နှိပ်ကွပ်မှုမှ ပေါ်ထွက်လာခြင်း

30.08.2019

ဇန်ရှီ၊ ဟယ်နန်စီရင်စု

လွန်ခဲ့သော ၁၀ နှစ်ကျော်အချိန်ကာလတွင် ဘုရားကျောင်းခေါင်းဆောင်အဖြစ် ကျွန်မ တာဝန်ထမ်းဆောင်ခဲ့စဉ်က ကျွန်မ၏ မောက်မာထောင်လွှားတတ်သည့် သဘာဝအတိုင်း ကျွန်မသည် အမြဲတမ်း ထင်သလိုလုပ်ခဲ့၊ မဆင်မခြင်ပြုမူခဲ့ပြီး လုပ်ငန်းဆောင်တာများ အကြီးအကျယ်ပျက်ကွက်ခဲ့သောကြောင့် ဘုရားကျောင်း၏ အလုပ်များ အနှောက်အယှက် ဖြစ်ရပြီး ဘုရားသခင်၏ စိတ်သဘောထားကို ငြိုငြင်စေခဲ့သည်။ ထို့ကြောင့် ကျွန်မနေရာတွင် လူသစ်ခန့်လိုက်ပြီး ကျွန်မကို ဘာသာတရားကိုင်းရှိုင်းလာစေဖို့နှင့် ကိုယ့်ကိုယ်ကို ပြန်သုံးသပ်နိုင်ဖို့ အိမ်ပြန်ပို့လိုက်သည်။ ကိုယ့်ကိုယ်ကို အချိန်တော်တော်ကြာ ပြန်သုံးသပ်ပြီးသည့်အခါ ကျွန်မ၏ မောက်မာထောင်လွှားတတ်သည့် သဘာဝကို အမှန်အတိုင်း သိသင့်သလောက် သိလာခဲ့သော်လည်း လူသားများကို ကယ်တင်သည့် ဘုရားသခင်၏ အလုပ်နှင့် ဘုရားသခင်၏ သစ္စာရှိမှု အနှစ်သာရကို ကျွန်မ မသိခြင်းကြောင့် အတိတ်က ကျွန်မ၏ အပြစ်တွေက ကျွန်မကို အမြဲ ချုပ်နှောင်ထားပြီး ဘုရားသခင်က ကျွန်မလို လူမျိုးကို ကယ်တင်မည်မဟုတ်၊ ပြီးပြည့်စုံအောင် ချီးမြှောက်မဟုတ်ဟု ထင်ခဲ့သည်။ ဤသို့ ကျရောက်နေသည့် အရိပ်ကို ကျွန်မ မဖယ်ရှားနိုင်ခဲ့ပါ။ နောက်ပိုင်းတွင် ဘုရားကျောင်းက ကျွန်မကိုဧဝံဂလိအလုပ်တွင် တာဝန်ယူဖို့ စီစဉ်ပေးခဲ့သည်။ ကျွန်မ ဤသတင်းကို ကြားသည့်အချိန်တွင် ကျွန်မ၏ နှလုံးသားထဲတွင် ဘုရားကို သံသယတွေ ပွားလာခဲ့သည်။ “စာရိတ္တပျက်ပြားပြီး ဘုရားသခင်ရဲ့ စိတ်သဘောထားကို စော်ကားခဲ့တဲ့ ငါ့လိုလူကို အသင်းတော်က ဒီလောက်အရေးကြီး တဲ့တာဝန်ကို ဘာလို့ပေးပါလိမ့်။ ဘုရားသခင်က ငါ့ကို ဒီတာဝန်ပေး အရှက်ကွဲစေပြီးမှ ငါ့ကို ပထုတ်လိုက်မှာလား” ဟု တွေးမိသည်။ “ဘုရားကျောင်းက ဒီလိုစီစဉ်ကတည်းက ငါ့ရဲ့ အတိတ်က အပြစ်တွေကို ပြန်ပေးဆပ်ဖို့ ဘုရားသခင်က အခွင့်အရေးပေးတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါက အစေခံသူဖြစ်လာမယ်ဆိုရင်တောင်မှ ဒီအခွင့်အရေးကို တန်ဖိုးထားရမယ်” ဟုလည်း တွေးမိပြန်သည်။ ထိုအချိန်ကစပြီး ကျွန်မသည် ကျွန်မ၏တာဝန်ကို မကောင်းမြင်သည့် သံသယစိတ်နှင့် ထမ်းဆောင်ခဲ့သည်။ အများအမြင်တွင် ကျွန်မသည် တာဝန်တွေကို တက်တက်ကြွကြွနှင့် ကြိုးကြိုးစားစား ထမ်းဆောင်နေသည်ဆိုသော်လည်း ကျွန်မကို ပြီးပြည့်စုံအောင် လုပ်ပေးပါရန် ဘုရားသခင်ကို တောင်းဆိုဖို့ ကျွန်မတွင် သတ္တိမရှိခဲ့ပါ။

တစ်ခါက ကျွန်မ ဘုရားရှိခိုးဝတ်ပြုနေစဉ်တွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်တို့ကို တွေ့မြင်ခဲ့သည်။ “ယနေ့၊ သင်မည်သို့ သိမ်းပိုက်ခံရကြောင်း ကိုသာ ကျေနပ်အားရနေ၍မဖြစ်၊ အနာဂတ်တွင် သင်လျှောက်လှမ်းမည့် လမ်းကြောင်းကိုလည်း စဉ်းစားရမည်။ သင့်တွင် စုံလင်အောင်ပြုခံရခြင်းငှာ ရည်မှန်းချက်များနှင့် ရဲရင့်ခြင်းရှိရမည်ဖြစ်ပြီး သင့်ကိုယ်သင် မစွမ်းဆောင်နိုင်သူဟု အမြဲမတွေးသင့်ပါ။ သမ္မာတရားတွင် မျက်နှာသာပေးခြင်းများ ရှိသလော။ သမ္မာတရားသည် လူများကို တမင်ရည်ရွယ်ကာ ဆန့်ကျင်နိုင်ပါသလော။ သင် သမ္မာတရားနောက်သို့လိုက်လျှင် ယင်းက သင့်အား ဒုက္ခပေးနိုင်သလော။ တရားမျှတမှုအတွက် သင်အခိုင်အမာရပ်တည်လျှင် ယင်းက သင့်ကို လဲပြိုစေမည်လော။ အသက်နောက်သို့လိုက်ရန်မှာ သင်၏ရည်မှန်းချက် အမှန်ဖြစ်ပါက အသက်က သင့်ကို တိမ်းရှောင်နိုင်မည်လော။ သင်သည် သမ္မာတရားနှင့်အတူ မရှိလျှင် ယင်းမှာ သမ္မာတရားက သင့်ကို မသိကျိုးကျွန်ပြုခြင်း မဟုတ်ဘဲ သင်က သမ္မာတရားနှင့်ဝေးရာမှာ နေသောကြောင့်သာဖြစ်သည်။ တရားမျှတမှုအတွက် သင်ခိုင်မြဲစွာ မရပ်တည်နိုင်လျှင် ယင်းမှာ တရားမျှတမှုတွင် တစ်စုံတစ်ခု မှားယွင်းနေခြင်းမဟုတ်ဘဲ ယင်းမှာ အချက်အလက်များနှင့်မညီဟု သင်ထင်သောကြောင့်ဖြစ်သည်။ နှစ်ပေါင်းများစွာ ရှာဖွေသော်လည်း အသက်ကို သင်မရသေးလျှင် ယင်းမှာ အသက်တာက သင့်အပေါ် ခွဲခြားသိမြင်စိတ် မရှိ၍မဟုတ်ဘဲ သင်က အသက်တာအပေါ် ခွဲခြားသိမြင်စိတ်မရှိဘဲ အသက်ကို မောင်းထုတ်ထားသောကြောင့် ဖြစ်သည်။...သင် ကြိုးပမ်းအားထုတ်ခြင်း မရှိပါက သင်သည် အဖိုးမတန်သော အမှိုက်ဖြစ်သည်၊ သင့်အသက်တာတွင် ရဲရင့်ခြင်းမရှိ၊ အမှောင်စွမ်းအားကို ခုခံရန် စွမ်းအားမရှိဟုသာ ပြောနိုင်သည်။ သင်သည် ပျော့ညံ့လွန်း ပါတကား။ သင့်ကိုဝိုင်းထားသော စာတန်၏စွမ်းအားမှ လွတ်မြောက် နိုင်ခြင်းမရှိဘဲ ဤသို့သော လုံခြုံဘေးကင်းသည့်ဘဝကို နေထိုင်ပြီး မသိနားမလည်မှုများဖြင့် သေဆုံးသွားရန်သာ သင်အလိုရှိသည်။ သင်လုပ်ဆောင်ရမည်မှာ သိမ်းပိုက်ခြင်းခံရဖို့ ကြိုးပမ်းအားထုတ်ရန် ဖြစ်သည်၊ ဤသည်မှာ သင်၏ အလေးအနက်ထားရမည့် တာဝန်ဖြစ်သည်။ အကယ်၍ သင်သည် သိမ်းပိုက်ခံရမှုကို ကျေနပ်နေပါက အလင်းတည်ရှိမှုကို သင်မောင်းထုတ်ခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဘုရားသခင်၏ နှုတ်ကပတ်တော်စာပိုဒ်ကို ဖတ်အပြီးတွင် ကျွန်မရင်ထဲတွင် အင်မတန် လှုပ်ရှားသွားသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်သည် ဘုရားသခင်အသုံးပြုဖို့ရန်အတွက် ကိုက်ညီမှုနှင့် ပြည့်စုံခြင်းကို လူသားတို့ ရှာဖွေရန်အခွင့်ကိုပေးဖို့ ဖြစ်သည်ကို ကျွန်မ မြင်ခဲ့သည်။ အတိတ်တွင် မည်သို့သော အပြစ်မျိုးပင် လူတွေ ကျူးလွန်ခဲ့ပါစေ ဘုရားသခင်ထံတွင် သူ့တို့၏အပြစ်များကို ရိုးသားစွာ နောင်တရပါက၊ သမ္မာတရားကို လိုက်စားပြီး၊ ထိုသမ္မာတရားကို လက်တွေ့လုပ်ဆောင်ပါက ဘုရားသခင်အားဖြင့် ပြီးပြည့်စုံခြင်း အခွင့်ကို သူတို့ ရရှိမည် ဖြစ်သည်။ ထိုအချိန်မှာပဲ ကျွန်မ ဆုံးဖြတ်ချက်ချလိုက်သည်၊ ကျွန်မ၏ ကိုယ်ပိုင် စိုးရိမ်ကြောင့်ကြမှုတွေ၊ သံသယတွေကို ဘေးချိတ်ထားလိုက်ပြီး အပျက်သဘောဆောင်မှုတွေ၊ လုံ့လမရှိမှုတွေကို အဆုံးသတ် တော့မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်ပြီး ဘုရားသခင်အားဖြင့် ပြီးပြည့်စုံစေဖို့ ကျွန်မကြိုးစားမည်။

သို့ရာတွင် တာဝန်ကို ထမ်းဆောင်နေချိန်တွင် စာတန်၏ ဆိုးရွားလှသည့် နှောက်ယှက်မှုကြောင့် ကျွန်မသည် အကျင့်ပျက်သည့် စိတ်သဘောထားကို ထုတ်ဖော်မိပြီး ဘုရားသခင်၏ သစ္စာရှိမှုအနှစ်သာရကို မသိခဲ့သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုလည်း တဖြည်းဖြည်း မယုံကြည်တော့ပေ။ ဘုရားသခင်၏ စိတ်သဘောထားကို မည်သို့စော်ကားမိသလဲ ဆိုသည်ကို ကျွန်မ အမြဲတွေးနေမိပြီးတာဝန်ထမ်းဆောင်နေချိန်တွင် ကျွန်မ၏ အကျင့်ပျက်သည့် စိတ်သဘောထားကို အမြဲတမ်းပဲ မထိန်းချုပ်နိုင်ဘဲ ထုတ်ဖော်မိပုံတို့ကို အမြဲတွေးနေမိသည်။ ကျွန်မ မည်မျှ ကြိုးစားကြိုးစား မည်သည့်အခါ မှ ပြီးပြည့်စုံလိမ့်မည်မဟုတ်ဟု ကျွန်မထင်မြင်ခဲ့သည်။ ကျွန်မသည် အစေခံသူတစ်ယောက်အနေနှင့်ပဲ ကျေနပ်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ဟာ တခြားသူတွေအတွက် ဖြစ်ပြီး ကျွန်မအတွက်တော့ သက်တောင့်သက်သာရှိမှုနှင့် အားပေးမှုလောက်ပဲ ရှိလိမ့်မည်ဟု ကျွန်မ အမြဲ တွေးမိသည်။ ကျွန်မကိုယ်ကျွန်မ သတိမထားမိဘဲ လုံ့လမရှိဘဲ နေမိပြန်သည်။ တစ်နေ့တွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်ကို တွေ့မိသည်။ “ဘုရားသခင်၏ အနှစ်သာရမှာ သစ္စာနှင့်ပြည့်ဝသည်၊ သူပြောသည့်အတိုင်း သူပြုပြီး သူပြုသမျှ ဖြစ်မြောက်သည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း ရည်ရွယ်ချက်၏ ဒုတိယ ရှုထောင့်”) ဘုရားသခင်၏ နှုတ်ကပတ်တော်ဟာ ကျွန်မ၏ နှလုံးသားကို ချက်ခြင်း အလင်းပြပေးသည့် အလင်းတန်းနှင့် တူသည်။ ဟုတ်သည်။ ဘုရားသခင်၏ အနှစ်သာရသည် သစ္စာရှိသည်။ ဘုရားသခင်သည် အပြောနှင့်အလုပ်ညီပြီး ဘုရားသခင်ပြောသမျှသည် အောင်မြင် လိမ့်မည်။ ဘုရားသခင်၏ အောင်ပွဲတိုင်းဟာ ထာဝရတည်တံ့လိမ့်မည်။ ကနဉီးအစက ဖန်ဆင်းထားသမျှအရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကနေ တည်ဆောက်ထားခြင်း ဖြစ်သည်။ ဘုရားသခင် ဘာပဲပြောပြော တကယ် ဖြစ်သည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူသားတွေကို နှစ်သိမ့်ပေးပြီး အားပေးဖို့လောက်ပဲဟု ကျွန်မ ထင်ခဲ့သည်။ ထို့အပြင် တကယ့်ဖြစ်ရပ်တွေဆိုတာ ဘုရားသခင် ပြောသလို ပြီးမြောက်မည် မဟုတ်ဟုလည်း ထင်ခဲ့သည်။ ထို့အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် တခြားသူတွေကိုပဲ ရည်ညွှန်း ပြီး ကျွန်မကို ရည်ညွှန်းခြင်းမဟုတ်ဟု ထင်ခဲ့မိသည်။ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ငြင်းပယ်နေခြင်း ဘုရားသခင်၏ သစ္စာရှိမှုကို ငြင်းပယ်နေခြင်းပဲ မဟုတ်လား။ နောက် ကျွန်မ အရင်ကဖတ်ဖူးသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ပါသည့် စာပိုဒ်ကို သတိရမိပြန်သည်။ “အသက်နောက်သို့လိုက်ရန်မှာ သင်၏ရည်မှန်းချက် အမှန်ဖြစ်ပါက အသက်က သင့်ကို တိမ်းရှောင်နိုင်မည်လော။ သင်သည် သမ္မာတရားနှင့်အတူ မရှိလျှင် ယင်းမှာ သမ္မာတရားက သင့်ကို မသိကျိုးကျွန်ပြုခြင်း မဟုတ်ဘဲ သင်က သမ္မာတရားနှင့်ဝေးရာမှာ နေသောကြောင့်သာဖြစ်သည်။ တရားမျှတမှုအတွက် သင်ခိုင်မြဲစွာ မရပ်တည်နိုင်လျှင် ယင်းမှာ တရားမျှတမှုတွင် တစ်စုံတစ်ခု မှားယွင်းနေခြင်းမဟုတ်ဘဲ ယင်းမှာ အချက်အလက်များနှင့်မညီဟု သင်ထင်သောကြောင့်ဖြစ်သည်။ နှစ်ပေါင်းများစွာ ရှာဖွေသော်လည်း အသက်ကို သင်မရသေးလျှင် ယင်းမှာ အသက်တာက သင့်အပေါ် ခွဲခြားသိမြင်စိတ် မရှိ၍မဟုတ်ဘဲ သင်က အသက်တာအပေါ် ခွဲခြားသိမြင်စိတ်မရှိဘဲ အသက်ကို မောင်းထုတ်ထားသောကြောင့် ဖြစ်သည်။” ထိုအချိန်မှာပဲ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ဟန်ဆောင်ခြင်းအလျဉ်းမရှိမှုနှင့် အမှန်တကယ်လေးနက်မှုကို ခံစားမိသည်။ ထို့အပြင် လူသားတို့ အပေါ် ဘုရားသခင်၏ သစ္စာရှိမှု၊ဘုရားသခင်၏ အနှိုင်းမဲ့ ချစ်ခြင်းများနှင် ပြည့်ဝနေသည်။ ဘုရားသခင်သည် အလွန်ကို ကြီးကျယ်မြင့်မြတ်သည် ဆိုသည်ကို ကျွန်မ သိမြင်ခဲ့သည်။ ထို့အပြင် ကျွန်မ၏ စိတ်ဓာတ် အောက်တန်းကျမှုနှင့် အမြင်ကျဉ်းမှုကိုပါ သိမြင်ခဲ့သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်က လူသားမျိုးနွယ်ကို အနှိုင်းမဲ့ ကယ်တင်ဖို့ ဖြစ်သည်။ ဤရည်ရွယ်ချက်ကို ဘုရားသခင်၏ စိတ်သဘောထားနှင့် အရေးပါမှုက အဆုံးအဖြတ်ပေးခြင်း ဖြစ်ပြီး ပြောင်းလဲ၍ မရပါ။ လူတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များ အတိုင်း စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို ရှာဖွေနေသ၍ ဘုရားသခင်က သူတို့ကို ပြီးပြည့်စုံစေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ပြောသည့်အတိုင်း လုပ်ဆောင်မည် ဖြစ်ပြီး ဘုရားသခင် လုပ်ဆောင်သမျှသည် အောင်မြင်လိမ့်မည်။ ထို့အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်ပေါ်တွင် ထားသည့် ကျွန်မ၏ သဘောထားက မည်သို့ဖြစ်ခဲ့သနည်း။ ဘုရားသခင်၏ စိတ်သဘောထားကို စော်ကားမိပြီး ကျွန်မ အမှောင်ထဲကို ကျသွားချိန်တွင် ကျွန်မ၏ အကျင့်ပျက်သည့်သဘာဝကို ဆင်ခြင်သုံးသပ်ဖို့၊ သိမြင်ဖို့ မကြိုးစားမိသည့် အပြင် ကျွန်မ၏ အကျင့်ပျက်သည့် စိတ်သဘောထားကို ပြုပြင်ဖို့ သမ္မာတရားကို မရှာဖွေမိပါ။ ဘုရားသခင်က ကျွန်မကို တကယ် ကယ်တင်မည် မဟုတ်ဟု ယုံကြည်ပြီး ဘုရားသခင်ကို စည်းခြားထားသည့်အပြင် နားလည်မှု လွဲနေခဲ့သည်။ ထို့ကြောင့် ကျွန်မသည် သမ္မာတရားကို ရှာဖွေချင်စိတ် ပျောက်ဆုံးခဲ့သည်။ ဘုရားကျောင်းက ကျွန်မကို ဧဝံဂလိတရားအလုပ် တာဝန်ပေးစဉ်က ပိုကောင်းသည့် ရလဒ်တွေရဖို့ ရန်အတွက် သမ္မာတရား၏ နည်းဉပဒေသတွေကို မည်သို့ရှာဖွေမည်၊ ကျွန်မ၏ တာဝန်ကို မည်သို့လုပ်ဆောင်ရမည် ဆိုသည်ကို ကျွန်မ မတွေးမိခဲ့ပါ။ ဘုရားသခင်က ကျွန်မကို အသုံးချနေသည်ဟု၊ ဤအခြေအနေကို အသုံးချပြီး ကျွန်မကို လုံးဝ အရှက်ခွဲပြီး ထုတ်ပယ်ပစ်မည်ဟု သံသယဝင်ခဲ့သည်။ ဤသို့နှင့် ကျွန်မသည် မကောင်းမြင်လာပြီး တာဝန်ထမ်းဆောင်ရာတွင် လျော့ရဲလာသည်၊ ဘုရားသခင်က အပ်ထားသည့် အလုပ်ကို လေးလေးနက်နက် မလုပ်ချင်တော့။ ကျွန်မသည် ဘုရားသခင်ကို လူသားလို ယုတ်မာသည်၊ ဘုရားသခင်ဟာ လူသားလိုပဲ ပမွှား ဖြစ်သည်၊ အကြင်နာမဲ့သည်၊ လူသားလိုပဲ ဘုရားသခင်ကလည်း လူတွေကို အသုံးချပြီးသည်နှင့် စွန့်ပစ်တတ်သူဟု ထင်ခဲ့သည်။ ဘုရားသခင်ကို အလုပ်အကျွေးပြုပြီးသူတိုင်းကို ဘုရားသခင်က ပထုတ်ပစ်မည်ဟု ကျွန်မ ယုံကြည်ခဲ့သည်။ ကျွန်မသည် ဘုရားသခင်အား လုံးဝမသိခဲ့သလို ဘုရားသခင်၏ နှုတ်ကပတ်တော်အား သမ္မာတရားအဖြစ် မသတ်မှတ်ခဲ့ကြောင်းကို သိမြင်ခဲ့သည်။ ထို့အပြင် ဘုရားသခင်အား စစ်မှန်စွာ၊ အပြုသဘောဆန်စွာ ယုံကြည်ခြင်းမရှိခဲ့သည်ကို သိမြင်ခဲ့သည်။ကိုယ်ပိုင် စိတ်ကူးစိတ်သန်း နှင့် အယူအဆတွေထဲမှာပဲ ကျွန်မ နေထိုင်ပြီး ဘုရားသခင်ကို သံသယဝင်သည့် အပြင် စည်းခြားထားမိတာကြောင့် ကျွန်မသည် မကောင်းမြင်စိတ်များလာပြီး လုံ့လမရှိဘဲ သူရဲဘောကြောင်စွာနှင့် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် ကျဆုံးခဲ့သည်။ သမ္မာတရားများကို ရရှိဖို့ ကျွန်မသည် ဒုက္ခမခံနိုင်သည့် အပြင် ဘာမှ မပေးဆပ်ချင်ခဲ့ပါ။ ထိုအချိန်ကျမှ ကျွန်မသည် ဘုရားသခင်၏ အနှစ်သာရကို လေ့လာဖို့ အရေးကြီးသည်ဆိုသည်ကို နားလည်လာခဲ့သည်။ အကယ်၍ ကျွန်မသာ ဘုရားသခင်၏ စိတ်နေစိတ်ထားနှင့် အနှစ်သာရကို အာရုံစိုက်ပြီး လေ့လာမိမည်ဆိုလျှင် ကျွန်မသည် အချိန်နှစ်ပေါင်းများစွာ ကျွန်မ ဘဝ၏ တိုးတက်မှုကို နှောင့်နှေးစေခြင်း၊ တုံ့ဆိုင်းနေခြင်းတို့ဖြင့် အချိန်ကိုကုန်ဆုံးစေမည်မဟုတ်ပေ။

ကျွန်မ နှလုံးသားထဲက အနှောင်အဖွဲ့ကို ဖြည်ပေးသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ဉီးဆောင်မှုအောက်တွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သည့် ကျွန်မ၏ အထင်အမြင်လွဲမှားမှုတွေ၊ သံသယတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။ ကျွန်မသည် အင်မတန် စိတ်သက်သာသွားသလို ခံစားရပြီး ကျွန်မ၏ နှလုံးသားဟာ ပေါ့ပါးပြီး လွတ်လပ်သွားသည်။ ဘုရားသခင် ရှေ့မှောက်တွင် ကျွန်မ ဝပ်ဆင်းခယပြီး ဤသို့ဆုတောင်းခဲ့သည်။ “ကျေးဇူးတင်ပါတယ် အနန္တတန်ခိုးရှင် ဘုရားသခင်။ ကျွန်မကို နှစ်ပေါင်းများစွာ ချည်နှောင်ထားတဲ့ အချုပ်အနှောင်တွေ ပျောက်ကွယ်သွားအောင် အသိဉာဏ်ပွင့်လင်းလာအောင်၊ လမ်းပြပြီး ဂရုစိုက်ခဲ့သူဟာ ကိုယ်တော် ဖြစ်ပါတယ်။ အတိတ်တုန်းက ကျွန်မဟာ ကိုယ်တော်ကို မသိခဲ့တာကြောင့် ကျွန်မရဲ့ နားလည်မှုတွေ လွဲချော်ခဲ့ပြီး ကိုယ်တော်ရဲ့နှုတ်ကပတ်တော်ကို သံသယဝင်ခဲ့ပါတယ်။ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်ကို သမ္မာတရား၊ လမ်းခရီးနှင့် အသက်အဖြစ် သဘောမထားခဲ့သည့်အပြင် ကိုယ်တော့်ကိုလည်း ဘုရားသခင်လို့ သဘောမထားခဲ့မိပါ။ ဒါပေမဲ့ ကိုယ်တော်က ကျွန်မကို ဆက်ပြီးသည်းခံခဲ့ပါတယ်။ ကျွန်မ အပေါ်စိတ်ရှည်ခဲ့တယ်။ ကိုယ်တော်ရဲ့ သစ္စာရှိတဲ့အနှစ်သာရနဲ့ မှန်ကန်တဲ့စိတ်သဘောထားကို ကျွန်မနားလည်လာအောင် အသိဉာဏ်ပွင့်လင်းစေပြီး အလင်းပြခဲ့ပါတယ်။ အို ဘုရားသခင် ကိုယ်တော်ရဲ့ ချစ်ခြင်းဟာ အင်မတန် စစ်မှန်ပါပေတယ်။ အခုချိန်ကစပြီး ကိုယ်တော်က ကျွန်မကို ပြီးပြည့်စုံစေဖို့၊ ကိုယ်တော်ရဲ့ အချစ်ကြွေးကိုပြန်ဆပ်နိုင်ဖို့၊ သမ္မာတရားကို ကျွန်မ ဝီရိယစိုက်ထုတ် ကြိုးစားပါမယ်။ ကိုယ်တော်ရဲ့ အနှစ်သာရကို နားလည်လာအောင်လုပ်မယ်။ ကျွန်မ၏ စိတ်သဘောထားတွေကို ပြုပြင်ပါမယ်”။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အသင်းတော်များကို ထပ်ဆင့်ခွဲခြင်းမှ သင်ယူရရှိသည့် သင်ခန်းစာများ

ရီးရှင် အမေရိကန်နိုင်ငံ အရင်နှစ် အစောပိုင်းမှာ ကျွန်မတို့ရဲ့ လူသစ်အသင်းတော်တွေက သိပ်ကြီးလာတော့ ခေါင်းဆောင်က ကျွန်မနဲ့...

လိမ်ညာပြောဆိုမှုများကို ကျွန်မ ရပ်ခဲ့သည့် နည်းလမ်း

မာလီနက်ထက် ပြင်သစ်နိုင်ငံ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်မခံခင်တုန်းက ကျွန်မဟာ အမှန်အတိုင်းပြောပြီးလူတွေကို စိတ်ပျက်စေမှာ၊...

ရိုးသားမှုကသာလျှင် လူသားဆန်မှုကို ယူဆောင်ပေးပါတယ်

ကျားကျား တရုတ်နိုင်ငံကျွန်မအမျိုးသားနဲ့ ကျွန်မက ရုံးသုံးပရိဘောဂလုပ်ငန်း လုပ်ကြတာပါ။ စီးပွားရေးကိုလည်း တကယ့်ကိုရိုးရိုးသားသားနဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။