလိုက်။” ဟု ကြမ်းကြမ်းတမ်းတမ်းနှင့် ပြောသည်။ ပြီးလျှင် သူက “ဟိုဘက်အခန်းက အသံကို ကြားရလား” ဟု ကျွန်မကိုပြောသည်။ နောက်တစ်ခန်းက အစ်မတစ်ယောက် အော်နေသည့် အသံကို ကျွန်မ ကြားရပြီး ချက်ချင်း စိတ်လှုပ်ရှားပြီး ကြောက်သွားသည်။ ရဲများက ငါ့ကို “အဲဒီလိုမျိုး နှိပ်စက်တော့မှာပဲ။ ငါ ဘယ်လို တောင့်ခံရမှာလဲ” ဟု စဉ်းစားမိသည်။ ထိုနောက်မှာ ဘုရားသခင်ကို ကျွန်မ တိတ်တဆိတ် ဆုတောင်းလိုက်သည်။ ကျွန်မကို ခွန်အားပေးဖို့ တောင်းလျှောက်ပြီး ကျွန်မ သူ့ကို အမှီပြုပြီး သက်သေရပ်တည်ဖို့ ဆန္ဒရှိပါသည်ဟု ပြောလိုက်သည်။ ထိုအချိန်တွင်ပင် ဗိုလ်ကြီးက ကျွန်မကို မြေကြီးပေါ် ကန်ချလိုက်သည်။ ကျွန်မလက်ကို နောက်ကျောမှာ လက်ထိတ်ခတ်ပြီး အပေါ်ဆွဲလိုက် အောက်ဆွဲချလိုက်လုပ်သည်။ ထိုကဲ့သို့ ကျွန်မကို အနည်းငယ်လောက် ဆွဲလိုက်၊ တရွတ်တိုက် ဆွဲလိုက် လုပ်ပြီးသည့်နောက်မှာ၊ ကျွန်မ တော်တော်နာကျင်ပြီး ချွေးများ ထွက်ကျလာသည်။ ထိုကဲ့သို့ ဆယ်မိနစ်ကျော်လောက် လုပ်ပြီး နောက်ဆုံးမှာ လွတ်ပေးလိုက်သည်။ ဤအရာက အလုပ်မဖြစ်သည်ကို မြင်သည့်အခါ၊ အခြားတစ်ခု စမ်းကြည့်ဖို့ သူတို့ ဆုံးဖြတ်ခဲ့ကြသည်။ အခြားနေရာက ရဲအချို့နှင့် မြို့ထဲက အဓိကရုဏ်းနှိမ်နင်းသည့် ရဲအချို့ကို ခေါ်လာကြပြီး အဖွဲ့တစ်ဖွဲ့ကို တစ်ကြိမ်စီ ကျွန်မကို စပြီး စစ်မေးကြသည်။ အဖွဲ့တစ်ဖွဲ့စီမှာ လေးယောက်ရှိပြီး ကျွန်မကို နေ့ရော ညပါ အလှည့်ကျ စောင့်ကြည့်ကြသည်။ ကျွန်မ အိပ်၍မရအောင် လုပ်ပြီးတော့ နှိပ်စက်ကြသည်။ ကျွန်မ မျက်လုံးကို ဆက်ပြီး ဖွင့်ထား၍မရတော့ဘဲ၊ ရုတ်တရက် အိပ်ပျော်သွားသည့်အချိန်မှာ ရဲများက ကျွန်မ မျက်နှာကို ရေအေးနှင့် ဆတ်ခနဲပက်ပြီး ကျွန်မ ဆံပင်ကိုဆွဲသည်။ ကျွန်မ စိတ်ဓာတ်ကျသွားပြီး ညီအစ်ကို မောင်နှမများအကြောင်း ထုတ်ပြောအောင်၊ ဘုရားသခင်ကို သစ္စာဖောက်အောင် လုပ်ဖို့ ကြိုးစားခြင်း ဖြစ်သည်။ နေ့တိုင်း ကျွန်မ အာရုံကြောများ ကျိုးပျက်သည့်အထိ ဆွဲဆန့်ခံရသည်။ ကျွန်မ ခဏလေး အာရုံစူးစိုက်မှု ပျောက်ဆုံးသွားပြီး အသင်းတော်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ဖွင့်ပြောမိမှာကို ကြောက်ခဲ့ရပါသည်။ ကျွန်မ စိတ်နှလုံးမှာ ဘုရားသခင်ကို အဆက်မပြတ် ဆုတောင်းသည်။ ဤဆိုးဝါးသည့်နေ့များကို ဖြတ်သန်းဖို့ ကျွန်မကို လမ်းပြဖို့အတွက် တောင်းလျှောက်ခဲ့သည်။ ရဲများက ကျွန်မကို တမင်သက်သက် အရှက်လည်း ခွဲသည်။ အမျိုးသား ရဲများက အပြင်မှာ ဝင်ထွက်သွားလာနေစဉ်၊ ကျွန်မ အိမ်သာ သုံးရသည့်အချိန်မှာ တံခါး ပိတ်ခွင့်မပေးပါ။ အချို့က တစ်ချက်ကြည့်သွားကြပြီး အချိန်အများစုမှာ သူတို့က ကျွန်မ အိမ်သာသုံးသည်ကို တံခါးဝမှာ ရပ်ရင်း ကြည့်နေကြသည်။ ကျွန်မကို ဤပုံစံနှင့် ၁၂ ရက်ကြာ စစ်မေးခံရပြီး နှိပ်စက်ခံရသည်။ ကျွန်မ ၁၀ ရက်ကျော် မအိပ်ရသေးသောကြောင့်၊ ကျွန်မ အာရုံကြောများက ပင်ပန်းနေပြီဖြစ်သည်။ နောက်ဆုံးမှာ ကျွန်မ တော်တော်ကို ဝမ်းချုပ်သွားသည်။ သူတို့ နှိပ်စက်၍ ကျွန်မ ကိုယ်အလေးအချိန်က ၅၈ ကီလိုမှ ၅၂ ကီလိုအထိ ကျသွားသည်။ ၁၂ ရက်ထဲနှင့်တင် ၆ ကီလို ကျသွားခဲ့သည်။

၁၃ ရက်မြောက်နေ့မှာ ရဲများက ကျွန်မကို မြို့ထဲမှာရှိသည့် ထိန်းသိမ်းရေးစခန်းတစ်ခုသို့ ခေါ်သွားသည်။ တစ်လ မပြည့်မီလောက်မှာ ကျွန်မကို စောင့်ကြည့်စစ်ဆေးဖို့အတွက် အဆင့်မြင့် ဟိုသည်တစ်ခုကို ခေါ်သွားခဲ့သည်။ ကျွန်မ၏ အမျိုးသားကို သူတို့ ခေါ်လာကြပြီး အခန်းတစ်ခန်းမှာ သူ့ကို ကျွန်မနှင့် ထားခဲ့သည်။ အသင်းတော်နှင့်ပတ်သက်ပြီး သတင်းအချက်အလက် ပေးဖို့အတွက် သူက ကျွန်မကို တိုက်တွန်းနိုင်စေဖို့ ဖြစ်သည်။ အစတော့ ကျွန်မ အားလျော့လာသည်။ ကျွန်မ အမျိုးသားနှင့် ဤငရဲတွင်းမှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားချင်ခဲ့သည်။ သို့ရာတွင် ထွက်သွားနိုင်ဖို့အတွက်က ဘုရားသခင်ကို ကျွန်မ သစ္စာဖောက်ပြီး ညီအစ်ကို မောင်နှမများအကြောင်း ဖွင့်ပြောရမည်။ ထိုအချိန်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်က စိတ်ထဲပေါ်လာသည်။ “သင်တို့သည် နိုးထကြရမည်ဖြစ်ပြီး၊ အချိန်တိုင်း၌ စောင့်စားနေကာ၊ ငါ၏ရှေ့မှောက်တွင် သာ၍ ဆုတောင်းကြရမည်။ သင်တို့သည် စာတန်၏ အမျိုးမျိုးသော အကြံများနှင့် ကောက်ကျစ်သော အကြံအစည်များကို သတိပြုရမည်၊ ဝိညာဉ်များကို သတိပြုရမည်၊ လူတို့ကို သိရမည်ဖြစ်ပြီး၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံတို့ကို ရိပ်စားမိနိုင်ရမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၇” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ရဲများက ကျွန်မ ဘုရားသခင်ကို သစ္စာဖောက်စေဖို့ ကျွန်မကို စိတ်ပျော့လာအောင်လုပ်ဖို့အတွက် ကျွန်မ အမျိုးသားကို ခေါ်လာခြင်း ဖြစ်သည်ကို ဘုရားသခင့်နှုတ်ကပတ်တော်က ကျွန်မကို သတိပေးခဲ့ပါသည်။ ဤသည်မှာ စာတန်၏ ဉာဏ်များသည့် အကြံအစည်ဖြစ်ပြီး ကျွန်မက သူ့ထောင်ချောက်ထဲ ကျနိုင်သည့် အန္တရာယ်ရှိနေသည်။ ရဲများက ကျွန်မကို စစ်မေးနေစဉ် သူတို့က ညီအစ်ကို မောင်နှမများ၏ နာမည်စာရင်းနှင့် ဓာတ်ပုံအချို့ကို ကျွန်မကို ပြပြီး ကျွန်မသိသည့်သူများကို ထောက်ပြခိုင်းသော်လည်း၊ ကျွန်မ ငြင်းဆန်ခဲ့သည်ကို တွေးမိသည်။ ကျွန်မ အမျိုးသားက ကျွန်မ၏ ယုံကြည်ခြင်းကို အမြဲတမ်း အားပေးပံ့ပိုးခဲ့သည်ကိုလည်း သတိရမိသည်။ ညီအစ်ကို မောင်နှမများ ပုန်းကွယ်နေနိုင်ပြီး အဖမ်းမခံရအောင် ရှောင်နိုင်ဖို့အတွက် ဤအခွင့်အရေးကို အသုံးချပြီး ကျွန်မ အမျိုးသားကို ထိုညီအစ်ကို မောင်နှမများကို သတိပေးခိုင်းမည်ဟု စဉ်းစားမိသည်။ သို့နှင့် ကျွန်မ အမျိုးသား၏ ပခုံးပေါ်မှာ ကျွန်မ ငိုနေသည့်ပုံဟန်ဆောင်ပြီး ကျွန်မ အစီအစဉ်ကို သူ့နားရွက်နားမှာ တိုးတိုးလေး ပြောလိုက်သည်။ သူက လုပ်ဖို့ သဘောတူသည်။ ကျွန်မ အံ့သြသွားသည်မှာ ရဲမေတစ်ယောက်က အခန်းထဲကို ချက်ချင်း အတင်းဝင်လာပြီး “ငါတို့ကို ကူညီဖို့ မင်းကို ဒီကို ခေါ်လာတာ။ ဘာများပြောနေတာလဲ။ ဒီက ထွက်သွားတော့” ဟု ကျွန်မ အမျိုးသားကို ပြောလိုက်သည်။ ရဲများက ကျွန်မ အမျိုးသားကို ကျွန်မ အသင်းတော်နှင့်ပတ်သက်သည့် အချက်အလက်များ ဖွင့်ပြောပြီး ဘုရားသခင်ကို သစ္စာဖောက်အောင် တိုက်တွန်းဖို့အတွက် လုပ်စေလိုခြင်း ဖြစ်သည်။ သို့ရာတွင် သူတို့၏ အကြံ အလုပ်မဖြစ်သည်ကို ဤရဲမေက သိသွားသည့်အခါမှာ၊ ဒေါသထွက်သွားပြီး ကျွန်မ အမျိုးသားကို အမြန်ခေါ်ထုတ်သွားသည်။ ဤရဲများက တော်တော် အန္တရာယ်များပြီး ဆိုးယုတ်ပေသည်။ စာတန်၏ ဉာဏ်များသည့် အကြံအစည်အောက် မကျရောက်ဖို့အတွက် ကာကွယ်ပေးခဲ့သည့် ဘုရားသခင်၏ လမ်းပြမှုကို ကျေးဇူးတင်ပါသည်။

ထိုနောက်မှာ ရဲများက ကျွန်မကို စစ်မေးဖို့အတွက် ကွန်မြူနစ်ပါတီ၏ကျောင်းကို ပြန်ခေါ်သွားခဲ့ပါသည်။ ကျားထိုင်ခုံတစ်ခုမှာ ကျွန်မကို လက်ထိတ်ခတ်သည်။ ရဲမေတစ်ယောက်က အခန်းထဲကို ချက်ချင်းဝင်လာပြီး ကျွန်မ မျက်နှာကို ပလပ်စတစ် ညှပ်ဖိနပ်နှင့် ဖြတ်ရိုက်သည်။ အားလုံး မှောင်မိုက်သွားပြီး ကျွန်မ ခုံပေါ် မှောက်ကျသွားသည်။ ကျွန်မ ဟန်ဆောင်နေသည်ဟု သူက ပြောသည်။ ထိုသို့နှင့် သူက ဆဲဆိုရင်း ကျွန်မ ထိုင်ခုံကို လှုပ်ခါပြီး ကျွန်မကို ဆက်ရိုက်သည်။ ကျွန်မ မျက်နှာက ခရမ်းသီးကဲ့သို့ ဖောင်းကားလာပြီး မျက်လုံးမှ သွေးများ စီးကျလာသည်။ ရဲသား တစ်ယောက်က ရောက်လာပြီး ကျားထိုင်ခုံမှ ကျွန်မကို သော့ဖွင့်ပေးသည်။ နောက်တော့ ထိုင်ခုံမှ ကျွန်မကို ကြမ်းကြမ်းတမ်းတမ်း ဆွဲခေါ်လိုက်ပြီး ကျားထိုင်ခုံအောက်ကို ကျွန်မကို ထည့်ဖို့ ကြိုးစားသည်။ အောက်မှာ ကျွန်မ သိပ်မဆန့်တော့ သူက ကျွန်မကို ကန်ပြီး ဆဲဆိုသည်။ ကျွန်မကို ခွေးလောက်ပင် အဆင့်မရှိပါဟု ပြောသည်။ ထိုင်ခုံအောက်ကို ကျွန်မကို သူတို့ ထိုးထည့်ပြီး မလှုပ်ဖို့ ပြောသည်။ ထိုနောက်မှာ ထိုင်ခုံပေါ် ပြန်တွန်းထည့်ပြီး ထပ်ပြီး လက်ထိတ်ခတ်သည်။ ဤကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း အရိုက်ခံရပြီး အရှက်ခွဲခံရသောကြောင့်၊ ကျွန်မ တော်တော်ကို ဝမ်းနည်းမိပြီး စပြီး အားလျော့ လာခဲ့ပါသည်။ ကျွန်မ မိမိဘာသာ “ငါ့ကို နှိပ်စက်တာကို သူတို့ မရပ်ကြပါ။ ဘယ်တော့မှ ဆုံးမှာလဲ။” ဟု စဉ်းစားမိသည်။ ဤကဲ့သို့ အရမ်းနာကျင်နေရသည့်အခါမှာ ကျွန်မ သေချင်လာသည်။ သို့ရာတွင် ကျွန်မက ကျားထိုင်ခုံမှာ လက်ထိတ်ခတ်ခံထားရတော့ သေဖို့ အခွင့်အလမ်းမရှိပါ။ ထို့ကြောင့် ကျွန်မ စိတ်နှလုံးထဲမှ ဘုရားသခင်ကိုသာ ဆုတောင်းနေမိသည်။ နောက်တော့ သခင့်၏ ဧဝံဂေလိတရားကို ဟောကြား၍ ဖိနှိပ်ခံခဲ့ရသည့် သမိုင်းတစ်လျှောက်က သန့်ရှင်းသူများကို ကျွန်မ စဉ်းစားမိသည်။ အချို့က မြင်းများ၏ ဆွဲဖြဲခြင်းကို ခံရသည်။ အချို့က ကျောက်ခဲနှင့် ပေါက်သတ်ခံရသည်။ အချို့က လွှနှင့် အပိုင်းပိုင်း ဖြတ်ခံရသည်။ သူတို့အားလုံးက သာမန်လူများ မခံနိုင်သည့် နှိပ်စက်မှုများကို ကြုံခဲ့ရသည်။ သူတို့၏ အသက်များကို ရင်းပြီး ဘုရားသခင်ကို သူတို့အားလုံး သက်သေခံခဲ့ကြသည်။ သို့ရာတွင် ကျွန်မက ဤနာကျင်မှု အနည်းငယ်လေးကိုတောင်မှ မခံနိုင်ဘဲ၊ လွတ်မြောက်ဖို့ နည်းလမ်းအဖြစ် သေလိုသည့် စိတ်ဖြစ်ခဲ့သည်။ ကျွန်မက တော်တော်ကို အားနည်းပြီး၊ သက်သေခံနေခြင်း လုံးဝ မဟုတ်ပါ။ ဤရာများကို စဉ်းစားမိပြီး ကျွန်မ နောင်တနှင့် ဝေဒနာများနှင့် ပြည့်နေခဲ့သည်။ ထို့ကြောင့် ကျွန်မ ဆုတောင်းပြီး နောင်တရဖို့အတွက် ဘုရားသခင်၏ရှေ့မှောက်ကို အမြန်သွားသည်။ ထိုအချိန်မှာ ကျွန်မနားက ပြတင်းပေါက် အပြင်ဘက်မှာ ငှက်ကလေးတစ်ကောင် နားနေသည်ကို သတိပြုမိသည်။ အမွှေးက မီးခိုးရောင်ဖြစ်သည်။ ပြီးလျှင် ထိုနေ့မှာ မိုးဖွဲဖွဲရွာနေသည်ကို ကျွန်မ မှတ်မိသည်။ ထိုငှက်ကလေးက တကျိကျိနှင့် အော်နေပြီး “သက်သေရပ်တည်ပါ။ သက်သေရပ်တည်ပါ...” ဟု ပြောနေသလို ကျွန်မ ကြားရသည်။ ငှက်လေးက အော်သည်မှာ မြန်မြန်လာပြီး အသံက အက်လုနီးပါးဖြစ်လာသည်။ ကျွန်မကို သတိပေးဖို့အတွက် ဘုရားသခင်က ဤငှက်ကလေးကို အသုံးပြုနေသည်ကို ကျွန်မ သဘောပေါက်ခဲ့ပြီး ကျွန်မ တော်တော်ကို စိတ်ထိခိုက်ခံစားခဲ့ရပါသည်။ ကျွန်မ ဘုရားသခင်ကို ဆုတောင်းရင်းနှင့် ငိုခဲ့သည်။ “အဖ ဘုရားသခင် ကျွန်မ သတ္တိကြောင်သူ ဒါမှမဟုတ် ငကြောက်တစ်ယောက် မဖြစ်ချင်ပါဘူး။ ဒီလိုမျိုး အားနည်းပြီး ကြောက်တဲ့ပုံစံနဲ့ ကျွန်မ မသေချင်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးတော်မူပါ။ ကျွန်မ သက်သေရပ်တည်ပြီး စာတန်ကို အရှက်ရစေချင်ပါတယ်။” ဟု ပြောလိုက်သည်။ ထိုအချိန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက စိတ်ထဲပေါ်လာသည်။ “သင်တို့သည် ‘အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်း ဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။’ ဟူသော စကားများကို မှတ်မိကောင်း မှတ်မိကြပေလိမ့်မည်။ ဤစကားများကို သင်တို့အားလုံး ယခင်က ကြားခဲ့ကြပြီးဖြစ်သော်လည်း သင်တို့ထဲမှ မည်သူမျှ ယင်းတို့၏စစ်မှန်သော အဓိပ္ပါယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့တွင် သင်တို့သည် ထိုစကားများ၏ စစ်မှန်သောအရေးပါမှုကို လေးလေးနက်နက် သတိပြုမိကြသည်။ ဤစကားများသည် နောက်ဆုံးသောကာလအတွင်း၌ ဘုရားသခင်အားဖြင့် ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ အဆင်းနီသောနဂါးကြီး ခွေလျောင်းရာပြည်တွင် ယင်းနဂါးကြီး၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့သူများ၌ ပြည့်စုံလိမ့်မည်ဖြစ်သည်။ အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်၌ ဘုရားသခင်ကို ယုံကြည်သူများသည် အရှက်ကွဲခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ဤသို့ ခံကြရပြီး၊ အကျိုးဆက်အနေဖြင့် ဤစကားများသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော”) “ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်”) ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်မကို နှစ်သိမ့်အားပေးခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီက ဘုရားသခင်၏ ရန်သူ စာတန်နတ်ဆိုးဖြစ်သောကြောင့်၊ ဘုရားသခင်ကို ယုံကြည်ပြီး မိမိတာဝန်ကို ထမ်းဆောင်သည့် လမ်းကြောင်းမှာ တရုတ်ကွန်မြူနစ်ပါတီက ဖိနှိပ်ပြီး အန္တရာယ်ပေးခံရခြင်းကို မရှောင်လွှဲနိုင်ကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ပြသခဲ့ပါသည်။ သို့ရာတွင် ဘုရားသခင်၏ ဉာဏ်ပညာက စာတန်၏ ဉာဏ်များသည့် အကြံအစည်ကို အခြေခံပြီး အသုံးချခြင်း ဖြစ်သည်။ ဘုရားသခင်က ကျွန်မတို့၏ ယုံကြည်ခြင်းနှင့် နာခံခြင်းကို စုံလင်စေဖို့ စာတန်က လုပ်သည့် ဖိနှိပ်မှုနှင့် ရက်စက်သည့် နှိပ်စက်မှုများကို အသုံးပြုခြင်း ဖြစ်သည်။ ဤကဲ့သို့ လုပ်ရင်းနှင့် ဘုရားသခင်က အောင်မြင်သောသူ အုပ်စုကို ပြုလုပ်ပါသည်။ ကျွန်မက သမ္မာတရားကို ရရှိဖို့အတွက် ဒုက္ခခံနေခြင်းဖြစ်ပြီး ဤဒုက္ခခံခြင်းက အဓိပ္ပာယ်လည်း ရှိသည်။ ထိုက်လည်း ထိုက်တန်ပါသည်။ ထိုအချိန်တွင် ဘုရားသခင် ကိုယ်တော်တိုင်က ကျွန်မတို့ကို ကယ်တင်ဖို့အတွက် လူ့ဇာတိခံခဲ့သည်၊ ငြင်းပယ်ခြင်း၊ အသရေဖျက်ခြင်းများကို ခံယူခဲ့သည်၊ ခိုလှုံစရာနေရာ မရှာနိုင်ခဲ့ဘဲ၊ တရုတ်ကွန်မြူနစ်ပါတီ၏ လိုက်ဖမ်းခြင်း၊ ဖိနှိပ်ခြင်း ခံခဲ့ရပုံများကို ကျွန်မ တွေးမိသည်။ ဘုရားသခင်က ဤကဲ့သို့ ကြီးမားသည့် အရှက်ရခြင်း၊ နာကျင်ခြင်းများကို ခံခဲ့သည်။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသည့် လူသား တစ်ယောက်အနေနှင့် ကျွန်မ၏ သေးငယ်သည့် ဒုက္ခခံခြင်းက မည်မျှရှိမည်နည်း။ ခရစ်တော်နှင့်အတူ ဒုက္ခခံယူနိုင်ခြင်းက ဂုဏ်ယူစရာတစ်ခု ဖြစ်ပါသည်။ သေခြင်းကို ကျွန်မ ကြောက်ကြောက်ရွံ့ရွံ့နှင့် ရင်ဆိုင်နေ၍ မဖြစ်ပါ။ စာတန်က ကျွန်မကို မည်သို့ပင် နှိပ်စက်ပါစေ၊ ကျွန်မ၏ နောက်ဆုံးထွက်သက်အထိ ဘုရားသခင်ကို ကျေနပ်စေဖို့ သက်သေရပ်တည်မည်ဟု ဆုံးဖြတ်ခဲ့ပါသည်။ နောက်ပိုင်းမှာ နိုင်ငံတော် လုံခြုံရေး တပ်ဖွဲ့ခေါင်းဆောင်က “မင်းက ကောင်းကောင်း ခံနိုင်တဲ့ ပုံစံရှိတယ်။ မင်းကို ဒီလိုမျိုး ဆက်ဆံဖို့ စီစဉ်မထားခဲ့ပါဘူး။ မင်း ငါတို့ကို အကုန်လုံးပြောပြပြီး ပူးပေါင်းဆောင်ရွက်သရွေ့၊ မင်းရဲ့ မိသားစုနဲ့ ပြန်ပြီး ပေါင်းစည်းနိုင်အောင်လို့ မင်းကို မကြာခင် အိမ်ပြန်ခွင့်ပေးမယ်လို့ ငါ အာမခံပါတယ်။” ဟု ရန်လိုသည့် အပြုံးနှင့် ပြောသည်။ သူတို့က ကျွန်မ စားဖို့အတွက် ကြက်ပေါင်နှင့် ပေါင်မုန့်များ ယူလာပေးသည်။ သို့ရာတွင် ဤသည်က ကျွန်မ ဘုရားသခင်ကို သစ္စာဖောက်စေဖို့၊ ဖြားယောင်းဖို့အတွက် နောက်ထပ် ပရိယာယ်တစ်ခု ဖြစ်သည်ကို ကျွန်မ သိခဲ့ပါသည်။ ကျွန်မ သူတို့ကို ကြည့်ပြီး “နင်တို့ရဲ့ အပြုအမူကို ငါ အသိအမှတ်မပြုဘူး။ ဒီတော့ စိတ်ရှုပ်ခံမနေနဲ့။ ငါက နင်တို့ သင့်တော်သလို ခုတ်ဖြတ်ဖို့အတွက် အသားခုတ်စင်ပေါ်မှာရှိနေတဲ့ အသားပါပဲ။ ငါ ဒီကနေ အသက်ရှင်ရက် ထွက်ရမှာမဟုတ်ဘူးဆိုတာ ငါသိတယ်။ ဒါကို လက်ခံပြီးပြီ။ ဒီတော့ နင်တို့ လုပ်ချင်တာသာ လုပ်တော့။ နင်တို့မေးတဲ့အဖြေကို ငါ မသိဘူးဆိုတာ နင်တို့ကို ပြောပြီးပြီ။” ဟု သေသေချာချာ ပြောလိုက်သည်။ ယင်းတွင် သူက အေးစက်စက် အပြုံးနှင့် “အရမ်းကြီး အလေးအနက် မထားစမ်းပါနဲ့။ နည်းနည်း ပေါ့ပေါ့ပါးပါး နေစမ်းပါ။ ငါတို့ သိချင်တာကိုသာ ပြောလိုက်။ မင်း အိမ်ပြန်လို့ရတယ်။” ဟု ပြောသည်။ ပြီးလျှင် သူက လှည့်ပြီး တိတ်တဆိတ် ထွက်သွားသည်။ ထိုနောက်မှာ ရဲများက ကျွန်မကို ကျားထိုင်ခုံပေါ်မှာ ဆက်ပြီး ထိုင်ခိုင်းထားသည်။ နှစ်ပတ် ကြာပြီးသည့်နောက်မှာ ကျွန်မကို ထိန်းသိမ်းရေးစခန်းဆီ ခေါ်သွားကြသည်။ ယင်းတွင် ရှိသည့် ဝန်ထမ်းများက ကျွန်မကို တော်တော်ဆိုးသည့် ဒဏ်ရာများနှင့် တွေ့သည့်အခါမှာ၊ ကျွန်မကို လက်ခံဖို့ ငြင်းကြသည်။ ကျွန်မ လဲကျပြီး ထိခိုက်မိခြင်း ဖြစ်သည်ဟု ရဲများက ကျွန်မကို အတင်းပြောခိုင်းသောကြောင့်၊ ထိန်းသိမ်းရေးစခန်းက ရဲများက ရွေးစရာလမ်းမရှိတော့ဘဲ၊ ကျွန်မကို လက်ခံခဲ့ရသည်။

ထိန်းသိမ်းရေးစခန်းမှာ ကျွန်မ တစ်လ ကြာပြီးသည့်နောက်မှာ ရဲများက ကျွန်မကို ထပ်ပြီး စစ်မေးဖို့အတွက် ကွန်မြူနစ်ပါတီ၏ကျောင်းကို ပြန်ခေါ်လာခဲ့ပါသည်။ ကျားထိုင်ခုံမှာ ကျွန်မကို တစ်ရက်ကို ၂၄ နာရီ အချိန်ပြည့် ထိုင်ခိုင်းပါသည်။ မတ်မတ်ထိုင်ခိုင်းပြီး ခြေထောက်ကို ၉၀ ဒီဂရီ ကွေးထားရပါသည်။ ထိုကဲ့သို့ တစ်လ ကြာခဲ့သည်။ ကျွန်မ လည်ပင်းက မခံနိုင်လောက်အောင် နာပြီး ခြေထောက်များက တော်တော်ကို ရောင်ကိုင်းလာသည်။ ရဲများက ကျွန်မကို အမြဲတမ်း နောက်ပြောင်သည်။ စော်ကားသည်။ ရိုက်နှက်သည်။ ကျွန်မ စိတ်ထဲမှာ တော်တော် ဒေါသထွက်နေခဲ့သည်။ အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သူများကို သူတို့ မည်သို့ ဖမ်းခဲ့ကြောင်း ပြောနေသည်ကို ကျွန်မ ကြားရသည်။ သူတို့ဖမ်းခဲ့သည့်သူက ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ သူတို့ ကြောက်အောင် အစမှာ နှိပ်စက်သည်၊ ပြီးလျှင် အဆုံးတွင် သူတို့အားလုံး လက်ခံသဘောတူကြရသည်သာ ဖြစ်သည်ဟု ပြောသည်။ ယင်းက တားဆီးသည့် နည်းလမ်းများပဲဟု သူတို့က ပြောသည်။ ညီအစ်ကို မောင်နှမများကို သူတို့ မည်သို့ ထိခိုက်နာကျင်စေခဲ့သည်ကို ဤမိစ္ဆာကောင်များက စိတ်လှုပ်ရှားရင်းနှင့် ကြွားဝါနေကြသည်ကို ကြားရသည့်အခါ၊ သူတို့ မိမိကိုယ်ကိုယ် ကျေနပ်ပြီး ရီကြခြင်း၊ လူမဆန်စွာ ရီမောကခြင်းများကို မြင်ရသည့်အခါ၊ ကျွန်မ အရမ်း မုန်းတီးပြီး အံကြိတ်မိသည်။ တရုတ်ကွန်မြူနစ်ပါတီက လူများကို အပျော် နာကျင်အောင်လုပ်သည့် တကယ့် နတ်ဆိုးဂိုဏ်းတစ်ခုသာ ဖြစ်သည်။ ဤမိစ္ဆာကောင်များကို ကျိန်ဆဲရင်းနှင့်၊ ကျွန်မ တိတ်တဆိတ် ဆုတောင်းခဲ့သည်။ နောက်ပိုင်းမှာ ကျွန်မထံမှ လိုချင်သည့် သတင်းအချက်အလက်ကို သူတို့မရခြင်းကို ရဲများ သိသွားသောကြောင့်၊ ကျွန်မကို ရာဇဝတ်သား ထိန်းသိမ်းရေးစခန်း တစ်ခုဆီကို ပို့ပြီး၊ ထို့နောက်မှာ ကျွန်မကို အယူဝါဒ သွတ်သွင်းဖို့အတွက် အခြားတစ်နေရာကို ပို့ခဲ့ပါသည်။ နောက်ဆုံးမှာ မြို့ထဲက ထိန်းသိမ်းရေးစခန်းဆီကို ပြန်ခေါ်သွားပြီး၊ ထိုနေရာတွင် တစ်နှစ်နှင့် သုံးလ အချုပ်ခံခဲ့ရသည်။ ကျွန်မ၏ စိတ်ဓာတ်ကို ရိုက်ချိုးဖို့၊ ဘုရားသခင်ကို ကျွန်မ သစ္စာဖောက်အောင်လုပ်ဖို့အတွက် ဤအရာများအားလုံးကို ရဲများက လုပ်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် သူတို့ မအောင်မြင်ခဲ့ပါ။ နောက်ပိုင်းမှာ သူတို့က ကျွန်မကို “ဥပဒေ တည်ထောင်ရေးကို နှောင့်ယှက်ရန် မြေရှင်စနစ် အစွန်းရောက်ဝါဒများ အသုံးပြုခြင်း” နှင့် တရားစွဲ၍ ထောင် လေးနှစ် ချခဲ့ပါသည်။

ထောင်ထဲမှာ ကျွန်မ အသက်ရှင်နေရက်နှင့် ငရဲကျသည်မှာ မည်သို့ခံစားရသည်ကို ထပ်ပြီး သိခဲ့ပါသည်။ လူတိုင်းမှာ သူတို့ထမ်းဆောင်ရမည့် ကိုယ်ပိုင်တာဝန်ရှိကြပြီး၊ ထုတ်လုပ်ရေး လမ်းကြောင်းတစ်ခုမှာ ကျွန်မကို အဝတ်အစားများ ချုပ်ဖို့ သတ်မှတ်ပေးပါသည်။ လုပ်ငန်းစဉ်အတိုင်း မလိုက်နိုင်သည့်သူ၊ သို့မဟုတ် မိမိတာဝန်ကို ပြီးအောင်မလုပ်နိုင်သည့်သူ အလုပ်ကို ည ၁၁ နာရီ၌ ပြီးသွားသည့်နောက်မှာ၊ မိနစ် ၃၀ မှ တစ်နာရီအထိ ရပ်နေခိုင်းပါသည်။ ထိုအချိန်ကာလအတွင်းမှာ အစာစားချိန်ကလွဲပြီး အလုပ်ခန်းထဲမှာပဲ အချိန်ကုန်ပါသည်။ ရေဆာသည့်အချိန်မှာ ရေသောက်ဖို့ ကျွန်မ အချိန်မပေးနိုင်ခဲ့ပါ။ ပြီးလျှင် အိမ်သာကိုပင် ပြေးသွားပြီး ပြေးပြန်လာရသည်။ နောက်ဆုံးကျတော့ ကျွန်မ ပြင်းပြင်းထန်ထန် ဝမ်းချုပ် သွားခဲ့သည်။ နေ့တိုင်း ထိုင်ပြီး တစ်နေကုန်အလုပ်လုပ်နေရင်း အချိန်ကုန်နေသောကြောင့်၊ ပြီးလျှင် လုပ်စရာများက အမြဲတမ်း အများကြီးရှိနေသောကြောင့် ဖြစ်ပါသည်။ ပြီးလျှင် ရဲများလက်ထဲမှာရှိနေစဉ် ခံခဲ့ရသည့် နှိပ်စက်မှုများ၊ ထိုကျားထိုင်ခုံမှာ နှစ်လကျော်ကြာ ထိုင်ခိုင်းခံရခြင်းများကြောင့်၊ နောက်ဆုံးမှာ လည်ပင်းက ထပ်ပြီး တော်တော်နာလာခဲ့သည်။ ပြီးလျှင် ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်းများလည်း မကြာခဏ ခံစားရသည်။ တစ်ခါတွင် ရေချိုးခန်းထဲမှာ ကျွန်မ ချော်လဲသွားပြီး ကြမ်းပြင်ကို ခေါင်းနှင့် ခပ်ပြင်းပြင်း ရိုက်မိသည်။ ကျွန်မ ကျောက လှေကားထစ်များနှင့် ရိုက်မိသည်။ ကျွန်မ မူးဝေသွားပြီး လုံးဝ မလုပ်နိုင်ပါ။ ကျွန်မ ကျောရိုး ကျိုးသွားသကဲ့သို့ ခံစားခဲ့ရပြီး တော်တော် နာသည်။ အခြားအခန်းဖော်များကပင် ကျွန်မတော့ သေချာပေါက် သွားပြီ၊ သို့မဟုတ် မသန်စွမ်းဖြစ်မည်ဟု ပြောသည်။ သူတို့အားလုံး အကူအညီတောင်းဖို့ အော်ခေါ်ကြပြီး သတိပေးခေါင်းလောင်း တီးကြသည်။ သို့ရာတွင် မည်သူမှ မလာခဲ့ပါ။ နောက်ဆုံးတွင် ထောင်သားအချို့က ကျွန်မကို ကျွန်မအိပ်ရာပေါ်ကို သယ်ပေးသည်။ ကျွန်မ ခန္ဓာကိုယ်က ကျိုးသွားသလို ခံစားရပြီး နာ၍ ငိုနေသည်ကို မရပ်နိုင်ခဲ့ပါ။ ထိုညမှာ တော်တော်နာသောကြောင့်၊ လုံးဝ အိပ်၍မရပါ။ နောက်ဆုံးတွင် နောက်နေ့မနက် ၈နာရီမှာ အစောင့်တစ်ယောက်က ကျွန်မ အကျဉ်းခန်းကို ရောက်လာသည်။ စိတ်မရှည်သည့်ပုံနှင့် ကျွန်မ မည်မျှဆိုးဆိုးရွားရွား ဖြစ်သည်အထိ ထိခိုက်သွားသည်ကို သိရအောင် မေးသည်။ ကျွန်မက “ကျွန်မ ကျောရိုးကျိုးသွားပြီထင်တယ်။ လုံးဝ လှုပ်လို့မရဘူး။ ပြီးတော့ ခေါင်းက တော်တော်နာတယ်။” ဟု ပြောလိုက်သည်။ သို့ရာတွင် သူက လှောင်ပြီးတော့ “ပြဿနာ သိပ်မကြီးပါဘူး။ အလုပ်လုပ်ဖို့ ကိုယ့်ဘာသာ အပေါ်တက်ဖို့လိုတယ်။ နင့်မှာ လုပ်စရာတွေ အများကြီးရှိတယ်။ နင် မလှုပ်နိုင်ရင် နင့်ကို သယ်ဖို့ လူတစ်ယောက်ကို နင်ရှာရမယ်။ ဘယ်သူမှ မကူရင် နင့်ဘာသာ တွားသွားရမှာပဲ။” ဟု ပြောသည်။ ပြီးလျှင် သူက လှည့်ထွက်သွားသည်။ ထို့ကြောင့် ထိုဆိုးဝါးသည့် နာကျင်မှုကို ကျွန်မ တောင့်ခံခဲ့ပြီး အခြား ထောင်သားအချို့ကို ကျွန်မကို အိပ်ရာပေါ်မှ ဖြည်းဖြည်းချင်း ကူထပေးဖို့ ပြောရသည်။ ကျွန်မ ထိုင်သည့် ပုံစံအနေအထားရဖို့ မိနစ် ၃၀၊ ၄၀ လောက်ကြာသည်။ ပြီးလျှင် လှေကားခွင်ပေါ်ကို ကျွန်မ ဖြည်းဖြည်းချင်းသွားသည်။ ပြီးလျှင် လှေကားပေါ်တက်သည်။ ကျွန်မ လုပ်သည့်နေရာကို ရောက်ဖို့ တော်တော်ကို ကြိုးစားရသည်။ ပြီးလျှင် ကျွန်မ ထိုင်ဖို့ ကြိုးစားသည်။ သို့ရာတွင် အကြိမ်ဒါဇင်ပေါင်းများစွာ ကြိုးစားပြီးသည့်နောက်မှာ ကျွန်မ မထိုင်နိုင်ခဲ့ပါ။ နောက်ဆုံးတွင် ကျွန်မ၏ စက်ကို ကိုင်ထားပြီး အနာကို အံကြိတ်ခံရင်းနှင့် မိမိကိုယ်ကိုယ် ထိုင်ချဖို့ အားအပြည့် သုံးလိုက်သည်။ ကျွန်မ နောက်ကျောက တစ်ခုခုကျိုးသွားသလို ခံစားရပြီး အနာက တော်တော်ဆိုးဝါးသည်။ တာဝန်ကျသည့် ဆရာဝန်ရောက်လာသည့်အထိ ထိန်းထားရသည်မှာ တော်တော်ခက်ခဲသည်။ သို့ရာတွင် သူမလုပ်သည့်အရာက ကျွန်မကို အိုင်အိုဒင်းအချို့ ပွတ်ပေးပြီး နိုတူဂျင်ဆင်းဆေးပြား သုံးပြားသာ ပေးသွားသည်။ ထိုဆေးများ မျိုချပြီး အလုပ်ပြန်လုပ်ဖို့ သူမက ပြောသည်။ ထိုသို့နှင့် ကျွန်မ ခန္ဓာကိုယ်နှင့် နှလုံးသားမှာ ခံစားရသည့် နာကျင်မှုကြောင့်၊ ကျွန်မဆက်ပြီး မလုပ်နိုင်တော့သလို ခံစားခဲ့ရသည်။ ကျွန်မကို လူမဆန်စွာ ဆက်ဆံသည့်အတွက် ဤရဲများကို တော်တော် မုန်းတီးခဲ့ပါသည်။ သူတို့ အမြင်မှာ ထောင်သားများက ခွေးထက်မပိုပါ။ ကျွန်မတို့က သူတို့အတွက် ပိုက်ဆံရှာပေးဖို့ စက်များသာ ဖြစ်သည်။ ကျွန်မက ထောင်ထဲရောက်သည်မှာ တစ်နှစ်ပင် မပြည့်သေးဘဲ ကျွန်မကို စီရင်ချက်ချခြင်းမှာ လေးနှစ်ဖြစ်ရသည်ကို ကျွန်မ စဉ်းစားမိသည်။ ထိုမျှ ကြာသည့်အချိန်ကို ကျွန်မ ဘယ်လိုများ ခံနိုင်ရည်ရှိမည်နည်း။ ကျွန်မ အသက်ရှင်ကျန်ရစ်ခြင်း ရှိမရှိကို တကယ်ကို မသိခဲ့ပါ။ ဤသည်ကို စဉ်းစားမိရင်းနှင့် ကျွန်မ အရမ်း အထီးကျန်ပြီး အဖော်မဲ့လာသလို ခံစားခဲ့ရသည်။ ကျွန်မ ကိုယ်တိုင် သတိမထားမိလိုက်ဘဲ၊ ကျွန်မ အကြိုက်ဆုံး ဘုရားသခင်၏ နှုတ်ကပတ်တော် ဓမ္မတေးကို ညည်းမိသည်။ “ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။ ဘုရားသခင်သည် သင့်ထံမှ သူ့ကိုယ်သူ ပုန်းကွယ်နေသည့်အခါ၊ သူ့နောက်သို့လိုက်ရန်၊ သင်၏ရှိရင်းစွဲမေတ္တာကို တုံ့ဆိုင်းခွင့်မပြုဘဲ သို့မဟုတ် ပျောက်ကွယ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရန်အတွက် သင်၌ ယုံကြည်ခြင်း ရှိနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ သင်သည် သူ၏ စီစဉ်ပုံကို ကျိုးနွံနာခံကာ သူ့အပေါ် ညည်းတွားချက်များ ပြုမည့်အစား သင်ကိုယ်တိုင်၏ ဇာတိပကတိကို ကျိန်ဆဲရန် အသင့်ဖြစ်နေရမည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်မြတ်နိုးသောတစ်စုံတစ်ရာနှင့် လမ်းခွဲရန် ဝန်လေးနေပါစေ သို့မဟုတ် ခါးသီးစွာ ငိုကြွေးနေပါစေ ဘုရားသခင်ကို သင်ကျေနပ်စေရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်း နှင့် ယုံကြည်ခြင်းဖြစ်သည်။ သင်၏ တကယ့်ဝိညာဉ်ရင့်ကျက်မှုမှာ မည်သို့ဖြစ်ပါစေ၊ သင်၌ ဒုက္ခခံလိုစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်း နှစ်ခုလုံးကို ဦးစွာပိုင်ဆိုင်ရမည်ဖြစ်ပြီး သင်၌ ဇာတိပကတိကို စွန့်လွှတ်လိုစိတ်လည်း ရှိရမည်။ သင်သည် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းရန်အတွက် တစ်ကိုယ်ရေဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံရန်နှင့် သင်၏ တစ်ကိုယ်ရေ အကျိုးအမြတ်များအား လက်လွှတ်ဆုံးရှုံးမှုခံရရန် လိုလိုလားလားဖြစ်သင့်သည်။ သင်သည် သင့်စိတ်နှလုံးထဲတွင် သင့်ကိုယ်သင်နှင့်ပတ်သက်၍ နောင်တရနိုင်စွမ်းလည်း ရှိရမည်- အတိတ်တွင် သင်သည် ဘုရားသခင်ကို မကျေနပ်စေနိုင်ခဲ့သဖြင့် ယခုတွင် သင့်ကိုယ်သင် နောင်တရတတ်ခြင်းဖြစ်သည်။ သင်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ ကင်းမဲ့ခြင်း မရှိရပေ၊ ဘုရားသခင် သင့်ကို စုံလင်စေမည်မှာ ဤအရာများအားဖြင့် ဖြစ်သည်။ သင်သည် ဤစံနှုန်းများနှင့် မပြည့်မီနိုင်ပါက စုံလင်အောင်ပြုခြင်း မခံရနိုင်ချေ။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ရှိ “စုံလင်သောသူ ဘယ်လိုဖြစ်နိုင်မည်နည်း”) ဤဓမ္မသီချင်းကို ကျွန်မ တိတ်တဆိတ် သီဆိုခဲ့သည်။ ကျွန်မ ဆိုလေလေ ပိုပြီး စိတ်ထိခိုက် ခံစားရလေလေဖြစ်သည်။ အားအင်အချို့ကို အတွင်းမှာ စပြီး ခံစားရသည်။ ပြီးလျှင် ကျွန်မ အခုအချိန်မှာ ဤနတ်ဆိုး၏ သားရဲတွင်းထဲမှာ ဒုက္ခခံနေရနိုင်သော်လည်း၊ ကျွန်မ၏ အားလျော့နေသည့် အခြေအနေမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို လမ်းပြနေဆဲ၊ ကျွန်မကို ယုံကြည်ခြင်းနှင့် ခွန်အား ပေးနေဆဲ ဖြစ်သည်ကို ခံစားရသည်။ ဘုရားသခင်က ကျွန်မထံမှ လုံးဝ ထွက်ခွာမသွားပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များရှိနေသည့်အတွက် ကျွန်မ အထီးကျန်မည် မဟုတ်ပါ။ ဤကဲ့သို့ စဉ်းစားမိပြီး ကျွန်မ တော်တော်ကို သက်သာရာရသွားပြီး ဒုက္ခကို တောင့်ခံဖို့အတွက် ကျွန်မ၏ စိတ်ဓာတ်ကြံ့ခိုင်မှုနည်းပါးခြင်းကို နောင်တရမိသည်။ ဤဆင်းရဲဒုက္ခများ၊ စမ်းသပ်မှုများကို ရင်ဆိုင်ရပြီး ကျွန်မ အပျက်သဘောဆောင်သွားခဲ့ကာ ဘုရားသခင်၏ စိတ်နှလုံးကို ဒဏ်ရာရစေခဲ့ပါသည်။ ကျွန်မ အဖမ်းခံရပြီးကတည်းက ဖြတ်သန်းခဲ့ရသည့်အရာများကို တွေးမိသည်။ ရဲများက ကျွန်မကို နာကျင်အောင်လုပ်ခြင်း၊ နှိပ်စက်ခြင်းများကို တော်တော်ကြာ ခံခဲ့ရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် လမ်းပြမှုကြောင့်၊ ဘုရားသခင်က ကျွန်မကို စောင့်ကြည့်နေခြင်းကြောင့်သာ မဟုတ်လျှင်၊ ယခု ကျွန်မ မကြာခဏ သေပြီးနေလောက်ပြီ ဖြစ်သည်။ ယခု ဤလူမဆန်သည့် ညှင်းပန်းမှုကို နောက်တစ်ခါ ခံစားရသည့်အချိန်မှာ ဘုရားသခင်ကို ကျွန်မ အမှီပြုသရွေ့ ဤသည်ကိုလည်း ကျွန်မ ဖြတ်သန်းနိုင်မည် ဖြစ်သည်ဆိုသည့် ယုံကြည်ခြင်း ရှိခဲ့ပါသည်။ ဘုရားသခင်က ကျွန်မ၏ ယုံကြည်ခြင်းကို စုံလင်စေဖို့အတွက် ဤအခြေအနေကို အသုံးပြုနေခြင်း ဖြစ်သည်။ ကျွန်မ ဘုရားသခင်ကို ထပ်ပြီး နာကျင်စေ၍ မဖြစ်သည်ကို သိခဲ့သည်။ ကျွန်မ ဘုရားသခင်ကို အမှီပြုပြီး အားတင်းရမည်။ အသက်ဆက်ရှင်ရမည်။ ဘုရားသခင်အတွက် သက်သေခံရမည်။ ဤအရာများကို စဉ်းစားမိပြီး ကျွန်မ ခံစားနေရသည့် စိတ်သောကက လျော့ကျသွားသည်။ ထိုအချိန်ကာလအတွင်းမှာ စာတန်က ကျွန်မအပေါ် ဖြစ်စေခဲ့သည့် နာကျင်မှုနှင့် နှိပ်စက်မှုများ တစ်လျှောက် ကျွန်မကို လမ်းပြပေးခဲ့သည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ ဖြစ်သည်။ နောက်ဆုံးတွင် ကျွန်မအပေါ် ပြစ်ဒဏ်ချမှတ်ချက်က ပြီးသွားခဲ့ပြီး ကမ္ဘာမှာရှိသည့် ထိုငရဲထဲမှ ထွက်လာနိုင်သည့်အချိန်အထိ အသက်ရှင်ကျန်ရစ်ခဲ့ပါသည်။

ကျွန်မ အိမ်ပြန်ရောက်သည့်အခါမှာ ရဲများက ကျွန်မက လူလိမ်တစ်ယောက်ဖြစ်သည်ဟု ကောလာဟလများ ဖြန့်ရင်း အလုပ်ရှုပ်နေခဲ့သည်ဆိုတာကို ကျွန်မ ကြားရသည်။ အိမ်နီးနားချင်းများ၏ မကောင်းပြောခြင်းများ၊ စွပ်စွဲအပြစ်တင်ခံရခြင်းများ အားလုံးကို ရှောင်ဖို့အတွက် ကျွန်မ အမျိုးသားက အခြားတစ်နေရာမှာ အလုပ်ရှာခဲ့ရသည်။ ပြီးလျှင် သူက ကွာရှင်းချင်သည်ဟု ပြောသည်။ ကျွန်မ ထောင်ကျသောကြောင့်၊ သူ့အမေက တော်တော်ရှက်ပြီး ကျွန်မကိုပင် မကြည့်နိုင်တော့ပါ။ ကျွန်မသမီးက ဆရာများ၊ အတန်းဖော်များ၏ မရပ်မနား လှောင်ပြောင်ကဲ့ရဲ့မှုများကို ခံရသောကြောင့်၊ ရွာထဲမှာရှိသည့် ကလေး တစ်ယောက်ပင် သူနှင့် ကစားဖို့ ဆန္ဒမရှိတော့ပါ။ ဖြစ်ပျက်ခဲ့သည့်အရာများကို မြင်ရသည့်အခါ၊ ကျွန်မ မျက်ရည်ကို မထိန်းနိုင်ခဲ့ပါ။ ကျွန်မတို့က ပျော်ရွှင်သည့် မိသားစုတစ်ခု ဖြစ်ခဲ့ပါသည်။ ယခု တရုတ်ကွန်မြူနစ်ပါတီ၏ ဖိနှိပ်မှုကြောင့်၊ ဤအခြေအနေကို လျော့ကျသွားပြီ ဖြစ်သည်။ ကျွန်မ တရုတ်ကွန်မြူနစ်ပါတီကို အရိုးထဲမှပင် မုန်းသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ပိုဒ်က ကျွန်မ စိတ်ထဲမှာ ပေါ်လာသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။...ဘုရားသခင်၏ အမှုအဖို့ ထိုသို့သော ထိုးဖောက်၍ မရနိုင်သည့် အတားအဆီးကို အဘယ်ကြောင့် ထူထောင်ရသနည်း။ ဘုရားသခင်၏ လူစုကို လှည့်ဖြားရန် အဘယ်ကြောင့် အမျိုးမျိုးသော လှည့်ကွက်များကို အသုံးချသနည်း။ စစ်မှန်သော လွတ်လပ်မှု၊ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့မှာ အဘယ်မှာနည်း။ တရားမျှတခြင်းကား အဘယ်မှာနည်း။ ကိုယ်စိတ်ချမ်းသာခြင်းကား အဘယ်မှာနည်း။ နွေးထွေးမှုကား အဘယ်မှာနည်း။ ဘုရားသခင်၏ လူများအား လှည့်စားရန် အဘယ်ကြောင့် လှည့်ဖြားတတ်သော အကြံအစည်များကို အသုံးပြုသနည်း။ ဘုရားသခင်၏ ကြွလာခြင်းကို ဖိနှိပ်ရန် အဘယ်ကြောင့် အင်အားသုံးရသနည်း။ ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကြောင့် လွတ်လပ်စွာ သွားလာခွင့်မပြုရသနည်း။ ဘုရားသခင်အား ခေါင်းချစရာ နေရာမရှိသည့်တိုင်အောင် အဘယ်ကြောင့် လိုက်လံဖမ်းဆီးသနည်း။ လူသားတို့ အလယ်တွင် နွေးထွေးမှုကား အဘယ်မှာနည်း။ လူတို့အလယ်တွင် ကြိုဆိုခြင်းကား အဘယ်မှာနည်း။ ဘုရားသခင်၌ ထိုသို့သော အသည်းအသန် တောင့်တခြင်းအား အဘယ်ကြောင့် ဖြစ်စေသနည်း။ ဘုရားသခင်အား အဘယ်ကြောင့် အထပ်ထပ် အော်ခေါ်စေသနည်း။ ဘုရားသခင်အား သူ၏ ချစ်လှစွာသော သားအတွက် စိတ်ပူစေရန် အဘယ်ကြောင့် အတင်းအကျပ် ပြုရသနည်း။ ဤမှောင်မိုက်သော လူ့အဖွဲ့အစည်းတွင် ၎င်း၏ ဆိုးရွားသည့် အစောင့်ခွေးများတို့သည် အဘယ်ကြောင့် ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် ကမ္ဘာလောကအလယ်တွင် လွတ်လပ်စွာ ဝင်ထွက်သွားလာ ခွင့်မပြုရသနည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)”) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ချင့်ချိန်စဉ်းစားရင်းနှင့် ကျွန်မ တရုတ်ကွန်မြူနစ်ပါတီ၏ အကျည်းတန်မှုကို နှံ့နှံ့စပ်စပ် နားလည်သွားခဲ့သည်။ အပြင်ပန်းမှာ ဖြောင့်မတ်သလို ဟန်ဆောင်သည်။ “ဘာသာရေး ယုံကြည်မှု လွတ်လပ်ခွင့်၊” “ပြည်သူအတွက် ငြိမ်ဝတ်ပိပြားရေး၊” “ပြည်သူအပေါ် ဂရုစိုက်မှု” ဟူသည်တို့ကို အကြာကြီးပြောသည်။ သူတော်ကောင်းတရားနှင့် အကျင့်စာရိတ္တနှင့်ပတ်သက်ပြီး မှန်ကန်သည့်အရာများအားလုံးကို ပြောသည်။ သို့ရာတွင် လူမမြင်ကွယ်ရာမှာမူ ယုံကြည်သူများကို ဖမ်းဆီး ဖိနှိပ်ဖို့၊ ကောလာဟလများ ဖြန့်ဖို့၊ မည်သည့်နည်းလမ်းမဆို သုံးချင်သလို သုံးသည်။ အကျိုးရလဒ်အနေနှင့် ခရစ်ယာန်များ မရေမတွက်နိုင်အောင် ထောင်ထဲအပို့ခံရသည်။ အိမ် မပြန်နိုင်ကြပါ။ သူတို့မိသားစုများ ပြိုကွဲကြရသည်။ ယခင်က ကျွန်မ တရုတ်ကွန်မြူနစ်ပါတီက တကယ်တမ်းတွင် မည်သည့်အရာဖြစ်သည်ကို လုံးဝ မသိခဲ့ပါ။ ကျွန်မ ကိုးကွယ်ခဲ့ဖူးသည်။ သို့ရာတွင် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိနှိပ်မှုကို ခံရပြီးသည့်နောက်မှာ တရုတ်ကွန်မြူနစ်ပါတီက လူများကို ထိခိုက်နစ်နာစေသည့် နတ်ဆိုးခေါင်းဆောင် ဖြစ်သည်ကို နောက်ဆုံးမှာ မြင်သွားသည်။ အနှစ်ချုပ်ကြည့်လျှင်၊ တရုတ်ကွန်မြူနစ်ပါတီက ဘုရားသခင်၏ ရန်သူ၊ သမ္မာတရား၏ ရန်သူဖြစ်သည်။ အဆိုးဝါးဆုံး၊ ခေတ်နောက်ပြန် အဆွဲဆုံး နတ်ဆိုးတစ်သိုက် ဖြစ်လေသည်။

ကျွန်မ ထောင်ကထွက်လာပြီးသည့်နောက်မှာ ရဲများက ကျွန်မကို စောင့်ကြည့်ခြင်း လုံးဝ လျော့မသွားပါ။ ကျွန်မတို့ မြို့ခံ ရဲစခန်းက ရဲများက ကျွန်မ ဘုရားသခင်ကို ယုံကြည်နေဆဲ ရှိမရှိကို အမြဲတမ်း မေးသည်။ ပြီးလျှင် ကျွန်မ အိမ်မှာ ဘုရားသခင်၏နှုတ်ကပတ်တော် ဖတ်သည့်အချိန် အိမ်ရှေ့တံခါးကို တင်းကျပ်နေအောင် သော့ခတ်ထားရသည်။ ကျွန်မ၏ ဘုရားသခင့်နှုတ်ကပတ်တော် စာအုပ်များကို အလျှို့ဝှက်ဆုံးနေရာမှာ သိမ်းရသည်။ အစည်းအဝေး သွားသည့်အခါမှာ သို့မဟုတ် ဧဝံဂေလိ ဟောသည့်အခါမှာ တော်တော် ဂရုစိုက်ပြီး သတိထားရသည်။ ၂၀၁၃ခုနှစ် မတ်လ၏ နေ့တစ်နေ့မှာ ကျွန်မ တာဝန်ယူရသည့် အသင်းတော်တစ်ခုက ခေါင်းဆောင်တစ်ယောက်နှင့် သင်းထောက်နှစ်ယောက် အဖမ်းခံရသည်။ အသင်းတော် ပစ္စည်းအချို့ကို ပြောင်းရွှေ့ဖို့ ကျွန်မ အမြန်စီစဉ်ရပြီး အချို့ ညီအစ်ကို မောင်နှမများကို သတိရှိဖို့ အသိပေးခဲ့ရသည်။ ဤအရာများအားလုံးကို ရှင်းနေသည့်အချိန်မှာပဲ အစ်မတစ်ယောက်ပြောသည်ကို ကျွန်မ ကြားရသည်။ “အဖမ်းခံရတဲ့ ခေါင်းဆောင်က သူ့မှာ ညီအစ်ကို မောင်နှမတွေရဲ့ စာရင်းရှိတော့ အခု ရဲက အဲဒီစာရင်းကို ရသွားပြီ” ဟု ပြောသည်။ ရဲများက စောင့်ကြည့်သည့် ဗီဒီယိုများအားလုံးကို ဆွဲဖြုတ်ပြီး လူစိမ်းများကို ရှာနေကြသည်၊ ယုံကြည်သူများကို ရှာဖို့အတွက် တစ်အိမ်တက် တစ်အိမ်ဆင်း လုပ်ဖို့ ပြင်ဆင်နေကြသည်ဟု သူက ပြောသည်။ သူတို့က “ပိုက်ကွန်မှ တစ်ကောင် ထွက်သွားခွင့်ပေးမှာထက် အကောင် တစ်ထောင် မှားဖမ်းမိတာ ပိုကောင်းသည်” ဟူသည့် ဤခြိမ်းခြောက်မှုကိုလည်း လုပ်ကြသည်။ ဤသည်ကို ကြားသည့်အခါ၊ ကျွန်မ တော်တော် စိတ်လှုပ်ရှားပြီး စိုးရိမ်မိသည်။ ယခင်က ကျွန်မ၏ ယုံကြည်မှုကြောင့်၊ ကျွန်မ အဖမ်းခံထားဖူးသည့်အတွက် ကျွန်မနှင့်ပတ်သက်သည့်ဖိုင်က သူတို့ဆီမှာ ရှိသည်။ ရဲများက မျက်နှာကို မှတ်မိသည့် စောင့်ကြည့်မှုကို အသုံးပြုလျှင်၊ ကျွန်မ အဖမ်းခံရမည်မှာ သေချာသည်။ ကျွန်မ ထပ်ပြီး အဖမ်းခံရလျှင်၊ ကျွန်မ အသက်ရှင်ဖို့ မဖြစ်နိုင်တော့ပါ။ သူတို့က သေချာပေါက် သတ်ပစ်မည် ဖြစ်သည်။ ဤသည်ကို စဉ်းစားမိပြီး ကျွန်မ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားရမည်ကို သဘောပေါက်လိုက်သည်။ သို့ရာတွင် အခြားအသင်းတော် တစ်ခုကို ကျွန်မ ရောက်သည့်အခါ၊ ကျွန်မ စိတ်ကို ခပ်အေးအေး မထားနိုင်ဘဲ၊ တစ်ခုကို သတိရသွားသည်။ ထိုအသင်းတော်မှာ အရေးပေါ် စီစဉ်ဖို့ လိုအပ်သည့် အလုပ်များစွာ ရှိသည်၊ သို့ရာတွင် ကျွန်မကိုယ်တိုင်၏ အသက်ကို ကာကွယ်ဖို့အတွက် ကျွန်မ၏ တာဝန်ကို လွှတ်ချခဲ့သည်။ ကျွန်မ ယခု ထွက်သွားလျှင်၊ ဘုရားသခင့်အိမ်တော်၏ အကျိုးကို ကျွန်မ ကာကွယ်နေခြင်း မဟုတ်တော့ပါ။ ကျွန်မ၏ အသိတရားနှင့် လူသားဆန်မှုက အဘယ်နည်း။ ကျွန်မက သတ္တိနည်းသူ၊ ငကြောက်တစ်ယောက်လို ပြုမူနေခြင်း မဟုတ်ပါလား။ ဘုရားသခင်အပေါ် စစ်မှန်သည့် ယုံကြည်ခြင်း မရှိပါ။ ကျွန်မ၏ သက်သေခံမှုက အဘယ်နည်း။ ဤအရာများကို စဉ်းစားမိပြီး ဘုရားသခင်ရှေ့မှာ အမြန် ဆုတောင်းလိုက်သည်။ ကျွန်မ သက်သေရပ်တည်နိုင်ဖို့အတွက် ကျွန်မကို ကာကွယ်ဖို့၊ ယုံကြည်ခြင်းနှင့် ခွန်အားပေးအပ်ဖို့ တောင်းလျှောက်ခဲ့ပါသည်။

ထို့နောက်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ခဲ့ပါသည်။ “လူတို့သည် ၎င်းတို့၏ဘဝများကို စွန့်လွှတ်ရန် အဆင်သင့်ဖြစ်သည့်အခါ၊ အရာရာတိုင်းသည် အသေးအဖွဲ ဖြစ်လာကြပြီး၊ မည်သူမျှ ၎င်းတို့ကို ခက်ခဲအောင် ပြုလုပ်နိုင်ခြင်းမရှိတော့ချေ။ အသက်ထက် မည်သည့်အရာသည် သာ၍အရေးကြီးနိုင်မည်နည်း။ ထို့ကြောင့် စာတန်သည် လူတို့အထဲတွင် နောက်ထပ် မည်သည့်အရာမျှ လုပ်ဆောင်နိုင်စွမ်း ရှိမလာပေ၊ လူနှင့် ပတ်သက်၍ ၎င်းလုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ ‘ဇာတိပကတိ’ ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ဇာတိပကတိသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသည်ဟု ဆိုထားသော်လည်း၊ လူတို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် ဆက်ကပ်အပ်နှံပြီး စာတန်၏ တိုက်တွန်းခြင်း မခံရပါက၊ မည်သူမျှ ၎င်းတို့ကို ခက်ခဲအောင် ပြုလုပ်နိုင်ခြင်းမရှိချေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၃၆” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက်) ဘုရားသခင့် နှုတ်ကပတ်တော်များကို တွေးဆရင်းနှင့် ဤအခြေအနေက ဘုရားသခင်၏ စမ်းသပ်မှုဖြစ်သည်၊ ဝိညာဉ်လောကမှာ စစ်ပွဲတစ်ခု ဖြစ်နေသည်ကို ကျွန်မ နားလည်ခဲ့ပါသည်။ စာတန်ကို အရှက်ရစေပြီး ဘုရားသခင်ကို သက်သေခံဖို့အတွက် ဘုရားသခင်နှင့်အတူ ရပ်တည်ပြီး ကျွန်မအသက်ကို ပေးရမည်ကို ကျွန်မ သိခဲ့သည်။ ဤကဲ့သို့ အရေးကြီးသည့်အချိန်မှာ ကျွန်မ လှည့်ပြေးဖို့ မဖြစ်နိုင်ပါ။ ဘုရားသခင့်အိမ်တော်၏အလုပ်ကို ကျွန်မ ကာကွယ်ရမည်။ ဤသည်က အသိတရားနှင့် လူသားဆန်မှု ရှိသည့်သူ တစ်ယောက် လုပ်သင့်သည့် အရာဖြစ်သည်။ ကျွန်မက ဖြောင့်မတ်ခြင်းကြောင့် ဖိနှိပ်မှုကို ခံနေရခြင်း ဖြစ်သည်။ သေသွားခဲ့လျှင်ပင် တန်ပါသည်။ ကျွန်မက ယုတ်ညံ့စွာ အသက်ရှင်ပြီး စာတန်ကို အရှုံးပေးလျှင်၊ ကျွန်မ ကိုယ်ခန္ဓာက အသက်ရှင်ကျန်ရစ်သော်လည်း၊ အသက်ရှင်နေသည့် အသေကောင်လို ဖြစ်ပေမည်။ ဤကဲ့သို့ စဉ်းစားမိသည့်အခါ၊ ကျွန်မ လွတ်မြောက်သွားသလို ခံစားရသည်။ ထို့ကြောင့် ကျွန်မ ထိုအသင်းတော်ကို အမြန် ပြန်သွားပြီး ဘုရားသခင့် နှုတ်ကပတ်တော် စာအုပ်အားလုံးကို ရွှေ့ပြောင်းဖို့ ညီအစ်ကို မောင်နှမများကို စီစဉ်ပေးခဲ့သည်။ ပြီးလျှင် သူတို့အားလုံးကို လူမမြင်အောင်နေဖို့ ပြောခဲ့သည်။ အသင်းတော်အလုပ်အားလုံး တော်တော်ကို မြန်မြန်ဆန်ဆန်နှင့် စီစဉ်ပြီးခဲ့ပြီး ဘုရားသခင်၏ လမ်းပြမှုအတွက် ဘုရားသခင်ကို ကျေးဇူးတင်ခဲ့ပါသည်။

အနန္တတန်ခိုးရှင်ဘုရားသခင်ကို နှစ် ၂၀ ကျော် ယုံကြည်ခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီ၏ ဖိနှိပ်ချုပ်ချယ်မှုကို အဆက်မပြတ် ခံနေရသည့်အခါမှာ၊ နာကျင်မှုအချို့ကို ကျွန်မ ခံခဲ့ရနိုင်သော်လည်း၊ ဘုရားသခင့်နှုတ်ကပတ်တော်၏ လမ်းပြမှုအောက်မှာ သမ္မာတရားအချို့ကို ကျွန်မ နားလည်ခဲ့ပြီး အမှန်နှင့်အမှား၊ ဖြောင့်မတ်ခြင်းနှင့် ဆိုးယုတ်ခြင်းကို ပိုင်းခြားသိမြင်ဖို့ သင်ယူရရှိခဲ့ပါသည်။ ဤကဲ့သို့ ထူးခြားသည့် အခြေအနေများ တစ်လျှောက်မှာ ဘုရားသခင်ကို အားကိုးဖို့လည်း သင်ယူရရှိခဲ့ပါသည်။ ဘုရားသခင့် နှုတ်ကပတ်တော်များမှာ သြဇာအာဏာကို ကျွန်မ တကယ်ခံစားရပြီး ဘုရားသခင်အပေါ် ကျွန်မ၏ ယုံကြည်ခြင်းက ကြီးထွားလာခဲ့သည်။ ဤအရာများအားလုံးက ဘုရားသခင်၏ ကျေးဇူးတော် ဖြစ်ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဆင်းရဲဒုက္ခကို သည်းခံပြီးနောက်၊ ဘုရားသခင်အတွက် ကျွန်တော့်၏ ချစ်ခြင်းမေတ္တာသည် ပို၍ပင် ခိုင်မာလာသည်

ကျောင်းရူးရီ၊ ကျန်းရှိစီရင်စု ကျွန်တော့် နာမည်က ကျောင်းရူးရီဖြစ်ပြီး၊ ကျွန်တော်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ ခရစ်ယာန်တစ်ယောက်...

မိစ္ဆာကောင်များ၏ မှောင်မိုက်သော သားရဲတွင်းထဲက အသက်၏ ခပ်ရေးရေး အလင်းရောင်

လင်းယင်၊ ရှန်ဒုံစီရင်စု ကျွန်မနာမည် လင်းယင်ဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထဲက ခရစ်ယာန်တစ်ဦး ဖြစ်ပါသည်။ အနန္တတန်ခိုးရှင်...

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အကန့်အသတ်မရှိပါ

ဂျောက်ကျင်း၊ ရှန်ဒေါင်းစီရင်စု ဤဘဝ၏ ဒုက္ခများကို ကျွန်မ အပြည့်ဝဆုံး ခံစားခဲ့ရသည်။ ကျွန်မ ခင်ပွန်း မကွယ်လွန်မီ နှစ်ပေါင်းများစွာအထိ ကျွန်မ...