ဘုရားကိုသိခြင်းလမ်းကို ကျွန်တော်မြင်သည်

30.08.2019

ရှင်းကောင်း၊ ရှန်ဇီစီရင်စု

တစ်နေ့တွင် ဘုရားသခင်၏နူတ်ကပတ်တော်တွေထဲမှ အောက်ပါ စာပိုဒ်ကို ကျွန်တော် တွေ့ခဲ့ရသည်၊ “ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ”- “ယေရှုနောက် သူလိုက်ခဲ့သည့်အချိန်အတွင်းတွင်၊ သူ၏ လုပ်ရပ်များ၊ နှုတ်ကပတ်တော်များ၊ လှုပ်ရှားမှုများနှင့် မျက်နှာအမူအရာများ ဖြစ်သည့် ကိုယ်တော့် အသက်တာ၊ နှင့်ပတ်သက်သော အရာတိုင်းကို ပေတရုက လေ့လာပြီး နှလုံးသွင်းခဲ့သည်။...ယေရှုနှင့် သူထိတွေ့ဆက်ဆံရသည့် အချိန်များမှ၊ ပေတရုက ယေရှု၏ အကျင့်စရိုက်သည် သာမန်လူတစ်ဦး၏ အကျင့်စရိုက်မှ ကွဲပြားသည်ကိုလည်း မြင်တွေ့ခဲ့သည်။ ကိုယ်တော်သည် တည်ကြည်စွာ အမြဲ ပြုမူခဲ့ပြီး ဘယ်သောအခါမျှ အလျင်စလိုမဖြစ်၊ အကြောင်းအရာတစ်ခုကို ဘယ်သောအခါမျှ ချဲ့ကားပြောဆိုခြင်း မရှိသကဲ့သို့ အရေးမကြီးလေဟန် မလုပ်ခဲ့ပေ၊ ပြီးလျှင် သူသည် သူ၏အသက်တာကို သာမန်ဘ၀ရော ကြည်ညိုဖွယ်ဖြစ်သည့် အဖြစ်ပါ ဖော်ပြသည့် ပုံစံတစ်ခုဖြင့် သူ့ဘ၀ကို ပြုမူနေထိုင်ခဲ့သည်။ စကားစမြည်ပြောဆိုရာတွင်၊ ယေရှုသည် ရွှင်ပျသည့်တိုင် တည်ငြိမ်အေးချမ်းသော ပုံစံတစ်ခုဖြင့် အမြဲဆက်ဆံရင်း၊ ပွင့်ပွင့်လင်းလင်းနှင့် ချေငံစွာ စကားပြောခဲ့လေသည်၊ သို့တိုင် သူ၏ အမှုဆောင်ရွက်နေစဉ်တွင် သူ၏ ဂုဏ်သိက္ခာကို ဘယ်သောအခါမျှ သူ မဆုံးရှုံးခဲ့ပေ။ ယေရှုက တစ်ခါတစ်ရံ စကားနည်းသော်လည်း အခြားအချိန်များတွင် မရပ်မနားပြောခဲ့သည်ကို ပေတရု မြင်ခဲ့သည်။ တစ်ခါတစ်ရံ သူ အလွန်ပျော်ရွှင်ခဲ့သည်မှာ မြူးထူးပြီး ဆော့ကစားနေသော ချိုးငှက်အလား ထင်ရပြီး အခြားအချိန်များတွင် သူ အလွန်ဝမ်းနည်းသည်မှာ ခြေကုန်လက်ပန်းကျကာ မောပန်းနွမ်းနယ်သော မိခင်တစ်ဦးအလား ၀မ်းနည်းပူဆွေးမှုဖြင့် ဆို့နင့်နေပုံရလျက် လုံးဝ စကားမပြောခဲ့ပေ။ တစ်ခါတစ်ရံတွင် သူသည် ရန်သူတစ်ဦးကို သတ်ဖြတ်ရန် တစ်ဟုန်ထိုး ၀င်၍တိုက်ခိုက်နေသည့် ရဲရင့်သော စစ်သားတစ်ဦးအလား ဒေါသဖြင့် ပြည့်လေသည်၊ သို့မဟုတ် တစ်ချို့အချိန်များတွင် သူသည် ဟိန်းဟောက်နေသည့် ခြင်္သေ့ တစ်ကောင်နှင့်ပင် ဆင်တူလေသည်။ တစ်ခါတစ်ရံ သူ ရယ်မောခဲ့သည်၊ အခြားအချိန်များတွင် သူ ဆုတောင်းပြီး ငိုကြွေးခဲ့သည်။ ယေရှု အဘယ်သို့ ပြုမူပါစေ၊ ပေတရုသည် သူ့အတွက် အကန့်အသတ်မဲ့ ချစ်ခြင်းနှင့် လေးစားခြင်းတို့ တိုးပွားလာခဲ့သည်။ ယေရှု၏ ရယ်မောခြင်းက သူ့ကို ပျော်ရွှင်ခြင်းဖြင့် ပြည့်စေခဲ့သည်၊ ကိုယ်တော်၏ ဝမ်းနည်းခြင်းက သူ့ကို ပူဆွေးမှုထဲသို့ ထိုးဆင်းစေခဲ့သည်၊ ကိုယ်တော်၏ အမျက်ဒေါသက သူ့ကို ထိတ်လန့်စေသော်လည်း၊ ကိုယ်တော်၏ ကရုဏာ၊ ခွင့်လွှတ်ခြင်းနှင့် လူတို့အပေါ် ကိုယ်တော်ပြုသည့် တင်းကျပ်သော တောင်းဆိုမှုများက သူ့ကို ယေရှုအား အမှန်ချစ်လာစေပြီး ကိုယ်တော့်ကို စစ်မှန်သော ကြည်ညိုခြင်းနှင့် တောင့်တခြင်းတို့ကို ဖြစ်ပေါ်လာစေခဲ့သည်။ ဟုတ်ပေ၏၊ နှစ်များစွာ ယေရှုနှင့်အတူ အသက်ရှင်ပြီးမှ ဤအရာအားလုံးကို ပေတရု တဖြည်းဖြည်း နားလည်လာခဲ့ခြင်း ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ) ဤစာပိုဒ်ကို ဖတ်ပြီးသည့်နောက် ကျွန်တော် စဉ်းစားမိသည်။ ပေတရုတွင် ဘုရားကိုသိခြင်း ဉာဏ်ပညာရှိသည်မှာ အံ့သြစရာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် သခင်ယေရူဘေးတွင် နေ့ရော ညပါ ရှိနေခဲ့သည်။ သခင်ယေရူ၏ စကားလုံးတိုင်းနှင့် လှုပ်ရှားမှုတိုင်းကို သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။ ပြီးလျှင် ဘုရားသခင်၏ နှစ်သက်ဖွယ်ကောင်းခြင်း တော်တော်များများကို သူ ရှာဖွေတွေ့ရှိခဲ့ရသည်။ ထို့ကြောင့် သူသည် ဘုရားသခင်ကိုသိခြင်း ဉာဏ်ပညာကို ရရှိခဲ့သည်။ ယခုအချိန်သည်လည်း ဘုရားသခင်က လူ့ဇာတိခံယူပြီးလျှင် ကိုယ်တော်တိုင် လူသားတို့ ကမ္ဘာကို ဆင်းသက်လာပြီး လုပ်ဆောင်သော အချိန်ကာလဖြစ်ပါသည်။ အကယ်၍ ကျွန်တော်သာ ဘုရားသခင်နှင့် ထိတွေ့နိုင်ပြီး ပေတရုကဲ့သို့ သူနှင့် အတူတူ နေဖို့ အခွင့်အလမ်းကို ရခဲ့မည်ဆိုလျှင်၊ ကျွန်တော် ဘုရားသခင်ကို ဒီထက်ပိုပြီး သိနိုင်မည် မဟုတ်လော။ ယခုတွင် ဘုရားသခင်၏ နူတ်ကပတ်တော်ကို ဖတ်နိုင်သော်လည်း ခရစ်တော်၏မျက်နှာကို မမြင်နိုင်သည်မှာ တော်တော်ဆိုးသည်။ ဤသို့ဆိုလျှင် ဘုရားသခင်ကို အမှန်တကယ်သိခြင်း ဉာဏ်ပညာကို ကျွန်တော် မည်သို့ရနိုင်မည်နည်း။

ကျွန်တော် ဤအကြောင်းနှင့် ပတ်သက်ပြီး စိတ်ပျက်နေချိန်တွင် ဘုရားသခင်၏ နူတ်ကပတ်တော်တို့ကို ကိုယ်တော်၏ ဉာဏ်အလင်းဖွင့်ခြင်းမှတစ်ဆင့် တွေးတောမိခဲ့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းနှင့် နားလည်ခြင်းအားဖြင့်၊ “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် နားလည်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်ကိုသိကျွမ်းခြင်းအား စွမ်းဆောင်ရရှိရမည်။ လူအချို့က- လူ့ဇာတိခံယူတဲ့ ဘုရားသခင်ကို ငါမမြင်ဖူးဘူး။ ဒါကြောင့် ဘုရားသခင်ကို ငါဘယ်လို သိနိုင်မလဲ။ ဟု ဆိုကြသည်။ အမှန်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ သူ၏စိတ်သဘောထား ဖော်ပြချက်တစ်ခု ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ၊ လူသားများအတွက် သူ၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းအပြင် ၎င်းတို့ကို ကယ်တင်ခြင်းအတွက် သူ၏ နည်းလမ်း တို့ကို သင် မြင်နိုင်သည်။...ဤသည်မှာ သူ၏ နှုတ်ကပတ်တော်များကို လူသားများက ရေးသားခဲ့ခြင်းမဟုတ်ဘဲ၊ ဘုရားသခင် ကိုယ်တော်တိုင်က ဖော်ပြခဲ့ခြင်းဖြစ်သောကြောင့် ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များကို ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ဖော်ပြထားခြင်း ဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်သည် သူ၏ကိုယ်ပိုင် နှုတ်ကပတ်တော်များနှင့် သူ၏အတွင်းသဘောကို ဖော်ပြနေခြင်း ဖြစ်သည်။ ယင်းတို့ကို စိတ်နှလုံးမှလာသော နှုတ်ကပတ်တော်များဟု အဘယ်ကြောင့် ခေါ်ဆိုရသနည်း။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ထိုနှုတ်ကပတ်တော်များသည် စိတ်ထဲက ထုတ်ပြန်ထားခြင်းဖြစ်ပြီး သူ၏စိတ်သဘောထား၊ သူ၏အလိုတော်၊ သူ၏အတွေးများ၊ လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်းမေတ္တာ၊ လူသားမျိုးနွယ်ကို သူ၏ကယ်တင်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် သူ၏ မျှော်မှန်းချက်များကို ဖော်ပြသောကြောင့် ဖြစ်သည်။...ဘုရားသခင်၏ မိန့်မြွက်ချက်များတွင် ကြမ်းတမ်းသော စကားလုံးများ၊ နူးညံ့သိမ်မွေ့ပြီး အရေးထားသော စကားလုံးများအပြင် လူသား၏ ဆန္ဒများနှင့် တစ်ထပ်တည်းမကျသည့် အမြင်သစ်ပေးသော စကားလုံးအချို့ ပါဝင်သည်။ အကယ်၍ သင်သည် အမြင်သစ်ပေးသော နှုတ်ကပတ်တော်များကိုသာ ကြည့်ပါက၊ ဘုရားသခင်သည် အတော် ခက်ထန်သည်ဟု သင်ခံစားကောင်းခံစားရလိမ့်မည်။ အကယ်၍ သင်သည် နူးညံ့သိမ်မွေ့သော နှုတ်ကပတ်တော်များကိုသာ ကြည့်ပါက၊ ဘုရားသခင်သည် သိပ်ဩဇာအာဏာမရှိဟု သင်ခံစားကောင်း ခံစားရလိမ့်မည်။ ထို့ကြောင့် သင်သည် ထိုအရာများကို ရှေ့နောက်စကားအဆက်အစပ် မရှိဘဲ မယူရပေ။ ယင်းထက်၊ ရှုထောင့်မျိုးစုံမှ ကြည့်မြင်ရမည်။ တစ်ခါတစ်ရံ ဘုရားသခင်သည် နူးညံ့သိမ်မွေ့ပြီး ကရုဏာကြီးမားသော ရှုထောင့်မှ စကားပြောပြီး၊ ထိုအခါ လူတို့သည် လူသားမျိုးနွယ်အတွက် သူ၏ ချစ်ခြင်းမေတ္တာကို မြင်ကြသည်။ တစ်ခါတစ်ရံ သူသည် အလွန် တင်းကျပ်သော ရှုထောင့်မှ စကားပြောပြီး၊ ထိုအခါ လူတို့သည် ပုန်ကန်ပြစ်မှားမှုကို သည်းခံမည်မဟုတ်သည့် သူ၏ စိတ်သဘောထားကို မြင်ကြသည်။ လူသားသည် မနှစ်မြို့ဖွယ်ကောင်းအောင် ညစ်ညမ်းပြီး ဘုရားသခင်၏ မျက်နှာတော်ကို မြင်တွေ့ရန်၊ သို့မဟုတ် သူ၏ ရှေ့မှောက်သို့လာရန် မထိုက်တန်ပေ။ လူတို့သည် ယခု ဘုရားသခင်၏ရှေ့မှောက်သို့ လာခွင့်ရသည်မှာ သူ၏ ကျေးဇူးတော်သက်သက်ကြောင့်သာ ဖြစ်သည်။ ဘုရားသခင်၏ အမှုပြုပုံပြုနည်းမှ၊ ပြီးလျှင် သူ့အမှု၏ အရေးပါမှုတွင် သူ၏ဉာဏ်ပညာကို မြင်နိုင်သည်။ လူတို့သည် သူ့ထံမှ မည်သည့် တိုက်ရိုက် အဆက်အသွယ်မျှမရှိဘဲနှင့်ပင် ဤအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ မြင်နိုင်ကြဆဲဖြစ်သည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့ဇာတိခံယူသော ဘုရားသခင်ကို သိပုံသိနည်း”) ဘုရားသခင်၏ နူတ်ကပတ်တော်တို့ကြောင့် ကျွန်တော်သည် အလင်းကို ရုတ်တရက် မြင်လာရသည်။ ဘုရားသခင်၏ နူတ်ကပတ်တော်တို့သည် ဘုရားသခင် ကိုယ်တော်တိုင်ကို ကိုယ်စားပြုသည်၊။ ဘုရားသခင်၏ နူတ်ကပတ်တော်တို့သည် ဘုရားသခင် ကိုယ်တော်တိုင်၏ အသက်တာ၊ သူ၏စိတ်သဘောထားထုတ်ဖော်ပြသမှု၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ဖြစ်ပြီး ဤအရာတို့ သည် ဘုရား၏ အသက်တာအနှစ်သာရကို အလုံးစုံ ကိုယ်စားပြုနေသည်။ နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်မှ ဖော်ထုတ်ပြသသည့် အရာများမှာ နှုတ်ကပတ်တော်နှင့် မိန့်မြွက်ချက်များကို အသုံးပြုဖော်ပြသည့် ဘုရားသခင်၏ အသက်တာတို့ပင်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ကြီးမြတ်သည့်ဘုန်းတန်ခိုး၊ ဘုရားသခင်၏ သာလွန်မှု၊ နှိမ့်ချမှု၊ ပုန်းကွယ်မှု နှင့် နှစ်လိုဖွယ်ကောင်းခြင်းတို့ကို လူတို့အား မြင်စေသည်။ ထို့အပြင် ဘုရားသခင်၏ ဝမ်းမြောက်မှု၊ ဝမ်းနည်းမှုကို နားလည်စေပြီး ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်းကို သိစေသည်။ ထို့ကြောင့် လူသားတို့သည် ဘုရား၏ အသံကို ကြားပြီး ဘုရား၏ နူတ်ကပတ်တော်တွေကို ဖတ်ရသည့်အခါတွင်၊ ဘုရားကို မြင်ရသကဲ့သို့ပင်ဖြစ်သည်။ ဓမ္မဟောင်းကျမ်းထဲတွင် ယောဘပြော ခဲ့သလိုပင်။ “သီတင်းတော်ကို အကျွန်ုပ်သည် နားနှင့် ကြားဘူးပါပြီ။ ယခုမူကား ကိုယ်တော်ကို မျက်စိနှင့် မြင်ရပါ၏။” ( ယောဘဝတ္တု ၄၂:၅) ကျွန်တော်သည် ဘုရားသခင်၏ နူတ်ကပတ်တော်တို့ကို အလွန် စိတ်ထက်သန်စွာ ဖတ်ပြီး ခံစားမည်ဆိုလျှင် ကျွန်တော် သူ့ကို တကယ်ပဲ သိလာနိုင်မည်ဟုဆိုလိုပုံရသည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ နူတ်ကပတ်တော်တို့မှ ဖယ်ခွာပြီးလျှင် လူ့ဇာတိခံယူထားသည့် ဘုရားကိုသာ မြင်မည်ဆိုလျှင် သူတို့သည် ဘုရားသခင်အား အပြည့်အဝသိနိုင်ပါမည်လော။ သခင်ယေရူ ပေါ်လာပြီးလျှင် သူ၏အမှုကို လုပ်ဆောင်ခဲ့သော အချိန်ကို ပြန်စဉ်းစားကြည့်လျှင်၊ သခင်ယေရူကို မြင်ခဲ့ရသူ ထောင်ပေါင်များစွာ ရှိခဲ့ပါသည်။ သို့သော် သူ့အား အမှန်တကယ်သိခဲ့သူ ဘယ်နှစ်ယောက်ရှိသနည်း။ ထိုအချိန်က ဖာရိရှဲများပါ သခင်ယေရူကို မြင်ခဲ့ကြသည်မဟုတ်လော။ ဤသို့ဆိုလျှင် သူတို့သည် ကိုယ်တော်ကို အဘယ်ကြောင့် ကားတိုင် တင်ခဲ့ကြသနည်း။ သူတို့ သမ္မာတရားကိုမုန်းတီးပြီး ကိုယ်တော်၏နှုတ်ကပတ်တော်တို့ကို နားမထောင်ခဲ့ကြသော ကြောင့်မဟုတ်လော။ သူတို့၏ ကိုယ်ပိုင် စိတ်ကူးထင်မြင်မှုများ၊ အယူအဆများကိုသာ ခေါင်းမာစွာ စွဲကိုင်ထားခဲ့ကြသောကြောင့် မဟုတ်လော။ တစ်ဘက်တွင် ပေတရုက သခင်ယေရူကို သိခြင်း ဉာဏ်ပညာအစစ်အမှန်ကို သိနိုင်စွမ်းရှိခဲ့သည်။ အဘယ်ကြောင့် ဆိုသော် သူက သခင့်၏ နူတ်ကပတ်တော်တို့ကို အနီးကပ် နားထောင်နိုင်ခဲ့ပြီး သူ မြွက်ဆိုခဲ့သည့် စကားလုံးတိုင်း စာကြောင်းတိုင်းကို ချင့်ချိန်စဉ်းစားသည့်နေရာတွင် တော်ခဲ့၍ ဖြစ်သည်။ သခင်ယေရူ၏ မြွက်ဆိုချက်များနှင့် လုပ်ဆောင်မှု ကနေတဆင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သူသိရပြီးလျှင်၊ နောက်ဆုံးမှ ဘုရားကို သိခြင်း ဉာဏ်ပညာအစစ်အမှန်ကို သူ ရခဲ့သည်။ ဤအချက်များက ရှင်းလင်းသိသာစေသည်။ ထို့အပြင် အကယ်၍ တစ်ယောက်ယောက်က ဘုရားကို သိချင်လျှင်၊ ဤအချက်သည် ခရစ်တော်ကို မြင်နိုင်ခြင်း၊ မမြင်နိုင်ခြင်း အပေါ်တွင်သာ အလုံးစုံမူတည်ခြင်း မဟုတ်ပေ။ သူတို့ သမ္မာတရားကို ချစ်ခြင်းရှိမရှိ အပေါ်တွင်သာ မူတည်နေသည်။ အကယ်၍ သူတို့သည် သမ္မာတရားကို တကယ်ပဲ မြတ်နိုးသည်ဆိုလျှင် သူတို့ သခင်ယေရူ၏မျက်နှာတော်ကို မမြင်ဖူးသည့်တိုင် ဘုရားအသံကို နားထောင်ခြင်းမှတစ်ဆင့် ဘုရားကို သိလာနိုင်ပါသေးသည်။ အကယ်၍ သူတို့သည် သမ္မာတရားကို မြတ်နိုးခြင်းမရှိလျှင်၊ သူတို့ ခရစ်တော်၏ မျက်နှာကို မြင်ဖူးလျှင်တောင်မှ ဘုရားကို သိဖို့ရန်အတွက် သူတို့အတွက် ခက်ခဲနေပါသေးသည်။ သူတို့သည် ခရစ်တော်ကိုပင် သာမန်လူသားအဖြစ် ဆင်ခြင် ကြည့်ရူကြပြီး ခရစ်တော်ကို အာခံ၊ သစ္စာဖောက်ကြမည် ဖြစ်ပါသည်။

ကျွန်တော့်တွင် ရှိဖူးခဲ့သည့် ယုတ္တိမရှိလွန်းသော စဉ်းစားဆင်ခြင်မှုကို ကျွန်တော် တွေးမိလေလေ ကျွန်တော်၏ ကလေးဆန်မှု၊ မိုက်မဲမှု၊ အသုံးမကျမှုကို ခံစားမိလေလေ ဖြစ်ပါသည်။ ကျွန်တော်သည် နေ့စဉ်နှင့်အမျှ ဘုရားသခင်၏ နူတ်ကပတ်တော်ကို ကျွန်တော့်လက်တွင် စွဲကိုင်ထားပြီး၊ ဘုရားသခင်၏ နူတ်ကပတ်တော်ကို ဖတ်ရှုပြီး၊ ဘုရားသခင်၏ နူတ်ကပတ်တော်ကို ခံစားသည်။ သို့ရာတွင် ဘုရားသခင်ကို သိဖို့အခွင့်အရေးကောင်းကိုမူ လက်လွတ်ခံပြီး ဝင်ရောက်ခြင်းမရှိခဲ့ပေ။ ဤသို့မပြုလုပ်ဘဲ ကျွန်တော်သည် ထင်မြင်ချက်များ၊ အယူအဆများဖြင့် အသက်ရှင်နေထိုင်ခဲ့သည်။ အခြေအနေအပေါ်တွင် စောဒကတက်ပြီး၊ ခရစ်တော်၏ မျက်နှာကို မြင်မှသာ ဘုရားသခင်ကို သိနိုင်မည်ဟု တွေးတောနေခဲ့သည်။ ကျွန်တော်သည် နားလည်သဘောပေါက် ခြင်းမရှိပဲ တကယ်ပင် ကောင်းချီးနှင့် ပြည့်စုံသော ဘဝတွင် နေထိုင်နေခဲ့ရခြင်းဖြစ်သည်။ ဤနေ့မှစပြီး ကျွန်တော် ဘုရားသခင်၏ နူတ်ကပတ်တော်ကို ပို၍ဖတ်မည်။ ကိုယ်တော်၏နှုတ်ကပတ်တော်ကို ချင့်ချိန်ပြီး ကိုယ်တော်၏ ဝမ်းမြောက်ခြင်းများ၊ ဝမ်းနည်းခြင်းများကို ကိုယ်တော်၏ နှုတ်ကပတ်တော်တို့ကနေတဆင့် နားလည်ရန် ရှာဖွေမည်။ ပြီးလျှင် ကိုယ်တော်၏ ချစ်ခင်ဖွယ်ရာ ကောင်းခြင်းကို ပို၍ရှာဖွေမည်။ ဤသို့ဆိုလျှင် ကျွန်တော်၏ ဘုရားသခင်ကို သိခြင်း ဉာဏ်ပညာက ပိုမိုနက်ရှိုင်းလာမည်ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကယ်တင်ခံရဖို့ သင်ရိုးသားလာရမည်

အိုက်ကွမ်း ပြင်သစ်နိုင်ငံ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် ပြင်သစ် လူသစ်အသင်းတော်သို့ ယုံကြည်သူသစ်များကို ရေလောင်းပေးဖို့ ကျွန်မလာခဲ့သည်။...

သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် လွတ်မြောက်ပြီ

နောက်ဆုံးသော ကာလ ဘုရားအမှုတော်ကို လက်ခံပြီးတဲ့နောက် တစ်လအကြာမှာ၊ ကျွန်မတို့ အသင်းတော် ခေါင်းဆောင် ကျန်းလင်းက ကျွန်မရဲ့ စိတ်ထက်သန်မှုကို...

တာဝန်ထမ်းဆောင်ရာတွင် သမ္မာတရားလိုက်စားဖို့ လို၏

ဆွန်ယု နယ်သာလန်နိုင်ငံ လွန်ခဲ့သည့် နှစ်အနည်းငယ်တွင် ဧဝံဂေလိ ဖြန့်ဝေခြင်း အလုပ်ကို ကျွန်မစတင်လက်တွေ့လုပ်ဆောင်ခဲ့သည်။ ဤတာဝန်ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။