စစ်ပွဲတွင် စာတန်ကို အနိုင်ယူခြင်း

30.08.2019

ချမ်မိုရမ်၊ ဟီနန်စီရင်စု

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက မိန့်ကြားသည်။ “သင်သည် ဇာတိပကတိကို တွန်းလှန်သည့်အခါ သင့်အတွင်းထဲ၌ ရှောင်လွှဲ၍မရသည့် တိုက်ပွဲတစ်ခု ဖြစ်လာပါလိမ့်မည်။ စာတန်က လူတို့ကို သူ့နောက်သို့ လိုက်စေဖို့ ကြိုးစားမည်ပင်။ ဇာတိပကတိ၏ အယူအဆနောက်ကို သူတို့အား လိုက်စေဖို့ ကြိုးစားလိမ့်မည်ဖြစ်ပြီး ဇာတိပကတိအပေါ် စိတ်ဝင်စားမှုကို ထိန်းထားမည်ပင်။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့အထဲ၌ ထွန်းလင်း တောက်ပစေမည် ဖြစ်သည်။ ဤအချိန်၌ သင်က ဘုရားနောက်ကို လိုက်မလား သို့မဟုတ် စာတန်နောက်ကို လိုက်မလား ဆိုသည်မှာ သင့်အပေါ်မှာ မူတည်သည်။ အဓိကအားဖြင့် လူတို့အတွင်း၌ရှိသော အရာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက်၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် မညီညွတ်သော သူတို့၏အတွေးများနှင့် အယူအဆများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဘုရားသခင်က လူများအား သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ တောင်းဆိုသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူများ၏စိတ်နှလုံးကို တို့ထိပြီး သူတို့ကို အလင်းပေးကာ အသိဉာဏ်ပွင့်လင်းစေသည်။ ထို့ကြောင့် ဖြစ်ပျက်နေသည့် အရာအားလုံး၏ နောက်မှာ တိုက်ပွဲတစ်ခုရှိသည်။ လူတို့အနေဖြင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့် အချိန်တိုင်း၌၊ သို့မဟုတ် ဘုရားသခင်အား ချစ်ခြင်းကို လက်တွေ့ကျင့်သုံးသည့်အချိန်တိုင်း၌ ကြီးမားသည့် တိုက်ပွဲတစ်ခုရှိသည်။ သူတို့၏ဇာတိပကတိမှာ အားလုံးက အဆင်ပြေနေပုံပေါက်နေနိုင်သော်လည်း စင်စစ်အားဖြင့် သူတို့၏နှလုံးသားအတွင်းပိုင်း၌မူ သေရေးရှင်ရေးတိုက်ပွဲတစ်ခု ဖြစ်ပေါ်နေလိမ့်မည်။ ဤပြင်းထန်သောတိုက်ပွဲ ပြီးဆုံးသည့်အခါမှသာ၊ ကြီးမားစွာ နှိုင်းဆဆင်ခြင်ပြီးသည့်အခါမှသာ အောင်မြင်မှုနှင့် ကျရှုံးမှုကို အဆုံးအဖြတ်ပေးနိုင်သည်။ ငိုရမည်လော၊ ရယ်ရမည်လောဆိုသည်ကို မသိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်များမှ ဤကျမ်းပိုဒ်ကို ဖတ်သည့်အချိန်တိုင်းတွင် အောက်ပါအချက်ကို ကျွန်မ ဆင်ခြင်မိပါသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အမှန်တကယ် ဤမျှခက်ခဲပါသလား။ သမ္မာတရားကို လူတို့ နားမလည်သောအခါ သူတို့ လက်တွေ့မလုပ်ဆောင်နိုင်ကြပါ။ ယင်းကို နားလည်သဘောပေါက်သည်နှင့်တပြိုင်နက် ဘုရားသခင်၏အလိုတော်အတိုင်းသာ သူတို့ လုပ်ဆောင်ကြလိမ့်မည် မဟုတ်ပါလား။ “စင်စစ်အားဖြင့် သူတို့၏နှလုံးသားအတွင်းပိုင်း၌မူ သေရေးရှင်ရေးတိုက်ပွဲတစ်ခု ဖြစ်ပေါ်နေလိမ့်မည်။” အမှန်တကယ်ပင် သမ္မာတရားကိုလိုက်လျှောက်ခြင်းသည် မလွယ်ကူကြောင်း ကျွန်မ၏ တကယ့်အတွေ့အကြုံမှတဆင့် ကျွန်မသိရှိလာခဲ့သည်မှာ ထို့နောက်ပိုင်း မတိုင်ခင်အထိ မဟုတ်ခဲ့ပါ။ ဘုရားသခင်မိန့်ဆိုခဲ့သည့်အရာမှာ သမ္မာတရားဖြစ်ပြီး အမှန်တရားများနှင့် ကိုက်ညီပါသည်။ အနည်းငယ်မျှပင် ပုံကြီးမချဲ့ထားပါ။

လွန်ခဲ့သောအချိန်တုန်းက ကျွန်မနှင့် ကျွန်မ၏ တွဲဖက်ဖြစ်သော အစ်မကြားတွင် ကျွန်မတို့၏ တာဝန်များအပေါ်သဘောထား မတိုက်ဆိုင်မှုအချို့ကြောင့် ကွာဟချက်တစ်ခု ဖြစ်ပေါ်ခဲ့သည်။ သူမသည် မာနထောင်လွှားပြီး ကျွန်မကို အထင်သေးသည်ဟု ခံစားခဲ့ရသည်။ ထိုကြောင့် ကျွန်မသည် မှားယွင်းသောအခြေအနေတစ်ခုတွင် နစ်မွန်းသွားခဲ့သည်။ သူမကြောင့် ကျွန်မသည် ကိုယ့်ကိုယ်ကိုယ် ဖိအားများ စတင်ခံလာခဲ့ရသည်။ ကျွန်မ တာဝန်ထမ်းဆောင်နေစဉ်တွင် စိတ်ကိုလွတ်မထားနိုင်ခဲ့ပါ။ တစ်ခဏကြာပြီးနောက် ကျွန်မသည် စကားပြောသည့်အခါ အောက်ကျို့ပြီး တစ်ခုခုလုပ်နေစဉ် သို့မဟုတ် စကားပြောနေစဉ်တွင် သူမ၏ မျက်နှာအနေအထားကိုကြည့်ပြီးလုပ်သည်အထိ ကျွန်မ၏ လုပ်ရပ်များတွင် သတိထားလာခဲ့ပြီး အလုပ်၏ ဝန်ကို ကျွန်မ ထမ်းမနေခဲ့ပါ။ ကျွန်မသည် အမှောင်ထုတွင် လုံးလုံးလျားလျားအသက်ရှင်နေခဲ့သည်။ ကျွန်မ၏အခြေအနေ အန္တရာယ်ရှိမှန်း သိခဲ့သော်လည်း ကျွန်မကိုယ်တိုင် မလွှတ်မြောက်နိုင်ခဲ့ပါ။ နာကျင်ဝေဒနာ ကြားတွင်၊ ကျွန်မသည် ဘုရားသခင်ထံ ထပ်ခါတလဲလဲဆုတောင်းခဲ့ပြီးနောက် ကျွန်မ တွေးမိခဲ့သည်။ “ဒီလို ငါဆက်သွားလို့မဖြစ်ဘူး။ ဒီအစ်မနဲ့ ငါ ပွင့်ပွင့်လင်းလင်း စကားပြောပြီး သိမြင်မှုလမ်းကြောင်းတစ်ခုကို ငါ ရှာသင့်တယ်။” ဤသို့ ကျွန်မ စတွေးသည့်အချိန်တွင် ကျွန်မ၏ စိတ်နှလုံး အားတက်ခဲ့ပြီး၊ ယင်းမှာ ဘုရားသခင်၏ လမ်းပြမှုဖြစ်ရမည်ဟု ကျွန်မ သိခဲ့သည်။ ကျွန်မလျှောက်လမ်းရမည့် လမ်းတစ်သွယ်ရှိသည်ဟု ခံစားရပြီး မိတ်သဟာယတွင် သူ့ကို ရင်ဖွင့်ရန် ကျွန်မ ဆုံးဖြတ်ချက်ချခဲ့သည်။ သို့သော် သူ၏အိမ်တံခါးသို့ ကျွန်မရောက်သည့်အချိန်တွင် မတူညီသော အတွေးတစ်ခုဝင်လာခဲ့သည်။ “ငါ့ အစ်မကို ဒီအကြောင်းကို ပြောပြရင် သူက ဘယ်လိုထင်မလဲ။ ငါက အသေးအဖွဲတွေ အရမ်းတွေးတယ်။ ဒုက္ခပေးလွန်းတယ်။ ဆက်ဆံရတာ အရမ်းခက်တယ်လို့ပြောမှာလား။” ဤအတွေး ဝင်ဝင်လာချင်းတွင် မထီလေးစားပြုသည့်ပုံစံဖြင့် သူမ၏ မျက်လုံးမှ ရီနေသည့်အကြည့်ကို ကျွန်မ မြင်လိုက်ရသကဲ့သို့ဖြစ်ခဲ့သည်။ ရုတ်တရက်ပင် ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံး ခွေယိုင်သွားသကဲ့သို့ ကျွန်မ၏သတ္တိ ပျောက်ကွယ်ပြီး အားလျော့သွားခဲ့သည်။ နောက်တစ်ကြိမ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်မ၏အတွင်းမှ ကျွန်မကို လမ်းညွှန်နေခဲ့ပါသည်။ “အကယ်၍ သင်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို- သင်၏ အခက်အခဲများကို- ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက- သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ထို့ကြောင့် ကျွန်မသည် ရဲရင့်ခြင်းကို နောက်တစ်ကြိမ်ကိုင်စွဲပြီး ကိုယ့်ကိုကိုယ် တိတ်တဆိတအားပေးခဲ့သည်။ “ရဲရင့်ပါ၊ ရိုးရှင်းပြီး ပွင့်လင်းပါ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ လုံးဝရှက်ကြောက်စရာမလိုဘူး။” သို့သော်လည်းတစ်ချိန်တည်းတွင် ဆန့်ကျင်ဘက် ခံစားချက်တစ်ခု ကျွန်မအထဲတွင် ကိန်းအောင်းလာခဲ့သည်။ “ဘာမှမပြောနဲ့။ မင်းက အဆင်ပြေနေတယ်လို့ သူထင်ကောင်းထင်လိမ့်မယ်။ ပြောပြလိုက်ရင် မင်းက အသေးအဖွဲတွေ အများကြီးတွေးနေတယ်လို့စဉ်းစားရင်းနဲ့ မင်းစိတ်ကို သူသိသွားပြီး မင်းကို အထင်သေးမယ်။ မင်းကိုကြည်မှာမဟုတ်တော့ဘူး။” “အာ အဲဒါဆို ဘာမှမပြောပြတာ ပိုကောင်းတယ်။” နောက်ထပ်တစ်ကြိမ် ကျွန်မပြန်လည်တုန်လှုပ်သောအခါ၊ ကျွန်တော့်စိတ်တွင် အတွေးတစ်ခု ဖြစ်လာခဲ့သည်။ “ရိုးသားတဲ့လူတစ်ယောက်ဆိုတာ မျက်နှာပျက်ရဖို့ ရှက်ပြီးကြောက်နေလို့ မရဘူး။” သို့သော်လည်း ကျွန်မ ရဲရင့်ခြင်းကို အနည်းငယ်ရသည့်အချိန်မှာပင် စာတန်၏ဉာဏ်နီဉာဏ်နက်သည် နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။ “အဲဒါကို မင်းပြောပြလိုက်ရင် တခြားလူတွေက မင်းရဲ့ စရိုက်မှန် သိသွားပြီးမင်း စိတ်မချမ်းမြေ့စရာဖြစ်သွားလိမ့်မယ်” ကျွန်မရဲ့နှလုံးသား ရုတ်တရက်ဲ တင်းကြပ်သွားခဲ့သည်။ ဤပုံစံဖြင့်ကျွန်မနှလုံးသားကို အဆိုးနှင့် အကောင်း၊ အဖြူနှင့်အမည်းကြားတို့ရှိ တိုက်ပွဲတွင် ဆွဲထည့်၊ ဆွဲထုတ်ဖြစ်နေခဲ့သည်။ ကျွန်မ ရှင်းရှင်းလင်းလင်း သိခဲ့ပါသည်။ ကျွန်မစကားမပြောလိုသည်မှာ ဝင့်ဝါလိုမှုကြောင့် ကျွန်မနာမည်ကို ကာကွယ်ရန်နှင့် ကျွန်မ၏ ဂုဏ်ကို ကာကွယ်ရန်ဖြစ်သည်။ ဤနည်းဖြင့် ဆက်လက်လုပ်ဆောင်လျှင် ကျွန်မ၏အခြေအနေ ပြေလည်လိမ့်မည် မဟုတ်သည်သာမကအသင်းတော်၏လုပ်ငန်းအတွက်လည်း အကျိုးကျေးဇူး ရှိလိမ့်မည်မဟုတ်ပါ။ ဤပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေခြင်းသည်သာ အလုပ်အတွက် အကျိုးရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီလိမ့်မည်ဖြစ်သည်။ သို့သော် ထိုအရာအား သူမ သိသိချင်းပင် ကျွန်မကို ရိပ်စားမိပြီး အထင်သေးကောင်းသေးလိမ့်မည်၊ ဟူသော အတွေးတစ်ခု ကျွန်မအထဲတွင် ဖြစ်ပေါ်ခဲ့ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့သတ္တိ ကျွန်မ ပျောက်ဆုံးသွားခဲ့သည်။ ကျွန်မ၏အကျည်းတန်မှုကို ထုတ်ပြောမည်ဆိုလျှင် ကျွန်မ ဆက်လက် အသက်ရှင်နိုင်မည် မဟုတ်တော့သကဲ့သို့ ခံစားခဲ့ရသည်။ တစ်ခဏတာ ကျွန်မ အလွန်အမင်း စိတ်ပျက်သွားခဲ့ပြီး မီးလောင်ခံရသလို ကျွန်မနှလုံးသားဟာ အင်မတန်နာကျင်ခဲ့သည်။ အမှတ်မထင် ကျွန်မမျက်ရည်များစွာကျခဲ့ပြီး အကူအညီမဲ့စွာ ကျွန်မနှလုံးသားနှင့် ဘုရားသခင်ထံ ငိုကြွေးဖို့ရန်သာ ဖြစ်ခဲ့သည်။

ဤအခိုက်အတန့်တွင် ကျွန်မ၏စိတ်ထဲ၌ ဘုရားသခင်၏နှုတ်ကပတ်တော်များ ပေါ်လာသည်။ “၎င်းတို့သည် သမ္မာတရား မကင်းမဲ့သင့်သကဲ့သို့ သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် မဖြောင့်မတ်ခြင်းတို့ကိုလည်း မသိုထားသင့်ပေ- မှန်ကန်သော ရပ်တည်ချက်တွင် ၎င်းတို့ ခိုင်ခိုင်မာမာ ရပ်တည်သင့်၏။...လူငယ်များအနေဖြင့် အမှောင် အင်အားစု၏ ဖိနှိပ်မှုကို အရှုံးမပေးရန်နှင့် ၎င်းတို့ ဖြစ်တည်ခြင်း၏ အဓိပ္ပါယ်ကို ပြောင်းလဲပစ်ရန် သတ္တိရှိသင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူငယ်နှင့် သက်ကြီးရွယ်အိုတို့အတွက် နှုတ်ကပတ်တော်များ) အဆုံးတွင် ဘုရားသခင်၏နှုတ်ကပတ်တော်သည် ကျွန်မ၏ မတည်ငြိမ်သော နှလုံးသားအား ငြိမ်သက်ခွင့်ကို ရရှိစေခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များမှတဆင့် ဘုရားသခင်၏အလိုတော်ကို ကျွန်မနားလည်လာခဲ့သည်။ ကျွန်မသည် ဖြောင့်မတ်ခြင်းသို့ပြောင်းလဲလာပြီး သမ္မာတရားကိုလိုက်စားကာ လက်တွေ့လိုက်လျှောက်ရန်၊ ဟန်ဆောင်မှု၊ အဆင့်အတန်းနှင့် အတၱတို့ကို ကျော်လွှားရန်၊ ရိုးသားသော သူတစ်ဦးဖြစ်ရန်၊ တည်ကြည်ဖြောင့်မတ်ခြင်းဖြင့် နေထိုင်ရန် ယုံကြည်ခြင်းနှင့် ရဲရင့်ခြင်းတို့ကို ကျွန်မရှိရန် ဘုရားသခင်က မျှော်လင့်ခဲ့သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်ရန် ဘုရားသခင်၏နှုတ်ကပတ်တော်သည် ယုံကြည်ခြင်းနှင့် ရဲရင့်ခြင်းတို့ကို ကျွန်မအား ပေးခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ဂုဏ်ကို အဘယ်သူက ဂရုစိုက်နေမည်နည်း။ ကျွန်မသည် စာတန်၏လှောင်ပြောင်မှု ခံရသောသူ ဖြစ်၍မရတော့ပါ။ ကျွန်မသည် ဘုရားသခင်ကို ဆန့်ကျင်၍ မဖြစ်တော့ပါ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ်ငြင်းပယ်ပြီး သမ္မာတရားကို လိုက်လျှောက်ရပါမည်။ ကျွန်မအစ်မကို ရှာဖွေပြီး သူမနှင့်အတူ ပွင့်ပွင့်လင်းလင်း မိတ်သဟာရဖွဲ့မှုရှိရန် ဆုံးဖြတ်ချက်ချဖို့ စေ့ဆော်မိသည်နှင့် တပြိုင်နက် ရလဒ်များသည် ကျွန်မမျှော်လင့်သည်ထက် သာ၍ ကျော်လွန်ခဲ့သည်။ ကျွန်မအစ်မသည် ကျွန်မကို အထင်မသေးခဲ့သည့်အပြင် သူမ၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို ဝန်ခံခဲ့သည်။ သူမ၏ ကိုယ်ပိုင် မပြည့်စုံမှုများကို သုံးသပ်ဆင်ခြင်ပြီး သတိပြုမိခဲ့ကာ ကျွန်မကို တောင်းပန်ခဲ့သည်။ နောင်လာမည့်အချိန်တွင် ပြဿနာတစ်ခုကို ကြုံရသောအခါ အပြန်အလှန် နားလည်မှုကို ရရှိဖို့ သမ္မာတရားအပေါ် ကျွန်မတို့ အချင်းချင်း မိတ်သဟာယပြုသင့်သည်၊သမ္မာတရားကို နာခံခြင်းကို ကျွန်မတို့၏စည်းမျဉ်းအဖြစ် မြင်ရန်၊ ကိုယ့်အားနည်းချက်များကို ထေမိဖို့ရန် အချင်းချင်း၏ အားသာချက်များမှ သင်ယူဖို့ နှင့် ဘုရားကျောင်း၏လုပ်ငန်းကို အတူလုပ်ဆောင်ရန်လည်း ပြောပြခဲ့သည်။ ဤသည်မှာ လက်နက်များမပါသောတိုက်ပွဲ အဆုံးသတ်ခဲ့သည့်ပုံဖြစ်သည်။ ကျွန်မ၏ပြဿနာ ပြေလည်သွားခဲ့ပြီး ကျွန်မနှလုံးသားတွင် လွတ်လပ်မှုနှင့် တောက်ပမှုကို ခံစားခဲ့ရသည်။ ယခုအချိန်တွင် ကျွန်မနှလုံးသားထဲတွင်ရှိသော ပြင်းထန်သောတိုက်ပွဲကို ကျွန်မသည် အမှန်တကယ် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အလွန်အမင်း ခံခဲ့ရပါသည်။ ပြန်လည် တွေးတောကြည့်သည့်အခါတွင် မျက်နှာရခြင်းနှင့် အဆင့်အတန်းတို့အတွက် အချည်းနှီး စိုးရိမ်ပူပန်ခဲ့ပုံတို့သည် မည်မျှဆိုးရွားခဲ့ပုံကို ကျွန်မ စတင်နားလည်ခဲ့သည်။ ယင်းက ကျွန်မဘဝ၏ အစိတ်အပိုင်းဖြစ်ခဲ့သည်မှာ အမှောင်ထဲတွင် ကျွန်မ အသက်ရှင်ခဲ့ပြီး ချိုးဖျက်လွတ်မြောက်မရနိုင်သည်အထိ ဖြစ်ခဲ့သည်။ သမ္မာတရားကို ကျွန်မနားလည်ခဲ့သော်လည်း လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ပါ။ ထို့အတူ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ရိုးသားသောသူတစ်ဦးဖြစ်ခြင်းသည် မလွယ်ကူကြောင်း ကျွန်မ အမှန်တကယ်ကို ကြုံတွေ့ခဲ့ရသည်။ စမ်းသပ်ခြင်းများကို ရင်ဆိုင်ကြုံတွေ့ရသည့်အခါတွင် ဘုရားသခင် အပေါ် မှီခိုခြင်း၊ သမ္မာတရားအား ရှာဖွေခြင်း၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန်အတွက် ယုံကြည်ခြင်းနှင့် ရဲရင့်မှုတို့ရှိခြင်းတို့ ရှိခြင်းအားဖြင့်သာ ကျွန်မသည် ဆိုးယုတ်သောဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ ထိန်းချုပ်မှုကို အောင်မြင်နိုင်သည်၊ သက်သေခံနိုင်ပြီး အလင်းထဲတွင် ရှင်သန်နိုင်ပါသည်။

ကျွန်မအနေဖြင့် ဤအတွေ့အကြုံကို ကြုံတွေ့ပြီးနောက်မှသာ ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို နားလည်လာခဲ့သည်။ “လူတို့အနေဖြင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့် အချိန်တိုင်း၌၊ သို့မဟုတ် ဘုရားသခင်အား ချစ်ခြင်းကို လက်တွေ့ကျင့်သုံးသည့်အချိန်တိုင်း၌ ကြီးမားသည့် တိုက်ပွဲတစ်ခုရှိသည်။ သူတို့၏ဇာတိပကတိမှာ အားလုံးက အဆင်ပြေနေပုံပေါက်နေနိုင်သော်လည်း စင်စစ်အားဖြင့် သူတို့၏နှလုံးသားအတွင်းပိုင်း၌မူ သေရေးရှင်ရေးတိုက်ပွဲတစ်ခု ဖြစ်ပေါ်နေလိမ့်မည်။” လူသားများ၏ ဆိုးယုတ်သော သဘာဝသည် အသွေးအသားတွင် နက်ရှိုင်းစွာအမြစ်တွယ်နေသောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူသား၏ဖောက်ပြန်ပျက်စီးသည့် သဘာဝအကြောင်း ပြောသည်ကို ကျွန်မ နားလည်ခဲ့ရသည်။ ဤဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော သဘာဝများသည် သူတို့၏ဘဝများဖြစ်လာပြီး လူသားများကို သူတို့၏ထိန်းချုပ်မှုတွင် ခိုင်မြဲစွာ ထိန်းသိမ်းထားသည်။ သမ္မာတရားမပါဘဲ သူတို့၏လက်မှ လွတ်ရန်နည်းလမ်းမရှိပါ။ ကျွန်မတို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အချိန်သည် ကျွန်မတို့၏ ဇာတိဆန်သည့် အသက်တာများကို စွန့်လွှတ်သည့်အချိန်ပင်ဖြစ်သည်။ ဤဖြစ်စဉ်သည် ပြန်လည်မွေးဖွားခြင်းကိုခံသကဲ့သို့ ဖြစ်ပါသည်။ ၄င်းသည် အမှန်တကယ် အသက်ရှင်ခြင်း၊ သေခြင်းအတွက် ပြိုင်ပွဲတစ်ခုနှင့်တိုက်ပွဲတစ်ခု ဖြစ်ပါသည်။ အတော်နာကျင်စရာကောင်းလှသောဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါသည်။ ကျွန်မတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော သဘာဝကို မှန်ကန်စွာမသိရှိဘဲ ဒုက္ခခံပြီး အဖိုးအခ ပေးဆပ်ရန် စိတ်ဆန္ဒမရှိသောအခါ ကျွန်မတို့သည် သမ္မာတရားကို အကြွင်းမဲ့ လက်တွေ့မလုပ်ဆောင်နိုင်ပါ။ လွန်ခဲ့သောအချိန်၌ ကျွန်မသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက လွယ်ကူသည်ဟု ထင်ခဲ့သည်။ ဤကဲ့သို့ဖြစ်ရခြင်းမှာ ကျွန်မ၏ ဖောက်ပြန်ပျက်စီးသော သဘာဝကို နားလည်မှုမရှိခြင်းနှင့် ကျွန်မ၏ ဖောက်ပြန်ပျက်စီးမှုသည် အဘယ်မျှလောက် နက်ရှိုင်းကြောင်းကို မသိခဲ့သောကြောင့်ဖြစ်ပါသည်။ နောင်တွင် အတွေ့အကြုံမှတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် ပို၍နက်ရှိုင်းစွာ သိရှိရန်၊ အရာခပ်သိမ်းတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ရှာဖွေရန်၊ မိမိကိုယ်ကိုငြင်းပယ်ရန်နှင့် စစ်မှန်သော လူသားတစ်ဦး၏ ပုံသဏ္ဍာန်ကို အသက်ရှင်နေထိုင်ရန် ကျွန်မအနေဖြင့် ဆန္ဒရှိပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သက်သာမှုကို တပ်မက်ခြင်းသည် မည်သည့်အရာကိုမျှ မရရှိစေပါ

ရှောင်ရွေ့ ဆွီဒင်နိုင်ငံ အရင်နှစ် ဇူလိုင်လတုန်းက ဗီဒီယိုအလုပ်ကို ကျွန်မ ဦးဆောင်ရတယ်။ အစပိုင်းမှာ ညီအစ်ကိုမောင်နှမတွေရဲ့အလုပ်ကို ကျွန်မ...

ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ ဝိညာဉ်ကို လှုပ်နှိုးခဲ့ပြီ

နမ်နမ် အမေရိကန်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ လက်ရှိ နောက်ဆုံးသောကာလ အမှုတော်ထဲတွင်၊ ဘုရားသခင်သည် ယခင်က...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။